← Chapters

တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်

Vol. 24 Ch. 330

တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်

Vol. 24 Ch. 330

“တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်က ဘာလို့ငါ့ကို ရှာနေတာလဲ။”

အန်လင်းကထိုသတင်းကြားသည်နှင့် အနည်းငယ်တုံ့ဆိုင်းသွားလေတော့သည်။

စုရှောင်လန်က သူမ၏ နှုတ်ခမ်းများကို ကိုက်လိုက်ပြီး “အကြောင်းပြချက်မရှိဘူး။ သူမက ဒီအတိုင်း ဓားအင်မော်တယ် အန်လင်းကို ကြောက်ရွံ့ရိုသေပြီး လေစားမှုနဲ့ တွေ့ချင်တာ ဖြစ်မှာပေါ့။”

“ဟင်...အဲ့တာဆိုရင်တော့ ကိစ္စကောင်းပဲ။” အန်လင်းက အလေးအနက် ခေါင်းငြိမ့်ပြလာ၏။

စုရှောင်လန်: “... အခုနင့်ရဲ့ အရေပြားက ကမ္ဘာ့အပေါ်ယံလွှာထက်ကို ထူနေပြီလား။”

ရွှမ်ယွမ်ချန်က အလေးအနက် မျက်နှာထားဖြင့် “လျှိုချင်ဟွမ်နဲ့ တခြားသူတွေကြောင့်များ မင်းကို ဖိတ်တာလား။”

စုရှောင်လန်က ခေါင်းငြိမ့်ပြလိုက်ပြီး “လျှိုချင်ယွမ်ရဲ့ စွမ်းအားနဲ့ဆိုရင် အဲ့တာကဖြစ်နိုင်တဲ့ အချက်ပဲ။ သူမကို နှောက်နှေးစေနိုင်တဲ့ လူ ဒီကုန်းမြေကြီးပေါ်မှာ အများကြီးမရှိလောက်ဘူး။ သူက အကြောင်းတစ်ခုခုကြောင့် မြွေဝိညာဉ် အင်ပါယာမှာ ပိတ်မိနေတယ်လို့ ငါခံစားရတယ်။ အဲ့တာကြောင့်မို့ သူမက ငါတို့နဲ့ ပြန်လည်ပေါင်းစည်းဖို့ အခွင့်အရေး မရတာဖြစ်မယ်။”

“သွားကြရအောင်လေ။ ဘာပဲဖြစ်ဖြစ် ဒီမှာလဲ ဘာမှမှ မကျန်တော့တာ။ ရွှီလင်းအင်ပါယာကို သွားပြီးတော့ သမိုင်းဝင် မြွေဝိညာဉ် မျိုးနွယ်စုဆီကို သွားလည်ကြရအောင်။” အန်လင်းက ဤကုန်းမြေကြီးပေါ်က မြွေဝိညာဉ်  မျိုးနွယ်စုအကြောင်းကို အလွန်သိချင်နေပြီး ဤအခွင့်အရေးကို ယူကာ သူတို့ဆီကို သွားလည်ရန် အားသန်နေတော့သည်။

နောက်ထပ်ဆွေးနွေးမှု တစ်ချို့ ပြုလုပ်ပြီးနောက် လူတိုင်းက မြွေဝိညာဉ်အင်ပါယာကို သွားရောက်ပြီး တိုက်ပွဲနတ်ဘုရားမတွင် နတ်ဘုရားအင်မော်တယ် ရှောင်ယန်နှင့်ပတ်သတ်၍ သတင်းအချက်အလက်များ ရှိသလား ဆိုသည်ကို မေးရန် ထွက်လာခဲ့တော့သည်။

ထို့ကြောင့် သူတို့ခြောက်ယောက်သည် နန်းတော်ပြင်ပသို့ထွက်ကာ မြွေဝိညာဉ်  အင်ပါယာကို လာခဲ့ကြတော့သည်။

သူတို့က မကြာမီမှာပင် ရင်နှီးသော တရားသေလွှတ်ခြင်း မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။

ခရမ်း​ရောင် ဝတ်ရုံနှင့် သတ်လတ်ပိုင်း အမျိုးသားတစ်ဦးက သူတို့ရှေ့တွင် နွေးထွေးသော အပြုံးလေးနှင့် ရပ်နေပြီး သူ့၏ လက်ဖြင့် အရိုအသေပေးဟန်ပြုလိုက်၏။

လူသားတွေက စိတ်နှစ်ထားလျှင် အချိန်တိုလေးအတွင်းမှာပင် သူတို့ကိုယ်သူတို့ အပြည့်အဝ ပြောင်းလဲနိုင်​သည်ဟူသော စကားပုံရှိ၏။ ထိုစကာပုံက ယခုကိစ္စတွင် အတိအကျကို မှန်ကန်လေသည်။

အန်လင်းနှင့်တခြားသူများက သူတို့ရှေ့တွင်ရှိနေသော အမျိုးသား မည်သူလဲဆိုတာကိုပင် မမှတ်မိနိုင် တော့မလိုဖြစ်သွားရ၏။

တိုက်ပွဲနတ်ဘုရား ဇီယန်က ဒီလောက်ထိ ချောမောနေတာ မဖြစ်နိုင်ပါဘူး…

သူက တစ်ကိုယ်လုံး မီးလောင်နေပြီး အတွင်းခံပဲပါတဲ့ တဏှာရူး ငကြောင်ကောင် ဖြစ်ရမှာ မဟုတ်ဘူးလား။

ဒီလူချောလေးက ဘယ်သူလဲ။

တိုက်ပွဲနတ်ဘုရား ဇီယန်၏ နှုတ်ခမ်းများက သူတို့၏ အထိတ်တလန့် အမူအရာများကြောင့် တွန့်ကွေးသွား၏။

“ဟီးဟီး… မင်းတို့အကုန်လုံးကို ဒီမှာတွေ့ရတာ တော်တော်လေး ကျေနပ်စရာ အံ့အားသင့်ဖွယ်ပဲ။” တိုက်ပွဲနတ်ဘုရား ဇီယန်က နွေးထွေးသော အပြုံးလေးဖြင့် ပြောလာ၏။

လူတိုင်း၏ မျက်နှာများက မဲမှောင်သွားတော့သည်။

ကျေးဇူးပြု၍ ထူးချွန်ပြောင်မြောက်သော မုသားများကို မပြောပါနှင့်။

သူတို့နှင့်ဆုံရန်အတွက် သူ့၏ မူရင်းလမ်းကြောင်းမှ ခွဲထွက်လာသည်က ဘယ်သူလဲ။ သူတို့က စောက်ကျိုးနည်း မျက်မမြင်များမဟုတ်ကြပေ။

“အဲ့တာက တကယ့်ကို ကျေနပ်စရာ အံ့အားသင့်ဖွယ်ပါပဲ။ စီနီယာ ဇီယန်က ကျွန်တော်တို့နဲ့ လုပ်စရာ ဘာကိစ္စများရှိလို့လဲ။” အန်လင်းက တိုက်ပွဲနတ်ဘုရား ဇီယန်၏ မုသားတွင် အတိတ်မေ့ချင်ယောင် ဆောင်လိုက်တော့၏။ မည်သို့ဆိုဆို သူက အတိတ်တွင်သူ့အား အနိုင်ကျင့်ခဲ့မိသည်ကို အနည်းငယ်တော့ အားနာမိပါသည်။

“မင်းတို့နဲ့ ပူးပေါင်း ဆောင်ရွက်ချင်လို့။” တိုက်ပွဲနတ်ဘုရား ဇီယန်၏ အမူအရာက အလေးအနက်ပြောင်းသွားကာ “မင်တို့က ငါ့ကို ဒီကမ္ဘာကြီးကနေ မင်းတို့ဆီကို ဝိညာဉ်ကူးပြောင်းဖို့ ကူညီပေးပြီး ငါ့ကို ပိုပြီးမြင့်တဲ့ အဆင့်ရောက်ဖို့ အခွင့်အရေးပေးမယ်ဆိုရင် ဒီကမ္ဘာထဲမှာ မင်းတို့ကို အစွမ်းကုန် ကူညီပေးဖို့ ဆန္ဒရှိတယ်။”

တိုက်ပွဲနတ်ဘုရား တစ်ပါးကို ရဲဘော်ရဲဘက်အဖြစ် ရှိခြင်းက အန်လင်းနှင့် တခြားသူများအတွက်တော့ အတော်လေး ဆွဲဆောင်မှုရှိသည့်အရာဖြစ်၏။

အန်လင်းက တိုက်ပွဲနတ်ဘုရား ဇီယန်ကို ကြည့်လိုက်ပြီး “မင်းက ငါတို့ရှာတွေ့တဲ့ အပေါက်ကနေ ဖြတ်သွားလို့ ရနိုင်တယ်။”

တိုက်ပွဲနတ်ဘုရား ဇီယန်က အခိုက်အမာဆုံးဖြတ်ထားသည့် မျက်နှာထားနှင့် ဆက်ပြောလာ၏။ “ပြဿနာမရှိဘူး။ ငါကကြိုးစားကြည့်ချင်တုန်းပဲ။”

“ပြီးတော့ ငါတို့ကမ္ဘာမှာက တိုက်ပွဲချီမရှိဘူး။” အန်လင်းက ထပ်ပေါင်းပြော လာ၏။

ဒီတစ်ကြိမ်တွင်တော့ တိုက်ပွဲနတ်ဘုရားဇီယန်က စိတ်ရှုပ်ထွေးသွားသည်မှာ သိသာလှ၏။

သူက ယခုတွင် တိုက်ပွဲချီ ကျင့်ကြံခြင်းကို ဖြတ်ကျော်မည့် အဆင့်သို့ရောက်နေပြီ ဖြစ်ကာ ယခု အန်လင်းပြောနေသည်မှာ သူက တစ်ခြားကမ္ဘာကိုရောက်နိုင်သော်လည်း အစကနေပြန်စရမည် ဟူ၍ပင်…

ထိုသည်မှာ ငါးတစ်ကောင်ကို ပင်လယ်ထဲမှ ထုတ်၍ ကန္တာရထဲသို့ ပစ်လိုက်သကဲ့သို့ပင်။ အသက်ရှင်ရန် လမ်းစ နည်းနည်းလေးပင် မရှိပါချေ။

“စီနီယာ ဇီယန်၊ တစ်စုံတစ်ယောက်က ထိုးဖောက်ကျော်လွှားမှုတွေလုပ်ဖို့ ကျင့်ကြံခြင်း ပတ်ဝန်ကျင်ပါ ပြောင်းဖို့မလိုပါဘူး။ အစ်ကိုက ကိုယ့်ဟာကို ယုံကြည်မှု လုံလုံလောက်လောက်ရှိတယ်ဆိုရင် ကျန်းချီ ကုန်းမြေကြီးပေါ်မှာပဲ ကျန်ခဲ့မယ်ဆိုရင်တောင် ထိုးဖောက်ကျော်လွှားမှုတွေ လုပ်နိုင်မှာပါ။”

ရွှမ်ယွမ်ချန်က တိုက်ပွဲနတ်ဘုရားဇီယန်ကို ရဲဘော်ရဲဘက်အဖြစ်ရှိခြင်းအား လိုလားသော်လည်း တစ်ခြား ကမ္ဘာဆီသို့ အရဲစွန့်လာမည့် ဇီယန်၏ အကြံကိုတော့ မထောက်ခံပါပေ။

သို့သော်လည်း တိုက်ပွဲနတ်ဘုရား ဇီယန်က ရုတ်တရက် ဟက်ဟက်ပက်ပက် စတင်ရယ်မောလာပြီး “ငါ့ရဲ့ အဆင့်က နှစ်ပေါင်းရာချီ မတိုးတက်တာ။ ငါက အရာအားလုံး ကြိုးစားကြည့်ပြီးပြီ… ဘာပဲပြောပြော ငါ စမ်းကြည့်မယ်လို့ ဆုံးဖြတ်ပြီးပြီ။”

တိုက်ပွဲနတ်ဘုရားဇီယန်က အလွန်အမင်း စိတ်ပိုင်းဖြတ်ထားသည်မှာ သိသာလှသည်ကြောင့် အန်လင်းနှင့် တခြားသူများက သူ့ကို နောက်ထပ် မတားမြစ်တော့ပါပေ။ နောက်ဆုံးတွင်တော့ တိုက်ပွဲနတ်ဘုရားဇီယန်က စွမ်းအားကြီး ရန်သူတစ်စုံတစ်ရာ တွေ့ခဲ့သော် သူတို့အတွက် အကူအညီအကြီးကြီး ဖြစ်ပေလိမ့်မည်။

သူ့၏ သစ္စာရှိမှု အတွက်မှာတော့ သူက ကောင်းကင်တာအို ကျမ်းကျိန်ချက်ကို ပြုလုပ်ထားပြီးဖြစ်သည်။ ထို့ကြောင့် အန်လင်းက ထိုအရာကို စိတ်ပူရန် အမှန်တကယ်မလိုအပ်ပါပေ။

ထို့ကြောင့် သူတို့ခုနှစ်ဦးက အရှေ့ဘက်သို့ ပျံသန်းလာခဲ့ကြတော့သည်။

သူတို့ မသိလိုက်ခင်မှာပင် သူတို့က ရွှီလင်းအင်ပါယာ၏ ပိုင်နက်အတွင်းသို့ ပျံသန်းလာပြီးဖြစ်သည်။

အန်လင်းက နောက်ဆုံးတွင်တော့ သမိုင်းဝင် မြွေဝိညာဉ် မျိုးနွယ်စုနှင့် မျက်မြင်တွေ့ရလေပြီ။ သူတို့မှာ လူသားများနှင့် အရပ်အတူတူလောက်ဖြစ်၏။ သို့သော် သူတို့၏ အောက်ပိုင်းမှာ မြွေခန္ဓာကိုယ်နှင့် ဖွဲ့စည်းထားပြီး အပေါ်ပိုင်းမှာ လူသားပုံဖြစ်သည်။ တစ်ချို့မှာ သူတို့၏ နောက်ကျော၌ အသားအတောင်ပံများပင် ရှိပြီး သူတို့၏ ဆံပင်များမှာလည်း အရောင်အမျိုးမျိုး ဖြစ်ကာ ကြည့်ရှုဖွယ်ရာ ပွဲတစ်ခုလို ဖြစ်နေ၏။

“မြွေဝိညာဉ် မျိုးနွယ်က လူသားတွေနဲ့တူတဲ့ ကျင့်ကြံခြင်းပါရမီရှိတယ်။ ဒါပေမဲ့ သူတို့ရဲ့ ခန္ဓာကိုယ်တွေက မွေးကတည်းက သုံးဆလောက်ပိုပြီး အစွမ်းထက်တယ်။ ပြီးတော့ သူတို့ရဲ့ သက်တမ်းကလည်း သာမန်လူသားတွေရဲ့ နှစ်ဆရှိတယ်လေ။” တိုက်ပွဲနတ်ဘုရား ဇီယန်က သူ့အောက်ရှိ မြွေဝိညာဉ် မျိုးနွယ်စုကို ငုံ့ကြည့်ရင်း ပြောလာ၏။

“အဲ့မြွေဝိညာဉ် လူတွေက ငါတို့ ကမ္ဘာက အံ့ချီးမြွေတွေနဲ့ အတော်လေးတူတာပဲ။ သူတို့ရဲ့ ပုံပန်းသွင်ပြင်နဲ့ စရိုက်တွေက အံ့ချီးမြွေတွေနဲ့ အတော်လေးကို တူတယ်။” ရွှမ်ယွမ်ချန်က တအံ့တဩ သတိထားမိလိုက်၏။

“အဲ့တာက ထူးဆန်းလို့လား။” အန်လင်းက နားမလည်နိုင်သလို မေးလာ၏။

စုရှောင်လန်က ပြုံးကာ ပြန်ပြောလိုက်သည်။ “အံ့ချီးမြွေတွေက သူတို့ရဲ့ သခင် နူဟွာနဲ့ အတော်လေး ဆက်စပ်တယ်လေ။ သူတို့က ထိုက်ချူကုန်းမြေကြီးမှာ အလွန်ရှားပါးပြီးတော့ သူတို့ရဲ့ လူမှုအဆင့်အတန်းကလဲ အတော်မြင့်တယ်။”

ရွှမ်ယွမ်ချန်က အတည်ပြုလာ၏။ “ဒါပေမဲ့ မြွေဝိညာဉ် မျိုးနွယ်စုကတော့ ဒီကုန်းမြေကြီးရဲ့ သုံးပုံတစ်ပုံရှိတယ်။”

အန်လင်း : “...”

သူသည် အစ်ကိုကြီးချန်ကို နားလည်စပြုလာပြီဖြစ်သည်။ တကယ်လို့ မြွေဝိညာဉ် မျိုးနွယ်စုကသာ အံ့ချီးမြွေတွေနဲ့ မျိုးစိတ်အတူတူဆိုပါက ထိုသည်မှာ အလွန်အမင်း အံ့အားသင့်ဖွယ်ပင်။

ထိုသည်မှာ ပန်ဒါဝက်ဝံ သန်းအနည်းငယ်က ရုတ်တရက် ကမ္ဘာပေါ်တွင် ပေါ်လာသလိုဖြစ်မည်။ သူတို့၏ ရှာပါးနှင့် မျိုးတုန်းသော စာတန်းက ချက်ချင်း ဖယ်ရှာခံလိုက်ရပါက လူသားများက ပန်ဒါများအလွန်ပေါများခြင်းကြောင့် သူတို့အား အမဲလိုက်နိုင်ပါသည်။

မြွေဝိညာဉ်  နန်းတော်မှာ ရွှီလင်းအင်ပါယာ၏ အလယ်ဗဟိုတွင် တည်ရှိလေသည်။ ထိုနေရာရှိ အဆောက်အုံးများအားလုံးက အစိမ်ရောင်စိတ်ဝိညာဉ် ကျောက်စိမ်းများဖြင့် တည်ဆောက်ထားကာ အစိမ်းရောင် ပင်လယ်ပြင်ကြီးတစ်ခုဖြစ်ပေါ်စေပြီး ကြည့်ရှုသူများကို ထူးဆန်းသော ခံစားချက်ဖြစ်စေ၏။

သူတို့ခြောက်ယောက်သည် မြွေဝိညာဉ်  နန်းတော်သို့ တိုက်ရိုက် ပျံသန်းလာကာ အရာအားလုံးက အစီအစဉ်ချထားသကဲ့သို့ အတားအဆီး တစ်ခုမှပင် မရှိပါချေ။

တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်က ကုန်းမြေကြီး တစ်ခုလံုးပေါ်တွင် စွမ်းအားအကြီးဆုံး ဖြစ်တည်မှုတစ်ခုဖြစ်သည်မို့ အန်လင်းက အနည်းငယ် စိတ်လှုပ်ရှားနေ၏။

သမိုင်းစာအုပ်များဖတ်ခြင်းမှ အန်လင်းရှာဖွေတွေ့ရှိထားသည်မှာ သူမ၏ လက်၌ ကျဆုံးသွားသော တိုက်ပွဲနတ်ဘုရား နှစ်ဦးရှိခဲ့လေသည်။

တိုက်ပွဲနတ်ဘုရားများကြား ရန်ပွဲတစ်ခုတွင် သူတို့၏ စွမ်းအင်အဆင့်မှာ အတော်လေး တူညီသင့်သည်ဖြစ်၍ အနည်းဆုံးတော့ အနိုင်မရနိုင်ပါက ထွက်ပြေးနိုင်ရမည်သည်။ ထိုသည်ကို သိထားပြီးသော်လည်း သူမက တိုက်ပွဲနတ်ဘုရား နှစ်ဦးကို သတ်နိုင်သေးသည်ဖြစ်၏။ ထိုသည်မှာ မည်သည်ကိုဆိုလိုသနည်း။ ဆိုလိုသည်မှာ သူမက တိုက်ပွဲနတ်ဘုရားနောက်ဆုံးအဆင့်တွင် ရှိနေသည်ဟုပင်။ သူမက အလွန်လန်းသော အမျိုးသမီးဖြစ်၏။

တိုက်ပွဲနတ်ဘုရား ဇီယန်က သူတို့နှင့်အတူပါလာသော်လည်း အန်လင်းက စိတ်လုံခြုံမှုကို မခံစားရပါချေ။ မည်သို့ပင်ဆိုစေ တိုက်ပွဲနတ်ဘုရား ဇီယန်အပေါ် သူ့၏ ပထမဆုံး အမြင်မှာ အတော်လေး ဆိုးဝါးခဲ့သည်ဖြစ်၏။

အန်လင်းနှင့်တစ်ခြားသူများက နန်းတော်ထဲသို့ ရိုကျိုးသောအမူအရာများဖြင့်ဝင်လာကာ စွမ်းအားကြီး တိုက်ပွဲနတ်ဘုရားမကို ကြည့်လိုက်ပြီးနောက် နေရာမှာပင် တောင့်တင်းသွားတော့သည်။

အဖြူရောင်ဝတ် အမျိုးသမီးငယ်တစ်ဦးက ပုလ္လင်ပေါ်တွင်ထိုင်နေပြီး ကြွပ်ရွသော စိတ်ဝိညာဉ်  သစ်သီးတစ်ခုကို ကိုက်ဝါးနေ၏။ သူမ၏ ပါးပြင်များက အသီးများဖြင့် ပြည့်နှက်နေပြီး သူမအား ချစ်စဖွယ် သွင်ပြင်ပေးလေလေ၏။

သူမတွင် အလွန်အမင်ကောင်းမွန်ပြီး နူးညံ့သောသွင်ပြင်များရှိလေသည်။ သူမ၏ အသားအရေသည် ကျောက်စိမ်းတစ်ခုကဲ့သို့ ဖြစ်နေပြီး သူမတွင် ဘဲဥပုံ မျက်နှာတစ်ခုရှိလေ၏။ သူမ၏ ခါးလေးမှာ သေးသွယ်ပြီး ကျိုးလွယ်သော မိုးမခကိုင်းလေးကဲ့သို့ပင်။ သူမ၏ တောက်ပြောင်သော ဆံပင်များက လှပသော ပန်းချီကားတစ်ချပ်ထဲမှ အသက်ဝင်လာသကဲ့သို့ပင်။

“အာ… စီနီယာ အဆိပ်သခင် နောက်ဆုံးတော့ ရောက်လာပြီပဲ။” အမျိုးသမီးငယ်၏ မျက်လုံးများက အရောင်တောက်သွားပြီး အန်လင်းဆီသို့အပြေးသွားကာ ချိုမြိန်သော အပြုံးတစ်ခုကို ဆင်မြန်းရင်း စိတ်လှုပ်ရှားစွာ ပွေ့ဖက်လိုက်လေသည်။

လူတိုင်းက အထိတ်တလန့်ဖြစ်နေဆဲပင် ဖြစ်ကာ အန်လင်းက မကြားအောင် တံတွေးမျိုချမိနေတော့သည်။ “မြွေဖြူ ဝိညာဉ်၊ မင်း… မင်းက တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်လား။”

ဒါက ဖျားနာတဲ့ ဟာသတစ်မျိုးလား။ ကျန်းချီ ကုန်းမြေပေါ်မှ စွမ်းအားအကြီးဆုံး ဖြစ်တည်မှုက  ဤတာအိုခန္ဓာသတ္တမအဆင့် ငနုံတစ်ကောင် မည်သို့ဖြစ်နိုင်မည်နည်း။

အန်လင်းနှင့် တခြားသူများက အမှန်တရားကို လက်ခံရန် ရုန်းကန်နေကြစဉ်တွင် မြွေဖြူဝိညာဉ်က နောက်သို့တစ်လမ်းဆုတ်သွား၏။

သူမက တစ်ခစ်ခစ်ရယ်ကာ ခေါင်းခါပြလာသည်။ “ဘာတွေပြောနေတာလဲ။ ကျွန်မက တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်မဟုတ်ပါဘူး။”

လူတိုင်းက သက်ပျင်းရှည်ကြီးတစ်ခု ချလိုက်တော့သည်။

နောက်ဆုံးတွင်တော့ ဤကမ္ဘာကြီးက ပုံမှန်အတိုင်း ရှိနေသေး၏။

အန်လင်းက သူ့ရင်ဘတ်ကို ပွတ်ကာ မကျေမနပ်ပြောလာ၏။ “ဟင်း… ငါ့ကို အဲ့လိုမခြောက်ပါနဲ့။ ငါ့နှလုံးသားက အဲ့တာကို မခံနိုင်ဘူး။ နောက်တစ်ခါ တိုက်ပွဲနတ်ဘုရားမရဲ့ ပုလ္လင်ပေါ်မှာ သာမန်ကာလျှံကာ ဝင်တက်ထိုင်မနေနဲ့။”

တိုက်ပွဲနတ်ဘုရား ဇီယန်က သူမအား စိတ်ဝင်တစားကြည့်နေဆဲပင်။ သူက တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်ကို အရင်ကတည်းက မြငိဖူးပြီးသားဖြစ်သည်မို့ မြွေဖြူဝိညာဉ်က တိုက်ပွဲနတ်ဘုရား မဟုတ်မှန်း အစကတည်းက သိထားပြီးဖြစ်၏။ သို့သော် ထိုမိန်းမငယ်လေးက အဘယ့်ကြောင့် ပုလ္လင်ပေါ်တွင် သာမန်ကာလျှံကာ ထိုင်နေနိုင်သနည်း။ သူမကသေချာပေါက် သာမန်လူမဟုတ်ပါပေ။

“ဟီးဟီး… အဲ့တာက အဆင်ပြေပါတယ်။ ငါ အခု ချင်လေးကို မင်းအတွက် ခေါ်ပေးမယ်။”

မြွေဖြူဝိညာဉ်က ကျယ်လောင်စွာလေချွန်လိုက်၏။

မကြာမီပင် အပြင်ဘက်မှ အစိမ်းရောင် ဝတ်ရုံနှင့် အလှပကေးတစ်ဦး ဝင်လာတော့သည်။ မြွေဖြူဝိညာဉ်ကိုမြင်သည်နှင့် သူမက မြွေစိမ်းလေးတစ်ကောင်အဖြစ်သို့ ပြောင်းသွားပြီး ​ယုံကြည်အားထားခြင်းနှင့် ချစ်ခင်မှုကို ပြသကာ မြွေဖြူဝိညာဉ်၏ လက်မောင်းတွင် သူမကိုယ်သူမ  ရစ်ပတ်လိုက်လေသည်။

“မင်းတို့ကို ငါ့ရဲ့ စိတ်ဝိညာဉ်သားရဲ ချင်လေးနဲ့ မိတ်ဆက်ပေးမယ်။ သူမက မင်းတို့ပြောတဲ့ တိုက်ပွဲနတ်ဘုရား ပိုင်ချောင်လဲဟုတ်တယ်။” မြွေဖြူဝိညာဉ်က ချင်လေး၏ ခေါင်းကို တယုတယ ပွတ်ပေးနေလေ၏။

ဟင်…

နန်းတော်မှာ ချက်ချင်းပင် တိတ်ဆိတ်သွားလေတော့သည်။

ရွှမ်ယွမ်ချန်နှင့် တခြားသူများက မြွေဖြူဝိညာဉ်ကို ငေးကြည့်ရင်း လုံးဝကို နေရာ၌ပင် တော့တင်းသွားကြတော့၏။

အန်လင်းက သူ့ရင်ဘတ်ကို ဆုတ်ကိုင်လိုက်ကာ သွေးများအန်ထွက်တော့မည်ဟုပင် ခံစားလိုက်ရသည်။

မြွေဖြူဝိညာဉ်သည် တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင် မဟုတ်ပေ။

သို့သော် သူမ၏ စိတ်ဝိညာဉ်သားရဲမှာ ဖြစ်နေလေ၏…

ငလူး… ဒါကပိုပြီးတော့ကို ယုံရခက်တယ်လေ။

ဒါတွေအားလုံးက အတုအယောင်များဖြစ်ရမည်။ ဒါက ပုံရိပ်ယောင်တွေဖြစ်ရမယ် ဟုတ်တယ်။

တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်ကို သူမ၏ စွမ်းအားအပြည့်နှင့် မြင်ဖူးထားသော ဇီရန်အတွက်မူ…

သူ့၏ ခြေထောက်များက သူ့အောက်မှ ပျောက်ဆုံးသွားလေပြီ။

***

All Chapters