← Chapters

အခန်း (၂၅၇-၂၅၈)

Vol. 26 Ch. 257-258

အခန်း (၂၅၇-၂၅၈)

Vol. 26 Ch. 257-258

အပိုင်း (၂၅၇) လက်ဆောင်ပဏ္ဍာ

၉လပိုင်းတွင် ပေါများကျွယ်ဝလှသည့် ရိတ်သိမ်းရာသီဖြစ်လေသည်။ စန်းလော့သည် မီးဖွားခါစဖြစ်ပြီး မီးတွင်းကာလထဲတွင် ရှိသေးကာ ကျုံးမားမား၏အကြံပြုချက်အရတော့ သူမ၏ကျန်းမာရေးကို အကျိုးဖြစ်စေရန် ၂လလောက် နေသင့်သည်။ ထိုသို့ဆိုသော်ငြားလဲ သူမက လယ်ယာလုပ်ငန်းစီမံခြင်းနှင့်ပတ်သက်ပြီး မစိုးရိမ်ဘဲ မနေနိုင်ချေ။

ကံအားလျော်စွာ ရှန်းလီနှင့် ရှန်းအန်းတို့က အိမ်တွင် အားလပ်ရက် ရကြသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်က သူ၏၁၀ရက်တာ ခွင့်ရသည့်အချိန်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်တော်သို့ တခါတလေ နေ့ဝက်လောက် သွားရောက်ရခြင်းကလွဲလျှင် ရှန်းလီသည် အိမ်တွင်သာ ရှိနေတတ်သည်။ နွေဦးရာသီတွင် သူတို့စိုက်ပျိုးခဲ့သည့် စပါး၊ ဂျုံနှင့် ပဲများကို ၈လပိုင်းကတည်းက ရိတ်သိမ်းခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ရှန်းလီသည် နောက်လုပ်မည့်အစီအစဉ်ကိုသာ စန်းလော့နှင့် တိုင်ပင်ရန် လိုအပ်ပြီး ညီအစ်ကိုများက နောက်ပိုင်းကိစ္စများကို ကိုင်တွယ်နိုင်သည်။

သည်နှစ်တွင် သရှင်းရွာက အပေါများဆုံး သီးနှံမှာ ပဲအမျိုးမျိုးဖြစ်သည်။ သူတို့သည် တောင်ပေါ်မြေများတွင် ရသလောက် အများကြီးစိုက်ခဲ့ကြသဖြင့် အထွက်နှုန်းများပြားခဲ့သည်။

လုံလောက်သည့် ကုန်ကြမ်းပစ္စည်းများရှိသည်တွင် စန်းလော့သည် ဖွယ်ဖွယ်ရာရာရှိသည့် ကုန်ပစ္စည်းနှစ်မျိုးကို စတင် စဉ်းစားတော့သည်။

ဆန်ခေါက်ဆွဲနှင့် တို့ဟူးချဉ်။

သူမသည် ချန်းမိသားစုကို ဆန်ခေါက်ဆွဲလုပ်နည်း သင်ပေးရန် စဉ်းထားခဲ့ပြီးဖြစ်သော်လည်း ဝဥများက ရိတ်သိမ်းဖို့ရန် အသင့်မဖြစ်သေးချေ။ သို့သော်လည်း သူတို့တွင် ပဲစိမ်းများ ရှိသေးသည်။ မည်သို့ဆိုစေ ချန်းမိသားစုက လယ်လုပ်ငန်းနှင့် တို့ဟူးခြင်းဖြင့် အလုပ်များနှင့်နေပြီးသားရာ စန်းလော့က သူတို့ကို သင်ပေးမည့်ကိစ္စကို ရွှေ့ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်၏။ ထို့အစား သူမက တို့ဟူးချဉ်ကိုသာ အရင် စလုပ်လိုက်တော့သည်။

တို့ဟူးချဉ်ကို အများအပြား ထုတ်လုပ်ရန်နှင့် ရောင်းချရန်အတွက် သူတို့သည် တို့ဟူးဟောင်းများကို လိုအပ်ပြီး လုပ်နည်းအမယ်ကို လျှို့ဝှက်ထားမည်ဖြစ်သဖြင့် ကိုယ်တိုင်လုပ်ခြင်းက အကောင်းဆုံးပင်။ အစောပိုင်းကတော့ စန်းလော့သည် ချန်းမိသားစုကိုယ်စား မြည်းတစ်ကောင် ကူညီဝယ်‌ပေးရန်အတွင် ဖန်ဖေးညန်ကို မေးခဲ့သေးသည်။ သို့သော်လည်း သူတို့ကိုယ်တိုင်တွင်ပင် တစ်ကောင်ပင် မရှိချေ။ ပုံမှန်ဆိုလျှင် သူတို့သည် ဆန်ဖွတ်ရန်အတွက် သူတို့၏စပါးများကို ချန်းမိသားစုအိမ်သွား ယူသွားရသည်။ သို့သော်လည်း ရှန်းလီ၏ ခွန်အားနှင့်ဆိုလျှင်တော့ တို့ဟူးကြိတ်ရသည့်အလုပ်က ခက်ခဲသည့် အလုပ်မဟုတ်တော့လောက်ပေ။ ရှန်းလီက နေ့လည်စာအတွက် အိမ်ပြန်လာချိန်တွင် စန်းလော့က သူမ၏အစီအစဉ်များကို သူနှင့် မျှဝေလိုက်၏။

ဆိုင်တွင် ကုန်ပစ္စည်းသစ်များ ရှိလာတော့မည်ဟု ကြားလိုက်ရသဖြင့် ရှန်းလီကလည်း စိတ်ဝင်စားသွားသည်။ တု့ဟူးလုပ်ခြင်းက တခြားသူများအတွက် ခက်ခဲလောက်သော်ငြားလည်း သူ့အတွက်တော့ မဟုတ်ချေ။ သူက သဘောတူလိုက်ကာ ပြောလိုက်လေသည်။ “အိမ်က ကျောက်ကြိတ်စက်က အရမ်းသေးတယ်၊ ကို ပိုကြီးတဲ့တစ်လုံးကို သွားဝယ်လိုက်မယ်၊ မင်း တခြားလိုတာရှိရင် ကို့ကို ပြောလိုက်၊ ကို ရှောင်အန်းကိုပါခေါ်သွားပြီး ဈေးဝယ်ခဲ့ပေးမယ်”

အမှန်ပင် ဝယ်ရမည့်ပစ္စည်းက အများကြီးဖြစ်နေသည်။ ဆား၊ အရက်နှင့် ဟင်းခတ်အမွှေးအကြိုင်များက ထိပ်ဆုံးစာရင်းထဲတွင် ပါသည်။

အရက်ကိုတော့ မေးစရာမလိုချေ။ ခေတ်မီအရည်အသွေးမြင့် အရက်ကို ရှာတွေ့ရန် မဖြစ်နိုင်သည့်အပြင် သည်ခေတ်၏ သမားရိုးကျနည်းဖြင့် လုပ်ထားသည့်အရက်ကပင် လတ်တလော ကောက်ရိတ်ရာသီကြောင့် ရှားပါးနေလေသည်။ လူများသည် အရက်မပြောနှင့် စားဖို့ရန် အစားအသောက်က လုံလောက်သည်ဆိုသာ ရှိကြသည်။

ကံအားလျော်စွာ တို့ဟူးချဉ်အရသာကို အရက်ပါဝင်မှုနှုန်းက လျှော့ချလိုက်လျှင် တို့ဟူး၏ အထားခံသည့်ကြာချိန်က တိုတောင်းသွားလျှင်ပင် ဒါကိုတော့ လုပ်လို့ရနိုင်သေးသည်။

အဆင်ပြေရန်အတွက် ပေါင်းအိုးကြီးတစ်ခုနှင့် သံဒယ်အိုးကြီးတစ်ခုကို ကိုယ်တိုင်လုပ်လိုက်လျှင် အသုံးဝင်လာလောက်သည်။ တို့ဟူးချဉ်လုပ်ခြင်းအပြင် တခြားဟင်းလျားများကို ပေါင်းခြင်းနှင့် မွှေကြော်လုပ်ခြင်းတွင် မြေအိုးနှင့် ပေါင်းဖိုလေးများကို သုံးသည်ထက် အများကြီးပိုပြီး ထိရောက်မှုရှိလိမ့်မည်။

သံဒယ်အိုးနှင့် ပေါင်းအိုးကြီးအတွက် လိုအပ်ချက်ကို နားထောင်လိုက်ပြီးနောက် ရှန်းလီက ပြန်ဖြေလိုက်၏။ “ကို သံဒယ်အိုးတစ်လုံး မှာလိုက်မယ်၊ ပေါင်းအိုးကိုတော့ ကို ရှန်းအန်းကို ကူညီခိုင်းပြီး လုပ်လို့ရတယ်”

ထို့နောက်တွင် သူက စန်းလော့ကို မေးလိုက်၏။ “ထုပ်ပိုးဖို့အတွက်ရော၊ ကိုတို့တွေ ခရားအိုးကို သုံးမှာလား”

စန်းလော့က ခေါင်းညိတ်ပြလိုက်၏။ “အဲဒီအတွက်တော့ အလျင်မလိုပါဘူး၊ ကျွန်မ အိုးအရွယ်အစားကို တွက်ချက်ဖို့ အရင်ဆုံး ပုံဆွဲကြည့်ရဦးမယ်”

ကလေးနှစ်ယောက်က သည်အရွယ်လေးတွင် ထိန်းကျောင်းရန် လွယ်ကူသေးသည်။ အချိန်အများစုတွင် အိပ်ခြင်းနှင့် စားခြင်းသာရှိသည်။ ထို့ကြောင့် စန်းလော့သည် အခန်းထဲတွင် အနှောင့်အယှက်မရှိဘဲ ပုံဆွဲသည့်အလုပ်ကို လုပ်နိုင်သည်။

နေ့လည်စာစားပြီးနောက်တွင် ရှန်းလီနှင့် ရှန်းအန်းတို့သည် သူတို့လိုအပ်သည့် ပစ္စည်းများကို ဝယ်ရန် လက်တွန်းလှည်းတစ်စီးကို တွန်းကာ မြို့ထဲသို့ ဝင်လာကြသည်။ သံဒယ်အိုးကို ရက်အနည်းငယ်ကြာမှ ပြန်လာယူရမည်။ ထို့ကြောင့် ရှန်းလီနှင့် ရှန်းအန်းတို့က စန်းလော့လိုအပ်သည့် ပေါင်းအိုးကြီးကို ရက်လုပ်ရန် နေ့လည်ခင်းကို သုံးလိုက်ကြ၏။

စန်းလော့၏ပုံကြမ်းကို သူမလက်ဖြင့် ဆွဲထားခြင်းမဟုတ်ပေ။ သူမသည် မီးတွင်းကာလအတွင်းတွင် မျက်လုံး အာရုံစိုက်ခြင်းကို မလုပ်သင့်ဟု ကျုံးမားမားက မှာကြားထားသည်။ ထို့ကြောင့် ရှန်းနဉ္က တာဝန်ကို လွဲပြောင်းယူပေးရသည်။ သူတို့မိသားစုသည် ဆိုင်ဖွင့်ကတည်းက အိုးထိန်းသည်နှင့် မကြာခဏ လက်တွဲလုပ်နေရသဖြင့် ဒွက ခက်ခဲသည့်အလုပ်တော့ မဟုတ်ချေ။ သူမက အိုးအရွယ်အစားကို ပြောပြီး ပုံကြမ်းဆွဲပေးကာ စာနည်းနည်းပါးပါး ရေးပေးဖို့သာ လိုအပ်သည်။

သရှင်းရွာ၏ တို့ဖူးချဉ်ကို အမျိုးအစားများစွာ ထုတ်ထားသည်။ အစိမ်း၊ အနီ၊ အဖြူများရှိပြီး ပိုပြီး သိသိသာသာ ဖော်ပြရလျှင် တစ်မျိုးစီ မရေမတွက်နိုင်သည့် အနံ့အရသာပေးစွမ်းလေသည်။ စန်းလော့က အမျိုးအစားအများစုကို သူမကိုယ်တိုင် လုပ်ခဲ့ခြင်းပင်။ - အနီနှင့် အဖြူအမျိုးအစားကတော့ ငရုပ်မှုန့်နှင့်အပေါ်က ထပ်ထားခြင်းပင်။ အရင်ဘဝက သူမ၏ကျန်းမာရေးကြောင့် အဖြူချည်းသက်သက် အရသာရှိသည့်တို့‌ဟူးကိုသာ လုပ်ခဲ့ပြီး အချိုနှင့်အစပ်၊ ကွေ့ဟွား၊ ဟင်းခတ်အမွှေးအကြိုင် ၅မျိုး၊ နှမ်းနှင့် ဆန်အရက်တို့ဖြစ်သည်။ သူမ၏ပထမအသုတ်တွင် သူမက အစပ်အရသာ အနီနှင့် ငါးမျိုးစပ် ဟင်းခတ်အမွှေးအကြိုင် အဖြူပုံစံကို ရှန်းနဉ်အား လုပ်ခိုင်းခဲ့သည်။

ဒယ်အိုးရလာသည့်နေ့တွင် ရှန်းလီနှင့် ရှန်းအန်းတို့က ညတွင်းချင်း တို့ဟူးများကို လုပ်ကြပြီး အာရုံတက်ချိန်အထိ တို့ဟူးများကို ဖိခဲ့ရသည်။ လိုအပ်သည့်အခြောက်အနေအထားကို ရောက်သွားသည်နှင့် အသေးစိတ်ကျသည့် လုပ်ငန်းစဉ်က စတင်ပြိး မောင်နှမများကြားတွင် ဟင်းချက်အရည်အချ်ငး အကောင်းဆုံးပိုင်ဆိုင်ထားသည့် ရှန်းနဉ်က ဦးဆောင်ပေသည်။ ညီအစ်ကိုနှစ်ယောက်က သူမကို ကူညီပေးရင်း သူတို့သည် အတူတူ အလုပ်လုပ်လိုက်ကြ၏။

သည်လုပ်ငန်းက အချဉ်ဖောက်ဖို့ရန် အချိန်လိုအပ်ပြီး ရှန်းမိသားစု၏ အနောက်ဘက် ခြံဝင်းထဲတွင် ဆောက်ထားသည့် အိမ်တန်းများက အသုံးဝင်လာခဲ့သည်။

စန်းလော့က အချဉ်ဖောက်ထားသည့် တိုးတက်မှုကို စစ်ဆေးရန် သူမကိုယ်တိုင် အနောက်ဘက်ခြံဝင်းသို့ လာခဲ့သည်။ အောင်မြင်သည်ကို အတည်ပြုလိုက်ပြီးမှ သူမက ရှန်းနဉ်ကို နောက်တစ်ဆင့် ဆက်လုပ်ခိုင်းသည်။

သည်အချိန်တွင် ချန်းမိသားစုကလည်း သူတို့၏အလုပ်များသည့် တာဝန်များကို ပြီးစီးသွားခဲ့သည်။ စန်းလော့က ပဲစိမ်းခေါက်ဆွဲလုပ်နည်းကို သူမထံမှာ လာသင်ရန် ချန်းအဘွားနှင့် ချင်ဖန်းညန်တို့ကို ဖိတ်ခေါ်လိုက်၏။ သူမသည် မီးတွင်းကာလတွင် ရှိနေသေးသဖြင့် နှုတ်အားဖြင့်သာ သင်ကြားပေးနိုင်ခဲ့သည်။ ကံအားလျော်စွာက အရင်ဘဝကလည်း ခေါက်ဆွဲလုပ်နည်း ဗီဒီယိုများကို တင်ပြီး ငွေနည်းနည်းပါးပါး ရှာနိုင်ခဲ့သဖြင့် သူမက သည်လုပ်ငန်းစဉ်နှင့် တော်တော်လေး ရင်းနှီးနေသည်။ သို့သော်လည်း ချန်းအဘွားနှင့် ချန်ဖန်းညန်တို့က သူမ၏ရှင်းပြချက်များကို ရှုပ်ထွေးနေကြပြီး အသေးစိတ် နားလည်သွားပြီး ယုံကြည်မှုရှိလာသည်အထိ အကြိမ်ကြိမ် မေးမြန်းကြသည်။ ထို့နောက်တွင် သူတို့သည် လိုအပ်သည့်ပစ္စည်းများကို ပြင်ဆင်ပြီး ပမာဏအနည်းငယ် တစ်သုတ်လောက် စမ်းကြည့်ရန် အိမ်ပြန်လာခဲ့ကြ၏။

အသေးစိတ် ကိုင်တွယ်ရာတွင် လွဲမှားနေသဖြင့် တစ်ကြိမ် နှစ်ကြိမ်လောက် ကျရှုံးခဲ့သော်လည်း သူတို့သည် နောက်ဆုံးတော့ တတိယအကြိမ် စမ်းသပ်မှုတွင် အောင်မြင်သွားခဲ့သည်။ သည်တစ်ကြိမ်တွင် သူတို့သည် လုပ်ငန်းကို ရှန်းမိသားစု၏ အတွင်းဘက်ခြံဝင်းသို့ ပြောင်းရွှေ့လိုက်ကြပြီး အနှောင့်အယှက် အနည်းဆုံးဖြစ်အောင် တံခါးကို ပိတ်ထားလိုက်ကြသည်။ လုပ်ငန်းစဉ်တစ်ခုလုံးကို စန်းလော့က ကြီးကြပ်ပေးနေသည်တွင် သူတို့သည် နောက်ဆုံးတော့ အောင်မြင်သွားကြတော့သည်။

ထိုနေ့ ညတွင်းချင်းပင် ချန်းနှင့် ရှန်းမိသားစုများက သူတို့၏အိမ်လုပ် ခေါက်ဆွဲများကို မြည်းကြည့်လိုက်ကြပြီး ဖော်ပြစရာ စကားမရှိအောင် ဝမ်းသာမိကြ၏။ ပြည်နယ်ကျောင်းတော်တွင်လည်း ရှန်းလီ၏ ရင်းနှီးကြသည့် မိတ်ဆွေအတန်းဖော်များက သူ့အမြွှာသားနှင့်သမီး မွေးဖွားခြင်းအတွက် သူ့ကို ဂုဏ်ပြုပေးကြသည်။

ရှီကျိုးမှနေ၍ မြို့တော်သို့ ပြန်လာသည့် သမားတော်ရွှီကလည်း ခွင့်ရက်ကုန်ဆုံးသွားပြီးနောက် သူ့တာဝန်ကို ပြန်လည်ထမ်းဆောင်နေပြီဖြစ်သည်။ သူက ချန်ကုန်းကုန်းကို တိုးတိုးတိတ်တိတ် သွားရှာလိုက်ပြီး ပြန်ရောက်ကြောင်း မင်းကြီးထံသတင်းပို့ရန် အခွင့်အရေးတစ်ခုကို ရယူခဲ့သည်။

သမားတော်ရွှီက တော်တော်လေး စိတ်အေးနေသည်။ သင်္ဘောဖြင့် လဝက်လောက် ခရီးနှင်လာခဲ့ပြီးနောက်တွင် ရှန်းအိမ်တွင် နေခဲ့စဉ်အတွင်း သူ့တွင်တိုးလာခဲ့သည့် အသားအနည်းငယ် ပြန်ကျသွားခဲ့သည်။ သို့မဟုတ်လျှင် ဒါက မင်းကြီးအတွက် မြင်ကောင်းလိမ့်မည်မဟုတ်။

သူက စန်းလော့၏အခြေအနေကို သစ္စာရှိရှိဖြင့် ပြန်လည်တင်ပြလိုက်ပြီး အမြွှာကလေးဖြစ်သည်ဟု ကြားလိုက်သည်တွင် မင်းကြီးကလည်း ရှန်းလင်မယား၏ ကံကောင်းခြင်းကို စဉ်းစားမိသဖြင့် တော်တော်လေး ကျေနပ်သွားသည်။ သူက ရှီကျိုး ပြည်သူများ၏ အကျိုးစီးပွားကို ထပ်မေးမြန်းလိုက်ပြီးနောက် လက်ဝေ့ယမ်းကာ သမားတော်ရွှီကို ပြန်လွှတ်လိုက်၏။

သမားတော်ရွှီက ဦးညွှတ်နှုတ်လိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်ပြီးမှ ရိုးသားဖြောင့်မတ်ခြင်း အငွေ့အသက်တစ်ခုနှင့် ထွက်သွားသည်ကို ကြည့်ရင်း မင်းကြီးသည် တောင့်တသည့်ခံစားချက်ဖြစ်သွားတော့သည်။

ငါကိုယ်တော်ရဲ့ လျှို့ဝှက်သက်တော်စောင့်တွေကပဲ စားစရာတစ်ချို့ ယူလာပေးနိုင်မှာပေါ့လေ။

အားထုတ်မှုတွေ လိုအပ်နေသေးတာပဲ။

ဒီလိုဆိုင်မျိုး မြို့တော်မှာ ဘယ်တော့မှ ပေါ်လာမှာလဲ။

...

၁၀လပိုင်းအစောပိုင်းတွင် မင်းကြီး စောင့်ကြည့်နေသည့် မျက်လုံးတော်အောက်တွင် သရှင်းရွာ၏ အမျှော်လင့်ရဆုံး အထူးထုတ်ကုန်ဆိုင်က တို့ဟူးချဉ်ဟုခေါ်သည့် ကုန်ပစ္စည်းအသစ်တစ်မျိုးကို မိတ်ဆက်ခဲ့သည်။ ဒါကို အိုးငယ်လေးဖြင့် တစ်အိုး ဝမ်၆၀နှင့် ရောင်းချကာ ဆန်ပြုတ်နှင့်တွဲစားလျှင် အရသာရှိလှသည်ဟု ကြော်ငြာထားသည်။

စန်းလော့၏ဆိုင်သည် ရှီကျိုးတွင် နာမည်တစ်ခု ရထားပြီးဖြစ်၏။ လူများကလည်း ပစ္စည်းများ သူတို့လက်ထဲ မရနိုင်မှာ အမြဲတမ်းစိုးရိမ်ကြပြီး အရသာနှင့်ပတ်သက်ပြီး ဘာဝေဖန်ချက်မှ မရှိချေ။ သတ်မှတ်ထားသည့် ဝယ်ယူသူများကတော့ မြို့ထဲက ချမ်းသာကြသည့် မြို့နေလူထုများဖြစ်သဖြင့် ဈေးဝမ်၆၀ကလည်း အမှန်ပင် အလွန်မှ သင့်လှသည်။ အစောပိုင်း အလောတကြီး ဝယ်ယူတတ်ကြသည့် အလေ့အထကြောင့် အရင်ဆုံး အရသာတစ်ခုစီအတွက် ဘူးတော်တော်များကို ချန်လှပ်ထားသည့် ဉာဏ်ရှိရာကျသည်။

တောင်ပိုင်းတွင် ဆန်ပြုတ်သည် မနက်ခင်း ပုံမှန်စာတစ်ခု ဖြစ်သည်ကလည်း အမှန်ပင်။ သည်ဟင်းလျာသည် မြို့ထဲက ချမ်းသာသည့်အိမ်ထောင်စု တစ်ချို့၏ ထမင်းစား စားပွဲသို့ မကြာခင်ရောက်ရှိသွားပြီး... ဆိုင်ကလည်း တဖန် စည်ကားလာပြန်သည်။

သည်ပစ္စည်းအသစ်ကို ဘာနှင့် လုပ်ထားသည်ကို အတိအကျ မသိရသဖြင့် သည်ပစ္စည်းက အစောပိုင်း ပစ္စည်းများဖြစ်သည့် ပေါင်မုန့်၊ ကိတ်မုန့်နှင့် အသားမွှကြော်များလို သိလိုက်ရချိန်တွင် ကုန်သွားပြီး သူတို့ လက်ထဲမရောက်ခင် ပျောက်သွားမှာ လူများက စိုးရိမ်နေကြသည်။ ရလာဒ်အနေဖြင့် နောက်တစ်နေ့တွင် ဝယ်သူဟောင်းများက ပြန်ရောက်လာပြီး အလုံးအရင်းဖြင့် ဝယ်နေကြသည်။ ကံအားလျော်စွာ အရသာက ကြာကြာထားသည်နှင့် ပိုကောင်းလာသဖြင့် သူတို့သည် အလွန်အကျွံ မသိုလှောင်သ၍ မောင်နှမများက ခွင့်ပြုပေးကြသည်။

ထို့အပြင် ထိုပစ္စည်းက သရှင်း အထူးထုတ်ကုန်ဆိုင်မှ တခြားပစ္စည်းများနှင့်ယှဉ်လျှင် တော်တော်လေး ဈေးသင့်လှပြီး နာမည်ကလည်း တဖြည်းဖြည်းကြီးလာကာ အလယ်အလတ်တန်းစား ဝယ်သူများကို ပိုဆွဲဆောင်လာနိုင်သဖြင့် လုပ်ငန်းကလည်း သိသိသာသာ ကြီးထွားလာခဲ့သည်။

ရက်အနည်းငယ် ရောင်းချပြီး ရှန်းနဉ်က အမြတ်ကို တွက်ကြည့်လိုက်ပြီးနောက်တွင် သည်ပစ္စည်းကို ပြုလုပ်ရမည့် မောင်နှမသုံးယောက်၏ စိတ်အားထက်သန်မှုမှာ ပိုကြီးလာရုံသာ ရှိတော့သည်။ အစားအစာကို ပေါင်းအိုးများပေါ်တွင် တိုက်ရိုက် အချဉ်ဖောက်ရန် လိုအပ်သဖြင့် ရှန်းအန်းနှင့်အတူ ရှန်းလီက နောက်ထပ် ပေါင်းအိုး ဆယ်စုံကို ထပ်လုပ်လိုက်ကြသည်။ ၁၀လပိုင်း အစောပိုင်း တစ်လျှောက်လုံး ရှန်းလီသည် ကျောင်းမှ ပြန်လာလျှင် ကလေးများနှင့် ကစားပေးခြင်းကလွဲလျှင် အနားမယူရသလောက်ပင်။ အနောက်ဘက်ခြံက လုံလောက်သည့် အကျယ်အဝန်းရှိသဖြင့် တော်သေးသည်။ သို့မဟုတ်လျှင် သူတို့သည် သည်လောက်များပြားသည့် ထုတ်ကုန်ပမာဏကို နေရာပြုလုပ်ပေးနိုင်မည် မဟုတ်ချေ။ တို့ဖူးချဉ်က အချိန်အကြာကြီး အထားမခံကြောင်း စန်းလော့က ပြောပြတော့မှသာ မောင်နှမများမှာ နောက်ဆုံးတော့ အရှိန်အနည်းငယ် လျှော့လိုက်ကြသည်။

၁၀လပိုင်း လလယ်တွင် တို့ဟူးချဉ်အတွက် စိတ်အားထက်သန်မှုကို မချိုးနှိမ်ရသေးခင် အခုတော့ စုန်းဇီ(ကောက်ညင်းဖက်ထုပ်)နှင့် ခေါက်ဆွဲများက တန်းစီပြီး ဝင်ရောက်လာသည်။ ရှီကျိုးကလူများသည် သူတို့သည် အသစ်အဆန်းများကို လိုချင်လျှင် သရှင်းအထူးထုတ်ဆိုင်သို့ မကြာခဏ သွားရမည်ကို သိထားပြီးဖြစ်၏။ ရှီကျိုးက မကြာမကြာ လာတတ်ကြသည့် ပတ်ဝန်းကျင် စီရင်စုများက လူများကပင် ဆိုင်တွင် ဈေးဝယ်ကြရန် ချိန်းဆိုတတ်ကြသည်။

သရှင်းအထူးထုတ်ဆိုင်၏ ဂုဏ်သတင်းက ကျယ်ပြန့်လာသလို သရှင်းရွား၏ ဂုဏ်သတင်းကိုယ်၌ကလည်း ကြီးမားလာသည်။ ထို့အပြင် ရှန်းမိသားစုနှင့် ပြည်နယ်အုပ်ရေးမှူးအိမ်တော်ကြားက အပြန်အလှန်ဆက်ဆံရေးက နောက်ဆုံးတော့ သတိရှိကြသူများ၏ အာရုံကို ဆွဲဆောင်ထားခဲ့သည်။

လလယ်တွင် ပြည်နယ်ကျောင်းတော်က အခုတော့ ကျောင်းအုပ်ဖြစ်နေသည့် လူကြီးမင်းလင်းသည် ဆရာများထဲက တစ်ယောက်ကို သီးခြားခေါ်ပြီး သူ့ကို ညွှန်ကြားချကတစ်ချို့ တိုးတိုးတိတ်တိတ် ပြောခဲ့၏။

သည်ဆရာကို အစကတည်းက လူကြီးမင်းလင်းက ငှားထားခဲ့ပြီး လင်းမိသားစုနှင့်လည်း ရင်းနှီးသည့် ဆက်ဆံရေးတစ်ခု ရှိသည်။ လူကြီးမင်းလင်း၏ စကားကို ကြားလိုက်ရသည်တွင် သူ့မှာ တအံ့တဩဖြစ်ရလေသည်။ “လူကြီးမင်း ဒါက်...။ ဒါက ကျွန်တော် ထင်ထားသလိုမှ မဟုတ်ဘူးမလား”

လူကြီးမင်းလင်းက ပြုံးလိုက်ကာ “ငါ မင်းကို အရင်ဆုံး စုံစမ်းခိုင်းဖို့လိုတယ်”

ထိုဆရာက ခဏလောက် တွေဝေသွားသော်လည်း အကြံဉာဏ်ပေးလိုက်သေးသည်။ “လူကြီးမင် ဒါကို ထပ်စဉ်းစားပြီးပြီလား၊ ၉လပိုင်း အဝတ်အစား ပြင်ဆင်ဖို့အတွက် အားလပ်ရက်ပေးတုန်းက ကျောင်းသားအများစုက တစ်လလုံး အမှန်အကန် အနားယူခဲ့ကြလေသည်။ ဒါပေမဲ့ ၅ယောက်၊ မဟုတ်ဘူး၊ ဝမ်ယွင်ကျန့်အပါအဝင် သရှင်းရွားက ကျောင်းသား၆ ယောက်ကတော့ သူတို့တွေ တစ်လတာ အနားယူပြီးပြန်လာတော့ သူတို့အသားအရေတွေက နေလောင်ထားတာ သိသာနေတာပဲ”

တနည်းအားဖြင့် ပြောရလျှင် သူတို့သည် အမှန်ပင် လယ်သမားများဖြစ်ကြသည်။

လူကြီးမင်းလင်းက သူ့မုတ်ဆိတ်ကို သပ်လိုက်ပြီး ခပ်တိုးတိုး ရယ်မောလိုက်၏။ “ငါ နားလည်ပါတယ်၊ မင်း ဒီကိစ္စကို သေသေချာချာ စဉ်းစားထားတာပဲ၊ ငါ့အတွက် ဒီအတိုင်းလေးပဲ မေးပေးပါ၊ ဒါပေမဲ့ ငါ မင်း လွှတ်လိုက်တာကိုတော့ မပြောနဲ့”

ထိုစကားလုံးများကြောင့် ဆရာမှာ ဘာတစ်ခုမှ မပြောရဲတော့ချေ။ ထို့အပြင် ပြန်သုံးသပ်ကြည့်လိုက်တော့ သရှင်းရွာက ၅ယောက်နှင့် ဝမ်ယွင်ကျန်ု့တို့သည် သူတို့၏စာပေဆိုင်ရာ တိုးတက်မှုက အမှန်ပင် မြန်ဆန်ခဲ့သည်ကိုတော့ ပြောနေရန်မလိုချေ။ သူတို့သိထားသည့် အရာတစ်ချို့က သူတို့ကျောင်းအုပ်ထံမှ ရလာပုံမရချေ။

လူကြီးမင်းလင်းကလည်း ဒါကို သတိထားမိမှန်း သူ သဘောပေါက်သွားသည်။

သို့ဆိုလျှင် သူတို့သည် ယခုတွင် လယ်စိုက်ရမှာကို ဘာကြောင့် ကြောက်နေရပါမည်နည်း။ သူတို့သည် သူတို့၏အခြေအနေကို မြင့်တင်ပေးနိုင်မည့် တစ်နေ့တော့ အမြဲတမ်း ရောက်လာလိမ့်မည်။

ထို့ကြောင့် သူက ပြုံးကာ သဘောတူလိုက်ပြီး ကျောင်းသို့ ပြန်လာခဲ့လိုက်သည်။ အတန်းပြီးသွားသည့်နောက်တွင် သူက ရှန်းလီကို စကားစမြည်ပြောရန် နေခဲ့ခိုင်းလိုက်တော့သည်။

...

ရှန်းလီသည် ထိုနေ့ညခင်း အိမ်လာချိန်တွင် ကလေးနှစ်ယောက်က နိုးနေသေးသည်။ သူက လက်ဆေးလိုက်ပြီး သူတို့နှင့် ကစားပေးလိုက်ပြီးနောက် စန်းလော့နှင့် ကိစ္စတစ်ချို့ကို တိုင်ပင်လိုက်၏။

“အစ်ကိုဝေ့ရဲ့ မင်္ဂလာပွဲ ရောက်လာတော့မယ်ထင်တယ်”

သည်စကားလုံးများက စန်းလော့၏အာရုံကို ဖမ်းစားထားလိုက်သည်။ ဝေ့ချင်းဟယ်၏မင်္ဂလာပွဲက ဝေ့လင်းကျန့်အတွင် အကြီးမားဆုံး စိုးရိမ်စရာပင်။ နောက်ဆုံး ဝေ့ချင်းဟယ်သည် ၂၄နှစ်ရှိနေပြီ။ နောက်နှစ်သစ်ကူးဆိုလျှင် သူသည် ၂၅နှစ်ဖြစ်တော့မည်။ သူမက စိတ်မပူဘဲ အဘယ်မှာ ရှိနိုင်ပါမည်နည်း။

ကံဆိုးချင်တော့ စစ်မက်ကာလ နှစ်များကြောင့် သင့်တော်သည့် အမျိုးသမီးငယ်လေးများကိုလဲ တွေ့ရရန် အမှန်ပင် ခက်ခဲသွားသည်။ ထို့အပြင် မိသားစုအားလုံးက သူတို့မြေများကို စိုက်ပျိုးရင်း အလုပ်များနေကြသည့် ပထမဆုံးနှစ်အတွင်းတွင် အဆင်ပြေသည့် အမျိုးသမီးလေးများ ရှိသော်လည်း သူတို့သည် အိမ်ထောင့်တာဝန်များကို ကူညီထမ်းပေးကာ အသက်ရှင်သန်ဖို့အရေးက ဦးစားပေးဖြစ်ခဲ့သည်။ ဝေ့မိသားစုအတွက်တော့ ဝေ့ချင်းဟယ် ကိုယ်တိုင်က အရမ်းကြီး စိတ်ပူမနေချေ။ ဝေ့ချင်းဟယ်၏ အာရုံတစ်ခုလုံးက စာလေ့လာခြင်းတွင်သာ ရှိပြီး အခြေမချခင် သူ့အလုပ်အကိုင်ကို တည်ထောင်တာက ကောင်းသည်ဟု ယုံကြားထားခဲ့သည်။

ဝေ့လင်းကျန့်တစ်ယောက်တည်း စိုးရိမ်နေသည်တော့မဟုတ်။ ကျိုးမိသားစုနှင့် လုမိသားစုတို့ကလည်း ကျိုးစန်းလန်နှင့် လုစန်းလန်တို့အတွက် အိမ်ထောင်ဖက်စီစဉ်ရင်း အလုပ်ရှုပ်နေကြသည်။ သည်နှစ်ယောက်သည် အစောပိုင်းကတည်းက တောင်ထဲသို့ သွားရန်သာ စိတ်နှစ်ထားခဲ့ကြပြီး နောက်ပိုင်းကျတော့လည်း သရှင်းရွာထဲက အလုပ်တာဝန်များနှင့် ပိနေကြသည်။ မိသားစုနှစ်ခုလုံက အဆင်ပြေမည့် အမျိုးသမီးများအကြောင်း တက်တက်ကြွကြွ သတင်းမေးနေရသည်။

ထို့ကြောင့် ရှန်းလီက ဝေ့ချင်းဟယ်၏ မင်္ဂလာပွဲအကြောင်း ထုတ်ပြောလာချိန်တွင် စန်းလော့က တော်တော်လေး သိချင်စိတ်ဖြစ်သွား၏။ “ဘယ်မိသားစုကလဲ၊ ဝေ့ချင်းဟယ်က ဒီအကြောင်းကို ရှင့်ကို ပြောခဲ့တာလား”

ရှန်းလီက ခေါင်းခါပြလိုက်ပြီး ပြန်ဖြေသည်။ “ကိုတို့ဆရာတွေထဲက တစ်ယောက်က ဒီနေ့ ညီလေးဝေ့နဲ့ သူ့မိသားစုအခြေအနေကို မသိမသာ လာမေးနေတာ၊ နောက်ပြီး ဝေ့ချင်းဟယ်ရဲ့ မင်္ဂလာပွဲနဲ့ပတ်သက်ပြီး အစီအစဉ် ရှိမရှိဆိုတာ‌ရော”

“ရှင့်ဆရာတွေက ဝေ့ချင်းဟယ်ကို သမက်တစ်ယောက်လို့ မျက်စိကျနေတာလား”

ရှန်းလီက လက်ဝေ့ယမ်းပြလိုက်ပြီး “ကိုလဲ သေချာမသိပါဘူး၊ ဒါပေမဲ့ ဒီဆရာမှာ လက်ထပ်ဖို့ အရွယ်ရောက်ပြီးသား သမီးတစ်ယောက် မရှိဘူးလေ၊ ကြည့်ရတာ တစ်ယောက်ယောက်ကိုယ်စား မေးပေးတာဖြစ်မယ်၊ တကယ်လို့ သူတို့မှာ ဒီကိစ္စစဉ်းစားထားတာရှိတယ်ဆိုရင် ဒီအကြောင်းကို အနှေးနဲ့အမြန် ကြားရမှာပဲ”

၁၀လပိုင်းကုန်တွင် ရွှီဝမ်ယင်းက ရှန်းနဉ်ကို တိုးတိုးတိတ်တိတ် ပြောပြခဲ့သဖြင့် စန်းလော့သည် အမှန်ပင် သတင်းကြားလိုက်ရသည်။ သူမ ထုတ်ပြောရဲသည်ဆိုတာကလည်း အောင်သွယ်တော်က လင်းမိသားစုသို့ နှစ်ကြိမ် အလည်အပတ် လာခဲ့ပြီးဖြစ်သောကြောင့်ပင်။

လင်းမိသားစု ဖြစ်နေသည်ပင်။

ဝေ့မိသားစု၏ လုပ်ကိုင်ပုံများက သရှင်းရွာအတွက် အခြေအနေတစ်ခု ထူထောင်ခဲ့သယောင်။ ၁၁လပိုင်း အစတွင် စန်းလော့သည် သူမ၏မီးတွင်ကာလ ပြီးသွားပြီး ကျိုးမိသားစုနှင့် လုမိသားစုတို့ကလည်း ပျော်စရာသတင်းများ ယူလာပေးခဲ့သည်။

ကျိုးစန်းလန်နှင့် လုစန်းလန်တို့ နှစ်ယောက်လုံး၏ မင်္ဂလာပွဲကို သတ်မှတ်ပြီးခဲ့သည်။ ကျိုးမိသားစုက တစ်ယောက်တော့ စန်းလော့နှင့် အထူးတလည် သက်ဆိုင်နေသည်။ - သူမ၏ဆိုင်တွင် အမျိုးသမီးဝန်းထမ်အဖြစ် လုပ်ကိုင်နေသည့် တုန်းကဲ၏ညီမလေး ရှင်းနျန်ပင်။

လုစန်းလန်ကတော့ သူ့ကို သူ့မရီးဖြစ်သူ ဖန်းလျိုညန်၏ ဝမ်းကွဲတစ်ယောက်နှင့် ရည်စူးထားသည်။

သရှင်းရွာထဲက လေထုမှာ ပျော်ရွှင်ဖွယ်အပြည့်ဖြစ်နေပြီး သည်နှစ်က လောကကြီး၏ဒုက္ခသုက္ခများကို ဖယ်ရှားပေးလိုက်သည့်နှယ်။ မင်္ဂလာပွဲရက်များကို နီးနီးနားနား ရွေးချယ်ခဲ့ကြပြီး နှစ်ကုန်ခါနီးသို့မဟုတ် လာမည့်နှစ် အစပိုင်းတွင် ဖြစ်သည်။

ဒါသည် ရှန်းအိမ်ဝင်းအတွင်းတွင်လည်း ပျော်ရွှင်စရာအချိန်တစ်ခု ဖြစ်ခဲ့သည်။ စန်းလော့က ဝမ်းသာပီတိဖြင့် စောင့်ကြည့်နေစဉ် ဖန်သခင်မသည် ကျုံးမားမားနှင့် အစေခံမလေး၂ယောက်နှင့်အတူ ရောက်လာ၏။ သူတို့အလည်အပတ်လာရခြင်းမှာ ရည်ရွယ်ချက် ၃ခုပါသည်။ ပထမအချက်မှာ စန်းလော့၏ လရှည်မီးတွင်းကာလ ပြီးဆုံးသည်ကို အသိပေးဖို့ရန်နှင့် သူမ အခြေအနေကို ကိုယ်တိုင်လာကြည့်ရန်ဖြစ်ပြီး ဒုတိယအချက်မှာ မွေးလာသည့်ကလေးများကို ကြည့်ရှုရန်ဖြစ်ပြီး တတိယအချက်ကတော့ ရုံးတော်ကိစ္စနှင့်ပတ်သက်ပြီး သူမ၏ခင်ပွန်းကိုယ်စား သတင်းလာပို့ပေးခြင်းဖြစ်လေသည်။

ပြည်နယ်နှင့် စီရင်စုတစ်ခုစီတိုင်းက နှစ်ကုန်တွင် မြို့တော်သို့ လက်ဆောင်ပဏ္ဍာများကို ဆက်သရမည်။ ရှီကျိုးက ဆက်သမည့်ပစ္စည်းများအတွက်တော့ ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်က သရှင်းမှထွက်သည့် ဒေသထွက် အထူးထုတ်ကုန်များကို ရွေးချယ်ထားခဲ့သည်။

စန်းလော့၏မျက်လုံးများမှာ တအံ့တဩဖြင့် ဝိုင်းစက်သွားတော့သည်။ “!!!”

စန်းလော့က သိသိသာသာ ကိုယ်ကို မတ်ထားလိုက်၏။

“လက်ဆောင်ပဏ္ဍာတဲ့။ နန်းတော်ကို ပို့ရမှာလား”

လက်ဆောင်ပဏ္ဍာ။ ဒီအကြောင်း ပြောလိုက်တာနဲ့ သူမရဲ့ ကုန်ပစ္စည်းထုပ်ပိုးမှုအားလုံးက နန်းတော်ထဲကိုရောက်သွားတာနဲ့ နောက်ဆိုရင် အဆင့်မြင့်တင်လို့ရပြီဆိုတဲ့ သဘောပဲ။

ဖန်ဖေးညန်က ခပ်တိုးတိုးရယ်မောလိုက်ပြီး ပခက်ထဲတွင် သူမ၏လက်ချောင်းလေးကို ဖမ်းဆုပ်ထားသည့် ယောင်ယောင်နှင့် ကစားရင်း ကိုယ့်ဟာကို သဘောကျနေကာ သူမက စန်းလော့ကို စနောက်လိုက်၏။ “ရှင့်ဆိုင်က ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးကို ရှင်မသိသေးဘူးလေ၊ ဟုတ်တယ်မလား၊ ပစ္စည်းတွေကို အချိန်အကြာကြီး သိုလှောင်လို့ရအောင် မလုပ်နိုင်တဲ့ သူတို့အရည်အချင်းကြောင့်သာ မဟုတ်ရင် ထိုက်ယွမ်ကို ကျွန်မ နှစ်စဉ်ပို့နေတဲ့လက်ဆောင်ထဲမှာ ဒီပစ္စည်းတွေကို ထည့်ပေးလိုက်ပြီးပြီ၊ နောက်ပြီး ဒါ အကုန်မဟုတ်သေးဘူးနော်၊ ဒီနှစ်ဆက်သမဲ့ ပဏ္ဍာရဲ့ အဓိကဇာတ်လို့က ဘာလဲ ခန့်မှန်းကြည့်မလား”

ဖန်ဖေးညန်က သိသာထင်ရှားသည့် စိတ်ဝင်စားမှုဖြင့် သူမကို ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် စန်းလော့မှာ ဇဝေဇဝါဖြစ်သွားတော့သည်။ “ဒါက ကျွန်မနဲ့ ပတ်သက်နေလို့လား”

ဖန်ဖေးညန်က ပြုံးကာ ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်၊ ရှင် ဒီအတွက် အသိအမှတ်ပြုခံရလိမ့်မယ်”

စန်းလော့: “...”

သူမက ဒီနှစ် မှတ်သားလောက်တဲ့ တစ်ခုခုကို လုပ်ခဲ့လို့လား။

သူမသည် ဖန်ဖေးညန်ကို ကြည့်လိုက်ပြီးနောက် မျက်လွှာချထားကာ သေသေချာချာ စဉ်းစားလိုက်လေသည်။ သူမသည် ထယ်သွားတီထွင်ခြင်းအတွက် ဂုဏ်သတင်းရခဲ့ပြီးဖြစ်သည်။ စက္ကူလုပ်နည်းကတော့ ထုတ်ပြောလို့မရနိုင်သည့် အရာပင်။ တခြားဘာဖြစ်နိုင်ပါမည်နည်း။

သည်အတွေးက သူမ၏စိတ်ထဲ ဖြတ်ပြေးသွားသည်နှင့်တပြိုင်နက် စန်းလော့၏မျက်ခွံများက လှုပ်ရှားသွားပြီး တစ်ခုခုကို သဘောပေါက်သွားသည်။ သူမက ဖန်ဖေးညန်ကို မျက်လုံးအဝိုင်းသားဖြင့် ငေးကြည့်မိပြီး ဆွံ့အသွားတော့သည်။

“ရှင် ပြောချင်တာက ....”

ဖန်ဖေးညန်က ရယ်ချင်စိတ်ကို မြိုသိပ်ထားရ၏။ စန်းလော၏ ခန့်မှန်းချက် မှန်ကန်သွားသည်ကို တွေ့လိုက်ရသဖြင့် သူမက သူမ၏ပါးစပ်ကို အုပ်ထားလိုက်ပြီး ငိုရခက် ရယ်ရခက် ဖြစ်သွားတော့သည်။

“ကျွန်မ ဂုဏ်သတင်းကိုတော့ တကယ်မလိုပါဘူးရှင်၊ ရှင် သိပါတယ်”

...

အပိုင်း (၂၅၈) မြို့တော်သို့ဝင်ရောက်ခြင်း

လက်ရှိအခြေအနေတွင် ဦးဆောင်သည့်နေရာကို ရှောင်လွှဲဖို့ရန်က မဖြစ်နိုင်ချေ။ ကျန့်ဇီရွှမ်း၏အမြင်တွင် စစ်ပွဲ၏နောက်ဆက်တွဲပုံရိပ်များနှင့် ဖရိုဖရဲဖြစ်နေသည့်ကြားက ဖြစ်ပျက်သွားသည့်ကိစ္စအများအပြားတွင် သချီ၏ အဓိကကျသည့် စိုးရိမ်ရမည့်အချက်မှာ ပြည်သူများ၏အကျိုးကျေးဇူးကို မြေတောင်မြှောက်ပေးခြင်းနှင့် လုံခြုံစိတ်ချရအောင်လုပ်ပေးခြင်းဖြစ်သည်။

တူညီသည့်အစာကျွေးခြင်းနည်းလမ်းမျိုးတွင် ဝက်များသည် နှစ်ဝက်အတွင်းတွင် နောက်ထပ် ပေါင်၈၀...၉၀အထိ အသားတိုးလာနိုင်သည်။ ပြည်သူများအတွက် ဒီလိုအကျိုးတရားကို စဥ်းစားမိပြီး စန်းလော့၏ကျေးဇူးကြောင့် ပြည်နယ်တစ်ခွင်တွင် ပြန့်နှံ့နေသည့် ထယ်သွားအကွေး၏ ကျော်ကြားမှုလဲရှိလေရာ ကျန့်စန်းလန်သည် စန်းလော့၏နာမည်ကို သချီညီလာခံတွင် နောက်တစ်ကြိမ် ထုတ်ပြောဖို့ရန် စိတ်အားထက်သန်လေသည်။

ဒါသည် ရှီကျိုးတွင်ရှိသည့် သူ၏ကိုယ်ပိုင်ဆောင် ရွက်ချက်တစ်ခုတည်းကြောင့် မဟုတ်ချေ။ ဒါသည် သချီနိုင်ငံတော်၏စိတ်ဝိညာဥ်ထဲတွင် ကိန်းအောင်နေပြီး နိုင်ငံရေးအရသိသာထင်ရှားသည့် အချက်တစ်ခုကိုသယ်ဆောင်ထားသည်။

စန်းလော့က ဒီအကြောင်းကို ထိုမျှလောက်နက်နက်ရှိုင်းရှိုင်း သေချာမစဥ်းစားခဲ့သော်ငြားလည်း သူမသည် အကျိုးအမြတ်ကို နားလည်သည်။ ရှေးခေတ်အခါက မိသားစုတစ်ခု၏ အထောက်အပံ့မရှိလျှင် တစ်စုံတစ်ယောက်၏ဂုဏ်သတင်းသည် အင်အားကြီးမားသည့် အကာအကွယ်တံတိုင်းတစ်ခုအဖြစ် အမှန်တကယ် တည်ရှိနိုင်ပေသည်။ ဒါကို သဘောပေါက်လိုက်သဖြင့် သူမက ပူးပေါင်းဆောင်ရွက်ပေးပြီး သူတို့စမ်းသပ်ခဲ့သည့် အကြောင်းအရာကလွဲလျှင် ပြောပြခဲ့သည်။ ရှီကျိုးတွင် အစောဆုံးသင်းကွပ်ခဲ့သည့် ဝက်ပေါက်လေးများက ၈လပိုင်းတွင် မွေးဖွားခဲ့ဟန်တူသည်။ ဒါသည် ထိုအကောင်ပေါက်လေးများကို သတ်ဖို့ရန်အတွက် အချိန်လိုသေးသည်။ ဖြစ်နိုင်သည်က အာဏာပိုင်များသည် အရသာကွာခြားမှုကို သတိမထားမိတာလဲဖြစ်နိုင်သည်။ ထို့ကြောင့် သူမက ဒီအမြင်ကိုဝေမျှပေးလိုက်၏။

ဖန်ဖေးညန်၏မျက်လုံးများက လင်းလက်သွားသည်။ "ဒီလိုကိစ္စလည်းရှိသေးသလား"

စန်းလော့က ခေါင်းငြိမ့်ပြသည်။ "ရှင် မေ့သွားလို့ဖြစ်ပါလိမ့်မယ် ကျွန်မ ၆လပိုင်းတုန်းက ကျွန်မအိမ်က သင်းကွပ်ထားတဲ့ဝက်တစ်ကောင်ကို သတ်ခဲ့သေးတယ်လေ"

ဖန်ဖေးညန်က ဝမ်းသာအားရ ဖြစ်သွားပြီး အထက်တန်းစားမိသားစုများသည် ဝက်သား၏ သိသာထင်ရှားသည့်ညှီနံ့ကြောင့် အထူးတလည် ဝက်သားကို ရှောင်ကျဥ်ကြပြီး ထိုအစား သိုးသားကိုသာ ပိုကြိုက်ကြသည်။ သင်းကွပ်လိုက်ခြင်းက ဝက်သားညှီနံ့များကို သိသိသာသာ ဖယ်ထုတ်ပေးနိုင်သည်။

"ဒါဆိုဝမ်းသာစရာပဲ၊ ဒီလက်ဆောင်ပဏ္ဍာက ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းလာလိမ့်မယ်၊ ကျွန်မပြန်သွားရင် ဒီကိစ္စကို အစ်ကိုစန်းလန်နဲ့တိုင်ပင်ရမယ်” ထို့နောက်တွင် သူမက စန်းလော့ဘက်သို့ လှည့်လိုက်၏။ "ရှင်ဟာလေ လျှို့ဝှက်ချက်ကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာ တကယ်သိတာပဲ"

"အဲဒီ့တုန်းကလည်း ကျွန်မက ဘယ်လိုလုပ်ပြီးသိနိုင်မှာလဲ၊ ကျွန်မက ဒါကို လက်တွေ့ကျကျ စမ်းသပ်ပြီးမှ သိခဲ့တာပဲ မဟုတ်လား၊ နောက်ပိုင်းကျတော့ ကျွန်မလဲ အထူးတလည် မလာခဲ့ရဘူးလေ၊ နောက်ထပ်သားဖောက်ထားတဲ့ ဝက်တစ်သုတ်က ရောင်းဖို့အဆင်သင့်ဖြစ်လာတဲ့အချိန်မှ ကျွန်မလဲ ဘာလုပ်ရမယ်ဆိုတာကို သိသွားတာ၊ ဒါတွေက လက်ဆောင်ပဏ္ဍာပေးမဲ့ပစ္စည်းတွေ ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှတောင် မစဥ်းစားခဲ့မိဘူးလေ"

ထိုသို့ပြောလိုက်ပြီးနောက်တွင် သူမက သူမဖက်မှ လိုအပ်သည့်ပြင်ဆင်စရာရှိသည့် အရာများကို ဖန်ဖေးညန်အား မေးမြန်းလိုက်သည်။

အမှန်တွင်တော့ သူမအတွက် အထူးတလည် ပြင်ဆင်စရာများများစားစား မရှိချေ။ ဖန်ဖေးညန်က သူမကို စာရင်းတစ်ခု ပေးထားပြီးဖြစ်ကာ ၁၁လပိုင်း၉ရက်မြောက်နေ့တွင် ပစ္စည်းများကို ပြည်နယ်ရုံးတော်သို့ လာရောက်ပို့ဆောင်ခိုင်းထားသည်။ ငွေပေးချေမှုကိုတော့ ရုံးတော်က တာဝန်ယူလိမ့်မည်။

စန်းလော့သည် ၁၁လပိုင်း၉ရက်နေ့ဟု ကြားလိုက်ချိန်တွင် ၃ရက်သာ အချိန်ကျန်တော့သည်ကို သတိထားမိလိုက်၏။ အစပိုင်းတွင်တော့ သူမက အားလုံးကို အချိန်မှီမစုဆောင်းနိုင်မှာ စိုးရိမ်သေးခဲ့သည်။ သို့သော်ငြားလည်း စာရင်းကို သေသေချာချာ ကြည့်လိုက်ပြီးနောက်တွင် သူမက စိတ်အေးသွားကာ သက်ပြင်းချလိုက်၏။ ပြည်နယ်ရုံးတော်က ပျားရည် တို့ဟူးချဉ်၊ အသားမွကြော်၊ အသားခြောက်နှင့် ခေါက်ဆွဲများကို ရွေးချယ်ထားသည်။ ထိုပစ္စည်းထဲက ဘယ်တစ်ခုကမှ ကြီးမားသည့်ပမာဏမဟုတ်ဘဲ တစ်မျိုးကို အခု၆၀စီသာ မှာထားသည်။

ဒီပစ္စည်းအများစုကို ဂိုဒေါင်ထဲတွင် သိုလှောင်ထားပြီးသားဖြစ်သည်။ ပျားရည်က အထားခံ၏။ သို့သော်ငြားလည်း အသားမွကြော်နှင့် အသားခြောက်ကိုတော့ စန်းလော့က ပြဿနာတစ်ခုဖြစ်လာနိုင် သည်ဟုထင်သည်။ ထိုပစ္စည်းများကို လတ်လတ်ဆတ်ဆတ် လုပ်ဆောင်ပေးဖို့ရန် လုံလောက်သည့်အချိန်မရှိချေ။ ထို့အပြင် ကုန်ကြမ်းပစ္စည်းများကလဲ မသင့်တော်ချေ။

နန်းတော်အတွက် ပါဝင်ပစ္စည်းများက အရည်အသွေး မြင့်မားရပေမည်။ သို့သော်ငြားလည်း ရုံးတော်မှ စန်းလော့ ဝယ်လာခဲ့သည့်ဝက်များက မကြီးချေ။ သူတို့၏သင်းကွပ်ထားသည့် ဝက်ပေါက်လေးများကလဲ အသက်၃လပင် မပြည့်သေးချေ။ သူမသည် ထိုဝက်ပေါက်လေးများကို မသတ်ရက်ပေ။ သူမက ထိုသို့လုပ်လျှင်ပင် အသားကလဲကောင်းနိုင်မည် မဟုတ်ပေ။

အစောပိုင်းတွင်တော့ ထိုအရာများကို သူမ၏ ဆိုင်တစ်ခုတည်းတွင်သာ ရောင်းချသည်။ သချီက လူအများစုက သင်းကွပ်မထားသည့်ဝက်များမှ ဝက်သားအရသာကို မခံစားဖူးချေ။ လုပ်ဆောင်ပုံအဆင့်ဆင့်နှင့် အရသာထည့်သွင်းခြင်းအားဖြင့် အရသာကွာခြားချက်က မသိသာချေ။ သို့သော်ငြားလည်း အခုတော့ ထို့ပစ္စည်းများက နန်းတော်အတွက် ရည်ရွယ်လေသည်။ သူမက တွေဝေနေမိ၏။

သူမ၏စိုးရိမ်စိတ်ကို ကြားလိုက်ရသည့်နောက်တွင် ဖန်ဖေးညန်က ခပ်တိုးတိုး ရယ်လိုက်၏။ "ဒီကိစ္စကိုတော့ စိတ်မပူပါနဲ့၊ ကျွန်မရဲ့အိမ်တော်မှာ တစ်ချို့ရှိပါသေးတယ်၊ ကျွန်မ ခဏနေကျရင် အဲဒီ့ပစ္စည်းတွေကို လူလွှတ်ပြီး ပို့လိုက်ပါမယ်၊ သားသတ်သမားတစ်ယောက်ကိုသာ ခေါ်ပြီးတော့ စောင့်နေလိုက်ပါ"

စန်းလော့မှာ တအံ့တသြဖြစ်သွားသည်။ "သင်းကွပ်ထားပြီးသားလား"

ဖန်ဖေးညန်က ပြုံးကာ ခေါင်းငြိမ့်ပြ၏။ "အစတုန်းက ဒီဖက်ကိုယူလာခဲ့တဲ့ မွေးမြူရေးတိရိစ္ဆာန်တွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေက ထိုက်ယွမ်က နေဝယ်လာတာလေ၊ အကောင်ကြီးနဲ့ အကောင်သေးလဲရှိတယ်၊ ဒါပေမဲ့အစတုန်းကတော့ ကျွန်မက အတွေ့အကြုံမရှိတော့ အကောင်ငယ်လေးတစ်ချို့က လာတဲ့လမ်းတစ်လျှောက်မှာ သေသွားခဲ့တယ်၊ ဒီတော့ ကျွန်မလဲ ချန်းလျိုကနေ နောက်ထပ်တစ်သုတ်ကို ထပ်ပြီးတော့မှာထားခဲ့ရတာ၊ ဒါကြောင့်မလို့ ထိုက်ယွမ်ကဝက်တွေက ပိုပြီးတော့ ကြီးတယ်လေ၊ အဲဒီ့တုန်းက ကျွန်မ ပြည်သူတွေကို မွေးမြူရေးတိရိစ္ဆာန်နဲ့ ကြက်ငှက်တွေကို ရောင်းချတဲ့အချိန်တုန်းက စျေးနှုန်ကလည်း သူတို့ရဲ့အရွယ်အစားနဲ့ အလေးချိန်ပေါ်မူတည်ပြီး ပြောင်းလဲသွားတာလေ၊ လူအများစုက ပိုကြီးတဲ့ဟာတွေမပြောနဲ့ နှစ်လသား ဝက်ပေါင်ကလေးတွေကိုပဲ တတ်နိုင်ကြတယ်၊ ဒီတော့ ကျွန်မလဲ အိမ်တော်မှာ ပိုကြီးတဲ့အကောင်တွေကို ဆက်ထားလိုက်ပြီး သူတို့ကို မွေးထားလိုက်တယ်၊ ဝက်တွေကို သင်းကွပ်တဲ့အကြောင်းကို ကြားလိုက်ရတဲ့အချိန်မှာ အိမ်တော်ထဲမှာ ဝက်ပေါက်လေးတွေ ရှိနေပြီလေ၊ ဒီတော့ ကျွန်မလဲ သင့်တော်တဲ့အကောင်တွေကို လုပ်ထားလိုက်တာပေါ့"

ထိုသို့စီစဥ်ပြီးသွားသည့်နောက်တွင် ဖန်ဖေးညန်က အချိန်ဆွဲမနေတော့ချေ။ ကလေးနှစ်ယောက်ကို စနောက်ကျီစယ်လိုက်ပြီးနောက်တွင် သူမက ကလေးတစ်ယောက်စီကို ငွေလက်ကောက်လေးတစ်စုံစီ ပေးထားပြီးနောက်တွင် နှုတ်ဆက်ကာ ပြန်လာခဲ့လေသည်။

စန်းလော့သည် ငွေလက်ကောက်လေးနှစ်စုံကို လက်ခံရရှိလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူမက စကားတစ်ခွန်းပင် မပြောရသေးခင်မှာပင် ဖန်ဖေးညန်က သူမကို တားပြီးပြောလိုက်၏။ "ဒါတွေက ကျွန်မတို့ ပထမဦးဆုံး တွေ့ဆုံတဲ့အတွက် လက်ဆောင်လို့ သတ်မှတ်လိုက်ပါ၊ ဒါက အများကြီးလည်း မရှိပါဘူး၊ ဒါက ကံကောင်းခြင်းနဲ့ အလှအပအတွက် ဒီအတိုင်းပဲ ရည်ရွယ်ပြီးလုပ်ထားတာပါ၊ ကျွန်မလက်ဆောင်ကို မငြင်းပါနဲ့တော့၊ ကျွန်မက ဒီလိုယဥ်ကျေးတဲ့ လောကဝတ်စကားတွေနဲ့ ကျင့်သားမရနေပါဘူး"

စန်းလော့ကလဲ ဒီလိုအပြုအမူမျိုးကို အသားမကျချေ။ ထို့ကြောင့် သူမက ဒီအတိုင်းပြုံးကာ ကျေးဇူးတင်လိုက်လေသည်။ သူမက ဖန်ဖေးညန်ကို တံခါးအထိ လိုက်ပို့ပေးလိုက်သော်ငြားလည်း ဖန်ဖေးညန်ကတော့ သူမကို လှမ်းတားလိုက်ပြီး ပြောလိုက်၏။ "ကလေးတွေ အထဲမှာရှိသေးတယ် ပြန်သွားပါတော့"

ရှန်းနဥ်နှင့် ရွှီဝမ်ယင်းတို့သည် မြို့ထဲသို့သွားခဲ့ကြပြီး မိန်းကလေးငယ်လေးနှစ်ယောက်မှာ သူတို့၏ ကိုယ်ပိုင်စီးပွားရေးငယ်လေးတစ်ခု ပိုင်ဆိုင်ထားသည်။ စန်းလော့ ကလေးမွေးပြီးကတည်းက ပြီးခဲ့သည့်နှစ်လအတွင်းတွင် ရှန်းနဥ်သည် အိမ်ထဲတွင်သာ အများဆုံးအောင်းနေခဲ့ရသည်။ ဒီနေ့တွင်တော့ သူမ အတွက်အပြင်ထွက်ဖို့ ရှားရှားပါးပါး အခွင့်အရေးတစ်ခုရသည်။ ထို့ကြောင့် စန်းလော့ကလဲ သူမကို ရှာဖွေဖို့ရန် အလုပ်ရှုပ်ခံ မနေတော့ချေ။ သူမက ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ပြီး ရှန်းထျယ်ကို သတိထားမိလိုက်သဖြင့် သူ့ကိုလှမ်းခေါ်လိုက်ကာ ဘေးကရွာသို့သွားပြီး ဝက်ပေါက်လေးကို သတ်ကူဖို့ရန်အတွက် အစ်ကိုကျန့်နှင့် သူ့ညီအစ်ကိုများကို သွားရောက်ဖိတ်ခေါ်ပေးဖို့ ရှန်းထျယ်ကို ခိုင်းလိုက်လေသည်။

...

ဝူတင်း ၄နှစ်မြောက်ဆောင်းတွင်းတွင် သချီဘုရင်မင်းမြတ်က မြို့တော်ကိုထိန်းချုပ်ပြီး ပထမဦးဆုံးဆောင်းတွင်းတွင် ချန်အန်းမြို့သည် ၁၁လပိုင်းအတွင်းတွင် လှုပ်ရှားမှုများနှင့် စည်ကားလို့နေသည်။

၁၁လပိုင်းလလယ်ကတည်းက ပြည်နယ်နှင့် စီရင်စုအသီးသီးမှ လက်ဆောင်ပဏ္ဍာယာဥ်တန်းကြီးသည် မြို့ထဲသို့ ရောက်လာလေသည်။ သချီမင်းဆက်တွင်လည်း လက်ဆောင်ပဏ္ဍာများ ဆက်သရသည့်စနစ်တစ်ခု ရှိလေသည်။ မြို့တော်ကလူများက ဒီကိစ္စနှင့် အလွန်မှရင်းနှီးနေ၏။ အတိတ်က လက်ဆောင်ပဏ္ဍာများသည် ၁၀လပိုင်းတိုင်းတွင် မြို့တော်သို့ ရောက်လာတတ်သည်။ သို့သော်ငြားလည်း ဒါက သချီ၏ပထမဦးဆုံး စုစည်းသည့်ကာလဖြစ်ကာ အခွန်ကို ၃လတာကင်းလွတ်ထားသည့် အချိန်လည်းဖြစ်သည်။ စီရင်စုများနှင့် ပြည်နယ်များကို ဒီနှစ်မှသိမ်းယူထားခဲ့ရသဖြင့် လက်ဆောင်ပဏ္ဍာများ ရောက်လာဖို့ အချိန်နောက်ကျခဲ့ရခြင်းပင်။

နေ့တိုင်းလိုလို ယာဥ်တန်းများသည် မြို့အပြင်ဘက်မှ သို့မဟုတ် ရေလမ်းကြောင်းမှတစ်ဆင့် မြို့ထဲသို့ဝင်ရောက်လာတတ်ကြပြီး လမ်းတစ်လျှောက်တွင် အရှေ့ဘက်စျေးကို ဖြတ်သန်းလာကာ တော်ဝင်နန်းတော်နှင့် အနီးဆုံးဖြစ်သည့် နေရာများသို့ ရောက်လာခဲ့သည်။ ထိုနေရာတွင် အရင်မင်းဆက်က ဆောက်လုပ်ထားသည့် ကျောက်ကျိုးကျင်းကျောက်ရုံးတော်ကို ပြည်နယ်အုပ်ချုပ်ရေးမှူးများက မြို့တော်သို့ ရောက်လာပြီး သတင်းပို့ခြင်း၊ ကိစ္စရပ်များကိုတင်ပြခြင်းနှင့် လက်ဆောင်ပဏ္ဍာများ ဆက်သရချိန်တွင် သူတို့အတွက် ယာယီနေရာထိုင်ခင်းတစ်ခုအဖြစ် စီစဥ်ထားလေသည်။ ချန်အန်း၏မြို့နေလူထုများက အရှေ့စျေးသို့ ဝင်ထွက်သွားလာရင်း ဒီလိုစည်ကားသည့်မြင်ကွင်းကို မကြာခဏဆိုသလို လှည့်ကြည့်တတ်ကြသည်။

သချီသည် အသစ်တည်ထောင်ထားသည့် တိုင်းပြည်တစ်ခု ဖြစ်သော်ငြားလည်း ပြည်နယ်နှင့် စီရင်စုအသီးသီးမှ ဆက်သလာသည့် လက်ဆောင်ပဏ္ဍာများကတော့ သေသေချာချာ လေးပြင်ဆင်ထားသည်။ အထဲက ပါဝင်ပစ္စည်းကို မစဥ်းစားလျှင်ပင် ထုပ်ပိုးထားသည့် ပုံစံတစ်ခုတည်းကပင် လက်ရာမြောက်လှသည်။ ဒေသတွင်း လက်ဆောင်ပဏ္ဍာများဟု ခေါ်ဆိုသော်ငြားလည်း ထိုပစ္စည်းများက ဖြစ်သလိုလုပ်ထားဟန် လုံးဝမတူချေ။ အရေအတွက်နှင့် ခမ်းနားပုံက အရင်သချန်မင်းဆက်က ပစ္စည်းများထက် မသာလွန်နိုင်သော်လည်း ပစ္စည်းများကို မင်းကြီးကိုဆက်သရာတွင် မည်သူက ဂရုမစိုက်ဘဲ နေရဲပါမည်နည်း။ လိုရင်းကိုပြောရလျှင်တော့ ဆက်သရသည့် လက်ဆောင်ပဏ္ဍာပစ္စည်းများသည် အရည်အသွေးမြင့် ပစ္စည်းဖြစ်ဖို့ရန် အာမခံရသည်။ ထုပ်ပိုးမှုကိုလည်း သေသေချာချာလေး ပြုလုပ်ထားရသည်။

ဒီလိုမြင်ကွင်းကို အသားကျနေပြီးသားဖြစ်သည့် ချန်အန်းက မြို့သူမြို့သားများက ၁၁လပိုင်း ၂၃ရက်နေ့တွင် တစ်ခုခုထူးခြားသည့်အရာကို မြင်လိုက်ချိန်တွင်တော့ တအံ့တသြ ဖြစ်သွားကြသည်။

ဒါက ထူးခြားတယ်မဟုတ်လား။

လှည်းခြောက်စီး ဦးဆောင်လာတဲ့ သူတွေထဲက အရာရှိဝတ်စုံတွေနဲ့ ရဲမက်ဝတ်စုံတွေကို ထောက်ချင့်ရင် သူတို့တွေက ပြည်နယ်တစ်ခုကနေ မြို့တော်ကို လက်ဆောင်ပဏ္ဍာတွေ လာပြီးပို့ဆောင်ပေးတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမဲ့ သူတို့တွေက ဘာကိုပို့ဆောင်နေတာလဲ။

လှည်းခြောက်စီး၏ တစ်စီးစီတိုင်းတွင် သစ်သားလှောင်အိမ်လေးများရှိပြီး ဝက်အကြီးလေးကောင်နှင့် အငယ်နှစ်ကောင်ကို ထည့်လှောင်ထားကာ အားလုံးက ခရီးရှည်ကြီး နှင်လာရသော်ငြားလည်း တော်တော်လေး ကောင်းကောင်းမွန်မွန် စားသောက်ထားကြရဟန်တူသည်။

ဝက်တွေတဲ့။

လူများသည် တိုင်းတစ်ပါးမှလာသည့်ပစ္စည်းများနှင့် ရှားပါးသည့်တိရိစ္ဆာန်များကို လက်ဆောင်ပဏ္ဍာအဖြစ် ဆက်သခဲ့သည်ကို မြင်တွေ့ဖူးသည်။ သို့သော်ငြားလည်း မင်းကြီးအတွက် ဝက်များကို ဆက်သသည်ကိုတော့ တခါမှ မတွေ့ဖူးချေ။

မြို့တော်ထဲသို့ဝင်လာသည်တွင် သည်အဖွဲ့သည် မြို့နေလူထုများ၏အာရုံကို ချက်ချင်းဆွဲဆောင်ထားလိုက်ပြီး လူများက လျှောက်နေသည့်လမ်းကို ရပ်လိုက်ကြကာ တခစ်ခစ်ရယ်မောရင်း အချင်းချင်းတီးတိုးစကားပြောဆိုရင်း ဆူညံသံတစ်ခုကို ဖန်တီးလိုက်ကြသည်။

"အရာရှိဝတ်စုံရဲ့အရောင်ကို ကြည့်မယ်ဆိုရင် သူက အဆင့်၆ ဒါမှမဟုတ် ပို့နိမ့်တဲ့ရာထူးတစ်ခုရှိတယ်ဆိုတာ သိနိုင်တယ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ လက်ထောက်တစ်ယောက်ထင်တယ်၊ ဘယ်ပြည်နယ်ကပါလိမ့်"

"ဒီဝက်တွေကို သေသေချာချာလေး မွေးမြူထားတဲ့ပုံပဲ ဒါပေမဲ့ ဝက်တွေဆိုတာ ငါတို့ပြည်သူတွေစားတဲ့ အသားတွေ မဟုတ်ဘူးလား။ တော်ဝင်မျိုးနွယ်တွေက ဒီလိုအသားကို စားလို့လား"

တစ်ချို့ပျင်းရိငြီးငွေ့နေကြသူများက တခစ်ခစ်ရယ်မောလိုက်ကာ သူတို့အဖော်များကို အကြံပြုလေသည်။ "လာလေ တစ်ချက်လောက် သွားကြည့်ရအောင်"

လူတော်တော်များများက ယာဥ်တန်းနှင့်အတူလိုက် ပါလာကြကာ မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ကြည့်ဖို့ရန် စိတ်အားထက်သန်နေကြသည်။ သိလိုစိတ်ပြင်းပြစွာဖြင့် ဒီအဖွဲ့က နောက်ကျမှ ရောက်လာလေသလား သို့မဟုတ် တစ်ခြားအစီအစဥ်များ ရှိနေလေသလားဟု စဥ်းစားကြလေသည်။ အကြောင်းမှာ သူတို့သည် အနားယူဖို့ရန်အတွက် နန်းတော်အရာရှိများ၏ရုံးခန်းကို ဖြတ်သန်းသွားပြီး တော်ဝင်မြို့တော်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားခဲ့ခြင်းကြောင့်ပင်။

လက်ဆောင်ပဏ္ဍာများက နန်းတွင်းထဲသို့မဝင်ခင်တွင် သူတို့သည် ဘဏ္ဍာတိုက်မှုး၏ အရင်ဆုံး စုံစမ်းစစ်ဆေးခံရပြီး ထိန်းသိမ်းခံရလေသည်။ သူတို့သည် တော်ဝင်မြို့တော်သို့ ဝင်လာသည်နှင့်ချက်ချင်း ဒီမြင်ကွင်းက သာမန်ပြည်သူများအတွက် ဆက်ပြီးမမြင်နိုင်တော့ချေ။ သို့သော်ငြားလည်း မြို့ထဲသို့ဝင်ရောက်လာသည့် ဝက်အရှင်ခြောက်ကောင် ပါရှိလေရာ လမ်းတစ်လျှောက်က အရာရှိရုံးခန်းများနှင့် ဌာနတော်တော်များများက သူတို့ကို ကြည့်နေကြသည်။ ဝက်များသည် လှောင်အိမ်ထဲတွင် ဝပ်နေကြပြီး မကြာခဏဆိုသလို ငြီးငြူနေတတ်ကြ၏။ သို့သော်ငြားလည်း အထဲကအရာရှိများကတော့ အနှောက်အယှက်မခံရသလိုဘဲ ရှိနေကြသည်။ ရုံးတော်တစ်ခုချင်းစီ ကကိစ္စများက မြင်ကွင်းကို မမှိတ်မသုန် စောင့်ကြည့်နေကြလေသည်။

ဝက်အရှင်တွေက နန်းမြို့တော်ထဲကို ဝင်လာသတဲ့... ဒါက ဘယ်လိုတောင်မှ ပုံမှန်မဟုတ်လိုက်တဲ့ဖြစ်ခြင်းလဲ။

အားလုံးက သူတို့ရောက်လာသည့် ရည်ရွယ်ချက်ကို စတင်ခန့်မှန်းနေကြသည်။ဘဏ္ဍာတိုက်အနီးအနားတွင် ရှိနေကြသူများက ဂိတ်ရှေ့တွင် ရုတ်တရက်ရပ်သွားသည့် ယာဥ်တန်းကြီးကို လေ့လာနေကြသည်။

လက်ဆောင်ပဏ္ဍာဆက်သတာလား။

သူတို့အားလုံးမှာ ဆွံ့အသွားကြတော့သည်။

ဒီနှစ်ပိုင်းတွင် အနိမ့်ပိုင်းစီရင်စုများက ဆင်းရဲနွမ်းပါးတာ ဖြစ်နိုင်၏။ သို့သော်ငြားလည်း သူတို့သည် ဝက်အရှင်ကို လက်ဆောင်ပဏ္ဍာအဖြစ်တော့ သေချာပေါက် ဆက်သလိမ့်မည် မဟုတ်ချေ။

ဒါက မည်သည့်ပြည်နယ်ကပါလိမ့်။ သူတို့တွေက ဘယ်လိုတောင် မဆင်မခြင်တွေ လုပ်နေနိုင်ပါလိမ့်။

...

ထိုက်ဟူရုံးတော်တွင် နောက်ကျသည့်အထိ အလုပ်လုပ်နေရသေးသည့် လက်ထောက်ဘဏ္ဍတိုက်မှူးမှာ နောက်ထပ်စီရင်စုတစ်ခုက လက်ဆောင်ပဏ္ဍာများကို လာရောက်ပို့ဆောင်သည်ဟု ကြားလိုက်သည့်အချိန်တွင် ရောက်လာသည့် လက်ဆောင်ပဏ္ဍာများကို နှုတ်ဆက်ဖို့ရန်အတွက် အလောတကြီးထွက်လာသည်။ ယာဥ်တန်းက ခြံဝန်းထဲသို့ ဝင်လာသည်နှင့်ချက်ချင်း သူကလဲ မြင်လိုက်ရသည့်လက်ဆောင်ပဏ္ဍာကြောင့် ဆွံ့အသွားတော့သည်။

အတွေးတစ်ခုက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်သွား၏။ ယာဥ်တန်းကို ပထမဦးဆုံးမြင်ခဲ့ရချိန်က ဂိတ်စောင့်များ၏စိတ်ထဲတွင် ဖြစ်သွားသည့်အတွေးနှင့် တစ်ထပ်တည်းပင်။ ...ဒါက ဘယ်ပြည်နယ်ကပါလိမ့်။ ဘယ်လိုလုပ်ပြီး အဲလောက်အဆင့်ဖြစ်နေရပါလိမ့်။

မကြာမှီတွင်တော့ သူသည် အဖွဲ့ခေါင်းဆောင်ဖြစ်သည့် ရှီကျိုးပြည်နယ်တရားသူကြီးက အပြုံးတစ်ခုဖြင့် ချဥ်းကပ်လာကာ မသိမသာ ဦးညွှတ်နှုတ်ဆက်ပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်ကို တွေ့လိုက်ရ၏။

ရှီကျိုး။

အာ ရှီကျိုးပေါ့။ သံတမန်များကို လက်ခံတွေ့ဆုံဖို့ရန် တာဝန်ယူထားသည့် ထိုက်ဟူရုံးတော်က လက်ထောက် ဘဏ္ဍာတိုက်မှူးမှာ ထိုဒေသအပေါ် အမှန်တကယ် အထင်ကြီးလေးစားမှုရှိခဲ့သည်။ ပထမပိုင်းတွင် ထယ်သွားကိုဆက်သခဲ့သည့် လယ်သမားအမျိုး သမီးတစ်ယောက်ရှိခဲ့သည်။ ချန်အန်းကို ပေါများကြွယ်ဝလိုသည့်ဆန္ဒရှိကာ ကျန်းယဲ့မြို့တော်ကိုလည်း ချန်းအန်းအဖြစ် ပြောင်းလဲအောင် လုပ်ပေးနိုင်သည်။ ထိုနေရာတွင်တော့ ရှီကျိုးပြည်နယ်အုပ်ချုပ်ရေးမှူးကတော် သခင်မဖန်ကလဲ မိုင်ထောင်ချီအောင် ခရီးသွားလာခဲ့ပြီး စပါးမျိုးစေ့၊ မွေးမြူရေးတိရိစ္ဆာန်များနှင့် ကြက်ငှက်များကို သယ်ဆောင်လာပေးခဲ့ပြီး မင်းကြီး၏အသိအမှတ်ပြုခံရကာ သူမကိုယ်တိုင်အတွက် အဆင့်၃ မင်းသမီးရာထူးကိုရရှိခဲ့သည်။

ဒီကိစ္စရပ်များကြောင့်ပင် ချန်အန်းမြို့ထဲက အရာရှိမိသားစုများမှာ အခိုက်အတန့်အတွင်း တော်တော်လေး အလုပ်ရှုပ်သွားခဲ့ကြသည်။ သို့သော်ငြားလည်း မြို့အပြင်ဘက်က ကျေးလက်နေပြည်သူများကတော့ ထိုကိစ္စမှ အကျိုးအမြတ် အမြောက်အမြား ခံစားခဲ့ရသည်။

လှောင်အိမ်ထဲက အဆင်ပြေပြေဖြစ်နေသည့် ဝက်၆ကောင်ကို ကြည့်လိုက်ပြီး လက်ထောက်မှာ သက်တော်စောင့်များအပြင် ယာဥ်တန်းနှင့် အတူပါလာသည့် ကျွမ်းကျင်သည့် ဝက်မွေးမြူရေးသမားနှစ်ယောက် ပါလာသည်ကို သတိထားမိလိုက်သည်။ ...

သူသည် သူ့အာရုံကို ရှီကျိုးပြည်နယ်တရာသူကြီးဖက်သို့ ပြန်လှည့်လိုက်ချိန်တွင်တော့ သူ့မှာ ပြောစရာစကား ပျောက်ဆုံးသွားတော့သည်။

ပြည်နယ်တရားသူကြီးက ကိုယ့်ဟာကိုယ် ဟယ်မျိုးရိုးဖြစ်ကြောင့် မိတ်ဆက်လိုက်၏။ ထိုက်ဟူရုံးတော်၏ လက်ထောင်ကလဲ တုံ့ပြန်လိုက်သည်။ "တရားသူကြီးဟယ် ဒါက ဒီနှစ်အတွက် ရှီကျိုးကနေ လက်ဆောင်ပဏ္ဍာပို့လိုက်တဲ့ ဝက်ခြောက်ကောင်လား"

မင်းကြီးက ပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်တားမြစ်ထားပြီး အရင်းအမြစ် အလဟသဖြစ်ခြင်းကိုလည်း တားမြစ်ထားသည်။ သို့သော်ငြားလည်း ရှီကျိုးက ဒါကို အတည်မှတ်နေခဲ့ခြင်းတဲ့လား။ သို့မဟုတ် ဒါသည် သခင်မဖန်အတွက် ပိုပြီးအရှိန်အဟုန်တစ်ခု ဖန်တီးပေးရန် ရည်ရွယ်ထားလေသလား။ ဒါကအလုပ်ဖြစ်သွားပြီး ဆန့်ကျင်ဖက် သက်ရောက်မှုမျိုးရှိမှာ မဟုတ်ဘူးလို့ သေချာနေသတဲ့လား။

တရားသူကြီးဟယ်က ခပ်တိုးတိုးရယ်လိုက်၏။ "ဒါပဲတော့ ဘယ်ဟုတ်ပါ့မလဲ။ တစ်ခြားလက်ဆောင်ပဏ္ဍာတွေလဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဝက်အရှင်တွေကို ရေလမ်းကြောင်းကနေ သယ်ယူပို့ဆောင်ဖို့ အဆင်မပြေတဲ့အတွက် ကျွန်တော်က အရင်ဆုံးကြိုပြီးတော့ ယူလာခဲ့တာပါ၊ ကျွန်တော့်ရဲ့အထက်အကြီးအကဲက ရေလမ်းကြောင်းကနေ နောက်မှ ကျန်တဲ့လက်ဆောင်ပဏ္ဍာတွေကို ယူလာပါလိမ့်မယ်"

လက်ထောက်က ပြုံးကာပြောလိုက်၏။ "ကောင်းပါပြီ ဒါဆိုရင်လည်း စုံစမ်းစစ်ဆေးတာတွေ လုပ်ပြီး စာရင်းသွင်းတာကို ဆက်လုပ်လိုက်ကြမယ်"

"အားထုတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ထိုက်ဟူရုံးတော်တွင် လက်ဆောင်ပဏ္ဍာပစ္စည်းများကို စစ်ဆေးခြင်းက အသေးစိတ်ကျသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ စပါးနှင့် မွေးမြူရေးတိရိစ္ဆာန်များအတွက် သူတို့၏အလေးချိန်ကို သေသေချာချာ စစ်ဆေးရသည်။

ထိုက်ဟူရုံးတော်၏လက်ထောက်က သူ့ဘဝတွင် ဝက်တစ်ကောင်ကို ဒီလောက်အနီးကပ်တခါမှ မတွေ့ခဲ့ဖူးချေ။ သူသည် ဘာကိုမှထူးထူးခြားခြား သတိမထားမိခဲ့သော်ငြားလည်း သူ၏ လက်အောက်ငယ်သားတစ်ယောက်ကတော့ အနီးကပ်လေ့လာပြီးသည့်နောက်တွင် တစ်ခုခုလွဲနေသည်ကို ခံစားမိလိုက်သည်။ ငယ်သား၏မျက်လုံးများက မယုံမကြည်ဖြင့် ဝိုင်းစက်သွား၏ "ဒီဝက်... ဒီဝက်က ဘာဖြစ်လို့ အစုံမရှိတာလဲ၊ ဒါကြီးက လိုနေတယ် ... တစ်ခုခုပျောက်နေတယ် ...”

လက်ထောက်မှာ သူ၏လက်အောက်ငယ်သားကို လှမ်းကြည့်လိုက်ပြီးနောက်တွင် သူ့အကြည့်ကို လိုက်သွားလိုက်ရာ သူပြောသည့်စကား အဓိပ္ပါယ်ကို နားလည်ဖို့ရန် ကျရှုံးခဲ့ရလေသည်။ သူ့လက်အောက်ငယ်သားဖက်သို့လှည့်ကာ သူက မေးလိုက်၏။ "ဘာပျောက်နေလို့လဲ"

လုံးဝကို နားမလည်နိုင်သည့် အမူအယာတစ်ခုဖြင့် လက်အောက်ငယ်သားက အနီးအနားက နောက်ထပ်လှည်းတစ်စီးကို လက်ညှိုးထိုးပြလိုက်ကာ ထိုလှည်းပေါ်တွင် သူတို့ကို ကျောပေးထားသည့် ပိုပြီးငယ်သည့် ဝက်လေးတစ်ကောင် ရှိနေသည်။ သူ့လည်ချောင်းကို ရှင်းလိုက်ပြီးနောက် သူက ထိုနေရာဖက်သို့ကြည့်ပြီး လက်ထောက်ဘဏ္ဍာတိုက်မှူးကို ချက်ချင်းပြောလိုက်၏ "လူကြီးမင်း ကွာခြားချက်ကို တွေ့ပြီလား"

လက်ထောက်ဘဏ္ဍာတိုက်မှူးမှာ ခေါင်းကိုလှည့်လိုက်ပြီး " ... "

သူသည် အရင်က ဝက်တစ်ကောင်ကို တခါမှမမြင်ခဲ့ရဖူးလျှင် အရပ်၇ပေမြင့်သည့် ယောက်ကျားတစ်ယောက်အနေဖြင့် ထိုအရာနှစ်ခုသည်... ပုံသဏ္ဍန်က ဘာကိုကိုယ်စားပြုမှန်း အတိအကျသိ ပေသည်။

လက်ထောက်ဘဏ္ဍာတိုက်မှူး၏ မျက်လုံးထောင့်များနှင့် ပါးစပ်များမှာ အလိုလို တွန့်ရှုံ့သွားတော့သည်။ ခက်ခက်ခဲခဲ တံတွေးမြိုချလိုက်ပြီး သူက ရှီကျိုးပြည်နယ်တရားသူကြီးကို လှမ်းကြည့်လိုက်၏ "တရားသူကြီးဟယ် ဒါကဘာ အဓိပ္ပါယ်လဲ"

"လူကြီးမင်း ကျေးဇူးပြုပြီးတော့ အထင်မလွဲပါနဲ့ဗျာ၊ ကျွန်တော်တို့ ရှီကျိုးပြည်နယ်က ဆက်သလိုက်တဲ့ဝက်တွေက သင်းကွပ်ထားတဲ့အကောင်တွေပါ၊ လူကြီးမင်းက ဒါတွေကို တိတိကျကျ ဒီတိုင်းပဲ မှတ်တမ်းရေးထားပေးပါ၊ ဒီနောက်ကွယ်က အကြောင်းပြချက်ကိုတော့ ကျွန်တော်တို့ရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ယွမ်ယိခန်းမထဲမှာ နှစ်သစ်ကူးနေ့ကျရင် ရှင်းပြပါလိမ့်မယ်"

ထိုက်ဟူရုံးတော်မှ အရာရှိနှစ်ယောက်မှာ နားမလည်နိုင်သည့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ "..."

လက်အောက်ငယ်သားများက သူတို့အထက်လူကြီး၏အမိန့်ကို စောင့်စားရသည်တွင် ထိုက်ဟူရုံးတော်၏ လက်ထောက်ဘဏ္ဍာတိုက်မှူးကလဲ အိန္ဒြေရလွန်းလှသည့် ရှီကျိုးပြည်နယ်တရားသူကြီးကို ကြည့်လိုက်ပြီးနောက် သူ့နှုတ်ခမ်းများ တွန့်ချိုးသွားတော့သည်။ "ဒါကို အမှန်အတိုင်း မှတ်တမ်းတင်ထား"

၂ရက်အတွင်းတွင် ဒီနှစ်အတွက် ရှီကျိုး၏လက်ဆောင်ပဏ္ဍာများထဲတွင် ဝက်တစ်ချို့ပါဝင်သည့်အကြောင်း သတင်းက ပြည်နယ်ကြီး၃ခု၊ ဝန်ကြီးဌာန၆ခု၊ ရုံးတော်၉ခု၊ လှေဆိပ်၅ခုအပြင် မြို့တော်က သတင်းပေးပို့ရေးဌာနများဆီသို့ တိုးတိုးတိတ်တိတ် သတင်းပြန့်သွားတော့သည်။ ဟုတ်ပါသည်။ တစ်ချို့တစ်လေလောက်ကသာ ဒီဝက်များ၏ ထူးဆန်းသည့်သဘာဝကို သတိထားမိသည်။ မည်သို့ဆိုစေ တစ်ခြားလက်ဆောင်ပဏ္ဍာများကို ယူလာခဲ့သည့် ကျန့်ဇီရွှမ်းမှာ ရေလမ်းကြောင်းမှတစ်ဆင့် မြို့တော်သို့မရောက်သေးခင်မှာပင် သူနှင့်ဖန်ဖေးညန်တို့သည် မြို့တော်နှင့် ပြည်နယ်အရာရှိများကြားတွင် နာမည်ဆိုးဖြင့် ကျော်ကြားနေနှင့်တော့သည်။

သူသည် ချန်အန်းသို့ လက်ဆောင်ပဏ္ဍာပို့ဆောင်ရမည့် နောက်ဆုံးရက်ဖြစ်နေသည့် ၁၁လပိုင်း ၂၅ရက်နေ့မှ ရောက်ရှိလာပြီး သူ၏လက်ဆောင်ပဏ္ဍာလှည်းတန်းကို ထိုက်ဟူရုံးတော်သို့ တင်ပြခဲ့သည်။ သူသည် တော်ဝင်နန်းတော်မှ ထွက်လာသည်နှင့် ဒါသည် အရာရှိများ၏ အလုပ်နောက်ဆုံးရက်ဖြစ်သဖြင့် လမ်းတစ်လျှောက်တွင် အသိမိတ်ဆွေအများအပြားနှင့် တွေ့ခဲ့ရသည်။ သူ့ကိုမှတ်မိကြသည့် လူတစ်ယောက်ချင်းစီတိုင်းက ခဏလောက်ရပ်ပြီး တစ်ချို့က တီးတိုးစကားပြောဆိုကာ တခစ်ခစ်ရယ်မောနေကြစဥ် တစ်ခြားသူများကတော့ သူ့ကို ပေါ်ပေါ်တင်တင် နှုတ်ဆက်ကြသည်။

"ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်က မြို့တော်ကို ပြန်လာပြီလား၊ လက်ဆောင်ပဏ္ဍာ လာပို့ပေးတယ်လို့ ကျုပ် ကြားတယ်၊ သတင်းကတော့ အသားပြည့်နေတဲ့ ဝက်တစ်ချို့ပါတယ်တဲ့ အဲဒါတွေက ခင်များရဲ့ တော်လှပါတယ်ဆိုတဲ့မိန်းမက နှစ်အစပိုင်းမှာ ထိုက်ယွမ်ကနေ ရှီကျိုးကိုပို့လာတဲ့ ဝက်တွေလား"

ရယ်မောသံများက လှောင်ပြောင်ကျီစယ်နေသည့်လေသံများပါ လေသည်။

ကျန့်ဇီရွှမ်းကတော့ ထိုစကားလုံးများ၏နောက်ကွယ်က စကားစုများကို နားလည်သည့်ဟန်မပြဘဲ ဒီအတိုင်းအပြုံးတစ်ခုဖြင့် ပြန်နှုတ်ဆက်လိုက်ကာ လက်နှစ်ဖက်ကိုယှက်ပြီး ဦးညွှတ်နှုတ်ဆက်လိုက်သည်။ "ရှီကျိုးက ဆင်းရဲနွမ်းပါး ဒုက္ခရောက်နေတာလေ ကျွန်တော်က ဆက်သဖို့အတွက် အဖိုးတန်ပစ္စည်းတွေကို ခက်ခက်ခဲခဲ ခြစ်ကုတ်ပြီးတော့ ယူလာခဲ့ရတာ ကျွန်တော်တို့ရဲ့ရုံးတော်က ရောင်းရင်းတွေကတော့ ဒါကိုရယ်စရာလို့မြင်မှာ ကျွန်တော်က စိုးမိပါတယ်"

တစ်စုံတစ်ယောက်ကတော့ လှိုက်လှိုက်လှဲလှဲဖြင့် ရယ်မောကာ ပြောလိုက်၏။ "ဇီရွှမ်းရယ် စိတ်မပူပါနဲ့ မင်းကြီးက ဒီနှစ် ပြည်နယ်အသီးသီးက အခြေအနေကို သိပါတယ်၊ မင်းကို သေချာပေါက် အခက်တွေ့အောင်လုပ်မှာ မဟုတ်ပါဘူး ဒါပေမဲ့ အရင်တုန်းကလို ဆုလာဒ်တွေနဲ့ ချီးကျူးစကားတွေကို ထပ်ပြီးရချင်မှရမှာပေါ့လေ၊ ခင်များက ခင်များရဲ့မိန်းမကို စိတ်ဖြေသိမ့်ပေးပြီး သူ စိတ်မပျက်အောင် လုပ်ပေးသင့်ပါတယ်"

ကျန့်ဇီရွှမ်းက အပြုံးဖြင့် ပြန်တုံ့ပြန်လိုက်ကာ အနည်းငယ် ဦးညွှတ်နှုတ်ဆက်လိုက်သည်။

...

All Chapters