အခန်း (၂၀၇-၂၀၈)
Vol. 21 Ch. 207-208
အပိုင်း (၂၀၇) တတိယနွေရာသီ
တောင်အတွင်းပိုင်းတွင် မင်္ဂလာပွဲက ချွင်းချက်အနေဖြင့် ရိုးရှင်းလှသည်။ မင်္ဂလာဦးအိပ်ခန်းလဲ မရှိသလို မင်္ဂလာပွဲနှင့်ပတ်သတ်သည့် အဝတ်အစားများလဲမရှိသည့်အပြင် ဖယောင်းတိုင် သို့မဟုတ် အမွှေးတိုင်များလဲ မရှိပေ။ သို့သော်ငြားလည်း သူတို့လက်ခံရရှိခဲ့သည့် ဆုတောင်းစကားများကတော့ အဖြူစင်ဆုံးစိတ်ရင်းများ ဖြစ်လေသည်။
နှစ်ဖက်စလုံးက မိဘအကြီးအကဲများ မရှိကြတော့သဖြင့် နှစ်ဖက်က ရွာသူရွာသားများက မျက်မြင်သက်သေ လုပ်ပေးရန် စုဝေးလာကြသည်။ အရွယ်တစ်ဝက်ရောက်ပြီးသား ကောင်လေးတစ်အုပ်က သူတို့ကို ဆရာနှင့်ဆရာကတော်ဟု ခေါ်ဝေါ်ကြပြီး တစ်ယောက်ချင်းစီက ဝေ့ချင်းဟယ်၊ ဝမ်ယွင်ကျန့်နှင့် ရွှီဝမ်ယင်းတို့ထံမှ ကြိုတင်သင်ယူထားခဲ့ကြသလို ထူးခြားသည့် ဂုဏ်ပြုစကားများကို ပြောကြားလေသည်။
ဟုတ်ပါသည်။ အရေးအကြီးဆုံးမှာ သူမဘေးတွင်ရှိနေသူမှာ သူမလက်ထက်လိုသည့်သူ ဖြစ်နေခြင်းပင်။
ချန်းသရှန်နှင့် ရွှီဝမ်ချင်းတို့ အမဲလိုက်လာသည့်သမင်ကို အိမ်တွင်ရှိသည့် ရှန်းလီ ထပ်ပေးထားသည့် ယုန်နှင့်ရစ်ငှက်များနှင့်အတူ ကန်းရှီနှင့်ကျိုးကဲတို့က ကူညီပြီးပြင်ဆင်ပေးကြသည်။ တောင်ပေါ်က လယ်ကွင်းများမှရရှိသည့် အသီးအရွက်များကို ထပ်ပေါင်းလိုက်လျှင် သူတို့သည် ပဲထမင်းပေါင်းနှစ်အိုးကို ပြင်ဆင်လိုက်ကြသည်။ မှောင်ရီပျိုးလာသည်နှင့် သူတို့က အားလုံးကို ဖိတ်ခေါ်လိုက်ကြပြီး သူတို့၏ ပုံမှန်မဟုတ်သည့် စားသောက်ပွဲအတွက် သူတို့ကိုယ်တိုင် ဟင်းခွက်ပန်းကန်များကို ယူလာပေးရကာ ပျော်ပွဲရွှင်ပွဲကို ခမ်းနားသည့်အခမ်းအနားတစ်ခုအ ဖြစ်ဖြည့်ဆည်းပေးလိုက်ကြသည်။
ရှန်းအန်းနှင့် ရှန်းနဥ်တို့ကလဲ သူတို့၏ဂုဏ်ပြုစကားကို ပြောကြားပြီးနောက်တွင် အမှောင်ထုက ကျရောက်လာပြီဖြစ်သဖြင့် သူတို့အားလုံးက စုံတွဲကို ဂူလေးထဲတွင် ချန်ထားခဲ့ကြပြီး သစ်သားတဲအိမ်လေးများဆီသို့ ပြန်သွားကြလေသည်။ ဝင်ပေါက်ကို ပိတ်ထားခဲ့သဖြင့် အမှန်ပင် သူတို့နှစ်ယောက်သာ ကျန်ခဲ့လေသည်။
ကောင်းကင်နှင့် မြေကြီးကိုသစ္စာပြုပြီး သူတို့၏ တရားဝင်ပေါင်းစည်းခြင်း မင်္ဂလာအရက်ခွက်ကို အတူတူ မျှဝေသောက်ပြီး ဆံပင်များကို အတူတူစည်းထားခြင်းက သူတို့၏နက်ရှိုင်းသည့် ချစ်ခြင်းမေတ္တာကို ဖော်ပြနေလေသည်။
အရက်၏နွေးထွေးသည့်အရှိန်က သူတို့ချစ်ခြင်းမေတ္တာထဲက ချိုမြိန်မှုများဖြင့် ရောထွေးနေပြီး အိပ်ယာပေါ်တွင် ဖြန့်ကျဲထားသည့် စွန်ပလွန်သီးများကို ရှန်းလီက ဘေးသို့ ဖယ်ထုတ်လိုက်လေသည်။ ဒါသည် သူတစ်ဦးတည်း၏ ရည်ရွယ်ချက်ဖြင့် သူမကို ကျေနပ်နှစ်သက်စေအောင် လုပ်နိုင်မည့် ရှေးယခင်က ညများကဲ့သို့ပင် ဖြစ်လိမ့်မည်ဟု သူက အစောပိုင်းက ထင်ထားခဲ့မိသည်။ သို့သော်ငြားလည်း စိတ်ခံစားချက်များက မြှင့်တက်လာချိန်တွင် စန်းလော့က သူ့ကိုပြန်ဆွဲထားလိုက်ပြီး သူ့နားထဲသို့ တိုးတိုးလေးပြောလိုက်သည်။
ရှန်းလီ၏အသက်ရှူသံက တဖြည်းဖြည်း ပြင်းထန်လာပြီး သူ၏လည်ဇလုတ်ကလဲ သူ၏လည် ချောင်းထဲတွင် အလျင်အမြန် လှုပ်ရှားနေလေသည်။ သူက သူမကို ပြင်းပြစွာ စိုက်ကြည့်နေမိပြီး သူ့မျက်လုံးများက တောက်လောင်နေလေသည်။
"တကယ်လား"
စန်လော့က သူမ၏ပါးစပ်ကို ဖွင့်လိုက်သော်ငြားလည်း သူမ၏ စကားအဆုံးပိုင်းကိုတော့ သူ၏အနမ်းများက ဝါးမြိုသွားလေသည်။ သူမ၏အသံတစ်ခုမှ ရှိုက်သံတစ်ခုမှ မသဲမကွဲဖြစ်သွားပြီး ရုန်းကန်ရင်း ရင်ဖိုလှိုက်မောကာ နောက်ဆုံးတော့ ထိန်းချုပ်မှု လွတ်ကင်းသွားလေသည်။ သူမသည် ဘာမှ မပြောနိုင်တော့ချေ။ သူမသည် ယောက်ကျားနှင့် မိန်းမတည်ရှိမှုကြားက ဒီလို သာယာမှုမျိုးနှင့်ပတ်သတ်ပြီး အသိပညာများ မရှိခဲ့ချေ။ အစောပိုင်းက ရုန်းရင်းကန်ရင်း လွဲချော်မှုများကလွဲလျှင် ရှန်းလီသည် ထိုအချိန်လေးကို အပြည့်အဝ ထိန်းချုပ်နိုင်သွားတော့သည်။
စိတ်ခံစားချက်များ ထိန်းချုပ်ထားရသည့် လူငယ်လေးသည် အမှန်ပင် အလျှော့မပေးတတ်ခဲ့ချေ။ သူ၏ မြင့်မားလှသည့် ကိုယ်လုံးကိုယ်ထည်နှင့် အတိုင်းမသိ အင်အားများက အကြွင်းမဲ့လုံလောက်ပေသည်။ သို့သော်ငြားလည်း သူသည် သင်ယူတတ်မြောက်လွယ်ပြီး ဒီအခြေအနေထဲတွင် ဒါကို ကောင်းကောင်းအသုံးချတတ်လေသည်။ သူ့မျက်လုံးများက နီရဲနေသော်ငြားလည်း သူသည် သူမ၏ လှုပ်ရှားမှုတိုင်းကို အသေးစိတ် လေ့လာကြည့်ရှုနေသည်။ စန်းလော့မှာ သဘောတရားအရသာ ကျွမ်းကျင်သူသက်သက် ဖြစ်တော့သည်။ သူမသည် ဒီလိုပြင်းထန်သည့်ခံစားချက်မျိုးကို ခံနိုင်ရည်မရှိခဲ့ချေ။ သူမ၏ စိတ်ဝိညဥ်က လွင့်ထွက်သွားသလို ဖြစ်သွားပြီး မျက်ရည်များက သူမ၏မျက်လုံးထောင့်မှ တစက်ချင်း စီးကျလာလေသည်။
သာမန်အချိန်များတွင် ရှန်းလီသည် စန်းလော့က ငိုနေသည်ကိုမြင်ရလျှင် လုံးဝမြင်ရက်လိမ့်မည် မဟုတ်ချေ။ သူမ၏မျက်ဝန်းများထဲက လုံးဝမသိသာသည့်စိုဆွတ်မှုကို မြင်ရလျှင်ပင် သူ့ကို စိုးရိမ်တကြီး ဖြစ်ရစေသည်။ သို့သော်ငြားလည်း ယခုတော့ တဖျတ်ဖျတ်တောက်နေသည့် ဖယောင်းတိုင်မီးအောက်တွင် သူသည် သူမ၏အမူအယာကို ရှင်းရှင်းလင်းလင်း မြင်နိုင်လေသည်။ အထူးသဖြင့် သူမသည် ရှိုက်သံများကြားက သူ့နာမည်ကို ခေါ်လိုက်ချိန်တွင် သူ၏စိတ်အတွင်း၌ ထိန်းမနိုင်သည့် လိုအင်ဆန္ဒတစ်ခုကို မွှေနှောက်မိသလိုဖြစ်လေသည်။ ညသန်းခေါင်သို့ ရောက်လာပြီး အိပ်ယာဘေးက အနီရောင် စွန်ပလွန်သီးအပုံသည် ရှုပ်ပွကာ ပြန့်ကြဲသွားတော့သည်။ ဒီတစ်ကြိမ်တွင်တော့ ခန္ဓာကိုယ်နှင့် စိတ်ဝိညဥ်နှစ်ခုစလုံးက လုံးဝကျေနပ်မှုရရှိသွားပြီး အေးချမ်းသည့် တစ်ညတာကို ကုန်ဆုံးလေသည်။
...
တစ်ခုပြီးတစ်ခုရောက်လာသည့် ပျော်ရွှင်ပွဲများက ဒီလိုဝေးကွာလှသည့် တောင်အတွင်းပိုင်းက ရွာထဲတွင် နေကြသည့်သူများကို မျှော်လင့်ချက် အရိပ်အယောင်လေးတစ်ခု သယ်ဆောင်လာပေးပြီး သူတို့၏ စိတ်နှလုံးထဲတွင်ရှိနေသည့် လေးလံညှို့မှိုင်းသည့် ခံစားချက်တစ်ခုကို ပယ်ပျောက်စေလေသည်။ ဒီလိုကျယ်ပြန့်လှသည့် တောနက်ကြီးထဲတွင် သူတို့သည် အတူတူစုပေါင်းကြပြီး ပုံမှန်အတိုင်း စိတ်ချမ်းသာစရာကောင်းသည့် ဘဝတစ်ခုကို နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ကြလေသည်။
နှစ်သစ်ကူးအကြိုက ချဥ်းကပ်လာသည်နှင့်အမျှ ပြင်ဆင်မှုများကို လျှိုမြောင်အပြင်ဘက်တွင် အစောပိုင်းနေ့ရက်များကတည်းက ကြိုတင်ပြုလုပ်ထားခဲ့သည်။ ထိုနေ့ညရောက်လာသည်တွင် ရှန်းလီနှင့် ချန်းသာ့ရှန်တို့က လျှိုမြောင်ထဲတွင် နေထိုင်ခဲ့ကြသည့် လူကြီးနှင့်ကလေးအားလုံးကို တိုးတိုးတိတ်တိတ် စုဝေးလိုက်ကြပြီး သူတို့ကို အပြင်သို့ခေါ်ထွက်လာသည်။ ၁၂ယောက်ကျော်သည့် လူများက အလောတကြီး တည်ဆောက်ထားသည့် တဲလေးတစ်ခုထဲတွင် စုဝေးလိုက်ကြပြီး ထိုတဲလေးထဲတွင် အရွယ်အစားမျိုးစုံ စားပွဲ၁၀လုံးရှိလေသည်။ တစ်ချို့က ထိုင်သည်။ တစ်ချို့ကရပ်ပြီး ပျော်ရွှင်ကာ စည်းလုံးဖွယ်ကောင်းသည့် နှစ်သစ်ကူးအကြိုညတစ်ခုကို ကျင်းပကြလေသည်။
စန်းလော့ကို တစ်ဖန်ပြန်တွေ့ရသည်တွင် အဘိုးလုနှင့် အဘွားလုတို့ကလဲ အများကြီး ပိုပြီးကျန်းမာလာကာ ပိုပြီးတက်ကြွလာလေသည်။ နှစ်ယောက်စလုံးက ရှီလီရွာတွင် သူတို့ပထမဦးဆုံး တွေ့ဆုံခဲ့ကြပုံကို ပြန်ပြောင်းပြောကြလေသည်။
"လုအာ့လန်နှင့် လုစန်းလန်တို့ ပြန်ရောက်လာပြီးကတည်းက သူတို့သည် ကလေးများအတွက် တော်တော်လေးလုံခြုံသည့် နေရာတစ်ခုကို ရှာဖွေပေးခဲ့ကြပြီး သူတို့အတွက် အားပြန်ဖြစ်ခြင်းကို အကူအညီဖြစ်ခဲ့လေသည်။ သူတို့သည် ရွှမ်းကျူးနှင့် သူ့မောင်နှမများကို လက်ဆောင်ပေးခဲ့သည့် ဝံပုလွေနှစ်ကောင် ဝက်ဝံနှစ်ကောင်အသားနှင့် သားရေများကိုလဲ ချန်ထားပေးခဲ့သည်။ သူတို့၏ နေထိုင်ရာနေရာအသစ်မှာ ကျိုးလိုင်ကျီ၏ နေရာအနီးအနားတွင် တည်ရှိပြီး သူတို့ကို မြေယာများစိုက်ပျိုးဖို့ရန်လဲ အဆင်ပြေစေသည်။
ဝမ်ချွန်းညန်က သေဆုံးသွားပြီး လုသလန်ကလဲ ဆွံအသွားသဖြင့် သူတို့၏ အရေးအကြီးဆုံးကိစ္စမှာ မိဘများ၏အတွေ့အကြုံကို မျက်မြင်တွေ့ကြုံခဲ့ရသည့်ကလေးများသည် ပိုပြီးတော့ နားလည်ပြတ်သားလာကြသည်။ သူတို့သည် ထွက်ခွာလာမည့် အချိန်တုန်းကလဲ လုသလန်က ဂနာမငြိမ်ဖြစ်နေသေးပြီး ထွက်ခွာဖို့ရန် တိုက်တွန်းခဲ့သူက ရွှမ်းကျူးသာ ဖြစ်လေသည်။ တောင်အတွင်းပိုင်းအနက်ထဲသို့ ဝင်လာပြီးနောက်ပိုင်းတွင် မောင်နှမများက လုအာ့လန်နှင့် လုစန်းလန်တို့ကို အရိုအသေ ပေးလိုက်ကြပြီး အပြင်ဘက်လောကက အေးချမ်းသွားသည့်အချိန်ကြလျှင် သူတို့ကို လာရောက်ပြန်ခေါ်ဖို့ တောင်းဆိုကြလေသည်။ အကယ်၍ မအေးချမ်းဘဲရှိနေလျှင်လဲ သူတို့သည် အပြင်မထွက်တော့ဖို့ ဆုံးဖြတ်ခဲ့ကြသည်။
ရွှမ်းကျူးက သူ့မိသားစု၏ အကြီးဆုံးအိမ်ထောင်စုကို တာဝန်ယူခဲ့ရပြီး ထို့ကြောင့်ပင် သူတို့၏တည်ငြိမ်မှုက အကြီးမားဆုံးခြိမ်းခြောက်မှုကို ဖယ်ထုတ်နိုင်ခဲ့ကြသည်။ တော၏အတွင်းပိုင်း အနက်ထဲတွင်ရှိနေသဖြင့် သူတို့သည် လူသူများကို သတိထားနေစရာမလိုဘဲ တောရိုင်းတိရိစ္ဆာန်များကိုသာ သတိထားဖို့ရန်လိုတော့သည်။ သူတို့သည် အေးအေးချမ်းချမ်း နေနိုင်သ၍ မြေယာများကို စိုက်ပျိုးပြီး ကြက်များကို မွေးမြူသည်တွင် သူတို့သည် မရှင်သန်နိုင်ပဲ အဘယ်မှာရှိပါမည်နည်း။
စိုးရိမ်စရာ ဝန်ထုတ်ဝန်ပိုးကို ဖယ်ချလိုက်သည်တွင် အကြီးအကဲလင်မယား၏ တက်ကြွစိတ်မှာ တဖြည်းဖြည်း ပြန်ရောက်လာတော့သည်။
မြက်ပင်များက တစ်ဖန်ပြန်ပေါက်ရောက်လာပြီး ပျံလွှားများကလဲ ဟိုသည်ပျံသန်းနေကြသည်တွင် နောက်ထပ် နွေဦးရာသီသည် ရောက်လာပြီး ကုန်ဆုံးသွားပြန်သည်။ ယခုတော့ စန်းလော့က ဒီဖက်ကို အချိန်ခရီးသွားလာကတည်းက ၃နှစ်မြောက်ဖြစ်သွားပြီး မြင့်မားသည့်တောင်ကြားထဲတွင် ပုန်းကွယ်နေသည့် တိမ်လွှာလျှိုမြောင်ထဲတွင် သီးသန့်နေရခြင်းကလွဲလျှင် ပတ်ဝန်းကျင်တောင်များတွင် နေထိုင်ကြသည့်သူများသည် အေးချမ်းပြီး အတည်ကျသည့် ခံစားချက်တစ်ခုကို ခံစားရလေသည်။
ရွာအစွန်ပိုင်းမှာ တိုးချဲသွားသည့်နေရာများအထိ ရှန်းလီနှင့် သူ့အဖွဲ့သည် တကြိမ်အမဲလိုက်ပြီး စူးစမ်းရှာဖွေလျှင် အကြမ်းဖျဥ်းတော့ အမဲကောင်ငယ်များ ၁၂ကောင်လောက် ရနိုင်သည်။ ရွာအပြင်အနီးတစ်ဝိုက်တွင် ကျိုးမိသားစု၏တဲအိမ် သူတို့နှစ်ခုကြားက ရွာလေးသည် နောက်ထပ်သက်ကယ်တဲနှင့် သစ်လုံးအိမ် ၁၀လုံးထပ်ပေါ်လာသည်။ ကောက်ပဲသီးနှံနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများကို ဖော်ဆောင်ကြသည်။ ယုန်များကို မွေးမြူကြပြီး ကြက်များကို ထိန်းကျောင်းကြသည်။ ပြီးခဲ့သည့်နှစ်က တောင်အတွင်းပိုင်းသို့ စွန့်စားဝင်ရောက်လာသည့် ထိုလူများ၏ ဘဝသည် အခြေခိုင်လာပြီး ပေါများကြွယ်ဝလာသည်။
လျှိုမြောင်ထဲတွင် စန်းလော့နှင့်ချန်းမိသားစုတို့ အတူတူမွေးမြူထားသည့် ဆိတ်ကလဲ ကိုယ်ဝန်ထပ်ရှိလာသည်။ ချန်းသရှန်တို့ကို မင်္ဂလာလက်ဖွဲ့အဖြစ် ပေးထားခဲ့သည့် ဆိတ်တစ်စုံကလဲ မျှော်လင့်စရာ ရှိလာသည်။
၂လပိုင်းကုန်ကာနီးတွင် လျှိုမြောင်အပြင်ဘက်တွင် ရှန်းလီမွေးထားသည့် ကိုယ်ဝန်ရှိနေသည့်ဆိတ်မက နောက်ထပ် ဆိတ်လေး၃ကောင်ကို မွေးဖွားခဲ့သည်။ ထိုဆိတ်လေးများ ၂လသားအရွယ် ရောက်သည်တွင် ကျိုးမိသားစုနှင့် ရှီမိသားစုတို့က စပါး သို့မဟုတ် အသားများဖြင့် အလဲအလှယ်လုပ်ကာ ဆိတ်တစ်ကောင်ချင်းစီကို ယူသွားကြသည်။ စန်းလော့ကတော့ သူမကိုယ်တိုင်အတွက် တစ်ကောင်ကို ချန်ထားလိုက်သည်။
ဆိတ်များကို အရှင်ဖမ်းနိုင်သည့် ရှန်းလီ၏အရည်အချင်းက စန်းလော့အတွက်တော့ အနည်းငယ် စိတ်ပူစရာရှိသည်။ သူမက နေ့စဥ် ဆိတ်နို့များကို သောက်နေရသည်ကိုပင် ပိုပြီးဝမ်းသာလေသည်။ ချင်းမင်ပွဲအတွင်းတွင် သူမသည် နွေဦးလက်ဖက်တစ်ချို့ကို ခူးဆွတ်လိုက်ပြီး သူမကိုယ်တိုင် လက်ဖက်ကိုလှော်ကာ ထိုရနံ့က ဆိတ်နို့၏ ညှီစို့စို့အနံ့ကို ထိထိရောက်ရောက် ဖုံးကွယ်ပေးပြီး ပိုလို့ပင် အဟာရပြည့်လာလေသည်။
ဒီကာလအတွင်းတွင် အဖွဲ့၁၀ဖွဲ့သည် အတွင်းပိုင်းနေရာများသို့ တဖြည်းဖြည်း ဝင်ရောက်လာသည်။ ရွာတိုင်းက သိုင်းပညာများ တတ်မြောက်ပြီး လက်နက်များ တပ်ဆင်ထားသည်ကို လေ့လာမိသည်။ ရည်ရွယ်ချက် မကောင်းသည့်လူများသည် သူတို့၏ရည်ရွယ်ချက်ကို ပြောင်းလဲပြီး ခပ်ခွာခွာတွင် နေကြလေသည်။ တစ်ဖက်တွင်တော့ သီးခြားဖြစ်နေပြီး စည်းကမ်းကို လိုက်နာတတ်သည့် လူများကတော့ မျှော်လင့်ချက်များနှင့် ပြည့်ခဲ့ရသည်။ သူတို့သည် အနီးအနားက ရွာ၃ရွာဆီသို့ အလွန်မှ မချဥ်းကပ်နိုင်သည့်တိုင် သူတို့က အဝေးတစ်နေရာတွင် ခိုလှုံဖို့ရန်ရှာဖွေကြသည်။
အပြင်ဘက်ကလူများက တောင်အတွင်းပိုင်းသို့ ပိုပြီးခိုလှုံလာကြသည်တွင် သူတို့သည် အပြင်ဘက်လောကမှ အတွင်းပိုင်းနေရာများသို့ သတင်းများကို သယ်ဆောင်လာကြသည်မှာ မလွှဲမသွေပင်။
သာ့ချန်မင်းဆက်သည် ကျဆုံးသွားခဲ့သည်။ ကောလဟာလများအရ တိုင်းပြည်အသစ်တစ်ခုကို သူတို့၏ဒေသတွင် တည်ထောင်ခဲ့သည်။ တိုင်းပြည်၏ အရွယ်အစား အတိအကျနှင့် အုပ်စိုးသူက ဘယ်သူမှန်းတော့ မသိကြပေ။ သူတို့၏အဓိကရည်ရွယ်ချက်မှာ လူများကို ပြန်လာစေပြီး စိုက်ပျိုးရေးဘဝကို အခြေချဖို့ရန် နားချဖို့ဟန်တူသည်။ အေးအေးချမ်းချမ်း လယ်ယာစိုက်ပျိုးနိုင်သည့်စိတ်ကူးက စိတ်ချမ်းမြေ့ဖွယ်ရာ ကျေးလက်မြင်ကွင်းတစ်ခု ဖြစ်သည်။ အားလုံးကလဲ တည်ငြိမ်မှုကို လိုလားကြသည်။ သို့သော်ငြားလည်း အပြင်လောက၏ လက်ရှိအခြေအနေက သူတို့ကို စိုးရိမ်စိတ်များဖြစ်စေလေသည်။ သူတို့သည် သူတို့ရရှိလာသည့်အရာများက စစ်တပ်ရိက္ခာများ ဖြစ်သွားမည်ကို စိုးရိမ်ကြသည်။ သူတို့ကိုယ်တိုင်ကလဲ နောက်တကြိမ် စစ်တပ်ထဲတွင် စစ်မှုထမ်းဖို့ရန် ခေါ်ခံရနိုင်သည်။
တစ်ချို့ကတော့ အပြင်းအထန် လှုပ်ရှားထကြွနေကြသည့်အချိန်တွင် သူတို၏ချမ်းသာမှုကို ရှာဖွေဖို့ရန် စွန့်စားခဲ့ကြသည်။ သို့သော်ငြားလည်း အများစုကတော့ သူတို့၏အသက်ကို လုံခြုံအောင်လုပ်ပြီး သူတို့ရှိနေသည့် ထောင့်လေးတွင်ပင် သူတို့၏မိသားစုကို ကာကွယ်ပေးရင်းသာ ကျေနပ်ကြသည်။ အစောပိုင်းက တောင်အပြင်ဘက်တွင် ခိုလှုံခဲ့ကြသည့်သူများကပင် မတော်တဆ တော်ဝင်အာဏာပိုင်များ၏ ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့ကြသည်။ ထို့ကြောင့် သူတို့ကြားထဲတွင် သတ္တိကိုထပ်မွေးကြကာ ပိုပြီးလုံခြုံမည့် တောင်အတွင်းပိုင်းသို့ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ကြသည်။
၅လပိုင်းအစောပိုင်းတွင် ဆိုင်တာဝန်ခံရွှီက ရှန်းလီထံသို့ ရောက်လာပြီး တောင်အပြင်ဘက်သို့ ခရီးတစ်ခေါက်ပြုလုပ်ဖို့ရန် သူ့ဆန္ဒကို ဖော်ပြလေသည်။
နှစ်တစ်ဝက်ကျော်ကျော်လောက် ရှန်းလီနှင့်ချန်းသရှန်တို့၏ ကိုယ်တိုင်စောင့်ရှောက်မှုအောက်တွင် ရွှီမိသားစုသည် အကူအညီ လုံးဝမလိုသလောက် ဖြစ်လာသည်။ တစ်ခြားသူများ မပြောနှင့် ရွှီဝမ်ချင်းကပင် အခုတော့ ကိုယ့်ဟာကိုယ် ကာကွယ်တတ်နေပြီး တောင်အတွင်းပိုင်းသို့ ဝင်ထွက်သွားလာနိုင်ကာ စာသင်သားလေး ဝေ့ချင်းဟယ်ကပင် တိုက်ခိုက်ရေးပညာများ တိုးတက်လာပြီး ပိုပြီး အဖိုးတန်သည့်လူလေးတစ်ယောက် ဖြစ်လာသည်။
ဆိုင်တာဝန်ခံရွှီက ဒီခရီးတွင် ဝေ့ချင်းဟယ်နှင့် ရွှီဝမ်ချင်းတို့ကို ခေါ်သွားဖို့ရန် စဥ်းစားထားသည်။ ပထမအချက်မှာ အပြင်ဘက်က လက်ရှိအခြေအနေကို စုံစမ်းဖို့ရန်ဖြစ်ပြီး ဝေ့လင်းကျန့်နှင့် ဝေ့ချင်းဟယ်တို့၏ မိဘများကလဲ ရှဲ့ကျိုးတွင်ရှိနေခြင်းကြောင့်ပင်။ ဒုတိယအချက်မှာ မြေအောက်ဂူထဲတွင် အစားအသောက်များ သိမ်းဆည်းထားသည်ကို စုံးစမ်းဖို့အခွင့်အရေး ရှိမရှိ စစ်ဆေးဖို့ရန်ဖြစ်လေသည်။
ရှန်းလီကလဲ သူ သင်ပေးထားခဲ့သည့် တပည့်လေးများ၏ အရည်အချင်းကို ကောင်းကောင်းသိလေသည်။ သူတို့သည် ကြီးမားသည့်အုပ်စုများနှင့် ထိပ်တိုက်မတွေ့ဆုံသ၍ သူတို့သည် တစ်ချို့သတိထားရမည့်ကိစ္စများကို ကိုင်တွယ်နိုင်ပေမည်။ သူနှင့်ချန်းသရှန်တို့ကလဲ သစ်တောထဲတွင် တောရိုင်းတိရိစ္ဆာန်များနှင့် လူများကိုတွေ့လျှင် ရှောင်ကြဥ်ဖို့ရန် ပညာရပ်များကို အလေးပေးသင်ပေးခဲ့သည်။
ရှန်းလီနှင့် ချန်းသရှန်တို့နှစ်ယောက်စလုံးကလဲ အပြင်ဘက်က အခြေအနေကို သိထားဖို့ရန်လိုအပ်သည်။ သို့သော်ငြားလည်း ရွာထဲနှင့်လျှိုမြောင်ထဲတွင် လူများအမြောက်အများရှိနေသဖြင့် သူတို့နှစ်ယောက်စလုံး ခရီးဝေးသွားဖို့က မသင့်တော်ချေ။
အနည်းငယ် တွေးတောလိုက်ပြီးနောက်တွင် ရှန်းလီက ချက်ချင်းသဘော မတူလိုက်ချေ။ ထိုအစား သူက ဆိုင်တာဝန်ခံရွှီကို နှစ်ရက်လောက် ထပ်စောင့်ခိုင်းထားလိုက်ပြီး ရွှီဝမ်ချင်းကို ဖန်းမိသားစုက အပြင်ဘက်လောကသို့ သွားလာဖို့ရန် စိတ်ကူးရှိမရှိ ရွှီဝမ်ချင်းကို သွားစုံးစမ်းခိုင်းလိုက်သည်။
သန်မာသည့်လူများနှင့်ဖွဲ့စည်းထားသည့် အကြီးဆုံးအဖွဲ့တစ်ခုဟု ဆိုလိုက်လျှင် ဖန်းမျိုးနွယ်ကို မယှဥ်နိုင်ချေ။
ဖန်းမိသားစုက သဘောတူရန် အဆင်သင့်ဖြစ်လေသည်။ သူတို့မျိုးနွယ်စုတစ်ခုလုံးက တောင်အတွင်းပိုင်းတွင် ရှိနေသဖြင့် အခြေအနေကို တစ်နှစ်နှစ်နှစ်လောက် မျက်ချေမပြတ် မစောင့်ကြည့်ဖို့က မဖြစ်နိုင်ပေ။ ဖန်းသလန်နှင့် သူ့ဝမ်းကွဲများထဲက တစ်ယောက်က အပြင်သို့သွားလာရန် ရွှီမိသားစုနှင့် အဖော်လိုက်ပေးလိမ့်မည်။
ဆိုင်တာဝန်ခံရွှီတို့အဖွဲ့သည် ၅လပိုင်းအစောပိုင်းတွင် ရွာကထွက်ခွာခဲ့ကြပြီး ထိုလမကုန်ခင် တစ်ညတွင်တော့ ပြန်ရောက်လာခဲ့ကြသည်။ နောက်ပိုင်းတွင် ရွာအပြင်ဘက်တွင် နေ့စဥ်စောင့်ဆိုင်းပေးကြမည့်သူများ အမြဲတမ်းရှိလေသည်။ အများစုမှာ ညပိုင်းတွင် ရွှီဝမ်ဟုန်နှင့်သူ့မောင်နှမများ အများစုဖြစ်သည်။
သူတို့၏အဖေနှင့် အစ်ကိုများက ရက်၂၀လောက် ခရီးသွားကြသည်တွင် ရွှီမောင်နှမများ၏ တိုးတက်လာသည့် စိုးရိမ်စိတ်များမှာ သူတို့ အန္တရာယ်ကင်းကင်းဖြင့် ပြန်ရောက်လာမှသာ စိတ်အေးသွားတော့သည်။ သူတို့၏မျက်လုံးများက ပျော်ရွှင်မှုများဖြင့် လင်းလက်သွား၏။ သူတို့သည် ယူပြန်လာသည့် စပါးများကိုလဲ တွေ့လိုက်ရသည်။
အမှောင်ထဲတွင်ဖြစ်သော်လည်းပဲ ရွာထဲက အိမ်ခြေများသည် နိုးနိုးကြားကြားရှိကြသည်။ အနီးအနားက ရွာများက လူများကလဲ ဆူညံသံကို ခပ်တိုးတိုးကြားခဲ့ရပြီး ထွက်လာကာ နှုတ်ဆက်ကြလေသည်။ ဖန်းညီအစ်ကိုများက သူတို့၏ရွာသို့ စိတ်အားထက်သန်စွာ ပြန်သွားကြပြီး မထွက်ခွာခင် ရှန်းလီနှင့်သူ့အဖွဲ့ကို နှုတ်ဆက်ခဲ့လေသည်။ ဆိုင်တာဝန်ခံရွှီတစ်ယောက်သာ ကျန်ခဲ့ပြီး တောင်အပြင်ဘက်က အခြေ အနေနှင့်ပတ်သတ်ပြီး စုဝေးလာကြသည့် ရွာသားများကို သတင်းအားဝေမျှပေးလိုက်သည်။
ရက်၂၀ ကျော်လောက် မမောမပန်းခရီးသွားခဲ့ကြပြီးနောက်တွင် ချန်းယိုထျန်းနှင့် သူ့အဖွဲ့များက ခဏလောက်အနားပေးဖို့ အချိန်ပေးလိုက်ကြသည်။ သူတို့က စပါးများကို ကူချပေးလိုက်ကြပြီး တဲထဲတွင် နေရာချပေးလိုက်သည်။ စန်းလော့က သူတို့၏တိမ်ဝင်နေသည့်အသံများကို ချောမွေ့သွားစေရန် လက်ဖက်ရည်ကို ကမ်းပေးလိုက်ပြီးနောက် ဆိုင်တာဝန်ခံရွှီက သူတို့ရှာဖွေတွေ့ရှိထားသည့် အကြောင်းအရာများကို စတင်ပြောပြလေသည်။
"ချီယန်စီရင်စုဆိုတာ မရှိတော့ဘူး"
သူ့စကားလုံးက အားလုံးကို မှင်သက်အံ့သြသွားစေသည်။
ရှန်းလီက အခြေအနေကို မြန်မြန်သဘောပေါက်လိုက်ပြီး
"မနှစ်က မီးရှို့မှုပြီးသွားကတည်းက ဘယ်သူကမှ ပြန်ပြီးမတည်ထောင်တော့ဘူးလေ ဟုတ်တယ်မလား"
မီးလောင်ပြာကျထားသည့်မြို့တစ်မြို့ကို ပြန်ပြီးတည်ထောင်သည်ထက် မြို့အသစ်တစ်ခုကို သိမ်းပိုက်သည်က ပိုပြီးလက်တွေ့ကျလေသည်။
ဆိုင်တာဝန်ခံရွှီက ခေါင်းငြိမ့်ပြလိုက်၏။
"အမှန်ပဲ၊ ဒါကြောင့်မလို့ ငါတို့တွေ ပြန်လာဖို့အချိန်အကြာကြီး ယူလိုက်ရတယ်၊ ချီယန်စီရင်စုက အခုဆိုရင်ပျက်စီးသွားပြီ တောင်ပေါ်ကလမ်းတစ်လျှောက်မှာ ကျေးလက်နေ ပြည်သူတွေကို ပြန်ခေါ်နေတဲ့ဗုံသံတွေကို ကြားလာရပြီး အနီးအနားက စီရင်စုမှာရော ရှဲ့ကျိုးမှာရော အတူတူပဲ၊ ငါရဲ့အဆက်အသွယ်တွေက ချီယန်စီရင်စုနဲ့ ရှဲ့ကျိုးမှာရှိတာလေ၊ ဒါကြောင့်မလို့ ငါတို့တွေက တောင်လမ်းကနေတစ်ဆင့် ရှဲ့ကျိုးကို ခရီးဆက်ခဲ့ရတယ် ဒါကြောင့်ပဲ ခရီးကရှည်သွားတာ"
ချန်းယိုထျန်းက အားလုံး၏စိတ်ထဲတွင် ရှိနေသည့်မေးခွန်းကို ထုတ်မေးလိုက်၏။
"အပြင်ဘက်မှာ ဘယ်လိုနေသေးလဲ၊ တိုက်ပွဲတွေက ဖြစ်နေတုန်းလား"
ဆိုင်တာဝန်ခံရွှီက သက်ပြင်းချလိုက်သည်။ "စစ်ပွဲတွေကတော့ ရှိသေးတာပေါ့၊ ဒါပေမဲ့ အရင်တုန်းကလိုတော့ ဖရိုဖရဲ မဟုတ်တော့ဘူး၊ မြောက်ပိုင်းမှာ ပထမဦးဆုံး ပုန်ကန်မှုဖြစ်တာက သုံးနှစ်နီးပါးရှိသွားပြီလေ၊ တိုက်ခိုက်နေတဲ့ကြားကပဲ တစ်ချို့ ဆင်တူတဲ့အမိန့်တွေ ထွက်လာတတ်တယ်၊ စစ်ဘုရင် တော်တော်များများကလဲ ပိုပြီးကြီးမားတဲ့အဖွဲ့အစည်းရဲ့ သိမ်းသွင်းခံရတာဖြစ်ဖြစ်၊ ရှင်းလင်းချေမှုန်းခံရတာဖြစ်ဖြစ် ရှိတယ်။ အခုတော့ အဖွဲ့၆ဖွဲ့ပဲ ကျန်တော့တယ်၊ သူတို့သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို စောင့်ကြပ်ထားတယ်၊ တည်ငြိမ်မှုကလဲ အဆင့်တစ်ခုအထိတော့ ပြန်ရောက်လာပါပြီ၊ အနည်းဆုံးတော့ သူတို့ တပ်ချထားတဲ့နေရာတွေမှာပေါ့"
သူတို့တွေက အကြည့်ချင်းဖလှယ်လိုက်ကြပြီး ရှန်းလီက မေးလိုက်၏။
"ဘယ်အဖွဲ့၆စုကို ပြောနေတာလဲ"
ဆိုင်တာဝန်ခံရွှီက ပြောလိုက်သည်။ "ရှီးကျိုးကတော့ အခုလောလောဆယ် စောင့်ကြည့်ခံထားရတယ်၊ အဲဒီ့မြို့ကတော့ ဝင်လို့လွယ်ပေမဲ့ ထွက်ရခက်လိမ့်မယ်၊ ဒါကြောင့် မဝင်ရဲခဲ့ဘူး၊ အဲဒီ့အစား ငါက ငွေတစ်ချို့ကိုသုံးပြီး အကူအညီတောင်းခံခဲ့တယ်၊ မြို့ထဲကနေ ထွက်လာခဲ့တဲ့ ဝမ်မိသားစုထဲက မိတ်ဆွေဟောင်းတစ်ယောက်နဲ့ အဆက်အသွယ် ရခဲ့တယ်လေ၊ သူတို့ကနေ တစ်ဆင့်ပဲ ဒီသတင်းတွေကိုရခဲ့တာ၊ ပြီးခဲ့တဲ့နှစ်တုန်းက သချန်ဘုရင် ဆုံးပါးသွားတဲ့အချိန်တုန်းက လက်ထဲမှာ ကြီးမားတဲ့ စစ်တပ်အင်အားရှိတဲ့ မြို့စားနှစ်ယောက်၊ တစ်ယောက်က မြို့တော်မှာ၊ နောက်တစ်ယောက်က မြောက်ပိုင်းမှာ၊ သူတို့တစ်ယောက်ချင်းစီက ဘုရင်လို့ ကြေငြာခဲ့တယ်တဲ့၊ အင်းပေါ့ အခုတော့ ဧကရာဇ်ငယ်လေးက တစ်စုံတစ်ယောက်ရဲ့ အကူအညီနဲ့ နန်းစွန့်ခဲ့တယ်တဲ့၊ ကောလဟာလတွေအရတော့ သူက နေမကောင်းဖြစ်ပြီး ဆုံးသွားပြီလို့လဲကြားတယ်"
ဂုဏ်သိက္ခာရှိရှိ နန်းစွန့်ပေးခဲ့သည့်ဖြစ်စေ နေမကောင်းဖြစ်ပြီး သေဆုံးသွားခဲ့သည်ဖြစ်စေ ဒီနေရာကလူများသည် ထိုအကြောင်းကို ခွဲခြားဖို့ရန် စိတ်ကူးမရှိချေ။
ဆိုင်တာဝန်ခံရွှီက ဆက်ပြောလိုက်၏။
"အခုလက်ရှိမှာတော့ မြို့တော်က သီးခြားရပ်တည်နေတယ်၊ နာမည်ကိုလဲ ချန်လို့ပြောင်းထားတယ်တဲ့၊ မြောက်ပိုင်းဒေသကိုတော့ ချီလို့ခေါ်တယ်၊ တစ်ခြားလေးခုတွေကတော့ ပိုပြီးနိမ့်တဲ့လူ့အတန်းအစားထဲက ပုန်ကန်ကြတဲ့ဘုရင်တွေပဲ၊ တစ်ယောက်ကိုတော့ ချင်ဘုရင်လို့ သိထားတယ်၊ နောက်တစ်ယောက်က ဝူဘုရင်တဲ့၊ နောက်ထပ်တစ်ယောက်ကတော့ ယန်ဘုရင်တဲ့၊ ငါတို့ရဲ့ ဟွိုင်နန်ဒေသက အခုလောလောဆယ်တော့ လီမျိုးနွယ်လို့ခေါ်တဲ့ ပုန်ကန်ဘုရင်တစ်ယောက်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတယ်၊ တိုင်းပြည်ကတော့ ချူလို့ခေါ်တယ်"
တိုင်းပြည်ခြေက်ခု ပါရှိနေသည်ဟု ကြားလိုက်သည်တွင် လုအာ့လန်က မျက်မှောင်ကြုပ်ထားလိုက်ပြီး
"ဒါဆိုရင် တိုက်ပွဲတွေက ဆက်ဖြစ်နေအုံးမှာလား"
သို့သော်ငြားလည်း ဆိုင်တာဝန်ခံရွှီက ခေါင်းခါပြသည်။ "အဲလိုတော့ မဟုတ်ပါဘူး၊ မင်းသားချီက ငယ်ငယ်ရွယ်ရွယ်နဲ့ သတ္တိအရာမှာ ပြည့်စုံတယ်လို့ နာမည်ကြီးတယ်လို့ ကြားထားတယ် သူက သူ့ဟာသူ ဘုရင်လို့ ကြေငြာပြီးကတည်းက တစ်ခါမှစစ်ပွဲမှာ မရှုံးသေးဘူးတဲ့၊ သူ့အရှိန်အဟုန်ကလဲ ကြောက်ဖို့ကောင်းတယ်၊ အခုဆိုရင် သူရဲ့တပ်ဖွဲ့တွေက ချင်နယ်စပ်ကို ရောက်လာပြီ၊ ချင်ဘုရင်ကလဲ လက်နက် ချမယ်လို့ စဥ်းစားထားတယ်နဲ့တူတယ်"
ဒီစကားကို ကြားလိုက်သည်တွင် တိုက်ပွဲအတွေ့အကြုံရှိကြသည့် ရှန်းလီ၊ ချန်းသရှန်၊ ရှီသလန်နှင့် လုအာ့လန်တို့သည် သွယ်ဝိုက်ပြောဆိုနေသည့် အဓိပ္ပါယ်ကို ချက်ချင်း နားလည်သွားတော့သည်။ စာဖတ်နာကြသည့် ဝမ်ယွင်ကျန့်နှင့် စန်းလော့တို့ကလဲ အဓိပ္ပါယ်ကို နားလည်သဘောပေါက်သွားကြပြီး သူတို့၏မျက်နှာပေါ်တွင် အပြုံးများ ဖြစ်တည်လာတော့သည်။
အချုပ်အခြာအာဏာ အတွက်တိုက်ပွဲတွင် အဆိုးဆုံးမြင်ကွင်းမှာ ဂိုဏ်းဂဏများစွာကြားထဲက မတိုးသာမဆုတ်သာ အခြေအနေ ဖြစ်လေသည်။ အကယ်၍ တစ်ဖက်ဖက်က ချွင်းချက်မရှိ သန်မာကြောင်း သက်သေပြနိုင်လျှင် လောကကြီး၏ ဖရိုဖရဲဖြစ်နေသည့် ပြဿနာက ပိုပြီး မြန်မြန်ဆန်ဆန် အဆုံးသတ်သွားနိုင်သည်။
ချန်းသရှန်က ရယ်မောလိုက်၏။
"ဒါက တကယ်ဝမ်းသာစရာသတင်းပဲ"
တောင်အတွင်းပိုင်းတွင် နေရသည့်ဘဝက သူ့တို့ကို အကျိုးဖြစ်ထွန်းစေနိုင်သော်လည်းပဲ ငြိမ်းချမ်းပြီးပေါ များကြွယ်ဝသည့် ခေတ်တစ်ခုကို မည်သူက မတမ်းတပဲ ရှိပါမည်နည်း။
စန်းလော့က ဆိုင်တာဝန်ခံရွှီကို မေးမြန်းလိုက်လေသည်။
"တောင်ရဲ့ အပြင်ဘက်အပိုင်းတွေရဲ့ အခြေအနေရော ဘယ်လိုရှိလဲ"
ဆိုင်တာဝန်ခံရွှီက ပြန်ဖြေသည်။
"လူတွေတော့ ရှိသေးတယ်၊ ဒါပေမဲ့ အများကြီးတော့ မဟုတ်တော့ဘူး၊ ကျွန်တော်တို့တွေက သူတို့တွေနဲ့ ထိပ်တိုက်မတွေ့ဆုံခဲ့တာလဲ ဖြစ်နိုင်တယ်"
ရှန်းလီက ပြောလိုက်သည်။ "ပုန်းခိုနိုင်တဲ့သူတွေကလဲ အဲလိုလုပ်ပြီးသွားလောက်ပြီပေါ့၊ ကျွန်တော်တို့တွေက ကျွန်တော်တို့နေတဲ့နေရာအတွင်းမှာ အခြေချထားတဲ့ အိမ်ထောင်စု၇စုကို သိတယ်လေ၊ အပြင်ဘက်မှာ ဒီထက်ပိုပြီးတော့ ရှိနိုင်တယ်၊ ဒါပေမဲ့လည်း သိပ်တော့မသေချာဘူး။ အစောပိုင်းက တောင်အတွင်းပိုင်းကို မဝင်ခဲ့ကြတဲ့လူအများစုက စီရင်စုထဲကို သွပ်သွင်းခံရပြီး အသတ်ခံရတဲ့သူ ဒါမှမဟုတ် ဖမ်းထားခံရတဲ့သူတွေလဲရှိတယ်၊ သားသတ်သမားကျန့်နဲ့ တုန်းကဲတို့လိုမိသားစု ဘယ်နှစ်စုက ကံကောင်းပြီးတော့ လွတ်မြောက်လာနိုင်မှာလဲ၊ တကယ်လို့ ဖမ်းခံရတဲ့သူတွေထဲက အသက်ရှင်ကျန်ရစ်နေတာတွေ ရှိတယ်ဆိုရင်တော့ သူတို့တွေကို ပုန်ကန်သူတွေက တစ်ခြားမြို့တွေ စီရင်စုတွေကို ခေါ်သွားပြီးလောက်ပြီ"
သူက ခဏလောက်တုံ့ဆိုင်းလိုက်ပြီး အားလုံးကိုကြည့်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။
"အပြင်ဘက်ကအခြေအနေက အခုဆိုရင် တော်တော်လေး တည်ငြိမ်သွားပြီ ထင်ပါတယ်၊ မနှစ်တုန်းကလိုတော့ ဖရိုဖရဲကိစ္စတွေ ဖြစ်တော့မှာ မဟုတ်ဘူး၊ တောင်အတွင်းပိုင်းမှာလဲ တော်တော်လေးကို အေးချမ်းနေပါတယ်၊ ပိုပြီးကြီးမားတဲ့အခြေအနေက ဘယ်တော့များမှ လုံးဝတည်ငြိမ်သွားမယ်ဆိုတာကို မသိရင်တောင် ကျွန်တော်တို့တွေက အချိန်တစ်ခုအထိ ဒီတောင်ထဲမှာပဲ အေးအေးချမ်းချမ်း နေလို့ရပါတယ်၊ အနီးအနားမှာလဲ ကြောက်စရာကောင်းတဲ့ သားရိုင်းတိရိစ္ဆာန်တွေ မရှိတော့ဘူးလေ၊ ကျွန်တော်တို့ရဲ့ကိုယ်ပိုင် သိုင်းပညာစွမ်းရည်က ကိုယ့်ဟာကိုယ် ကာကွယ်နိုင်ဖို့ လုံလောက်ပါတယ်၊ ဆိုင်တာဝန်ခံရွှီနဲ့ တစ်ခြားသူတွေ ခရီးထွက်နေတုန်း လျှိုမြောင်ထဲမှာ အပြင်ကို ထွက်ချင်ကြတဲ့သူတွေရော ရှိသေးလား၊ တကယ်လို့ ကျွန်တော်တို့တွေ ဆက်ပြီးထိန်းချုပ်မထားနိုင်တဲ့ အချိန်တစ်ခု ရောက်လာရင်တော့ ကျွန်တော်တို့တွေက အတွင်းဘက်ကို အမြဲတမ်း ပြန်လာနေလို့ရပါတယ်"
လျှိုမြောင်သည် အမှန်မှလှပလေသည်။ သို့သော်ငြားလည်း အလွန်မှ သေးငယ်သည်။ နေရောင်ခြည်ထိတွေ့မှုက အကန့်အသတ်နှင့် ဖြစ်နေသည်။ ကြာရှည်စွာနေထိုင်ခြင်းက ကျန်းမာရေးအတွက် အကျိုးမဖြစ်လှပေ။ စိုက်ပျိုးရေးကိုတော့ ညပိုင်းလျှိုမြောင်ထဲသို့ဝင်လာပြီး လုပ်ဆောင်နိုင်သည်။ စိုက်ပျိုးရေးရာသီ ရောက်လျှင်တော့ သူတို့တွေက အပြင်ပိုင်းတွင် ခဏလောက် လာရောက်နေထိုင်နိုင်သည်။
ဒီစကားကို ကြားလိုက်သည်တွင် အားလုံးက အတိုင်းအတာ တစ်ခုအထိ စိတ်ဝင်စားသွားကြသည်။
လုအာ့လန်က အရင်ဆုံးပြုံးလိုက်ပြီး ပြောလိုက်၏။
"ဒါက စိတ်ကူးကောင်းပဲ၊ ငါ ပြန်လာတဲ့အချိန်တိုင်း အားရှုက ရှန်းအန်းနဲ့တစ်ခြားသူတွေနဲ့အတူတူ စာဖတ်ချင်တယ်လို့ တောင်းဆိုနေတာ"
ရှီအာ့လန်ကလဲ ရယ်မောလေသည်။
"ငါ့အိမ်က ချောင်အာလဲ အတူတူပဲ၊ သူတို့တွေကို ဒီည အတူတူခေါ်သွားရအောင်၊ အခုလောလောဆယ်တော့ ငါတို့တွေ အတူတူတိုးဝှေ့ပြီးတော့ အိပ်လို့ရတာပဲ၊ နောက်ပိုင်းကြမှ နောက်ထပ် သစ်သားတဲလေးတွေ ထပ်ဆောက်ကြတာပေါ့ တကယ်လို့ အိမ်နီးချင်းတွေက ငါတို့ရဲ့အရေအတွက် တိုးလာတာကို သတိထားမိတယ်ဆိုရင်တောင် ဒါက ဆိုင်တာဝန်ခံရွှီနဲ့ တစ်ခြားသူတွေကြောင့်လို့ပဲ သူတို့တွေက ထင်မှတ်ကြလိမ့်မယ်၊ သူတို့တွေက ဘာတစ်ခုမှ သံသယဖြစ်နေမှာ မဟုတ်ဘူး၊ လိုအပ်တဲ့ပစ္စည်းပစ္စယတွေကိုတော့ ငါတို့တွေက တဲအိမ်တွေ ထပ်ဆောက်ပြီးမှပဲ ဖြည်းဖြည်းချင်း ပြန်လာယူလို့ရပါတယ်"
ဆွေးနွေးတိုင်ပင်ခြင်းက ဒီအခြေအနေထိ ရောက်လာသည်တွင် စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းလာခဲ့သည့် ရွှီဝမ်ယင်းက နောက်ဆုံးတော့ အခွင့်အရေးကို ဖမ်းဆုပ်ကာ မေးမြန်းလိုက်လေသည်။ "အဖေ ဝမ်မိသားစုက အိမ်တော်ထိန်းနဲ့ တွေ့ခဲ့တာလား၊ တကယ်လို့ ဝမ်မိသားစုက အဆင်ပြေတယ်ဆိုရင် အဘိုးနဲ့အဘွားတို့အကြောင်းရော မေးခဲ့သေးလား၊ သူတို့တွေရော နေကောင်းကျန်းမာကြတယ်တဲ့လား"
သူမ၏မျက်လုံးများက မျှော်လင့်ချက်ဖြင့် တလက်လက်တောက်ပနေ၏။ သို့သော်ငြားလည်း ဆိုင်တာဝန်ခံရွှီကတော့ သူ့အကြည့်ကို အောက်ချထားလိုက်လေသည်။
ဝမ်မိသားစုအကြောင်း မေးမြန်းဖို့ရန် ထိန်းချုပ်ထားသည့် ဝမ်ယွင်ကျန့်က မျက်ခုံးများကို တွန့်ချိုးထားလိုက်၏။ သူ့စိတ်ထဲတွင် မသက်မသာသည့် ခံစားချက်တစ်ခုက ပြန့်နှံ့လာသည်။
"ဦးလေး"
ထိုအခါကြမှ ဆိုင်တာဝန်ခံရွှီနှင့် သူ့သားအပြင် ဝေ့ချင်းဟယ်တို့သည် ပြန်ရောက်လာကတည်းက ထူးထူးခြားခြား ပျော်ရွှင်နေသည့်ဟန်မပြမှန်း စန်းလော့ သတိထားမိလိုက်သည်။ စန်းလော့သည် အစပိုင်းကတော့ ခရီးသွားလာရသဖြင့် ပင်ပန်းနွမ်းနယ်ခြင်းကြောင့်ဖြစ်မည်ဟု မှတ်ယူထားခဲ့သည်။ သို့သော်ငြားလည်း ရွှီမိသားစု၏မျက်နှာနှင့် ဝေ့ချင်းဟယ် ၏မျက်နှာပေါ်က ပုံမှန်မဟုတ်သည့်အမူအယာကို မြင်လိုက်သည်တွင် သူမသည် အခြေအနေကို စတင်နားလည်လာတော့သည်။
တစ်ခြားသူများကလဲ တစ်ခုခုလွဲနေသည်ကို အာရုံခံစားမိဟန်တူသည်။ သူတို့၏ အစောပိုင်းပျော်ရွှင်မှုများက ပျောက်ကွယ်သွားကြပြီး စိုးရိမ်စိတ်များက အစားထိုး ဝင်ရောက်လာသည်။ ရွှီဝမ်ယင်းက စိုးရိမ်တကြီးမေးလိုက်၏။
"အဖေ တစ်ခုခုပြောပါအုံး"
ဆိုင်တာဝန်ခံရွှီ၏မျက်လုံးများသည် အနည်းငယ်နီရဲသွားပြီး သူ့အသံကလဲ တိမ်ဝင်သွားလေသည်။
"သမီးအမေဖက်က အဘိုးအဘွားတွေက... သူတို့တွေ... ဝမ်မိသားစုထဲမှာ ဖရိုဖရဲဖြစ်တဲ့ကာလတုန်းက ဆုံးပါးသွားခဲ့ကြပြီ"
မျက်ရည်များသည် ရွှီဝမ်ယင်း၏ပါးပြင်ပေါ်တွင် ချက်ချင်းစီးကျလာတော့သည်။ ရွှီဝမ်ဟုန်နှင့်ရွှီဝမ်ပေါ်တို့၏ မျက်လုံးများကလဲ နီရဲသွားလေသည်။ ဝမ်ယွင်ကျန့်ကတော့ သူ၏လက်သီးများကို တင်းနေအောင်ဆုပ်ထားလိုက်၏။ ပြီးခဲ့သည့်နှစ်ကမှ ပိုပြီးပွင့်ပွင့်လင်းလင်းရှိလာသည့် စကားနည်းသည့်လူငယ်လေးသည် အနည်းငယ် တုန်တုန်ယင်ယင်ဖြင့် ဆိုင်တာဝန်ခံရွှီကို ငေးကြည့်နေလေသည်။
"ကျွန်တော့်အဘိုး၊ အဘွား၊ ဦးလေး၊ အဒေါ်နဲ့မောင်နှမတွေရဲ့ လုံခြုံရေးအကြောင်းရော စုံးစမ်းခဲ့သေးလား"
မေးခွန်းကတော့ အေးချမ်းတည်ငြိမ်လှ၏။ သို့သော်ငြားလည်း သူ့မျက်နှာပေါ်က အမူအယာက ထင်ရှားပြီး စိုးရိမ်စိတ်ဖြစ်နေကာ ဒဏ်ရာရပြီး အထီးကျန်နေသည့် ဝံပုလွေတစ်ကောင်လို ဖြစ်နေသည်။ ပြုတ်ကျလာတော့မည့် သူ့ခေါင်းပေါ်တွင် ချိတ်ဆွဲထားသည့်ဓားကို မျှော်လင့်နေသယောင်ပင်။
ဆိုင်တာဝန်ခံရွှီသည် နှုတ်ဆိတ်သွားပြီး စကားတစ်ခွန်းမှ မပြောတော့ချေ။
ဝမ်ယွင်ကျန့်က သူ့ဦးလေးကို ထပ်ကြည့်လိုက်ပြီး မျက်လွှာကိုချထားသည့် ဝေ့ချင်းဟယ်ကို မြင်လိုက်ရသည်။ ရုတ်တရက်ဆိုသလို လူငယ်လေးက အပြုံးတစ်ခုကို ဖော်ပြလိုက်ပြီး သူ့မျက်လုံးများကတော့ ရယ်မောရင်း နီရဲနေလေသည်။
သူတို့အားလုံးက အသက်ရှင်ကြပြီး တိုက်တိုက်ဆိုင်ဆိုင် သူ၏မိထွေးက အိမ်ထောင်စုကို ထိန်းချုပ်ထားသည်။ သူ့အမေဘက်က အဘိုးအဘွားကတော့ ဖရိုဖရဲကာလအတွင်းတွင် ပျက်စီးခဲ့ရသည်။ သူသည် ရယ်မောရင်း ခေါင်းကို အနည်းငယ် စောင်းထားလိုက်ပြီး မျက်ရည်များက ထိန်းမနိုင်အောင် စီးကျလာတော့သည်။
သူ့ကိုကာကွယ်ပေးဖို့ရန် ဘာအားစိုက်ထုတ်မှုမှ လုပ်ပေးခဲ့သူမရှိသဖြင့် သူသည် ထိုအေးစက်သည့်အိမ်တော်ထဲတွင် ကြီးပြင်းခဲ့ရသည်။ သူတို့၏တစ်ဘဝလုံး သခင်ကြီးနှင့်သခင်မကြီးကို အလုပ်အကြွေးပြုခဲ့ကြသည့် ထိုအစေခံများသည် သူ့အမေနှင့်သူ့တည်ရှိမှုက တခြားသူများကို အနှောက်အယှက် ဖြစ်ခဲ့သည်ဆိုသဖြင့် သူတို့သည်လည်း ထိုအေးစက်လှသည့် အိမ်တော်ထဲမှာပင် သူတို့၏အသက်များကို ဆုံးရှုံးခဲ့ရသည်။
သူသည် မျက်စိစပါးမွှေးစူးစရာ ဖြစ်ခဲ့သည်။ သို့သော်ငြားလည်း ထိုအချိန်က သူ့အမေဖြစ်သူက ရွေးချယ်စရာ ရှိခဲ့ပါရဲ့လား။ သူ့ကိုရော ရွေးချယ်ဖို့ရန်အခွင့်အရေး ပေးခဲ့ပါရဲ့လား။
ဘယ်သူကမှ သူ့တို့ကို ဒီလိုပေါများကြွယ်ဝသည့် ရွေးချယ်မှုမျိုးကို မပေးခဲ့ကြပေ။
...
အပိုင်း( ၂၀၈) သချီနိုင်ငံတော်
နောက်ထပ်ဆောင်းဦးရာသီက ရောက်လာပြန်လေသည်။ တော၏အစွန်အဖျားပိုင်းသည် လူသူလှုပ်ရှားမှုများ ကင်းမဲ့ခဲ့သဖြင့် နောက်တဖန် အသီးအရွက်များ ပေါများကြွဝလာလေသည်။
တောင်ပိုင်းတွင် ဆောင်းဦးလယ်မြေများက နက်ရှိုင်းစိမ်းစိုသည့် အစိမ်းရောင်တစ်ခုဖြင့် ချယ်သထားပြီး ရွှေရောင်နှင့် ကြက်သွေးရောင် ရေးရေးလေးက ပြတ်တောင်းပြတ်တောင်း ဖောက်ဝင်နေသည်။ လူ၇ယောက်သည် သူတို့၏ အဝတ်အိတ်များကို သယ်ဆောင်လာကြပြီး သူတို့သည် တောကိုဖြတ်လာကြရင်း သူတို့ထဲက တစ်ယောက်က နောက်တစ်ယောက်ကို မေးလိုက်၏။
"သရှန် ငါတို့တွေ တကယ်ပဲ အပြင်ဘက်မှာ ဝယ်ယူတဲ့သူကို သွားရှာကြမှာလား"
"ငါတို့တွေ သွားရှာရလိမ့်မယ်၊ အရောင်းအဝယ်လုပ်ဖို့အတွက် တောင်အစွန်းပိုင်းမှာ စောင့်နေကြတဲ့လူတွေ အမြဲတမ်းရှိတယ်၊ တကယ်လို့ သူတို့တွေက ငါတို့ရဲ့ပစ္စည်းကို သဘောကျတယ်ဆိုရင် အပေးအယူအနေနဲ့ သူတို့တွေက မြို့ထဲက ငါတို့လိုချင်တဲ့ပစ္စည်းမှန်သမျှကို ယူလာပေးလိမ့်မယ်၊ ဒါပေမဲ့ သူတို့တွေက ငါတို့ရဲ့ပစ္စည်းတန်ဖိုးကို စျေးဆစ်ဖို့ကြိုးစားကြလိမ့်မယ်"
ဒီလူနှစ်ယောက်မှာ ချန်းသရှန်နှင့် သူ့မိန်းမဘက်က အစ်ကိုကျိုးသလန်အပြင် တစ်ခြားမည်သူဖြစ်နိုင်ပါမည်နည်း။
လုအာ့လန်၊ ကျန်းသလန်၊ ဖန်းလျိုညန်၏ဦးလေး၊ တုန်းကဲ၏အဖေ၊ ဒီနှစ်မှ ၁၅နှစ်ပြည့်သွားသည့် ရှီသနျိုတို့ကလဲ သူတို့နှင့်အတူလိုက်လာသည်။
တောင်၏အတွင်းပိုင်းထဲတွင် သူတို့သည် သူတို့၏ကိုယ်ပိုင် အစားအသောက်များကို စိုက်ပျိုးနိုင်ကြပြီး ချန်းယိုထျန်း၏ အကူအညီဖြင့် သူတို့သည် အဝတ်အစားများကို ရက်လုပ်ရန် ရက်ကန်းစင်များကိုပင် ဖန်တီးနိုင်ခဲ့ကြသည်။ တစ်ခုတည်းသော ပြဿနာမှာ တောင်အတွင်းပိုင်း ဒုတိယနှစ် ကုန်ဆုံးသွားပြီးနောက်တွင် ရှားပါးလာခဲ့သည့် ဆားပြဿနာပင်။ ထိုအချိန်က သူတို့သည် ဆားအတွက် တောင်ထွက်ပစ္စည်းနှင့် အလဲအလှယ်လုပ်ဖို့ရန် တစ်စုံတစ်ယောက်ကို မြို့ထဲသို့သွားခိုင်းရပြီး ဒီအတွက် သူတို့ကို အပိုဆုကြေးပေးရသည်က သဘာဝပင်။
တောင်အတွင်းပိုင်းတွင် ပုန်းအောင်းနေသည့်သူများမှာ သူတို့ချည်းသက်သက် မဟုတ်ချေ။ တစ်ခြားသူများကလဲ သူတို့ထက်အရင် ရောက်နေသူများ ဖြစ်လေသည်။ တဖြည်းဖြည်းနှင့် ရှီးကျိုးမြို့မှ အနည်းငယ် ကွာဝေးလှသည့်နေရာတွင် မှောင်ခိုစျေးလေးတစ်ခု ပေါ်လာခဲ့သည်။
သည်မှောင်ခိုစျေးလေးပေါ်လာသဖြင့် တောင်အတွင်းပိုင်းတွင် ပုန်းအောင်းနေထိုင်ကြသည့်သူများသည် အများကြီးပိုပြီး အဆင်ပြေလာတော့သည်။ သူတို့သည် ဖရဲသီး၊ ပဲနှင့် အသီးအရွက်များကို စိုက်ပျိုးကြပြီး ကြက်များကို မွေးမြူကြသည်။ ကောက်ပဲသီးနှံခင်း မရှိသော်ငြားလည်း သူတို့သည် တောင်စောင်းပေါ်တွင် ပဲများကိုစိုက်ပျိုးရင်း အသက်ရှင်နိုင်သည်။ ဒါသည် ရှန်းလီနှင့်သူ့အဖွဲ့လို ထူးထူးခြားခြား ခွန်အားရှိသူများက အမဲလိုက်နိုင်ကြပြီး သူတို့၏ဘဝကို သူတို့ တောင်အတွင်းပိုင်းသို့ ထွက်ပြေးလာသည့် အစောပိုင်းနေ့များထက် အများကြီးပိုပြီး သက်တောင့်သက်သာဖြစ်အောင် လုပ်နိုင်လေသည်။
သူတို့စိုက်ပျိုးထားသည့် အရာအားလုံးနှင့် ဝယ်ယူထားသည့် အရာအားလုံးမှာ သူတို့၏ပိုင်ဆိုင်မှုများဖြစ်ပြီး အခွန်နှင့် စစ်မှုထမ်းခြင်း ကင်းလွတ်လေသည်။ သူတို့သည် ရုတ်တရက် စစ်မှုထမ်းခြင်း ခေါ်ဆောင်ခံရမည်ကို စိုးရိမ်စရာလဲ မလိုချေ။ ရွာတော်တော်များများက သိုင်းပညာများကို ညီညီညွတ်ညွတ် လေ့ကျင့်ကြသဖြင့် ဘယ်သူကမှ သူတို့အပေါ်တွင် မကောင်းသည့် ရည်ရွယ်ချက်များ မကိန်းအောင်းရဲချေ။ ဒါသည် ငြိမ်းချမ်းပြီး ကျေနပ်ရောင့်ရဲစရာ တည်ရှိမှုဖြစ်သည် မဟုတ်ပါလား။
ဒါသည် ချန်းသရှန်၏ တတိယအကြိမ်မြောက် ခရီးထွက်ခြင်းဖြစ်လေသည်။ သူသည် သူ့ယောက္ခမများကို အမြဲတမ်း ဂရုစိုက်ပေးတတ်သည်။ အတိတ်တွင် သူသည် ဆားများကို ဝယ်လာစဥ်ကလဲ ယောက္ခမများအတွက် နည်းနည်းပါးပါး သွားပေးဖို့ရန် ဘယ်တော့မှ နောက်မကျခဲ့ချေ။ ကျိုးလိုင်ကျီကလဲ သူ့သားမက်ဖြစ်သူ၏ စေတနာကို အမြဲတမ်းလက်ခံနေရသဖြင့် ရှက်လာဟန်တူသည်။ ဒီတစ်ကြိမ်တော့ သူက ပစ္စည်းတစ်ချို့ကို ပြင်ဆင်ထားလိုက်ပြီး သူ့သားအကြီးဆုံးကို ဒီခရီးတွင်ထည့်ပေးလိုက်သည်။
ချန်းသရှန်နှင့် လုအာ့လန်တို့နှစ်ယောက်စလုံးက ဒီနေရာနှင့် ရင်းနှီးကြသည်ဖြစ်ကာ အရင်ကလဲ လာခဲ့ဖူးကြသည်။ ရှဲ့ရှန်းသို့ ရောက်လာသည်နှင့်ချက်ချင်း သူတို့က အစောပိုင်း မှောင်ခိုစျေးဆီသို့ ပင်ကိုသိစိတ်ဖြင့် သွားလိုက်ကြသည်။ သို့သော်ငြားလည်း တစ်ခုခုက လွဲမှားနေဟန်တူသည်။ အနည်းဆုံး လူတစ်ယောက် နှစ်ယောက်လောက်ရှိရမည့် နေရာတစ်ခုသည် အခုတော့ လူသူကင်းမဲ့နေသည်။
"နေရာပြောင်းသွားလို့များလား” လုအာ့လန်က ဇဝေဇဝါဖြင့် မေးလိုက်၏။
"ပတ်ဝန်းကျင်နေရာတွေကို သွားရှာကြည့်ရအောင်"
သူတို့သည် လူခွဲလိုက်ကြပြီး နာရီဝက်ကျော်ကျော်လောက် ပတ်ဝန်းကျင်ကို ရှာဖွေလိုက်ကြသည်။ သို့သော်ငြားလည်း တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ခဲ့ကြချေ။
ချန်းသရှန်က ဇဝေဇဝါဖြစ်သွား၏။
"တကယ်လို့ ငါတို့တွေက နေရာပြောင်းသွားတယ်ဆိုရင်တောင် ဒါက အရမ်းကြီးဝေး ဖြစ်မနေသင့်ဘူး မဟုတ်လား၊ ဒါမှမဟုတ်လည်း ငါတို့တွေ မြို့နဲ့အရမ်းဝေးနေလို့များ ဘယ်သူကမှ ငါတို့တွေကို ရှာမတွေ့နိုင်ကြတာလား"
အားလုံးက ဆွံ့အသွားကြလေသည်။ တုန်းကဲ၏အဖေက ချီတုံချတုံဖြင့် အကြံပြုလိုက်၏။
"ဧကန္တ အာဏာပိုင်တွေကများ စုံစမ်းနေကြလို့လား"
အားလုံးက အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဖန်လျိုညန်၏ဦးလေးက ပြောလိုက်၏။
"လုံးဝ မဖြစ်နိုင်လောက်ဘူး၊ သူတို့တွေက နယ်စပ်မှာ အသေခံတိုက်ခိုက်နေကြတာပဲ၊ သူတို့တွေက ဘယ်လိုလုပ်ပြီး ငါတို့ကို ဂရုစိုက်နိုင်မဲ့ အင်အား ရှိနိုင်မှာလဲ"
ချန်းသရှန်ကလဲ အနည်းငယ် ဇဝေဇဝါဖြစ်သွားလေသည်။
“ဒီနေရာမှာ ခဏလောက် စောင့်နေလိုက်ပါ၊ ကျွန်တော်တို့တွေ မြို့တံခါးဆီကို နည်းနည်းလောက်တက်သွားပြီး တစ်ချက်လောက် သွားကြည့်လိုက်မယ်”
ရှီကျိုးမြို့၏ မြို့ဝင်တံခါးကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်ထားလေသည်။ ချန်းသရှန်က အဝေးမှ လေ့လာကြည့်လိုက်၏။ မျှော်စင်ပေါ်တွင် ကင်းလှည့်နေကြသည့် ရဲမက်များကလွဲလျှင် တံခါးဝတွင် ကင်းစောင့်နေကြသူများလဲ ရှိလေသည်။ မကြာခဏဆိုသလို ဝင်ထွက်သွားလာသည့်လူများက စစ်ဆေးခံကြရသည်။ သို့သော်ငြားလည်း သူ မြင်တွေ့ခဲ့ရသည့် ပြီးခဲ့သည့်တစ်ခေါက်ကနှင့်ယှဥ်လျှင် တစ်ခုခုက ကွာခြားနေသယောင်။
အာ။ ဟုတ်တာပေါ့။ ရဲမက်တွေရဲ့ပုံစံလေ။
ဒီတစ်ကြိမ်ကြတော့ ရဲမက်တွေက သူနဲ့ရှန်းလီတို့ အရင်လ တော်တော်များများက တွေ့ခဲ့တဲ့သူတွေနဲ့ မတူတော့ဘူး။ မဟုတ်ဘူး။ သူတို့တွေက အဖွဲ့တစ်ဖွဲ့တည်းကကို ဟုတ်ဟန်မတူဘူး။ သူတို့ရဲ့ စည်မျဥ်းစည်းကမ်းနဲ့ စိတ်ဓာတ်ပုံစံတွေက လုံးဝကို သိသာထင်ရှားနေတယ်။
နောက်ထပ်ကွာခြားချက်တစ်ခုက မြို့အပြင်ဘက်က အသစ်ဆောက်လုပ်ထားတဲ့ မြေသားတံတိုင်းပဲ။
ထိုအချိန်တွင် လူလေးငါးယောက်က တံတိုင်းအနားတွင် ရပ်နေပြီး တစ်ခုခုကို လေ့လာနေဟန်တူသည်။ ရဲမက်များက မနှောက်ယှက်သည်ကို မြင်လိုက်သည်တွင် ချန်းသရှန်ကလဲ ဒီအတိုင်း ချဥ်းကပ်သွားတော့သည်။
အသိပေးစာကပ်ထားသည့် ဘုတ်ပြားတစ်ခုဖြစ်နေသည်။
အရင်က ချီယန်စီရင်စုတွင် ဒီလိုအရာမျိုးကို စီရင်စုရုံးတော်၏ အပြင်ဘက်တွင် နေရာချထားပြီး အခုတော့ ဒါကို မြို့တံခါးအပြင်ဘက်သို့ ရွှေ့ပြောင်းထားသည့်တဲ့လား။
ချန်းသရှန်သည် နံရံပေါ်တွင်ကပ်ထားသည့် အဟောင်း၊အသစ် အသိပေးစာအမျိုးမျိုးကို ကြည့်လိုက်၏။ စာလုံးများကို လှလှပပ ရေးသားထားသော်ငြားလည်း ကံဆိုးချင်တော့ သူသည် တစ်လုံးတစ်လေမှ မဖတ်တတ်ချေ။ သူက အနီးအနားကလူများကို လှည့်ကာ မေးလိုက်၏။
"အစ်ကို ဒါ ဘာပြောထားတာလဲ"
ထိုလူကလဲ ထူးမခြားနားပင်။ သူက မြို့အဝင်အဝရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီး ပြန်ဖြေလိုက်လေသည်။
"ကျွန်တော်တို့လဲ မသိပါဘူးဗျာ၊ သူတို့ပြောကြတာတော့ ရုံးတော်ကစာရေးက ညနေခင်းကျရင် လာပြီးတော့ ဖတ်ပြမယ်တဲ့"
ချန်းသရှန်: "…."
သူက နဖူးကို ပွတ်သပ်လိုက်ပြီး ပြန်လာလိုက်တော့သည်။
...
"သူတို့ပြန်လာပြီ"
"ဒီတော့ ဘာသတင်းရခဲ့လဲ၊ ဘာဖြစ်သွားတာတဲ့လဲ"
တောင်ထဲတွင် စောင့်ဆိုင်းနေကြသည့် လူနည်းစုသည် ချက်ချင်းဆိုသလို ထရပ်လိုက်ကြပြီး သူတို့ကို သွားရောက် မေးမြန်းရလေသည်။
ချန်းသရှန်က ပါးကိုဖောင်းထားလိုက်ပြီး "သညို (သနျို) ငါနဲ့ တစ်ခေါက်လောက်လိုက်ခဲ့စမ်းပါ"
သညို (သနျို)သည် ရုတ်တရက် အခေါ်ခံလိုက်ရသဖြင့် နားမလည်နိုင် ဖြစ်သွားသော်ငြားလည်း အကြောင်းအရင်းကို သေချာမသိရသေးချေ။ သို့သော်ငြားလည်း တောင်းအတွင်းပိုင်းက လူများသည် ရှန်းလီ၊ စန်းလော့နှင့် ချန်းသရှန်တို့ကို အင်မတန်မှ လေးစားကြလေသည်။ မေးမြန်းမနေဘဲ သူက သူ့ပစ္စည်းများကို ချထားလိုက်ပြီး နောက်ကလိုက်သွားလေတော့သည်။
ချန်းသရှန်က သူ့ကို အသိပေးစာကပ်ထားသည့် နေရာနားသို့ ခေါ်ဆောင်လာခဲ့သည်။
"သူတို့တွေနဲ့အတူတူ မင်း စာဖတ်တယ် မဟုတ်လား၊ ဒါ ဘာပြောထားလဲ တစ်ချက်လောက် ဖတ်ကြည့်စမ်းပါအုံး"
ရှီသညို (သနျို)ကလဲ အသိပေးစာများ ဖြင့်ပြည့်နေသည့် နံရံကို စိုက်ကြည့်လိုက်ပြီး တဒင်္ဂ မှင်သက်အံ့သြသွားလေသည်။ အသိပေးစာကို ဖတ်ပြရန် စာရေးကို စောင့်စားနေသည့် ရွာသားအနည်းငယ်က တအံ့တသြပြောလိုက်ကြ၏။
"ညီအစ်ကို မင်း စာဖတ်တတ်တာလား"
သူတို့သည် ရှီသညို (သနျို)၏ ရိုးရှင်းသည့်အဝတ်အစားနှင့် ကြမ်းတမ်းသည့် အသွင်အပြင်ကြောင့် တအံ့တသြ ဖြစ်နေကြလေသည်။
တစ်ခြားသူများထံမှ ဒီလိုဆူညံသံမျိုးကို ကြားလိုက်ရသည်တွင် ရှီသညို (သနျို)သည် အနည်းငယ် ရှက်သွေးဖြာသွားပြီး လန့်ဖြန့်သွားလေသည်။ သူ့လည်ပင်းများက နီရဲသွားကာ အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်၏။
"ကျွန်တော်- ကျွန်တော်- နည်းနည်းလေးတော့ ဖတ်တတ်ပါတယ်၊ ဒါပေမဲ့ အများကြီးတော့ မဟုတ်ပါဘူး"
သူသည် သူ့ညီလေးလောက်ပင် ကောင်းနိုင်မည် မဟုတ်ချေ။
သူက ထိုအကြောင်းကိုလဲ ထုတ်မပြောရဲချေ။
ချန်းသရှန်က သူ့ကို လောဆော်လိုက်၏။
"မင်း သိတာမှန်သမျှ ဖတ်စမ်းပါ၊ မင်း မှတ်မိတဲ့စာတွေကိုပဲ ဒီအတိုင်း ဖတ်လိုက်"
ရှီသညို (သနျို)သည် ခေါင်းငြိမ့်ပြလိုက်ပြီး အစောဆုံးနှင့် အဟောင်းဆုံး အသိပေးစာတစ်ခုကို ယူလိုက်ကာ အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်လေသည်။
"ဖင် လင် ရှီဝေ့... ကျွန်တော် ဒီစာလုံးနှစ်လုံးကိုတော့ မမှတ်မိဘူးဗျ"
"ကိုယ်တိုင်... ကျွန်တော် ဒီနောက်ထပ်စာလုံးလေးလုံးကိုလဲ မသိပြန်ဘူး"
"မသိတဲ့စာလုံးတွေကို ကျော်ခဲ့လိုက်ကွာ"
"အုပ်ချုပ်ရေးက ဖရိုဖရဲဖြစ်နေပြီး လူများကလဲ ပြန့်ကျဲနေတယ်၊ သူပုန်နဲ့သူခိုးတွေကလဲ သောင်းကျန် ... "
ဒီတစ်ကြိမ်တော့ မသိသည့်စာလုံးများကို ငြင်းဆန်မနေတော့ဘဲ သူက ခဏလောက်ရပ်တန့်လိုက်ပြီးမှ ဆက်ရွတ်လိုက်လေသည်။
" ... ရွေ့လီ ... သူ့ခေါင်း ... ဖရိုဖရဲ ... ကြားမှာ ... ပြင်းပြင်းထန်ထန် ဒဏ်ရာရ ... "
ဒီအထိဖတ်လာပြီးနောက်တွင် ရှီသညို(သနျို)သည် ထပ်ပြီး ဆက်မဖတ်နိုင်တော့ချေ။
"အစ်ကိုသရှန် ကျွန်တော်စာလုံးတွေကို သေသေချာချာ မမှတ်မိဘူးဗျ"
ချန်းသရှန်ကလဲ ဆွံ့အသွားလေသည်။ ရှီသညို(သနျို)ကို တစ်ခြားအသိပေးစာများ ကြည့်ဖို့ရန် ဘေးသို့လှမ်းဆွဲလိုက်၏။
"ဒီတစ်ခုကိုရော ဖတ်ကြည့်စမ်းပါ"
"စိုက်ပျိုးရေးကို အဆင့်မြှင့်တင်ပြီး ကျွန်တော် တတိယစာလုံးကို မသိဘူး"
အသိပေးစာ၅ခုတွင် သူသည် စာလုံးရေ ၁၀၀ ကျော်ကို အထစ်ထစ်အငေါ့ငေါ့ ဖတ်ပြခဲ့လေသည်။ သို့သော်ငြားလည်း ချန်းသရှန်နှင့်နားထောင်နေသူများက သူတို့၏ အဓိပ္ပါယ်ကို လုံးဝမသိကြချေ။ အခြေအနေကွာခြားနေသဖြင့် သူတို့သည် ထိုစာများကို ဖတ်ပြဖို့ရန် ဒေသခံအရာရှိများကို မစောင့်နိုင်တော့ချေ။ သူတို့သည် တောင်အတွင်းပိုင်းသို့သာ ပြန်လာပြီး သူတို့နှင့် စီးပွားရေးအတူတူလုပ်နေသည့် လူများ၏အကူအညီကိုသာ စောင့်လိုက်ရတော့သည်။ ညနေစာင်းရောက်ခါနီးလောက်မှ သူသည် နောက်ဆုံးတော့ အကူအညီရတော့သည်။ သူတို့သည် ဆားတစ်ချို့ကို လဲလှယ်နိုင်ခဲ့သည့်အပြင် ချန်းသရှန်ကလဲ မြို့အပြင်ဘက် အသိပေးစာပေါ်က အကြောင်းအရာများကို အရောင်းအဝယ် လုပ်ပေးသည့်သူအား မေးလိုက်တော့သည်။
မေးမြန်းစုံးစမ်းလိုက်သည်တွင် အမှန်တစ်ကယ်တော့ လီရှစ်ဝေဖြစ်မှန်း သိလိုက်ရ၏။ သူတို့၏ဒေသကိုအုပ်စိုးသည့် ချူဘုရင်ဟုဆိုသည်။ သူသည် ပြီးခဲ့သည့် တစ်လလောက်က ချီဘုရင်လက်အောက်က စစ်သူကြီးအများအပြားကို အောင်နိုင်ခဲ့သည်ဟုဆိုသည်။
ထိုလူကပြောလိုက်၏။ "ကျွန်တော်တို့တွေ အခု ချီနိုင်ငံတော်ရဲ့ အုပ်ချုပ်မှုအောက်ကို ပြန်ရောက်နေပြီ”
ဪ။ နောက်ထပ်ဘုရင်တစ်ယောက်က ထီးနန်းကို လွှဲယူသွားပြီပဲ။ ဒါက မနှစ်က ဆိုင်တာဝန်ခံရွှီပြောခဲ့တဲ့ တော်တော်လေးကို လုပ်ရည်ကိုင်ရည်ရှိတဲ့သူ မဟုတ်လား။
ချန်းသရှန်နှင့် သူ့အဖော်များထံမှ တုံ့ပြန်မှုကို မတွေ့ရသည်တွင် ထိုလူက ဆက်ပြောလေသည်။
"ဒါကိုတော့ လျှော့မတွက်နဲ့နော်၊ ကျွန်တော်တို့ရဲ့လက်ရှိဘုရင်က လောကကြီးကို ပြန်လည်စုစည်းနိုင်လိမ့်မယ်လို့ ကျွန်တော် ခံစားမိနေတယ်၊ ချီ၊ ဝူ၊ ရန်နဲ့ ချူနိုင်ငံတွေက လက်နက်ချတာဖြစ်ဖြစ်၊ တိုက်ခိုက်သိမ်းယူပြီးတော့ အောင်နိုင်ထားခဲ့တယ်လေ၊ အခုဆိုရင် ချန်နိုင်ငံတစ်ခုပဲ ကျန်တော့တယ်၊ ဒါကလည်း အချိန်တစ်ခုပဲလိုတာပါ၊ ဒီအရောင်းအဝယ်လုပ်ငန်းကို လုပ်တဲ့သူနည်းသွားတာ ခင်များ သတိမထားမိဘူးလား၊ ဒါကလဲ အရင်တုန်းကလောက် မလွယ်ကူတော့ဘူးလေ၊ ခင်များ အသိပေးစာကို တွေ့ခဲ့တယ် မဟုတ်လား၊ အဲဒါတွေကို မြို့အပြင်ဘက်မှာ အထူးတလည် ကပ်ထားပေးပြီးတော့ တောင်အတွင်းပိုင်းမှာ နေထိုင်တဲ့သူတွေကို ပြန်ခေါ်နေတာလေ၊ ပထမဦးဆုံး ထုတ်ထားတဲ့စာကတော့ နောက်ဆုံးသတ်မှတ်ရက်ကို ပြောထားတာ၊ တကယ်လို့ ခင်များးတို့တွေက ဒီလိုပဲ တောင်းအတွင်းပိုင်းမှာ ဆက်ပြီးတော့ နေနေမယ်ဆိုရင် ခင်များတို့တွေကို တောပုန်းဓားပြတွေလို့ သတ်မှတ်ကြလိမ့်မယ်၊ ဒီအရောင်းအဝယ်ကလဲ အခုဆိုရင် အန္တရာယ်ကြီးလာပြီဗျ"
ချန်းသရှန်၏မျက်လုံးများသည် အသိပေးစာပေါ်က အကြောင်းအရာကြောင့် တဖြတ်ဖြတ် လင်းလက်သွားလေသည်။ သူက မေးလိုက်၏။
"အစ်ကို အဲဒီ့အသိပေးစာက ဘာတွေပြောထားတာလဲ"
ထိုလူက ပြန်ဖြေသည်။ "တစ်ခုကတော့ လီရှစ်ဝေက လက်နက်ချလိုက်တဲ့အတွက် ကင်းလွတ်ခွင့်ပေးကြောင်း အသိပေးစာ၊ နောက်တစ်ခုကတော့ စိုက်ပျိုးရေးကို အားပေးကြောင်း အမိန့်ထုတ်ထားတဲ့စာ၊ အခွန်နဲံ လုပ်အားပေးတာဝန်တွေကို ပယ်ဖျက်တဲ့အကြောင်းအရာပါတဲ့ အသိပေးစာတစ်ခုလဲပါတယ်၊ ကျွန်တော်သိတာက ဒါတွေပဲ ထင်တယ်၊ ကျွန်တော်က စာမဖတ်တတ်ဘူးလေ၊ ကျွန်တော် အဲဒီ့အကြောင်းကို ကြားပဲကြားထားတာ"
ဒီအကြောင်းအရာကို ကြားလိုက်သည်တွင် ချန်းသရှန်သည် မျက်လွှာချထားလိုက်ပြီး ထိုလူကို ကျပ်တိုက်ထားသည့် အသားတစ်တွဲ ပြန်ပေးလိုက်လေသည်။
"အစ်ကို ကျွန်တော့်ကို နောက်ထပ်ကိစ္စလေးတစ်ခုလောက် ကူညီပေးလို့ရမလား။ မြို့ထဲမှာလဲ ဒီလိုတူညီတဲ့အသိပေးစာတွေ ကပ်ထားမယ် ထင်တယ်၊ ကျွန်တော့်အတွက် စာဖတ်တတ်တဲ့လူတစ်ယောက်ကို ရှာပေးပြီးတော့ အသိပေးစာတွေကို ကူးပေးလို့ရမလား၊ ဒီအသားကိုတော့ မှင်စာရွက်နဲ့လုပ်အားခလို့ သတ်မှတ်ပေးပါ၊ အစ်ကို ကျွန်တော့်ကို ကူးရေးထားတဲ့ အသိပေးစာတွေ ယူလာပေးတဲ့အခါကြရင် ကျွန်တော်က ကျေးဇူးတင်တဲ့အနေနဲ့ နောက်ထပ် ဝေစုတစ်ခုကိုလဲ ပေးပါအုံးမယ် ဘယ်လိုလဲ"
ထိုလူသည် သူ့လက်ထဲကအသားကို ချိန်ဆကြည့်လိုက်ပြီး အနည်းဆုံး ၆ပေါင်၇ပေါင်လောက်ရှိမည်။ သူက ချန်းသရှန်၏ လက်ထဲက ထိုတူညီသည့်အိတ်ကို လှမ်းကြည့်လိုက်သည်။
"မင်းက ငါ့ကို ဒီလိုပမာဏတစ်ခုတည်း ထပ်ပေးမှာလား"
ချန်းသရှန်က ပြုံးပြလိုက်သည်။ "မပူပါနဲ့ အစ်ကိုရယ်၊ အစ်ကို မနစ်နာစေရပါဘူး"
ထိုလူက ရယ်မောလေသည်။ "ကောင်းပြီလေ ဒါဆိုရင် ဒီမှာစောင့်နေလိုက်၊ ကျွန်တော် စာရွက်နဲ့မှင်ဝယ်ပြီးတော့ မင်းအတွက် အသိပေးစာတွေကူးပေးဖို့ လူသွားရှာလိုက်မယ်၊ ကျွန်တာ်၂နာရီအတွင်း ပြန်လာခဲ့မယ်"
...
ချန်းသရှန်၏အဖွဲ့သည် ပိဿာ၂၀လောက်ရှိသည့်ဆားကို သယ်ဆောင်ထားလိုက်ပြီး ၇ရက်နေပြီးနောက် ရွာသို့ပြန်ရောက်လာလေသည်။ ဒီတစ်ကြိမ်တွင်တော့ ကျိုးသလန်၊ ကျန့်သလန်၊ တုန်းကဲ၏အဖေနှင့် ဖန်းလျိုညန်၏ဦးလေးတို့က မပြန်သွားကြချေ။ သူတို့က ရွာဝင်ပေါက်နားက ကျောက်စားပွဲလေးတွင် ထိုင်နေကြပြီး ရှီသညို(သနျို)က ရွာသားများကို သွားခေါ်နေသည်ကို စောင့်ဆိုင်းနေလိုက်ကြသည်။
ရွာအပြင်ဘက်တွင် စာသင်သားများ များစွာရှိသည်ကို အားလုံးကသိကြသည်။
ဒါသည် အစကတော့ နေလည်စာစားချိန် အနားယူသည့်အချိန် ဖြစ်လေသည်။ ရှီသညို(သနျို)က ကြေညာချက်များကို ပြောပြရန် ရွာထဲသို့ဝင်လာသည်။ ချန်းသရှန်က အသိပေးစာ၅ခုကို ယူပြန်လာသည်ဟု ကြားလိုက်သည်တွင် ရှန်းလီ၊ စန်းလော့နှင့် ရွှီမိသားစုဝင်များက အလောတကြီး ပြေးထွက်လာကြတော့သည်။ စာမဖတ်တတ်ကြသည့် အဘိုးချန်း၊ အဘိုးလု၊ အဘွားချန်းနှင့် အဘွားလုတို့ကပင် နောက်မှလိုက်လာကြပြီး နားထောင်လိုက်ကြသည်။
ဝေ့ချင်းဟယ်၊ ဝမ်ယွင်ကျန့်၊ ရွှီသားအဖ၊ ရှန်းလီနှင့် စန်းလော့တို့က ကူးထားသည့်စာများကို တစ်ယောက်တစ်ရွက် ယူလိုက်ကြပြီး စာကိုအသေးစိတ် မြန်မြန်ဖတ်လိုက်ကြကာ နောက်ထပ်စာများကိုလဲ အလဲအလှယ် ဖတ်လိုက်ကြသည်။ သူတို့အားလုံး၏ မျက်လုံးများက နားလည်မှုဖြင့် လင်းလက်သွားကြလေသည်။
သူတို့သည် ကြေငြာချက်၅ခုပေါ်မှ သတင်းအချက် အလက်များကို စုပေါင်းလိုက်ကြချိန်တွင် အပြင်ဘက်လောက၏ နယ်မြေအများစုကို ချီနိုင်ငံတော်ကြီးက သိမ်းပိုက်ထားပြီးမှန်း သေချာသိလိုက်ရသည်။ အမိန့်စာ တော်တော်များများကလဲ သူတို့၏ နယ်မြေအပြင်ဘက်တွင် နေထိုင်ကြသူများကို ပြန်လာကြကာ သစ္စာခံကြဖို့ တိုက်တွန်းထားလေသည်။ အသိပေးစာများထဲတွင် ရောက်လာကြသည့်လူအသစ်များအား ခွဲဝေပေးမည့်မြေပမာဏအပြင် အချိန်အတိုင်းအတာတစ်ခုအထိ လုပ်အားတာဝန်နှင့် အခွန်များကို ပယ်ဖျက်ပေးမည်ဟု ပါရှိလေသည်။
ဒီအကြောင်းကို ကြားလိုက်သည်တွင် အားလုံး၏အမူအယာက ပိုပြီးတည်ကြည်လာကြသည်။ အထူးသဖြင့် လူကြီးများဖြစ်ကြသည်။ အဘိုးချန်း၊ အဘိုးလုနှင့် ဖန်းလျိုညန်၏ဦးလေးတို့ ဖြစ်လေသည်။ ဆိုင်တာဝန်ခံရွှီသည် ပြောဆိုပြီးသည့်နှင့် သူတို့က အားတက်သရော မေးမြန်းကြတော့သည်။
"မြေတွေကို ဘယ်လောက် ခွဲဝေပေးမယ်ဆိုတာရော ပြောထားလား"
"အခွန်နဲ့ လုပ်အားတာဝန်တွေကိုရော တကယ် ပယ်ရှားပေးမှာတဲ့လား၊ ဘယ်နှစ်နှစ်လဲ"
"အပြင်ဘက်မှာ တကယ်ပဲ၊ အေးချမ်းသွားပြီလား"
"သူတို့တွေက စစ်မှုထမ်းရော ခေါ်နေသေးလား၊ စစ်ပွဲရော မပြီးသေးဘူး မဟုတ်လား” သူတို့သည် အလှည့်ကျ တစ်ယောက်ချင်းစီ မေးမြန်းကြလေသည်။
ဆိုင်တာဝန်ခံရွှီက တစ်ခြားသူများနှင့် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မည်သို့ ပြန်ဖြေရမည်မသိ ဖြစ်သွားတော့သည်။ တစ်ဖက်တွင်တော့ မူဝါဒ၏ ကာလအတိအကျကို မဖော်ပြထားချေ။ တစ်ခြားတစ်ဖက်တွင်တော့ သချန်နိုင်ငံကို သိမ်းပိုက်ခဲ့သည့်ဘုရင်သည် သူ၏ အရေးအသားညက်လှသည့် ကြေငြာချက်များကြောင့် နာမည်ကြီးလေသည်။ သို့သော်ငြားလည်း သူ၏ အမှန်တကယ် ရည်ရွယ်ချက်မှာ ဘာများဖြစ်နေမည်နည်း။
သူက အပြင်ထွက်ခဲ့ကြသည့် ချန်းသရှန်နှင့် တစ်ခြားသူများဘက်သို့လှည့်ကာ မေးလိုက်လေသည်။
"ဒီတစ်ခေါက် မင်းတို့ရဲ့ခရီးက ဘယ်လိုနေလဲ"
ကျန်သည့်သူများသည် တောင်အတွင်းပိုင်းတွင် ပုန်းခိုနေခဲ့ကြပြီး အပြင်လောကကအခြေအနေကို မသိကြပေ။ နောက်ဆုံးတွင် ချန်းသရှန်က ပြန်ဖြေလိုက်၏။
"ကျေးလက်ဒေသဖက်တွေမှာတော့ လူသူကင်းမဲ့နေတုန်းပဲ၊ ကျွန်တော်တို့တွေ မြို့နေလူထုတွေနဲ့ သိပ်ပြီးအဆက်အဆံ မရှိခဲ့ဘူး၊ ဒါပေမဲ့ အခြေအနေကို ကြည့်ရတာကတော့ ကျွန်တော်တို့အတွက် ဆားဝယ်လာခဲ့ပေးတဲ့ အဲဒီ့လူက ချီနိုင်ငံ ဘုရင်ရဲ့အရည်အချင်းပေါ်ကို တော်တော်လေး ယုံယုံကြည်ကြည်ရှိတဲ့ပုံပဲ"
ထို့နောက်တွင် ဆိုင်တာဝန်ခံရွှီက ရှန်းလီနှင့်စန်းလော့ဘက်သို့ လှည့်လိုက်လေသည်။
"မင်းတို့ကရော ဒါကို ဘယ်လိုထင်လဲ"
ရှန်းလီသည် စန်းလော့ကို အလိုလို လှမ်းမေးလိုက်လေသည်။ သူမက အကြည့်ကို အောက်ချထားလိုက်ပြီး ခဏလောက် စဥ်းစားလိုက်ပြီးနောက် ပြောလိုက်၏။
"ကျွန်မအထင်တော့ ရှင်တို့ ဒါကို နောက်ထပ်ထပ်ပြီးတော့ စုံစမ်းသင့်တယ်လို့ ထင်တယ်၊ ဒီအုပ်ချုပ်သူရဲ့လုပ်ရပ်တွေက သိသာထင်ရှားတယ်၊ အခုအချိန်ထိ ကျွန်မတို့ တွေ့ထားခဲ့တာတွေက လူတွေရဲ့အကျိုးကျေးဇူးအတွက် သူချမှတ်ထားတဲ့မူဝါဒတွေပဲ၊ နောက်ပြီးတော့ ဒီအပိုင်းကိုလဲ ဒီနေရာမှာ ထည့်သွင်းရေးသားထားတယ်"
သူမက သူမကိုင်ထားသည့်စာရွက်ကို ကျောက်စားပွဲပေါ်တွင် တင်ထားလိုက်ပြီး စာကြောင်းတစ်ကြောင်းကို အသာအယာ ထောက်ပြလေသည်။
"စာမေးပွဲကျင်းပရန်အတွက် သင်ရိုးစာများကို ကောင်းကောင်း နားလည်ကြသည့် သူများကို ထောက်ခံပေးဖို့ရန် စီရင်စုအားလုံးသို့ အမိန့်ချသည်။ ...ကျောင်းများကိုလဲ ပြည်နယ်စီရင်စုနှင့် ရွာတိုင်းတွင်တည်ထောင်သင့်သည်တဲ့”
သူမ၏ကိုယ်ပိုင်ခေတ်ကာလက သမိုင်းအကြောင်းအပေါ် အဖြစ်သဘောနားလည်မှုတွင် သူမသည် ဒီစကားကို ကောင်းကောင်းလေးသိလေသည်။ ဒီအုပ်ချုပ်သူသည် ပညာသင်နှင့် အုပ်ချုပ်ရေးအတန်းအစား၏ လွှမ်းမိုးမှုကို စိန်ခေါ်ချင်ဟန်တူသည်။ ပညာသင်များက အစောပိုင်းက ထိန်းချုပ်ခံထားခဲ့သည့် အရင်းအမြစ်များသည် ယခုတော့ တတိယအဖွဲ့အစည်း၏ ယှဥ်ပြိုင်ခံရလိမ့်မည်။
အားနည်းချိနဲ့သည့် ဘုရင်တစ်ယောက်သည် ဒီလိုကိစ္စမျိုးကို မကြိုးစားရဲသလို အောင်မြင်အောင်လဲ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ စန်းလော့၏အကြည့်သည် အဆုံးက စာလုံးလေးပေါ်သို့ ကျရောက်သွား၏။ ထိုစာလုံးလေးပေါ်တွင် "ဝူတင်း တတိယနှစ် ၈လပိုင်း၁၉ရက်"
ဒါသည် ချီဘုရင်ပြောချင်သည့် အကြောင်းအရာ မဟုတ်မှန်း သူမ သိလေသည်။
နိုင်ငံတစ်ခုကို တည်ထောင်ရာတွင် သုံးနှစ်သာသာသာရှိသေးပြီး အကယ်၍များ ဆိုင်တာဝန်ခံရွှီ ပြီးခဲ့သည့်နှစ်က ယူလာခဲ့သည့်သတင်းက အမှန်ဖြစ်နေခဲ့လျှင် လက်ထဲတွင် စစ်တပ်အင်အားတစ်ခုရှိပြီး ပြတ်သားကာ သတ္တိရှိလှသည့် အယောင်အဝါနှင့်ပုဂ္ဂိုလ်သည် ယခုတော့ စိုက်ပျိုးရေးကို အားပေးပြီး ပညာရေးကို တိုးတက်စေဖို့ရန် အားပေးနေလေသည်။ ဒါသည် သူတို့အတွက် တောင်များမှ ထွက်ခွာပြီး လယ်များကို ပြန်စိုက်နိုင်မည့် အခွင့်အရေးအမှန်ဖြစ်သည်ဟု စန်းလော့သည် သိမြင်လိုက်လေသည်။
တစ်ခြားသူများက စန်းလော့၏စကားကို နားမလည်နိုင်ဖြစ်နေကြစဥ် စာပေကို ကောင်းကောင်း သိကျွမ်းကြသည့်သူများကတော့ အာရုံခံမိကြပြီးဖြစ်သည်။ သူတို့သည် သူမ၏လက်ထဲက အမိန့်စာကို မြင်လိုက်သည့် အခိုက်အတန့်တွင် သူတို့၏ ရှည်ကြာစွာစောင့်ဆိုင်းနေသည့် အခွင့်အရေးက ရောက်ရှိလာပြီဟု သိလိုက်သည်။
ပိုပြီးအတွေ့အကြုံရှိလှသည့် ဝေ့ချင်းဟယ်နှင့် ပိုပြီးရင့်ကျက်သည့် ဝမ်ယွင်ကျန့်တို့လို လူမျိုးများသည် ပိုပြီးနက်နက်ရှိုင်းရှိုင်း တွေးခေါ်တတ်ကြသည့် ရှန်းအန်းနှင့် ရွှီဝမ်ပေါ်တို့လို အနည်းငယ် ပိုပြီးငယ်ကြသည့်သူများကတော့ တော်ဝင်အမိန့်စာကို ဖတ်လိုက်ပြီးနောက်တွင် သူတို့သည် ဝမ်းသာအားရဖြင့် စန်းလော့ကို ကြည့်လိုက်ကြလေသည်။
"မရီး အုပ်ချုပ်သူအသစ်က ကျောင်းတွေကို ဆောက်ပေးဖို့ စီစဥ်နေတာတဲ့လား"
စန်းလော့က ပြုံးကာ ခေါင်းငြိမ့်ပြလိုက်၏။ "ဟုတ်တယ် ဒါက ကျောင်းဆောက်ဖို့ပဲ မဟုတ်ဘူး၊ သာမန်ပြည်သူတွေရဲ့ ကလေးတွေအတွက် ပညာရေးကိုတိုးတက်ဖို့ အခွင့်အရေးတစ်ခု ဆိုတာလဲ သေချာတယ်”
စာလေ့လာနေကြသည့်ကလေးများရှိသည့် မိသားစုများသည် ရုတ်တရက်ဆိုသလို အုံကြွလာတော့သည်။ လုအာ့လန်က ချက်ချင်း အနားသို့ကပ်လာပြီး စာရွက်ကိုသေသေချာချာလေး ကိုင်ထားလိုက်လေသည်။ သူက ရှန်းအန်းကို လှမ်းခေါ်လိုက်ကာ သူ့အသံသည် ဝမ်းသာအားရ တုန်ယင်နေလေသည်။
"ရှောင်အန်း ဒီကိုလာပါအုံး၊ ဦးလေးကို ဒါ ဖတ်ပြပါအုံး"
အဘိုးချန်း၊ အဘိုးလု၊ အဘွားချန်း၊ အဘွားလုနှင့်ကန်းရှီတို့သည် ဘေးတွင်ရပ်နေကြပြီး နားလည်တစ်ဝက်ဖြစ်နေကြကာ ခေါင်းငြိမ့်သဘောတူလိုက်လေသည်။
"ဟုတ်တယ်၊ ဟုတ်တယ်၊ ရှောင်အန်း ငါတို့ကိုဖတ်ပြပါအုံး"
အချိန်ဆွဲမနေဘဲ ရှန်းအန်းက လဲပြုံးပြကာ ခေါင်းငြိမ့်သဘောတူလိုက်သည်။ သူက တော်ဝင်အမိန့်စာကို ကောက်ကိုင်လိုက်ပြီး အသံထွက်ကာ စတင်ဖတ်ပြလေသည်။ သူ၏ ငယ်ရွယ်သည့်အသံသည် ရှင်းလင်းပြတ်သားပြီး သူ၏ အသံထွက်ကလဲ တိကျလှသည်။ ဘုရင့်ကိုယ်စား အမိန့်တော်ကို ရေးပေးနိုင်သည့်လူသည် စာပေပညာရှင်တစ်ယောက် ဖြစ်သည်မှာ သံသယ ဖြစ်စရာမလိုချေ။ စကားလုံးတိုင်းက ချောမွေ့နေပြီး ပုလဲတစ်ခုလိုဖြစ်လေသည်။ အဘွားချန်းနှင့် တစ်ခြားသူများသည် စာသုံးကြောင်းတွင် တစ်ကြောင်းလောက်ကိုသာ နားလည်ကြသည့်တိုင် သူတို့သည် ဒါကို စိတ်ဝင်စားနေကြပြီး ကြားဖြတ်မမေးရဲကြချေ။ သူတို့က ရှန်းအန်းဖတ်ပြီးသွားသည်အထိ စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေလိုက်ကြပြီးမှ ထိုစာ၏ အဓိပ္ပါယ်ကို ရှင်းပြခိုင်းလေသည်။
တစ်ဖက်တွင် ဆူဆူညံညံ ဖြစ်နေသည့်ကြားတွင် ဝမ်ယွင်ကျန့်ကလဲ သူ၏စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တော့ချေ။ သူက ဦးလေးရွှီကို ကြည့်လိုက်ကာ အကြံပြုလိုက်လေသည်။
"ဦးလေး အပြင်ဘက်က အခြေအနေကို စုံးစမ်းဖို့အတွက် ဦးလေးရဲ့မိတ်ဆွေဟောင်းကို ထပ်ပြီးတော့ ဆက်သွယ်ဖို့ ကြိုးစားကြည့်ပါလား"
စီရင်စုကျောင်းတစ်ခု တည်ဆောက်ခြင်းနှင့် စာမေးပွဲစနစ်အရ ပညာသင်များကို ရွေးချယ်ခြင်းဖြစ်သည်။- နောက်ဆုံး နှစ်ပေါင်းများစွာ စာလေ့လာခဲ့ပြီးနောက် သူသည် စိတ်မလှုပ်ရှားဘဲ အဘယ်မှာရှိနိုင်ပါမည်နည်း။
ရှန်းလီကလဲ စန်းလော့ကို ကြည့်လိုက်ကာ ပြောလိုက်၏။
“ဒီခရီးမှာ ကျွန်တော်ဆိုင်တာဝန်ခံရွှီနဲ့ အဖော်လိုက်သွားရင် ကောင်းမလား”
ရှန်းလီကတော့ ဒီအကြောင်းနှင့်ပတ်သတ်ပြီး အများကြီး မစဥ်းစားခဲ့ချေ။ သူက စာဖတ်ရတာကို သဘောကျသော်ငြားလည်း အချိန်အများစုတွင် သူသည် စန်းလော့၏ဘေးတွင် လက်ရေးလှလေ့လာခြင်းနှင့် စာဖတ်ခြင်းသာရှိလေသည်။ ဒါကလဲ သူ့ကိုဆွဲဆောင်နိုင်သည့် စာအုပ်များနှင့် စာဖတ်ရသည့်အလေ့အထကို အကျင့်ဖြစ်လာခြင်း ဖြစ်လေသည်။ ထို့ထက်ပိုပြီး တစ်ခြားအရာကိုတော့ သူသည် အများကြီးမစဥ်းစားခဲ့ချေ။
လက်ရှိတွင် သူ၏အဓိကလိုအင်ဆန္ဒမှာ စန်းလော့ကို တည်ငြိမ်ပြီးပျော်ရွှင်သည့်ဘဝတစ်ခု ထောက်ပံ့ပေးရန် ဖြစ်လေသည်။ ဒါသည် တောင်ထဲတွင်နေသည့် သူတို့၏ တတိယမြောက် ဆောင်းဦးရာသီဖြစ်သည်။ အကယ်၍များ အပြင်ဘက်ကအခြေအနေက အမှန်ပင်တည်ငြိမ်သွားခဲ့လျှင် အချိန်တစ်ခုတွင် ကြိုပြီးအပြင်ထွက်နေခြင်းက သူတို့အတွက် ပိုမိုများပြားသည့်အခွင့်အရေးကို ပေးစွမ်းနိုင်ပေလိမ့်မည်။
...