← Chapters

အခန်း (၂၁၅-၂၁၆)

Vol. 22 Ch. 215-216

အခန်း (၂၁၅-၂၁၆)

Vol. 22 Ch. 215-216

အပိုင်း (၂၁၅) ရှက်ကိုးရှက်ကန်းရခြင်း

ရှန်းလီ၏ခန့်မှန်းချက်မှာ မှန်ကန်လေသည်။ လုမိသားစုသည် တောနက်ထဲသို့ပို့ခံရသောကြောင့် သူတို့၏အကြီးဆုံး အိမ်ထောင်စုကို သွားခေါ်သည်မှာ အမှန်ပင်ဖြစ်၏။ အသွားအပြန်ခရီးအတွက် နှစ်လကြာမည်ဖြစ်ပြီး မြန်မြန်ပြန်မလာပါက လုမိသားစုက ကူ‌ညီပေးလျှင်ပင် လယ်ယာစိုက်ပျိုးရန် နောက်ကျမည်ဖြစ်သည်။

ရွှီသားအဖ စကားပြောပြီးသွားသည်နှင့် လုအာ့လန်သည် ရှန်းလီနှင့် ချန်းသရှန်တို့နားသို့ ကပ်ကာ အရေးပေါ်အခြေအနေများအတွက် အဆိပ်မြှားတစ်ချို့ကို တောင်းလိုက်၏။

လုအာ့လန်နှင့် လုစန်းလန်တို့သည် လွန်ခဲ့သောနှစ်များအတွင်း ပြင်းထန်စွာလေ့ကျင့်ခဲ့ကြပြီး အထူးသဖြင့် လုစန်းလန်သည် တိုးတက်မှု ကြီးကြီးမားမားရရှိခဲ့သူဖြစ်သည်။ ညီအစ်ကိုနှစ်ယောက်လုံးသည် တောနှင့်သားရဲတိစ္ဆာန်တို့၏ သွင်ပြင်လက္ခဏာအမျိုးမျိုးနှင့် ရင်းနှီးကြ၏။ သူတို့၏အသိပညာ၊ သားကောင်များကို သတိထားခြင်းနှင့် အဆိပ်မြှားတို့ဖြင့် သူတို့၏အကြီးဆုံးအိမ်ထောင်စုကို ပြဿနာမရှိဘဲ ပြန်ခေါ်လာနိုင်မည်ဖြစ်သည်။

ဆောင်းရာသီ၏ပထမနေ့တွင် တောင်ပေါ်တက်ရန် ရွာမှ ထွက်ခွာလာကြ၏။ ဝေ့ချင်းဟယ်သည်လည်း မိသားစုများအားလုံးကို အသိပေးပြီး ရွှီမိသားစု၏အိမ်တွင် ပြည်နယ်ကျောင်းစာမေးပွဲ စမ်းဖြေရန် စိတ်ဝင်စားသူများကို စုဆောင်းလေသည်။

ထိုနေ့တွင် စာလေ့လာခဲ့ကြသည့် ကလေးများအားလုံးကို လယ်အလုပ်မှ ခွင့်ပေးထား၏။ ကလေးတစ်ယောက်ချင်းစီက သူတို့၏ ကျောက်ပြားများ၊ စုတ်တံများနှင့် ရေထည့်မည့် ပန်းကန်လုံးများကို ရွှီမိသားစု၏နေအိမ်သို့ သယ်သွားကြပြီး ဆိုင်ရှင်ရွှီသည် ထိုကိစ္စအတွက် စားပွဲခုံများနှင့် ခွေးခြေခုံများကို ငှားထားပြီးဖြစ်လေသည်။

မိဘများ၊ အဘိုးအဘွားများနှင့် အဘိုးကြီး အဘွားကြီးများပင်လျှင် သူတို့၏ကလေးများကို လွှတ်မထားလိုသောကြောင့် အိမ်မှုကိစ္စများကို ပစ်ထားပြီး လိုက်ပါလာကြ၏။ သူတို့က ဘေးမှ စောင့်ကြည့်နေကြလေသည်။

စာရွက်နှင့်မှင်မပါဘဲ ဝေ့ချင်းဟယ် ရွတ်ပြသွားသည့် မေးခွန်းအများစုကို နောက်မှသာ မှင်တံကိုရေစွတ်ကာ ကျောက်ပြားပေါ်တွင် အဖြေချရေးရလေသည်။

ကျောက်ပြားပေါ်ရှိရေစက်များသည် ခြောက်လွယ်သောကြောင့် ဝေ့ချင်းဟယ်၊ ဝမ်ယွင်ကျန့်နှင့် စန်းလော့တို့က အဖြေများကို တစ်ပြိုင်နက်စစ်ဆေးကြရ၏။ စည်းမျဉ်းများကို ကြိုတင်သတ်မှတ်ထားသည်။ မေးခွန်း၃၀ထဲမှ ၁၅ခုကို မှန်ကန်စွာ ဖြေဆိုနိုင်သူသည် အားရှု ပြောခဲ့သည့်အတိုင်း တစ်ကယ့်မှင်အစစ်ဖြင့် စာရွက်ပေါ်တွင် ရေးရန်ကြိုးစားနိုင်၏။

တစ်နာရီကျော်ကြာ စစ်ဆေးပြီးသောအခါ ဝေ့ချင်းဟယ်နှင့် ဝမ်ယွင်ကျန့်တို့သည် ဆရာတစ်ပိုင်းအနေဖြင့် ထူးချွန်စွာစွမ်းဆောင်ခဲ့ကြသည်မှာ အံ့ဩစရာတော့မရှိချေ။ စစ်ဆေးမှုများတွင် ရှန်းအန်းနှင့် ရွှီဝမ်ပေါ်တို့သည် အတော်ဆုံး စွမ်းဆောင်သူများဖြစ်ကြပြီး နောက်တွင် ရှန်းလီနှင့် ရွှီဝမ်ဟုန်တို့ဖြစ်သည်။ ဆယ်နှစ်အရွယ် ကျိုးချန်ဟယ်နှင့် အားရှုတို့သည် နောက်မှပါလာကြ၏။ ရွှီဝမ်ချင်းသည် ၃၀တွင် ၁၅ခုမှ ၁၇ခုအထိသာ အဖြေမှန်လေသည်။

ရှီညီအစ်ကို၃ယောက်၊ ချန်းအာ့ရှန်နှင့်အတူ စန်းလန်နှင့် စစ်လန်တို့တွင် တစ်ဝက်သာ အဖြေမှန်ကို ဖြေဆိုနိုင်လေ၏။

ပွဲကြည့်ပရိတ်သတ်အုပ်စုကြားထဲတွင် အဒေါ်ချန်းနှင့် ကျိုးရွာသူကြီးအဖွဲ့မှ အခြားမိဘများက ဝမ်းသာအားရဖြင့် သက်ပြင်းချရင်း သူတို့၏ကလေးများကို ပိုပြီးကြိုးစားစေရန် သဘာဝအလျောက်ပင် အားပေးနေမိကြလေသည်။

ချောင်အာသည် သူ့အစ်ကိုတို့၏စားပွဲအနောက်တွင် ရပ်နေရင်း မေးခွန်းများဖြေသည်ကို တိတ်တဆိတ် စောင့်ကြည့်နေ၏။ သူတို့ကို နှောင့်ယှက်မိမည်ကို စိုးရမ်သောကြောင့်သာမဟုတ်လျှင် စိတ်မရှည်ဘဲ ခုန်ဆွခုန်ဆွလေး လုပ်နေနေမိလောက်လေသည်။

ယခု ရလဒ်များထွက်လာတော့ ကလေးမလေးသည် မိန်းကလေးများ၏ အုပ်စုတွင်ဝင်ကာ ရွှီဝမ်ယင်း၊ ရှန်းနဉ်နှင့် ချန်းရှောင်ယာတို့ကို တီးတိုးပြောဆိုလေ၏။

"မိန်းကလေးတွေက ဘာလို့ စာမေးပွဲ ဖြေလို့မရတာလဲ။ သမီး အစ်ကိုထက်တောင် ပိုပြီးဖြေနိုင်သေးတယ်"

ချန်းရှောင်ယာသည်လည်း ချန်းအာ့ရှန်၏နောက်တွင် ရပ်နေပြီး စိုးရိမ်စိတ်ကြောင့် မျက်မှောင်ကြုတ်ကာ အကြာကြီး စိုက်ကြည့်နေမိ၏။

"မဟုတ်လို့လား။ သမီး တွက်ပြီးပြီလေ၊ အဲ့ထဲက ၁၈ခုတောင်ဖြေနိုင်တယ်"

စန်းလော့၏ နေ့စဉ်သင်ပြမှုနှင့် ထိတွေ့ရပြီး အိမ်ပြန်ရောက်နေသည့် လုံ့လဝီရိယရှိသော အစ်ကိုကြီးနှစ်ယောက်၏ လွှမ်းမိုးမှုကြောင့် ရှန်းနဉ်တစ်ယောက် တွက်ချက်လိုက်လေသည်။

"ငါ တွက်လိုက်တာ၊ မေးခွန်း ၂၁ခုဝောာ့ဖြေနိုင်တယ်"

ရွှီဝမ်ယင်းက ရှန်းနဉ်ကို ကြည့်‌လိုက်လေသည်။

"တိုက်ဆိုင်လိုက်တာ၊ ငါလဲ မေးခွန်း ၂၁ ခု ဖြေနိုင်တယ်”

သူတို့အားလုံးသည် စိတ်ထဲ၌ မေးခွန်းများကို တိတ်တဆိတ်ဖြေနေကြ၏။

ရွှီဝမ်ယင်းတစ်ယောက် နှုတ်ခမ်းဆူလေသည်။

"မိန်းမတစ်ယောက်က အရာရှိလုပ်တာ ဒါမှမဟုတ် ကျောင်းတက်တာ မကြားဖူးပါဘူး။ ဝမ်မိသားစုရဲ့ တရားဝင်မိန်းမတွေမှာတော့ အမျိုးသမီးဆရာမတွေ ရှိပါတယ်။ ဒါပေမယ့် သူတို့သင်တာနဲ့ သမီးတို့သင်တာက တော်တော်ကွာတယ်။ အမေ ငယ်ငယ်တုန်းကတော့ အဲ့တာ နဲနဲလောက်သင်ဖူးတယ်။ သမီးကို ပြန်သင်ပေးပေမယ့် အဲ့လောက်ထိ စိတ်မဝင်စားခဲ့ဘူး"

ဆိုင်ရှင်ရွှီက ရယ်မောကာ ပြောလိုက်လေသည်။

"ကောင်းပြီ၊ အဖြေထွက်လာပြီ။ အရင်က ငါတို့မိသားစုနဲ့ ရှန်းမိသားစုက စက္ကူတစ်ချို့နဲ့မှင်ကို ပေါင်းထားတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ယွင်ကျန့်ဦးလေးက ငါတို့ရွာမှာရှိတဲ့ လူတော်တော်များများက စာမေးပွဲဖြေဖို့ စီစဉ်နေတာကို ကြားထားလို့ စုတ်တံ၊ မှင်၊ စာရွက်နဲ့ မှင်ခွက်တွေထည့်ထားတဲ့ သေတ္တာတစ်လုံးကို ပို့ပေးခဲ့တယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ဝီရိယရှိရှိ ကြိုးစားထားတဲ့သူတွေက အရှေ့ကိုထွက်လာပြီး ကိုယ့်ဝေစုကိုယ် လာယူနိုင်ပါတယ်။ စာမေးပွဲဖြေတဲ့သူတွေက စီရင်စုရုံးကိုသွားပြီး အရင်ဆုံး နာမည်စာရင်းတင်ပါ။ အဲ့တာပြီးရင် မှင်နဲ့မှင်ခွက်ကို ဘယ်လိုသုံးရမလဲဆိုတာ လေ့လာဖို့ ဒီကိုပြန်လာခဲ့။ နောက်ရက်အနည်းငယ်လောက် ကျရင်တော့ အိမ်မှာပဲလေ့ကျင့်ပေါ့"

သူ့စကားအဆုံးသတ်သွားသောအခါ ဦးလေးရွှီသည် ရွှီဝမ်ချင်းနှင့်အတူ ခန်းမ၏ထောင့်တွင် ယခင်ထဲက ထားထားသော သေတ္တာတစ်ခုကို ကောက်ယူပြီးပြီဖြစ်၏။ ထိုအရာကို အလယ်သို့ပို့ကာ ဖွင့်လိုက်လေသည်။

ဝမ်မိသားစုက စုတ်တံများ၊ မှင်၊ စာရွက်နှင့် မှင်ခွက်ပို့ပေးသည်ကိုကြားတော့ လူတိုင်းက အံ့အားသင့်သွားကြ၏။ တော်တော်များများသည် ထိုကဲ့သို့ပစ္စည်းများကို အနီးကပ် မမြင်ဖူးသောကြောင့် ကြည့်ရန် ဝိုင်းဖွဲ့လာကြလေသည်။ ပစ္စည်းများကို ခေါင်းစဉ် အသီးသီးအောက်တွင် သပ်ရပ်စွာစီထားလေသည်။

အဘွားချန်းက ထိုအရာကို တစ်ချက်ကြည့်လိုက်ပြီး မှင်ခွက်ကို ထိကြည့်လိုက်လေသည်။

"အနုစိတ်လိုက်တာ၊ ဒါက မှင်ကြိတ်ဖို့လား။ ‌ဒါက အိမ်မှာရှိတဲ့တစ်ခုနဲ့လဲ မတူဘူး"

အဘွားချန်းသည် ယခင် ရွာသူကြီးအပါအဝင် ကျိုးမိသားစု၏အိမ်ရှိ မှင်ခွက်များကိုသာ မြင်ဖူးသောကြောင့် ကျိုးရွာသူကြီး၏မိန်းမကို မေးနေခြင်းဖြစ်လေသည်။

ကျိုးလင်မယားသည် အနီးကပ်ကြည့်ရန် တိုးလာကြပြီး အတူတူ ခေါင်းခါလိုက်ကြ၏။

"ငါတို့ဟာက မကောင်းဘူး။ ဒါက အများကြီးပိုပြီး ဈေးကြီးတယ်"

သူတို့သည် သုံးလို့ရနိုင်သည့် ဈေးအသက်သာဆုံး မှင်ခွက်ကိုသာ အသုံးပြုကြလေသည်။

စန်းလော့လည်း တစ်ချက်ကြည့်ပြီး ဝမ်သခင်ကြီး၏ ထောက်ထားတတ်မှုကို မလေးစားဘဲ မနေနိုင်ပေ။ သူ၏စီးပွားရေးကို သည်လောက်အောင်မြင်စွာ လည်ပတ်နိုင်စေသည်မှာ အံ့ဩစရာမရှိချေ။

ယနေ့တွင် ဤပစ္စည်းများကိုသာ ဝမ်မိသားစုက မပို့ပေးပါက စာမေးပွဲဖြေရန် သေချာသည့်မိသားစုများက နေ့လည်ဘက်တွင် စုတ်တံများ၊ မှင်၊ စက္ကူနှင့် မှင်ခွက်များကိုဝယ်ရန် မြို့ထဲသို့ သွားရမည်ဖြစ်သည်။ သူမနှင့်ရွှီမိသားစုက စက္ကူနှင့် မှင်များကို ပေးနိုင်‌သော်လည်း မှင်ခွက်ကို မည်သည့်နေရာတွင် ရှာရမည်နည်။ မှင်ကိုကိုင်ထားရန် ပန်းကန်လုံး သို့မဟုတ် ပန်းကန်ပြားကို စာမေးပွဲခန်းမထဲသို့ ယူဆောင်လာရန် မဖြစ်နိုင်ချေ။

ဤလက်ဆောင်သည် အချိန်ကိုက်ပြီး သင့်လျော်လွန်းသည်။ ဘယ်သူက ကျေးဇူးမတင်ဘဲ နေနိုင်ပါ့မလဲ။

သို့သော် ဝမ်ယွင်ကျန့်ကို သတိရသွားသောအခါ လူငယ်လေးကို မကြည့်ဘဲမနေနိုင်ပေ။ ထိုအချိန်တုန်းက ဆိုင်ရှင်ရွှီက သူ့မိခင်ဘက်မှ အဘိုးအဘွားများ ဆုံးပါးသွားကြောင်း ပြောပြသည့် မြင်ကွင်းကို မှတ်မိနေ‌ဆဲဖြစ်သည်။

၁၄နှစ်သားအရွယ်တွင် သူသည် ပို၍ပင် စိတ်တည်ငြိမ်လာလေ၏။ ယခုပြန်လာသောအခါတွင် သူသည် သခင်ကြီးဝမ်နှင့် အေး‌အေးဆေးဆေး စကားပြောနိုင်နေပြီး ဝမ်မိသားစုအိမ်သို့ တစ်ခေါက်သွားလည်ပြီးနောက်တွင် ဝေ့ချင်းဟယ်နှင့် ရွာတွင်နေရန် ဆုံးဖြတ်ခဲ့လေသည်။ မည်သို့ပင်ဆိုစေကာမူ ဝမ်မိသားစုသည် သူတို့၏အစီအစဉ်ကို အနှောင့်အယှက် မပေးခဲ့ချေ။

အဘိုးချန်းသည် ထိုအရာနှင့်ပတ်သက်ပြီး အများကြီးမတွေးပေ။ သူ့ဘဝတွင် အသုံးပြုခဲ့ဖူးသောစက္ကူသည် အိမ်ရှိ ပြတင်းပေါက်စက္ကူမျှသာဖြစ်သည်။ ယခုအချိန်တွင် ဝမ်မိသားစုမှ ပို့ပေးသည့်စက္ကူကို ကြည့်သောအခါ အက်ကွဲကြောင်းများနှင့်ပြည့်နေပြီး အသားမာတက်နေသည့် သူ၏ကြမ်းတမ်းသောလက်ဖြင့် မထိရဲချေ။

"ဒါ ဘယ်လောက်ပေးခဲ့ရလဲ။ သခင်ကြီးဝမ်က လက်ဖွာလွန်းတယ်။ ငါတို့က ဒီလောက်မရင်းနှီးဘူးလေ။ ဒါကို ဘယ်လိုလုပ် လက်ခံနိုင်ပါ့မလဲ"

ဆိုင်ရှင်ရွှီသည် ဝမ်ယွင်ကျန့်ကို ကြည့်လိုက်လေ၏။ သူ့အလုပ်ရှင်ကို ကောင်းစွာသိပြီး ဝမ်မိသားစုသည် သူတို့မိသားစုများကြားရှိ စိတ်ဝမ်းကွဲမှုကို ပြင်ရန်ကြိုးစားနေသည်ကို နားလည်လေသည်။ ယွင်ကျန့်အတွက် လက်ဆောင်ကို သူကိုယ်တိုင်ဆန္ဒရှိစွာ လက်ခံထားသောကြောင့် ဆိုင်ရှင်ရွှီသည် အခြေအနေကို ဖိအားမပေးတော့ချေ။ သူက ပြုံးပြီးပြောလိုက်၏။

"ငါတို့က ဘာလို့မရင်းနှီးတာလဲ။ လူတိုင်းက ယွင်ကျန့်ကို နှစ်တွေအကြာကြီး စောင့်ရှောက်ခဲ့ကြတာ။ လာ၊ ဒါတွေကို ခွဲကြရအောင်"

ဝမ်ယွင်ကျန့်က ခေါင်းညိတ်ပြုံးပြကာ ပစ္စည်းများရွေးရာတွင် ပါဝင်လေသည်။

လယ်သမားများသည် ခြိုးခြံချွေတာပြီး ဤပစ္စည်းများ၏တန်ဖိုး မည်မျှရှိသည်ကို အားလုံးသိထားကြ၏။ ရှီသလန်သည် အလိုအလျောက် ပြောလိုက်မိလေသည်။

"ဒါက စာမေးပွဲအတွက်လား။ ဒီရက်ပိုင်းလေးမှာတော့ တတ်နိုင်သလောက် များများသုံးပေး။ အဲ့တာမှ စာမေးပွဲအတွင်းမှာ ဒါနဲ့ရင်းနှီးနေမှာ"

ဝမ်ယွင်ကျန့်က ခေါင်းခါပြီး ပြောလိုက်လေသည်။

"ရှီဦးလေး၊ လုံလောက်နေပါပြီ။ နှစ်တွေအကြာကြီး လေ့လာပြီးတဲ့နောက်မှာ ဒါတွေကို ခံစားခွင့်ရတာ တစ်ကယ်ကောင်းပါတယ်။ အခုချိန်မှာ သူတို့တွေ မလိုသေးဘူးဆိုရင်တောင် နောက်ကျ အသုံးလိုလာမှာပါ"

ရွှီဝမ်ချင်းနှင့် သူ့အစ်ကိုများနှင့်အတူ ပစ္စည်းများကိုခွဲထုတ်ကာ လွန်ခဲ့သောနှစ်အနည်းငယ်က သူ၏အတန်းဖော်များကို ဝေငှပေးလိုက်လေသည်။

ဝမ်ယွင်ကျန့်သည် ရှန်းလီကို ဝေစုနှစ်စုစာပေးလိုက်၏။

"ဆရာ၊ ဒါက ဆရာနဲ့ ဆရာကတော်အတွက်ပါ"

ရှန်းလီသည် သူ့အမူအရာကို ကြည့်လိုက်ပြီး စိတ်မကောင်းဖြစ်ခြင်းမရှိသည်ကို မြင်မှ လက်ဆောင်များကို အပြုံးဖြင့် လက်ခံလိုက်လေသည်။

"ကျေးဇူးပဲကွာ"

ဝမ်ယွင်ကျန့်၏မျက်လုံးများထဲတွင် ဝမ်းသာမှု အရိပ်အယောင်များပေါ်နေ၏။ သူသည် နောက်ပြန်လှည့်ကာ နောက်ထပ်နှစ်စုံကို ယူလိုက်ပြီး ရှန်းအန်းနှင့် ရှန်းအန်းအနားတွင် ထိုင်နေသော ရှန်းနဉ်ကို ပေးလိုက်လေသည်။

ရှန်းနဉ်တစ်ယောက် အံအားသင့်သွား၏။

"ငါ့အတွက်ရော တစ်ခုပါတာလား"

ဝမ်ယွင်ကျန့်၏နှုတ်ခမ်းများ ကွေးညွတ်သွားလေသည်။

"သူတို့နဲ့ စာမလုပ်ဘူးလား"

ရှန်းနဉ်၏မျက်လုံးများမှာ ချက်ခြင်း ဝိုင်းစက်သွားကာ စားပွဲပေါ်ရှိ လက်ရေးလှကိရိယာများကို စစ်ဆေးကြည့်ရန် ရှေ့သို့တိုးလာလေ၏။ သူမက ဝမ်ယွင်ကျန့်ကို မေးလိုက်လေသည်။

"တစ်ကယ်ပဲ လုံလောက်ရဲ့လား။ နင့်ဦးလေးက ဒါတွေကို ပြင်ဆင်ပေးခဲ့တာမလား။ မိန်းကလေးတွေပါ ဝေစုရတာလား"

"ဟုတ်တယ်"

ဝမ်ယွင်ကျန့်က ပြန်ပြောလိုက်၏။ ပစ္စည်းများကို သူ့ဦးလေးက အမှန်တကယ် ပြင်ဆင်ထားသော်လည်း တစ်ကယ်တော့ သေတ္တာကြီးနှစ်ခုလုံးတွင် တစ်ခုစီ၌ သူ့ကိုယ်ပိုင်ဝေစု ပါဝင်လေသည်။ သူသည် ထိုအရာများထဲမှ တစ်ခုကို ရွေးထုတ်စဉ်ထဲက အစုံမည်မျှပေးဝေးမည်ကို ဆုံးဖြတ်ထား၏။

ရှန်းနဉ်သည် လက်ဆောင်ကို ပျော်ရွှင်စွာ အပြုံးဖြင့် လက်ခံလိုက်လေသည်။

"ကျေးဇူးတင်ပါတယ်"

"ရပါတယ်"

ဝမ်ယွင်ကျန့်တစ်ယောက် အပြုံးဖြင့် ပြောလိုက်ပြီး နောက်ထပ်တစ်စုံကို ယူရန်လှည့်သွားလေ၏။ ယခုအချိန်တွင် သူ့ဘေးတွင်ထိုင်နေသည့် ချန်းအာ့ရှန်ကို လှမ်းပေးလိုက်လေသည်။

"ငါ့အတွက်ရော"

ရွှီဝမ်ယင်းသည် ခြေလှမ်းအနည်းငယ် လှမ်းသွားလိုက်ပြီးနောက် ချန်းရှောင်ယာနှင့် ရှီချောင်အာကို လက်ကို‌ဝေ့ယမ်း ပြလိုက်လေသည်။

"ရှောင်ယာ၊ ချောင်အာ၊ ဒီကို မြန်မြန်လာ"

ရှန်းနဉ်တွင် တစ်စုံရှိလျှင် သူတို့ထံတွင်လည်း သေချာပေါက် ရှိသင့်လေသည်။ နှစ်ခါစဉ်းစားမနေဘဲ ရွှီဝမ်ယင်းသည် သူတို့ကို လှမ်းခေါ်လိုက်တော့၏။

ဝမ်ယွင်ကျန့်က ပြုံးပြီး ၃စုံကို သူမကို တိုက်ရိုက်ပေးလိုက်၏။

"ညီမလေးတို့ အားလုံးမှာလဲ ဝေစုရှိတယ်။ ညီမလေးက သူတို့ကို ပြန်ခွဲပေးလိုက်နော်"

အစောပိုင်းက မိန်းကလေးများကို စာမေးပွဲဖြေဆိုခွင့် မပြုခြင်းနှင့်ပတ်သက်ပြီး မကျေမနပ်ဖြစ်နေသော ရှီချောင်းအာနှင့် ချန်းရှောင်ယာတို့သည် ဝမ်းသာနေကြ၏။

"တစ်ကယ်ပဲ သမီးတို့ကို ပေးတာလား"

အားရပါးရပြုံးရင်း၊ ရှီချောင်အာသည် ရွှီဝမ်ရင်းထံမှ တစ်စုံကို စိတ်အားထက်သန်စွာဖြင့် လက်ခံလိုက်ပြီး၊ လက်တစ်ဖက်မှ ပိုက်ထားကာ နောက်လက်တစ်ဖက်ဖြင့် စာရွက်၏ပုံစံကို ခံစားကြည့်လေသည်။ စိတ်ဝင်စားစရာကောင်းသောကြောင့် သူမသည် ရှန်းနဉ်၏ပစ္စည်းကို စစ်ဆေးရန် တိုးလာလိုက်ပြီးနောက် မကြာမီတွင် မိန်း‌ကလေးငယ် လေးယောက်လုံးက အချင်းချင်း ပွေ့ဖက်လိုက်ကြ၏။

ဝမ်ယွင်ကျန့်သည် ဝမ်မိသားစုနှင့် အမှန်တကယ် ဟန်ချက်ညီနေပုံပေါ်သည်ကိုမြင်တော့ စန်းလော့တစ်ယောက် စိတ်သက်သာရာရသွားလေသည်။ သူမက ရှန်းလီလက်ထဲမှ စာရွက်တစ်ရွက်ကိုယူကာ သေချာစစ်ဆေးကြည့်လိုက်၏။

ထိုအချိန်ကပင်လျှင် ကျွမ်းကျင်သော နည်းပညာများရှိခဲ့လေသည်။ သူမလက်ထဲရှိ စက္ကူ၏အရည်အသွေးကို ခံစားရင်း စန်းလော့သည် တောင်စမ်းချောင်းတွင် စိမ်ထားသော အရာများကို သတိရသွား၏။ အရေးကြီးသော အချက်အလက်တစ်ချို့ကို ချိတ်ဆက်စဉ်းစားကြည့်မိတော့ နောက်ဆုံးနည်းလမ်းတစ်ခုကို မဖန်တီးမီအထိ တစ်လကျော်လောက် စဉ်းစားရခက်နေခဲ့လေသည်။ စမ်းသပ်ကြည့်ဖို့ အချိန်ရှိရန်သာ လိုတော့၏။

သူမထံတွင် ကြီးကျယ်သော ရည်မှန်းချက်များ မရှိချေ။ သူမသည် စက္ကူအဖြစ်သာ ပုံသွင်းနိုင်ပါက အကြမ်းထည်ဖြစ်လျှင်ပင် အောင်မြင်မှုတစ်ခု ဖြစ်နိုင်လေသည်။

သူမသည် ကြွယ်ဝသောမိသားစုများ၏ အခြေခံအုတ်မြစ်များ၏ စေ့စပ်နက်နဲမှုကို နောက်တစ်ကြိမ်ထပ်၍ သက်ပြင်းချလိုက်မိ၏။ သူတို့တွေကရော စမ်းသပ်မှုဘယ်နှစ်ခုလောက်ကို စမ်းသပ်ပြီးကြပြီလဲ။ အမှန်ပင် သူတို့၏ကြွယ်ဝမှုသည် လက်ရှိပြည်နယ်ရုံးထက် သာလွန်နေလေသည်။

...

ပြည်နယ်ရုံး၏ အကြီးဆုံးပြည်သူ့ခန်းမတွင် အားမာန်ပါသော လူငယ်တစ်ဦးက စုတ်တံဖြင့် ရေးချလိုက်လေ၏။ မှင်ခြောက်သွားအောင်စောင့်ပြီး စာရွက်ကို လိပ်လိုက်လေသည်။ အနောက်ဘက်ခြမ်းတွင် ရေးထားသည့် "သချန်" ဟူသော စာလုံးကို သတိထားမိတော့ သူ၏လှုပ်ရှားမှု ရပ်တန့်သွားပြီး မျက်နှာမှာ ပို၍မဲမှောင်လာလေ၏။

"ပြည်နယ်ကျောင်းရဲ့ ကျောင်းအုပ်ရာထူး ယူဖို့အတွက် ကျန်းမိသားစုက ငြင်းနေတုန်းလား"

လူလတ်ပိုင်းပညာရှင်ဖြစ်သည့် ရှီကျိုးစီရင်စု သမိုင်းပညာရှင်က မဲ့ပြုံးပြုံးကာ ခေါင်းယမ်းလေသည်။

"သူတို့ဆီကိုသွားတာ ၃ခါရှိပြီ။ ဒါပေမယ့် နေမကောင်းဘူးလို့ ပြောနေကြတုန်းပဲ"

"ဒါက ငါတို့ရဲ့ ချီမင်းဆက်ကို အထင်သေးတယ်ဆိုတာကို ပြသနေတာပဲ"

လူငယ်လေးက ငေါ့တော့တော့ပြောလိုက်၏။

"အဲ့ခါကျရင် သူ့ကို နေမကောင်းဖြစ်ခိုင်းလိုက်။ ပြည်နယ်ကျောင်းတော်ရဲ့ ကျောင်းအုပ်က လေးစားထိုက်တဲ့မိသားစုက ဖြစ်ရမယ်လို့ ဘယ်သူပြောလဲ။ လင်မိသားစုက အကြီးအကဲလင်ကို သွားရှာလာခဲ့"

သက်လတ်ပိုင်းအရွယ်ပညာသင်သားသည် ဤသည်ကို ကြားတော့ ရယ်မောလေ၏။

"အကောင်းဆုံးပဲ။ ဒီနေ့လည်ကျရင် လင်မိသားစုဆီ သွားလည်လိုက်မယ်"

လူငယ်လေးက စာရွက်ဆက်လိပ်နေသည်ကိုမြင်တော့ အကြံမပေးဘဲမနေနိုင်ပေ။

"လူကြီးမင်း၊ ဒါက ဧကရာဇ်ရဲ့ဖတ်ရှုဖို့အတွက်ပါ။ စာရွက်ပြောင်းသင့်တယ်။ ရက်အနည်းငယ်အတွင်းမှာ ပြည်နယ်ကျောင်းက ဝင်ခွင့်စာမေးပွဲကျင်းပတော့မှာ။ ဒီနေ့ ဝမ်မိသားစုအကြီးအကဲက သူ့ကလေးတွေကို စာရင်းပေးဖို့ ခေါ်လာတုန်းက သူတို့မိသားစုရဲ့ စုဆောင်းမှုကို တွေ့တယ်လို့ပြောရင်း စက္ကူသေတ္တာ၅၀ကျော် လက်ဆောင်ပေးခဲ့တယ်"

ထိုလူငယ်သည် လက်ရှိ ရှီကျိုးစီရင်စု အုပ်ချုပ်ရေးမှူးမှလွဲ၍ အခြားသူမဟုတ်ပါ။ အုပ်ချုပ်ရေးမှူး၏ စကားများကိုကြားတော့ သူ၏လှုပ်ရှားမှုများမှာ ခဏတာရပ်တန့်သွားပြီး သတိပြန်ဝင်လာတော့သည်။

"ဒါက အခု စီရင်စုမှာရှိတဲ့ အခြေအနေတွေပဲ။ ဧကရာဇ်ကလဲ ဒါကို သတိထားမိတယ်။ စာရွက်အတွက်ကတော့ ဘုရင်မင်းမြတ်ကို ပေးစာနဲ့အတူ သေတ္တာသုံးဆယ်ပါတယ်"

သူတို့တွင် အမွေဆက်ခံစဉ်က အရှုပ်အထွေးတစ်ခုရှိခဲ့လေသည်။ သို့ဆိုလျှင် စီရင်စုအုပ်ချုပ်ရေးမှူးက အရှက်ရလို့ရော ဆုံးရှုံးစရာ ဘာရှိပါမည်နည်း။

ဆက်သားတစ်ယောက်ကိုဆင့်ခေါ်ကာ တာဝန်ပေးပြီးနောက် ကျောင်းတာဝန်ခံကို ပြောလိုက်လေသည်။

"အခုအချိန်ထိ ပြည်နယ်ကျောင်းအတွက် လျှောက်ထားသူ ဘယ်လောက်ရှိလဲ"

ကျောင်းတာဝန်ခံက သက်ပြင်းချလိုက်၏။

"ဒီကိစ္စကို သေချာဆွေးနွေးဖို့ ဒီကိုလာခဲ့တာပဲ။ ဒီနှစ်မှာ သတ်မှတ်ထားတဲ့ ကျောင်းသားလေးဆယ်ကို အပြည့်ခေါ်ဖို့က အဆင်မပြေဘူး။ ကြေညာချက်ထုတ်ပြီးထဲက ၂၇ယောက်ပဲ စာရင်းသွင်းထားသေးတယ်"

"၂၇ယောက် ဟုတ်လား"

လူငယ်လေးက မျက်မှောင်ကြုတ်လိုက်၏။

"စာရင်းက ဘယ်မှာလဲ"

ရှီကျိုးပြည်နယ် ကျောင်းတာဝန်ခံသည် ကြိုတင်ပြင်ဆင်ထားသောစာရင်းကို လွှဲပြောင်းပေးလိုက်၏။ လူငယ်လေးက ထိုအရာကိုဖြည်ကာ မြန်မြန်စစ်ဆေးလိုက်လေသည်။ လျှောက်ထားသူတိုင်း၏ နောက်ခံများကို သူတို့၏အမည်များနောက်တွင် ဖော်ပြထား၏။

ဝမ်မိသားစု၊ လင်မိသားစုနှင့် ကျန်သူများမှာ အနည်းငယ်ချမ်းသာသော အိမ်ထောင်စုများဖြစ်လေသည်။

လူငယ်လေးသည် စာရင်းကိုလှန်၍ စားပွဲပေါ်သို့ ဆောင့်ချလိုက်ပြီး သရော်ပြုံး မပြုံးဘဲမနေနိုင်ပေ။

"အော်၊ ကျန့်မိသားစု။ လူငယ်အဖွဲ့ဝင် တစ်ရာကျော်ရှိတဲ့အထဲမှာ တစ်ယောက်ကတောင် ပညာလိုက်စားဖို့ကို အချိန်မပေးနိုင်ဘူးလား"

"သွား၊ ကြေငြာချက်ကို ပိုပြီးအရှိန်မြှင့်လုပ်ဆောင်ပါ။ ဒါကို မြို့တံခါးဝနဲ့‌ ဈေးတွေတိုင်း၊ အိမ်နီးချင်းပြည်နယ်တွေတိုင်းကို ရောက်အောင်လုပ်။ ချီမင်းဆက်က အသိပညာ လိုက်စားတဲ့နေရာမှာ ဘက်မလိုက်ဘဲ ပညာရှင်တွေကို ရှာဖွေနေတယ်။ အသက် ၄၀ ဒါမှမဟုတ် ၅၀ဖြစ်နေရင်တောင် သူတို့ဆန္ဒရှိရင် လာလို့ရတယ်"

မော်ကွန်းထိန်းသည် ယခင်မင်းဆက်၏ ထင်ရှားသောမိသားစုမှ ဖြစ်သည်။ သူသည် ယခင်က ဤကဲ့သို့ပြည်နယ် သင်တန်းကျောင်းကို တစ်ခါမှမမြင်ဖူးချေ။ ခေတ္တမျှ ပြောစရာစကားများ ပျောက်ဆုံးနေလေ၏။ သူ စကားပြောခါနီးလေး‌တွင် လက်အောက်ခံ အရာရှိတစ်ဦးသည် စိတ်လှုပ်ရှားမှု အရိပ်အယောင်ဖြင့် ဝင်လာလေသည်။

"တရားသူကြီးမင်း၊ တစ်ယောက်ယောက်က ပြည်နယ်ကျောင်းအတွက် စာရင်းပေးဖို့လာတယ်။ အားလုံးပေါင်း ကိုးယောက်ရှိတယ်"

ရှီကျိုးပြည်နယ်ရှိ ရာထူးအမြင့်ဆုံးအရာရှိနှစ်ယောက်မှာ ချက်ခြင်း လှည့်ကြည့်လိုက်မိလေ၏။

"ဘယ်နှစ်ယောက်တယ်"

" ကိုးယောက်ပါ"

နှုတ်ခမ်းများထဥ စကားလုံးများ ထွက်လာသည်နှင့်ချက်ချင်း အရာရှိနှစ်ယောက်သည် လေအလျင်အဖြစ် အလောတကြီး ထွက်သွားလိုက်တော့သည်။ ပညာသင်တစ်ဦးဖြစ်သည့် အတွင်းရေးမှူးတစ်ယောက်သာ အရာရှိရုံးခန်းမှ ထွက်ခွာလာစဉ်တွင် ဖြစ်ပျက်နေသည်များကို နားလည်လေ၏။ သူသည် စစ်အင်အားနောက်ခံရှိသော စစ်အုပ်ချုပ်ရေးမှူးထံသို့ အလျင်အမြန် အမှီလိုက်ကာ အသနားခံလိုက်လေသည်။

"တရားသူကြီးခင်ဗျာ၊ အပြင်မသွားပါနဲ့ဦး။ ပြတင်းပေါက်ကနေ ကြည့်လိုက်ရင် သိသွားပါလိမ့်မယ်"

...

အပိုင်း (၂၁၆) ကာယလုပ်သား

ဇကာကွက်ပြတင်းပေါက်မှတစ်ဆင့် ငယ်ရွယ်လှသည့် ရှီကျိုးအုပ်ချုပ်ရေးမှူးသည် ဖျင်ကြမ်းအဝတ်အစားနှင့် ဘောင်းဘီတိုများ ဝတ်ဆင်ထားသည့် လူတစ်အုပ်ကို တွေ့လိုက်ရသည်။ အဝတ်အစားများက ထူထဲလှဟန်ရှိပြီး အောက်တွင် သားမွှေးအတွင်းခံတစ်ထည် ရှိပုံရသည်။ လူကိုးယောက်ရှိပြီး အကြီးဆုံးမှာ အသက်၂၃-၂၄ဝန်းကျင်ခန့်ရှိကာ အငယ်ဆုံးက ၈နှစ်၉နှစ်ခန့်ထင်ရသည်။ အများစုက ဆယ်ကျော်သက်လေးများဖြစ်သည်။ တစ်ယောက်ပြီးတစ်ယောက် သူတို့သည် ရှေ့သို့ထွက်လာကြပြီး သူတို့၏ စုတ်တံများကို မှင်ထဲတွင် နှစ်ချလိုက်ကာ စာရင်းသွင်းကြလေသည်။

သူတို့အများစုသည် စာရေးနေရင်း ထူးထူးခြားခြား စိတ်လှုပ်ရှားနေဟန်တူသည်။ သူတို့၏ ခန္ဓကိုယ်အနေအထားက အပြစ်ပြောစရာမရှိသည့်အပြင် အငယ်ဆုံး၏လက်ရေးလေးကလဲ တော်တော်လေး ကြည့်လို့ကောင်းလေသည်။

သူတို့အားလုံးက ပညာသင်တွေတဲ့လား။

အုပ်ချုပ်ရေးမှူးနှင့် သူ့အတွင်းရေးမှူးက အံ့သြသွားသည့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။

သာမန်ပြည်သူတွေအများကြီးက စာတတ်ကြသတဲ့လား။

ထို့အဖွဲ့ပြန်သွားပြီးနောက်တွင် အရာရှိနှစ်ယောက်သည် စာရင်းသွင်းထားသည်ကို စစ်ဆေးရန် အနောက်ဘက်အခန်းထဲက ထွက်ပေါ်လာကြသည်။ လက်ရေးများက အံ့သြစရာကောင်းလောက်အောင် ဖတ်လို့ရနေပြီး လျှောက်ထားသူတစ်ဦး၏ လက်ရေးကတော့ ထူးထူးခြားခြား ကောင်းမွန်နေသည်။ စာရင်းသွင်းထားသည့် နေထိုင်ရာလိပ်စာကို လှမ်းကြည့်လိုက်သည်တွင် သူတို့သည် သရှင်းရွာဟူသည့် အတန်းတစ်တန်းကို သတိထားမိလိုက်တော့ သည်။

သရှင်းရွာတဲ့လား။ အုပ်ချုပ်ရေးမှူးငယ်လေးက ခဏလောက် သေသေချာချာ စဥ်းစားလိုက်ပြီး သူ့စိတ်ထဲတွင် တစ်ခုခုကို သဘောပေါက်သွားတော့ သည်။

"အဲဒီ့ရွာက ဝမ်မိသားစုလှူထားပေးတဲ့ မြို့နဲ့အနီးဆုံးမဟုတ်လား၊ သူတို့တွေကို အဲဒီနေရာမှာ လူတွေကို နေရာချထားပေးပြီးပြီလား"

"အဲလိုပဲ ဖြစ်မယ်ထင်ပါတယ်၊ သန်းခေါင်စာရင်းအရာရှိက ပြောလိုက်သည်။ အရာအားလုံးကို အထက်လူကြီးထံ မတင်ပြရချေ။ ထို့ကြောင့် အတွင်းရေးမှူးက အကြောင်းအရာတစ်ခုလုံးကို သေသေချာချာ မသိချေ။ သူ့အကြည့်က ဝမ်ယွင်ကျန့်ဟူသည့် နာမည်ဆီသို့ကျရောက်သွားပြီး သူက အောက်ကနာမည်အတန်းကြီးကို လက်ညှိုးထိုးပြလိုက်သည်။

"ဒီတစ်ယောက်ကတော့ ဝမ်မိသားစုကပါ၊ သူက သီးခြားစာရင်းသွင်းထားတာပဲ"

ဒါက ဒီအတိုင်း သာမန်ကာလျှံကာ ပြောလိုက်သည့် မှတ်ချက်တစ်ခုဖြစ်လေသည်။ သို့သော်ငြားလည်း သူ့ကို ပိုပြီးဝမ်းသာရစေသည့် အကြောင်းအရင်းက ယခုအချိန်တွင် စာရင်းသွင်းသူပေါင်း ၃၆ယောက် ရှိနေပြီဖြစ်သည်။ သတ်မှတ်ထားသည့် အရေအတွက်က မပြည့်သေးသော်ငြားလည်း ကျန်နေသည့်နေရာများက တဖြည်းဖြည်း ပိုပြီးနည်းလာသည်။ နောက်ဆုံး ၉ရက်ကျန်သေးသည်။ သူက မေးလိုက်၏။

"ကျွန်တော်တို့တွေ ကြေငြာချက်တစ်ခု ဆက်ထုတ်ရအုံးမလား လူကြီးမင်း"

"ဘာလို့မထုတ်ရမှာလဲ၊ ဒီနေ့ခေတ်အခါမှာ အရည်အချင်းရှိတဲ့သူတွေက အရမ်း လိုအပ်နေတာ၊ ငါတို့တွေက အခုအချိန်မှာ ဘာဖြစ်လို့ ကန့်သတ်ထားရမှာလဲ၊ ဒါက မင်းကြီးရဲ့စိတ်ကူးပဲလေ"

-

သရှင်းရွာက ရှန်းလီနှင့်သူ့အဖော်များသည် မြို့ထဲသို့ဝင်သွားခဲ့သည်။ တောက်ပနေသည့်နေရောင်ခြည်ကို မြင်လိုက်သည်တွင် စန်းလော့က လယ်ထဲသွားဖို့ရန် အလျင်မလိုခဲ့ချေ။ ထိုအစား သူမက ဝါးခြင်းတောင်းတစ်ခုကို လှမ်းဆွဲလိုက်ပြီး ရှန်းနဥ်ကိုခေါ်ကာ သူတို့၏ ရာသက်ပန်မြေနောက်ကျောက တောင်ပေါ်နားရှိ စမ်းချောင်းဆီသို့ သွားလိုက်ကြသည်။

"ယောင်းမ သစ်ခေါက်တွေကို တကယ်ပဲ စက္ကူထုတ်လို့ရတာလား"

စက္ကူများက အလွန်မှအဖိုးတန်လှသည်။ သစ် ခေါက်များက စာရွက်အဖြစ်သို့ မည်သို့ပြောင်းလဲနိုင်မည်ကို သူမသည် မစဥ်းစားတတ်ချေ။

စန်းလော့က သူမကိုလှမ်းကြည့်လိုက်ပြီး တစ်ခစ်ခစ် ရယ်မောလေသည်။

"နင်တို့အခုဝတ်ထားတဲ့ အဝတ်အစားတွေလဲ လျှော်ပင်ကနေလုပ်ထားတာပဲ မဟုတ်ဘူးလား။ အဝတ်အစားတွေကို ရက်လုပ်လို့ရတယ်ဆိုရင် စက္ကူရော ဘာလို့လုပ်လို့မရမှာလဲ"

ရှန်းနဥ်သည် ခေါင်းလေးကို စောင်းထားလိုက်ပြီး "အဝတ်အစားကို ရက်ကန်းစင်မှာ ရက်လို့ရတယ် ဒါပေမဲ့ စက္ကူတွေကိုရော ရက်လို့ရလား"

သူမသည် ဒါကို ပုံဖော်ဖို့ရန် ခက်ခဲနေသည်ကို တွေ့ရလေသည်။

အမှန်အတိုင်းပြောရလျှင် စန်းလော့ကိုယ်တိုင်ကလဲ သူမ၏စိတ်ကူးများက အလုပ်ဖြစ်မည်ဟု သေချာမသိချေ။ သူမအနေဖြင့် သေချာသည့်အရာက စက္ကူများကို သစ်ခေါက် ကောက်ရိုး လျှော် ဝါးပင်နဲ့ဒီလိုပစ္စည်းများမှ ထုတ်လုပ်နိုင်သည်ကတော့ အမှန်ဖြစ် သည်။

"တစ်ခါလောက် စမ်းကြည့်ကြတာပေါ့ ဒါက အချိန် နည်းနည်းပဲ ပေးရမှာလေ နောက်ပြီးတော့ ကုန်ကြမ်းပစ္စည်းတွေကလဲ တောင်ထဲမှာ ပေါများနေတာပဲ ငါတို့တွေမှာ အရှုံးမရှိပါဘူး တကယ်လို့ အလုပ် ဖြစ်သွားတယ်ဆိုရင်လဲ အကျိုးအမြတ်က အဆုံးမရှိဘူးလေ"

စာရေးစက္ကူများ ပြတ်လပ်နေသည်ကို မဆိုထားနှင့် သူမသည် သန့်စင်ခန်းသုံးစက္ကူကို ဖောဖောသီသီသုံးဖို့ရန် မျှော်လင့်လေသည်။

သူမယောင်းမ၏ အတွေးအခေါ်ကို သတိမထားမိဘဲ ရှန်းနဥ်ကလဲ ကုန်ကြမ်းပစ္စည်းများက တောင်ထဲတွင်ပေါများသည်ဟု ကြားလိုက်ရသည်တွင် ရယ်မောလိုက်လေသည်။ လွန်ခဲ့သည့်တစ်လက သူမ၏ အစ်ကိုကြီးက တောင်ပေါ်လမ်းများကို ရှင်းလင်းထားခဲ့ပြီး ထင်းမီးများကို ယူပြန်လာခဲ့သည်။ သူ့မိန်းမကလဲ ဒါကို သတိထားမိခဲ့သည်။ ထိုနေ့တွင်ပင် သူမသည် ရှန်းနဥ်နှင့် သူမ၏ဒုတိယအစ်ကိုကို သစ်ကိုင်းခြောက်များသွားကောက်ရန် ခေါ်သွားပြီး သစ်ခေါက်များကို ခွာထားလိုက်ကာ ပင်စည်များကို အလွတ်အတိုင်းမီးရှို့ဖို့ ချန်ထားလိုက်သည်။ တစ်ခုမှ အလဟသမဖြစ်ခဲ့ချေ။

"စဥ်းစားကြည့်လိုက်တော့ ညီမတို့တွေက ဒါကို ပြီးပြည့်စုံနိုင်အောင် တကယ်ပဲ စီမံနိုင်ခဲ့တယ်ဆိုရင် ညီမတို့မိသားစုက စက္ကူနဲ့စုတ်တံရောင်းချဖို့ ဆိုင်လေးတစ်ခု ဖွင့်လို့ရတယ် မဟုတ်လား။ ညီမတို့အိမ်မှာသုံးနေတဲ့စုတ်တံကလဲ အပြင်ဘက်မှာ ရောင်းနေတဲ့စုတ်တံတွေထက် လုံးဝမနိမ့်ပါဘူး"

စန်းလော့၏နှုတ်ခမ်းများက အပြုံးတစ်ခုအသွင် ကွေးတက်သွားလေသည်။ မိန်းမငယ်လေးသည် ယခုတော့ အသက်၁၂နှစ်ရှိပြီဖြစ်ရာ အသက်၉နှစ်အရွယ် သူမတုန်းကထက် အများကြီးပိုပြီး သိမြင်လာတတ်သည်။ သူမ၏စိတ်ထဲတွင် အသိပညာများ ပြည့်နှက်နေသည့်အပြင် စီးပွားရေးအမြင်ထက် မြက်မှုကလဲ အပြည့်ပင်။

"စက္ကူလုပ်ပြီးတဲ့အထိ စောင့်စရာမလိုပါဘူး နင်တောင်မှ စုတ်တံတွေနဲ့ အဆင်ပြေနေတာပဲမဟုတ်လား။ တကယ်လို့ ပြည်နယ်ကျောင်းကို ဖွင့်လိုက်ပြီဆိုရင် နင်နဲ့ရှောင်ယာတို့က စမ်းကြည့်လို့ရတယ်လေ"

ဒီနေ့ခေတ်အခါမျိုးတွင် အစားအသောက်သည် ရောင်းချဖို့ရန် အလွန်မှအဖိုးတန်လေသည်။ သို့သော်ငြားလည်း ဒီလို ပစ္စည်းသေးသေးလေးများကတော့ စျေးကွက်တစ်ခုကို သေချာပေါက်ရှာဖွေနိုင်မည်။

ထိုစကားလုံးများက ရှန်းနဥ်၏မျက်လုံးများကို လင်းလက်သွားစေ၏။

"လယ်ထဲက အလုပ်တွေပြီးသွားတာနဲ့ တခါလောက်တော့ စမ်းကြည့်ပါအုံးမယ်"

ရှန်းနဥ်၏ အမှတ်တမဲ့တုံ့ပြန်မှုက စန်းလော့၏စိတ်ထဲတွင် အတွေးတစ်ခုကို လာပြီးလှုံ့ဆော်လေသည်။

မြေယာပိုင်ဆိုင်ထားတာက ကောင်းတဲ့ကိစ္စပါပဲ။ ဒါပေမဲ့ သူမရဲ့အချိန်အများစုကို ရှန်းနဥ်နဲ့အတူတူ ဒီကိစ္စမှာပဲ အလုပ်လုပ်ရင်း သုံးနေရတယ်။ သူတို့မှာ ကောင်းမွန်တဲ့ရုပ်ပိုင်းဆိုင်ရာ ခွန်အားရှိပြီး ဘယ်သူကမှတော့ အထူးတလည် ပင်ပန်းနေတာကို ခံစားမနေရဘူးဆိုပေမဲ့ - ဘယ်သူကရော နေ့တိုင်း ပေါက်ပြားပေါက်တဲ့တာဝန်ကို လုပ်နိုင်မှာလဲ။ ငါကရော ဒီအားသုံးရတဲ့အလုပ်ကို ဘာဖြစ်လို့ ဆက်ပြီးတော့ တွယ်ကပ်နေရမှာလဲ"

"ညီမရယ် စောင့်စရာမလိုပါဘူး ခဏနေကျရင် နောက်ထပ် လူအပို၂ယောက်လောက် ကူညီပေးဖို့ သွားမေးလိုက်မယ်လေ ရှေ့မှာလဲပဲ တောင်ယာမြေတွေ အများကြီးရှိတာဆိုတော့ ဘာပဲဖြစ်ဖြစ် ငါတို့တွေ အကူအညီလိုလိမ့်မယ် ဒီတော့ အခုချိန်ကတည်းက စထားတာလဲ ကောင်းပါတယ်"

ရှန်းနဥ်သည် တအံ့တသြဖြစ်သွားတော့သည်။ ထို့နောက်တွင်တော့ သူမ၏မျက်နှာက ပျော်ရွှင်မှုဖြင့် လင်းလက်သွားလေသည်။ ဘယ်ငယ်ရွယ်သည့်မိန်းကလေးကမှ နေ့စဥ်နေ့တိုင်း ပေါက်ပြားကိုင်ရသည်ကို ပျော်ရွှင်နေလိမ့်မည် မဟုတ်ချေ။ သစ်သားတုတ်ချောင်းကို ဝှေ့ယမ်းရသည်ကပင် ပိုပြီးပျော်စ ရာကောင်းလိမ့်မည်။

သူမက စန်းလော့၏လက်မောင်းလေးကို တွဲခိုလိုက်ပြီး ချစ်စရာကောင်းစွာပြောလေသည်။

"မကြီး မကြီးက သမီးအပေါ် တကယ်အရမ်းချစ်တာပဲ"

"တကယ်တမ်း ခံစားရတဲ့သူက ငါပါဟယ်"

မိန်းကလေးနှစ်ယောက်သည် ရယ်မောလိုက်ကြပြီး တောင်ကျစမ်းချောင်းဆီသို့ သွားသည့်လမ်းတစ်လျှောက် စကားစမြည်ပြောလာကြသည်။ ပိုးစာပင်အခေါက် အစည်းငယ်လေး၈စည်းကို စီးနေသည့်ရေထဲတွင် တွဲချည်ထားပြီး ကျန်သည့်ကျိုးတစ်ချောင်းကိုတော့ ကျောက်တုံးဖြင့် သေချာဖိထားသည်။ အစည်းတစ်ခုချင်းစီတွင် သေးငယ်သည့် သစ်သားပြားလေးတစ်ခုကို တွဲချိတ်ထားသည်။ ထိုသစ်သားပြားလေးပေါ်တွင် ရှန်းနဥ်နားမလည်နိုင်သည့် ရိုးရှင်းသည့် မျဥ်းကြောင်းလေးများကို သင်္ကေတဖော်ထားလေသည်။

စန်းလော့က လေ့လာကြည့်ဖို့ရန် အစည်းနှစ်စည်းကို ဆွဲယူလိုက်သည်။ အချိန်ကာလကို စဥ်းစားကြည့်လျှင် သူတို့သည် ရေထဲတွင်စိမ်ထားသည်မှာ ၃၂ ရက်ကြာမြင့်နေလောက်သည်။

သူမ၏ လက်တွေ့စမ်းသပ်မှုအတွက် သူမရွေးချယ်လိုက်သည့် ပထမဦးဆုံးပစ္စည်းမှာ ပိုးစာပင်၏အခေါက်ဖြစ်သည်။ အဓိကအကြောင်းရင်းကတော့ သူမ၏ မှတ်ဉာဏ်ထဲတွင် စက္ကူများသည် ကြီးကျယ်ခမ်းနားသည့် ကလောင်အမည်ရှင် ဆရာကြီးချူကို ကိုယ်စားပြုလေသည်။ ပိုးစာပင်များက ဒီတောင်များတွင် အလွန်မှ ပေါများကြွယ်ဝသည်။ ထို့ကြောင့် တော်တော်လေး သေချာမှုရှိသဖြင့် ပိုးစာပင်၏ အခေါက်များက သူမ၏ ကနဦးလက်တွေ့စမ်းသပ်မှုအတွက် ပစ္စည်းများဖြစ်လာတော့သည်။

လျှော်များကို အမျှင်ထုတ်ရသည့် လုပ်သည့်နည်းလမ်းအပေါ် အခြေခံထားပြီး အခေါက်များကိုလဲ သစ်ပင်ပင်စည်မှ ခွာရသည်။ အပြင်ဆုံးအလွှာကို ဖယ်ချထားရပြီး အမျှင်များရှိသည့် အလယ်အလွှာကို ချန်ထားရသည်။ ဒီအလွှာကိုပင် အစည်း၈စည်း အတိအကျ ခွဲထားလိုက်သည်။ လေးစည်းကို တောင်ကျစမ်းရေထဲတွင် ဒီအတိုင်း စိမ်ထားလိုက်ပြီး ကျန်သည့်လေးစည်းကိုတော့ အရင်ဆုံး အခြောက်ခံထားလိုက်ပြီးမှ ထိုနည်းတူစွာ ရေစိမ်ထားရသည်။

အခုတော့ အနီးကပ် လေ့လာကြည့်လိုက်သည်တွင် နေလှန်းထားသည့်ဟာနှင့် နေမလှန်းထားသည့် သစ်ခေါက်များကြားတွင် ကွာခြားမှု ကြီးကြီးမားမား မရှိချေ။ သို့သော်ငြားလည်း တစ်လတာ ရေစိမ်ထားပြီးနောက်တွင် အရောင်ကတော့ ပြောင်းလဲသွားသည်။ မူလက အစိမ်းရောင်ဖန့်ဖန့်လေး ရှိနေသည့်အရောင်သည် ရွှမ်စာရွက်၏အရောင်ထက် အနည်းငယ်ပိုရင့်သည့် အဝါရောင်အဖြစ် ပြောင်းလဲသွားသည်။

စန်းလော့သည် ရေတန်းစိမ်ထားသည်နှင့် အခြောက်လှန်းထားသည်ထဲက တစ်စည်းစီကို ကောက်ယူလိုက်သည်။ ထိုအရာများကို ရေစစ်ထားလိုက်ပြီးနောက် တွင် သူမက ခြင်းတစ်ခုထဲထည့်ထားလိုက်သည်။

"ဟုတ်ပြီ ပြန်ရအောင် ငါတို့တွေ ဒါကို နမူနာအနေနဲ့စလုပ်ကြမယ်"

အိမ်ထောင်စုတိုင်းကို လုံလောက်သည့်စိုက်ပျိုးမြေများ ချထားပေးပြီးကတည်းက မူလကလယ်သမားများသည် လယ်ယာမြေများကို ပိုပြီးစီမံဖို့ရန် တာဝန်ယူကြလေသည်။ ရလဒ်အနေဖြင့် သရှင်းရွာတွင် နေထိုင်ကြသူများသည် လူများ တော်တော်လေး ကွဲသွားပြီး သီးသန့်လုပ်ဖို့ရန် လိုအပ်ချက်ကိုရှောင်တိမ်းဖို့ အဆင်ပြေသွားစေသည်။ အိမ်အနောက်ဘက်တွင် သူတို့သည် ကျောက်တုံးများဖြင့် ယာယီမီးဖိုလေးခုကို တည်လိုက်ကြသည်။ သူတို့သည် မြေအိုးကြီးလေးလုံးကို ရေဖြည့်လိုက်ကြပြီး မီးဖိုပေါ်တွင် တင်ထားလိုက်သည်။ အိုးတစ်လုံးစီက ရေစိမ်ထားသည့် သစ်ခေါက်အပိုင်းတစ်ပိုင်းကို ထည့်ထားပြီး ဝါးနှင့်လုပ်ထားသည့်ကဒ်များကို သက်ဆိုင်ရာအိုး အနီးအနားတွင်ချထားသည်။ စန်လော့က ဆူပွက်အောင်တည်ဖို့ရန်အတွက် မီးကိုပြင်းပြင်းထည့်ရန် ရှန်းနဥ်ကို မှာကြားလိုက်သည်။

အိမ်အနောက်ဘက်တွင် မြေအိုးများက အရွယ်အစားအမျိုးမျိုးဖြင့် အများအပြားရှိသည်။ အားလုံးကို ရွာကကောင်လေးများက ညနေခင်းတိုင်းတွင် အနီးအနားက စွန့်ပစ်ထားသည့်ရွာများဆီမှ သွားရောက်စုဆောင်းထားခြင်းဖြစ်သည်။ ရေထည့်သည့်အိုး တော်တော်များများကိုပင် သယ်ပြန်လာကြသည်။ အိမ်ထောင်စုတစ်စုချင်းစီက စုဆောင်းထားသည့်ပစ္စည်းများ တော်တော်များပြားလာသည်။ ဒီထည့်စရာများက စန်းလော့၏ ကြိုးစားအားထုတ်မှုအတွက် ကွက်တိဖြစ်သွားသည်။

ရှန်းနဥ်က မီးထည့်နေစဥ်တွင် စန်းလော့က သစ်သားပြားအိတ်ကြီးတစ်အိတ်ကို သွားယူလိုက်သည်။ ရေဆူလာသည်နှင့်တစ်ပြိုင်နက် သူမက အိုးလေးလုံးဆီကို သစ်သားပြားများ ဝေစုတစ်ခုချင်းစီထည့်လိုက်ပြီး နေလှန်းထားသည့်သစ်ခေါက်များနှင့် နေမလှန်းထားသည့်သစ်ခေါက် နှစ်ခုစလုံးကို ရောနှောလိုက်သည်။ ထို့နောက်တွင် သူမက အိုးကိုအဖုံးဖုံးလိုက်ကာ ပွက်ပွက်ဆူအောင် တည်ထားလိုက်၏။

စက္ကူပြုလုပ်ခြင်းတွင် ဆူပွက်အောင်တည်ဖို့ လိုသည် မလိုသည်ကို သေချာမသိသော်ငြားလည်း သူမသည် တောင်ပေါ်တွင်နေချိန်က သူမကို အထည်ရက်လုပ်ခြင်း သင်ပေးခဲ့သည့် အဘွားကြီးတစ်ယောက်က ပြောခဲ့ဖူးသည်။ ပျော့ပြောင်းနူးညံ ဖြူဆွတ်သည့် အဝတ်ပိတ်စကို လိုချင်လျှင် ရေနှင့်ဆူပွက်အောင် တည်ထားဖို့လိုပြီး တာရှညခံဖို့ရန်အတွက် မြက်ပြာများကို သုံးဖို့ရန်လိုကာ အကြိမ်ကြိမ် လျှော်ဖွတ်ရမည်ဟု ဆိုသည်။

ရေစိမ်ထားပြီးနောက်တွင်ပင် သစ်ခေါက်အမျှင်များက တော်တော်လေးကို မာတောင့်နေသည်။ ဆူပွက်အောင်တည်ရခြင်းက အမှန်ပင် လိုအပ်လိမ့်မည်။ မြက်ပြာများကလဲ အသုံးဝင်သည့်ပစ္စည်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် သူမက နေလှန်းထားသည့်သစ်ခေါက်များနှင့် နေမလှန်းထားသည့်သစ်ခေါက်များကို အပိုင်းလေးပိုင်းခွဲဖို့ ဆုံးဖြတ်လိုက်သည်။ ခွဲထားသည့်အထဲကနှစ်ပိုင်းကို ရိုးရိုးရေဖြင့် ဆူပွက်နေအောင်တည်ထားလိုက်ပြီး ကျန်သည့်နှစ်ပိုင်းကိုတော့ မြက်ပြာများထည့်ထားသည့်ရေထဲတွင် ဆူပွက်အောင်တည်လိုက်သည်။ ထို့နောက်တွင်တော့ သူမက ကွာခြားချက်ကို လေ့လာပြန်သည်။

တူညီသည့် ပိုးစာခေါက်များ ဖြစ်သော်ငြားလည်း ဒါက နည်းလမ်းလေးမျိုးကို ထွက်လာစေသည်။ မီးကိုတာဝန်ယူပေးထားသည့် ရှန်းနဥ်ကို အသေးစိတ် ရှင်းပြလိုက်ပြီးနောက်တွင် သူမသည် နောက်ဆုံးတော့ ခဏလောက် အနားယူသွားနိုင်သည်။ သူမက အထဲသို့ဝင်သွားလိုက်ပြီး ဝါးစာလိပ်တစ်လိတ်ကို ဆွဲထုတ်လာကာ မှင်ရည်လုပ်ဖို့ ပြင်ဆင်လိုက်ပြီးနောက် စားပွဲပေါ်တွင် ခင်းထားလိုက်သည်။ ဝါးစာလိပ်တစ်ခုစီပေါ်တွင် သူမသည် ထုတ်လုပ်သည့်လုပ်ငန်းအဆင့်၏ ဒုတိယအဆင့်နှင့်ပတ်သတ်ပြီး နမူနာလေးခုကို ချရေးထားလိုက်ပြီး အစဥ်အတိုင်း နာမည်တပ်ထားလိုက်သည်။

မှင်ခြောက်သွားသည်နှင့် သူမက အားလုံးကိုပြန်သိမ်းထားလိုက်ပြီး တံခါးကိုပိတ်လိုက်ကာ ရှန်းနဥ်ကို အကြောင်းကြားလိုက်သည်။ ထို့နောက်တွင်တော့ သူမက အိမ်နီးချင်းရွာများထံမှ အကူအညီကို မေးမြန်းဖို့ရန် အိမ်ကထွက်လာခဲ့သည်။

-

ရှန်းမိသားစု၏အိမ်သည် သရှင်းရွာ၏ အတွင်းပိုင်းတွင်တည်ရှိသည်။ အပြင်သို့ထွက်ရခြင်းက သူမကို စိုက်ပျိုးမြေတော်တော်များများအား ဖြတ်လျှောက်လာစေရပြီး ရှန်းကျင့်နှင့်သူညီအစ်ကိုများမှစ၍ ချန်းမိသားစု၏လယ်မြေအထိ ဖြတ်လျှောက်လာရသည်။

ချန်းအဘွားက စန်းလော့လာနေသည်ကို မြင်လိုက်ချိန်တွင် သူမက အဝေးမှနေ၍ လှမ်းအော်လိုက်သည်။ စန်းလော့က အကူအညီရှာဖွေနေသည်ကို သိလိုက်သည်တွင် အဘွားချန်းက တအံ့တသြ ဖြစ်သွားလေသည်။

"နင် ရှာစရာမလိုပါဘူး ငါတို့လယ်တွေကလဲ နောက်ထပ်သုံးလေးရက်နေရင် ပြီးတော့မှာပါ အဲဒီ့အခါကြရင် ငါတို့အားလုံးက နင့်ကို ရက်ပိုင်းလောက် လာပြီးတော့ကူညီပေးလို့ရပါတယ် ဘာဖြစ်လို့ ငွေကုန်ခံပြီးတော့ လူငှားနေမှာလဲ"

စန်းလော့က ခေါင်းခါပြသည်။

"ဒါက တစ်ရက်နှစ်ရက်ထဲအတွက် မဟုတ်ဘူးလေ၊ တောင်ပေါ်က မြေတွေကိုလဲ ပြင်ဆင်ရအုံးမှာပဲ"

ဒီစကားကို ကြားလိုက်သည်တွင် အဘွားချန်းသည် သတိဝင်လာတော့သည်။

"အားလော့ နင့်ရဲ့တောင်ပေါ်ကမြေတွေကို ဘယ်လိုလုပ်ဖို့ စဥ်းစားထားလဲ ဝဥစိုက်မှာလား"

"ဟုတ်တယ် ဒါပေမဲ့လည်း သီးသန့်ကြီးတော့ မဟုတ်ပါဘူး၊ ကျွန်မက တစ်ချို့အရာတွေကိုလဲ စိုက်ဖို့စဥ်းစားထားတယ်၊ ဒါပေမဲ့ လုံးဝတော့ မဆုံးဖြတ်ရသေးပါဘူး မြေကိုရှင်းလင်းပြီး အဖြေထွက်လာမှပဲ” စန်းလော့က ပြန်ဖြေလိုက်၏။

"အမှန်ပဲ"

အဘွားချန်းက သူမ၏ ပေါက်ပြားကိုချထားလိုက်သည်။

"လာခဲ့ လာခဲ့ အိမ်နီးချင်းရွာထဲက ဘယ်မိသားစုတွေမှာ လုပ်အားအပိုရှိတဲ့ဆိုတာကို ငါသိတယ်။ ငါ နင့်ကို အဖော်လိုက်ခဲ့ပြီးတော့ သွားတွေ့ပေးမယ်"

အားလပ်ချိန်ကို သူမ၏ ပစ္စည်းများနှင့်လေ့ကျင့်ပြီး စာဖတ်နေတတ်သည့် စန်းလော့နှင့်မတူဘဲ အဘွားချန်းသည် လျှိုမြောင်အပြင်ဘက်မှ ပြောင်းရွှေ့လာပြီး ကတည်းက ရွာပတ်ဝန်းကျင်က အိမ်များနှင့်လူများကို တော်တော်လေး ရင်းနှီးလှသည်။ သူမသည် မိသားစုတစ်ခုချင်းစီက သားနှင့်သမီးအရေအတွက် အပြင် သူတို့၏ အသက်အရွယ်များကိုလဲ သိလေသည်။

-

စန်းလော့က အကူနှစ်ယောက်လိုအပ်သည်ကို သေချာသိလိုက်ပြီးနောက်တွင် အဘွားချန်းက ချန်းသရှန်ကို မေးခွန်းအနည်းငယ် မေးမြန်းပြီးနောက်တွင် စန်းလော့ကို ရွာအပြင်သို့ ခေါ်လာခဲ့သည်။

သူတို့သည် ဖန်းမိသားစုနှင့် ကျိုးလိုင်ကျီ၏မိသားစုတို့ နေထိုင်သည့် အနီးအနားကရွာကို သွားခဲ့ခြင်းမဟုတ်ချေ။ ထိုအစား သူတို့သည် တစ်ခြားဘက်သို့ ဦးတည်သွားခဲ့သည်။ နေရာပြောင်းရွှေ့လာပြီးနောက် ရွာအပြင်ဘက်တွင် အခြေချနေထိုင်ကြသည့် အစောပိုင်းက ရွာသားများထဲက ပထမအသုတ်ဆီသို့ ဖြစ်လေသည်။

လမ်းတွင် အဘွားချန်းက စန်းလော့ကို ပြောပြလိုက် ၏။

"ငါ နင့်ကို ပြီးပြည့်စုံတဲ့ မိသားစုတစ်ခုဆီ ခေါ်သွားနေတာ သူတို့ရဲ့မျိုးရိုးကကျောက်လေ၊ သူတို့တွေက တကယ့်ကို ရိုးသားကြတယ်၊ အဓိကအချက်ကတော့ မိသားစုလေးစုလုံးက အတူတူနေကြတာလေ၊ သူတို့ရဲ့ကလေးတွေထဲကလဲ တစ်ယောက်မှ အရွယ်မရောက်ကြသေးဘူး။ သူတို့မှာ အသက်၁၃နှစ်ကနေ ၁၆နှစ်အထိ ကောင်လေး၆ယောက်၊ ၇ယောက်လောက်ရှိတယ်၊ နည်းနည်းလေး ပိုငယ်တဲ့သူတွေလဲ ရှိသေးတယ် သူတို့တွေက တစ်ချို့သန်မာတဲ့ ကာယလုပ်သားတွေထက် သေချာပေါက်လုပ်နိုင်လိမ့်မယ်"

သူမ၏စကားလုံးများက အလွန်မှ မျှော်လင့်ချက်ရှိလေသည်။ ဒီထက်ပိုပြီး သင့်တော်သည်က မရှိနိုင်တော့ပေ။

သို့သော်ငြားလည်း စန်းလော့သည် သူမကိုယ်တိုင် မြင်တွေ့ရမည့်မြင်ကွင်းကို ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ချေ။

ဒီမိသားစုတွင် လယ်ထဲတွင်အလုပ်လုပ်ကြမည့် ညီအစ်ကိုလေးယောက်နှင့် ဆယ်ကျော်သက်လေးသုံးယောက် ပါဝင်လေသည်။ ထိုအခိုက်အတန့်တွင် သူတို့သည် သူတို့၏ လယ်ယာသုံးပစ္စည်းများကို ကောက်ယူလိုက်ပြီး အဝတ်ကြမ်းများကို လဲလှယ်ကြကာ ၇ယောက် အဖွဲ့က သရှင်းရွာသို့ တန်းတန်းမတ်မတ် ဦးတည်နေကြသည်။

သူတို့သည် အခကြေးငွေအတွက် မတောင်းဆိုကြချေ။ သူတို့အတွက် ငြင်းဆန်ဖို့ရန်ကလဲ နည်းလမ်းမရှိချေ။ ကျောက်မိသားစု၏ အိမ်ထောင်ဦးစီးက စန်းလော့ကို ဆွဲထားချိန်တွင် အဖေ၊ ဦးလေးများနှင့် တူများသည် သူတို့၏လမ်းကို စတင်ထွက်လာကြသည်။

အိမ်ထောင်စုထဲတွင်တော့ အသက်၁၂နှစ်၁၃နှစ်ဝန်းကျင် ဆယ်ကျော်သက်လေးများစွာ ရှိနေသည်။ သူတို့က ဆရာရှန်း၏မိသားစုကို ကူညီပေးနိုင်သည်ဟု ကြားလိုက်သည်တွင် သူတို့အဖေအနောက်သို့ အလောတကြီး လိုက်လာပြီး သူတို့အမေ လှမ်းဆွဲခံထားရသည်မှ မနည်းကြီးရှောင်ထွက်လာရသည်။

"စိုက်ပျိုးရေးပစ္စည်းတွေ ထပ်မရှိတော့ဘူးလေ နင်တို့ကို သွားနှောင့်ယှက်ခွင့် မပေးနိုင်ဘူး"

အဘွားကျောက်က ပျော်ရွှင်သည့်အပြုံးတစ်ခုဖြင့် စောင့်ကြည့်နေကာ စန်းလော့၏လက်ကို နွေးနွေးထွေးထွေး ကိုင်ထားလေသည်။

"စန်းရှီရယ် မငြင်းပါနဲ့ ရှင်က အသက်တွေ ဘယ်လောက်အများကြီးကို ကယ်တင်ပေးခဲ့တယ်ဆိုတာ မသိလို့ပါ ဝဥကိုအဆိပ်ထုတ်နည်း၊ ဝဥကိုတူးဖော်ပြီးစိုက်ပျိုးနည်းနဲ့ နတ်သမီးတို့ဟူးလုပ်နည်းကိုသာ မသင်ပေးခဲ့ဘူးဆိုရင် ဒီပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ငါတို့တွေလဲ ဘယ်လိုအသက်ရှင်သန်ရမယ်ဆိုတာတောင် သိမှာမဟုတ်ဘူး၊ တောင်ထဲကနေ အန္တရာယ်ကင်းကင်းထွက်လာပြီး အစိုးရကချထားပေးတဲ့ မြေယာကို ပိုင်ဆိုင်ဖို့ဆိုတာ ပြောနေစရာတောင်မလိုဘူး၊ ဒါက မြေဧကနည်းနည်းပါးပါးကိုပဲ ပြင်ဆင်ပေးရုံပဲလေ၊ နှစ်ရက်လောက်နေရင် သေသေချာချာလေး ပြီးသွားမှာပါ တကယ်လို့ ပစ္စည်းတွေထပ်ရှိသေးတယ်ဆိုရင်တော့ ငါတို့တွေက ကူညီပေးဖို့ လူထပ်ပို့ပေးလို့ရပါတယ် ငါတို့မိသားစုက အကြီးကြီးပဲလေ ဒီတော့ နင့်ကို နှစ်ရက်လောက်ကူညီပေးတာကလဲ ငါတို့ရဲ့ ကိုယ်ပိုင်အလုပ်တွေကို မနှောက်နှေးစေပါဘူး"

စန်းလော့သည် မျက်ရည်များကြားက မရယ်ဘဲမနေနိုင်အောင် ဖြစ်သွားတော့သည်။ သူမသည် သူတို့ကို အသက်မွေးဝမ်းကျောင်းပညာတစ်ချို့ သင်ပေးချိန်တွင် အနီးအနားကရွာများကလဲ သူမကို အမြဲတမ်းစိတ်ထဲတွင် ထည့်ထားကြသည်။ တောင်ထဲတွင် စားသောက်စရာ အသစ်တစ်ခု ရှိလာသည့်အချိန်တိုင်း သူမသည် တစ်ချို့ကိုလက်ခံရရှိခဲ့သည်။ လယ်ယာအလုပ်ကို အကူအညီတောင်းသည့်အချိန်တွင်လဲ သည်လိုတူညီသည့်တုံ့ပြန်မှုကို ရရှိလိမ့်မည်ဟု သူမက လုံးဝမျှော်လင့်မထားခဲ့ချေ။

သူမက ရှင်းပြလိုက်၏။

"အဘွားရယ် ကျွန်မက အဘွားရဲ့ စေတနာကို ကျေး ဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မက အလုပ်သမားတွေ တကယ်လိုအပ်နေတာပါ၊ ပြီးတော့ ဒါက တစ်ရက်နှစ်ရက်ထဲ မဟုတ်ဘူးလေ။ ကျွန်မတို့အိမ်မှာက လုပ်အားတွေလိုအပ်နေတာ၊ ရှန်းလီကလဲ တောင်အတွင်းပိုင်းမှာ လူသွားရှာပေးဖို့ စီရင်စုစာရေးရဲ့ တာဝန်ပေးခြင်း ခံထားရတယ်လေ၊ သူတို့ကို ခေါ်မထုတ်လာခင် အစိုးရရဲ့မူဝါဒတွေကိုလဲ သူတို့ကို အသိပေးရသေးတယ် သူ့မှာ အိမ်ကိစ္စကို ဂရုစိုက်ဖို့အချိန်မရှိဘူးလေ၊ နောက်ပြီးတော့ ပြင်ဆင်စရာလိုတဲ့ တောင်ပေါ်ကမြေတွေကလဲ အများကြီးရှိနေတယ်။ ကျွန်မက အဘွားတို့မိသားစုကို ဘယ်လိုလုပ်ပြီး အလကားအလုပ်လုပ်ခိုင်းလို့ ဖြစ်မှာလဲ"

စာလေ့လာရမည့်ကိစ္စကိုတော့ သူမသည် ထုတ်မပြောခဲ့ချေ။ သူတို့က စာမေးပွဲကို အောင်မည် မအောင်မည် မသေချာသောကြောင့်ပင်။

ရှန်းလီနှင့်ချန်းသရှန်တို့သည် အစိုးရကိုကူညီပေးနေကြသည့် သူများထဲတွင်ပါဝင်ကြောင်း အဘွားကြီးက သိလေသည်။ သူတို့သည် ဒီလိုကောင်းမွန်သည့်နေရာတစ်ခုတွင် အခြေချနိုင်သည်ကလဲ အရာရှိကြီးအပေါ် ရှန်းလီ၏တောင်းဆိုမှု ကျေးဇူးကြောင့် ဖြစ်လေသည်။ ထို့ကြောင့် သူမက ပိုပြီးရင်းနှီးသည့် ချန်းအဘွားဘက်သို့လှည့်ကာ ပြောလိုက်၏။

"သူတို့တွေက တောင်အတွင်းပိုင်းကို သွားနေရသေးတာလား၊ ကျွန်မတို့နေခဲ့တဲ့နေရာမှာ ထွက်မလာကြသေးတဲ့သူတွေ ရှိသေးတာလား"

ချန်းအဘွားက အခြေအနေကို သတိထားမိလိုက်သည်။ စန်းလော့သည် အမှန်အတိုင်း ပြောခဲ့သော်ငြားလည်း စာလေ့လာမည့်ကိစ္စကိုတော့ ချန်လှပ်ထားခဲ့သည်။ လပြက္ခဒိန်၏ ၉ရက်မြောက်နေ့တွင် သူတို့သည် စာမေးပွဲဖြေရလိမ့်မည်။ အကယ်၍ သူတို့သည် အောင်မြင်ခဲ့လျှင် ရှန်းလီနှင့်ရှန်းအန်းတို့က သူတို့၏စာသင်ကြားရေးဖြင့် အလုပ်များလာလိမ့်မည်။ အကယ်၍ သူတို့ကမအောင်မြင်ခဲ့လျှင် ရှန်းလီက တောင်အတွင်းပိုင်းသို့ စွန့်စားသွားလာဖို့ရန်လို အပ်ပြီး သူ၏ အိမ်မှုကိစ္စကိုတော့ ကိုင်တွယ်ဖို့ရန် ခက်ခဲလိမ့်မည်။

သူမက ခေါင်းငြိမ့်ပြလိုက်၏။ "ဟုတ်တယ် သူတို့တွေ သွားဖို့လိုသေးတယ် အနီးအနားကရွာတွေကတော့ အများစုကတော့ မရှိတော့ပါဘူး ဒါပေမဲ့ ပိုပြီးအတွင်းကျတဲ့ နေရာတွေမှာတော့ လူတစ်ချို့ ရှိနေလောက်သေးတယ်လေ အစိုးရကလဲ အားလီနဲ့ သရှန်နဲ့တစ်ခြားလူတွေကို တစ်ခြားနေရာကနေ လူတွေထပ်ပြီးခေါ်လာပေးဖို့ တောင်းဆိုထားတယ် မဟုတ်လား အမှန်အတိုင်းပြောရရင်တော့ ဒါက အခကြေးငွေမရတဲ့ ခရီးမဟုတ်ဘူးလေ။ အစိုးရကလဲ အကျိုးအမြတ်တွေ ပေးထားပါတယ်၊ ကျွန်မတို့ကို အသုံးပြုဖို့ တောင်ပေါ်ကမြေတစ်ချို့ကို ပေးထားတယ်လေ"

အဘွားကျောက်က ပြန်ဖြေလိုက်သည်။ "ဟုတ်တာပေါ့၊ တောင်အတွင်းပိုင်းက အရမ်းကို အန္တရာယ်များတယ်လေ၊ သူတို့တွေ ငါတို့ကို လမ်းပြတာမျိုးမရှိခဲ့ရင် ငါတို့တွေက ဘယ်လိုလုပ်ပြီး အေးအေးချမ်းချမ်းနဲ့ ထွက်လာနိုင်မှာလဲ၊ ငါတို့တွေလဲ ဒါကိုမတတ်နိုင်ပါဘူး"

ဒီစကားကို ကြားလိုက်ရသည်တွင် ချန်းအဘွားက ဝမ်းသာအားရ ပြုံးပြလိုက်၏။

"အမှန်ပဲ ဒါကြောင့် မြေဧကနည်းနည်းပဲဆိုရင် ရွာအပြင်ထွက်လာပြီး အကူအညီလာတောင်းဖို့ မလိုဘူးလေ၊ အားလီမှာလဲ သူ့တပည့်လေးတွေရှိပြီးတော့ ငါတို့အိမ်နီးချင်းတွေကလဲ ဒီမှာရှိနေတာပဲ ငါတို့တွေက စောစောစီးစီးထွက်လာပြီး လုံလောက်တဲ့လုပ်အားရှိနေရင် ကျန်တဲ့အလုပ်တွေကို မြန်မြန်ပြီးသွားနိုင်ပါတယ် အချိန်တန်ရင် အားလုံးကလဲ အကူအညီ ပေးကြမှာပဲ အလုပ်ကလဲ လူတစ်ယောက်ချင်းစီရဲ့ ပေါက်ပြား တစ်ချက်နှစ်ချက်လောက်ဆိုရင် ပြီးသွားလိမ့်မယ်လေ အားလော့က လယ်ယာမြေအတွက်ပဲ အကူအညီတောင်းတာ မဟုတ်ဘူး၊ တောင်ပေါ်ကနေရာတွေအတွက်လဲ အလုပ်လုပ်ပေးရအုံးမှာလေ သူ့မှာ တကယ်ပဲ လုပ်အားမရှိတာ၊ သူက လူနှစ်ယောက်ငှားမယ်လို့ ပြောခဲ့တယ်လေ၊ ဒီတော့ ကျွန်မလဲ အကူအညီရှာဖို့ အပြင်ထွက်လာရတာပေါ့ ရှင်တို့မိသားစုရဲ့ အခြေအနေကို သိနေတော့ ရှင်တို့က အလုပ်သမားနှစ်ယောက်လောက် ပိုနေမယ်လို့ ကျွန်မလဲ ယုံကြည်ထားတယ်လေ ရှင်တို့နေတဲ့နေရာကို သရှန်ဆီကမေးလာပြီးမှ ကျွန်မသူ့ကို ခေါ်လာခဲ့တာ"

အဘွားကျောက်သည် သူမ၏ ကျေးဇူးတင်စိတ်ကို အလျင်စလို ဖော်ပြလိုက်ပြီးနောက် စန်းလော့ဘက်သို့ လှည့်လိုက်လေသည်။

"ဒါဆိုရင်လဲ ဟုတ်ပါပြီ အဲဒီ့မြေဧကလောက်အတွက်နဲ့တော့ တစ်ခြားသူတွေကို အလုပ်ရှုပ်ခံပြီးငှားမနေပါနဲ့တော့ ဒါက ကျွန်မတို့ရဲ့ကျေးဇူးတရားကို ဖော်ပြပြီး တစ်ခုခုကိုပြန်ပေးတယ်လို့ပဲ မှတ်လိုက်ပါ၊ အိမ်က ကျွန်မတို့ကောင်လေးတွေကလဲပဲ ဝမ်းသာကြလိမ့်မယ်၊ ဒီအခွင့်အရေးကို အသုံးချပြီးတော့ သူတို့ကို လေ့လာကြည့်လိုက်ပေါ့ တကယ်လို့ သူတို့တွေက လုပ်နိုင်ကိုင်နိုင်ရှိတယ် သူတို့တွေက ရှင်တို့သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ညီပြီး သူတို့အလုပ်လုပ်တာကိုလဲ ကျေနပ်မယ်ဆိုရင် နောက်ပိုင်းကြရင် သူတို့တွေကို လွတ်လွတ်လပ်လပ် ခေါ်သုံးလို့ရပါတယ်၊ သူတို့ဗိုက်တစ်ဝက်ပြည့်စာလောက်ပဲ အစားအသောက် လုံလုံလောက်လောက် ပေးရင်ရပါပြီ"

အဘွားကျောက်က စိတ်ရင်းအတိုင်း ပြောဆိုလေသည်။ ဒီလိုခေတ်အခါမျိုးတွင် အစားအသောက်သည် သူတို့မိသားစုတွင် အလိုအပ်ဆုံးအရာဖြစ်လေသည်။ သူတို့လို မိသားစုဝင်များပြားသည့် မိသားစုများတွင် တစ်ယောက်ယောက်က သူတို့၏အစာအိမ်ကို တစ်ဝက်လောက်ဖြည့်ရန် လုံလောက်သည့် အစားအသောက်ကို ပေးလိမ့်မည်ဆိုလျှင် သူတို့သည် အလုပ်ကိုလုပ်ရသည်မှာ လိုလားသည်ထက်ပင် ပိုသေးသည်။

စန်းလော့က ဒီကိစ္စကို စဥ်းစားထားခဲ့ပြီးဖြစ်သည်။ သူမသည် ကျောက်မိသားစုအပေါ် ကောင်းမွန်သည့်အမြင်တစ်ခု ရှိလေသည်။ ချန်းအဘွားက ပြောပြထားသဖြင့် သူတို့သည် ရိုးသားသည့်သူများဖြစ် သည်။ ထို့ကြောင့် သူမက ပြုံးကာပြောလိုက်၏။

"ဒီလိုဆိုရင်တော့ ကျွန်မက အဘွားကို ကြိုတင်ပြီးတော့ ကျေးဇူးတင်ရပါမယ်၊ ဒီတစ်ခါ ကျွန်မက လူနှစ်ယောက်လောက် ငှားဖို့လိုအပ်တယ်၊ တာဝန်တွေကတော့ မတူဘူးပေါ့လေ၊ တောင်တွေထဲက အလုပ်ကစပြီး လယ်ထဲက အလုပ်အထိရှိမယ်၊ ကျွန်မလဲ နောက်ပိုင်းအခြေအနေကို သေချာမသိသေးဘူးဆိုတော့ ကျွန်မက လစဥ် အခြေခံအခကြေးငွေနဲ့ သူတို့ကို ငှားပါ့မယ်၊ တကယ်လို့ သူတို့တွေက ကျွန်မတို့နဲ့အတူတူ စားတယ်ဆိုရင် ကျွန်မတို့ စားသလိုပဲ သူတို့က တစ်ရက်ကို နှစ်နပ်စားရလိမ့်မယ်၊ တစ်လကို တစ်ယောက် ဝမ်၃၀၀ရလိမ့်မယ် တကယ်လို့ သူတို့တွေကလဲ ကိုယ့်ဟာကိုယ် အစားအသောက်ကို ယူလာမယ်ဆိုရင်တော့ ဝမ်၃၀၀အပြင် တစ်ယောက်ချင်းစီက ပဲ၁၀ပြည်နဲ့ ကျပ်တိုက်ထားတဲ့အသား ဒါမှမဟုတ် လတ်လတ်ဆတ်ဆတ်အသား ၁၀ပိသာရမယ် ဒါပေါ့ အခုလောလောဆယ်တော့ ဝက်သားမရသေးပါဘူး ဒီတော့ တောထဲမှာ သူတို့အမဲလိုက်လာတဲ့ အမဲကောင်မှန်သမျှက ရလိမ့်မယ်"

အဘွားကျောက်နှင့် သူမ၏ ချွေးမလေးယောက်သည် မှင်သက်အံ့သြသွားကြလေသည်။

"အလို အများကြီးပါပဲလား"

ဝမ်၃၀၀ကပင် တော်တော်လေးများပြားသည့် လုပ်အားခဖြစ်နေသည်။ ပဲ၁၀ပြည်ကလဲ တောဟင်းရွက်များတစ်ချို့နှင့် ရောလိုက်လျှင် သန်မာသည့်ကာယလုပ်သားတစ်ယောက်ကို တစ်နပ်စာ လုံလုံလောက်လောက် ကျွေးနိုင်သည်။ သို့သော်ငြားလည်း အဓိကအချက်မှာ အသား၁၀ပိသာဖြစ်လေသည်။

စန်းလော့သည် အမျိုးသမီးတစ်ယောက် ဖြစ်နေသည့်အတွက် ပုံမှန်ဆိုလျှင် စကားနည်းသည့် အဘိုးကျောက်ကပင် မနေနိုင်ဘဲ လှမ်းကြည့်လိုက်လေသည်။

သူတို့မိသားစုသည် ဒီနေရာတွင် လူအသစ်များ မဟုတ်တော့ချေ။ မြို့က ဝင်ကြေးမပေးရတော့သဖြင့် သူတို့သည် မြို့ထဲသို့သွားရောက်ပြီး စုံစမ်းခဲ့ကြသေးသည်။ အစားအသောက်က စျေးကြီးလှသည်။ အထူးသဖြင့် အသားများပင်။ ဒါကို ချမ်းသာသည့် အိမ်ထောင်စုများ၏ အိမ်တော်ထိန်းများနှင့် အစေခံများနှင့် စပါးများကို အလဲအလှယ် လုပ်ပေးနိုင်သည်။ သူတို့သည် အသေးစိတ်အကြောင်းအရာကို မစုံစမ်းခဲ့သော်ငြားလည်း အသား၁၀ပိသာသည် အသားအမျိုးအစား ပေါ်မူတည်ပြီး အနည်းဆုံး ပဲပြည်၄၀-၅၀ဖြင့် အပေးအယူလုပ်လို့ရနိုင်ကို အဘိုးကျောက်က တွက်ချက်နိုင်ပေသည်။

အဘိုးကျောက်က အလိုလို ခြေတစ်လှမ်းရှေ့သို့လှမ်းလာပြီး စန်းလော့ကို တားလိုက်၏။

"စန်းရှီရယ် ဒါက အရမ်းများလွန်းပါတယ် အသားတွေကို မြို့ထဲမှာ စပါးနဲ့လဲလှယ်လို့ရတယ်လေ"

စန်းလော့က ခေါင်းငြိမ့်ပြသည်။

"ကျွန်မသိပါတယ် ဒါပေမဲ့လည်း လုပ်ရမဲ့အလုပ်တွေက အရမ်းကိုပင်ပန်းတဲ့အလုပ်မလို့ပါ အဘိုးတို့က ဒါတွေကို စပါးနဲ့လဲလှယ်ဖို့ တစ်ချို့ကို သုံးလို့ရတယ်လေ ပိသာအနည်းငယ်ကိုတော့ ကိုယ့်ဟာကိုယ် အားပြန်ဖြည့်ဖို့ သိမ်းထားလို့ရတာပဲ"

အေးချမ်းလှသည့် ခေတ်အခါတွင် ဝက်သားကို၁ပိသာ၁၈ဝမ်ဖြင့် ရောင်းချကြသည်။၁၀ပိသာဆိုလျှင် ဝမ်၁၈၀ရလိမ့်မည်ဖြစ်ကာ ထို့အပြင် ပဲ၁၀ပြည်ကလဲ ဝမ်၄၀ရလိမ့်မည်။ နောက်ထပ်လုပ်အားခ ဝမ် ၃၀၀ကို ပေါင်းလိုက်လျှင် စုစုပေါင်း ၅၂၀ဝမ်ဖြစ်သွားလိမ့်မည်။ သန်မာသည့် ကာယလုပ်သားတစ်ယောက်က တစ်လတာ လုပ်အားခအတွက်ဆိုလျှင် ဒါက အလွန်မှသင့်တော်သည့် ကမ်းလှမ်းချက်တစ်ခုဖြစ်လေသည်။

စပါးနှင့်အသားအပါအဝင် အစားအသောက် စျေးနှုန်းများက အလွန်မှ မြင့်မားသည်ကိုလဲ သူမက သတိထားမိသည်။ သို့သော်ငြားလည်း သူတို့၏ ကောက်ပဲသီးနှံများနှင့် စပါးများကို လျှိုမြောင်ထဲတွင် ဝှက်ထားခဲ့ရသည်။ ပေါ်ပေါ်တင်တင် ထုတ်ရောင်းဖို့မဆိုထားနှင့် သူတို့ကိုယ်တိုင် စားသောက်ဖို့အတွက်လဲ လုံလောက်ရုံသာ ရှိလေသည်။ ပဲအတွက်ကတော့ သူတို့သည် တောင်ပေါ်တွင် ပမာဏအများအပြားကို အမှန်ပင် စိုက်ပျိုးထားခဲ့သည်။ တစ်လကို ၂၀လီတာ ထောက်ပံပေးခြင်းက အဆင်ပြေနိုင်သည်။ အသားအတွက်ကတော့ ရှန်းလီသည် တောင်အတွင်းပိုင်းသို့ သွားရောက်ပြီး လူများကို သွားရောက်ခေါ်သည့်အချိန်တိုင်း အမြဲတမ်း နည်းနည်းပါးပါး ယူပြန်လာခဲ့သဖြင့် သူမက မတွန့်တိုချေ။ သူမ၏မိသားစုနှင့် ရှန်းကျင့်တို့ ညီအစ်ကိုသုံးယောက်သည် အစားအသောက် ပြတ်လပ်မည်ကို စိုးရိမ်စရာမလိုချေ။ လုပ်အားခကို ဖာထေးဖို့ရန် အသုံးပြုသည့် ဒီပစ္စည်းများအားလုံးထဲတွင် အသားက စန်းလော့အတွက် တွေဝေမှုလုံးဝမရှိသည့် ကမ်းလှမ်းချက်ဖြစ်လေသည်။

အဘိုးကျောက်က သူမ၏ သတ်မှတ်ချက်များကို ကြားလိုက်သည်တွင် ခေါင်းငြိမ့်သဘောတူလိုက်တော့သည်။

"ကောင်းပါပြီ ဒါဆိုရင်လဲ စန်းရှီ မနက်ဖြန်ကြရင် မြေကို ထယ်ထိုးပြီးတာနဲ့ နှစ်ယောက်ကို လာခေါ်လို့ရပါတယ် ကျွန်တော်တို့တွေက ကိုယ့်ဟာကိုယ် အစားအသောက် ယူလာပါ့မယ် ဒီအစားအသောက်ကိုနွေးဖို့ မီးလေး နည်းနည်းပါးပါး သုံးဖို့ပဲလိုတာပါ ကျွန်တော်တို့တွေက မင်းအတွက် အလုပ်ကြိုးစားပေးပါ့မယ်လို့ ကျွန်တော် ကတိပေးပါတယ်"

စန်းလော့ကလဲ ပြုံးပြလိုက်၏ "ဒါဆိုရင် ဒီလိုပဲ သတ်မှတ်လိုက်ပြီနော်"

အဘိုးကျောက်က ခေါင်းတွင်တွင် ငြိမ့်ပြလေသည်။

"ဟုတ်ကဲ့ ဒီလိုပဲ သတ်မှတ်လိုက်ပါပြီ၊ သေချာပေါက် ဒီလိုပဲ ဖြစ်မှာပါ"

...

All Chapters