အခန်း (၂၂၇-၂၂၈)
Vol. 23 Ch. 227-228
အပိုင်း (၂၂၇) ဆိတ်ခြံဆောက်ခြင်း
ချန်းမိသားစုနှင့် လုပ်ငန်းလက်တွဲခြင်းက စန်းလော့ မကြာသေးခင်က စဉ်းစားထားခဲ့သည့် ကိစ္စဖြစ်သည်။ သို့သော်လည်း ချန်းသရှန်က အရင်ဆုံး လက်ဦးမှုယူကာ အဆိုပြုခဲ့ပြီး ချန်းအဘွားကလည်း သူမ၏အကြံဉာဏ်ကို လာရောက်တောင်းခံသည့်အတွက် သူမက သူမ၏စိတ်ကူးများကို ပိုစောပြီး ထုတ်ပြောရန် ဆုံးဖြတ်လိုက်တော့သည်။
စန်းလော့၏ ခွန်အားသုံးရသည့် တို့ဖူးလုပ်ငန်းကို ကိုယ်တိုင် မျက်မြင်တွေ့ထားသဖြင့် ဝဥ၊ ပဲစိမ်းတို့နှင့် လုပ်သည့် အစားအသောက်ကလည်း လွယ်ကူလိမ့်မည်မဟုတ်မှန်း ရှန်းလီ သိလိုက်သည်။ ထို့ကြောင့် သူက သည်လက်တွဲလုပ်ငန်းကို စိတ်ရင်းဖြင့် ထောက်ခံလေသည်။
သူတို့သည် ရိတ်သိမ်းပြီးနောက်ပိုင်း လုပ်ငန်းအတွက် ဝဥနှင့် ပဲစိမ်း ပမာဏအများကြီး လိုအပ်လိမ့်မည်ကို သိနေသဖြင့် ရှန်းလီနှင့် ရှန်းအန်းတို့သည် အချိန်မဆွဲတော့ချေ။ သူတို့သည် တောင်ပေါ်သို့ မြန်မြန် ပြန်ရောက်လာကြပြီး မြေကို စတင်ရှင်းလင်း ကြတော့သည်။
...
ချွေ့ချီချန်းက အဆောတလျင်ရောက်လာပြီး ဆွေးနွေးညှိနှိုင်းထားသည့် အစီအစဉ်နှင့် ချိန်ခွင်များ၊ စပါးများ သယ်များလသည့် အရာရှိတစ်ဖွဲ့နှင့်အတူ ၂နာရီ မပြည့်ခင်မှာပင် သရှင်းရွာသို့ ပြန်ရောက်လာလေသည်။
ချွေ့ချီချန်းဖြစ်စေ၊ ပြည်နည်အုပ်ချုပ်ရေးမှူးဖြစ်စေ သည်တစ်ကြိမ်တွင် စိတ်မပျကကြချေ။ စပါးအလဲအလှယ်လုပ်မည့် တောင်းဆိုချက်က စပါးနှင့် ဝဥများကို အချိုးကျနှုန်းတစ်ခုဖြင့် လဲလှယ်ရဖြစ်သည်။
ဟုတ်ပါသည်။ စပါးများကို ဆန်ကြမ်းနှင့် အကောင်းစား အမျိုးအစားဟူ၍ ခွဲခြားသတ်မှတ်ထားသည်။ ပြည်နယ်အစိုးရက ဆန်ကြမ်း ၇ချိုးနှင့် ဆန်ချော၃ချိုး ပေးမည်ဟု ကမ်းလှမ်းသည်။
အမှန်အတိုင်းပြောရလျှင် ဆန်ချောရိက္ခာသည် စိတ်ကျေနပ်ဖွယ်ကောင်းပြီးသား အံ့ဩမှုတစ်ခုပင်။ စန်းလော့က အစောကြီးကတည်း ဂျုံကို လိုချင်လာခဲ့၏။ ထို့ကြောင့် သူမက အလဲအလှယ်အတွက် ဂျုံတစ်မျိုးမျိုး ရနိုင်မလားဟု ချက်ချင်း မေးကြည့်လိုက်သည်။
ချွေ့ချီချန်းသည် သူမ၏မေးခွန်းကြောင့် တအံ့တဩဖြစ်သွားသော်လည်း ခေါင်းညိတ်ပြလိုက်သေးသည်။ “အင်း၊ ရှိပါတယ်”
ဟုတ်ပါသည်။ အမှန်ပင် ရှိလေသည်။ ရှိကျိုးက မြို့စောင့်ရဲမက်များသည် မြောက်ပိုင်းသားများဖြစ်ပြီး စပါးနှင့် ဂျုံအခြေခံ အစားအသောက်များကို စားရသည်ကို အကျင့်ဖြစ်နေကြသည်။ လက်ရှိတွင် ရုံးတော်က အရာရှိများဖြစ်စေ မြို့စောင့်တပ်များဖြစ်စေ သူတို့ကို ငွေမပေးဘဲ အစားအသောက် ရိက္ခာများကိုသာ ထောက်ပံ့ပေးသည်။ သည်ရိက္ခာအများစုက ရှီကျိုး စပါးကျီမှ လာခြင်းမဟုတ်ဘဲ မင်းသားချီနှင့် သူ့ကို ထောက်ခံကြသည့် မိသားစုများက ထောက်ပံ့ပေးထားသည့် စစ်ရိက္ခာများဖြစ်လေသည်။
သို့သော်လည်း ချွေ့ချီချန်းသည် သည်ကိစ္စတွင် သူနှင့်အတူ ဂျုံကို မယူလာခဲ့ချေ။ ရှီကျိုး ပတ်ဝန်းကျင်တွင် အဓိကအားဖြင့် စပါးသည် အခြေခံအစားအသောက်ဖြစ်ကာ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများက မကြာခဏဆိုသလို ပဲနှင့်အစားထိုးကြသည်။ ဂျုံကို တိုက်ရိုက်တောင်းဆိုခြင်းကတော့ အမှန်ပင် ထူးခြားနေသည်။ လူအများစုကတော့ သူတို့သည် ဒါကို ရခဲ့လျှင်ပင် ဒါနှင့် ကောင်းမွန်သည့် ဟင်းလျာများကို ပြင်ဆင်နိုင်လိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် သူသည် တစ်စုံတစ်ယောက်က သည်ပစ္စည်းကို အထူးတလည် တောင်းဆိုလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သည်နေ့ သိလိုက်ရသည့် တုန်းစီရင်စုက လာသည့် စန်းမိသားစုဟူသည့်အချက်ကို ပြန်သုံးသပ်ကြည့်လိုက်တော့ အားလုံးက အဓိပ္ပါယ်ရှိနေသည်။
အရာရှိရွှီက ဆန်ချော ၃ချိုးပေးမည်ဟု ကတိပေးခဲ့သည်ကို စဉ်းစားမိလိုက်ပြီး စန်းလော့က ဂျုံကို ထိုအချိုးအတိုင်း တောင်းလိုက်၏။ ချွေ့ချီချန်းက လက်ခံပေးလိုက်ပြီး ပြောလိုက်သည်။ “ရပါတယ်၊ ကျွန်တော့်မှာ နည်းနည်းပါးပါး ရှိပါတယ်၊ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ မယူလာခဲ့ရဘူးူ၊ တကယ်လို့ မင်းက အဲဒါတွေကို လိုချင်တယ်ဆိုရင် နောက်ကျမှ မင်းအတွက် သခင်လေးရှန်းကို လိုက်ယူပေးဖို့ ပြောလိုက်ပါ့မယ်
စန်းလော့သည် ဝဥများကို ဂျုံဖြင့် လဲလှယ်နိုင်မည်ဟု ကြားလိုက်ရသည်နှင့် ဝမ်းသာသွားတော့သည်။ တွေဝေမနေဘဲ သူမက ချွေ့ချီချနးကို လူများအား ဦးဆောင်လာခိုင်းလိုက်ပြီး ဝဥများကို သယ်ရန် သူမ၏နေရာသို့ ခေါ်လာလိုက်သည်။ ပစ္စည်းလှောင်ထားသည့် တဲထဲသို့ ဝင်လာပြီး သူမက ဝဥအိတ် ၃၀-၄၀ခန့်ကို ချန်ထားလိုက်ပြီး ကျန်တာအားလုံးကို တခြားသူများကို သယ်ထုတ်သွားခွင့်ပေးလိုက်၏။
“ဝဥ သိုလှောင်တဲ့ နည်းလမ်းကို သေချာမှတ်ထားပါ၊ အိမ်ပြန်ရောက်သွားရင် အသင့်တော်ဆုံး တာရှည်ခံအောင် ထားနိုင်ဖို့ ဒါကို ပြန်အသုံးချရပါမယ်”
အရာရှိများသည် ဒါသည် ဝဥမျိုးများဖြစ်သည်ကို ကောင်းကာင်းသိထားကြပြီး သူတို့သည် ပစ္စည်းများကို သယ်ရင်း ကြိုတင်သတိထားရမည့်အရာများကို မေးကာ ဂရုတစိုက် ကိုင်တွယ်ကြသည်။ သူတို့သည် အားလုံးကို သယ်ထုတ်လာကြပြီး ပမာဏကို ချိန်ကြည့်လိုက်ပြီးနောက် စုစုပေါင်း ၄၈၅ပိဿာ ရှိလာသည်။
“မကြီး ညီမလေးတို့တွေ ဂျုံ၁၄၅ပိဿာခွဲနဲ့ ဆန်ကြမ်း ၃၃၉ပိဿာခွဲ လဲနိုင်တယ်”
ချွေ့ချီချန်း၏လူများက သူတို့၏ ဝါးချောင်းများနှင့် စမ်းတဝါးဝါး တွက်ချက်လို့ မပြီးသေးခင်မှာပင် ရှန်းနဉ်၏မျက်လုံးများက စိတ်လှုပ်ရှားကာဖြင့် ပတ်ဝန်းကျင်ကို ဒေါက်ထောက် ကြည့်ပြီးဖြစ်ကာ တွက်ချက်ထားသည့်ကို မြန်မြန်ကြေညာလိုက်လေသည်။
ချွေ့ချီချန်းသည် သူမကို တအံ့တဩဖြင့် ကြည့်လိုက်မိ၏။ ခဏကြာပြီးနောက် သူ့အရာရှိအဖွဲ့ထဲက အတွက်အချက် အကျွမ်းကျင်ဆုံးတစ်ယောက်လည်း ထိုရလာဒ်ကိုသာ ရရှိပြီး ချွေ့ချီချန်းကို ခေါင်းညိတ်ပြလိုက်သည်။
ချွေ့ချီချန်း: “....”
တုန်းစီရင်စု စန်းမိသားစုက ဘယ်လိုအရှိန်အဝါရှိတဲ့မိသားစုပါလိမ့်။ သူသည် သူတို့ကို တခါမှ မကြားခဲ့ဖူးချေ။ သူတို့သည် အထက်တန်းစား မျိုးရိုးကြီးမိသားစုတစ်ခုတော့ မဟုတ်နိုင်ပေ။ ဖြစ်နိုင်သည်က သူတို့သည် ရှီကျိုးက လင်းမိသားစုနှင့် ဝမ်မိသားစုတို့လို ဖြစ်လိမ့်မည်။ သို့သော် သည်ကောင်မလေး၏ အရည်အချင်းက နည်းနည်းပိုပြီး အလွန်မှ ထူးခြားဖွယ်ဖြစ်နေသည် မဟုတ်ပါလား။ အသက် ၁၀နှစ်ဝန်းကျင် မိန်းမငယ်လေးတစ်ယောက်က သည်လိုထူးချွန်သည့် ငွေကြေးစီမံခြင်း ပညာရပ်များ ပိုင်ဆိုင်ထားသည်တဲ့။
ချွေ့ချီချန်းသည် ဟွေ့နန် အပြင်ဘက် နေရာများအကြောင်း လုံးဝမသိလောက်ပင် ဖြစ်နေကြောင်း သိလိုက်ရတော့သည်။ ဟုတ်ပါသည်။ သူသည် သာမန်မိသားစု ဘယ်လောက်များများနှင့် ရင်းနှီးနိုင်ပါမည်နည်း။
ပြည်နယ်အုပ်ချုပ်ရေးမှူးက စန်းမျိုးနွယ်ကို ဇာတိမြေတူသဖြင့် သူ့မိန်းမနှင့် အမျိုးနီးပါးဖြစ်သည်ဟုပင် သတ်မှတ်ထားလေသည်။
ရှန်းနဉ်သည် ဂျုံရလာသည်နှင့် အရသာရှိသည့် အစားအသောက်အကြောင်း တွေးရင်း တစ်ယောက်တည်း အလုပ်များနေ၏။ သူမသည် အရာရှိချွေ့ကို မရည်ရွယ်ဘဲ နောက်တစ်ကြိမ် အထင်ကြီးသွားအောင် လုပ်ခဲ့သည်ဟု လုံးဝ မသိခဲ့ချေ။
စန်းလော့ ပြုံးလိုက်ပြီး ရှန်းနဉ်ဘက်သို့ လှည့်လိုက်ကာ ပြောလိုက်၏။ “ဒီနေ့ ရှောင်ထျယ်ကို ဆန်မုန့် လုပ်ကျွေးမယ်လို့ ကတိပေးထားတယ်၊ နင်ရော မနက်ဖြန် ဘာစားချင်လဲ”
ရှန်းနဉ်၏မျက်လုံးများက အပြုံးတစ်ခုအသွင် ကွေးတက်သွားပြီး “ညီမလေး ယောက်မကို ကူညီပေးမယ်လေ”
လူအုပ်ကြီးသာ ရှိမနေလျှင် သူမသည် သူမ၏ယောက်မလက်မောင်းကို ချွဲချွဲနွဲ့နွဲ့ တွဲခိုမိလိမ့်မည်။ သူမသည် အလိုက်ခံရကာ အချစ်ခံရသည့် ကလေးတစ်ယောက်အဖြစ် ပျိုးထောင်ခံခဲ့ရသည်ပင်။
သရှင်းရွာတွင် ရွှီမိသားစုကလည်း ရှန်းမိသားစုလိ ဂျုံကို တောင်းဆိုသည်။ သို့သော်လည်း ရွှီမိသားစုတွင် ရှန်းမိသားစုလို အစိုးရရုံးနှင့် အလဲအလှယ်လုပ်ရန် ဝဥအများကြီး မရှိချေ။ အိမ်ထောင်စု တော်တော်များသို့ သွားရောက်ခဲ့ပြီးနောက်တွင် လူများက အာဏာပိုင်များနှင့် ဝဥများကို ပိုပေးကာ မလဲလှယ်လိုခြင်းမဟုတ်ဘဲ သည်နှစ်တွင် အထွက်အများဆုံးမှာ ရှန်းမိသားစုတစ်ခုသာ ဖြစ်သည်ကို ချွေ့ချီချန်း သဘောပေါက်သွားတော့သည်။
သူသည် တအံ့တဩလည်းဖြစ်ရပြီး သညလို ထူးခြားသည့်မိသားစုတစ်ခုနှင့် မမျှော်လင့်ဘဲ ကြုံကြိုက်ရသည့်အတွက် ကံကောင်းသည်ဟု ခံစားမိလိုက်၏။
ဝူတင်းတတိယနှစ် လပြက္ခဒိန် ၁၂လပိုင်း လဝက်နောက်ပိုင်းတွင် ချန်းသရှန်နှင့် သူ့အဖွဲ့ ၅ယောက်သည် တောင်များကို မမောမပန်း ဖြတ်ကျောခဲ့ကြသည်။ တစ်ချိန်ထဲတွင် ရှန်းလီက ချန်းအဘိုးအပါဝင် ရွာမှာ လူကြီးများနှင့် ဓလေ့ထုံတမ်းအကြောင်း တိုင်ပင်ဆွေးနွေးလိုက်ပြီး မင်္ဂလာနေ့ရက်နှင့် အချိန်ကို ရွေးလိုက်ပြီးနောက် ရှန်းအန်းနှင့် ရှန်းကျင့်တို့ ညီအစ်ကိုသုံးယောက်ကို အဖော်ခေါ်ကာ ချီယန်စီရင်စုသို့ အပြန်ခရီး တစ်ခေါက် လုပ်ခဲ့လေသည်။ ရှန်းကျင့်တို့ ညီအစ်ကိုသုံးယောက်၏ ဆန္ဒများကို သေချာမေးမြန်းလိုက်ပြီး သူသည် ထျန်းယာ၏ အကြွင်းအကျန်ကို စီရင်စုမှ ရှီလီရွာသို့ ပြောင်းရွှေ့ပေးခဲ့ပြီး ထိုနေရာတွင် သူမကို လီမိသားစု၏ သင်္ချိုင်းဘေးတွင် ပြန်မြှုပ်ထားပေးလိုက်သည်။
ထို့နောက်တွင်တော့ သူသည် ဆယ်ကျော်သက်များနှင့်အတူ ရွာမှ ရွေးချယ်လာခဲ့သည့် လူငယ်နှင့် သန်မာသည့် ယောက်ျားတစ်ဖွဲ့ကို ဦးဆောင်လာခဲ့သည်။ သိုသိုသိပ်သိပ်နှင့် သူတို့သည် အတွင်းပိုင်းသို့ ပြန်သွားလိုက်ကာပြီး တောင်အတွင်းပိုင်းတွင် ချန်ထားခဲ့သည့် ပစ္စည်းများကို သွားယူလိုက်ကြသည်။ အထူးသဖြင့် လျှိုမြောင်အပေါ်ဘက်ဂူတွင် စပါးများကို သိုလှောင်ထားခဲ့သည့်အပြင် လျှိုမြောင်အောက်ခြေတွင်မိသားစုများ အတူတူ ပေါင်းမွေးထားသည့် ဆိတ်အကောင်၂၀ကျော် ရှိနေသည်။
လူအများကြီးက ရွာထဲမှ ထွက်လာခဲ့ကြသဖြင့် ဒါက ပုံမှန်ဆိုလျှင် တော်တော်လေး ထင်သာမြင်သာ ရှိသည်။ သို့သော်လည်း သည်အချိန်တွင် ရှဲ့ရှန်းစီရင်စု ပတ်ဝန်းကျင်က ရွာတိုင်းသည် သူတို့၏ ကိုယ်ပိုင် အသုံးပြုရန်အတွင် မြေများကို ရှင်းလင်းရင်း အလုပ်များနေသဖြင့် အပြင်ထွက်သည့်လူများက မရှိသလောက်ပင်။ ဘယ်သူမှ သတိမထားမိကြချေ။ ရှန်းမိသားစုအတွက် အလုပ်လုပ်ပေးနေကြသည့် ကျောက်ညီအစ်ကိုများပင် သည်ကိစ္စများကို အစပိုင်းက မသိကြချေ။ စန်းလော့က ဝဥစိုက်ပျိုးရန် ရည်ရွယ်ထားသည့် တောင်စောင်းမှ သစ်ပင်များနှင့် ချုံပင်များကို ရှင်းလင်းပြီးသွားသည်နှင့် သူတို့သည် ဆိတ်ခြံဆောက်ရန်အတွက် မြေရှင်းရန် နောက်ထပ်တောင်တစ်လုံးဆီသို့ နေရာရွှေ့လိုက်ကြသည်။ သည်နေရာအသစ်က တောင်ဘက်ကို မျက်နှာမူထားပြီး ရွာ၏ မျက်နှာချင်းဆိုင်ဘက်တွင် တည်ရှိကာ မြင်ကွင်း ကွယ်နေသည်။
၂ရက် ၃ရက်လောက် နေပြီးမှာ အခြေအနေကို ရိပ်မိလာခဲ့ပြီး ရှန်းလီနှင့် ချန်းသရှန်တို့လို လူများသည် တောင်ပေါ်များတွင် ပျောက်နေသည့်လူများကို ရှာဖွေရန် အာဏာပိုင်များကို ကူညီပေးနေကြမှန်း သိလိုက်ရ၏။ သူတို့သည် သည်ထက်ပိုပြီး မတွေးမိကြချေ။
သို့တိုင် ညီအစ်ကိုနှစ်ယောက်သည် သူတို့၏အလုပ်ကို ဆက်လုပ်လာရင်း ပိုပိုပြီး ဇဝေဇဝါဖြစ်လာကြသည်။ အထူးသဖြင့် စန်းလော့က သူမကိုယ်တိုင် ပေါက်ပြားကိုင် အုတ်မြစ်ချမည့်နေရာကို မှတ်သားနေချိန်တွင်တော့ ကျောက်စစ်လန်သည် မမေးဘဲ မနေနိုင်တော့ချေ။ “သခင်မစန်း မင်းတို့မိသားစုမှာ တောင်ပေါ်မှာ ဆိတ်ခြံတစ်ခု ရှိတယ်မလား၊ ဘာလို့ နောက်တစ်ခု ထပ်ဆောက်တာလဲ”
ဟုတ်ပါသည်။ ဆိတ်ခြံအတွက် မြေနေရာက ကျယ်ဝန်းလှပြီး မြေဧကတစ်ဝက်ကျော်လောက် နေရာယူထားသည်။
ရှန်းမိသားစုအတွက် အလုပ်လုပ်ပေးရင်း သစ်ပင်ခုတ်ခြင်း၊ ပေါင်းရှင်းခြင်း စသည့် သူတို့၏နေ့စဉ်တာဝန်များ လုပ်နေသည့်အတောအတွင်းမှာပင် သူတို့သည် ဆိတ်များ ကြိုက်တတ်သည့် မြက် သို့မဟုတ် သစ်ရွက်များကို ပုံမှန် စုဆောင်းပေးတတ်ပြီး ဆိတ်ခြံဆီသို့ သွားပို့ပေးတတ်သည်။ ထို့ကြောင့် ကျောက်ညီအစ်ကိုသည် ရှန်းမိသားစု၏ ဆိတ်အရေအတွက်ကို ကောင်းကောင်း သိလေသည်။
“ငါးကောင်ရှိတယ်လေ” စန်းလော့က စကားပြောရင်း ရက်အနည်းငယ်အတွင်း သူတို့ အုတ်မြစ်တူးမည့်နေရာကို အမှတ်အသား လုပ်လိုက်သည်။
“ဒါပေမဲ့ သိပ်မကြာခင် ပိုများလာလိမ့်မယ်၊ ကျွန်မ ရှန်းလီကို တောင်ထဲသွားခိုင်းပြီး ဆိတ်တွေကို ထပ်ပြီး အမဲလိုက်ခိုင်းထားတယ်လေ”
သူတို့မိသားစုတွင် လျှိုမြောင်ထဲ၌ ရှိနေသေးသည့် ဆိတ်ခြောက်ကောင် ရှိနေပြီး ထိုဆိတ်များသည် ကြီးထွားရန်အတွက် အစားအသောက်ရင်းမြစ်တစ်ခု လိုအပ်သည်။ လာမည့်နွေဦးတွင် နောက်ထပ်အသစ် ရှိလာဦးမည့်အလားအလာရှိသည်တွင် နောက်နှစ်တွင် အနည်းဆုံး ဆိတ် ၁၆ကောင် ၁၇ကောင်လောက် ရှိလာလိမ့်မည်။
ကျိုးမိသားစုတွင်လည်း ပြီးခဲ့နှစ် အနည်းငယ်က တခြားရွာမှ အလဲအလှယ်လုပ်ထားခဲ့သည့် ဆိတ်နှစ်ကောင်ရှိသည်။ သူတို့သည် ရှန်းလီနှင့် သူ့အဖွဲ့၏ အရည်အချင်းများကို ကောင်းကောင်းသိထားသဖြင့် သူတို့က ဒါကို ထူးဆန်းသည်ဟု မမြင်ချေ။ သို့သော်လည်း ကျောက်စစ်လန်ကတော့ နားမလည်နိုင်ဖြစ်ရသည်။ “အဲဒါကို တောင်ခြေမှာ မွေးတာ ပိုမကောင်းဘူးလား၊ လိုအပ်တယ်ဆိုရင် ကျွန်တော်တို့တွေ ခြံထပ်ဆောက်ပေးလို့ရပါတယ်၊ ဒီမြေဧကကို ကောက်ပဲသီးနှံ စိုက်လို့ရတယ်လေ”
စန်းလော့က ပြန်ဖြေလိုက်၏။ ဆိတ်က နည်းနည်းပဲဆိုရင်တော့ အဆင်ပြေပါတယ်၊ ဒါပေမဲ့ အများကြီးဖြစ်လာရင်တော့ နွေရာသီရောက်လာတဲ့အခါ အိမ်နဲ့ နီးနေရင် မကောင်းတော့ဘူးလေ၊ နောက်ပြီး ဆိတ်တွေကို ခြံထဲမှာပဲ အမြဲတမ်းထားရင် နေမကောင်းဖြစ်လွယ်တယ်၊ ကျွန်မတို့မှာ သူတို့ကို ဆိတ်ကျောင်းဖို့ အချိန်အများကြီး မရှိဘူးဆိုတော့ တောင်ပေါ်မှာ သီးသန့်ဆိတ်ခြံတစ်ခု ဆောက်ထားလိုက်တာက ပိုပြီး အဆင်ပြေလိမ့်မယ်၊ နောက်ပြီး ဆိတ်တွေအတွက်လည်း ပိုပြီး နေထိုင်လို့ သက်တောင့်သက်သာ ဖြစ်တာပေါ့”
သူမက သူမ၏အလုပ်ကို ခဏရပ်ထားလိုက်ပြီး သူမ၏အင်္ကျီလက်ထဲက ခေါက်ထားသည့် စာရွက်နှစ်ခုကို ထုတ်ကာ ဖြန့်လိကပြီး ကျောက်စစ်လန်ကို လှမ်းပေးလိုက်လေသည်။ “ဦးလေးကျောက်သလန်နဲ့ ဦးလေးကျောက်စစ်လန်၊ ဦးလေးတို့ တစ်ချက် လာကြည့်ပေးပါဦး၊ ဒါက ဆိတ်ခြံဆောက်ဖို့ ကျွန်မ စဉ်းစားထားတဲ့ပုံစံပဲ”
သူမသည် သူမ၏လက်ဖြစ်စက္ကူကို ပြသဖို့ရန် လုံလောက်သည့် ယုံကြည်ချက်မရှိချေ။ ထို့ကြောင့် သူမက ဝမ်မိသားစုနှင့် ချွေ့မိသားစုမှ ပေးထားသည့် စာရွက်ကိုသာ သုံးလိုက်ရသည်. ကျောက်စစ်လန်က စာရွက်ကို လက်ခံလိုက်ရချိန်တွင် သူသည် ငုံ့ကြည့်လိုက်ပြီး အေးခဲသွားတော့သည်။
ထိုနေ့က ပြညနယ်အုပ်ချုပ်ရေးမှူးနှင့် စန်းလော့တို့ စကားဝိုင်းကို ကြားလိုက်ရပြီးနောက် သူမသည် ထူးခြားသည့် မိသားစုနောက်ခံတစ်ခုမှ လာခဲ့သည်ကို ညီအစ်ကိုနှစ်ယောက်က သိလိုက်ကြသည်။ သို့သောလည်း ဆွဲထားသည့်ပုံကအလွန်မှ အသက်ဝင်နေပြီး... သူ့ဘဝတွင် စုတ်တံနှင့် စာရွက်ကို တခါမှ မကိုင်ခဲ့ဖူးသူတစ်ယောက် အနေဖြင့် သူသည် သည်လိုအရည်အချင်းကို စိတ်မကူးကြည့်နိုင်ခဲ့ချေ။
ကျောက်သလန်က သူ့နံပါတ်(၄)ညီနားသို့ ကပ်သွားလိုက်၏။ သူသည် ပထမပုံကို မြင်လိုက်ရသည်နှင့်ချက်ချင်း တအံ့တဩ ထုတ်ပြောမိလေသည်။
“ဒါက သက်တောင့်သက်သာ မဟုတ်တော့ဘူးလေ၊ အရမ်းကို ဇိမ်ကျတဲ့ပုံဖြစ်နေပြီ”
ကျောက်စစ်လန်၏လက်ထဲက ပထမပုံသည် ခြံဖွဲ့စည်းပုံတစ်ခုလုံးကို ခြုံငုံပြီး ဖော်ပြထားသည်။ အခုမှသာ် စန်းလော့က သူ့ကို အနီးနားက တောင်ပေါ်မှ ရင့်မာပြီးသားရောာ တစ်ဝက်ရင့်မာပြီးသား သစ်ပင်အားလုံးကို ခုတ်လဲခိုင်းပြီး ထိုအရာများက အသုံးဝင်လာလိမ့်မည်ဟု ပြောရသည့် အကြောင်းအရင်းကို နားလည်သွားတော့သည်။ အမှန်ပင် ထိုအရာများကို ကောင်းကောင်းအသုံးချ ရလိမ့်မည်။
ဆိတ်ခြံလေးခုက နေရာအများကြီး ယူထားပုံမထင်ရသော်လည်း နောက်ထပ် ကြက်ခြံနှင့် ယုန်ခြံများကို ထည့်ပေါင်းလိုက်လျှင် သစ်အများအပြား လိုအပ်လာလိမ့်မည် မဟုတ်ပါလား။
စန်းလော့က ဆိတ်များ ကြိုက်တတသည့် သစ်ပင်များနှင့် ချုံပင်များကို အမှတ်အသားပြုကာ မခုတ်ရသည့် အကြောင်းအရင်းကို ယခုအချိန်မှသာ သဘောပေါက်သွားတော့သည်။ ဆိတ်ခြံတစ်ခုလုံးကို သစ်ပင်များနှင့် ဝန်းရံထားလိမ့်မည်။ ဆိတ်များ မကြိုက်တတ်သည့် ချုံများကို ဖယ်ရှားလိုက်ပြီး တောင်ပေါ်တွင် သစ်များရှိနေခြငးက လုံလောက်သည့် သိပ်သည်းမှုကို ပေးနိုင်လိမ့်မည်တော့ မဟုတ်ချေ။ သို့သော်လည်း ပုံထဲတွင် နေရာခြားထားပုက တော်တော်လေး မျှတမှုရှိလေသည်။
သူတို့၏မြေအလယ်တွင် နေရာအပိုကို ဆိတ်ခြံအတွက် နေရာချထားပြီး ဆိတ်များ ကြိုက်တတ်သည့် အရွက်များရှိသည့် ပိုးစာပင်၊ တည်သီးပင်နှင့် တန်းဆီပင်များနှင့် ဝန်းရံထားမည်။ သည်အပင်များကို ထိုနေရာသို့ ပြောင်းရွှေ့စိုက်ပျိုးရန် ရည်ရွယ်ထားသည်ဟု ခန့်မှန်းရသည်။
သစ်ပင်များကြားတွင် ဆိတ်များ ခုန်မထွက်နိုင်ရန်နှင့် အနီးနားက တောရိုင်းသတ္တဝါများကို တားဆီးရန် ဝါး သို့မဟုတ် သစ်နုများဖြင့် ပြုလုပ်ထားသည့် အလျားလိုက်အတားအဆီးများကို ပုံထဲတွင် ဖော်ပြထားသည်။ သို့သော်လည်း သည်နေရာက အစွန်ပိုင်းနှင့် ပိုနီးပြီး တောင်စောင်းက အနည်းငယ် ပိုပြေကာ တောရိုင်းတိရစ္ဆာန်များကလည်း မရှိသလောက်ပင်။ သည်နှစ်တွင် မြို့စောင့်ရဲမက်များနှင့် ရွာသားများ၏ အမဲလိုက်ခြင်းကြောင့် ရစ်ငှက်များနှင့် ယုန်များပင် ရှားပါးသွားပြီဖြစ်ရာ တခြားတောရိုင်းများကတော့ ထည့်ပြောရန်ပင် မလိုတော့ချေ။
တစ်ဧကနီးပါးမြေထဲတွင် သစ်ပင်များနှင့် သစ်သားစည်းရိုးများ၊ စည်းရိုများရှေ့တွင် စိုက်ပျိုးထားသည့် ဆိတ်များ ကြိုက်တတ်သည့် ချုံပင်များက သဘာဝအတားအဆီးတစ်ခု ဖြစ်နေသည်။ ဆိတ်ခြံလေးခုတွင် ကွင်းပြင်၏ ဆယ်ပုံ ခုနှစ်ပုံနီးပါးသည် လမ်းများ၊ မြက်ခင်းများနှင့် ဆိတ်များ စားကျက်နှင့် သွားလာနိုင်ရန် လုပ်ထားပေးသည့် ချုံများနှင့် ပြည့်နေသည်။
နောက်တစ်မျက်နှာကို လှန်ကြည့်လိုက်သည်တွင် ဆိတ်ခြံကို ရှုထောင့်အမျိုးမျိုးမှ ဆွဲထားသည့် အတွင်း၊ အပြင်ပုံစံတစ်ခု၏ ပုံဖြစ်နေသည်။ မြေကြီးပေါ်မှ အမြင့်တစ်ခုခြားထားပြီး အဆောက်အအုံကို ပျဉ်ပြားများဖြင့် ကြမ်းခင်းကြားတွင် ဟထားပြီး တည်ဆောက်ထားသည်။ သည်အဟများကို စာရွက်၏နောက်ကျောဖက်က အသေးစိတ်ဆွဲသားချက်များမှ ဖြည့်ကြည့်နိုင်လေသည်။ ဆိတ်ခြံများသည် အတွင်းဖက်တွင် ထူးထူးခြားခြား သန့်ရှင်း သပ်ရပ်နေပုံပေါ်လေသည်။
ညီအစ်ကိုနှစ်ယောက်လုံးသည် အရင်က သည်လိုဆိတ်ခြံမျိုးကို လုံးမမြင်ခဲ့ဖူးကြချေ။
ကျောက်စစ်လန်က ရည်ရွယ်ချက်ကို မေးမြန်းလိုက်ပြီး စန်းလော့က အကြမ်းဖျဉ်းရှင်းပြလိုက်၏။ ဆိတ်များကို အထီး၊ အမ ခွဲပြီး မွေးခြင်းက ရောဂါများကို တားဆီးပေးနိင်ပြီး၊ နေမကောင်းဖြစ်နေသည့် ဆိတ်များကို သူတို့၏ကိုယ်ပိုင်ခြံလေးထဲတွင် သီးသန့်ထားနိုင်ကာ ကြမ်းခင်းကို မြင့်ထားသဖြင့် ဆိတ်ခြံကို ခြောက်သွေ့ပြီး နွေးထွေးစေနိုင်သည်။ ပျဉ်ပြားများကို ဟထားရခြင်းက အလွယ်တကူ သန့်ရှင်းရေးလုပ်ရန်အတွက်နှင့် ဆိတ်မစင်များကို စုဆောင်းက လွယ်ကူစေရန် ဖြစ်သည်။
သူမကို ထိုအရာအားလုံး ဘယ်လို သိပါသနည်းဟု မမေးလေနှင့်။ - တောင်သူတစ်ယောက်အနေဖြင့် အွန်လိုင်းပေါ်တွင် ဆိတ်မစင် မြေဩဇာကို မဝယ်ဖူးသူ အဘယ်မှာ ရှိပါမည်နည်း။ သူမသည် အင်တာနက်ပေါ်တွင် နှံ့နှံ့စပ်စပ် ရှာဖွေ ကြည့်ရှုခဲ့ပြီး သူမ၏ အသင့်တင့်သော ဆိတ်ခြံလေးကို လုပ်ခဲ့ဖူးသည့်အပြင် သူသည် တောင်ပေါ်တွင် ဆိတ်များမွေးမြူသည့် အတွေ့အကြုံ နှစ်အနည်းငယ် ရှိခဲ့ကာ သူမကို သည်လက်တွေ့ကိစ္စများတွင် သုံးသပ်လာနိုင်စေပြီး ပြန်အသုံးချနိုင်စေခဲ့ခြင်းပင်။
သူတို့သည် ဆိတ်ခြံအကြောင်း တိုင်ပင်နေစဉ် ရှောင်ယာက တောင်ကုန်းပေါ်သို့ ပြေးတက်လာသည်။ “အစ်မ အားလော့၊ ပြည်နယ်အုပ်ချုပ်ရေးမှူး အိမ်တော်က လူတွေ ရောက်နေတယ်။ အစ်မ အားနဉ်က အစ်မကို လာခေါ်ခိုင်းလိုက်လို့”
စန်းလော့သည် တအံ့တဩဖြစ်သွားပြီး ပြည်နယ်အုပ်ချုပ်ရေးမှူး၏ အိမ်တော်ကလူတစ်ယောက်က အဘယ်ကြောင့်များ သူမ၏အိမ်သို့ အလည်ရောက်လာသည်ကို နားမလည်နိုင်တော့ချေ။ အချိန်မဆွဲလိုသဖြင့် သူမက သူမ၏ပေါက်ပြားကို ချထားလိုက်ပြီး တောင်ပေါ်က မြန်မြန်ဆင်းသွားတော့သည်။
...
စန်းလော့သည် အိမ်သို့ အလောတကြီး ပြန်လာသည်တွင် ရုံးတော်ဝတ်စုံ ဝတ်ဆင်ထားသည့် လက်ထောက်တစ်ယောက်က သူမ၏အိမ်အပြင်ဘက်တွင် ရပ်နေကာ ရှန်းနဉ်က သူကို ဧည့်ခံပေးနေသည်ကို တွေ့လိုက်ရသည်။
သူမ၏မှတ်ဉာဏ်က ကောင်းမွန်လှသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး အလည်လာခဲ့စဉ်က နောက်မှလိုက်လာသည့် လူများထဲက တစ်ယောက်အနေဖြင့် လူငယ်လေးကို မှတ်မိသွားသည်။
လူငယ်လေးက လေးနက်သည့် အမူအရာတစ်ခုဖြင့် သစ်သားသေတ္တာတစ်လုံးကို ကိုင်ထားပြီး ကိုယ်ကိုမတ်ထားကာ ရပ်နေသည်။ အဝေးက စန်းလော့ကို မြင်လိုက်သည်တွင် သူက သူမ စကားမပြောရသေးခင်မှာပင် တလေးတစားဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်၏။
“သခင်မစန်း ကျွန်တော့်သခင်ကြီးက ကျွန်တော့်ကို သခင်မနဲ့ သခင်လေးရှန်းတို့ဆီ ပိုးထည်စာအုပ်လိပ်တွေ လာပို့ခိုင်းလိုက်လို့ပါ”
ထို့နောက်တွင် သူက သေတ္တာကို သူမထံ ပေးလိုက်လေသည်။
စန်းလော့သည် ပိုးထည်စာအုပ်ဟု ပြောလိုက်သည်တွင် အံ့သင့်သွားပြီး ပြည်နယ်အုပ်ချုပ်ရေးမှူး၏ အိမ်တော်က သူမ မိသားစုကို ဘာကြောင့် စာအုပ်များ ပို့ပေးလိုက်ပါသနည်းဟု စဉ်းစားလိုက်မိ၏။ သူမသည် သည်အကြောင်းနှင့်ပတ်သက်ပြီး ရှန်းလီ ပြောထားသည်ကို မကြားခဲ့ချေ။
“မေးကြည့်ပါရစေ၊ ဒါတွေက ဘယ်လို စာအုပ်အမျိုးအစားတွေလဲ ရှင်”
“ကျွန်တော့်သခင်ကြီး အခုတလော ဖတ်နေတဲ့ စာအုပ်တွေပါ၊ ကိုယ်ရေးထားတဲ့ မှတ်စု မှတ်ရာတွေလည်း ပါပါတယ်၊ သူက သခင်မတို့ လေ့လာလိုက်စားဖို့ လက်ရေးနဲ့ကူးထားတဲ့စာကို ပို့ပေးဖို့ အမိန့်ပေးထားပါ၊ သခင်မ”
စန်းလော့သည် လက်ထောက်ကို လှမ်းကြည့်လိုက်ပြီး သေတ္တာကို လှမ်းလိုက်ကာ အနားတွင် ရပ်နေသည့် ရှန်းနဉ်ကို ပြန်လွှဲပေးလိုက်သည်။ သူမက အဖုံးကို ဖွင့်ကြည့်လိုက်တော့ အထဲတွင် သပ်သပ်ရပ်ရပ် လိပ်ပြီးထည့်ထားသည့် စာလိပ် ၉ခုက ထွက်ပေါ်လာသည်။ ပထမတစ်ခုမှာ ‘မှတ်တမ်းများ၏ ရှင်းလင်းချက်စာအုပ် အတွဲ(၁)’ ထို့နောက်တွင် အတွဲ(၂)မှ အတွဲ(၉)အထိ အစဉ်လိုက်ပါလာသည်။
စန်းလော့၏အသက်ရှူသံမှာ မြန်ဆန်သွားတော့သည်။ သူမက ပထမစာလိပ်ကို ဖြည်လိုက်ပြီး နိဒါန်းကို အကြမ်းဖျဉ်း ဖတ်ကြည့်လိုက်၏။ သူမသည် မိတ်ဆက်နေရာတွင် ‘ထိုက်ယွမ်၏ကျန့်မိသားစု’ ဟူသည့်နာမည်ကို မြင်လိုက်ရချိန်တွင် သူမ၏နှလုံးသားမှာ စည်းချက်လွဲသွားတော့သည်။ သူမက လက်ထောက်ကို မော့ကြည့်လိုက်ပြီး “အတင့််ရဲပြီး မေးပါရစေ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ မျိုးရိုးနာမည်ကို သိလို့ရမလားရှင်”
လက်ထောက်က ပြန်ဖြေလိုက်၏။ “ကျွန်တော်တို့ သခင်ကြီးရဲ့ မျိုးရိုးနာမည်က ကျန့် ပါ”
စန်းလော့သည် ပိုးထည်စာလိပ်ကို မသိမသာ ဆုပ်ထားလိုက်မိပြီး “ဧကန္တက... ထန်ယွမ်မျိုးနွယ်များလား”
“အမှန်ပါပဲ”
စန်းလော့သည် အသက်တစ်ချက်လောက် ဆွဲရှူလိုက်ပြီး သူမ၏အိန္ဒြေကို ဖြည်းဖြည်းချင်း ပြန်ဆယ်ထားလိုက်၏။
သူမ၏ဘယ်အမြင်က ပြည်နယ်အုပ်ချုပ်ရေးမှူး၏ သဘောကျခြင်းကို ဖမ်းဆွဲမိစေခဲ့သည်ကို မသိသော်လည်း လက်ဆောင်က သူမနှင့် ရှန်းလီတို့ နှစ်ယောက်လုံးအတွက် ရည်ရွယ်သည်ဟု လက်ထောက် ပြောလိုက်သည့် စကားကို ကြားလိုက်သည်တွင် စန်းလော့သည် ဒါက ဝဥစိုက်ပျိုးရေးနည်းလမ်းနှင့် တစ်ခုခုတော့ ပတ်သက်နေလိမ့်မည်ဟု သုံးသပ်လိုက်မိသည်။
သူမက ဂုဏ်သရေရှိစွာ ဦးညွှတ်လိုက်ပြီး ပြောလိုက်၏။ “ပြည်နယ်အုပ်ချုပ်ရေးမှူးကို ကျေးဇူးတင်ကြောင်း ကျေးဇူးပြုပြီး စကားပါးပေးပါအုံးရှင်၊ ဒီလက်ဆောင်က အမှန်တကယ် အဖိုးထိုက်တန်လှပါတယ်”
လက်ထောက်က ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်ကာ လက်နှစ်ဖက်ယှက်ကြီး နှုတ်ဆက်လိုက်၏. “စာအုပ်ကို ပို့ပေးပြီးပြီးဆိုတော့ ကျွန်တော် သခင်ကြီးကို ပြန်ပြီး သတင်းပို့ရပါဦးမယ်၊ နှုတ်ဆက်ပါတယ်”
စန်းလော့သည် ခြေလှမ်းအနည်းငယ် လျှောက်ပြီး သူ့ကို လိုက်ပို့ပေးလိုက်သည်။ လက်ထောက်က ရပ်လိုက်ပြီး ပြောလိုက်၏။ “သခင်မ၊ ကျေးဇူးပြုပြီး နေခဲ့လို့ရပါတယ်”
သူက ထပ်ပြီး အရိုအသေပေးလိုက်ပြီးနောက် ခြေလှမ်းကျဲများဖြင့် သွက်သွက်လက်လက် ထွက်သွားလိုက်တော့သည်။
...
လက်ထောက် ပြန်သွားပြီးမှသာလျှင် ရှန်းနဉ်သည် သက်ပြင်းချလိုက်တော့သည်။ သူမက လက်ထဲကသေတ္တာနှင့် စန်းလော့ဆီသို့ လျှောက်သွားလိုက်၏။ သူမ၏ယောက်မက ထိုလူ၏ ထွက်သွားသည့် ပုံရိပ်ကို ငေးပြီးကြည့်နေသေးသည်ကို မြင်လိုက်ရသဖြင့် သူမက တိုးတိုးလေး ပြောလိုက်လေသည်။ “မကြီး ထိုက်ယွမ်က ထန်မိသားစုက အရမ်းအရှိန်အဝါ ကြီးတာလား”
စန်းလော့က ခေါင်းညိတ်ပြလိုက်ပြီး သူမ၏လက်ထဲက အနည်းငယ် ဖြန့်ထားသည့် ပိုးထည်စာလိပ်ကို ငေးကြည့်လိုက်လေသည်။ သူမက မသဲမကွဲ ရေရွတ်လိုက်၏။ “ထိုက်ယွမ်က ကျန့်မိသားစုက ‘မှတ်တမ်းချုပ် စာအုပ်’ အပေါ် သူတို့ရဲ့နှံ့စပ်ကျွမ်းကျင်မှုကြောင့် နာမည်ကြီးတယ်လေ၊ အစောပိုင်း မင်းဆက်တွေကတည်းက ကြီးမားတဲ့ဂုဏ်ဒြပ်ကို ပိုင်ဆိုင်လာခဲ့တာ၊ သူတို့ရဲ့ အထွတ်အထိပ်ကို ရောက်နေချိန်မှာ သူတို့မိသားစု၏ မျိုးဆက်သုံးခုက ဂုဏ်သတင်းကြီးမားတဲ့ နယ်စားရာထူးသုံးခုကို ကိုင်ဆောင်ထားတယ်”
အတွင်းခြံဝင်းထဲတွင်သာ နေတတ်သည့် အမျိုးသမီးလေး တစ်ယောက်ဖြစ်သည့် သူမ၏ မူလခန္ဓာကိုယ်သည် ရုံးတော်အရေးကို နားမလည်ချေ။ အထူးသဖြင့် အစောပိုင်း မင်းဆက်များက ထိုသူများကိုပင်။ သို့သော်လည်း သူမသည် ထိုက်ယွမ်က ကျန့်မိသားစုကိုတော့ အမှန်ပင် ကြားခဲ့ဖူးသည်။ သူမ၏အဖေနှင့် အစ်ကိုကြီးများက စာပေအကြောင်း ဆွေးနွေးနေခဲ့ကြစဉ် သူမက လက်ဖက်ရည်နှင့် မုန့်သွားပို့ရင်း ကြားခဲ့ခြင်းဖြစ်သည်
ထိုအချိန်က သူမ၏အဖေသည် သူ့သားများကို ကြိုးစားကြရန် အားပေးရာတွင် ကျန်မိသားစုကို ဥပမာထားပြီး စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို ထောက်ပြခဲ့သည်။ သူ ပြောခဲ့သည့် အထင်ကြီး လေးစားစရာကောင်းသည့် မျိုးနွယ်များထဲတွင ထိုက်ယွမ်က သည်ကျန့်မိသားစုက ထုံးစံအတိုင်း ပါဝင်သည်။ စန်းလော့သည် နိဒါကို ဖတ်လိုက်ချိန်တွင သူမ၏မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များကို ပေါ်ထွက်လာခဲ့သည်။
ရှီကျိုး၏ ပြည်နယ်အုပ်ချုပ်ရေးမှူးက သည်လိုထင်ရှားကြော်ကြားသည့် မျိုးရိုးမှ လာသူဟု ထင်မထားခဲ့သလို သည်လို ပိုးထည်စာလိပ် သေတ္တာတစ်လုံးကို လက်ဆောင်အဖြစ် လက်ခံရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
လက်ထောက် ပြောခဲ့သလိုပင် စာလိပ် (၉)ခုသည် အပြည့်အစုံတော့ မဖြစ်နိုင်ချေ။ ဒါသည် သည်သခင်ကြီးကျန့်တွင် တိုက်တိုက်ဆိုင်ဆိုင် ရှိနေခဲ့သည့် အတွဲအနည်းငယ်သာ ဖြစ်လိမ့်မည်။ မည်သို့ဆိုစေ လူအများစုက ပညာရေး ချို့တဲ့နေသည့် ခေတ်တစ်ခုတွင် စာအုပ်များကို အထက်တန်းစားမိသားစုများက အထူးတလည် ထိန်းသိမ်းထားတတ်ကြပြီး ကူးရေးထားသည့် လက်ရေးမူများကိုသာ လက်ဆင့်ကမ်း ကြသည်။ သာမန်ကျေးလက်နေသူ တစ်ယောက်အတွက်တော့ ‘မှတ်တမ်းချုပ် စာအုပ်’၏ ပွားထားသည့် စာအုပ်ကို ပိုင်ဆိုင်ရခြင်းက ခက်ခဲသည့်အရာ ဖြစ်နှင့်နေပြီးသားဖြစ်ရာ ကောက်နှုတ်ချက်နှင့် မှတ်စုမှတ်ရာများ ပါရှိသည့် စာအုပ်မျိုးဆိုလျှင်တော့ ပြောဖွယ်ပင်မရှိချေ။ ထို့အပြင် သည်စာလိပ်များကို ထိုက်ယွမ်က ကျန့်မိသားစုက လက်ဆောင်တစ်ခုအဖြစ် ပို့ပေးလိုက်ခြင်းဖြစ်သည်။
စန်းလော့သည် သူမလက်ထဲက ပိုးထည်၏ အလေးချိန်မှာ ခါတိုင်းထက် ပိုပြီးလေးလံနေသည်ဟု ခံစားလိုက်ရတော့သည်။
တာဝန်ကို ရှန်းနဉ်ထံ မပေးအပ်ရဲတော့ဘဲ သူမက ထိုစာလိပ်များကို ကိုယ်တိုင် ယူဝင်လာခဲ့လိုက်ပြီး အခန်းထဲတွင် သိမ်းဆည်းဖို့ လုံခြုံသည့်နေရာတစ်ခုကို ရှာဖွေလိုက်သည်။
သူတို့၏ မြေတဲအိမ်ထဲက မြေကြွက်များကို စဉ်းစားမိလိုက်ပြီး စန်းလော့သည် ပိုးထည်စာလိပ်များ ပျက်စီးသွားမည်ကို စိုးရိမ်မိလေသည်။ တောင်ပေါ်တွင် ဆိတ်ခြံအတွက် အုတ်မြစ်ချဖို့ရန် နေရာမှတ်ပြီးလျှင်တော့ သူမသည် ထိုစာလိပ် ၉ခုလုံးကို ဝါးစာလိပ်ပေါ်တွင် ပြန်ကူးထားရမည်ဟု စဉ်းစားထားလိုက်တော့သည်။
...
အပိုင်း (၂၂၈) ကျေးဇူးပြန်ဆပ်ခြင်း
စန်းလော့ ဒီဘက်ခေတ်သို့ရောက်လာပြီး ၄နှစ်မြောက်နှစ်တွင် နှင်းများသည် ၁၂လပိုင်း၏ ဆောင်းရာသီအစပိုင်းတွင် အမြဲတမ်း ကျရောက်တတ်လေသည်။ သို့သော်ငြားလည်း ဝူတင်းတတိယနှစ်တွင် နှင်းများက ထူးထူးခြားခြား နောက်ကျမှ ကျလာပြီး လပြက္ခဒိန်၏ ၁၂လပိုင်း ၂၇ရက်နေ့ နေဝင်ရီသရောအချိန်မှသာ တဖြုတ်ဖြုတ် စတင်ကျဆင်းလာသည်။
ရှန်းလီနှင့် သူ့အဖော်များသည် အသစ်ကျဆင်းလာသည့် နှင်းများကို ရဲရဲရင့်ရင့်ဖြတ်ကျော်ကာ သရှင်းရွာသို့ ပြန်လာခဲ့ကြလေသည်။
ပါးလွှာသည့် အဖြူရောင် အလွှာလေးတစ်ခုက မြေကြီးပေါ်တွင် ဖုံးလွှမ်းသွားချိန်တွင် ကောင်းကင်၌ အလင်းရောင်ပြန်နေပြီး ညဥ့်နက်မှရောက်လာသူများကိုပင် အလင်းပေးနေလေသည်။ သူတို့သည် နောက်ကျမှ ပြန်ရောက်လာကြသော်ငြားလည်း မီးတုတ်များကိုသုံးဖို့ရန် မလိုအပ်ချေ။
ဆယ်ယောက်ကျော်လောက် ပြန်လာသည်တွင် အကောင်၂၀ ကျော်သည့်ဆိတ်များလဲ ပါလာပြီး သူတို့၏ ကိုယ်ပိုင်ရွာလေးသို့ ပြန်ရောက်လာရာတွင် ဒါသည် တိတ်ဆိတ်ငြိမ်သက်သည့် အပြန်ခရီး မဟုတ်သည်က ရှင်းလင်းလေသည်။ စန်းလော့သည် ရှန်းလီတို့အဖွဲ့ကို နေ့ပေါင်းများစွာ စိုးရိမ်ပူပန်လာခဲ့သည်။ ညနေခင်းတိုင်းတွင် သူမက နောက်ကျသည်အထိ စောင့်နေတတ်ပြီး ဒီနေ့တွင်လဲ ချွင်းချက်မထားချေ။ သူမသည် ညပိုင်း၈နာရီကျော်သည်အထိ ရှန်းနဥ်နှင့်အတူ စာအုပ်များကို ကူးယူနေခဲ့သော်လည်း သူတို့သည် ပြန်ရောက်မလာသေးချေ။ အလွန်မှအေးခဲလှသဖြင့် သူမက ရေနွေးဖြင့် ခြေထောက်ဆေးလိုက်ပြီး အိပ်ယာသို့ဝင်ရန် ပြင်ဆင်လိုက်ချိန်မှာပင် အပြင်ဘက်က ဆူဆူညံညံသံကို ကြားလိုက်ရ၏။ အထူးသဖြင့် ဆိတ်အော်သံသဲ့သဲ့လေးများ ဖြစ်လေသည်။ ယခုအချိန်တွင်တော့ အိပ်ဖို့ရန်က မဖြစ်နိုင်တော့ချေ။ သူမက ခြေအိတ်နှင့် ဖိနပ်ကို မြန်မြန်ဝတ်လိုက်ပြီး အပြေးအလွှား ထွက်သွားလိုက်လေသည်။
အဝေးတစ်နေရာတွင် ပစ္စည်းများကို သယ်လာပြီး ဆိတ်၆ကောင်ကို ခေါ်ဆောင်လာသူမှာ ရှန်းလီ၊ ရှန်းအန်းနှင့် ရှန်းကျင့်တို့ကလွဲလျှင် တစ်ခြားမဟုတ်တော့ချေ။ အဝေးမှနေ၍ သူမသည် အဘိုးချန်း၊ ချန်းယိုထျန်းနှင့် ချန်းအာ့ရှန်တို့ အသံကိုလဲ ကြားနိုင် သည်။
ဒါသည် သက်ဝင်လှုပ်ရှားသည့် အငွေ့အသက်တစ်ခုဖြင့် စည်ကားလို့နေသည်။ အိမ်ထောင်စုတိုင်းက ဆိတ်ကျောင်းခြင်းနှင့် စပါးများကို သယ်ယူပို့ဆောင်ခြင်းတို့ဖြင့် အလုပ်များနေကြသည်။
ရှန်မိသားစုအိမ်တွင်တော့ တောင်ပေါ်က ဆိတ်စားကျက်မြေတွင်ရှိသည့် သစ်ပင်များကို နေရာပြောင်းစိုက်ပြီးသား ဖြစ်သော်ငြားလည်း တဲနှစ်ခုကိုသာ ဆောက်ရသေးသည်။ တဲနှစ်ခုကို ထပ်လိုနေပြီး ဒါက နောက်ထပ်၁၀ရက်လောက် အလုပ်လုပ်ရမည့်သဘောပင်။ မူလက ဆိတ်၅ကောင်ကို နေရာမရွှေ့ရသေးချေ။ သို့သော်ငြားလည်း သိပ်မကြာခင်က ခေါ်ပြန်လာခဲ့သည့် ဆိတ်၆ကောင်က သူတို့နှင့်အမီ လိုက်လာခဲ့သည်။
ရှန်းလီသည် ဝဥတော်တော်များများကိုလဲ နှင်းများကြောင့် ပျက်စီးသွားမည်စိုးသဖြင့် ပြန်သယ်လာခဲ့သည်။ သူက စန်းလော့ကို မြန်မြန်ဆန်ဆန် နှုတ်ဆက်လိုက်ပြီး ဝဥများကို သိမ်းဆည်းဖို့ရန်အတွက် တဲထဲသို့အလျင်စလို ဝင်သွားလိုက်သည်။ စပါးသယ်လာခဲ့ကြသည့် ရှန်းအန်းနှင့် ရှန်းကျင့်တို့ကလဲ အနားမယူရဲချေ။ သူတို့၏ ဦးစားပေးအလုပ်မှာ ရက်ပေါင်းများစွာ ခရီးနှင်လာခဲ့ရသည့် ဆိတ်၆ကောင်ကို ဆိတ်တဲဆီသို့ ခေါ်သွားရခြင်းဖြစ်လေသည်။
စန်းလော့သည် ညီအစ်ကိုနှစ်ယောက်က ဆိတ်တဲအဟောင်းဆီကို အလောတကြီး သွားနေသည်ကို မြင်လိုက်သဖြင့် သူတို့ကို အလျင်စလို ပြန်ခေါ်လိုက်ရသည်။ ရှန်းနဥ်ကို ရေနွေးအိုးတည်ခိုင်းလိုက်ပြီး သူမကတော့ မီးတုတ်တစ်ခုကို မီးညှိရင်း အစားအသောက်တစ်ချို့ကို ပြင်ခိုင်းလိုက်ကာ ရှန်းကျင့်နှင့် ရှန်းအန်းတို့ကို တောင်ပေါ်သို့ ခေါ်သွားလိုက်သည်။
သူတို့သည် တောင်ကုန်းထိပ်ဆီသို့ မကြာခဏ သွားရလေသည်ဖြစ်ရာ လမ်းကြောင်းကပင် ပေါ်လာလေသည်။ သူတို့သည် လမ်းနှင့် ရင်းနှီးနေကြသည်။ ရှန်းအန်းနှင့် ရှန်းကျင့်တို့သည် ဆိတ်ခြံအသစ်အကြောင်း ကြားလိုက်သည်တွင် သိလိုစိတ်ဖြင့် ပြေးတက်သွားကြတော့သည်။ ဆိတ်၆ကောင်ကသာလျှင် ရာသီဥတု အအေးဒဏ်ကြောင့်လား၊ နေရာအသစ်တွင် အသားမကျသေးသောကြောင့်လား မသိပေ။ အော်ဟစ်နေကြလေသည်။
ရှန်းကျင့်သည် နှင်းများဖြင့် အရောင်ဟပ်ကာ လင်းလက်နေသည့် ဆိတ်တဲနှစ်ခုကို မြင်လိုက်ရသည်တွင် တအံ့တသြ မေးလိုက်၏။
"မကြီး ဒါက ဆိတ်တွေနေတဲ့နေရာလား"
သူ့တုံ့ပြန်မှုက ရှန်ယင်နှင့်ရှန်းထျယ်တို့၏ တုံပြန်မှုအတိုင်းပင်။ ရှန်းထျယ်သည် ဆိတ်ခြံလေးထဲသို့ အလောတကြီး ပြေးဝင်သွားပြီး အိပ်ယာသစ်တစ်ခုကို နေရာချထားပေးဖို့ရန် ပတ်ပြီး အပြေးအလွှားရှာနေသည်ကို ပြန်စဥ်းစားလိုက်မိပြီး စန်းလော့က ရယ်မောလိုက်သည်။
"နင်လဲ မနာလိုဖြစ်နေတာတော့ မဟုတ်ပါဘူးနော်၊ ဟုတ်တယ်မလား"
ရှန်းကျင့်က ဝန်ခံလေသည်။ “ဒါက ကျွန်တော်တို့အခု နေနေတဲ့အိမ်ထက်တောင် ပိုပြီးတော့သစ်လွင်နေသေးတယ်”
သူတို့၏ လက်ရှိနေထိုင်ရာအိမ်သည် ဝမ်မိသားစု၏ အိမ်ငှားများက နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သည့် ဟောင်းနွမ်းနေပြီဖြစ်သည့် မြေသားအိမ်တစ်လုံးဖြစ်လေသည်။ သန့်ရှင်းမှုနှင့် အသွင်အပြင်ကိုကြည့်လျှင် ဒါသည် အသစ်ဆောက်လုပ်ထားသည့် သစ်သားဆိတ်ခြံလေးနှင့် ယှဥ်လို့မရနိုင်ချေ။
ရှန်းအန်းကလဲ တော်တော်လေး ဝမ်းသာသွားသည်။ သူသည် နှစ်ပေါင်းများစွာ တောင်အတွင်းပိုင်းတွင် ဆိတ်များကို မွေးမြူလာခဲ့သည်။ စန်းလော့က သူမ၏မီးတုတ်ဖြင့် လမ်းကိုဦးဆောင်လာခဲ့သည်တွင် သူက ဆိတ်များကို အထဲဘက်သို့ ဂရုတစိုက်ခေါ်သွားလိုက်သည်။ သူသည် ဆိတ်သုံးကောင်ကို ကိုင်ထားပြီး အထဲသို့ဝင်သွားသည်တွင် အကျိုးသက်ရောက်မှုကို ချက်ချင်းမြင်တွေ့သွားသည်။
"ဒီပုံစံက အရမ်းကောင်းတာပဲ၊ ဆောင်းတွင်းမှာဆို နွေးနေလိမ့်မယ်၊ မိုးတွင်းကျတော့ ခြောက်နေလိမ့်မယ်၊ ဆိတ်တွေရဲ့မစင်ကိုလဲ အလွယ်တကူ သန့်ရှင်းရေးလုပ်နိုင်ပြီးတော့ အများကြီးပိုပြီး သန့်ရှင်းအောင်ထားနိုင်တယ်"
"ဒါတောင် ဒီဆိတ်တဲနှစ်ခုက ဆိတ်အကောင်ရေ၂၀ ဆယ်ကျော်ကိုပဲ ထားနိုင်သေးတယ် ဟုတ်တယ်မလား"
ဒါသည် သူ့မရီး၏ လက်ရာဖြစ်လေသည်။ သူမက တောင်ပေါ်မြေသည် ရတနာတစ်ခုဖြစ်သည်ဟု ပြောခဲ့သည်မှာ မဆန်းတော့ချေ။
စန်းလော့က ပြန်ဖြေလိုက်၏။ "စုစုပေါင်းလေးခုရှိတယ်၊ ဒါပေမဲ့ နှစ်ခုကိုတော့ ဆောက်လို့မပြီးသေးဘူး။ အဲဒီ့နေရာတွေကိုတော့ ဆိတ်တွေ ကလေးမွေးဖို့အတွက်နဲ့ နေမကောင်းတဲ့ဆိတ်တွေကို သီးသန့်ထားဖို့အတွက် သုံးမှာ။ ငါတို့တွေမှာ ဆိတ်ပေါက်လေးတွေ အများကြီးရှိတယ်လေ။ သူတို့တွေက မြန်မြန်ကြီး မျိုးပွားကြလိမ့်မယ်၊ နောက်တစ်နှစ်လောက်ဆိုရင် ဒီနေရာက အလွတ်ကြီးဖြစ်နေတော့မှာ မဟုတ်ဘူး"
အနုစိတ်လှသည့်လက်ရာကြောင့် ဆွဲဆောင်ခံထားရသည့် ရှန်းကျင့်၏မျက်လုံးတို့သည် သိလိုစိတ်ကြောင့် တဖျတ်ဖျတ် လင်းလက်သွားလေသည်။ အိမ်တွင် ဆိတ်နှစ်ကောင်သာ မွေးထားသည့် သူ့အတွက် ဒီလိုအသေးစိတ်ကျကျ ခွဲခြားထားခြင်းကို လိုအပ်ရသည့် အကြောင်းအရင်းကို နားမလည်နိုင်သေးချေ။ သူက စန်းလော့ကို မေးခွန်းများစွာ မေးမြန်းတော့သည်။ သူမကလဲ ထိန်ချန်မထားခဲ့ချေ။ အကယ်၍ ရှန်းကျင့်က စိတ်ဝင်စားခဲ့လျှင် သူမက သူမ သိကျွမ်းသမျှကို မျှဝေပေးဖို့ ဆန္ဒရှိသည်ထက်ပင် ပိုသေးသည်။
ဆိတ်၆ကောင်ကို အထီးအမခွဲပြီး နေရာချထားပြီးနောက်တွင် သူတို့သည် ဆိတ်များအိပ်ဖို့အတွက် နွေးနွေးထွေးထွေး ဖြစ်စေရန် ဆိတ်တဲထဲတွင် သိုလှောင်ထားသည့် ကောက်ရိုးခြောက်များကို သွားယူပေးလိုက်သည်။ သူတို့သည် အစာခွက်ထဲတွင် လတ်လတ်ဆတ်ဆတ် မြက်များကိုလဲ ပြန်ထည့်ပေးထားလိုက်သည်။ ဆိတ်များက ကောင်းကောင်း စားသောက်နေကြသယောင် ထင်ရသဖြင့် စိတ်ကျေနပ်သွားကြကာ သူတို့သည် ဆိတ်တဲတံခါးကို ပိတ်လိုက်ကြပြီး တောင်ပေါ်မှ ဆင်းလာခဲ့ကြသည်။
အိမ်သို့ပြန်ရောက်လာသည်တွင် သူတို့သည် ဒီအတိုင်းမနေချေ။ ရှန်းနဥ်သည် မီးဖိုချောင်ထဲတွင် အစားအသောက်ပြင်ဆင်ရင်း အလုပ်များနေကာ စန်းလော့ကတော့ ဆိတ်များအတွက် နောက်ထပ်မီးဖိုတစ်ခုကိုတည်ကာ အထူးပြုလုပ်ထားသည့် အစာကို ချက်ပြုတ်လေသည်။
အထူးပြုလုပ်ထားသည့်အစာကို နာမည်အတိုင်းပြု လုပ်ရာတွင် နေ့စဥ် တို့ဟူးလုပ်ခြင်းမှ ထွက်လာသည့် ပဲအနှစ်အကျန်များကို ဖွဲနုနှင့်ဖွဲကြမ်းများကို ထပ်ရောပြီး ဆန်ပြုတ်ဖြစ်အောင် ချက်ပြုတ်ပေးလိုက်သည်။ ထိုအရာကို သာမန်အပူချိန်တစ်ခုတွင် အအေးခံထားလိုက်ပြီး ဒီလိုနွေးထွေးသည့် အစားအသောက်ကို သဘောကျသည့် ဆိတ်များကို ကျွေးကြသည်။
ဒီဖြည့်စွက်စာ အစားအသောက်သည် သူတို့၏ ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးသည့်အပြင် ပုံမှန်ဆိုလျှင် ကိုယ်ဝန်ရှိနေသည့် ဆိတ်မများနှင့် ဆိတ်လေးများအတွက် သီးသန့်ထားပေးသည်။ ဒီဆိတ်၆ကောင်သည် ရက်ပေါင်းများစွာ တောင်အတွင်းပိုင်းတွင် ရက်ဆက်အေးစိမ့်လှသည့်ဒဏ်ကို ခံလာခဲ့သည်ဖြစ်သဖြင့် သူတို့သည် သည်နေ့ညတွင် အပိုအာဟာရဖြည့်သည့် အစာတစ်နပ်ဖြင့် ထိုက်တန်လေသည်။ ရေနွေးသောက်သုံးခြင်းထက် ပိုပြီးအာဟာရဖြစ်လိမ့်မည်။
ရှန်းယင်နှင့် ရှန်းထယ်တို့ကလဲ ဆူညံသံကို ကြားလိုက်သည်တွင် အဝတ်အစားများကို မြန်မြန်ဝတ်ဆင်လိုက်ကာ ထွက်လာကြသည်။ ကလေးများသည် ဆိတ်ခြံနှင့်ပတ်သတ်ပြီး အခုချိန်ထိ စိတ်လှုပ်ရှားနေကြသေးသည်။ အထူးသဖြင့် ယခုအချိန်တွင် သူတို့သည် ဆိတ်ခြံလေးထဲတွင် နေနေကြပြီဖြစ်သည်။ ထို့ကြောင့် အထူးစားစရာကို ချက်ပြုတ်ပြီး အအေးခံထားပြီးနောက်တွင် ညီအစ်ကို၄ယောက်သည် အတူတူ ပုံးများကိုသယ်ကာ တောင်ပေါ်သို့ တက်သွားကြတော့သည်။
ရှန်းမိသားစုသည် အမှန်ပင် ဝဥများပေါ်များကြွယ်ဝလှပြီး ပေါင်၈၀၀ နီးပါးရှိလေသည်။ ရှန်းလီ၏ ခွန်အားနှင့်ဆိုလျှင် သူသည် တစ်ယောက်တည်း တော်တော်လေး သယ်နိုင်သည်။ တစ်ခြားမိသားစုများကတော့ နည်းနည်းပါးပါး ကူညီသယ်ဆောင်ပေးခဲ့သည်။ အားလုံးကို သယ်ပြန်လာဖို့ရန်အတွက် ခရီးတော်တော်များများ သွားလိုက်ရသည်။ ကူညီပေးခဲ့ကြသည့်သူများသည် သူတို့၏ဝေစုများကို ရွှီမိသားစုအိမ် အပြင်ဘက် တံစက်မြိတ်အောက်တွင် သယ်ပေးလိုက်ကြသည်။ ရှန်းလီက အားလုံးကို သယ်ပြန်လာဖို့ရန်အတွက် သုံးခေါက် သွားလိုက်ရသည်။ သူ၏ နောက်ဆုံးအခေါက်တွင် သူသည် တောဝက်တစ်ဝက်ကိုလဲ ယူပြန်လာခဲ့သည်။ ညီအစ်ကို၄ယောက်က အထူးပြုလုပ်ထားသည့် အစားအသောက် ထည့်ထားသည့် ရေပုံးကို တောင်ပေါ်သို့ ပျော်ပျော်ရွှင်ရွှင် သယ်တက်လာသည်ကို ကြည့်လိုက်ပြီး သူက စန်းလော့ကို မေးလိုက်လေသည်။
"တောင်ပေါ်က ဆိတ်ခြံတွေက သုံးလို့ရနေပြီလား"
"နှစ်ခြံကတော့ ပြင်ဆင်ပြီးပါပြီ၊ ရှောင်ကျင့်နဲ့ တစ်ခြားသူတွေက ဒါကို အရမ်းသဘောကျနေတာလေ"
စန်းလော့က ပြန်ဖြေလိုက်၏။ သို့သော်ငြားလည်း သူမ၏အကြည့်က ရှန်းလီ ယူပြန်လာသည့်အသားပေါ်တွင် ကျရောက်သွားလေသည်။ သူမက ရှေ့သို့တိုးလာပြီး အနီးကပ်ကြည့်လိုက်ကာ မေးလိုက်၏။
"လမ်းမှာ တောဝက်တစ်ကောင်နဲ့ တွေ့ခဲ့တာလား"
ရှန်းလီက ခေါင်းငြိမ့်ပြသည်။
"တောဝက်တစ်အုပ်ကြီးပါပဲ၊ ၂၀နီးပါးလောက်ရှိတယ်။ ဆိတ်တွေက အရမ်းများတယ်လေ၊ ဒီတော့ ဆူညံသံကလဲ ကျယ်တာပေါ့၊ ကံကောင်းချင်တော့ ဒီခရီးမှာ လူတွေအများကြီး ပါလာခဲ့တယ်၊ အဲလိုမှမဟုတ်ဘူးဆိုရင် ကျွန်တော်တို့တွေ ဒီဆိတ်အားလုံးကို ကာကွယ်ပေးနိုင်မယ်ဆိုတာ မသေချာဘူး။ ဒါပေမဲ့လည်း သယ်စရာ အရမ်းများနေတော့ ကျွန်တော်တို့တွေက တောဝက်တစ်အုပ်လုံးကို သယ်ပြန်လာလို့ မနိုင်ဘူးလေ၊ ဒါကြောင့်မလို့ ကျွန်တော်တို့တွေက လာတိုက်ခိုက်တဲ့နှစ်ကောင်ကိုပဲ အမဲလိုက်ခဲ့တာ၊ ကျန်တာတွေကိုတော့ လွှတ်ပေးလိုက်ပါတယ်၊ ကျွန်တော်တို့မိသားစုက ဝေစုတစ်ဝက်ရတယ်လေ"
တဝက်ပမာဏသည် လုံလောက်လေသည်။ စန်းလော့သည် အလေးချိန်ကို ချိန်ဆကြည့်လိုက်ချိန်တွင် ပေါင်၇၀ ၈၀အနည်းဆုံးရှိလေသည်။
"အတော်ပဲပေါ့၊ ကျွန်မတို့တွေ မနက်ဖြန်ကြရင် ဦးလေးကျောက်သလန်နဲ့ ဦးလေးကျောက်စစ်လန်တို့ကို လုပ်ခလစာ ရှင်းပေးရတော့မယ်လေ၊ လတ်လတ်ဆတ်ဆတ် တောဝက်အသားက မြို့ထဲမှာအစားအသောက်နဲ့ လဲလှယ်မယ်ဆိုရင် ပိုပြီးကောင်းမွန်တဲ့ စျေးတစ်ခုကို ရနိုင်လိမ့်မယ်၊ နှင်းကလဲကျလာပြီဆိုတော့ ဒီရက်ပိုင်းတွေမှာ အလုပ်လဲ မတွင်တော့ဘူးလေ၊ ကျွန်မလဲ ၇ရက်လောက်အနားပေးဖို့ စဥ်းစားထားတယ်၊ သူတို့တွေကို နှစ်သစ်ကူးတတိယနေ့ပြီးမှပဲ အလုပ်ပြန်ဆင်းခိုင်းတော့မယ်"
အလုပ်ကို ၁၂လပိုင်း၏ တတိယနေ့တွင် စတင်ခဲ့သော်ငြားလည်း ဒါသည် အချိန်ပြည့် မဟုတ်ချေ။ သို့သော်ငြားလည်း နှစ်သစ်ကူးမရောက်ခင် ရက်အနည်းငယ် ပိုရှိသေးသည်ဖြစ်ရာ လတ်လတ်ဆတ်ဆတ် အသားများကို အချိန်မှီပေးပြီး ကျောက်မိသားစုကို ပေါများကြွယ်ဝသည့် နှစ်သစ်ကူးကို ခံစားရစေချင်သည်။
ဝဥများကို ထပ်ထားပြီး ကောက်ရိုးဖျာများဖြင့် အုပ်ထားသည်။ ရှန်းနဥ်က အသီးအရွက်ဟင်းရည် ပန်းကန်လုံးအနည်းငယ်စာကို ချက်ပြုတ်လိုက်ပြီး ရေကို အိုးကြီးနှစ်အိုးစာ တည်ထားလိုက်သည်။ သူမက အခုလေးတင်မှ ဆိတ်ကို အစာကျွေးပြီးပြန်လာသည့် ရှန်းယင်ကို လှမ်းခေါ်လိုက်ပြီး နောက်က လိုက်လုပ်ခိုင်းလိုက်သည်။ သူတို့သုံးယောက်သည် နွေးထွေးသည့် တစ်နပ်စာကို စားသောက်ပြီးနောက်တွင် ဖုန်မှုန့်များ ပေကျံနေသည်ကို ကိုယ်ဟာ့ကိုယ် သန့်ရှင်းရေး လုပ်လိုက်ကြပြီးနောက်တွင်တော့ ညသန်းခေါင် ရောက်နှင့်နေပြီဖြစ်သည်။ တစ်ယောက်ချင်းစီက သူတို့၏ ကိုယ်ပိုင်အခန်းလေးထဲတွင် အနားယူဖို့ ပြင်ဆင်လိုက်ကြလေသည်။
ရှန်းလီသည် လျှိုမြောင်အတွင်းပိုင်းနှင့် လျှိုမြောင်အပြင်ဘက်တွင် ချန်ထားခဲ့သည့် သော့အိမ်များကို ယူပြန်လာခဲ့သည်။ သူသည် ထိုအရာများကို သူ့အခန်းထဲသို့ ယူဝင်လာခဲ့ပြီး ဘီဒိုထဲတွင်ထည့်သိမ်းထားဖို့ စဥ်းစားလိုက်သည်။ သို့သော်ငြားလည်း ရှန်းလီ အခန်းထဲသို့ဝင်လာချိန်တွင် သူက သော့အိမ်များကို သေသေချာချာ မသိမ်းဆည်းရသေးခင်မှာပင် ပြန့်ကျဲနေသည့် ဝါးစာလိပ်တစ်ပုံကြီးကို သတိထားမိလိုက်၏။
သူ မကြာခဏဖတ်တတ်သည့် ဝါးစာလိပ်များတစ်ချို့ကိုတော့ အားစိုက်ထုတ်မှုအများအပြား မလုပ်ရဘဲ အလွယ်တကူ မှတ်မိနိုင်သည်။ သူသည် အသစ်တစ်ခုကို ဒီအတိုင်း ကောက်ကိုင်ကြည့်လိုက်ပြီး ဆီမီးအိမ်အောက်တွင် လေ့လာကြည့်လိုက်၏။ အနီးကပ် လေ့လာကြည့်လိုက်သည်တွင် သူသည် တအံ့တသြ ဖြစ်သွားတော့သည်။
"ဒါတွေ ဘယ်ကရောက်လာတာလဲ"
စန်းလော့က သစ်သားနှင့်လုပ်ထားသည့် သေတ္တာတစ်ခုကို ဂရုတစိုက် ထုတ်လာပြီး ပြောလိုက်လေသည်။
"ရှင်တို့အားလုံး ထွက်သွားပြီး သိပ်မကြာခင်မှာဘဲ ပြည်နယ်အုပ်ချုပ်ရေးမှူးက ဒီပိုးထည်စာအုပ်သေတ္တာတစ်ခုကို ပို့လိုက်တယ်လေ၊ ကျွန်မက ဒါတွေကို ရေရှည်ထိန်းသိမ်းဖို့ကို စိုးရိမ်နေမိတယ်၊ ဒါကြောင့်မလို့ ကျွန်မက ပြီးခဲ့တဲ့ရက် အနည်းငယ်အတွင်းမှာ တစ်ခုချင်းစီကို ကူးယူဖို့ အားနဥ်ကို ခိုင်းထားတာ"
ထို့နောက်တွင်တော့ သူမက ထိုက်ယွမ်မှ ကျန့်မိသားစုနှင့် မမျှော်လင့်ဘဲ တွေ့ဆုံခဲ့သည့်အကြောင်းကို ရှန်းလီအား အတိုချုပ် ပြန်ပြောပြလိုက်လေသည်။
ရှန်းလီသည် တအံ့တသြဖြစ်သွားပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးက သရှင်းရွာသို့ အလည်ရောက်လာချိန်က မြင်ကွင်းကို ပြန်သတိရသွား၏။ သူသည် စန်းလော့၏ လက်ကိုကိုင်လိုက်ပြီး ပြောလိုက်လေသည်။
"ကျွန်တော် ဒီတခါတော့ မင်းရဲ့အရှိန်အဝါအပေါ် အကြွေးတင်မိပါပြီ"
လူများဖြင့် စိုက်ပျိုးရသည့်ဝဥ အထွက်နှုန်းမြင့်မားခြင်းသည် ပြည်နယ်အုပ်ချုပ်ရေးအရာရှိ၏ အာရုံကို ဆွဲဆောင်ထားနိုင်ခဲ့သည်။ သို့သော်ငြားလည်း စန်းလော့က လွန်ခဲ့သည့် နှစ်အများအပြားတွင် ဝဥစိုက်ပျိုးရေးနည်းပညာကို ပွင့်ပွင့်လင်းလင်း မျှဝေထားခြင်းကြောင့် ပိုပြီးဖြစ်နိုင်သည်။
ဆယ်ရက်ကျော်လောက် ဝေးကွာခဲ့ပြီးနောက်တွင် စုံတွဲနှစ်ယောက်သည် နူးညံ့သိမ်မွေ့သည့် ချစ်ခြင်းမေတ္တာတရားထဲတွင် အလိုလို မွေ့လျော်လိုက်ကြလေသည်။ ဒီလို နှင်းကျနေသည့်ညတွင် အအေးဓာတ်က ရှိနေသော်ငြားလည်း ရှန်းလီ ပြန်ရောက်လာသဖြင့် စန်းလော့သည် နွေးနွေးထွေးထွေး အိပ်စက်နိုင်တော့သည်။
အပြင်ဘက်တွင် နှင်များသည်းထန်စွာကျနေသဖြင့် ကလေးများသည် စိတ်လှုပ်ရှားနေကြကာ မနက်ပိုင်းအစောတွင်ပင် ရယ်သံများနှင့် ဆူဆူညံညံ စကားသံများက ရွာထဲတွင် ပြည့်နှက်နေပြီး နှင်းလုံးပစ်တမ်း ကစားနေကြသည်မှာ သိသာသည်။ ပျော်ရွှင်ကြည်နူးဖွယ်အသံများက စန်းလော့ကို အိပ်ယာမှ နိုးထစေလိုက်ပြီး သူမသည်လဲ အိပ်ယာထလာ၏။
ပထမဦးဆုံးလုပ်ရမည့်အလုပ်မှာ လတ်လတ်ဆတ်ဆတ် အသား၁၀ပေါင်ကို ရှန်းလီက ချင်တွယ်ပေးရခြင်းဖြစ်လေသည်။ ကျိုးမိသားစုထံမှ ချိန်ခွင်တစ်ခုကို ငှားရမ်းလာပြီး သူတို့သည် နောက်ထပ် ပေါင်တစ်ဝက်အပိုရှိနေသည်ကို တွေ့လိုက်ရ၏။ ထို့နောက်တွင် သူတို့က ကျပ်တိုက်ထားသည့် အသား၁၀ ပေါင်ကို ချိန်ပေးလိုက်ပြီး ပဲများနှင့် ဝမ်ငွေများကိုလဲ ရေတွက်လိုက်ကြသည်။ ပဲများကို အိတ်တစ်လုံးထဲတွင် ထည့်ပေးလိုက်ပြီး ငွေကိုတော့ ကြိုးဖြင့်အတူတူတွဲထားလိုက်ပြီး ကျောက်သလန်နှင့် ကျောက်စစ်လန်တို့ အလုပ်စလုပ်မည့်အချိန်တွင် အသင့်ဖြစ်အောင် လုပ်ထားလိုက်သည်။ စန်းလော့က လုပ်ခလစာ ရိက္ခာနှင့်အသားပေါင်၂၀ကို ကျောက်ညီအစ်ကိုဆီ ယူသွားဖို့ ရှန်းလီကို ပြောလိုက်၏။
သူတို့၏ အပြည့်အဝ ဝန်စည်များကို သယ်ဆောင်ထားပြီး ကျောက်သလန်နှင့် ကျောက်စစ်လန်တို့ သည် အတိုင်းအတာတစ်ခုအထိ ငေးကြောင်ကြောင် ဖြစ်နေကြသေးသည်။
"တစ်ပတ်အလုပ်နားမယ် ဟုတ်လား"
ဒါကို သိလိုက်ရချိန်တွင် သူတို့သည် လက်မခံရဲကြချေ။ သူတို့သည် ၂၅ရက်သာ အလုပ်လုပ်ခဲ့ရသော်ငြားလည်း တစ်လစာအပြည့် လုပ်ခလစာလက်ခံရရှိခဲ့သည်။
ရှန်းလီက တဟားဟား ရယ်မောလိုက်၏။ "မလိုပါဘူး နှင်းတွေက အလုပ်မတွင်ဘူးလေ၊ ဒါပေမဲ့ ကျွန်တော်တို့တွေက ဦးလေးတို့ကို အကူအညီထပ်ခေါ်အုံးမှာ၊ ဒီတစ်လတည်း မဟုတ်ပါဘူး၊ ဒါက စန်းလော့ရဲ့စိတ်ကူးပါ၊ ကျွန်တော်တို့တွေက တစ်နှစ်လုံးနီးပါး အစီအစဥ်တွေနဲ့ အလုပ်များလာခဲ့တာလေ၊ ဒီနှစ်ကျတော့ ကျွန်တော်တို့တွေ နောက်ဆုံးတော့ သေသေချာချာ အခြေချနိုင်သွားပြီ အိမ်မှာ ရက်အနည်းငယ်လောက် အေးအေးချမ်းချမ်း အနားယူလိုက်ပါ"
သူတို့ကို ရေရှည်ငှားရမ်းမည်ဟု ကြားလိုက်သည်တွင် ကျောက်ညီအစ်ကိုသည် ပျော်ရွှင်မှုနှင့် ကျေးဇူးတင်စိတ်တို့ကို ခံစားလိုက်ရလေသည်။ နှစ်ကုန်ခါနီး ရောက်လာသည်တွင် ကြင်နာသနားတတ်သည့် ရှန်းလင်မယားသည် သူတို့ကို ကျေးဇူးတင်စိတ်ဖြစ်အောင် ခံစားရစေလေသည်။ ညီအစ်ကိုနှစ်ယောက်က သူတို့၏ ကောင်းမွန်သည့် ဆုတောင်းစကားများကို ဖော်ပြဖို့ရန် တုံ့ဆိုင်းမနေဘဲ ရှန်းမိသားစုအိမ်သို့ သွားရောက်ကာ စန်းလော့ကို ကိုယ်တိုင်ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက်တွင်တော့ နှင်းမုန်တိုင်းကြားတွင် အိမ်သို့ပြန်လာခဲ့ကြပြီး နှစ်တစ်နှစ်ကို အပြုသဘောဆောင်သည့်ဆန္ဒဖြင့် အဆုံးသတ်လိုက်ကြသည်။
စန်းလော့သည် ပေါင်၆၀-၇၀ ကျော်ရှိသည့် တောဝက်ကို ငေးကြည့်နေမိ၏။ သူမ၏မိသားစုက ထိုမျှလောက် အများအပြားစားသုံးဖို့ရန် နည်းလမ်းမရှိချေ။
သို့သော်ငြားလည်း ဒါက ဆောင်းတွင်းအေးခဲသည့်အချိန် ဖြစ်နေသည်။ ဒါသည် မြောက်ပိုင်း မဟုတ်ချေ။ လတ်လတ်ဆတ်ဆတ်အသားကို နှင်းကျသည့်နေ့များတွင်သာ သိုလှောင်ထားနိုင်သည်။ ကျပ်တိုက်ထားသည့်အသားများ ပြုလုပ်ဖို့အတွက်ကလဲ သူမ၏မိသားစုတွင် ထိုအသားများကို သိုလှောင်ဖို့နေရာ မရှိတော့ချေ။
စန်းလော့က ရှန်းလီကို ကြည့်လိုက်၏။ "ကျွန်မတို့တွေ ကိုယ့်ဟာကိုယ် ပေါင်၂၀ပဲ ယူထားပြီးတော့ ကျန်တာတွေကို ပြည်နယ်အုပ်ချုပ်ရေးမှူး အိမ်တော်ကို ပို့လိုက်ကြရင် ဘယ်လိုလဲ"
အစပိုင်းတွင်တော့ သူမက ငွေအတွက် အရှေ့စျေးတွင် ရောင်းချတာက အကောင်းဆုံးဖြစ်လိမ့်မည်ဟု စဥ်းစားခဲ့သည်။ အသားစျေးက မြင့်တက်နေသည်တွင် နောက်တစ်နှစ် ဆိုင်ဖွင့်ချိန်အတွက် ပိုမိုသိမ်းဆည်းထားခြင်းက ကောင်းမွန်သည့်နည်းလမ်းတစ်ခု ဖြစ်နိုင်သည်။
သို့သော်ငြားလည်း သူတို့သည် အရာရှိကျန့်ထံမှ စာအုပ်များကို လက်ဆောင်အဖြစ် ရရှိထားခဲ့သည်။ ရှန်းလီသည် အိမ်မှာမရှိသဖြင့် စန်းလော့က ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်တော်တွင် အမျိုးသမီးရှိမရှိ သေချာမသိချေ။ တကယ်လို့ ရှိခဲ့လျှင်လည်း သူမက သူတို့ကို မသိချေ။ သူမက သူမ၏ကျေးဇူးတရားကို ဖော်ပြဖို့ရန်အတွက် အလည်အပတ်သွားဖို့လဲ သင့်တော်လိမ့်မည် မဟုတ်ချေ။ သူမသည် စာအုပ်ကို လက်ခံရရှိပြီးကတည်းက ကျေးဇူးတင်ကြောင်း တခါမှ မထုတ်ဖော်ပြရသေးချေ။
တောဝက်သား ပေါင်တော်တော်များများလောက်သည် ခမ်းနားသည့် ပမာဏမဟုတ်ပေ။ သို့သော်ငြားလည်း ဒါက စေတနာဖြစ်လေသည်။ သို့မဟုတ်လျှင်လည်း နောက်ပိုင်း ဘာလက်ဆောင်မှ ပြန်မပေးဘဲ ဒီလိုကြီးကျယ်ခမ်းနားသည့် လက်ဆောင်တစ်ခုကို လက်ခံထားရခြင်းက ယဥ်ကျေးလိမ့်မည် မဟုတ်ချေ။
"တောဝက်သားက မသင့်တော်ဘူးလားလို့"
စန်းလော့က ပြည်နယ်အုပ်ချုပ်ရေးမှူး၏ နောက်ခံမိသားစုအကြောင်း ပြောပြသည်ကို နားထောင်ရင်း ရှန်းလီသည် ဒီလိုအဆင့်အတန်းနှင့်လူများက ပုံမှန်ဆိုလျှင် ဝက်သားကို မကြိုက်ကြသည်ကို သိသဖြင့် တွန့်ဆုတ်နေမိသည်။
ဒီအကြောင်းကို မနေ့က စဥ်းစားဖို့ရန် မဝံ့မရဲဖြစ်နေသည့် စန်းလော့သည် ယခုတော့ သူမ၏စိတ်ကူးကို ထုတ်ဖော် ပြောလိုက်ပြီးနောက်တွင် စိတ်အေးသွားလေသည်။
"သူ့မိသားစုနောက်ခံက ဘယ်လောက်ပဲ မြင့်မြနေပါစေ၊ ရှီကျိုးမြို့ပတ်ဝန်းကျင်ကို ကြည့်လိုက်လေ - ဒီလိုနေ့မျိုးမှာ အသားတွေကို ဘယ်မှာဝယ်နိုင်လို့လဲ၊ အရာရှိချွေ့တောင်မှ ပိန်သွားတဲ့ပုံပဲ၊ သူက ဒါကိုစားတာဖြစ်ဖြစ် တစ်ခြားကို ပေးလိုက်တာဖြစ်ဖြစ် သူ့သဘောပါလေ၊ ဒါပေမဲ့ အနည်းဆုံးတော့ ကျွန်မတို့တွေက ကျွန်မတို့ရဲ့စိတ်ရင်းကိုတော့ ပြသရမှာပေါ့"
အမှန်တွင်တော့ ဆိတ်များလို သူတို့ပေးနိုင်သည့် ပိုပြီးကောင်းမွန်သည့် လက်ဆောင်များ ရှိသေးသည်။
သို့သော်ငြားလည်း လက်ရှိအခြေအနေကို စဥ်းစားလိုက်သည်တွင် ပြီးခဲ့သည့်နှစ်ပိုင်းများတွင် အန္တရာယ်ကပုန်းကွယ်နေသဖြင့် မွေးမြူရေးတိရိစ္ဆာန် မဆိုထားနှင့် ကြက်၊ ဘဲ၊ နွားနှင့် သိုးများကို မည်သူက မွေးမြူဖို့ရန် တတ်နိုင်ပါမည်နည်း။ ပြည်နယ်အစိုးရရုံးတော်ကပင် မျိုးစေ့များနှင့် စိုက်ပျိုးရေးပစ္စည်းများကို ထောက်ပံ့ပေးသော်ငြားလည်း နွားအတွက်တော့ တခါမှ မပြောခဲ့ချေ။
ဆိတ်အရှင်တစ်ကောင်က ဒီအခြေအနေတွင် ကွဲပြားသည့် သိသာထင်ရှားမှုတစ်ခုကို ဖြစ်စေလေသည်။ ဒါသည် ယုန်တစ်ကောင်ကို ထောင်ဖမ်းရသည်နှင့်မတူဘဲ အများကြီး ပိုပြီးခက်ခဲသည်။ လူတစ်ယောက်သည် တောင်အတွင်းပိုင်း ပိုပြီးနက်သည့်နေရာအထိ စွန့်စားသွားလာရပြီး ဆိတ်တစ်ကောင်ကို ရှာဖွေဖို့ရန်အတွက် အနည်းဆုံး လဝက်လောက် အချိန်ယူရကာ ဒီလိုကြိုးစားအားထုတ်မှုအတွက် ရှန်းလီမှာ အချိန်များများစားစား မပေးနိုင်ခဲ့ပေ။
ထို့ကြောင့် စန်းလော့သည် ဆိတ်တစ်ကောင်ကို ချက်ပြုတ်ရမည့် လက်ဆောင်အဖြစ် ပေးလိုက်ဖို့ရန်ကို အမှန်ပင် တွန့်ဆုတ်နေမိလေသည်။ ကျေးဇူးပြန်ဆပ်ရမည်ဆိုလျှင်ပင် သူမသည် သည်အတွက်တော့ ကိုယ့်ဟာကိုယ် ပြန်ပြီးမသတ်နိုင်ပေ။
စန်လော့၏စကားကို ကြားလိုက်ရပြီးနောက်တွင် ရှန်းလီကလဲ ဒါက ယုတ္တိရှိသည်ဟု ထင်မိသည်။
"အမှန်ပဲ၊ အဲဒီ့စာအုပ်ရဲ့တန်ဖိုးနှင့် ယှဥ်လိုက်လျှင် ကျွန်တော်တို့မိသားစုက တူညီတဲ့ကျေးဇူးပမာဏကို ပြန်ပေးဖို့ရာ မတတ်နိုင်ဘူး"
အရေးအကြီးဆုံးမှာ ထိုအပြုအမူနောက်က စိတ်ရင်းသာဖြစ်လေသည်။
...