← Chapters

အခန်း (၂၄၁-၂၄၂)

Vol. 25 Ch. 241-242

အခန်း (၂၄၁-၂၄၂)

Vol. 25 Ch. 241-242

အပိုင်း (၂၄၁) လျှောက်ရမည့်လမ်း

အရာရှိများ ပြန်သွားချိန်တွင် အရပ်သူအရပ်သားများက တဝဲလည်လည် ကျန်ရစ်နေခဲ့ကြပြီး အထူးသဖြင့် မြို့အပြင်ဘက်တွင် နေကြသည့် ကျေးရွာများက လူများဖြစ်လေသည်။ အဘိုးချန်း၊ အဘိုးလု၊ အဘွားချန်း သို့မဟုတ် သရှင်းရွာကတစ်ယောက်ယောက်ကို သိကြသည့် ထိုသူများသည် မေးခွန်းများကိုမေးမြန်းရန် စုဝေးလာကြ၏။ အချိန် ၁၅မိနစ်လောက် ကောင်းကောင်းလေး ပေးလိုက်ပြီးမှ သူတို့သည် ရွာသားများကို ထွက်ခွာခွင့်ပေးတော့သည်။

သရှင်းရွာသားများသည် ငေးမောကာဖြင့် သူတို့၏ ရွာသို့ပြန်လာသည်တွင် သူတို့သည် ဂွမ်းသားတိမ်များပေါ်တွင် လမ်းလျှောက်နေရသလို ခံစားရ၏။ သူမ၏ထယ်ကို လက်ဆောင်အဖြစ်ပေးအပ်ခဲ့ပြီး ဆုလာဒ်ကို ငြင်းဆန်ခဲ့သည့် စန်းလော့ကတော့ သူမသည် သူမလုပ်နိုင်သည့်အရာကို လုပ်ခဲ့ပြီးဖြစ်ကာ ကျန်သည့်ကိစ္စကိုတော့ စိတ်ထဲတွင်ထားရမည်ဟု ခံစားမိလေသည်။ သူမသည် သူမ၏နေ့စဥ်ဘဝကို ပုံမှန်အတိုင်း ပြန်ရောက်သွားသည်ဟု ထင်ရ၏။

သူမ မသိလိုက်သည်က ထိုနေ့က သူမ၏လုပ်ရပ်များသည် တစ်ခြားသူများအပေါ် မည်မျှလွမ်းမိုးမှုရှိသွားသည်ကိုပင်။

ရှန်းလီကတော့ သူ၏ကိုယ်ပိုင်လမ်းကြောင်းတစ်ခုကို ရှာတွေ့သွားဟန်တူသည်။

အတိတ်က သူသည် ဆင်းရဲတွင်းမှ ထွက်လာနိုင်မည့် လမ်းကြောင်းတစ်ခုကို ဖောက်ရန်၊ စန်းလော့အတွက် ပိုကောင်းသည့်ဘဝကို ထောက်ပံ့ပေးရန်၊ သူမကို ကာကွယ်ပေးရန်၊ သူမ နှစ်သက်သည့်အရာများကို လွတ်လွတ်လပ်လပ် စူးစမ်းရှာဖွေနိုင်ရန်အတွက် သူသည် စာကို လေ့လာခဲ့ခြင်းဖြစ်သည်။ သို့သော်ငြားလည်း ထိုကြမ္မာငင်သည့်နေ့ရက် ပြီးဆုံးသွားသည့် နောက်တွင်တော့ သူ၏ ရည်ရွယ်ချက်များက ပြောင်းလဲသွားတော့သည်။

စန်းလော့နှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်တို့ထံတွင် သူသည် သူ၏ကိုယ်ပိုင်ကံတရားကို ပြန်မြင်ခဲ့ရဟန်တူသည်။ ပညာရေးလမ်းကြောင်းကိုလိုက်ပြီး အရာရှိအဆင့်များမှတစ်ဆင့် ပိုမိုရှင်းလင်းပြတ်သားသည့် လမ်းကြောင်းတစ်ခု တွေ့လိုက်ရ၏။

ရှန်းနဥ်နှင့် ရွှီဝမ်ယင်းတို့၏ စိတ်ထဲတွင်တော့ ဝိုးတဝါးအိမ်မက်များသည် သူတို့၏နှလုံးသားထဲတွင် စတင်ပေါ်ပေါက်လာတော့သည်။

သရှင်းရွာသည် ရှီကျိုးမြို့ကလူများ၏ အသိစိတ်ထဲတွင် ပြန်လည်ပေါ်ပေါက်လာပြီး အရင်တုန်းကထက် ပိုပြီးကျယ်လောင်ကာ ပိုပြီးသိသာထင်ရှားလာသည်။ အစောပိုင်းတုန်းက ရှန်းနဥ်က ပြည်နယ်ဝင်ခွင့်စာမေးပွဲကို ကြိုးစားချိန်ကထက် အများကြီးပိုသိသာသည့် ခံစားချက်တစ်ခုကို ဖန်တီးပေးလိုက် ၏။

စန်းလော့နှင့် သရှင်းရွာကလူများသည် တောင်ပေါ်နေနေထိုင်သူများကို တောင်ခြေတွင် အခြေချဖို့ရန် မည်သို့ကူညီပေးခဲ့သည့်အကြောင်း၊ တောင်အတွင်းပိုင်းတွင် အရင်းအမြစ်များကို မှီခိုအားထားပြီး မည်သို့ အသက်ရှင်နေနိုင်အောင် ပြုလုပ်သင့်သည့်အကြောင်း ထိုပုံပြင်များက ဆက်တိုက်ပြန့်နှံ့သွားတော့သည်။

ဝဥတို့ဟူးနှင့် ဝဥအကြောင်း ကျော်ကြားမှုက ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့သွားပြီး ယခုတိုင် မရှိသေးသည့် နတ်သမီးတို့ဟူးကပင် ရှီကျိုးမြို့ထဲတွင် အရင်ဆုံး နာမည်ကြီးနေလေသည်။

ချန်းယိုထျန်းက ထယ်အသစ်များကို ပြုလုပ်ရန်အတွက် စာရင်းသွင်းဖို့ရန် ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်လာခဲ့သည်။ ပထမတစ်သုတ်ကို သရှင်းရွာသို့ ပို့ဆောင်ခဲ့ပြီးဖြစ်ကာ ရှန်းမိသားစု၏ ထယ်နှစ်ခုက အရင်ဆုံး ရောက်လာသည်။ အနီးအနားက ရွာများကလဲ တဖြည်းဖြည်းနှင့် ထယ်အသစ်များကို ရရှိလာကြသည်တွင် ပုံမှန်မဟုတ်သည့် မြင်ကွင်းတစ်ခုက သရှင်းရွာတွင် ပေါ်ပေါက်လာတော့သည်။

အနီး၊ အဝေးရွာများက လယ်သမားများသည် တစ်အိမ်လျှင်နှစ်ခုနှုန်းဖြင့် သူတို့အသစ်ရရှိထားသည့် ထယ်များကို သယ်လာကြကာ သရှင်းရွာသို့ ဦးတည်သွားကြသည်။ ရွာထဲသို့ရောက်လာသည်တွင် သူတို့က သခင်မစန်း၏ လယ်ကွင်းတည်နေရာကို အရင်ဆုံး မေးမြန်းကြသည်။

ရှန်းမိသားစု၏ မြေဧက၃၀ကို ကျောက်သလန်နှင့် ကျောက်စစ်လန်တို့မှာ မထွန်ယက်ပေးရသလောက်ပင်။ ထိုအစား ထိုမြေများကို ပတ်ဝန်းကျင်ဒေသများက မရင်းနှီးကြသည့်လယ်သမားများက အများဆုံး ထယ်ထိုးပေးသွားခဲ့သည်။

သူတို့ညီအစ်ကိုနှစ်ယောက်မှာ အလုပ်မလုပ်ချင်၍ မဟုတ်ဘဲ ဒီအတိုင်းအလုပ်လုပ်ဖို့ရန် အခွင့်အရေးတစ်ခုမှ မရှိခဲ့ခြင်းပင်။ အနီးအနားက လယ်သမားများသည် သူတို့၏ထယ်အသစ်ဖြင့် စန်းလော့၏လယ်ကွင်းများကို ကူညီထွန်ယက်ပေးဖို့ရန် သရှင်းရွာသို့ ရောက်လာကြသည်မှာ အတိုင်းအတာတစ်ခုအထိ လူသိများသည့်ကိစ္စတစ်ရပ် ဖြစ်လာတော့သည်။ ဒါသည် ထုံးစံတစ်ခုလိုဖြစ်လာပြီး လယ်သမားအဖွဲ့များစွာက အစိုးရက ထုတ်ပေးထားသည့်ထယ်များဖြင်ံ့ တဖွဲဖွဲ ရောက်ရှိလာကြလေသည်။

ရှန်းမိသားစုသည် မြေဧက၃၀ထက် ပိုမရှိချေ။ အစိုးရ၏ထယ်များက ထင်သလောက် ထိရောက်မှုမရှိလျှင်တောင် တစ်နေ့လျှင် ရောက်လာကြသည့် လူအယောက် ၆၀-၇၀လောက်က နေ့တစ်ဝက်သာ အလုပ်လုပ်နေကြပြီး ဒုတိယနေ့တွင် လုပ်ဖို့ရန် အများအပြား မကျန်တော့ချေ။

သို့သော်ငြားလည်း ဒီကိစ္စက မပြီးဆုံးသေးချေ။ လယ်ယာမြေများကို ထွန်ယက်ပြီးသည့်နောက်တွင် မြေများကို ပြင်ဆင်ပေးရန် ကျန်သေးသည့် တောင်စောင်းများ ရှိနေသေးသည်။ သူတို့သည် ထယ်များမှနေ၍ ပေါက်ပြားများကို ပြောင်းလိုက်ကြကာ တစ်အိမ်ထောင်လျှင် လူ၂ယောက်နှုန်းဖြင့် နေ့တစ်ဝက်လောက် အလုပ်လာလုပ်ပေးကြပြီးမှ ပြန်သွားကြလေသည်။ ရှန်းမိသားစု၏ လယ်ကွင်းထဲက လှုပ်ရှားမှုများသည် တောင်စောင်းပေါ်တွင် စည်ကားသိုက်မြိုက်စွာဖြင့် ပြီးဆုံးသွားလေသည်။ ဒါသည် မရေမတွက်နိုင်သည့် ကြည့်ရှုသူများကို အမှန်ပင် ဆွဲဆောင်မှုဖြစ်နေစေ၏။

ခဏတိုင်းဆိုသလို တစ်စုံတစ်ယောက်သည် လူသုံးယောက်တစ်ဖွဲ့၊ ငါးယောက်တစ်ဖွဲ့က ပေါက်ပြား သို့မဟုတ် ထယ်များကို သယ်ကာ အဓိကလမ်းမကြီးပေါ်သို့ ဆင်းလာသည်ကို မြင်လိုက်ရသည့်အချိန်တိုင်း သူတို့သည် တစ်ယောက်နှင့်တစ်ယောက် မမျှော်လင့်ဘဲ တွေ့ဆုံကြချိန်တွင် သူတို့၏နှုတ်ဆက်သည့်စကားက ဒီလိုသာဖြစ်လေသည်။ "သရှင်းရွာကို သွားကြမလို့လား"

"ဟုတ်တယ် ဟုတ်တယ် ခင်များတို့ရောလား"

"အမှန်ပဲ ဒါဆိုရင် အတူတူသွားကြရအောင်"

ဒါသည် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ထမင်းစားရေသောက်သလို ပုံမှန်နှုတ်ဆက်စကားတစ်ခု ဖြစ်နေသယောင်ပင်။

သူတို့ပင် မသိလိုက်ပါဘဲ တစ်စုံတစ်ယောက်သည် ရှန်းမိသားစုက သူတို့၏မြေက တောင်ပေါ်တွင်တွေ့ရသည့် သစ်သီးပင်အမျိုးမျိုးကို စိုက်ပျိုးထားသည်ကို သတိထားမိခဲ့၏။ သိပ်မကြာခင်မှာပင် ထိုသတင်းကလဲ ပြန့်နှံသွားလေသည်။

ဘယ်နေ့က စခဲ့မှန်းတော့မသေချာပေ။ သို့သော်ငြားလည်း လူများသည် ရှန်းအိမ်ထောင်စုဆီသို့ သီးပင်စားပင်များကို မကြာခဏ ယူလာပေးတတ်ကြသည်။ သူတို့အားလုံးက သူတို့ရွာ၏အနီးအနားက တောင်များမှ တူးဖော်လာကြပြီး ရွာတစ်ရွာချင်းစီက သုံးပင်မှငါးပင်အထိ ယူလာပေးကြလေသည်။ သို့သော်ငြားလည်း လာပေးသူ လူအရေအတွက် တစ်ချို့ကတော့ ထူးခြားလေသည်။ တစ်ချို့မှာ ဖန်းမိသားစု၊ ကန်းမိသားစု၊ ကျိုးမိသားစု၊ ကျန့်မိသားစုနှင့် တုံးကဲ၏မိသားစုတို့ကဖြစ်ပြီး စန်းလော့ မှတ်မိနေသည့်မျက်နှာများ ဖြစ်လေသည်။ ကျန်သည့် တော်တော်များများကတော့ သူမပင် နာမည်မသိသည့် သူစိမ်းများဖြစ်သည်။ သူတို့သည် သူမကိုအသိပေးရန် စိတ်ထဲထားမနေတော့ဘဲ အိမ်အနီးအနားတွင် သစ်ပင်များကို ဒီအတိုင်း ချန်ထားခဲ့ကြသည်။

ကျောက်သလန်နှင့် ကျောက်စစ်လန်တို့သည် ရှန်းမိသားစုအတွက် အင်မတန်မှ ဝမ်းသာပေးကြ၏။ သူတို့၏မိဘများ မောင်နှမများနှင့် ကလေးများအားလုံးကလဲ ရှန်းမိသားစု၏ မြေယာများကို အလုပ်လုပ်ချိန်တွင် အကူအညီလာပေးကြသည်။

သို့သော်ငြားလည်း ညီအစ်ကိုများသည် ၇ရက်၊ ၈ရက်တာကာလအတွင်း ရှီကျိုးက ရွာသားများ ရှင်းလင်းပေးသွားခဲ့သည့် မြေဧက၄၀ကို မျက်မြင်တွေ့လိုက်ကြချိန်တွင် သူတို့သည် ဆွံ့အသွားကြတော့သည်။

သစ်ပင်များကိုတော့ ချန်ထားခဲ့ကြပြီး ပေါင်းမြက်နှင့် ချုံပင်များကိုတော့ ရှင်းလင်းပေးသွားကြသည်။ မြေကိုလည်း ထွန်ယက်ပေးခဲ့ကြကာ လူများသည် သစ်သီးပင်များကို ယူလာကြချိန်တွင် ကျောက်သလန်နှင့် ကျောက်စစ်လန်တို့အား အပင်အမျိုးအစားကို ရွေးချယ်ခိုင်းကာ နေရာမှာတင် စိုက်ပေးခဲ့ကြသေးသည်။

ယခုတော့ အားလုံးက သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ဖြစ်နေ၏။ သစ်သီးခြံအတွက် သေးငယ်သည့် လူသွားလမ်းလေးများကို ချန်ထားပေးခဲ့ကြပြီး ကျန်သည့်နေရာများကိုတော့ စိုက်ပျိုးရန်အသင့်ဖြစ်နေသည်။ အကယ်၍ သူတို့သည် ပဲ၊ ဟင်းသီးဟင်းရွက်နှင့် ဝဥများကို စိုက်ချင်လျှင်ပင် ချက်ချင်းစိုက်လို့ရနိုင်သည်။

ကျောက်သလန်မှာ ခေါင်းကုပ်လိုက်ပြီး သူ့ညီဖြစ်သူကို မေးလိုက်၏။ "ဒါလုပ်ပြီးသွားရင် ငါတို့တွေမှာ လုပ်စရာအလုပ်ရော ရှိပါအုံးမလား"

ပင်ပင်ပန်းပန်းလုပ်ရသည့် အလုပ်အားလုံးက ပြီးဆုံးသွားဟန်တူသည်။

ဒါသည် အလွန်မှ ရုတ်တရက် ဆန်နေ၏။

ကျောက်စစ်လန်က တော်တော်လေး ဝမ်းသာအားရဖြစ်နေသည်။ "စန်းရှီက ကြင်နာတတ်တဲ့ အမျိုးသမီးတစ်ယောက်ပဲ၊ ထယ်က လူတိုင်းအတွက် ခွန်အားဘယ်လောက်တောင် သက်သာစေမယ်ဆိုတာ စဥ်းစားကြည့်ရုံနဲ့ ဘယ်သူက ကျေးဇူးမတင်ဘဲနေနိုင်မှာလဲ၊ လုပ်စရာ အလုပ်မရှိဘူးဆိုတာကတော့ ပြဿနာမဟုတ်ပါဘူး နောက်ပိုင်းကျမှ ကျွန်တော် စန်းရှီကို မေးလိုက်မယ်"

...

စန်းလော့သည် နေ့စဥ်လုပ်ငန်းတာဝန်များတွင် ရှီကျိုးမြို့အပြင်ဘက်က ရွာသားများ၏ စိတ်အားထက်သန်စွာ ပါဝင်ပေးခြင်းကို ကောင်းကောင်း သတိထားမိလေသည်။ သို့သော်ငြားလည်း ကျောက်စစ်လန်က လုပ်ဖို့ရန်လိုအပ်နေသေးသည့် အလုပ်ကြမ်းတာဝန်များကို မေးလာသည်တွင် သူမမှာ တအံ့တသြ ဖြစ်သွားတော့သည်။

"ဒါပေမဲ့ ဟုတ်တာပေါ့၊ ကျွန်မတို့တွေက ဘာဖြစ်လို့ ဦးလေးတို့ကို မလိုရမှာလဲ၊ တောင်ပေါ်မြေနဲ့ လယ်မြေဧက၇၀ ကျော်ကို ကျွန်မက ကိုယ့်ဟာကိုယ် ဘယ်လိုလုပ်ပြီး စီမံနိုင်ပါ့မလဲ ဦးလေးကျောက်"

လက်တွေ့တွင်တော့ ရှန်းလီ၊ ရှန်းအန်းနှင့် ရှန်းနဥ်တို့ သည် သူမကို ဘာလေးလံသည့်အလုပ်မှ လုပ်ခွင့်မပေးကြချေ။ ပေါ့ပါးသည့် အလုပ်တာဝန်များပင်လျှင် သူမအတွက် ရှားပါးလှလေသည်။

ဒီစကားကို ကြားလိုက်ရသည်တွင် ကျောက်စစ်လန်က ဝမ်းသာသွား၏။ "ဒါဆိုရင်တော့ ကောင်းတာပေါ့၊ ဝမ်းသာစရာပဲ၊ ကျွန်တော်တို့တွေက စန်းရှီရဲ့လက်အောက်မှာ အလုပ်လုပ်ရတာကို ပျော်တာထက်တောင် ပိုပါသေးတယ်၊ ရွာကလူတိုင်းကလဲ ကျွန် တော်တို့တွေက စန်းရှီတို့ မိသားစုအတွက် အလုပ်လုပ်ပေးနေတာကိုသိတော့ အားကျနေကြတာလေ"

စန်းလော့က ပြုံးပြလိုက်သည်။ ကျောက်စစ်လန်က ရောက်လာပြီဖြစ်သဖြင့် သူမက သူ့ကို ခဏလောက် စောင့်ခိုင်းထားကာ မေးခွန်းမေးရန် အခွင့်အရေးကို အသုံးချဖို့ဆုံးဖြတ်လိုက်၏။ သူမက အထဲသို့ပြန်ဝင်သွားကာ မျိုးစေ့အိတ်တစ်ခုကို သယ်လာခဲ့သည်။ "အချိန်ကိုက်ပဲ ဦးလေးကျောက်၊ ဒီမြက်သီးမျိုးစေ့ကို မြေဧကလေးခုလောက် ကျွန်မအတွက် စိုက်ပေးလို့ရမလား"

"မြက်သီးမျိုးစေ့ ဟုတ်လား၊ မြေဧကလေးခုလား"

"ဟုတ်တယ်၊ ဒါတွေက ခရမ်းရောင်ပဲရိုင်းပင်လေ၊ ဝက်တွေ ဆိတ်တွေ ယုန် ကြက်နဲ့ဘဲတွေက ဒါကို စားရတာကြိုက်တယ်၊ ဒီအပင်တွေက မွေးမြူရေးတိရိစ္ဆာန်တွေအတွက် အာဟာရဖြစ်ပြီး မြန်မြန်ကြီးထွားစေနိုင်ပြီး ကျွန်မတို့ရဲ့ လိုအပ်ချက်ကိုလည်း ဖြည့်တင်းပေးနိုင်တယ်လေ၊ ဒါက ရှန်းနဥ်အတွက် နေ့တိုင်း မြက်တွေသွားခုတ်နေရတာကို သက်သာစေမှာ"

ဒီမြက်ပင်အမျိုးအစားသည် လတ်လတ်ဆတ်ဆတ်အချိန်တွင် မြင့်မားသည့် အာဟာရကို ဖြည့်တင်းပေးနိုင်ပြီး မွေးမြူရေးတိရိစ္ဆာန်များနှင့် ကြက်ငှက်များအတွက် အကောင်းဆုံးအစာကို ပြုလုပ်ပေးနိုင်သည်။ သီးနှံတစ်ခုကို နှစ်ကြိမ်မှ သုံးကြိမ်အထိ ရိတ်သိမ်းနိုင်ပြီး အထွက်နှုန်းကောင်းသည့် တစ်ဧကကို လတ်လတ်ဆတ်ဆတ် မြက်ပင်ပေါင်း ပေါင်ထောင်ချီ အထွက်နှုန်းရှိနိုင်သည်။ ထို့ထက်ပင် ပိုနိုင်သေးသည်။

အမှန်တွင်တော့ မွေးမြူရေးတိရိစ္ဆာန်များနှင့် ကြက်၊ ငှက်များအတွက်အပြင် ဒါသည် အင်မတန်မှ အရသာရှိသည့် တောဟင်းရွက်တစ်ခုလဲ ဖြစ်ပေသည်။ သူ့ကို လတ်လတ်ဆတ်ဆတ် ချက်ပြုတ်လျှင်ဖြစ်စေ၊ ကျပ်တိုက်ထားးသည့်အသားဖြင့် ကြော်လှော်လျှင်ဖြစ်စေ၊ အင်မတန်မှ မွှေးပြန့်သည့်အရသာတစ်ခု ရှိလေသည်။ စန်းလော့သည် ဒါကို အရှေ့ဘက်စျေးတွင် ပုံမှန်ရောင်းချဖို့ စဥ်းစားထားလေသည်။ မြို့က လတ်တလောတွင် လတ်လတ်ဆတ်ဆတ် တစ်စုံတစ်ခုကို တောင့်တနေသည် မဟုတ်ပါလား။

ပိုပြီးအရေးကြီးသည်က ဒါကို မြေသြဇာသုံးရသည့် လယ်ကွင်းများအတွက် အသုံးပြုမည် မဟုတ်သဖြင့် အချိန်လဲ အများကြီး ပေးရမည်မဟုတ်ချေ။ အပူချိန်လိုအပ်ချက်နှင့် ကိုက်ညီနေသ၍ ပန်းပွင့်သည့်ရာသီတစ်ခုသည် လေးလတာ အောင်ကြာမြင့်နိုင်ကာ ထိုအချိန်အတွင်းတွင် စိုက်ပျိုးနိုင်လေသည်။

စန်းလော့သည် ခရမ်းရောင်ပဲရိုင်းပန်းမှ ပျားရည်များကို ထုတ်လုပ်ဖို့ရန် စဥ်းစားထားလေသည်။

သူမသည် သကြားလုပ်နည်းကို သိထားသော်ငြားလည်း သူမက ကြံကို ရအောင်လုပ်နိုင်လျှင်ပင် ကိုယ်ပိုင်အသုံးပြုဖို့အတွက် တစ်ချို့ကို ဖယ်ထားသည့်အရာများမှ ထိုသကြားကို ပေါ်ပေါ်တင်တင် ရောင်းရဲပါလိမ့်မည်လား။

တစ်ဖက်တွင်တော့ ပျားရည်ကတော့ မတူချေ။

ပျားရည်သည် ဒီကာလတွင် ဇိမ်ခံပစ္စည်းတစ်ခုဟု မှတ်ယူနိုင်သည်။ စျေးကောင်းတစ်ခုကို ရရှိနိုင်သည်။ ဒါသည် ကျွဲနွားတိရိစ္တာန်များကို အစာကျွေးရင်းက ပျားရည်အတွက် ပျားများကို မွေးမြူနိုင်သည့် နှစ်ဖက်စလုံးကောင်းသည့် အခြေအနေတစ်ခုဖြစ်သည်။ ဒါကို ဟင်းလျာတစ်ခုအဖြစ်ပင် ရောင်းချနိုင်သေးသည်။ ဒီလို အလုပ်မများဘဲ အကျိုးအမြတ်ရရှိနိုင်သည့် လုပ်ငန်းတစ်ခုကို ဘယ်နေရာတွင် ရှာဖွေနိင်ပါမည်နည်း။

အမှန်တွင်တော့ သူမသည် တောင်ထဲတွင်နေစဥ်ကလဲ ရှန်းကျင့်ကို လျှိုမြောင်ထဲတွင် နည်းနည်းပါးပါး စိုက်ခိုင်းခဲ့သေးသည်။ သို့မဟုတ်လျှင် သူတို့သည် ဒီ လောက်များပြားသည့်မျိုးစေ့ကို မည်သို့ စုဆောင်းနိုင်ပါမည်နည်း။ ဟုတ်ပါသည်။ မြေကတော့ ဟိုတုန်းက အကျယ်ကြီး မဟုတ်ခဲ့ချေ။ ဆိတ်များက စားကျက်လုပ်ဖို့ရန်နှင့် သဘာဝမြေသြဇာများကို ရရှိဖို့ရန် လုံလောက်သည့်အထိသာ ကျယ်ဝန်းလေသည်။

ယခုတွင်တော့ ကျောက်စစ်လန်သည် စန်းလော့၏ ကျွမ်းကျင်မှုကို လုံးဝယုံကြည်သွားတော့သည်။ သူမ၏ အစီအစဥ်ကို နားထောင်ရင်း သူက စိုက်ပျိုးရမည့်နေရာ အတိအကျနှင့် အသီးအရွက်မျိုးများကို ထပ်ပြီးတော့ တောင်းဆိုလိုက်၏။ လက်ထဲတွင် အဝတ်အိတ်ငယ်လေးများ တစ်ချို့ကိုကိုင်ကာ သူသည် လက်ထဲကအလုပ်ကို တစ်ယောက်ထဲအလုပ် များနေတော့သည်။

...

ကျောက်စစ်လန် ပြန်သွားပြီးနောက်တွင် စန်းလော့သည် သူတို့၏ လယ်အလုပ်တိုးတက်မှုကို စဥ်းစားမိ၏။ အလုပ်များသည့် ရာသီပြီးဆုံးသွားသည်နှင့် သူမသည် အုတ်မြစ်တူးဖို့ရန်နှင့် သူတို့၏အိမ်ယာဝန်း ပတ်ဝန်းကျင်တွင် စည်းရိုးများကို တည်ဆောက်ဖို့ရန်အတွက် လူများကို ငှားရလိမ့်မည်။ သူမက သူတို့၏ မြေအရွယ်အစားပေါ် အခြေခံပြီး အခန်းဖွဲ့စည်းပုံ၊ အပြင်အဆင်တစ်ခုကို ဆွဲသားဖို့ရန်အတွက် စက္ကူနှင့် စာရေးကိရိယာများကို ထုတ်လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ သူမက မျဥ်းတစ်ကြောင်း၊ နှစ်ကြောင်းသာဆွဲရသေးသည် အိမ်မှုကိစ္စတာဝန်များ ပြီးဆုံးသွားသည့် ရှန်းနဥ်သည် ရွှီဝမ်ယင်းနှင့် တစ်ခြားမိန်းကလေးများနှင့်အတူ စုတ်တံလုပ်ပြီး စာဖတ်သည့်နေရာမှ ရှန်းမိသားစုအိမ်သို့ ပြန်လာခဲ့သည်။ "ယောင်းမ ညီမလေးတို့တွေ စုတ်တံအခု ၂၀၀လောက် စုဆောင်းပြီးသွားပြီ၊ ဝမ်ယင်းနဲ့ညီမက ဒီနေ့ အဲဒါတွေကို သွားရောင်းရင် ကောင်းမလားလို့ စဥ်းစားနေတာ ယောင်းမရော ဘယ်လိုထင်လဲ"

"ကောင်းသားပဲ” စန်းလော့သည် သူမ၏စုတ်တံကို ချထားလိုက်ကာ ရှန်းနဥ်ကို ပြုံးပြလိုက်၏ "နင်တို့တွေ ဘယ်လိုစီစဥ်ထားလဲ"

ရှန်းနဥ်သည် စန်းလော့၏စားပွဲနားသို့ ပိုပြီးတိုးလာကာ ပြောလိုက်သည်။ "ညီမတို့တွေ ပြည်နယ်ကျောင်းက ကျောင်းသားတွေ အတန်းမဆင်းလာခင် ပြည်နယ်ကျောင်းအပြင်ဘက်မှာ ဆိုင်လေးတစ်ဆိုင်လောက် တည်မယ်လို့ စဥ်းစားထားတယ် ဒါက အလုပ်ဖြစ်မယ်လို့ထင်လား ယောင်းမ"

"စမ်းကြည့်မှပဲ အဆင်ပြေ မပြေဆိုတာ သိမှာလေ၊ စျေးနှုန်းကိုရော ဆုံးဖြတ်ပြီးပြီလား"

စန်းလော့သည် လွန်ခဲ့သည့်နှစ်အနည်းငယ်က ချီယန်စီရင်စုတွင် သူမ ဝယ်ခဲ့သည့်စုတ်တံသည် တစ်ချောင်းလျှင် ၃၅ဝမ်ကုန်ကျခဲ့သည်ကို ရေးရေးလေး သတိရသွားသည်။ သို့သော်ငြားလည်း ဒါက ပြည်နယ်ကျောင်း အပြင်ဘက်တွင်ဖြစ်နေပြီး ငွေက အများကြီးတန်ဖိုးမရှိသည့် အချိန်ကာလဖြစ်လေသည်။ သူမသည် လက်ရှိစျေးနှုန်းကို မသိချေ။

ရှန်းနဥ်က တခစ်ခစ် ရယ်မောလိုက်ပြီး " ဒုတိယအစ်ကိုက ညီမလေးအတွက် ဒါကို စုံးစမ်းပေးထားပြီးပြီလေ၊ စျေးသက်သာတဲ့ဟာတွေကိုတော့ တစ်ချောင်း၃၀ဝမ်ဝန်းကျင် လောက်ရောင်းပြီးတော့ စျေးနည်းနည်းပိုကြီးတဲ့ဟာတွေကိုတော့ တစ်ချောင်းကို ဝမ်၁၀၀-၂၀၀လောက် ရောင်းမယ်၊ ညီမတို့တွေရဲ့စုတ်တံက ဝါးနဲ့လုပ်ထားတဲ့လက်ကိုင်တွေလေ၊ ညီမတို့တွေက ဆိုင်ငယ်လေးတစ်ဆိုင်ကို တည်ကြမှာ၊ ဝမ်ယင်းနဲ့ညီမက တစ်ချောင်းကို ၂၅ဝမ်နဲ့ရောင်းဖို့ တိုင်ပင်ထားတယ်"

ပြည်နယ်ကျောင်းတွင် ကျောင်းသားက အယောက် ၄၀ သာရှိပြီး သူတို့ထဲက တော်တော်များများက ချမ်းသာသည့်မိသားစုမှ လာကြသည်ကို စန်းလော့က စဥ်းစားမိသည်။ သူတို့သည် အများကြီး ရောင်းနိုင်ပါ့မလားကိုတော့ သူမက သံသယဖြစ်မိ၏။ သို့သော်ငြားလည်း သူမက ထိုအတွေးကို ကိုယ့်ဟာကိုယ် သိမ်းထားလိုက်ကာ ဒီအတိုင်း ပြုံးပြလိုက်ပြီး ရှန်းနဥ်ကို စမ်းကြည့်ဖို့အားပေးလိုက်သည်။

မရီးဖြစ်သူ၏ထောက်ခံချက်ကြောင့် အလွန်ပျော်ရွှင်သွားပြီး ရှန်းနဥ်သည် စိတ်အားထက်သန်စွာ စတင်ပြင်ဆင်တော့သည်။ ထိုအခါမှ ရှန်းနဥ်သည် စုတ်တံများကို ထည့်ဖို့ရန်အတွက် သစ်သားဗူးလေးတစ်ခုကို ချန်းအာ့ရှန်ကို လုပ်ခိုင်းသည့်အကြောင်းကို စန်းလော့ သိလိုက်ရ၏။ ထိုသစ်သားဗူးလေးက ထုပ်ပိုးဖို့ရန် သစ်သားတစ်ခုအဖြစ် ခေါက်ထည့်လို့ရပြီး ဆိုင်တစ်ခုလိုလဲ ပြန်ဖြန့်ထားလို့ရလေသည်။ ထို့အပြင် ရှန်းနဥ်က ပြည်နယ်ကျောင်းအပြင်ဘက်တွင် ဆိုင်တည်ဖို့ရန် ချန်းအာ့ရှန်၏ အကူအညီကိုလဲ တောင်းခံထားခဲ့သေးသည်။

ပြည်နယ်ကျောင်းတော်သည် ယောက်ျားလေးများသာ တက်ရောက်ရသည့် ပညာသင်ယူရာနေရာတစ်ခု ဖြစ်သဖြင့် အသက်၁၃နှစ်ရှိပြီဖြစ်သည့် ရှန်းနဥ်က ဒီလိုကိစ္စမျိုးကို သတိထားမိသည်။ ထို့ကြောင့် သူမက ရောင်းချဖို့ရန်အတွက် ချန်းအာ့ရှန်ကို ဆွဲခေါ်လာခဲ့ခြင်းပင်။

အသက်၁၆နှစ်အရွယ် ချန်းအာ့ရှန်သည် အရပ်မြင့်သည့်အပြင် သိုင်းပညာတွင်လည်း ကျွမ်းကျင်လေရာ ဒါက ရှန်းနဥ်နှင့်ရွှီဝမ်ယင်းတို့ မြို့ထဲသို့ဝင်ရောက်ချိန်တွင် သင့်တော်သည့်အဖော်တစ်ယောက် ဖြစ်စေသည်။ အနည်းဆုံးတော့ စန်းလော့သည် သူတို့၏လုံခြုံရေးကို စိတ်ပူစရာ မလိုတော့ချေ။ ချန်းအာ့ရှန်သည် စကားနည်းပြီး မိန်းမငယ်လေးနှစ်ယောက်ကတော့ သူတို့ကိုယ်သူတို့ အလကားထား လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ဒါက အရေးကြီးသည့်ကိစ္စမဟုတ်ဟု သူမက မြင်သည်။

စန်းလော့က တခစ်ခစ် ရယ်မောလိုက်ကာ "နင်က အားလုံးကို စဥ်းစားထားပြီးပြီပဲ ဆက်လုပ်ပါ"

"အခုတော့ စောနေသေးတယ်။ ညီမ အရင်ဆုံး အသီးအရွက်တွေကို ဆေးကြောပြီးတော့ လှီးထားခဲ့မယ်၊ ဒါဆိုရင် မကြီးလဲ ညနေစာလုပ်ဖို့ အလျင်လိုစရာ မလိုတော့ဘူးပေါ့၊ ညီမ ပြန်လာတဲ့အထိစောင့်လိုက် ပြည်နယ်ကျောင်းမှာ ဆိုင်ဖွင့်တာကလဲ၊ အချိန်အကြာကြီးဖြစ်မှာ မဟုတ်ပါဘူး၊ အစ်ကိုကြီးနဲ့ တစ်ခြားသူတွေ စာသင်ပြီးတဲ့အချိန်လောက်ပဲ ဖြစ်မှာပါ"

စန်းလော့က အပြုံးတစ်ခုဖြင့် သူမကို လွှတ်လိုက်လေသည်။ "ဒါဆိုလဲ ဟုတ်ပါပြီ၊ ငါက အဆင်ပြေပါတယ် ငါ ညနေစာ လုပ်လိုက်မယ်၊ နင်သာ နင့်အလုပ်ကိုသွားလုပ်ပါ"

...

စျေးရောင်းသည့်ပထမဦးဆုံးနေ့တွင် ရှန်းနဥ်သည် နေဝင်ချိန်၌ ရှန်းလီနှင့် ရှန်းအန်းတို့နှင့်အဖော်လုပ်ကာ အိမ်သို့ပြန်လာလေသည်။

သူမသည် သေတ္တာလေးကို မသယ်လာခဲ့ချေ။ ရွှီမိသားစု၏အိမ်တွင် ထားခဲ့ဟန်တူသည်။ သူမ၏ ဝမ်းသာပျော်ရွှင်နေသည့်မျက်နှာကို မြင်လိုက်ရသဖြင့် စန်းလော့က ပြုံးကာမေးလိုက်၏။ "အခြေအနေကို ကြည့်ရတာတော့ နင်နည်းနည်းပါးပါး ရောင်းခဲ့ရတဲ့ပုံပဲ"

ရှန်းနဥ်သည် အလွန်မှပျော်ရွှင်သွားပြီး ဝမ်းသာအားရ ခေါင်းငြိမ့်ပြ၏ သူမက သူမ၏ခါးပေါ်က ငွေအိတ်လေးကို ထုတ်လိုက်ကာ "မကြီး ညီမလေး သုံးချောင်းရောင်းခဲ့ရတယ်၊ အဲဒါတွေကို အစ်ကိုကြီးနဲ့ တစ်ခြားကျောင်းသားတွေက ဝယ်သွားခဲ့တာလေ၊ စျေးနှုန်းကတော့၇၅ဝမ်ပါ၊ ဒါပေမဲ့လည်း ညီမက သူတို့တွေကို ၅ဝမ်လျှော့ပေးလိုက်တယ်၊ ဒီတော့ ဝမ်၇၀ရခဲ့တာပေါ့၊ အခုလောလောဆယ် ညီမ ဒါကို သိမ်းထားလိုက်အုံးမယ်၊ ခဏနေ အားလုံး ဒီမှာရှိတဲ့အချိန်ကြမှ ငွေကိုခွဲကြမယ်"

ဒါသည် ၄၅ဝမ် ပမာဏဖြစ်လေသည်။ ၁၇ဝမ်က ရှန်းနဥ်၏လက်ထဲသို့ ရောက်သွားသည်။

စန်းလော့သည် အလားအလာရှိသည့် အစပိုင်းကိုမြင်ရသဖြင့် ဝမ်းသာသွားပြီး သူမ၏မောင်နှမများကို လက်ဆေးကြောခိုင်းကာ ညနေစာစားဖို့ ဝမ်းသာအားရခေါ်လိုက်၏။

ထိုနေ့ညပိုင်းတွင် အိပ်ယာထဲဝင်လာချိန်တွင်တော့ သူမက ကျောင်းက စုတ်တံကို ဝယ်သွားပေးခဲ့သည့်သူများကို ရှန်းလီအား မေးလိုက်၏။

ရှန်းလီက သူ့နှာခေါင်းကို ကုတ်လိုက်ကာ ဝမ်ယွင်ကျန့် ဝယ်သွားပေးသည့်အကြောင်းကို ပြောပြလိုက်လေသည်။

ဝမ်မိသားစုဝင်တစ်ယောက်က ထိုစုတ်တံများကို မည်သို့ သုံးပါမည်နည်း။ သူသည် ရွှီဝမ်ယင်းကိုသိသဖြင့် သူမကို ထောက်ပံ့ပေးချင်ရုံသက်သက်သာ ဖြစ်လေသည်။

ရှန်းလီက တခစ်ခစ် ရယ်မောလိုက်ကာ "ဒီရက်ပိုင်းလေးတော့ သူ့ကို ပျော်ပါစေ၊ သူ အခြေအနေကို နားလည်သွားတဲ့အခါကျရင်တော့ ဒါတွေကို ရောင်းဖို့ တစ်ခြားနည်းလမ်း သူတို့ဟာသူတို့ စဥ်းစားပါလိမ့်မယ်"

ပြည်နယ်ကျောင်းတော်တွင် ကျောင်းသားက အယောက်၄၀ သာရှိကာ အများစုက တော်တော်လေး ချမ်းသာသည့်မိသားစုများမှ ဖြစ်လေသည်။ အကယ်၍ ရှန်းနဥ်သည် ကျောင်းဝင်ပေါက်တွင် ရောင်းခြင်းကိုသာ အားကိုးနေလျှင် ရောင်းရသည့်စုတ်တံ အရေအတွက်က အကန့်အသတ် ဖြစ်နေလိမ့်မည်။ ဆိုင်အတွက် ပေးရသည့်လုပ်အားနှင့် အချိန်ကလဲ သိသာလာလိမ့်မည်။

ရှန်းနဥ်သည် အခြေအနေကို မြန်မြန်သဘောပေါက်လာ၏။ ၅ရက်ကြာပြီးနောက်တွင် ဆိုင်၏ကျော်ကြားမှုက လျော့နည်းလာသည်။ ပထမ၂ရက်တွင် ရှန်းလီနှင့် ဝမ်ယွင်ကျန့်တို့၏ အတန်းဖော်များက ဝယ်ယူပေးခဲ့ကြသော်ငြားလည်း နောက်နှစ်ရက်တွင် ရောင်းအားက သိသိသာသာ ထိုးကျသွားပြီး ၅ရက်မြောက်နေ့တွင်တော့ စုတ်တံတစ်ချောင်းမှ မရောင်းရတော့ချေ။

ညနေခင်းတွင် ရွှီဝမ်ယင်းနှင့် သူမ၏သူငယ်ချင်းများသည် ရှန်းအိမ်သို့ အလည်ရောက်လာကြတော့သည်။ ရှန်းနဥ်၏အခန်းတွင် စုဝေးလိုက်ကြပြီး မိန်းကလေး လေးယောက်သည် လက်ပေါ်မေးထောက်ကာ ထိုင်ရင်း ဦးနှောက်များကို အလုပ်ပေးနေကြ၏။ သူတို့သည် ကောင်းကင်ကြီးက လုံးဝမှောင်မည်းသွားသည်အထိ နာရီဝက်လောက် တီးတိုးတိုင်ပင်လိုက်ကြသည်။ ချင်ဖန်းညန်နှင့် ရှီအာ့လန်၏မိန်းမက ရွာထဲမှနေ၍ သူ့တို့ကို လှမ်းခေါ်သည့်အချိန်ကျမှပဲ သုံးယောက်သားက အလျင်စလို အိမ်ပြန်သွားကြတော့သည်။

အိပ်ယာမဝင်ခင်တွင် သမီးယောင်းမနှစ်ယောက်က အတူတူ ခြေထောက်ရေစိမ်လိုက်ကြသည်။ ရှန်းနဥ်က မျက်မှောင်ကျုံ့လိုက်၏။ "မကြီး ဒီစုတ်တံတွေက ကောင်းကောင်း မရောင်းရတော့ဘူး"

စန်းလော့က သူမ၏အပြုံးကို မြိုသိပ်ထားလိုက်၏။ "ပြည်နယ်ကျောင်းတော်မှာက ကျောင်းသားတွေ အများကြီး မရှိဘူးလေ၊ သူတို့အများစုက စျေးကြီးတဲ့စုတ်တံတွေကိုပဲ သုံးကြတာ ကျောင်းသားတွေကလွဲရင် စုတ်တံလိုအပ်မဲ့လူ ဘယ်သူရှိသေးလဲဆိုတာ စဥ်းစားကြည့်လိုက်ပါအုံး"

စာရေးတဲ့စုတ်တံကို သုံးတဲ့လူတွေရှိသေးသတဲ့လား။

ရှန်းနဥ်သည် သူမ၏အကြည့်ကို အောက်ချထားပြီး ခဏလောက်သေသေချာချာ စဥ်းစားလိုက်ပြီးနောက်တွင်တော့ သူမ၏နဖူးကို ဖတ်ခနဲပုတ်လိုက်လေသည်။ "မကြီး အားရှုလို အသက်အရွယ်ဝန်းကျင် မြို့ထဲက မိသားစုထဲက ကလေးတွေက စာအရေးအဖတ် သင်ပေးဖို့ သူတို့မိသားစုက ဆရာတွေကို ငှားမယ်လို့ထင်လား"

ယခုတွင် တော်ဝင်ရုံးတော်က တော်ဝင်စာမေးပွဲကို ပြုလုပ်ခဲ့ပြီးဖြစ်ရာ စာလေ့လာခြင်းက အောင်မြင်သည့်လမ်း ကြောင်းတစ်ခုဖြစ်သည်မှာ ရှင်းလင်းလေသည်။

ရွာထဲက ကလေးများကလဲ နေ့တိုင်း စာလေ့လာကြပြီး အားရှုနှင့် ကျိုးဝူလန်တို့ကပင် ထူးထူးခြားခြား လုံ့လဝီရိယရှိကြလေသည်။ နောက်ဆုံးတော့ နားလည်သွားသဖြင့် စန်းလော့က ပြုံးကာခေါင်းငြိမ့်ပြလိုက်၏။ "ဟုတ်တယ် နင်တို့တွေက သူတို့ရဲ့အလုပ်ကို ပစ်မှတ်ထားသင့်တယ်လို့ထင်တယ်"

မြို့တော်တစ်ခုလုံးက ကလေးများ၏အလုပ်သည် စတင်စဖတ်ခြင်း ဖြစ်လိမ့်မည်ဟူသည့် သဘောများလား။ သူတို့သည် ထို့သို့လုပ်မည်ဆိုလျှင် သူတို့၏စုတ်တံနှင့် မှင်များကို မည်သည့်နေရာတွင် ဝယ်ကြပါလိမ့်မည်နည်း။ ရှန်းနဥ်သည် သည်အတွေးမျှင်တန်းကို စဥ်းစားမိသည်တွင် သူမ၏မျက်လုံးများက တောက်ပသွားတော့သည်။

"မကြီး ညီမလေး နားလည်သွားပြီ၊ ညီမလေးတို့ရဲ့စုတ်တံတွေကို ပြည်နယ်ကျောင်းတော်အပြင်ဘက်လမ်းပေါ်က စာရေးကိရိယာနဲ့ အမွှေးတိုင်ရောင်းတဲ့ဆိုင်တစ်ချို့မှာ စျေးလေးနည်းနည်းလျှော့ပြီးတော့ ရောင်းလိုက်မယ်၊ သူတို့တွေကို လက်ကားဖြန့်ပေးတဲ့သူလို့ သဘောထားလိုက်မယ်"

သူမသည် တစ်နေ့လျှင်တစ်ကြိမ်သာ ရောင်းချနိုင်ပြီး စုစုပေါင်း၂နာရီ အချိန်ပေးရသည်။ ပြည်နယ်ကျောင်းတော် အပြင်ဘက်တွင် သူမ၏ဆိုင်လေးကို ၁နာရီကျော်ကျော်လောက်သာ ဖွင့်ရသည်။ ထိုအချိန် ကုန်သွားလျှင်တော့ ဝယ်ယူသူများက ရှိတော့မည် မဟုတ်ချေ။ သူမသည် တစ်နေ့လုံးဖွင့်နေသည့် စာရေးကိရိယာဆိုင်ကို မည်သို့ ယှဥ်ပြိုင်နိုင်ပါမည်နည်း။ ရှန်းနဥ်သည် ဒီအကြောင်းကို စဥ်းစားလေလေ ပိုပြီးတော့ နားလည်လာလေလေ ဖြစ်လာ၏။ သူမ၏ယောင်းမဖြစ်သူကလဲ တစ်ခြားစျေးသည်များမှတစ်ဆင့် တို့ဟူးနှင့် တစ်ခြားပစ္စည်းများကို ရောင်းချခဲ့သည်မဟုတ်ပါလား။

ဒီလိုအပိုအချိန်ထွက်လာသည်တွင် သူမသည် စုတ်တံများကို ပိုလုပ်လာနိုင်ပြီး စာဖတ်ချိန်လဲ ပိုပေးလာနိုင်ကာ သူမ၏ယောင်းမဖြစ်သူနှင့်လဲ စက္ကူလုပ်ခြင်းအကြောင်းကို ပိုပြီးဆွေးနွေးနိုင်လာလိမ့်မည်။ ဒါသည် သူမ၏၁နာရီစာဖွင့်သည့် ဆိုင်ငယ်လေးဆီမှ နေ့တိုင်း ဝမ်အနည်းငယ် ရှာဖွေရသည်ထက် အများကြီး အကျိုးအမြတ်ရှိသည် မဟုတ်ပါလား။

သူမသည် ထိုသို့စဥ်းစားမိသွားသည်တွင် သူမ၏ညဘက်လက်သီးကို ဘယ်ဘက်လက်ဖဝါးပေါ်တွင် ထုရိုက်လိုက်ပြီး "ဟုတ်တယ် ညီမလေးတို့တွေ ပိုပြီးတော့ကြီးမားတဲ့ အကျိုးအမြတ်တစ်ခုရအောင် စာရေးကိရိယာဆိုင်ကို ပေးသင့်တယ်၊ ညီမလေးတို့တွေက စုတ်တံတစ်ချောင်းကို စျေးလျှော့ပြီး ရောင်းမယ်ဆိုပေမဲ့လည်း ပြည်နယ်ကျောင်းတော်အပြင်ဘက်မှာ ဆိုင်သေးသေးလေးဖွင့်ပြီး ရောင်းတဲ့အချိန်ထက်တော့ သေချာပေါက်အများကြီး ပိုရောင်းရလိမ့်မည်။ နောက်ဆုံး ကလေးငယ်တွေအတွက် စုတ်တံကို ဝယ်ပေးကြမဲ့သူတွေက မိဘတွေပဲလေ၊ သူတို့တွေက စုတ်တံတွေကို ဝယ်ဖို့အတွက် ပြည်နယ်ကျောင်းတော်ကိုတော့ သီးသန့်လာကြမှာမဟုတ်ဘူး"

သူမသည် သည်စိတ်ကူးကို သေသေချာချာ သဘောပေါက်လိုက်လေသည်။

ထို့နှစ်၏ ပထမလကုန်ဆုံးသွားသည်တွင် ရှန်းနဥ်သည် သူမ၏ စီးပွားရေးလုပ်ငန်းအသစ်ဖြင့် တစ်ယောက်တည်း အလုပ်များနေတော့သည်။ ရွှီဝမ်ယင်းနှင့်အတူတူ သူမသည် အမွှေးတိုင်နှင့် ဖယောင်းတိုင်ဆိုင်ဆီသို့ အလှည့်အပတ်သွားကာ ပြည်နယ်ကျောင်းတော်အပြင်ဘက်က စာရေးကိရိယာဆိုင်ဆီသို့လည်း သွားခဲ့ကြသေးသည်။ သူတို့သည် ဆိုင်ပိုင်ရှင်တစ်ယောက်စီနှင့် ညှိနှိုင်းဆွေးနွေးကြကာ သူတို့၏ လက်လီစီးပွားရေးကို လက်ကားစီးပွားရေးတစ်ခုအသွင် ပြောင်းလဲလိုက်ပြီး စုတ်တံတစ်ချောင်းကို ၁၅ဝမ်ဖြင့် ရောင်းချလေသည်။

ထိုတစ်နေ့တည်းမှာပင် ရှီကျိုးပြည်နယ်မှ မြို့တော်သို့ ဦးတည်လာသည့် ရုံးတော်သင်္ဘောတစ်စီးသည် ထိုနေ့ညနေခင်းတွင် ကမ်းပါးဆီသို့ ဆိုက်ကပ်လာလေသည်။ လှေပေါ်က ဆက်သားတစ်ယောက်သည် ခိုင်ခံ့သည့် သစ်သားသေတ္တာကြီးတစ်ခုကိုသယ်ကာ အပြင်ဘက်တွင် စောင့်နေသည့် လှည်းတစ်စီးပေါ်သို့ တင်လိုက်ပြီး လျှောက်တင်လွှာများအပြည့်ပါသည့် သစ်သားဗူးတစ်ခုကို အပေါ်မှနေ၍ တွဲပြီးချည်ထားလိုက်ပြီး တော်ဝင်မြို့တော်ဆီသို့ အလျင်စလို တန်းတန်းမတ်မတ် သွားလိုက်လေတော့သည်။

...

အပိုင်း(၂၄၂) ရှီကျိုးက စန်းလော့အမည်ရှိ အမျိုးသမီး

လပြက္ခဒိန် ဒုတိယလ၏ပထမနေ့၊ နွားအချိန်တွင် သချီနိုင်ငံ၏အရာရှိများသည် အစောပိုင်းမင်းဆက်များ၏ သာဓကအတိုင်း မနက်ခင်း အစောပိုင်း ညီလာခံတက်ရောက်လာကြသည်။ အဆင့်(၉)နှင့်အထက် အရပ်ဘက်နှင့် စစ်ဘက်အပိုင်းမှ အရာရှိများအားလုံးက တက်ရောက်ရန်လိုအပ်သည်။

အာရုဏ်ဦးဗုံသံ ထွက်မလာခင်နှင့် ကြက်များ မတွန်ခင်မှာပင် မြို့တော်သည် ပထမအချီ ယာဉ်သွားယာဉ်လာများဖြင့် စည်ကားလို့နေသည်။ မြို့၏နေရာတိုင်းက အရာရှိများအားလုံးက မြင်းစီးပြီး လက်ထဲက မီးအိမ်များကိုင်ကာ ထိုက်ကျီနန်းတော်သို့ လာခဲ့ကြသည်။ နန်းတော်တံခါးက အစောကြီးက ဖွင့်ထားပြီး အရာရှိများသည် ကြိုတင်အနားယူရန် နားနေဆောင်ဝင်းထဲတွင် စုဝေးလာကြသည်။

သူတို့ထဲတွင် မြို့တော်‌ကျောင်း၏ ကျောင်းအုပ်အဖြစ် လတ်တလောမှ တာဝန်ယူထားသည့် လူကြီးမင်းကျန့်လည်းပါသည်။ သူ့အသက်အရွယ်နှင့် မြင့်မားသည့်ရာထူးအဆင့်ကြောင့် သူသည် သီးသန့်နားနေဆောင်တစ်ခုကို ချီးမြှင့်ခံထားရသည်။ သို့သော်လည်း ထိုအမည်ခံ နားနေသည့်နေရာသည် အပြင်ဘက်ထက် ပိုနွေးသည်ဆိုရုံလောက်သာ ရှိလေသည်။ သူတို့သည် ညီလာခံ တက်ရောက်ရတော့မည်ဖြစ်သဖြင့် ဘယ်သူကမှ လက်ဖက်ရည် သို့မဟုတ် လန်းဆန်းသွားရန် သောက်စရာများကို အရသာမခံရဲချေ။ ထို့ကြောင့် လူကြီးမင်းကျန့်က သူ့မျက်လုံးများကို မှိတ်ထားကာ သူ့အင်အားကို ချွေတာထားလိုက်သည်။

တစ်စုံတစ်ယောက်က သူ့ဘေးတွင် ကိုယ့်ဟာကို နေရာယူလိုက်ပြီး သူတို့၏တိုးညင်းသည့် ရယ်သံများက ထွက်လာသည်။ “လူကြီးမင်းကျန့်က တကယ်ကံကောင်းတာပဲ”

လူကြီးမင်းကျန့်သည် သူ့မျက်လုံးများကို ဖွင့်လိုက်တော့ သူ့ဘေးတွင် နွေးနွေးထွေးထွေး ပြုံးပြနေသူမှာ တခြားသူမဟုတ်ဘဲ လက်ရှိမင်းကြီး အဓိကအကြံပေးအမတ်၊ ပစားပေးအခံရဆုံး ကျုံးရှုလင်း ရွှယ်ယန် ဖြစ်နေသည်။

“ဪ အမတ်ရွှယ်ပဲ” သူက ကိုယ့်ကို အနည်းငယ် လှည့်လိုက်ပြီး လောကဝတ်ပြုကာ ဦးညွှတ်နှုတ်ဆက်လိုက်၏။ “ကျွန်တော်က ‘လူကြီးမင်းကျန့်’ရဲ့ ဒီလို ခေါ်ခံရဖို့ မထိုက်တန်ပါဘူးဗျာ”

ရွှယ်ယန်က တဟင်းဟင်းရယ်မောလိုက်ပြီး သူ့စကားလုံးများက လျှို့ဝှက်သည့်အဓိပ္ပါယ်တစ်ခု ဆောင်ထားသည်။ “လူကြီးမင်းကျန့်က အရမ်းကို နိမ့်ချလွန်းနေပါပြီ၊ ခင်များမှာ ထူးချွန်ထက်မြက်တဲ့ သားတစ်ယောက် ရှိထားတာပဲ”

ဖျတ်ခနဲ စိတ်ခံစားချက်တစ်ခုက လူကြီးမင်းကျန့်၏မျက်နှာပေါ်တွင် ဖြတ်ပြေးသွား၏။ သူသည် မျက်လုံးကို ပင့်လိုက်ပြီး ရွှယ်ယန်နှင့် အကြည့်ချင်းဆုံလိုက်သော်လည်း နောက်တစ်ယောက်က ဘာမှ ထပ်မပြောတော့ဘဲ သူ့မုတ်ဆိတ်တိုများကို သပ်ရင်း ခန့်ခန့်ကြီး ပြုံးနေလေသည်။

ဒါက.... မနက်ခင်း ညီလာခံအတွင်းမှာ ထုတ်ပြမယ့်ကိစ္စလား။

သတင်းကောင်း ဖြစ်ပုံရသဖြင့် သူက ထပ်မမေးလိုက်တော့ချေ။ အချိန်အကြာကြီး နေလာပြီးသည့်နောက်တွင်တော့ သူသည် ကိုယ့်ကိုယ်ကို ထိန်းချုပ်သည့်အနုပညာကို ကျွမ်းကျင်ခဲ့ပေပြီ။ သူက နိမ့်နိမ့်ချချ ပြန်ဖြေလိုက်၏။ “လူကြီးမင်းရွှယ်၊ ချီးကျူးစကားက အရမ်းကို နာထောင်ကောင်းပါပေတယ်”

နားနေဆောင်တွင် တစ်နာရီလောက် အနားယူပြီးနောက်တွင် နန်းတော်တံခါးက ပွင့်လာပြီး အရာရှိများက ရာထူးအစဉ်လိုက် ဝင်လာကာ တစ်ယောက်ချင်းစီက သတ်မှတ်ထားသည့်နေရာတွင် နေရာယူလိုက်ကြသည်။ ဟုတ်ပါသည်။ လက်ရှိ ညီလာခံတက်ရောက်သည့် အရာရှိများအရေအတွက်များ တော်တော်လေးနည်းပါးပြီး ရာထူးနေရာတော်တော်များများကို မဖြည့်ရသေးသည့်တိုင် လုပ်ထုံးလုပ်နည်းကတော့ အလွန်အကျွံနှေးကွေးမနေချေ။

အရပ်ဘက်အရာရှိနှင့် စစ်ဘက်အရာရှိများက နေရာယူလိုက်ပြီး ခန်းမထဲသို့ မဝင်ခင်တွင် သူတို့၏တက်ရောက်ကြောင်း သတင်းပို့ပေးရချိန်၌ လူကြီးမင်းကျန့်သည် ထိုနေရာတွင် ရှိမနေသင့်သည့် ပစ္စည်းတစ်ခုကို ချက်ချင်း သတိထားမိလိုက်၏။ -သစ်သားဖြစ်လုပ်ထားသည့် သေတ္တာကြီးတစ်လုံး။

သူက ရွှယ်ယန်ဘက် လှည့်ကြည့်လိုက်သော်လည်း ရွှယ်ယန်ကတော့ မလှုပ်မယှက်ရပ်နေပြီး သူ့အမိန့်တော်လျှောက်တံဆိပ်ပြားကို ကိုင်ထားပြီး သူရှိရာဖက်သို့ တစ်ချက်လေးပင် မကြည့်ချေ။

လူကြီးမင်းကျန့်:...

သစ်သားသေတ္တာထဲတွင် ဘာပစ္စည်းဖြစ်နိုင်သည်ကို မစဉ်းစားရသေးခင်မှာပင် တော်ဝင်အထိန်းတော်အသံက ပဲ့တင်ထပ်လာလေသည်။ “မင်းကြီး ကြွချီလာပါပြီ”

ဧကရာဇ် ကြွချီလာပြီ။

အရာရှိအားလုံးက ကိုယ့်ဟာကို မတ်မတ်ထားလိုက်ကြသော်လည်း သူတို့အားလုံးတွင် တူညီသည့်အတွေးသာရှိသည်။ - မင်းကြီး ဒီနေ့ ပုံမှန်ထပ် ပိုစောပြီး ရောက်လာတာပဲ။

ဒူးထောက်အရိုအသေပေးလိုက်ပြီးနောက် ‘ထစေ’ဟု မိန့်တော်မူလိုက်ချိန်တွင် လူကြီးမင်းကျန့်သည် နောက်ထပ်သဲလွန်စတစ်ခုကို သတိထားမိလိုက်သည်။ -မင်းကြီးက ဒီတေ့ ထူးထူးခြားခြား စိတ်ကြည်လင်နေတာပဲ။

ထိုသို့နှင့် မော်ကြည့်လိုက်ချိန်တွင် ဧကရာဇ်ငယ်လေး၏မျက်နှာသည် ပျော်ရွှင်မှုဖြင့် လင်းဖြာနေသည်ကို တွေ့လိုက်ရ၏။

“ကျန်းယဲ့မြို့ ပြန်လာထူနိုင်ပြီဆိုတဲ့ အဓိပ္ပါယ်က ကိုယ်တော်တို့ သချီက နယ်မြေတွေကို စုစည်းနိုင်ခဲ့တဲ့သဘောပဲ၊ ဒါကို ဂုဏ်ပြုရမယ်၊ မနေ့တုန်းက ရှီကျိုးက လက်ဆောင်ပဏ္ဍာတစ်ခု ရောက်လာတယ်၊ အဲဒီက ကျေးလက်ပြည်သူတွေကိုယ်စား တာဝန်ယူထားတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးကနေတဆင့် ဆက်သလာတဲ့ လက်ဆောင်တစ်ခုပဲ”

မင်းကြီး၏စကားများကို ကြားလိုက်သည်တွင် အထိန်းတော်က သစ်သားသေတ္တာကို ဖွင့်ရန် ချဉ်းကပ်လာပြီး အထဲ ထယ်တစ်ခုကို ထုတ်ပြလိုက်သည်။

အမှန်ပင်။ ထယ်တစ်ခုဖြစ်သည်။

သို့သော် သူတို့ အရင်က တွေ့ခဲ့ဖူးသည့်တစ်ခုနှင့် မတူချေ။

အရပ်ဘက်နှင့် စစ်ဘက် အရာရှိများက အချင်းချင်း တီးတိုးပြောဆိုလိုက်ကြပြီး သည်ထယ်က ရိုးရိုးထယ်နှင့် ဘာကွာခြားချက် ပြုလုပ်နိုင်သည်ကို သေချာမသိချေ။ တစ်ချို့က လူကြီးမင်းကျန့်ကို အလိုလို ကြည့်မိလိုက်ကြပြီး သည်ကိစ္စနှင့်ပတ်သက်ပြီး သူက အလင်းတစ်ချို့ ပြရန် မျှော်လင့်နေကြသည်။

နဂါးပလ္လင်ပေါ်က မင်းကြီးက ခဏလောက် အကဲခတ်လိုက်ပြီးမှ ပြုံးလိုက်၏။ “အမတ်မင်းတို့တွေ ရှီကျိုး ပြည်နယ်အုပ်ချုပ်‌ရေးမှူးရဲ့ အစီရင်ခံချက်တာကို ကြားလိုက်ရင် ဒီထယ်ရဲ့ ထူးခြားပြောင်မြောင်ပုံကို နားလည်လာကြလိမ့်မယ်”

ထိုသို့ မိန့်တော်မူလိုက်ပြီးနောက် သူက သူ့ဘေးမှ မိန်းမစိုးကို အစီရင်လွှာအား အသံထွက်ဖတ်ရန် လက်ဟန်ပြလိုက်၏။

အစီရင်ခံစာက အလွန်အကျွံ ရှည်လျားမနေချေ။ အစပိုင်းတွင် ထုံးစံအတိုင်း လုပ်ရိုးလုပ်စဉ်များပါရှိကာ အမတ်များက ကောင်းကောင်း ရင်းနှီးကျွမ်းဝင်ပြီးသားပင်။ သို့သော်လည်း ဆက်ဖတ်လာသည်တွင် ပထမလ ၁၅ရက်နေ့တွင် ရှီကျိုးမှ တင်သွင်းလာသည့် အောင်မြင်ခြင်း အစီအရင်ခံစာကို ပြောပြထားပြီး နောက်တစ်နေ့ မနက်ခင်းတွင်တော့ လယ်သမားတစ်ယောက်က ဂုဏ်ပြုသည့်အနေဖြင့် ထယ်တစ်ခုကို ဆက်သခဲ့သည်။ ထိုအစီအရင်ခံစာထဲတွင် ထယ်တစ်ခုကို ဆက်သလာသည့် သရှင်းရွာမှ ရွာသားတစ်ယောက်ဖြစ်သည့် စန်းလော၏ ခမ်းနားသည့်ဖြစ်ရပ်ကို ဖော်ပြထားသည်။ ထို့နောက်တွင် ကျန့်စန်းလန်သည် ထယ်ကို စမ်းသပ်ကြည့်ခဲ့သည့် သူ့ကိုယ်ပိုင် အတွေ့အကြုံနှင့် ရိုးရိုးထယ်နှင့် ထယ်အသစ်ကြားက ကွာခြားချက် အသေးစိတ်ကို ပွင့်ပွင့်လင်းလင်း ပြန်ပြောပြထားသည်။

ကျန့်သခင်လေးသည် စာပေတွင်လည်း အမှန်ပင် နှံ့စပ်ကျွမ်းကျင်လှသည်။ သိပ်သည်းကျစ်လစ်သည့် စာလုံးရေ တစ်ရာကျော်လေးနှင့် ညီလာခံ တက်ရောက်လာကြသည့် အမတ်မင်းများက သူတို့ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရလို့ ခံစားလိုက်ရသလို သူသည် ရှီကျိုး၏ထိုနေ့က ခမ်းနားလှသည့်မြင်ကွင်းကို ကွက်ကွက်ကွင်းကွင်း ဖော်ပြခဲ့သည်။ သို့သော်လည်း နိဂုံးစာပိုဒ်တွင် စန်းမိသားစု ပေးခဲ့သည့် ထိမိအောင် ဖော်ပြခဲ့သည့် အဖြေများလောက် ထိုအရာများထဲက တစ်ခုလေးကမှ မယှဉ်နိုင်ချေ။

စကားအရာကျွမ်းကျင်သည့် ပညာသင်များ ဖွဲ့ဆိုထားသော ချီးကျူးဂုဏ်ပြုထိုက်သည့် စာသားများဖြင့် ဖြည့်တင်းထားသည့် တော်ဝင်အမိန့်တော်တစ်ခုချင်းစီက စန်းအမျိုးသမီး၏ စကားများနှင့် ဘယ်တော့မှ ယှဉ်နိုင်လိမ့်မည်မဟုတ်ချေ။ သို့သော်လည်း ဒါသည် ညီလာခံထဲက အမတ်မင်းများ အသံမဟုတ်ဘဲ ပြည်သူများ၏ အသံဖြစ်လေသည်။ ရှီကျိုးက အစီရင်ခံစာသည် သူ့ပြည်သူများ၏ စစ်မှန်သည့် စိတ်သဘောထားကို သယ်ဆောင်လာပေးလေသည်။

ပြည်သူများ၏ ကျေးဇူးတင်စိတ်၊ သူတို့၏ ပြင်းပြသောဆန္ဒ၊ သူတို့၏ထောက်ခံမှူနှင့် သူတို့၏ချီးကျူးစကား။ အားလုံးက ပြည်သူလူထု၏ ဆန္ဒကို သက်သေပြနေသည်။

ဒါက လှလှစီချယ်ထားသည့် စကားလုံးများဖြည့် ပြည်နေသည့် အစီရင်ခံစာတစ်ခုထက် ပိုပြီး သိသာထင်ရှားမှုကို သယ်ဆောင်ထားသည်။ ထို့အပြင် ဒါသည် လက်ရှိဧကရာဇ်က ချန်မင်းဆက်ကို အောင်နိုင်ခဲ့ပြီး နယ်မြေများကို ပြန်လည်စုစည်းခဲ့သည့် သတင်းက ရှီကျိုးသို့ ရောက်လာခဲ့ချိန်တွင် အရေးကြီးသည့် အခိုက်တန့်တစ်ခု၌ ရောက်လာခဲ့သည်။ ထို့အပြင် ဆက်သလာသည့်ပစ္စည်းက စိုက်ပျိုးရေး၊ ပြည်သူများ၏ စားဝတ်နေရေးနှင့် တိုက်ရိုက်ဆက်နွယ်နေသည့် ထယ်တစ်ခု ဖြစ်နေသည်။ ဒါကို ထူးခြားသည့်ပစ္စည်းမဟုတ်ပါဟု အဘယ်သို့ မြင်နိုင်ပါမည်နည်း။

မင်းကြီး နေ့စဉ်လုပ်ငန်းများကို မှတ်တမ်းတင်ရန် တာဝန်ယူထားသည့် မော်ကွန်းအရာရှိကပင် အခုတော့ စိတ်အားထက်သန်စွာ မှတ်သားနေပြီး သူ့မျက်လုံးများကလည်း အစီရင်ခံစာကို နားထောင်ရင်း ဝမ်းသာလှုပ်ရှားကာ တောက်ပလို့နေ၏။

အမတ်မင်းများက တိုက်ဆိုင်မှုဟု အမှန်တကယ် ယုံကြည့်သည်ဖြစ်စေ၊ ရှီကျိုးပြည်နယ်အုပ်ချုပ်ရေးမှူးက ဒီခမ်းနားလှသည့်မြင်ကွင်းကို ဇာတ်တိုက်ထားခဲ့သည်ဖြစ်စေ သည်အခိုက်တန့်က ကြီးမားသည့် ကောင်းချီးမင်္ဂလာတစ်ခုဖြစ်သည်ဆိုတာကိုတော့ အားလုံးက နားလည်ကြသည်။ ဒါသည် သချီအတွက်၊ လက်ရှိအုပ်ချုပ်သူအတွက်၊ အခြေတည်စ အုပ်ချုပ်ရေးအတွက် ချီးကျူးထောပဏာပြုပြီး ထောက်ခံချက်တစ်ခုလည်း ဖြစ်လေသည်။

နိဂုံးကို ဖတ်ပြီးသည့်နောက်တွင် အမတ်မင်းများသည် တပြိုင်တည်း ဂုဏ်ပြုစကားဆိုလိုက်ကြ၏။

သည်မနက်ခင်း တွေ့ဆုံဂါရဝပြုခြင်းကို ထိုက်ကျီနန်းတော်၏ ခမ်းနားသည့် ခန်းမထဲတွင် မလုပ်ခဲ့ဘဲ ထို့အစား ရဲမက်များက လမ်းများကို ရှင်းလင်းထားခဲ့ပြီး သူတို့သည် ကျန်းယဲ့မြို့ အစွန်အဖျားဆီသို့ ဆက်ပြီး လမ်းရှင်းထားသည်။

ကျန်းယဲ့မြို့သည် သချန်မင်းဆက်အတွင်းတွင် မြို့တော်အဖြစ် ရပ်တည်ခဲ့သည်။

မြို့တံတိုင်းအပြင်ဘက်တွင် ကျေးလက်ပြည်သူများ၏ နွေဦးထယ်ထိုးခြင်က အခုမှ စတင်ရသည်။ သည်‌မြေများသည့် ရှေ့တစ်လလောက်က ချန်မင်းဆက်၏ အုပ်ချုပ်မှုအောက်တွင် ရှိခဲ့သည်။

ကောင်းကင်၏သားတော်က ထယ်အသစ်ကို စမ်းသပ်ရန် လယ်သများကို ဖိတ်ခေါ်ခဲ့သည်တဲ့။

ရှီကျိုးပြည်သူများက ဧကရာဇ်၏ ခမ်းနားကြီးကျယ်သည့် ‌ပေါင်းစည်းခြင်းကို ဂုဏ်ပြုသည့်အနေဖြင့် သူတို့၏ထယ်အသစ်ကို ဆက်သခဲ့သည့် သတင်းက ကျန်းယဲ့မြို့ အတွင်း အပြင်တွင် လျင်လျင်မြန်မြန် ပြန့်နှံ့သွားခဲ့သည်။

မနက်ခင်း ညီလာခံသည် နေခင်းပိုင်းအထိ ရောက်သွားပြီး နေ့ခင်းတွင် ကျန်းယဲ့မြို့မှ မြို့တော်သို့ ပြန်လာရောက်ချိန်တွင် တော်ဝင်စားဖိုဆောင်က အမတ်မင်းများကို ထမင်းတနပ် ထောက်ပံ့ပေးကာ ထို့နောက်မှ သူတို့သည် နေ့ခင်းပိုင်း ဆွေးနွေးပွဲများကို ဆက်လုပ်ခဲ့ကြသည်။

ဆေးနွေးမှုက ရှီကျိုး စန်းမိသားစု၏ ချီးကျိူးဂုဏ်ပြုခြင်းနှင့် အသစ်ပြုလုပ်ထားသည့် ထယ်ကို အဆင့်တိုးမြင့်ခြင်းတို့အား ခြုံငုံဆွေးနွေးခဲ့ကြသည်။ လုံးဝ မမျှော်လင့်ထားခဲ့သည်က အမတ်မင်း တစ်ရာတို့သည် သချီမင်းဆက် တည်ထောင်ကတည်းက လက်အောက်ခံအဖြစ် သတ်မှတ်ထားခဲ့သည့် ကျန်းယဲ့မြို့ကို အမည်ပြောင်းမည့်ကိစ္စကိုလည်း ထိုနေ့မှာပင် ဆုံးဖြတ်မည့်အကြောင်းပင်။

အမတ်မင်းက နေ့ပေါင်းများစွာ အခြေအတင်ဆွေးနွေးခဲ့ကြပြီး သဘောတူညီမှုတစ်ခု ရောက်ရှိရငန် ရှေးဟောင်းစာပေးများကို ကိုးကားကာ အပြင်းအထန် အငြင်းအခုံပြုခဲ့ကြရသည့် နာမည်များမဟုတ်ဘဲ မြို့နာမည်က ချန်အန်း။

ရှီကျိုးက စန်းမိသားစု၏ ဒုတိယဆန္ဒဖြစ်သည့် သချီသည် ပေါများကြွယ်ဝပြီ၊ မင်းဆက်က ထာဝရတည်တံ့ကာ ချမ်သားကြွယ်မှုကို ခံစားရပါစေဟူသည့် အဓိပ္ပါယ်ကို ကောက်ယူပြီး နာမည်ကို “အဓွန့်ရှည်တည်တံ့မည့်ချန်အန်း”ဟု အမည်တွင်ခဲ့သည်။

ချန်အန်းမြို့။

ထယ်ကို ဆက်သခဲ့သည့်အတွက် စန်းမိသားစုကို ချီးကျူးထောပဏာပြုခြင်း အမိန့်တော်၊ ကျန်းယဲ့ကို ချန်အန်းဟု ပြောင်းလဲအမည်အတွင်ခြင်းနှင့် ထယ်အသစ်၏ ပုံစံစာရွက်ကို သချီ၏ ပြည်နယ်များနှင့် စီရင်စုများအားလုံးသို့ တဆက်တည်း ပို့ဆောင်ခဲ့လေသည်။ မြို့တော်ဖြစ်သည့် ကျန်းယဲ့မြို့သားများသည် သည်ကြေညာချက်များကို ပထမဆုံး မြင်တွေ့ရသူများဖြစ်သည်။

အခုတော့ ချန်အန်းမြို့သားများဖြစ်သည်။

ညီလာခံပြီးသွားသည့်နောက် အိမ်တော်သို့ အပြန်ခရီးတွင် အမတ်ကျန့်သည် တစ်လမ်းလုံး သူ့လုပ်ဖော်ကိုင်ဖက် အရာရှိများ၏ ဂုဏ်ပြုစကားကို ခံစားယူခဲ့ရသည်။ အကြောင်းသိသူများကတော့ ရှီကျိူးက ကိစ္စကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်ခဲ့ကြောင်း နားလည်ကြသည်။ သို့သော်လည်း စန်းမိသားစုသည် အာရုံစိုက်မှုကို အများဆုံး ရရှိခဲ့ပြီး ရက်ရောသည့် ဆုလာဘ်များကိုလဲ ခူးဆွတ်နိုင်ခဲ့သည်။ သူမလို သာမန်ကျေးတောသူတစ်ယောက်က သည်ထက်ပိုပြီး ဆက်တက်နိုင်မည်မဟုတ်မှန်း သူတို့အားလုံးက သိကြလေသည်။

ရုံးတော်အရာရှိများ၏ အမြင်တွင်တော့ သည်ပွဲ၏ အကြီးမားဆုံးအနိုင်ရသူမှာ ရှီကျိုးတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ကျန့်မိသားစုက စန်းလန်အပြင် တခြားမရှိတော့ချေ။

အဘိုးကျန့်က တစ်လမ်းလုံး သူ၏နိမ့်ချသည့် အပြုအမူကို ထိန်းလာခဲ့ပြီး လှည်းက တလှိမ့်လှိမ့်ထွက်သွားချိန်တွင် သူသည် ခန်းဆီးစကို မ,လိုက်ပြီး လှည်းမောင်းသမားကို ပြောလိုက်၏။ “အသိပေးစာကပ်ထားတဲ့ မြို့တံခါးကို သွားမယ်”

အမိန့်တော်သစ်တစ်ခုကို မြို့တံခါးနားတွင် ကပ်ထားပြီးဖြစ်သည်။ အဘိုးကျန့်သည် အသိပေးစာကပ်ထားသည့် ဘုတ်ပြားအောက်တွင် စုဝေးနေကြသည့် လူအုပ်ကြီးကို အကဲခတ်လိုက်ပြီး ကျန်းယဲ့မြို့တံခါးကို ငေးကြည့်လိုက်လေသည်။ _ ‘ကျန်းယဲ့’ဟု ဖတ်ရသည့် စာလုံးနှစ်လုံးသည် မကြာခင်တွင် အစားထိုးခံရပေတော့မည်။

သူက “ချန်အန်း”ဟု မသဲမကွဲ ရေရွတ်လိုက်ပြီး ပြုံးလိုက်ပြီးနောက်တွင် လှည်းသမားကို ညွှန်ကြားလိုက်တော့သည်။ “ပြန်ကြစို့”

လှည်းသမားသည် လှည်းကို လှည့်လိုက်ပြီး ကျန်းယဲ့မြို့တံခါးကို နောက်တွင် ချန်ထားခဲ့ကာ ချန်အန်းသို့ ခရီးနှင်လာတော့သည်။

မြို့တော်နှင့် အဆက်အသွယ်ရှိသည်တွင် ရှီကျိုးက စန်းမိသားစုသည် သူတို့၏ထယ်အတွက်ကြောင့်သာ နာမည်ကြီးလာလိမ့်မည်မဟုတ်ချေ။

လှည်းသမားသည် မောင်းနှင်လာရင်းက လှည်းထဲက ရေရွတ်သံကို ထွက်လာသည်ကို ခပ်သဲ့သဲ့လေး ကြားလိုက်ရဟန်တူသည်။

“ရှီကျိုးမှာ စန်းလော့ အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ကတော့ ညတွင်းချင်း ဂုဏ်သတင်းကျော်ဇောသွားတာပဲ”

အသံသည် အလွန်မှ ဖြည်းညင်းပြီး မသိသာဖြင့် လှည်းသမားမှာ သူပဲ စိတ်ထင်နေမိသလား မပြောတတ်တော့ချေ။

...

ရှီကျိုးတွင် စန်းလော့တစ်ယောက်ကတော့ တော်ဝင်မြို့တော်ထဲက ဖြစ်ပေါ်နေသည့် ကိစ္စများကို မသိချေ။ သူမ၏နာမည်က သချီ၏ ပြည်နယ်တိုင်းနှင့် စီရင်စုတိုင်းသို့ မကြာခင် ပြန့်နှံ့သွားပြီး မင်းကြီး၏ အမိန့်တော်နှင့်၊ နွားတစ်ကောင်ဆွဲသည့် ထယ်ပုံနှင့်အတူ လုံ့လဝီရိယရှိလှသည့် မော်ကွန်းထိန်းက မင်းကြီး၏ သမိုင်းမှတ်တမ်းတွင် မှတ်တမ်းတင်ခံရလိမ့်မည်ကိုလည်း မသိချေ။

သူမသည် လက်ပိုက်ထားကာ ဝက်ခြံရှေ့တွင် ရပ်နေပြီး ရှန်းနဉ်က ဝက်စာကျင်းထဲသို့ ဝက်စာများကို ခပ်ထည့်ပေးနေသည်ကို စောင့်ကြည့်နေလေသည်။ ဝက်၅ကောင်သည် စားရင်းသောက်ရင်း စိတ်ကျေနပ်ကာ တအီအီအော်နေပြီး သူတို့၏ ရောက်လာတော့မည့် ကံတရားကို မသိကြချေ။

“သူတို့တွေက ကျန်းကျန်းမာမာ၊ သန်သန်စွမ်းစွမ်းနဲ့ တက်ကြွမှုပြည့် ကြီးထွားလာကြတာပဲ”

သင်းကွပ်ပေးရမည့်အချိန်ပင်။

စန်းလော့သည် သူမ၏ဝက်၅ကောင်ကို မျက်လုံးက မခွာတမ်းကြည့်နေ၏။

ဝက်ထီးနှစ်ကောင်နှင့် ဝက်မသုံးကောင်။

သင်းကွပ်ခြင်းကို အထီးရော အမ,ပါလုပ်နိုင်သည်ကို မှတ်မိနေသည်။ သို့သော်လည်း သူမသည် ဝက်မများကို သင်းကွပ်ရသည့်ရည်ရွယ်ချက်ကိုတော့ တော်တော်လေး နားမလည်ချေ။ ထို့ကြောင့် သူမ၏အာရုံက ဝက်ထီးနှစ်ကောင်ဆီသာ ကျရောက်နေလေသည်။

ဘယ်တစ်ကောင်ကို ရွေးချယ်ရပါ့။

တော်တော်ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုပဲ။

ရှီကျိုးသည် မွေးမြူရေးတိရစ္ဆာန်များ လိုအပ်နေသည်။ ထို့ကြောင့် အားလုံးကို သင်းကွပ်ဖို့တော့ မဖြစ်နိုင်ချေ။ သို့သော်လည်း တစ်ကောင်လောက် စမ်းကြည့်လျှင်တော့ တန်လိမ့်မည်ဖြစ်ကာ သင်းကွပ်ထားသည့် ဝက်က သိသိသာသာ ပိုကောင်းသည်ကို စန်းလော့က ယုံကြည်လေသည်။ ထို့အပြင် တိရစ္ဆာန်များက ပိုကြီးထွားမြန်ကာ ပိုကျန်းမာပြီး သည်လေ့ကျင့်မှုက စည်းရုံးရေးလုပ်ဆောင်ရန်လည်း ထိုက်တန်လိမ့်မည်။

ဥပမာကောင်းတစ်ခု မရှိလျှင် သူတို့၏ဝက်များက အရွယ်ရောက်လာပြီး နောက်ထပ်ဝက်ပေါက်လေးများကို မွေးလာသည်နှင့် သူမသည် မြို့အပြင်က ရွာသားများကို စမ်းကြည့်ခိုင်းရန် မည်သို့ ယုံကြည်အောင် လုပ်ဆောင်နိုင်ပါမည်နည်း။

ဝက်များကို သင်းကွပ်ခြင်းကို ငယ်ရွယ်တုန်းက လုပ်သည်က အကောင်းဆုံးဖြစ်သည်။ ဒဏ်ရာက ပိုသေးပြီး ပိုးဝင်နိုင်သည့်အန္တရာယ်လည်း ပိုနည်းသည်။

“အားနဉ် အိမ်က ငါတို့မှာရှိတဲ့ ဝက်ထီးနှစ်ကောင်ကို ကြည့်လိုက်၊ ဘယ်တစ်ကောင်က ကိုယ်လုံးကိုယ်ထည် ပိုကျန်းမာလဲ”

လက်တွေ့ကျကျပြောရလျှင် အသန်မားဆုံးကို မျိုးပွားရန် ရည်ရွယ်ချက်ဖြင့် ချန်ထားသင့်သည်။ သို့သော်လည်း ကျွမ်းကျင်သည့် သင်းကွပ်သမားမရှိသဖြင့် စန်းလော့သည် စာအုပ်များထဲက သူမ၏ပြန့်ကျဲနေသည့် အသိပညာများကို အားကိုးရမည်ဖြစ်ရာ သူမကို မသေချာသလို ခံစားရစေလေသည်။ ထို့ကြောင့် သူမက ကိုယ်လုံးကိုယ်ထည် အကောင်းဆုံးတစ်ကောင်ကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်၏။ ထိုအကောင်းက လုပ်နည်းများ ပြီးဆုံးသွားလျှင် ပိုပြီးမြန်မြန်ဆန်ဆန် ပြန်လည်နာလန်ထူလာလိမ့်မည်။

ရှန်းနဉ်က သူမ ယောက်မ၏ စိတ်ကူးကိုမသိဘဲ လောဘတကြီးစားနေသည့် ဝက်ပေါက်လေးတစ်ကောင်ကို လက်ညိုးထိုးပြလိုက်၏။ “နားရွက်မှာ အမဲကွက်ပါတဲ့ တစ်ကောင်၊ သူက မွေးမြူရတာ အလွယ်ဆုံးနဲ့ အစားအသောက်အတွက် ပြိုင်ဆိုင်တတ်ဆုံးပဲ”

စန်းလော့ ပြုံးလိုက်ပြီး “ဒါဆိုရင် ဒီတစ်ကောင်ကို လုပ်ကြတာပေါ့”

ရှန်းနဉ်: “....”

“နင် ခဏနေ သိပါလိမ့်မယ်”

ပြည်နယ်ကျောင်းတော်မှ ပြန်ရောက်လာသည်တွင် ရှန်းလီနှင့် ရှန်းအန်းတို့သည် တာဝန်သစ်တစ်ခုကို လက်ခံရရှိခဲ့လေသည်။ _ ဝက်တစ်ကောင်ကို သင်းကွပ်ခြင်းပင်။

ညီအစ်ကိုနှစ်ယောက်က ဇဝေဇဝါဖြစ်သွားကြပြီး ကျောစိမ့်သွားကြ၏။

“သင်းကွပ်မယ်ဟုတ်လား”

အသက်အရွယ်မရွေး ယောက်ျားတိုင်းသည် ထိုအခေါ်အဝေါ်ကို ရေရွတ်မိလျှင် ကျောချမ်းသလို ခံစားရပေလိမ့်မည်။

စန်းလော့က စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြလိုက်ပြီး “ဟုတ်တယ်”

ဘဝ၏အဓိပ္ပါယ်ကို သေချာစဉ်းစားရန် အချိန်မပေးဘဲ သူမက “သင်းကွပ်မထားသည့်ဝက်များသည် အသားမတိုးနိုင်သလို ငြိမ်ငြိမ်နေကြပါ” ဟူသည့် စကား၏နောက်ကွယ်က နိယာမကို ရှင်းပြလိုက်လေသည်။ သူမသည် သင်းကွပ်ခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကို ‌ဖော်ပြလိုက်ပြီး ရှန်းလီနှင့် ရှန်းအန်းတို့ကို ထိုအကြောင်း သေသေချာချာ ပြန်စဉ်းစားခိုင်းထားလိုက်သည်။

အမှန်တွင်တော့ သူတို့သည် သည်ကိစ္စကို လေးလေးနက်နက် စဉ်းခဲ့ကြသည်။ မည်သူက သည်လိုအလုပ်တစ်ခုကို ကြိုးစားခဲ့ဖူးပါသနည်း။ သူတို့သည် ဝက်ကို ခေါင်းအစခြေအဆုံး လေ့လာလိုက်ကြပြီး ကျန်းမာသည့်တိရစ္ဆာန်ကို မတော်တသ သတ်လိုက်မိမည်ကို စိုးရိမ်နေကြလေသည်။

အကြိမ်းပေါင်းများစွာ စဉ်းစားချင့်ချိန်ပြီးနောက်တွင် အန္တရာယ်ကင်းရေးအတွက် အထူးပစ္စည်းများကို လိုအပ်မည်ဟု ရှန်းလီက ကောက်ချက်ချလိုက်သည်။ သူသည် သစ်သားတစ်ခုကို ထွင်းလိုက်ပြီး နောက်တစ်နေ့တွင် ပန်းပဲဆရာဆီကို သွားရှာလိုက်တော့သည်။

နားရွက်တွက် အမဲကွက်နှင့် ဝက်ပေါက်လေးသည် နေ့တိုင်းနီးပါး အပြင်ထုတ်ခံရပြီး သခင်များ၏ လေ့လာခြင်းကို ခံနေရသည်။ ရက်အနည်းငယ် ကြာပြီးနောက်တွင် အစောပိုင်းက ရုန်းကန်နေခဲ့သော်လည်း နောက်ဆုံးတော့ ထိုဖြစ်စဉ်နှင့် အသားကျသွားကာ အလိုအလျောက် ပူး‌‌ပေါင်းလာခဲ့သည်။

တစ်နေ့တွင်တော့ ဝက်ပေါက်လေးသည် သူ၏လျှို့ဝှက်ထားရသည့် အစိတ်အပိုင်းက ထူးထူးခြားခြား အေးစိမ့်နေသလို ခံစားလိုက်ရပြီး တစ်ခုခုတော့ လွဲနေပြီဟု သူ့ဝမ်းတွင်းသိစိတ်က ပြောနေလေသည်။ သူသည် နားကွဲမတတ်အော်ဟစ်လိုက်သဖြင့် တောင်များတစ်လျှောက် ပဲ့တင်ထပ်သွားပြီး အဘိုးချန်း၊ ချန်းယိုထျန်း၊ ချန်းအာ့ရှန်၊ ကျိုးရွာသူကြီးသားအဖနှင့် ရှန်းကျင့်တို့ညီအစ်ကိုများကို အလန့်တကြား ဖြစ်သွားစေတော့သည်။

ထို့နောက်တွင်တော့ သူတို့သည် ရှန်းလီက ဝက်ကို သင်းကွပ်နေသည်ကို မျက်မြင်တွေ့လိုက်ရတော့သည်။

ယောက်ျားသားများအဖွဲ့၏ ခြေထောက်များက တုန်ယင်သွားကြပြီး သူတို့က မေးလိုက်ကြလေသည်။ “မင်းတို့ ဘာလုပ်နေတာလဲ”

ရှန်းလီက ဝက်ပေါ်တွင် သစ်သားပြာများကို သုတ်လိမ်းလိုက်ပြီးနောက် သူ့ကို တော်တော်လေး ပိုသန့်ရှင်းသည့် ခြံတစ်ခုထဲတွင် ထည့်ထားလိုက်သည်။ ကြောက်လန့်တကြား ပြေးထွက်သွားကာ ထောင့်လေးနားတွင် ဝပ်နေပြီး မရပ်မနား ညည်းညူနေသည့် ဝက်ပေါက်ကို ကြည့်လိုက်ပြီး သူသည် အိန္ဒြေကို ဆည်ထားလိုက်ပြီးနောက် အဘိုးချန်းနှင့် တခြားသူများကို ပြောပြလိုက်လေသည်။ “အားလော့က ဝက်ထီးမွေးမြူရေး နည်းလမ်းသစ်တစ်ခုကို စဉ်းစားလာခဲ့တာလေ၊ သင်းကွပ်ထားတဲ့ဝက်တွေက မျိုးပွားဖို့ မလိုတာမလို့ သူတို့ကို ပိုပြီး ကျန်းကျန်းမာမာ ကြီးထွာအောင် လုပ်နိုင်တဲ့၊ ကျွန်တော်တို့လဲ သေချာမသိသေးပါဘူး၊ ဒါကြောင့် ကျွန်တော်တို့က စမ်းကြည့်နေတာပါ”

အကယ်၍ တစ်စုံတစ်ယောက်ကသာ ထိုစကားကို ပြောခဲ့မည်ဆိုလျှင် မည်သူက ယုံပါမည်နည်း။ သို့သော် စန်းလော့က ထိုသို့ ပြောသဖြင့် အားလုံးက အခိုက်တန့် နှုတ်ဆိတ်သွားကြကာ သွေးထွက်သံယို စမ်းသပ်မှုကို ကြည့်ရှုရန် အလွန်မှ ချီတုံချတုံဖြစ်ကြသောလည်း အော်ဟစ်နေသည့်ဝက်ပေါက်ကို လေ့လာဖို့ရန်အတွက် ဝိုင်းအုံလာကြသေးသည်။

“ဝက်က တကယ် အသက်ရှင်နိုင်ပါ့မလား”

ရှန်းလီ: “...”

သူလည်း မသိပါဘူးလို့ ပြောလို့ရပါ့မလား။

ညီအစ်ကိုနှစ်ယောက်မှာ နောက်ထပ် ရက်အနည်းငယ်လောက် နေ့တိုင်း ကျောင်းမသွားခင်၊ ကျောင်းပြန်လာချိန်တွင် ဝက်ကို စစ်ဆေးကြလေသည်။

ရွာထဲက လူတိုင်းက ရှန်းမိသားစုက သင်းကွပ်ထားသည့်ဝက်အကြောင်းကို သိကြပြီး ဆယ်ကျော်သက်လေးများကပင် ထိုအကြောင်းကို ကြားကြလေသည်။ နေ့တိုင်းဆိုသလို ဝက်က အသက်ရှင်သေးရဲ့လားဟု လာကြည့်ရန် ဝက်ခြံသို့ လာရောက်ကြသည့် လူများရှိနေသည်။

စန်းလော့လည်း မခြားပေ။ သူမ၏မိသားစုတွင် ဝက် ၅ကောင်သာရှိသဖြင့် သူမကလည်း စိတ်ပူရသည်။ သူမသည် ဝက်ကို စစ်ဆေးရန် တစ်နေ့သုံးကြိမ် လာရသည်။ အစပိုင်းတွင်တော့ ဝက်က ငြိမ်နေသဖြင့် အသက်ရှင်စိတ် ပျောက်ဆုံးသွားကာ ကိုယ့်ဟာကို အစာငတ်ခံပြီး သေချင်နေသလားဟု သူမလည်း သံသယဖြစ်မိသည်။ သို့သော်လည်း အချိန်တစ်ခု ကြာသွားပြီးသည့်နောက်တွင်တော့ ဝက်လေးသည် သူ့ဝမ်းနည်းမှုကို စားသောက်ချင်စိတ်ဖြင့် အစားထိုးလိုက်ပုံရသည်။ သူ့စွမ်းအင်အားလုံးကို စားသောက်ခြင်းတွင်သာ အာရုံစိုက်ထားလေတော့သည်။

စားပြီး အိပ်သည်။ ထို့နောက် ထပ်စားပြီး ထပ်အိပ်သည်...။

အဘွားချန်း၊ အဘွားလုနှင့် ကန်းရှိတို့အားလုံးမှာ မယုံကြည်ရာမှနေ၍ တဖြည်းဖြည်း လက်ခံသွားကြတော့သည်။ အဘွားချန်းက တိုးတိုးလေး ပြောလိုက်၏။ “နင် သိပါတယ်၊ ဒါက ယောက်ျားတစ်ယောက်လိုပဲ ဟုတ်တယ်မလား၊ သူ့မှာ စိုးရိမ်စရာ မရှိတော့ဘူးဆိုရင် သူက ဒီအတိုင်း စားလိုက် အိပ်လိုက် နေတော့တာပဲ၊ ဒီလိုသာ ဆက်သွားနေမယ်ဆိုရင် သေချာပေါက် ပိုဝလာဖို့ပဲ ရှိတော့တာပေါ့”

စန်းလော့မှာ မနေနိုင်ဘဲ အော်ရယ်မိတော့သည်။

ဝက်ခြံများကြားတွင် ရွှီဝမ်ယင်းနှင့် ရှန်းနဉ်တို့က အပြေးအလွှားရောက်လာကြသည်။ ရှန်းနဉ်က ပြေးလွှားရင်း အော်ပြောလိုက်၏။ “မကြီး မကြီး၊ ရုံးတော်က လူတွေ ရောက်နေတယ်”

ရုံးတော်က သည်လူများက မည်သူများဖြစ်ပါသနည်း။

စန်း‌လော့က ရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်လိုက်၏။ အဖွဲ့က ချဉ်းကပ်လာနှင့်ပြီးဖြစ်ကာ ပြည်နယ်အုပ်ချုပ်‌ရေးမှူးကျန့်၏ အချွေအရံက ဦးဆောင်လာပြီး နောက်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးကတော် ဖန်သခင်က သူမ၏အစေခံများ၊ အချွေအရံများနှင့် လိုက်ပါလာသည်။

ဖန်သခင်မ၏ခြေလှမ်းများက အင်မတန်မှ မြန်ဆန်လှပြီး သိပ်မကြာခင်မှာပင် သူမသည် စန်းလော့ရှေ့သို့ ရောက်လာခဲ့သည်။ “စန်းရှီ မြန်မြန်လေး၊ ရှင့်အိမ်ကို ပြင်ဆင်ဖို့လိုတယ်၊ တော်ဝင်အမိန့်တော့က အခုပဲ ရောက်လာတော့မယ်”

ဖြစ်ပျက်နေသည့် လာရောက်ကြည့်ရှုကြသည့် အဘွားရွှီနှင့် ဝေ့လင်းကျန့်တို့နှစ်ယောက်လုံးသည် ကြောင်အမ်းအမ်းဖြစ်သွားကြပြီး စန်းလော့ကလည်း ထိုနည်းတူ ဖြစ်လေသည်။

“ဘာတော်ဝင် အမိန့်တော်လဲ” စန်းလော့ မေးလိုက်ပြီးမှ သူမ၏အမှားကို သဘောပေါက်သွားကာ “သခင်မပြောချင်တာက ထယ်အသစ်များလား”

ဖန်သခင်မသည် စန်းလော့ကို ကြည့်ကာ ပြုံးလိုက်၏။

ဒါက ထယ်အသစ်ကိစ္စတစ်ခုထဲ မဟုတ်ဘူးလေ။ ကျန်းယဲ့မြို့က ချန်အန်းမြို့ဖြစ်သွားပြီတဲ့။

သူမသည် သည်လိုတိုက်ဆိုင်မှုမျိုးကို မျှော်လင့်မထားခဲ့မိချေ။

သို့သော် သူမသည် သူတို့ကို အထိတ်တလန့် ဖြစ်သွားအောင် လုပ်မိမည်စိုးသဖြင့် ချဲ့ကားပြီး ပြောလိုက်ချေ။ ထို့အစား သူမက အပြုံးတစ်ဖြင့် ပြောလိုက်၏။ “ဟုတ်တယ်၊ မင်းကြီးက ချီးကျူးထောပဏာပြုလွှာတစ်ခု ထုတ်ပြန်ခဲ့တယ်၊ အမိန့်တော်ကို သယ်လာပေးတဲ့ သံတမန်က ခဏနေ ရောက်လာတော့မယ်၊ သခင်မ အမိန့်တော်ကို လက်ခံဖို့ ကျေးဇူးပြုပြီး ပြင်ဆင်စရာတွေကို မြန်မြန်လုပ်လိုက်ပါ”

...

All Chapters