← Chapters

အခန်း (၂၁၇-၂၁၈)

Vol. 22 Ch. 217-218

အခန်း (၂၁၇-၂၁၈)

Vol. 22 Ch. 217-218

အပိုင်း (၂၁၇) ကောင်းမွန်တဲ့အကဲဖြတ်ခြင်း

စန်းလော့နှင့် အဘွားချန်းတို့သည် သရှင်းရွာသို့ ပြန်ရောက်လာချိန်တွင် သူတို့မြေယာဘေးက လယ်ကွင်းများမှာ လှုပ်ရှားမှုများဖြင့် စည်ကားနေလေသည်။

သူမက အားလုံးကို နည်းနည်းပါးပါး နှုတ်ဆက်လိုက်ပြီး ရေနွေးအိုးတည်ဖို့ရန် အိမ်သို့ အရင်ပြန် လာခဲ့သည်။

သူမ ပြန်လာသည်ကို ကြားလိုက်ရသဖြင့် ရှန်းနဥ်ကလဲ အိမ်အနောက်ဘက်မှ ထွက်လာသည်> "ယောင်းမ လူငှားလို့ရခဲ့လား"

စန်းလော့က ခေါင်းငြိမ့်ပြသည်။

"ရခဲ့တယ်၊ သူတို့တွေက ငါတို့တွေ တောင်အတွင်းပိုင်းမှာ နေခဲ့တုန်းက အိမ်နီးချင်းဟောင်းတွေပဲ၊ သူတို့တွေ ၂ရက်နေရင် အလုပ်စပြီး လုပ်လိမ့််မယ်၊ ဒါပေမဲ့ သူတို့ထဲက ၇ယောက်ကတော့ ငါတို့မြေတွေကို ထွန်ရက်ပေးဖို့ ဒီနေ့လာပြီး ကူညီကြတယ်လေ"

"၇ယောက်တောင်လား"

ရှန်းနဥ်သည် ခဏလောက် တအံ့တသြ ဖြစ်သွားပြီးနောက်တွင် စန်းလော့ကို မေးလိုက်လေသည်။

"ဒါဆိုရင် သမီးတို့တွေ သူတို့အတွက် အစားအသောက် ပြင်ဆင်ပေးရမှာလား"

"အင်း၊ ဒါပေမဲ့ အခုတော့ မဟုတ်သေးပါဘူး ခဏနေမှလုပ်လဲ အရမ်းနောက်မကျလောက်ပါဘူး"

စန်းလော့သည် ဘီဒိုထဲက အိုးတစ်လုံးကို ထုတ်လာခဲ့သည်။ အထဲတွင်တော့ ဆောင်းတွင်းအစောပိုင်းက သူမ ခူးဆွတ်ထားခဲ့သည့် တောဇီးသီးများဖြင့် ပြုလုပ်ထားသည့် တောဇီးသီးအနှစ် တစ်အိုး ဖြစ်လေသည်။ သူက အိုးလွတ်တစ်ခုထဲသို့ တစ်ဇွန်းအပြည့်ခပ်ထည့်လိုက်ပြီး အိုးထဲက ရေဆူသည်အထိ စောင့်လိုက်သည်။ ထို့နောက်တွင်တော့ ရေနွေးကို ဇီးသီးအနှစ်ပေါ်သို့ လောင်းချလိုက်သည်။ လေထုထဲတွင် ခပ်သင်းသင်း ချိုမြမြရနံ့တစ်ခု ပြည့်နှက်သွား၏။

ဆောင်းတွင်းတွင် သူတို့သည် ရေများကိုနွေးနေအောင် ထားရှိဖို့ရန် လိုအပ်သည်။ အိမ်ထောင်စုများသည် ကျူရိုးများမှ ရက်လုပ်ထားသည့် ထူထဲသည့်ဖျာများကို အသုံးချကြပြီး တစ်ခုကို ထမင်းပေါင်းသည့်နေရာတွင်သုံးကာ ကျန်သည့်တစ်ခုကိုတော့ ရေကရားအတွက်သုံးလေသည်။ ရေနွေးတစ်အိုးကို အထဲဘက်တွင် ထည့်လိုက်ပြီးနောက်တွင် အပေါ်မှ ကျူဖျာဖြင့် တင်းနေအောင် ချည်နှောင်ထားလိုက်သည်။ ရေက ၁နာရီခွဲကြာသည်အထိ နွေးထွေးနေလိမ့်မည်။

စန်းလော့သည် ရေကရားထဲတွင် ဇီးသီးအနှစ်ပေါင်းထားသည့်တစ်အိုးကိုလဲ ထည့်လိုက်ပြီး ကျူဖျာဖြင့်အုပ်ထားလိုက်ကာ နောက်ထပ်တစ်ပန်းကန်ကို ထုတ်ယူလိုက်သည်။ ရေအိုးကိုသယ်ရင်း သူမက လယ်ထဲသို့ ဦးတည်သွားလိုက်ကာ ရေဆာလျှင် ကိုယ်တိုင် လာရောက်သောက်ကြဖို့ အားလုံးကိုပြောလိုက်သည်။

ကျောက်ညီအစ်ကို၏ အကြီးဆုံးသည် အသက်၃၄...၃၅ဝန်းကျင်ဖြစ်ပြီး မျက်နှာဝိုင်းဝိုင်းနှင့် အသားညိုညိုဖြစ်သည်။ သူသည် တကယ့်လယ်သမားရုပ် ပေါက်နေပြီး သူ့ရုပ်လေးက အတိုင်းအတာတစ်ခုအထိ ပိန်ပါးနေသည့်အတွက် ပြီးခဲ့သည့်နှစ်များအတွင်း သူ့အတွက် တော်တော်လေး ခက်ခဲခဲ့ဟန်ထင်ရသည်။ သို့သော်ငြားလည်း သူ၏ခန္ဓာကိုယ်နှင့်ကိုယ်ထည်ကို ထောက်ချင့်လျှင် သူသည် တောင့်တင်းပုံပေါ်သည်။ စန်းလော့က ရေယူလာသည်ကို မြင်လိုက်သဖြင့် သူက သူ့ပေါက်ပြားကို ခဏချထားလိုက်ကာ ပြောလိုက်၏။

"စန်းရှီ ကျွန်တော်တို့တွေ အိမ်မှာ မနက်ခင်းစာ စားလာပါတယ်၊ ကျွန်တော်တို့အတွက် စိတ်ပူပေးစရာ မလိုပါဘူး၊ ကျွန်တော်တို့ နေ့လည်ခင်း လောက်ဆိုရင် ပြီးမှာပါ၊ မနက်ဖြန်မှ ထပ်လာခဲ့ပါ့မယ်၊ ကျွန်တော်တို့တွေ ၂ရက်လောက်နေရင်တော့ ပြီးမယ်ထင်ပါတယ်"

သူတို့နှစ်ယောက်စလုံးကို အလုပ်အတွက်ငှားရမ်းဖို့ရန် သူတို့မိဘများနှင့် စန်းလော့က စီစဥ်ပြီးထားသည်ကို မသိကြသဖြင့် သူတို့က ရှန်းမိသားစုသည် သူတို့အတွက် အစားအသောက်များ ပြင်ဆင်ပေးရသည်ကို ဒုက္ခများမည်စိုးသဖြင့် နေ့လည်ခင်းမတိုင်ခင် အလျင်အမြန် ပြန်သွားချင်ကြလေသည်။

စန်းလော့က ပြုံးပြလိုက်ပြီး စကားကို ရှည်ရှည်ဝေးဝေး ပြောမနေတော့ချေ။ သူမက ဒီအတိုင်းသာ ပြောလိုက်လေသည်။

"ဦးလေးကျောက် ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

အဖွဲ့က အလောတကြီး လက်ခါပြလိုက်ပြီး အားလုံးက တပြိုင်တည်း ပြောလိုက်လေသည်။

"ဒုက္ခမများပါဘူး၊ လုံးဝဒုက္ခမဖြစ်ပါဘူး၊ စန်းရှီ အရင်ဆုံးပြန်သွားလိုက်ပါ"

စန်းလော့ကလဲ သူမ၏စိတ်ထဲတွင် စက္ကူလုပ်ရမည့်အရေးသာ ရှိနေလေရာ ထပ်ပြီးအချိန်ဆွဲမနေတော့ချေ။ သူမက တိုတိုတောင်းတောင်း ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် ထွက်လာလိုက်သည်။ သူမကိုယ်တိုင်အတွက်နှင့် ကျောက်မိသားစုတို့အတွက် လိုအပ်မည့် အစားအသောက်ပမာဏကို ခန့်မှန်းပြီးနောက်တွင် သူမက ပဲတစ်ချို့ကို ရေစိမ်ထားလိုက်ပြီး သစ်ခေါက်များကို ဆူပွက်အောင်တည်ထားသည့် အိုးကြီးလေးခုကို စစ်ဆေးဖို့ရန် အိမ်အနောက်ဘက်သို့ ဦးတည်လာခဲ့သည်။

ရှန်းလီနှင့်ရှန်းအန်းတို့သည် အိမ်သို့ အလောတကြီး ပြန်ရောက်လာချိန်တွင် သူတို့သည် အိမ်ထဲတွင် ဘယ်သူ့ကိုမှ မတွေ့ရဘဲ အိမ်အနောက်ဘက်မှထွက်လာသည့် ခပ်တိုးတိုးအသံကို ကြားနေရသည်။ စူးစမ်းကြည့်လိုက်တော့ အိမ်အနောက်ဘက်တွင် မီးဖိုထားသည့် မီးဖိုလေးခုကို တွေ့လိုက်ရသည်။

"မင်းတို့တွေ ဘာလုပ်နေတာလဲ” နေ့လည်စာ ပြင်ဆင်ဖို့ရန်အတွက်ကလဲ အလွန်မှ စောသည့်ဟန်တူသည်။

ရှန်းနဥ်၏မျက်လုံးများက တဖျတ်ဖျတ်လက်သွား၏။ အထူးသဖြင့် ရှန်းအန်းသည် သစ်ခေါက်များကို ခွာကူရာတွင် ကူညီပေးခဲ့သည့်အတွက် သူမ၏စိတ်လှုပ်ရှားမှုများကို ပြောရင်းဆိုရင်း ဖိနှိပ်ထားရလေသည်။

"စက္ကူလုပ်နေတာ၊ မရီးက စက္ကူလုပ်ဖို့ ကြိုးစားနေတာလေ"

ရှန်းအန်းသည် ရုတ်ချည်းဆိုသလို စိတ်လှုပ်ရှားသွားပြီး ရှေ့သို့ အလျင်အမြန် နှစ်လှမ်းတက်လာလေသည်။ မသိစိတ်က အနီးဆုံးရှိအိုးအဖုံးကို ဖွင့်ချင်သွားသော်ငြားလည်း လက်တွန့်သွားပြီး စန်းလော့ကို မေးလိုက်၏။

"မရီး အထဲက ဘာလဲ"

စန်းလော့က ပြန်ဖြေသည်။ "နင်ခွာကူထားတဲ့ အခေါက်တွေလေ"

ရှန်းအန်း၏မျက်လုံးများက မသိမသာ ဝိုင်းစက်သွားသည်။

"ဒါကို ရေစိမ်ပြီးတော့ အခေါက်တွေကို ဆူပွက်အောင်တည်လိုက်တာနဲ့ စက္ကူလုပ်နိုင်သွားတာလား"

ရှန်းလီကတော့ လုံးဝကို နားမလည်နိုင်ဖြစ်ရသည်။ သူက အိုးကြီးလေးလုံးကို လှမ်းကြည့်လိုက်ပြီး စန်းလော့ကို ကြည့်လိုက်လေသည်။

"မင်းက စက္ကူလုပ်နည်းကို သိတာလား"

စန်းလော့က ခေါင်းခါပြလိုက်ပြီး ညီအစ်ကိုနှစ်ယောက်စလုံး၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။

"မဟုတ်ပါဘူး မသိပါဘူး၊ အဝတ်အစားတွေကို လျှော်ပင်ကနေလုပ်တယ်လို့ ဒီအတိုင်း စဥ်းစားမိလိုက်တယ်လေ၊ ဒီတော့ လျှော်ပင်တွေကလဲမရှိတော့ ကျွန်မလဲ ဆင်တူတဲ့ သစ်ခေါက်တွေကိုရှာပြီး အဝတ်အစား ရက်လုပ်တဲ့နည်းလမ်းကို ဒီအတိုင်းစမ်းကြည့်ပြီးတော့ ဘာဖြစ်လာမလဲဆိုတာကို သိချင်လို့ပါ၊ ဒီမှာကြည့်လေ ဒီနေ့ ဒီအိုးလေးလုံးက မတူညီတဲ့ နည်းလမ်းလေးခုနဲ့ လုပ်ထားတာ၊ နည်းလမ်းအမျိုးမျိုးနဲ့ လက်တွေ့စမ်းသပ်ဖို့ သစ်ပင်အခေါက်လေးစည်းကိုလဲ ချန်ထားသေးတယ်၊ တကယ်လို့ ဒါက အလုပ်ဖြစ်တယ်ဆိုရင် ဒါက ကံအကြောင်းတရားသက်သက်ပါပဲ"

သူမသည် ထိုကိစ္စနှင့်ပတ်သတ်ပြီး အလွန်မှ တည်ငြိမ်နေလေသည်။

သို့သော်ငြားလည်း ဒီစကားက ရှန်းလီနှင့်ရှန်းအန်းတို့၏ နှလုံးသားထဲတွင်တော့ ကျေးဇူးတင်စိတ်များ ပြည့်နှက်သွားခြင်းကို မတားဆီးနိုင်ပေ။

အားလော့က ငါနဲ့ရှောင်အန်းတို့အတွက် လုပ်ပေးနေတာပဲ။

မရီးက ဒါတွေအားလုံး လုပ်ပေးနေတာ ငါနဲ့အစ်ကိုကြီးအတွက်ပဲ။

စန်းလော့က ညီအစ်ကိုနှစ်ယောက်ကို ကြည့်လိုက်ပြီးနောက် စကားလမ်းကြောင်းပြောင်းလိုက်သည်။

"ရှင်တို့တွေ စာရင်းသွင်းခဲ့ကြပြီးပြီလား၊ စာမေးပွဲဖြေမဲ့သူတွေရောများလား"

ရှန်းလီက ခေါင်းငြိမ့်ပြသည်။ "အင်း သွင်းခဲ့ပြီးပြီ၊ သူတို့တွေက အရေအတွက်ကို မကြေငြာထားတော့ ဘယ်လောက်ရှိသလဲဆိုတာကိုတော့ သေချာမသိဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ စာရင်းသွင်းတုန်းကတော့ စာမျက်နှာက ပြည့်လုနီးပါးပါပဲ"

စန်းလော့က ထက်မမေးတော့ဘဲ လက်ခါပြလိုက်သည်။

"ဒါဆိုရင် စာသွားကြည့်ကြတော့လေ၊ စုတ်တံ၊ မှင်နဲ့စာရွက်တွေကိုလဲ ရင်းနှီးအောင် ကိုယ့်ဟာကိုယ် လုပ်လိုက်ကြအုံး၊ စာမေးပွဲမှာ လက်ရေးလှရင် အမှတ်ပိုရနိုင်တယ်"

ရှန်းအန်းက ပြုံးကာ တုံ့ပြန်လိုက်ပြီး ရှန်းလီကတော့ စန်းလော့ကို ကြည့်နေလေသည်။ သူက သူမ၏ လက်ကို ကိုင်ထားချင်သော်ငြားလည်း ရှန်းအန်းနှင့်ရှန်းနဥ်တို့က ဘေးတွင်ရှိနေသည်။ ထို့ကြောင့် သူက ဒီအတိုင်း အနားသို့ပိုပြီးကပ်သွားကာ ပြောလိုက်၏။

"မင်း လူငှားထားတယ်လို့ အဘွားချန်းဆီကနေ ကြားခဲ့တယ်၊ ဒါက တစ်လပဲ မဟုတ်လား၊ တစ်လထဲ မငှားပါနဲ့ မင်းလိုအပ်ရင် လိုအပ်သလောက် ငှားထားလိုက်ပါ၊ ကျွန်တော် စာမေးပွဲပြီးသွားရင် ခဏလောက်တော့ တောထဲကိုသွားရလိမ့်အုံးမယ်၊ ဒါဆိုရင်တော့ အဆင်ပြေမှာပါ"

သူသည် အစောပိုင်းကတည်းက အကူအညီကို ငှားရမ်းသင့်သည်ကို သဘောပေါက်လေသည်။ သို့သော်ငြားလည်း အနီးအနားတွင် နေထိုင်ကြသည့်သူများက သူကိုယ်တိုင် ခေါ်လာသည့်လူများ ဖြစ်နေသည်ကို စဥ်းစားမိသည်တွင် သူက မှန်ကန်သည့်လူတစ်ယောက်ကို စတင်ရှာဖွေဖို့ရန် ဘယ်ကစရမည်မသိ ဖြစ်နေလေသည်။

"ဘာပဲဖြစ်ဖြစ်ပါ အရမ်းကြီး တွေဝေမနေပါနဲ့၊ မင်းနဲ့အားနဥ်တို့ကလဲ အရသာရှိတာတွေ ချက်ပြုတ်ရင်း၊ စာအုပ်တွေကိုဖတ်ပြီး သဘောကျတာတွေကို လုပ်လို့ရပါတယ်၊ ဒီအတိုင်း စိတ်ချမ်းသာအောင်သာနေပါ"

စန်းလော့၏နှုတ်ခမ်းများက အပြုံးတစ်ခုအသွင် ကွေးတက်သွားသည်တွင် ရှန်းနဥ်ကတော့ ရှန်းအန်းနှင့် အကြည့်ချင်းဖလှယ်လိုက်ပြီး တိတ်တိတ်လေး ခိုးရယ်လေသည်။

သူတို့၏ အကြီးဆုံးအစ်ကိုက သူ့မိန်းမကို အလွန်မှချစ်မြတ်နိုးကြောင်း နာမည်ကြီးလေသည်။ သူတို့အားလုံးကလဲ ဒါကို နားလည်ကြသည်။

ကလေးမလေးက အလွန်မှ ပါးနပ်လိမ်မာလှသည်။ ထို့ကြောင့် စန်းလော့က သူမ၏ပါးလေးကို ကျီစယ်သလို ဆွဲညှစ်လိုက်၏။

ရှန်းလီက ပြုံးပြလိုက်ပြီး ကျောက်မိသားစုအတွက် နေလည်စာ စီစဥ်ထားသည်နှင့်ပတ်သတ်ပြီး စန်းလော့ကို မေးမြန်းလိုက်ပြီးနောက် ကျေးဇူးတင်စကားပြောလိုက်ကာ ရှန်းအန်းနှင့်အတူ အိမ်ထဲသို့ပြန်ဝင်သွားလေသည်။

...

သစ်ခေါက်များကို ဆူပွက်နေအောင် တည်ရခြင်းက လုံလောက်သည့်ရေနှင့် ထင်းမီးများသာ လိုအပ်သည်။ ထို့ကြောင့် အမြဲတမ်း စောင့်ကြည့်နေရန် မလိုအပ်ချေ။

နေ့လည်ခင်း ရောက်လာသည်တွင် စန်းလော့နှင့် ရှန်းနဥ်တို့သည် မီးဖိုချောင်ထဲသို့ ပြန်ရောက်လာကာ ပဲနှင့်စပါးရောထားသည့် အိုးတစ်လုံးကို ပေါင်းလိုက်ပြီး တစ်ဝက်ပြင်ဆင်ပြီးထားသည့် သတ်သတ်လွတ်အူကြမ်း ဟင်းလျာကို ပြင်ဆင်လိုက်သည်။ သူတို့က ထိုအရာများနှင့်ရောနှောရန် ဟင်းသီးဟင်းရွက်ဆီကိုလဲ ပြင်ဆင်ထားလိုက်သည်။ သူတို့က ကျပ်တိုက်ထားသည့် အသားတစ်လုံးကို ဆေးကြောလိုက်ပြီး အသားကိုပေါင်းကာ ပါးပါးလေး လှီးဖြတ်လိုက်ပြီးနောက်တွင် ဆောင်းမျှစ်များနှင့် ရောနှောလိုက်ပြီး ကြက်သွန်ဖြူနှင့် ဂျင်းများထည့်ကာ မွှေကြော်လိုက်ပြီး ပန်းကန်ပြားအကြီးနှစ်ခုကို ဖြည့်လိုက်သည်။

ထိုမွှေးရနံ့က နှစ်လနီးပါး တောင်အတွင်းပိုင်းတွင် မမောမပန်း အလုပ်လုပ်ခဲ့ရသည့် ရှန်းလီကို စာဖတ်နေရင်းတန်းလန်းမှ ဆာလောင်မွတ်သိပ်လာသည့် ခံစားချက်ကို ဖြစ်သွားစေတော့သည်။ ရှန်းအန်း၏ စိတ်ကလဲ စတင် ပြန့်လွှင့်သွားတော့သည်။

မီးဖိုချောင်ထဲတွင် စန်းလော့က ပါဝင်ပစ္စည်းအားလုံးကို ၂ပုံခွဲလိုက်ပြီး ပိုငယ်သည့်တစ်ခုက သူမ၏ မိသားစုအတွက် ဖြစ်ပြီး ပိုကြီးသည့်တစ်ခုကိုတော့ ခြင်းကြီးတစ်လုံးထဲတွင် ထည့်ထားလိုက်သည်။ ထို့နောက်တွင်တော့ သူမက ရှန်းနဥ်ကို နောက်ထပ်ခြင်းငယ်လေးတစ်ခုထဲတွင် ပန်းကန်လုံးနှင့်တူ ၁၀စုံ ပြင်ဆင်ဖို့ လှမ်းခေါ်လိုက်သည်။ ထို့နောက်တွင်တော့ သူမက ရှန်းလီကို လှမ်းအော်လိုက်လေသည်။

ရှန်းလီက မီးဖိုချောင်ထဲသို့ ဝင်လာပြီး ချက်ချင်းသဘောပေါက်သွား၏။

"အစားအသောက် သွားပို့မလို့လား၊ ဒါဆိုရင်တော့ ကျွန်တော် သွားလိုက်ပါ့မယ်"

စန်းလော့နှင့်ရှန်းနဥ်တို့ လိုက်ပါစရာမလိုဘဲ သူက လက်တစ်ဖက်တွင် ခြင်းနှစ်ခုစလုံးကို ကိုင်ထားလိုက်ပြီး ထွက်လာခဲ့လိုက်သည်။ စန်းလော့ကသာ မှာလိုက်လေသည်။

"ရှောင်ကျင့်နဲ့ သူ့ညီလေးတွေကိုလဲ အဲမှာ ပေါင်းစားဖို့ ပြောလိုက်နော်၊ ရှင်လဲ နေ့လည်စာစားဖို့အတွက် စောစောပြန်လာသင့်တယ်နော်"

"ဟုတ်ပါပြီ၊ မင်းတို့တွေ အရင်စားနှင့်ကြလိုက်ပါ၊ ကျွန်တော် ခဏနေ ပြန်လာခဲ့ပါ့မယ်"

စန်းလော့က ရှန်းနဥ်ကို ရှန်းအန်းအား သွားခေါ်ခိုင်းလိုက်သည်။ သို့သော်ငြားလည်း ထိုအပိုင်းကိုတော့ ဒီနေရာတွင် ထုတ်ပြောနေစရာ မလိုတော့ချေ။

...

ရှန်းမိသားစု၏လယ်ယာထဲတွင် ကျောက်မိသားစုသည် လယ်ယာအလုပ်များဖြင့် အလုပ်များပြားသော်ငြားလည်း တစ်နေ့နှစ်နပ်သာ စားကြသည်။ သူတို့သည် နေ့လည်စာ စားရလိမ့်မည်ဟု လုံးဝ ထင်မထားကြချေ။ သည်အခြေအနေအထိ အလုပ်လုပ်လာသည်တွင် သူတို့သည် ပင်ပန်းနွမ်းနယ်နေကြကာ သူတို့၏လည်ချောင်းများကလဲ နွမ်းနယ်မှုဖြင့် ခြောက်ကပ်နေလေသည်။ အမှန်တွင်တော့ သူတို့သည်လဲ ဗိုက်ဆာနေကြသည်။ ဒီအချိန်တွင် သူတို့သည် ပုံမှန်ဆိုလျှင် ဆာလောင်ခြင်းကို ရေဖြင့် မျှောချရပြီး ခဏလောက်အနားယူပြီးမှ အလုပ်ဆက်လုပ်ကြသည်။

ကျောက်မိသားစု၏ အကြီးဆုံးသားက သူ၏ညီငယ်လေးများကို သူတို့၏ပေါက်ပြားများကို ချထားပြီး ရေလာသောက်ဖို့ လှမ်းခေါ်မည် ပြင်လိုက်စဥ်တွင် သူသည် သွက်သွက်လက်လက် ခြေလှမ်းများဖြင့် အဝေးမှချဥ်းကပ်လာသည့် ရှန်းလီကို တွေ့လိုက်ရ၏။ သူ၏ တောင့်တင်းသည့်ခန္ဓာကိုယ် မြင့်မားသည့် ကိုယ်လုံးကိုယ်ထည်နှင့် ရှည်လျားသည့် ခြေထောက်များက မြန်မြန်ဆန်ဆန် လျှောက်လာလေသည်။ သူသည် အနီးသို့ရောက်လာသည်နှင့် ဆောင်းတွင်း၏လေပြေလေးက အသားနံ့ကို သယ်ဆောင်လာသည်။

"ဆရာရှန်း ပါလား"

ကျောက်မိသားစု၏ အကြီးဆုံးသား၏အကြည့်သည် ရှန်းလီ၏လက်ထဲက ခြင်းတောင်းနှစ်ခုဆီသို့ ကျရောက်သွားပြီး သူ့နှာခေါင်းထဲသို့ ဝင်လာသည့် သာယာဖွယ် အသားနံ့လေးက သူ့လည်ချောင်းထဲတွင် အလိုလို တံတွေးများ စုဝေးလာကာ တံတွေးကို မြိုချမိလိုက်လေသည်။ သူ၏ ညိုမည်းနေသည့် အသားအရေက အနည်းငယ် နီးမြန်းသွား၏။

ရှန်းလီက လယ်ကွင်းအစွန်းနားသို့ ရောက်နှင့်နေပြီဖြစ်သည်။ သူက ခြင်းတောင်းကို ချထားလိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်၏။

"ဦးလေးကျောက် လာကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အားလော့က အိမ်မှာ အစားအသောက် တစ်ချို့ ပြင်ဆင်ထားတယ်လေ၊ ကျေးဇူးပြုပြီးတော့ ဒီကိုလာပြီး အရင်ဆုံး စားလိုက်ကြပါအုံး၊ အနားယူပြီးမှပဲ အလုပ်ဆက်လုပ်ကြပါ"

သူတို့သည် သူတို့အတွက် အမှန်ပင် နေ့လည်စာကို ပြင်ဆင်ထားခဲ့ခြင်း ဖြစ်လေသည်။

ကျောက်မိသားစုက အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့သည် အကူအညီလာပေးရသည့် အကြောင်းအရင်းကို မမေ့ခဲ့ကြချေ။ သို့သော်ငြားလည်း ဒီတစ်နပ်ကတော့ -အသားပင်ပါနေသေးသည်။

ကျောက်မိသားစု၏ ဒုတိယသားက ပြောလိုက်၏။ "ဆရာရှန်း လူတွေက ပုံမှန်ဆိုရင် ဒီလိုအချိန် နေ့လည်ခင်းမှာ နောက်တစ်နပ် မစားကြပါဘူး၊ ကျွန်တော်တို့တွေ မနက်စာစားခဲ့ပြီးပါပြီ၊ ကျွန်တော်တို့မိသားစုကလဲ ညနေစာအတွက် ကျွန်တော်တို့ကို တစ်ခုခု ပြင်ဆင်ပေးပါလိမ့်မယ်"

သူသည် ပြောရင်းဆိုရင်း သူ၏အစာအိမ်က နှစ်ကြိမ်လောက် တဂွီဂွီမြည်လာကာ အချိတ်အဆက် မိနေလေသည်။

ရှက်ရွံ့သွားသလို ခံစားလိုက်ရပြီး သူက သူ့ဝမ်းဗိုက်ကို လက်ဖြင့် အုပ်ထားလိုက်၏။

ရှန်းလီက ရယ်မောလိုက်သည်။ "ဦးလေးရယ် ဘယ်သူကမှ ဗိုက်ဟာလာဟင်းလင်းကြီးနဲ့တော့ အလုပ်မလုပ်နိုင်ပါဘူး၊ ဦးလေးတို့က ညနေစာကို အိမ်မှာစားလို့ရပါတယ်၊ ဒါပေမဲ့ ဦးလေးတို့အတွက် နေ့လည်စာကို ကျွန်တော်တို့ကို ဧည့်ခံခွင့်ပေးတာကလဲ ဒါက ပုံမှန်ယဥ်ကျေးမှုပါပဲ”

ထို့နောက်တွင်တော့ သူက ရှန်းကျင့်နှင့် သူ့ညီအစ်ကိုများကို လက်ဆေးဖို့ရန် လှမ်းခေါ်လိုက်ပြီး လာစားခိုင်းလိုက်လေသည်။

ဒီအလုပ်များလှသည့် စိုက်ပျိုးရေးကာလအတွင်းတွင် စန်းလော့ဖြစ်စေ ချက်ပြုတ်ပေးသည့် ရှန်းနဥ်ဖြစ်စေ သူတို့သည် ကျောက်ညီအစ်ကို သုံးယောက်အတွက် အစားအသောက်များကို အမြဲတမ်း ယူလာပေးတတ်သည်။ နှစ်နပ်လောက် စားခဲ့ပြီးနောက်တွင် ရှန်းကျင့်က ဆန်၊ စပါး၊ အသားနှင့် ဟင်းသီးဟင်းရွက်များကို စတင်ယူလာပေးခဲ့ပြီး တဖြည်းဖြည်းနှင့် သူတို့သည် ဒီအလုပ်များသည့် စိုက်ပျိုးရေးကာ လအတွင်းတွင် အစားအသောက်များကို အတူတူ ပေါင်းစားလိုက်ကြသည်။

သူတို့၏အစ်ကိုကြီးက နေ့လည်စာအတွက် လှမ်းခေါ်လိုက်သည်ကို ကြားလိုက်သည်တွင် ရှန်းကျင့်တို့ ညီအစ်ကိုသုံးယောက်သည် ဝမ်းသာအားရ သူတို့၏ ပေါက်ပြားများကို ချထားလိုက်ကာ အမြန်ပြေးလာခဲ့၏။ သို့သော်ငြားလည်း ကျောက်မိသားစုက လူ ၇ယောက်ကတော့ ချီတုံချတုံ ဖြစ်နေဆဲဖြစ်ပြီး အကြီးဆုံး၏ လမ်းညွှန်မှုကို စောင့်စားနေကြလေသည်။

ရှန်းလီက တဟားဟား ရယ်လိုက်သည်။ "ဦးလေးကျောက် လုပ်ပါ၊ စားပါတော့၊ မဟုတ်ဘူးဆိုရင် ကျွန်တော်က ဦးလေးတို့ကို မနက်ဖြန်ကျရင် ဘယ်လိုလုပ်ပြီး အကူအညီ တောင်းရဲတော့မှာလဲ၊ ကျွန် တော်လဲ အိမ်ပြန်ရအုံးမယ်၊ မဟုတ်ရင် အစားအသောက်တွေ အေးသွားလိမ့်မယ်နော်"

ထို့နောက်တွင်တော့ သူက သူသိသည့် လူငယ်များ၏ နာမည်တစ်ချို့ကို လှမ်းခေါ်လိုက်သည်။

"ကျောက်သလန်၊ ကျောက်အာ့လန်၊ ကျောက်စန်းလန် မြန်မြန်လာကြ"

ကောင်လေးများက ရှန်းလီနှင့် ပိုပြီးရင်းနှီလေသည်။ ထို့ကြောင့် ကျောက်သလန်က သွားများပေါ်သည်အထိ ပြုံးပြလိုက်ကာ သူ့ခေါင်းကို ကုပ်လိုက်၏။

"ဒါဆိုရင်တော့ ကျွန်တော်တို့ ထိန်းမထားတော့ဘူးနော်၊ အနံ့က အရသာရှိလိုက်တာ၊ ကျွန်တော့်အစာအိမ်က တကယ်ပဲမြည်နေပြီ"

သူ့အစာအိမ်သည် ထိုအချိန်တွင် တဂွီဂွီမြည်သွားပြီး ကောင်လေးက သိသာနေအောင် ပြုံးပြလိုက်၏။

ရှန်းလီက ရယ်မောလိုက်သည်။

"အားနာစရာမလိုပါဘူး၊ ဒီအတိုင်းစားကြပါ၊ ခြင်းကိုတော့ ခဏနေမှပဲ ပြန်လာယူလိုက်ပါ့မယ်"

ရှန်းယင်က ပြောလိုက်၏။

"အစ်ကိုကြီး၊ အစ်ကိုကြီး ပြန်လာစရာမလိုပါဘူး၊ ရှောင်ထျယ်နဲ့ ကျွန်တော်က ယူပြန်လာခဲ့ပါ့မယ်"

ရှန်းလီက သူ့ခေါင်းလေးကို ပုတ်ပေးလိုက်ကာ "ဒါဆိုရင်လဲ ကောင်းပြီလေ"

ကျောက်မိသားစုက အနေအထိုင်ခက်သည်ကို ရှောင်ရှားဖို့ရန် သူက သူတို့ကို နှုတ်ဆက်စကား ပြောလိုက်ပြီးနောက် အမှန်တကယ် ထွက်လာခဲ့လိုက်သည်။

ကျောက်ညီအစ်ကိုများကလဲ သူ့ကို ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် လယ်ထဲသို့ ပြန်ဆင်းသွားကြသည်။ ထူးထူးခြားခြား စားချင်စဖွယ်ဖြစ်နေသည့် ခြင်းထဲက ဟင်းလျာနှစ်ခုကို တွေ့လိုက်သည်တွင် ညီအစ်ကို ၇ယောက်စလုံးသည် တပြိုင်တည်း တံတွေးမြိုချမိသွားတော့သည်။

ရှန်းကျင့်က ပြုံးကာ ပန်းကန်တစ်လုံးကို လှမ်းပေး လိုက်၏။

"ဦးလေး ဒီမှာ ထမင်းနည်းနည်းယူပါအုံး၊ ကျွန်တော့်ရဲ့မရီးကြီးက အကောင်းဆုံး ချက်ပြုတ်တဲ့သူလေ"

ကျောက်မိသားစု၏ ညီအစ်ကို၇ယောက်သည် လယ်ကွင်းအစွန်းနားတွင် လက်များကို မြန်မြန် ဆေးကြောလိုက်ပြီး ပန်းကန်လုံးနှင့်တူများကို ရှန်းကျင့်၊ ရှန်းယင်နှင့် ရှန်းထယ်တို့ထံမှ လက်ခံရင်း ကျေးဇူးတင်စကား ပြောလိုက်သည်။ သူတို့က ကျေးဇူးတင်စိတ်ကို ဖော်ပြရင်း ထပ်ပြောလိုက်၏။

"အမှန်ပဲ၊ ဒါက တကယ်ဆွဲဆောင်မှုရှိတာပဲ၊ အနံ့ကလဲ တကယ် စိတ်ကို ရွှင်လန်းသွားစေတာပဲ"

သူတို့တစ်ယောက်ချင်းစီသည် သူတို့၏ ပန်းကန်လုံးထဲသို့ ပဲနှင့်ဆန်ရောထားသည့် ထမင်းကို ဂရုတစိုက် ထည့်လိုက်ပြီး ကျပ်တိုက်ထားသည့် အသားပါသည့်ဟင်းလျာကိုတော့ ဂရုတစိုက် ရှောင်ကြဥ်လိုက်ကြလေသည်။

ရှန်းမိသားစုနှင့် မတူဘဲ အမဲလိုက်ရခြင်းက သူတို့အတွက်တော့ လွယ်ကူသည့်အလုပ် မဟုတ်ချေ။ ကလေးများက တုတ်ချောင်းများကို အသုံးပြုပြီး အနည်းငယ်သာ သင်ယူတတ်မြောက်ခဲ့သည်။ သို့သော်ငြားလည်း တကယ် အမဲလိုက်ရမည့်အချိန် ရောက်လာသည်တွင်တော့ သူတို့သည် ရှန်းယင်၏ အရည်အချင်းကိုပင် မယှဥ်နိုင်ခဲ့ချေ။

သူတို့ကို သင်ကြားပေးမည့်ဆရာတစ်ယောက် မရှိသဖြင့် သင်ကြားရသည့် လမ်းကြောင်းက အမှန်ပင် ခက်ခဲလေသည်။ ကံအားလျော်စွာ ရှန်းလီ၏ ရွာထဲက ရွာသားများသည် သူတို့၏အိမ်နီးချင်းများကို တော်တော်လေး ထောက်ပံ့ပေးခဲ့ကြသည်။ အစောပိုင်းနှစ်များတွင် သူတို့သည် တခါတလေ အစားအသောက်များနှင့် အလဲအလှယ်လုပ်ဖို့ရန် တောကြက်အရှင်များကို ပေးတတ်ကြသည်။

ဒီကုန်ပစ္စည်းလဲလှယ်ထားသည့်အရာများနှင့် သူတို့သည် ထိုတောကြက်များကို မွေးမြူနိုင်ပြီး တဖြည်းဖြည်းနှင့် သူတို့၏အိမ်ထောင်စု အခြေအနေကလဲ တိုးတက်လာခဲ့သည်။

ထို့ကြောင့် အသားဟူသည့်မြင်ကွင်းက ...

ကျောက်မိသားစု၏ ညီအစ်ကို၇ယောက်စလုံးသည် သူတို့၏တံတွေးများကို မြိုချထားလိုက်ပြီး အသားတစ်တုံးကို ယူဖို့ရန်ပင် အလွန်မှ ရှက်ရွံနေသလို ခံစားရ၏။ တပြိုင်တည်းဆိုသလို သူတို့တစ်ယောက်ချင်းစီက သတ်သတ်လွတ်အူကြမ်း တစ်တုံးကိုသာ လှမ်းယူလိုက်ကြသည်။

ကျောက်မိသားစု၏ တတိယသားက သူ၏တူထဲက စိုဆွတ်ပြီး တုန်အိအိဖြစ်နေကာ တလက်လက်ထနေသယောင် ဟင်းအနှစ်များ ဖုံးလွမ်းနေသည့် သတ်သတ်လွတ်အူကြမ်းကို ကြည့်လိုက်ပြီး မှတ်ချက်ပေးလိုက်လေသည်။

"ဒါကို သေချာပေါက် ဝဥနဲ့လုပ်ထားတာ ဖြစ်ရမယ်၊ ဟုတ်တယ်မလား၊ စန်းရှီက တကယ် အရည်အချင်း ရှိတာပဲ၊ ဒါက ငါတို့တွေ အိမ်မှာလုပ်ထားတာထက်တောင် အများကြီးပိုပြီးတော့ နူးညံ့သေးတယ်"

ဒါသည် လုံးဝကို ကွာခြားနေသည့်ဟန် ဖြစ်လေသည်။

တစ်တုံးလောက် အရသာ မြည်းကြည့်လိုက်ပြီးနောက်တွင် အမှန်ပင်ဖြစ်လေသည်။

ညီအစ်ကိုများသည် သတ်သတ်လွတ်အူကြမ်းကို လေ့လာခြင်းအား စိတ်ဝင်တစား ရှိနေကြပြီး သတ်သတ်လွတ်အူကြမ်း၏ အကြည်ရောင်နှင့် အတိအကျ ပိုင်းဖြတ်ထားပုံကို သတိထားမိလိုက်သည်။ သူတို့သည် စန်းရှီကိုယ်တိုင်လုပ်ထားသည့် အရသာရှိလှသည့် သတ်သတ်လွတ်အူကြမ်း အကြောင်းနှင့်ပတ်သတ်ပြီး သူတို့အမေနှင့်ဇနီးများကို ပြန်ပြောပြဖို့ရန် စိတ်ထဲတွင် သေချာစဥ်းစားထားလိုက်ကြသည်။ ပိုပြီး နှစ်လိုဖွယ်ကောင်းသည့် ဟင်းလျာတစ်မျိုးကို ဖန်းတီးဖို့ရန် သူမ၏နည်းလမ်းများဆီမှ သင်ယူတတ်မြောက်စေဖို့ ရည်ရွယ်လေသည်။

သူတို့၏အာရုံက သတ်သတ်လွတ်အူကြမ်းဆီသို့သာ ရောက်နေသည်ကို သတိထားမိလိုက်သည့် ရှန်းကျင့်က လှမ်းအော်ခေါ်လိုက်၏။

"ဦးလေး အသားကိုလဲ စားကြည့်ပါအုံး၊ ဒီအသားကို ကျွန်တော့်မရီးက ဦးလေးတို့အားလုံးအတွက် အထူးတလည် ပြင်ဆင်ပေးထားတာလေ၊ သတ်သတ်လွတ်အူကြမ်းကိုပဲ စားမနေပါနဲ့"

အာ... သူတို့ပြောနေတဲ့ အကြောင်းအရာက သတ်သတ်လွတ်အူကြမ်း ဖြစ်နေတာကိုး။

ဒါသည် စန်းရှီ၏ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းနှင့် လေ့လာခြင်း၏ရလဒ် ဖြစ်သည်ကို သိလိုက်ရသည်တွင် သူတို့ကိုယ်တိုင် ပြင်ဆင်ထားသည့်အရာများထဲတွင် ပိုပြီးအသေးစိတ်ကျသည့် အဆင့်တစ်ချို့ကတော့ လိုအပ်နေမည်ကို သိလိုက်ကြသည်။ အရောင်အဆင်း အရသာကိုတော့ တုပနိုင်လိမ့်မည် မဟုတ်ချေ။

ကျောက်မိသားစု၏ အကြီးဆုံးသားက ပြန်ဖြေလိုက်၏။

" ဟုတ်ပါပြီ ဟုတ်ပါပြီ ငါတို့တွေက ဒါကို ကျေးဇူးတင်ပါတယ်၊ စန်းရှီက တကယ့်ကို စေတနာကောင်းလွန်းတာပဲ"

သေသေချာချာလေး လုပ်ထားတဲ့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ကျပ်တိုက်ထားတဲ့အသား။

ထိုအခိုက်အတန့်တွင် ကျောက်မိသားစု၏ အကြီးဆုံးသားသည် သူတို့၏ အကူအညီက ချမ်းသာသည့် အိမ်ထောင်စုတစ်ခုတွင် စားသောက်ပွဲတစ်ခုကို တက်ရောက်နေရသည့်ဟန်နှင့် ပိုတူနေကြောင်း ခံစားမိလေသည်။

သူက အသားတစ်လွှာကို လှမ်းယူလိုက်ပြီး သူ့ပါးစပ်ထဲသို့ အကုန်လုံး မထိုးထည့်ရဲသေးချေ။ ထို့အစား သူက အကိုက်ငယ်လေးတစ်ခု ကိုက်လိုက်ပြီး ကျပ်တိုက်ထားသည့်အသား၏ ထူးခြားသည့်ရနံ့က သူ့ပါးစပ်ထဲတွင် ပြင်းထန်သည့် အရသာတစ်ခုကို လှုံ့ဆော်လိုက်လေသည်။ သူသည် ခုနကတော့ အနည်းငယ်သာ ဗိုက်ဆာခဲ့လေသည်။ သို့သော်ငြားလည်း ဒီလိုသေးငယ်သည့် အရသာလေးက သူ့စားချင်စိတ်ကို နှိုးဆွနေသည်။ ဆာလောင်သည့်ခံသားချက်က သူ့ခန္ဓာကိုယ်ထဲတွင် လှိုက်တက်လာတော့သည်။ သူသည် ဒါကို အားရပါးရ ဝါးမြိုချင်စိတ် ဖြစ်သွားတော့သည်။

စားသောက်ရခြင်း၏ အပြုအမူက ဖြူစင်သန့်ရှင်းသည့် ပျော်ရွှင်မှု အရင်းအမြစ်တစ်ခုမှ လာလေသည်။

ကျောက်မိသားစု၏ အကြီးဆုံးသားသည် ပထမတစ်ကိုက် ကိုက်လိုက်သည်နှင့် ကျန်သည့် မိသားစုဝင် ၆ယောက်ကလဲ ကိုယ့်ဟာကိုယ် ယူစားရဲလာသည်။ ထို့နောက်တွင်တော့... သူတို့သည် ထမင်းကို အလောတကြီး ခူးခပ်လိုက်ကြပြီး သူတို့ခေါင်းကို ပန်းကန်လုံးထဲတွင် နှစ်မြှုပ်ထားလိုက်ကာ အစားအသောက်ကို အားရပါးရ စားသောက်လေတော့သည်။

စားကြ။ ဒီတစ်နပ်ကိုတော့ အားရပါးရစား။ ညနေခင်းကြရင်တော့ ရှိသမျှအားနဲ့ အလုပ်လုပ်ကြမယ်။ ထယ်တွေကိုလဲ နက်နက်ထိုးမယ်။ ပေါင်းတွေကိုလဲ သေချာပေါက် ရှင်းရမယ်။ နွေဦးရောက်လာရင်တော့ မြေဆီလွှာက သေချာပေါက် မြေဆီသြဇာကောင်းမွန်နေရမယ်။

စန်းလော့၏ ပဲနှင့်ထမင်း လုံလောက်သည့်ပမာဏအပြင် သူတို့၏ ဗိုက်တစ်ဝက် အပြည့်သာစားတတ်သည့် အကျင့်နှင့် ပေါင်းစပ်လိုက်သည်တွင် သူတို့၏ စားလိုစိတ်က တဖြည်းဖြည်း နည်းပါးလာသည်။ ရှန်းကျင့်နှင့် သူ၏ညီအစ်ကိုနှစ်ယောက်က သူတို့၏ ဝေစုကို ကုန်အောင်စင် အောင်စားလိုက်ကြသည်။ သို့သော်ငြားလည်း ကျောက်မိသားစုက အဖေ၊ ဦးလေးနှင့် တူလေးများကတော့ တော်တော်လေး ဗိုက်ပြည့်နေသည်ကို တွေ့လိုက်ရ၏။

ရှန်းကျင့်နှင့် သူ့ညီအစ်ကိုများက သူတို့၏ခြင်းများဖြင့် ပြန်သွားဖို့ ပြင်ဆင်နေသည်ကို တွေ့လိုက်သည်တွင် ကျောက်မိသားစု၏ အကြီးဆုံးသားက သူတို့ကို အလောတကြီး လှမ်းတားလိုက်ပြီး သူ၏သားနှစ်ယောက်ကို လှမ်းခေါ်လိုက်သည်။

"သူတို့နဲ့ လိုက်သွားပြီးတော့ တောင်ကျစမ်းချောင်းနားမှာ ပန်းကန်ခွက်ယောက်တွေကို ဆေးပြီးမှ ပြန်လာခဲ့နော်"

ရှန်းကျင့်က ချက်ချင်း လက်ဝှေ့ယမ်းပြလိုက်ပြီး

"မလိုပါဘူး၊ မလိုပါဘူး၊ ကျွန်တော်တို့ရဲ့ အစ်ကိုအကြီးဆုံးရဲ့ အိမ်အနီးအနားမှာ ရေတွင်းတစ်ခုရှိပါတယ်၊ ကျွန်တော်တို့တွေ ရေတွင်းနားမှာပဲ ပန်းကန်တွေကို ဆေးလိုက်ပါ့မယ်"

ထို့နောက်တွင်တော့ ကျောက်ညီအစ်ကိုများက နောက်မှ လိုက်လာဖို့ရန် မပြုလုပ်တော့ချေ။

ရှန်းကျင့်က ပန်းကန်ခွက်ယောက်များနှင့် ပြန်သွားချိန်တွင် ကျောက်မိသားစုက ၁၅မိနစ်လောက် လယ်ကွင်း၏အစွန်းနားတွင် ထိုင်လိုက်ကြပြီးနောက် အလုပ်ပြန်လုပ်လိုက်ကြသည်။

နေ့လည်ခင်းတိုင်း ရေသောက်တတ်သည့် ကျောက်အာ့လန်က သူ၏ခွန်အားများ ပြန်လည်ရရှိလောက်သည်။ အကျင့်အတိုင်း သူက သူသောက်နေကျ ပန်းကန်လုံးလေးကို ထုတ်လိုက်ပြီး ရေအနည်းငယ်ကို လောင်းထည့်လိုက်သည်တွင် အေးခဲနေသည့်ရေမဟုတ်ဘဲ အနည်းငယ် နွေးနေသေးသည့် ရေဖြစ်နေသည်ကို တွေ့လိုက်ရ၏။ တစ်ငုံလောက် သောက်လိုက်သည်တွင် သူ့လျှာက မထင်မရှား အချိုဓာတ်တစ်ခုကို ခံစားမိလိုက်ရာ သူ့ကို တအံ့တသြ ဖြစ်သွားစေလေသည်။

"အဖေ ဒီထဲမှာ ပျားရည်တွေ ရောထားတဲ့ပုံပဲ"

ကျောက်အာ့လန်၏အစ်ကိုကလဲ ပန်းကန်လုံးဆီမှ သောက်ကြည့်လိုက်ရာ တအံ့တသြ ဖြစ်သွားလေသည်။ သူက အကြီးဆုံးအစ်ကိုဘက်သို့ လှည့်လိုက်ပြီး ပြောလိုက်၏။

"တကယ်ချိုတာပဲ"

ကျောက်သလန်က ပြန်ဖြေလိုက်သည်။ "စန်းရှီက တကယ် ကြင်နာတတ်တာပဲ၊ ငါတို့တွေက သူ့ရဲ့စေတနာကို ပြန်ပေးဆပ်ဖို့အတွက် လုံ့လရှိရှိနဲ့ သေချာပေါက် အလုပ်လုပ်ရမယ်"

ကျောက်စစ်လန်ကလဲ ကြားကဖြတ်ပြောလိုက်သည်။ "အစ်ကိုအကြီးဆုံးကလဲ ဘယ်လို ပြောနေတာလဲ၊ သူရဲ့စေတနာမပါဘူးဆိုရင် ကျွန်တော်တို့တွေ့က မလုပ်နိုင်တော့ဘူးတဲ့လား"

သူက တဟားဟား ရယ်မောလိုက်ပြီး တမ်းတမ်းတတဖြင့် ထပ်ပြောလိုက်လေသည်။

"စန်းရှီက တကယ့်ကို စိတ်ရင်းကောင်းလှပါတယ်၊ အစ်ကို သူက ကျွန်တော်တို့ကို ငှားရမ်းတဲ့အချိန်တုန်းက ကျွန်တော်တို့မိဘတွေ သဘောတူလိုက်တယ် မဟုတ်လား"

သူ့တွင် ဒီလိုအလုပ်ရှင်တစ်ယောက်ရှိနေလျှင် သူသည် တစ်လမဟုတ်ဘဲ တစ်သက်လုံး လိုလိုလားလား အလုပ်လုပ်ပေးနိုင်လိမ့်မည်။

ညီအစ်ကိုလေးယောက်ထဲတွင် ကျောက်စစ်လန်သည် စန်းလော့နှင့် ရှန်းလီတို့ကို ကျေးဇူးအတင်ဆုံးဖြစ်လေသည်။ သူသည် နောက်ဆုံးမှ လက်ထပ်ရသူဖြစ်ကာ သူ့ကလေးများကလဲ တောင်အတွင်းပိုင်းသို့ ဝင်သွားချိန်တွင် အလွန်မှ ငယ်လှသေးသည်။ ၅နှစ်၊ ၆နှစ်သာရှိအုံးမည်။ ဆာလောင်မှုနှင့် အန္တရာယ်ကို သည်းခံနိုင်သည့်အရွယ် မဟုတ်ကြပေ။

သူ့စကားကို ကြားလိုက်သည်တွင် ကျောက်မိသားစု၏ အကြီးဆုံးသားက ပြန်ဖြေလိုက်၏။

"ငါ့အထင်တော့ သူတို့တွေ သဘောတူပါလိမ့်မယ် ဟုတ်တယ်မလား၊ အကူအညီ လိုနေတဲ့သူက စန်းရှီလေ တကယ်လို့ ငါတို့မိသားစုမှာ လုပ်အားအပို မရှိခဲ့ဘူးဆိုရင်တောင် အဖေနဲ့အမေတို့ကတော့ ဘာပဲဖြစ်ဖြစ် ငါတို့ကို လွှတ်လိုက်မှာပဲ"

နွေးထွေးမှုက ညီအစ်ကိုများ၏ နှလုံးသားထဲတွင် ပြည့်နှက်သွားလေသည်။ ကျောက်စန်းလန်ကလဲ ပြောလိုက်၏။

"သူတို့တွေ ဘယ်သူ့ကို ရွေးမလဲမသိဘူးနော်"

ကျောက်သလန်က တဟားဟား ရယ်မောလိုက်၏။

"ဒါကတော့ ဆရာရှန်းနဲ့ စန်းရှီတို့အပေါ်ပဲ မူတည်မှာပဲ။ ငါတို့တော့ မသိဘူးလေ၊ သူတို့က ဘယ်သူ့ကိုပဲ ရွေးပါစေ အဖေနဲ့အမေသာ ဆုံးဖြတ်ချက်ချရမယ်ဆိုရင် မေးခွန်းထုတ်စရာမရှိပါဘူး၊ သူတို့တွေက လယ်ထဲမှာ အကြိုးစားဆုံး လုပ်ပေးနိုင်ပြီး အခက်ခဲဆုံးအရာတွေကိုလဲ သည်းခံနိုင်တဲ့သူကို ရွေးမှာပဲ "

ညီအစ်ကိုလေးယောက်စလုံးက ကျွမ်းကျင်သည့်လယ်သမားများ ဖြစ်ကြလေသည်။ သို့သော်ငြားလည်း ထူးချွန်သူတစ်ယောက်ကတော့ အမှန်ပင်ရှိလေသည်။

ဘယ်သူက ဒဏ်အခံနိုင်ဆုံးလဲ အကြီးဆုံးသားပဲပေါ့။

ဘယ်သူက လယ်အလုပ်မှာ အကောင်းဆုံးလဲ ကျောက်စစ်လန်ပဲပေါ့။

ကျောက်အာ့လန်နှင့် ကျောက်စန်းလန်တို့ကတော့ ရလဒ်ကို စိတ်ဝင်တစား စောင့်စားနေရင်း အားကျသည့် အမူအယာဖြင့် မျှော်လင့်နေကြလေသည်။

...

ရှန်းမိသားစုအိမ်တွင် ရှန်းကျင့်သည် အခုမှ သေသေချာချာ ဆေးကြောလာသည့် ပန်းကန်ခွက်ယောက်များကို မီးဖိုထဲသို့ သယ်လာခဲ့သည်။ စန်းလော့နှင့် တစ်ခြားသူများကလဲ အခုလေးတင်မှ စားသောက်ပြီးစီးသွားခဲ့ကြသည်။ သူက ပစ္စည်းများကို စားပွဲပေါ်တွင် တင်ထားလိုက်ပြီး ပြုံးဖြီးကာဖြင့် မေးလိုက်၏။

"မရီး မရီးက ကျောက်မိသားစုကို အလုပ်သမားငှားမယ်လို့ အဘွားချန်းဆီက ကြားလိုက်တယ်"

စန်းလော့က သူ့ကို ကြည့်လိုက်၏။

"နင်က ဘာဖြစ်လို့ မေးတာလဲ"

ရှန်းကျင့်က ပြန်ဖြေသည်။

"ကျွန်တော် ခုနတုန်းက တိတ်တိတ်လေး အကဲခတ်ခဲ့တယ်လေ၊ ဦးလေးကျောက်က အလုပ်လုပ်တဲ့နေရာမှာ အသန်မာဆုံးလူပဲ၊ ဒါပေမဲ့ ဦးလေးကျောက်စစ်လန်ကတော့ သူ့အလုပ်နဲ့ပတ်သတ်ပြီး အသေးစိတ်အကျဆုံးပဲ"

စန်းလော့က တဟင်းဟင်း ရယ်မောတော့သည်။

" ကောင်းသားပဲ၊ ဒီတော့ နင်က သူတို့တွေကို သေသေချာချာ လေ့လာခဲ့ပြီး တစ်မနက်ခင်းထဲနဲ့ သူတို့တွေကို အဆင့်သတ်မှတ် ထားခဲ့တယ်ပေါ့"

ရှန်းကျင့်ကလဲ တခစ်ခစ် ရယ်မောသည်။

"အဘွားချန်းနဲ့ အစ်ကိုကြီးတို့ပြောနေတာကို ကျွန်တော် ကြားခဲ့လို့ပါ၊ မရီးက အလုပ်သမား ငှားမယ်ဆိုတော့ ကျွန်တော်ကလဲ အာရုံစိုက်ဖို့လိုတယ်လေ ဟုတ်တယ်မလား"

စန်းလော့က ရယ်မောလိုက်ပြီး သူ့ကို ချီးကျူးစကား ပြောလိုက်သည်။

"နင်က တော်တော်လေးကို သတင်းစုံတာပဲ"

အမှန်ပင် ဒီကောင်လေးသည် စာဖတ်ခြင်းကိုတော့ ငြီးငွေ့ဖွယ်ကောင်းသည်ဟု မြင်သော်ငြားလည်း သူ၏ စိတ်အားထက်သန်သည့် လေ့လာနိုင်စွမ်း အရည်အချင်းကတော့ စီးပွားရေးကိစ္စ ဖြေရှင်းရာတွင် သေချာပေါက် အသုံးဝင်လာလိမ့်မည်။

...

အပိုင်း (၂၁၈) စိတ်လှုပ်ရှားမှုကြောင့် လက်များတုန်ခါခြင်း

အားရပါးရ နေ့လည်စာတစ်နပ်သည် ညနေပိုင်းတွင် ကျောက်မိသားစု၏ အားတက်သရောလုပ်အားကို ရလာစေသည်။ အစက နေ့လည်စာ စားမည့်အချိန်တွင် အပြီးသတ်ရန် စီစဉ်ထားသော်လည်း သူတို့ကို နေ့လည်စာ ကိုသာ စားရန်ဖိတ်ခြင်းဖြစ်ကြောင်း ရှန်းလီ နေ့လည်စာစားချိန်က ရှန်းလီ ပြောခဲ့သည့် စကားကို ကြားလိုက်ရပြီးမှ ကျောက်မိသားစုသည် စိတ်သက်သာရာရသွားကာ ထွက်သွားရန် အလျင်မလိုတော့ချေ။ မွန်းတည့်ချိန်တွင် ဗိုက်ပြည့်နေပြီး ညနေခင်းတွင် ရေငတ်ပြေအောင်သောက်ရန် ပျားရည်ကို သောက်ရင်း သူတို့သည် အားအင်အပြည့်ဖြင့် ကောင်းကင်ကြီး မှောင်လုနီးပါးအထိ အားထုတ်ကြိုးပမ်းကြလေသည်။

စန်းလော့တစ်ယောက် လယ်ကွင်းထဲသို့ မလာသော်လည်း ရှန်းကျင့်သည် သူ အလုပ်လုပ်နေစဉ်တွင် စောင့်ကြည့်နေခဲ့ပြီး ကျောက်မိသားစုဝင်တိုင်းကို ငှားရမ်းသင့်သည်ဟု ခံစားရလေသည်။ ထိုအရာမှာ အမှန်ပင်ဖြစ်၏။

ညနေစောင်းတွင် အိမ်ပြန်လာပြီး သူတို့မိသားစုထံမှ စန်းလော့ ပေးခဲ့သော လုပ်အားခများအကြောင်းကို ကြားရသောအခါတွင် သူတို့သည် ပို၍အလုပ်ပြီးမြောက်အောင် ကူညီပေးရန် ဆုံးဖြတ်ထားကြလေသည်။ ထုံးစံအတိုင်းပင် ဤသည်မှာ နောင်တစ်ချိန်တွင် ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာလိမ့်မည်။

နေ့လည်စာစားချိန် နီးလာသည်နှင့်အမျှ အစောပိုင်းက စားထားခဲ့သည့်စန်းလော့သည် ဗိုက်မဆာသေးပေ။ သူမ၏စိတ်သည် စက္ကူအပေါ်တွင်သာ ရောက်နေလေသည်။ သူမသည် အဝတ်အထည် ယက်လုပ်လျှင်ပင် သစ်ခေါက်ကို လေးနာရီကြာပြုတ်ရုံဖြင့် လုံလောက်သည်ဟု တွေးမိလေ၏။ ထင်းစည်းတော်တော်များများ လောင်ကျွမ်းပြီးနောက် နောက်ဆုံးတွင် သူမသည် ရှန်းနဉ်ကို ထပ်မထည့်ရန်ပြောပြီး မီးဖိုထဲရှိ ကျန်နေသည့်ထင်းများကိုသာ ကုန်‌အောင်ထားလိုက်သည်။

ရှန်းနဉ်သည် ပထမမီးဖိုကို မီးငြှိမ်းလိုက်ပြီး မြေအိုး၏သစ်သားအိုးဖုံးကိုမလိုက်ကာ မြေဝါရောင်မှ အနက်ရောင်သို့ ပြောင်းသွားပြီး ကြာကြာပြုတ်ထားရာမှ ပျော့သွားသော သစ်ခေါက်ကို ဆယ်ထုတ်လိုက်သည်။

စန်းလော့က အပူချိန်ကို ဂရုတစိုက်စစ်ဆေးပြီး တစ်ခြားအိုးများကို မကြည့်မီတွင် အသာအယာ ထိကြည့်လိုက်လေသည်။

မြက်ပြာဖြင့် ပြုပြင်ထားသောသစ်ခေါက်နှင့် ရိုးရိုးသစ်ခေါက်တို့၏ ကွာခြားချက်မှာ ယခုအခါတွင် အရောင်များဖြင့် ပေါ်လွင်လာလေသည်။ မြက်ပြာထည့်ထားသည့်တစ်ခုသည် အနက်ရောင် စစ်စစ်ဖြစ်လေ၏။

စန်းလော့သည် ယခုထိ သစ်ခေါက်အိုးလေးအိုးလုံးကို ဖွင့်မကြည့်ရသေးချ။ ထို့အစား ရေမစိမ်ခင်တွင် အခြောက်ခံထားသည့်နှစ်ခုလုံးကို ရွေးကာ ပြန်ထုတ်လိုက်လေသည်။ တစ်စုံကို မြက်ပြာဖြင့်ပြုပြင်ထားပြီး နောက်တစ်စုံကိုတော့ မပြုပြင်ရသေးပေ။ သူမသည် ရှန်းနဉ်ကို မြေဇလုံနှစ်ခု သယ်လာခိုင်းလိုက်၏။

ရှန်းနဉ်သည် သူမ၏ပထမဆုံးကြိုးပမ်းမှုအတွင်း မှတ်တမ်းယူထားသည်ကို မျက်မြင်တွေ့ခဲ့ရသောကြောင့် သူမသည် နည်းလမ်းအမျိုးမျိုးကြားမှ ကွဲပြားမှုများကို ချိန်ဆကြည့်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိလေသည်။ ထို့ကြောင့် သူမသည် တစ်ခြားအိုး၂လုံးကို မထိဘဲ ရေထည့်ထားသောမြေဇလုံနှစ်ခုကို ချက်ခြင်းသယ်လာလိုက်၏။

အမျိုးသမီးနှစ်ယောက်၊ အဒေါ်နှင့်တူမ၊ တစ်ယောက်ချင်းစီတွင် ဇလုံတစ်ခုရှိပြီး ပျော့သွားသောသစ်ခေါက်ကို ဆေးကြောနေကြလေသည်။ ရှန်းနဉ်၏သစ်ခေါက်သည် ဆေးကြောရန် ပိုမိုလွယ်ကူပြီး စန်းလော့၏သစ်ခေါက်သည် မြက်ပြာများနှင့် ရောနှောနေသောကြောင့် သပွတ်အူဖြင့် ငြင်သာစွာ ပွတ်ပေးရန်လိုအပ်ပြီး ပိုးပြီး ကြည့်မကောင်းမချင်း ရေကို ၇ ကြိမ်၊ ၈ကြိမ်လဲပေးလေ၏။

အခွံခွာသည့်လုပ်ငန်းစဉ်အတွင်း အလွှာဟောင်းများ ကျန်နေဆဲဖြစ်သည်။ ဆေးကြောပြီးနောက် အညစ်အကြေးများကို ဖယ်ရှားရန်လိုအပ်လေ၏။ အိမ်ပြင်ဘက်တွင် စားပွဲနှင့်ပုံစံတူသော လက်သမားသုံး ခုံရှည်တစ်ခုရှိလေသည်။ သမီးယောက်မ နှစ်ယောက်သည် ခွေးခြေခုံများကို ယူကာ သစ်ခေါက်ကို သေချာဆေးကြောရန် သစ်သားခုံရှည်တွင် ထိုင်ကြလေ၏။ ထိုအချိန်တွင် ရှန်းနဉ်သည် မြက်ပြာဖြင့် ပြုတ်ထားသော သူ့ယောင်းမ၏သစ်ခေါက်မှာ သူမ၏ သစ်ခေါက်ထက်ပင် ဆေးကြောရလွယ်ကူသည်ကို သတိထားမိလေသည်။

"မကြီး၊ မြက်ပြာနဲ့ပြုတ်ထားတဲ့သစ်ခေါက်က ဆေးဖို့ ပိုလွယ်တယ်နော်။ ခဏခဏ ဆေးလိုက်တာနဲ့ သမီးဟာထက် ပိုပြီး ဖြူပြီး ပျော့သွားတာပဲ”

သူမက ပြောရင်း လက်ထဲရှိထိုအရာကို ညှစ်လိုက်လေသည်။

"သမီးတို့လုပ်မယ့် စာရွက်မှာ ထူးခြားမှုရှိလား"

သစ်ခေါက်နှစ်စုံမှ အညစ်အကြေးများ ဖယ်ရှားသည့်အလုပ်သည် သူမတို့ကို နေဝင်ချိန်အထိ အလုပ်ရှုပ်စေလေသည်။ ရှန်းလီနှင့်ရှန်းအန်းတို့က သူတို့ကိုစစ်ဆေးရန်ထွက်လာကြပြီး အလုပ်ကြိုးစားနေကြသည်ကိုမြင်တော့ ညစာပြင်ဆင်ခြင်းနှင့် ကြက်များ၊ သိုးများကို အစာကျွေးခြင်းတို့ကို တာဝန်လွှဲပြောင်းယူလိုက်၏။

ထိုညက ရှန်းအိမ်ထောင်စုတွင် တစ်နာရီကျော်ကြာအောင် ထုထောင်းသံနှင့် မွှေသံများဖြင့် ဆူညံနေလေသည်။ ကံကောင်းစွာဖြင့် အိမ်နီးနားချင်းများသည် အဝေးတွင် နေထိုင်သောကြောင့် အသံမကြားနိုင်ချေ။

အလုပ်အများစုကို ရှန်းလီနှင့် ရှန်းအန်းတို့က လုပ်ဆောင်ခဲ့ကြ၏။ ရှန်းအန်းတစ်ယောက် အနားယူရ န်လိုအပ်သောအခါမှသာရံဖန်ရံခါတွင် စန်းလော့နှင့်ရှန်းနဉ်တို့သည် အလှည့်ချင်း လဲပေးကြသည်။ ရှန်းလီကတော့ မောပန်းနေဟန်မတူဘ မည်သည့်အခါမှ ကူညီမှုမလိုအပ်ပေ။

စန်းလော့သည် သူ၏သန်မာသော လက်မောင်းနှစ်ဖက်ကို အကြိမ်များစွာကြည့်ကာ စက္ကူကိုသာ အမှန်တကယ် ပြုလုပ်နိုင်ပါက ရေအားသုံးသည့်ဆုံ လိုအပ်မည်ဟု တွေးလေသည်။ ထိုသို့မဟုတ်ပါက လုပ်ငန်းစဉ်မှာ ပင်ပန်းခက်ခဲလွန်းမည်ဖြစ်၏။

စန်းလော့တွင် ရေအားသုံးသည့်ဆုံ ပြုလုပ်ရာတွင် အတွေ့အကြုံမရှိသော်လည်း နောက်ကွယ်မှ အခြေခံသဘောတရားကို သိလေသည်။

...

ခွေးအချိန်ပြီးဆုံးခါနီးတွင် ရှန်းလီသည် ရှန်အန်းကို ရှန်းကျင့်၏အိမ်သို့ လိုက်ပို့လေသည်။ သူ၏ဒုတိယအစ်ကိုနှင့် အစ်ကိုကြီးသည် အတူတူစာဖတ်ရန် ရည်ရွယ်ထားသည်ကို ရှန်းကျင့်က မှန်းဆကြည့်ကာ တံခါးဝကို ကြိုတင်၍ ဟထားလိုက်၏။ အနီးနားရှိအိမ်ကြီးသည် အထူးလုံခြုံသဖြင့် ရှန်းအန်းရောက်လာသည်တွင် သူက မျက်လုံးများကို တစ်ချက်ဖွင့်ကြည့်လိုက်ပြီ အတွင်းဘက်သို့ အနည်းငယ် ရွှေ့ပြောင်းပြီးနောက် ချက်ခြင်းအိပ်ပျော်သွားလေသည်။

ရှန်းအိမ်ထောင်စုတွင် စန်းလော့သည် မီးအိမ်ကို အသုံးပြုလိုက်ပြီး သန့်ရှင်းသည့် ပိတ်ကျဲတစ်စကို တို့ဖူးလုပ်သည့် ပုံစံခွက်ပေါ်တွင် ဖြန့်နေသည့် ရှန်းနဉ်ကို ကူညီပေးလိုက်သည်။

အမှန်တော့ ဤသည်မှာ တို့ဟူးပြုလုပ်ခြင်းကဲ့သို့ပင် တစ်လကြာအောင် စဉ်းစားခဲ့သော စက္ကူပြုလုပ်နည်းဖြစ်သည်။ သူမသည် အခြောက်ခံသောအခါတွင် ကျန်သေည့်အရာများက ခဲနိုင်ချေရှိမရှိကို သိရရန် ပျော့ဖတ်ကို စစ်ထုတ်လေ၏။

ကွာခြားချက်မှာ တို့ဟူးကို စိုစွတ်နေအောင်ထားရသည်။ ထို့ကြောင့် တို့ဟူးပုံစံခွက်၏ အောက်ခြေတွင် ပိတ်ကျဲကို တိုက်ရိုက်ခင်းထားရပြီး စက္ကူများကိုတော့ အခြောက်အတိုင်း ထားရသည်။။ ထို့ကြောင့် သူမသည် ကြံကြံဖန်ဖန် ပုံစံခွက်၏ မျက်နှာပြင်ပေါ်တွင် ပိတ်ကျဲကို ဖြန့်ထားလိုက်ကာ ထွက်လာသည့်ရေများကို ပုံစံခွက်ထဲသို့ စိမ့်ဝင်သွားစေပြီးနောက် သစ်သားဘောင်ရှိ ဟနေသည့်နေရာများမှတစ်ဆင့် စီးထွက်သွားအောင် လုပ်ထားလေ၏။

ရှန်းလီ ပြန်ရောက်လာသောအခါ စန်းလော့တစ်ယောက် သူမ၏ဇွန်းထဲက သေချာမွှေထားသောပျော့ဖတ်ရေကို တို့ဟူးပုံစံခွက်ပေါ်သို့ သေချာလောင်းချနေသည်ကို မြင်လိုက်ရလေသည်။ ပျော့ဖတ်သည် ထိုအရာ၏ မျက်နှာပြင်ပေါ်တွင် တင်နေစဉ်တွင် ရေသည် ပိတ်ကျဲမှတစ်ဆင့် စိမ့်ဝင်သွား၏။ ဟနေသည့်နေရာ သို့မဟုတ် ပါးလွှာသောနေရာတိုင်းတွင် စန်းလော့သည် ကြိုးကြိုးစားစားဖြင့် ပျော့ဖတ်များကို ပိုထည့်လိုက်လေသည်။

သစ်သားဘောင်ကိုဖြတ်၍ ရေစိမ့်ဝင်ခြင်းသည် နှေးသော်လည်း စန်းလော့သည် သူမ လိုချင်သော ပျော့ဖတ်ကို တသမတ်တည်းဖြစ်အောင် လုပ်ပြီးသည့်အချိန်တွင် လက်ရည် တက်လာလေသည်။ ဖြစ်ချင်တော့ ဤနှောင့်နှေးမှုသည် ပိတ်ပါးပေါ်ရှိ ပျော့ဖတ်များကို ပိုပြီး တစ်ညီတစ်ညာတည်း ပျံ့နှံ့သွားစေ၏။

"ဒါအကုန်ပဲလား"

ရှန်းလီသည် သိချင်စိတ်ကို မျှဝေပေးနေသည့် သူ့ဘေးနားရှိ ရှန်းနဉ်ကဲ့သို့ပင် မေးလိုက်လေသည်။

စန်းလော့က ခေါင်းခါပြလိုက်၏။

"မသိတော့ဘူး"

တစ်ကယ်တော့ သူမသည် မျှော်လင့်ချက် အများကြီးမထားပေ။ တကယ်တော့ အခဲမှုန့်ကို အသုံးပြုထားလို့သာ တို့ဟူးက ပုံစံကို ထိန်းထား‌နိုင်တာလေ။ အနှစ်ကို အခြောက်ခံတဲ့အခါမှာရော တကယ်ပဲ ခဲသွားပါ့မလား။ သူမသည် သိပ်မသေချာပေ။

"မနက်ဖြန်အထိ စောင့်ရအောင်။ နေသာမယ် ထင်တယ်။ အခြောက်ခံပြီး ထပ်စမ်းသပ်ကြည့်မယ်"

တောင်ပေါ်သို့ရောက်စဉ်ထဲက တို့ဟူးလုပ်ငန်းကို ဆက်မလုပ်ခဲ့ပေ။ အိမ်တွင်ရှိသော တို့ဟူးစင်ငယ်ကို ကိုယ်တိုင်စားသုံးရန်အတွက်သာ အသုံးပြုပြီး အလျှံအပယ်တော့ မရှိချေ။ ရှန်းလီသည် သူ့ဘေးနားရှိ အသုံးပြုခဲသော ပဲဖက်ပုံးများကို ကြည့်ကာ ပြောလိုက်လေသည်။

"မနက်ဖြန် မနက်စောစောကျရင် သင့်တော်တဲ့ဘောင်လေးတွေ လုပ်ပေးဖို့ လွှငှားဖို့ ဦးလေးယိုထျန်းဆီ သွားလိုက်မယ်"

ပိတ်ပါးအစသည် ရေကပ်မနေဘဲ သစ်သားဇလုံ၏ အောက်ခြေသို့ စီးသွားသွားပုံကို လေ့လာကာ အကြံပြုလိုက်၏။

"ပိတ်ပါးအစရဲ့ ထောင့်လေးထောင့်ကို သေချာအောင် ကပ်ထားတဲ့ဘောင်တစ်ခုဆိုရင် မခက်ခဲလောက်ဘူးမလား။ အဲ့တာက ပိုပြီး အဆင်ပြေလောက်တယ်"

စန်းလော့က ခေါင်းညိတ်ပြလိုက်၏။

"မနက်ဖြန်မှကြည့်ရအောင်။ အဲ့တာတွေသာ အဆင်ပြေရင်တော့ ကျွန်မတို့ လုပ်ကြမယ်"

အဆင်မပြေပါက နည်းလမ်းမှာ အသုံးမဝင်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။ ထို့ကြောင့် စိတ်ရှုပ်စရာအကြောင်း မရှိတော့ချေ။ ထို့အပြင် ချန်းမိသားစုမှ လွှသည်လည်း မကြာသေးမီနှစ်များအတွင်းက ဟောင်းနွမ်းခဲ့ပြီး ယခုအချိန်တွင် မည်သည့်အရာကိုမဆို ဖြတ်ရန်ခက်ခဲသွားလေသည်။ သူမသည် ရှန်းလီကို မမေးဘဲ မနေနိုင်ချေ။

"မြို့ထဲမှာ ဖွင့်ထားတဲ့ ပန်းပဲဖိုတစ်ခုခုရှိလား"

ရှန်းလီသည် သူမ၏အတွေးကို နားလည်ပုံပေါ်ပြီး ပြန်ပြောလိုက်လေ၏။

"အသက်ကြီးတဲ့ ပန်းပဲဆရာကြီးတစ်ယာက်ဖွင့်ထားတာ တစ်ခုတော့ရှိတယ်။ ဒါပေမယ့် သူက အခုချိန်မှာ လယ်ယာသုံးကိရိယာတွေကို ပုံသွင်းဖို့ ပြည်နယ်အစိုးရရုံးက တာဝန်ပေးထားတယ်။ ဒါကြောင့် အခုချိန်မှာတော့ သီးသန့်အလုပ် လက်ခံဦးမှာ မဟုတ်သေးဘူး။ နောက်မှ မေးကြည့်လိုက်မယ်"

အနာဂတ်တွင် ထိုကဲ့သို့သောပစ္စည်းများ လိုအပ်လာမည်မှာ မလွဲဧကန်ဖြစ်လေသည်။

စန်းလော့သည် ခေါင်းညိတ်ပြလိုက်ပြီး အမှန်တကယ် ပင်မောပန်းနေ၏။ သူမသည် ရှန်းနဉ်ကို အရင်ဆုံး ဆေးကြောသန့်စင်ပြီး အနားယူရန် ခေါ်လိုက်လေသည်။

သူတို့အခန်းထဲသို့ ပြန်ရောက်သောအခါ ရှန်းလီသည် စန်းလော့တစ်ယောက် အပေါ်ထပ်အဝတ်အစားများကိုချွတ်ကာ အိပ်ရာဝင်ပြီးနောက်တွင် သူမ၏ပုခုံးနှင့် ဂုတ်ကို နှိပ်နှယ်ပေးလေ၏။ သူသည် အားအနေအထား မှန်မှန်နှင့် လက်၏နွေးထွေးမှုကြောင့် စန်းလော့သည် သက်တောင့်သက်သာဖြင့် သူမ၏မျက်လုံးများကိုမှိတ်လိုက်ကာ ညီးတွားမိမတတ်ပင် ဖြစ်သွားလေသည်။ စကားပြောဖို့ အားမယူခင်တွင် အချိန်အနည်းငယ်ကြာသွား၏။

"လက်မညောင်းသေးဘူးလား"

သူမ စကားပြောနေစဉ်တွင် သူ့လက်ကို နှိပ်နှယ်ပေးရန် လက်ကို ဆန့်ထုတ်ကာ ကျေးဇူးပြန်ဆပ်ရန် ရည်ရွယ်ထားလေသည်။ သို့သော် မကြာခင်တွင် သူ့ကြွက်သားများမှာ တောင့်တင်းနေပြီး နှိပ်နှယ်ပေးရလျှင် ပင်ပန်းမည်ကို သဘောပေါက်သွားသောကြောင့် ရှန်းလီကို ရယ်မောစေလေ၏။ သူသည် သူမကို ပွေ့ဖက်ပြီး နှိပ်နှယ်ပေးသော်လည်း နောက်ဆုံးတွင်မူ အခြေအနေမှာ ရင်းနှီးလာလေ၏။ အမှောင်ထုထဲတွင် စန်းလော့သည် ရှက်ကိုးရှက်ကန်းနှင့် စိတ်တိုသွားသည်ကို ကြားနိုင်လေသည်။

"လုံးဝ မပင်ပန်းဘူးလား"

ရှန်းလီ၏ပြန်ဖြေသံမှာ တိုးငြင်းပြီး မသိမသာဖြစ်နေကာ သူ့အသံတိတ်မသွားခင်တွင် ထိန်းချုပ်ထားသော်လည်း ဆွဲဆောင်မှုရှိသည့် "လွမ်းတယ်"ဟူသော စကားကိုသာ ကြားရလေသည်။

သူမသည် တစ်လလျှင် နှစ်ကြိမ်သာ အိမ်သို့သွားရောက်လည်ပတ်ပြီး အကျိုးဆက်အနေဖြင့် စန်းလော့သည် နှစ်ရက်ဆက်တိုက် အိပ်မောကျနေ၏။ ပထမနေ့တွင် ရှန်းလီနှင့်အခြားသူများ စာရင်းသွင်းရန် အလျင်စလို လုပ်သည့်အတွက် နားလည်နိုင်သေးသည်။ သို့သော် ယနေ့တွင် ကောင်းကင်တွင် နေမြင့်သည်အထိ မနိုးကြပေ။

ရှန်းလီသည် စိတ်ဓာတ်တက်ကြွနေပြီး မနက်စောစော ထလေသည်။ စန်းလော့တစ်ယောက် ပျော့ဖတ်ပုံးနှစ်ပုံးကို ပြုလုပ်ရန် မည်မျှခက်ခဲကြောင်းကိုတွေးရင်း ရလဒ်များ မသိရသဖြင့် သူသည် ချန်းမိသားစုထံမှ လွှကိုငှားကာ သစ်သားဘောင်အကြီး၆ခုနှင့်အတူ ပြန်လာခဲ့၏။ စန်းလော့နိုး လာသည့်အချိန်တွင် သစ်သားပျော့ဖတ်ပုံးနှစ်ခုကို မီးဖိုထဲတွင် ဖယ်ထားလေသည်။ ယခင်ညက ပျော့ဖတ်များကို စစ်ထုတ်ရာတွင် အသုံးပြုခဲ့သည့် တို့ဟူးဘောင်ကို ‌အခြောက်ခံရန် ရှန်းလီသည် အိမ်အနောက်ရှိ နေရာကွက်လပ်သို့ ရွှေ့ထားလိုက်၏။

ရှန်းနဉ်သည် ဤအခြေအနေကို လုံးဝမအံ့ဩပေ။ ရွာအပြင်တွင်နေသော နှစ်နှစ်အတောအတွင်း စန်းလော့သည် ရံဖန်ရံခါတွင် အအိပ်လွန်လေသည်။ ကလေးမလေးသည် ဘယ်တော့မှ အများကြီးမတွေးဘဲ လက်ထပ်ပြီးသည့်နောက်တွင် သူ့ယောင်းမ၏အိပ်သည့် အလေ့အကျင့်ကို သတိမထားမိပေ။ စန်းလော့ကို မြင်တော့ သူမသည် အတော်လေး စိတ်လှုပ်ရှားသွား၏။ မနက်စာအတွက် ပြင်ဆင်ထားသည့်အရာများကို စန်းလော့ကို ပြောရင်း မီးဖိုပေါ်တွင် တင်နွှေးကာ ပြောလိုက်လေသည်။

"မကြီး၊ အစ်ကိုက သစ်သားဘောင်တွေ အများကြီး လုပ်ထားတယ်။ အရင်ဆုံး ပိတ်ကျဲစကို တင်ထားလိုက်မယ်။ စားပြီးသွားရင် ပျော့ဖတ်အတူတူ စိမ်ကြမယ်"

အလုပ်များ အားလုံးပြီးသွားသည်နှင့် ပျော့ဖတ်ပုံးနှစ်ပုံးမှာ ပိုလျှံနေသေး၏။ သစ်ခေါက်ကို အခြေခံထားပြီး ပြုတ်သည့်လုပ်ငန်းစဉ်တွင် မြက်ပြာများထပ်ထည့်ခြင်းမှ ဖြစ်ပေါ်လာသည့် ကွာခြားချက်မှာ ထင်ရှားလာပြီး အသုံးပြုနိုင်သောအမျှင် ထုတ်ယူမှုနှုန်း တိုးလာလေသည်။

တစ်နေ့လုံး စန်းလော့နှင့် ရှန်းနဉ်တို့စိတ်သည် ကော်ထဲတွင် စိမ်ထားသည့် ထိုသစ်သားဘောင်များထဲတွင် နစ်မြုပ်နေ၏။ ညနေ နေဝင်သည်နှင့်အမျှ စက္ကူသည် စိုစွတ်နေသေးသော်လည်း အံ့သြစရာကောင်းသည်မှာ ထိုအရာသည် ပုံပေါ်လာဟန်တူသည်။

ထိုအရာကို မထိရဲသော်လည်း အမှန်တရားကို ဖော်ထုတ်ရန် စိတ်အားထက်သန်နေသောကြောင့် ညစာစားပြီးသည့်နောက်တွင် မီးဖိုချောင်ထဲရှိ မီးသွေးမီးဖိုကို ဖိုကာ စက္ကူဘောင်နှစ်ခုကို အပူပေးရန် လုံခြုံသည့် အကွာအဝေးတွင် သစ်သားဘောင်နှစ်ခုကို ထားလိုက်လေ၏။

ရှန်းလီနှင့် ရှန်းအန်းနှစ်ယောက်လုံးသည် မီးဖိုချောင်ထဲသို့ လိုက်သွားကာရလဒ်ကို စိတ်အားထက်သန်စွာဖြင့် စောင့်မျှော်နေကြ၏။

ခွေးအချိန် (၇နာရီမှ ၉နာရီ)သို့ နီးကပ်လာသောကြောင့် စာရွက်နှစ်ရွက်ကို ဂရုတစိုက်ခွာလိုက်ရာ ရှန်းလီနှင့် သူ့အဖော်မဆိုထားနှင့် စန်းလော့ကိုယ်တိုင်ပင်လျှင် သူတို့မြင်နေရသည်ကို မယုံကြည်နိုင်ဖြစ်နေလေသည်။ သူမသည် စာရွက်ကို မဝံ့မရဲကိုင်လိုက်ကာ ထိုအရာ၏မျက်နှာပြင်ကို ထပ်ခါတစ်လဲလဲ မှတ်သားရင်း အနီးကပ်စစ်ဆေးရန်အတွက် အကြိမ်များစွာ လှန်ကြည့်နေမိ၏။

တကယ် အောင်မြင်သွားတာလား။

အရောင်မှာ ဝါကြန့်ကြန့်ရှိပြီး အထူအပါး မညီညာသော်လည်း ပိတ်ကျဲစနှင့် ကပ်လျက်ရှိသည့်တစ်ဖက်မှာ အတော်လေး ချောမွေ့နေပြီး တစ်ခြားတစ်ဖက်မှာ စက္ကူကြမ်းကဲ့သို့ ဖြစ်နေ၏။ သံသယမဖြစ်ပါနှင့်။ ထိုအရာမှာ အမှန်ပင် စက္ကူဖြစ်သည်ကိုတော့ သံသယဖြစ်စရာမလိုချေ။

စက္ကူ။

ဒါကစက္ကူပဲ။

မိသားစုဝင်တိုင်းသည် ဘာကိုဆိုလိုသည်ကို သိကြ၏။

စန်းလော့၏မျက်နှာပေါ်က ပျော်ရွှင်မှုမှာ ဖုံးမထားနိုင်ဘဲ မီးဘေးတွင် လက်ထဲရှိစက္ကူကို ဖြည်းဖြည်းချင်း လေ့လာကြည့်နေမိသည်။ သူမ၏လက်ချောင်းထိပ်များသည် မျက်နှာပြင်ကိုထိကာ တစ်လက်မခန့်ရှည်သည့် သစ်ခေါက်မှ သိသိသာသာ မြင်နေရသည့်အမျှင်ကို အသာအလေး ကုပ်ခြစ်ကြည့်လိုက်သည်။

"အားနဉ်၊ ဒီမှာ ကြည့်ပါဦး။ ငါတို့ရဲ့ပျော့ဖတ်ကို ထပ်ပြီး ပြန်ပြင်လိုက်ရင် စက္ကူက ပိုပြီး ချောမွေ့ပြီး ကောင်းလာလိမ့်မယ်။ သစ်ခေါက် နှစ်သုတ်စာလောက် စိမ်ဖို့လိုသေးတယ်။ ပျော့ဖတ်တွေထောင်းဖို့ မနက်ဖြန် မနက်စောစောထရအောင်"

"ဟုတ်၊ စောစောထောင်းရအောင်၊ ဒါဆိုရင် နေမထွက်ခင်ထဲက အခြောက်လှန်းလို့ရပြီ"

ရှန်းနဉ်သည်လည်း စိတ်လှုပ်ရှားနေပြီး စိတ်အားထက်သန်စွာဖြင့် အကြံပေးလိုက်၏။

"မကြီး၊ အဲ့တာကို ထောင်းပြီးသွားရင် သစ်ခေါက်ကို အပိုင်းသေးလေးတွေရအောင် ခုတ်သင့်လား"

"ဟုတ်တယ်၊ မနက်ဖြန်ကျရင် တစ်ဝက်လောက်နဲ့ စမ်းကြည့်ရအောင်"

ရှန်းအန်းနှင့်ရှန်းလီတို့ အနားကပ်လာသည်နှင့်အမျှ ပြီးမြောက်သွားသော နောက်ထပ်စာရွက်တစ်ရွက်ကို သတိပြုမိလေသည်။ စာဖတ်ခြင်းတွင် စိတ်နှစ်မြှုပ်ထားသော ရှန်းအန်းက အကြီးဆုံးအစ်မသည် ဂန္တဝင်စာလုံး တစ်ထောင်အတွက် သူနှင့်အားနဉ်ကို ဝါးစာလိပ်များ ပြုလုပ်ပေးခြင်းမှ စတင်သင်ယူခဲ့၏။ မှင်နှင့်စုတ်တံများမှာ ဈေးကြီးသည်။ သို့သော် စာရွက်မှာ ပို၍ပင်ဈေးကြီးလေသည်။ နှစ်အနည်းငယ်ကြာအောင် စာဖတ်နေသော်လည်း မကြာသေးမီက တောင်ပေါ်တွင် သီးခြားနေထိုင်ရသောကြောင့် စာရွက်ပေါ်တွင် စတင်ရေးသားခဲ့ခြင်းဖြစ်၏။ သူ အသုံးပြုနေသောစာရွက်သည် ဝမ်မိသားစုမှ လက်ဆောင်ပေးထားသောစာရွက် ဖြစ်သည်။

သူ့လက်ထဲရှိ စက္ကူသည် ကြမ်းတမ်းပြီး ဝါကြန့်ကြန့် ဖြစ်နေသော်လည်း ရှန်းအန်းအတွက်တော့ သူ့အစ်မကြီးသည် အမှန်ပင် စက္ကူပြုလုပ်ခဲ့ခြင်းဖြစ်၏။

တုန်ယင်နေသောလက်များဖြင့် စက္ကူအကြမ်းထည်ကို ကိုင်ကာ စိတ်လှုပ်ရှားနေလေသည်။

"အစ်ကို၊ မကြီးက တစ်ကယ်ပဲ စာရွက်လုပ်ခဲ့တယ်"

ရှန်းလီသည် ထိုအရာကို ပြန်ထုတ်ရန် ကူညီပေးစဉ်ထဲက မြင်ပြီးပြီဖြစ်၏။ ရှန်းအန်း၏စိတ်လှုပ်ရှားမှုကို မတုံ့ပြန်နိုင်ဘဲ ပြောစရာစကားရှာရန် ကြိုးစားနေသောကြောင့် လည်ချောင်းမှာလှုပ်နေပြီး စန်းလော့ကိုသာ မှင်တက်စွာဖြင့် စိုက်ကြည့်မိလေသည်။

အိမ်ထောင်စုစာရင်းသွင်းရာမှ ရရှိသော ဝါးစာလိပ်များ၊ စာရင်းသွင်းရာတွင် အသုံးပြုသော စုတ်ဖွာနေသည့်စက္ကူနှင့် တရားရုံးမှ ထုတ်ပြန်ထားသော အရည်အချင်းရှိသူများကို ရှာဖွေသည့် အမိန့်စာများဆီသို့ အတွေးများ မျောလွင့်သွားလေ၏။

မချုပ်တည်းနိုင်သော အတွေးအမြင်တစ်ခုမှာ သူ့စိတ်ထဲတွင် ထိုးထွက်လာတော့သည်။ တရားရုံးသည် စာမေးပွဲဖြေသူများကို အဘယ်ကြောင့် အမျိုးသားများထဲမှ ရွေးချယ်ခဲ့သနည်း။ သူ့အစ်မ စန်းလော့သည် ဤလောကကြီးထဲရှိ မရေမတွက်နိုင်သော အမျိုးသားများထက်ပင် ပို၍ထက်မြက်လေသည်။

သူမ၏အသိပညာသည် တစ်ရွာလုံးရှိလူတိုင်းထက် သာလွန်ပြီး သူမ၏ဉာဏ်ပညာနှင့် ထိုးထွင်းသိမြင်မှုသည် လူအများ လက်လှမ်းမမီနိုင်ပေ။ သို့သော် သူမသည် အမျိုးသမီးတစ်ဦး ဖြစ်သောကြောင့် ပါဝင်ရန် အခွင့်အရေးပင် မရှိခဲ့ချေ။

စန်းလော့သည် ရှန်းလီ၏မျက်နှာရှေ့တွင် လက်ခါပြလေ၏။

"ရိုးရိုးလေးတွေးရတာ အရမ်းပျော်နေလား။ မနက်ဖြန် မနက်အစောထပြီး ကျွန်မနဲ့အားနဉ်ကို ပျော့ဖတ်ကူထောင်းပေး"

သူမသည် ရှန်းလီလောက် ခွန်အားမရှိသည်ကို သိလေ၏။

ရှန်းလီသည် စန်းလော့၏လက်ကို တင်းကျပ်စွာကိုင်ကာ ပြောလိုက်လေ၏။

"ကောင်းပြီ၊ ဒါပေမယ့် အပြင်မှာတော့ အခြောက်မခံနဲ့။ ကျွန်တော်တို့အခုလုပ်ထားတဲ့ စက္ကူလိုမျိုး မီးဖိုထဲမှာ အရင်အပူပေးရအောင်။ ကျွန်တော်တို့အိမ်အနောက်မှာ ခြံဝင်းတစ်ခု မြန်မြန်ဆောက်လိုက်မယ်။ ဒါဆို မင်းနဲ့အားနဉ်တို့ စမ်းသပ်ဖို့ သီးသန့်နေရာတစ်ခု ရလာမှာ။ အိမ်နောက်မှာရှိတဲ့ ဟင်းရွက်တွေကိုတော့ အခုချိန်မှာ ခြံခတ်ထားလိုက်မယ်။ တောင်ကုန်းပေါ်မှာ မြေကွက်တစ်ခု ထွန်ယက်ပြီး နွေဦးရောက်တာနဲ့ စိုက်ပျိုးမယ်"

သူသည် စန်းလော့တစ်ယောက် တောက်ပရန် အခွင့်အရေး ရှိမရှိမသေချာသော်လည်း သူမနှင့် မိသားစုဝင်များအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ သူမ၏ဆန္ဒများကို ဆက်လက်လုပ်ဆောင်ရန်အတွက် အဆင်ပြေမှုအားလုံးကို ထောက်ပံ့ပေးသင့်သည်ကို နားလည်လေသည်။ သူသည်လည်း အလုပ် ပိုကြိုးစားရန်လိုသည်ကို အထူးသတိထားမိ၏။ လယ်ယာအလုပ်ကို အားကိုးပါက သူသည် သူမနှင့် ထိုက်တန်လိမ့်မည်မဟုတ်သလို သူမကို ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။

...

All Chapters