← Chapters

အခန်း (၂၄၇-၂၄၈)

Vol. 25 Ch. 247-248

အခန်း (၂၄၇-၂၄၈)

Vol. 25 Ch. 247-248

အပိုင်း (၂၄၇) လျှို့ဝှက်မှတ်တမ်း

သံတမန်သည် မြို့တော်သို့ ပြန်ရောက်လာချိန်တွင် အရင်ဦးစွာ မင်းကြီးကို သွားရောက်အရိုအသေပေးရသည်က ထုံးစံဖြစ်လေသည်။ ရုံးတော်ကိစ္စများကို တင်ပြဖို့ရန်ရောက်လာသည့် ပြည်နယ်အုပ်ချုပ်ရေးမှူး ကျန့်ဇီရွှမ်းက ဘေးကနန်းဆောင်တစ်ခုထဲတွင် စောင့်ဆိုင်းနေသည်။

လီယွီက တော်ဝင်စာကြည့်ခန်းထဲသို့ဝင်သွားပြီး မကြာမှီတွင် ကျန့်ဇီရွှမ်းသည် အပြင်ဘက်မှနေ၍ ကျယ်လောင်သည့် တောက်ခေါက်သံကို ကြားလိုက်ရ၏။ မင်းကြီး၏ အမျက်ဒေါသ ထွက်နေသည့်အသံက နောက်မှလိုက်ပါလာသည်။ "လော့မျိုးနွယ် အဲဒီ့အရပ်သားက ဝန်ကြီးချုပ်ရာထူးတစ်ခုကိုပဲ ဘာဖြစ်လို့ တိုက်ရိုက်မတောင်းဆိုခဲ့တာလဲ"

တော်ဝင်စာဖတ်ခန်းထဲတွင် ခစားနေကြသည့်မိန်းမစိုးများသည် ချက်ချင်းဆိုသလို ကြမ်းပြင်ပေါ်တွင် ဝပ်တွားလိုက်ကြပြီး အပြင်ဘက်နှင့်ဘေးက နန်းဆောင်များက လူများကလည်း ခေါင်းများကို ဆက်တိုက်ငုံ့ထားကြကာ ဆောင်းတွင်းပုစဥ်းရင်ကွဲများလို တိတ်ဆိတ်နေကြသည်။ ဒါက စက္ကူပြုလုပ်သည့်ကိစ္စနှင့်ပတ်သတ်သည်ဟု ကြားလိုက်ရသည်တွင် မင်းကြီး၏အမျက်ဒေါသကို မသိစိတ်က အလိုလိုအားတင်းထားရသည့် ကျန့်ဇီရွှမ်းမှာ စိတ်ပြေလျှော့သွားပြီး သူ့မျက်လုံးများကို အောက်ချထားလိုက်ကာ သူ့ခံစားချက်များကို ဖုံးကွယ်လိုက်ရင်း ဆက်ပြီးထိုင်နေလိုက်သည်။

တော်ဝင်စာဖတ်ခန်းထဲတွင် လီယွီသည် ဒူးထောက်နှင့်ပြီးသား ဖြစ်လေသည်။ "ကျွန်တော်မျိုး အရည်အချင်းမရှိခဲ့လို့ပါ"

မင်းကြီးသည် နဂါးပလ္လင်ပေါ်တွင် ပြန်ထိုင်ချလိုက်ပြီး နဖူးကိုလက်ဖြင့် ထောက်ထားရင်း အကြိမ်တော်တော်များများ ပင့်သက်ရှိုက်လိုက်ပြီးမှ လီယွီကို ပြောလိုက်သည် "ဒါက မင်းနဲ့ ဘာမှမဆိုင်ပါဘူး၊ ဒါက လော့မျိုးနွယ်ရဲ့ မရောင့်ရဲတတ်တဲ့ လောဘပဲ"

အရင်မင်းဆက်တုန်းက သူတို့မျိုးနွယ်စုရဲ့ ရာထူးတွေကို ပြန်ယူမယ်လို့ စဥ်းစားထားတာပေါ့လေ။ ဟမ်။ သချီကို သရန်ဖြစ်အောင် ပြန်ပြောင်းချင်တယ်လို့ပဲ ပြောလိုက်ပါတော့လား။

လီယွီ ထိုအခိုက်အတန့်တွင် စကားမပြောရဲတော့ချေ။ ခဏကြာပြီးနောက်တွင် သူက သတိလေးဖြင့် မေးလိုက်၏။ "ကျွန်တော်မျိုး မိန်တောင်ကို နောက်ထပ်ခရီးတစ်ခေါက် သွားလိုက်ရမလား၊ သော့မိသားစုနဲ့ လော့မိသားစုက ခမည်းခမက်ဆက်ဆံရေးဆိုပေမဲ့ သူတို့တွေက လုံးဝကြီးတော့ ညီညွှတ်နေကြမှာမဟုတ်ပါဘူး"

မင်းကြီးက သူ့နားထင်ကို ပွတ်သပ်ရင်း ချက်ချင်း ပြန်မဖြေလိုက်ပေ။ ထိုအစား သူက မေးလိုက်လေသည်။ "စန်းလန်က မင်းနဲ့အတူ မြို့တော်ကို လိုက်လာခဲ့တယ် မဟုတ်လား"

စန်းလန်ဟူသည့်အခေါ်အဝေါ်သည် ရင်းနှီးလှသည့် အခေါ်အဝေါ်တစ်ခု ဖြစ်လေသည်။ လီယွီက ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်၏။ "တင်ပါ့၊ ဇီရွှမ်းက ဘေးကနန်းဆောင်ထဲမှာ မင်းကြီး ဆင့်ခေါ်တာကို စောင့်နေပါတယ်"

ဘုရင်က ခေါင်းငြိမ့်ကာပြောလိုက်၏။ "တစ်လျှောက်လုံး ခရီးသွားခဲ့ရတာဆိုတော့ မင်းလဲ သေချာပေါက် ပင်ပန်းနေတော့မှာပဲ၊ မိန်တောင်ကိစ္စကိုတော့ ခဏလောက် ရွှေ့ဆိုင်းထားလိုက်ပါအုံး၊ အရင်ဆုံး ပြန်သွားပြီးတော့ အနားယူလိုက်ပါ၊ စန်းလန်ကို ဝင်လာခိုင်းလိုက်”

မင်းကြီးသည် စက္ကူကိစ္စကို ထပ်ပြီးဆွေးနွေးဖို့ရန် အဆင်သင့်မဖြစ်သေးမှန်း လီယွီ သဘောပေါက်လိုက်သည်။ သူက အမိန့်ကိုနာခံလိုက်ပြီး ဦးညွှတ်နှုတ်ဆက်ကာ ထွက်သွား၏။ ဘေးအခန်းထဲသို့အရောက်တွင် သူက မင်းကြီး ဆင့်ခေါ်သည့်အကြောင်းကို ကျန့်ဇီရွှမ်းအား အကြောင်းကြားလိုက်ပြီး သူ့စကားလုံးများကို သတိထားပြောဆိုဖို့လဲ အချက်ပြလိုက်သည်။ ကျန့်ဇီရွှမ်းက သူ့ကို ကျေးဇူးတင်စကားပြောကာ တော်ဝင်စာဖတ်ခန်းထဲသို့ ဝင်သွားသည်ကို စောင့်ကြည့်လိုက်ပြီးနောက်တွင် လီယွီက နန်းတော်ထဲမှ ထွက်ခွာသွားတော့သည်။

ကျန့်ဇီရွှမ်းသည် တော်ဝင်စာကြည့်ခန်းထဲသို့ ဝင်ရောက်လာချိန်တွင် မိန်းမစိုးများက ထိုနေရာကို သန့်ရှင်းရေးလုပ်ခဲ့ပြီးဖြစ်သည်။ သူက ချက်ချင်းဆိုသလို ဦးညွှတ်လိုက်ကာ မင်းကြီးသည် စိတ်အခြေအနေ မကောင်းသည့်ကြားက ကျန့်ဇီရွှမ်းက ရှီကျိုးမှာ ထယ်ကိုဆက်သခဲ့သည့်အကြောင်းကို ပြန်စဥ်းစားလိုက်ချိန်တွင် မင်းကြီး၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပြန်ပေါ်လာသည်ကို သတိထားမိလိုက်သည်။ "စန်းလန် မြန်မြန်ထပါ၊ မြို့တော်ကို ဘာကိစ္စနဲ့ရောက်လာတာလဲ"

ကျန့်ဇီရွှမ်းက ချက်ချင်းမထလိုက်ဘဲ ပြန်ဖြေလိုက်၏။ "မင်းကြီး ကျွန်တော်မျိုး လူကိုယ်တိုင် လျှောက်တင်စရာ ကိစ္စတစ်ခုရှိလို့ပါ"

မင်းကြီး၏မျက်ခုံးများက မသိမသာ တွန့်ချိုးသွားသည်။ သူက အနည်းငယ်ဦးညွှတ်ထားသည့် ချန်ကုန်းကုန်းကို လှမ်းကြည့်လိုက်ပြီးနောက် တစ်ခြားမိန်းမစိုးများကို နောက်ဆုတ်သွားဖို့ လက်ဝှေ့ယမ်းပြလိုက်သည်။ တော်ဝင်စာကြည့်ခန်းထဲက အခြွေအရံအားလုံးသည် နောက်သို့ ထွက်ခွာသွားကြပြီး အဝေးတွင် ရပ်နေကြသည့်သူများကပင် ထွက်ခွာသွားသည်။ ချန်ကုန်းကုန်းကိုယ်တိုင်ကလည်း တံခါးအပြင်ဘက်တွင် နေရာယူထားလိုက်၏။ "မင်းက ငါ့စိတ်ဝင်စားမှုကို လိုချင်ရလောက်အောင် ဘာကိစ္စရှိနေလို့လဲ စန်းလန် ပြောပါ"

သို့သော်ငြားလည်း ကျန့်ဇီရွှမ်းက မပြောရဲချေ။ ထိုအစား သူက သူ့အင်္ကျီလက်ထဲက လျှို့ဝှက်လျှောက်တင်လွှာတစ်ခုကို ထုတ်လိုက်၏။ ကိစ္စကို သေချာအောင် လျှို့ဝှက်ထားနိုင်ရန် သူက မြို့တော်သို့ဝင်မလာခင်တွင် နောက်ဆုံးတစ်ထောက် နားသည့်စခန်း၌ မီးအိမ်၏မီးရောင်ဖြင့် ထိုလျှောက်တင်လွှာကို ရေးသားထားခဲ့ကာ ထိုအချိန်ကတည်းက ကိုယ်နှင့်မကွာသိမ်းထားခဲ့သည်။

ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး သူက လက်နှစ်ဖက်ဖြင့် မင်းကြီးကို လျှောက်တင်လွှာ တင်ပြလိုက်၏။ မင်းကြီးက ဇဝေဇဝါဖြစ်သွားသော်ငြားလည်း ကျန့်ဇီရွှမ်းကို လှမ်းကြည့်လိုက်သည်။ လျှောက်တင်လွှာကို လှမ်းယူလိုက်ပြီး ဖြန့်ကြည့်လိုက်ကာ ချက်ချင်း စာများကို ဖတ်လိုက်သည်။ သူ့သူငယ်အိမ်များက လည်သွားပြီး သူ့မျက်နှာမှာ ဝမ်းသာမှုဖြင့် လင်းလက်လာ၏။ သူသည် ကျန့်ဇီရွှမ်းကို ဒုတိယတစ်ကြိမ် ကြည့်ရုံလောက်သာကြည့်လိုက်ပြီး သူက လျှောက်တင်လွှာတစ်ခုလုံးကို မြန်မြန်ဆန်ဆန် ပြီးအောင်ဖတ်လိုက်သည်။ ထိုအခါမှ သူသည် တောက်ပနေသည့် မျက်လုံးတော်များဖြင့် ကျန့်ဇီရွှမ်းကို ပြင်းပြစွာကြည့်လိုက်၏ "ဒီလျှောက်တင်လွှာထဲမှာ ရေးထားတဲ့အကြောင်းအရာတွေက အမှန်ပဲလား”

အပြုံးတစ်ခုက ကျန့်ဇီရွှမ်း၏မျက်နှာပေါ်တွင် ပေါ်ထွက်လာသည် "ကျွန်တော်မျိုးက ဘယ်လိုလုပ်ပြီးတော့ မင်းကြီးကို အပြောင်အပျက်ပြောရဲပါ့မလဲ"

ထို့နောက်တွင်တော့ သူက သူ့ဝတ်ရုံထဲက ဆီစိမ်စက္ကူဖြင့်ထုပ်ထားပြီး သေသေချာချာ ချိတ်ပိတ်ထားသည့် အထုပ်တစ်ခုကို ဂရုတစိုက် ဆွဲထုတ်လိုက်ကာ လှမ်းပြီးဆက်သလိုက်သည်။ ဒီတကြိမ်တွင်တော့ မင်းကြီးက စိတ်အားထက်သန်စွာ လက်ခံလေသည်။ ထိုအထုပ်ကို ဖွင့်လိုက်ပြီး ပိတ်ထားသည့်စာရွက်များကို ဖြန့်လိုက်သည်တွင် သူသည် စာရွက်များကို တစ်ရွက်ပြီးတစ်ရွက် လေ့လာကြည့်မိလိုက်၏။ ပြီးဆုံးသွားသည့်နောက်တွင်တော့ သူက အသံထွက်ကာ အော်ရယ်တော့သည်။ "ကောင်းလေစွ၊ ကောင်းလေစွ၊ သိပ်ကောင်းတာပဲ"

သုံးခွန်းဆက်တိုက် ချီးကျူးထောပနာပြုခဲ့ခြင်းပင်။

အပြင်ဘက်တွင် စောင့်ကြပ်ရင်းရပ်နေသည့် ချန်ကုန်းကုန်းက နားစွင့်ထားလိုက်ပြီး သူ့အကြည့်များကလည်း မသိမသာ မြင့်တက်လာသည်။ တတိယသခင်လေးကျန့်က မင်းကြီးကို ဘာများလျှောက်တင်ခဲ့သဖြင့် ဒေါသထွက်နေသည့် အခြေအနေတစ်ခုမှ အချိန်တိုအတွင်းတွင် စိတ်ပြေလျှော့သွားသည့် အကြောင်းအရင်းကို စဥ်းစားနေလိုက်လေသည်။ မင်းကြီးဘေးတွင် နှစ်ပေါင်းများစွာ ခစားလာပြီးသည့်နောက်တွင် ချန်ကုန်းကုန်းသည် သူ့စည်းမျဥ်းများကို ကောင်းကောင်းသိလေသည်။ သူက မျက်လုံးများကို တစ်ဖန် မြန်မြန်အောက်ချထားလိုက်ကာ အာရုံစူးစိုက်ပြီး တရားထိုင်နေသည့် ဘုန်းတော်ကြီးတစ်ပါးလို အလွန်မှ နီးကပ်စွာမကြည့်ရဲဘဲ ဆွံ့အချင်ဟန်ဆောင်နေလိုက်တော့သည်။

တော်ဝင်စာကြည့်ခန်းထဲတွင် မင်းကြီးသည် ပုံသုံးပုံနှင့် စာရွက်နမူနာများကို သေသေချာချာ ထပ်ပြီးစစ်ဆေးကြည့်လိုက်သည်။ ကျန့်ဇီရွှမ်း၏ ဖော်ပြချက်များအရ ဒီစာရွက်နှစ်ရွက်သည် စာရွက်ပြုလုပ်သည့်နည်းများကို ဖော်ပြထားပြီး သူ၏အခြေခံသဘောတရားများကို ရှင်းပြထားသည့် ဒီစာရွက်နှစ်ရွက်က စန်းမျိုးနွယ်မှပြုလုပ်ထားသည့် လတ်တလော စာရွက်များ၏နမူနာ ဖြစ်လေသည်။ တစ်ဖက်တွင်တော့ ကျန်သည့်စာရွက်နမူနာများက ကျန့်ဇီရွှမ်းကိုယ်တိုင် လုပ်ထားသည့် အရာများဖြစ်ကာ စန်းမျိုးနွယ်၏ ညွှန်ကြားချက်အတိုင်း နောက်ဆုံးရလာသည့်ပစ္စည်း၏ သက်ရောက်မှုကို ဖော်ပြဖို့ရန် ရေစိမ်သည့်ကြာချိန် ၃ရက် ၅ရက် ၇ရကျဟူ၍ ခွဲပြီးလုပ်ထားခဲ့သည်။

အမှန်ပင်။ သူ၏စိတ်အခြေအနေက ကြီးစွာတိုးတက်သွား၏။ သူက အခုလေးတင် ဘေးတွင်ချထားခဲ့သည့် လျှို့ဝှက်လျှောက်လွှာကို ပြန်ကောက်ယူလိုက်ပြီး ပြန်လည်လန်းဆန်းလာသည့် စိတ်ဝင်စားမှုဖြင့် စာကိုပြန်ဖတ်လိုက်သည်။

ကျန့်ဇီရွှမ်းသည် တော်ဝင်ရုံးတော်သို့ စက္ကူလုပ်နည်းကို ဝေမျှပေးရန် စန်းလော့၏ လိုလားသည့်စိတ်ဆန္ဒကို လေးစားမိကာ သူ၏လျှို့ဝှက်လျှောက်တင်လွှာကလည်း ချီးကျူးစကားများဖြင့် ပြည့်နှက်နေသည်။ သူမက ရုံးတော်တွင် စက္ကူများပြတ်လပ်နေသည်ကို မည်သို့သိရှိခဲ့သည့်အကြောင်း၊ သတင်းများကို ရယူဖို့အတွက် ဖန်မိသားစုကို မည်သို့လာရှာခဲ့သည့်အကြောင်း၊ နောက်ဆုံးတွင် ကြီးစွာသော အရေးတယူပြုလုပ်ကာ အန္တရာယ်ထဲသို့ စွန့်စားဝင်ရောက်လာပြီး စက္ကူလုပ်သည့်နည်းပညာကို သူမ ကိုယ်စား ရုံးတော်သို့ လျှို့ဝှက်ဆက်သပေးရန် သူတို့ဇနီးမောင်နှံကို လာရောက်တောင်းဆိုခဲ့သည့်အကြောင်း၊ အသေးစိတ် ဖော်ပြထားလေသည်။ ဖန်ဖေးညန်က သူမ၏အကျိုးဆောင်မှုအတွက် လိုချင်သည့်ဆုလာဒ်များကို မေးမြန်းချိန်က စန်းလော့၏အဖြေကိုပင် သူ့လျှောက်တင်လွှာထဲတွင် ထည့်သွင်းရေးသားထားသည်။ သူ့စကားလုံးများသည် လေးစားအားကျပြီး ချီးကျူးထောပနာပြုနေသည့် စကားလုံးများဖြင့် ပြည့်လျှံနေပြီး သချီမင်းကြီးနှင့် သချီ၏ပြည်သူများအတွက် ကံကောင်းခြင်းဖြစ်ကြောင်း နောက်ဆုံးတွင် ဖော်ပြထားသည်။

မင်းကြီး၏အပြုံးတော်က သူ့မျက်လုံးပေါ် နှုတ်ခမ်းနှင့် ပါးပြင်တို့ပေါ်တွင် လင်းလက်နေလေသည်။ သူသည် ချီးကျူးစကားပြောဆိုဖို့ရန် ဆွဲဆောင်ခြင်းခံရသော်ငြားလည်း မည်သည့်သတင်းကိုမှ ပေါက်ကြားခြင်းမရှိဘဲ စန်းအမျိုးသမီးကို မည်သည့်နည်းနှင့်မဆို ကာကွယ်ပေးရန် လျှို့ဝှက်လျှောက်တင်လွှာထဲတွင် ကျန့်ဇီရွှမ်း တောင်းဆိုထားသည့် အရေးပေါ်တောင်းဆိုချက်ကို မမေ့ခဲ့ချေ။ ထို့ကြောင့် သူက သူ၏စိတ်အားထက်သန်မှုကို မြိုသိပ်ထားလိုက်ပြီး ထိုအစား လှိုက်လှိုက်လှဲလှဲရယ်မောကာ ပြောလိုက်၏။ "အရမ်းကောင်းပါတယ်၊ ငါကိုယ်တော် မင်းရဲ့လျှောက်တင်လွှာကို ထောက်ခံပေးပါ့မယ်”

ဒါသည် စက္ကူစျေးနှုန်းကို အရင်ကထက် ပိုပြီးတော့လျှော့ချပေးရန် စန်းလော့၏ဆန္ဒနှင့် သာမန်ပြည်သူ များအသုံးပြုနိုင်ရန် သင့်တော်သည့်စျေးနှုန်းတစ်ခု ပြုလုပ်ပေးရမည်ဟု နေရာတွင် ကတိပေးလိုက်ခြင်းကို ရည်ညွှန်းလေသည်။

ကျန့်ဇီရွှမ်းက ကျေးဇူးတင်စကားကို ဖော်ပြလိုက်ပြီး လျှို့ဝှက်လျှောက်တင်လွှာကိုပြန်ပေးဖို့ ခြေတစ်လှမ်းတိုးကာ မင်းကြီးထံမှ တောင်းဆိုလိုက်၏။ သူက ယဥ်ကျေးသည့်စကားစုများဖြင့် တောင်းပန်စကား ပြောလိုက်ပြီးနောက်တွင် တော်ဝင်စားပွဲခုံဘေးက မီးအိမ်ဘက်သို့ လှည့်သွားလိုက်၏။ တွေဝေခြင်းမရှိဘဲ သူက မင်းကြီး နှစ်ကြိမ်တိုင်တိုင်ဖတ်ထားပြီးခဲ့သည့် လျှောက်တင်လွှာကို ပြာများဖြစ်သွားသည်အထိ မီးရှို့လိုက်လေသည်။ ထို့နောက်တွင်မှ သူသည် ကျန်ရှိနေသေးသည့်ပြာများကို ကြေးဇလုံထဲသို့ စွန့်ပစ်ထားလိုက်သည်။

မင်းကြီး၏ပုံကြမ်းများကို တောင်းဆိုလိုက်ပြီး တော်ဝင်စာကြည့်ချန်းထဲက စာရေးကိရိယာများကို ငှားလိုက်ကာ အနားက စားပွဲနှိမ့်လေးတစ်လုံးတွင် ဒူးထောက်ချလိုက်သည်။ စန်းလော့၏ပုံသုံးပုံကို တစ်ထပ်တည်းကျအောင် ပြန်လည်ရေးဆွဲလိုက်လေသည်။

မင်းကြီးက ထိုတစ်ချိန်လုံးတွင် ဘေးနားတွင်ရပ်နေ၏။ စာရွက်သုံးခုကို တထပ်တည်းကျအောင် ကူးဆွဲပြီးနောက်တွင် ကျန့်ဇီရွှမ်းက ထိုစာရွက်များကို နှိုင်းယှဥ်ဖို့အတွက် မင်းကြီးကို ဆက်သလိုက်သည်။ ကွဲပြားခြားနားခြင်းမရှိသည်ကို တွေ့လိုက်ရသဖြင့် သူက စန်းလော့၏ပုံသုံးပုံကို သဲလွန်စလေးတစ်ခုမှ မကျန်အောင် မီးရှို့လိုက်လေသည်။

မင်းကြီးက လုပ်နည်းစာရွက်များကို အဖိုးမဖြတ်နိုင်သည့်ရတနာများလို ထိန်းသိမ်းထားလေသည်။ မှင်ခြောက်သွားပြီး သေချာအောင်လုပ်ပြီးနောက်တွင် သူက လုပ်နည်းများပါသည့်စာရွက်ကို လျှို့ဝှက်အခန်းတစ်ခုထဲတွင် ထည့်ပြီး သိုလှောင်ထားလိုက်၏။ သူက ရေအားသုံး ရေဒလက်ပုံစံကို သိမ်းထားလိုက်ကာ ကျန့်ဇီရွှမ်းကို ပြုံးပြ၏။ "မင်းအဘိုးလဲ မြို့တော်ကို ရောက်လာပြီလေ၊ လီယွီ မင်းကို ပြောပြီးမလား"

ကျန့်ဇီရွှမ်းက ပြုံးကာခေါင်းငြိမ့်ပြလိုက်၏။ "တင်ပါ့ မင်းကြီး၊ ကျွန်တော်မျိုး နန်းတော်က ပြန်သွားတာနဲ့ချက်ချင်း အိမ်ပြန်ပြီးတော့ အဘိုးကို သွားတွေ့ဖို့စဥ်းစားထားပါတယ်"

မင်းကြီးက ပြုံးပြလိုက်ကာ လက်ဝှေ့ယမ်းပြလိုက်ပြီး ပြောလိုက်၏။ "မင်းလဲ ဒီနှစ်တွေအတွင်းမှာ ကျုပ်နဲ့အတူ စစ်ဆင်ရေးတွေမှာ အဖော်လုပ်ပေးလာခဲ့တာပဲ၊ နောက်ပိုင်းကြတော့ ရှီကျိုးကို တာဝန်ယူပေးခဲ့တယ်၊ မင်းမှာ အိမ်ပြန်ဖို့အခွင့်အရေးတောင် မရှိသလောက်ဘဲ၊ မင်းအဘိုးနဲ့ ပြန်လည်ဆုံစည်းနိုင်တဲ့ ဒီအခွင့်အရေးကို ကျုပ်က ပိတ်ပင်မှာ မဟုတ်ပါဘူး။ အခုတော့ပြန်သွားပြီး မင်းမိသားစုတွေကို အချိန်ပေးရင်း ပျော်ပျော်ကြီး ခံစားလိုက်ပါအုံး၊ မနက်ဖြန်မနက်ကြရင်တော့ ညီလာခံကိုလာပြီးတော့ တက်ရောက်ပါ၊ မင်းက ရေအားသုံးရေဒလက်နဲ့ ချီးမြှောက်ထိုက်တဲ့တာဝန်ကို လုပ်ပေးခဲ့တာပဲ၊ မနက်ဖြန်ကြရင် ကျုပ်က မင်းကို ဆုတော်တစ်ခုချီးမြှင့်ပါ့မယ်"

ကျန့်ဇီရွှမ်းက မင်းကြီးကိုနှုဆက်လိုက်ကာ ပြန်ထွက်လာခဲ့လေသည်။ မိန်းမစိုးငယ်လေးများက လမ်းတလျှောက်တွင် သူ့ကို ခိုးပြီးတော့ကြည့်နေကြသည်။ တီးတိုးပြောနေသည့် တပည့်ငယ်လေးတစ်ယောက်ရှိသည်။ ချန်ကုန်းကုန်းက မင်းကြီး၏ စိတ်အခြေအနေကို ရုတ်တရက်ကောင်းမွန်သွားအောင် မည်သို့လုပ်ခဲ့ပါသနည်းဟု သိချင်စိတ်ဖြစ်နေလေသည်။ ချန်ကုန်းကုန်းက သူ့ကို တစ်ချက်လောက်ကြည့်လိုက်ပြီး တပည့်ဖြစ်သူကို စကားတစ်ခွန်း၊နှစ်ခွန်းနှင့် ဆိုဆုံးမလိုက်ပြီးနောက်တွင် စာကြည့်ခန်းထဲတွင် မင်းကြီးကို ခစားဖို့ရန် ပြန်လာခဲ့လိုက်၏။

ချန်ကုန်းကုန်းမှာ ထိုးထွင်းသိမြင်တတ်လေသည်။ မင်းကြီးက စိတ်အခြေအနေ ကောင်းမွန်နေသည်ကို မြင်လိုက်ရသဖြင့် သူက ပိုပြီးတော့စကားပြောရဲလာသည်။ သူက မင်းကြီးအတွက် ပူပူနွေးနွေး လက်ဖက်ရည်တစ်ပန်းကန်ကို လောင်းထည့်ပေးလိုက်ပြီး အပြုံးတစ်ခုဖြင့်ပြောလိုက်၏။ "စိတ်ကျေနပ်အောင် ဘယ်လိုလုပ်ပေးရမယ်ဆိုတာ အမတ်ကျန့်တစ်ယောက်ပဲ သိပါတယ်၊ မင်းကြီး မင်းကြီးရဲ့အပြုံးတော်က ပိုပြီးတော့ ထင်ရှားလာပါတယ်၊ မင်းကြီး မသိလို့ပါ၊ အမတ်လီနဲ့ တောင်ပိုင်းကိုသွားခဲ့တဲ့ခရီးမှာ ရှီကျိုးရဲ့အုပ်ချုပ်မှုအောက်မှာ ပြန်လည်ထူထောင်လာတာက အရမ်းကိုမြန်ဆန်တာကို ကျွန်တော်မျိုး တွေ့ခဲ့ရတယ်၊ တကယ်လို့ မင်းကြီးက ကိုယ်တိုင်တွေ့နိုင်ခဲ့မယ်ဆိုရင် မင်းကြီးရဲ့စိတ်က ပိုပြီးတော့ကောင်းမွန်လာပါအုံးမယ်"

မင်းကြီး၏စိတ်ဝင်စားမှုမှာ ထိုးတက်သွားတော့သည်။ "အို ပြောပါအုံး"

မင်းကြီး၏ဘေးတွင်ခစားနိုင်ပြီး အပြင်ဘက်လောကကို လေ့လာဖို့ရန် တော်ဝင်သံတမန်တစ်ယောက်အဖြစ် တာဝန်ခန့်အပ်ခြင်းခံခဲ့ရသည့် သူတစ်ယောက်အနေဖြင့် စကားပြောစရာနည်းလမ်းများ ပိုင်ဆိုင်ထားလေသည်။ အထိန်းတော်က သူ့ခရီး တွင်မြင်ခဲ့ရသည့် မြင်ကွင်းများကို ရှင်းရှင်းလင်းလင်း ပြန်လည်တင်ပြလိုက်ကာ မတူညီသည့်ဒေသအသီးသီးဖြင့် နှိုင်းယှဥ်ပြလိုက်ပြီး ရှီကျိုးကဘဝက ပုံမှန်နီးပါး ပြန်ဖြစ်လာခဲ့သည့်အကြောင်းကို ဝေမျှပေးလိုက်သည်။ လူများသည် စိုက်ပျိုးရေးအတွက် မြေများကို ရှင်းလင်းနေကြပြီး ရွာများတွင်လည်း ကျွဲနွား၊ ဆိတ်၊ ကြက်နှင့် ဘဲများနှင့်ပြည့်နှက်နေကာ ဝက်မွေးမြူရေးကိုပင် ပြန်လည်လုပ်ဆောင်နေပြီဖြစ်သည်။ မင်းကြီးက အမှန်ပင် တအံ့တသြဖြစ်သွားတော့သည်။

"သူတို့တွေက ဒါကို ဘယ်လိုလုပ်နိုင်ခဲ့တာတဲ့လဲ"

မင်းကြီးမှာ ကျန့်စန်းလန်ကို နန်းတော်ထဲမှ အစောကြီးထွက်ခွာခိုင်းခဲ့သည့်အတွက် နောင်တရမိသွားတော့သည်။

ချန်ကုန်းကုန်းက ပြုံးပြလိုက်ကာ ဖန်ဖေးညန်၏ ဆောင်ရွက်ချက်များကို ပြန်ပြောပြလိုက်သည်။ မင်းကြီးက စိတ်ပါဝင်စားစွာနားထောင်ရင်း ဒီလို ကိုယ်ကျင့်သိက္ခာတရားနှင့်ပြည့်စုံသည့် ဇနီးတစ်ယောက်ကို ပိုင်ဆိုင်ထားသည့်အတွက် ကျန့်စန်းလန်ကို ချီးမွမ်းလေသည်။

ချန်ကုန်းကုန်းက သူ့လေသံကိုပြောင်းလိုက်ကာ တဟင်းဟင်း ရယ်မောလိုက်၏။ "ရှီကျိုးက ပြည်သူတွေရဲ့ ချမ်းသာကြွယ်ဝမှုက သခင်မကျန့်ရဲ့ ကြိုးစားအားထုတ်မှု တစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး မင်းကြီး၊ စန်းအမျိုးသမီးက အသက်ဘယ် လောက်ရှိပြီလဲဆိုတာ ခန့်မှန်းနိုင်ရဲ့လား၊ နွားဆွဲတဲ့ထယ်ကို တီထွင်ခဲ့ပေးတဲ့တစ်ယောက်လေ၊ ကျွန်တော် အမတ်လီနဲ့အဖော်ပြုပြီး သရှင်းရွာကိုသွားခဲ့သေးတယ်"

မင်းကြီး၏မျက်ခုံးများသည် တွန့်ချိုးသွားလေသည်။ သူသည် ဒီအခိုက်အတန့်တွင် စန်းလော့အကြောင်းကို အသိချင်ဆုံးဖြစ်နေ၏။ ချန်ကုန်းကုန်းက ဖန်ဖေးညန်အကြောင်းပြောပြီးနောက် သူမအကြောင်း ထုတ်ပြောလိုက်သည်ကို ကြားလိုက်ရသည်တွင် သူက ချန်ကုန်းကုန်းကို လှမ်းကြည့်လိုက်ကာ တွေးတွေးဆဆ ပြောလိုက်၏။

"စိုက်ပျိုးရေးအကြောင်းကို အများကြီးသိနေတယ်ဆိုတော့ သူက အသက်၄၀ ၅၀ဝန်းကျင်လောက်ဖြစ်မှာပေါ့၊ ဟုတ်တယ်မလား၊ ဒါပေမဲ့ မင်းက ငါ့ကို ခန့်မှန်းခိုင်းနေတယ်ဆိုမှတော့ သူက အဲလောက်ထိ အသက်မကြီးလောက်သေးတာ ဖြစ်ရမယ်၊ သူက မိန်းမငယ်လေးတစ်ယောက်လဲ မဟုတ်နိုင်သလို အသက်၆၀ ဝန်းကျင် အဘွားကြီးတစ်ယောက်လဲ မဟုတ်နိုင်ဘူး၊ ဟုတ်တယ်မလား"

ချန်ကုန်းကုန်းသည် အပြုံးတစ်ခုဖြင့် မင်းကြီး၏ တွေးတောမျှော်မြင်မှုကို ချီးကျူးလိုက်လေသည်။ "မင်းကြီး ခန့်မှန်းတာမှန်ပါတယ် မင်ကြီး၊ သူက အသက်၂၀တောင် မပြည့်သေးဘူးလို့ ကျွန်တော်မျိုးက ပြောလိုက်တော့ အမတ်လီကတောင် တော်တော်လေး အံ့သြသွားတယ်လေ"

"အသက် ၂၀တောင် မပြည့်သေးဘူး ဟုတ်လား” မင်းကြီးမှာလဲ တအံ့တသြ ဖြစ်သွားတော့သည်။

"အမှန်ပါပဲ သူက ၁၈၊ ၁၉လောက်ပဲ ရှိပါဦးမယ်။ စိုက်ပျိုးရေးအကြောင်းကို ဒီလောက်အများအပြားကြီး သိနေတဲ့လူတစ်ယောက်က အဲဒီလောက်ငယ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ အဲဒီအပြင် စန်းမိန်းကလေးက ရှီကျိုးမှာ အင်မတန်မှ ကောင်းမွန်တဲ့နာမည်တစ်ခုလည်းရှိပါတယ်။ သူ့ရဲ့လွှမ်းမိုးမှုက သခင်မကျန့်ထက်တောင် ပိုပြီးတော့သာ လွန်နေသေးတယ်"

သူသည် ရှီကျိုးက စန်းလော့အကြောင်း လေ့လာခဲ့သမျှ အကြောင်းအရာကို ဆက်ပြီးမျှဝေလိုက်လေသည်။

"ဒေသခံတွေကတော့ သူ့ကို အမျိုးသမီးဗောဓိသတ်လို့ ခေါ်ကြတယ်လေ။ တောင်အတွင်းပိုင်းမှာ ခိုလှုံနေတဲ့နှစ်အတော်အတွင်းမှာ သာမန်အရွက်တစ်ခုကနေ နတ်သမီးတို ဖူးလုပ်နည်း၊ ဝဥကိုခွဲခြားနည်းတွေကို ရွာသားတွေကို သင်ပေးခဲ့တယ်။ အဲဒီနောက်မှာတော့ သူတို့တွေက ဝဥကို ပမာဏအများကြီး စိုက်ပျိုးခဲ့တယ်။ သူက ဝဥရဲ့ အဆိပ်တွေ ဖယ်ရှားနည်းကိုတောင် သင်ကြားပေးခဲ့ပြီး ဗိုက်ပြည့်ရုံစားလို့ရအောင်လည်း လုပ်ပေးခဲ့တယ်။ မရေမတွက်နိုင်တဲ့ အသက်တွေက သူ့ကြောင့် အသက်ရှင်ခဲ့ရတယ်"

သူက သရှင်းရွာက လူငယ်လေးများ၏ မှတ်သားလောက်သည့် အရည်အချင်း၊ သူတို့၏ တောင်ပေါ်တွင်နေထိုင်ကြသည့် မိတ်ဆွေများကို မည်သို့မည်ပုံကာကွယ်ပေးခဲ့သည့်အကြောင်း၊ တော်ဝင်ရုံးတော်၏ မူဝါဒများကို ကြားသိခဲ့ပြီးနောက်တွင် တောင်အတွင်းပိုင်းအနက်ထဲမှ လူများကို မည်သို့ ခေါ်ထုတ်ပေးခဲ့သည့်အကြောင်း ပြောပြလိုက်လေသည်။ မင်းကြီးမှာ ကြီးစွာသောစိတ်ဝင်စားမှုဖြင့် နားထောင်နေခဲ့မိ၏။

"စကားမစပ် စန်းအမျိုးသမီးရဲ့ခင်ပွန်းနဲ့ မတ်လေးတို့ ၂ယောက်စလုံးကလည်း ပြည်နယ်ကျောင်းတော်ရဲ့ ဝင်ခွင့်စာမေးပွဲကို အောင်မြင်ခဲ့ကြတယ်။ ကျွန်တော်မျိုး သရှင်းရွာကို သွားလည်တဲ့အချိန်တုန်းက သူတို့တွေက သချီရဲ့ ပြည်နယ်ကျောင်းတော်က ကျောင်းသားဝတ်စုံတွေကို ဝတ်ဆင်ထားတာ တွေ့ခဲ့ရတယ်"

မင်းကြီးမှာ ယခုတော့ နားလည်သွားတော့သည်။ စန်းလော့သည် စာရွက်လုပ်နည်းအကြောင်း စဉ်းစားလာခဲ့သည်မှာလည်း မဆန်းတော့ချေ။

သူသည် မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ပြီး မထင်မရှားအပြုံးတစ်ခုက သူ့နှုတ်ခမ်းပေါ်တွင် ပေါ်ထွက်လာသည်။ စန်းလော့သည် အသက်၂၀ မပြည့်သေးချေ။ သူမ၏မိသားစုတွင်လည်း ပညာသင်များရှိနေသည်။ ဒါသည် အင်မတန်မှကောင်းမွန်သည့် သတင်းတစ်ခုပင်။ သူ အခုလေးတင် လက်ခံရရှိခဲ့သည့် စာရွက်ပြုလုပ်သည့်နည်းလမ်းများထက်ပင် ပိုပြီးတော့ ကောင်းမွန်သည့် သတင်းဖြစ်လေသည်။ ဒီသတင်းက သချီမင်းကြီး၏နှလုံးသားကို နွေးထွေးသွားစေတော့သည်။

သူ့လက်ချောင်းဖျားများက တော်ဝင်စာရေးစားပွဲကို အသာအယာ ခေါက်နေမိ၏။ သူ့ရဲ့နိမ့်ကျတဲ့ ဇာတိကိုထောက်ချင့်မယ်ဆိုရင်တော့ သူ့ရဲ့အခြေခံက ခြွင်းချက်အနေနဲ့ ကောင်းမွန်နေမှာတော့ မဟုတ်လောက်ဘူး။ တကယ်လို့သူသာ မြို့တော်ကို ဝင်ခဲ့မယ်ဆိုရင်သူ့အတွက် ၃နှစ်လောက်တော့ အချိန်ကြာလိမ့်မယ်ထင်တယ်။ ဟုတ်တယ်မလား။ ကျွတ် ကျွတ်။

မင်းကြီးသည် စန်းလော့၏မိသားစုက ထယ်သွားကို ပြန်လည်ပြုလုပ်ပေးခဲ့ပြီး စာရွက်ပြုလုပ်နည်းကို ဆက်သခဲ့သည့်အကြောင်း တအုံ့နွေးနွေး စဉ်းစားလိုက်ရင်းမှ ၃နှစ်တာက အလွန်မှ ကြာညောင်းလှသည်ဟု ခံစားလိုက်လေသည်။

သို့သော်ငြားလည်း မြို့တော်သို့ရောက်လာကြမည့် ကျောင်းတော်သား ပထမအသုတ်သည် အကြီးမားဆုံး စိန်ခေါ်မှုများကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ကာ အထင်ကရမိသားစုများ၏ အလွယ်တကူ ပစ်မှတ် ဖြစ်လာနိုင်သည်ကိုလည်း ကောင်းကောင်း သတိထားမိနေသည်။

အိမ်း။ ၃နှစ်ဆိုမှတော့လည်း ၃နှစ်ပေါ့လေ။ စန်းအမျိုးသမီးရဲ့မိသားစုက ပင်ကိုအားဖြင့် စိတ်နှလုံးကောင်းမွန်ကြပြီး ပြည်သူပြည်သားတွေရဲ့အကျိုးကို စိုးရိမ်ပူပန်ပေးတတ်တယ်။ ကျန့်စန်းလန်နဲ့ သူ့ရဲ့ဇနီးကိုလည်း နက်နက်ရှိုင်းရှိုင်း ယုံကြည်မှုရှိတယ်။ ထယ်သွားအသစ်၊ စက္ကူ ဒါမှမဟုတ် ရေအားသုံးရေဒလက်။ ဒီလိုတီထွင်မှုတွေရဲ့ ဘယ်တစ်ခုကမှ ရုံးတော်ကိုရောက်လာဖို့ မနှောင့်နှေးခဲ့ဘူး။

ဒီလိုတွေးမိသည်တွင် အပြုံးတစ်ခုသည် မင်းကြီး၏မျက်လုံးထဲတွင် ဖြစ်တည်လာပြီး သူ့စိတ်အခြေအနေကလည်း အင်မတန်မှ ကောင်းမွန်သွားတော့သည်။

လောင်လော့နဲ့ လောင်သောတို့အတွက်တော့ သူတို့တွေက အချိန်ဆွဲထားချင်တယ်ဆိုမှတော့လည်း ဖြည်းဖြည်းချင်း ဆွဲထားပါစေပေါ့။ သူကတော့ ဖွင့်ချလာမယ့် ဇာတ်လမ်းတွေကိုကြည့်ဖို့ ကျေနပ်ရောင့်ရဲနေပါပြီ။ ကိုယ်ပိုင်စက္ကူစက်ရုံကို တည်ထောင်နိုင်တဲ့ အစိုးရတစ်ရပ်က လတ်တလော စိတ်အနှောင့်အယှက်ဖြစ်စရာအားလုံးကို ရုတ်ချည်းဆိုသလို ပယ်ဖျက်ပေးလိုက်တာကိုများ လော့မိသားစုရဲ့ မြေခွေးအိုကြီးက သိသွားမယ်ဆိုရင် သူ့ရဲ့တုံ့ပြန်မှုကို စိတ်ကူးကြည့်လို့ရနိုင်တယ်။

ပီတိဖြစ်ဖို့ ကောင်းလေစွ။

...

နောက်တစ်နေ့မနက်ခင်းတွင် ညီလာခံအတွင်း ရှီကျိုး၏ ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်ဇီရွှမ်းသည် ရေအားသုံးရေဒလက်ကို ဆက်သပေးခဲ့သည့်အတွက် မင်းကြီး၏ဆုတော်ချီးမြှောက်ခြင်းကို ခံခဲ့ရသည်။ ဆုတော်မှာ ငွေသားနှင့် ပိတ်အုပ်များသာ ပါဝင်ပြီး အလွန်အကျွံများပြားနေသည် မဟုတ်သော်ငြားလည်း ကျန့်ဇီရွှမ်း၏ဇနီးဖြစ်သူ ဖန်သခင်မကိုတော့ ရုံးတော်တစ်ခုလုံး၏ရှေ့တွင် လက်ရှိဘုရင်မင်းမြတ်က အထူးပြုချီးကျူးစကား ပြောဆိုကာ တတိယအဆင့် မင်းသမီးဘွဲ့ကို အပ်နှင်းပေးခဲ့သည်။

တတိယအဆင့်မင်းသမီးဘွဲ့။

သချီသည် ပြန်လည်စုစည်းထားသည်မှာ သိပ်မကြာသေးသည့်အပြင် အရာရှိတော်တော်များများကလည်း သူတို့၏ဇနီးများ၊ မိခင်များအတွက် ဘွဲ့ထူး၊ဂုဏ်ထူးများကို တောင်းဆိုပေးရန် သူတို့၏တာဝန်များဖြင့် အလုပ်များပြားနေကြသော်လည်း လျှောက်ထားခဲ့သည့် သူများကပင် ထောက်ခံချက်ကို စောင့်ဆိုင်းနေရသေးသည်။ တတိယအဆင့်မဆိုထားနှင့် ရုံးတော်တွင် တတိယအဆင့်အမတ် ဘယ်နှစ်ယောက်ရှိပါသနည်း။

ကျန့်ဇီရွှမ်း၏အဘိုးသည် မြို့တော်ကျောင်းတော်၏ အစောပိုင်းကျောင်းအုပ်ဟောင်းဖြစ်ခဲ့ပြီး တွဲဖက်တတိယအဆင့်ရာထူးကို ရရှိထားစဥ်တွင် ကျန့်ဇီရွှမ်းကိုယ်တိုင်ကလည်း အဆင့်၄အောက် ရာထူးဖြစ်လေသည်။ သို့သော်ငြား ဖန်အမျိုးသမီးက ကျန့်ဇီရွှမ်း၏အဘိုးဖြစ်သူထက် အဆင့်တစ်ဆင့်ပိုမြင့်သည့် တတိယအဆင့် မင်းသမီးဘွဲ့ကို အပ်နှင်းခံခဲ့ရသည်။

ဒီနေ့ကစပြီး သချီ၏အထက်တန်းစားမိသားစုက အမျိုးသမီးအများအပြားသည် ဖန်သခင်မကို အတုယူရပေလိမ့်မည်။ အရာရှိများသည် သူတို့၏ရုံးတော်လျှောက်တင်လွှာ ကမ္ဗည်းတိုင်များကို ကိုင်ဆောင်ထားကြပြီး တစ်ယောက်ချင်းစီက အတွေးနစ်နေသည့်ဟန်တူကာ စိတ်အတွင်းပိုင်းထဲတွင်တော့ မင်းကြီး၏ပါးနပ်လှသည့် ရွှေ့ကွက်များကို ချီးကျူးထောပနာ ပြုနေကြသည်။

နောက်ခံမိသားစုအသင့်အတင့် ရှိကြသည့်သူများကတော့ သူတို့မိသားစု၏ချမ်းသာကြွယ်ဝမှုအတွက် စိုးရိမ်ပူပန်မှုများ ဖြစ်သွားကြပြီး ကျက်သရေရှိကာ တင့်တယ်လှသည့် အကျိုးဆောင်မှုတစ်ခုကို မည်သို့တင်ပြရပါမည့်အကြောင်း နည်းလမ်းများကို ရှာဖွေနေကြသည်။ ပိုပြီးအခြေခိုင်မာသည့်မိသားစုများကတော့ သိပ်ပြီးဂရုမစိုက်ကာ ဖန်သခင်မ၏ဦးဆောင်မှုနောက်သို့ လိုက်လျှင်ပင် သိသာထင်ရှားသည့် အကျိုးအမြတ်များကို ရလိမ့်မည်မဟုတ်မှန်း သူတို့ကသိထားလေသည်။ သို့တိုင် သူတို့၏ဂုဏ်သတင်းကို ထောက်ထားပြီး အထက်တန်းစားအမျိုးသမီးများကလည်း တစ်ဖက်လူ၏ အသာတော့မခံနိုင်ချေ။ ဒီမိသားစုများသည် မင်းကြီးကို ရိက္ခာများထောက်ပံ့ပေးကာ ရန်ပုံငွေများ ဆက်သနေကြဖြစ်သည်။ ယခုတော့ ဒါသည် လုံးဝကိုခြားနားသည့် ထောက်ပံ့မှုပုံစံတစ်မျိုး သပ်သပ်သာဖြစ်သည်။ သူတို့၏ဂုဏ်သိက္ခာများက ပြည်သူများကို တိုက်ရိုက်ကူညီပေးခြင်းဖြင့် ထိခိုက်လိမ့်မည်မဟုတ်ဘဲ ဒါကသူတို့၏ လူထုအမြင်ကိုပင် ပိုပြီးမြှင့်တင်ပေးနိုင်လေသည်။ ဒါကအကျိုးရှိသည့် အပေးယူတစ်ခုဖြစ်ပေသည်။

အထက်တန်းစားမျိုးနွယ်စုများ၏ အာရုံကို အမှန်တကယ် ဆွဲဆောင်ခဲ့သည့်အရာကတော့ ကျန့်စန်းလန်၏လုပ်ရပ်နှင့် အထူးသဖြင့် ဖန်သခင်မ၏ လုပ်ဆောင်ချက်များသာ ဖြစ်လေသည်။ ဒီလိုပညာကောင်းကောင်းတတ်သည့် သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားသည်တွင် သားဖြစ်သူများအတွက် သတို့သမီးတစ်ယောက်ကို ရှာဖွေပေးနေသည့် မည်သည့်မိသားစုမဆို ဖန်မိသားစုကို အရင်ဆုံး ထည့်သွင်းစဉ်းစားထားပေတော့မည်။

...

ကျန့်ဇီရွှမ်း၏ မြို့တော်သို့ပြန်ရောက်လာခြင်းနှင့် ရေအားသုံးရေဒလက်ကို ဆက်သပေးခြင်းနှင့်အတူ ဖန်သခင်မကို ဂုဏ်ပြုပေးသည်ကိစ္စက ရုံးတော်အမတ်ဟောင်းများ၏ အာရုံစိုက်မှုကို လက်ဝါးကြီးအုပ်ထားနိုင်ခဲ့ပြီး သခင်ကြီးကျန့်၏ စိတ်ဝင်စားမှုထက်ပင် သာလွန်သွားလေသည်။

၂လကျော် ကြာမြင့်ခဲ့ပြီးနောက်တွင်တော့ တော်ဝင်ရုံးတော်သည် ကိုယ်ပိုင်စက္ကူစက်ရုံကို တည်ထောင်ခဲ့လေသည်။ စက္ကူလုပ်သည့်နည်းပညာက မည်သည့်နေရာက အစပြုခဲ့သည်ကိုတော့ ဘယ်သူမှ မသိချေ။ မင်းကြီးက နန်းတော်ထဲက မိန်းမစိုးများကို တော်ဝင်စာကြည့်တိုက်ထဲက စာအုပ်အများအပြားကို ရှာဖွေကြရန် ညွှန်ကြားခဲ့သည်။ စက္ကူလုပ်နည်းကို ထိုစာအုပ်များထဲက ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်မည်ဟု တချို့ကတော့ ခန့်မှန်းကြသည်။

ဟုတ်ပါသည်။ ထိုအရာအားလုံးက မှန်းဆချက်သပ်သပ်သာ ဖြစ်သည်။ တော်ဝင်စာမေးပွဲနှင့်ပတ်သက်ပြီး ရည်ရွယ်ချက်များထားရှိသည့် အထက်တန်းစားမိသားစုကတော့ နောင်တရသည့် ခံစားချက်တစ်ခု ဖြစ်တည်သွား၏။ သို့သော်ငြားလည်း ဒါသည် စိတ်ပျက်မှုသပ်သပ်သာ ဖြစ်လေသည်။ မင်းကြီးသည် ပျော့ပျောင်းသည့် ကိုယ်အမူအကျင့် ရှိသော်ငြားလည်း သနားညှာတာမှုက စစ်တပ်တစ်ခုကို အုပ်စိုးနိုင်မည်မဟုတ်ဟု ပြောကြသည်။ သူ၏မူလကကြင်နာသနားတတ်မှုသည် သချီကို ကြီးမားကျယ်ပြန့်သည့် နယ်ပယ်တစ်ခုအဖြစ် အောင်မြင်ဖို့ရန် အင်အားကြီးမားသည့် စစ်ဘုရင်ဒါဇင်ကျော်ကို အောင်နိုင်ဖို့ရန် မတားမြစ်နိုင်ခဲ့ချေ။

သူတို့၏အကျိုးအမြတ်များ အန္တရာယ်ရှိလာချိန်တွင် သူတို့သည် မင်းကြီးကိုထောက်ပံ့ဖို့ရန် မရွေးချယ်ခဲ့သည့်အပြင် သူ့ကို တိုးတိုးတိတ်တိတ်ပင် ဆန့်ကျင်ခဲ့ကြသေးသည်။ သို့သော်ငြားလည်း မင်းကြီးကို ထောက်ခံပေးထားသည့် အထက်တန်းစားမိသားစု အများအပြားရှိနေသေးသဖြင့် ဘယ်သူကမှ တော်ဝင်အာဏာကို စိန်ခေါ်ရလောက်သည်အထိ မရူးမိုက်ရဲခဲ့ကြချေ။ နောက်ဆုံး သူတို့အားလုံးသည် မင်းဆက်အသစ်တွင် အကျိုးအမြတ်များရခဲ့သည်ဖြစ်ရာ လော့မျိုးနွယ်နှင့် သောမျိုးနွယ်တို့လို ရာထူးတူများ မဟုတ်ကြချေ။

ထိုအကြောင်းကိုပြောလိုက်လျှင် အမှန်တကယ် သတိလက်လွတ် ဖြစ်ခဲ့ကြသည့်သူများက လော့မျိုးနွယ်နှင့် သောမျိုးနွယ်များသာ ဖြစ်ဟန်တူသည်။ သူတို့သည် စာရွက်လုပ်သည့်နည်းပညာကို လက်ဝါးကြီးအုပ်ထားခဲ့ပြီး ဒါကိုအသုံးချကာ မင်းကြီးနှင့်ပင် ညှိနှိုင်းဆွေးနွေးခဲ့သေးသည်။ သို့သော်ငြားလည်း မည်သူက သူတို့ကို ဂရုစိုက်ပါတော့မည်နည်း။

ရုံးတော်တစ်ခုလုံးတွင် လီယွိတစ်ယောက်ကသာ စာရွက်လုပ်သည့်နည်းပညာက ကျန့်စန်းလန်က မြို့တော်သို့ ခရီးထွက်မည့်အကြောင်း ပြောခဲ့သည့်ကိစ္စနှင့် ပတ်သက်နေလိမ့်မည်ဟု သံသယဖြစ်လေသည်။ လီယွိ၏ အကြံပေးချက်ပြုခဲ့ပြီးနောက်တွင် မင်းကြီးသည် ထိုအကြောင်းကို ဘယ်တော့မှ ထပ်မပြောခဲ့တော့သလို အချိန်အခါကလည်း အလွန်မှတိုက်ဆိုင်လွန်းနေသည်။

လီယွိမှာ မနေနိုင်တော့ဘဲ တဟင်းဟင်းရယ်မောရတော့သည်။

ကျန့်ဇီရွှမ်း တကယ့်ကိုတော်တာပဲ။

သို့သော်ငြားလည်း ထိုသို့ထက်မြက်လှသည့် လှုပ်ရှားမှုကို သူ့စိတ်ထဲတွင်သာ ချီးကျူးစကားပြောနိုင်လေသည်။ သူနှင့်မင်းကြီးတို့က လော့မိသားစုနှင့် သောမိသားစုထံမှ သည်းခံခဲ့ရသည့် အမျက်ဒေါသများကို ဖွင့်ချခဲ့ခြင်းကလွဲလျှင် ကျောင်းများကိုတည်ဆောက်ခြင်း၊ တော်ဝင်စာမေးပွဲများကို အဆက်မပြတ်ပြုလုပ်ခြင်းများကတော့ ချောချောမွေ့မွေ့ ဆက်ပြီးဖြစ်နေသည်။ စာရွက်ပြုလုပ်ခြင်းမှ ရရှိသည့်အကျိုးအမြတ်များကလည်း နိုင်ငံ၏ဘဏ္ဍာတိုက်ကို အနည်းငယ် ပြန်ပြီးပေါများကြွယ်ဝလာစေတော့သည်။ လီယွိသည် သူ့ပုခုံးပေါ်က အလေးတုံးကြီးတစ်ခု ဖယ်ရှားခံလိုက်ရသလို ခံစားလေရတော့သည်။

...

အပိုင်း (၂၄၈) အိမ်သစ်တက်ပွဲ

လော့နှင့် သော့မျိုးနွယ်တို့သည် အမှန်ပင် လန့်ဖြတ်သွားကြပြီး သူတို့၏မျက်နှာများမှာ သွေးဆုတ်ဖြူရော်သွားကြ၏။ - လော့မိသားစု သခင်ကြီးမှာ အခိုက်တန့် မှင်သက်အံ့ဩသွားပြီး သူ့နှုတ်ခမ်းများက တုန်ယင်နေသော်လည်း ‘လော့မိသားစုတော့ သွားပါပြီ’ ဟုပင် မပြောနိုင်တော့ချေ။ ထို့အစား သူသည် ပါးစပ်အပြည့် သွေးဟောင်းများကို အန်ထုတ်လိုက်ပြီး တောင့်တင်းလျက် နောက်ပြန်လဲကျသွားတော့သည်။

နောက်ဖြစ်လာမည့် အုံကြွမှုများကတော့ ပြောနေရန်ပင် မလိုတော့ချေ။

...

အစိုးရ၏ လုပ်ကိုင်ပုံများဖြစ်စေ၊ လော့နှင့် သော့မိသားစုတို့၏ တုန့်ပြန်ပုံများဖြစ်စေ စန်းလော့ကတော့ ထိုအကြောင်းကို သိရန် အလားအလာမရှိချေ။ ၅လပိုင်းအကုန်တွင် ‌ဒေသခံရွာသားများ အကူအညီဖြင့် ရှန်းမိသားစု ဆောက်လုပ်ထားသည့် ၃ဧကနီးပါးရှိသည့် အိမ်ရာဝန်းကို သုံးလတာ ဆောက်လုပ်ခဲ့ပြီးနောက် နောက်ဆုံးတော့ အပြီးသတ်နိုင်ခဲ့သည်။ တော်ဝင်အမိန့်တော်က ကဗျည်းတိုင်ဇရပ်ကို အိမ်အပြင်ဘက်တွင် အာဏာပိုင်များက ဆောက်လုပ်ပေးခဲ့ပြီး အိမ်အရှေ့ဘက် လွတ်နေသည့်မြေကွက်တစ်ချို့ အမှန်ပင် လိုကာ နောက်ထပ် နေရာတစ်ခု ပေးရသည်။ စုစုပေါင်း မြေဧရိယာက ၃ဧကကျော်သွားသည်။

သချီတွင် ၁ဧကကို ၅၀၀မီတာ ပတ်လည်ရှိသည်။ ထို့ကြောင့် ဇရပ်ဆောင်နှင့် အိမ်ရှေ့က မြေနေရာလွတ်အပါအဝင် ရှန်းမိသားစု၏ အိမ်ရာသည် မီတာ ၁၆,၀၀-၁၇,၀၀ ပတ်လည်ခန့်ရှိသည်။ ဟုတ်ပါသည်။ နေထိုင်သည့်အဆောင်များ ကိုယ်၌ကိုတော့ တခမ်းတနားကြီး မလုပ်ထားချေ။ အဓိကအားဖြင့် ပင်မအိမ်တော်နှင့် အရံဆောင် ၂ဆောင်ရှိပြီး နေရာအများစုကိုတော့ ခြံဝင်းများက နေရာယူထားကာ အထူးသဖြင့် အနောက်ဘက်ခြံဝင်နှင့် အဆောင်အအုံးတန်းလျားများ ကြောင့်ဖြစ်သည်။

မိသားစုအရွယ်အစား အသင့်တင့်သာရှိသည့် ရှန်းမိသားစု သည်လောက်ကြီးမားသည့် အိမ်တစ်လုံးကို ဆောက်ရသည့်အကြောင်းအရင်းကို အပြင်လူများက နားမလည်နိုင်ကြသည့်တိုင် သရှင်းရွာကလူများကတော့ အတိုင်းအတာတစ်ခု နားလည်လေသည်။ စန်းလော့က အရောင်းအဝယ် လုပ်ငန်းအမျိုးမျိုးတွင် အရည်အချင်းရှိပြီး အထူးသဖြင့် မြို့ထဲ ဆိုင်တစ်ဆိုင်ကို ဝယ်ခဲ့သည်ဟု ကြားခဲ့ပြီးနောက်တွင် သူမက အနာဂတ် စီးပွားရေးလုပ်ငန်းများအတွက် ပြင်ဆင်နေသည်ကို သိကြသည်။

သို့သော်လည်း စန်းလော့သည် အုတ်နှင့် အုတ်ကြွပ်အိမ်တစ်လုံး ဆောက်ရာတွင် ကုန်ကျစားရိတ်ကို လျှော့တွက်ခဲ့မိသည်။ မြေနှင့် လုပ်အားက အလကားရသော်လည်း အုတ်နှင့် အုတ်ကြွပ်များလို အရည်အသွေးမြင့်သည့် ပစ္စည်းများကို သုံးခြင်းက များပြားသည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုကို လိုအပ်သေးသည်။ ခြံဝင်းက မြေသားခင်း ခြံဝင်းတစ်ခု ဖြစ်သည့်တိုင် ပစ္စည်းများ၏ ကုန်ကျစားရိတ်တစ်ခုတည်းက သူမ အစောပိုင်း ခန့်မှန်းထားသည်ထက် အများကြီး ပိုနေလေသည်။

အုတ်နှင့် ကျောက်များက ဈေးမသက်သာပေ။ သည်ခေတ်တွင် ဘိလပ်မြေမရှိသဖြင့် အိမ်များကို ကောက်ညှင်းရည်နှင့် ကြက်ဥအကာဖြင့် လုပ်ထားသည့် ကော်တစ်မျိုးကို သုံးကာ တွဲကပ်ရသဖြင့် ဈေးနှုန်းက မြင့်တက်သွားသည်။ သူမ၏ကိုယ်ပိုင် စုဆောင်းငွေ လျန်၂၀ကျော်နှင့် ဆိုင်ဝယ်ရာတွင် သုံးခဲ့သည့် ၁၂၀လျန်အပါအဝင် မင်းကြီး ဆုတော်ငွေရှိနေသဖြင့် စန်းလော့သည် လျန်၈၀က အိမ်ဆောက်ခြင်းနှင့် အခြေခံပရိဘောများအတွက် လုံလောက်လိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။ လက်တွေ့တွင်တော့ သူမသည် အုတ်နှင့် ကျောက်များ ဝယ်ပြီး အိမ်ဆောက်ခြင်းနှင့် လာကူညီပေးကြသည့် ရွာသားများကို ထမင်းကျွေးခြင်းနှင့်ပင် လျန်၉၀ သုံးလိုက်ရသည်။

ဒါကလည်း စန်းလော့၏ ကျော်ကြားသည့် ဂုဏ်သတင်းကြောင့်သာ ဖြစ်နိုင်ခြင်းပင်။ အုတ်နှင့်ကျောက် ဆိုင်ပိုင်ရှင်သည် အုတ်များက ထယ်သွားအကွေး တီထွင်ပေးခဲ့ပြီး တော်ဝင်အမိန့်တော်တစ်ခု ချီးမြင့်ခံခဲ့ရသည့် သရှင်းရွားက အမျိုးသမီး၏အိမ်အတွက် ဖြစ်ကြောင်းသိလိုက်ရသဖြင့် သူက အများကြီး ဈေးလျှော့ပေးခဲ့သည်။ သို့မဟုတ်လျှင် ကုန်ကျစရိတ်မှာ လျန်၁၀၀ အလွယ်ကလေး ကျော်သွားနိုင်သည်။

သို့သော်လည်း သူမကတော့ မစိုးရိမ်ချေ။ ၄လပိုင်းကတည်း ခရမ်းရောင်ပဲရိုင်းများကို ရိတ်သိမ်းနိုင်ခဲ့ပြီး ကျောက်ညီအစ်ကိုများက ဝီရိယရှိကြသည်။ သူတို့သည် တောင်ပေါ်မြေ ဧက၄၀နှင် သစ်သီးခြံများတွင် အသီးအရွက်နှင့် ပဲပိစပ်များကို စိုက်ပျိုးခဲ့ပြီး အများက ခူးဆွတ်ရန် အသင့်ဖြစ်နေသည်။ အလုပ်သမားများကို အစားအသောက် ကျွေးရသည်ကလွဲလျှင် ပိုလျှံသည်များကို ရှန်းနဉ်၊ ရှန်းကျင့်၊ ချင်ဖန်းညန်နှင့် တခြားသူများက အရှေ့ဈေးတွင် ရောင်းချပေးကြသည်။ တနေ့လျှင် သူတို့သည် ဝမ် ၆၀-၇၀လောက် ရှာနိုင်ခဲ့သည်။ ထို့ကြောင့် အိမ်ဆောက် ပြီးသွားသည့်အချိန်တွင် စန်းလော့သည် သူမ၏လက်ထဲတွင် ၁၇လျန်လောက် ကျန်နေသေးသည်။

သူမက ဒါကို ပေါ့ပေါ့ပါးပါးသာ သဘောထားသည်။ ၁၇လျန်ရှိပြီး မိသားစုတွင် လူလေးယောက်သာရှိသည်။ ထိုအချိန်ကျလျှင် သူတို့သည် မရှိမဖြစ်လိုအပ်သည့် ပရိဘောဂများကို အရင်ဆုံးဝယ်နိုင်ပြီး နည်းနည်းပါးပါးပင် ကျန်လိမ့်ဦးမည်။ အိမ်ကို ဆောက်ပြီးသွားသည်နှင့် သူမတွင် ဆိုင်အတွက် စီစဉ်ရန် အချိန်ရလာလိမ့်မည်။ သူမက ငွေအတွက် ဘာကြောင့် ပူပင်ရပါမည်နည်း။

စန်းလော့မသိလိုက်သည်က ပရိဘောဂများအတွက် သူမမှာ တပြားတချပ်မှ မကုန်လိုက်ရခြင်းပင်။ သူမက ရှန်းလီနှင့် ရှန်းအန်းတို့ ပိတ်ရက်ရသည်အထိ ရက်အနည်းငယ် စောင့်လိုက်လိုက်မည်ဟုသာ စီစဉ်ထားလိုက်သည်။ သို့မှသာ မိသားစုတစ်ခုလုံး အတူတူ မြို့ထဲက ပရိဘောဂဆိုင်သို့ သွားနိုင်မည်။ သို့သော်လည်း ထို့မတိုင်ခင်မှာပင် ဖန်ဖေးညန်က ပရိဘောဂများကို လာပို့ပေးဖို့ လူလွှတ်ပေးခဲ့ပြီးဖြစ်နေသည်။

သံသယကို ရှောင်ရှားရန်အတွက် စန်းလော့သည် စက္ကူလုပ်နည်းကို ဖန်ဖေးညန်အား တိုးတိုးတိတ်တိတ် ပေးလိုက်ပြီးကတည်က သူတို့သည် သီးသန့် မတွေ့ဖြစ်ကြတော့ချေ။ သို့သော်လည်း ဖန်ဖေးညန်က မြို့တည်ဆောက်ရေးတွင် အကျိုးဆောင်ပေးခဲ့ပြီး တတိယမင်းသမီးအဆင့် ဘွဲ့တံဆိပ်ကို ရခဲ့သည်မှာ ရှီကျိုးမြို့က အရာရှိအသိုင်းအဝိုင်းနှင့် အထင်ကရမိသားစုများထဲတွင်တော့ လျှို့ဝှက်ချက်တစ်ခု မဟုတ်ချေ။ သည်လိုအောင်မြင်မှုမျိုးကို ကျန့်ဇီရွှမ်း တစ်ယောက်တည်းနှင့်တော့ ရနိုင်သည်မဟုတ်ပေ။ ထယ်သွားကို ဆက်သပေးခဲ့သည့်အကြောင်း ကြားလိုက်ပြီးနောက် သရှင်းရွာသို့ တော်ဝင်အမိန့်တော် ဆောင်းကျဉ်းလာပေးခဲ့သည့် တော်ဝင်သံတမန်က မင်းကြီးကို လျှောက်တင်ခဲ့တာဖြစ်ရမည်။ ထယ်သွားအပြင် စန်းမိသားစုသည် အသိအမှတ်ပြုခံထိုင်ပြီး ဒါကလည်း ကျန့်ဇီရွှမ်း၏ နိုင်ငံရေးလုပ်ဆောင်ချက်များကို တွန်းအားဖြစ်စေခဲ့သည်။ ထိုကြောင့် ဖန်ဖေးညန်က ရှန်းမိသားစု အိမ်အသစ်သို့ ပြောင်းရွှေ့ချိန်တွင် ရှန်းမိသားစုကို ရက်ရောသည့်လက်ဆောင်တစ်ခုပေးသည်ကလည်း လုံးဝကို ပုံမှန်ဖြစ်လေသည်။

ဖန်ဖေးညန်တင်မကဘဲ ဝမ်မိသားစုနှင့် ချွေ့မိသားစုတို့လို မိသားစုများကပင် လက်ဆောင်များကို ပြင်ဆင်ထားခဲ့ပြီး ပစ္စည်းများကို ပို့ပေးရန် သင့်တော်သည့်အချိန်အခါကို စောင့်ဆိုင်းနေကြသည်။

ဖန်ဖေးညန်၏လုပ်ကိုင်ပုံများက လုံးဝကို သင့်တော်လှသည်။

စန်းလော့သည် ဖန်ဖေးညန်က အိမ်သစ်တက်ပွဲအတွက် လက်ဆောက်တစ်ခု ပို့ပေးလိုက်သည်ဟု ကြားလိုက်ရသောအခါ ပရိဘောဂများကို သယ်လာသည့် လူတန်းရှည်ကြီးတစ်ခုကို မြင်လိုက်ရသဖြင့် အံ့မိဆဲပင်။ “ဘာလို့ အများကြီး ပို့လိုက်တာလဲ”

ဖန်ဖေးညန်က ပြန်ဖြေလိုက်၏။ “ဒါကို အများကြီးလို့ ဘယ်လိုလုပ်ပြီး ပြောလို့ရမှာလဲ၊ ကျွန်မက ရှင့်မိသားစုဝင် အရေအတွက်ကို အခြေခံပြီး တွက်ချက်ပြီးမှ ပင်မအိမ်တော်၊ အရှေ့ဆောင်နဲ့ အနောက်ဆောင်တို့အတွက်ပဲ ပရိဘောဂတွေ ပြင်ဆင်ထားခဲ့တာ”

စန်းလော့က မငြင်းပယ်ရသေးခင်မှာပင် ဖန်ဖေးညန်က သူမ၏လက်ကို ကိုင်လိုက်ပြီး တီးတိုးပြောလိုက်၏။ “မငြင်းပါနဲ့လေ၊ ရေအားသုံးရေရဟတ်က မင်းကြီးဆီကနေ ဆုတော်တစ်ခု ရထားပါတယ်၊ ဒီတော့ ဒီအတွက် ကျွန်မကို နည်းနည်းလောက် သုံးခွင့်ပေးလိုက်၊ အရမ်းအာရုံစိုက်နေကြမှာ စိုးရိမ်နေလို့သာမဟုတ်ရင် ကျွန်မက ရှင့်အတွက် စန္ဒကူးအဝါကနေ လုပ်ထားတဲ့ ပစ္စည်းတောင် လာပို့ချင်သေးတာ”

ထိုစကားကြောင်း စန်းလော့မှ ခပ်တိုးတိုးရယ်မောမိလေသည်။ သို့သော်လည်း သူမက ထပ်ပြီး မငြင်းပယ်လိုက်တော့ချေ။ ထို့အစား သူမက ဖန်ဖေးညန်ကို ကျေးဇူးတင်စကား ပြောလိုက်၏။

သည်အချိန်တွင် စန်းလော့၏ကိုယ်ဝန်ကလည်း သိသာလာပြီ။ ဖန်သခင်မက သူမကို မတွေ့ရသည့် ၃လနီးပါး ရှိသွားပြီဖြစ်ကာ သူမကို ထပ်တွေ့ရသည့်အချိန်တွင် တော်တော်လေး အံ့ဩရသေးသည်။

“ရှင် ကိုယ်ဝန်ရှိနေတာလား၊ ၄-၅လဝန်းကျင်လောက် ရှိပြီထင်တယ်”

စန်းလော့က ပြုံးပြလိုက်ပြီး “ကျွန်မ ၁လပိုင်းတုန်းက သတင်းကောင်းရခဲ့တာလေ၊ ဒါကြောင့် အခုဆိုရင် ကိုယ်ဝန်က ၆လပြည့်တော့မယ်၊ ကျွန်မက ဝမလာတော့ ကျွန်မရဲ့ဗိုက်ကလည်း အရမ်းကြီးတဲ့ပုံမပေါ်ဘူး”

သူမ၏ဗိုက်ထဲက ကလေး၏တက်ကြွသည့် လှုပ်ရှားမှုကြောင့်သာမဟုတ်လျှင် ရှန်းလီသည် သူတို့၏အိမ်အသစ်ကို ဆောက်လုပ်ရာတွင် ကြီးကြပ်ပေးရသဖြင့် စိတ်ဖိစီးမှုက သူမကို ထိခိုက်သွားတာဖြစ်မည်ဟု စိုးရိမ်နေလိမ့်ဦးမည်။ သူက ၅လပိုင်းကတည်း သူမ၏အဟာရအတွက် ကြက်သုံးကောင်ကို ပြုတ်ပေးခဲ့ပြီး သူမကလည်း ဆိတ်နို့ကို ပုံမှန် သောက်လာခဲ့သည်။

ဖန်ဖေးညန်ကလည်း စန်းလော့ ကိုယ်ဝန်ရှိနေသည်ကို တွေ့လိုက်ရသည့်အတွက် တော်တော်လေး ဝမ်းသာလေသည်။ သူမသည် စန်းလော့နှင့် အလွန်မှ သင့်မြတ်ပြီး ထူးခြားသည့် ကိစ္စတစ်ခုကို အတူတူ ဝေမျှခဲ့သည်။ သူတို့သည် အစဉ်အလားကြောင့် တွေ့ဆုံဖို့ရန် ရှောင်ကျဉ်ခဲ့ကြသော်လည်း စိတ်ခံစားချက်များကတော့ ရင်းနှီးနေဆဲ။ ဖန်သခင်မတွင် သူမ၏ကလေးရှိသော်လည်း အနားတွင် ရှိနေခြင်းတော့မဟုတ်။ သူမ၏မျက်လုံးများက သူမ၏အတွေ့အကြုံများကို ဝေမျှရင်း တလက်လက် တောက်ပလို့နေသည်။

“အရမ်းဝ,မလာတာ ကောင်းပါတယ်၊ ဒါက ကလေးမွေးရတာ ပိုလွယ်တယ်လေ၊ ပြီးတော့ ပြန်အားပြည့်ဖို့လည်း မြန်တယ်၊ ကိုယ်ဝန်ရှိနေတုန်း အလွန်အကျွံစားပေးဖို့လိုတယ်လို့ မတွေးပါနဲ့၊ ပုံမှန်အစားအသောက်ဆိုရင် လုံလောက်ပါတယ်၊ တကယ်လို့ အရမ်းဝလာတယ်ဆိုရင် နောက်ပိုင်းကျရင် ပိုပြီး ဂရုစိုက်ရလိမ့်မယ်၊ မဟုတ်ရင် ရှင် ဒုက္ခများလာလိမ့်မယ်၊ ကျွန်မမှာ ဒီကိစ္စတွေကို ကျွမ်းကျင်သည့် အတွေ့အကြုံရင့် နို့ထိန်းမားမားတစ်ယောက် ရှိတယ်၊ ရှင့်ကိုယ် နောက်ဆုံး၂လကျရင် သူ့ကို ခဏခဏ လာကြည့်ပေးဖို့ ပြောထားလိုက်မယ်”

“သူက ကလေးမွေးတဲ့နေရာမှာ ကျွမ်းကျင်လား” စန်းလော့က အလိုလိုတုန့်ပြန်မိကာ မေးလိုက်၏။ ရှေးခေတ်အခါတွင် ကလေးမွေးရာတွင် ကူညီပေမည့် သမားတော်များ မရှိချေ။ စန်းလော့က စိုးရိမ်သည်မှာလည်း သဘာဝကျသည်။

ဖန်သခင်မ၏မျက်လုံးများက သိမ်မွေ့သည့်အပြုံးတစ်ခုကို ဆောင်ထား၏။ “ဟုတ်တယ်၊ သူက ကျွန်မရဲ့သား ဟန်အာကို မွေးပေးခဲ့တာလေ၊ ရှင် သူ့ကို ယုံတယ်ဆိုရင် အဲဒီအချိန်မှာ ရှင်နဲ့အတူနေပေးဖို့ ကျွန်မ သူ့ကို ပြောထားလိုက်ပါ့မယ်”

“ဒါဆိုရင် ပြီးပြည့်စုံသွားတာပေါ့၊ ကျွန်မ ရှင့်ကို ဘယ်လိုလုပ်ပြီး မယုံဘဲ နေပါ့မလဲ” စန်းလော့သည် အလွန်ဝမ်းသာသွားပြီး သခင်ဖန်၏လက်ကို ဆုပ်ကိုင်ထားလိုက်၏။ “အမှန်အတိုင်းပြောရရင် ကျွန်မ နည်းနည်းလေး စိတ်ပူနေမိတာ”

စကားနည်းနည်းပါးပါး ပြောလိုက်ပြီးနောက်တွင် သူတို့သည် တံခါးပေါက်မှ ‌ဘေးဖယ်ပေးလိုက်ကြ၏။ စန်းလော့၏အခြေအနေနှင့် ပရိဘောဂများကို ရွှေ့ပြောင်းရာမှ သူမကို မတော်တဆ တိုက်မိမည်စိုးသဖြင့် သူတို့သည် ဘယ်ပရိဘောဂပစ္စည်းက ပင်မဆောင်သို့ ပို့မည်။ ဘယ်ဟာကိုတော့ အရှေ့ဘက်နှင့် အနောက်ဘက်ဆောင်များသို့ ပို့မည်ကို ဆုံးဖြတ်လိုက်ကြသည်။ ထို့နောက်တွင် စန်းလော့သည် လက်မှုပညာရှင်များကို ကြီးကြပ်ပေးမည့်တာဝန်ကို ရှန်းနှဉ်အား လွှဲပြောင်းပေးလိုက်ပြီး သူမကတော့ အနားယူရန်အတွင် ဖန်သခင်မနှင့်အတူ ဇရပ်ထဲတွင် ဝင်ထိုင်လိုက်ကြသည်။

ကျယ်ဝန်းလှသည့်သရှင်းရွာကို ကြည့်ရင်း သူတို့သည် မြောက်မြားလှစွာသော ပန်းခင်းကြီးများကို မြင်နေရသည်။ ဖန်သခင်သည် ရောက်လာကတည်းက ထိုပန်းခင်းများကို စိတ်ဝင်စားနေခ့သည်။ သူမသည် ခရမ်းရောင်ပဲရိုင်းပင်များကို မမှတ်မိသော်လည်း လယ်ကွင်းများထဲက မြက်ရိုင်းပင်များလို ကျေးလက်ဒေသများတွင်ရှိသည့် ဆင်တူသည့် ပန်းများကိုတော့ မှတ်မိနေသည်။ ဒါသည် ထိုပန်းများအကြောင်းကို စန်းလော့အားမေးရန် အခွင့်ကောင်းတစ်ခုပင်။

“ခရမ်းရောင်ပဲရိုင်းပင်ခင်းပါ” ဖန်ဖေးညန်ကို စိုက်ပျိုးရသည့် ရည်ရွယ်ချက်ကို ရှင်းပြရင်း သူမက ဆက်ပြောလိုက်၏။ “ဒါက အချိန်မီ မစိုက်ပျိုးနိုင်ခဲ့တဲ့ မင်းကြီး ချီးမြင့်ထားတဲ့ စိုက်ပျိုးမြေ ဧက၁၀၀ထဲက ဧက၇၀အတွက် စီးပွားရေးအရ အကျိုးရှိပြီး သင့်တော်တယ်၊ ဒီလိုဆိုရင် ကျွန်မဆိုင်ကို ဖွင့်တဲ့အချိန်ကျရင် ပျားရည်တွေ ပြတ်လပ်တော့မှာ မဟုတ်ဘူးလေ”

အမှန်တွင်တော့ စန်းလော့တစ်ယောက်သာ ခရမ်းရောင်ပဲပန်းများကို စိုက်ပျိုးသည်မဟုတ်ချေ။ ချန်းသရှန်က အရည်အချင်းရှိကြသည့် ရွာသားအများအပြားကို တောင်အတွင်းထဲသို့ ဦးဆောင်ပြီး ခေါ်သွားခဲ့သဖြင့် သရှင်းရွာက အိမ်ထောင်စုတစ်ခုစီသည် သိသိသာသာ များပြားလှသည့် တောင်ပေါ်မြေကွက်များကို ရရှိခဲ့ကြသည်။ စန်းလော့က ကိုယ်ဝန်ရှိနေပြီး သူမ၏အိမ်ဆောက်လုပ်ရေးက ရွာသားများ၏ အကူအညီကို အပြည့်အဝ အားကိုးနေရသည်။ နေ့တိုင်း အိမ်ထောင်စုအသီးသီးက အမျိုးသမီးကြီးများနှင့် ယောက်ျားကြီးများက အဖွဲ့ဖွဲ့ကာ တလှည့်စီ ကူညီပေးခဲ့ကြပြီး သည်နှစ်များတွင် အပြန်အလှန် ထောက်ပံ့ပေးသည့် မြင်ကွင်းတစ်ခု မွေးဖွားလာခဲ့သည်။ ထို့ကြောင့် စန်းလော့က ရွာထဲမှာ သူမနှင့်ရင်းနှီး မိတ်ဆွေများကို ပျားမွေးမြူရေးနည်းလမ်းကို မဖုံးကွယ်ထားခဲ့ချေ။ ရလာဒ်အနေဖြင့် မိသားစုတိုင်းက လုံလောက်သည့်ပမာဏတစ်ခုကို စိုက်ပျိုးကြသည်။ ဒါသည် ဖန်ဖေးညန် သရှင်းရွာသို့ ဝင်လာချိန်တွင် ကိုယ်တိုင်တွေ့လိုက်ရသည့် မြင်ကွင်းပင်။

ဖန်ဖေးညန်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးတွင် စန်းလော့၏ နည်းလမ်းများက စိတ်ဝင်စားဖို့ကောင်းသည်ဟု မြင်သည်။ သို့သော်လည်း သူမက သူမ၏အတိုင်းအတာကို သိပြီး သည်လိုအကျိုးအမြတ်ရှိသည့် နည်းလမ်းများကို မတူးခဲ့သလို ထိုနည်းလမ်းများကို တခြားသူများအား ဝေမျှပေးဖို့ စန်းလော့ကိုလည်း မတိုက်တွန်းခဲ့ချေ။ ထို့အစား သူမက ရယ်မောကာ ပြောလိုက်၏။ “ရှင့်သဘာဝနဲ့ဆိုရင် သရှင်းရွာက ရှင့်ခေါင်းဆောင်မှုအောင် ပေါများကြွယ်ဝလာဖို့ အချိန်တစ်ခုပဲ လိုတာပါ”

လက်ဆောင်များ အများအပြားယူလာသော်လည်း ဖန်ဖေးညန်၏ အခြွေအရံများကလည်း များပြားသည့်အပြင် စန်းလော့နှင့် သူမ၏မိတ်ဆွေများကလည်း တောင်ဘက်ခြမ်းက အစောပိုင်း လွတ်နေသည့်အခန်းများကို နေရာချထားခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် ပရိဘောဂများကို နေရာချထားခြင်းက မြန်ဆန်သည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ခ့ပြီး တစ်နာရီထပ်ပိုပြီး အချိန်ပေးလိုက်ရချေ။

၆လပိုင်း ၁၀ရက်နေ့တွင် အိမ်သစ်တက်ခြင်း ညစာစားပွဲအကြောင်း ဖန်ဖေးညန်ကို အသိပေးလိုက်ပြီး စန်းလော့က ဆက်လုပ်မည့် စားသောက်ပွဲကို ဖိတ်ခေါ်လိုက်သည်။ သို့သော်လည်း ဖန်ဖေးညန်က သူမ၏တည်ရှိမှုက တခြားသူများကို အနေကြပ်စေမည်စိုးသဖြင့် ယဉ်ယဉ်ကျေးကျေးဖြင့်သာ ငြင်းပယ်လိုက်သည်။ ထို့နောက်တွင် သူမက ဖြည်းဖြည်းချင်းလုပ်ကာ ပိုပြီး အနားယူဖို့ စန်းလော့ကို အကြံပေးလိုက်ပြီးနောက် နှုတ်ဆက်ကာ သူမ၏အဖွဲ့ကို ဦးဆောင်ပြီး အိမ်ပြန်သွားခဲ့သည်။

ဖန်ဖေးညန် ပြန်သွားသည့်အချိန်ကျမှ တခြားရွာသားများက စုဝေးလာရဲကြပြီး အိမ်အသစ်လေးကို ကြည့်ရှုကြတော့သည်။ ပင်မအိမ်ဆောင်၊ အရှေ့ဆောင်နှင့် အနောက်ဆောင်များကို လှည့်ပတ်ကြည့်ရှုလိုက်ကြပြီးနောက် သူတို့၏အားကျစိတ်များက ထင်ရှားနေသည်။

ထိုးထွင်းသိမြင်တတ်သည့်အမြင်ကြောင့် နာမည်ကြီးသည့် ဝေ့လင်းကျန်သည် အိမ်ပြန်လာပြီး သူမ၏ယောက္ခမအား အကြောင်းအရာများကို ပြန်ပြောပြလိုက်၏။ “အုပ်ချုပ်ရေးမှူးကတော် ဒီနေ့လာပို့သွားတဲ့ ပရိဘောဂတွေကလည်း စန်းလော့ သူ့အိမ်ဆောက်တုန်းက ကုန်ကျစားရိတ်ထက်တောင် ပိုများလောက်တယ်”

အဘွားရွှီက မအံ့ဩချေ။ “အဲဒီ ‘မှတ်တမ်းချုပ်စာအုပ်’ရဲ့ ကောက်နှုတ်ချက် စာအုပ်သေတ္တာထက် ပိုပြီး အဖိုးတန်နိုင်မှာမလို့လား၊ အဲဒါက မိသားစုရတနာလေ၊ မျိုးနွယ်စုတွေထဲမှာပဲ သင်ကြားပေးပြီး အပြင်ဘက်ကို ဘယ်တော့မှ မပေါက်ကြားခဲ့ဖူးဘူး၊ ငါ့အမြင်မှာတော့ သရှင်းရွာက အိမ်ထောင်စုတစ်ချို့နဲ့ ငါတို့မိသားစုက တကယ့်ကို ကံကောင်းတာပါ၊ ယွင်ကျန့်က အကျိုးကျေးဇူး အများကြီး ရခဲ့တယ်လေ”

...

ထိုနေ့ နေ့လည်ခင်းတွင် ချန်းသရှန်နှင့် သူ့အဖွဲ့တို့သည် အသက်၃၀အရွယ် ယောက်ျားတစ်ယောက်ကို အဖော်ပြုကာ ပြန်လာခဲ့ကြသည်။ စန်းလော့နှင့် ကျိုးကဲတို့က အတူတူထိုင်ရင်း သူတို့၏မမွေးလာသေးသည့် ကလေးများတွင် အဝတ်အစားများ ချုပ်ပေးနေကြစဉ် အခုလေးတင်မှ ပြန်ရောက်လာသည့် ချန်းသရှန်က သူတို့သည် ရှီအာ့လန်မိန်းမ၏ မိသားစုများကို ရှာတွေ့ခဲ့ကြောင်း ကြေညာလိုက်သည်ကို ကြားလိုက်ရ၏။

“သူတို့တွေက သေချာပုန်းခိုတတ်ကြတာပဲ၊ မျိုးနွယ်တစ်ခုလုံးက ဂူအကြီးကြီးထဲမှာ နေကြတာ၊ ယွင်တောင်ကြားလိုတောင် သီးခြားဂူလေးတွေမဟုတ်ဘူး၊ ဒါပေမဲ့ တောင်အတွင်းပိုင်း ဟိုးထဲအထိနက်တယ်၊ ဒါက ပုံမှန်ဆိုရင် လူတွေစွန့်စားသွားကြတဲ့ နေရာတစ်ခု မဟုတ်ဘူးလေ”

သူသည် ခရီးမှပြန်လာသဖြင့် ညစ်ပတ်ပေရေနေရာ ကျိုးကဲနှင့် စန်းလော့တို့ ထိုင်နေသည့်နေရာသို့ မလာခဲ့ချေ။ ထို့အစား သူက ကိုယ့်ဟာကို သန့်စင်ရန် ရေခပ်ရင်း ပြောလိုက်၏။ “ငါတို့တွေ တောင်အတွင်းပိုင်းကို ထပ်မသွားတော့ဘူး၊ နေရာအများစုကို ရှာခဲ့ပြီးပြီ၊ အခု ရှီကျိုးမြို့အပြင်ဘက်မှ လူတွေမရှိတော့သလောက်ပဲ၊ တကယ်လို့ ပုန်းနေသေးတဲ့သူတွေ ရှိတယ်ဆိုရင်လည်း အပြင်ဘက်က အခြေအနေကို မြင်တာနဲ့ ကိုယ့်ဟာကို ထွက်လာကြလိမ့်မယ်၊ ဘယ်သူကမှ သူတို့ကို နားချပြီး ခေါ်စရာမလိုတော့ဘူး၊ ဒီတော့ အာဏာပိုင်အတွက် လုပ်ပေးရတဲ့ ငါတို့အလုပ်တွေ ဒီနေ့ ပြီးပြီ”

“ဒါလဲ ကောင်းပါတယ်၊ နေ့တိုင်း တောင်တွေထဲမှာ သွားလာနေရတာ အစားသောက်ကောင်းလဲ မစားရ ကောင်းကောင်းလဲ မနားရနဲ့မလား” ကျိုးကဲက ဝင်ငွေနည်းနည်းပါးပါး လျှော့သွားခြင်းကို စိတ်မပျက်ချေ။ သူမက အမှန်တွင် တော်တော်လေး ဝမ်းသာနေသေးသည်။ သူတို့မိသားစုသည် လျန်၃၀ကျော်နှင့် နှစ်နှစ်ဆယ်စာ တောင်ပေါ်မြေ ဧက၁၀၀နီးပါး အသုံးပြုခွင့် ရထားခဲ့သည်။ သူတို့သည် ဘာကို ထပ်ပြီးတောင်းဆိုရပါမည်နည်း။

စန်းလော့ကလည်း ရယ်မောကာ ပြောလိုက်၏။ “စိတ်မပူပါနဲ့၊ ကျွန်မတို့တွေ အလားမနေရပါဘူး၊ နှစ်လလောက် အနားယူလိုက်ပါ၊ ပြီးရင် ကျွန်မတို့တွေ ခြံဝင်းကို တံတိုင်းဆောက်ကြမယ်၊ အဲဒါပြီးရင်တော့ ရှင်တို့တွေကို အလုပ်များစရာတွေ အများကြီး ရှိလာလိမ့်မယ်”

ချန်းသရှန်နှင့် သူ့မိန်းမ၏မျက်လုံးများသည် လင်းလက်သွားသည်။ စန်းလော့က ဆိုင်တစ်ခုဖွင့်ရန် စီးပွားရေးလက်တွဲလုပ်မည့် ကိစ္စကို ရည်ညွှန်းမှန်း နားလည်လိုက်ကြ၏။ ချန်းသရှန်က မေးလိုက်၏။ “ဝဥစိုက်ဖို့ အရမ်းစောသေးတယ်မလား”

စန်းလော့က အသံတိုးတိုးလေး ရယ်မောလိုက်ပြီး “အချိန်ဆွဲစရာမလိုတဲ့ တခြားကိစ္စတွေ လုပ်လို့ရပါတယ်”

၆လပိုင်း ၁၀ရက်နေ့တွင် ရှန်းမိသားစုသည် သူတို့၏အိမ်အသစ်သို့ ပြောင်းရွှေ့ကြမည်။ နှစ်ရက်အလိုတွင် ရှန်းလီနှင့် ရှန်းအန်းတို့က တစ်အိမ်ချင်းစီသွားကာ အိမ်သစ်တက်ပွဲကို စတင်ဖိတ်ကြားကြသည်။ အိမ်သစ်တက်ပွဲအကြောင်း အစောကြီးကတည်းက အကြောင်းကြားထားပြီးဖြစ်သည့် ပြည်နယ်ကျောင်းတော်က ရှန်းလီ၏ အတန်းဖော်များနှင့် ချွေ့ချီချန်းကလွဲလျှင် တခြားဧည့်သည်များအားလုံးသည် ပြီးခဲ့သည့် သုံးလအတွင်း အိမ်ဆောက်ရာတွင် လာရောက်ကူညီပေးခဲ့ကြသည့် အိမ်နီးချင်းများဖြစ်ကြသည်။

စန်းလော့နှင့် ရှန်းနဉ်တို့ကလည်း အလုပ်များနေကြ၏။ သူတို့သည် ကျူရိုးမြက်များကို ရိတ်ကြပြီး ရက်အနည်းငယ်လောင် အခြောက်လှန်းထားလိုက်သည်။ ဖျာရက်တတ်ကြသည့် ရွာထဲက အမျိုးသမီးများက ဖျာအသစ်သုံးခု ရက်လုပ်ရာတွင် ကူညီပေးရန် ရှန်းအိမ်တွင် လာရောက်စုဝေးကြသည်။ အိပ်ရာခင်းအသစ် ဝယ်ရန် နေရာမရှိသဖြင့် သူတို့သည် ရွာသူကြီးကျိုး၏မိန်းမ သခင်မကျိုးထံမှာ အကူအညီ‌တောင်းကာ သူတို့၏ဂွမ်းစောင်အဟောင်းများကို ဝါဂွမ်းများဖြင့် ပြန်အစာသွပ်ပြီး ဂွမ်းသားအခင်းများကို ပြန်လုပ်ရသည်။ ထို့နောက်တွင် သူတို့သည် အတွင်းဘက်အခင်းများကို အစားထိုးလိုက်ပြီး အပေါ်က အသစ်လုပ်ထားသည့် အခင်းများဖြင့် ဖုံးကာ ခင်းလိုက်ကြသည်။

၁၁ရက်မြောက်နေ့တွင် သူတို့သည် မနက်စောစောတွင် ကြက်များနှင့် ယုန်များကို သတ်လိုက်ကြသည်။ ရှန်းလီ၊ ချန်းသရှန်နှင့် သူတို့အဖွဲ့က တောင်အတွင်းပိုင်းသို့ပင် သွားကာ တောဝက်နှစ်ကောင်ကို ဖမ်းနိုင်ခဲ့သေးသည်။ သူတို့သည် ပြီးခဲ့သည့်လအနည်းငယ်က အိမ်ဆောက်ရာတွင် ကူညီခဲ့ကြသည့် အိမ်နီးချင်းများကို ကျေးဇူးတင်သည့် အနေဖြင့် စားပွဲခြောက်ဝိုင်းဖြင့် စားသောက်ပွဲတစ်ခုကို ပြင်ဆင်ခဲ့ကြသည်။

သည့်နေတွင်တော့ အိမ်သစ်တက်ပွဲကို လာရောက်ရန် တရွာလုံးကို ဖိတ်နိုင်လောက်သည့်အထိ အသားနှင့် အသီးအရွက်များက အလျှံပယ်ဖြစ်နေ၏။

ပြီးခဲ့သည့် ၃လအတွင်းတွင် ပတ်ဝန်းကျင်ရွာများက အိမ်နီးချင်းများကလည်း ဆောက်လုပ်ရေးတွင် လာရောက်ကူညီပေးခဲ့ကြသည်။ တစ်ချို့က ဆယ်ရက်ကျော်လောက် ကူညီကြသည်။ သည်လိုအများက ဝိုင်းပြီးကူညီပေးကြသည့်အတွက် လုပ်အားခံ မပေးခဲ့ရချေ။ ထို့ကြောင့် သည်နေ့စားသောက်ပွဲက သူတို့၏ ကျေးဇူးတရားကို ဖော်ပြသည့်နည်းလမ်းဖြစ်လေသည်။

ဝမ်မောက်လင်က ရှန်းလီ၏ အတန်းဖော်တစ်ယောက်ဖြစ်သည့် သူ့ညီ(၆)ကို အိမ်သစ်တက်ပွဲ တက်ရောက်ခိုင်းလိုက်သည်။ နောက်ပိုင်းတွင် အိမ်တော်ထိန်းက လက်ဆောင်အများအပြားပါသည့် အကောင်းစား ပိတ်ထည်၊ ပိုးထည်နှင့် ရှာရခက်သည့် ပိုးချည်များလက်ဆောင်များနှင့် အစေခံများကို ခေါ်လာခဲ့သည်။ ချွေးချီချန်းကလည်းက ငွေ၁၀လျန်ထည့်ထားသည့် အနီရောင်စာအိတ်တစ်လုံးဖြင့် သူ့လက်ထောက်လေးကို ခေါ်ကာ ရောက်လာသည်။ ရှန်းလီနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိသည့် ပြည်နယ်ကျောင်းတော်က အသိမိတ်ဆွေများကလည်း လာကြသည်။ စားသောက်ပွဲသို့ တန်းသွားလိုက်ကြသည့် ရွာသားများနှင့်မတူဘဲ သည်ဧည့်သည်များက တော်ဝင်အမိန့်တော် ထားရှိသည့် အဆောင်သို့ တန်းတန်းမတ်မတ် သွားလိုက်ကြသည်။ စာသင်းသား ၁၂ယောက်ကျော်တွင် ဝေ့ချင်းဟယ်၊ ဝမ်ယွင်ကျန့်နှင့် ရှန်းအန်းတို့က ဧည့်သည်များကို ဧည့်ခံပေးရန် တာဝန်ယူလိုက်ပြီး အဆောင်ထဲတွင် တစ်နာရီကျော်လောက် အချိန်ကုန်လိုက်ပြီးနောက်မှ စားသောက်ပွဲအတွက် ပင်မဆောင်သို့ ဆက်ပြီးလာခဲ့ကြသည်။

အကယ်၍ တော်ဝင်အမိန့်စာနှင့် မင်းကြီး၏လက်ရေးစာကို သီးခြားခွဲပြီး မပြသထားခဲ့လျှင် သူတို့သည် မင်းကြီး၏လက်ရေးကို ရှုစားရန် ရစ်ဝဲနေကြမည်ဖြစ်ကာ တော်ဝင်အရောင်အဝါတစ်ချို့ကို စုပ်ယူဖို့ မျှောလင့်ကြလိမ့်မည်။

ဟုတ်ပါသည်။ တစ်ချို့ကတော့ ရှန်းလီ လက်ထပ်ခဲ့သည့် အမျိုးသမီးနှင့် တွေ့ဆုံရန် စိတ်အားထက်သန်နေကြသည်။ သို့သော်လည်း သူတို့၏ဆန္ဒက အချည်းနှီးဖြစ်ခဲ့သည်။ စန်းလော့သည် အခုတော့ ကိုယ်ဝန်ရှိနေသဖြင့် အိမ်၏ အဆက်မပြတ် ဝင်ထွက်သွားလာနေသည့် လူအုပ်ကြီးတွင် အများစုက ကလေးများကို ခေါ်လာကြသဖြင့် သတိထားနေရသည်။ သူမက ချန်းအဘွား၏ အကြံပြုချက်ကို လိုက်နာပြီး သူမ၏အခန်းထဲတွင်သာ ငြိမ်ငြိမ်လေး နေနေရသည်။

စားသောက်ပွဲ စသည်နှင့် ပထမ ဟင်းပွဲတစ်ချို့ကို သေသေချာချာလေး တည်ခင်းပေးသည်။ စားပွဲနှစ်လုံးက ဧည့်သည်အများစုမှာ ရှန်းလီ၏အတန်းဖော်များဖြစ်ပြီး သူတို့ထဲက တစ်ချို့က နွမ်းပါးသည့် မိသားစုမှာလာကြသည်။ သူတို့ထဲက ကံအနည်းဆုံးသူကပင် တစ်ချိန်က ရှီကျိုးတွင် ကြွယ်ဝချမ်းသာခဲ့ဖူးသည်။ သူတို့သည် အဆင့်မြင့် လူ့အဆင့်တစ်ခုမရှိသော်လည်း ငွေကြေးအရတော့ အဆင်ပြေကြသည်။ ထို့ကြောင့် ရှီကျိုး၏ ပြန်လည်ထူထောင်လာသည့်ကာလတွင် ဇိမ်ခံအစားအသောက်ဖြစ် သတ်မှတ်ခဲ့ကြသည့် ကြက်သား၊ ငါး၊ တောဝက်လို ဟင်းလျာများက သူတို့ကို အများကြီး အထင်ကြီးစရာ မဖြစ်ခဲ့ချေ။ မနက်ခင်း အစောကြီးက ရှန်းနဉ်နှင့် စန်းလော့တို့ ပြင်ဆင်ထားခဲ့သည့် ယုန်သားခြောက်ကိုတော့ သူ့သွင်ပြင်၊ အနံ့အရသာနှင့် စားသောက်ပွဲကို ကံကောင်းခြင်းယူလာပေးသည်ဟု ချီးကျူးကြသည်။ သည်အချိန်အထိတော့ အားလုံးက တော်တော်လေး ပုံမှန်ဖြစ်နေသေးသည်။

သို့သော် မရင်းနှီးလှသည့်ဟင်းလျာများ ပေါ်ထွက်လာချိန်တွင် ဟင်းလျာများထဲက တစ်ခုက တို့ဟူဖြစ်နေသည်တွင် စိတ်အခြေအနေက ‌ပြောင်းလဲသွားကြတော့သည်။

တို့ဟူး။

မဟုတ်ချေ။ သည်လူများသည် ဒါကို တို့ဟူးဟု မသိကြချေ။ ဒါကို သိသူများက လီချီဟု ခေါ်ကြသည်။

ချွေ့ချီချန်းက အံ့ဩသွားဟန် အာမေဋိတ်သံပြုလိုက်၏။ “အိုး ဟို”

သူသည် မျက်လွှာချထားလိုက်ပြီး ရှန်းမိသားစုသို့ အလည်လာခဲ့သည့် ထိုအချိန်ကအဖြစ်ကို မြန်မြန် သတိရသွား၏။

လီချီက ရှီကျိုးက ကျန်းမိသားစုရဲ့ ထူးခြားတဲ့ပိုင်ဆိုင်မှုတစ်ခု၊ သူတို့တွေ ဧည့်သည်တွေကို ဧည့်ခံတဲ့အခါ မကြာခဏ ချပြတတ်တဲ့ သူတို့အဆင့်အတန်းရဲ့ လက္ခဏာတစ်ခုဆိုတာ သူ ရှန်းလီကို ပြောခဲ့သေးလား။

ကြည့်ရတာ... မပြောခဲ့ဘူးထင်ပါ့။

...

All Chapters