အခန်း (၂၀၉-၂၁၀)
Vol. 21 Ch. 209-210
အပိုင်း (၂၀၉) မြေယာများကိုချီးမြှင့်ခြင်း
အသေးစိတ်အချက်အလက်များကို တိုင်ပင်ဖို့ရန်လိုအပ်ပြီး အေးအေးဆေးဆေး စဥ်းစားချင့်ချိန်သင့်ရန် လိုအပ်သည်။ ပုံမှန်ဆိုလျှင် ရွာသားများက စာဖတ်ဖို့ရန် လာရောက်စုဝေးတတ်ကြပြီး ဆိုင်တာဝန်ခံရွှီက ကလေးများကို သူ၏စီးပွားရေးလုပ်ငန်းအကြောင်း အသိပညာပေးတတ်သည့် သည်မြက်ခင်းခန်းမထဲတွင် အပြင်ဘက်ရွာများက လူကြီးလူငယ်များ ရောက်လာကြသည့်အပြင် သတင်းကို ကြားလိုက်ကြပြီးနောက် အလောတကြီး ရောက်လာကြသည့် ဖန်း၊ ကျန့်၊ ကျိုးနှင့် ကန်းမိသားစုတို့မှ အိမ် ထောင်ဦးစီးများလဲရှိလေသည်။
အပြင်ဘက်ရွာက အခုတော့ အလွန်အကျွံ သတိထားနေစရာ မလိုတော့ချေ။ ရွာသားများ၊ လူကြီးလူငယ်များက လျှိုမြောင်အပြင်ဘက်သို့ ထွက်လာပြီဖြစ်ရာ လုအဘွား၊ ရွှီအဘွားနှင့် တစ်ခြားသူများကလဲ အပြင်ရောက်လာလေသည်။ သူတို့သည် အနီးအနားက သူတို့၏အိမ်နီးချင်းများနှင့်လဲ တဖြည်းဖြည်း အပြန်အလှန် စတင်ပြောဆို ဆက်ဆံလာကြသည်။ ဖန်းလျိုညန်က နွေရာသီတွင် ကိုယ်ဝန်ရှိကြောင်း သိရှိခဲ့ရချိန်တွင် လုအဘွားက သူမ၏ ခမည်းခမက်ကို အလည်အပတ် ခေါ်သွားခဲ့သည်။ ဖန်းလျိုညန်၏အမေက တစ်ကြိမ် အလည်ရောက်လာပြီး သူမ၏အစောပိုင်း ထင်မြင်ချက်များက မှားယွင်းခဲ့သည်ကို သိခဲ့ပြီးနောက်တွင် အချင်းချင်း မကြာခဏ အလည်လာဖို့ရန် အကြောင်းအရင်းမရှိကြောင်း သိလိုက်ရသည်။ နောက်ပိုင်းတွင် ကန်းရှီ၏အမေနှင့် ကျိုးလိုင်ကျီ၏မိန်းမတို့ကလဲ မကြာခဏ လမ်းကြုံဝင်လာတတ်သည်။ နှစ်ဖက်ကြားက အပြန်အလှန် ဆက်ဆံမှုများက ပိုပြီးစိတ်လာသည်။
အနီးအနားရွာများက မိသားစုများ ရောက်လာချိန်တွင် တုတ်သိုင်းနှင့် ဓားသိုင်းများကို လေ့ကျင့်နေသည့် ရှန်းကျင့်နှင့်ရှီအာ့ညိုတို့က သူတို့ကို မြက်ခင်းခန်းမထဲဆီသို့ ဦးဆောင်လာကြသည်။ သူတို့သည် မှောင်ရီပျိုးသည်အထိ နေခဲ့ကြလေသည်။
နောက်တနေ့ မနက်ခင်းတွင် ရှန်းလီနှင့် ဆိုင်တာဝန်ခံရွှီတို့သည် ရွာနှစ်ခုစလုံး၏ စိုးရိမ်စိတ်နှင့် မျှော်လင့်ချက်များကို ထမ်းပိုးပြီး ရိက္ခာအခြောက် ရေများကိုထည့်ကာ အတွင်းပိုင်းနေရာမှ ခရီးထွက်လာကြတော့သည်။
...
တစ်နှစ်ခွဲနီးပါးလောက် ကြာပြီးနောက်တွင် ရှီးကျိုးမြို့နှင့် သိပ်မဝေးလှသည့်နေရာတွင် ဆိုင်တာဝန်ခံရွှီသည် သူနှင့်ရော ဝေ့မိသားစုနှင့်ပါ ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခုရှိသည့် ဝမ်မိသားစုက ဆိုင်တာဝန်ခံ အသိဟောင်းနှင့် တစ်ဖန် တွေ့ဆုံခဲ့သည်။
ဆိုင်တာဝန်ခံသည် အသက်၄၀ ဝန်းကျင်ရှိပြီး သူ၏ အသက်၂၀ဝန်းကျင် လူငယ်လေးတစ်ယောက်နှင့် အဖော်ခေါ်လာသည်။ ဆိုင်တာဝန်ခံရွှီကို မှတ်မိသွားသည်နှင့် သူက ပြုံးပြကာ အလောတကြီးရောက်လာသည်။ "ကျွန်တော် ခများရဲ့လက်ရေးကို မှတ်မိလိုက်တယ်လေ၊ ဒါက ခင်များပဲ ဖြစ်မယ်လို့ ကျုပ်က ခန့်မှန်းထားတာ"
ဆိုင်တာဝန်ခံရွှီကလဲ သူ့ကို အလောတကြီး နှုတ်ဆက်လိုက်ပြီး ဆိုင်တာဝန်ခံဝမ်ဟု လှမ်းခေါ်လိုက်ကာ ဆိုင်တာဝန်ခံ၏နောက်တွင် ရက်နေသည့် သူ့သားဖြစ်သူ၏ နာမည်ကိုလဲ လှမ်းခေါ်လိုက်လေသည်။
ဆိုင်တာဝန်ခံဝမ်က ဆိုင်တာဝန်ခံရွှီကို ခေါင်းအစခြေအဆုံး အကဲခတ်လိုက်ပြီး သူ့ကျန်းမာရေး အခြေအနေကို အသိအမှတ် ပြုပြီးလိုက်နောက်တွင် သူတို့ ပြီးခဲ့သည့်တစ်ခေါက် တွေ့ခဲ့စဥ်ကထက် ပိုပြီးကောင်းမွန်နေသည်ကို သိလိုက်ရသည်။ သူက စိတ်အေးသွားကာ မေးမြန်းလိုက်သည်။
"သခင်လေး(၇)၊ ချင်းဟယ်နဲ့ ခင်များရဲ့ကလေးတွေရော နေကောင်းကြရဲ့လား"
ဝမ်ယွင်ကျန့်သည် ဝမ်မိသားစု၏ ၇ယောက်မြောက် ကလေးဖြစ်သည်။ ထို့ကြောင့် သူ့ကို သခင်လေး(၇)ဟု ခေါ်ခြင်းပင်။
ဆိုင်တာဝန်ခံရွှီက ပြုံးကာ ခေါင်းငြိမ့်ပြလိုက်၏။
"ခင်များတို့ရဲ့ ဆုတောင်းစေတနာကို ကျေးဇူးတင်ပါတယ်၊ အားလုံးက ကျန်းမာကြပါတယ်"
ထွေရာလေးပါး အနည်းငယ် ပြောလိုက်ပြီးနောက်တွင် ရှန်းလီနှင့် မိတ်ဆက်ပေးလိုက်ပြီးနောက် သူတို့သည် အဓိကကိစ္စများကို စတင်ဆွေးနွေးကြတော့သည်။ ဆိုင်တာဝန်ခံရွှီက သူကူးလာခဲ့သည့် လက်ကမ်းစာစောင်ကို ထုတ်လာပြီး ဆိုင်တာဝန်ခံဝမ်အား လှမ်းပေးလိုက်သည်။
"ဆိုင်တာဝန်ခံဝမ် ကျွန်တော် ဒီကိစ္စကြောင့်ပဲ၊ အထူးတလည် အပြင်ထွက်လာတာပါ၊ ကျွန်တော် အပြင်ဘက်က လက်ရှိအခြေအနေကို စုံစမ်းချင်လို့ပါ၊ အခုဒီနေရာမှာ ကျွန်တော်တို့အတွက် အန္တရာယ်ကင်းရဲ့လား"
ဆိုင်တာဝန်ခံဝမ်က စာရွက်များကို လှန်လှောကြည့်လိုက်ပြီး သူ့မျက်နှာက အပြုံးတစ်ခုဖြင့် လင်းလက် သွားလေသည်။
"ခင်များတို့တွေက သတင်းရတာ တော်တော်မြန်တာပဲ"
စာရွက်များကို သေသေသပ်သပ် ပြန်ခေါက်ပေးလိုက်ပြီး သူက ဆိုင်တာဝန်ခံရွှီကို ပြန်ပေးလိုက်သည်။
"ကျုပ်တို့ရဲ့ လက်ရှိအုပ်ချုပ်သူက အရည်အချင်းရှိတယ်၊ အမြင်လဲကျယ်တယ်၊ ချူဘုရင်ဟောင်းကို ဘယ်လို ဖမ်းမိခဲ့လဲဆိုတာ ခင်များသိရဲ့မလား"
"တကယ်လား၊ ဘယ်လိုဖြစ်သွားတာလဲ"
"ချီဘုရင်ရဲ့ဂုဏ်သတင်းက အရမ်းကိုမှ ပြိုင်ဘက် ကင်းလွန်းလှပါတယ်၊ သူ့မှာ ထောက်ပံ့ပေးမဲ့သူတွေလဲရှိတယ်၊ ချူဘုရင်ဟောင်းရဲ့ အဓိကစစ်သူကြီး တော်တော်များများကလဲ တိုက်ပွဲအတွင်းမှာပဲ ချီဘုရင်ဆီမှာ လက်နက်ချခဲ့ကြတယ်၊ ခေါင်းဆောင်တွေက လက်နက်ချလိုက်တဲ့အချိန်မှာ စစ်တပ်တွေကလဲ စိတ်ဓာတ်ပျက်ပြား ကုန်တာပေါ့၊ ချူဘုရင်ကို ဖမ်းဖို့အရေးက အားစိုက်ထုတ်မှု နည်းနည်းလေးပဲ လုပ်ခဲ့ရတယ်လေ၊ ဒါကြောင့် ချန်နိုင်ငံကြီးကရော ဘယ်လောက်အထိ ထိန်းထားနိုင်မယ်လို့ ခင်များတို့ထင်လဲ၊ မြောက်ပိုင်းက စစ်ပွဲကလဲ ၅နှစ်နီးပါးလောက် ရှိလာပြီလေ၊ စစ်သားတွေကလဲ ပင်ပန်းနွမ်းနယ်နေကြပြီ မဟုတ်လား"
ရှန်းလီသည် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်မိသည်။
"တကယ်လို့ ချီဘုရင်က လက်နက်ချခဲ့တဲ့ စစ်သူကြီးတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်ဆိုရင် ချန်တိုင်းပြည်ရဲ့ ရဲမက်တွေကလဲ တိုက်ပွဲကို တိုက်နေရရင်တောင်မှ သူတို့ရဲ့စိတ်ဓာတ်တွေက ကျသွားလောက်တယ်၊ ချီဘုရင်က လက်ရှိအရှိန်နှုန်းကို ပိုပြီးတော့ မြှင့်တင်လာနိုင်တယ်"
ဆိုင်တာဝန်ခံဝမ်က ရယ်မောလိုက်သည်။
"ကျွန်တော် ပြောချင်တာလဲ ဒါပဲ၊ ကျွန်တော်တို့ရဲ့ချီဘုရင်က အရည်အချင်းရှိတဲ့သူတွေကို အသုံးချတာနဲ့ ပတ်သတ်လာရင် အဆင့်အတန်းခွဲခြားတာမျိုး မရှိဘူး။ အဲဒီ့အပြင် ပြီးခဲ့တဲ့၂နှစ်အတွင်းမှာ အခြေအနေကလဲ အခြေကျသလောက် ဖြစ်လာပြီလေ၊ ခေါင်းမာပြီး ခုခံနေလို့ ဘာ အဓိပ္ပါယ် ရှိမှာလဲ၊ သူတို့တွေက သုတ်သင်ပစ်လိုက်တဲ့အချိန်ကြမှပဲ အလကားနေရင်း သေဆုံးရအုံးမယ်၊ လက်နက်ချလိုက်တာက သူတို့ရဲ့အနာဂတ်ကို အာမခံပေးနိုင်တယ်လေ၊ ပြီးခဲ့တဲ့ဒီ၂နှစ်အတွင်းမှာ သူတို့ရဲ့အသက်တွေကို စွန့်စားလာရတာက အလကား မဖြစ်တော့ဘူးပေါ့၊ ဒါကြောင့်မလို့ အေးချမ်းတဲ့နေ့ရက်တွေကလဲ နီးကပ်လာပြီလို့ ကျွန်တော်တော့ ယုံကြည်တယ်၊ လက်ရှိအခြေအနေကို စဥ်းစားကြည့်မယ်ဆိုရင် ချီဘုရင်လိုမျိုး နောက်ထပ်တစ်ယောက် ထွက်ပေါ်လာမယ်ရင်တောင် ဒီလိုသိသာတဲ့အပျက်အစီးတွေကို ဆက်ပြီးလုပ်နိုင်တော့မယ်လို့ ကျွန်တော် မထင်ဘူး"
အချိန်ကာလက သူရဲကောင်းများကို ဖန်တီးပေးလေသည်။ သို့သော်ငြားလည်း ထိုအခွင့်အရေးက ကုန်ဆုံးခဲ့ပြီးဖြစ်သည်။ ထို့အပြင် ချီမင်သားသည် သာမန်မြို့သားတစ်ယောက် မဟုတ်ချေ။ သူသည် အာဏာ၊ စစ်တပ်အင်အား၊ သတ္တိ၊ ဉာဏ်ပညာနှင့် ရည်မှန်းချက်တို့ ပိုင်ဆိုင်ထားသည့် သြဇာညောင်းသည့် တော်ဝင်မျိုးနွယ် တစ်ယောက် ဖြစ်လေသည်။ ဒီလိုပုဂ္ဂိုလ်နောက်တစ်ယောက်ကို ပေါ်ထွက်လာဖို့ရန် မည်သို့လွယ်ကူနိုင်ပါမည်နည်း။
ရှန်းလီနှင့် ဆိုင်တာဝန်ခံရွှီတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှစ်ယောက်စလုံးက အခြေအနေကို နားလည်လိုက်ကြသည်။
အကယ်၍ ချန်နိုင်ငံကလဲ တိုက်ခိုက်သိမ်းပိုက်ခံလိုက်ရလျှင် စစ်မက်ကိစ္စကလဲ ငြိမ်းချမ်းသွားလိမ့်မည်။ သည်အချိန်တွင် စစ်မှုထမ်းခေါ်ယူခြင်းကိစ္စကလဲ မေးခွန်းထုတ်စရာ မဟုတ်တော့ပေ။ ရှိနှင့်ပြီးသား ရဲမက်များက အကျိုးဆောင်ခဲ့ကြပြီးဖြစ်သည်။ လူများကို နောက်ထပ် ခေါ်ယူဖို့ရန် မလိုတော့ချေ။
သာ့ချန်မင်းဆက်လို ပြည်သူများ၏အကျိုးစီးပွားကို မငဲ့ဘဲ စစ်မက်ကိုသာ ဖော်ဆောင်နေသည် မဟုတ်ချေ။ သို့သော် နောက်ဆုံး သာ့ချန်မင်းဆက်၏ ယိုယွင်းပျက်စီးနေသည့် ဒီနှစ်များတွင် နောက်ပိုင်းပဋိပက္ခဖြစ်သည့် ၄နှစ်ကျော်သွားပြီးနောက် တိုင်းပြည်ကြီးက အရှေ့နှင့် အနောက်ဘက်သို့ နယ်ချဲ့ဖို့ရန် မည်သို့ တတ်နိုင်ပါတော့မည်နည်း။ ဧကရာဇ်က ဉာဏ်ပညာရှိသည်ဟု ယူဆရလျှင် သူတို့သည် ၁၀စုနှစ်တစ်ခု သို့မဟုတ် ထို့ထက်ပိုပြီး ငြိမ်းချမ်းမှုကို ခံစားနိုင်လေသည်။ ဆယ်စုနှစ်အချိန် ကာလတစ်ခု ကုန်လွန်သွားခဲ့လျှင် တစ်တိုင်းပြည်လုံးက စစ်မက်အတွက် အသုံးချခံ လိုက်ရမည်တဲ့လား။ မည်သူက ဒါကို ကြိုပြောနိုင်ပါမည်နည်း။ မသေချာသည့် အနာဂတ်အတွက် အဘယ်ကြောင့် စိုးရိမ်နေရပါမည်နည်း။
ဆိုင်တာဝန်ခံရွှီက မေးလိုက်သည်။
"ဆိုင်တာဝန်ခံဝမ် ပြန်လာကြမဲ့ ကပ်ဘေးဒုက္ခသည်တွေကို ဘယ်လို နေရာချထားပေးမလဲဆိုတာ ကျွန်တော်သိချင်တယ် ကြေငြာချက်ထဲမှာ အသေးစိတ် ထည့်မရေးထားလို့လေ"
ဆိုင်တာဝန်ခံဝမ်က တဟင်းဟင်း ရယ်လေသည်။
"အမိန့်တော်က ထုတ်ပြန်ထားတာ သိပ်မကြာသေးဘူး၊ ဒါကို ကျွန်တော်တို့ဒေသတွေမှာ ကပ်ထားတာလဲ သိပ်မကြာသေးဘူး ခင်များ ဒါကို ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက ကူးခဲ့တာပဲဖြစ်ရမယ်၊ ဟုတ်တယ်မလား တိကျတဲ့ စည်းမျဥ်းစည်းကမ်းတွေကိုတော့ ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်ကမှ ထုတ်ပေးထားတာ အဲဒါတွေကို သွားကြည့်ဖို့ ကျွန်တော်နဲ့လိုက်ခဲ့ကြ"
သူသည် လူနှစ်ယောက်ကို မြို့အပြင်ဘက်က အသိပေးစာကပ်ထားသည့် ဘုတ်ပြားဆီသို့ ခေါ်လာခဲ့ပြီး သူက ဆက်ပြောလေသည်။
"တကယ်တမ်းတော့ ခင်များတို့တွေ နောက်ထပ် ၂ရက်လောက် ထပ်စောင့်မယ်ဆိုရင် မြို့တံခါးဝမှာ လူတွေကို နေရာချထားပေးဖို့အတွက် တာဝန်ပေးထားတဲ့အရာရှိတွေ ရှိလိမ့်မယ်၊ အခုလောလောဆယ်တော့ လူအင်အားက လိုနေတာလေ။ အထူးသဖြင့် လယ်သမားတွေပေါ့၊ ကျွန်တော် အသိပေးစာကို ဖတ်ပြီးပြီ၊ ပြန်ရောက်လာကြမဲ့ ကပ်ဘေးဒုက္ခသည်တွေ အားလုံးကို သူ့ရဲ့စီရင်စုအသီးသီး အနီးအနားက ရွာတွေမှာ အခြေချထားပေးပြီး စပါးကင်းလွတ်ခွင့်ပေးမဲ့အပြင် မြေနေရာတွေကိုလဲ ချီးမြှောက်ပေးမယ်တဲ့၊ သူတို့တွေကို သုံးနှစ်တာအတွင်း လုပ်အားတာဝန်နဲ့ အခွန်အခတွေကိုလဲ ကင်းလွတ်ပေးမယ်တဲ့"
သူတို့သည် အသိပေးစာကပ်ထားသည့် ဘုတ်ပြားနားသို့ ရောက်လာချိန်တွင် မြို့အပြင်ဘက်က လူသူကင်းမဲ့နေလေသည်။ အသိပေးစာကပ်ထားသည့် ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိကြချေ။ ထို့ကြောင့် သူတို့လေးယောက်သည် လူအုပ်ကြီးကို တိုးဝှေ့ဖို့ရန် မလိုအပ်ခဲ့ချေ။ ရှန်းလီက တစ်ချက်လောက် လှမ်းကြည့်လိုက်ပြီး အသစ်ကပ်ထားသည့် အသိပေးစာကို ချက်ချင်းအာရုံစိုက်ကာ တစ်ချို့စာကြောင်းများကို ဖတ်လိုက်သည်။ ဆိုင်တာဝန်ခံဝမ် ပြောခဲ့သည့်မြေယာများကို ချထားပေးမည်ဟူသည့်အပိုင်းကို ရောက်လာသည်တွင် သူ၏စာဖတ်သည့်နှုန်းက သိသိသာသာ နှေးကွေးသွားလေသည်။
"လုပ်နိုင်ကိုင်နိုင်တဲ့ သန်မာတဲ့လူအတွက် မြေဧက ၄၀တဲ့လား"
ရှန်းလီသည် သူက အမြင်မှားလေသလားဟု စဥ်းစားမိလိုက်လေသည်။ သူက ဆိုင်တာဝန်ခံဝမ်ဖက်ကို လှည့်ကာ မေးလိုက်လေသည်။
"လက်ရှိ ရှီးကျိုးမှာ အိမ်ထောင်စု ဘယ်နှစ်ခုရှိလဲ သိလို့ရမလား ခင်ဗျာ"
ဆိုင်တာဝန်ခံဝမ်၏ မျက်နှာပေါ်က အပြုံးသည်။ မှေးမှိန်သွားပြီး သူက သူ့အကြည့်ကို အောက်ချထားလိုက်ကာ ပြန်ဖြေလိုက်လေသည်။
"အိမ်ခြေ ၁၅၀၀တောင် မပြည့်ပါဘူး” ဆိုင်တာဝန်ခံရွှီက သူ့ကို တအံ့တသြ ကြည့်လိုက်၏။ ဆိုင်တာဝန်ခံဝမ်က သက်ပြင်းချလိုက်သည်။ "ဒါကပဲ အကောင်းဆုံး ဖြစ်နေပြီးပါပြီ၊ ခင်များတို့နေခဲ့ကြတဲ့ ချီယန်စီရင်စုက အခုဆိုရင် လုံးဝ ပျက်စီးသွားပြီလေ၊ အနီးအနားက စီရင်စုငယ်လေးတွေကလဲ အိမ်ခြေ ၈၀၀၊ ၉၀၀လောက်တောင် ကျန်တော့မှာ မဟုတ်ဘူး၊ ဒီနှစ်အနည်းငယ်အတွင်းမှာ လက်နက်ကိုင်ထားတဲ့ သူပုန်အဖွဲ့တွေ တော်တော်များများကလဲ ဖြတ်သန်းသွားလာခဲ့ကြပြီး လူတွေကို သတ်ဖြတ် ဖမ်းဆီးခဲ့ကြတယ်လေ၊ မင်းသားချူက ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်ခဲ့ပေမဲ့လည်း မြို့ထဲက လယ်မြေတွေကတော့ ကျတ်တီးမြေတွေ ဖြစ်သွားခဲ့ပြီ၊ အပြင်ဘက်က မြေတွေကလဲ စိုက်ပျိုးပေးမဲ့သူ မရှိတဲ့အတွက် စွန့်ပစ်ခံထားရတယ်၊ နှစ်အနည်းငယ်ကြာသွားတဲ့အခါမှာတော့ ဘယ်လိုလုပ်ပြီး သိုလှောင်ထားတဲ့စပါးတွေ ရှိနိုင်အုံးမှာလဲ၊ မရေမတွက်နိုင်တဲ့ လူတွေက ငတ်ပြတ်ပြီး သေဆုံးခဲ့ကြတယ်၊ ကျွန်တော်တို့မိသားစုတွေကသာ ကျွန်တော်တို့ရဲ့ မြေပိုင်ရှင်ရဲ့ကျေးဇူးကြောင့်ပဲ အန္တရာယ်ကင်းကင်းနဲ့ အသက်ရှင်နေနိုင်ခဲ့တာ"
အခိုက်အတန့် တိတ်ဆိတ်သွားလေသည်။
ရှန်းလီက သူ၏အကြည့်ကို အသိပေးစာဆီသို့ ပြန်ပို့လိုက်ပြီး မေးလိုက်လေသည်။
"ဒီမှာပြောထားတာတော့ ရာသက်ပန်မြေယာ ၁၀ ဧကနဲ့ ခွဲဝေချထားပေးမဲ့ လယ်မြေဧက၃၀တဲ့၊ ဘာက ရာသက်ပန် လယ်မြေဖြစ်ပြီးတော့ ဘာက ခွဲဝေသတ်မှတ်ထားတဲ့ လယ်မြေဆိုတာ ဆိုင်တာဝန်ခံဝမ်က ကျွန်တော့်ကို ရှင်းပြပေးလို့ရမလား"
ဆိုင်တာဝန်ခံဝမ်က ပြောပြလိုက်သည်။
"အစောပိုင်းတုန်းက အသိပေးစာကိုလာကပ်တဲ့ စာရေးဆီက ကြားထားတာကတော့ ဘိုးဘွားပိုင်မြေတွေကို ခင်များတို့ကို ခွဲဝေပေးမယ်၊ ဒါက ခင်များတို့ရဲ့ ကိုယ်ပိုင်မြေဖြစ်လာပြီး သားစဥ်မြေးဆက် လက်ဆင့်ကမ်းလာလို့ရသလို ခင်များတို့ရဲ့ဆန္ဒအတိုင်း ပြန်လည်ရောင်းချလို့ရတယ်၊ ခင်များတို့တွေက ဒီမြေနဲ့ကိုက်ညီတဲ့ ဘာကိုမဆို စိုက်ပျိုးလို့ရတယ်၊ ခွဲဝေသတ်မှတ်ထားတဲ့မြေကတော့ ဒါက ရုံးတော်ရဲ့ ပိုင်ဆိုင်မှုအောက်မှာ ရှိနေတယ်ဆိုပေမဲ့ ကောက်ပဲသီးနှံတွေကိုပဲ စိုက်ပျိုးလို့ရပြီး ရောင်းချလို့မရဘူး၊ ခင်များက ကွယ်လွန်သွားတာနဲ့ ဒီမြေတွေကို ရုံးတော်ကို သေချာပေါက်ပြန်အပ်ရမယ်"
ရှန်းလီသည် ဒါကို မှတ်ထားလိုက်ပြီး အသိပေးစာကို ပြီးအောင်ဖတ်လိုက်လေသည်။ ထိုအခါမှ ဆိုင်တာဝန်ခံဝမ် ထပ်ပြောလိုက်သည်ကို ကြားလိုက်၏။
"ခင်များတို့တွေ အခုပြန်လာမယ်ဆိုရင် အကောင်းဆုံးပဲ၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရှဲ့ကျိုးမြို့ထဲက နေထိုင်သူတွေအားလုံးက ဒေသခံနေထိုင်သူတွေ မဟုတ်ဘူးလေ၊ သူတို့ထဲကတစ်ချို့တွေက အစိုးရအမိန့်နဲ့ ဒီဖက်ကိုခေါ်လာကြတဲ့ အနီးအနားရွာက လူတွေပဲ၊ အိမ်ခြေမဲ့လူတွေလဲပါတာပေါ့၊ ဒါပေမဲ့ ခင်များတို့လဲ သတိထားမိမှာပဲ၊ ဒီမှာရှိတဲ့အိမ်တစ်ချို့က ပိုင်ရှင်တွေ မဲ့နေကြတယ်လေ၊ ဒီလူတွေက နှစ်တော်တော်ကြာအောင် ဒီအိမ်တွေမှာ နေထိုင်လာပြီးတော့ အခုကြတော့ ဖယ်ပေးဖို့ခေါ င်းမာမာနဲ့ ငြင်းဆန်နေကြတာပေါ့၊ အာဏာပိုင်တွေကလဲ သူတို့တွေကို မြို့အပြင်ဘက်မှာ နေရာတွေကို ပေးထားပါတယ်၊ ဒါပေမဲ့ သူတို့တွေက ရှဲ့ကျိုးထဲမှာ သူတို့ရထားတဲ့ အိမ်ယာမြေတွေကို လက်လွှတ်ရမဲ့အစား အငတ်ခံကြဖို့ဘဲ ရွေးချယ်နေကြတယ်လေ"
"တကယ့်ကို မိုက်မဲကြတာပါ၊ အုပ်ချုပ်ရေးပိုင်းကလဲ အခုလောလောဆယ် အလုပ်များနေကြသေးလို့ပါ၊ သူတို့တွေက အစောပိုင်းမင်းဆက်ရဲ့ မှတ်တမ်းမှတ်ရာတွေကို ဖြေရှင်းပြီးသွားလို့ အချိန်ရလာကြရင် စာရင်းထဲမှာ ပျောက်ဆုံးနေတဲ့ မြေယာတွေကို ပြန်လည်တောင်းယူကြလိမ့်မယ်၊ ဒီနယ်မြေတွေကို ဘယ်သူမှ ယူထားလို့ ရမှာမဟုတ်ဘူး၊ ဒါကြောင့်မလို့ အခုအချိန် တောင်အတွင်းပိုင်းက နေထွက်လာတာက ပိုပြီး ဉာဏ်ရှိတဲ့လုပ်ရပ်ပဲ၊ မြို့အပြင်ဘက်မှာ ကောင်းမွန်တဲ့နေရာတွေ ကျန်နေတုန်း ထွက်လာကြတာ ကောင်းတယ် ဒီလိုမှ အခွင့်အရေးကို အရင်ဆုံးဖမ်းဆုပ်နိုင်လိမ့်မယ်"
ရှန်းလီကို လှမ်းကြည့်လိုက်ပြီး သူက ဆက်ပြောလိုက်သည်။ သူသည် မနှစ်က ဆိုင်တာဝန်ခံရွှီထံမှ သိထားခဲ့ပြီးဖြစ်သည်။ သူတို့မိသားစုသည် တောင်အတွင်းပိုင်းသို့ ခိုလှုံဖို့ရန် မြောက်ပိုင်းစစ်ပွဲမှပြန်ရောက်လာသည့် လူငယ်လေးနှစ်ယောက်၏ အကာအကွယ်ကို အားကိုးနေရသည်ဟု ဆိုသည်။ ထို့ကြောင့် သူက အကြံပြုလိုက်၏။
"ရှဲ့ကျိုးမြို့အပြင်ဘက်က ကြီးမားတဲ့မြေယာတွေက အခုလောလောဆယ်မှာ ရုံးတော်ရဲ့လက်ထဲမှာပဲ ရှိသေးတယ်"
ဆိုင်တာဝန်ခံရွှီသည် ဆိုင်တာဝန်ခံဝမ်ကို ရုတ်တရက် မော့ကြည့်လိုက်လေသည်။
"ခင်များပြောချင်တာက ... "
ဝမ်မိသားစုတစ်ခုတည်းနှင့်တင် မြို့အပြင်ဘက်တွင် ကြီးမားသည့် အိမ်ယာပေါင်း ၃၀ထက်မနည်းရှိသည်ကို သူ သိထားသည်။
ဆိုင်တာဝန်ခံဝမ်က ခေါင်းငြိမ့်ကာ ပြောလိုက်၏။
"မြို့ထဲက ချမ်းသာကြွယ်ဝကြတဲ့မိသားစုတွေက ဒီနှစ်ပိုင်းထဲမှာ တစ်ခြားနည်းလမ်းတွေနဲ့ သူတို့ရဲ့ ဆွေမျိုးတွေကို အကာအကွယ် ပေးနိုင်တယ်လို့ ခင်များက ထင်နေတာလား"
အစပိုင်းတွင်တော့ ဒါသည် စပါးနှင့်ငွေများကို ထောက်ပံ့ရသည့် ကိစ္စတစ်ခုသာ ဖြစ်ခဲ့သည်။ သို့သော်ငြားလည်း မင်းသားချီ ရောက်လာချိန်တွင် အစောပိုင်းက ချူဘုရင်ကို သစ္စာခံခဲ့ကြသည့် ထိုမျိုးရိုးကြီးချမ်းသာသူများသည် စစ်မှန်သည့် နောင်တရခြင်းကို မထုတ်ပြဘဲ မည်သို့ အထိအခိုက်ဘဲ လွတ်မြောက်နိုင်ပါမည်နည်း။ သူတို့မိသားစုကို လုံခြုံစေဖို့ရန်နှင့် သူတို့၏မြို့ပြပိုင်ဆိုင်မှုကိုလည်း ကာကွယ်နိုင်ဖို့ရန် သူတို့သည် မြို့တံတိုင်း အပြင်ဘက်က မရေမတွက်နိုင်သည့် အိမ်ယာဝန်းများကို သေချာပေါက် လက်လွှတ်ရပေမည်။
ဆိုင်တာဝန်ခံရွှီက သဘောပေါက်သွားပြီး ပြန်ဖြေလိုက်သည်။
"အာဏာပိုင်တွေက ဒီလိုအခြေချမဲ့ကိစ္စကိုတော့ အလွယ်တကူ ထုတ်ပြန်လိမ့်မှာ မဟုတ်ဘူးလို့ ထင်တယ် ဟုတ်တယ်မလား” ဒီပစ္စည်းဥစ္စာများသည် မည်သည့်အုပ်ချုပ်ရေးကမဆို ထိန်းသိမ်းဖို့ရန် ကြိုးစားကြမည့် အဓိကအရင်းအမြစ်များ ဖြစ်လေသည်။
ဆိုင်တာဝန်ခံဝမ်က တာဝန်ခံရွှီနှင့်ရှန်းလီကို လှမ်းကြည့်လိုက်ပြီး မေးလိုက်၏။
"ခင်များတို့တွေရဲ့ တောင်ပေါ်ကျေးရွာထဲမှာ နေထိုင်ကြတဲ့လူအရေအတွက် ဘယ်လောက်ရှိလဲ၊ ကျွန်တော် မေးကြည့်လို့ရလား"
သူတို့ ပြန်မဖြေရသေးခင်မှာပင် သူက ဆက်ပြော သည်။
"ဒါက သိချင်ရုံသက်သက်ပဲ မဟုတ်ပါဘူး၊ ခင်များတို့ မသိသေးလို့ပါ၊ ဒါပေမဲ့ လက်ရှိအခြေအနေမှာ အစိုးရအတွက် ပထမဦးဆုံး ထိပ်တန်းဦးစားပေးက လူတွေကို ပြန်လည်နေရာချထားဖို့လေ၊ ဒါက အရာရှိတွေရဲ့ လုပ်ဆောင်ချက်ကို အကဲဖြတ်တာနဲ့ ပတ်သတ်နေတယ်၊ တကယ်လို့ ခင်များမှာ များပြားတဲ့လူဦးရေတစ်ခု ရှိတယ်ဆိုရင် ကျွန်တော်တို့ရဲ့သခင်ကြီးက ခင်များတို့ကိုယ်စား တိုင်ပင်ဆွေးနွေးပေးလို့ရတယ်"
ဒါသည် သူတို့၏သခင်ကြီးအတွက် အုပ်ချုပ်ရေး အရာရှိအသစ်နှင့် အဆက်အသွယ်များ တည်ဆောက်ဖို့ရန် အခွင့်အရေးတစ်ခုလဲ ဖန်တီးပေးပေလိမ့်မည်။ ဆိုင်တာဝန်ခံဝမ်သည် သူက ထိုသို့လုပ်ဖို့ရန်ဆန္ဒရှိလိမ့်မည်ဟု မှတ်ယူလေသည်။ သို့သော်ငြားလည်း အစေခံတစ်ယောက်အနေဖြင့် ဒါကို တိုက်ရိုက်အကြံပြုဖို့ရန် သူ့အတွက်က အတိုင်းအတာတစ်ခုအထိ မသင့်လျော်လှပေ။
သူတို့၏ မတူညီလှသည့် လူမှုရေးအဆင့်အတန်းများ ရှိနေသော်လည်း ဆိုင်တာဝန်ခံရွှီသည် ဆိုင်ရှင်တစ်ယောက် ဖြစ်လေရာ အရူးတော့ မဟုတ်ချေ။ သူက တစ်ချက်ကြည့်လိုက်ရုံနှင့် အဓိပ္ပါယ် ကိုသိလေသည်။ သူနှင့်ရှန်းလီတို့၏ မျက်လုံးများက လင်းလက်သွား၏။
အမှန်ပင် သူတို့တွင် လူအရေအတွက် အများအပြား ရှိလေသည်။
ဆိုင်တာဝန်ခံရွှီက ကျေးဇူးတင်စကား ပြောလိုက် ၏။
"ကျွန်တော်တို့တွေကို အကြောင်းကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့က ဒီကိစ္စကိုမဆုံးဖြတ်ခင် အားလုံးနဲ့အရင်တိုင်ပင်ဖို့ လိုအပ်သေးတယ်၊ ကျွန်တော်တို့ ချက်ချင်း ပြန်သွားမှဖြစ်မယ်၊ တကယ်လို့ ကျွန်တော်တို့တွေက အပြင်ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်ဆိုရင် ခင်များက ခင်များရဲ့သခင်ကြီးဆီမှာ ကျွန်တော်တို့ရဲ့ တောင်းဆိုမှုကို တစ်ဆင့်ပြန်ပြောပေးပြီး တွေ့ဆုံဖို့စီစဥ်ပေးဖို့ မျှော်လင့်ပါတယ်၊ ကျွန်တော့်မျက်နှာကိုထောက်ထားပြီး ကျွန်တော်တို့ကိုယ်စား စကားပြောပေးဖို့ သူ့ကို တောင်းဆိုချင်ပါတယ်"
ဆိုင်တာဝန်ခံရွှီက တဟင်းဟင်း ရယ်မောလေသည်။
"ဒါကို စီစဥ်ပေးလို့ရပါတယ်"
နှုတ်ဆက်စကား ပြောလိုက်ပြီးနောက်တွင် ရှန်းလီနှင့် ဆိုင်တာဝန်ခံရွှီတို့သည် အလျင်အမြန် ပြန်လာခဲ့ကြတော့သည်။
"မြေဧက၄၀ ဟုတ်လား"
လယ်သမားအုပ်စုကြီးက အလန့်တကြား ဖြစ်သွားပြီး အဘိုးလု၏နှုတ်ခမ်းများမှာ တုန်ယင်သွားလေသည်။
"ဧကအများကြီးပဲလား"
သူသည် နားကြားများမှားလေသလားဟု ခံစားရလေသည်။
ရှန်းလီက ကိုယ်တိုင်ထပ်ပြောလိုက်၏။
"ဧက၄၀ပါ၊ ၁၀ဧကကတော့ ရာသက်ပန် ကိုယ်ပိုင်မြေဖြစ်လာပြီး ဧက၃၀ကတော့ ခွဲဝေသတ်မှတ်ထားတဲ့ အငှားမြေယာ ဖြစ်လာမှာပါ"
သူက ရာသက်ပန်မြေယာနှင့် အငှားမြေယာအကြား ကွာခြားချက်ကို ရှင်းပြလိုက်လေသည်။
အဘိုးလု၏လက်များက တုန်ယင်သွား၏။
"ဒါတော့ မဟုတ်လောက်သေးဘူး ထင်တယ် ဟုတ်တယ်မလား၊ လုပ်နိုင်ကိုင်နိုင်တဲ့ ယောက်ကျားသား တစ်ယောက်ချင်းစီအတွက် မြေဧက၄၀တဲ့လား"
သူသည် သူ့ကိုယ်ပိုင်မိသားစုကို တွက်ချက်ကြည့်လေသည်။ သူကိုယ်တိုင်၊ သူ့ဒုတိယသား၊ တတိယသား၊ အကယ်၍များ အကြီးဆုံးသားက ဘာမှမဖြစ်ခဲ့လျှင် သူကိုလဲ ထည့်သွင်းစဥ်းစားနိုင်သည်။ သဘောမှာ သူတို့မိသားစုနှင့်တင် ဧက၁၆၀ရရှိမည့် အဓိပ္ပါယ် ဖြစ်နေသည် မဟုတ်ပါလား။
ရှန်းလီက ပြောလိုက်သည်။ "အရမ်းကြီးတော့ ကြိုပြီးတွက်မထားပါနဲ့အုံး၊ ဒီနေရာပတ်ဝန်းကျင်က တောတောင်တွေ အများကြီး မဟုတ်လား။ အဲဒီ့ ပေးမယ်ဆိုတဲ့ မြေအများစုကလဲ တောင်ကုန်းတောင်တန်းတွေ ပေါ်မှာပဲ ဖြစ်ဖို့များပါတယ်၊ နောက်ပြီးတော့ လုပ်အားဝန်ထမ်းနဲ့ အခွန်အခကိုလဲ သုံးနှစ်ကင်းလွတ်ခွင့်ပေးမယ်တဲ့၊ ဒါပေမဲ့ အဲဒီ့နောက်ပိုင်းကြရင်တော့ သတ်မှတ်ထားတဲ့အတိုင်း ကျသင့်တဲ့အခွန်ငွေကို ပေးရအုံးမှာပဲ၊ အဲဒီ့အချိန်ကြရင် ကိုယ့်မှာရှိတဲ့ မြေပမာဏ အပေါ်မူတည်ပြီး အခွန်တွေကို ပေးဖို့လိုတယ်"
စန်းလော့သည် သူမ၏ မူလခေတ်ကာလက ဒီလိုအခြေအနေ အမှန်ရှိခဲ့သဖြင့် သူမက ဒါကို ယုံကြည်လေသည်။ ထန်ခေတ်တွင် မြေနေရာခွဲဝေမှုက ပိုလို့ပင် မယုံကြည်နိုင်စရာ မကောင်းပေ။ လူတစ်ယောက်ကို ဧက၁၀၀ရရှိလေသည်။
လက်တွေ့တွင်လဲ ထိုဧက၁၀၀ အစစ်အမှန် ရရှိခဲ့ကြသည့်သူများသည် လူဦးရေ သိသိသာသာ ကျဆင်းနေပြီး ကျယ်ပြောလှသည့်မြေယာများ စွန့်ပစ်ခံရသည့်အချိန် အစောပိုင်း ဖရိုဖရဲဖြစ်နေသည့် အတောအတွင်းတွင် ကျန်ရစ်ခဲ့ကြသူများ ဖြစ်လေသည်။ အချိန်ကာလ ကြာရှည်လာသည်နှင့်အမျှ ထန်ခေတ်လူဦးရေသည် အလျင်အမြန် တိုးတက်လာခဲ့ပြီး နောက်ပိုင်း မျိုးဆက်များအတွက် ထိုမြေများရရှိဖို့ရန် အင်မတန်မှ ခက်ခဲလာကြသည်။ သို့တိုင် မြေခွန်ကတော့ ပိုင်ဆိုင်မှုမြေဧက ပေါ်အခြေခံပြီး ကောက်ခံကြသည်။ ဒါက အံသြစရာတော့ မဟုတ်ပေ ...
သို့သော်ငြားလည်း ဒါသည် အနာဂတ်ကာလက ကိစ္စဖြစ်လေသည်။ လက်ရှိတွင် မစို့မပို့ မြေဧကလေးသာပိုင်ဆိုင်ပြီး တစ်နှစ်လျှင် လူချမ်းသာ မြေပိုင်ရှင်များဆီမှ ငှားရမ်းခဲ့ကြရသည့် ချန်းမိသားစု၊ လုမိသားစုနှင့် ရှီမိသားစုတို့လို မိသားစုများအတွက် အိမ်ထောင်စုတစ်ခုတွင် လုပ်ရည်ကိုင်ရည်ရှိသည့် ယောက်ကျားသား တစ်ယောက်ချင်းစီက မြေဧက၄၀ရရှိမည့် အလားအလာသည် အားရကျေနပ်စရာထက် ပိုသည်က မရှိတော့ချေ။
သူတို့သည် သူတို့၏ကံတရားကို မယုံကြည်နိုင်သဖြင့် အလွန်မှ ပျော်ရွှင်ဝမ်းမြောက်နေကြလေသည်။
ရှန်းလီက အပြင်ဘက်တွင်ကျန်ခဲ့သည့် လူအရေအတွက်ကို ကြေငြာလိုက်သည့်အချိန်မှာ နောက်ဆုံးတော့ လူအုပ်ကြီးက ငြိမ်ကျသွားတော့သည်။ အခုတော့ အမှန်တရားကို ယုံကြည်လက်ခံသွားကြလေသည်။
ခဏလောက် နားထောင်လိုက်ပြီးနောက်တွင် ရှန်းကျင့်က မေးလိုက်၏။
"အစ်ကိုကြီး၊ ကျွန်တော်တို့လို အရွယ်မရောက်သေးတဲ့ မိသားစုတွေအတွက်ရော ကျွန်တော်တို့တွေလဲ မြေယာတွေ ရမှာလား"
ရှန်းလီက ပြုံးကာပြန်ဖြေလိုက်သည်။
"ရမှာပေါ့ မင်းက အိမ်ထောင်ဦးစီးတစ်ယောက် ဖြစ်တယ်ဆိုရင်၊ မင်းလဲ ယောက်ကျားလေးလူဦးရေ အရေအတွက် ပေါ်မူတည်ပြီး မြေယာကို ရရှိလိမ့်မယ်"
သူတို့မိသားစုကလဲ မြေယာကိုရရှိလိမ့်မည်ဟု ကြားလိုက်သည်တွင် ရှန်းကျင့်၊ ရှန်းယင်နှင့် ရှန်းထယ်တို့သည် မနေနိုင်ကြတော့ဘဲ အသံထွက်ကာ အော်ရယ်ကြတော့သည်။
အပြင်ဘက်က အချက်အလက်အားလုံးကို စုစည်းပြီးသည်တွင် ထွက်ခွာမည် မထွက်ခွာမည်နှင့်ပတ်သတ်သည့် ဆုံးဖြတ်ချက်က ရှင်းလင်းလာတော့သည်။
ထွက်ခွာရပေမည်။
အပြင်ဘက်က တိုက်ပွဲများက အားလုံးနီးပါးပြီးစီးသွားခဲ့သည်။ လုပ်နိုင်ကိုင်နိုင်သည့် ယောက်ကျားသား တစ်ယောက်ချင်းစီကို ခွဲဝေပေးမည့် မြေဧက၄၀ ရရှိသည်တွင် ပိုမိုကောင်းမွန်သည့် မြေအရည်အသွေး ရှိသည့်မြေယာများနှင့် ပိုပြီးကောင်းမွန်သည့် တည်နေရာများကို ရရှိဖို့ရန် အခွင့်အရေးတစ်ခုလဲရှိသေးသည်။ ယခုအချိန်တွင် မထွက်ခွာသည်ကပင် မိုက်မဲရာကျလိမ့်မည်။
ဖန်းလျိုညန်က သူမ၏ဝမ်းဗိုက်လေးကို ပွတ်သပ်လိုက်ပြီး လုအာ့လန်နှင့် အကြည့်ချင်း ဖလှယ်လိုက်လေသည်။ လင်မယားနှစ်ယောက်သည် မနေနိုင်ဘဲ အတူတူ ပြုံးရယ်မိကြ၏။
သူတို့သည် တော်တော်လေး ထိန်းချုပ်ခဲ့ရပြီးဖြစ်သည်။ သို့သော်ငြားလည်း အချိန် တော်တော်ကြာလာပြီးနောက်တွင်တော့ သူတို့သည် ဒါကို မည်သို့ အမှန်တကယ် သည်းခံနိုင်ပါမည်နည်း။ အထူးသဖြင့် ယခုတော့ မိသားစုတစ်ခုလုံးက အတူတူ နေထိုင်ကြပြီဖြစ်သည်။ ရွာက အကြီးအကဲတစ်ချို့က ကလေးမွေးဖွားခြင်းကို ကူညီပေးနိုင်ကြသည်ဆိုသော်လည်းပဲ ဆေးဝါး အကန့်အသတ်ရှိနေသည့် တောင်အတွင်းပိုင်းတွင် နေထိုင်ရခြင်းက ဖန်းလျိုညန်ကို သူမ ကိုယ်ဝန်ရှိလာသည့်ကိစ္စနှင့်ပတ်သတ်ပြီး စိတ်မပူဘဲ မနေနိုင်ချေ။ ယခုတော့ ထွက်ခွာရမည့် အခွင့်အရေး ရလာသဖြင့် သူမသည် စိတ်အေးရလေသည်။
ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပင် အဘွားချန်းနှင့်အဘွားလုတို့က သူတို့၏သားကို လှမ်းခေါ်လိုက်၏။
"သွားကြ၊ အိမ်နီးချင်းရွာတွေကို ဒီအကြောင်း သတင်းသွားပို့လိုက်ကြ"
ရှီသလန်က ပြုံးကာပြောလိုက်လေသည်။
"ကျွန်တော် မင်းတို့နဲ့လိုက်ခဲ့မယ်"
...
အပိုင်း (၂၁၀) အခြေချခြင်း
ဝူတင်း တတိယနှစ် ၁၀လပိုင်းအလယ်တွင် အအေးဓာတ်က လေနှင့်အတူ လွှင့်ပါးသွားပြီဖြစ်သည်။
ရှီးကျိုးမြို့၏ မြို့အပြင်ဆင်ခြေဖုံးသည် ပြီးခဲ့သည့်တစ်လနှင့် လုံးဝကွာခြားသွားလေသည်။ ထိုအချိန်က မြို့အပြင်တံခါးတွင် လူသူအရိပ်အယောင်များ မရှိသော်လည်း ယခုတော့ ဒီနေရာက လူများဖြင့် စည်ကားလို့နေသည်။ တစ်ချို့က အပြင်ဘက်တွင်ချထားသည့် စားပွဲရှည်ကြီးတစ်လုံးတွင် စာရင်းများပေးသွင်းနေကြသည်။ အများစုကတော့ လာပြီးလေ့လာရုံနှင့် မေးခွန်းများကို မေးမြန်းကြရုံသာဖြစ်လေသည်။ အဝေးမှကြည့်လျှင် မည်းနက်နေသည့် ဦးခေါင်းများ ပြည့်နှက်နေသည့် ပင်လယ်ကြီးတစ်ခုလိုဖြစ်နေသည်။
အနီးကပ်လေ့လာကြည့်လိုက်သည်တွင် လူအုပ်ကြီးထဲတွင် ကပ်ဘေးဒုက္ခသည်များဟု ထင်ရသည့် ပိန်ပိန်ပါးပါး မျက်တွင်းကျနေကြသည့် လူများလည်းပါဝင်သည်။ သို့သော်ငြားလည်း သူတို့သည် ပိုးသားနှင့်ဖဲသားများကို ဝတ်ဆင်ထားကြပြီး အထုပ်အပိုးများစွာကို သယ်လာကြလေသည်။ အထုပ်အပိုးများသည် အလွန်မှများပြားလွန်းသဖြင့် သယ်ထားသည့်လူများမှာ နစ်မြှုပ်လုမတတ် ဖြစ်နေကြသည်။ ထိုသူများမှလွဲလျှင် တစ်ချို့သူများက အိပ်ယာခင်း၊ ပေါင်းမိုး၊ အိုးခွက်ပန်းကန်နှင့် မှန်များ၊ အနီရောင်ခွေးခြေခုံငယ်လေးများကိုလဲ သူတို့၏ ကျောဘက်တွင် သယ်လာကြပြီး ထူးဆန်းသည့်မြင်ကွင်းတစ်ခု ဖြစ်နေလေသည်။
မြို့တံခါး၏အတွင်းဘက်တွင်လဲ ထိုနည်းတူစွာ ဝတ်ဆင်ထားသည့် ပုဂ္ဂိုလ်များကို ဒေသခံအာဏာပိုင်များက စောင့်ကြပ်ထားကြသည်။ သူတို့ကို လိုက်ပါပို့ဆောင်ပေးခြင်းနှင့် ဆော်သြပေးနေကြသည့် အခြေအနေကြားထဲတွင် သိမ်မွေ့သည့်ဟန်ချက်တစ်ခုရှိသလို သူတို့ကိုလဲ အချိန်ဆွဲခွင့်မပေးပေ။ ဒေသခံအာဏာပိုင်များရှေ့က လျှောက်သွားကြသည့် လူအဖွဲ့များသည် မကြာခဏဆိုသလို မြို့ဘက်သို့ ပြန်လှည့်ကြည့်တတ်ပြီး သူတို့၏ခြေလှမ်းများသည် အကြိမ်ကြိမ် နှေးကွေးနေကြကာ ထွက်ခွာသွားဖို့ရန် ဆန္ဒမရှိဘဲ တွန့်ဆုတ်နေကြသည်ကို ဖော်ပြနေလေသည်။
ထိုလူအုပ်ကြားထဲတွင် အစောပိုင်းက ရှန်းလီနှင့် ဆိုင်တာဝန်ခံရွှီတို့နှင့် တွေ့ဆုံခဲ့သည့် ဆိုင်တာဝန်ခံဝမ်လဲ ပါလေသည်။ အဖွဲ့၏ရှေ့ဆုံးက လူ၂ယောက်မှာ တစ်ယောက်ကတော့ ဆိုင်တာဝန်ခံဝမ်၏သခင် သခင်ကြီးဝမ်ဖြစ်ပြီး ဆိုင်တာဝန်ခံရွှီ၏ စားသောက်ဆိုင်ပိုင်ရှင်လည်း ဖြစ်သည်။ ကျန်တစ်ယောက်ကတော့ သခင်ကြီးဝမ်နှင့် ခြေလှမ်းတစ်ဝက်သာ အကွာအဝေးတွင်ရှိပြီး အစိမ်းရင့်ရောင် အရာရှိဝတ်စုံကို ဝတ်ဆင်ထားသည်။ သူသည် ရှီကျိုးမြို့အတွက် အသစ်ခန့်အပ်ထားသည့် လက်ထောက်အုပ်ချုပ်ရေးမှူး ချူချီချန်းဖြစ်ပြီး သူ့နောက်မှနေ၍ အရာရှိငယ်လေးများစွာ လိုက်လာသည်။
အရာရှိငယ်လေးထဲက နှစ်ယောက်သည် လမ်းရှင်းရင်း ရှေ့သို့ ချဥ်းကပ်လာလေသည်။
"လမ်းဖယ်ကြပါ လမ်းဖယ်ကြပါ အမတ်ချူ ရောက်လာပါပြီ"
အမတ်ဟု ပြောလိုက်သည်တွင် လူအုပ်ကြီးသည် မြန်မြန်လမ်းဖယ်ပေးလိုက်ကြလေသည်။ ချူချီချန်းနှင့်သူ၏နောက်လိုက်များက မြို့တံခါးဘက်သို့ ခြေလှမ်းကြဲများဖြင့် လျှောက်လာကြသည်။ သူတို့သည် လျှောက်လာကြရင်းက အမတ်ချူက သခင်ကြီးဝမ်ကို မေးလိုက်သည်။
"မောက်လင် မင်း ပြောတဲ့လူတွေ ဒီနေ့ရောက်လာပြီလား”
ဝမ်မောက်လင်က ခေါင်းငြိမ့်ပြသည်။
"ဟုတ်ကဲ့ ကျွန်တော်တို့တွေ ဒီမနက်ခင်းတုန်းကပဲ သဘောတူထားပါတယ်"
"တကယ်ပဲ လူ၂၀၀နီးပါးလောက် ရှိသလား"
"ကျွန်တော်တို့ရဲ့ စားသောက်ဆိုင်ခွဲဟောင်းတွေထဲက ဆိုင်တာဝန်ခံတစ်ယောက်က ကျွန်တော့်ကို ဆက်သွယ်လာခဲ့တယ်” ထိုလူကဆက်ပြောသည်။ "သူတို့တွေက တောင်အတွင်းပိုင်းမှာ ခိုလှုံခဲ့ကြတယ်တဲ့ မိသားစုတွေ အများကြီးနဲ့ အင်အားပူးပေါင်းထားတယ်တဲ့၊ နောက်ပိုင်းကြတော့ သူတို့တွေက နောက်ထပ် အိမ်နီးချင်းရွာသားတွေနဲ့ တွေ့ဆုံခဲ့ကြပြီး အခြေချဖို့ ဖြစ်လာတယ်တဲ့၊ သူ ပြောထားတာကတော့ လူ၂၀၀ နီးပါးလောက် ရှိတယ်တဲ့၊ ကျွန်တော့်အထင်တော့ သူ ဒီကိစ္စနဲ့ပတ်သတ်ပြီး လိမ်မှာမဟုတ်ပါဘူး"
သူသည် ပြောရင်းဆိုရင်း သူတို့သည် မြို့တံခါးမှ ထွက်လာနှင့်ပြီဖြစ်လေသည်။ ရှေ့ကိုမျှော်ကြည့်လိုက်သည်တွင် သခင်ကြီးဝမ်သည် သူ၏မျက်လုံးများကို ကျဥ်းမြောင်းထားလိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။
"လက်ထောက်အုပ်ချုပ်ရေးမှူးချူ တစ်ချက်လောက် ကြည့်လိုက်ပါအုံး"
ချူချီချန်းသည် အဝေးသို့ လှမ်းကြည့်လိုက်သည်တွင် ကျယ်ပြောလှသည့် လူအုပ်ကြီးတစ်ဖွဲ့ကို တွေ့လိုက်ရလေသည်။ သူက သူ့နောက်တွင်ရှိသည့် စာရေးများဘက်သို့ လှည့်လိုက်ပြီး ညွှန်ကြားလိုက်၏။
" သွားစစ်ဆေးကြည့်လိုက်ကြအုံး သူတို့တွေက..."
သူသည် ရုတ်တရက်ဆိုသလို သူတို့၏နာမည်ကို မမှတ်မိပဲဖြစ်သွားကာ ဝမ်မောက်လင်ကို ကြည့်လိုက်လေသည်။
ဝမ်မောက်လင်က ပြန်ဖြေလိုက်၏။ " ကျွန်တော်တို့ ဆိုင်တာဝန်ခံရဲ့မျိုးရိုးကရွှီပါ၊ ရှန်းမျိုးနွယ်လို့ခေါ်တဲ့ အသက်၂၀ဝန်းကျင် လူငယ်လေးတစ်ယောက်လဲ ပါပါတယ်"
ချူချီချန်းက အတည်ပြုလိုက်သည်။ "ဟုတ်ပြီ၊ သူတို့ကို သွားကြည့်လိုက်ကြအုံး"
စာရေးနှစ်ယောက်က ရှေ့သို့ အလောတကြီး ပြေးထွက်သွားကြပြီး လူနှစ်ယောက်နှင့်အတူ ပြန်ရောက် လာလေသည်။ ရှီးကျိုးဆိုင်ခွဲနှင့် အဆက်အသွယ်ရှိခဲ့သည့် ဆိုင်တာဝန်ခံရွှီနှင့် ရှန်းလီတို့ကလွဲလျှင် မည်သူ ဖြစ်နိုင်ပါအုံးမည်နည်း။
ဒီတစ်ကြိမ်တွင်တော့ သခင်ကြီးဝမ်က သူတို့ကိုမှတ်မိဖို့ရန် နီးကပ်လာစရာ မလိုတော့ချေ။ သူက ပြုံးကာ ပြောလိုက်လေသည်။
"တကယ်ပဲ သူတို့ပါပဲ"
သို့သော်ငြားလည်း ချူချီချန်းက နီးကပ်လာသည့်လူအုပ်ကြီးကို ကြည့်မနေချေ။ သူသည် နောက်မှ အတန်းလိုက် လိုက်ပါလာသည့် လူများကို လည်ပင်းဆန့်ရင်း လေ့လာကြည့်လိုက်သည်။ အမှန်ပင် လူ ၁၈၀ ကျော်သည်က သေချာသည်။ မဟုတ်လျှင် ၂၀၀နီးပါးရှိလိမ့်မည်။
"အရမ်းကောင်းတယ် အရမ်းကောင်းတယ်"
သူသည် လင်းဖြာသွားပြီး နှစ်ကြိမ်ချီးကျူးလိုက်လေသည်။ ဆိုင်တာဝန်ခံရွှီနှင့် ရှန်းလီတို့ နီးကပ်လာသည့်နှင့် သူ့အပြုံးသည် နွေးထွေးသွားကာ ဝမ်မောက်လင်ကို လှမ်းခေါ်လိုက်လေသည်။
"ဒါက ဆိုင်တာဝန်ခံရွှီနဲ့ ရှန်းလီလို့ခေါ်တဲ့ လူငယ်လေးပဲ ဖြစ်ရမယ် ဟုတ်လား"
ဆိုင်တာဝန်ခံရွှီနှင့် ရှန်းလီတို့သည် စာရေးများထံမှ ကြိုဆိုခြင်းကို လက်ခံရရှိခဲ့ပြီး တလေးတစားဖြင့် ချဥ်းကပ်လာကာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။ ချူချီချန်းက သူတို့ကို လက်ဝှေ့ယမ်းပြလိုက်ပြီး သူ့အကြည့်ကတော့ သူတို့ကို ထောက်ခံချက်ပေးထားသည့် အစိုးရ၏ထောက်ခံစာကို မမှိတ်မသုန်ကြည့်နေလေသည်။
လူအုပ်ကြီးက ပိုပြီးနီးကပ်လာသည်နှင့်အမျှ သခင်ကြီးဝမ်က အမျိုးသား၊ အမျိုးသမီး၊ ကလေး၊ အသက်အရွယ်အားလုံးကို သတိထားမိလိုက်ပြီး တစ်ချို့က လူကြီးများကို တွဲထားကြကာ တစ်ခြားသူများကတော့ အငယ်လေးများကို ချီပိုးထားကြသည်။ သူတို့ကြားထဲတွင် သူသည် လက်ပေါ်တွင် အသက်၅နှစ်၊ ၆နှစ်အထက်မကျော်သည့် ကလေးလေးကိုချီထားသည့် အမျိုးသမီးတစ်ယောက်ကို သတိထားမိလိုက်၏။ ဒီကလေးသည် တောင်အတွင်းပိုင်းသို့ ပထမဦးဆုံးခိုလှုံစဥ်က တစ်စုံတစ်ယောက်၏ ရင်ခွင်ထဲက ကလေးလေးသာ ဖြစ်အုံးမည်။
ဒီအဖွဲ့ကို အကဲခတ်ကြည့်လိုက်ပြီး တော်တော်များများက အားအင်ချိနဲ့ နေဟန်တူသော်လည်း သူတို့သည် သည်ရက်ပိုင်းမြို့ထဲတွင် မြင်နေကြဖြစ်သည့် အရိုးပေါ်အရေတင်လူများထက် အများကြီး ပိုပြီး ကျန်းမာဟန်တူသည်။ ချူချီချန်းသည် သူတို့၏ အရည်အချင်းကို လေးစားအားကျရသဖြင့် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ သူက ဆိုင်တာဝန်ခံရွှီနှင့် ရှန်းလီတို့ကို အင်မတန်မှ လေးစားသည့်အကြည့်ဖြင့် ကြည့်လိုက်လေသည်။ ဒီအဖွဲ့ကို နေရာချထားပေးမည့်အစီအစဥ်သည် လအစပိုင်းကတည်းက ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ အဆင်ပြေသွားသည်က ဆင်ခြေအမျိုးမျိုးသုံးကာ ထွက်ခွာဖို့ရန် ခေါင်းမာမာနှင့်ငြင်းဆန်နေသည့် မြို့ထဲက လူအုပ်ကြီးတစ်စုကလဲ ရှိသေးသည်။ အချိန်ထပ်ဖြုန်းမနေတော့ဘဲ ချူချီချန်းက သူ့နောက်က အရာရှိများကို လှမ်းခေါ်လိုက်၏။
"သူတို့ရဲ့ပစ္စည်းတွေကို သယ်သွားပေးပြီးတော့ ငါ အစောပိုင်းက စာသွင်းထားပြီး မြေအတိုင်းအတာအတွက် သတ်မှတ်ပေးထားတဲ့ ရွာကြီးဆီကို သူတို့ကို တန်းခေါ်သွားလိုက်၊ သူတို့တွေက ဘယ်အိမ်ထောင်စုတွေကို သဘောကျလဲဆိုတာလဲ မေးလိုက်အုံး၊ သူတို့တွေကို အတတ်နိုင်ဆုံး နေရာချထားပေးလိုက်"
အခြေချဖို့ရန် တောင်အတွင်းပိုင်းမှ ပေါ်ထွက်လာကြသည့် လူများမှာ အယောက်၂၀၀နီးပါးလောက်ရှိသည်တွင် ချူချီချန်းသည် ဝေခွဲမရဖြစ်နေကြသေးသည့်သူများကို ဆွဲဆောင်ဖို့ရန် ရက်ရောသည့်ဆုကြေးနှင့် အဆင်ပြေအောင် အများကြီးပြုလုပ်ပေးလိုက်သည်။ အရာရှိများက သူတို့၏ အကြီးအကဲ၏ရည်ရွယ်ချက်ကို အလိုလို သဘောပေါက်လိုက်ကြပြီး ချက်ချင်းသဘောတူလိုက်ကြကာ ရှန်းလီနှင့် ဆိုင်တာဝန်ခံရွှီဘက်သို့လှည့်ပြီး ပြုံးပြလိုက်လေသည်။
"အစ်ကိုရှန်း ဆိုင်တာဝန်ခံရွှီ ခင်များတို့လူတွေကိုခေါ်ပြီးတော့ ကျွန်တော်တို့နောက် လိုက်ခဲ့ပါ၊ ခင်များတို့တွေက ရွာတွေရဲ့တည်နေရာတွေနဲ့ ရင်းနှီးပြီးသားလေ ဟုတ်တယ်မလား၊ အရင်ဆုံး မြေတွေကို လေ့လာကြည့်လိုက်ပါအုံး၊ ပြီးမှ နေထိုင်ဖို့အတွက် စာရင်းပေးကြပေါ့၊ အဲဒါပြီးရင်တော့ ခင်များတို့တွေ မြို့ကိုပြန်ရောက်လာတဲ့အခါကြရင် အစားအသောက်နဲ့ မျိုးစေ့သက်သာချောင်ချိရေးကို တောင်းဆိုဖို့အတွက် နေထိုင်ခွင့်အထောက်အထားကို သုံးလို့ရတယ်"
ဒီလောက်ပဲတဲ့လား။
အဘိုးချန်းနှင့် တစ်ခြားသူများသည် ဒါကိုယုံကြည်ဖို့ရန် ခက်ခဲနေဆဲဖြစ်လေသည်။
မြို့တံတိုင်း၏အပြင်ဘက်တွင် တဝဲလည်လည်လုပ်နေကြပြီး စာရင်းပေးဖို့ရန် ငြင်းဆန်နေကြသည့် ရွာသားများနှင့် ကပ်ဘေးဒုက္ခသည်များသည် မှင်သက်အံ့သြသွားကြတော့သည်။ တစ်စုံတစ်ယောက်က မေးမြန်းလိုက်၏။
"သူတို့တွေက သူတို့နေထိုင်မဲ့နေရာကို ရွေးချယ်ပြီးသွားပြီတဲ့လား"
"သူတို့တွေ ဘယ်နားမှာ ရွေးခဲ့တာလဲ"
"ငါတို့တွေကရော ကိုယ့်ဟာကိုယ် ရွေးချယ်လို့ရလား"
အစပိုင်းတုန်းကတော့ သူတို့သည် အလျင်မလိုကြချေ။ သို့သော်ငြားလည်း လူအများကြီးက တပြိုက်နက် ရောက်လာကြသည်ကို မြင်လိုက်ကြချိန်တွင် သူတို့သည် ပျာယာခပ်သွားတော့သည်။
လုပ်နိုင်ကိုင်နိုင်ရှိတဲ့ ယောက်ျားတစ်ယောက်က မြေဧက ၄၀ကို ရရှိလိမ့်မယ်တဲ့။ ဒါက လူဘယ်နှစ်ယောက်တောင်မှလဲ။ တကယ်လို့ သူတို့တွေ အရင်ဆုံး မရွေးချယ်ခဲ့ဘူးဆိုရင် ရှီကျိုးမြို့အပြင်ရဲ့အနီးအနားက နေရာကောင်းတွေကို တစ်ခြားလူတွေက ရွေးချယ်သွားလိမ့်မှာ မဟုတ်လား။
စာရင်းသွင်းရာတွင် အကူအညီပေးနေသည့် စာရင်းကိုင်က ပြုံးလိုက်ပြီး
"ရတာပေါ့ ခင်များတို့ ရွေးချယ်လို့ရပါသေးတယ်၊ တစ်ခြားသူတွေက လအစကတည်းက ချက်ချင်း ရွေးထားပြီးသားလေ၊ ဒီတော့ ခင်များက အခု မြေကိုသွားတိုင်းတာပြီး စာရင်းပေးဖို့ပဲ လိုတော့တာပေါ့၊ ဒီမှာလည်းပဲ ရှင်းလင်းအောင်လုပ်ထားပေးတဲ့ မြေပုံတစ်ခု ရှိတယ်မလား၊ ခင်များတို့တွေ ကျွန်တော်တို့မှတ်သားထားတဲ့ နေရာအတွင်းမှာ ရွေးချယ်လို့ရတယ်၊ အရင်ဆုံးလာတဲ့သူက အရင်ဆုံးရမှာပဲ နောက်ကျမှလာတဲ့သူကတော့ ကျန်တဲ့ဟာတွေကိုပဲ ရလိမ့်မယ်"
"တန်းစီကြနော်၊ တစ်ကြိမ်ကို မိသားစုတစ်ခုစီပဲ"
လူအုပ်ကြီးသည် ချက်ချင်းဆိုသလိုပဲ တန်းစီလိုက်ကြလေသည်။ ချူချီချန်းက မပြုံးဘဲ မနေနိုင်အောင်ဖြစ်သွားပြီး စောင့်ကြည့်နေလေသည်။ တစ်ခုခုကိုသတိရသွားပြီး သူက ဝမ်မောက်လင်ကို မေးခွန်းတစ်ခု တီးတိုးမေးလိုက်လေသည်။
ရှန်းလီနှင့် ဆိုင်တာဝန်ခံရွှီတို့သည် ချူချီချန်းနှင့် သခင်ကြီးဝမ်တို့ နှစ်ယောက်စလုံးကို ရှေ့တက်လာကာ ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက်တွင် နှုတ်ဆက်လိုက်ပြီးနောက် စာရေးကြီးနောက်သို့ လိုက်သွားရန် ပြင်ဆင်လိုက်ကြသည်။ သို့သော်ငြားလည်း ချူချီချန်းက သူတို့ကို ပြန်ခေါ်လိုက်သည်။
"သခင်လေးရှန်း ကျွန်တော့်မှာခင်များနဲ့ တိုင်ပင်စရာ ကိစ္စလေးတစ်ခု ရှိလို့ပါ၊ ခင်များ ခဏလောက်နေခဲ့လို့ရမလား"
ရှန်းလီသည် တဒင်္ဂ မှင်သက်အံ့သြသွားပြီးမှ ခေါင်းငြိမ့်ပြလိုက်သည်။
"ရပါတယ် ခင်ဗျာ"
ချူချီချန်းက ရှန်းလီကို လူနည်းသည့်နေရာသို့ ခေါ်သွားလေသည်။ ဆိုင်တာဝန်ခံရွှီက လှမ်းကြည့်လိုက်သည်တွင် ဝမ်မောက်လင်က ပြောလိုက်၏။
"အရေးကြီးကိစ္စတော့ မဟုတ်ပါဘူး၊ အမတ်ချူက တောင်အတွင်းပိုင်းက အခြေအနေနဲ့ပတ်သတ်ပြီး မေးချင်လို့ပါ"
ဆိုင်တာဝန်ခံရွှီသည် စိတ်အေးသွားတော့သည်။ ဒီအချိန်တွင် ဝမ်မောက်လင်ကလဲ မေးလိုက်၏။
"ခင်များတို့မိသားစု စာရင်းသွင်းဖို့အတွက်ရော ခင်များရဲ့အစီအစဥ်က ဘာလဲ၊ ခင်များ ခင်များရဲ့နဂိုအိမ်ကိုပဲ ပြန်သွားမှာလား ဒါမှမဟုတ်... ခင်များက ရှီကျိုးမြို့မှာပဲ အခြေချချင်တယ်ဆိုရင် ကျွန်တော် ခင်များကို ပေးနိုင်တဲ့ အိမ်ယာငယ်လေး တစ်လုံးရှိတယ် ဒီနေရာမှာ စာရင်းသွင်းဖို့အတွက် ခင်များ အဆင်ပြေလိမ့်မယ်"
အိမ်ငယ်လေးတစ်လုံးကို ပေးကမ်းခြင်းက အလုပ်ရှင်တစ်ယောက်က သူ့ဆိုင်တာဝန်ခံအပေါ် တော်တော်လေး ရက်ရောခြင်းပင်။ တအံ့တသြ ဖြစ်သွားပြီးနောက်တွင် ဆိုင်တာဝန်ခံရွှီက အလောတကြီး ငြင်းပယ်လိုက်လေသည်။
"သူဌေးရဲ့စေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်က ဘာမှလဲမလုပ်ရသေးပဲနဲ့ လက်မခံနိုင်ပါဘူး၊ ဒါက မသင့်တော်ဘူးလေ"
ဝမ်မောက်လင်က အဖွဲ့ထဲသို့ ချဥ်းကပ်မလာသေးသည့် ဝမ်ယွင်ကျန့်ကို လှမ်းကြည့်လိုက်လေသည်။
"ခင်များ ဘာမှမလုပ်ခဲ့တာမှမဟုတ်ဘဲ ယွင်ကျန့်က ဒီပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ခင်များရဲ့အကာအကွယ်အောက်မှာ နေခဲ့တာပဲ၊ သူ့ရဲ့ဦးလေးအနေနဲ့ ကျွန်တော်က သူ လိုအပ်တဲ့ဂရုစိုက်မှုတွေကို သူ့ကို မပေးနိုင်ခဲ့ဘူးလေ၊ သူ့ရဲ့အဒေါ်ကလဲ အဲဒီ့အချိန်တုန်းက နေမကောင်း ဖြစ်သွားခဲ့တာကိုး၊ ခင်များကြောင့်သာ မဟုတ်ဘူးဆိုရင် ကျွန်တော် သူ့ကို သေသေချာချာ စောင့်ရှောက်နိုင်ပါ့မလားတောင် မသိဘူး"
ဆိုင်တာဝန်ခံရွှီက မျက်ခုံးများကို တွန့်ချိုးထားလိုက်ပြီး ပြောလိုက်လေသည်။
"ရပါတယ် ခင်ဗျာ၊ လုပ်ပေးရမှာပေါ့၊ ကျွန်တော်ကလဲ သူ့အမေဘက်က ဦးလေးပါပဲ၊ နောက်ပြီးတော့ အစပိုင်းကတည်းက ဒီလိုလုပ်ခဲ့မိတဲ့အပြုအမူကလဲ ကျွန်တော့်အမှားပါပဲ သခင်ကြီး သခင်မနဲ့တတိယ သခင်မတို့က ကျွန်တော့်ကို အပြစ်မတင်တာပဲ တော်လှပါပြီ၊ ကျွန်တော်တို့တွေက တောင်အတွင်းပိုင်းမှာ ရှန်းမိသားစု၊ ချန်းမိသားစုနဲ့ နှစ်တော်တော်ကြာအောင် အိမ်နီးချင်း ဖြစ်လာခဲ့တာလေ၊ ဒီတော့ ကျွန်တော်တို့တွေက အသားကျနေပါပြီ၊ ကျွန်တော့်မိန်းမနဲ့ ကလေးတွေနဲ့ တိုင်ပင်ပြီးပါပြီ၊ ကျွန်တော်တို့ရဲ့ဇာတိမြို့မှာလဲ ဆွေမျိုးတွေ အများကြီး မရှိတော့ဘူးဆိုတော့ ကျွန်တော်တို့တွေက သူတို့နဲ့ပဲ အတူတူဆက်နေဖို့ ဆုံးဖြတ်လိုက်ပါတယ်"
သူ့တွင် အစီအစဥ်ရှိသည်ဟု ကြားလိုက်ရသည်တွင် ဝမ်မောက်လင်က ပြောလိုက်လေသည်။
"အပြစ်တင်စရာ မရှိပါဘူး။ ဟိုတုန်းက ဖြစ်သွားခဲ့တဲ့ကိစ္စတွေကိုလဲ ကျွန်တော် နားလည်ပါတယ်၊ ဘာပဲဖြစ်ဖြစ်လေ ဒီပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အဲဒီ့ကလေးကို စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ တကယ်လို့ ခင်များတို့တွေက မြို့အပြင်ဘက်မှာ ခင်များတို့ရဲ့ အိမ်ထောင်စုစာရင်းကို အခြေချဖို့ ဆုံးဖြတ်ထားပြီးပြီဆိုရင်လဲ ခင်များတို့ ဆန္ဒအတိုင်းလုပ်ကြပါ"
သူသည် ပြောလိုက်ပြီးနောက် ဝမ်မောက်လင်က ဝမ်ယွင်ကျန့်ကို တဖန် လှမ်းကြည့်လိုက်လေသည်။ ကလေးက အချိန်အတော်ကြာသည်အထိ ချဥ်းကပ်မလာခဲ့ချေ။
ဝမ်မောက်လင်က ဝမ်ယွင်ကျန့်ကို လှမ်းကြည့်နေသည်ကို သတိထားမိလိုက်သဖြင့် ဆိုင်တာဝန်ခံရွှီက ဝေ့ချင်းဟယ်နှင့် ဝမ်ယွင်ကျန့်တို့ကို လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် ထပ်ပြောလိုက်လေသည်။
" ခုနတုန်းက အမတ်ချူရှိနေတာဆိုတော့ သူတို့တွေက အနားကိုလာလို့မရဘူးလေ"
နှစ်ယောက်စလုံးသည် ပညာကောင်းကောင်းတတ်ကြပြီး ယဥ်ကျေးကြလေသည်။ အကြီးဆုံးအိမ်ထောင်စုနှင့် တတိယအိမ်ထောင်စုတို့ကိစ္စသည် မတူညီသည့်ကိစ္စများ ဖြစ်ကြသဖြင့် အစောပိုင်းက အကြီးဆုံးအိမ်ထောင်စုကို အလုပ်အကျွေးပြုခဲ့သည့် ဝေ့လင်းကျန့်ကပင် အခုတော့ ရှေ့သို့ရောက်လာလေသည်။ ဝေ့မောင်နှမက သူ့ကို ဦးကြီးဟုခေါ်ပြီး ဝမ်ယွင်ကျန့် ကတော့ သူ့ကို ဦးလေးဟုခေါ်သည်။ သူတို့အားလုံးက အရိုအသေပေးကာ နှုတ်ဆက်လိုက်ကြ၏။
ထိုအခါမှ ဝမ်မောက်လင်သည် ပြုံးလိုက်ကာ ဝမ်ယွင်ကျန့်ကို အနီးကပ် စစ်ဆေးကြည့်လိုက်သည်။
"မင်းတောင် ထွားလာပြီပဲ၊ အရပ်လဲ ပိုမြင့်လာပြီး အသားနည်းနည်း ညိုသွားတယ်၊ မင်းရဲ့ အဘွားနဲ့အဖေက မင်းကို အချိန်အကြာကြီး သတိရနေခဲ့ကြတာ ဒီနေ့ ငါနဲ့လိုက်ပြန်သွားရင်ရော"
ဘေးတွင်ချထားသည့် ဝမ်ယွင်ကျန့်၏လက်သည် မသိမသာ လက်သီးဆုပ်မိသွားပြီး မည်သို့ပြန်ဖြေရမည်မသိ ဖြစ်သွားသည်။ သူသည် ဝမ်မိသားစုသို့ လုံးဝ မပြန်ချင်တော့ချေ။
သူသည် ဝေ့လင်မယားအကြောင်းကို သိနေပြီးဖြစ်သည်ဟု ဝမ်မောက်လင်သည် ခန့်မှန်းမိလိုက်သဖြင့် သူ က ကြိတ်ကာ သက်ပြင်းချလိုက်လေသည်။ ဝေ့ချင်းဟယ်နှင့် ဝေ့လင်းကျန့်တို့ဘက်သို့ လှည့်ကာ သူက ပြောလိုက်၏။
"ချင်းဟယ်၊ လင်းကျန့်၊ မင်းတို့တွေ တာဝန်ခံဝေ့လင်မယား အကြောင်းကို သိမယ်လို့ ငါ ထင်တယ်၊ ပုန်ကန်ကြတဲ့ရဲမက်တွေ အပြင်ဘက်အိမ်ယာဝန်းထဲကို တိုးဝင်လာကြတဲ့အချိန်တုန်းက အစေခံ တော်တော်များများက သူတို့တွေနဲ့ တိုက်ရိုက်ရင်ဆိုင်ခဲ့ရပြီး အထိအခိုက်တွေလဲ ဖြစ်ခဲ့ကြတယ်၊ ငါ မင်းတို့မိဘတွေကို သေသေချာချာလေး မြှုပ်နှံပေးထားတယ်၊ အားလုံး အခြေကျသွားပြီဆိုတာနဲ့ မင်းတို့နှစ်ယောက်စလုံး ကန်တော့ပွဲလုပ်ပြီး အမွှေးတိုင်ထွန်းပေးလို့ရအောင် ငါ ဆိုင်တာဝန်ခံဝမ်ကို ပြောထားလိုက်မယ်"
မောင်နှမနှစ်ယောက်တွင် တစ်ယောက်၏မျက်လုံးများမှာ နီရဲသွားပြီး ကျန်တစ်ယောက်၏လက်များကတော့ မသိမသာ တုန်ယင်သွားလေသည်။ သို့သော်ငြားလည်း သူတို့နှစ်ယောက်စလုံးသည် ဒါက သခင်ကြီးဝမ်၏ အမှားမဟုတ်ကြောင်း နားလည်ကြလေသည်။ သူတို့က အတူတူ ခေါင်းငြိမ့်လိုက်ပြီး သူ့ကို ကျေးဇူးတင်စကား ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ် ဦးကြီး"
ဝမ်မောက်လင်က ဆိုင်တာဝန်ခံဝမ်ကို လှမ်းခေါ်လိုက်၏။
ဆိုင်တာဝန်ခံဝမ်က အထုပ်တစ်ခုနှင့် ပါးလျသည့် သစ်သားဗူးလေးတစ်ခုကို လှမ်းပေးလိုက်လေသည်။ ဝမ်မောက်လင်က ထိုပစ္စည်းများကို လှမ်းယူလိုက်ပြီး ဝေ့ချင်းဟယ်တို့ နှစ်ယောက်စလုံးကို ချက်ချင်း ပြန်ကမ်းပေးလိုက်သည်။
"ဒါက မင်းမိဘတွေ ချန်ထားခဲ့တဲ့ပစ္စည်းတစ်ချို့ပဲ၊ အဘွားကြီးက ဒါကို စုဆောင်းထားခဲ့တာ၊ သူက ဆုလာဒ်အနေနဲ့ ငွေတစ်ချို့ကိုလဲ ထပ်ထည့်ပေးထားတယ်၊ သူက မင်းတို့ပြန်အလာကို စောင့်စားနေခဲ့တာပါ၊ ဒါကြောင့်မလို့ ငါ ဒါတွေကိုပဲ ပေးနိုင်တော့တယ်၊ ဗူးထဲမှာတော့ မင်းတို့ရဲ့စာချုပ်တွေပဲ၊ မင်းတို့တွေက စာလေ့လာတဲ့နေရာမှာ အမြဲတမ်း ဝီရိယရှိတယ်ဆိုတာကို ငါ သိထားတယ်၊ အခု ငါတို့သချီနိုင်ငံရဲ့ ပညာသင်တွေကလဲ အခွင့်အရေးပိုပြီးတော့ ရလာပြီ၊ ငါက မင်းတို့ရဲ့စာချုပ်ကို ပြန်ပေးလိုက်မယ်၊ မင်းတို့ရဲ့အိမ်ထောင်စုစာရင်းကို အစိုးရရုံးမှာ သွားပယ်ဖျက်ပြီးတော့ အိမ်ထောင်စုအသစ်ကို တည်ထောင်လိုက်ကြ၊ အဲလိုဆိုရင် စာကိုလေ့လာပြီး အသက်မွေးဝမ်းကြောင်းတစ်ခု လုပ်တဲ့အချိန်ကြရင် မင်းတို့လဲ ဝေ့မိသားစုရဲ့ဂုဏ်သိက္ခာကို မြင့်တင်ပေးနိုင်လိမ့်မယ်၊ မြေကြီးထဲရောက်သွားပြီဖြစ်တဲ့ မင်းတို့ရဲ့မိဘတွေကလည်း ဒီကိစ္စအတွက် ဖြေသိမ့်နိုင်ကြလိမ့်မယ်"
ထိုအချိန်တွင် လှည့်ပတ်သွားလာနေကြသည့် လူပေါင်းများစွာ ရှိလေသည်။ လူတစ်ယောက်က ဆန္ဒရှိလျှင် မြို့သားကောင်းတစ်ယောက်အဖြစ် စာရင်းသွင်းနိုင်သည်။ သို့သော်ငြားလည်း သချီမင်းဆက်သည် အိမ်၊ မြေယာ၊ အစေခံနှင့် အပျိုရံများအပါအဝင် အစောပိုင်းမင်းဆက်က အရာအားလုံးကို မငြင်းပယ်ခဲ့ချေ။ ဒါသည် အစိုးရသစ်၏ အဓိက မူဝါဒများနှင့် သဘောထားကွဲလွဲမှုမရှိဘဲ လူအများစု၏ အကျိုးစီးပွားကို ကာကွယ်ပေးထားလေသည်။ ထို့ကြောင့် အစိုးရက ထိုကိစ္စကို ဝင်မနှောက်ယှက်ခဲ့ချေ။
အကယ်၍ လူတစ်ယောက်သည် ပြဿနာမရှိဘဲ မြို့ကောင်းသားတစ်ယောက်အဖြစ် စာရင်းသွင်းခဲ့မည်ဆိုလျှင် ဒါက ပြဿနာရှိလိမ့်မည် မဟုတ်ချေ။ သို့သော်ငြားလည်း သခင်အဟောင်းက ပြဿနာရှာလျှင်တော့ ဒါက ဒုက္ခများလှနိုင်သည်။ ဝမ်မောက်လင်က စာချုပ်ကို ချက်ချင်းပြန်ပေးလိုက်ပြီး ဝေ့ချင်းဟယ်ကို အစိုးရရုံးသို့သွားကာ သူ၏ စာရင်းသွင်းထားသည့်နာမည်ကို တရားဝင် ပယ်ဖျက်ခွင့်ပြုသည်က အကောင်းဆုံးဖြစ်လေသည်။
ဝေ့ချင်းဟယ်သည် ငေးကြောင်ကြောင် ဖြစ်နေဆဲဖြစ်သည်။ သို့သော်ငြားလည်း ဝေ့လင်းကျန့်ကတော့ အားတတ်သရော သူ့ကို ဘေးမှတွတ်ထိုးလိုက်၏။
"နင် အ,သွားပြီလား မြန်မြန် ဦးကြီးကို ကျေးဇူးတင်လိုက်လေ"
အစေခံအစစ်အမှန် ဖြစ်ခဲ့ဖူးသူများသာ စာချုပ်ပြန်ပေးရခြင်း၏ အရေးပါသည့် အကြောင်းအရင်းကို နားလည်လေသည်။ အထူးသဖြင့် လက်ရှိအချိန်တွင် ပညာသင်များကိုခေါ်ယူသည်က အရာရှိရာထူးများအထိ ခေါ်ဆောင်သွားပေးနိုင်သည်။ သူတို့မိဘ ၏သေဆုံးမှုက သခင်မ(၃)နှင့် ပတ်သတ်ဆက်နွယ်မှု ရှိနိုင်သည်။ သို့သော်ငြားလည်း ဝေ့ချင်းဟယ်ကို သွယ်ဝိုက်ဖိနှိပ်ရမည့်အစား ဦးကြီးက သူ၏ ကျွန်စာချုပ်ကို ပြန်ပေးလိုက်သည်။ မောင်နှမနှစ်ယောက်သည် ဒီအခိုက်အတန့်တွင် ရောနှောသည့်ခံစားချက်များ ဖြစ်သွားတော့သည်။
ဝေ့ချင်းဟယ်က သတိပြန်ဝင်လာပြီး အထုပ်နှင့်သစ်သားဗူးကို လှမ်းယူလိုက်ကာ သူကိုင်ထားသည့်အရာက သူ့မိဘများ၏ ပိုင်ဆိုင်မှုဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ သူ၏နှာခေါင်းသည် မွှန်ထူသွားပြီး သူက ဝမ်မောက်လင်ရှေ့တွင် ဒူးထောက်ချလိုက်ကာ သူ့ကို ကျွန်အဖြစ်မှ လွတ်မြောက်ခွင့် ပေးသည့်အတွက် ကျေးဇူးတင်သည့်အနေဖြင့် အကြိမ်ကြိမ် ဦးချလိုက်ပြီး သူတို့၏ သခင်နှင့်အစေခံ သံယောဇဥ်ကို ထိန်းသိမ်းထားလိုက်လေသည်။
ယခုအချိန်အထိ လက်ကို တင်းနေအောင်ဆုပ်ထားသည့် ဝမ်ယွင်ကျန့်သည် နောက်ဆုံးတော့ သူ့လက်ချောင်းများကို အနည်းငယ် ဖြေလျော့လိုက်လေသည်။ သူက သူ့ဦးလေးကို ပြောလိုက်၏။
"ဦးလေး ကျွန်တော် အရင်ဆုံး မြို့ခံအနေနဲ့စာရင်းသွင်းဖို့ ကျွန်တော့်ဦးလေးနဲ့ အဖော်လိုက်သွားလိုက်အုံးမယ်၊ ကျွန်တော် မနက်ဖြန်ကျမှပဲ အဘွားဆီကို လာလည်ပါ့မယ်၊ ဒါပေမဲ့ ကျွန်တော်က ပြည်နယ်ကျောင်းမှာပဲ ကျောင်းတက်ဖို့ ဆန္ဒရှိပါတယ်၊ ရှီကျိုးမှာရော ပြည်နယ်ကျောင်းတစ်ခု ဆောက်မှာလားဆိုတာ သိချင်တယ်"
ဝမ်ယွင်ကျန့်က အိမ်ပြန်မည်ဟု သဘောတူလိုက်သည်ကို ကြားလိုက်သည်တွင် အပြုံးတစ်ခုသည် ဝမ်မောက်လင်၏ မျက်နှာပေါ်တွင် ထင်ဟပ်လာတော့သည်။ သူသည် သူ့တူလေးက စာဖတ်ရသည်ကို နှစ်သက်ပြီး သူတို့ ထွက်ပြေးကြသည့် အချိန်တွင်ပင် စာအုပ်ထုပ်ကြီးကို သယ်သွားခဲ့မှန်းကို သိထားခဲ့သည်။ သူက တဟားဟား ရယ်မောကာ ပြောလိုက်၏။
"ပြည်နယ်ကျောင်းက ဆောက်ပြီးသွားပါပြီ၊ ဝင်ခွင့်တွေလဲ မကြာခင်ခေါ်တော့မှာ၊ ဒါပေမဲ့ ကျောင်းသားတွေကတော့ စာမေးပွဲတစ်ခု အောင်မှဖြစ်မယ်၊ မင်း မနက်ဖြန်ကြရင် အစိုးရရုံးအပြင်ဘက်မှာ ကပ်ထားတဲ့အသိပေးစာကို အသေးစိတ်သွားပြီး စစ်ဆေးကြည့်လို့ရတယ်"
ဝမ်ယွင်ကျန့် ၏မျက်လုံးများက လင်းလက်သွားလေသည်။
"ကောင်းပါပြီ၊ ကျွန်တော်အဘွားကို နှုတ်ဆက်ပြီးသွားရင် ကျွန်တော် ဦးလေးနဲ့အတူတူဆက်နေပြီးတော့ ပြည်နယ်ကျောင်းဝင်ခွင့် စာမေးပွဲအတွက် အတူတူ လေ့လာချင်သေးတယ်"
ဝမ်မောက်လင်က သူ့ကို လှမ်းကြည့်လိုက်၏။ ဝေ့ချင်းဟယ်သည် နေထိုင်ဖို့ရန် နေရာကောင်းတစ်ခုမရှိခဲ့ချေ။ အိမ်တော်ကြီးများထဲကတစ်ခုက သူ့ပိုင်ဆိုင်မှုသာ မဟုတ်ထားခဲ့လျှင် သူတို့သည် ဆောင်းတွင်းအတွက် ယာယီတဲလေးတစ်ခုကို ဆောက်ရကာ မနေချင်သည့် နေရာတစ်ခုတွင် နေရပေလိမ့်မည်။ သို့သော်ငြားလည်း သူသည် တတိယအိမ်ထောင်စုက ကလေး၏အခြေအနေကို နားလည်လေသည်။ သူက ပြန်လာချင်စိတ်ရှိသည်ကပင် လုံလောက်လေသည်။ သူသည် ကြာကြာနေနေ ခဏတာနေနေ ထိုအရာက အရေးမကြီးတော့ချေ။ အကယ်၍ သူသည် ပြည်နယ်ကျောင်းကို အမှန်တကယ် ဝင်ခွင့်ရလျှင် သူသည် ဘာပဲဖြစ်ဖြစ် ထိုနေရာတွင် နေရလိမ့်မည်။ ထို့ကြောင့် ဝမ်မောက်လင်က ပြုံးကာ သဘောတူလိုက်၏။
သူတို့စကားဝိုင်းပြီးဆုံးသွားသည်တွင် ချူချီချန်းနှင့် ရှန်းလီတို့ကလဲ သူတို့၏ တိုင်ပင်နေသည့်ကိစ္စများ ပြီးဆုံးသွားကြသည်။ အချင်းချင်း နှုတ်ဆက်လိုက်ပြီးနောက်တွင် သူတို့သည် မြို့တံခါးအနီးအနားတွင် တည်ရှိသည့် အိမ်ယာဝင်းများဆီသို့ သွားရောက်ကြသည့် အရာရှိနောက်မှ လိုက်သွားကြလေသည်။ ထိုအိမ်ယာဝင်းများသည် တစ်ဖက်တွင် တောင်တစ်ခုက ဝိုင်းရံထားပြီး တစ်ခြားဖက်တွင်တော့ တရားဝင်လမ်းမကြီးနှင့် နီးလေသည်။
အကွာအဝေးတစ်ခုသို့ လျှောက်လာပြီးနောက်တွင် စန်းလော့က ရှန်းလီကို တိုးတိုးလေးပြောလိုက်၏။
"အမတ်ချူက ရှင့်ကို တစ်ယောက်တည်း ဘာခေါ်မေးတာလဲ"
အဘိုးချန်းနှင့် အဘွားချန်းတို့သည် သူတို့ဘေးမှလျှောက်လာပြီး လှည့်ကြည့်လိုက်ကြသည်။
ရှန်းလီက ပြန်ဖြေလိုက်၏။
"သူက ကျွန်တော်တို့တွေ ပုန်းခိုခဲ့တဲ့အနီးအနားက တောင်နားမှာ လူတွေ ကျန်သေးလားလို့ မေးတာပါ၊ အဲဒီ့လူတွေက အပြင်ကိုထွက်ဖို့ ဆန္ဒရှိသလားလို့ပေါ့၊ တကယ်လို့ ကျွန်တော်တို့တွေက တောင်အတွင်းပိုင်းက လူတွေကို အစိုးရရဲ့မူဝါဒအတိုင်း အပြင်ဘက်ကို ခေါ်လာပေးဖို့ အကူအညီပေးနိုင်မလားလို့လဲ မေးတယ်"
ထိုနက်ရှိုင်းလှသည့် တောင်များအတွင်းတွင် သူတို့၏ လက်ရှိအမှုထမ်းများသည် လူများကိုရှာဖွေဖို့ရန်အတွက် အမှန်ပင်လူအင်အား မလုံလောက်သလို ဝင်သွားဖို့ရန်အတွက်လဲ အရည်အချင်းပိုင်ဆိုင်ထားခြင်း မရှိကြချေ။
အဘွားချန်းက ခေါင်းကိုစောင်းလိုက်ပြီး ဪဟု အလိုလို အသံထွက်မိလေသည်။
ရှန်းလီက ဆက်ပြောလိုက်၏။
"အမတ်ချူက ရည်ရွယ်ချက်ကောင်းတွေ ရှိပါတယ်၊ အပြင်ဘက်မှာ ငြိမ်းချမ်းတဲ့အချိန် ပြန်ရောက်သွားပြီဆိုတာကို လူတွေကို ပိုပြီးတော့ သိစေချင်တာပါ၊ ဒါပေမဲ့ ကျွန်တော်တို့အားလုံးက ထွက်လာပြီးပြီဆိုတော့ တစ်ခြားသူတွေက တောင်အတွင်းပိုင်းမှာ ပုန်းနေသေးမယ်ဆိုရင်... ကျွန်တော်တို့နေရာက တောင်က အရမ်းကို ကျယ်တယ်လေ၊ သူတို့တွေကိုရှာဖွေဖို့က ခက်ခဲလိမ့်မယ်၊ တကယ်လို့ ကျွန်တော်က ကူညီပေးချင်တယ်ဆိုရင်တော့ ဒါက စိန်ခေါ်မှုတစ်ခု ဖြစ်လာလိမ့်မယ်"
သည်စကားကတော့ ရှေ့ကခိုးနားထောင်နေကြသည့် အရာရှိများအတွက်ဟု ပြောရပေမည်။ သူတို့အိမ်နီးချင်းအများစုက စိတ်ဝင်စားမှုကိုပြသကြသည်။ သူတို့၏ ရွာနှစ်ရွာပတ်ဝန်းကျင်က တစ်ချို့ကလဲ လတ်တလောတွင် တော်တော်လေး စိတ်ဝင်စားခဲ့ကြသည်။ သို့သော်ငြားလည်း အများစုကတော့ တွေဝေနေကြသည်။
တစ်ခြားသူများက ပြန်လာသည်ဖြစ်စေ မပြန်လာသည်ဖြစ်စေ ဒါကတော့ သူတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်သည်။ သူက သူတို့ကို အယုံအကြည်ကင်းမဲ့အောင် မလုပ်နိုင်ပေ။ သူပြောသည့်စကားက ရှင်းလင်းလေသည်။ ဘေးက ရှန်းမိသားစုနှင့် ရှီမိသားစုက နားလည်ကြသည်။ အဘွားချန်းက ပြောလိုက်၏။
"ဟုတ်တယ်၊ ငါတို့တွေက ကံကောင်းသွားတာ၊ လူအများကြီးရဲ့ ဆွေမျိုးတွေဆိုရင် သူတို့တွေ ဘယ်နေရာမှာရှိပြီး ဘယ်လိုနေကြမှန်းတောင် မသိကြဘူးလေ"
သူမ၏စကားထဲက ဆယ်ခွန်းထဲကကိုးခွန်းသည် စိတ်ရင်းအမှန်ဖြစ်ပြီး ဆယ်ခွန်းထဲကတစ်ခွန်းကတော့ အစောပိုင်းက အရာရှိများ၏ တာဝန်ယူမှု တာဝန်ခံမှုအပေါ်တွင် မူတည်လေသည်။ ရှီအာ့လန်၏ မိန်းမ၊ ကျိုးရွာသူကြီး၏ချွေးမတို့သည် စိတ်ဓာတ်ကျသွားသလို ခံစားလိုက်ရ၏။ သူတို့ကလဲ ထောက်ခံလိုက်ကြသည်။
"ကျွန်မမိသားစုတွေ ဘယ်လိုနေနေကြလဲ မသိပါဘူး။ သူတို့တွေ ဘယ်မှာပုန်းနေမှန်းတောင် ကျွန်မတို့ မသိဘူး၊ အခု ကျွန်မတို့တွေက သူ့ကို ရှာချင်တယ်ဆိုရင် တောင်မှ သူတို့တွေကို ဘယ်ကနေစပြီး ရှာရမယ်ဆိုတာတောင် မသိတော့ဘူး"
"ကျွန်မမိဘတွေနဲ့ မောင်နှမတွေလဲ အတူတူပါပဲ၊ သူတို့အားလုံး အဆင်ပြေဖို့ပဲ မျှော်လင့်ရတယ်"
စိတ်ခံစားချက်များသည် ဒီမှတ်ချက်တစ်ခုတွင် ပိုပြီးလေးလံလာတော့သည်။ ကသိကအောက်ခံစားချက်များ ဖြစ်သွားသဖြင့် အဘွားချန်းက မြန်မြန် နှစ်သိမ့်ပြောဆိုလိုက်သည်။
"ငါတို့တွေ ပြန်ပြီးပေါင်းစည်းမဲ့နေ့တစ်ရက်တော့ ရောက်လာမှာပါ၊ အခုဆိုရင် အပြင်ဘက်မှာ အေးချမ်းနေပြီပဲ၊ ငါတို့တွေက တောင်အပြင်ဘက်ကို ထွက်လာတာနဲ့ ရှာတွေ့ကြမှာပါ၊ အစိုးရကလဲ ကောင်းမွန်တဲ့မူဝါဒတွေ ရှိနေတာပဲ၊ သူတို့လဲ တဖြည်းဖြည်း ထွက်လာကြမှာပါ၊ ငါတို့တွေက စီရင်စုတစ်ခုချင်းစီကို ရှာဖွေလို့ရတာပဲ၊ ငါတို့တွေ သူတို့နဲ့သေချာပေါက်တွေ့မှာပါ"
ရှေ့ကအရာရှိနှစ်ယောက်သည် ခဏလောက် နားထောင်လိုက်ကြပြီး အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။ သူတို့သည် လမ်း၏ အချိုးအကွေ့တစ်ခုသို့ ရောက်လာသည်တွင် သူတို့က နောက်ပြန်လှည့်လိုက်ပြီး လူအုပ်ကြီးကို ပြုံးပြလိုက်လေသည်။
"ဒီလမ်းအတိုင်း နည်းနည်းလောက်ဆက်ပြီးတော့ လျှောက်သွားလိုက်မယ်ဆိုရင် ခင်များတို့တွေ သရှင်းရွာကို ရောက်လိမ့်မယ်၊ သခင်လေးရှန်း၊ ဆိုင်တာဝန်ခံရွှီ၊ ခင်များတို့လူတွေရဲ့ ဘယ်သူတွေက သရှင်းရွာမှာ နေရာချထားသလဲ၊ ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"
မြေအရွယ်အစားကို ထောက်ချင့်လိုက်သည်တွင် ရှန်းလီနှင့် သူ၏၂၀၀လောက်နီးပါးရှိသည့် လူများသည် နေရာ လုံလုံလောက်လောက် ရဖို့ရန် ရွာသုံးရွာကို ခွဲလိုက်ကြသည်။
မိသားစုတစ်ခုချင်းစီ၏နေရာကို တောင်မှမထွက်လာခင်ကတည်းက ဆုံးဖြတ်ခဲ့ပြီးဖြစ်လေသည်။ သရှင်းရွာသည် ရှီကျိုးမြို့နှင့်အနီးဆုံးဖြစ်ပြီး လျှိုမြောင်အပြင်ဘက်က မိသားစုများအတွက် အလိုလို သတ်မှတ်ထားပြီးဖြစ်သည်။ ပထမအချက်မှာ ဒီနေရာသည် အကောင်းဆုံးဖြစ်ပြီး ဒုတိယအချက်မှာ ဒီရွာက သူတို့အားလုံးကို နေထိုင်လို့ရရန် အကြမ်းအားဖြင့် သင့်တော်သည့်အရွယ်အစားရှိလေသည်။
သရှင်းရွာဟု ကြားလိုက်သည်တွင် အားလုံးက အစောပိုင်းက သူတို့၏ စိုးရိမ်စိတ်များကို ချက်ချင်း ဖယ်ရှားထားလိုက်ပြီး နားစွင့်လိုက်ကြလေသည်။
"ကျွန်တော်တို့ပဲ၊ ကျွန်တော်တို့"
ခြင်းများနှင့် ဝန်စည်စလယ်များကို သယ်ထားကြသည့်လူများက ဘေးသို့ထွက်လာလိုက်ကြပြီး သီးသန့်အဖွဲ့တစ်ခု ဖွဲ့လိုက်ကြသည်။ ကလေးများက တစ်ခစ်ခစ် ရယ်မောနေကြပြီး သူတို့သည် သူတို့၏လူကြီးများ၏ ဦးဆောင်မှုနောက်က လိုက်ပါသွားကြလေသည်။
ကျိုးလိုင်ကျီ၊ သားသတ်သမားကျန့်၊ ကန်းမိသားစုတစ်ခုလုံး၊ ဖန်းမျိုးနွယ်စုအားလုံးကလဲ တစ်ခစ်ခစ် ရယ်မောကြလေသည်။ ဖန်းမျိုးနွယ်အကြီးအကဲက ပြောလိုက်၏။
"မင်းတို့ အရင်သွားလိုက်ကြပါ၊ အရင်သွားလိုက်ကြ၊ ငါတို့တွေ ခဏနေမှ လိုက်လာခဲ့ကြမယ်၊ နောက်ပိုင်းကြရင်လဲ ငါတို့တွေ မင်းတို့ရွာကို အလည်လာမှာပါ၊ နောက်ဆုံး ဒါက နီးနီးလေးပဲလေ... ခြေတစ်လှမ်းနှစ်လမ်းပဲ လျှောက်ရုံပဲကို” အားလုံးက ရယ်မောကြလေသည်။
လမ်းက နှစ်ခုခွဲသွားသည်။ ဖန်းမိသားစုဝင်များသည် အဓိကလမ်းမကြီးအတိုင်း ဆက်လျှောက်သွားကြပြီး အိမ်နီးနားချင်းရွာမှ အိမ်ထောင်စုတစ်ချို့က အတွင်းပိုင်း ဖုန်ထူလမ်းလေးဆီသို့ လမ်းခွဲသွားလိုက်ကြသည်။ သူတို့သည် ယိုယွင်းနေသည့် အုတ်တံတိုင်းကြီး အဝန်းအဝိုင်းတစ်ခုကို တွေ့လိုက်ကြသည်။ ထိုဟနေသည့်နေရာကြားတွင် တံခါးပေါက်တစ်ခု ရှိလိမ့်မည်။ သိုသော်ငြားလည်း ဒါက အစောကြီးကတည်းက ပျက်စီးသွားပြီး ဟင်းလင်းပွင့်နေသည်။ အထဲဘက်တွင် စိုက်ပျိုးမြေများနှင့် နေထိုင်စရာနေရာများကို မြင်နေရသည်။
အစောပိုင်းတွင် ရောက်ရှိခဲ့ဖူးကြသည့် ဆိုင်တာဝန်ခံရွှီနှင့် ရှန်းလီတို့နှစ်ယောက်စလုံးက တစ်ခစ်ခစ် ရယ်မောလိုက်ကြ၏။
"ကျွန်တော်တို့တွေ ရောက်လာပြီ"
တံတိုင်းများနှင့် ဝန်းရံထားသည့် ရွာကြီးကိုမြင်လိုက်သည်တွင် ကလေးတစ်အုပ်ထံမှ တအံ့တသြ အာမေဋိတ်သံများ ပေါ်ထွက်လာတော့သည်။ အရာရှိ၏ ရင်းနှီးဖော်ရွေသည့် အမူအယာကို သတိထားမိကြသည့် အနည်းငယ် သွက်လက်ချက်ချာကြသည့် ကလေးတစ်ချို့က အားလုံး၏ရှေ့မှနေ၍ အထဲဘက်သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကာ တအံ့တသြ ပြောကြလေသည်။
"ကျွန်တော်တို့တွေ အရင်ဆုံးဝင်သွားပြီးတော့ သွားကြည့်လိုက်မယ်နော်"
ကောင်လေးများက ထွက်သွားကြသည့်အချိန်တွင် ရှန်းနဥ်က ရွှီဝမ်ယင်းနှင့် ရှီချောင်အာတို့ကို လှမ်းဆွဲလိုက်၏။
"လာခဲ့၊ ငါတို့လဲ သွားကြည့်ရအောင်"
ရှန်းလီသည် အထဲသို့ ရောက်ခဲ့ဖူးပြီးဖြစ်သည်။ အထဲဘက်တွင် ဘာအန္တရာယ်မှ မရှိချေ။ ထို့ကြောင့် သူက သူတို့ကို သွားခွင့်ပေးထားလိုက်သည်။
ဆယ်ကျော် သက်အုပ်စုနှင့် အထဲသို့အရင်ဝင်သွားသည့် ရှီအာ့နျိုနှင့် မိန်းကလေးတစ်ချို့၏ ရယ်မောသံများကြားတွင် ဝမ်းသာအားရ မှတ်ချက်ပေးသံကို ကြားလိုက်ရလေသည်။
"ရှန်းအန်း မြန်မြန်ကြည့်လိုက်စမ်း၊ အစိမ်းရောင် အုတ်ကြွပ်တွေနဲ့ အိမ်ကြီးတစ်လုံးတောင် ရှိသေးတယ်"
...