အခန်း (၂၃၇-၂၃၈)
Vol. 24 Ch. 237-238
အပိုင်း (၂၃၇) လုမိသားစု၏ပထမအိမ်ထောင်စု
"ရတာပေါ့၊ ဘာလို့မရရမှာလဲ"
ရှန်းကျင့်က တွေဝေမနေဘဲ သဘောတူလိုက်သည်။
သူတို့၏အိမ်တွင် ကြက်ပေါက်လေးများ အများအပြားမရှိချေ။ - ၉ကောင်သာရှိလေသည်။ ကြက်ပေါက်ကလေးများကို မွေးမြူရခြင်းက သူတို့ကို မြက်များကျွေးရုံလောက် မရိုးရှင်းပေ။ သူတို့သည် မြက်သီးများကို ရှာဖွေဖို့ရန်လိုအပ်ပြီး အသီးအရွက်များကိုလည်း ကျွေးဖို့ရန်လိုအပ်သည်။ အကယ်၍ သူတို့တွင် ဖွဲနုများမလုံလောက်လျှင် ကြက်များ၏ အစာအဖြစ် ပိုးကောင်လေးများကို ဖမ်းရသေးသည်။ လုံလောက်သည့် အရင်းအမြစ်မရှိလျှင် ကြက်များကို ထပ်ပြီးမွေးမြူဖို့ရန် ခက်ခဲလေသည်။ ညီအစ်ကိုသုံးယောက်သည် သည်ကြက်ပေါက် ၉ကောင်ကို စောင့်ရှောက်ရသည်ကိုပင် ခက်ခဲသည်ဟု ထင်ရလေသည်။
"အရမ်းမလောပါနဲ့၊ ငါတို့တွေမှာ ကြက်အကောင်ရေ တော်တော်များများ ရှိနေတယ်၊ အဲဒီ့အရေအတွက်က နောက်ဆိုရင် သိသိသာသာ တိုးလာအုံးမှာလေ၊ တကယ်လို့ ငါတို့တွေက ဒီအခြေအနေကနေ အကျိုးအမြတ်ကို ရချင်တယ်ဆိုရင် နင်လည်း နောက်ထပ်ကြက်ပေါက်လေးတွေကို တဖြည်းဖြည်းတိုးပြီးတော့ မွေးထားသင့်တယ်၊ ဒါမှပဲ ကြိုးစားရတာလဲတန်မှာ” စန်းလော့က အကြံပေးလိုက်၏။
ဒီစကားကို ကြားလိုက်ရသည်တွင် ရှန်းကျင့်သည် သေသေချာချာလေး စဥ်းစားတွေးတောလိုက်ပြီးနောက် စန်းလော့ကို မေးလိုက်၏။ "ဒါက အချိန်အရမ်းပေးရပြီး လူအင်အားလဲ အရမ်းပေးရတယ်လေ"
စန်းလော့က ခေါင်းခါပြသည်။ "တကယ်တော့ အဲလိုမဟုတ်ပါဘူး၊ ဒါပေမဲ့ ဒါက တော်တော်လေးတော့ ရွံစရာကောင်းတယ်"
သူမသည် ကိုယ်တိုင် ဒီမြင်ကွင်းကို စိတ်မကူးကြည့်ချင်ပေ။ ဒါသည် တောင်များအတွင်းတွင် နေလာသည့် ဒီနှစ်ပိုင်းများတွင် ဒီနည်းလမ်းကိုသိထားသော်ငြားလည်း တခါမှ မသုံးရသည့်အကြောင်းအရင်း ဖြစ်လေသည်။ - သူမသည် ဒီနည်းလမ်းကို အမှန်ပင် ပစ်ပစ်ခါခါ ငြင်းဆန်မိလေသည်။
သို့သော်ငြားလည်း နောက်ဆုံးတော့လည်း သူမကို ယုံကြည်မှုပေးခဲ့သည်မှာ ရှန်းလီသာဖြစ်တော့သည်။ တောင်အတွင်းပိုင်းတွင်နေကြစဥ်က သူတို့သည် ကြက်မွေးမြူခြင်းတစ်ခုထဲကိုသာ အားကိုးခဲ့သည် မဟုတ်ချေ။ သူတို့သည် မကြာခဏဆိုသလို အပြင်ဘက်တွင် အမဲလိုက်ပြီး ဖမ်းဆီးနိုင်သည်။ ထို့ကြောင့် သူမအတွက် ဒီလိုဒုက္ခများသည့်အလုပ်ကို လုပ်စရာမလိုခဲ့ချေ။
သို့သော်ငြားလည်း အခုတော့ သူမက မွေးမြူရေးလုပ်ငန်းတစ်ခုကို သေသေချာချာ စတင်လုပ်ဆောင်ချင်သည်။ -ဒါသည် သေးငယ်သည့် ပမာဏဖြစ်ခဲ့လျှင်ပင် -အခြေအနေကတော့ ကွာခြားသွားလိမ့်မည်။ သူမသည် ဒီနည်းလမ်းကို သုံးရပေမည်။ ဒီအငယ်လေးများကလဲ ငွေကြေးများလိုအပ်နေသည်ဖြစ်ရာ ကောင်းမွန်သည့် အခွင့်အရေးတစ်ခုဖြစ်လေသည်။ သူမက နည်းလမ်းများကို ထောက်ပံ့ပေးပြီး ရှန်းကျင့်နှင့် သူ့ညီအစ်ကိုများကတော့ သူတို့၏လုပ်အားဖြင့် ဖြည့်ဆည်းပေးရမည်။
ဒါက အချိန်အများကြီးမပေးရပါဟု ကြားလိုက်သည်တွင် ရှန်းကျင့်က စိတ်သက်သာရာရသွား၏ "ဒါဆိုရင်တော့ ပြဿနာမရှိပါဘူး၊ တီကောင်တွေနဲ့ပတ်သတ်ပြီး ရွံစရာမှမရှိတာ"
သူတို့အတွက် သူတို့ကိုယ်တိုင် လက်များကိုသုံးပြီး တီကောင်များနှင့် ဆော့ကစားခဲ့ရခြင်းက သူတို့အတွက်တော့ ထူးထူးခြားခြား မဟုတ်ချေ။
ကြက်များကို ပိုမိုမွေးမြူရခြင်းက သူ့မိသားစုအတွက် ပိုပြီးတော့ အဆင်ပြေအောင် လုပ်ပေးနိုင်မလားဆိုတာကတော့ ဒါသည် သူ့မရီးက သူ့ကို ငွေရှာဖို့ရန်သင်ပေးနေခြင်း မဟုတ်ပါလား။
ရှန်းကျင့်သည် နုံအသူ မဟုတ်ချေ။ သူ့မရီးက သူ့ကို စောင့်ရှောက်ပေးနေသည်မှာ သိသာလေသည်။
"မရီး ဘာလုပ်ရမလဲဆိုတာ ကျွန်တော့်ကိုပြောပြပါ၊ ကျွန်တော် သေချာပေါက်လုပ်မှာပါ” သူက ကတိပေး လိုက်၏။
...
ဝက်မစင်များနှင့် မြက်ခြောက်များကို တီကောင်များကို အစာကျွေးရန် အသုံးပြုနိုင်သည်။ တီကောင်များ၏မစင်က အင်မတန်မှကောင်းမွန်သည့် မြေသြဇာဖြစ်လေသည်။ သေသေချာချာ မွေးမြူထားသည့်တီကောင်များကလဲ ထိပ်တန်းအရည်အသွေး ကြက်စာဖြစ်လေသည်။
စန်းလော့က ဒီအရေးကြီးသည့်အချက်များကို ရှန်းကျင့်အား အသေးစိတ်ရှင်းပြလိုက်၏။
ရှန်းကျင့်၏မျက်လုံးများသည် နားထောင်နေရင်းက လင်းလက်သွားတော့သည်။ သူသည် မေးစရာမေးခွန်းများရှိလာတိုင်း ပိုပြီးသေသေချာချာ ရှင်းလင်းဖို့အတွက် မေးခွန်းများမေးတတ်သည်။ အားလုံးကို နားလည်ပြီးသည့်နောက်တွင် သူက ရင်ဘတ်ကိုပုတ်ပြီး ယုံယုံကြည်ကြည် ပြောလိုက်၏။ "ဒါက လုံးဝကိုမခက်ခဲပါဘူး၊ တကယ်ပြောတာပါ မရီး၊ ရှောင်ထျယ်တောင်မှ ဒါကို လုပ်နိုင်တယ်၊ ကျွန်တော်တို့တာဝန်ထားလိုက်"
တီကောင်များကို ဘာကြောက်ရပါမည်နည်း။ ထိုအရာများက ကောင်းမွန်သည့်အရာများဖြစ်နေသည်ပင်။
ရှန်းကျင့်သည် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးဖို့အတွက် တဖြည်းဖြည်း ရှင်းလင်းထားနိုင်သည့် ပေါများကြွယ်ဝလှသည့် တောင်ကုန်းများကို စဥ်းစားမိ၏။ သူ့မရီး၏ သင်ကြားပြသပေးခြင်းနှင့်ဆိုလျှင် သူသည် မကြာမှီ ကြက်များကဥဥထားသည့် ဥများကို ဥဖောက်ဖို့ရန်အတွက် သေသေချာချာလေး ရွေးချယ်ကာ သိမ်းထားနိုင်လိမ့်မည်။ နောက်ဆုံးတော့ သူသည် ကြက်မများကို ထိုဥများအပေါ်တွင် ဝပ်ထားခိုင်းနိုင်သည်။
သူသည် အိမ်တွင် ကြက်အုပ် ဒါဇင်ပေါင်းများစွာကို စိတ်ကူယဥ်ကြည့်မိပြီး ဖြစ်နေသည်။ တစ်ခြားအရာများမပါလျှင်ပင် လအနည်းငယ် ကြာပြီးလောက်တွင် သူသည် တစ်ရက်ခြား နှစ်ရက်ခြားတိုင်း ကြက်ဥများကို ခြင်းအပြည့်ကောက်ကာ အရှေ့စျေးတွင် သွားရောင်းနိုင်ပေမည်။ သူသည် အလွန်မှ ဝမ်းသာအားရဖြစ်သွားပြီး ကိုယ်ဟာ့ကိုယ် မမြိုသိပ်ထားနိုင်သလောက်ပင်။
"မကြီး ကျွန်တော်တို့တွေ မွေးမြူလို့ရသေးတဲ့ တစ်ခြားပိုးကောင်တွေရော ရှိသေးလား"
"ရှိတယ် ဒါပေမဲ့ ငါတော့ မမွေးချင်ဘူး” စန်းလော့က တုံးတိကြီး ငြင်းပလိုက်သည်။
မေးရန်မလိုတော့ချေ။ တီကောင်ထက် ပိုပြီးရွံစရာကောင်းသည့် နည်းလမ်းများ ဖြစ်လေသည်။
ရှန်းကျင့်သည် တခစ်ခစ် ရယ်မောလိုက်ပြီး တစ်ခုခုကို သတိရသွားကာ သူ ကိုင်ထားသည့် အကြွေးစာရွက်ကို စန်းလော့ဆီသို့ လှမ်းပေးလိုက်၏။ "မကြီး ဒါက ကျွန်တော်တို့ ဒီနေ့နွားထီးရယ်၊ ဝက်ရယ်၊ ဘဲ၊ ငန်းရယ် ဂျုံစေ့ရယ် ဒါတွေကို ဝယ်ထားတဲ့အကြွေးစာရွက်ပါ၊ ကျွန်တော် ဒီမှာအကြွေး ရေးထားတယ်၊ ကျေးဇူးပြုပြီးတော့ သိမ်းထားပေးပါ၊ ကျွန်တော် ငွေရှိလာတာနဲ့ မကြီးကိုပြန်ဆပ်ပါ့မယ်"
စန်းလော့သည် အကြွေးစာရွက်ကိုယူလိုက်ပြီး စစ်ဆေးကြည့်လိုက်၏။ စာရွက်နှင့်မှင်က ဝမ်ယွင်ကျန့်ဆီမှ လက်ဆောင်ဖြစ်သည်။ လက်ရေးက ထူးထူးခြားခြား ကောင်းမွန်နေသည်မဟုတ်သော်လည်း အကြွေးစာရွက်ကို ဘာအမှားအယွင်းမှမရှိဘဲ ကောင်းကောင်း ရေးသားထားနိုင်သည်။ ရှန်းကျင့်သည် တောင်အတွင်းပိုင်းတွင် နေရသည့်နှစ်များတွင် အရေးအဖတ်များကို ကြိုးစားအားထုတ်ထားသည့် သက်သေဖြစ်သည့်အပြင် ဆိုင်တာဝန်ခံရွှီက ကလေးများကို မကြာခဏ သင်ကြားပေးထားသည့် သက်သေလဲဖြစ်လေသည်။
"ကောင်းပြီလေ” သူမက စာရွက်ကိုခေါက်ပြီး သိမ်း ထားလိုက်၏။
...
ဝက်၅ကောင်နှင့် ဘဲငန်း၂ကောင်တို့ကို နေရာချထားပြီးနောက်တွင် ရှန်းလီက တောင်ပေါ်သို့တက်သွားလေသည်။ ကျောက်သလန်နှင့် ကျောက်စစ်လန်တို့နှင့်အတူ ပုံစံစာရွက်အကြောင်း တိုင်ပင်ဆွေးနွေးလိုက်ကြပြီး သူတို့သည် သစ်ပင်များကို စိုက်ပျိုးရန်အတွက် ရှင်းလင်းရမည့်မြေယာများကို ဆုံးဖြတ်လိုက်ကြသည်။ ထို့နောက်တွင်တော့ မနက်ခင်းတစ်ဝက်လောက် မြေကိုရှင်းလင်းပြီးနောက်တွင် ရှန်းအန်းကိုခေါ်ကာ အိမ်သို့ပြန်လာလေသည်။ တောစပျစ်ပင်များအပြင် တစ်ခြားစိုက်ချင်သည့် သစ်ပင်များအကြောင်းကို စန်းလော့အား မေးမြန်းလိုက်ပြီးနောက်တွင် သူသည် စန်းလော့ ရေးထားပေးသည့် ဝါးစာလိပ်တစ်ခုကို ရွှီမိသားစုဆီသို့ သွားပို့ပေးလိုက်သည်။ ထို့နောက်တွင်တော့ ညီအစ်ကိုများက ရှန်းကျင့်ကို အဖော်လုပ်ကာ တောင်ထဲသို့ဝင်သွားလေသည်။
နေ့လည်ခင်းပိုင်းတွင် အပြင်ဘက်သို့ သွားလာရခြင်းက သူတို့ကို အဝေးကြီးတော့ မသွားရသေးချေ။ သို့သော်ငြားလည်း စန်းလော့၏စာရင်းက အမျိုးမျိုးကွဲပြားနေသည်။ ရွှေရောင် ဟောသွန်း၊ ဆီးသီး၊ တောစပျစ်၊ သစ်ကြားသီး၊ စွန်ပလွန်သီး၊ တောဆီးသီး၊ တောချယ်ရီသီး၊ ငှက်ပျောသီး၊ ပိုးဇာပင်၊ သစ်တော်သီး၊ တည်သီးများဖြစ်လေသည်။ သူမက သူတို့ရှာသမျှအရာအားလုံးကို လက်ခံနိုင်သည်။ ထို့ကြောင့် နေ့တစ်ဝက်သာဖြစ်သည့်တိုင် သူတို့သည် အနီးအနားက တောင်များထဲမှ တော်တော်များများကို စုဆောင်းနိုင်သည်။
သူတို့နှင့်အတူ လိုက်လာကြသူများက ချန်းသရှန်၊ ချန်းအာ့ရှန်၊ ရွှီဝမ်ချင်းတို့ဖြစ်သည်။ သူတို့သည် ရှန်းမိသားစုက တောင်ပေါ်တွင် သစ်သီးပင်များကို စိုက်ပျိုးမည့် အစီအစဥ်ရှိကြောင်း ကြားလိုက်ရချိန်တွင် နောက်ကလိုက်လာဖို့ ချက်ချင်းဆုံးဖြတ်လိုက်ကြ၏။
ချန်းသရှန်သည် သိပ်မကြာခင်ကမှ သူ့ဇနီးဖြစ်သူ၏ ကိုယ်ဝန်အကြောင်းကို သိခဲ့ရလေသည်။ သူသည် တစ်နေ့လုံး ဝမ်းသာပျော်ရွှင်မှုအပြည့် ဖြစ်နေ၏။ အိမ်သို့ ပြန်ရောက်လာသည်တွင် သူသည် အင်အားအပြည့်လျှံနေကာ အနားယူဖို့တစ်ခွန်းမှ မပြောချေ။ ရုံးတော်မှ သူရလာသည့်ငွေများကို လွှဲပေးလိုက်ပြီးနောက်တွင် သူက ၃ရက်လောက်အိမ်တွင်နေဖို့ အခွင့်အရေးတစ်ခုကို ရခဲ့ပြီး ရှန်းလီနှင့် တစ်ခြားသူများက သစ်သီးပင်များကိုစိုက်ပျိုးရန် ကူညီပေးနေသည့် သူ့ညီလေးအာ့ရှန်နှင့် လိုက်လာခဲ့သည်။
ရှန်းနဥ်က အိမ်သို့အနည်းငယ်နောက်ကျမှ ရောက်လာသည်။ သူမက မီးဖိုချောင်ထဲသို့ဝင်လာပြီး အကြီးဆုံးခြင်းတစ်လုံးကို လှမ်းဆွဲလိုက်ကာ ပုဆိန်တစ်ခုကိုယူလိုက်၏။ "မကြီး ညီမလေး မြက်တွေသွားဖြတ်ဖို့ ရှောင်ယာ၊ ချောင်အာ၊ ရှောင်ထျယ်၊ အားရှုနဲ့ ကျိုးဝူတို့နဲ့အတူ လိုက်သွားလိုက်အုံးမယ်နော်"
ဝက်နှင့်ဘဲများ၏ ဒုတိယအသုတ် ရောက်လာချိန်တွင် ကလေးများသည် ပိုပြီးတက်ကြွလာလေသည်။ အစောပိုင်းက သူတို့သည် ဆိတ်၊ ကြက်နှင့် ယုန်များကိုသာ စောင့်ရှောက်လာရသည်။ အခုတော့ သူတို့မှာ စောင့်ရှောက်ပေးစရာ ဝက်နှင့်ဘဲငန်းများလဲ ရှိလာသည်။
သို့သော်ငြားလည်း ရွာထဲကကလေးများသည် ဒူပေနာပေခံကြသည်။ တစ်ယောက်ချင်းစီက နောက်ထပ်ရောက်လာသည့် မွေးမြူရေးတိရိစ္ဆာန်များကြောင့် စိတ်လှုပ်ရှားနေကြကာ အပိုအလုပ်အတွက် မည်သူကမှ မငြီးငြူကြချေ။
စည်ကားသိုက်မြိုက်နေသည့်ကြားတွင် ရုတ်တရက်ဆိုသလို လပြက္ခဒိန်ပထမလ၏ ၁၂ရက်မြောက်နေ့သို့ ရောက်လာသည်။ နောက်တစ်နေ့မနက်ခင်းတွင် စန်းလော့သည် သူမ၏ အခန်းထဲက ထွက်လိုက်သည်နှင့်ချက်ချင်း ရှန်းလီက သူမကို လှမ်းအော်လိုက်၏။ "ခြေလှမ်းကို သတိထားနော်"
ညတုန်းက မိုးရွာခဲ့သည်မှာ သိသာသည်။ မိုးက တိတ်သွားသော်ငြားလည်း မြေကြီးကတော့ စိုထိုင်းထိုင်းဖြစ်နေဆဲဖြစ်ကာ ရှန်းလီ၏စိုးရိမ်မှုကို ဖော်ပြနေလေသည်။
သူသည် ထိုမနက်ခင်းစောစောတွင် တောင်ပေါ်က အလုပ်တစ်ချီကို ပြီးမြောက်ခဲ့ပြီးဖြစ်သည်။ ရှေ့တစ်ရက်ညနေက ယူပြန်လာခဲ့သည့်ပျိုးပင်များက မမှောင်ခင်အထိ စိုက်ပျိုးလို့မပြီးခဲ့ချေ။ ထို့ကြောင့် သူ၊ ရှန်းအန်းနှင့် ဦးလေးကျောက်တို့အပါအဝင် ဦးလေးကျောက်စစ်လန်ကလဲ အာရုဏ်တက်ချိန်တွင် အလုပ်ကိုပြန်လာခဲ့ရသည်။ သူတို့သည် အခုလေးတင်မှ စိုက်ပျိုးပြီးစီးသွားခဲ့လေသည်။
ရှန်းလီက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ပြောလိုက်၏။ "ကြည့်ရတာ နွေဦးမိုး ကျတော့မယ် ထင်တယ်၊ နောက်၂ရက်လောက်နေလို့ မိုးရွာပြီးသွားရင် ရှောင်အန်း၊ ဦးလေးကျောက်သလန်နှင့် ဦးလေးကျောက်စစ်လန်တို့နဲ့ အတူတူ လယ်တွေကို ထယ်ထိုးဖို့လိုလာလိမ့်မယ်၊ ခဏလောက်တော့ ကျွန်တော် တောင်ပေါ်တက်နိုင်အုံးမှာ မဟုတ်ဘူး၊ ကျွန်တော်တို့တွေ စပျစ်ပင် အပင်၃၀ ကျော်ကို ပြောင်းရွှေ့စိုက်ပျိုးထားပြီးတော့ နောက်ထပ်အပင်၉၀နီးပါး မျိုးပွားထားပြီးပြီ၊ ဒီလောက်ဆိုလုံလောက်ပြီလား"
"အပင်၁၀၀ကျော်လား” စန်းလော့သည် တအံ့တသြ ဖြစ်သွားသော်ငြားလည်း ခေါင်းငြိမ့်ပြလိုက်သည်။ "လောက်ပါပြီ တောချယ်ရီသီးတွေကရော"
"ကျွန်တော်တို့တွေ တောချယ်ရီသီးပင် အပင်၄၀ ကျော်ကို တူးလာပြီးတော့ ကြက်ခြံရဲ့စည်းရိုးပတ်ပတ်လည်မှာ စိုက်ထားတယ်၊ ကျွန်တော်က အစတုန်းက အဲဒီ့အပင်တွေကို အကိုင်းဖြတ်ပြီးတော့ မျိုးပွားဖို့ စဥ်းစားထားတာလေ၊ ဒါပေမဲ့ ဒါတွေက အသီးသီးဖို့ဆိုရင် နှစ်နှစ်သုံးနှစ်လောက် အချိန်ပေးရမယ် ထင်တယ် ဦးလေးကျောက်သလန်နဲ့ ဦးလေးကျောက်စစ်လန်က ပြောတယ်၊ သူတို့နေရာရဲ့ အနားကတောင်နားမှာ တစ်ချို့ရှိတယ်တဲ့၊ သူတို့တွေက ကျွန်တော်တို့ ပြန်လာတဲ့အချိန်ကြရင် သူတို့ရဲ့သားတွေကို ကျွန်တော်တို့အတွက် နည်းနည်းပါးပါးလောက် သွားတူးခိုင်းလိုက်မယ်လို့ အကြံပေးထားတယ်၊ ကျွန်တော်ကတော့ ဒါလဲ အလုပ်ဖြစ်မယ်လို့ ထင်တယ်၊ ကျွန်တော်တို့တွေက အဲဒါတွေကို သူတို့ဆီကပြန်ဝယ်သလို ငွေနည်းနည်းလောက် ပေးလိုက်ကြတာပေါ့"
စန်းလော့က ပြုံးပြလိုက်၏။ "တော်တော်အဆင်ပြေတာပဲ ကျွန်မက အဲဒီ့အပင်တွေနဲ့ ဆိတ်ခြံနဲ့ကြက်ခြံတွေနှစ်ခုစလုံးကို ပတ်ပြီးတော့ စိုက်ထားချင်တာ"
ရှန်းလီက သိချင်စိတ်ဖြစ်သွားသည်။ "ဒီအပင်တွေကိုစိုက်တော့ ဘာအသုံးဝင်မှာလဲ"
သူ ငယ်စဥ်ဘဝက စားသောက်စရာ အများအပြားမရှိချိန်တွင် ရှန်းလီသည် ဒီအရာများကို အများအပြားခူးခဲ့ရသည်။ သူတို့သည် အစပိုင်းတွင် ချိုမြသော်ငြားလည်း အရသာခံပြီးနောက်တွင် ခါးသက်သက်လေးကျန်ခဲ့သည်။ ပိုအရေးကြီးသည်က ထိုအသီးများသည် လည်ချောင်းများကို ယားယံစေလေသည်။ ဒါက အတွင်းက အမွှေးအမျှင်များကြောင့်ဖြစ်မှန်း နောက်မှ သူသိလိုက်ရသည်။
"သူ့မှာလဲ သူ့အသုံးဝင်တဲ့ အချက်အလက်တွေ ရှိပါတယ်၊ ဒါကို ဆေးဖက်ဝင်အပင်တစ်မျိုးလို့ သတ်မှတ်လို့ရတယ်၊ ဆေးဆိုင်တွေက ဒါတွေကို ဝယ်မလားဆိုတာတော့ စောင့်ကြည့်ရအုံးမှာပေါ့၊ အဲလိုမှမဟုတ်ဘူးဆိုရင်လည်း ကျွန်မတို့တွေက ကိုယ်ပိုင်တောချယ်ရီသီးအနှစ်ကို ပြုလုပ်လို့ရတယ်လေ၊ ဒါက ချိုပြီးတော့ အရသာလဲကောင်းတယ်"
ဒီအပင်တွင် နောက်ထပ်လုပ်နည်းတစ်ခုလဲ ရှိလေသည်။ သကြားအိုးတဲ့။
...
နွေဦးမိုးရွာချပြီး တစ်ညနောက်ပိုင်းတွင် သရှင်းရွာရှိ အိမ်ထောင်စုများနှင့် သို့မဟုတ် ရှီကျိုးတစ်မြို့လုံးသည် အလုပ်များလာကြတော့သည်။
ထိုနေ့တွင် လုအာ့လန်နှင့် လုစန်းလန်တို့သည် အထုပ်ကြီး အထုပ်ငယ်များကို သယ်ကာ သရှင်းရွာသို့ ပြန်လာလေသည်။ သူတို့အရပ်နီးပါးမြင့်သည့် ဆယ်ကျော်သက်လေး နှစ်ယောက်ကလဲ သူတို့နောက်မှ လိုက်ပါလာပြီး ထို့နောက်တွင်တော့ နောက်ထပ်လူအနည်းငယ် လိုက်ပါလာသည်။ ရွှီမိသားစုနှင့် ကျိုးမိသားစု၏ လယ်ယာမြေများက ရွာအဝင်ပေါက်နှင့် အနီးဆုံးဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် လုအာ့လန်နှင့် လုစန်းလန်တို့သည် မှတ်မိဖို့ရန် လွယ်ကူကြသော်ငြားလည်း သူတို့နောက်ကတော့ ဘယ်သူများပါနည်း ...
အဘွားရွှီက တအံ့တသြဖြစ်သွားပြီးနောက် သူမက သဘောပေါက်သွားတော့သည် "ဒါက ရွှမ်းကျူးနဲ့ ထျယ်ကျူးမဟုတ်လား"
အမှန်ပင် ရွှမ်းကျူးနှင့် ထျယ်ကျူးတို့ ဖြစ်လေသည်။ သူတို့နောက်ကလိုက်လာသည့် အမျိုးသမီးငယ်လေးကတော့ အရွယ်ရောက်နေပြီဖြစ်ကာ ထိုသူက သနွီဖြစ်လေသည်။ ထို့နောက်တွင်တော့ ဟူဇီနှင့်ရှီထိုတို့ကလဲ လိုက်ပါလာပြီး သူတို့ကလဲ အများကြီးအရပ်မြင့်လာသည်။ နောက်ဆုံးတွင် အကွာအဝေးတစ်ခုလောက် ခြားနေသည့်နေရာ၌ ဖရိုဖရဲနှင့် ကြီးရင့်နေသည့် ရုပ်တစ်ခုဖြစ်နေသည့် မုတ်ဆိတ်မွှေးနှင့် လူတစ်ယောက်ပါလာသည်။ အနီးကပ်လေ့ လာကြည့်လိုက်မှ လုသလန် ဖြစ်နေသည်ကို မှတ်မိသွားတော့သည်။
တစ်ဖက်တွင်လည်း ကျိုးမိသားစုက သူတို့ကို မှတ်မိသွားပုံရသည်။ ရွာသူကြီးကျိုးက သူ၏နံပါတ်ငါးသားကို လွှတ်ကာ သူတို့ပြန်ရောက်လာကြောင်း လုမိသားစုကို သွားအကြောင်းကြားခိုင်းလိုက်သည်။
သတင်းကိုကြားလိုက်သည်တွင် အဘိုးလုနှင့် အဘွားလုတို့က အပြေးအလွှား ထွက်လာကြ၏။ သေသေချာချာ တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် အားလုံးပါလာသည်ကို အတည်ပြုလိုက်သည်။ လင်မယားနှစ်ယောက်လုံး၏ မျက်လုံးများသည် မျက်ရည်များ ဝေ့တက်လာတော့သည်။ အဘွားလုက ယခုတော့ သူမကို မိုးထားနေသည့် အရပ်တောင်ရှိနေပြီဖြစ်သည့် မြေးနှစ်ယောက်ကို ငေးကြည့်ရင်း သူမ၏ပါးစပ်ကိုဖွင့်လိုက်ကာ ရွှမ်းကျူးနှင့် ထျယ်ကျူးတို့၏နာမည်ကို လှမ်းခေါ်လိုက်၏။ သူတို့သည် ကြီးထွားလာကြပြီး ရုပ်အသွင်များကလဲ ပြောင်းလဲသွားကြသည်။ အလွန်မှ ပြောင်းလဲသွားကြသဖြင့် သူမမှာ သူတို့ကိုမှတ်မိဖို့ရန် တဒင်္ဂ ဇဝေဇဝါပင် ဖြစ်သွားလေသည်။
ရွှမ်းကျူးနှင့် ထျယ်ကျူးတို့က သူတို့၏ပစ္စည်းများကို ချထားလိုက်ပြီး ဒူးထောက်ချလိုက်ကာ သူတို့၏အဘိုးအဘွားကို ဦးချကန်တော့ပြီး အဘိုးနှင့်အဘွားဟု ခေါ်လိုက်လေသည်။
အဘိုးလုနှင့်အဘွားလုတို့က ဝမ်းသာအားရ ခေါင်းငြိမ့်ပြလိုက်သည်။ "နင်တို့တွေ အန္တရာယ်ကင်းကင်းနဲ့ ပြန်လာတာ ကောင်းလိုက်တာ၊ နင်တို့တွေ အန္တရာယ်ကင်းကင်းနဲ့ ပြန်လာတာ တကယ် ဝမ်းသာစရာပဲ"
လုသနွီကလဲ မောင်နှစ်ယောက်ကို ဦးဆောင်လာပြီး ထိုနည်းတူ သူတို့၏အဘိုးအဘွားများကို ကန်တော့လိုက်ကြလေသည်။ လုသလန်အလှည့်သို့ ရောက်လာသည်တွင် သူသည် ထိုနေရာတွင်ရပ်ပြီး သရှင်းတစ်ရွာလုံးကို လေ့လာအကဲခတ်ကြည့်နေမိကာ သူ့အကြည့်က နောက်ဆုံးတော့ သူ့မိဘများ၏ မျက်နှာပေါ်သို့ ကျရောက်သွားသည်။ သူက ပါးစပ်ကိုဖွင့်လိုက်သော်ငြားလည်း အသံက ထွက်မလာချေ။
လုအဘွားက သူ့ကိုကြည့်လိုက်ပြီး မသိမသာ ခေါင်းငြိမ့်ပြလိုက်ပြီးနောက်တွင် သူမ၏မြေးများကို လှမ်းခေါ်လိုက်လေသည်။ "လာကြ အရင်ဆုံးပစ္စည်းတွေကို သယ်သွားကြတာပေါ့"
လုမိသားစု၏ ပထမအိမ်ထောင်စုသည် အခြေမချရသေးဘဲ သူတို့၏မြေများကို မခွဲဝေရသေးသော်ငြားလည်း အဘွားရွှီကတော့ သူတို့အတွက် မြေယာများကို အစောကြီးကတည်းက ရွေးချယ်ထားပြီးဖြစ်သည်။ အိမ်ထဲတွင် အခန်းတစ်ချို့လည်း ရှိနေပြီး ထိုအခန်းများကို လင်မယားနှစ်ယောက်စလုံးက နှစ်သစ်ကူးမတိုင်ခင်ကတည်းက သန့်ရှင်းရေးလုပ်ထားပြီး မကြာခဏဆိုသလို ပြောင်စင်နေအောင် တိုက်ချွတ်ပေးထားလေသည်။ မျှော်လင့်ချက်များဖြင့် သူတို့သည် နောက်ဆုံးတော့ ပိုင်ရှင်များ ပြန်အလာကို စောင့်စားနေခဲ့ရသည်။
လုအာ့လန်က စိုးရိမ်စိတ်များ ဖြစ်သွားလေသည်။ "အမေ လျိုညန် မွေးပြီးသွားပြီလား"
သူသည် အိမ်ယာဝန်းထဲသို့ ဝင်လာကတည်းက လုအာ့လန်သည် သွက်သွက်လျှောက်လာပြီး လုစန်းလန်၊ ရွှမ်းကျူးနှင့် ထျယ်ကျူးတို့ကပါ သူ့နောက်မှ အမှီလိုက်လာနိုင်သည်။
သူ့စိတ်တို့သည် မီးဖွားပြီးပြီဖြစ်သည့် သူ့မိန်းမဆီသို့သာ စိတ်ရောက်ရင်း ဖိစီးမှုများဖြစ်နေလေသည်။ သူက အသေးစိတ်အကြောင်းအရာကို သိရှိရဖို့ စိတ်အားထက်သန်နေ၏။
အဘွားလုက မည်သို့ မေ့လျော့ပါမည်နည်း။ သူမက ပြုံးကာပြန်ဖြေလိုက်၏။ "မွေးပြီးပါပြီ မွေးပြီးပြီ ပထမလရဲ့ ဒုတိယနေ့ ညနေခင်းမှာပဲ၊ သမီးလေးတစ်ယောက်ကို မွေးတယ်လေ၊ သားအမိနှစ်ယောက်စလုံး နေကောင်းကြပါတယ်၊ နင်လဲ မြန်မြန်အိမ်ပြန်သင့်တယ် ဒါပေမဲ့ အခု နင် အရမ်းညစ်ပတ်နေတယ်နော်၊ နင့်ရဲ့အခန်းထဲကို တန်းပြီးတော့ ပြန်မသွားနဲ့အုံး၊ အဲဒီ့အစား ပြတင်းပေါက်အပြင်ဘက်ကနေပဲ လျိုညန်နဲ့ စကားပြောလိုက်အုံး၊ ကိုယ့်ဟာကိုယ် ရေချိုးသန့်စင်ပြီး အဝတ်စားလဲပြီးမှပဲ နင့်မိန်းမနဲ့ကလေးဆီကိုသွားလေ"
လုအာ့လန်သည် အလွန်မှ ဝမ်းသာပျော်ရွှင်သွားပြီး စိတ်အားထက်သန်စွာ သဘောတူလိုက်၏။ လုစန်းလန်ကလဲ တူညီစွာ ဝမ်းသာရလေသည်။ "တူမလေးကို နာမည်ပေးပြီးသွားပြီလား"
အဘွားလု၏မျက်နှာများက ပျော်ရွှင်မှုဖြင့် လင်းဖြာနေလေသည်။ "နင့်ဒုတိယအစ်ကို ပြန်လာမှပဲ ဆုံးဖြတ်ပါစေ"
သူတို့၏ ဒုတိယအဒေါ်က ဝမ်းကွဲတစ်ယောက်ကို မွေးခဲ့သည်ဟု ကြားလိုက်သည်တွင် ရွှမ်းကျူးနှင့် ထျယ်ကျူးတို့ ကလေးများကလဲ ပျော်ရွှင်သည့်အရိပ်အယောင်များ ထွက်ပေါ်လာပြီး သူတို့၏ဒုတိယဦးလေးကို ဂုဏ်ပြုစကားပြောလိုက်ကြသည်။
အနောက်ဘက်တွင် သရှင်းရွာသို့ ရောက်လာကတည်းက ခံစားချက် မစို့မပို့လေး ထုတ်ပြခဲ့သည့် လုသလန်သည် ဒုတိယအိမ်ထောင်စုတွင် နောက်ထပ် အသစ်တစ်ယောက်ရှိသည်ဟု ကြားလိုက်ရသဖြင့် သူ၏အကြည့်များက နောက်ဆုံးတော့ မြင့်တက်လာသည်။ ယခုတော့ သူ့မျက်လုံးထဲတွင် အသက်ဝင်လှုပ်ရှားသည့် အငွေ့အသက်တစ်ခု ဖြစ်လာ၏။
သူ့မျက်နှာကို ဖုံးထားသည့် မရိပ်ရသေးသည့် မုတ်ဆိတ်မွှေးများကြောင့် ဘယ်သူကမှ သူ့ပါးပေါ်က တွန့်ရှုံ့သွားသည့် အမူအယာကို သတိမထားမိကြချေ။ အချိန်အကြာကြီး စကားမပြောလာသဖြင့် သူသည် သူကိုယ်တိုင် ဖော်ပြဖို့ ကြိုးစားချိန်တွင် သူ့မျက်နှာပေါ်က ကြွက်သားများသည် အလိုလို အကြောဆွဲနေ၏။
သမီးတစ်ယောက် မွေးတယ်တဲ့လား။
သူတို့မိသားစုကို အဝေးကိုပို့လိုက်တာ ၃နှစ်တောင်ရှိသွားပြီပဲ။ အတိအကျပြောရရင် ၂နှစ်နဲ့၁လ။ ဒီအချိန်အတွင်းမှာ သူ့ရဲ့ဒုတိယညီလေးနဲ့ ခယ်မလေးတို့အတွက် ကလေးဘယ်နှစ်ယောက်တောင် မွေးနိုင်ခဲ့ကြတာလဲ။
...
အပိုင်း (၂၃၈) အဆင်ပြေတဲ့ ထယ်သွား
(T/N ဒီစိုက်ပျိုးရေးအပိုင်းကိုတော့လေ စိုက်ပျိုးရေးနဲ့ မရင်းနှီးတော့ ထယ်၊ထယ်သွား၊ ထွန်တုံး အခေါ်အဝေါ်တွေကို အတတ်နိုင်ဆုံး နားလည်အောင် ပြန်ထားပါတယ်။ အမှားပါရင် ပြင်ဆင်ပေးတာဖြစ်ဖြစ် ပြောလို့ရပါတယ်နော်)
ရှန်းနဥ်က ဝက်များကို အစာကျွေးရန်အပြင် ထွက်သွားသည်။ သူမသည် အစားအသောက်ပုံးကို သယ်ထုတ်သွားပြီး မကြာခင်မှာပင် အလောတကြီး ပြန်ရောက်လာပြန်သည်။ "မကြီး ဟူကျီတို့မိသားစု ပြန် လာကြပြီ"
ဟူကျီ။
လုမိသားစုရဲ့ အကြီးဆုံးမိသားစုပေါ့။
ဟုတ်သားပဲ။ လုအာ့လန်နဲ့ လုစန်းလန်တို့က ပြီးခဲ့တဲ့နှစ်လတုန်းက သူတို့တွေကို သွားခေါ်ခဲ့တာ မဟုတ်လား။
စန်းလော့သည် သူမ၏အကြည့်ကို ပင့်လိုက်လေသည်။ "အားလုံး ပြန်လာကြတာလား"
ရှန်းနဥ်က ခေါင်းငြိမ့်ပြသည်။ "အားလုံးပဲ ရောက်လာပြီ၊ အားလုံးရောက်လာကြပြီ"
ဝမ်ချွန်းညန်ကတော့ မပါတော့ချေ။ - ဒါသည် ပြီးခဲ့သည့်နှစ်နှစ်ကတည်းက ရှန်းနဥ် သိထားသည့်အကြောင်းအရာ ဖြစ်လေသည်။ သူမသည် အားလုံးရောက်လာပြီဟု ပြောလိုက်ချိန်တွင် လုမိသားစု၏ ပထမမိသားစုက ကျန်နေသည့်မိသားစုဝင်များကို ရည်ညွှန်းလေသည်။
သူတို့အားလုံး ရောက်လာကြပြီဟု ကြားလိုက်သည်တွင် စန်းလော့က စိတ်အေးသွားကာ ခေါင်းငြိမ့်ပြလိုက်၏။ "ဒီလိုသိရတာ ကောင်းပါတယ်"
နောက်ထပ် စကားလုံးများကို မလိုအပ်တော့ချေ။
စန်းလော့သည် မီးသွေးခဲတံကို တင်းနေအောင် ကိုင်ဆုပ်ထားရင်း သူမရှေ့က ပုံဆွဲစာရွက်ပေါ်တွင် စိတ်ဝင်တစား ဆွဲသားနေလေသည်။
ဒါသည် အဆင်ပြေပြေ ထွန်ယက်နိုင်ရန် ထယ်တစ်ခု၏ပုံစံ ဖြစ်လေသည်။
နှစ်ပေါင်းတော်တော်များများ တောင်အတွင်းပိုင်းတွင် နေလာခဲ့ပြီးသည့်နောက် ပထမဦးဆုံးနှစ်တွင် သူမသည် လယ်ယာများကို ပြင်ဆင်ဖို့ရန် အလွန်မှအလုပ်များခဲ့သည်။ အဘိုးချန်းနှင့် သူ့မိသားစုသည် သူတို့တွင်ရှိသည့် ပစ္စည်းအနည်းငယ်နှင့်သာ မြေများကို စီမံခဲ့ရသည်။ မြေကွက်က မကြီးမားလှချေ။ သို့သော်ငြားလည်း လူကတော့ အများအပြား ရှိနေသည်။ သူတို့အတွက် ထယ်တစ်ခုမလိုအပ်သလို ပိုင်ဆိုင်စရာလဲ မရှိချေ။
လျှိုမြောင်၏အပြင်ဘက်သို့ ပြောင်းရွှေ့လာသည်တွင်လည်း စန်းလော့သည် လျှိုမြောင်ထဲက စိုက်ပျိုးရေးကိစ္စကို ကြည့်ရှုစောင့်ရှောက်ပေးဖို့ရန် မလိုအပ်ခဲ့ချေ။ ရှန်းလီ ရှန်းကျင့်နှင့် ရှန်းအန်းတို့က အားလုံးကို တာဝန်ယူထားပေးသည်။
သူတို့သည် တောင်အတွင်းပိုင်းမှ ထွက်လာသည့်အချိန်မှသာ နွေဦးထယ်ထိုးမည့်ကိစ္စက စတင်လာသည်။ မိသားစုများသည် ရွာထဲက ပစ္စည်းများထားသည့်တဲထဲတွင် ဝမ်မိသားစုထားခဲ့သည့် ထယ်အဟောင်းတစ်ခုကို တွေ့လိုက်ရသည်။ စန်းလော့က အပြင်ဘက်သို့ လေ့လာကြည့်သည်တွင် ရှန်းလီနှင့် တစ်ခြားသူများက အလုပ်လုပ်နေသည်ကို မြင်လိုက်ရ၏။
လူအင်အားသုံးထားသည့် ထယ်ထိုးခြင်းပင်။
အမှန်ပင် သူတို့သည် လူများကို နွားများလို အသုံးချနေရသည်။
ရွာထဲတွင် နွားက တစ်ကောင်တည်းသာ ရှိသည်။ ထို့ကြောင့် မိသားစုတစ်ခုချင်းစီက ဒါကို အလှည့်ကျသုံးနေရသည်။ ရှန်းလီက သူ့ခွန်အားကို မှီခိုအားထားပြီး ကျောက်သလန်နှင့် ကျောက်စစ်လန်တို့၏ အားစိုက်ထုတ်မှုတစ်ချို့ကို သိမ်းဆည်းထားချင်သည်။ ထို့ကြောင့် သူတို့မိသားစု၏အလှည့်ကို သူ ကျောင်းစတက်သည့် အချိန်ရောက်မှသာ အချိန်ဇယားဆွဲထားသည်။
ရွာထဲက အိမ်ထောင်စု၉စုတွင် အားအနည်းဆုံးမှာ ရှန်းကျင့်တို့ ညီအစ်ကိုသုံးယောက် ဖြစ်လေသည်။ အားလုံးက သူတို့အတွက် ရှောင်ရှားပေးကြသည်။ ထို့ကြောင့် နွားကို ပထမဆုံးနေ့တွင် သူတို့မိသားစုကို ပေးလိုက်သည်။ ကျောက်စစ်လန်က ထိုမနက်ခင်းမှာပင် ရှန်းကျင့်ကို ထယ်ထိုးနည်းသင်ပေးလိုက်၏။ ရှန်းကျင့်နှင့် ရှန်းအန်းတို့ကလဲ အတူတူလေ့လာကြသည်။
စန်းလော့သည် ရှန်းကျင့်၏လယ်ကွင်းမှလွဲလျှင် မညီမညာဖြစ်နေသည့် လူသားအင်အားကို သုံးထားသည့် ထယ်များဖြင့် ထွန်ယက်ထားသည့် တစ်ခြားမြေကွက်များကို လေ့လာကြည့်လိုက်၏။ ခေတ်သစ်စက်ပစ္စည်းများနှင့် ရင်းနှီးနေသူတစ်ယောက်အတွက် ဒီမြင်ကွင်း၏သက်ရောက်မှုက ဘယ်သူကမှ နားမလည်နိုင်သည့် အရာမျိုးဖြစ်နေသည်။
အနီးကပ် တစ်ချက်လေ့လာကြည့်လိုက်သည်တွင် ထွန်တုံး၏ထူးခြားမှုကို သေသေချာချာလေး မြင်ရလေသည်။
"ရိုးရိုးထွန်တုံး” ထောင်မတ်သည့် တန်းတစ်ခုပါရှိသည့် သမရိုးကျစိုက်ပျိုးရေးသုံးပစ္စည်း တစ်ခုဖြစ်သည်။
နွေဦးထယ်ထိုးခြင်းအကြောင်း အသိပညာများက စိတ်ထဲသို့ ရှင်းရှင်းလင်းလင်း ဝင်ရောက်လာသည်။ လေးလံပြီး ဝန်ကျယ်ကာ လုပ်အားအများအပြား သုံးရပြီး ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်ဖို့ရန်လဲ ခက်ခဲသည်။
ရိုးရိုးထယ်သွား၏ အတိအကျပုံစံကိုတော့ အမှန်အတိုင်းပြောရလျှင် သင်ရိုးစာအုပ်ထဲက ထိုပုံစံကိုမြင်ရသည့် သူမ၏မှတ်ဉာဏ်မှာ အခုတော့ ဝေဝေဝါးဝါးလေးသာ ကျန်ရှိလေသည်။ နည်းပညာပြန့်နှံမှု အားနည်းသည့် တောင်အတွင်းပိုင်းတွင် နေရသည့်ထိုနှစ်များက ရွာထဲက လူကြီးများသည် နွားများနှင့်ထယ်များကို သုံးနေသေးသည်ကို မြင်တွေ့ခဲ့ရသည်။ သူမသည် ထိုအရာများကို အကြိမ်အနည်း ငယ်မြင်ခဲ့ရသဖြင့် ထိုအရာကို ပြန်စဥ်းစားမိလိုက်သည်တွင် သူ မသည် တစ်ချို့အသေးစိတ်အချက်အလက်များကို ပြန်သတိရလာ၏။
လက်ရှိတွင် သူမသည် သူမ၏မှတ်ဉာဏ်အတွင်းပိုင်းတွင် ဖုံးကွယ်နေသည့် ရတနာများကို ပြန်လည်တူးဖော်ဖို့ရန် စိတ်အားထက်သန်နေသည်။
ဒါက တော်တော်လေးကို ခက်ခဲလှသည်။ သို့သော်ငြားလည်း သူမ၏ ကျောင်းတufသည့်အချိန်ကာလတွင် သေသေချာချာ လေ့လာထားပြီးဖြစ်သည်။ အတိတ်က ထိုပစ္စည်းမျိုးကို မြင်တွေ့ဖူးသဖြင့် သူမသည် ထိုပုံကို အကြမ်းဖျဥ်း ဆွဲသားနိုင်ခဲ့သည်။ သို့သော်ငြားလည်း အခက်အခဲတစ်ချို့ကတော့ ရှိပေသည်။ သို့တိုင် ပိုပြီးအသေးစိတ်ကျသည့် အချက်အလက်များကိုတော့ ထပ်ပြီးရှင်းလင်းအောင် လုပ်ရန်လိုအပ်သည်။
စန်းလော့က သူမ၏ခဲတံကို ချထားလိုက်ပြီး ရှန်းနဥ်ကိုပြောလိုက်၏။ "အားနဥ် နင့်အစ်ကိုနေ့လည်စာအတွက် အိမ်ပြန်တဲ့အခါကြရင် ငါတို့ရဲ့ထယ်သွားတွေထဲကတစ်ခုကို ယူပြန်လာဖို့ပြောလိုက် ငါတစ်ချက်လောက် ကြည့်ချင်လို့"
ရှန်းနဥ်သည် သူမ၏ယောင်းမက တစ်မနက်ခင်းလုံး ထယ်သွားအကြောင်းကို စဥ်းစားရင်း အချိန်ကုန်နေသည့်အကြောင်း သိနေသည်။ သူတို့တွင် ထယ်သွားတစ်ခုရှိပြီးသား ဖြစ်သော်ငြားလည်း သူမက ဘာကြောင့်များ ထယ်သွားကိစ္စကို စိုးရိမ်နေသနည်းဟု သူမမှာ သေချာမသိသော်ငြားလည်း သူမက တွေဝေမနေဘဲ သဘောတူလိုက်၏။ သိချင်စိတ်ဖြင့် သူမက စန်းလော့နားသို့ကပ်သွားပြီး တဝက်ဆွဲပြီးထားသည့် စန်းလော့ဆွဲထားသည့်ပုံကို လေ့လာကြည့်လိုက်၏။ ဒါက သူမ မြင်ခဲ့ဖူးသည့် သာမန်ထယ်သွားများနှင့် သိသိသာသာ ကွာခြားနေသည်ကို သတိထားမိလိုက်သည်။ ဒါက နည်းနည်းလေး - အများကြီး ပိုပြီးတော့ဆွဲဆောင်မှု ရှိနေသလိုပဲ။
ရှန်းနဥ်သည် ဘာတစ်ခုမှ နားမလည်နိုင်ချေ။
ဒီလေ့လာခြင်းမှလွဲလျှင် ရှန်းနဥ်သည် ဘာတစ်ခုကိုမှ နားမလည်နိုင်ခဲ့ချေ။ သူမက စန်းလော့ကို နေ့လည်စာစားချင်သည့် အရာကို မေးလိုက်ပြီး အဖြေပြန်ရပြီးနောက်တွင် လယ်ထဲက သူမ၏အစ်ကိုကို သတင်းသွားပို့ဖို့ တစ်ယောက်တည်းထွက်လာခဲ့သည်။
...
ရှန်းလီသည် နေ့လည်ခင်းပြန်လာချိန်တွင် သူသည် ထိုနေ့မနက်ခင်းက သုံးခဲ့သည့်ထယ်သွားကို ယူပြန်လာခဲ့တာ စန်းလော့က ဒါကို လေ့လာချင်နေမှန်း သိလိုက်သည်။ သူက သူမအတွက် ထယ်သွားပေါ်က အဝါရောင်ရွံ့များကို ရေများဖြင့်ဆေးကြောပေး လိုက်သေးသည်။
စန်းလော့သည် အစောပိုင်းကဒီကိစ္စကို ခဏလောက် ဘေးဖယ်ထားလိုက်ပြီး သူမအိမ်၏အခန်းအပြင်အဆင်ကို ရေးဆွဲနေလိုက်သည်။ ဆူညံသံကို ကြားလိုက်သည်တွင် သူမက အိမ်အပြင်ဘက်သို့ ထွက်လာပြီး ရိုးရိုးထယ်သွားကို မြင်လိုက်ရချိန်တွင် သူမသည် သတိပြန်ဝင်လာတော့သည်။ သူမက သူမဆွဲထားသည့် ထယ်အသွားကို ယူထုတ်လာပြီး နှစ်ခုကို နှိုင်းယှဥ်ကြည့်လိုက်ကာ အသေးစိတ်တွင် ပြင်ဆင်ချက်တစ်ချို့ကို ပြုလုပ်လိုက်ပြီးနောက် ရှန်းလီကို လှမ်းပေးလိုက်သည်။ "ဒီဆွဲထားတဲ့ပုံကို အခြေခံပြီးတော့ သစ်ကိုသုံးပြီး တစ်ခုလောက် ကြိုးစားလုပ်ပေးပါလား၊ ကွေးထားတဲ့နေရာကို စမ်းသပ်ဖို့ ပုံစံငယ်လေးတစ်ခုကနေ စလုပ်လဲအဆင်ပြေပါတယ်"
ရှန်းလီသည် သူ့လက်ထဲက ပုံစံစာရွက်ကို ကြည့်လိုက်ပြီး နောက်ဆုံးတော့ စန်းလော့က သူ့ကိုမိသားစု၏ ထယ်သွားယူပြန်လာခိုင်းသည့် အကြောင်းအရင်းကို သဘောပေါက်သွားတော့သည်။ အချိန်တစ်ခုပေးပြီး သေသေချာချာ လေ့လာကြည့်လိုက်ပြီးနောက်တွင် ထိုပစ္စည်း၏ လက်ရာမြောက်သည့်ပုံစံကလွဲလျှင် ချက်ချင်းသက်ရောက်မည့် အကျိုးတရားတစ်စုံတစ်ခုမှ မမြင်ရချေ။
"ဒီတစ်ခုနဲ့ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့တစ်ခုက ဘာကွာလို့လဲ"
စန်းလော့သည် ဘာတစ်ခုကိုမှ အဓိပ္ပါယ် မဲ့မလုပ်ချေ။ ထိုကြောင့် ရှန်းလီက တိုက်ရိုက်မေးမြန်းလိုက်၏။
စန်းလော့က ပုံစံစာရွက်ကို ထောက်ပြလိုက်ပြီး အဓိကသွင်ပြင်လက္ခဏာများကို အကြမ်းဖျဥ်းရှင်းပြလိုက်၏။ အစပိုင်းတွင် ရှန်းလီသည် ကွာခြားချက်ကို သိပ်ပြီးတော့ နားမလည်ခဲ့ချေ။ သို့သော် သူသည် ပိုပြီးအာရုံစိုက်ကာ နားထောင်လာသည်တွင် အကျိုးကျေးဇူးကို စတင်ရိပ်မိလာလေသည်။ ညနေစာအတွက် စောင့်မနေတော့ဘဲ သူက ရှန်းအန်းကိုခေါ်ပြီး သစ်များကို သွားသယ်လာတော့သည်။
ပုံစံငယ်လေးတစ်ခု ဖန်တီးပြီး ညွှန်ကြားထားသည့်အတိုင်း လုပ်ရမည့်အစား သူတို့သည် စန်းလော့ပေးထားသည့် ပုံစံစာရွက်နောက်ကို တိုက်ရိုက်လိုက်ကာ လူအများစု၏အရပ်အမြင့် လိုအပ်ချက်အရ ထယ်သွားကို အရွယ်အစား အကြမ်းဖျဥ်းခန့်မှန်းလိုက်သည်။ သူတို့သည် လက်ကိုင်ကို ကွေးအောင်ဖော်လိုက်ပြီးသည်နှင့် စန်းလော့သည် တစ်ခုခုလွဲနေသည်ကို သတိထားမိလိုက်သည်။ သူမက ချီတုံချတုံဖြင့်ပြောလိုက်၏။ "ဒါက ပထမဦးဆုံး စမ်းသပ်မှုမှာတင် အဆင်ပြေမှာတော့ မဟုတ်လောက်ဘူး၊ နောက်ထပ် အဆင့်မြှင့်ပြီး အချောသပ်စရာတွေရှိလာအုံးမယ်"
သို့သော်ငြားလည်း ရှန်းလီကတော့ မစိုးရိမ်ချေ။ "အချိန်ပိုပေးရလဲ ကိစ္စမရှိပါဘူး စမ်းသပ်ဖို့အတွက် သေသေချာချာလေးတော့ လုပ်ရမှာပေါ့"
အထူးသဖြင့် စန်းလော့က အသုံးပြုရန်လွယ်ကူစေရန်နှင့် ထယ်သွားများ အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့ နှစ်ခုစလုံး တိုးတက်လာဖို့ရန် ရည်ရွယ်ထားခြင်းကြောင့်ပင်။
လယ်ယာအလုပ်များကို မနှောက်နှေးစေလိုသဖြင့် သူတို့သည် သူတို့၏အားလပ်ချိန်တွင်သာ ဒီအရာကိုလုပ်ရလေသည်။ သူတို့သည် ညပိုင်းတွင် အိမ်နောက်ဖေး၌ မီးပုံတစ်ခုကို ပုံကြပြီး ပထမဆုံးထယ်သွားသည် ည၉နာရီထိုးခါနီးတွင် ပြုလုပ်ပြီးဆုံးသွားတော့သည်။
ညသန်းခေါင်ကျော်သွားပြီဖြစ်သည် သို့သော်ငြားလည်း ညီအစ်ကိုများသည် သူတို့၏ဖန်တီးမှုကြောင့် အားတက်နေကြသည်ဖြစ်ရာ မောပန်းရကောင်းမှန်းမသိချေ။ လရောင်ကို အသုံးချလိုက်ပြီး သူတို့သည် သစ်သားထယ်သွားကို အစမ်းသုံးကြည့်ဖို့ရန်အတွက် သူတို့၏ကိုယ်ပိုင်လယ်ဆီသို့ သယ်သွားကြလေသည်။
ရှန်းအန်းသည် ထယ်သွားကို ခဏလောက်ဆွဲထားပြီး ရုတ်တရက် တအံ့တသြပြောလိုက်၏။ "အစ်ကို ဒါက ထယ်ထိုးတဲ့အခါကြရင် အားပိုထည့် စရာမလိုတော့ဘူး"
"အခု ထယ်ထိုးရတာက ပိုပြီးတော့ လွယ်လာတယ်လို့ထင်တယ် သံနဲ့လုပ်ထားတဲ့ ထယ်သွားတစ်ခုနဲ့ဆိုရင် ဒါက ပိုပြီးတော့ ထိရောက်မှုရှိလိမ့်မယ်"
ညီအစ်ကိုနှစ်ယောက်သည် အတိုင်းအတာတစ်ခုအထိ ရွှင်လန်းတက်ကြွနေကြလေသည်။ ထွန်တုံးက ချော်ထွက်သွားနိုင်သည်ဟု စန်းလော့က သတိပေးထားသော်ငြားလည်း သူတို့သည် မရပ်လိုက်ကြဘဲ အဆုံးထိရောက်သည်အထိ ဆက်ပြီးဆွဲသွားကြကာ ပြန်လှည့်လာဖို့ ကြိုးစားလိုက်ကြသည်။ ညသန်းခေါင်တွင် သူတို့သည် လယ်ကွင်းထဲ၌ မနေနိုင်ဘဲ အားရပါးရ ရယ်မောလိုက်ကြလေသည်။ ကံအားလျော်စွာ သူတို့၏ရယ်သံများက အလွန်မကျယ်လောင်နေချေ။ အနီးဆုံးချန်းမိသားစုကအိမ်က အတိုင်းအတာတစ်ခုအထိ ဝေးနေသေးသည်။ ထို့ကြောင့် ဘာအနှောက်အယှက်မှ မဖြစ်ခဲ့ချေ။
"ဒါက အကောင်းဆုံးပဲ ထိန်းရတာ အရမ်းလွယ်ကူတယ်"
မျက်လုံးထဲတွင် အံ့သြရိပ်များဖြင့် ရှန်းအန်းက မေးလိုက်၏။ "မကြီးက ဘယ်လိုလုပ်ပြီး ဒီစိတ်ကူးရခဲ့တာလဲမသိဘူး"
ရှန်းလီကလဲ စန်းလော့၏ မဆုံးနိုင်သယောင် ကိုယ်ရည်ကိုယ်သွေးများအကြောင်း သိချင်စိတ်ဖြစ်မိလေသည်။
"ထယ်ကို နက်နက်လေး ထိုးကြည့်ရအောင်"
ထယ်ကို သူ့စိတ်တိုင်းကျ အသားကျလာအောင် ပြုလုပ်ပြီးနောက်တွင် သူသည် ထယ်နက်နက်ထိုးပြီး စမ်းသပ်ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင်တော့ သူ့အလုပ်ကို ကျေနပ်စွာဖြင့် ချန်ထားခဲ့နိုင်လေသည်။
ခြေထောက်ပေါ်တွင် ရွှံ့တုံးကြီးများရှိနေသဖြင့် သေသေချာချာလေး သန့်ရှင်းရေးလုပ်ပြီးမှ ညတော်တော်လေးနောက်ကျမှ အိပ်ယာထဲသို့ဝင်နိုင်ခဲ့သည်။ သူသည် နောက်တစ်နေ့မနက် စောစောနိုးလာပြီး စန်းလော့အိ ပ်ယာထလာသည်အထိ စောင့်နေလိုက်သည်။ သူသည် သူ၏အပြီးသတ်လက်ရာကို သူမအား ပြသချင်ကာ ရှန်းအန်းနှင့်သူသည် မနေ့ညက ဒါကိုစမ်းသပ်ပြီးခဲ့သည့်အကြောင်း ပြောပြချင်လေသည်။
စန်းလော့ ...
သူမသည် ရှန်းလီကို တအံ့တသြကြည့်လိုက်၏။ "ရှင်တို့နှစ်ယောက် မနေ့ညတုန်းက ဘယ်အချိန်မှ အိပ်ကြတာလဲ"
မနက်၂နာရီ၊ ၃နာရီဝန်းကျင်လောက် ဖြစ်နိုင်သည်။
ဒါသည် သူတို့ပြောသင့်သည့် အကြောင်းအရာ ဟုတ်ပါရဲ့လား။
ရှန်းလီက လည်ချောင်းရှင်းနေသည်ကို မြင်လိုက်သဖြင့် စန်းလော့သည် အဖြေကို အနည်းနှင့်အများတော့ ခန့်မှန်းမိနိုင်လေသည်။ သူမက သူ့ကို ထပ်ပြီးဖိအားမပေးတော့ဘဲ သူမ၏အာရုံကို သစ်သားထယ်သွားဆီသို့ လှည့်ကြည့်လိုက်၏။ ဒါသည် သူမ မှတ်မိနေသည့်ပစ္စည်းနှင့် အင်မတန်မှ တူညီနေသည်။
ထိုပစ္စည်းကို အကြိမ်ကြိမ် လေ့လာကြည့်ပြီးနောက် တွင် သူမက ရှန်းလီကို ပြောလိုက်၏။ "ရှင်နဲ့ရှောင်အန်းတို့ လယ်ကွင်းမှာ ထယ်ထိုးနေတဲ့အချိန် ကျွန်မက စောင့်ကြည့်ပေးမယ်လေ"
ဒီစကားတွင် ညီအစ်ကိုနှစ်ယောက်စလုံးသည် ချက်ချင်းဆိုသလို သူတို့၏မနက်စာကို ချန်ထားခဲ့ကြပြီး ထယ်သွားကို လယ်ကွင်းဆီသို့ တန်းတန်းမတ်မတ် သယ်သွားလေတော့သည်။ ရှန်းနဥ်သည် ဆန်ပြုတ်တည်ထားလေရာ သူမက မီးကိုလျှော့လိုက်ပြီး တွေဝေခြင်းမရှိဘဲ သူမ၏ အကြီးဆုံးအစ်ကိုနောက် လိုက်သွားတော့သည်။
နေကအခုမှ ထွက်စပင်ရှိသေးသည် လယ်ကွင်းထဲတွင် ခြောက်ကပ်လို့နေသည်။ သို့သော်ငြားလည်း ရွာထဲက လူတိုင်းကတော့ အိပ်ယာထနေပြီဖြစ်သည်။ ရှန်းမိသားစု၏မြေယာက အတွင်းဆုံးအပိုင်းတွင် တည်ရှိပြီး ရှန်းလီသည် လယ်ကွင်းဆီသို့ ထယ်များကို သယ်သွားသဖြင့် သူက အလွန်မှဝီရိယ ရှိသည်ဟု ရွာသားများက ဒီအတိုင်းမှတ်ယူလိုက်ကြကာ အများကြီး မတွေးလိုက်ကြပေ။
ညီအစ်ကိုနှစ်ယောက်သည် ထယ်သွားကို စမ်းသပ်ခဲ့ပြီးသား ဖြစ်လေသည်။ ထို့ကြောင့် သူတို့သည် ဒီလုပ်ငန်းတွင် တော်တော်လေး ရင်းနှီးလေ၏။ သူတို့က ထယ်နက်နက်ထိုးခြင်း၊ အပေါ်ယံထယ်ထိုးခြင်းနှင့် ပြန်ကွေ့ရသည့်နည်းလမ်းများကို သရုပ်ပြလိုက်သည်။
ရှန်းလီက ပြောလိုက်၏။ "ထယ်သွားနေရာမှာ သံထည်နဲ့ အစားထိုးလိုက်မယ်ဆိုရင် ဒါက ပိုပြီးတော့တောင် အားစိုက်ထုတ်ဖို့ မလိုတော့ဘူး"
ခဏလောက် ဒါကိုလေ့လာလိုက်ပြီးနောက် စန်းလော့သည် တစ်ခုခုလိုနေသည်ဟု ခံစားမိ၏။ သူမ၏အကြည့်က အခုလေးတင်မှ မြေလှန်ထားသည့် မြေဆီလွှာများဆီသို့ ကျရောက်သွားပြီး နောက်ဆုံးတော့ သူမသည် ပြဿနာကို သဘောပေါက်သွားတော့သည်။
အော်။ သိပြီ။ အရင်ဘဝက တောင်ပေါ်မှာနေခဲ့တုန်းက အိမ်နီးချင်းက ထယ်ထိုးထားတာကို စောင့်ကြည့်ခဲ့တုန်းက မြေဆီလွှာတွေက ဘေးဘက်ကို လှန်ကျသွားတာလေ ဒီလိုပုံစံမျိုး မဟုတ်ဘူး။
သူမက ရှန်းလီကို ထယ်သွားအား ပြန်ယူလာခိုင်းလိုက်၏။ ခဏလောက် စဥ်းစားလိုက်ပြီးနောက်တွင် ထယ်သွား၏နောက်၌ အကာအရံအဖြစ် ပျဥ်ပြားလို အရာတစ်ခုရှိသည်ကို မှတ်မိသွားလေသည်။ ထိုအရာက မြေဆီလွှာများကို ဘေးဘက်သို့ ကွဲသွားစေနိုင်သည်။
စန်းလော့သည် ထိုအပိုင်း၏နာမည်အတိအကျကို မမှတ်မိချေ။ သို့သော်ငြားလည်း ရှန်းလီကို အပေါ်ယံဖော်ပြချက်တစ်ခု ပြောပြပြီးနောက်တွင် သူက ပုံစံအပြောင်းအလဲ ပြုလုပ်ဖို့ရန်အတွက် ထယ်သွားကို ပြန်သယ်လာလိုက်သည်။
ဒီတကြိမ်တွင်တော့ ရှန်းလီက ထယ်ကို ပြုပြင်မွမ်းမံနေစဥ်တွင် စန်းလော့က ဘေးတွင်ရပ်နေပြီး သစ်သားဖြင့်ပြုလုပ်ထားသည့် အသွားတစ်ခုကို ပြုလုပ်ပေးဖို့ သူ့ကို တောင်းဆိုလိုက်သည်။
သူတို့သည် လယ်ကွင်းထဲတွင် နောက်တစ်ကြိမ် စမ်းသပ်ပြီးချိန်တွင် ရှန်းလီနှင့်ရှန်းအန်း နှစ်ယောက်စလုံးသည် ဒါက အရင်တုန်းကထက် အများကြီးအား စိုက်ထုတ်မှု နည်းသွားသည်ကို သိလိုက်ရသဖြင့် ကျေနပ်ဝမ်းသာစွာ တအံ့တသြဖြစ်သွား၏။
နောက်ဆုံးတွင်တော့ အပြုံးတစ်ခုသည်။ စန်းလော့၏ မျက်နှာပေါ်တွင် ပေါ်ပေါက်လာပြီး သူမက မြေလှန်ထားသည့်မြေဆီလွှာများကို ကြည့်လိုက်လေသည်။ ဒါက သူမ၏မှတ်ဉာဏ်နှင့် တစ်ထပ်တည်းကျနေ၏။
"ကျွန်မတို့တွေ နောက်ပိုင်းကြရင် မြို့ထဲကိုသွားပြီးတော့ ပန်းပဲဆရာက သစ်သားအသွားနဲ့ အကာအရံကို သံထည်ပစ္စည်းနဲ့ အစားထိုးပြီး လုပ်ပေးနိုင်မလားဆိုတာကို သွားကြည့်ရမယ်။ သူမက ပြောလိုက်၏။
သံထည်ပစ္စည်းအတွက်ကတော့ ထယ်အဟောင်းမှ ရရှိသည့်ထယ်သွားကို ဖြုတ်ရပေမည်။
ရှန်းလီနှင့်ရှန်းအန်းတို့သည် ထယ်အသစ်နှင့်အဟောင်းကို အိမ်သို့ပြန်သယ်လာကြ၏။ ပစ္စည်းများကို ဖြုတ်ရသည့်လုပ်ငန်းစဥ်က မြန်ဆန်လေသည်။ အစပိုင်းတွင် ရှန်းလီက မြို့ထဲသို့တစ်ယောက်တည်းသွားဖို့ စဥ်းစားထားသည်။ သို့သော်ငြားလည်း စန်းလော့က သူမနှင့်အဖော်လိုက်မည်ဟု အတင်းပြောဆိုလေသည်။
တစ်ခြားအကြောင်းကိစ္စကြောင့်မဟုတ်ဘဲ သူမက သမားတော်ကြီးထံသို့သွားကာ သူမ၏သွေးခုန်နှုန်းကို နောက်တစ်ကြိမ် ပြန်လည်စစ်ဆေးကြည့်ချင် ခြင်းကြောင့်ဖြစ်သည်။
သူတို့၏ အစောပိုင်းသွားခဲ့သည့်အချိန်က တော်တော်လေးကို စောနေသည်။ သမားတော်ကြီးက မရေမရာပြောလိုက်သည်။ နောက်တစ်ကြိမ်စစ်ဆေးဖို့ ၁၀ရက်နေလျှင် ပြန်လာရမည်ဟု အကြံပေးထားသည်။
ဒါက သိသာထင်ရှားသည့် ကိစ္စတစ်ခုတော့ မဟုတ်ချေ။ သူမ၏လစဥ်ဓမ္မတာက အရိပ်အယောင်မပြသဖြင့် သူမသည် ကိုယ်ဝန်ရှိတာ ဖြစ်နိုင်ချေများလေသည်။ အစပိုင်းတွင်တော့ စန်းလော့သည် သွေးကြောကို စမ်းသပ်ဖို့ရန်အတွက် နောက်တစ်ကြိမ်သွားဖို့ စိတ်ကူးမရှိခဲ့ချေ။ သို့သော်ငြားလည်း သူမ၏ ဝမ်းဗိုက်ထဲကကလေးသည် ပုံမှန်မဟုတ်ဘဲ နောက်ပိုင်းတွင် အလွန်မှတည်ငြိမ်နေသည်။ ကျိုးကဲကတော့ သူမ ပေးထားသည့် စွန်ပလွန်မုန့်၏ကျေးဇူးကြောင့် အစားစားသောက်နိုင်သည်။ ရက်အနည်းငယ်လောက် ပြင်းပြင်းထန်ထန် မူးဝေအော့အန်သည်ကလွဲလျှင် စန်းလော့သည် ဘာဆန့်ကျင်သည့် တုံပြန်မှုမှမရှိဘဲ ယခုတော့ အရာအားလုံးကို စားသောက်နိုင်လေသည်။
ဟုတ်ပါသည်။ သူမ၏သဘောအတိုင်း မိသားစုက ဒီရက်ပိုင်းများတွင် အသားဟင်းလျာများ ပြင်ဆင်ခြင်းကို ချုပ်တည်းထားရလေသည်။
ပထမဦးဆုံးအကြိမ် မိခင်တစ်ယောက် ဖြစ်ရခြင်းအတွက် အလွန်အကျွံ တုံ့ပြန်မှုက စိုးရိမ်မှုကို ဖြစ်စေသည့်တိုင် ဘာမှတုံ့ပြန်မှုမရှိခြင်းက ပိုပြီးတော့ စိုးရိမ်စရာကောင်းလေသည်။ ထို့ကြောင့် စန်းလော့သည် စိတ်မသက်မသာခံစားရပြီး မြို့ထဲသို့သွားကာ သေချာအောင်လုပ်ချင်လေသည်။
...
အပိုင်း (၂၃၈.၂)
ရှန်းလီနှင့်စန်းလော့တို့သည် မြို့ထဲသို့ဝင်ရန် တန်းစီနေကြချိန်တွင် မြို့တံတိုင်းအပြင်ဘက်မှ ခြင်းများကို သယ်လာသည့် မြို့သားများကိုလဲ တွေ့လိုက်ရသည်။
မြို့ထဲသို့ဝင်လာသည့် အမျိုးသမီးအများစုသည် ခြင်းများကို သယ်ထားကြပြီး တစ်ချို့က လတ်လတ်ဆတ်ဆတ် ခူးဆွတ်ထားသည့် ဟင်းသီးဟင်းရွက်များနှင့် ဖြည့်ထားသည်ကို စန်းလော့သတိထားမိလိုက်၏။ သူတို့သည် သူမနှင့် တချိန်တည်းတွင် မြို့အပြင်ဘက်တွင် နေထိုင်ကြသူများ ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည်။ အချိန်ကာလကို ဆက်စပ်ကြည့်ခြင်းအားဖြင့် ထိုအချိန်က စိုက်ပျိုးထားခဲ့သည့် အရွက်များဝေဝေဆာဆာနှင့် အသီးအရွက်များသည် ငွေ သို့မဟုတ် စပါးအတွက် မြို့ထဲတွင်ရောင်းချဖို့ရန် အမှန်ပင် အသင့်ဖြစ်နေလိမ့်မည်။
တစ်ယောက်ကတော့ ဥများ၁၂လုံးကျော်ပါသည့် ခြင်းငယ်လေးတစ်ခုကို သယ်ထားပြီး သူတို့၏ အရွယ်အစားက တောကြက်များမှရသည်ဟု ညွှန်ပြနေလေသည်။
စန်းလော့က သူမကို တစ်ချက်လှမ်းကြည့်လိုက်၏။ အမျိုးသမီးက စန်းလော့ကို မှတ်မိသွားဟန်တူကာ အပြုံးတစ်ခုဖြင့် သူတို့ကို နှုတ်ဆက်လေသည်။ "စန်းရှီ၊ ဆရာရှန်းတို့ ဒီလောက်အစောကြီး မြို့ထဲကိုဝင်လာကြတာလား"
စန်းလော့သည် သူမကို မမှတ်မိသော်ငြားလည်း ပြုံးကာ ခေါင်းငြိမ့်ပြလိုက်၏။ "ရှင်တို့အတွက်လဲ ကောင်းမွန်တဲ့မနက်ခင်းလေးပါပဲ"
"ကောင်းမွန်တဲ့ မနက်ခင်းလေးဟုတ်ပါတယ်” အမျိုးသမီးက နွေးနွေးထွေးထွေး ပြန်ဖြေသည်။ "ကျွန်မက မြို့ထဲမှာငွေတစ်ချို့နဲ့ အလဲအလှယ်လုပ်ဖို့ ဥတွေနည်းနည်းပါးပါး ယူလာခဲ့တာလေ"
သူတို့သည် ပြောရင်းဆိုရင်း ခြင်းထဲကဥနှစ်လုံးကို ထုတ်ယူလိုက်ကာ စန်းလော့၏လက်ထဲသို့ အတင်းထိုးပေးရင်း တခစ်ခစ် ရယ်မောကြလေသည်။ "စန်းရှီ ဒါကို အိမ်ယူပြန်သွားပြီး စားလိုက်ပါ"
စန်းလော့သည် တောင်အတွင်းပိုင်းတွင် နေခဲ့သည့်နှစ်များအတွင်း သူစိမ်းများထံမှ လက်ဆောင်ပစ္စည်း အများအပြားကို ရရှိတတ်သည်။ အံ့သြစရာကောင်းလောက်အောင်ပင် သူမသည် ယခုတွင်လည်း မြို့တံခါးအဝတွင် တူညီသည့်အခြေအနေတစ်ခုကို တွေ့ကြုံနေရသည်။ သူမက နောက်သို့မြန်မြန်ဆုတ်လိုက်ပြီး လက်ခါပြကာ ယဥ်ယဥ်ကျေးကျေး ငြင်းပယ်လိုက်၏။ "ကျေးဇူးတင်ပါတယ် အဒေါ်၊ ဒါပေမဲ့ ဒါတွေကို ရောင်းဖို့အတွက် အဒေါ်ကိုယ်တိုင်ပဲ ပြန်ယူထားလိုက်ပါ၊ ကျွန်မတို့မိသားစုကလဲ တောကြက်တွေ မွေးပါတယ်၊ ကျွန်မတို့မှာလဲ ဥတွေရှိပါတယ်"
ရှန်းလီသည် အလွန်မှ စိုးရိမ်တကြီးဖြစ်သွားပြီး စန်းလော့က တွန်းတိုက်မိမှာကို စိုးရိမ်သွားလေသည်။ သူက သူမကို ကာကွယ်ပေးဖို့ရန်အတွက် သိုသိုသိပ်သိပ် ကူညီပေးလိုက်သည်။
ကံအားလျော်စွာ အမျိုးသမီးကလဲ သူမ၏ စိတ်အားထက်သန်မှုကို ပြသခဲ့သည့်တိုင် အားကိုတော့ အလွန်အကျွံ မသုံးခဲ့ချေ။ ရှန်းလီက ကြားဝင်လိုက်သဖြင့် သူမသည် အစားအသောက်ကို ထပ်ပြီးတော့ မတွန်းပို့နိုင်တော့ချေ။ သူမက ရယ်မောကာ ပြောလိုက်လေသည်။ "စန်းရှီက အရမ်းကို အားနာတတ်တာပဲ"
သူမက ပေးချင်ပါသော်လည်း မည်သို့လုပ်ရမည်မသိ ဖြစ်နေသည်။
ရှန်းလီသည် သူ ကူညီကာ ခေါ်ဆောင်လာပေးသည့် ရွာသားများ၏ ဒုတိယအသုတ်ထဲမှ လူဖြစ်နေသည်ကို မှတ်မိသွားလေသည်။ သူက ပြုံးကာပြောလိုက်၏။ "ဒေါ်ဒေါ် အားနာနေဖို့ မလိုပါဘူး၊ ကျွန်တော်တို့တွေမှာ တကယ်ပဲ ကိုယ့်ဟာကို ရှိပါတယ်၊ ဒေါ်ဒေါ်က ဒါတွေကို သိမ်းထားလိုက်ပြီးတော့ မြို့ထဲရောက်သွားတဲ့အချိန်ကြရင် ငွေတွေနဲ့ထပ်လဲလိုက်ပါ"
လင်မယားနှစ်ယောက်၏ စကားဝိုင်းထဲက ရင်းနှီးဖော်ရွေသည့်လေသံကို ရိပ်မိလိုက်သည်တွင် အမျိုးသမီးက ဝမ်းသာသွားလေသည်။ "အာ.. ဟုတ်ပါပြီ၊ ဒီတော့ ရှင်တို့နှစ်ယောက်လဲ ဒီမနက်ခင်းအစောကြီး မြို့ထဲကိုဝင်လာကြတာလား"
စကားဝိုင်းက တစ်ခြားဦးတည်ဘက်သို့ ပြောင်းလဲသွားလေသည်။
မြို့စောင့်ရဲမက်က သိလိုသည့်အကြည့်တစ်ခုဖြင့် လှမ်းကြည့်လိုက်၏။
ဒီနေ့ခေတ်အခါတွင် လူများသည် ကြက်ဥများကိုပင် အလကားပေးနေသည်တဲ့လား။
စန်းလော့က မြို့ထဲသို့ဝင်လာချိန်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်တော် အနောက်ဘက်တံခါးအနီးတွင် သခင်မဖန်သည် သူမ၏အခြွေအရံနှစ်ယောက်နှင့် အဖော်ပြုကာ အပျင်းပြေ လမ်းလျှောက်လာလေသည်။ မီးဖိုချောင်ရိက္ခာကို တာဝန်ယူထားသည့်အိမ်ထိန်းက သူတို့နောက်မှ လိုက်ပါလာ၏။
အစေခံမလေးနှစ်ယောက် အဖော်လိုက်ပါလာပြီး တစ်ယောက်ချင်းစီက ခြင်းတစ်ခုချင်းစီ သယ်ထားသည်တွင် အိမ်တော်ထိန်းက သခင်မဖန်ကို ကြိုးစားပြီး နားချနေသေးသည်။
"သခင်မ အရှေ့ဘက်စျေးက လူပေါင်းစုံတဲ့ နေရာတစ်ခုဖြစ်ပြီးတော့ အန္တရာယ်လဲရှိနိုင်ပါတယ် သခင်မ တစ်ခြားလမ်းက သွားမယ်ဆိုရင်ရော"
သခင်မဖန်က ငြင်းပယ်စွာဖြင့် ပြုံးပြလိုက်သည်။ "အဲဒီ့နေရာမှ မဟုတ်ဘူးဆိုရင် ရှီကျိုးမြို့မှာ သာမန်လူတွေရဲ့ဘဝကို ဘယ်နေရာမှာ မြင်နိုင်အုံးမှာလဲ"
"ကောင်းပါပြီ အနည်းဆုံးတော့ လှည်းတစ်စီးကို ယူသွားလိုက်ပါ"
"လှည်းပေါ်ကနေ ကြည့်ရမှာလား၊ ဒါဆိုရင် ဘာကိုမြင်ရအုံးမှာလဲ၊ လာပါ ဒီအတိုင်းသွားကြမယ်"
တစ်ချိန်တည်းမှာပင် စန်းလော့နှင့် ရှန်းလီတို့ကလဲ မြို့ထဲရောက်နေပြီဖြစ်သည်။ ပုံမှန်အခြေအနေ ပြန်ဖြစ်သွားပြီး လူဦးရေကလဲ ပြန်ရောက်လာသည်တွင် ရှီကျိုးမြို့၏လမ်းသည် အရင်နှစ်များထက်စာလျှင် သိသိသာသာ ပိုပြီးအသက်ဝင်နေလေသည်။ လမ်းပေါ်တွင် လူများပိုများလာပြီး သူတို့သည် အရှေ့စျေးကို ဖြတ်လာပြီးနောက် အနည်းငယ် ထပ်ဝင်သွားလိုက်သည်တွင် စန်းလော့သည် နှစ်သစ်ကူးကတည်းက လုပ်ငန်းများကို ပြန်ဖွင့်နေပြီဖြစ်သည့်ဆိုင်များ အနည်းဆုံး ၇ဆိုင်၊ ၈ဆိုင်လောက်ကို သတိထားမိလိုက်သည်။
"ကျွန်တော်တို့တွေ ရောက်တော့မယ်၊ ပန်းပဲဆိုင်က ရှေ့နားလေးတင်ပဲ"
စန်းလော့သည် မော့ကြည့်လိုက်သည်တွင် ပန်းပဲဆိုင်ကို မြင်လိုက်ရပြီး ဆိုင်ဝင်ပေါက်ကိုဖြတ်သွားသည့် နောက်ထပ်လူတစ်စုကိုလည်း မြင်လိုက်ရသည်။ ရှေ့ဆုံးတွင် တင့်တယ်လှသည့် ကိုယ်အရောင်အဝါနှင့် သဘာဝကျကျ ကျက်သရေရှိလှသည့် အမျိုးသမီးငယ်လေးတစ်ယောက် ရှိနေပြီး သူမ၏မျက်နှာသည် လွန်ခဲ့သည့်၁၀ရက်က ပြည်နယ်အုပ်ချုပ်ရေးမှူးကတော် မြို့ထဲသို့ဝင်လာချိန်က လှည်းခန်းစီးမှတစ်ဆင့် မြင်ခဲ့ရသည့် အမျိုးသမီးငယ်လေး၏ မျက်နှာနှင့် တူနေသည်။
ဧကန္တ ... ပြည်နယ်အုပ်ချုပ်ရေးမှူးကတော်များလား။
ချန်းလျို ဖန်မိသားစု၏သမီးသည် နောက်တော်ပါလှည်းများ အခြွေအရံများနှင့် ခရီးမသွားလာခဲ့ချေ။ သူမသည် အခြွေအရံတစ်ချို့နှင့် အမျိုးသမီးအစေ ခံတစ်ချို့ကိုသာ ခေါ်လာခဲ့သည်။ အမှန်ပင် သည်ပြည်နယ်အုပ်ချုပ်ရေးမှူးကတော်က တော်တော်လေးကို ထူးခြားလှပေသည်။
နှစ်ဖွဲ့က ပိုပြီးနီးကပ်လာသည်နှင့် စန်းလော့သည် မနေနိုင်တော့ဘဲ သူမ၏ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်ထားလိုက်၏။ သူတို့သည် အချင်းချင်း ဖြတ်လျှောက်သွားမိချိန်တွင် သူမ၏အကြည့်က ဖန်ဖေးညန်၏နောက်သို့ လိုက်ပါသွားသည်။
ဖန်ဖေးညန်သည် သူမကို တစ်စုံတစ်ယောက်က ကြည့်နေသည်ဟုခံစားမိသဖြင့် မသိမသာ နောက်လှည့်ကြည့်လိုက်သည်တွင် ငယ်ရွယ်သည့်စုံတွဲတစ်တွဲကို မြင်လိုက်ရ၏။ ယောက်ကျားက အရပ်မြင့်မြင့်ချောမောကာ အမျိုးသမီးကတော့ ချစ်စဖွယ်ရှိပြီး ထူးထူးခြားခြား ထူးခြားသည့်မျက်လုံးများကို ပိုင်ဆိုင်ထားသည်။ ထိုမျက်လုံးများသည် ယွန်းထည်လို ပြောင်လက်တောက်ပနေပြီး ရှင်းမပြတတ်သည့် နွေးထွေးမှုနှင့် ကြည်လင်မှုကို ထုတ်ပြနေသည်။
ဒီအမျိုးသမီးက ခုနက သူမကို ကြည့်နေခဲ့သည့် တစ်ယောက်ဖြစ်ဟန်တူသည်။
တစ်ဖက်လူထံမှ ကြင်နာတတ်သည့် အရိပ်အယောင်ကို ခံစားမိသည်တွင် ဖန်ဖေးညန်သည် စန်းလော့ကို နွေးနွေးထွေးထွေး ပြန်ပြုံးပြလိုက်ပြီး အနည်းငယ် ခေါင်းငြိမ့်ပြလိုက်ပြီးနောက် လှည့်ထွက်သွားတော့ သည်။
"ဒါက ပြည်နယ်အုပ်ချုပ်ရေးမှူးကတော်လား"
"ဟုတ်မယ်ထင်တယ်” စန်းလော့ကပြုံးပြလိုက်၏ "လာပါ ပန်းပဲဖိုဆီ သွားရအောင်"
...
အရှေ့စျေးတွင်
ဖန်သခင်မသည် သူမ၏ အစေခံနှင့် အပျိုရံလေးများနှင့်အတူ အပျင်းပြေ လမ်းလျှောက်လို့လာသည်။ ဆိုင်အများအပြားကို မဖွင့်သေးချေ။ ၆ဆိုင် ၇ဆိုင်လောက်သာရှိပြီး အများစုက ဆန်ဆိုင်နှင့်အခြောက်လှန်းထားသည့် ပစ္စည်းဆိုင်များသာဖြစ်သည်။ သို့သော်ငြားလည်း လမ်းဘေးဆိုင် သေးသေးလေးများကတော့ အများအပြားရှိရာ ဆိုင်အများစုကို အမျိုးသမီးများက အရွယ်အစားအမျိုးမျိုးရှိသည့် ခြင်းများကိုသယ်ဆောင်ကာ သွားလာနေကြသည်။ သူတို့၏ပစ္စည်းများက အကန့်အသတ်နှင့် ဖြစ်နေသော်ငြားလည်း ထိုနေရာလေးကတော့ လူများနှင့်စည်ကားလို့နေသည်။
စျေးထဲသို့ လျှောက်လာရသည်က ဖန်သခင်မအတွက် ထူးခြားသည့် အတွေ့အကြုံတစ်ခုဖြစ်သည်။ သူမသည် ဆိုင်တစ်ဆိုင်မှ တစ်ဆိုင်ဆီသို့ ဟိုဒီသွားလာနေပြီး သူမကို သဘောကျစေသည့် အသီးအရွက်များတွေ့လျှင် သူမနောက်က အိမ်တော်ထိန်းကို ဝယ်ယူခိုင်းလေသည်။
အထက်တန်းလွှာ အမျိုးသမီးများသည် စည်ကားလှသည့် အသီးအရွက်စျေးတွင် အေးအေးလူလူ လျှောက်သွားနေသော်ငြားလည်း သူတို့၏ ကိုယ်နှုတ်အမူအယာက တစ်ခြားသူများနှင့် ကွာခြားနေသည်။ ဒီလိုကျက်သရေရှိစွာ ဝတ်စားထားသည့် ၆ယောက်မပြောနှင့် ရှေ့ကဦးဆောင်ပြီးသွားနေသည့် အထိန်းတော်လေးကပင် ဘာကြီးကျယ်ခမ်းနားမှုမှ မရှိနေသည့်တိုင် သူမ၏ အိန္ဒြေရှိလှသည့်အပြုအမူက လေးစားမှုကို ဖော်ဆောင်နေပြီး သာမန်အကြည့်များကို ဝပ်တွားသွားစေလေသည်။
ရှီးကျိုးမြို့တွင် နေထိုင်ကြသည့် မြို့ခံလူများသည် ကုန်ခြောက်ပစ္စည်းများအတွက် အရှေ့စျေးသို့ လာရောက်ကြသည်တွင် ဖန်သခင်မအတွက် အလိုလို လမ်းဖယ်ပေးလိုက်ကြ၏။
ဆိုင်ခင်းထားကြသည့်အမျိုးသမီးများသည် ဖန်သခင်မတို့အဖွဲ့က အဓိကအိမ်တော်ကြီးမှ ဖြစ်သည့်အကြောင်းကို သေသေချာချာ လေ့လာကြည့်ပြီးနောက်တွင် ချက်ချင်းသိရှိသွားကြလေသည်။ ရုတ်တရက် နွေးထွေးသွားသည့် ခံစားချက်လှိုင်းတစ်ခုက သူတို့၏စိတ်ထဲတွင် မြင့်တက်လာသော်ငြားလည်း အဖွဲ့က ပိုပြီးနီးကပ်လာချိန်တွင် သူတို့သည် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားကြပြီး သူတို့၏ လက်နှင့်ခြေထောက်များကို မည်သည့်နေရာတွင် ထားရမည်ကို မသိဖြစ်သွားကြ၏။ ခေါင်းရွက်ဗျက်ထိုးစျေးသည်များကပင် သူတို့၏ သေသေချာချာ လေ့ကျင့်ထားသည့်အသံကို အလိုလိုအော်ပြီး စျေးရောင်းနေကြသည့်တိုင် သူတို့၏အသံကို အလွန်ကျယ်သွားအောင် မမြှင့်ရဲခဲ့ချေ။
"တောကြက်ဥပါ သခင်မ၊ တောကြက်ဥလေး နည်းနည်းပါးပါး မဝယ်ချင်ဘူးလား"
"အိမ်လုပ် ဆောင်းတွင်းမျှစ်ခြောက်တစ်ချို့ကိုရော မလိုချင်ဘူးလား"
"လယ်ကွင်းထဲမှာ လတ်လတ်ဆတ်ဆတ်ခူးထားတဲ့ အသီးအရွက်တစ်ချို့ကိုရော မလိုချင်ဘူးလား"
"ဝဥတို့ဟူးနော်၊ အိမ်လုပ်ဝဥတို့ဟူး၊ တစ်ချက်လောက်ကြည့်ပါအုံး"
ဝဥတို့ဟူးသည် ဖန်သခင်မအတွက် မရင်းနှီးသည့်အရာတစ်ခု ဖြစ်သည်။ သူမက ပိုပြီးလေ့လာကြည့်ဖို့ရန် ဆိုင်ရှေ့တွ င်ရပ်လိုက်ဖို့ ဆုံးဖြတ်လိုက်၏။
စျေးသည်သည် အသက်၅၀နားနီးသည့် အမျိုးသမီးကြီး တစ်ယောက်ဖြစ်ကာ ဒီလိုအထင်ကရ စျေးဝယ်သူတစ်ယောက်က သူမဆိုင်ရှေ့တွင် ရပ်လိုက်သည်ကို မြင်လိုက်ချိန်တွင် ဝမ်းသာအားရဖြစ်သွားပြီး သူမ၏စကားလုံးများက အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားတော့သည်။ "ဝဥတို့ဟူး နည်းနည်းလောက် ဝယ်မလို့လား"
"ဝဥတို့ဟူးတဲ့လား"
အဘွားကြီးက အားတက်သရော ခေါင်းငြိမ့်ပြ၏။ "ဟုတ်တယ် ဟုတ်ပါတယ်၊ ဝဥတို့ဟူးပါ"
ဖန်ဖေးညန်သည် အညိုရောင်သန်းနေသည့်တို့ဟူးကို လေ့လာကြည့်လိုက်ပြီး ထိုအရာက လီချီ၏ပုံစံနှင့် ဆင်တူနေသည်ကို တွေ့လိုက်ရကာ အရောင်ကတော့ မှေးမှိန်ပြီး ညိုညစ်သည့်အရောင်ဖြစ်နေသည်။ သူမက အမျိုးသမီးကို မေးလိုက်၏။ "ဒါကို ပဲကနေ လုပ်တာလား"
အမျိုးသမီးက မြန်မြန်လက်ခါပြလိုက်ပြီး။ "မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ဒါက ဝဥကနေလုပ်တာပါ "
“ဝဥဟုတ်လား ဒါဆိုရင် ဘာဖြစ်လို့တို့ဟူးလို့ ခေါ်တာလဲ" "
"ဒါက... ဒါကိုတော့ ကျွန်မလဲ သေချာမသိပါဘူး"
အမျိုးသမီးက အထင်ကရဧည့်သည်ကြီးထံမှ ပြစ်တင်ပြောဆိုခံရမည်ကို ကြောက်သဖြင့် စိုးရိမ်တကြီး ပြောလိုက်လေသည်။ သူမက နောက်ထပ်ရှင်းပြလိုက်၏။ "ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျွန်မတို့တွေက တောင်အတွင်းပိုင်းကို ခိုလှုံကြတုန်းက စားစရာဘာမှ မရှိဘူးလေ၊ တစ်စုံတစ်ယောက်က ဒီဟင်းလျာကိုလုပ်နည်းကို ကျွန်မတို့ကို သင်ပေးခဲ့တာ၊ သူတို့ပြောတာကတော့ ဒါက စန်းလော့လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်က စေတနာနဲ့ သင်ကြားပြသပေးခဲ့တာတဲ့၊ စန်းလော့အမျိုးသမီးက ဒါကို ဆွဲဆောင်မှုရှိတဲ့ဝဥတို့ဟူးလို့ ခေါ်တယ်လေ၊ ဒါကြောင့်မလို့ ကျွန်မတို့အားလုံးကလဲ ဒီအတိုင်းပဲလိုက်ခေါ်ကြတာပါ"
"စန်းအမျိုးသမီး ဟုတ်လား"
ဖန်သခင်မသည် သိပ်မကြာသေးခင်က သူမကြားထားသည့် ရွာသားတစ်ချို့အကြောင်းကို စဥ်းစားမိလိုက်ပြီး သူတို့သည် ဝဥစိုက်ပျိုးနည်းကို သင်ကြားပေးခဲ့သည်ဟု သိခဲ့ရသည်။ သူမက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး
"ဘယ်က စန်းအမျိုးသမီးလဲ"
အမျိုးသမီးက ခေါင်းခါပြသည်။ "ကျွန်မလဲ ဒါကို မမှတ်မိတော့ပါဘူး၊ ကျွန်မအရင်က တခါမှမတွေ့ခဲ့ဘူးလေ၊ ဒီလုပ်နည်းကလဲ တောင်အတွင်းပိုင်းမှာ နှုတ်ပြောနဲ့ပဲ လက်ဆင့်ကမ်းလာခဲ့တာ၊ ကျွန်မတို့ကို ဒါကိုသင်ယူပြီး လျှိုဝှက်မထားဖို့ ပြောသွားတယ်၊ ဒီအကြောင်းမသိကြတဲ့ တောင်ထဲမှာနေကြတဲ့သူတွေကိုလဲ သင်ပေးဖို့ပြောထားတယ်"
စိတ်ခံစားချက်လှိုင်းတစ်ခုသည် ဖန်သခင်မ၏ မျက်လုံးထဲတွင် ဖြတ်ပြေးသွားလေသည်။ ခဏလောက် စဥ်းစားလိုက်ပြီးနောက်တွင် သူမက မေးလိုက်၏ "ရှင်တို့ကို ဝဥစိုက်ပျိုးနည်းသင်ပေးခဲ့တာက စန်းအမျိုးသမီးလား"
အမျိုးသမီးကြီး၏ နို့နှစ်ရောင်မျက်လုံးများက လင်းဖြာသွားလေသည်။ "ဟုတ်ပါတယ်၊ ဟုတ်ပါတယ် သူက ကျွန်မတို့ကို ဝဥကို ဘယ်လိုစိုက်ရမယ်ဆိုတာနဲ့ ဘယ်လိုခွဲခြားရမယ်ဆိုတာကိုတောင် သင်ပေးခဲ့သေးတယ်၊ သူပြောတာတော့ သူက ဒါကို စန်းလော့သခင်မဆီကနေ သင်ထားခဲ့တာတဲ့"
အမျိုးသမီး၏ အရေတွန့်နေသည့်မျက်နှာသည် အပြုံးတစ်ခုဖြင့် လင်းလက်သွားပြီး သူမက ဆက်ပြောလိုက်၏။ "ရှင်ရော အမျိုးသမီးစန်းကို သိတာလား၊ သူက တကယ်ကို လူကောင်းတစ်ယောက်ပဲ"
ဖန်ဖေးညန်သည် တခစ်ခစ် ရယ်မောကာပြောလိုက်၏။ "ကျွန်မက သူ့ကို လူကိုယ်တိုင်တော့ မသိပါဘူး၊ ဒါပေမဲ့ သူ့အကြောင်း ကြားဖူးပါတယ်၊ တဆိတ်လောက်ပါ၊ အဒေါ် ကျွန်မတို့ကို ဝဥတို့ဟူး ၆တုံးလောက်ပေးပါ"
အမျိုးသမီးကြီးသည် အလုပ်များသွားပြီး သူတို့ကို ထုပ်ပိုးပေးရန် အရွက်ခြောက်များကို သုံးလိုက်သည်။ ဖန်သခင်မ၏နောက်က အစေခံမလေးက စျေးသည်ကို ငွေချေပေးလိုက်ပြီး ထိုအရာများကို မည်သို့ပြင်ဆင်လျှင် အကောင်းဆုံး ဖြစ်မည့်အကြောင်း နည်းလမ်းများကို မေးလိုက်လေသည်။ ထို့နောက်တွင်တော့ သူတို့၆ယောက်သည် ဆိုင်ထဲမှထွက်လာခဲ့၏။
ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်တော်တွင် နေ့လည်စာ၌ ဟင်းလျာအသစ်တစ်ခု တည်ခင်းလေသည်။ ဒီဟင်းလျာကို အသစ်လို့ခေါ်ရမည်။ အကြောင်းမှာ ကျန့်စန်းလန်သည် ဒါကို အရင်က တခါမှမစားခဲ့ဖူးသလို မြင်လဲမမြင်ခဲ့ဖူးခြင်းကြောင့်ပင်။
"ဒါက ဘာလဲ လီချီလား၊ အရောင်က ဘာဖြစ်လို့ ညိုနေတာလဲ"
"ဝဥတို့ဟူးပါ၊ ကျွန်မ ဒီနေ့အရှေ့ဘက်စျေးကနေ ဝယ်လာခဲ့တာ၊ ကျွန်မ ကြားတာကတော့ ဒီဝဥတို့ဟူးလုပ်တဲ့နည်းကို သခင်ကြီးရဲ့ မြို့သူတစ်ယောက်က တောင်အတွင်းပိုင်းမှာ နေတဲ့သူတွေကို သင်ပေးခဲ့တာတဲ့"
အရှေ့စျေးသို့ အလည်အပတ်သွားခဲ့သည့်အကြောင်း ပြောပြပြီးသည့်နောက်တွင် ဖန်သခင်မက တခစ်ခစ် ရယ်မောကာပြောလိုက်၏။ "ကျွန်မကတော့ ရှင်ပြောတဲ့ ရှန်းလီဆိုတဲ့တစ်ယောက်အကြောင်းကို မသိပါဘူး၊ ဒါပေမဲ့ ကျွန်မကတော့ ဒီစန်းအမျိုးသမီးဆိုတာနဲ့ တကယ်ပဲ အရမ်းကို တွေ့ချင်စိတ်ဖြစ်မိတယ်၊ တကယ်လို့ အခွင့်အရေးတစ်ခုသာ ရှိမယ်ဆိုရင် ကျွန်မတို့တွေ တစ်ရက်ကျရင် သရှင်းရွာကို အလည်သွားရအောင်"
ဖန်သခင်မသည် သူမက စန်းလော့နှင့် တွေ့ဆုံခဲ့သည့်အကြောင်းကိုလဲ သတိမထားမိခဲ့သလို သရှင်းရွာသို့သွားလည်မည့် သူမ၏ ကိုယ်ပိုင်အားစိုက်ထုတ်မှုကလဲ မလိုအပ်ခဲ့သည်ကို မသိခဲ့ချေ။ အကြောင်းမှာ စန်းလော့သည် ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်လာရန် အကြောင်းဖန်လာခြင်းကြောင့်ပင်။