အခန်း (၂၂၃-၂၂၄)
Vol. 23 Ch. 223-224
အပိုင်း (၂၂၃) ကျန့်မိသားစု၏လီချီ(ပဲပြား)
သူသည် အခန်းထဲက အရာအားလုံးကို မမြင်နိုင်သော်ငြားလည်း စားပွဲပေါ်က တစ်ဝက်ခန့်ရှိသည့် ဟင်းလျာများကို တစ်ချက်ကြည့်လိုက်ရုံဖြင့် နေရာတစ်ခုလုံးတွင် ပြည့်နေသည့် သားရေကျစေသည့်ရနံ့က စိတ်လိုလက်ရ မျက်ခုံးတွန့်သွားအောင် ဖြစ်စေလေသည်။
ဒီလိုအချိန်မျိုးတွင် ရှီကျိုးတစ်မြို့လုံးကို ရှာခဲ့လျှင်ပင် သာမန်အိမ်ထောင်စု ဘယ်နှစ်ခုက ဒီလိုစားသောက်ပွဲမျိုးကို တတ်နိုင်ပါမည်နည်း။
ထို့နောက်တွင် ဒါက ရှန်းလီ ဖြစ်နေပြန်သည်။ သူသည် ထူးထူးခြားခြား စွမ်းရည်များကို ပိုင်ဆိုင်ထားပြီး အရာအားလုံးတွင် ထူးချွန်နေမည်မဟုတ်သော်ငြားလည်း အသားဟင်းလျာတစ်ချို့ကို ချက်ပြုတ်ရသည်က သူ့အတွက်တော့ ပြဿနာရှိလိမ့်မည် မဟုတ်ချေ။
သို့သော်ငြားလည်း ဒီယမကာနံ့က ... ဒါသည် ယမကာနံ့ဖြစ်နေသည်ပဲ။ ဒါက အလွန်မှ ဆွဲဆောင်မှုရှိနေသဖြင့် သူ့လို ဝါရင့်နားလည်တတ်ကျွမ်းသူကပင် သူ၏ မူလဇစ်မြစ်ကို သရုပ်မခွဲနိုင်ခဲ့ချေ။
ချွေ့ချီချန်းသည် သူ့မေးခွန်းကို လွှတ်ခနဲထုတ်မေးတော့မည့်ဆဲဆဲတွင် ကံအားလျော်စွာ ရှန်းလီနှင့် ချန်းသရှန်တို့က အံ့သြပြီးဝမ်းသာသွားသည့် ခံစားချက်များဖြင့် အနီးအနားသို့ ရောက်လာလေသည်။ နွေးထွေးသော်ငြားလည်း ချုပ်တည်းထားသည့်နှုတ်ဆက်မှုဖြင့် သူ့ကို အရာရှိချူဟု လှမ်းခေါ်လိုက်သည်တွင် သူသည် လက်တွေ့သို့ ပြန်ရောက်လာပြီး သူ့အဆင့်အတန်းကို ပြန်သတိရသွားကာ သူ့လာရင်းရည်ရွယ်ချက်ကို သတိရသွားလေသည်။
ချွေ့ချီချန်းက ချက်ချင်းဆိုသလို ကိုယ်ကိုမတ်မတ်ထားလိုက်ပြီး သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ခင်မင်ဖော်ရွေသည့်အပြုံးတစ်ခုဖြင့် သူက ရှန်းလီကို ပြောလိုက်၏။
"ကျွန်တော့်မှာ ရုံးကတာဝန်နဲ့ အနီးအနားက စီရင်စုဘက်ကို ၆ရက်၇ရက်လောက် ခရီးသွားခဲ့ရတယ်လေ၊ ကျွန်တော် နေ့လည်တုန်းကမှ ပြန်ရောက်လာပြီး ရုံးကလိုအပ်တဲ့ ဆောင်ရွက်ချက်တွေ အားလုံး ပြီးသွားခဲ့တာ၊ ပြည်နယ်ကျောင်းတော်မှာ မင်း ဝင်ခွင့်စာမေးပွဲကို ဖြေမယ်ဆိုတာကို သတိရလိုက်တော့ ကျွန်တော်လဲ လက်ထောက်ကို မေးလိုက်မှပဲ မင်းရော မင်းရဲ့ညီလေးရော နှစ်ယောက်စလုံး စာမေးပွဲအောင်တာကို သိလိုက်ရတယ်၊ ဒါကြောင့်မလို့ ကျွန်တော်က မြို့တံခါးမပိတ်ခင် အချိန်မှီလေး ဒီကိုလာပြီး ဂုဏ်ပြုစကား ပြောချင်လို့ပါ"
သူက ပြောရင်းဆိုရင်းနှင့် သူ သယ်ထားသည့်လက်ဆောင်သေတ္တာကို ရှန်းလီထံ လှမ်းပေးလိုက်လေသည်။
သူရောက်ရှိလာခြင်းနှင့် လက်ဆောင်များပေးသော်ငြားလည်း သူတို့သည် ထူးထူးခြားခြား ရင်းနှီးသည့် အသိမိတ်ဆွေများ မဟုတ်ချေ။ ရှန်းလီက သဘာဝအလျောက် ငြင်းပယ်လေသည်။ သို့သော်ငြားလည်း ချွေ့ချီချန်းကတော့ အတင်းတိုက်တွန်းလေ၏။
"ဒါက အရမ်းကြီး အဖိုးတန်နေတာ မဟုတ်ပါဘူး ... ဒါက အိမ်မှာရှိတဲ့ စာရေးကိရိယာတစ်ချို့ပါ၊ ဒီရက်ပိုင်းမှာ ဒါတွေကိုရဖို့ မလွယ်ဘူးလေ၊ အခု မင်းတို့နှစ်ယောက်က ပြည်နယ်ကျောင်းတော်ကို ဝင်ခွင့်ရသွားတယ်ဆိုတော့ ဒါတွေက မင်းတို့အတွက် အသုံးဝင်မယ်လို့ ကျွန်တော် စဥ်းစားမိတယ်လေ၊ ကျေးဇူးပြုပြီးတော့ မငြင်းပယ်ပါနဲ့"
ဒီစကားကို ကြားလိုက်ရသည်တွင် ရှန်းလီသည် လက်ဆောင်ကို အင်တင်တင်ဖြင့် လက်ခံလိုက်ပြီး ချွေ့ချီချန်းကို အတွင်းသို့ ဖိတ်ခေါ်လိုက်လေသည်။
"ကျွန်တော်ရဲ့ နိမ့်ကျလှတဲ့နေရာကတော့ ရိုးရှင်းပါတယ်၊ အရာရှိချူ ကျေးဇူးပြုပြီးတော့ စိတ်ထဲမထားပါနဲ့"
သူက ရွှီဝမ်ချင်းကိုလဲ ခေါ်လိုက်သည်။
ရှန်းလီက ဒီလောက် ယဥ်ကျေးသိမ့်မွေ့သည့် လေသံတစ်ခုနှင့် စကားပြောနေသည်ကို ကြားလိုက်ရသည်မှာ ချန်းသရှန်အတွက်တော့ ပထမဦးဆုံးအကြိမ် ဖြစ်လေသည်။ ဒါက သူ၏သိလိုစိတ်ကို ထိုးတက်သွားစေပြီး မျက်ခုံးများကို ပင့်လိုက်မိကာ ခဏလောက်လေ့လာကြည့်လိုက်၏။
စန်းလော့၊ ကျိုးကဲ၊ ရှန်းအန်းနှင့် ရှန်းနဥ်၊ ညီအစ်ကိုသုံးယောက်စလုံးသည် ရှန်းလီနှင့် ချန်းသရှန်တို့ကို စားပွဲနားတွင်ထားကာ ထွက်သွားခဲ့လေသည်။ ပထမအချက်မှာ ဧည့်သည် ရှိနေသည့်အချိန်တွင် ထိုင်ခုံတွင်ဆက်ပြီး ထိုင်နေခြင်းက သူတို့အတွက် ရိုင်းရာကြလိမ့်မည်ဖြစ်သည်။ ဒုတိယအချက်မှာ စားပွဲက လူ၈ယောက်သာ ဆန့်လေသည်။ ထို့ကြောင့် လူက ၉ယောက်ရှိနှင့်နေပြီးသားဖြစ်သည်။ ထို့ကြောင့် နောက်ထပ်ဧည့်သည်များနှင့် အတူတူတိုးဝှေ့နေဖို့က မဖြစ်နိုင်တော့ချေ။
ဧည့်သည်ကို ရပ်နေခိုင်းလို့ကလည်း အဆင်မပြေချေ။ ထို့ကြောင့် မိသားစုများက နေရာဖယ်ပေးရသည်က သဘာဝကျလေသည်။ ဒီနေ့ဧည့်သည်တစ်ယောက်ဖြစ်သည့် ကျိုးကဲကပင် ဒီအခြေအနေတွင် သူမကိုယ်သူမ ဧည့်သည်တစ်ယောက်ဟု မမှတ်ယူတော့ချေ။ အထူးသဖြင့် ချွေ့ချီချန်းသည့် ပုံမှန်မဟုတ်ဘဲ ဂုဏ်သရေရှိ အမျိုးသားဧည့်သည် ဖြစ်နေခြင်းကြောင့်ပင်။
ကျိုးကဲသည် ရှန်းလီနှင့်ချန်းသရှန်တို့က သူတို့၏ ထိုင်ခုံကိုရွှေ့ပြီး နှုတ်ဆက်လိုက်သည့်အချိန်တွင် ထရပ်လိုက်ပြီး ဧည့်သည်အတွက် အသုံးအဆောင်ပစ္စည်းများကို နေရာချပေးနေသည့် စန်းလော့ကို ကူညီဖို့ရန် အဆင်သင့်ပြင်ထားလိုက်သည်။
စန်းလော့သည် ချွေ့ချီချန်း အိမ်ထဲသို့ဝင်လာချိန်တွင် တိတ်တိတ်လေး အကဲခတ်ကြည့်လိုက်၏။ သူက အရာရှိဝတ်စုံဝတ်ထားသည်ကို မြင်လိုက်ရပြီးသူ၏ အနက်ရောင်ဘွတ်ဖိနပ်ပေါ်တွင် ဖုန်မှုန့်များ တင်ကျန်နေသည်ကို တွေ့လိုက်ရသည်တွင် ရက်အနည်းငယ် ခရီးသွားခဲ့ရသည်ဟု ပြောလိုက်သည့်သူ့စကားက အမှန်ပင်ဖြစ်မည်ကို သူမ သိလိုက်သည်။ သူမက ရှန်းအန်းနှင့် သူ့ညီအစ်ကိုများကို တိုးတိုးလေး စကားပြောလိုက်ပြီး ထို့နောက်တွင်တော့ အာရုံဆွဲဆောင်ခံရခြင်းမစေရှိဘဲ စားပွဲရှည်ကြီးပေါ်က သူတို့၏ ဟင်းလျာများကို အနောက်ဘက် မီးဖိုချောင်ထဲသို့ ချက်ချင်းသယ်သွားလိုက်ကြသည်။
ကျိုးကဲက နောက်မှ မြန်မြန်လိုက်သွားလိုက်ပြီး စန်းလော့က ဘာမှမပြောတော့ချေ။ ယခုခေတ်တွင် ဧည့်သည်များကို ဧည့်ခံပေးချိန်တွင် အမျိုးသမီးများက ထွက်သွားဖို့ရန် လိုအပ်သည်တော့ မဟုတ်ချေ။ ရင်းနှီးပြီးသားအိမ်ရှင်များက မကြာခဏဆိုသလို လင်မယားနှစ်ယောက်စလုံးကို ကြိုဆိုတတ်ကြသည်။ သို့သော်ငြား ဧည့်သည်က မရင်းနှီးသည့် ယောက်ျားတစ်ယောက်ဖြစ်ခဲ့လျှင် မိသားစုထဲက အမျိုးသမီးမိသားစုဝင်များသည် သူတို့၏ အလိုအတိုင်း ဆက်နေလိုက နေနိုင်သည်။
ချွေ့ချီချန်းသည် သူစိမ်းတစ်ယောက်ဖြစ်သည့်အပြင် အရာရှိရာထူးတစ်ခုလဲ ပိုင်ဆိုင်ထားကာ သူ့ဝတ်ရုံကိုလဲ ဝတ်ထားသေးသည်ကို ထောက်ချင့်လိုက်ပြီး ကျိုးကဲက သူနှင့်တစ်စားပွဲထဲ အတူတူ မစားရဲတော့ချေ။ သူမက သူမ၏ကိုယ်ပိုင်ပန်းကန်နှင့် တူများကို ဖယ်လိုက်ပြီး ရှန်းအန်းနှင့် သူ၏မောင်နှမများနောက်သို့ မြန်မြန်လိုက်သွားတော့သည်။
ဒါကိုမြင်လိုက်သည်တွင် ချွေ့ချီချန်းကလဲ သူ ရုတ်တရက် ရောက်လာခြင်းက ရှန်းမိသားစု၏ဂုဏ်ပြုပွဲကို အနှောက်အယှက် ဖြစ်သွားရသည်မှန်း နားလည်လိုက်သည်။ တစ်စုံတစ်ယောက်က ဒီလိုအချိန်တွင် စားသောက်ပွဲတစ်ခု ကျင်းပနေလိမ့်မည်ဟု သူသည် ထင်မထားခဲ့ချေ။ ရှက်ရွံ့စိတ်ဖြစ်သွားပြီး သူက အတွင်းဘက်က အမျိုးသမီးငယ်လေးနှစ်ယောက်ကို လှမ်းကြည့်လိုက်ကာ သူတို့၏ အခြေအနေနှင့် အဆင့်အတန်းကို သေချာ မသိလိုက်ချေ။ သူက မရေမရာ တောင်းပန်လိုက်သည်။
"ကိုယ့်ဟာကိုယ် ဒုက္ခမရှာပါနဲ့ဗျာ၊ ကျွန်တော်က ညီလေးရှန်းလီကို လာပြီးဂုဏ်ပြုစကားပြောတာပါ၊ စကား နည်းနည်းပါးပါးပြောပြီးရင် ပြန်မှာပါ ကျွန်တော် အမှတ်တမဲ့ ရောက်လာတာကပဲ တော်တော်လေး ရိုင်းစိုင်းရာကျပါတယ်၊ ခင်များတို့ ဂုဏ်ပြုပွဲကို နှောက်ယှက်မိသွားပြီ"
စန်းလော့က ပြုံးပြလိုက်၏။
"ဂုဏ်သရေရှိ ဧည့်သည်တစ်ယောက်က အညတရအိမ်တွေဆီကို ချမ်းသာသုခ ယူဆောင်လာပေးတာပါ၊ လူကြီးမင်းက ကျွန်မတို့ကို အနှောက်အယှက်ပေးနေတာလို့ ဘယ်လိုများ ပြောရက်တာလဲ၊ စားသောက်ပွဲကလဲ အခုမှ စရုံလေးတင် ရှိသေးတာပါ၊ လူကြီးမင်းချွေ့က ကျွန်မတို့ရဲ့ ရိုးရှင်းလှတဲ့ပွဲတော်ကို စိတ်ထဲမထားဘူးဆိုရင် ကျေးဇူးပြုပြီးတော့ နေရာယူလိုက်ပါ၊ ယောက်ျားသားတွေက စကားပြောနေတုန်း ကျွန်မက ကလေးတွေအတွက် နောက်ထပ်စားပွဲတစ်ခု ပြင်ဆင်ပေးလိုက်ပါ့မယ်"
ချွေ့ချီချန်းသည် တအံ့တသြဖြစ်သွားတော့သည်။ သူသည် ရှန်းလီတစ်ယောက်ထဲကသာ ပညာကိုလေ့လာသည်ဟု မှတ်ယူထားခဲ့သော်ငြားလည်း အခုတော့ ညီအစ်ကိုနှစ်ယောက်စလုံးက ပညာသင်များဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ရှန်းမိသားစုအိမ်ဝန်းထဲသို့ ဝင်လာသည်တွင် သူသည် နောက်ထပ်ပညာသင်တစ်ယောက်ကို ရှာဖွေတွေ့ရှိသွားတော့သည်။ ... ဒီတစ်ယောက်က ကြည့်ရတာတော့ သူတို့တွေ စကားလေးနည်းနည်းပါးပါး ပြောလိုက်ရုံကနေ ရှန်းလီထက်ပိုပြီးတော့ ပညာဉာဏ်ကြီးမားပြီး ကိုယ်နှုတ်အမူအယာက ပိုပြီးတော့ ယဥ်ကျေးသိမ်မွေ့တာပဲ။
ရှန်းမိသားစုရဲ့ အိမ်ထောင်စုစာရင်းထဲမှာ အသေးစိတ်ဖော် ပြထားတာကတော့ သူတို့တွေက တခါတုန်းက ချီယန်စီရင်စုရဲ့ ရှီလီရွာကလို့ ပြောထားတာလေ။
ချွေ့ချီချန်းသည် သူတို့၏ဇစ်မြစ်ကို သံသယရှိလာတော့သည်။
နိမ့်ကျလှတဲ့နေရာထိုင်ခင်းက အရောင်အဝါထွက်နေတာပဲ။
ချွေ့ချီချန်းသည် သူ့စိတ်ထဲတွင် ဒီစကားတစ်ခွန်းက အကြိမ်ကြိမ် ပြန်ပေါ်လာလေသည်။ ခေါင်းမော့လိုက်ပြီး သူက စန်းလော့ကို လေ့လာလိုက်ကာ သူ့မျက်လုံးထဲက တောက်ပနေသည့်အကြည့်က မသိမသာ ပြောင်းလဲသွားတော့သည်။
တကယ့်ကို အရောင်အဝါထွန်းလင်းနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။
သူ့အသိပညာက ကျန့်မိသားစုနှင့် လင်းမိသားစုတို့နှင့်ယှဥ်လျှင် အကန့်အသတ် ဖြစ်နေသော်ငြားလည်း သူသည် ဒါကိုတော့ သိမြင်နိုင်လေသည်။ ဒါက ပညာတတ်မိသားစုတစ်ယောက်က ပျိုးထောင်လာခဲ့တဲ့ အမျိုးသမီးဆိုတာ တကယ် မဟုတ်ဘူးတဲ့လား။ ဒီလိုအကျင့်စရိုက်နှင့် ပုဂ္ဂိုလ်တစ်ယောက်က သေးငယ်လှတဲ့ရွာလေးတစ်ခုမှာ ဘယ်လိုလုပ်ပြီး ပေါ်လာပါလိမ့်။
တော်တော်လေးကို ထူးခြားလှပေသည်။ သူသည် စန်းလော့၏ ပြုံးနေသည့်အကြည့်နှင့် တွေ့ဆုံလိုက်ပြီး ချွေ့ချီချန်းက ဒီအခိုက်အတန့်လေးတွင် ရှန်းမိသားစု၏ ဇစ်မြစ်၏အရင်းအမြစ်ကို တိတ်တိတ်လေး စတင် သံသယ ဝင်လာမိတော့သည်။
သူရဲ့ ကိုယ်နှုတ်အမူအယာနဲ့ ဟန်ပန်အနေအထား ... ဒီလိုရိုးရှင်းတဲ့ မြေသားတဲအိမ်လေးထဲမှာ ရပ်နေတာတောင် ... လေးစားစရာ ကောင်းနေပြီ တစ်စုံတစ်ဦးက သူမကို အထင်သေးမည်ကို တားဆီးနေသလို လေးစားအားကျစိတ် ဖြစ်လာအောင်ပင် နှိုးဆွနိုင်နေသေးသည်။
ချွေ့ချီချန်းကိုယ်တိုင်ကလဲ ရှီကျိုးက ဖြစ်လေသည်။ မိသားစုနောက်ခံအရဆိုလျှင် သူသည် ကျန့်မိသားစုနှင့် မယှဥ်နိုင်ပေ။ ပညာအရည်အချင်း နောက်ခံအရဆိုလျှင်လဲ သူသည် လင်မိသားစုနောက်တွင် ရှိလေသည်။ ချမ်းသာကြွယ်ဝမှုဆိုလျှင် သူသည် ဝမ်မိသားစု၏ လက်တစ်ချောင်းလောက်ပင် မယှဉ်နိုင်ချေ။
သူသည် နေရာတိုင်းတွင် သာမညောင်ညသာဖြစ်လေသည်။ သို့သော်ငြားလည်း မင်းဆက်အသစ်တွင် မှတ်တမ်းအရာရှိအဖြစ် ရာထူးတစ်ခုကို သေချာအောင် လုပ်နိုင်ခဲ့သည်။ ဒီလိုအဆင့်နိမ့်အရာရှိနေရာကို အထင်အမြင်သေးကြသည့် ကျန့်မိသားစုတို့လို သူ့ထက်ပိုပြီးလုပ်ရည်ကိုင် ရည်ရှိသည့် သူများလဲ သေချာပေါက်ရှိသည်တွင် ချွေ့ချီချန်း၏ ကိုယ်ပိုင်အရည်အချင်းကိုလဲ လျှော့ တွက်လို့မရနိုင်ပေ။
ဒီသံသယမျိုးစေ့က သူ့စိတ်ထဲတွင် အမြစ်တွယ်သွားသည်နှင့်တပြိုင်နက် ဒီအမျိုးသမီးက သူမကိုယ်သူမ ဖုံးကွယ်ဖို့ မကြိုးစားသလို သူ စုံစမ်းမှာကိုလဲ မကြောက်ရွံ့သည်ကိုလဲ ချက်ချင်းနားလည်လိုက်လေသည်။
ဒါသည် အနည်းဆုံးတော့ ရှန်းမိသားစုနှင့်ပတ်သတ်ပြီး မသမာမှု ဘာမှမရှိသည်ကို သက်သေပြနေခြင်းပင်။
မထိရသေးသည့် အရသာရှိသည့် ဟင်းလျာများ အပြည့်ဖြစ်နေသည့် စားပွဲကို အကဲခတ်ကြည့်လိုက်ပြီး သူသည် သူ သရုပ်မခွဲနိုင်သည့် ပါဝင်ပစ္စည်းတစ်ခုကို သတိထားမိလိုက်သည်။ မသောက်ရသေးသည့် ပန်းကန်နှစ်လုံးထဲက အနီရောင်ယမကာရည်များကို မြင်လိုက်သည်တွင် သူသည် အစောပိုင်းက ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ဆင့်ခေါ်ခြင်းခံရသည်ကို သတိရသွားတော့သည်။ ပြုံးလိုက်ကာ သူက စန်းလော့ကို အနည်းငယ် ဦးညွှတ်နှုတ်ဆက်လိုက်၏။
"ဒီလိုဆိုရင်တော့ ကျွန်တော်က အတင့်ရဲစွာနဲ့ပဲ ခင်များတို့ကို အခွင့်အရေးယူရပါအုံးမယ်"
စန်းလော့က ပြုံးပြလိုက်ပြီး အိမ်ထောင်ဦးစီး ထိုင်သည့်ဘက်သို့ လက်ဟန်ပြလိုက်သည်။
"ကျေးဇူးပြုပြီး ကြွပါ လူကြီးမင်းချွေ့"
...
ချန်းသရှန်မှာ လုံးဝကို ဆွံ့အသွားတော့သည်။
ရှန်းလီက ရှန်းအန်းထံသို့ ခြင်းကိုလှမ်းပေးလိုက်ရင်း ငေးမောနေသည့် ချန်းသရှန်ကို တံတောင်ဖြင့် တွတ်လိုက်သည်။ နောက်ဆုံးမှ သူသည် ပါးစပ်အဟောင်းသားဖြစ်နေသည်ကို အချိန်မီ သတိဝင်လာပြီး ပါးစပ်ပြန်ပိတ်မိလိုက်တော့သည်။
သူသည် စန်းလော့က နောက်ထပ် တူနှင့်ပန်းကန်လုံးများကို ယူလာသည်ကို မြင်လိုက်ချိန်တွင် ချန်းသရှန်သည် အိန္ဒြေပြန်ရသွားပြီဖြစ်သည်။ ဒီတော့ ဒါက ပညာသင်သားတွေ စကားပြောပြီး ပြုမူတဲ့ပုံစံပေါ့။
ရှန်းလီက သူ နားမလည်နိုင်သည့် တစ်စုံတစ်ခုကို ရေရွတ်နေသည်ကို မကြာခဏ ကြားခဲ့ဖူးသည်။ အစပိုင်းတွင်တော့ ရှန်းလီက သူ့ကိုလဲ စာဖတ်ဖို့ရန် အတင်းခေါ်ဖို့ ကြိုးစားသေးသည်။ သို့သော်ငြားလည်း ချန်းသရှန်သည် ထိုဆွဲဆောင်မှုကို ဘယ်တုန်းကမှ နားမလည်နိုင်ခဲ့ချေ။ ယခုတော့ စာပေကို လေ့လာခဲ့သည့်သူများသည် စကားကို ထိုမျှလောက် ကျွမ်းကျင်လိမ်မာအောင် ပြောတတ်ကြသည်ကို သဘောပေါက်သွားတော့သည်။
ပြောနေကြသည့်စကားများက အဘယ်ကြောင့် နားဝင်ချိုလှပါသနည်းဟု သူသည် တော်တော်လေး နားမလည်နိုင်ခဲ့ချေ။ သို့သော်ငြားလည်း ဒါက ဒီအတိုင်းကို ဖြစ်နေခြင်းပင်။
တစ်ချိန်က သူသည် စာဖတ်ခြင်းက ကွာခြားချက်တစ်ခုကို မည်သို့ပြုလုပ်ပေးနိုင်သည်ကို မသိခဲ့ချေ။ သို့သော်ငြားလည်း ဒီနေ့တွင်တော့ သူသည် ဒါ၏ အကျိုးသက်ရောက်မှုကို နောက်ဆုံး နားလည်သွားတော့သည်။ ဒါက ဘာမှကွာခြားချက်မရှိခြင်း မဟုတ်ချေ။ ဒါသည် သာမန်လူများအချင်းချင်း စကားပြောချိန်တွင် ဒီအတိုင်း ချပြစရာမလိုခြင်း ဖြစ်လေသည်။ သို့သော်ငြားလည်း ချွေ့ချီချန်းနှင့် ရှန်းလီတို့ စကားပြောကြသည်ကတော့ ကွာခြားသည်။ စန်းလော့ကလဲ သူသိခဲ့ဖူးသည့်လူထက် အများကြီး ပိုပြီးပြောင်းလဲသွားသည်။
ရုပ်ပိုင်းဆိုင်ရာအရ သူမသည် ဒီတစ်ရုပ်ထဲဖြစ်နေပြီး သူမ၏ အဝတ်အစား အဆင်အယင်က ပြောင်းလဲမသွားသော်ငြားလည်း သူမ၏ စကားပြောဆိုပုံ၊ မျက်နှာအမူအယာ၊ ကိုယ်အမူအယာတို့သည် မသိမသာ ပြောင်းလဲသွားလေသည်။ သူမသည် လုံးဝကို ပြောင်းလဲသွားသည့်သူတစ်ယောက် ဖြစ်လာတော့သည်။
ရှန်းလီကတော့ ဒီအဆင့်ထိရောက်ဖို့ အများကြီး လိုသေးသည်။
တကယ်ပါပဲ။ တစ်ချိန်တုန်းက တစ်စားပွဲတည်းမှာ ထိုင်ခဲ့တဲ့လူက မျက်စိတစ်မှိတ်အတွင်းကို လုံးဝကို သွက်လက်ချက်ချာတဲ့ လက္ခဏာတွေအားလုံး ပျောက်ဆုံးသွားပြီး တစ်ခြားလောကရဲ့ ... အငွေ့အသက်တွေ ရောက်နေပါလား။ မဟုတ်ဘူး။ မဟုတ်သေးဘူး။ ဒါတော့ တော်တော်လေးကို မဟုတ်သေးဘူး။ ဒါက တည်ငြိမ်အေးချမ်းတဲ့ အိန္ဒြေတစ်ခုဖြစ်နေတာပဲ။
တည်ငြိမ်အေးချမ်းတဲ့ အိန္ဒြေတစ်ခုတဲ့။ ဒီလိုစကား အခေါ်အဝေါ်ရော ရှိသေးရဲ့လား။
ချန်းသရှန်သည် သေချာမသိချေ။ သို့သော်ငြားလည်း ထိုအိန္ဒြေရပြီး တည်ငြိမ်အေးချမ်းလှသည့် အရောင်အဝါက အမှန်ပင် လေးစားဖွယ်ကောင်းလေသည်။
ရွှီဝမ်ချင်းကလဲ စန်းလော့၏ ဒီလိုဘက်ခြမ်းကို ပထမဦးဆုံးအကြိမ် မြင်လိုက်ရခြင်းပင်။ သူမသည် ဘာကိုမှ ထူးထူးခြားခြား မလုပ်ခဲ့ချေ။ စကားအနည်းငယ်သာ ပြောလိုက်ခြင်းဖြစ်သော်ငြားလည်း သူမသည် သူတို့မြင်နေကြ ဆရာ့မိန်းမနှင့် အမှန်ပင်ကွာခြားနေလေသည်။ အမှန်တွင်တော့ သူမက အကြီးအကျယ်ကို ကွာခြားနေလေသည်။
စန်းလော့သည် ချွေ့ချီချန်းရှေ့တွင် တူတစ်စုံနှင့် ပန်းကန်လုံးတစ်လုံးကို ချပေးလိုက်၏။ ရွှီဝမ်ချင်း၏ မှင်သက်အံ့သြနေသည့် အခြေအနေကို သတိထားမိလိုက်သည်တွင် သူမက ပြုံးကာ သတိပေးလိုက်လေသည်။
"ဝမ်ချင်း ထိုင်လေ"
ရွှီဝမ်ချင်းက ပြန်ဖြေလိုက်၏။
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာကတော်"
သူမက သိမ်သိမ်မွေ့မွေ့ ပြုံးပြလိုက်ပြီး တူတစ်စုံကို လှမ်းပေးလိုက်သည်။ ရွှီဝမ်ချင်းက လက်ကိုမြှောက်ကာ အလောတကြီး ပြောလိုက်တော့သည်။
"ဆရာကတော် ကျွန်တော် ကိုယ့်ဟာကိုယ် လုပ်လိုက်ပါ့မယ်"
ရှန်းလီသည် စန်းလော့ စကားပြောချိန်တွင်ပင် သူမကို တစ်ချက်လှမ်းကြည့်ခဲ့ပြီးဖြစ်ရာ အခြေအနေကို အများကြီး ခန်းမှန်းမိနေသည်။ အခုတော့ သူက ချွေ့ချီချန်းနှင့် ရွှီဝမ်ချင်းတို့ကိုလဲ ယမကာကူထည့်ပေးလိုက်ပြီး တစ်ခုခုကို ဖုံးကွယ်ဖို့ရန် သူ့အတွက်လဲ အလွန်မှ တိုက်ဆိုင်လွန်းနေသည်။ ဒါက ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား လုပ်လိုက်တာက ပိုပြီးအဆင် ပြေလိမ့်မည်။
ရွှီဝမ်ချင်းက စန်းလော့ကို ဆရာကတော်ဟု ခေါ်လိုက်သည်ကို ကြားလိုက်သည်တွင် ချွေ့ချီချန်းသည် ရှန်းလီအစောပိုင်းက ခေါ်ထုတ်လာပေးခဲ့သည့် တောင်ပေါ်ကရွာသားများကို ပြန်စဥ်းစားမိလိုက်သည်။ သူတို့အများစုက သူ့ကို ဆရာရှန်းဟု ခေါ်ကြလေသည်။ စန်းလော့က ရှန်းလီ၏မိန်းမဖြစ်ရမည်ဟု သူ ခန့်မှန်းလိုက်၏။ သူက ရှန်းလီနှင့် ရွှီဝမ်ချင်းတို့၏ ဆရာတပည့်အကြောင်း မေးတော့မည် ပြုလိုက်စဥ် ရှန်းလီက သူ့ကို ယမကာတစ်ချို့ လောင်းထည့်ပေးလိုက်ပြီး သူ့အာရုံကို ပြောင်းလဲလိုက်တော့သည်။
"ဒါက ယမကာလား၊ ဘာဖြစ်လို့အနီရောင် ဖြစ်နေတာလဲ"
ရှန်းလီက တခစ်ခစ် ရယ်လိုက်ပြီး
"ကျွန်တော်လဲ သိပ်မသေချာပါဘူးဗျာ၊ ကျွန်တော် တခါတုန်းက လူတစ်ယောက်ကို ကူညီပေးခဲ့တယ်လေ၊ သူတို့တွေက ကျွန်တော့်ကို ကျေးဇူးတင်တဲ့လက်ဆောင်အနေနဲ့ ဒီတစ်အိုးကို ပေးခဲ့တာပါ၊ ဒါကို ယမကာအနီလို့ခေါ်တယ်တဲ့၊ ဒါကို ကျွန်တော့်ဇာတိမြို့က နောက်ဖေးခြံဝန်းထဲမှာ မြှုပ်ထားခဲ့တာလေ။ ကျွန်တော် ဒါကို သွားတူးလာတာ သိပ်မကြာသေးပါဘူး၊ ဒီနေ့က မင်္ဂလာနေ့ရက်မြတ်ဆိုတော့ ကျွန်တော်လဲ အရသာမြည်းစမ်းဖို့ ဒါကို ဖွင့်ဖို့ဆုံးဖြတ်လိုက်တယ်လေ၊ ကျွန်တော် တစ်ငုံပဲ မြည်းကြည့်ရပါသေးတယ်၊ တော်တော်လေး အရသာရှိတယ်ဗျ၊ လူကြီးမင်းချွေ့ ခင်များလဲ အချိန်ကိုက်ရောက်လာတာပဲ"
ရှန်းလီ၏ ချောချောမွေ့မွေ့ ပြန်ဖြေလိုက်သည့်စကားက စန်းလော့ကို နှုတ်ခမ်းများ မသိမသာ ကွေးတက်သွားစေပြီး သူမက ရွှီဝမ်ချင်းကို တူနှင့်ပန်းကန် လှမ်းပေးလိုက်တော့သည်။
သူက အေးဆေးနေသည်ကို လေ့လာမိသဖြင့် သူမသည် စိတ်ချသွားသလို ခံစားလိုက်ရပြီး ရှန်းလီကို သူတို့ဧည့်သည်အား ကောင်းကောင်းဧည့်ခံပေးဖို့ မှာကြားလိုက်သည်။ ချွေ့ချီချန်းကို နှုတ်ဆက်လိုက်ပြီးနောက်တွင် သူမက ဘီဒိုဘက်သို့ လှည့်ထွက်သွားလေသည်။
ချွေ့ချီချန်း၏ ရုတ်တရက် ရောက်ရှိလာခြင်းက ဧည့်သည်ဖြစ်သည့် ကျိုးကဲနှင့်ကလေးများကို စားပွဲပေါ်က အရသာရှိသည့်ဟင်းလျာ တစ်ခုတစ်လေမှ စားသောက်မရနိုင်အောင် ဖြစ်သွားစေတော့သည်။ နောက်ထပ်စားပွဲတစ်ခု ပြင်ဆင်ပေးဖို့ရန်ကလဲ အလွန်မှ နောက်ကျနေသည်။ သူမသည် ကိုယ့်ဟာကိုယ် အပင်ပမ်းမခံလိုတော့ချေ။ သို့သော်ငြားလည်း ညစာကို လွှတ်လိုက်လို့မဖြစ်သလို ဒီအတိုင်းဧည့်ခံဖို့လဲ မဖြစ်နိုင်ချေ။ ထို့ကြောင့် သူမက နောက်ထပ် အစားအသောက်လေးတစ်ခု ပြင်ဆင်ပေးရန်လိုအပ်လာသည်။
ကံအားလျော်စွာ ဒီနေ့သည် အလွန်မှအေးသည့်အတွက် ယုန်အအေးသားဆယ်ပေါင်ကျော် ပြုလုပ်ခဲ့သည်။ သူမသည် မနက်ဖြန်အတွက် ရည်ရွယ်ပြီး တစ်ချို့ကို သတ်သတ်လွတ်အူကြမ်းနှင့် ရောနှောထားခဲ့သည်။ စန်းလော့က ဒီဟင်းလျာများကို ပန်းကန်ပြားအကြီး နှစ်ချပ်တွင် ဖြည့်လိုက်ပြီး ရှန်းနဥ်၏အခန်းသို့ သယ်သွားလိုက်သည်။ သူမက မြန်မြန်ချက်ပြုတ်လို့ရသည့် ဟင်းလျာတစ်ချို့ကို ရှန်းနဥ်အား သွားယူခိုင်းလိုက်ပြီး ဆန်တစ်ချို့ကို ချိန်ကြည့်လိုက်ပြီးနောက်တွင် အနီးနားက ရှန်းကျင့်မိသားစုအိမ်သို့ ဦးတည်သွားလိုက်တော့သည်။ သူတို့အိမ်တွင် မီးဖိုချောင်တစ်ခုနှင့် စားပွဲကြီးတစ်ခုလဲ ရှိသေးသည်။ လူ၇ယောက်လုံးကို ဧည့်ခံဖို့ရန်အတွက် ကွက်တိဖြစ်သည်။ သူတို့သည် ၁၅မိနစ်အတွင် ညနေစာ စားသောက်နိုင်လိမ့်မည်။
ရှန်းထျယ်၏ စိတ်ပျက်နေမှုကို မြင်လိုက်သည်တွင် စန်းလော့က ပြုံးပြီးပြောလိုက်၏။
"မကြီးက မနက်ဖြန်ကြရင် နင့်အတွက် စပျစ်သီးခြောက်ကောက်ညှင်းမုန့် လုပ်ပေးမယ်လေ၊ ပန်းကန်ပြားအကြီးကြီး တစ်ချပ်အပြည့်လုပ်ပေးမယ်၊ နင် ဝအောင်စားလို့ရတယ်"
ဒီစကားကိုကြားလိုက်သည်တွင် ရှန်းယင်နှင့် ရှန်းထျယ် နှစ်ယောက်စလုံးမှာ တက်ကြွလာတော့သည်။ ယုန်အအေးသားနှင့် သတ်သတ်လွတ်အူကြမ်း ပန်းကန်အပြည့်ကို မြင်လိုက်သည်တွင် အင်မတန်မှ ပျော်ရွှင်သွားပြီး သူတို့တွင် ငါးနှင့်ကြက်သားများ မရှိတော့သည်ကို စိတ်ထဲထည့်မနေတော့ချေ။ ယုန်အအေးသားနှင့် သတ်သတ်လွတ်အူကြမ်းက လုံလောက်သည်ထက်ကို ပိုသေးသည်။ မကြီးက မနက်ဖြန်ကျရင်လဲ သူတို့အတွက် စပျစ်သီးကောက် ညှင်းမုန့်ကို ပြုလုပ်ပေးလိမ့်အုံးမည်။
ခုနက ဘာတစ်ခုမှ မမြည်းကြည့်ရသည့်အတွက် စိတ်ပျက်အားလျော့သွားသည့် ခံစားချက်က လုံးဝကို ပျောက်ကွယ်သွားတော့သည်။ ညီအစ်ကိုများက ဝမ်းသာအားရ ပန်းကန်လုံးများကို ကူညီတည့်ခင်းပေးလိုက်ကြပြီး သူတို့၏ ကိုယ်ပိုင်ပန်းကန်လုံးများကို သယ်လိုက်သည့်အပြင် သူတို့အကြီးဆုံးမရီး၏ ပန်းကန်များကိုလဲ ကူညီသယ်ပေးလိုက်သည်။ သူမ၏ ပန်းကန်လုံးကိုတော့ ဝိုင်အနီများဖြည့်ထားပေးပြီး ကျန်သည့်ပန်းကန်ကိုတော့ ပျားဖျော်ရည်များ ထည့်ထားပေးသည်။
ကျိုးကဲကလဲ ရှန်းနဥ်ကိုကူညီပြီး ပစ္စည်းတစ်ချို့ကို သယ်ပေးလိုက်သည်။ သူတို့သည် ရှန်းမိသားစုမှ အကွာအဝေးတစ်ခုအထိ လျှောက်လာပြီးနောက် တွင် သူမသည် နောက်ဆုံးတော့ လေပူတစ်ချက် မှုတ်ထုတ်ရဲတော့ကာ ပြောလိုက်တော့သည်။
"အားလော့ရယ် နင်ကလေ နင့်စိတ်ထဲမှာရှိတဲ့အတိုင်း တကယ်ပြောရဲတာပဲ၊ ငါ့မှာ အဲဒီ့အရာရှိကို တွေ့လိုက်တုန်းက ကြောက်လွန်းလို့ အသက်တောင်မှ ပြင်းပြင်းမရှူရဲဘူး"
စန်းလော့က တခစ်ခစ် ရယ်မောလိုက်၏။
"အဲဒီ့အရာရှိဝတ်စုံက လူတွေကို စားသောက်နိုင်လို့လား"
သူမသည် စကားပြောဆိုရဲသည်မဟုတ်ဘဲ ထိုသို့ပြုလုပ်ရန်ကလွဲပြီး တစ်ခြားရွေးချယ်စရာ မရှိခဲ့ခြင်းပင်။
ချွေ့ချီချန်း ရောက်ရှိလာခြင်းက အလွန်မှ အချိန်ကိုက်ဖြစ်လေသည်။ ဖွင့်ထားပြီးသား ဝိုင်နီဖြစ်ဖြစ် အခန်းထဲတွင်ပြည့်နေသည့် စွဲမက်ဖွယ်ရာရနံ့ပဲဖြစ်ဖြစ် ဖုံးကွယ်ထားလို့ မရနိုင်ချေ။ ချွေ့ချီချန်း၏ အကျင့်စရိုက်နှင့် မရင်းနှီးလေသည်ဖြစ်ရာ သူမက မရေမရာမှတ်ချက်များဖြင့်သာ သွယ်ဝိုက်ပြောဆိုနိုင်ပြီး သူ့ကို အရင်ဆုံး လေးစားသမှု ပြနိုင်ဖို့ရန်သာ မျှော်လင့်ရတော့သည်။ ကံအားလျော်စွာ ရှန်းလီ၏ အကူအညီပေးခဲ့သည့် အပြုအမူကလဲ အပြစ်ပြောရန်မရှိချေ။ ယခုတော့ အခြေအနေက မည်သို့ဖြစ်လာမည်ကို အကဲခတ်ရမည့်ကိစ္စသာ ဖြစ်တော့ သည်။
ချွေ့ချီချန်းသည် ပါးနပ်သော်ငြားလည်း မကောင်းကြံစည်တတ်သည့်သူ မဟုတ်သည်ကိုတော့ သူမ သေချာလေ့လာမိသည်။ သူ့တွင် ပြဿနာရှာဖို့ရန် အကြောင်းပြချက်ရှိဟန် မတူချေ။
အစားအသောက်ကို အာရုံစိုက်ရမည့်အစား ရှန်းကျင့်က ကျိုးကဲနှင့်သူ့မရီး၏ စကားပြောပြီးသည်အထိ စောင့်လိုက်ပြီး အခွင့်အရေးတစ်ခုကိုယူကာ မေးလိုက်လေသည်။
"မရီး ပြည်နယ်စာမေးပွဲအောင်တာက ဒီလောက်တောင် လေးစားစရာ ကောင်းတာတဲ့လား ဒါက အရာရှိတစ်ယောက် ရောက်လာပြီး ဂုဏ်ပြုရတဲ့အထိတဲ့လား"
စန်းလော့က ပြန်မဖြေရသေးခင်မှာပင် ရှန်းအန်းက ခေါင်းခါပြနှင့်ပြီးဖြစ်လေသည်။
"ဒါက စာသင်ခွင့်ရဖို့ အာမခံချက်ပေးတဲ့ စာမေးပွဲတစ်ခုပဲ မဟုတ်ဘူးလား၊ ဒါနဲ့ပတ်သတ်ပြီး အရမ်းကို အထင်ကြီးစရာ ကောင်းတယ်လို့တော့ ငါ မမြင်ပါဘူး"
စန်းလော့က ခေါင်းငြိမ့်သဘောတူလိုက်သည်။
"နင်ပြောတာ မှန်တယ်၊ ဒါက စာဖတ်ဖို့အခွင့်အရေးနဲ့ စာလေ့လာဖို့ အခွင့်အရေးသက်သက်ပဲ၊ ပြည်နယ်ဝင်ခွင့်စာမေးပွဲကို အောင်တယ်ဆိုတာက ဂုဏ်ပြုစကားပြောဖို့ အရာရှိတစ်ယောက် ရောက်လာမယ်လို့ ထူးထူးခြားခြားကြီး အာမခံနေတာမျိုး မဟုတ်ပါဘူး၊ ကြည့်ရတာ နင်တို့အစ်ကိုကြီးနဲ့ တိုင်ပင်ဖို့ ကိစ္စတစ်ချို့ရှိတယ် ထင်ပါတယ်၊ ဂုဏ်ပြုပေးဖို့ ရောက်လာတယ်ဆိုတာကတော့ ဒီအတိုင်း အကြောင်းပြချက်သက်သက်ပဲနေမှာပါ"
ရှီကျိုးသည် လုပ်ရည်ကိုင်ရည်ရှိသည့်လူများ လိုအပ်နေလေသည်။ စန်းလော့က ရွှံ့များပေကျံနေသည့် ချွေ့ချီချန်း၏ ဝတ်ရုံအစိမ်းကို ပြန်စဥ်းစားမိလိုက်၏။ ရှီကျိုးလက်အောက်ရှိ စီရင်စုများထဲက အခြေအနေက အများကြီး ပိုပြီးဆိုးဝါးမှာသေချာသည်။
...
ရှန်းမိသားစု မီးဖိုချောင်ထဲတွင်
ချွေ့ချီချန်းသည် ဖယောင်းတိုင်မီးလေးဖြင့် ယမကာကို လေ့လာကြည့်နေသည်။ အရောင်က ရတနာဆိုင်တစ်ခုထဲက ပတ္တမြားအရောင်နှင့် ဆင်တူသည်။ ယခုတော့ ပန်းကန်လုံးကို အနားကပ်လိုက်သည်နှင့် ရနံ့က ပိုပြီးပြင်းထန်လာသည်။ သူသည် တစ်ငုံသောက်ဖို့ရန်ပင် မလွန်ဆန်နိုင်တော့ချေ။ ယမကာက သူ့လျှာနှင့် ထိတွေ့သွားသည်နှင့် ... သူသည် သူ့မျက်လုံးများကို မသိမသာ မှိတ်ထားလိုက်လေသည်။ ယမကာ၏အရသာနှင့် မသိမသာ ခါးသက်သက်အရသာက ရောနှောနေပြီး အင်မတန်မှ နှစ်လိုဖွယ်ကောင်းသည့် စွဲမက်ဖွယ်အရသာတစ်ခုကို ဖန်တီးပေးနေသည်။
"ယမကာကောင်းပဲ"
"ယမကာကောင်းပဲ"
ဒုတိယအသံကိုတော့ ရွှီဝမ်ချင်းက ပိုင်ဆိုင်သည်။ ၁၇နှစ်သာ ရှိသေးသော်လည်း သူသည် အသက် ၁၅နှစ်ကတည်းက ယမကာကို အရသာခံခဲ့ဖူးသည်။ သို့သော်ငြားလည်း သူသည် အရင်က ဒီလောက်ထူးခြားကောင်းမွန်သည့် ယမကာမျိုးကိုတော့ တစ်ခါမှ မတွေ့ခဲ့ရဖူးချေ။ သူ၏မျက်လုံးများက လင်းဖြာသွားပြီး ရှန်းလီကို ကြည့်လိုက်လေသည်။
"ဆရာ အဲဒီ့တုန်းက ဒီယမကာကို ဘယ်ကဝယ်ခဲ့တာလဲလို့ ဘာဖြစ်လို့မမေးခဲ့တာလဲ၊ ဒီလောက်အရသာ သာလွန်မှုရှိတဲ့ ယမကာကောင်းတစ်ခုနဲ့ဆိုရင် ကျွန်တော်တို့တွေ ဒီတစ်အိုးကုန်သွားရင် နောက်တစ်အိုးကို ဘယ်မှာ သွားရှာရတော့မှာလဲ"
ငယ်ရွယ်သော်ငြားလည်း သူသည် ယမကာကို စိတ်အားထက်သန်သူ တစ်ယောက်အနေဖြင့် သူ၏ ကြီးမားသည့်စွမ်းရည်ကို ပြသနေသည်။
ရှန်းလီက တဟင်းဟင်း ရယ်မောလိုက်၏။
"ဒီယမကာကိုရတုန်းက ငါ အသက် ဘယ်လောက်ပါလိမ့်၊ ငါ တောင်မှ မသောက်နိုင်ဘူးလေ၊ ဒီအကြောင်း မေးဖို့ဆိုရင်တော့ ပြောနေစရာ ဘယ်လိုပါ့မလဲ၊ ကဲပါ ငါတို့တွေ ဒါကို အရသာ မြည်းနိုင်တာကပဲ ကံတရားလို့မှတ်လိုက်တော့၊ အခုဆိုရင် လူအများကြီးကလဲ အစားအသောက်တွေကို မတတ်နိုင်ကြဘူးမ ဟုတ်လား ယမကာဆိုရင်တော့ ပြောမနေပါနဲ့တော့"
ချွေ့ချီချန်းက ရှန်းလီကို လှမ်းကြည့်လိုက်ပြီး ပြုံးပြလိုက်ကာ ဒီကိစ္စကို အတင်းမမေးတော့ချေ။ ထိုအစား သူက အရသာသွင်းထားသည့် တို့ဟူးခြောက်တစ်တုံးကို ကောက်ယူလိုက်ပြီး မေးလိုက်လေသည်။
"ဒါက ဘာများလဲ"
ရှန်းလီက ပြန်ဖြေလိုက်၏။
"ဒါက အရသာသွင်းထားတဲ့ တို့ဟူးခြောက်ပါ၊ ကျွန်တော်တို့ ချီယမ်စီရင်စုစျေးမှာဆိုရင် ဒီပစ္စည်းကိုရောင်းတာက ပုံမှန်အစားအသောက်ပဲလေ"
ချွေ့ချီချန်း : …
" ... ဒီတော့ ချီယမ်က ရှီကျိုးထက်ပိုပြီးတော့ ကောင်းတယ်ပေါ့ ကျွန်တော် ဒါကို အရင်တုန်းက တခါမှမမြင်ခဲ့ဖူးဘူး"
ချန်းသရှန်က ပြုံးလိုက်၏။
"ဟုတ်တယ်၊ ဒါက မဆိုးဘူး ဒီဟင်းလျာက ချီယမ်မှာဆိုရင် တော်တော်လေးကို စျေးသက်သာတဲ့ အထဲမှာပါတယ်၊ တစ်ပန်းကန်ကို ဝမ်နည်းနည်းလေးပဲကုန်တာ"
သို့သော်ငြားလည်း ချီယမ်က မရှိတော့ချေ။ ဒါကို ဘယ်က ဝယ်ရပါမည်နည်း။
ချွေ့ချီချန်းသည် သူတိုကို ထုတ်မပြောခဲ့ချေ။ နောက်ထပ် သတ်သတ်လွတ်အူကြမ်းတစ်ခု ကောက်ယူလိုက်ပြီး လေ့လာကြည့်လိုက်ကာ "ဒါက တုန်းဖူစားသောက်ဆိုင်မှာ ဆေးဖက်ဝင်ဟင်းလျာအဖြစ်သုံးတဲ့ ဝဥလား"
သူသည် ဒါကိုမှတ်မိဖို့ရန် အချိန်အကြာကြီး ယူလိုက်ရသည်မှာလဲ အံ့သြစရာမဟုတ်ချေ။ ... တုန်းဖူစားသောက်ဆိုင်သည် ပုံမှန်ဆိုလျှင် ဒီပါဝင်ပစ္စည်းကို ဟင်းရည်အတွက်သာ သုံးခဲ့လေသည်။
ရွှီဝမ်ချင်းက တခစ်ခစ် ရယ်မောလိုက်၏။
"ကျွန်တော်တို့တွေ ဒါကို တောင်ပေါ်မှာ တူးခဲ့ကြတာလေ၊ ဒါပေမဲ့ အခုတော့ ကျွန်တော်တို့တွေ ဒါကိုလဲ စိုက်ပျိုးနေပါပြီ"
ချွေ့ချီချန်းက သူ့ကျောကို မတ်မတ်ထားလိုက်ပြီး ပြန်ပြောလိုက်၏။
"ဒါကို ကျွန်တော်တို့တွေ ကိုယ်တိုင်လဲ စိုက်လို့ရသတဲ့လား"
သူက သတ်သတ်လွတ်အူကြမ်းတစ်ချို့ကို ကောက်ယူလိုက်၏။ သို့သော်ငြားလည်း တစ်ဖန် ဒါက မရင်းနှီးသည့် အရာတစ်ခု ဖြစ်နေပြန်သည်။ ချွေ့ချီချန်းသည် ဖယ်ထားခံရသလို ခံစားလိုက်ရ၏။ တောထဲကလာသည့်သူမှာ စားပွဲနားက ဒီလူများကိုမဟုတ်ဘဲ သူ ဖြစ်နေသလိုပင် ခံစားလိုက်ရတော့ သည်။
သူသည် ကျန့်မိသားစု၏ ဂုဏ်သိက္ခာဖြစ်သည့် လီချီကို မြင်လိုက်ရချိန်တွင် ဒါသည် စားသောက်ပွဲများတွင်သာ အမြဲတမ်း ဧည့်ခံပေးခဲ့သည့်ဟင်းလျာဖြစ်ကာ ရှီကျိုး၏ ရှီရှီကျိုးက ကျန့်မိသားစု၏ အထင်ကရဟင်းလျာတစ်ခုဖြစ်လေသည်။ ချွေ့ချီချန်းမှာ ဆွံ့အသွားတော့သည်။ ရှန်းလီအပေါ် သူ၏ လေးစားမှုကလဲ ပြောင်းလဲသွားတော့သည်။
ပြည်နယ်အုပ်ချုပ်ရေးမှူးက သရှင်းရွာနှင်ပတ်သတ်ပြီး သူ့ကို အထူးတလည် မေးလာခဲ့ချိန်က သူသည် စီရင်စုများဆီက အခြေအနေများကို ပြန်ပြီးသတင်းပို့ခဲ့သည်ကို စဥ်းစားမိလိုက်တော့သည်။ ချွေ့ချီချန်းက မှတ်တမ်းကိုပင် စစ်ဆေးနေဖို့မလိုဘဲ မြန်မြန်ဆန်ဆန် ဖြေကြားခဲ့လေသည်။ သူက ယုံယုံ ကြည်ကြည်ဖြင့်ပင် ပြောလိုက်သေး၏။
"ရွှီမိသားစုနဲ့ ဝေ့မိသားစုကလွဲရင် သရှင်းရွာက တစ်ခြားအိမ်ထောင်စုတွေ အားလုံးက ချီယမ်စီရင်စုကပါတဲ့"
ချွေ့ချီချန်းမှာ မျက်ရည်များဝဲချင်သလိုပင် ဖြစ်သွားတော့သည်။
"ညီလေးရှန်း ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ၊ မင်းက ချီယမ်စီရင်စုထဲက ရှီလီရွာကဆိုတာ တကယ်ပဲလား"
အားလုံးက ညီအစ်ကိုတွေပဲလေ။
ယမကာကို တစ်ငုံအပြည့်သောက်နေသည့် သရှန်မှာ သီးသွားတော့မလိုပင် ဖြစ်သွားတော့သည်။
...
အပိုင်း(၂၂၄) ရွာသားတွေလား
ရှန်းလီက ဒါကို သဘောရိုးနှင့် ပြောခဲ့ချိန်တွင် ချွေ့ချီချန်းက သူ့ကို ယုံပါရဲ့လား။
လုံးဝ ယုံမည်မဟုတ်ပေ။
သာမန်ရွာသား မဆိုထားနှင့် သာမန် ချမ်းသာသည့် မိသားစုတစ်ခုက စကားအရာကျွမ်းကျင်လိမ္မာပြီး ရိုးရှင်းသည့် အဝတ်အစားနှင့် ယဉ်ကျေးသိမ်မွေ့သည့် အမျိုးသမီးတစ်ဦး၊ မရင်းနှီးလှသည့် အနီရောင်ယမကာ၊ သခင်မကျန့်က သူမ၏မင်္ဂလာလက်ဖွဲ့အဖြစ် ယူလာသည့် ဟင်းချက်နည်းတစ်မျိုးဖြစ်ကာ ကျန့်မိသားစုက ဆယ်စုနှစ်ချီအောင် သူတို့၏ ဂုဏ်သိက္ခာအဖြစ် ချပြခဲ့ပြီး ရတနာလို့ တန်ဖိုးထားတဲ့ခဲ့သည့် လီချီ (ပဲပြားတို့ဖူး)၊ ထိုဆန်းသစ်ပြီး လက်ရာမြောက်သည့် အဝိုင်းပုံအချိုပွဲများကို မည်သို့ ပိုင်ဆိုင်နိုင်ပါမည်နည်း။
ချွေးချီချန်းသည် အရူးမဟုတ်ချေ။ ရှန်းမိသားစုသည် သချီ ပြည်သားများ ခံယူရန် တောင်ထဲမှ ကြီးမားသည့် သည်လို အဖွဲ့ကြီးတစ်ခုကို ဦးဆောင်လာခဲ့သည်။ ရုံးတော်ကို ကူညီပြီး တောင်များထဲတွင် ရှာဖွေခဲ့ပေးသည်။ ထို့အပြင် ညီအစ်ကိုနှစ်ယောက်က ပြည်နယ်ဝင်ခွင့် စာမေးပွဲကို အတူတူ ဝင်ဖြေခဲ့ကြသည်။ အနည်းဆုံးတော့ ဒါက ရှန်းမိသားစုသည် စိတ်ရင်းအတိုင်းဖြစ်ကာ သချီကို အသိအမှတ်ပြုသည်ကို ပြသနေပြီး ဒါက အင်မတန်မှ ကောင်းမွန်ပေသည်။
ရှန်းမိသားစု၏ နောက်ကြောင်းနှင့်ပတ်သက်ပြီး ယမကာက မိတ်ဆွေဟောင်းထံမှ လက်ဆောင်တစ်ခုဖြစ်သည် ဖြစ်စေ၊ သူတို့သည် လီချီလုပ်နည်း၊ တို့ဖူးခြောက်လုပ်နည်း၊ အချိုပွဲလုပ်နည်းများကို ပိုင်ဆိုင်ထားခဲ့သည်ဖြစ်စေ ဒါက သူလို ချွေ့ချီချန်းအတွက် ဘာအရေးကြီးပါမည်နည်း။ သူသည် သူလို စိတ်ကူးမျိုးလည်း မရှိသလို သည်ဟင်းချက်နည်းများနှင့် ဝင်ရောက်ပတ်သက်ရန် အရည်အချင်းလည်း မရှိချေ။ သူက အတွင်းကျကျ အလုပ်ရှုံခံပြီး ဘာကြောင့် ဖော်ထုတ်ရပါမည်။
သူတို့တွင် နည်းလမ်းများ ရှိခဲ့လျှင်တော့ ကောင်းပါလိမ့်မည်။ သို့ဆိုလျှင် သူကလည်း သူတို့နှင့် ဆက်ဆံရေးကို စိတ်အားထက်သန်စွာ တည်ဆောက်လိုသည်။
ရှန်းလီ၏ ယုံကြည်စိတ်ချရသည့် စကားကို ကြားလိုက်ရပြီးနောက်တွင် ချွေ့ချီချန်းသည် သူ့ကို ကြည့်လိုက်ပြီး ရှန်းလီ၏ပခုံးကို လှမ်းရိုက်လိုက်ပြီး “ကောင်းပါပြီ၊ နောက်တစ်ခွက် သောက်ကြတာပေါ့၊ ညီလေး”
အခုတော့ သူတို့သည် ညီအစ်ကိုများဖြစ်သွားကြပြီ။
ခွက်များကို တိုက်ရင်း စကားပြောကြရင်းနှင့် ထိုကိစ္စကို ဘေးဖယ်ထားလိုက်ကြ၏။ စားစရာနှင့် သောက်စရာများနှင့်ပတ်သက်ပြီး အသေးစိတ်ကို ဘယ်သူကမှ မမေးကြတော့ချေ။ ရှန်းလီ ပြောသမျှကို အမှန်ဟုသာ မှတ်ယူလိုက်ကြသည်။
သည်ကိစ္စကို ဘေးချိတ်ထားလိုက်သည်တွင် ထမင်းတနပ်က အမှန်ပင် အရသာပိုရှိလာတော့သည်။ ဟင်းလျာများက အသစ်အဆန်းဖြစ်ပြီး အလျှံပယ် ကျွမ်းကျွမ်းကျင်ကျင် ပြင်ဆင်ထားသည့်အပြင် ယုန်အအေးသားနှင့် ယမကာအနီ ပေါင်းစပ်ခြင်းက ချွေ့ချီချန်းလို ဝါရင့် ယမကာကြိုက်သူအတွက် အင်မတန်မှ ဝမ်းမြောက်ကြည်နူးစရာ ဖြစ်နေသည်။ ချွေ့မိသားစု၏ ကောင်းမွန်သည့် မိသားစုနောက်ခံရှိသည့်တိုင် သူတို့သည် အရင်က သည်လောက်ကောင်းသည့် ဟင်းလျာမျိုး ဘယ်အချိန်က စားခဲ့ဖူးပါသနည်း။ နှစ်အနည်းငယ် ကုန်လွန်လာခဲ့ပြီးနောက်တွင် သူ့ကိုယ်ပိုင် အိမ်ထောင်စုကပင် သူတို့စားချင်သည့်အရာမှန်သမျှကို စိတ်အလိုမလိုက်နိုင်တော့ချေ။
အကောင်းစားယမကာနှင့် လက်ရာမြောက်လှသည့် အစားအသောက်များက လေးနက်သည့် ကိစ္စများကို တိုင်ပင်ရန် ပေါင်းကူးပေးသည့် လေထုတစ်ခုကို ဖန်တီးပေးလေသည်။ ချွေ့ချီချန်းက သူ့ရည်ရွယ်ချက်ကို ချက်ချင်း ဝေမျှလိုက်သည်။
စန်းလော့ ခန့်မှန်းထားသည့်အတိုင်းပင် ရှန်းလီကို ဂုဏ်ပြုပေးသည့်ကိစ္စက သည်အတိုင်း အကြောင်းပြချက်သက်သက်သာ ဖြစ်သည်။ သူသည် ဖိအားပေးနေသည့် ပြဿနာတစ်ခုနှင့်ပတ်သက်ပြီး ရှန်းလီနှင့် တိုင်ပင်ရန် အရေးတကြီး လိုအပ်နေသည်- လူဦးရေကျဆင်းနေသည့် ပြဿနာပင်။
“ညီလေးရှန်း ကျွန်တော့်လက်အောက်က စီရင်စုအသီးသီးဆီကို အဖွဲ့တစ်ခုနဲ့ ခရီးသွားလာခဲ့တယ်၊ အရမ်းကို ခြောက်ကပ်နေတာပဲ၊ စိုက်ပျိုးမြေတွေကလည်း မြေရိုင်းတွေ ဖြစ်သွားတာ တကယ်ဝမ်းနည်းစရာပါ၊ ဒါပေမဲ့ အလိုဗျာ လူတွေဆိုတာကလည်း လုံးဝမရှိသလောက်ပဲ။ မင်းကြီးက ငြိမ်းချမ်းမှုကို ပြန်ရယူပေးထားပြီး စစ်ပွဲကာလတုန်းက လှည့်လည်သွားလာနေကြသည့် လူတော်တော်များများကလည်း တဖြည်းဖြည်း အိမ်ပြန်လာကြပေမဲ့ မရေမတွက်နိုင်တဲ့ တခြားသူတွေကတော့ သတ်ဖြတ်ခံရတာမဟုတ်ရင် တောနက်ထဲကို ထွက်ပြေးသွားကြတယ်လေ၊ ကျွန်တော်တို့ ရှီကျိုး အုပ်ချုပ်ရေးမှာ တချို့ စီရင်စုတွေကဆိုရင် ပျက်စီးသွားတာနဲ့ မခြားပါဘူး၊ ဒီကိစ္စကြောင့်သာမဟုတ်ရင် ကျွန်တော်လည်း အရမ်းစိတ်ပူပန်ပြီး ပြန်ရောက်လာတာနဲ့ချက်ချင်း ဒီနေရာကို အပြေးအလွှားလာခဲ့မှာမဟုတ်ပါဘူး”
မွှေးရနံ့လှိုင်လှိုင်ထွက်နေသည့် ယမကာသည် ကျန်ရစ်သည့်အရသာက ခါးခါးသက်သက် စွဲကျန်နေသယောင် ခံစားလိုက်ရပြီး သူက တစ်ငုံထပ်သောက်လိုက်သည်။
ရှန်းလီသည် ချွေ့ချီချန်းက ထိုမျှလောက် မြန်မြန်ဆန်ဆန် ရောက်လာမည်ဟု မျှော်လင့်မထားခဲ့သော်လည်း သူရောက်လာရသည့် အကြောင်းအရင်းကိုတော့ ခန့်မှန်းထားနှင့်ပြီးဖြစ်သည်။ အစကတော့ သည်နေ့ညတွင် ချန်းသရှန်နှင့် တိုင်ပင်ဖို့ စဉ်းစားထားခဲ့သော်လည်း ချွေ့ချီရှန်းရှေ့တွင် ထိုသို့လုပ်ရန် မသင့်တော်သည်ကို တွေ့လိုက်ရသည်။ သူ့လက်ချောင်းများနှင့် စားပွဲကို နှစ်ချက်ခေါက်လိုက်ပြီး ရှန်းလီက သူ့ရွေးချယ်မှုကို စဉ်းစားလိုက်၏။ သူ့တွင် လျှောက်ဖို့ရန် အနာဂတ်တစ်ခုနှင့် အနည်းဆုံးတော့ လမ်းကြောင်းတစ်ခု ရှိနေပြီဖြစ်သည်။ သူသည် အလားအလာကောင်းသည့် အခွင့်အရေးတစ်ခုကို ချန်းသရှန်အား မလွဲချော်စေချင်ပေ။ ထို့ကြောင်းက သူက ပြောလိုက်တော့သည်။ “အရာရှိချွေ့ ကျေးဇူးပြုပြီးတော့ ခဏတော့ စောင့်ပေးပါဦး၊ အစောပိုင်းက ကျွန်တော်တို့နဲ့အတူတူ လိုက်ပါခဲ့တဲ့ အစ်ကိုလုက အခုလောလောဆယ် ရွာမှာမရှိလို့ပါ၊ ကျွန်တော်တို့တွေ ချက်ချင်း ထွက်ခွာမယ်ဆိုရင် လူအင်အားနည်းပါးနေလိမ့်မယ်၊ အချိန်ပေးနိုင်မဲ့ တစ်ယောက်ယောက်များ ရှိမလားလို့ ကျွန်တော် စုံစမ်းကြည့်လိုက်ပါအုံးမယ်၊ ကျွန်တော် အချိန်တိုအတွင်း ပြန်လာခဲ့ပါ့မယ်”
ထို့နောက်တွင် သူသည် ရွှီဝမ်ချင်းကို ချွေ့ချီချန်းအား အဖော်လုပ်ပေးခိုင်းလိုက်ပြီး ချန်းသရှန်ကို ခေါ်ထုတ်လာခဲ့သည်။
ချန်းသရှန်သည် နားမလည်သော်လည်း သူ၏ရှုပ်ထွေးနေသည့်စိတ်ကို ဆက်ပြီး ဖုံးကွယ်ထားလိုက်၏။ သူက ရှန်းလီနောက်မှ လိုက်ထွက်လာပြီး သူတို့သည် လုံခြုံသည့် အကွာအဝေးတစ်ခုသို့ ရောက်လာမှ မေးလိုက်တော့သည်။ “မင်းက ဒီအချိန်ကြီး ဘယ်မှာ သွားမေးမလို့ စဉ်းစားနေတာလဲ”
ရွာထဲက မိသားစုတစ်ခုစီသည် သူတို့၏ကိုယ်ပိုင် လယ်အလုပ်များနှင့် အလုပ်များနေကြသည်ဖြစ်ရာ လုပ်နိုင်ကိုင်နိုင်သည့် လူခြောက်ကို စုဆောင်းရန် ခက်ခဲလေသည်။ သူတို့သည် ကြိုးစားမည်ဆိုလျှင်ပင် သူတို့သည် ဖန်းမိသားစုသို့ ဦးလှည့်နိုင်မည်။ သို့မဟုတ်လည်း သူတို့က အနီးအနားကရွာသို့ သွားကြည့်ရမည်တဲ့လား။
ရှန်းလီက ခေါင်းခါပြလိုက်ပြီး သူ့မီးဖိုဆောင်ဘက်ကို လှမ်းကြည့်လိုက်၏။ သူက တိုးတိုးလေး ပြောလိုက်သည်။ “ငါ ဘယ်သူ့ကိုမှ သွားမရှာပါဘူး၊ မင်းက ရုံးတော်မှာ ရာထူးတစ်ခု ယူဖို့ စိတ်ကူးရှိလားလို့ မေးချင်လို့ပါ”
ချန်းသရှန်သည် တအံ့တဩဖြစ်သွားတော့သည်။ “လူကြီးမင်းရှင်းနဲ့ တခြားသူတွေလို အဲဒီစာရေးတွေလိုလား”
ရှန်းလီက ခေါင်းညိတ်ပြလိုက်၏။ “ဟုတ်တယ်၊ ငါ သူတို့ကို လေ့လာပြီးပြီ၊ သူတို့အဖွဲ့မှာ လူအများကြီးမရှိဘူး၊ နောက်ပြီး သူတို့တွေက လူအင်အား အရေးတကြီးလိုနေတာ၊ အထူးသဖြင့် တောင်အတွင်းပိုင်းကို စွန့်စားသွားဖို့၊ မင်း ဒီအခွင့်အရေးကို ဖမ်းဆုပ်ပြီဂ မင်းအနာဂတ်အတွက် စီစဉ်ချင်တာ ရှိလား၊ မင်း နှစ်နှစ်စာ တောင်ပေါ်မြေကို သုံးရမယ့်အခွင့်အရေးကို ကြိုက်လား၊ ဒါမှမဟုတ် ရုံးတော်မှာ ရာထူးတစ်ခု ယူချင်လား”
ချန်းသရှန်သည် ယခုအချိန်တွင် သူတို့ကို လိုအပ်နေသူမှာ ပြည်ရုံးတော်ဖြစ်မှန်း သဘောပေါက်လေသည်။ ရှန်းလီ၏ အကြံပြုချက်က အမှန်ပင် အလုပ်ဖြစ်နိုင်သည်။
သူက အကြည့်ကို အောက်ချထားပြီး တွေဝေနေ၏။
ပြည်နယ်ရုံးတော်တွင် အလုပ်တစ်ခု ရနိုင်သည့် အလားအလာက မက်လောက်ဖွယ်ဖြစ်သည်။ သို့သော်လည်း သူသည် ချက်ချင်း သဘောမတူလိုက်ချေ။ ခဏလောက် တွေဝေနေလိုက်ပြီးမှ သူက ရှန်းလီကို မေးလိုက်၏။ “မင်းမိန်းမက တောင်ပေါ်မြေတွေကို ဘယ်လိုသုံးဖို့ စဉ်းစားထားလဲဆိုတာ မေးလို့ရလား”
ရှန်းလီသည် သည်အခိုက်တွင် သူက ဒါကို မေးလာလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူက မျက်ခုံးတစ်ဖက် ပင့်လိုက်ပြီး “မင်းက တော်ပေါ်မြေကို ဘယ်လို စီမံမဲ့ကိစ္စကို မေးနေတာလား”
ချန်းသရှန်က ခေါင်းကုပ်လိုက်ပြီး “အဲဒါကို ဘယ်လို လုပ်ရမလဲဆိုတာ ငါ မသိလို့လေ၊ ဒါပေမဲ့ မင်းမိန်းမကတော့ သိရင် သိလိမ့်မယ်မလား၊ ရုံးတော်မှာ အလုပ်လုပ်တာက ကောင်းပါတယ်၊ ဒါပေမဲ့ မင်း သိတဲ့အတိုင်းပဲ၊ ငါ့မှာ စာအရေးအဖတ် အများကြီးမတတ်တာ၊ ငါက စာလေ့လာဖို့လဲ စိတ်အားထက်သန်တာ မဟုတ်ဘူး၊ လူကြီးမင်းရှင်းနဲ့ သူ့အဖွဲ့ကလူတွေ အားလုံးက အရေးအဖတ် အတွက်အချက် ကျွမ်းကျင်ကြတာ ငါ မြင်ခဲ့တယ်၊ မင်း ငါ့အတွက်မင်းမိန်းမကို မေးပေးလို့ရမလား၊ တောင်ပေါ်မြေ ဏက၁၀၀လောက်ဆိုရင် ထိုက်တန်လောက်မလား”
ရှန်းလီသည် နှုတ်ဆိတ်သွားတော့သည်။ “ဘာပဲဖြစ်ဖြစ်ပါ ငါတို့တွေ ဒီနေရာကို ထွက်လာပြီဆိုမှတော့ အတူတူသွားကြတာပေါ့၊ မင်းကိုယ်တိုင် သူ့ကို မေးလိုက်”
...
ချန်းသရှန်၏ စိတ်ကူးများကို ကြားလိုက်သည်တွင် စန်းလော့က ပြန်ဖြေလိုက်သည်။ “တောင်ပေါ်မြေ ဧက၁၀၀ကျော်နဲ့ဆိုရင် ကောင်းကောင်း စီမံရင်တောင် အကြီးအကျယ် မချမ်းသာနိုင်ပေမဲ့ သင့်တင့်တဲ့ ချမ်းသာကြွယ်ဝမှုကို ရနိုင်ပါတယ်၊ ဒါပေမဲ့ စွန့်ရနိုင်တဲ့ကိစ္စတွေတော့ ရှိတယ်၊ ကောက်ပဲသီးနှံတွေက ရာသီဥတုအပေါ် မူတည်ပြီး မွေးမြုရေးတိရစ္ဆာန်တွေကလည်း ဖျားနာနိုင်တယ်၊ - သေချာတဲ့လောင်းကြေးဆိုတာ မရှိဘူး”
ချန်းသရှန်သည် စန်းလော့ပြောသည့် ‘အသင့်တင့် ချမ်းသာမှု’၏ အဓိပ္ပါယ်ကို မသိချေ။ ထို့ကြောင့် သူက မေးလိုက်၏။ “အစိုးရ အရာရှိတစ်ယောက် ဖြစ်တာထက် ပိုချမ်းသာမှာလား”
ကျိုးကဲကလည်း စန်းလော့ကို ကြည့်လိုက်၏။
စန်းလော့သည် သူတို့၏အကြည့်ကို မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားပြီး ခေါင်းညိတ်ပြလိုက်လေသည်။ “ကျွန်မ စောစောက ပြောခဲ့တဲ့ ဆုံးရှုံးနိုင်ခြေရှိတဲ့ အန္တရာယ်ကို ရှောင်နိုင်မယ်ဆိုရင်တော့ အရာရှိတစ်ယောက် လုပ်တာထက် တကယ်ပဲ အများကြီးပိုပြီး ချမ်းသာပါလိမ့်မယ်”
ချန်းသရှန်သည် ဝမ်းသာသွားတော့သည်။ “ဒါဆိုရင် ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ၊ ဒီလောက်ကမှာ ဘယ်အရာမှ အမှန်တကယ် တည်မြဲတာမရှိဘူးလေ, ဟုတ်တယ်မလား”
ထို့နောက်တွင် သူက ရှန်းလီဘက်သို လှည့်လိုက်ပြီး ပြောလိုက်၏။ “ငါ အဲဒီတောင်ပေါ်မြေကို လိုချင်သေးတယ်၊ ပြီးတော့ ဒါက ငါနဲ့ကိုက်ညီမဲ့အလုပ်ပဲ”
စန်းလော့ဖက်သို့ ပြန်လှည့်လိုက်ပြီး သူက ဆက်ပြောလိုက်၏။ “ခယ်မလေး ငါတို့ဆက်ဆံရေး စဉ်းစားတဲ့အနေ ငါ ကွေ့ဝိုက်ပြီး ပြောမနေတော့ဘူး, ငါတို့မြေကို ဘယ်လိုစီမံရမယ်ဆိုတဲ့ အကြံဉာဏ်တစ်ချို့ ပေးလို့ရမလား၊ ဒါမှမဟုတ် နောက်ပိုင်းကျရင်ပေါ့၊ တို့ဖူးလုပ်တာ၊ ဟင်းအနှစ်လုပ်တာနဲ့ ပတ်သတ်လာပြီး မင်းက ဒီလိုကိစ္စတွေ အများကြီး သိတဲ့ပုံပဲ_ ဒါတွေကလည်း ကုန်ကြမ်းပစ္စည်းတွေလိုတယ်မလား၊ မင်းလိုအပ်တာမှန်သမျှ ငါတို့ စိုက်နိုင်ပါတယ်၊ အချိန်တန်ရင် ငါတို့တွေက အဲဒါတွေကို ဈေးကွက်ပေါက်ဈေးထက် လျှော့ပြီး မင်းကို ရောင်းပေးပါ့မယ်”
ရှီလီရွာတွင် နေခဲ့စဉ်က ဆင်းရဲပြီး စီရင်စုမြို့နှင့် ဝေးသော်လည်း စန်းလော့သည် မိသားစုတော်တော်များများနှင့် စားဝတ်နေရေး အလုပ်တစ်ခု တည်ထောင်နိုင်ခဲ့သည်။ ယခုတော့ သူမက ရှီကျိုးမြို့အနီးတွင် နေထိုင်နေသည်ဖြစ်ရာ သူမအတွက် အိမ်တွင် အလကားနေစရာ အကြောင်းမရှိပေ။
ကျိုးကဲ၏မျက်လုံးများကလည်း လင်းလက်သွားသည်။ ရွာသားများသည် စန်းလော့၏ လမ်းညွှန်မှုအောက်တွက် ချန်းမိသားစု၊ လုမိသားစုနှင့် ရှီမိသားစုတို့ပါဝင်သည့် စီးပွားရေးအကြေင်းကို သိထားကြလေသည်။ သူမက ခေါင်းညိတ်ထောက်ခံလိုက်၏။ “ဟုတ်တယ် အားလော့၊ ကျေးဇူးပြုပြီး ကျွန်မတို့ကို သင်ကြားပေးပါ၊ ကျွန်မတို့တွေ ရှင့်ကို ပါဝင်ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ပါတယ်”
စီးပွားရေးလုပ်ငန်းကို သေချာပေါက် ဖော်ဆောင်ရမည်။ ရှန်းလီကလည်း သည်ခေတ်ကာလတွင် သူ့စိတ်ဝင်စားသည့်အရာများ ရှိကာ သူမတွင်လည်း သူမ၏စိတ်ဝင်စားသည့်အရာများ ရှိလေသည်။ သူမက ခေါင်းညိတ်ပြလိုက်သော်လည်း ခမ်းနားကြီးကျယ်သည့် ကတိများကို မပေးချေ။ “ကျွန်မလည်း ကိုယ်တိုင် သင်ယူနေတုန်းပါပဲ၊ တကယ်လို့ ရှင်တို့ တကယ် စိတ်ဝင်စားတယ်ဆိုရင် ကျွန်မဆီကို အချိန်မရွေးလာပြီး မေးလို့ရပါတယ်”
သည်လိုနှင့် ကိစ္စကို ဖြေရှင်းလိုက်ကြသည်။
ရှန်းလီနှင့် ချန်းသရှန်တို့သည် အချိန်ဖြုန်းမနေတော့ဘဲ မြန်မြန် ပြန်လာခဲ့လိုက်သည်။ သူတို့ ပြန်လာသည်ကို မြင်လိုက်သည်တွင် ချွေ့ချီချန်းက စိုးရိမ်တကြီး မေးမြန်းလိုက်၏။ “အဆင်ပြေလား၊ ဘယ်လိုဖြစ်သွားလဲ”
ရှန်းလီက တဟင်းဟင်း ရယ်မောလိုက်ပြီး “လယ်အလုပ်ကလည်း အနားမရဘူးလေ၊ ကျွန်တော်တို့တွေ ကူညီပေးမဲ့ လက်တစ်စုံကိုတော့ သုံးလို့ရပါသေးတယ်၊ သရှန်က မနက်ဖြန်ကျရင် အနီးအနားနေရာတွင် သွားမေးပေးလို့ရပါတယ်၊ အရာရှိချွေ့လည်း တခြားသူတွေက ကျွန်တော့်ကို ‘ဆရာ’လို့ ခေါ်တာကို ကြားပြီးလောက်ပါပြီ၊ ဒါပေမဲ့ လူကြီးမင်း မသိသေးတာက ကျွန်တော်တို့တွေ တောင်အတွင်းပိုင်းကို ခိုလုံကြတုန်းက တကယ်တော့ သိုင်းပညာဆရာနှစ်ယောက် ရှိပါယ်၊ သရှန်က နောက်တစ်ယောက်ပါ၊ သူ့သိုင်းပညာကလည်း ကျွန်တော့်ထက် မနိမ့်ပါဘူး၊ သစ်တောနဲ့ ရင်းနှီးပုံကလည်း ထူးခြားလေးနက်ပါတယ်၊ သူ့အမေဘက်က အဘိုးအဘွား မိသားစုက မုဆိုးတွေလေ၊ ဒီတော့ ကျွန်တော်က သစ်တောနဲ့ ပတ်သက်ပြီး ကိစ္စတစ်ချို့ကို သူ့ဆီပဲ သင်ယူထားတာပါ”
ရှန်းလီသည် ချန်းသရှန်းကို ရှေ့သို့ တွန်းလိုက်လေသည်။
ရွှီဝမ်ချင်းက ပြန်ပြောပြနေသည့် စကားကြောင့် ဘဝင်ခိုက်သွားပြီး ဘေးမှနေ၍ စိတ်အားထက်သန်စွာ ထောက်ခံရင်း ဆရာရှန်း၏ တုတ်သိုင်းပညာ ကျွမ်းကျင်မှုက လျို့ဝှက်ဆန်းကျယ်မှုအပြင် တခြားမဟုတ်ကြောင့် လေးစားအားကျကာ ပြန်ပြောလေသည်။ ကံအားလျော်စွာ သူသည် အစိုးရအရာရှိတစ်ယောက်ကို စကားပြောနေရသည်ကို သတိထားမိသဖြင့် သူက ထပ်ပြီး ချဲ့ကားပြောရန် ချုပ်တီးထားလိုက်ပြီး မြှားပစ်စွမ်းရည်၊ ဓားသိုင်းစွမ်းရည်အကြောင်းကို မပြောလိုက်တော့ချေ။
ယောက်ျားမသည် သောက်ရန် စားပွဲတွင် ဝိုင်းလာကြချိန်တွင်တော့ လေထုက အမြဲတမ်း တက်ကြွနေ၏။ အထူးသဖြင့် ချွေ့ချီချန်း၏ သည်နေ့ သည်နေရာသို့ လာရသည့် အဓိကရည်ရွယ်ချက်က ပြီးမြောက်သွားခဲ့လေသည်။ အကောင်းစား ယမကာနှင့် အရသာရှိလှသည့် အစားအသောက်များ ရှိနေသဖြင့် စိတ်အခြေအနေက ပိုလို့ပင် ပျော်ရွှင်လာ၏။ စန်းလော့နှင့် တခြားသူများက သူတို့အစားအသောက်များကို စားသောက်ပြီးသွားသည့်အချိန်တွင် သည်ဘက်က ယောက်ျားများကတော့ သူတို့စားသောက်ပွဲထဲတွင် နှစ်မြောနေဆဲပင်။
ချွေ့ချီချန်းသည် စာသင်သား လမ်းကို လျှောက်ရန် ဦးစားပေးခဲ့သော်လည်း စစ်သားတစ်ပိုင်းဖြစ်ခဲ့သည်။ သူသည် ရှန်းလီနှင့် ချန်းသရှန်တို့လို သိုင်းပညာရှင်များနှင့် မယှဉ်နိုင်သော်လည်း သူသည် စုတ်တံတစ်ချောင်းနှင့် အရည်အချင်းရှိသည့် ယောက်ျားပင်။
သိုင်းပညာရှင်လေးယောက်က အတူတူ စုဝေးထိုင်နေကြသဖြင့် သရုပ်ခြင်းကလည်း မှတ်သားလောက်ဖွယ် နှုတ်မြိန်စာလိုဖြစ်လာသည်။ လူကိုးယောက်အတွက် ရည်ရွယ်ထားသည့် ဟင်းလျာအပြည့်နှင့် စားပွဲတစ်ခုသည် လုံးဝကို ပြောင်စင်သွားပြီး တစ်လုတ်စာလေးပင် မကျန်ချေ။ ချွေ့ချီချန်းမှာ သူ့ကိုယ်သူ ထိန်းထားဖို့ရန် နံရံကို မှီထားရင်း ပြန်သွားတော့သည်။ မြို့တံခါးက ခွေးအချိန်တွင် ပိတ်မည်မဟုတ်လျှင် ယုန်အအေးသားဟင်းလျာကို ကုန်စင်အောင် စားပြီး ယမကာအိုးထဲက နောက်ဆုံးတစ်စက်ကျန်သည်အထိပင် သူသည် ပြန်ဖို့ရန် တွန့်ဆုတ်နေမိလိမ့်မည်။
ဟုတ်ပါသည်။ သူသည် လက်ဗလာဖြင့် ပြန်သွားခဲ့ခြင်းမဟုတ်ပေ။ စန်းလော့က ဒါကို သေချာစီစဉ်ပေးလိုက်သည်။ သူမက သူ့အိတ်ထဲတွင် သယ်ပြန်ရန်တွင် သူမ၏ အရသာရှိလှသည့် ယုန်အအေးသား ဟင်းလျာကို အိုးငယ်လေးတစ်လုံးနှင့် ထည့်ပေးလိုက်သည်။
ရှန်းလီ၊ ချန်းသရှန်နှင့် ရွှီဝမ်ချင်းတို့သည် သူတို့ကို ရွာအထွက်လမ်း တစ်လမ်းလုံး လိုက်ပါပို့ဆောင်ပေးလိုက်ပြီး သူတို့သည် ရှီကျိုးမြို့သို့ ဦးတည်သွားသည့် တရားဝင်လမ်းမပေါ် ရောက်မှ ချွေ့ချီချန်းက သူတို့ကို တားလိုက်၏။
ချွေ့ချီချန်းက မြို့မှ ထွက်လာချိန်တွင် သူ့လက်ထဲက ခြင်းတစ်လုံး ပါလာခဲ့သည်။ ပြန်လာချိန်တွင် သူသည် မြေအိုးတစ်လုံး သယ်လာပြီး သူ့မျက်နှာက ဝမ်းသာမှုဖြင့် တောက်ပနေကာ စိတ်ကြည်နူးခဲ့သည့် အချိန်ရရှိခဲ့ကြောင်း ထင်ရှားနေသည်။
ချွေ့အိမ်တော်သို့ ပြန်ရောက်လာသည်တွင် သခင်မချွေ့က သူ့ကိုယ်ပေါ်က ယမကာနံ့ကို ခံစားမိလိုက်သည်။ သူမက ပြစ်တင်ပြောဆိုလိုက်၏။ “ဒီအရေးကြီး ပုဂ္ဂိုလ်က ဘယ်သူမလို့ ပြည်နယကျောင်း ဝင်ခွင့်ရတာကို ဂုဏ်ပြုလက်ဆောင်အနေနဲ့ အိမ်က စက္ကူနဲ့ မှင်တွေကို အလောတကြီး သွားပို့ပေးနေတာလဲ၊ ရှင့်မှာ ရှင့်ရဲ့ညစ်ပတ်နေတဲ့ အဝတ်အစားကိုတောင် လဲချိန်မရဘူးလား”
သိလိုစိတ်ဖြင့် သူမက မေးလိုက်၏။ “နောက်ပြီးတော့ ရှင် ဘာလို့ အရက်နံ့ထွက်နေတာလဲ၊ ဘယ်နေရာမှာ အရက်ရနိုင်သေးလို့လဲ၊ ရှင် လင်းမိသားစု၊ ဒါမှမဟုတ် ဝမ်မိသားစုဆီ သွားလည်လာတာလား”
ချွေ့ချီချန်းက တဟင်းဟင်းရယ်မောလိုက်ပြီး ပြန်ဖြေသည်။ “အဲဒီမိသားစုတွေ တစ်ခုမှမဟုတ်ဘူး၊ ငါ ရှန်းအိမ်ကို သွားလည်ခဲ့တာ_ ငါ ပြောဖူးတဲ့ အရမ်းကံကောင်းတဲ့မိသားစုလေ” ထို့နောက်တွင် သူသည် အိတ်ကို သူ့မိန်းမဆီ လှမ်းပေးလိုက်၏။ “ဒါက ရှန်းမိသားစုက အကောင်းစားလက်ဆောင်ပဲ၊ ဒီရာသီမှာ ဒါက ရက်အနည်းငယ်လောက် အထားခံတယ်တဲ့၊ မနက်ဖြန် နေ့လည်ခင်းကျရင် ဒါကို အဖေ၊ အမေနဲ့ ကလေးတွေနဲ့ အတူတူ မျှစားကြမယ်”
သခင်မချွေ့သည် ကံကောင်းသည့်မိသားစုဟု သူမယောက်ျား ပြောလိုက်ချိန်တွင် မည်သူ့ကို ရည်ညွှန်းမှန်း ချက်ချင်း သိလိုက်လေသည်။ နောက်ပိုင်းတွင် သူတို့သည် ဝမ်းသာပျော်ရွှင်ခဲ့ရသည်။ တောင်ပေါ်နေ ရွာသားတစ်ဖွဲ့က သူတို့ကိုယ်တိုင် ထွက်လာကြသည့်အပြင် သူတို့သည် တခြားသူများကိုလဲ ကူညီခေါ်ထုတ်လာပေးခဲ့ခြင်းကြောင့်ပင်။
သူမသည် မြေသားအိုးကို ထိန်းထားပေးသည့် ရက်လုပ်ထားသည့် အိတ်ကို လေ့လာကြည့်လိုက်၏။ ဒါသည် ကျေးလက်တွင် သုံးနေကျ ပစ္စည်းမျိုးဖြစ်သည်။ သူမက တော်တော်လေး စိတ်လှုပ်ရှားသွားတော့သည်။ “ဒါက ပြည်နယ်ကျောင်းဝင်ခွင့် အောင်သွားပြီး ရှင့်ကို ကူညီပြီး တခြားလူတွေကို ခေါ်လာပေးခဲ့တဲ့ ရွာသားတွေထဲက တစ်ယောက်လား၊ ရွာသားတွေကြားမှာ စာတတ်တဲ့ မိသားစုတွေ ရှိလား”
ချွေ့ချီချန်းက သူ့မိန်းမကို လှမ်းကြည့်လိုက်ပြီး တဟားဟား ရယ်မောလိုက်၏။ “ငါ ဒီတစ်ခါ အကဲဖြတ်တာ မှားသွားခဲ့တယ်၊ ဒါက သာမန်ရွာသားမဟုတ်ဘူးကွ”
သခင်မချွေ့က ထပ်ပြီး မေးမြန်မည်ပြင်လိုက်သော်လည်း ချွေ့ချီချန်းက ချဲ့ကား ပြောမနေတော့ဘဲ သူက မရင်းနှီးလှသည့် ယမကာကိုသာ တစိမ့်စိမ့်ပြန်စဉ်းစားရင်း သူ့ထူးခြားမှုကို စိတ်ဝင်စားနေတော့သည်။ ရှန်းလီက အိုးငယ်လေးတစ်လုံးသာ ရှိသည်ဟု ပြောခဲ့သည်။ သည်တော့ ဒါက မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ သူက ဒီအကြောင်းကို ထပ်ပြီး ထုတ်ပြောလိမ့်မည်မဟုတ်ချေ။
လီချီ(တို့ဖူး)ကတော့ ကျန်းမိသားစုက မလွဲမသွေ ပါဝင်ပတ်သက်နေသည်။ ထို့ကြောင့် ချွေ့ချီချန်းသည် ထိုအကြောင်းကိုလဲ ထုတ်မပြောဖို့ ဉာဏ်ရှိရှိ ဆုံးဖြတ်လိုက်တော့သည်။
ရွှီဝမ်ချင်းပြောသည့် ဝဥကို နည်းပညာဖြင့် စိုက်ပျိုးနိုင်သည်ဆိုတာကတော့.... ချွေ့ချီချန်းသည် သူ့အစေခံ လှမ်းပေးလာသည့် ပဝါနွေးနေးလေးကို ယူလိုက်ပြီး သူ့မျက်နှာပေါ်တွင် ခဏလောက် အုပ်ထားလိုက်ပြီး အနွေးဓာတ်ကို ခံစားလိုက်ပြီးနောက် ပဝါကို ဖယ်လိုက်ကာ သူ့လက်များကို သုတ်ရင်း ရယ်မောနေလေသည်။ သူသည် ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် နောက်ထပ် အကျိုးဆောင်မှုတစ်ခုကို တည်ဆောက်နိုင်တော့မည်။
ဟုတ်ပါသည်။ သူသည် သည်အကျိုးဆောင်ခကို မမက်မောချေ။ ဒါသည် မှတ်တမ်းအရာရှိတစ်ယောက်အဖြစ် သူ့လုပ်ပိုင်ခွင့်အောက်တွင် ရှိနေသည့်အရာလဲမဟုတ်စသလို ပြည်နယ်အုပ်ချုပ်ရေးမှူးကို တိုက်ရိုက်တင်ပြနိုင်သည်လည်း မဟုတ်ချေ။ သို့သော်လည်း ထိုအကြောင်းကို လက်ထောက်အုပ်ချုပ်ရေးမှုးကို ပြောပြလိုက်ခြင်းက ပြည်နယ်အုပ်ချုပ်မှူးနှင့် လက်ထောက်အုပ်ချုပ်ရေးမှူးတို့ နှစ်ယောက်လုံးထံမှ သေချာပေါက် သဘောကျခြင်းခံရလိမ့်မည်။
ရှီကျိုးသည် တော်ထူထပ်ပြီးး သည်လိုမြေအနေအထားတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်သည့် မည်သည့်သီးနှံမဆို အထွက်ကောင်းပြီး၊ သိုလှောင်နိုင်သည့် သက်တမ်းရှည်ကာ ချက်ပြုတ်စားသောက်ရန်နှင့် အခြေခံအစားအသောက်တွင် အမျိုးမျိုးသုံးနိုင်ခြင်းက လက်ထောက်အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးတို့ကိုထံမှ ကြီးမားသည့်အာရုံစိုက်မှုကို ရရှိလိမ့်မည်က သဘာဝပင်။ အထူးသဖြင့် ဒါကို အောင်မြင်ခဲ့သူမှာ ထိုနေ့ နေ့လည်ခင်းက ပြည်နယ်အုပ်ချုပ်ရေးမှူး စုံးစမ်းခိုင်းထားသည့် သရှင်းရွာက လူဖြစ်နေခြင်းပင်။
ချွေ့ချီချန်းက ရှန်းမိသားစုအတွက် လက်ဆောင်တစ်ခုကို အဆောတလျင် ပြင်ဆင်ခဲ့ပါသနည်း။ သူ ပြောခဲ့သလို လူဦးရေးပြဿနာကို စိုးရိမ်ခြင်းကြောင့် သက်သက်မဟုတ်ချေ။ ရှန်းညီအစ်ကို၏ ပြည်နယ်ကျောင်းဝင်ခွင့်နှင့် ပတ်သက်ပြီး စုံစမ်းရန် လက်ထောက်အုပ်ချုပ်ရေးမှူးကို အထူးတလည် သွားရောက်တွေ့ဆုံးခဲ့ခြင်းလည်း မဟုတ်ပေ။ ပြည်နယ်ရုံးတော်မှ ပြန်ရောက်လာပြီး စီရင်စုမြို့အသီးသီးက ကပ်ဘေးဒုက္ခသည်များကို နေရာချထားရေးကိစ္စကို ပြည်နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြလိုက်ပြီးနောက် ပြည်နယ်အုပ်ချုပ်ရေးမှူးက သရှင်းရွာအကြောင်း သည်အတိုင်း မေးမြန်းခဲ့လေသည်။ သရှင်းရွာက လူတော်တော်များများက ပြည်နယ်ကျောင်းသို့ ဝင်ခွင့်ရခဲ့သည့်အကြောင်း လက်ထောက်အုပ်ချုပ်ရေးမှူးထံမှ ကြားခဲ့ရချိန်တွင် သူက စာရင်းကို တောင်းခဲ့ပြီး ရှန်းလီတို့ ညီအစ်ကိုနှစ်ယောက်စလုံး စာမေးပွဲ အောင်ခဲ့သည်ကို တွေ့ခဲ့ရသည်။
ရှန်းလီ၏နာမည်သည် ချွေ့ချီချန်း၏မျက်လုံးထဲတွင် ပေါ်လာခဲ့သည်။ နိမ့်ချတတ်သည့် တောင်ပေါ်တွင်နေထိုင်သူ တစ်ယောက်ဖြစ်သည်ကအစ သိုင်းပညာကျွမ်းကျင်ပြီး လုပ်ရည်ကိုင်ရည်ရှိသည့် ရွာသားတစ်ယောက်၊ စာပေတတ်မြောက်ပြီး သိုင်းပညာကျွမ်းကျင်သည့် ရွာသားတစ်ယောက်၊ နောက်ဆုံး ပြည်နယ်အုပ်ချုပ်ရေးမှူး၏ အာရုံကို ဆွဲဆောင်ထားခဲ့သူဖြစ်ပြီး တစ်နေ့တွင် ရုံးတော်ထဲ၌ အရာရှိနေရာတစ်ခုကို လက်ကိုင်ထားနိုင်လောက်သေည်။
သည်အဆင့်များကို တူညီသည်ဟု မှတ်ယူနိုင်ပါမည်လား။
ဒါကြောင့်ပင် ချွေ့ချီချန်းသည် အိမ်သို့ အမြန်ပြန်လာကာ လက်ဆောင်တစ်ခု ပြင်ဆင်လိုက်ပြီး ဂုဏ်ပြုလက်ဆောင်အဖြစ် စက္ကူနှင့် မှင်များကို ခြင်းတစ်လုံးထဲ ထည့်ပြီး ရှန်းမိသားစုကို ပေးလိုက်ခြင်းပင်။
အခုတော့ အခြေအနေများက ပိုလို့ပင် ကွာခြားလာခဲ့သည်။ တခြားအရာအားလုံးကလွဲလျှင် ရှန်းမိသားစုသည် အခုတော့ နားလည်ရန်ခက်ခဲ့သည့် နောက်ကြောင်းတစ်ခု ရှိနေပြီး မူလဇစ်မြစ်က အထက်လွှာမှ ဖြစ်နိုင်ခြေရှိနေသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူးက သရှင်းရွာကို အရေးပေးသည့် သဘောထားရှိသည်ကို ထောက်ချင့်လျှင် ရွာနှင့် ရှန်းလီကို အဘယ်ကြောင့် အရေးမပေးနိုင်ရပါမည်နည်း။ အုပ်ချုပ်ရေးတွင် အသက်မွေးဝမ်းကြောင်း အလုပ်ရရင် ရည်ရွယ်ချက်ကြီးမားသူများအတွက် ပြည်နယ်အုပ်ချုပ်ရေးမှူး တစ်ယောက်၏ အာရုံစိုက်ခြင်းနှင့် အထောက်အပံ့ထားရခြင်းထက် ပိုကောင်းတာ ဘာရှိအုံးပါမည်နည်း။
...