အခန်း (၂၀၃-၂၀၄)
Vol. 21 Ch. 203-204
အပိုင်း (၂၀၃) မင်္ဂလာအရက်ခွက်
သို့သော်ငြားလည်း ရှန်းလီသည် ထိုနေ့ညတွင်အိပ်ဖို့ရန် အကြောင်းမပါချေ။ အမှန်တွင်တော့ စန်းလော့အတွက်လဲ ထိုနည်းတူပင်။
နှစ်ယောက်စလုံးက အချင်းချင်းပေါ်တွင် အပြန်အလှန် ခံစားချက်က အစောကြီးကတည်းက ရှိနေပြီးသားဖြစ်သည်။ နှလုံးသားနှစ်ခုက အပြန်အလှန် ခိုက်မိပြီး ဆွဲဆောင်ကြကာ ရင်းနှီးလာပြီးနောက် သံယောဇဥ်ကလဲ အလိုလိုတိုးလာသည်။ သူတို့သည် လင်မယားဖြစ်ခဲ့ကြပြီးဖြစ်ရာ အသေးငယ်ဆုံး ခံစားချက် အရိပ်အယောင်လေးကပင် ကြီးမားသည့်လှိုင်းကြီးတစ်ခုကို မွှေနှောက်ပစ်နိုင်လေသည်။ သူတို့သည် မည်သို့ခုခံနိုင်ပါမည်နည်း။
ဒါက မည်သို့စတင်ခဲ့မှန်း သေချာမသိလိုက်ပေ။ ရှန်းလီက သူမနားသို့ ကပ်လာချိန်တွင် သူ့အကြည့်က ခံနိုင်ရည်ရှိဖို့ရန် အလွန်မှ ပြင်းပြနေသည်ကလဲ ဖြစ်နိုင်သည်။ သို့မဟုတ်လျှင်လဲ စန်းလော့၏အရင်ဘဝက ၂၈နှစ်လုံးလုံး တစ်ယောက်ထဲရှိခဲ့ပြီး နောက်ဆုံးအချိန်များကို ရောဂါခံစားရင်း ကုန်ဆုံးခဲ့ရသည့် ခါးသီးသည့်ခံစားချက်ကြောင့်လဲ ဖြစ်နိုင်သည်။ သည်အခိုက်အတန့်တွင် သူမသည် ကိုယ့်ဟာကိုယ် အလိုလိုက်ချင်မိလေသည်။ ထို့ကြောင့် သူမက လက်ကိုဆန့်လိုက်ပြီး ရှန်းလီ၏လည်ပင်းကို သိုင်းဖက်ထားလိုက်၏။
သင်ယူလေ့လာခြင်း၏ကြိုးစားမှုတစ်ခုမှနေ၍ မြင်ကွင်းက ရှန်းလီ၏နယ်ပယ်ကို လုယူခံလိုက်ရသည့် အသွင်ပြောင်းလဲသွားတော့သည်။ မီးက တဖောက်ဖောက် တောက်လောင်နေပြီး သစ်သားများက လောင်ကျွမ်းနေသည်။ သူ့ဘေးက အပူချိန်ကလဲ သိသိသာသာ ပူပြင်းလာခဲ့သည်။ စန်းလော့သည် တစ်ကိုယ်လုံး အားနည်းသွားသလို ခံစားလိုက်ရ၏။ သူမ၏ခေါင်းများက လည်ထွက်နေသည်။ အနမ်းတစ်ခုက ဒီလိုဖြစ်နိုင်သည်ကို သဘောပေါက်သွားသည့် သူမ၏ ပထမဦးဆုံးသောအကြိမ်ပင်။
နောက်ဆုံးတွင် ဝံပုလွေသားရေသည် စန်းလော့တစ်ယောက်တည်းအတွက်သာ သီးသန့် အသုံးပြုထားခြင်းဖြစ်ရာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်ထားပြီး သူတို့၏ အိန္ဒြေကို ပြန်လည်ရလာအောင် အချင်းချင်းအား ခွဲထားပြီး နောက်ထပ် ကျူးလွန်မှုများ မဖြစ်အောင် တားဆီးထားလေသည်။
တည်ငြိမ်မှု ပြန်ရလာပြီးနောက်တွင် ရှန်းလီသည် စန်းလော့ကို စောင်နှင့်အတူ သူ့ရင်ခွင်ထဲတွင် ထွေးဖက်ထားလိုက်၏။ သူမက လှုပ်ရှားဖို့ကြိုးစားလိုက်ချိန်တွင် သူက သူမ၏နားထဲတွင် ခပ်တိုးတိုးလေးရယ်ကာ ပြောလိုက်၏။
"ကျွန်တော်ကလေ မင်းကို ဒီအတိုင်း ဖက်ထားရတာနဲ့တင်ကို ဝမ်းသာနေပါပြီ တကယ်ပါ"
...
ဆိတ်လေးနှစ်ကောင်ကို လျှိုမြောင်ထဲသို့ယူပြန်လာဖို့ရန် ၄ရက်ကြာမြင့်သွားသည်။ ၂ကောင်က အကြီး ၂ကောင်က အသေးဖြစ်သည်။ အားလုံးက သိလိုစိတ်ဖြင့် တစ်ချက်လောက် စုဝေးကာ လာကြည့်ကြ၏။ ဦးလေးရွှီက ဆိတ်များကို စစ်ဆေးကြည့်လိုက်ပြီး တစ်ကောင်က ကိုယ်ဝန်ရှိနေသည်ဟု အတည်ပြုပေးလိုက်ကာ ကျန်သည့်၃ကောင်ထဲတွင် ၂ကောင်က အထီးဖြစ်ပြီး ၂ကောင်က အမဖြစ်သည်။ အထီးတစ်ကောင်နှင့် အမတစ်ကောင်ကတော့ မြီးကောင်ပေါက်အရွယ်သာ ရှိသေးသည်။
ရှန်းလီသည် ဒီဆိတ်၄ကောင်ကို သူတို့မိသားစု၏ အစားအသောက်အတွက် အပြောင်းအလဲဖြစ်စေရန် ရည်ရွယ်ပြီး ရှာဖွေခဲ့ခြင်းဖြစ်သည်။ သူတို့သည် ကိုယ်ဝန်ရှိနေသည့် တစ်ကောင်ကို ချန်ထားဖို့ ဆုံးဖြတ်လိုက်သည်။ အထီးကိုတော့ ကျန်နေသည့်ဆိတ်မများဖြင့် မိတ်လိုက်ပေးဖို့ရန် လျှိုမြောင်ထဲသို့ တိတ်တိတ်လေး ခေါ်သွားလိုက်သည်။ မြီးကောင်ပေါက် ဆိတ်တစ်စုံကိုတော့ ချန်းသရှန်ကို မင်္ဂလာလက်ဖွဲ့အဖြစ် လက်ဆောင်ပေးလိုက်သည်။
ရှန်းအန်း၊ ရှန်းနဥ်နှင့် ရှန်းကျင့်တို့သည် ဆိတ်နို့ကို စိတ်အားထက်သန်စွာဖြင့် စောင့်ဆိုင်းလာခဲ့ကြသည်။ သူတို့သည် သူတို့၏သူငယ်ချင်းတစ်ဖွဲ့လုံးကို စုဝေးလိုက်ကြပြီး ဆိတ်ခြံလေးတစ်ခုလုပ်ဖို့ သစ်ပင်များကို ခုတ်လှဲလိုက်ကြသည်။
ဆိတ်ခြံတစ်ခုဆောက်လုပ်ဖို့ရန် ပညာသင်စ လူငယ်လေးတစ်အုပ်ကို လက်လွှဲထားဖို့ရန်က မဖြစ်နိုင်ချေ။ ရှန်းလီက ဆိတ်များကို သစ်ပင်တစ်ပင်တွင် ချည်နှောင်ထားလိုက်ပြီး ခြင်းတောင်း၂ခုကို သယ်လာကာ စန်းလော့ကို ရေချိုးသန့်စင်ပြီးအနားယူဖို့ ပြောလိုက်သည်။ ထိုအခါမှ သူက ကူညီပေးဖို့ရန်ထွက်လာခဲ့သည်။
တောင်အတွင်းပိုင်းက ထို၄ရက်တာအတွင်းတွင် သူတို့သည် အများကြီး ရင်းနှီးလာခဲ့သည်။ သို့သော်ငြားလည်း ဒီသံယောဇဥ်က မည်မျှနက်ရှိုင်းသည်ကိုတော့ သူတို့နှစ်ယောက်သာ သိပေသည်။
ညပိုင်းအိပ်ချိန်ရောက်လာသည်တွင် စန်းလော့က ရှန်းလီကို ကြည့်လိုက်၏။ သူက တခစ်ခစ်ရယ်မောကာ ပြောလိုက်လေသည်။
"ဟုတ်ပါပြီ"
သူက သဘောတူပေးလိုက်ပြီး သူတို့သည် အိပ်ယာတစ်ခုနှင့် ကုတင်ငယ်လေးတစ်ခုကို ဆက်ပြီးမျှဝေသုံးဖို့ ဆုံးဖြတ်လိုက်ကြသည်။
...
မှတ်စိတစ်မှိတ်အတွင်းတွင် ၁၁လပိုင်း၂၇ရက်နေ့ ရောက်လာသည်။ ချန်းမိသားစု၏ သစ်လုံးအိမ်လေးသည် ရက်အနည်းငယ်စောပြီး တည်ဆောက်ပြီး စီးသွားခဲ့သည်။ ချန်းသရှန်က လက်ထပ်တော့မည်ဖြစ်သဖြင့် အဘိုးချန်း၊ ချင်ဖန်းညန်နှင့် ရှောင်ယာတို့ကလဲ ထွက်လာကြသည်က သဘာဝကျပေသည်။ သူတို့သည် အပြင်မထွက်ကြဘဲ သစ်သားအိမ်လေးထဲတွင် နေရသည့်တိုင် သူတို့သည် ထိုနေရာတွင် ရှိနေချင်ကြလေသည်။ လျှိုမြောင်ထဲက မိသားစုအများအပြားကလဲ ဒီအခွင့်အရေးကို အသုံးချကာ သူတို့၏ဆွေမျိုးများကို လာရောက်လည်ပတ်ကြသည်။ ချန်းသရှန်အတွက်လဲ မင်္ဂလာလက်ဖွဲ့များကို ပြင်ဆင်ပေးလိုက်ကြသည်။
၂၈ရက်နေ့မနက်ခင်းတွင် ကန်းရှီက အောင်သွယ်တော် တစ်ယောက်အနေဖြင့် အဖော်လိုက်ပေးခဲ့ပြီး ချန်းသရှန်က ရွှီဝမ်ချင်းနှင့် တစ်ခြားကောင်လေးတစ်ချို့နှင့်အတူ သူ့သတို့သမီးကို သွားရောက်ကြိုဆိုလိုက်သည်။ ဒါသည် ခြင်းတောင်းများကို သယ်မလာခြင်းကလွဲလျှင် သာမန်နေ့တစ်ခုနှင့် ဆင်တူလေသည်။ သူတို့၏ ပုံမှန်အမဲလိုက်ခရီးစဥ်နှင့် လုံးဝကွာခြားခြင်းမရှိပေ။ သူတို့သည် ဘာအာရုံစိုက်ခြင်းကိုမှ မဆွဲဆောင်ခဲ့ကြပေ။
သူတို့သည် ပြန်ရောက်လာချိန်တွင် ကျိုးကဲ၏ မင်္ဂလာလက်ဖွဲ့များကို ယူလာပေးရသည့်အပြင် သူတို့သည် ကျိုးမိသားစုအနီးအနားက အိမ်နီးချင်းများထံမှ အသားခြောက်များနှင့် စွန်ပလွန်သီးခြောက်များကိုလဲ လက်ဆောင်အဖြစ် သယ်လာပေးရသည်။
အထူးအခြေအနေများကို ထည့်သွင်းစဥ်းစားရပြီး သူတို့သည် ကြီးကြီးကျယ်ကျယ် စားသောက်ပွဲများလဲ မလုပ်ခဲ့ကြသလို ကျင့်ဝတ်ထုံးတမ်းစဥ်လာအတိုင်းလဲ တင်းကြပ်စွာ မလုပ်ခဲ့ကြပေ။ လက်ထပ်ပွဲအခမ်းအနားက ရောက်လာပြီး သူတို့၏တာဝန်များကို ပြီးစီးသွားသည့်နောက်တွင် ချက်ချင်းပြီး ဆုံးသွားလေသည်။ ချန်းသရှန်နှင့် ကျိုးကဲတို့က ကျိုးလိုင်ကျီနှင့်သူ့မိန်းမကို သူမ၏အိမ်တွင် ကန်တော့ခဲ့ကြပြီးဖြစ်သည်။ ထို့နောက်တွင် သူ့အဘိုးလင်မယားနှင့် သူ့မိဘများကို ဒီဖက်တွင် ထပ်ပြီးကန်တော့လိုက်ကြသည်။ ဒါကိုပင် လိုအပ်သည့်ဓလေ့ထုံး တမ်းအားလုံးပြီးမြောက်သည်ဟု မှတ်ယူလိုက်ကြသည်။
ကလေးအများအပြားကလဲ ပွဲကိုကြည့်ရှုဖို့ရန် ရောက်လာကြပြီး လျှိုမြောင်ထဲက မိသားစုတစ်ခုချင်းစီက လက်ဆောင်များကို ပြင်ဆင်ပေးခဲ့ကြသည်။ စပါးဖြစ်စေ၊ အဝတ်အစားဖြစ်စေ၊ လက်ဆောင်ပေးဖို့ရန်အတွက် သူတို့၏ အကောင်းဆုံး ပိုင်ဆိုင်မှုများကို ရွေးချယ်ပေးခဲ့ကြသည်။
စန်းလော့နှင့်ရှန်းလီတို့က အစောကြီးကတည်းက သူတို့၏လက်ဆောင်များကို ပေးထားခဲ့သည် ဖြစ်သော်ငြားလည်း ဒီလိုမင်္ဂလာရှိသည့် မင်္ဂလာပွဲနေ့တွင် စန်းလော့က ချန်းမိသားစုကို နောက်ထပ် လက်ဆောင်တစ်ခုပေးဖို့ ဆုံးဖြတ်ထားလေသည်။
သူမသည် ရှေ့ညက လျှိုမြောင်ထဲသို့ ရှန်းယင်နှင့်ရှန်းထယ်ဆီသို့ အလည်လာချိန် သူမ၏အိမ်သို့ပြန်လာသည့်အချိန်တွင် ထိုပစ္စည်းကို ယူလာပြီး ချန်းမိသားစု၏ဂူသို့ ချက်ချင်းသယ်သွားပေးလိုက်သည်။
နောက်ကျမှ ရောက်လာသဖြင့် ပွဲသို့ လာရောက်ကြသည့်ကလေးများသည် အစောကြီးကတည်းက ပြန်သွားကြပြီးဖြစ်သည်။ ကျိုးကဲတစ်ယောက်သာ ဂူထဲတွင်ကျန်ခဲ့သည်။ လက်ထပ်ပြီးစ အမျိုးသမီးလေးအနေဖြင့် သူမသည် အင်မတန်မှ စိတ်လှုပ်ရှားနေပြီး နမော်နမဲ့ လျှောက်ပတ်ပြီး မသွားရဲချေ။ ကံအားလျော်စွာ သူမသည် စန်းလော့နှင့် အတိုင်းအတာတစ်ခုအထိ ရင်းနှီးနေသည်။ သူမ၏တင်းကြပ်နေသည့်စိတ်က သူမဆီသို့ အလည်လာသူကို သတိထားမိချိန်တွင် သိသိသာသာ လျော့နည်းသွားတော့သည်။
စန်းလော့က အခြေအနေကို သဘောကျစရာကောင်းသည်ဟု မြင်သည်။ သူမက ကျိုးကဲကို အရက်အိုးငယ်လေးတစ်ခု လှမ်းပေးလိုက်ကာ ပြောလိုက်၏။
"ဒါက ကျွန်မရဲ့ဂုဏ်ပြုတဲ့အနေနဲ့ လက်ဆောင်ပေါ့၊ တောင်ထဲမှာတော့ ကျွန်မတို့တွေက လုပ်ရိုးလုပ်စဥ်နဲ့ ထုံးတမ်းအစဥ်အလာတွေ အများကြီး မရှိကြဘူးလေ၊ ဒါပေမဲ့ အနည်းဆုံးတော့ မင်္ဂလာအရက်တစ်ခွက်ကို ရှင်တို့နှစ်ယောက်ကြားမှာ ဒီနေ့ည ဝေမျှပြီး သောက်သင့်တယ်လို့ ကျွန်မ ထင်တယ်"
"အရက်ဟုတ်လား"
စန်းလော့က ခေါင်းငြိမ့်ပြသည်။
"ဟုတ်တယ် ယမကာအနီပါ၊ ဒါက အရသာ ချိုချိုလေးလေ၊ ကျွန်မအထင် ရှင် ကြိုက်မယ် ထင်ပါတယ်"
ကျိုးကဲသည် အရက်ယမကာကို အရင်က တခါမှ မမြည်းစမ်းခဲ့ဖူးချေ။ ဒါက စျေးကြီးသည်ဟု သိထားခြင်းကြောင့်ပင်။ စန်းလော့က မင်္ဂလာအရက်ခွက်ဟု ပြောလိုက်သည်ကို စဥ်းစားမိသည်တွင် သူမသည် ကျိုးချွမ်ကျန်း၏မိသားစုက သူတို့၏ချွေးမလေးနှင့် လက်ထပ်ပေးသည့်အချိန်က လွန်ခဲ့သည့်နှစ်အနည်းငယ်က လက်ထပ်ပေးခဲ့သည့်အချိန်ကို မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် သူမသည် ထိုစကားလုံး၏ နောက်ကွယ်က အဓိပ္ပါယ်ကို နားလည်လေသည်။ သူမက မျက်နှာများနီရဲသွားပြီး ကျေးဇူးတင်စကား ပြောလိုက်၏။
ကျိုးကဲ၏ ရှက်သွေးဖြာသွားသည့် အမူအယာကို မြင်လိုက်သည်တွင် စန်းလော့ကလဲ ဒီမိန်းမကလေးက သူမ၏လက်ရှိခန္ဓာကိုယ်နှင့် အသက်အရွယ်ချင်း အတူတူလောက်ဖြစ်မည်ဟု စဥ်းစားမိလိုက်ကာ အခုမှ၁၇နှစ်သာ ရှိသေးသည်ဟု စဥ်းစားမိလိုက်လေသည်။ သူမက အကြံအဉာဏ်တစ်ချို့ကို ပေးလိုက်ချင်သော်လည်း ထုတ်ပြောဖို့ရန်က ခက်ခဲနေသည်ကို တွေ့လိုက်ရ၏။ ရှေးခေတ်အခါနှင့် ခေတ်သစ်အချိန်အခါတို့၏ နားလည်မှုကွာခြားချက်က အလွန်မှ ကြီးမားနေလေသည်။ သည်ခေတ်တွင် မိန်းကလေးများက အသက်၁၅နှစ်တွင် လက်ထပ်သည်က ပုံမှန်ဖြစ်သည်။ ၁၇နှစ်တွင် လက်မထပ်ခြင်းကပင် သူတို့ကို အပျိုကြီးဟူသည့် တံဆိပ်ကပ် ခံရနိုင်သည်။ အကယ်၍များ တစ်စုံတစ်ယောက်က အသက်၁၈ နှစ်အထိ စောင့်ဆိုင်းခဲ့ပါလျှင် လူများက ခင်ပွန်းတစ်ယောက် မရှာဖွေပေးနိုင်သည့်အတွက် သူတို့တွင် တစ်ခုခု မှားယွင်းနေသည်ဟုပင် သံသယရှိကြလိမ့်မည်...။
လိုရင်းကိုပြောရလျှင် သူတို့၏အမြင်က လုံးဝကို ကွာခြားနေသည်။ စန်းလော့ ပြောချင်သည့်စကားများက ကျိုးကဲအတွက် အနည်းငယ် ထူးဆန်းနေသယောင် ဖြစ်ပေလိမ့်မည်။
သို့တိုင် အကယ်၍များ တစ်စုံတစ်ယောက်က ဒီအမြင်မှကြည့်လျှင် လျှိုမြောင်သည် ကလေးကို အန္တရာယ်ကင်းကင်းဖြင့် မွေးနိုင်ရန် အကာအကွယ်ပေးနိုင်သည်။ ကလေးငိုသံက လျှိုမြောင်အပြင်ဘက်သို့ ရောက်သွားမည် မဟုတ်ချေ။ အတွေ့အကြုံရင့်ကြသည့် လျှိုမြောင်ထဲက လူကြီးအမျိုးသမီးများကလဲ ကလေးမွေးရာတွင် ကူညီပေးနိုင်လေသည်။ သို့သော်ငြားလည်း အသက်အရွယ်က အမှန်ပင် ငယ်သေးလှသည်။ မိန်းကလေးတစ်ယောက်သည် အသက်၁၇နှစ်ကျော်ကျော် ၁၈နှစ်နောက်ပိုင်းလောက်မှသာ ကလေးမွေးသင့်လေသည်။
အကယ်၍ ဒီထက်ပိုစောင့်နိုင်လျှင် သူမသည် အသက်၁၈နှစ်တွင် ကိုယ်ဝန်ဆောင်ပြီး ၁၉နှစ်တွင်မီးဖွားနိုင်သည်။
မွေးကင်းစကလေးများသည် စောင့်ရှောက်ပေးဖို့ရန် အနုနယ်ဆုံးဖြစ်ကာ အထူးသဖြင့် ဒီလိုဝေးကွာလှသည့် တောင်တန်းနေရာများထဲတွင် ဆေးဝါးအကူအညီရရှိဖို့ရန် ခက်ခဲပြီး ဆေးပင်များကလဲ ရှားပါးလှသည်။ စန်းလော့သည် ဖြစ်နိုင်ချေကို မစဥ်းစားဘဲ မနေနိုင်တော့ချေ။
ချန်းမိသားစုက သူမကို အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့သည်ကို ထည့်သွင်းစဥ်းစားမိပြီး ချန်းသရှန်နှင့် ရှန်းလီတို့ကြားက ဆက်ဆံရေးကိုလဲ ထောက်ချင့်ကာ သူမက ဒီတစ်ကြိမ်တော့ထပ်ပြီး ဝင်ပါဖို့ ဆုံးဖြတ်လိုက်လေသည်။ ဒါက ထူးဆန်းသည်ဟုတော့ မြင်နိုင်ပေမည်။ သူမက ဒီအခွင့်အရေးကိုပင် အသုံးချရလိမ့်မည်။
သူမက လျှိုမြောင်ဝင်ပေါက်ကို တစ်ချက်လောက် လှမ်းကြည့်လိုက်ပြီး မည်သူမှမရှိသည်ကို တွေ့လိုက်ရသဖြင့် ကျိုးကဲကို တီးတိုးပြောလိုက်၏။
"ရှင် လက်ထပ်လာတုန်းက ရှင့်အမေက ရှင့်ကို ဘာမှာခဲ့သေးလဲဟင်"
ကျိုးကဲသည် တအံ့တသြဖြစ်သွားပြီး သူမ၏ပါးများက နီးမြန်းသွားတော့သည်။
သူမ၏အမေက အမှန်ပင် အကြံဉာဏ်တစ်ချို့ ပေးခဲ့သေးသည်။ တစ်နေ့က အိမ်တွင် မည်သူမျှမရှိသည့်အချိန်တွင် သူမသည် ကျိုးကဲကို စကားနည်းနည်းပါးပါး တိုးတိုးတိတ်တိတ် ပြောပြခဲ့သည်။ သို့သော်ငြားလည်း ... ဒါက ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးနိုင်သည့် အကြောင်းအရာ ဟုတ်ပါရဲ့လား။
အထစ်ထစ် အငေါ့ငေါ့ဖြစ်နေပြီး ကျိုးကဲသည် သူမ၏အတွေးများကို ထုတ်ဖော်ပြောဆိုဖို့ရန် ခက်ခဲနေသည်။
သူမ၏ရုန်းကန်နေရပုံကို မြင်လိုက်သည်တွင် စန်းလော့ကလဲ နားလည်လိုက်၏။ ရှေးခေတ်အခါက သတို့သမီးတစ်ယောက်သည် သူမ၏လက်ဖွဲ့ပစ္စည်း၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် မီးဘေးမှ ကာကွယ်ရန် အဆောင်ပစ္စည်းတစ်ခုကို လက်ခံရရှိခဲ့သည်က ပုံမှန်ဖြစ်လေသည်။ သို့သော်ငြားလည်း ဒါက ချမ်းသာသည့် မိသားစုများအတွက်သာ ဖြစ်လေသည်။ တော်သင့်ရုံသာဖြစ်သည့် ကျိုးမိသားစုကတော့ ဒီလိုပစ္စည်းမျိုးကို ပိုင်ဆိုင်လိမ့်မည် မဟုတ်ချေ။ ထိုအစား အသိပညာကို နှုတ်အားဖြင့်သာ အသိပေးကြသည်က ပိုပြီးဖြစ်နိုင်သည်။ အဓိပ္ပါယ် မသဲကွဲသည့်စကားစုများဖြင့် အိမ်ထောင်သည်ဘဝအတွက် သတို့သမီးများကို ပြင်ဆင်ရာတွင် အထူးသဖြင့် မင်္ဂလာဦးညကိုမျှော်လင့်ရမည့် အကြောင်းအရာများ ဖြစ်ပေမည်။
စန်းလော့ကလဲ အနည်းငယ် ကသိကအောက်ဖြစ်နေ၏။ သို့သော်ငြားလည်း သူမက သတ္တိကို စုစည်းလိုက်ပြီး တီးတိုးပြောလိုက်သည်။
"အဲဒါ မဟုတ်ပါဘူး၊ ကျွန်မ ပြောချင်တာကလေ၊ ရှင့်ရဲ့အမေက မင်္ဂလာဆောင်ပြီးတော့ ချက်ချင်းပဲ ကိုယ်ဝန်ဆောင်ဖို့များ ရှောင်ကြဥ်ဖို့အကြံများ ပေးလိုက်သလားလို့"
ကျိုးကဲမှာ တအံ့တသြဖြစ်သွားတော့သည်။ သူမ၏ အမေက ဒီအကြောင်းကို အမှန်ပင် ထုတ်ပြောခဲ့လေသည်။ ဖရိုဖရဲအခြေအနေက အတွင်းပိုင်းနေရာအထိ ပြန့်နှံ့လာပြီး သူမ၏ကိုယ်ဝန်ဆောင်ခြင်းကို အန္တရာယ်ဖြစ်စေမှာ အဓိက စိုးရိမ်ခြင်းကြောင့်ပင်။ သို့သော်ငြားလည်း ရွေးချယ်မှုများကို ချင့်ချိန်ကြည့်ပြီးနောက် သူမက ကိုယ်ဝန်ရှိခဲ့လျှင်ပင် ချန်းသရှန်က သူမကို ကာကွယ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ထားလေသည်။ အိမ်တွင်နေထိုင်ခြင်းနှင့်စာလျှင် ချန်းမိသားစုနှင့် လက်ထပ်လိုက်ခြင်းက ပိုပြီးလုံခြုံပေလိမ့်မည်။ ထို့ကြောင့် သူမက လက်ထပ်ပြီးနောက်တွင် တချို့ချုပ်တည်းရမည့်ကိစ္စများကို ချန်းသရှန်အား နားချဖို့ အမေဖြစ်သူက ကျိုးကဲကို မှာကြားခဲ့လေသည်။
သူမ၏မျက်နှာက နီရဲသွားပြီး သူမက ထိုစကားကိုပြောရန် ခက်ခဲနေသည်ကို တွေ့လိုက်ရ၏။ သို့သော်ငြားလည်း စန်းလော့၏ဂုဏ်သတင်းက အရင်က ရှီလီရွာထဲတွင်သာမက အခုတော့ တောင်အတွင်းပိုင်းတွင်မှာ အပြစ်ပြောစရာပင် မရှိချေ။ အကြောင်းအရင်းမရှိဘဲနှင့်လဲ ဒီလိုရင်းနှီးလှသည့် မေးခွန်းမျိုးကို သူမက မေးမြန်းလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ကျိုးကဲက သူမကိုယ်သူမ အားတင်းကာ ပြောပြလိုက်၏။
"ဟုတ်တယ် သူ့ကို ပြောခိုင်း ... သူ့ကို ပြောခိုင်းလိုက်တယ် ... ခဏ..ခဏ ဟိုလေ ... "
သူမ၏ နောက်ဆုံးစကားလုံးများက ကြားရရုံသာရှိလေသည်။
ကျိုးကဲ၏ ရှက်ရွံ့နေပုံကို မြင်လိုက်သဖြင့် စန်းလော့ကလဲ မနေနိုင်ဘဲ ပြုံးလိုက်မိသည်။ အမှန်တွင်တော့ သူမကိုယ်တိုင်လဲပဲ အတိုင်းအတာတစ်ခုအထိ မသက်မသာ ဖြစ်ရလေသည်။ နောက်ဆုံးတော့ သူမက မျက်လုံးများကို မှိတ်လိုက်ပြီး ပင့်သက်တစ်ချက်ရှိုက်လိုက်ကာ ဒါကို ဇီဝဗေဒသင်ခန်းစာ တစ်ခုအဖြစ် သဘောထားဖို့ ကိုယ့်ဟာကိုယ် ပြောလိုက်သည်။ သူမက ကျိုးကဲ၏ နားအနားသို့ကပ်လိုက်ပြီး စကားလုံးအနည်းငယ်ကို တိုးတိုးလေးပြောလိုက်၏။ ထိုသို့ပြောလိုက်ပြီးနောက်တွင် သူမက လေသံတိုးတိုးဖြင့် ထပ်ပြောလိုက်သည်။
"ဒါက ကိုယ်ဝန်ရမှာကို ကာကွယ်ဖို့ အကူအညီဖြစ်နိုင်တယ်၊ ဒါက လုံးဝ စိတ်ချရတာမျိုး မဟုတ်ဘူးဆိုပေမဲ့လည်း အလုပ်တော့ ဖြစ်နိုင်ပါတယ်၊ ကျွန်မ ရှင့်ကိုသင်ပေးတာလို့ မပြောနဲ့နော်၊ ဒါက အရမ်းကို ရှက်စရာကောင်းနေလိမ့်မယ်"
မိုးနတ်မင်းကလဲ သိပေသည်။ စန်းလော့ကိုယ်တိုင်ပင် အနမ်းပေးခြင်းကလွဲပြီး ထို့ထက်ကျော်လွန်ခြင်း မရှိခဲ့ချေ။ သို့တိုင် သူမက ဒီနေရာသို့ရောက်လာပြီး ကျိုးကဲကို ကိုယ်ဝန်တားမည့်ကိစ္စကို သင်ကြားပေးနေလေသည်။
အင်မတန်မှ ရှက်ရွံ့နေပြီးသားဖြစ်သည့် ကျိုးကဲက စန်းလော့၏ နောက်ဆုံးမှတ်ချက်ကို ကြားလိုက်ချိန်တွင် အသံထွက်ကာ အော်ရယ်မိတော့သည်။
"ဟုတ်ပါပြီ၊ ကျွန်မကို သင်ကြားပေးတဲ့အတွက် ရှင့်ကို ကျေးဇူးတင်ပါတယ်၊ ကျွန်မအမေက ကျွန်မကို သင်ပေးလိုက်တာလို့ပဲ ပြောလိုက်ပါ့မယ်"
စန်းလော့ကလဲ ဒီစကားကို ကြားလိုက်သည်တွင် တခစ်ခစ် ရယ်မောလိုက်ကာ အလေးအနက် ပြန်ပြောလိုက်၏။
"ကျွန်မက တကယ်စိတ်ရင်းနဲ့ပါ၊ အတွင်းပိုင်းနယ်မြေထဲမှာ ဖရိုဖရဲဖြစ်မယ့်ပုံတော့ မတူပါဘူး၊ ဒီအတိုင်း ငယ်ရွယ်တဲ့အမျိုးသမီးတွေက အရမ်းအစောကြီး ကလေးမွေးတာက အန္တရာယ်ရှိလို့ပါ၊ ခဏခဏ ကိုယ်ဝန်ဆောင်တာကလဲပဲ ခန္ဓာကိုယ်ကို ထိခိုက်နိုင်တယ်လေ၊ ဒီ့အပြင် ဒီလိုနက်ရှိုင်းလှတဲ့ တောနက်ထဲမှာ ဆေးဝါးအရင်းအမြစ်ကလဲ အလုံအလောက် မရှိဘူးဆိုတော့ ကလေးကို မွေးရတာက ခက်ခဲလိမ့်မယ်၊ ရှင် နည်းနည်းလေး ပိုကြီးလာတဲ့အချိန် ဒါမှမဟုတ် အပြင်ဘက်က အခြေအနေ ပိုကောင်းလာတဲ့အချိန် တစ်နှစ်၊ နှစ်နှစ်လောက်နေမှ ကလေးယူကြပေါ့"
စန်းလော့သည် ကျိုးကဲကို စိတ်ရင်းနှင့် ဂရုစိုက်မိလေသည်။ သူမ၏စကားလုံးများက လွမ်းမိုးမှုရှိနေသည်။ ကျိုးကဲသည် ငယ်ငယ်ရွယ်ရွယ်နှင့် ကလေးမွေးခြင်းက အန္တရာယ်ရှိနိုင်သည်ဟု တခါမှ မကြားခဲ့ဘူးချေ။ မိန်းကလေးအများစုက အသက်၁၆ နှစ်မတိုင်ခင်မှာပင် မိခင်များဖြစ်လာကြသဖြင့် သူမက အမှန်တွင်တော့လဲ တကယ်တမ်း ငယ်နေသည် မဟုတ်ချေ။ သူမက ယခုအချိန်တွင် ကိုယ်ဝန်ဆောင်ခဲ့လျှင်ပင် သူမသည် အသက်၁၈နှစ် ပြည့်ခါနီးအရွယ်မှ ကလေးကိုမွေးလိမ့်မည်။
သို့သော်ငြားလည်း ကျိုးကဲသည် စန်းလော့၏ လုပ်ရည်ကိုင်ရည်ကို သိထားသဖြင့် သူမ၏အကြံအဉာဏ်ကို အလေးအနက် လိုက်နာလိုက်သည်။ ကလေးကို ဆက်တိုက်မွေးဖွားခြင်း၏ ဒုက္ခကို ထုတ်ပြောလိုက်သည်တွင် သူမသည် သူမအမေ၏ ခန္ဓာကိုယ်ကို သတိရသွားတော့သည်။
အတိတ်က သူမအမေ၏ရောဂါမှာ သူမ၏ညီမလေးကို မွေးဖွားခဲ့ခြင်း၏ ရလဒ်ဖြစ်မည်ဟု သူမက စဥ်းစားခဲ့သည်။ အခုတော့ ဒါက ဆက်တိုက်ကလေးမွေးခဲ့ခြင်းက သူမအမေ၏ ကျန်းမာရေးအခြေအနေကို တဖြည်းဖြည်း အားနည်းလာစေမှန်း သဘောပေါက်သွားတော့သည်။
ကျိုးကဲက ဒီတစ်ကြိမ်တွင် အလေးအနက် ခေါင်းငြိမ့်ပြလိုက်၏။
"ကျွန်မ အားလုံးကို စိတ်ထဲမှာ မှတ်ထားပါ့မယ်၊ ရှင့်ကို ကျေးဇူးအများကြီးတင်ပါတယ်"
သူမသည် စန်းလော့ကို ယောင်းမဟု ထပ်ခေါ်မိတော့မလို ဖြစ်သွားလေသည်။ သို့သော်ငြားလည်း ချန်းသရှန်က ရှန်းလီထက် ပိုပြီးကြီးသည်ကို သတိရမိသွားပြီး သူမက ပြောရင်းတန်းလန်းမှ အားလော့ဟု ပြောင်းခေါ်လိုက်လေသည်။
စန်းလော့က ရယ်မောလိုက်၏။
"ဒါဆိုလဲ ဟုတ်ပါပြီ၊ ကျွန်မ ရှင့်ကို အဖော်မလုပ်တော့ဘူးနော်၊ ကျွန်မ အရင်ပြန်နှင့်တော့မယ်"
ကျိုးကဲက စန်းလော့ကို ဂူဝင်ပေါက်အထိ ကိုယ်တိုင်လိုက်ပို့ပေးလိုက်ပြီး သူမက အဝေးကို လျှောက်သွားသည်ကို စောင့်ကြည့်နေလိုက်ပြီးမှ သူမ၏ကိုယ်ပိုင်ဂူလေးထဲသို့ ပြန်လာကာ နောက်ကတံခါးကို ပိတ်ထားလိုက်လေသည်။ သူမက သစ်သားအိမ်လေးသို့ သွားလိုက်ပြီး ချင်ဖန်းညန်နှင့် ချန်းအဘွားတို့နှင့် စကားပြောဖို့ သွားလိုက်လေသည်။
...
ထိုနေ့ညတွင် ချန်းသရှန်သည် သူ၏မင်္ဂလာညကို ဂုဏ်ပြုနေလေသည်။ သူသည် အရင်က တခါမှမကြားခဲ့ဘူးသည့် ဝိုင်နီအရက်ကို အရသာမြည်းခဲ့ရသည့်အပြင် သူတို့သည် ရင်းနှီးကျွမ်းဝင်ပြုလုပ်တော့မည့်အချိန်တွင် ကျိုးကဲက ရှက်ရွံ့စိတ်ကြောင့် မျက်နှာများနီမြန်းနေကာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးက သူ့ရင်ခွင်ထဲတွင် နစ်မြှုပ်နေပြီး ကိုယ်ဝန်ဆောင်ခြင်းကိုကာကွယ်ဖို့ ရှင်းပြနေလေသည်။ ထိုအချိန်ကာလအတွင်းတွင် ချိုမြိန်မှုနှင့်ဘဝင်ခိုက်ရသည့် ခံစားချက်ကတော့ ကိုယ်တိုင်ပကတိအတိုင်း ရှင်း လင်းနေပြီးသားဖြစ်တော့သည်။
တစ်ဖက်တွင်တော့ ရှန်းလီသည် စန်းလော့က ဒီလိုကိုယ်ဝန်တားနည်းလမ်းကို သိနေလိမ့်မည်ဟု လုံးဝစိတ်ကူးမိမည်မဟုတ်ချေ။ အိပ်ယာဘေးလေးတွင် ကုတင်ပုလေးတစ်ခုက ရှိနေသေးသည်။ သို့သော် ငြားလည်း ဒါက သူ့အချစ်ဆုံးသူငယ်ချင်း၏ မင်္ဂလာညဖြစ်နေသဖြင့် သူက လုံးဝကြီး မသိနားမလည်သည်တော့မဟုတ်ချေ။ သူ့အတွေးများက လှည့်ပတ်သွား လာနေသည်။ စန်းလော့က ကျိုးကဲထံ သို့ ဝိုင်နီပုလင်းငယ်လေးတစ်လုံးကို မင်္ဂလာအရက်အဖြစ် သွားရောက်ပို့ဆောင်ခဲ့သည်။
မင်္ဂလာအရက်ဟူသည့်အခေါ်အဝေါ်ကို စဥ်းစားလိုက်ရုံဖြင့် သူ့သွေးများမှာ ဆူပွက်လာတော့သည်။ နောက်ဆုံးတော့ သူကလဲပဲ ဒါကို မြည်းစမ်းကြည့်ဖို့ မရမကတောင်းဆိုခဲ့မိသည်။ ဝိုင်အရက်က အလွန်မှချိုမြိန်မွှေးပြန့်လှပြီး သူ့စိတ်ကူးများက ပြောင်းလဲသွားလေသည်။ ထိုကုတင်ပုလေးက လုံးဝအသုံးမပြုသလောက်ပင် ဖြစ်သွားတော့သည်။
ကံအားလျော်စွာ သူသည် သူ့ကတိကိုမှတ်မိသေးသည်။ အနည်းငယ် နီမြန်းနေသည့်မျက်လုံးများဖြင့် သူက နောက်သို့ပြန်လှမ်းလိုက်ပြီး ကုတင်လေးပေါ်သို့ထိုင်ချလိုက်ကာ သူ၏စောင်ကို ကိုယ်ပေါ်သို့ဆွဲ ခြုံလိုက်လေသည်။ အိပ်ယာဘေးက ဘီဒိုသေးသေးလေးပေါ်သို့ လက်လှမ်းလိုက်ပြီး သူက စန်းလော့သူ့ကိုပေးထားခဲ့သည့် ကွန်ဖြူးရှပ်၏ကျမ်းများကို လက်ရေးဖြင့်ရေးထားသည့်စာအုပ်ကို လှမ်းဆွဲလိုက်ကာ စတင်ဖတ်ရှူနေသဖြင့် စန်းလော့မှာ သူမ ၏ပုခုံးများတုန်ယင်သွားသည်အထိ ရယ်မောမိလေသည်။
ရှန်းလီက ရယ်မောနေသည့်သူမကို လှည့်ကြည့်လိုက်၏။ စာအုပ်ကိုပြန်ချထားလိုက်ပြီး သူက သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲထည့်လိုက်လေသည်။
"ကျွန်တော့်ကို ရီနေတာပေါ့လေ"
စန်းလော့က သူမ၏ရယ်သံကို မြိုသိပ်ထားလိုက်ပြီး ခေါင်းကာပြလိုက်သည်။
"မဟုတ်ပါဘူး ရှန်းလီ ကျွန်မတို့အပေးအယူတစ်ခု လုပ်ကြမလား တကယ်လို့ ရှင်က ဒီကျမ်းတစ်ခုလုံးကို အစအဆုံး မမှားတမ်းဖတ်နိုင်တယ်ဆိုရင် ရှင် ဒီကုတင်ပုလေးကို တစ်ရက်တာဖယ်ထားလို့ရတယ်"
ရှန်းလီ၏ကိုင်းနေသည့် လည်ချောင်းများက နေရာရွှေ့သွားပြီး သူကပြောလိုက်လေသည်။
"တကယ်ပြောတာလား"
စန်းလော့က တခစ်ခစ်ရယ်မောလိုက်သည်။
"ရှင်ရော ဘယ်လိုထင်လဲ ကျွန်မက ဒီကုတင်ပုလေးကို တစ်ရက်ပဲဖယ်ထားမယ်လို့ ပြောတာနော်"
ရှန်းလီကပြုံးပြလိုက်သည် "ကျွန်တော်က တစ်ခြားဘာမှမစဥ်းစားပါဘူး မင်းက ကိုယ့်စကားကိုပြန်မရုတ်သိမ်းရဘူးနော်"
သူမကို အနားသို့ပိုပြီးဆွဲကပ်ချင်သည့် စိတ်ကိုထိန်းချုပ်ထားလိုက်ပြီး သူက သူမကို ပြန်ချထားပေးလိုက်ကာ စာကိုစိတ်အားထက်သန်စွာ စတင်ဖတ်လိုက်လေသည်။ တစ်ချို့မရင်းနှီးသည့်စာလုံးများကိုတော့ စန်းလော့၏ အကူအညီကိုတောင်းခံလိုက်သည်။ တဖြည်းဖြည်းနှင့်သူ့အာရုံသည် ဝါးစာလိတ်လေးပေါ်သို့ လုံးဝပြောင်းလဲသွားပြီး သူခံစားနေခဲ့ရသည့် သက်တောင့်သက်သာမဖြစ်သည့် ခံစားချက်များက လျော့ပါးသွားတော့သည်။
သူ့ဘေးကအိပ်ယာလေးတွင် လဲလျောင်းနေလိုက်ပြီး အရက်နှင့်အသားမကျသည့် စန်းလော့မှာ နောက်ဆုံးတော့ အိပ်ပျော်သွားတော့သည်။
ရှန်းလီက သတိထားမိလိုက်ချိန်တွင် သူသည် သူမကို ခဏလောက်ငေးကြည့်နေမိပြီး သူ၏နှုတ်ခမ်းများက သတိမထားမိလိုက်ပါပဲ အပြုံးတစ်ခုအသွင် ဖြစ်သွားတော့သည်။ စောင်လေးကို သူမအပေါ်သို့ ဂရုတစိုက်ဆွဲတင်ပေးလိုက်ပြီး သူက စာကိုပြန်ဖတ်လိုက်ရင်း မသိသေးသည့်စာလုံးများကို တိတ်တိတ်လေးချရေးထားလိုက်သည်။ သူသည် မနက်ဖြန်ကြမှ ဒီစာလုံးများကို ဝေ့ချင်းဟယ် သို့မဟုတ် ဝမ်ယင်းကျန့်ကို အကူအညီတောင်းပြီး မေးရပေလိမ့်မည်။
အပိုင်း (၂၀၄) ပြိုင်ဘက်များ
နောက်တစ်နေ့မနက်ခင်း အလေး မ ပြီး ပြေးလွှားနေချိန်တွင် ရှန်းလီသည် ဝမ်ယွင်ကျန့်ကို သူ့နားသို့ခေါ်ပြီး စကားအနည်းငယ် ပြောလေသည်။ ထို့ကြောင့် တစ်နေ့တာ ပြေးလွှားရာတွင် ရွတ်ဆိုသံသည် တပည့်အားလုံးသိထားသည့် ဂန္တဝင်အက္ခရာတစ်ထောင်မှ ဝမ်ယွင်ကျန့်နှင့် ရှန်းလီတို့သဘောကျသော ကွန်ဖြူးရှပ်၏ဆိုရိုးများသို့ ပြောင်းလဲသွား၏။
စန်းလော့သည် မနေ့ည အိပ်ယာမဝင်မီက စနောက်ထားသည့်စကားကို ပြန်စဉ်းစားကြည့်သောအခါ ကျယ်လောင်စွာ ရယ်မောလုနီးပါးပင် ဖြစ်သွားလေသည်။
တစ်ဖက်တွင် မနေ့က ချိုင့်ဝှမ်းအပြင်ဘက်တွင်နေထိုင်သော ချင်ဖန်းညန်က ထိုအသံများကို အဝေးမှ ကြားလိုက်ရပြီး အံ့အားသင့်သွား၏။ သူမက ချန်းယိုထျန်း ဘက်လှည့်ကာ မေးလိုက်လေသည်။
"သူတို့က နေ့တိုင်း ပြေးနေတဲ့အချိန်မှာ စာအုပ်တွေ ဖတ်ကြတာလား"
ချန်းယိုထျန်း၏ နက်မှောင်သော မျက်နှာသည် အပြုံးများဖြင့် ပြည့်နှက်နေသည်။
"ဟုတ်တယ်၊ သူတို့က ပြေးနေတဲ့အချိန်ပဲ စာဖတ်တာ မဟုတ်ဘူး။ သိုင်းပညာလေ့ကျင့်ပြီး အနားယူနေတုန်းမှာလဲ စာရေးကြတယ်။ အားလီက ဒါကို တောင်းဆိုခဲ့ပြီး ချင်းဟယ်က သူတို့ရဲ့ တိုးတက်မှုကို ပုံမှန် အကဲဖြတ်ပေးတယ်။ ဒါကြောင့် အာ့ရှန် ဒီမှာနေဖို့သင့်တော်တာပေါ့။ သူ့အရည်အချင်းတွေ တိုးတက်လာပြီး အခုဆိုရင် စာလုံးရေအများကြီးကို မှတ်မိပြီး ရေးနိုင်နေပြီ"
သူက ချင်ဖန်းညန်ကို ဆက်ပြောလိုက်၏။
"တစ်ကယ်တော့ ငါတို့ချိုင့်ဝှမ်းမှာပဲ မဟုတ်ဘူး။ အနောက်ကနေ လိုက်သွားရင် အနီးနားမှာနေတဲ့ ကောင်လေးတွေနဲ့ ယောက်ျားလေးတွေက သူတို့အနောက် ခပ်လှမ်းလှမ်းကနေ ပြေးနေတာကို တွေ့လိမ့်မယ်။ သူတို့က ငါတို့နေတဲ့နေရာ အနီးနားကို မလာရဲကြဘူး။ သူတို့ တုတ်သိုင်းတွေကို တိတ်တိဆိတ် လေ့လာနေကြတာ"
ချင်ဖန်းညန်က အံ့ဩမှုကြောင့် အသံပြုမိ၏။ အပြင်မထွက်သည်မှာ ကြာသောကြောင့် ကမ္ဘာကြီးက ပြောင်းလဲသွားသလို ခံစားရလေသည်။
ဂူထဲတွင် ချန်းသရှန်သည် မနေ့ညက ချစ်ခြင်း၏ကြည်နူးမှုကို ခံစားပြီး ယခုအချိန်တွင်တော့ ကျိုးကဲနှင့် ငြိတွယ်နေ၏။ ဂူတံခါးကို တင်းကြပ်စွာ အလုံပိတ်ထားသောကြောင့် သူသည် မိုးမလင်းသေးကြောင်းကို ကျိုးကဲအား ယုံကြည်အောင် ပြောထားလေသည်။ သို့သော် အပြင်ဘက်ရှိ ကျယ်လောင်သော စာဖတ်သံကြောင့် မှောင်နေဆဲဖြစ်ကြောင်းကို သူမကို မည်သို့စည်းရုံးလို့ ရနိုင်တော့မည်နည်း။ သူ့မှာ အရှက်ရသွားကာ လက်လျှော့ဖို့ ငြင်းဆန်နေ၏။ ကျိုးကဲသည် ယောက္ခများကို လက်ဖက်ရည်ဖြင့် အရိုအသေပေးရန် အလျင်အမြန် ထသွားလေသည်။
သို့သော် ကျိုးကဲသည် ပထမရက်အနည်းငယ်တွင် ယောက္ခမ၊ ယောင်းမနှင့် အဘိုးအဘွားများကိုသာ တွေ့ဖူး၏။ သုံးရက်မြောက်နေ့ လည်ပတ်မှုအပြီး နောက်တစ်နေ့ သူမ အစောကြီး နိုးလာသောအခါ ချန်းယိုထျန်းနှင့် ချန်းအာ့ရှန်တို့သာ သစ်သားအိမ်တွင် ကျန်ခဲ့လေသည်။
သူမသည် ချန်းသရှန်ကို သံသယဖြင့် ကြည့်လိုက်၏။ သူက ရှင်းပြလေသည်။
"ငါ့ရဲ့အဘိုးအဘွား၊ အမေနဲ့ ညီမလေးတို့က တစ်ခြားနေရာမှာ နေကြပေမယ့် ပြန်လာကြပြီ။ အခု မင်းက လက်ထပ်ပြီးလို့ မိသားစုဝင် ဖြစ်နေပြီဆိုတော့ မင်းကို ငါ ဖုံးကွယ်မထားတော့ပါဘူး။ နောက်ပိုင်း အခွင့်အရေး ရတဲ့အခါကျရင် မင်းကို အဲ့နေရာကိုခေါ်သွားပါ့မယ်"
ကျိုးကဲ၏မျက်လုံးများမှာ တဖြည်းဖြည်းကျယ်လာပြီး တုံ့ဆိုင်းမှုမရှိဘဲ ခေါင်းခါလိုက်၏။
"ဟင့်အင်း၊ ကျွန်မ ဒီမှာပဲနေမှာ။ အခု အဲ့တာနဲ့ပတ်သက်ပြီး ရှင် ကျွန်မကို ပြောစရာမလိုဘူး"
သူမသည် အမှန်ပင် တစ်စုံတစ်ခု ဖြစ်ပျက်သွားသည်ကို ခံစားမိ၏။ အတူတူ ထွက်ခွာလာခဲ့သော မိသားစုများကြားတွင် ကျိုးမိသားစုမှ ကျိုးသလန်နှင့် ကျိုးစစ်လန်ကိုသာ မြင်ဖူးသော်လည်း ကျိုးချွမ်ကျန့်၊ ရွာကမိန်းမများ သို့မဟုတ် အငယ်ဆုံးကလေးနှစ်ယောက်ကိုတော့ မမြင်ဖူးပေ။ ရှီမိသားစုတွင် ရှီအာ့လန်၏ဇနီးနှင့် ကလေးအနည်းငယ် ပျောက်နေသော်လည်း လုမိသားစုတွင် လုအာ့လန်နှင့် လုစန်းလန်တို့ပါဝင်လေသည်။
အစပိုင်းတွင် သူမက သူတို့သည် ဂူများထဲတွင်၊ သို့မဟုတ် အိမ်များထဲတွင် နေထိုင်ပြီး ပွဲလမ်းများတွင် ပါဝင်ရန်ဆန္ဒမရှိဟုသာ ထင်ခဲ့မိ၏။ သို့သော် နှစ်ရက်ကြာပြီးနောက်အထိ သူတို့ကို မမြင်ရသေးပေ။ အရွယ်ရောက်သူများ အမဲလိုက်သွားခြင်း သို့မဟုတ် စုဝေးကြရာတွင် ကလေးငယ်များကို သူတို့နှင့်အတူခေါ်သွားပါက ထူးဆန်းနေလိမ့်မည်။
သို့သော် ကျိုးကဲသည် သူတို့ပထမဆုံး အတွင်းနယ်နမိတ်ထဲသို့ ဝင်လာချိန်က သူမအမေပြောခဲ့သော စကားများကို အမှတ်ရလေ၏။ သူမသည် သိချင်စိတ်မရှိခဲ့သော်လည်း ယခုအချိန်တွင်တော့ မနက်ခင်းတွင် လူကြီးများမရှိသောကြောင့် စတင်ပြီး ပဟေဠိဖြစ်လာလေသည်။
သူမ ခေါင်းကို အလျင်အမြန် ခါလိုက်သည်ကို မြင်တော့ ချန်းသရှန်သည် သူမကို အလွန်ချစ်ခင်ကာ ပို၍ပင် ချစ်စရာကောင်းသည်ကို တွေ့ရှိလေ၏။ သူက ပြုံးရင်း ပြောလိုက်လေသည်။
“အခုလည်း သွားစရာ မလိုသေးပါဘူး။ ငါ မင်းကို မသွားစေချင်ဘူး။ ဒါပေမယ့် မင်း အိမ်ပြန်ရောက်တဲ့အခါ ငါတို့ပြောခဲ့တဲ့အကြောင်းတွေကို ဘာမှမပြောနဲ့။ မင်းရဲ့မိဘတွေမှာ စောင်းပါးရိပ်ချည်လေး သိကောင်းသိနိုင်တယ် ဆိုပေမယ့်ပေါ့”
ချန်းသရှန်သည် သူ့ဦးလေးများက သူမ မထွက်ခွာမီတွင် ရွာအစွန်အထိ လိုက်ပို့ပေးသည်ကို မည်သို့မသိဘဲနေမည်နည်း။
အမှန်တော့ ဖန်းနှင့်ကန်းမိသားစုတို့သည် အပြန်အလှန် ပံ့ပိုးကူညီပေးနေကြဆဲဖြစ်ပြီး အကွာအဝေးတစ်ခုကို ထားရှိလေသည်။
ကျိုးမိသားစု၊ ဖန်းမိသားစု၊ သို့မဟုတ် ကန်းမိသားစုပဲဖြစ်ဖြစ်၊ သူတို့သည် အရာအားလုံးကို မသိနိုင်ကြသော်လည်း အုပ်စုငယ်များအကြား အကွာအဝေးတစ်ခုကို ထိန်းထားနိုင်ခြင်းက ဤလောကကြီးတွင် ပြောစရာမလိုသော နားလည်မှုတစ်ခုဖြစ်လေသည်။
ကျိုးကဲကို ဖက်ထားရင်း ဆက်ပြောလေ၏။
“အဲ့နေရာက ဖရိုဖရဲဖြစ်နေတဲ့အချိန် အတောအတွင်း ငါတို့မိသားစုတွေ ပုန်းအောင်းလို့ရမယ့် နောက်ထပ် အရန်နေရာတစ်ခုပဲ။ စိတ်မပူပါနဲ့။ တအားဆိုးလာပြီး ဒုက္ခတွေကို ရှောင်ဖို့အတွက် ပုန်းဖို့လိုလာရင် မင်းရဲ့မိဘတွေကို မစွန့်ပစ်ပါဘူးကွာ။ ဒါပေမယ့် တောင်တွေထဲမှာ စွန့်စားနေရတဲ့သူတွေက ခိုလှုံဖို့ကြိုးပမ်းတဲ့သူတွေ ဒါမှမဟုတ် ပဋိပက္ခတွေကို ရှောင်ဖို့ကြိုးစားနေကြတဲ့သူတွေပဲ။ အဲ့လူတွေကြားထဲမှာ ကောက်ကျစ်တဲ့သူတွေ ရှိနေနိုင်ပေမယ့် သူတို့က အရေးပါတဲ့အင်အားစုတွေကိုတော့ မဖွဲ့စည်းနိုင်ကြဘူး။ ငါတို့ရွာနှစ်ရွာလုံးက ခံစစ်အားကောင်းတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ကြတယ်”
ကျိုးကဲသည် ခေါင်းညိတ်ကာ သူ့ယောက်ျားကို ဤကိစ္စတွင်တော့လုံးဝ ယုံကြည်ထား၏။
….
ချန်းသရှန်၏ မင်္ဂလာဆောင်လေးရက်မြောက်နေ့တွင် ကျိုးကဲလည်း ကိုယ်ခံပညာလေ့ကျင့်ရေးတွင် ပါဝင်လာလေသည်။ သို့သော် ယခင်က အတွေ့အကြုံမရှိသဖြင့် သူမအား အနောက်ဘက်တွင်နေစေကာ ချန်းသရှန်က သီးခြားသင်ပေးလေ၏။ အချိန်အများစုတွင် သူမသည် စန်းလော့နှင့် လေ့ကျင့်လေသည်။
ယခုအချိန်တွင် သူ့မိန်းမ ကိုယ်ခံပညာသင်ခြင်းက ချန်းသရှန်ကို အားစိုက်ထုတ်မှု လျော့သွားစေလိမ့်မည်တဲ့လား။ ကံကောင်းစွာဖြင့် ရှန်းလီသည် သူ၏လေ့လာမှုတွင် အပြည့်အဝ စိတ်နှစ်ထားခဲ့ပြီး တာဝန်ကို သူ့အား ဝမ်းသာအားရ ပေးအပ်လေသည်။
ကျိုးကဲသည် စန်းလော့နှင့်လေ့ကျင့်သောအခါ ကန်းရှီသည် ရံဖန်ရံခါ လုပ်စရာမရှိသောအခါတွင် ပါဝင်လေ့ရှိသည်။ အဝေးမှ သူမက ရှန်းလီသည် ဝေ့ချင်းဟယ်နှင့် သင်ကြားရင်း ရံဖန်ရံခါ မေးခွန်းများမေးခြင်း၊ သဲဗန်းပေါ်တွင် ရှင်းလင်းချက်အတွက် စာရေးခြင်းတို့ကို မြင်ရ၏။ ထို့နောက် သူမက စန်းလော့ကို မှတ်ချက်ပေးလိုက်လေသည်။
“နင့်ရဲ့ရှန်းလီက ယွင်ကျန့်နဲ့ ရှောင်အန်းထက်ပိုပြီးတော့ စာဖတ်တဲ့နေရာမှာပိုပြီး နှစ်မြှုပ်ထားတာလဲ”
ထိုအရာအားလုံးသည် စန်းလော့တစ်ယောက် သူမ၏စနောက်မှုကြောင့် ဖြစ်ကြောင်းကို ဝန်ခံနိုင်ပါ့မလား။
ဝါးစာလိပ် မလောက်တော့သည့်အတွက် ကျမ်းတွဲတစ်ခုလုံးတွင် “စာလုံးပေါင်းတစ်ထောင်ကျမ်း”ထဲမှ စာလုံးအများစုကို မထည့်တော့ဘဲ အခန်းသုံးခန်းနှင့် စာလုံးရေနှစ်ထောင်သာ ထည့်ရေးထားလေသည်။ သို့သော် ရှန်းလီသည် စာကြောင်းကို အတော်လေး မြန်ဆန်စွာမှတ်မိလေသည်။
မနေ့ညက သူ့ကို တမင်တကာ စနောက်ခဲ့ပုံကို ပြန်စဉ်းစားကြည့်တော့ သူမကို သူ့ပေါင်ပေါ်တွင် မလှုပ်သာအောင် ချုပ်ထားပြီး အသက်ပြင်းပြင်း ရှူနေသော်လည်း သူမနှုတ်ခမ်းများကို လက်ချောင်းထိပ်များဖြင့် ပွတ်သပ်နေရုံမှတစ်ပါး တစ်ခြားဘာမှ မလုပ်သည်ကိုလည်း ပြန်စဉ်းစားမိလိုက်သည်။ သူက သူမ နားနားလေးကပ်လုနီးပါး တိုးတိုးလေး ပြောလိုက်လေသည်။
“ခဏစောင့်၊ အလွတ်ကျက်ဖို့ နောက်ထပ်နှစ်ခန်းပဲ ကျန်တော့တယ်”တဲ့။
ထိုအကြည့်၊ အသံနှင့် အသည်းယားစရာ အသက်ရှူသံနွေးနွေးက စန်းလော့၏ နှလုံးခုန်နှုန်းကို အရှက်ရစေလေ၏။
အခုအချိန်ထိ ဒီလိုအကွာအဝေးကနေ မျက်နှာချင်းဆိုင်တာ ဘယ်နှစ်ကြိမ်လောက်ရှိပြီလဲ။
ရှန်းလီသည် သူမ၏ဆန္ဒကို မည်သို့လောင်ကျွမ်းအောင် လုပ်ရမည်ကို သိလေသည်။
……
အစားအသောက်၊ အမိုးအကာ၊ ကိုယ်ခံပညာနှင့် စာအုပ်များနှင့်အတူ တောင်ပေါ်တွင် နေထိုင်ရသောဘဝသည် ငြိမ်သက်အေးချမ်းနေ၏။ ထိုအရာ၏ရိုးရှင်းမှုအားလုံးသည် ချမ်းမြေ့ဖွယ်တောရွာမြင်ကွင်း၏အရိပ်အမြွက်၊ သီးခြားရပ်တည်မှုကို ဖော်ပြနေကာ လောကကြီးက ဝရုန်းသုန်းကား ဖြစ်နေသေးသည်ကိုပင် မေ့လုနီးပါး ဖြစ်နိုင်လေသည်။
သို့သော် ထိုကဲ့သို့ ထင်ယောင်ထင်မှားဖြစ်မှုသည် စိတ်၏လှည့်စားမှုသာ ဖြစ်လေ၏။
၁၂လမြောက် လပြက္ခဒိန်၏ ပထမနေ့တွင် တောင်ပေါ်၌ နှင်းစတင်ကျလာလေသည်။
အမြင့်ဆုံးတောင်များ၏ တောင်ထိပ်တွေသာမဟုတ်ဘဲ ကောင်းကင်တွင် နှင်းပွင့်များဖြင့် ပြည့်နှက်နေပြီး ထူထဲစွာ စုပုံနေလေသည်။ ခြေလှမ်းတစ်လှမ်းလှမ်းတိုင်း တစ်ယောက်၏ဖိနပ်တစ်ခုလုံးသည် နှင်းထုထဲသို့ နှစ်မြုပ်သွားနိုင်၏။
ရှန်းလီသည် ဆောင်းရာသီတွင် လူတိုင်းကို အိမ်ထဲ၌ကွေးနေစေခြင်းဖြင့် သူ၏ မနက်ခင်းလေ့ကျင့်မှုများကို ရိုးရှင်းစွာ ရပ်တန့်လိုက်လေသည်။ အစောပိုင်းက စန်းလော့နှင့် ရှန်းနဉ်တို့ပြင်ဆင်ခဲ့သော သားမွေးကုတ်အင်္ကျီများကို နောက်ဆုံးတွင် တစ်မိသားစုလုံး ဝတ်ဆင်ကြတော့၏။
အမဲလိုက်သောလူငယ်အုပ်စုသည် ဆောင်းရာသီတွင် နားနေမည် မဟုတ်ပေ။ နှင်းထဲတွင် ရစ်ငှက်များကို အမဲလိုက်ရခြင်းသည် ယခင်ကထက် ပိုလွယ်သောကြောင့် သူတို့သည် ရှာဖွေရန်အတွက် နေ့တိုင်း အနီးနားရှိတောင်များသို့ စောစောထွက်ခွာကြ၏။ သူတို့တစ်ဦးချင်းဆီတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်စောင့်ရှောက်ရန် ကိုယ်ပိုင်နည်းလမ်းများရှိသောကြောင့် လူကြီးများက ဝင်ရောက်စွက်ဖက်ခြင်း မရှိချေ။
ခန္ဓာကိုယ်အသစ်တွင် မှီတွယ်နေထိုင်သည့် ဒုတိယနှစ်တွင် ရာသီဥတုသည် ပထမနှစ်ကထက် အများကြီးပိုအေးလေသည်။ ၁၂လမြောက်လပြက္ခဒိန်၏ ၆ရက်နေ့အထိ နှင်းများ ဆက်လက်ကျနေဆဲဖြစ်၏။ ကံကောင်းစွာဖြင့် ဤတောင်သည် အခြားအရာများ ရှားပါးသော်လည်း ထင်းများပေါများလေသည်။ ထိုသို့မဟုတ်ပါက စန်းလော့သည် တောင်တန်းများတွင် ပုန်းအောင်းနေသည့် အလွန်အေးသော ဆောင်းရာသီကို မည်သို့ကြံ့ကြံ့ခံ ရင်ဆိုင်ရမည်မသိဖြစ်နေပေလိမ့်မည်။
အပြင်ရွာတွင် နေထိုင်ခြင်းသည် အတော်လေး သက်တောင့်သက်သာရှိ၏။ လပါးပွဲတော်နေ့တွင် အိမ်ထောင်စုတိုင်းသည် သူတို့၏လပါးဆန်ပြုတ်ကို သင့်တင့်လျောက်ပတ်စွာ စတင်ချက်ကြပြီး ဆန်ပြုတ်လုံး မကျက်မီတွင်ပင် ရောနှောထားသော ပဲအမျိုးမျိုး၏မွှေးရနံ့သည် လေထဲတွင် ပျံ့နှံ့နေပြီဖြစ်သည်။ ပွဲတော်ကို ဆင်နွှဲရန်အတွက် နွေးထွေးသည့် အချိန်ခါလေးဖြစ်သင့်လေသည်။ သို့တိုင် ဆန်ပြုတ်ကိုကောင်းစွာပြင်ဆင်ပြီးချိန်တွင် ရှန်းကျင့်နှင့် ရှန်းအန်းတို့ အိမ်ပြန်မရောက်သေးပေ။
နေ့ဘက်တွင် ဂူထဲ၌မီးထွန်းထားပြီး တံခါးလဲ ဖွင့်ထား၏။ စန်းလော့နှင့် ရှန်းနဉ်တို့သည် အပြင်ကိုကြည့်နေကြပြီး အကြိမ်ရေမည်မျှအထိ ကြည့်နေမိခဲ့သည်ကို မသေချာချေ။ သူတို့သည် အားနျိုနှင့် ကျိုးလန်တို့ပြန်လာသည်ကို အဝေးမှ မြင်လေသည်။ ကျိုးလန်သည် တစ်ခြားအိမ်သို့သွားခဲ့ပြီး အားနျိုသည် သူတို့ဆီသို့ တည့်တည့်သွားကာ အဝေးမှ "ဆရာ"ဟု ခေါ်လိုက်၏။
စန်းလော့၏ နှလုံးခုန်သံမြန်သွားပြီး ရှန်းလီသည် သူတို့ကိုနှုတ်ဆက်ရန် ခြေလှမ်းကျဲဖြင့် လျှောက်သွားနှင့်ပြီး ဖြစ်လေသည်။
"ဆရာ၊ အတွင်းနယ်မြေထဲကို ဝင်လာတဲ့ ကျူးကျော်သူတွေက အယောက် ၄၀၊ ၅၀လောက်ရှိမယ်။ ရှောင်းကျင့်က ထျန်းယာကို အန္တရာယ်ဖြစ်စေတဲ့ရန်သူတစ်ချို့ကို မှတ်မိပုံရလို့ သူတို့နောက်က လိုက်သွားတယ်။ သူတို့က ကျိုးမိသားစုရဲ့ရွာကို ဦးတည်သွားကြတယ်။ ကျွန်တော် ဒီသတင်းကို ပြောဖို့ ပြန်လာတာ"
ရှန်းလီနှင့်စန်းလော့တို့၏ အမူအရာမှာ ပြောင်းလဲသွားသော်လည်း ကံကောင်းစွာဖြင့် ရွှီဝမ်ချင်း၊ ရွှီဝမ်ဟုန်၊ စန်းလန်၊ အာ့ရှန်နှင့် သနျိုတို့ပါရှိနေလေသည်။ ရွှီဝမ်ပေါ်၊ ရှန်းအန်းနှင့် ရှန်းကျင့်တို့သည် ငယ်ရွယ်ပြီး အင်အားနည်းသော်လည်း သူတို့၏ကိုယ်ခံပညာ လေ့ကျင့်ရေးကာလသည် အလကား မဟုတ်ပေ။
ရှန်းလီသည် လှည့်ပြီး ဓားနှင့်လေးကိုဆွဲကိုင်ကာ စန်းလော့ကို ညွှန်ကြားလိုက်၏။
"လုဦးလေးနဲ့ လိုက်သွားမယ်။ ကျန်ခဲ့တဲ့ရွာသားတွေကို ဒီအိမ်မှာ စုနေခိုင်းလိုက်။ ဒီလမ်းကိုတော့ ဘယ်သူမှ လာမယ့်ပုံမပေါ်ဘူး။ ဒါပေမယ့် အတူတူနေတာက ပိုလုံခြုံတယ်"
ဤအရာသည် ချန်းသရှန်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်းသော လူငယ်အများစုကို ဤနေရာတွင် စုခိုင်းရခြင်းဖြစ်သည်။
စန်းလော့သည် လူ ၄၀၊ ၅၀ ခန့်ရှိသော ဆန့်ကျင်ဘက်အုပ်စုကို တွေးရင်း မျက်မှောင်ကြုတ်လိုက်မိ၏။ သူမသည် တုတ်နှင့်မြှားကို ယူရန်ဆုံးဖြတ်လိုက်ပြီးနောက် ရှန်းနဉ်ကို ခေါ်လိုက်လေသည်။
"တံခါးကို သော့ခတ်ထားလိုက်။ အတူတူ အပြင်သွားရအောင်"
လျှိုမြောင်ဝင်ပေါက်သည် ပုံမှန်အားဖြင့် ကောင်းကောင်း ဖုံးကွယ်ထားပြီး ယခုအခါ ထူထပ်သောနှင်းများအောက်တွင် မြုပ်နေသောကြောင့် ရှာဖွေတွေ့ရှိသွားမည်ကို မစိုးရိမ်ရပေ။ အနောက်တွင်နေရန် မည်သည့်အကြောင်းမှ မရှိချေ။
ရှန်းလီနှင့် အဝေးတွင်နေထိုင်သော မိသားစုများပင်လျှင် သတင်းရရှိကြ၏။ ကျန့်မာသန်စွမ်းသော လူကြီးများသာမကဘဲ ကျိုးကဲပင်လျှင် ချန်းသရှန်နောက်သို့ လိုက်သွားလေသည်။ ရွှီဝမ်ယင်းသည်လည်း ရွှီမိသားစုဝင်ထဲတွင် ပါဝင်ခဲ့၏။
နောက်ထပ် တိုက်တွန်းစရာ မလိုတော့ချေ။ လူတိုင်းသည် လျင်မြန်စွာဖြင့် လက်နက်ကိုင်ဆောင်ကာ လမ်းပြပေးမည့် အားနျိုနှင့် ကျိုးစစ်လန်တို့နောက်မှ အလောတကြီး မလိုက်မီတွင် သူတို့၏တံခါးများကို သော့ခတ်လိုက်ကြလေသည်။
ရွှီဝမ်ချင်းနှင့် အခြားသူများသည် နှင်းထဲတွင် ကျန်ခဲ့သောခြေရာများမှာ မလွဲနိုင်လောက်အောင် ရှင်းလင်းနေသောကြောင့် အကူအညီ ပြတ်တောက်မည်ကို မစိုးရိမ်ကြချေ။
တစ်ယောက်ယောက်၏လှုပ်ရှားမှုကို မိနိုင်မည့် ကျိုးမိသားစု၏ ရွာအနီးသို့ရောက်ရန် နှစ်နာရီကြာလေသည်။ သို့သော် သွေးပူလေ့ကျင့်ခန်းအဖြစ် မနက်ခင်းအလေးမ ပြေးခြင်းကို အသားကျနေသည့် ဤအဖွဲ့သည် ၁၅မိနစ်လောက်တွင် တစ်ယောက်ယောက်ကို တွေ့ရှိသွားတော့၏။
အလွန်သိသာသည့် သန်မြန်သောလူငယ် အယောက်၄၀နီးပါးရှိသည့် အယောက် ၄၀ သို့မဟုတ် ၅၀ အုပ်စုသည် ဖန်းရွာ၏ခေါင်းဆောင်လူငယ်များနှင့် ထိပ်တိုက်တွေ့နေပြီဖြစ်သည်။
သူတို့သည် မျက်လုံးက မခွာတမ်း စောင့်ကြည့်နေကြပြီး မကြာခင်မှာပင် တပည့်ငယ်လေးကိုများကို ဦးဆောင်လာသည့် ရွှီဝမ်ချင်းသည် ခြုံပုတ်ထဲသို့ ပြန်ဆုတ်သွားလိုက်ပြီး အခွင့်အရေးရလျှင် လှုပ်ရှားရန် အသင့်ပြင်ထားလိုက်သည်။ သို့သော် ရှန်းလီနှင့် သူ့အပေါင်းအပါများ ချက်ခြင်း ရောက်လာကြလေသည်။ နောက်ထပ်ပုန်းနေစရာအကြောင်း မရှိတော့ပေ။ သူတို့၏ဆရာကို တိုးတိုးလေးခေါ်ပြီး ခြုံပုတ်များနောက်မှ တစ်ယောက်ချင်း ထွက်လာကြလေသည်။
သူ့လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ရှန်းကျင့်တစ်ယောက် တောင့်တင်းသွားတော့၏။ ရှန်းလီကို မြင်တော့ စိတ်ထိခိုက်ဝမ်းနည်းကာ ပြောလိုက်လေသည်။
"အစ်ကိုကြီး၊ ဝမ်မေညန်နဲ့ လက်ထပ်တဲ့ မိသားစုက သူတို့ထဲမှာပါတယ်။ ညီအစ်ကိုလေးယောက်လုံး အဲ့ထဲမှာ။ အဲ့ဒီနေရာမှာ အဖေက ထျန်းယာကို ခေါ်သွားပြီး သူ ပျောက်သွားခဲ့တာ"
ဝမ်မေညန်မိသားစုသည် ရွာတွင် ပထမဆုံးလက်ထပ်ချိန်တုန်းက ရွာသားများသည် အခြေအနေများကို မသိခဲ့ကြပေ။ သို့သော် ထျန်းယာ ဖြစ်ပျက်ခဲ့သည်များကို သိပြီးသည်နှင့် လူတိုင်းက အချိတ်အဆက်မိကာ ထိုတိရစ္ဆာန်ကောင်များကြောင့် ဖြစ်ကြောင်းကို နားလည်ကြလေသည်။
ခဏလေးအတွင်း ချန်းယိုထျန်းတို့အဖွဲ့၏ လက်ထဲမှ တုတ်ရှည်များ၊ ပေါက်ပြားများနှင့် ပုဆိန်များကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ကြ၏။ အမျိုးသမီး ၇ ယောက် ၊ ၈ ယောက်လောက်မှလွဲ၍ သူတို့ထဲတွင် အသက်ကြီးသူ သို့မဟုတ် ကလေးတစ်ယောက်ပင် မပါပေ။ သူတို့အားလုံးသည် ထိုညီအစ်ကိုလေးယောက်နှင့် ပတ်သက်နေသော ကြံ့ခိုင်သူများဖြစ်ကြ၏။ သူတို့ကောင်းကောင်း လုပ်နိုင်ကြသည်မဟုတ်ပါလား။
ထိုကဲ့သို့ပုဂ္ဂိုလ်များ အတွင်းနယ်မြေထဲကို ဝင်လာသည်ကိုမြင်တော့ လူတိုင်း၏အမူအရာများသည် ခက်ထန်သွားကြ၏။
ဆိုင်ရှင်ရွှီနှင့် ဦးလေးရွှီတို့သည်လည်း စိုးရိမ်နေပုံပေါ်၏။ လူအုပ်ကို လှမ်းကြည့်လိုက်တော့ သူတို့သည် ညီအစ်ကိုလေးယောက်ကိုသာ မှတ်မိကြသော်လည်း ကျောပေးထားသူများကိုတော့ ဘယ်သူဘယ်ဝါဟု မပြောနိုင်ပေ။
ရှေ့က လူများကို စေ့စေ့ကြည့်လိုက်တော့ ရှန်းလီနှင့် သူ့အဖော်တစ်ချို့ကို သတိထားမိလေသည်။ အမျိုးသားများ၊ အမျိုးသမီးများနှင့် အရွယ်ရောက်သူများ အားလုံးသည် လက်နက်များကို ကိုင်ဆောင်ထားကြပြီး လေးနှင့်မြှားများကို သူတို့၏ကျောပိုးအိတ်ထဲတွင် ထည့်ထားကြ၏။ ဤဖွဲ့စည်းပုံသည် ယခင်ရွာတွင် သူတို့ ပထမဆုံးပေါ်လာချိန်၌ အုံလိုက်ကျင်းလိုက် ထွက်လာကြသည့် လက်နက်ကိုင်ရွာသားများနှင့် အံ့ဩဖွယ်ကောင်းလောက်အောင် တူညီနေလေသည်။
အခြားသူများကို လုယက်လေ့ရှိသော အုပ်စုသည် အတွင်းနယ်မြေထဲသို့ ဝင်လာကာ လူများ လှုပ်ရှားသွားလာနေသည့် လက္ခဏာများကိုတွေ့တော့ ချက်ခြင်း ဝန်းရံလိုက်ကြ၏။ မျက်နှာချင်းဆိုင်အဖွဲ့၏ ရှိန်လောက်သောလူငယ်နှင့် သန်မာသောတိုက်ခိုက်သူများကို ရေတွက်ကြည့်တော့ သူတို့က သိသိသာသာ အရေအတွက်ပိုများကြောင်းကို သိရှိလေသည်။ သူတို့၏ယုံကြည်မှုများ တုန်လှုပ်ကာ လမ်းလွဲဆုတ်ခွာလိုက်ကြတော့ ချဉ်းကပ်လာသော အဖွဲ့နှစ်ဖွဲ့နှင့် သုံးပွင့်ဆိုင်ဖြစ်သွားပြီး နှစ်ဖက်လုံးကို ခုခံကာကွယ်ရန် ကြိုးပမ်းရတော့၏။
ခေါင်းဆောင်သည် ဟင်းသီးဟင်းရွက်စိုက်ခင်းများ၊ ကြက်လှောင်အိမ်များနှင့် အိမ်များကို မြင်လိုက်ရသဖြင့် သူ့မျက်နှာပေါ်က လောဘကိုဖျောက်ကာ ယခုအချိန်တွင် မျက်လုံးကလယ်ကလယ်ဖြင့် အပြစ်ကင်းစင်သော အသွင်အပြင်ကို ဆောင်ထားလေသည်။
"ဒါတွေအားလုံးက ဘာတွေလဲ။ ငါတို့က ဖြတ်သွားရုံပါပဲ။ ငါတို့တွေက ဒီမြေကို တုတ်တွေ၊ တင်းပုတ်တွေနဲ့ ဖြတ်လို့မရဘူးလို့ ပြောတာလား"
ဖန်းမျိုးနွယ်စုမှ သက်ကြီးရွယ်အို လူကောင်းတော်တော်များများသည် ဤအုပ်စုကိုကြည့်ရင်း အကျိုးရှိသည့် အရိပ်အယောင်ကို မမြင်ကြပေ။ သူတို့စကားပြောခါနီးတွင် အနောက်မှ ရှန်းလီနှင့် ချန်းသရှန်တို့သည် သူတို့၏အပေါင်းအသင်းများဖြင့် ပိုနီးသည့် အကွာအဝေးတစ်ခုသို့ ချီတက်လာလေသည်။
"ဖြတ်သွားတာကို လက်ခံနိုင်တယ်။ ဒါပေမယ့် မင်းတို့ထဲက ရပ်နေတဲ့တစ်ယောက်က ငါတို့နဲ့ ရန်ငြိုးရှိတဲ့လူပဲ၊ အဲ့လူကို အရင်ချန်ထားခဲ့လိုက်"
စကားပြောနေစဉ်တွင် သူ့လေး၌မြှားကိုတေ့ကာ ဘေးနားရှိ ရှန်းကျင့်ကို နာမည်တပ်ခေါ်လိုက်၏။
"မင်းရဲ့လေးကိုဆွဲပြီး ရွေးချယ်ထားတဲ့လေးယောက်ကို ချိန်လိုက်။ မင်းရဲ့ခွန်အားလျော့နေရင် သူတို့ကိုပဲ ထိုးပြလိုက်။ မင်းရဲ့မြှားက ပစ်မှတ်ကိုလွတ်သွားရင် ဒီမှာရှိတဲ့ ငါ့ညီက နောက်ထပ်မြှားတစ်ချောင်းနဲ့ ထိန်းပေးလိမ့်မယ်"
အုပ်စုကို ခေါ်ရင်း ဆက်ပြောလိုက်၏။
"ငါ့ညီငယ်လေးရဲ့ မြှားပစ်စွမ်းရည်ကို အခုထိ ပြန်မပြင်ရသေးဘူး။ သူက မဆင်မခြင်နဲ့ တစ်ယောက်ယောက်ကို မတော်တဆ ထိမိသွားရင် မင်းတို့ရဲ့ ကံဆိုးမှုကြောင့်ပဲ။ ဒါပေမယ့် တစ်ယောက်ယောက်က ထွက်ပြေးဖို့ ကြိုးစားရင်တော့ ဘယ်ရန်သူကိုမှ ငါ မှတ်မိမှာ မဟုတ်ဘူး။ ပြေးဖို့ကြိုးစားတဲ့ ဘယ်သူ့ဆီကိုမဆို ငါတို့မြှားက လာမှာပဲ"
သူ့မြှားကို တင်လိုက်သောကြောင့် ပေါက်ပြားများနှင့် ပုဆိန်များကိုသာ ကိုင်ထားနိုင်သော ချန်းယိုထျန်းနှင့် သူ့အဖော်များက ဘေးတွင်ရပ်နေကြ၏။ သို့သော် သူ့တပည့်များသည် သူတို့၏မြှားများကို တစ်ပုံစံထဲထစ်ကာ ပုံစံကိုချက်ခြင်း ပြောင်းလဲစေလေသည်။
တစ်ဖက်တွင်တော့ ဖန်းသလန်၊ ဖန်းအာ့လန်နှင့် ကန်းအာ့လန်တို့သည် ရှန်းလီ၏တပည့်စစ်စစ် ဖြစ်လေသည်။ သူတို့၏ဆရာကသာ ထိုလူများထဲတွင် ရန်သူရှိသည်ဟုပြောပါက နောက်ထပ် ဆွေးနွေးနေမည် မဟုတ်ချေ။ သူတို့သည် မြှားများကို အဆင်သင့်ပြင်ရင်း အတန်းလိုက် တန်းစီလိုက်ကြ၏။
ဤသုံးယောက်ကို တပည့်ဟုသတ်မှတ်ပါက သူတို့ထံမှ သင်ယူခဲ့သော လူငယ်များကိုလည်း တရားဝင် အသိအမှတ် မပြုရသေးသည့် မဟာတပည့်များဟု မှတ်ယူနိုင်လေသည်။ ညွှန်ကြားစရာမလိုဘဲ ဖန်းသလန်၏ ဦးဆောင်မှုနောက်သို့ လိုက်ကြပြီး လူငယ်တစ်ရွာလုံးနီးပါး တညီတညွတ်တည်း လှုပ်ရှားခဲ့ကြ၏။
စုံစမ်းစစ်ဆေးမှု တစ်ခုသာဖြစ်သော်လည်း ခဏတာ ပြောင်းလဲမှုအတွင်း သူတို့ကို မြှားအစင်း၇၀ကျော်က ပစ်မှတ်ထားနေသည်ကို တွေ့ရှိကြလေသည်။ မျှတသောပြစ်မှုများကို ကျူးလွန်ခဲ့သည့် သည်အပြင်လူ အုပ်စုသည် အေးခဲနေသော ပတ်ဝန်းကျင်တွင် ချွေးပြန်လာကြ၏။ သူတို့သည် အလိုအလျောက် နောက်ပြန် ဆုတ်မိကြလေသည်။ ရှန်းလီ၏သတိပေးချက်ကို ပြန်အမှတ်ရမိတော့ သူတို့သည် မလှုပ်ရဲကြပေ။
"ဘာ ရန်သူတွေလဲ။ ငါတို့က ဒီတိုင်းဝင်လာတာ"
မျက်နှာများက သူတို့၏စိုးရိမ်မှုကို သစ္စာဖောက်နေ၏။ သူတို့အားလုံးသည် အတိတ်က လုပ်ရပ်များကို ကောင်းစွာသိရှိကြသော်လည်း ရှန်းလီ သို့မဟုတ် သူ့ဘေးနားရှိ ကလေးကိုတော့ မမှတ်မိကြပေ။ သူတို့ထဲမှ မည်သူက ရှိန်လောက်သောရန်သူကို ရန်စခဲ့သလဲဆိုသည်ကို သိချင်စိတ်ပြင်းပြနေကြပြီး ကျိန်ဆဲချင်နေကြ၏။
သို့သော် ယခုအချိန်သည် ပဋိပက္ခဖြစ်ရန်အချိန် မဟုတ်ပေ။ သူတို့ထဲမှ တစ်ယောက်က ချက်ခြင်းပြောဆိုလိုက်၏။
"ရမ်းသမ်းပြီး မပစ်ကြနဲ့။ ပစ်မှတ်ကို ရွေးပြီး ပြဿနာကို အရင်ရှင်းပြပါ"
သို့သော် ရှန်းလီသည် စကားပြောရန် ရည်ရွယ်ချက်မရှိပေ။ သူသည် ရှန်းကျင့်ကို ကိုယ်တိုင်ကိုယ်ကျ မြှားပစ်သင်ပေးထားသောကြောင့် သူ့ညီ၏အရည်အချင်းကို ကောင်းစွာသိလေသည်။
"မင်းရဲ့မြှားတွေကို တင်လိုက်"
သူက ညွှန်ကြားလိုက်၏။
အုပ်စုထဲရှိ အမျိုးသမီးတစ်ချို့က အော်ဟစ်ကြလေသည်။
"မြှားတွေကို ကြုံသလိုမပစ်နဲ့။ ငါတို့ကို အရင်ဆုံး လူခွဲခွင့်ပေးအုံး"
လူအုပ်ကြီးက ဗရမ်းဗတာဖြစ်နေသည်မှာ ထင်ရှားလေသည်။ သူတို့၏နောက်တွင် သစ်သားခြံစည်းရိုးများဖြင့် ကာထားသော ဟင်းသီးဟင်းရွက်ခြံတစ်ခုရှိ၏။ နောက်ပြန်ဆုတ်ရန် နေရာမရှိပေ။ သူတို့သည် ဟိုဘက်ဒီဘက် ပြေးလွှားနေကြပြီး ဤလူများ၏သဘောထားအမှန်ကို ခန့်မှန်းထားပြီးသော ရွှီဝမ်ချင်းနှင့် အခြားသူများသည် သက်ညှာမှုကို မပြသကြချေ။ တစ်စုံတစ်ယောက်က မတော်တဆ ဒဏ်ရာရမှုများကို ကြောက်ရွံ့ကာ ထွက်ပြေးဖို့ ကြိုးစားနေသရွေ့ သူတို့၏ခြေထောက်များကိုသာ ချိန်ရွယ်ထားလေသည်။
အသားထဲသို့ မြှားများ ထိုးဖောက်သွားသဖြင့် နာကျင်စွာအော်ဟစ်သံများ ပဲ့တင်ထပ်သွားတော့၏။ ရှန်းကျင့်သည် မည်သူ့ကိုမျှ မကြည့်ဘဲ နောက်ဆုံးတွင် သူ့ကိုမှတ်မိသွားသော ညီအစ်ကိုလေးယောက်ကိုသာ အာရုံစိုက်နေလေသည်။ သူသည် တစ်ယောက်ကိုရွေးကာ မြှားဖြင့် ပစ်လိုက်၏။
ရွှီဝမ်ချင်းတစ်ယောက် ပထမမြှားကို ပစ်လိုက်သည့်အချိန်မှစ၍ လူအုပ်စုမှာ ဝရုန်းသုန်းကား ဖြစ်သွားလေသည်။ ခေါင်းဆောင်အမျိုးသားများသည် မြှားများကိုကာရန် သူတို့၏ဓားများဖြင့် ဝှေ့ယမ်းကာ ဒေါသဖြင့်ကြေညာလိုက်၏။
"ငါတို့ မင်းတို့နဲ့ တိုက်မယ်"
သူတို့၏သတ္တိသည် အသက်သုံးခါ ရှူချိန်ထက်ပိုမကြာဘဲ ကြောက်လန့်တကြား အော်ဟစ်ကာ ခေါင်းကို လက်မောင်းနှစ်ခုကြား ထည့်ထားရင်း သစ်ပင်နောက်တွင် ပုန်းနေလေသည်။ မြှားများသည် မရပ်မနား ပစ်နေသော်လည်း တစ်ချို့မှာ ငြိမ်နေသရွေ့ တိုက်ခိုက်ခံရမည်မဟုတ်ကြောင်းကို လျင်မြန်စွာနားလည်သွားကြ၏။ သူတို့သည် လက်များမြှောက်ကာ ငုံ့ထားကြလေသည်။
ရှန်းကျင့်တစ်ယောက် သူ့ပထမမြှားကို ပစ်လိုက်ပြီးနောက် ရှန်းလီလည်း ချက်ခြင်း နောက်မှအမီ လိုက်ပစ်လေသည်။ သံမြှားသည် သစ်သားမြှားတို့နှင့် မတူညီဘဲ ရှန်းလီ၏ခွန်အားနှင့် ပေါင်းစပ်သွားသောအခါ ဆောင်းရာသီအဝတ်အစားများပင် သက်ရောက်မှုကို ကြံ့ကြံ့မခံနိုင်ပေ။
ဆက်စပ်ပြီး ထိခိုက်ခြင်းကို လျော့ချရန် ရှန်းလီသည် သူတို့၏ခြေထောက်များကို အဓိကရည်ရွယ်လေသည်။
ရှန်းကျင့်သည် ဒုတိယမြှားကို ချိန်လိုက်သောကြောင့် တုန်လှုပ်သွားသဖြင့် ရန်သူတစ်ယောက် ဒူးထောက်သွားသည်ကို မြင်လေသည်။ ညီအစ်ကိုသုံးယောက်သည် ဦးတည်ရာတစ်ဖက်ဆီသို့ စတင်ထွက်ပြေးကြ၏။
ဤမြင်ကွင်းသည် လူတိုင်းအာရုံကို ဖမ်းစားနိုင်လေသည်။ ရှန်းလီနှင့် ချန်းသရှန်တို့သည် မြှားနှစ်ချောင်းကို ပစ်နေချိန်တွင် ကန်းအာ့လန်နှင့် ဖန်းသလန်တို့က တစ်ချောင်းဆီပစ်ကြ၏။ အခုတော့ ရှန်းလီနှင့် ချန်းသရှန်တို့၏ သံမြှားသည် သူတို့၏ပေါင်များကို ဖောက်ထွက်လုနီးပါးဖြစ်သွားသောကြောင့် ညီအစ်ကိုသုံးယောက်သည် သူတို့၏ခြေထောက်များကို လှုပ်ရှားရန်ပင် အလွန်ကြောက်ရွံ့လွန်းနေလေသည်။
ထို့နောက် ရှန်းလီက ရှန်းကျင့်ကို မေးလိုက်၏။
"ဒီလေးယောက်လား"
ရှန်းကျင့်၏ လေးကိုဆုပ်ထားသောလက်မှာ တင်းကျပ်သွား၏။
"ဟုတ်တယ်"
...
ထိုကဲ့သို့ ရန်ငြိုးဖွဲ့ပြီးသည့်နောက် ဤအဖွဲ့ကို ဘယ်လို လွတ်မြောက်ခွင့်ပေးနိုင်မည်နည်း။ ရှန်းလီသည် ညီအစ်ကိုလေးယောက်အပေါ်ထားသည့် မကျေနပ်မှုများကို အသေးစိတ် ပြန်ပြောပြလေသည်။ ဖန်းမိသားစု၊ ကျိုးမိသားစု၊ ကန်းမိသားစု၊ ကျန့်မိသားစုတို့၏ မျက်နှာများအားလုံး ပြောင်းလဲသွားကြ၏။ လေးများနှင့် တုတ်ရှည်များက သူတို့ပတ်ဝန်းကျင်က အဝန်းအဝိုင်းကို ကျဉ်းမြောင်းစေလေသည်။
သူတို့က အုပ်စုကိုဝန်းရံထားချိန်တွင် သားသတ်သမားကျန်သည် သူ၏ဘယ်ဘက်လက်တွင် သားစဉ်းဓားကို ကိုင်ထားပြီး ကျန့်မိသားစုမှ သားများက ဖြူဖျော့သွားလေ၏။ ခြေထောက်ကို မြှားမှန်ထားသော အမျိုးသမီးငယ်သည် ကျန့်မိသားစုက သူမကို မှတ်မိသွားသည်ကိုသိတော့ စတင်ငိုယိုပြီး ခွင့်လွှတ်ရန် တောင်းပန်လေသည်။
"ခမည်းခမက်၊ ခမည်းခမက်၊ ကျွန်မက သမီးကြီးရဲ့ယောင်းမပါ။ ကယ်တင်ပေးပါ"
"မင်းကို ကယ်ပေးရမယ် ဟုတ်လား"
သားသတ်သမားကျန့်၏ လူသတ်လိုစိတ် ပေါ်လာလေသည်။ ရုတ်တရက် တဟုန်ထိုး ဘယ်လက်ဖြင့် သူ့သားစဉ်းဓားကို အောက်သို့ လွှဲယမ်းချလိုက်တော့၏။
သားစဉ်းဓားသည် အမျိုးသမီး၏ခြေထောက်ကို ခုတ်မိသွားတော့သည်။ သို့သော် ကျန့်သလန်သည် သူ့အဖေကို အနောက်သို့ ဆွဲခေါ်လိုက်လေသည်။ လူအုပ်စုကို ကြည့်လိုက်တော့ သူသည် လူတစ်ဦးချင်းဆီကို ဆန်းစစ်ကြည့်ရင်း အကဲဖြတ်သလိုဖြစ်သွား၏။
"မိစ္ဆာကောင်တွေ၊ မိစ္ဆာကောင် တစ်အုပ်၊ ဒီနေ့တော့ မင်းတို့ထဲက ဘယ်သူမှလွတ်မှာ မဟုတ်ဘူး"
...