← Chapters

အခန်း (၂၄၅-၂၄၆)

Vol. 25 Ch. 245-246

အခန်း (၂၄၅-၂၄၆)

Vol. 25 Ch. 245-246

အပိုင်း (၂၄၅) ရွေးချယ်မှု

ဖန်ဖေးညန်သာ ယောက်ျားတစ်ယောက်ဖြစ်ခဲ့လျှင် သူမသည် ထူးချွန်သည့် အရာရှိတစ်ယောက်ဖြစ်လာမည်မှာ သံသယဖြစ်ရန် မလိုချေ။ သူတို့သည် ထိုင်ချလိုက်သည်နှင့်ချက်ချင်း သူမက ပြုံးလိုက်ကာ လိုရင်းကိုသာ ပြောလိုက်၏။

စန်းလော့ကလည်း ပြောပြောဆိုဆိုနှင့် ရောက်ချလာပြီး ဆိုင်များကို စိတ်ဝင်စားကြောင်း ရှင်းလင်းအောင် ဖော်ပြနေသည်။ သူမက ထုတ်ပြောလိုက်၏။ “‌ဖေးညန် ကျွန်မမှာ ဘာချမ်းသာမှုမှ မရှိတာ ရှင် သိပါတယ်၊ အခုလောလောဆယ် ကျွန်မလက်ထဲမှာ လျန်၂၀၀ကျော်လေးပဲ ရှိတာ၊ အိမ်အသစ်ဆောက်ဖို့ကလည်း ရှိသေးတော့ ရှီကျိုးက ဆိုင်ခန်းဈေးနှုန်းက ဘယ်လောက်လဲ မသိဘူးနော်”

ဖန်ဖေးညန်က ဝါးစာလိပ် ၇-၈ခုလောက် ချက်ချင်း ယူလာပေးသည့် သူမ၏ လူယုံတော် အထိန်းတော်ကို အပြုံးဖြင့် လှမ်းကြည့်လိုက်သည်။ “သခင်မစန် ရောင်းချမဲ့ ဆိုင်တွေရဲ့ အသေးစိတ် အချက်လက်တွေအားလုံး ဒီမှာရှိပါတယ်၊ တည်နေရာ၊ အရွယ်အစားနဲ့ ဈေးနှုန်းတွေကို စာရင်းလုပ်ထားပါတယ်၊ ကျေးဇူးပြုပြီး တစ်ချက်လောက် ကြည့်ပါဦး”

ဝါးစာလိပ် ဗန်းကြီးတစ်ခုကို မြင်လိုက်ရသည်တွင် စန်းလော့၏မူအရာက တဒင်္ဂ ရှုပ်ထွေးမှုတစ်ခုနှင့် ဖျတ်ခနဲ ပြောင်းလဲသွားတော့သည်။ တစ်ချိန်က သူတို့၏အာရုံကို ဆွဲဆောင်ထားခဲ့သည့် အကြောင်းအရာတစ်ချို့က ကိုယ့်မျက်စိရှေ့တွင် ဆက်တိုက်ကို ပေါ်လာနေသည်။

သူမ၏အကြည့်ကို အောက်ချထားလိုက်၏။ စက္ကူလုပ်နည်းကို အထင်ကရမိသားစုတစ်ခုက ထိန်းချုပ်ထားကြောင်း ရှန်းလီထံက ကြားထားနှင့်ပြီးဖြစ်သည်။ အရှုပ်အထွေးများကြားတွင် မပါဝင်လိုသဖြင့် သူမသည် နားမလည်သလို ဟန်ဆောင်ကာ မျက်မှောင်ကြုတ်ရင်း စာလိပ်ကို ကောက်ကိုင်လိုက်တော့သည်။ “အခု စက္ကူတွေကို ဈေးထဲမှာ ဝယ်လို့မရတော့ဘူးလို့ ကျွန်မ ကြားတယ်၊ ရုံးတော်ကတောင် စက္ကူတွေ ပြတ်လပ်နေပြီလား”

ရှန်းမိသားစုတွင် စာသင်သားနှစ်ယောက်ရှိသည်ကို ဖန်ဖေးညန်က သိထားသဖြင့် လုံးဝ သံသယမဖြစ်ချေ။ သူမက ပြန်ဖြေလိုက်၏။ “ဟုတ်တယ် ကျွန်မတို့တွေ ခဏလောက်တော့ ဝါးစာလိပ်တွေကိုပဲ သုံးရဦးမယ်ထင်တယ်၊ ရှင့်မိသားစုမှာရော စက္ကူတွေ ကျန်သေးရဲ့လား”

စန်းလော့က ခေါင်းညိတ်ပြလိုက်ပြီး “ရှိတယ် ဆိုရုံပါပဲ၊ ကျွန်မ ပုံဆွဲဖို့အတွက် စက္ကူနည်းနည်းပါးပါး သိမ်းထားခဲ့လို့လေ၊ သူတို့တွေက ပြည်နယ်ကျောင်းမှာ စာသင်ကြားဖို့အတွက် ညတိုင်း အိမ်မှာ လုပ်ထားတဲ့ ဝါးစာလိပ်တွေကိုပဲ အားကိုးနေရတာ၊ ကျွန်မတို့ရွာထဲက လူတော်တော်များများကလည်း စာရေးကိရိယာဆိုင်ကနေ အမှာစာတွေ ရထားကြပြီး ဝါးချောင်း ၁၀ချောင်းအတွက် ၃ဝမ်ရတယ်လေ၊ ရုံးတော်ကလည်း လက်မှုပညာရှင်တွေကို ခေါ်နေတာ ကြားထားတယ်၊ ကျွန်မ သိချင်တာက ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက စက္ကူလုပ်တဲ့ပညာရှင်တွေ တစ်ခုခု ဖြစ်သွားလို့လား၊ ဒါမှမဟုတ် လုပ်နည်းများ ပျောက်ရှသွားလို့လားပေါ့၊ အဲလောက်တော့ မတိုက်ဆိုင်လောက်ဘူးထင်တယ်နော်၊ ဟုတ်တယ်မလား၊ သချီရဲ့ စက္ကူလုပ်တဲ့ပညာရှင်တွေအားလုံးမှာ ပြဿနာများ ရှိနေတာလား”

သည်စကားကို ကြားလိုက်ရသည်တွင် ဖန်ဖေးညန်သည် စန်းလော့ကို ကြည့်လိုက်၏။ ခဏလောက် သေသေချာချာ စဉ်းစားလိုက်ပြီးနောက်တွင် ရှန်းမိသားစုတွင်လည်း လက်ရှိတွင် စာသင်သားများ ရှိနေသည်ကို စဉ်းစားမိလိုက်သဖြင့် သူမကို သတင်းတစ်ချို့ အသိပေးလိုက်သည်ကက ထိခိုက်လိမ့်မည်မဟုတ်ချေ။ ထို့နောက်တွင် သူမက သူမ၏လူယုံတော် အထိန်းတော်ကို ခေါင်းညိတ်ပြလိုက်၏။ အထိန်းတော်က ဦးညွှတ်ကာ ပြန်ဆုတ်သွားပြီး အပြင်ဘက် တံစက်မြိတ်အောက် အစေခံမလေးများကို ထွက်သွားရန် အချက်ပြလိုက်လေသည်။ အားလုံးက ထွက်သွားကြပြီး ပန်းပွင့်ခန်းမ ဝင်ပေါက်ကို စောင့်ကြည့်ပေးနေသည့် အထိန်းတော်တစ်ယောက်သာ ကျန်တော့သည်။

အခန်းက ရှင်းလင်းသွားသည်တွင် ဖန်ဖေးညန်က ခေါင်းခါပြလိုက်၏။ “ပညာရှင်တွေရော၊ လုပ်နည်း‌ရော ပြတ်လပ်နေတာမဟုတ်ပါဘူး၊ ဒါက အကျိုးအမြတ် ပဋိပက္ခဖြစ်နေတဲ့ ကိစ္စတစ်ခုဖြစ်နေတာ”

ဒါသည် အသစ်တက်လာသည့် အုပ်ချုပ်သူနှင့် အချို့သော အထက်တန်းစား မိသားစုကြီးများက သူတို့၏အာဏာဝေစုကို ယှဉ်ပြိုင်နေကြသည့် အရေးကြီးအခိုက်တန့်တစ်ခု ဖြစ်နေခြင်းပင်။ အသစ်ထောက်ခံသူများသည် လောကကြီးကို အောင်နိုင်ရန် မင်းကြီးအတူ ရင်ဆိုင်တိုက်ခဲ့ကြသဖြင့် သူတို့သည် ရာထူးနှင့် ဘွဲ့များ ချီးမြှင့်ခံရသည်က သဘာဝပင်။ သို့သော်လည်း ထိုအမည်ခံသက်သက် လူသစ်များက အခြေချထားသည့် မိသားစုများက မျိုးဆက်များဖြစ်ကြသည်။ တစ်ချို့ ပိုပြီး သက်တမ်းရင့် အထက်တန်းစား မျိုးနွယ်စုများအတွက်တော့ သူတို့သည် မင်းကြီးက ထီးနန်းအတွက် ရုန်းကန်စဉ်က ‌ဘေးတွင်သာ ရပ်နေခဲ့ကြသည်။ အခုတော့ လောကကြီးက အေးချမ်းလာပြီး အဆင့်မြင့် ရာထူးများနှင့် အကျိုးအမြတ်များသည့် ဘွဲ့တံဆိပ်များက သူတို့အတွက် လက်လှမ်းမမီတော့ဟန်တူသည်။ သို့တိုင် အားလုံးက ဒါကို လက်ခံရန် ကျေနပ်ကြမည်မဟုတ်ပေ။ သူတို့နေရာကို မြင့်တင်ရန် ကြံစည်နေကြသည့်သူများကတော့ အမြဲတမ်းရှိလေသည်။

“စက္ကူလုပ်နည်းက အဲဒီအစောပိုင်းတုန်းက ခွဲထွက်သွားခဲ့တဲ့ အထက်တန်းစား မိသားစုတွေရဲ့လက်ထဲမှာလို့ ပြောတာလား၊ ဧကန္တ သချီမှာ မိသားစုတစ်ခုထဲကပဲ စက္ကူလုပ်နည်းကို ပိုင်တာလား”

“အဲလိုတော့ မဟုတ်ပါဘူး၊ ခွိုက်ကျီက လော့မိသားစု၊ မိန်တောင်က သော့ မိသားစုနဲ့ ချန်ချန်းက ကျန်းမိသားစု အားလုံးက စက္ကူလုပ်တဲ့နည်းပညာမှာ ကျွမ်းကျင်ကြတယ်၊ ဒါပေမဲ့ ချန်ချန်းက ကျန်းမိသားစုက သူပုန်တွေ မြို့ကို သတ်ဖြတ်ကြတုန်းက ကြမ္မာဆိုးဝင်သွားတယ်လေ၊ မျိုးနွယ်တစ်ခုလုံး သုတ်သင်ခံလိုက်ရတယ်၊ နောက်ပိုင်းကျတော့ သူတို့နေထိုင်တဲ့နေရာလဲ မီးရှို့ပြာချခံလိုက်ရတယ်၊ ဒါ‌ကြောင့် ကျန်ခဲ့တဲ့ အသိပညာနဲ့ လုပ်နည်းတွေလည်း ဇာတ်သိမ်းသွားခဲ့တယ်၊ ခွိုက်ကျီက လော့မိသားစုနဲ့ မိန်တောင်က သော့မိသားစုကတော့ အထက်တန်းစား မိသားစုတွေကြား ဆက်နွယ်မှုက ရှုပ်ထွေးအောင် ပတ်သက်နေတာ ရှင်လဲ သိမှာပါ၊ အထူးသဖြင့် စက္ကူလုပ်နည်းပိုင်ဆိုင်ထားတဲ့ မိသားစုနှစ်ခုအတွက် သူတို့တွေက နောက်ပိုင်း မျိုးဆက်တွေမှာ မဟာမိတ်ဖွဲ့ထားကြတယ်လေ၊ သူတို့တွေက အခက်အခဲကြုံနေရတဲ့ အချိန်တွေမှာ အချင်းချင်း ထောက်ပံ့ပေးဖို့ အလိုလို အပြန်အလှန် နားလည်မှု ရှိတာက လုံခြုံတယ်လို့ ယူဆထားကြပုံပဲ”

စန်းလော့က သဘောပေါက်သွားတော့သည်။

မင်းကြီးသည် အကြပ်အတည်းထဲ ရောက်နေပြီး ဩဇာသက်ရောက်သည့် မိသားစုများက ဓားစာခံတစ်ခုကို ကိုင်စွဲထားကြသည်။

“နောက်ပိုင်းကျရင် သူတို့ရဲ့လုပ်ရပ်တွေကြောင့် ပြန်ခံရမှာ မကြောက်ကြဘူးလား” စန်းလော့က ကောင်းကင်ကို လက်ညိုးထိုးပြကာ ပြောလိုက်၏။

သူမ၏စကားလုံးများက အလွန်အကျွံလုပ်လျှင် နောက်ဆက်တွဲရလာဒ်များကို မကြောက်ရွံ့လေသလားဟူသည့် ဖန်ဖေးညန်၏ သိပ်မကြာခင်က မှတ်ချက်ကို ထောက်ခံနေလေသည်။ ဖန်ဖေးညန်က တဟင်းဟင်း ရယ်မောလိုက်ပြီး ခေါင်းခါပြလိုက်၏။ “လုံးဝပဲလေ၊ အနည်းဆုံးတော့ အခုအချိန်မှာပေါ့၊ အထက်တန်းစားမိသားစုတွေရဲ့ အင်အားက ရှင် ထင်ထားတာထက် အများကြီး ပိုပြီးကြီးမားပါတယ်၊ မင်းကြီးက သူတို့တွေကို ကြီးမားတဲ့အတိုင်းအတာတစ်ခုအထိ မှီခိုနေရသေးတယ်၊ ပိတ်ထားတဲ့ တံခါးနောက်မှာ ပဋိပက္ခတွေကလည်း အများကြီးပဲ၊ ပြီးတော့ သူတို့တွေက နောက်ဆုံး မတတ်သာတဲ့အဆုံးကျမှာ သူတို့ရဲ့ တကယ့်စိတ်ရင်းတွေကို ထုတ်ပြကြမှာ၊ အဲလိုမှမဟုတ်ရင် မင်းကြီးက ကျောင်းတွေတည်ထောင်ပြီး တော်ဝင်စာမေးပွဲကျင်းပတာ ဘာကြောင့်လို့ ရှင် ထင်လဲ၊ အထက်တန်းစားမိသားစုတွေရဲ့ တရားလွန်ကြီးမားတဲ့ အင်အားကိုယ်တိုင်က... ထီးနန်းကို ဖိနိုင်တယ်လေ”

‘တော်ဝင်အာဏာ”ဟူသည့် စကားလုံးက ဖန်ဖေးညန်၏ လျှာဖျားပေါ်တွင် ထုတ်မပြောနိုင်ဘဲ ကျန်ခဲ့လေသည်။

“လော့မိသားစုနဲ့ သော့မိသားစုတို့အတွက်တော့ သူတို့မှာ ရွေးစရာမရှိဘဲ အာဏာအတွက် ယှဉ်ပြိုင်ရမယ်၊ တကယ်လို့ သူတို့တွေ အဲလိုမဟုတ်ရင် အခုလောလော အထိအခိုက်မရှိဘူး ထင်ရပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဒါက သူတို့ရဲ့ ကြီးမားတဲ့ ချမ်းသာမှုနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ ပိုပြီး ခက်ခဲလာလိမ့်မယ်၊ အထူးသဖြင့် လော့မိသားစု၊ သူတို့မျိုးနွယ်ဝင်တွေအများစုက အရင်မင်းဆက်တုန်းက ရာထူးအကြီးကြီးတွေ ယူထားခဲ့ကြတာလေ၊ သူတို့ရဲ့ဂုဏ်သတင်းကတော့...အဟင်း...”

သို့သော်ငြား သူတို့၏ရဲတင်းမှုက မင်းကြီး၏ ဘဏ္ဍာရေး အခက်အခဲမှ အရင်းခံလေသည်။

အမှန်ပင်။ သူတို့သည် ချွတ်ခြုံကျနေသည်ပင်။

ရှောင်မိသားစုကလည်း အထက်တန်းစားမိသားစုတစ်ခုပင်။ လောကကြီးကို အောင်နိုင်ပြီးသွားသည့်နောက်တွင် သူတို့သည် သူတို့၏ မျိုးရိုးနှင့် ကြီးမားသည့် ကြွယ်ဝချမ်းသာမှုက ခမ်းခြောက်လုနီးပါး ဖြစ်သွားမည်ဟု မည်သူက စိတ်ကူးကြည့်ဖူးပါမည်နည်း။ အခုတော့ ထောက်ပံ့ပေးဖို့ရန် စစ်တပ်အင်အား ၆၀၀၀ရှိနေပြီး အခွန်ကိုလဲ သုံးနှစ်တာ ကင်းလွတ်ထားသေးသည်။ သည်ရဲမက်အများစုက တစ်ချိန်တွင် ပုန်ကန်ခဲ့ကြလျှင် သူတို့ထဲက တစ်ခုခု မကျေနပ်မှုက မတည်ငြိမ်ခြင်းကို ဦးတည်သွားနိုင်သည်။

သခင်မဖန်သည် သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။

စန်းလော့က သူမကို မေးလိုက်၏။ “ဘာလို့ သက်ပြင်းချနေတာလဲ”

ဖန်သခင်က ပြန်ဖြေလိုက်၏။ “မင်းကြီးရဲ့ ဒုက္ခတွေကို သက်ပြင်းချမိတာပါ၊ သူက ပြည်သူတွေကို မြေတွေ ချီးမြင့်ပြီး အခွန်သုံးနှစ် ကင်းလွတ်ပေးထားတယ်၊ သချီမှာ ကျွေးစရာ ရဲမက်စစ်သည် ၆၀၀၀ ရှိပြီး ကဏ္ဍတိုင်းမှာလည်း ငွေနဲ့ စပါးတွေလိုအပ်တယ်၊ ဒီတစ်ခါ ပြည်နယ်နဲ့ စီရင်စုအသီးသီးက ပြန်သိမ်းထားတဲ့ ဆိုင်တွေကို ရောင်းရလိမ့်မယ်၊ ဒါပေမဲ့ ဒီရောင်းလို့ရတာကနေ ရတဲ့ငွေတွေက နောက်ဆုံးတော့ တိုင်းပြည့်ဘဏ္ဍာတိုက်ထဲ ရောက်သွားသင့်ပါတယ်လေ”

လိုရင်းကို ပြောရလျှင် မင်းကြီးသည် ချွတ်ခြုံကျနေသည်မှာ အင်မတန်မှ ဆိုးရွားနေခြင်းပင်။

သူသာ မဆင်းရဲနေခဲ့လျှင် သူသည် စန်းလော့ကို လျန်၂၀၀သာ ဆုချပါမည်တဲ့လား။ သာမန်လူအတွက်တော့ ဒါက ကြီးကျယ်ခမ်းနားသည့် ပမာဏတစ်ခုဟု ထင်ရသော်လည်း မင်းမျိုးမင်းနွယ်များနှင့် အရာရှိများအတွက်တော့ ဒါက အမှန်ပင် သေးနုပ်သည့်ပမာဏသာ ဖြစ်လေသည်။

နောက်ဆုံံး အသစ်ဖန်တီးခဲ့သည့် ထယ်သည် တော်ဝင် အသိအမှတ်ပြုမှုကို သေချာပေါက် ရလိမ့်မည့် အသေးအဖွဲ ကြင်နာမှုတစ်ခု မဟုတ်ချေ။

မင်းကြီးကိုယ်တိုင်က သူ့အတိုင်းအတာကို ကောင်းကောင်းသိသဖြင့် ရုံးတော်က အလွယ်တကူ လက်လွှတ်ပေးနိုင်သည့် မြေဧက၂၀၀ကို ချီးမြင့်ခဲ့ခြင်းပင်။

ဟုတ်ပါသည်။ သည်အတွေးများကို ထုတ်ပြောလို့မရနိုင်ချေ။

စန်းလော့ နားလည်သွားပြီး ဖန်ဖေးညန်ဖက်သို့ လှည့်လိုက်ပြီး “ကျွန်မ မေးကြည့်လို့ရမလား၊ ရှင်နဲ့ လူကြီးမင်းကျန့်က တော်ဝင်မိသားစုက ဆင်းသက်လာတာဆိုတော့...”

သူမသည် ကျန်သည့်စကားကိုတော့ မပြောဘဲထားလိုက်ပြီး ဖန်ဖေးညန်က ပြန်ဖြေသည် မဖြေသည်ကိုသာ လွှဲထားလိုက်သည်။

“ကျွန်မနဲ့ ကျွန်မရဲ့စန်းလန်” ဖန်ဖေးညန်က ပြုံးကာ စန်းလော့ကို ပြန်ဖြေလိုက်၏။ “ကျွန်မတို့ရဲ့ ရည်မှန်းချက်တွေက မင်းကြီးနဲ့ ရှင်တို့ရဲ့ ရည်မှန်းချက်တွေနဲ့ အတူတူပါပဲ၊ အားလော့ ကျွန်မတို့က ပေါများကြွယ်ဝတဲ့ ချန်အန်းကို မြင်ချင်ကြတာပါ၊ အခွင့်ထူးခံတွေကသာ ပျော်ရွှင်စရာတွေကို ခံစားပြီး သာမာန်ပြည်သူတွေက ဒုက္ခရောက်နေတဲ့ မြို့တစ်မြို့ကို လိုချင်တာမဟုတ်ပါဘူး”

...

နောက်ဆုံးတွင် စန်းလော့သည် ဖန်ဖေးညန်နှင့် သူမ၏အစေခံမလေး အဖော်အလုပ်ပေးကာ အရာရှိများနှင့်အတူ ရောင်းချမည့် ဆိုင်ခန်းများကို သွားရောက်ကြည့်ရှုလိုက်ကြသည်။ သူမသည် ပင်မလမ်းမပေါ်က လျန်၁၂၀ဈေးနှုန်းနှင့် ပေ၃၀၀ပတ်လည်ခန့် အလယ်အလတ် အရွယ်အစားရှိသည့် ဆိုင်တစ်ဆိုင်ကို ရွေးချယ်လိုက်၏။ သူမက ပိုင်ရှင်လွှဲပြောင်းပေးရန်အတွက် နောက်တစ်နေ့ မနက်ခင်းတွင် ရုံးတော်သို့ ငွေယူလာပေးမည်ဟု သဘောတူလိုက်သည်။

ကိုယ်ဝန်ရှိကတည်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တတ်ခဲ့သည့် စန်းလော့မှာ ထိုနေ့ညတွင် တစ်မှေးပင် မအိပ်နိုင်ဘဲ ပထမဆုံးအကြိမ် ဟိုလှည့်သည်လှည့် လုပ်နေမိသည်ကို သတိထားမိလိုက်သည်။

နေ့ခင်းက ဖန်ဖေးညန်သည် သူမနှင့် တစ်ချို့ကိစ္စများကို မျှဝေပေးခဲ့ပြီး ထိုအကြောင်းအရာများကို သိခဲ့ရသည့် ရှန်းလီက သူမ၏စိတ်မအေးနိုင်မှုကို သတိထားမိလိုက်သည်။ သူက သူမကို တိုးတိုးလေး ပြောလိုက်သည်။ “စက္ကူကိစ္စကို စဉ်းစားနေတုန်းလား”

အမှောင်ထဲတွင် စန်းလာ့က ခပ်တိုးတိုးလေး ဝန်ခံလိုက်ပြီး “အရင်မင်းဆက်တုန်းက အောင်းအီးသည်းခံခဲ့ရတဲ့ ဒုက္ခတွေကြောင့်ထင်တယ်၊ အခု ပြည်သူတွေကို တကယ်စိတ်ရင်းနဲ့ စောင့်ရှောက်ပေးပြီး အရည်အချင်းရှိတဲ့ ဘုရင်တစ်ပါး ရှိလာပြီတော့ သချီကို ဒီထက်ပိုကောင်းဖို့အတွက် ဆုတောင်းပေးရုံက မတတ်ဘူး၊ ကျွန်မ ကြားခဲ့တာတော့ လော့မိသားစုက ဟိုတုန်းက ရာထူးကြီးကြီးတွေကို ယူထားခဲ့ပြီး သာမန်ပြည်သူတွေကို ဖိနှိပ်တတ်တဲ့သူတွေတဲ့”

သည်လိုပုဂ္ဂိုလ်မျိုးက စက္ကူလုပ်နည်းကို ထိန်းသိမ်းထားကာ အာဏာပြန်ရရန် စောင့်စားနေပြီး မင်းကြီးကလည်း သူ့ဆုံးဖြတ်ချက်ကို နှောင့်နေသည်မှာ သူတို့သည် အဆင့်နိမ့်ရာထူးနေရာတစ်ခုထက် ပိုပြီးလိုချင်ကြောင်း သိသာလေသည်။

စန်းလော့တစ်ယောက် သူမက အဘယ်အကြောင့်များ ဒီလောက်အများကြီး သည်းခံနေရပါသနည်းဟု စဉ်းစားတော့သည်။

သူမက စောင်ကို ဆွဲဖယ်လိုက်ပြီး ထထိုင်လိုက်၏။ ရှန်းလီက ဒါကို မျှော်လင့်ထားသယောင် ပြုံးလိုက်ရင်း သူမကို အပေါ်ထပ်အနွေးထည် လှမ်းပေးကာ ပြောလိုက်လေသည်။ “အရင်ဆုံး အနွေးထည်ဝတ်လိုက်ပါအုံး၊ အအေးမမိစေနဲ့၊ ကို မီးထွန်းပေးမယ်”

ညကြီးသန်းခေါင်တွင် လင်မယားနှစ်ယောက်မှာ နိုးနေကြပြီး မီးဖိုဆောင်ထဲတွင် သစ်ခေါက်များ ကြိုနေကြလေသည်။

ရှန်းလီက စန်းလော့ကို နောက်ကျသည်အထိ မနေသင့်ကြောင်း အတင်းတိုက်တွန်းခဲ့ရသည်။ “ကို ဒီနေ့ည စောင့်ကြည့်ထားပေးပါ့မယ်၊ ခဏလောက် ထိုင်ပြီး စိတ်ငြိမ်သွားရင် သွားအိပ်လိုက်တော့နော်၊ ကို မနက်ဖြန်ည အလုပ်ဆက်လုပ်ပြီး ညတွင်းချင်း အခြောက်ခံထားလိုက်မယ်၊ ကိုတို့တွေ ကျန်တာကိုတော့ နောက်မှ ကြည့်လုပ်ကြတာပေါ့”

...

နောက်တစ်နေ့ ညမရောက်ခင်အထိ ရှန်းနဉ်မှာ အိမ်ထဲက ဆူညံသံများကို သတိမထားမိချေ။ အဝေးက အိမ်ထောင်စုများက လူများကတော့ သစ်ခေါက်များကို ထုထောင်းနေသံကို မကြားနိုင်သော်လည်း မျက်စောင်းထိုးအခန်းက ရှန်းနဉ်ကတော့ ကြားနိုင်သည်။ သူမက အဝတ်အစားများကို ထဝတ်လိုက်ပြီး ဆီးမီးအိမ်တစ်ခုကို သယ်ကာ မီးဖိုဆောင်တံခါးကို လာခေါက်တော့သည်။ “ကိုကြီးလား၊ မကြီး”

ရှန်းလီက အလုပ်လုပ်ရင်း အလုပ်များနေသဖြင့် စန်းလော့က တံခါး သွားဖွင့်ပေးသည်။ ရှန်းနဉ်ဝင်လာပြီးနောက် သူမက တံခါးကို သော့ပြန်ခတ်လိုက်သည်။

အစ်ကိုကြီးဖြစ်သူက ပျော့ဖတ်များကို ထောင်းနေသည်ကို မြင်လိုက်ရသဖြင့ ရှန်းနဉ်၏မျက်လုံးများက မသိမသာ ပြူးကျယ်သွားတော့သည်။ “မကြီး မကြီးတို့ ....”

စန်းလော့က ဘာမှမတတ်နိုင်သလို ပြန်ဖြေလိုက်သည်။ “ငါ အခုထိ မဆုံးဖြတ်ရသေးပါဘူး၊ ဒီပစ္စည်းတွေကို ရေစိမ်ပြီး စုဆောင်းပြီး နေ့တိုင်း အခြောက်ခံလာခဲ့တာ၊ ဒီအားထုတ်မှုတွေ အားလုံး ပြီးသွားရင် အချောသတ်ပစ္စည်းမှာ တစ်ခုခု တိုးတက်တာရှိလားဆိုတာ စမ်းကြည့်ရဦးမယ်”

ရှန်းနဉ် တခစ်ခစ်ရယ်မောလိုက်ပြီး ဝင်ရောက်ကူညီပေးလေသည်။

သည်တစ်ကြိမ်တွင် စန်းလော့၏စက္ကူလုပ်နည်းက သိသိသာသာ တိုးတက်လာခဲ့သည်။ သူမသည် အဆင့်တစ်ခုချင်းကို အချောသတ်နိုင်ခဲ့သည့်အပြင် ဝါးစာလိပ်ပေါ်တွင် အစောပိုင်းက မှတ်တမ်းပြုထားခဲ့သည့် စိတ်ကူးအမျိုးမျိုးကိုလည်း လက်တွေ့စမ်းသပ်ခဲ့သည်။ ဘောင်ကွက်ထဲတွင် ဖြန့်ထားသည့် ပျော့ဖတ်များကို ပိုပြီးညက်အောင် လုပ်နိုင်ခဲ့သည်။ နောက်ထပ်ပြင်ဆင်ထားခဲ့သည့် ပစ္စည်းများနှင့် ပျော့ဖတ်ကို ဆယ်ယူရန်အတွင် သူမ၏နည်းလမ်းက ပထမတစ်ခေါက် စမ်းသပ်ပုံနှင့် မတူတော့ဘဲ သာမန်မျက်လုံးဖြင့် ကြည့်ရုံနှင့်တင် အသားက ပိုပြီးချောမွေ့နေသည်။ သူမသည် စက္ကူကို ချောမွေ့စေကာ ဖိထားသည့် နည်းလမ်းများကိုပင် မိတ်ဆက်ပေးခဲ့သေးသည်။ တတိယမနက်ခင်းတွင် ရလာသည့် အချောသတ်ပစ္စည်းသည် သူမ အစပိုင်းက သိမ်းထားခဲ့သည့် နမူနာစက္ကူများနှင့် ယှဉ်ကြည့်လျှင် သိသိသာသာ ပိုချောမွတ်ပြီး ပိုတောက်ပနေသည်။

ဝမ်မိသားစုက ပို့လာပေးသည့် အကောင်းစားစက္ကူကို မမီသော်လည်း အရင်က ဈေးကွက်ထဲတွင် ရနိုင်သည့် စက္ကူအမျိုးမျိုးနှင့်တော့ ယှဉ်နိုင်လေသည်။

စန်းလော့က နမူနာစက္ကူများကို သိမ်းလိုက်ပြီး သူမအခန်းထဲတွင် စက္ကူလုပ်နည်း လုပ်ငန်းစဉ်များကို ပုံဆွဲရေးသားပြီး လုပ်နည်းပုံစံများကို စတင် ရေးသားလိုက်သည်။ တစ်ရက် ခွင့်ယူထားခဲ့သည့် ရှန်းလီက သူမကို အဖော်လုပ်ပေးပြီး အပြင်လူများ အနှောင့်အယှက်မရှိအောင် ဆက်တိုက် စောင့်ကြည့်ပေးထားသည်။

သူမ၏စိတ်များက သူမ၏စိတ်ဝင်စား၏ ဖမ်းစားထားခံရသဖြင့် စန်းလော့၏အတွေးများသည် သည်ရက်များတွင် တော်တော်လေး တည်ငြိမ်လာခဲ့သည်။ သို့သော်လည်း သူမကိုယ်တိုင် လုပ်ထားသည့် စာရွက်ပေါ်တွင် ပုံများဆွဲသားပြီးသွားသည့်နောက်တွင်တော့ နောက်တဖန် လမ်းပျောက်သလို ခံစားလိုက်ရပြန်သည်။

သည်လို စွန့်စားသင့်ရဲ့လား။

သူမက စိတ်ပျံ့လွှင့်သွားသည်ကို တွေ့လိုက်ရသဖြင့် ရှန်းလီက တိုးတိုးလေး ပြောလိုက်၏။ “ရွေးချယ်စရာ နှစ်ခုရှိတယ်၊ ပထမတစ်ခုက ဒါကို မင်္ဂလာရှိသည့် အခါသမယမှာ ဆက်ရမယ်၊ ဒါပေမဲ့ တကယ်လို့ ကိုတို့တွေကိုယ်တိုင် လုပ်မယ်ဆိုရင် တခြားသူတွေ စုံစမ်းလာနိုင်တဲ့ အခွင့်အရေးတွေ ချန်ထားပေးခဲ့သလို ဖြစ်နိုင်တယ်၊ ဒုတိယတစ်ချက်ကတော့ ကိုတို့တွေ ထယ်ကို ဆက်သပြီးနောက်ပိုင်း ဖြစ်ရပ်တွေနဲ့ မြင်ခဲ့တာတွေကို စဉ်းစားကြည့်မယ်ဆိုရင် ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်နဲ့ သူ့ဇနီးက ယုံကြည်ထိုက်တယ်လို့ မြင်တယ်၊ တကယ်လို့ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ် ရှာတာမဟုတ်ဘဲ ရုံးတော်ရဲ့သောကကိုပဲ ဖြေဖျောက်ပေးချင်တာဆိုရင် သူတို့နဲ့ ဆက်သွယ်ပြီး အကျိုးအမြတ်တွေကိုလဲ သူတို့ကိုလွှဲပေးလိုက်တာက လုံခြုံလိမ့်မယ်”

စန်းလော့က ရှန်းလီကို ကြည့်လိုက်ပြီး “ရှင် ကျွန်မကို ထောက်ခံနေတာလား”

ရှန်းလီက တိုးတိုးလေး ရယ်မောလိုက်ပြီး “သစ်ခေါက်တွေကို ပြုတ်ပေး၊ မီးထည့်ပေးနေတဲ့ ကို့အကူညီက ဒီအကြောင်းကို ပြောနေပြီးသားမလား၊ စွန့်စားရမဲ့ကိစ္စတွေ ရှိကောင်းရှိနိုင်တယ်၊ ဒါပေမဲ့ ဒါက မင်း တကယ်ဖြစ်ချင်တဲ့ ဆန္ဒဆိုရင် မင်းရဲ့နှလုံးသားနောက်လိုက်ပြီး အဲဒီစွန့်စားစရာတွေကို လျော့ပါးအောင်လုပ်နိုင်မယ်ဆိုရင် တန်ပါတယ်၊ မင်း ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်နဲ့ သူ့ဇနီးကို ယုံကြည်တယ်လေ၊ ဟုတ်တယ်မလား၊ အဲဒီနေ့က ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်တော်ကနေ ပြန်လာကတည်းက မင်းရဲ့ရွေးချယ်မှုကို မသိစိတ်က လုပ်ခဲ့ပြီးပြီလေ”

စန်းလော့ ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး “ဟုတ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေ အကျိုးအတွက် မွေးမြူ‌ရေးတိရစ္ဆာန်တွေ၊ မျိုးစေ့တွေ၊ စပါးတွေဝယ်ဖို့ ချမ်းသာသမျှ သုံးဖို့ ဆန္ဒရှိပြီး မိုင်ထောင်ချီအထိ သယ်လာပေးတဲ့ လူတစ်ယောက်က ဖြောင့်မတ်မှန်ကန်ပြီး ကြင်နာတတ်မယ်ဆိုတာ သံသယဖြစ်စရာမရှိဘူးလေ၊ ‌ဖေးညန်ကလည်း သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်က ကျွန်မတို့နဲ့ တသားထဲပဲလို့ ပြောတယ်- ပေါများကြွယ်ဝတဲ့ချန်အန်းတဲ့၊ ဒီကိစ္စအတွက် စမ်းကြည့်တာ ထိုက်တန်တယ်လို့ ကျွန်မ ယုံတယ်”

အပြုံးတစ်ခုက ရှန်းလီ၏မျက်လုံးများထဲတွင် လင်းလက်လာခဲ့သည်။ “ဒါဆို ဆက်လုပ်မယ်လေ၊ အဆင်ပြေသွားတာပေါ့၊ ကိုလဲ အရာရှိချွေ့ဆီကနေ အုတ်နဲ့ အုတ်ကြွပ်တွေကို ဘယ်မှာဝယ်လို့ ရမလဲလို့ စုံစမ်းလို့ရတယ်၊ ပြည်နယ်ရုံးတော်ကို အတူတူသွားလိုက်တော့ အာရုံစိုက်ခံရတာ နည်းသွားမယ်”

စန်းလော့က စာရွက်နှစ်ရွက်ကို သူမ၏အင်္ကျီလက်ထဲ ခေါက်ထည့်လိုက်ပြီး လင်မယားနှစ်ယောက်သည် သရှင်းရွာက ထွက်ခဲ့တော့သည်။

ရှန်းလီက စန်းလော့ကို ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်တော်သို့ ပို့ပေးလိုက်ပြီးနောက်တွင် သူက ချွေ့ချီချန်းကို သွားရှာရန် အရှေ့ရုံးတော်သို့ သွားလိုက်သည်။ စန်းလော့က အုပ်ချုပ်ရေးမှူးကတော်နှင့် မွေးရပ်မြေတူသည်ဟု ကြားထားကြသဖြင့် ရုံးတော်က အရာရှိများသည် စန်းလော့က ရှန်းလီနှင့် သည်အတိုင်း အဖော်လိုက်ခဲ့သည်ဟုသာ ထင်လိုက်ကြသည်။ ဘယ်သူကမှ အတွေးမများခဲ့ကြပေ။ နောက်ပိုင်းကျလျှင် သူမအတွက် ပိုချောသည့်ဆုံတစ်ခု လုပ်နည်းပေးမည်ဟု စန်းလော့ကို ရယ်စရာပြောခဲ့သည့် ဖန်ဖေးညန်ပင် မစဉ်းစားမိချေ။

စန်းလော့က သီးသန့်စကားပြောချင်သည့်ဟု သိုသိုသိပ်သိပ် အချက်ပြလိုက်မှသာ ဖန်ဖေးညန်သည် ရှန်းလီ ရောက်လာခြင်းက အပေါ်ယံသက်သက်ဖြစ်ပြီး စန်းလော့တွင်တော့ တိုင်ပင်စရာ အရေးကြီးကိစ္စ ရှိမှန်း သဘောပေါက်သွားတော့သည်။

အထက်တန်းစားမိသားစုတစခုတွင် မွေးဖွားလာသဖြင့် ဖန်ဖေးညန်သည် အိမ်ထောင့်အရေး စီမံခြင်းနှင့် သူမ၏ပတ်ဝန်းကျင်ကို တင်းတင်းကြပ်ကြပ် ထိန်းသိမ်းခြင်းပညာတွင် ကျွမ်းကျင်လေသည်။ သည်အတိုင်း တစ်ချက်အကြည့်တွင် အချိန်ခဏအတွင်းတွင် သူမသည် သူတို့စကားဝိုင်းအတွက်နေရာကို ရှင်းလင်းပြီးသားဖြစ်သွားသည်။

“ဘာတွေ အဲလောက် အရေးကြီးလို့လဲ”

စန်းလော့က သူမ၏အင်္ကျီလက်ထဲက စာရွက်၂ရွက်ကို ဆွဲထုတ်လိုက်ပြီး ဖန်ဖေးညန်ကို လှမ်းပေးလိုက်၏။ “ကျေးဇူးပြုပြီး ဒါကို တစ်ချက်လောက် ကြည့်ပေးပါဦး”

ဖန်ဖေးညန်သည် စာရွက်များကို ဖြန့်လိုက်ပြီး တစ်ချက်ကြည့်လိုက်သည်နှင့် သူမ၏မျက်လုံးအိမ်များက ကျုံ့သွားတော့သည်။ မျက်လုံးအဝိုင်းသားနှင့် စန်းလော့ကို မော့ကြည့်လိုက်ပြီး သူမမှာ တဒင်္ဂအတွင်း ဆွံ့အသွားတော့သည်။

ခက်ခက်ခဲခဲ တံတွေးမြိုချလိုက်ပြီး သူမက မေးလိုက်၏။ “ရှင် ဒါကို ဘယ်လိုရခဲ့တာလဲ၊ ဒါက.. ဒါက တကယ် ဒီဟာကို ထုတ်နိုင်တာလား”

အနီးနားတွင် ယင်ကောင်တစ်ကောင် ရစ်ဝဲနေသည်တွင်ပင် ‘စက္ကူလုပ်နည်း’ ဟူသည့် စကားလုံးများသည် ဖန်ဖေးညန်၏ လည်‌‌ချောင်းထဲတွင် အလိုလို တစ်ဆို့သွားတော့သည်။

ခွိုင်ကျီက လော့မိသားစုသည် သူတို့မိသားစုကို အရေးပါအရာရောက်အောင် မြင့်တင်ပေးခဲ့သည့် သည်လိုထူးခြားသည့် အရည်အချင်းများ အမှန်ပင် ရှိခဲ့ပါရဲ့လား။ မဟုတ်ချေ။ သူတို့သည် မူလက သေးငယ်သည့် အထက်တန်းစားမျိုးနွယ်စုတစ်ခုသာ ဖြစ်ပြီး သူတို့ ဦးမော့လာခြင်းက သူတို့၏ စက္ကူလုပ်ခြင်း ကျွမ်းကျင်မှုကြောင့်သာ ဖြစ်လေသည်။

သူမမှာ ဒါကို မယုံနိုင်လောက်အောင်ပင်။ စန်းလော့သည် သာမန်မျိုးနွယ်စုတစ်ခုဟု သတ်မှတ်ထားသည့် အရှေ့ပိုင်းပြည်နယ်က စန်းမိသားစုကလာသည် မဟုတ်ပါလား။ သူမသည် စက္ကူလုပ်နည်းတစ်ခုကို မည်သို့ ပိုင်ဆိုင်ခဲ့ပါသနည်း။

စန်းလော့က တွေဝေမနေဘဲ ခေါင်းညိတ်ကာ ပြောလိုက်တော့သည်။ “ဟုတ်ပါတယ်၊ အခု ရှင်ကိုင်ထားတဲ့ စာရွက်နှစ်ရွက်ကို ပြီးခဲ့တဲ့ နှစ်ရက်လောက်တုန်းက ဒီလုပ်နည်းနဲ့ပဲ လုပ်ထားတာပါ”

“သခင်မ ကျွန်မ ဒါနဲ့ ရှင့်ကို ယုံထားလို့ရမလား”

...

အပိုင်း (၂၄၆) ပေါများကြွယ်ဝသည့်လောကအတွက်

"ဒါပေါ့၊ ရှင် ကျွန်မကို ယုံကြည်တဲ့အတွက် ကျွန်မ တကယ်ပဲ ဝမ်းသာမိပါတယ်"

ဖန်ဖေးညန်က ကြီးကြီးမားမား အထိတ်တလန့် ဖြစ်သွားသော်ငြားလည်း သူမက သေချာလွန်းလှသည့် မယိမ်းမယိုင်သည့်စိတ်ထားဖြင့် ပြောလိုက်လေသည်။

စန်းလော့က စက္ကူပြုလုပ်နည်းကို သူမအား ပေါ်ပေါ်တင်တင် ချပြနေသည်ကို မဆိုထားနှင့် သူမက စက္ကူထုတ်လုပ်သည့်နည်းလမ်းကို မည်သို့ပိုင်ဆိုင်ခဲ့ကြောင်းကိုပင် သူမမှာ သိပ်ပြီး မယုံကြည်နိုင်ခဲ့ချေ။ သူမ၏ လက်ထဲကစာရွက်များနှင့် စန်းလော့ကို တစ်လှည့်စီ ငေးကြည့်လိုက်ပြီးနောက်တွင် စကားတစ်ခွန်းတည်းနှင့်သာ သူမ၏ အင်မတန်ဝမ်းသာပျော်ရွှင်နေသည့် စိတ်ခံစားချက်များကို ဖော်ပြနိုင်တော့သည်။ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများ ရောနှောနေသည့် ခံစားချက်တစ်ခုက သူမ၏နှလုံးသားအတွင်းထဲတွင် မွှေနှောက်နေလေသည်။ - ဒါသည် ဆွေမျိုးသားချင်းတစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း၏ ကံကောင်းမှုသာဖြစ်တော့သည်။

သူမသည် စာရွက်နှစ်ရွက်ကို အပြန်ပြန်အလှန်လှန် စစ်ဆေးကြည့်ပြီးနောက်တွင် ကျန့်စန်းလန်ကို သွားခေါ်ဖို့ရန်အတွက် အရှေ့ဘက်ရုံးတော်သို့ လူလွှတ်ချင်သည့် စိတ်အားထက်သန်မှုကို မနည်းကြီးမြိုသိပ်ထားရလေသည်။

"ရှင်က ကျွန်မရဲ့ယောကျ်ား ကျန့်စန်းလန်ကတဆင့် ဒီစက္ကူလုပ်နည်းကို မင်းကြီးထံ ဆက်သဖို့ရန် စဥ်းစားထားတာလား"

စနးလော့၏စိတ်ကူးများကို ခန့်မှန်းဖို့ရန် မခက်ခဲချေ။ အထူးသဖြင့် ပြီးခဲ့သည့်ရက်အနည်းငယ်က သူမက မေးခွန်းများကို မေးမြန်းသည်ကို စဥ်းစားကြည့်လျှင် သိနိုင်သည်။ ထိုအချိန်က ဖန်ဖေးညန်က သူတို့သည် သာမန်စကားစမြည် ပြောခဲ့သည်ဟုသာ ထင်ခဲ့သည်။ သို့သော်ငြားလည်း အခုတော့ စန်းလော့က ရုံးတော်၏စာရွက်ပြတ်လပ်မှုကို သတိထားနှင့်နေပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ သို့သော်ငြားလည်း သူမက ကြီးမားသည့်အန္တရာယ်များ ပါဝင်ပတ်သတ်နေသဖြင့် မလှုပ်ရှားရဲခဲ့ခြင်းသာဖြစ်လေသည်။

သြဇာရှိသည့်မိသားစုတစ်ခုတွင် မွေးဖွားလာသဖြင့် ဖန်ဖေးညန်သည် ဒီလိုမျိုးနွယ်စုများ၏ လုပ်ပုံကိုင်ပုံများကို ကောင်းကောင်းကြီး နားလည်လေသည်။ သူမက ဒီအကြောင်းအရာများကို သိနေလေလေ စန်းလော့၏ ဆုံးဖြတ်ချက်အပေါ် စိန်ခေါ်မှုကို ပိုပြီးတော့ ချီးကျူးမိလေလေပင်။ ထို့အပြင် သူမနှင့် သူမခင်ပွန်းအပေါ်ထားရှိသည့် ကြီးမားလှသည့် ယုံကြည်ချက်ကြီးကိုလဲ အံ့သြမိတော့သည်။

"ဟုတ်ပါတယ်” စန်းလော့က ပြန်ဖြေလိုက်ပြီး သူမ၏ မျက်လုံးထဲတွင် နူးညံ့သည့်အပြုံးတစ်ခု ပါဝင်နေ၏။ ရှန်းလီ၏စကားက မှန်ကန်ပေသည်။ သူမသည် အစောကြီးကတည်းက ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်နှင့် သူ့ဇနီးကို ယုံကြည်ဖို့ရန် အမှန်တကယ် ရွေးချယ်ခဲ့ပြီးသားဖြစ်လေသည်။

သခင်မဖန်က လက်ထဲကစက္ကူလုပ်နည်းနှင့် လုပ်နည်းအဆင့်ဆင့်စာရွက်ကို ကိုင်ရင်း အခန်းထဲတွင် ပတ်လျှောက်နေမိပြီးနောက် စန်းလော့နှင့် ခြေလှမ်းနှစ်လမ်းအကွာတွင် ရပ်လိုက်လေသည်။ "ရှင်က ကျွန်မကို ယုံကြည်တယ်ဆိုမှတော့ ကျွန်မရဲ့ အကြံဉာဏ်အတိုင်းလုပ်ပါ၊ ဒါကို ပေါ်ပေါ်တင်တင် ဆက်သလို့မဖြစ်ဘူး၊ ဒီကိစ္စက ရှင်နဲ့ပတ်သတ်နေတယ်ဆိုတာကိုလဲ ဘယ်သူမှသိလို့မဖြစ်ဘူး"

သူမက စန်းလော့ကိုကြည့်ပြီး ဆက်ပြောလိုက်သည်။ စာမေးပွဲစနစ်က စိတ်ဝင်စားမှု ဘယ်လောက်များများ ဖြစ်သွားစေလဲဆိုတာသိလား၊ ဒီလိုအရေးကြီးတဲ့ အခိုက်အတန့်မှာ လော့မိသားစုနဲ့ သော့မိသားစုတို့သာ စက္ကူတွေကို မထုတ်လုပ်ခဲ့ဘူးဆိုရင် လူတော်တော်များများက ဝမ်းသာကြလိမ့်မယ် "

အထက်တန်းစားမိသားစုများတွင် သူမနှင့် ကျန့်စန်းလန်တို့လို မင်းကြီး၏ရည်ရွယ်ချက်ကို မျှဝေပေးသည့်သူများရှိသလို အထက်တန်းစားမိသားစုကြီးများကသာ တော်ဝင်အာဏာ၏အထက်တွင် စိုးမိုးလိုသည့်ဆန္ဒရှိသည့် အစဥ်အလာသမားများလဲ ရှိလေသည်။ ဒါက လွှမ်းမိုးချယ်လှယ်လိုသည့် စိတ်သဘောထားပင်။ ဘုရင်များကတော့ တက်လိုက်ဆင်းလိုက် ပြောင်းလဲသွားသော်ငြားလည်း အထက်တန်းစားမိသားစုများကတော့ အခိုင်အမာ ရပ်တည်နေသည်။ အတိတ်ကဆိုလျှင် ဘုရင်ကို အထက်တန်းစားမိသားစုများ၏ ပူးပေါင်းခြင်းဖြင့် အစားထိုးခံခဲ့ရသေးသည်။ အထက်တန်းစားမိသားစုများ၏ အုတ်မြစ်ကို လျှော့ပါးစေမည့် စာမေးပွဲစနစ်တစ်ခုကို မည်သူက ချောချောမွေ့မွေ့ လက်ခံပေးနိုင်ပါမည်နည်း။ ဘုရင်၏ မှတ်သားလောက်သည့် အရည်အချင်းနှင့် ပြင်းထန်သည့်စိတ်ဆန္ဒကြောင့်သာမဟုတ်လျှင် တစ်ခြားသူများက ထိုအကြောင်းကိုပင် ထုတ်ပြောရဲလိမ့်မည် မဟုတ်ချေ။

စန်းလော့က ခေါင်းငြိမ့်လိုက်၏။ "ကျွန်မ နားလည်ပါတယ်၊ ဒါကြောင့်မလို့ ကျွန်မလဲ ဒီစက္ကူလုပ်နည်းကို မတင်ပြခဲ့တာပါ၊ အဲဒီ့အစား ဒါက ရှင်တို့တွေ ဆက်သဖို့အတွက် ရှင်နဲ့ ပြည်နယ်အုပ်ချပ်ရေးမှူးကျန့်အတွက် လက်ဆောင်တစ်ခု ဖြစ်လာပါလိမ့်မယ်"

စကားပြောနေရင်းမှ သူမသည် တစ်ခုခုကို စဥ်းစားမိသွားပြီး သခင်မဖန်ကို မေးလိုက်သည်။ "ဒါကရော ရှင်တို့အပေါ် တစ်ခုခုသက်ရောက်မှုများ ရှိနေမလား"

သခင်မဖန်က ဒီလိုအစီအစဥ်မျိုးကို မျှော်လင့်မထားခဲ့ချေ။ သူမက လက်ကိုခါရမ်းပြလိုက်ပြီး "အဲဒီ့အတွက်တော့မလိုပါဘူး၊ ဖန်မိသားစုနဲ့ ကျန့်မိသားစုမျိုးနွယ်တွေက ဘာကိုမှ မကြောက်တတ်ကြဘူးလေ၊ ဒါပေမဲ့ ရှင်ပိုင်ဆိုင်ထားတဲ့အရာကိုတော့ ရှင့်ပစ္စည်းပဲ ဖြစ်သင့်ပါတယ်၊ ဒီလောက်ကြီးမားတဲ့ အကျိုးဆောင်မှုကို ကျွန်မတို့တွေက ရယူရမယ်ဆိုရင် မတရားရာကျလိမ့်မှာပေါ့၊ တကယ်လို့ ကျွန်မက ဒါကို လက်ခံခဲ့မယ်ဆိုရင် ရှင်တို့လင်မယားရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်တော့မှာ မဟုတ်ဘူးလေ"

ဒီအချိန်ကြမှသာ သူတို့သည် မတ်တပ်ရပ်နေခဲ့ကြသည်ကို သတိထားမိလိုက်သည်။ သူမက သူမ၏ နဖူးကိုပုတ်လိုက်ကာ စန်းလော့ကို ပြန်ထိုင်ခိုင်းလိုက်လေသည်။ "ရှင်က မင်းကြီးအတွက် အန္တရာယ်ကိုစွန့်စားဖို့ လိုလားတာသိရတဲ့အတွက် ကျွန်မက တကယ်ပဲ ကျေးဇူးတင်မိပါတယ်၊ ဒါက ကျွန်မတို့လင်မယားအပေါ် ရှင့်ရဲ့ယုံကြည်မှုလဲဖြစ်တယ်၊ စိတ်မပူပါနဲ့၊ ကျွန်မဒီကိစ္စကို စန်းလန်နဲ့ သေသေချာချာတိုင်ပင်ပြီး ရှင်ရဲ့လုံခြုံရေးကိုလဲ သေချာအောင် လုပ်ပေးပါ့မယ်၊ အခုချိန်မှာတော့ ပေါ်တင်ရော လျှိုဝှက်ပြီးတော့ပါ ဘာဆုလာဒ်မှတော့ ရမှာမဟုတ်ဘူး၊ ဒါပေမဲ့ မင်းကြီးက အကျိုးဆောင်ပေးတဲ့လူတွေကိုတော့ ဘယ်တော့မှ မျက်ကွယ်မပြုပါဘူး၊ တင်းမာမှုတွေ လျှော့သွားတဲ့အချိန်ကြရင်တော့ ရှင်တို့ကို ကျေးဇူးပြန်ဆပ်မဲ့ အခွင့်အရေးတွေ ရှိလာပါလိမ့်မယ်"

ခဏလောက်စဥ်းစားလိုက်ပြီးနောက်တွင် သူမက ထပ်ပြောလိုက်၏။ "တကယ်လို့ ရှင့်မှာ လိုချင်တာတစ်ခုခုရှိတယ်ဆိုရင် ကျွန်မတို့ကို လွတ်လွတ်လပ်လပ် ပြောလို့ရပါတယ်၊ တကယ်လို့ မင်းကြီးက မေးလာတယ်ဆိုရင် စန်းလန်ကလဲ အချိန်အခါ ကိုက်ညီတယ်ဆိုရင် ရှင့်အတွက် သေချာပေါက် ထောက်ခံပြောဆိုပေးမှာပါ"

စန်းလော့က ခေါင်းခါပြသည်။ "ဘာဆုလာဒ်မှမလို အပ်ပါဘူး၊ အစတုန်းက ကျွန်မက စက္ကူလုပ်နည်းကို လက်တွေ့စမ်းသပ်ခဲ့တယ်ဆိုတာလဲ စက္ကူက ဝယ်ဖို့ အရမ်းစျေးကြီးတယ်လေ၊ ကျွန်မတို့အိမ်မှာလဲ ပညာသင်တွေ ရှိနေတယ်မဟုတ်လား၊ ကျွန်မ ထုတ်ထားတဲ့အရာတွေကလဲ ထူးချွန်ပြောင်မြောက်နေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ရုံးတော်ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီနေတယ်လေ၊ ကျွန်မကလဲ စက္ကူကို ဘယ်လိုလုပ်ရမလဲဆိုတာကို တိုက်တိုက်ဆိုင်ဆိုင် သိနေတာကြောင့်ပါ"

စက္ကူလုပ်သည့်နည်းလမ်းမှာ လတ်တလောတွင် တဝက်တပြက်ပြီးစီးသည့် မပြည့်စုံသေးသည့် ပုံစံတစ်ခုသာဖြစ်မှန်း စန်းလော့ သိလေသည်။ သူမက ရေစစ်ရန် စာရွက်အချပ်ကို အမြောက်အမြားထပ်ပြီး ကြိုးစားခဲ့ချင်သော်လည်း မအောင်မြင်ခဲ့ချေ။

သည်ခေတ်တွင် သူမသည် အကြောင်းအရာကို မသိသော်ငြားလည်း စာရွက်၏စျေးနှုန်းမြင့်မားမှုကို အကဲခပ်ကြည့်လိုက်လျှင် နည်းပညာက ထိုမျှလောက် တိုးတက်သေးမည်မဟုတ်မှန်း သိလေသည်။ သို့ သော်ငြားလည်း သူမ၏ကိုယ်ပိုင်ခေတ်ကာလတွင် စုန့်မင်းဆက်၏ စာရွက်ပြုလုပ်သည့်စက်ရုံမှာ တော်တော်လေးကို တိုးတက်နေပြီဖြစ်သည်။ တော်ဝင်စာမေးပွဲများ ပြန့်နှံ့မှုနှင့် စာရွက်အသုံးပြုမှု ကျယ်ပြန့်သည်တွင် စန်းလော့သည် စာရွက်များကို ဟိုတုန်းက တကြိမ်လျှင် တစ်ရွက်သာ ပြုလုပ်နိုင်သည်ဟုတော့ မယုံကြည်နိုင်ပေ။ တစ်ခြားနည်းလမ်းများက သေချာပေါက်ရှိရမည်။ သူမက ထိုနည်းလမ်းများကို ရှာမတွေ့ခဲ့ခြင်းသာဖြစ်လိမ့်မည်။

"ဒါပဲလား"

ဖန်ဖေးညန်က အမှန်ပင် လေးစားသွားတော့သည်။ " တကယ်တော့ ဒီဟာကို ခုချိန်မှာ မသုံးသေးရင်တောင် ရှင် ဒါကို သိမ်းဆည်းထားမယ်ဆိုရင် ရှင်တို့ရဲ့ရှန်းမိသားစုအတွက် အကျိုးအမြတ်တွေ ဘယ်လောက်တောင်မှ ယူလာပေးနိုင်လဲဆိုတာကို သိရဲ့လား၊ ဒါက မျိုးနွယ်စုတစ်ခုလုံးက တိုးတက်လာစေမဲ့ လောင်စာတစ်ခု ဖြစ်နိုင်ပြီးတော့ မျိုးဆက်တိုင်းလဲ အကျိုးအမြတ်တွေ ရလာနိုင်တယ်"

စန်းလော့က တခစ်ခစ် တိုးညှင်းစွာရယ်မောကာ ခေါင်းငြိမ့်လိုက်၏။ "ကျွန် မသိပါတယ်၊ ဒါပေမဲ့ ကျွန်မရဲ့သဘောအရဆိုရင် နိုင်ငံရဲ့ကောင်းကျိုးက မိသားစုရဲ့အကျိုးကျေးဇူးထက် အရင်လာတယ်လေ၊ တည်ငြိမ်တဲ့အုတ်မြစ်တစ်ခု မရှိဘူးဆိုရင် ပြီးခဲ့တဲ့နှစ်တွေတုန်းကလို ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေမျိုးဆိုရင် ဒီစက္ကူပြုလုပ်နည်းတွေနဲ့ ဆွဲဆောင်မှုတွေ အားလုံးက ဘာအရေးပါတော့မှာလဲ၊ ဒါက ငြိမ်းချမ်းတဲ့အချိန်ကာလမှာ ဒီအတိုင်းနေထိုင်ဖို့တောင်မှ ပိုပြီးတော့ ဝေးကွာလွန်းတယ်လေ၊ နောက်ပြီးတော့ ကျွန်မတို့တွေက ရုတ်တရက်ကြီး အဆင်ပြေလာတာမှ မဟုတ်တာ၊ မင်းကြီးက ကျွန်မတို့တွေကို လယ်ယာမြေတွေနဲ့ ငွေကို ချီးမြှင့်ပေးထားတယ်၊ ဒါက ကျွန်မတို့ရဲ့ မိသားစုနေထိုင်ရေးကို စီမံခန့်ခွဲဖို့ လွယ်ကူစေပါတယ်၊ ကျွန်မယောကျ်ားနဲ့ သူ့ညီလေး နှစ်ယောက်စလုံးကလဲ စာလေ့လာနေကြတာလေ ဒီတော့ ကျွန်မတို့ရဲ့အနာဂတ်က မျှော်လင့်ချက်ရှိပါသေးတယ်"

စကားကို ခဏလောက်ရပ်ထားလိုက်ပြီး သူမက အကြည့်ကို အောက်ချထားလိုက်ကာ ထပ်ပြောလိုက်၏။ "တကယ်လို့ လူကြီးမင်းကျန့်က တကယ်ပဲ တာဝန်ယူပေးနိုင်တယ်ဆိုရင် ကျွန်မမှာ ဆန္ဒတစ်ခုတော့ တကယ်ပဲ ရှိပါတယ်၊ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင်တော့ မင်းကြီးလက်ထဲကိုရောက်သွားတဲ့အခါ ဒီစက္ကူပြုလုပ်နည်းနဲ့ဆိုရင် စာရွက်ဈေးတွေက အထက်တန်းစားမိသားစုတွေ ထိန်းချုပ်တုန်းကအချိန်ထက် ပိုပြီးတော့ သက်သာစေချင်တယ်၊ အနည်းဆုံးတော့ သာမန်ပြည်သူတွေလဲ စက္ကူနဲ့ ပညာရေးအတွက် တတ်နိုင်လာလိမ့်မယ်လေ"

အမှန်တွင်တော့ စန်းလော့သည် ဒီစက္ကူလုပ်နည်းက စာရွက်များ ပြုလုပ်သည့်အတွေ့အကြုံမှ လူအင်အားစိုက်ထုတ်ခြင်းနှင့် အချိန်ပေးရသည့်အကြောင်းကို ကောင်းကောင်းသိထားသည်။ မင်းကြီးက လျှော့ပေါ့ပေးသည့်တိုင် သာမန်လူတိုင်းကတော့ ပညာသင်တစ်ယောက်ကို ထောက်ပံ့ပေးနိုင်လိမ့်မည်မဟုတ်ချေ။ သို့သော်ငြားလည်း ကုန်ကျစရိတ်နှင့် သင့်တော်သည့် အကျိုးအမြတ်တစ်ခုကို ထည့်သွင်းထားမည်ဆိုရင် စျေးနှုန်းကိုတော့ အမှန်တကယ် လျှော့ချပေးနိုင်သည်။ ဆုံးဖြတ်ချက်ပြတ်သားသည့် လုမိသားစုတို့လို မိသားစုတစ်ခုက အားရှု၏ ပညာရေးအခြေအနေကို ထောက်ပံ့ပေးနိုင်မည်။

ထိုထက်ပိုပြီးတော့ စန်းလဲသည် မတောင်းဆိုရဲချေ။ မင်းကြီးက လက်ရှိတွင် ဘဏ္ဍာရေးအခက်အခဲကို ရင်ဆိုင်နေရသည်။ ဒီစက္ကူထုတ်လုပ်သည့်နည်းလမ်းက သူ့ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်မည်ဆိုလျှင် ဒါက သူမအပိုင်းမှ လုပ်ပေးနိုင်သည့် စေတနာအနည်းငယ်သာ ဖြစ်လေသည်။

ဖန်းဖေးညန်မှာ စန်းလော့၏လွမ်းမိုးခြင်းကို အမှန်တကယ် ခံလိုက်ရ၏။ သူမသည် အိမ်အပြင်ဘက်က လောကကြီးကို စိတ်နှစ်ပြီးခြေချခဲ့သဖြင့် သူမ၏ ယောင်းမများကြားတွင် အပြင်လူတစ်ယောက်ဖြစ်သလို ခံစားခဲ့ရသည်။ သို့သော်ငြားလည်း စန်းလော့ကတော့ အခြေအနေများကို ပိုပြီးရှင်းရှင်းလင်း လင်းသိမြင်နိုင်ကာ သူမ၏ချမ်းသာမှုကိုပင် ခွဲခွာဖို့ဆန္ဒရှိလေသည်။ ထို့အပြင် သူမ၏အာရုံက သာမန်ပြည်သူများအပေါ်တွင်တောင် တည်ရှိနေဟန်တူသည်။ ဖန်ဖေးညန်သည် စန်းလော့ကို အမှန်တကယ် သဘောကျမိသည်။ ဒီလို ဆွေးမျိုးရင်းချာတစ်ယောက်ကို တွေ့လိုက်ရသဖြင့် ဝမ်းသာပီတိဖြစ်မိလေသည်။ သူမက ပြုံးကာပြောလိုက်၏။ "ကောင်းပြီလေ၊ ကျွန်မ ဒီကိစ္စကို စန်းလန်နဲ့ တိုင်ပင်လိုက်မယ်၊ တကယ်လို့ အခွင့်အရေးတစ်ခု ရတယ်ဆိုရင် ကျွန်မ ရှင့်ရဲ့ဆန္ဒတွေကို ပြောပြလိုက်ပါ့မယ်"

ဒီလိုနှင့် ကိစ္စကို သတ်မှတ်လိုက်ကြလေသည်။ စန်းလော့က သူမ၏ လည်ချောင်းကို စိုစွတ်စေရန် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်၏။ သူမက လက်ဖက်ရည်ခွက်ထဲက ရေကို ငေးကြည့်လိုက်ပြီး တစ်ခုခုက သူမ၏စိတ်ထဲတွင် ပေါ်ပေါက်လာသည်။ သူမ၏မျက်လုံးများကို မှိတ်လိုက်ပြီး သူမက ပန်းကန်လုံးကို ပြန်ချထားလိုက်ပြီး "ကျွန်မ မေ့တော့မလို့ ဒီအခန်းထဲမှာ စာရေးစရာ ပစ္စည်းတွေများရှိသလား - စုတ်တံ မှင် စာရွက်နဲ့မှင်တုံးတို့ပေါ့"

"ရှိတာပေါ့"

ရုံးတော်တွင် စာရွက်များ ရှားပါးသော်ငြားလည်း ဖန်ဖေးညန်က သူမအတွက် တစ်ချို့တော့ ယူထားလေသည်။ အစေခံမလေးတစ်ယောက်ကို မခေါ်နေတော့ဘဲ သူမက စာရွက်ကို ကိုယ်တိုင်ထုတ်ပေးလိုက်ပြီး စန်းလော့က မှင်တုံးထဲတွင် ရေဖြည့်ကာ နေရာတွင်ပင် ပုံတစ်ခုဆွဲသားနေသည်ကို စောင့်ကြည့်နေလိုက်သည်။

စန်းလော့၏ ပန်းချီဆွဲသည့်အရည်အချင်းက အနုပညာရှုထောင့် တစ်ခုမှကြည့်လျှင် လက်ရာကောင်းသည်ဟုတော့ မသတ်မှတ်နိုင်ချေ။ သို့သော်ငြားလည်း တော်တော်လေးတော့ အဆင်ပြေလှသည်။ သူမက စိတ်အေးလက်အေးဖြင့် ဆွဲသားလိုက်ပြီး ၁၅မိနစ်ကျော်လေးအတွင်းမှာပင် ပုံကြီးတစ်ပုံနှင့် ပုံငယ်လေးများကို ဆွဲသားပြီးစီးသွားသည်။

"ဒါက ရေအားကိုသုံးတဲ့ ရေရဟတ်တစ်ခုပါ၊ ကျွန်မ အသေးစိတ်အတွက် ပုံတွေကိုခွဲပြီးတော့ ဆွဲထားပေးတယ် ဘေးမှာလည်းပဲ ရှင်းလင်းချက်တွေကို ရေးထားပေးတယ်၊ အခြေခံသဘောတရားတွေကိုလည်း ထည့်ရေးပေးထားတယ်၊ ရေရဟတ်တစ်ခုနဲ့ဆိုရင် ရေအားက ပျော့ဖတ်တွေကို ထုထောင်းရတဲ့လုပ်ငန်းစဥ်မှ လူအင်အားကို အစားထိုး ပေးနိုင်လိမ့်မယ်၊ ဒါကို စာရွက်လုပ်တဲ့နေရာမှာ သုံးတယ်၊ ဒါပေမဲ့ ဒါကို စပါးကြိတ်တဲ့နေရာမှာ၊ ဆေးတွေကြိတ်တဲ့နေရာမှာလည်းပဲ သုံးလို့ရတယ်၊ ကြိတ်ခြေဖို့လိုတဲ့ အရာမှန်သမျှကို ဒီဟာကိုသုံးပြီးတော့ အထောက်အပံ့ဖြစ်ပေးနိုင်တယ်"

အမှန်တွင်တော့ ရေအားဖြင့်လည်ပတ်ရသည့် ဒလက်တစ်မျိုးလည်းရှိလေသည်။ သို့သော်ငြားလည်း ထိုပစ္စည်းက အများကြီးပို ပြီးရှုပ်ထွေးလှသည်။ စန်းလော့သည် အရင်က ထိုပစ္စည်း၏ပုံကိုသာ မြင်ဖူးခဲ့ပြီး ထိုပစ္စည်းနှင့်ပတ်သတ်ပြီး အသေးစိတ်ကို သေချာနားမလည်ခဲ့ချေ။ ထို့ကြောင့် သူမက ထိုပုံကို ပုံမှန်အတိုင်း မဆွဲသားနိုင်သဖြင့် မပြောပြခဲ့ခြင်းပင်။

ဖန်ဖေးညန်သည် အစကတည်းက စန်းလော့ပုံဆွဲနေသည်ကို စောင့်ကြည့်လာခဲ့သည်။ အခုတော့ သူမ၏အကြည့်များက ရေအားဖြင့်သုံးရသည့် ရေရဟတ်၏ပုံကို မျက်လုံးက မခွာတမ်းကြည့်နေမိသည်။ သူ၏လုပ်ဆောင်ပုံများကို နားလည်လိုက်ပြီးသည့်နောက်တွင် ဒုတိယအကြိမ်အဖြစ် သူမသည် ကျန့်စန်းလန်ကို ထပ်ပြီးခေါ်ချင်စိတ် ဖြစ်သွားတော့သည်။

"ရှင်ဟာလေ အမျိုးသမီးတစ်ယောက်ဖြစ်နေတာ တကယ့်ကို နှမြောစရာကောင်းတာပဲ"

စန်းလော့က ဖန်ဖေးညန်ကို ကျီစယ်သလိုကြည့်လိုက်ကာ စိတ်ရင်းဖြင့်ပြုံးပြလိုက်၏။ "ဒါက အဲလောက်လည်း နှမြောစရာ မကောင်းပါဘူး၊ ကျွန်မက ရှင်နဲ့အုပ်ချုပ်ရေးမှူးကျန့်တို့လို လူတွေကို စောင့်ရှောက်ပေးပြီး ကြင်နာသနားပြီး ဖြောင့်မတ်တတ်တဲ့လူတွေနဲ့ တွေ့ခဲ့တယ် မဟုတ်လား။ ကျွန်မက ကျွန်မရဲ့တီထွင်ထားတဲ့ပစ္စည်းတွေကို ဒီအတိုင်းကြီး မတင်ပြရဲပါဘူး၊ အခုတော့ သူတို့တွေက မင်းကြီးရဲ့နားထဲကို ရောက်သွားတော့မယ်လေ၊ တကယ်လို့ လူတွေက ဒီပစ္စည်းတွေကနေ အသုံးဝင်တာကို ရှာတွေ့သွားတယ်ဆိုရင် ဒါက လုံးဝအလဟသ မဖြစ်တော့ဘူးပေါ့"

ရာထူးတစ်ခု ရဖို့ရန်အတွက်တော့ စန်းလော့က တစ်စက်ကလေးမှ အတွေးမရှိချေ။ ဒီလို မြေရှင်ပဒေသရာဇ် လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများ၏ အဆင့်အတန်းကို ပြောင်းလဲခြင်းက ရိုးရှင်းသည့်ကိစ္စတစ်ခု မဟုတ်ချေ။ အထက်တန်းလွှာမိသားစုတစ်ခုတွင် မွေးဖွားလာခဲ့သည့် ဖန်ဖေးညန်လို လူတစ်ယောက်ကပင် ဒီလိုအတွေးမျိုးကို မတွေးရဲခဲ့လေရာ သူမက တွေးရဲနိုင်ပါမည်တဲ့လား။

အချိန်နည်းနည်းလောက် စကားဆက်ပြောလိုက်ပြီးနောက်တွင် စန်းလော့က စက္ကူထုတ်လုပ်သည့်လုပ်ငန်းစဥ်အတွင်း ရေစိမ်ရသည့်အချိန်ကို လျှော့ချဖို့ သတိပေးလိုက်သည်။ သူမက ပစ္စည်းများကို ရေအကြာကြီးစိမ်ထားရသည့် အကြောင်းအရင်းမှာ သူမမှာ လုံခြုံပြီး လျှိုဝှက်သည့်နေရာတစ်ခု မရှိခဲ့သည့်အတွက်ဖြစ်ကြောင်း ရှင်းပြလိုက်သည်။

"ရေစိမ်တာနဲ့ပတ်သတ်ပြီး အသိသာဆုံးကွာခြားချက်ကတော့ အရောင်အသွေးပဲ၊ ရှင်ရဲ့ပစ္စည်းကို မတင်ပြခင် ရှင် ဒါကို စမ်းသပ်ဦးမှာပဲ ဟုတ်တယ်မလား၊ တကယ်လို့ မင်းကြီးက အရေးပေါ်လိုအပ်လာတယ်ဆိုရင် စာရွက်ကို အသုံးပြုနိုင်သရွေ့တော့ အရောင်အသွေးက အရေးမကြီးပါဘူး၊ ဒီအတိုင်း စက္ကူပြုလုပ်နည်းကိုပဲ အတည်ပြုပေးဖို့လိုတာပါ"

အမှန်ပင် စစ်ဆေးမှုများကို ပြုလုပ်ခဲ့ရပေသည်။ ဒါက ပေါ့ပေါ့ပါးပါး သဘောထားလို့ရသည့် ကိစ္စတစ်ခုမဟုတ်ချေ။ ဖန်ဖေးညန်က စန်းလော့၏ စကားလုံးများကို သေချာမှတ်သားထားလိုက်၏။ သူတို့ဆွေးနွေးနေသည့် အကြောင်းအရာက ပြီးဆုံးလုနီးပါးဖြစ်သွားသည်တွင် သူမက စုတ်တံနှင့် မှင်ကိုကိုင်လိုက်ကာ သူမ အစောပိုင်းကပြောပြခဲ့သည့် နံရံလိုဖြူဆွတ်အောင်လုပ်သည့် လုပ်နည်းပုံစံများကို စန်းလော့အား ပေးလိုက်လေသည်။ "ဒါက ကျွန်မတို့မိသားစုရဲ့လုပ်နည်းပုံစံပဲ၊ ဒါက နံရံတွေကို ဖြူဖွေးပြီးတော့ ချောမွေ့သွားအောင်လုပ်နိုင်တယ်၊ ဒါက ရှင့်ရဲ့အိမ်အသစ်အတွက်ဆိုရင် ကွက်တိပဲ"

သူတို့အချင်းချင်းသိလာသည်မှာ အချိန်တိုတောင်းပြီး မကြာခဏ တွေ့ဆုံကြသည်မဟုတ်သော်ငြားလည်း နှစ်ယောက်စလုံးက မှတ်သားလောက်အောင်ပင် ပွင့်လင်းကြလေသည်။ တစ်ယောက်က စက္ကူပြုလုပ်သည့်နည်းလမ်းကို ပေါ်ပေါ်တင်တင် လက်ဆောင်ပေးရဲကာ ရေအားဖြင့်သုံးရသည့် တစ်စုံတစ်ခုကိုပင် တွေဝေမနေဘဲ ပုံဆွဲပေးခဲ့ပြီး ကျန်တစ်ယောက်ကတော့ သူတို့မိသားစု၏နည်းလမ်းများကို အလွယ်တကူ ပေးလိုက်သည်။ စန်းလော့က ထိုနည်းလမ်းကို လှမ်းယူလိုက်ပြီး သူတို့၏အကြည့်ဆုံသွားချိန်တွင် နှစ်ယောက်စလုံးက အသံထွက်ကာ အော်ရယ်လိုက်ကြလေသည်။

ရှန်းလီကတော့ ချွေ့ချီချန်းထံမှ ချန်းသရှန်နှင့် သူတို့၏အဖွဲ့အကြောင်းကို တမင်တကာ စုံစမ်းမေး မြန်းလိုက်ပြီး အနည်းငယ် အချိန်ဆွဲထားလိုက်သည်။ ရလဒ်အနေဖြင့် သူသည် စန်းလော့ကို အချိန်ကိုက် လာရောက်ကြိုဆိုပေးနိုင်ခဲ့သည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး၏အိမ်တော်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ညနေပိုင်း သူ ရုံးတော်မှ ပြန်လာပြီးနောက် အတွင်းခန်းသို့ မဝင်ရသေးခင်မှာပင် ဖန်သခင်မက အားလုံးကို အဝေးသို့လွှတ်လိုက်သဖြင့် စန်းလော့၏နောက်ဆုံးလာပေးသွားသည့် ပျော်စရာကိစ္စကို သိလိုက်ရလေသည်။

ပုံစံစာရွက်သုံးခုကို လက်ခံရလိုက်သည်တွင် သူသည် အလန့်တကြားဖြစ်သွားပြီး မေးမြန်းလိုက်၏။ "ဒါတွေကို ဘယ်ကရခဲ့တာလဲ"

အကြောင်းအရာကို သဘောပေါက်သွားပြီးသည့်နောက်တွင် သူ့မှာ အလွန်မှ ဝမ်းသာပီတိဖြစ်သွားပြီး အခန်းထဲတွင် အခေါက်ခေါက်အခါခါ လမ်းလျှောက်နေမိကာ "ကံကောင်းတာပဲ၊ တကယ့်ကို ချီးမြှောက်ခံရတာ"

စန်းလော့ကို အာရုံစိုက်ခံရခြင်းမှ ရှောင်ရှားဖို့ရန် သူသည် သည်းခံနေလိုက်ပြီး နောက်တစ်နေ့ကြမှသာ နွေဦးထယ်ထိုးခြင်းကိစ္စကို စုံစမ်းမည်ဟုအကြောင်း ပြကာ ဖန်သခင်မနှင့်အတူ မြို့တော်သို့ ထွက်ခွာလာခဲ့တော့သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးကတော်က စီရင်စု၏ရွာများသို့ အလည်အပတ်သွားရာတွင် သူမ၏ခင်ပွန်းနှင့် အဖော်လိုက်သွားသည်မှာ ပုံမှန်ဖြစ်လေသည်။ ထို့ကြောင့် ဘယ်သူကမှ မရိပ်မိခဲ့ကြချေ။

...

ချွေ့ချီချန်း၏ အကူအညီဖြင့် ရှန်းလီနှင့်စန်းလော့ တို့သည် အုတ်အစိမ်းနှင့် အုတ်ကြွပ်အများအပြားကို ဝယ်ယူနိုင်ခဲ့သည်။ အုတ်များကို သယ်ယူပို့ဆောင်ပြီးသည်နှင့်တပြိုင်နက် ရွာထဲကအားလုံးက ရှန်းမိသားစုက အိမ်တစ်လုံးကို ဆောက်ဖို့ဖြစ်နေသည်ကို သိလိုက်ကြသည်။

အမှန်ပင် သူတို့သည် လှပခန့်ငြားသည့် အိမ်တစ်လုံးကို ဆောက်ရပေမည်။ မင်းဧကရာဇ်က သူတို့ကို အထိမ်းအမှတ်ကျောက်တိုင်နှင့် တော်ဝင်အမိန့်စာတစ်ခု ချီးမြှင့်ထားခဲ့သည်ဖြစ်ရာ ဒါကို ဒီလိုနိမ့်ပါးလှသည့်တဲအိမ်ထဲတွင် ထားဖို့ရာက မသင့်တော်လှချေ။

ရှန်းလီနှင့်စန်းလော့တို့က တစ်ခြားသူများကို ဖိတ်ခေါ်ဖို့ရန် မစဥ်းစားရသေးခင်မှာပင် အနီးအနားက ရွာများမှ အိမ်ထောင်စုရာချီက သရှင်းရွာကို အကူအညီပေးရန်အတွက် တစ်အိမ်ထောင်လျှင် လူတစ်ယောက်၊ နှစ်ယောက် လွှတ်ပေးလိုက်ကာ သူတို့၏ ကိုယ်ပိုင်တာဝန်များကို ချထားပြီး ဆန္ဒအလျောက် လာရောက်ကူညီကြလေသည်။

ထိုခေတ်အခါတွင် လူများသည် အိမ်များကိုဆောက်လုပ်ချိန်တွင် သူတို့အိမ်နီးချင်းများ၏ အကူအညီကို အားကိုးအားထားပြုရကာ လုပ်အားလစာ မလိုအပ်ပေ။ သို့သော်ငြားလည်း သူတို့သည် ရက်ရောသည့်ထမင်းတစ်နပ်နှင့် အစားအသောက်များကို ထောက်ပံ့ပေးရလေသည်။ ချန်းအဘွားက စန်းလော့၏ ကိုယ်ဝန်အကြောင်းကို သိနေသဖြင့် သူမနှင့်ချင်ဖန်းညန်တို့က ဒီကိစ္စကိုတာဝန်ယူလိုက်ကြသည်။ လုအဘွား၊ ကန်းရှီ၊ သခင်မရွှီနှင့် လတ်တလောကမှ မီးဖွားထားသည့် ဖန်းလျိုညန်တို့ကလဲ လာရောက်ကူညီပေးကြသည်။

အိမ်က အမှန်ပင် ကျယ်ဝန်းလှသည်။ သို့သော်ငြားလည်း ကူညီပေးသည့် အရေအတွက်ကလည်း တူညီစွာ များပြားလေသည်။ ထို့ကြောင့် သရှင်းရွာက ဆောက်လုပ်ရေးသည် ကြီးစွာသာ စိတ်လှုပ်ရှားဖွယ်ဖြင့် စတင်လိုက်သည်။

ရက်အနည်းငယ်အတွင်းတွင် ရှီးကျိုးမြို့အပြင်ဘက် တရားဝင်လမ်းမကြီးမှ သရှင်းရွာသို့ ဦးတည်လာသည့် ကျယ်ဝန်းလှသည့် မြေလမ်းလေးတွင် မနက်ခင်းစောစောစီးစီး၌ တူရိုက်သံများ၊ စည်ကားသည့် လုပ်ဆောင်ချက်အသံများက ပဲ့တင်ထပ်နေလေသည်။ ရုံးတော်အရာရှိများက လက်မှုပညာရှင်များကို ခေါ်လာကာ တော်ဝင်ကျောက်တိုင်တစ်ခုကို ထောင်ပေးပြီး ရှန်းမိသားစုအတွက် မြင့်မြတ်သည့်အမိန့်တော်တစ်ခုကို စာလုံးရေးထွင်းဖို့ ရောက်လာကြသည်။

အမိန့်တော်ကို ကြီးမားလှသည့် ကျောက်ပြားကြီးတစ်ခုပေါ်တွင် အထဲက အကြောင်းအရာများကို အတိအကျ ပြန်လည်ကူးယူနေကြကာ တော်ဝင်အမိန့်တော်တစ်ခုပုံစံဖြင့် ထွင်းထုပေးထားသည်။ ထိုအရာကို ရှန်းမိသားစု၏ အိမ်အသစ်၏ ဆောက်လက်စ နေရာဝန်းအတွင်း သတ်မှတ်ထားသည့်နေရာတစ်ခုတွင် နေရာချထားသည်။ လက်မှုပညာရှင်များက ထိုမြင့်မြတ်သည့်အမိန့်တော်ကို လေဒဏ်မိုးဒဏ်မှ အကာအကွယ်ပေးဖို့ရန် ဇရပ်တစ်ဆောင်ကိုပင် ဆောက်လုပ်ပေးနေသည်။

တစ်ဖက်တွင်တော့ မုဒ်ဦးကို သရှင်းရွာအပြင်ဘက်တွင် ထောင်ထားပေးပြီး အဓိကလမ်းမကြီးမှ ရွာဆီသို့ဦးတည်လာသည့် မြေနီလမ်းလေး၏ ဘေးကပ်လျက်တွင် ထောင်ထားသည်။ မြို့အဝင်တံခါးမှဖြစ်စေ၊ ပတ်ဝန်းကျင်လမ်းများမှဖြစ်စေ ဒီမုဒ်ဦးကို အဝေးမှနေ၍ ရှင်းရှင်းလင်းလင်း မြင်နိုင်ကာ ပေါ်လွင်ထင်ရှားလှသည်။

အထူးသဖြင့် ဒီလိုကြီးကျယ်လှသည့် တော်ဝင်မုဒ်ဦးတစ်ခုလို မုဒ်ဦးတစ်ခုကိုထောင်ရခြင်းသည် စက်ပစ္စည်းများမပါရှိသည့် ဒီလိုခေတ်အခါကာလတွင် ကြီးကြီးမားမား စီစဥ်ဆောင်ရွက်ရလေသည်။ သို့သော်ငြားလည်း ကျွမ်းကျင်လှသည့် လုပ်သားများရှိလေရာ ဒါကို လုပ်ဖို့ရန် အဆင်ပြေလေသည်။ လာရောက်ကြည့်ရှုသူအများအပြားက စုဝေးလာကြသော်လည်း သူတို့သည် အကွာအဝေးတစ်ခုတွင် ရပ်ကြည့်နေကြသည်။ မုဒ်ဦးပေါ်က စာလုံးများကို အနီရောင်ပိုးစဖြင့် ဖုံးအုပ်ထားပြီး မုဒ်ဦးကို အပြည့်အဝထောင်ပြီးသွားသည့်အချိန် မနက်ခင်းတဝက် အလုပ်ပြီးသွားသည့်အချိန်မှသာ ဖယ်ရှားရမည်။ ဗုံသံများ၊ တေးဂီတသံများကို တီးခတ်ကာ တာဝန်ရှိအရာရှိက စန်းလော့ကို သွားရောက်ဖိတ်ခေါ်လိုက်သည်။ ထိုအခါမှသာ မြို့၏အတွင်းနှင့်အပြင်ဘက်က မရေမတွက်နိုင်သည့်လူများသည် ဒီပွဲအခမ်းအနားကို မျက်မြင်တွေ့ရန် စုဝေးလာကြတော့သည်။

သရှင်းရွာ၏ရွာသားများနှင့် လာရောက်ကူညီပေးကြသည့်လူများကလဲ ထွက်လာကြသည်။ စန်းလော့နှင့်ရှ န်းနဥ်တို့က အကောင်းဆုံးနေရာတစ်ခုတွင် ရပ်နေကြ၏။ မီးရှူးမီးပန်းများကို ဖောက်လွှတ်ပေးပြီး အနီရောင်ပိုးစကို ဖယ်လိုက်ပြီးသည့်နောက်တွင် စန်းလော့က မုဒ်ဦးပေါ်တွင်ရေးသားထားသည့် စာလုံးလေးလုံးကို ခေါင်းမော့ကာ ငေးကြည့်လိုက်၏။ သူတို့ရေးထားသည့် အကြောင်းအရာကို ဖတ်လိုက်သည်တွင် သူမ၏မျက်လုံးအိမ်များက ကျုံ့သွားပြီး သူမ၏နှလုံးသားကလည်း နားစည်အထိရောက်လာသည်အထိ ကြောက်စရာကောင်းလောက်အောင် တဒုတ်ဒုတ် မြည်နေတော့သည်။

အများပြည်သူအပေါ် သဒ္ဒါတရားကြီးမားခြင်း။

ဒီလို ကြီးကျယ်မြင့်မြတ်သည့် ချီးကျူးစကားကို သုံးထားလေသည်။

နှလုံးခုန်သံ မြန်ဆန်လာပြီး ရှန်းနဥ်၏လက်ဖဝါးများကလည်း ချွေးများရွှဲစိုနေတော့သည်။

"ယောင်းမ သင့်ရဲ့စေတနာ သဒ္ဒါတရားက မရေမတွက်နိုင်သည့် လူများကိုအကျိုးပြုထွန်းသွားစေတယ်တဲ့"

စာဖတ်တတ်သည့်သူများကတော့ ဆွံအသွားလေသည်။ စာမဖတ်တတ်သည့်သူများကတော့ စိတ်အားထက်သန်စွာ မေးမြန်းနေကြ၏။ "အဲဒါ ဘာပြောထားတာလဲ"

စာဖတ်တတ်သည့် စိတ်အားထက်သန်သည့်လူတစ်ဖွဲ့က စိတ်အားထက်သန်စွာ ပြန်ဖြေလိုက်သည်။ "အများပြည်သူအတွက် ကောင်းကျိုးဖြစ်ထွန်းစေခြင်းတဲ့ ဒါကို အများပြည်သူအတွက် အကျိုးပြုစေတယ်လို့ ဖတ်ရမယ်"

ဂုဏ်ယူဝင့်ကြွားသည့် စိတ်လှုပ်ရှားမှုနှင့် ပျော်မြူးရွှင်လန်းသည့် ခံစားချက်တစ်ခုတို့ ပြည့်လျှံနေသည့် သရှင်းရွာက ဆယ်ကျော်သက်ကောင်လေး၊ ကောင်မလေးများ ဖြစ်လေသည်။

ဝမ်မောက်လင်သည် တစ်ချိန်က သူတို့ဝမ်မိသားစုပိုင်ဆိုင်ခဲ့သည့် ပေါများကြွယ်ဝလှသည့် သရှင်းရွာကို ငေးမောကြည့်နေမိသည်။ သူ့လက်ထဲတွင် ဒီလိုရွာလေးသည် စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများကို ပြုလုပ်ပေးသည့် အိမ်ယာဝန်းတစ်ခု သက်သက်သာ ဖြစ်လေသည်။ အခုတော့ သူသည် ရွာအဝင်ဝတွင် ထောင်ထားသည့် ခမ်းနားလှသည့် ကျောက်တိုင်ကြီးဘေးတွင် ရပ်နေရကာ တော်ဝင်သည့်ခမ်းနားမှုကို ခံစားနေမိပြီး သူက ဘေးတွင်ရှိသည့် ဆိုင်တာဝန်ခံရွှီကို မှတ်ချက်ပေးလိုက်လေသည်။ "ဒါက အများပြည်သူအတွက် ကံကောင်းခြင်းပဲ၊ သရှင်းရွာရဲ့ ကံတရားကတော့ တိုးတက်လာပြီ"

အဓိကလမ်းမကြီး၏ တစ်ခြားဘက်က လမ်း၏ဘယ်ဘက်တွင်တော့ ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်နှင့် သူ့ဇနီးကရှိနေပြီး သိပ်မကြာခင်က ကျေးလက်ခရီးမှ ပြန်ရောက်လာကြသည်။ ညာဘက်တွင်တော့ လှည်းတစ်စီးက ခုလေးတင်မှ ဆိုက်ရောက်လာကာ လှည်း၏ခန်းဆီးသည် မြှောက်တင်ခံလိုက်ရပြီး လီယွီနှင့် ချန်ကုန်းကုန်းတို့က ခေါင်းပြူပြီး ကြည့်လိုက်ကြသည်။ မျက်လုံးအစုံက တပြိုင်နက်လိုလိုပင် မုဒ်ဦးကြီး၏ ဆွဲဆောင်ခံလိုက်ရ၏။

လီယွီက မှတ်ချက်ပေးလိုက်၏။ "ရှန်းမိသားစုမှာ စာသင်သားတွေ သေချာပေါက်ရှိရမယ် ဟုတ်တယ်မလား"

ချန်ကုန်းကုန်းက ပြန်ဖြေလိုက်သည်။ "အမှန်ပဲ၊ ညီအစ်ကိုနှစ်ယောက်စလုံးက ပြည်နယ်ကျောင်းတော်ရဲ့ ကျောင်းဝတ်စုံကို ဝတ်ဆင်ထားတယ်၊ တကယ်လို့ သူတို့ထဲက တစ်ယောက်ကသာ ပြည်နယ်ဝင်ခွင့်စာမေးပွဲကို အောင်မြင်ခဲ့ပြီး မြို့တော်ကို ဝင်နိုင်မယ်ဆိုရင် ရှန်းမိသားစုကတော့ တိုးတက်လာလိမ့်မယ်"

အမှန်ပင် ရုံးတော်၏ ကောင်းမွန်သည့် အထောက်အပံ့ ဖြစ်လာလိမ့်မည်။

ကျန့်စန်းလန်ကလဲ မုဒ်ဦးကို ငေးကြည့်လိုက်သည်။ သူ့နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာကာ သူက နေ့တစ်နေ့၏ လတ်တလော အောင်မြင်မှုများကို စဥ်းစားမိလိုက်လေသည်။ "စေတနာသဒ္ဒါတရားနဲ့ လူပေါင်းသောင်းကျော်ကို အကျိုးဖြစ်ထွန်းစေ - ဒါက သင့်တော်လှတဲ့ ဖော်ပြချက်တစ်ခုပဲ"

လင်မယားနှစ်ယောက်က အကြောင်းသိသည့်အပြုံးတစ်ခုကို ဖလှယ်လိုက်ကြပြီး စန်းလော့နားသို့ ချဥ်းကပ်မသွားလိုက်ကြချေ။ ထိုအစား သူတို့က ပင်မလမ်းပေါ်သို့ ဆက်သွားလိုက်ပြီး အဖွဲ့နှစ်ဖွဲ့စလုံးသည် ရှီးကျိုးမြို့သို့ ဦးတည်သွားကြသည်။ သူတို့သည် နောက်ဆုံးတော့ ရုံးတော်အဝင်ပေါက်တွင် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ကြသည်တွင် ကျန့်စန်းလန်က မျက်ခုံးပင့်ကာ ရှေ့သို့လှမ်းသွားလိုက်ပြီး နှုတ်ဆက်လိုက်သည်။

ပိုပြီးလွတ်လွတ်လပ်လပ် တွေ့ဆုံလို့ရနိုင်သည့် ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်တော်သို့ ပြန်ရောက်လာချိန်တွင် ကျန့်စန်းလန်က စုံစမ်းမေးမြန်းလိုက်၏။ "လူကြီးမင်းလီ ခင်များရဲ့တာဝန် ဘယ်လိုနေလဲ"

ပေးအပ်ထားသည့် တာဝန်အကြောင်း ပြောလိုက်သည်တွင် လီယွီ၏မျက်နှာအနေအထားမှာ ညိုမည်းသွားတော့သည်။ သူက ရှက်ရှက်နှင့် လက်ခါပြလိုက်ပြီး ချဲ့ကားပြောဖို့ ငြင်းဆန်လိုက်သည်။

ကျန့်စန်းလန်က ခပ်တိုးတိုး ရယ်လိုက်ကာ နှစ်သိမ့်ပေးလိုက်၏။ "လူကြီးမင်းလီရယ် မစိုးရိမ်ပါနဲ့၊ ပြောမရဘူး ခင်များ မြို့တော်ကို ပြန်သွားတဲ့အခါကြရင် မျှော်လင့်ချက်အသစ်တစ်ခု ယူလာပါလိမ့်မယ်"

လီယွီ၏မျက်ခုံးများက တွန့်ကျုံ့သွားသည်။ "ဘာသဘောလဲ"

သို့သော်ငြားလည်း ကျန့်စန်းလန်က ချဲ့ကားပြီးမပြောလိုက်ချေ။ သူက အရိုအသေပေးကာ သူ့လက်နှစ်ဘက်ကို ဒီအတိုင်းဆုပ်လိုက်ပြီး သူ့တွင် မြို့တော်သို့ သွားရမည့်ကိစ္စရှိကြောင်း ပြောပြလိုက်သည်။ "လူကြီးမင်းလီ ကျွန်တော်အခုပဲ သွားဖို့ လိုအပ်တယ်၊ ခင်များက ကျွန်တော်နဲ့ ချန်ကုန်းကုန်းတို့နဲ့ အတူ လိုက်ပါဖို့စိတ်ဝင်စားလား"

နှစ်ပေါင်းများစွာ မိတ်ဆွေဖြစ်လာသဖြင့် ကျန့်စန်းလန်၏ ဖိတ်ခေါ်ချက်က စိတ်ရင်းအတိုင်းဖြစ်သည်ကို လီယွီက အာရုံခံမိလေသည်။ သူက သရှင်းရွာ၏ ပေါများကြွယ်ဝမှုအကြောင်းကို စိတ်ထဲမစဥ်းစားမိတော့ဘဲ ချက်ချင်းဆိုသလို ပြန်ဖြေလိုက်၏။

"လိုက်ရမှာပေါ့"

...

All Chapters