← Chapters

အခန်း (၂၅၉-၂၆၀)

Vol. 26 Ch. 259-260

အခန်း (၂၅၉-၂၆၀)

Vol. 26 Ch. 259-260

အပိုင်း (၂၅၉) ကျန့်ဇီရွှမ်းကတော့ ပြဿနာထပ်ရှာပြန်ပြီ

"မင်းတကယ်ပဲ ဝက်တွေကို သယ်လာခဲ့တာလား” ကျန့်မိသားစုအိမ်သို့ ပြန်ရောက်လာသည်တွင် သခင်ကြီးကျန့်က သူ့မြေးကို ပထမဦးဆုံးတွေ့လိုက်သည်တွင် ပထမဦးဆုံး မေးလိုက်သည့်မေးခွန်းမှာ သည်မေးခွန်းသာဖြစ်တော့သည်။

ကျန့်စန်းလန်က သခင်ကြီးထံမှ သည်တုံ့ပြန်ပုံကို မျှော်လင့်ထားခဲ့ပြီးဖြစ်ရာ သူ၏ဖြူဖွေးနေသည့်သွားများကို လှစ်ပြလိုက်ပြီးပြုံးပြလိုက်သည်။

ဟုတ်ပါသည်။ သခင်ကြီးကျန့်ကလဲ သူ့မြေးဖြစ်သူက သူ့မြေးချွေးမ၏အောင်မြင်မှုကိုချပြဖို့ရန် ဝက်များကို ပို့လာခြင်းမဟုတ်သည်ကိုတော့ သူ သိလေသည်။ သူက ဒီအတိုင်းသာ သတိပေးလိုက်၏။ "လက်ဆောင်ပဏ္ဍာတွေကို နှစ်သစ်ကူးနေ့မှာ တော်ဝင်ရုံးတော်ထဲမှာ ဆက်သရမှာ မင်းက ဒီနှစ်အတွင်းမှာ တော်တော်လေး အားကျစရာကို ဆွဲဆောင်ထားခဲ့တယ် အမတ်မင်းတွေက အခုနောက်ပိုင်း တော်တော်လေး အားလပ်နေကြတာ ဒီတော့ သူတို့တွေ မင်းအပေါ် အပြစ်ရှာလို့မရအောင် သတိထားအုံး"

အကယ်၍များ တစ်စုံတစ်ယောက်က ဒါကို တဖက်သတ် အဓိပ္ပါယ် ဖွင့်မည်ဆိုလျှင် နန်းတော်အတွင်းသို့ ဝက်အရှင်များကို သယ်လာခဲ့ခြင်းက မင်းကြီးကို မလေးစားရာကျသည်ဟု မြင်နိုင်သလို တော်ဝင်ညီလာခံ အတွင်းတွင်လည်း ပြစ်မှားစော်ကားခြင်းတစ်ခုဟု မြင်နိုင်လေသည်။ သို့သော်ငြားလည်း လူကြီးမင်း၏အပြုံးကို အကဲခတ်မိသည်တွင် သူက ဒီကိစ္စနှင့်ပတ်သတ်ပြီး မစိုးရိမ်တော့ချေ။

...

နှစ်သစ်ကူးနေ့မှာ လပြက္ခဒိန်၏ပထမဦးဆုံးရက်ဖြစ်သည်။ မြို့တော်က အရာရှိများအားလုံးက တက်ရောက်ဖို့လိုအပ်သည်။ သချီ၏မြို့တော်ထဲတွင် အရာရှိပေါင်း တစ်ရာကျော်သာရှိပြီး ဒီတစ်နှစ် နှစ်သစ်ကူး၏၁၂လပိုင်းတွင် ထူးထူးခြားခြား ဖြစ်နေလေသည်။ မြို့တော်က အရာရှိများအပြင် ပြည်နယ်အုပ်ချုပ်ရေးမှူး အယောက်သုံးရာကျော်လဲရှိသည်။ မနက်ခင်း ညီလာခံမတိုင်ခင်တွင် ပြည်နယ်တစ်ခုချင်းစီက လက်ဆောင်ပဏ္ဍာများကို ခန်းမအပြင်ဘက်တွင် ခင်းကျင်းပြသထားသည်။ အရာရှိများက သူတို့၏ရာထူးအဆင့်အလိုက် နန်းတော်ထဲသို့ဝင်လာသည်တွင် သူတို့သည် လျှောက်လှမ်းတစ်လျှောက် စီတန်းကာချထားသည့် လက်ဆောင်ပဏ္ဍာများကို ဆက်သကြရသည်။

ပြည်သူများ၏လူနေမှုဘဝက ကြပ်တည်းလှသည်ကို ထောက်ချင့်ပြီး လက်ရှိမင်းကြီးက လက်ဆောင်ပဏ္ဍာများအတွက် ဒေသထွက်ပစ္စည်းများကို အသုံး ချရာတွင် စည်းမျဥ်းစည်းကမ်းများကို အထူးတလည် သတ်မှတ်ထားသည်။ မည်သို့ဆိုစေ မင်းကြီးထံသို့ ဆက်သရမည့်ပစ္စည်းများကို မည်သူက သာမန်ကာလျှံကာ သဘောထားနိုင်ပါမည်နည်း။ ထို့ကြောင့် တစ်နေ့ကမှ ရေချိုးပေးပြီးသွားသည့်ဝက် ၆ကောင်သည် ယခုတော့ အာရုံမတက်ခင်မှာပင် နန်းတော်ထဲသို့ သယ်ဆောင်လာခဲ့ပြီး သူတို့၏ သစ်သားလှောင်အိမ်ထဲတွင် အသံကျယ်ကျယ် ငြီးငြူအော်မြည်နေသည့်အတွက် အထူးတလည် သိသာထင်ရှားနေသည်။ မရင်းနှီးလှသည့်လူရာချီက တန်းစီလျှောက်လာသည်ကို မြင်လိုက်သဖြင့် တုံ့ပြန်ကြခြင်းပင်။

အရာရှိများက နာမည်ကဒ်ကိုပင်မကြည့်ဘဲ ရှီကျိုးက လက်ဆောင်ပဏ္ဍာမှန်း အလွယ်တကူ မှတ်မိလိုက်ကြသည်။ သူတို့သည် ကြီးမားလှသည့် သစ်သားလှောင်အိမ်ကြီးကို ဖြတ်လျှောက်လာရင်း သူတို့၏ ရယ်သံများကို ထိန်းချုပ်မထားနိုင်ကြချေ။ ရှီကျိုးက သူ၏လက်ဆောင်ပဏ္ဍာများကို ဆက်သမည့်အချိန်ကို အားတက်သရော စောင့်ဆိုင်းနေကြသည်။

ပြည်နယ်အခုသုံးရာကျော်က သူတို့၏လက်ဆောင်ပဏ္ဍာများကို အလှည့်ကျ ဆက်သကြသည်တွင် ပြည်နယ်အသစ်တစ်ခုကို ခေါ်လိုက်သည့်အကြိမ်တိုင်း အစေခံများက ခန်းမထဲသို့ လက်ဆောင်ပဏ္ဍာများကို သယ်လာကြသည်။ ဂျင်စင်း၊ သမင်ချို ပိုးထည်နှင့် ဘရိုကိတ်ပိတ်ထည်များက ရှားပါးသည်ဟု သတ်မှတ်လို့ မရတော့ချေ။ ခန်းမထဲက အရာရှိအားလုံးက ရှီကျိုးအလှည့်ကို စိတ်အားထက်သန်စွာ မျှော်လင့်နေကြပြီး ရှီကျိုးမှ လက်ဆောင်ပဏ္ဍာအကြောင်း ကြားထားပြီးသားဖြစ်သည့်မင်းကြီးကပင် မျှော်လင့်တကြီး ဖြစ်နေသည်။ သူက သင်းကွပ်ထားသည့်ဝက်များသည် အန်းချီလျှောက်တင်ခဲ့သလို အမှန်ပင် မြန်မြန်ဆန်ဆန် ကြီးထွားလွယ်လေသလားဟု သိချင်စိတ်ဖြစ်နေသည်။

မျှော်လင့်တကြီး အခြေအနေများကြားတွင် ချန်ကုန်းကုန်းက ရှီကျိုးပြည်နယ်အုပ်ချုပ်ရေးမှူးထံမှ လက်ဆောင်ပဏ္ဍာများကို ရွတ်ပြလိုက်၏။ ခန်းမထဲက အရာရှိများသည် သူတို့၏ လျှောက်တင်လွှာအမိန့်ပြားများကို ကိုင်ဆောင်ထားကာ ခေါင်းကို ငုံ့ထားကြပြီး သံသယများဖြင့် တုန်ယင်နေကြလေသည်။ ကျန့်ဇီရွှမ်းက ရှေ့သို့တစ်လှမ်းတက်လာပြီး အခြွေအရံများကလဲ သူ့နောက်မှနေ၍ နန်းတော်ထဲသို့ ဝင်လာကြပြီး နောက်ပြန်လှည့်မကြည့်ဘဲနှင့်ပင် သူ့က ဝက်များ၏အော်မြည်သံကို ကြားနေရသည်။

ဆက်ပြီးထိန်းချုပ်မထားနိုင်တော့ဘဲ ညီလာခံတစ်ခုလုံးက ဝါးလုံးကွဲရယ်သံများ ထွက်ပေါ်လာကာ တခွီခွီရယ်သံများမှ အုန်းအုန်းကြွပ်ကြွပ် ရယ်သံများဖြစ်သွားကြသည်။

စုံစမ်းရေးမှူးက အမှန်ပင် ပေါ်ထွက်လာပြီး လူကြီမင်းကျန့် စိတ်ကူးထားသည်ထက်ပင် ပိုပြီးချဲ့ကားသည့် ပြစ်တင်စကားများဖြင့် စွဲဆိုတော့သည်။ သို့သော်ငြားလည်း မင်းကြီးကတော့ စိတ်အားတက်ကြွနေသည်ဖြစ်ရာ ဒါသည် လက်ဆောင်ပဏ္ဍာများ ဆက်သရသသည့် နေ့တစ်နေ့ ဖြစ်သည့်အတွက် အဘယ်ကြောင့်များ ဝက်အရှင်များ ပါဝင်ခွင့်မရနိုင်ပါမည်ဟု ဟာသအသွင်သာ ပြောလိုက်သည်။ သူက လက်တစ်ချက် ဝှေ့ယမ်းပြလိုက်ပြီး ဒီကိစ္စကို ဘေးဖယ်ထားလိုက်ကာ ဝက်များကိုလေ့လာဖို့ရန် သူ့လည်ပင်းကို ဆန့်ထုတ်ထားလိုက်၏။

"ကျုပ်ရဲ့ချစ်လှစွာသောအမတ်မင်း မောင်မင်း ယူလာတဲ့လက်ဆောင်ပဏ္ဍာက တော်တော့လေးကို အသစ်အဆန်းဖြစ်တာပဲ"

ကျန့်ဇီရွှမ်းကလဲ ချီးမွမ်းစကားကို လက်ခံခဲ့ပြီး ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက်တွင် သူက ဆက်ပြောလိုက်၏ "အမှန်ပါပဲ မင်းကြီး၊ ဒီဝက်၆ ကောင်က ထူးခြားတဲ့အရည်အသွေးတွေကို ပိုင်ဆိုင်ထားပါတယ်"

အရာရှိမင်းများက တစ်ဖန်ထပ်ပြီး ရယ်မောကြသည်။ မင်းကြီးက စစ်ပွဲတွင် သူ၏ဆုံးဖြတ်ချက်ပြတ်သားမှုကြောင့် ကျော်ကြားပြီး သူ၏လက်အောက်ငယ်သားများအပေါ်လဲ ရင်းနှီးဖော်ရွေကြောင်း နာမည်ကြီးလေသည်။ စနောက်ကျီစယ်တတ်သည့် အရာရှိတစ်ယောက်က အရွှန်းဖောက်ကာ ပြောလိုက်၏။ "ဝက် ကဝက်ပဲ ဖြစ်နေမှာပေါ့ ဒီအကောင်တွေက ဘယ်လိုလုပ်ပြီး အဲလောက်ထူးခြားနိုင်ပါ့မလဲ မဟုတ်မှလွဲရော အနောက်ဖက်ကျင်းပြည်နယ်က ဝမ်မိသားစုလို အတုယူပြီး သူတို့တွေကို လူသားရဲ့နို့တွေ တိုက်ကျွေးထားလို့လား"

ကျန့်ဇီရွှမ်းက သူ့ကို တစ်ချက်လောက် စောင်းငဲ့ကြည့်လိုက်ကာ ပြန်ဖြေလိုက်၏။ "အမတ်လင်က ရယ်စရာ ပြောနေပြန်ပါပြီ၊ ရှီကျိုးမြို့က လူတွေက ဒီဆောင်းတွင်းမှာ ထမင်းအနပ်တိုင်းအတွက် ပဲကိုပဲစားဖို့တတ်နိုင်ရုံလောက်ပါပဲ သူတို့ရဲ့ပြည်နယ်အုပ်ချုပ်ရေးမှုးအနေနဲ့ ကျွန်တော်က ဘယ်လိုလုပ်ပြီး ဒီလိုကြီးကျယ်ခမ်းနားမှုကို စိတ်အလိုလိုက်နိုင်ပါ့မလဲ ဒီဝက်တွေရဲ့ ထူးခြားဆန်းကြယ်ပုံက ... "

သူက တမင်တကာ သိလိုစိတ်ကို ဖန်တီးပေးလိုက်ပြီးနောက်တွင် ဘဏ္ဍာတိုက်ဒုဝန်ကြီးကို ပြောလိုက်၏။ "လူကြီးမင်းက ရှီကျိုးရဲ့လက်ဆောင်ပဏ္ဍာစာရင်းကို မှတ်ပေးမယ်ဆိုရင် ကျွန်တော်က ကျေးဇူးအများကြီးတင်ပါတယ်"

ဒါသည် ဒုဝန်ကြီး၏တာဝန်တွင် အမှန်ရှိလေရာ သူကလဲ ဝက်များ၏ထူးခြားမှုကို ကောင်းကောင်းသိထားသည်။ အပြုံးတစ်ခုကို ဖိနှိပ်ထားရင်း သူက လေးနက်သည့် အပြုအမူတစ်ခုကို ဆောင်ထားလိုက်ကာ သူ့လက်ထဲက စာလိပ်ကိုဖွင့်လိုက်၏။

"ဝူတင်း လေးနှစ်မြောက် ရှီကျိုးပြည်နယ်အုပ်ချုပ်ရေးမှူးထံမှ လက်ဆောင်ပဏ္ဍာ- သင်းကွပ်ထားတဲ့ အသက်၇လအရွယ် ဝက်၄ကောင်၊ အသက်၇လအရွယ် မျိုးပွားဖို့အတွက် ဝက်ထီး၂ကောင်၊ စိုက်ပျိုးထားတဲ့ဝဥပေါင်၂၀၀၊ သရှင်းရွာ ခေါက်ဆွဲပေါင်၆၀၊ သရှင်းရွာကဆီတို့ဟူးအိုး၆၀၊ သရှင်းရွာရဲ့အသားကင်အိုး၆၀၊ သရှင်းရွာရဲ့အသားမွကြော်အိုး၆၀"

သရှင်းရွာ၏ခမ်းနားလှပသည့် စာရင်းများကြားတွင် တစ်ခြားသူများက အသားမွကြော်နှင့် ဆီတို့ဟူးဟု ထုတ်ပြောလိုက်ခြင်းက မင်းကြီး၏မျက်လုံးကို သိသိသာသာ တလက်လက် ဖြစ်သွားစေသည့်အချိန်တွင် တစ်ခြားသူများကတော့ နားမလည်နိုင်အောင် ဖြစ်နေရသေးသည်။

အမှန်ပင် ဒါက ကျန့်စန်းလန်နှင့်ပတ်သတ်နေရမည်။

သို့သော်ငြားလည်း ဖန်သခင်မနှင့်ဆီတို့ဟူးက မည်သို့သော အကြောင်းအရာများပါနည်း။

ဒီအတွေးက သူ့စိတ်ထဲတွင် ဖြတ်သန်းသွားသည်တွင် ပိုပြီးစိတ်ဝင်စားလိုသည့်မြင်ကွင်းက အောက်ကအရာရှိများ၏ အမူအယာတွင် ဖြစ်ပေါ်သွားကြသည်။

သင်းကွပ်ခြင်းဟူသည့် စကားလုံးကို ထုတ်ပြောလိုက်သည်တွင် ရယ်မောနေကြသည့် အရပ်ဘက်အရာရှိများနှင့် စစ်တပ်ဘက်အရာရှိများ၏မျက်နှာထဲမှာ အောင့်သက်သက် အပြောင်းအလဲတစ်ခု ဖြစ်သွားသည်။ ထိုအခါမှ အနီးအနားတွင် ရပ်နေသည့်သူများက သူတို့၏အကြည့်များကို ဝက်များ၏ နောက်ဖက်အပိုင်းကို လှမ်းကြည့်လိုက်သည်တွင် ပိုပြီးဝေးကွာနေသည့်သူများကတော့ ပိုပြီးကောင်းကောင်းကြည့်နိုင်ဖို့ရန် သူတို့လည်ပင်းကို ဆန့်တန်းထားကြသည်။

သင်းကွပ်ထားတဲ့ ဝက်၄ကောင်နဲ့ မျိုးပွားဖို့ဝက်ထီး၂ ကောင်။

ခန်းမအတွင်းတွင် အတန်းသုံးတန်းဖြစ်အောင် စီတန်းပြသထားပြီး နေရာချထားပုံကလဲ တော်တော်လေး နားမလည်နိုင်အောင်ဖြစ်ရသည်။ သင်းကွပ်ထားသည့် ဝက်၄ကောင်ကို ပထမဦးဆုံးအတန်းနှင့် တတိယအတန်းတွင် နေရာချထားပြီး အရာရှိများက တိရိစ္ဆာန်များ အကြားကွာခြားချက်ကို သိမြင်လေ့လာနိုင်အောင် လုပ်ပေးထားသည်။ ရုတ်တရက်ဆိုသလို အေးစိမ့်စိမ့်ခံစားချက်တစ်ခုက သူတို့၏ ကျောရိုးထဲတွင် ပြေးဆင်းသွားပြီး တစ်စုံတစ်ယောက်က အလန့်တကြား အော်ဟစ်လိုက်၏။ "ကျန့်ဇီရွှမ်း ဒါက ဘယ်လိုတောင် ယုတ္တိတန်လိုက်တဲ့အခြေအနေမျိုးလဲ"

တစ်စုံတစ်ယောက်က အကောင်းအတိုင်းရှိနေသည့်ဝက်များကို အဘယ်ကြောင့်များ သင်းကွပ်ရပါမည်နည်း။ မည်သူကမှ ဒီလိုမြင်ကွင်းတစ်ခုကို ကြည့်ရှုဖို့ရန်မဝင့်ရဲကြချေ။

ကျန့်ဇီရွှမ်းက သူနှင့်မရင်းနှီးလှသည့် အသက်၅၀ ဝန်းကျင်ပြည်နယ်အကြီးအကဲတစ်ယောက်ကို အာရုံစိုက်ထားလိုက်သည်။ မြို့တော်သို့ဝင်လာပြီးနောက်တွင် မင်းကြီးက ခန့်အပ်ထားသည့်အရာရှိများထဲက တစ်ယောက်ဖြစ်ရမည်ဟု ခန့်မှန်းကြည့်လိုက်သည်။ တစ်ချက်ဦးညွှတ်ကာ အပြုံးတစ်ခုဖြင့် ကျန့်ဇီရွှမ်းက ပြန်ဖြေလိုက်၏။ "အမတ်မင်း အမတ်မင်းက တော်ဝင်ဘဏ္ဍာရေးမှူး ဖတ်သွားတဲ့စာရင်းကို သေချာအာရုံမစိုက်ခဲ့တာပဲ ဖြစ်ရမယ် ဒါတွေက ၇လသားအရွယ် သင်းကွပ်ထားတဲ့ ဝက်လေးကောင်နဲ့ ၇လသားအရွယ် မျိုးပွားဖို့အတွက်ဝက်ထီး၂ကောင်လို့ သေသေချာချာ တင်ပြထားပါတယ်၊ ကျေးဇူးပြုပြီးတော့ ဒီဝက်၆ကောင်ကို နောက်ထပ် သေသေချာချာလေး ကြည့်ပေးပါအုံး"

ပြည်နယ်အကြီးအကဲက နားမလည်နိုင်အောင် ဖြစ်နေရသေးသည်။ "မင်း သင်းကွပ်ထားတဲ့ဝက်တွေက ဘယ်လိုလုပ်ပြီး သင့်တော်နိုင်ပါ့မလဲ"

မင်းကြီးက မျက်ခုံးတစ်ဖက်ကို ပင့်ထားလိုက်၏။ ဒီအကြီးအကဲအမတ်မင်းက သိပ်ပြီး အကင်းပါးသည့် ဟန်မတူချေ။

လီယွီက အခြေအနေကို ရိပ်မိထားပြီးဖြစ်ရာ ချက်ချင်းဆိုသလို သူ့လည်ချောင်းကို ရှင်းပြလိုက်ပြီး ပြောလိုက်၏။ "လျိုအမတ်မင်း ဝက်၆ကောင်လုံးက ၇လသားအရွယ် ရှိပါပြီ၊ သူတို့ရဲ့ကိုယ်ခန္ဓာကြံခိုင်မှုကို တစ်ချက်လောက်ကြည့်ပါအုံး"

အစောပိုင်းက သတိမထားမိခဲ့ကြသည့် တစ်ခြားအမတ်မင်းများနှင့်အတူ ဝန်ကြီးလျိုသည် သူတို့၏ အာရုံကို ဝက်၆ကောင်ဆီသို့ မြန်မြန်ပြန်ပြောင်းထားလိုက်သည်။ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုမရှိသည့်တိုင် သင်းကွပ်ထားသည့်ဝက်များနှင့် သင်းမကွပ်ထားသည့်ဝက်များတွင် ခန္ဓာကိုယ်အရွယ်အစားက သိသိသာသာ ကွာခြားနေသည်မှာ မြင်သာလေသည်။

စိတ်လှုပ်ရှားမှုကို စိတ်အားထက်သန်စွာ မျှော်လင့်နေကြသည့် တစ်ချို့အရာရှိများက ဖြစ်ပျက်နေသည်များကို ရုတ်တရက် သဘောပေါက်သွားတော့၏။ ...ကျန့်ဇီရွှမ်းကတော့ ပြဿနာထပ်ရှာပြန်ပါပြီ။

တက်ရောက်လာကြသည့်အရာရှိမင်းများ၏ တုံ့ပြန်မှုကို လေ့လာလိုက်ပြီး မင်းကြီးက တက်ရောက်လာကြသည့် အရာရှိမင်းများကို မေးလိုက်လေသည်။ "အမတ်မင်းတို့ ၇လသားအရွယ် ဝက်တစ်ကောင်ရဲ့ အလေးချိန်က ဘယ်လောက်ရှိသင့်တယ်လို့ ခင်များတို့ထင်ကြလဲ"

အယောက်လေးရာကျော်သော အရာရှိမင်းများမှာ ဆွံ့အသွားကြတော့သည်။ ...ရုံးတော်အရာရှိများအပြင် ပြည်နယ်အုပ်ချုပ်ရေးမှူးများကလဲ တူညီသည့်မျက်နှာ အမူအယာများ ဖြစ်နေကြပြီး အချင်းချင်းကြည့်လိုက်ကြကာ သူတို့ခေါင်းကို ငုံ့ထားလိုက်ကြသည်။ အနည်းအကျဥ်းလောက်ကသာ ရုံးတော်နှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများအကြားတွင် လူချင်းကွဲသွားကြပြီး အသိပညာတစ်ချို့ကို ပိုင်ဆိုင်ထားကြဟန်တူသည်။ မြို့တော်က လူတစ်ချို့အကြားတွင်တော့ အကြောင်းသိကြသည့်အများစုက မူလက နိမ့်ကျသည့်မျိုးရိုးဇစ်မြစ်မှ ရောက်လာသူဖြစ်ပြီး ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် သချန်နိုင်ငံကို ပုန်ကန်ခဲ့ကြပြီး သချီနိုင်ငံကို ကူးပြောင်းခဲ့ကြသူများဖြစ်သည်။

နောက်ဆုံးတွင် ရုံးတော်အတွင်းက အရာရှိအများစုမှာ အထက်တန်းစားမိသားစုများနှင့် ပညာသင်သား နောက်ခံမိသားစုများမှ ရောက်လာကြခြင်းဖြစ်သည်။ အရေအတွက်မည်မျှက လူ့အဖွဲ့အစည်း၏ အနိမ့်ဆုံးအဆင့်မှ အမှန်တကယ် တက်လာခဲ့ကြပါသနည်း။ ဒါသည် အရပ်ဘက်ဝန်ထမ်းများအတွက်တော့ အထူးတလည် မှန်ကန်လှပေသည်။ အဆင့်တန်းမြင့်မြင့် မွေးဖွားလာခဲ့သည့် မျိုးရိုးက ကလေးများကတော့ ဝက်သားစားခြင်းကို အရေးတယူ လုပ်နေမည် မဟုတ်ချေ။ ဝက်က မည်သို့မည်ပုံရှိသည်မပြောနှင့် မတူညီသည့် အဆင့်အခြေအနေများတွင် မည်သို့ကြီးထွားလာသည်ကိုပင် သိစရာအကြောင်းမရှိချေ။

ထို့အပြင် သူတို့တွင် အသိပညာတစ်ချို့များရှိလျှင်ပင် စိုက်ပျိုးရေးကိစ္စများကို သူတို့၏အိမ်ယာဝန်းအတွင်းက မြေငှားများနှင့် အစေခံများကသာ ပုံမှန်ကိုင် တွယ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မည်သူကမှ အဖြေတစ်ခုဖြင့် ချက်ချင်းထွက်မလာခဲ့ကြပေ။

မင်းကြီးက ညီလာခံကို အကဲခပ်ကြည့်လိုက်ပြီး "ငါကိုယ်တော်က ရုံးတော်နဲ့ စစ်ဘက်ကအရာရှိတွေကို မမေးပါဘူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေဆီကနေပဲ နားထောင်ကြည့်ရအောင်၊ ပြည်သူတွေရဲ့အကျိုးစီးပွားက ခင်များတို့ရဲ့ပုခုံးပေါ်မှာ တည်ရှိနေတာ မဟုတ်လား ခင်များတို့ထဲမှာရော သိကြတဲ့သူများရှိလား"

ခန်းမမှာ အပ်ကျသံမကြားရအောင် တိတ်ဆိတ်သွားသည်။ အသက်ရှုသံ တစ်ချက်နှစ်ချက်အပြီးတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ယောက်က ရှေ့သို့လှမ်းထွက်လာပြီး "အရှင်မင်းကြီး ကျွန်တော်မျိုးက ဒီကိစ္စမှာ အသိပညာ အလင်းရောင်လေးတစ်ချို့ ရရှိနိုင်ခဲ့ပါတယ်"

"မေကျိုး ပြည်နယ်အုပ်ချုပ်ရေးမှူး လုကျန်းဟုတ်လား"

"တင်ပါ့"

"ဒီအကြောင်းကို ငါကိုယ်တော်တို့ကို ပြောပြပါအုံး"

မင်းကြီး၏အားပေးအားမြှောက်ခြင်းတွင် လုကျန်းသည် နှိမ့်ချသော်ငြားလည်း စီစဥ်တကျစကားပြောဆိုရင်း သူ့လျှောက်တင်လွှာကို စတင်လျှောက်တင်တော့သည်။ သူက ပြည်သူများထံမှ မွေးမြူရေးတိရိစ္ဆာန်များကို မည်ကဲ့သို့ဝယ်ယူခဲ့သည့်အကြောင်း ထိုဝယ်ယူထားသည့် တိရိစ္ဆာန်များကို မွေးမြူဖို့ရန် ပြည်သူများအကြား မည်သို့ဝေမျှပေးခဲ့သည့်အကြောင်း ပညာသားပါပါ ပြောပြလေသည်။ သူက တိုးတက်မှုများကို လေ့လာဖို့ရန် သွားရောက်ကြည့်ရှုခဲ့ပြီး ၇လသားအရွယ်ဝက်၏ ခန့်မှန်းခြေအလေးချိန်ကို လျှောက်တင်လိုက်သည်။ သိသိသာသာ ထွားကြိုင်းမှုမရှိသည့်ဝက်များက ပေါင်၈၀အလေးချိန် ရှိလောက်မည်ဖြစ်ကာ ပိုပြီးကောင်းကောင်းမွန်မွန် မွေးမြူထားသည်ဝက်များကတော့ ပေါင်၁၀၀နီးပါးရှိလိမ့်မည်။

ခန်းမထဲတွင် အယောက်သုံးရာကျော်သော ပြည်နယ်အုပ်ချုပ်ရေးမှူးများသည် အရင်က ရှီကျိုးပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ယခုတော့ လုကျန်းနှစ်ယောက်စလုံး၏ လွှမ်းမိုးခြင်းကို ခံစားလိုက်ရသဖြင့် သူတို့၏အမူအယာများက နောင်တရသွားသည့်အသွင် ဖြစ်သွားလေသည်။ သူတို့အားလုံးက မင်းကြီးကို ကျေနပ်နှစ်သိမ့်အောင် ပြုလုပ်ပေးရန် စိတ်အားထက်သန်နေကြသော်ငြားလည်း သူတို့၏အားထုတ်မှုများကတော့ အညစ်အကြေးထဲတွင် ဖုံးလွှမ်းခံလိုက်ရသယောင်ပင်။

ပြည်နယ်အုပ်ချုပ်ရေးမှူးများသည် သူတို့၏အနာဂတ်ကို တွက်ချက်ပြီး မင်းကြီးနှင့်ရင်းနှီးလှသည့် လူယုံများဖြစ်ကြသည့် ရုံးတော်အရာရှိတစ်ချို့ကို ထည့်သွင်းတွက်ချက်ပြီး လုကျန်း တင်ပြလိုက်သည့် အလေးချိန်များကို မှတ်သားလိုက်ကြသည်။ ဝန်ကြီးချုပ်ရွှယ်ယန်မှာ မနေနိုင်တော့ဘဲ လက်ဆောင်ပဏ္ဍာများကို တာဝန်ယူ ထားသည့်တော်ဝင်ဘဏ္ဍာရေးမှူးကို မေးလိုက်သည်။ "ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့် ဆက်သထားတဲ့ ဝက်၆ကောင်ရဲ့အလေးချိန်က ဘယ်လောက်ရှိလဲ"

အလေးချိန်များကို အစောပိုင်းစစ်ဆေးသည့် ကာလအတွင်းတွင် မှတ်တမ်းပြုပြီးသားဖြစ်သည်။ ဒုဝန်က ပြန်ဖြေလိုက်၏။ "ဝက်ထီး၂ကောင်ကတော့ ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက အလေးချိန်ထားခဲ့တာမှာ ၁၁၀ပေါင်နဲ့ ၁၁၅ပေါင်စီရှိပါတယ်၊ သင်းကွပ်ထားတဲ့ဝက်၄ကောင်ကတော့ ပေါင်၁၉၀နဲ့၂၀၀ ကြားမှာရှိပါတယ်"

ရုံးတော်တစ်ခုလုံးမှာ အုန်းအုန်းကြွပ်ကြွပ် ဖြစ်သွားတော့သည်။

အထူးသဖြင့် မင်းဆက်အသစ်တွင် ညီလာခံအတွင်း တက်ရောက်နိုင်ကြသည့်သူများသည် အောင်မြင်မှု ရခဲ့ကြပြီးသူများမဟုတ်လျှင် အရည်အချင်း ရှိကြသူများဖြစ်သည်။ တစ်ချို့ကတော့ စီးပွားရေးလုပ်ငန်းနှင့်ပတ်သတ်ပြီး မသိနားမလည်တာ ဖြစ်နိုင်သော်ငြားလည်း မည်သူကမှတော့ အရူးမဟုတ်ကြချေ။ အသက်အရွယ်အတူတူ သင်းကွပ်ထားသည့်ဝက်များနှင့် သင်းမကွပ်ထားသည့်ဝက်များကြားက ကွာခြားချက် ပေါင်၇၀ ၈၀ရှိသည်တွင် ဒါက ဘာကို သဘောဆောင်ပါသနည်း။

ပေါင်၇၀-၈၀။

ဝက်များသည် ဝက်ပေါက်လေး အဆင့်ကျော်သွားသည့်နောက် ကြီးပြင်းလာသည်နှင့်တစ်ပြိုင်နက် အနည်းငယ်ပိုပြင်းထန်သည့် ညှီနံ့များရှိကြသဖြင့် သာမန်ပြည်သူများကသာ ဝက်များကို စားသုံးကြသည်။

ရွှယ်ယန်က အတိုင်းအတာတစ်ခုအထိ စိတ်လှုပ်ရှားသွား၏။ "ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့် ဒီဝက်လေးကောင်က တကယ်ပဲ ၇လသားဟုတ်ရဲ့လား"

ကျန့်ဇီရွှမ်းက ခပ်တိုးတိုးရယ်မောလိုက်ကာ "ကျွန်တော်က ဘယ်လိုလုပ်ပြီး မင်းကြီးကို လှည့်စားရဲပါမလဲ"

အမှန်ပင်ဖြစ်သည်။

ရွှယ်ယန်သည် မယုံမကြည်ဖြင့် မလိုအပ်သည့်မေးခွန်းတစ်ခုကို မေးမြန်းခဲ့သည်ဟု သဘောပေါက်သွားကာ သူ၏ စကားလမ်းကြောင်းကို ပြောင်းလိုက်၏။ "ဝက်တွေကို သင်းကွပ်တဲ့နေရာမှာ သီးခြားနည်းလမ်းတွေရှိသေးလား၊ ဘယ်ဝက်ကိုမဆို သင်းကွပ်လို့ ရနိုင်တာလား၊ သူတို့တွေက ဒီလုပ်ဆောင်ချက်အတွင်းမှာ နေမကောင်းတာ သေဆုံးတာတွေရှိမှာလား၊ နောက်ပြီး ခင်များရဲ့ သင်းကွပ်မထားတဲ့ဝက်ကလဲ မေကျိုးပြည်နယ်အုပ်ချုပ်ရေးမှူး တင်ပြထားတဲ့ဝက်တွေထက် ဆယ်ပိသာကျော်လောက်တောင် ပိုလေးနေတယ်နော် ခင်များရဲ့မွေးမြူရေးနည်းလမ်းတွေမှာ လျှိုဝှက်ချက်များ ရှိသလား"

သူက မေးခွန်းများကို တရစပ်မေးမြန်းလေသည်။

ကျန့်ဇီရွှမ်းက မေးခွန်းများကို ကြိုဆိုလိုက်ပြီး ခြုံငုံသည့်အဖြေတစ်ခုကို ပေးလိုက်၏။ ထို့နောက်တွင်တော့ သူက ပလ္လင်ပေါ်က မင်ကြီးကိုဦးညွှတ်လိုက်ကာ "အရှင်မင်းကြီး အရှင်မင်းကြီးလဲ ကျွန်တော်မျိုးယူလာတဲ့ ရှီကျိုးက လက်ဆောင်ပဏ္ဍာတွေကို ကြားခဲ့ပြီးသားဖြစ်မှာပါ၊ စာရင်းထဲက ပစ္စည်းအများစုမှာ သရှင်းရွာဆိုတဲ့ နာမည်ပါပါတယ်၊ တကယ်တော့ တို့ဟူးချဉ်၊ ခေါက်ဆွဲ၊ အသားမွကြော်နဲ့ အသားခြောက်ကြော်တို့က သရှင်းရွာကလာတာအပြင် ဝဥစိုက်ပျိုးရေးနည်းလမ်း ဝက်ကိုသင်းကွပ်ခြင်းနည်းလမ်းနဲ့ ဝက်ကိုမွေးမြူခြင်းနည်းလမ်းတွေကိုလည်းပဲ သရှင်းရွာက စန်းမိသားစုကနေပြီးတော့ ဖော်ထုတ်ထားတာပါ"

လီယွီမှာ စန်းလော့ကို သတိရသွား၏။ "ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့် ခင်များက ထယ်သွားအကွေးကိုဆက်သခဲ့တဲ့ စန်းမိသားစုကို ပြောနေတာလား"

"အမှန်ပါပဲ” ကျန့်ဇီရွှမ်းကပြုံးလိုက်သည် "စန်းမိသားစုက စိုက်ပျိုးရေးနဲ့ သုတေသနလုပ်တဲ့နေရာမှာ အလွန်မှ စိတ်နှစ်ထားပါတယ် သူတို့တွေက ခရမ်းရောင်ပဲပင်တွေကို သဘာဝမြေသြဇာကောက်နှံပင်အဖြစ် အသုံးပြုပြီး ဒီအပင်တွေကို ခုတ်ဖြတ်ပြီး ဖွဲနုပမာဏအနည်းငယ် ဒါမှမဟုတ် ပဲနှစ်အကြွင်းအကျန်တွေနဲ့ရောပြီး ဝက်တွေကို ကျွေးပါတယ်၊ ဒီဝက်တွေက တစ်ခြားအစားအသောက်ကို စားကြတဲ့ဝက်တွေနဲ့ ယှဥ်ကြည့်လိုက်ရင် ပိုပြီးတော့ မြန်မြန်ကြီးထွားပါတယ်"

"သူက ရုံးတော်ကို မတင်ပြသေးခင်မှာ အိမ်မှာပဲသင်းကွပ်တဲ့နည်းလမ်းကို လက်တွေ့စမ်းသပ်ခဲ့ပါတယ် ကျွန်တော်ကတော့ ဒါက တိုက်ဆိုင်မှုတစ်ခု ဖြစ်နေမယ်လို့ စိုးရိမ်ခဲ့မိတာ၊ အဲဒီ့တုန်းက ကျွန်တော့်ဇနီးသည်ကလဲ ရှီကျိုးကို သယ်လာတဲ့ဝက်တွေကို အားလုံးရောင်းချဖို့ မတတ်နိုင်ခဲ့ဘူးလေ၊ ကျွန်တော်တို့တွေလည်း ကျွန်တော်တို့ရဲ့ အိမ်ယာဝန်းအတွင်းထဲမှာ ဒီဝက်တွေကို မွေးထားခဲ့ပြီး ဝက်ပေါက်လေး တော်တော်များများရရှိခဲ့တယ်၊ ဒါတွေကိုပဲ လက်တွေ့စမ်းသပ်တဲ့နေရာမှာ အသုံးပြုခဲ့တယ်၊ ဒီနည်းလမ်းက တကယ်ပဲ ထိရောက်မှုရှိတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်၊ အခု သရှင်းရွာကလူတွေက မျိုးပွားဖို့အတွက် အသန်မာဆုံးဝက်ထီးတွေကို ချန်ထားပြီး ကျန်တဲ့ဝက်တွေကိုတော့ သင်းကွပ်တဲ့နည်းလမ်းနဲ့ အသုံးချပြီး မွေးမြူကြတယ်၊ တူညီတဲ့ အစားအသောက်ကျွေးပုံနည်းလမ်းကို စဥ်းစားကြည့်မယ်ဆိုရင် ၇လ၈လအတွင်းမှာ အသားက ပေါင်၁၀၀ ကျော်နီးပါးတက်လာတယ်၊ ဒီနည်းလမ်းကို စမ်းသပ်ဖို့အတွက် မြို့တော်ကို မိတ်ဆက်ပေးသင့်တယ်လို့ ယုံကြည်တယ်၊ ဒါကို သချီတစ်ဝှမ်းလုံးမှာ ဖြန့်ဝေပေးနိုင်လိမ့်မယ်၊ ဒါကြောင့် ကျွန်တော်က တော်ဝင်ရုံးတော်ရှေ့မှာ ဒီဝက်အရှင်တွေကို လက်ဆောင်ပဏ္ဍာအဖြစ် ဆက်သခဲ့တာပါ"

မင်းကြီးမှာ ယခုတော့ ရယ်မောသံများဖြင့် လင်းဖြာနေတော့သည်။ သူက ထရပ်လိုက်ပြီး လှေကားထစ်အနည်းငယ်မှ ဆင်းသက်လာကာ သင်းကွပ်ထားသည့်ဝက်များကို ပတ်ပြီးကြည့်ရှူလိုက်သည်။ “တကယ်ကောင်းမွန်တဲ့အကျိုးဆောင်မှုပဲ၊ ပိုးထည်တွေ ရတနာတွေက ငါကိုယ်တော်ရဲ့ဘဏ္ဍာတိုက်ထဲမှာ ပြည့်နေပါပြီ၊ ဒါပေမဲ့ သင်းကွပ်ခြင်းနည်းလမ်းနဲ့ ဝဥစိုက်ပျိုးခြင်း နည်းလမ်းတွေက သချီက လူတွေကိုအကျိုးဖြစ်ထွန်းစေမယ်၊ ရှီကျိုးကလာတဲ့ ထယ်သွားအကွေးနဲ့ မြေယာထွက်လက်ဆောင်ပဏ္ဍာတွေကတော့ ဒီတစ်နှစ် ငါကိုယ်တော်လက်ခံရရှိခဲ့တဲ့ လက်ဆောင်ပဏ္ဍာတွေထဲမှာ အကောင်းဆုံးပဲ”

ကျန့်ဇီရွှမ်းကဦးညွှတ်ကာ ပြောလိုက်သည်။ "နောက်ထပ်ကိစ္စတစ်ခု ရှိပါသေးတယ်၊ စန်းအမျိုးသမီးရဲ့အဆိုအရဆိုရင် သင်းကွပ်ထားတဲ့ ဝက်တစ်ကောင်ရဲ့အသားက ထူးထူးခြားခြား ပိုပြီးတော့ နူးညံပါတယ်၊ ပုံမှန်ရှိနေတဲ့ ညှီနံ့ကလဲ ပျောက်ကွယ်သွားတယ်၊ စန်းအမျိုးသမီးက ၈လသားအရွယ် သင်းကွပ်ထားတဲ့ဝက်ကိုသတ်ခဲ့ပါသေးတယ်။ လွန်ခဲ့တဲ့နှစ်ပတ်က မင်းကြီးကို ဆက်သဖို့အတွက် အသားခြောက်လုပ်ဖို့ အကောင်းဆုံးပါဝင်ပစ္စည်းကို ရွေးချယ်ဖို့ရည်ရွယ်ချက်အတွက် ကျွန်တော့်ဇနီးထံကနေပြီး ခြောက်လသားအရွယ် ဝက်တစ်ကောင်ကိုလည်း ချေးငှားခဲ့ပါသေးတယ် ကျွန်တော့်ဇနီးသည်ရဲ့အစေခံက ဝက်တစ်ပိုင်းကို ချက်ပြုတ်လိုက်တဲ့အခါ အမှန်ပဲ စန်းအမျိုးသမီးပြောခဲ့သလို အရည်အသွေးက သာမန်ဝက်သားထက် အများကြီး သာလွန်နေတာတွေ့ရတယ်"

"ဒီလိုလား” မင်းကြီးအပြင် ဝန်ကြီးအမတ်မင်းများကလဲ စိတ်လှုပ်ရှားသွားကြသည်။ မင်းကြီးက ဝက်၆ကောင်ကို လှမ်းကြည့်လိုက်ပြီး တော်ဝင်ဘဏ္ဍာတိုက်မှူး ဒုဝန်ကြီးကို လှည့်ကြည့်လိုက်၏။ "ဒီဝက်၆ကောင်ကို သယ်သွားလိုက်၊ ၄ကောင်ကို သေချာမွေးထားလိုက်ပြီး၊ သင်းကွပ်ထားတဲ့ ဝက်၂ကောင်ကိုတော့ ချက်ချင်းသတ်လိုက်၊ အခုလည်း နောက်ကျနေပါပြီ၊ ဒီတော့ ဒီနေ့ ငါကိုယ်တော်က အမတ်မင်းတို့အားလုံးကို ဖိတ်ကြားပြီး ဒီသင်းကွပ်ထားတဲ့ဝက်သားနမူနာက ဘယ်လိုအရသာ ရှိအကြောင်းကို မြည်းစမ်းကြည့်ကြမယ်"

ဒုဝန်ကြီးကလဲ သဘောတူလိုက်သည်။ သချီနန်းတော်နှင့် ခန်းမများအတွင်းသို့ နေ့တစ်ဝက်နီးပါး လှည့်ပတ်သွားလာပြီးနောက်တွင် ဝက်၆ကောင်ကို နန်းတွင်းအရာရှိများက ဂရုတစိုက် သယ်သွားကြပြီး တစ်ကောင်ချင်းစီက မတူညီသည့်ကံတရားများကို ဆင်းသက်ရပေတော့မည်။

ဒီမနက်ခင်း သချီ၏မနက်ခင်း ညီလာခံအပိုင်းသည် ညနေပိုင်းအထိ ကြာသွားလေသည်။ ပြင်းထန်သည့်ဝက်ညှီနံ့ကို တစ်ချိန်က မုန်းတီးခဲ့ကြသည့်အဖွဲ့က စစ်မှန်သည့် ဝက်သားစားသောက်ပွဲကြီးတစ်ခုကို မွေ့လျော်နေကြသည်ကို တွေ့လိုက်ရ၏။

အမှန်အတိုင်းပြောရလျှင် ဒါက ကျန့်ဇီရွှမ်းပြောခဲ့သလို အမှန်ပင်ထူး ခြားဆန်ကြယ်လှသည်လားဟု သိချင်နေမိသည့်အတွက် သတ္တိများကို မွေးထားရသည်။ သူက တစ်ယောက်စာ ဝေစုတစ်ခုလုံးကို ကုန်စင်အောင်စားလိုက်ပြီး စိတ်ပါဝင်စားစွာ အရသာခံ ကြည့်လိုက်၏။ အံ့သြစရာကောင်းလောက်အောင်ပင် သူတို့အစောပိုင်းက သဘောမကျလှသည့်အရသာက အမှန်ပင် ပျောက်ကွယ်သွားတော့သည်...

ပြီးခဲ့သည့်ရက်အနည်းငယ်က ကျန့်ဇီရွှမ်းကို လှောင်ပြောင်သရော်ခဲ့ကြသူများသည် အခုတော့ အရည်တရွှမ်းရွှမ်း နူးညံ့ပြီး အဆီမများသည့်ဝက်သားနှပ်ကို အရသာခံနေကာ ဒါသည် သိုးသားနှင့် လုံးဝကွာခြားနေပြီး ပိုကောင်းမွန်သည့် အရသာပင်ရှိနေသေးသည်။ သူတို့က စားသောက်နေရင်းဖြင့် ပလ္လင်ပေါ်ကမင်းကြီးကို လှမ်းကြည့်လိုက်၏။ မင်းကြီး၏ မျက်နှာကလဲ ပျော်ရွှင်ဝမ်းမြောက်မှုဖြင့် လင်းဖြာနေလေသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး တစ်ယောက်သာဖြစ်သည့် ကျန့်ဇီရွှမ်းကို မင်းကြီး၏ဘေးကထိုင်ခုံတွင် ဂုဏ်ပြုသည့်အနေဖြင့် နေရာချထားပေးသည်။

ထယ်သွားအကွေး၊ ဝက်ကိုသင်းကွပ်သည့်နည်းပညာ၊ ဝဥစိုက်ပျိုးခြင်း။

ဝူတင်း ၄နှစ်မြောက်တွင် ကျန့်ဇီရွှမ်းသည် သချီ၏အရာရှိလောက တစ်ခုလုံးထံမှ ထင်ရှားကျော်ဇောမှုကို သိမ်းပိုက်ထားလေသည်။

အရပ်ဘက်အရာရှိများနှင့် စစ်တပ်ဘက်အရာရှိများက တစ်ပြိုင်နက်တည်း အတွေးတစ်ခုတည်း ဖြစ်လာကြသည်။ တစ်မူထူးခြားလှတဲ့ အရည်အသွေးနဲ့ ဘယ်လို မြင့်မြတ်ပုဂ္ဂိုလ်ကများ သရှင်းရွာအိမ်ယာဝန်းထဲမှ ဂုဏ်ကျက်သရေရှိလှသည့် စန်းမိသားစုထဲမှ ပေါ်ထွက်လာပါသနည်း။ သူတို့တွေကရော သူတို့ရဲ့ကိုယ်ပိုင် အဆင့်အတန်းများကြားတွင် ဒီလို မှတ်သားလောက်ဖွယ်ပုဂ္ဂိုလ်တစ်ခုကို အဘယ်ကြောင့်များ မမွေးထုတ်နိုင်ခဲ့ပါသနည်း။

အားလုံးက အကြွင်းမဲ့ ယုံကြည်သွားကြတော့သည်။

အားလုံးက အထင်ကြီးလေးစားသွားကြတော့သည်။

သူတို့သည် ကျန့်ဇီရွှမ်း၏ကံတရားကို လုံးဝတအံ့တသြဖြစ်ရပြီး လေးစားအားကျမှုကြောင့် ဒူးထောက်ချင်စိတ်ပင် ဖြစ်သွားတော့သည်။

...

မင်းကြီးက သူ့ပါးစပ်ထဲကဝက်သားနှပ်ကို အရသာခံရင်း သူ့စိတ်အခြေအနေကလဲ ထိုနည်းတူ ဝမ်းသာရွှင်ပျနေသည်။ စစ်မက်ကာလ ဖြစ်ပွားသည့်နှစ်များ ပြီးဆုံးသွားသည့်နောက်တွင် သူသည် ထိုစာသင်သားအရာရှိများလို နူးညံ့မနေနိုင်ခဲ့ချေ။ သူက သူ့၏ဝေစုကို စားသောက်နေလိုက်သည်။ သို့တိုင် ဝက်သားက ဒီလောက်အရသာရှိသည်ဟု ပထမဦးဆုံး သိလိုက်ရသည့်အချိန်သာ ဖြစ်လေသည်။

သူက အသားကို တစ်မြုံ့မြုံ့ဝါးရင်ဖြင့် သူ့စိတ်ကလဲ စီးပွားရေးနှင့် ပြည်သူများ၏အရေးကိစ္စများဖြင့် လွှမ်းမိုးခံနေရသည်။ သူသည် သာမန်ပြည်သူများက သူတို့၏စားပွဲပေါ်တွင် ဒီလိုအရသာရှိသည့် အစားအသောက်များကို မြိန်ရည်ယှက်ရည် စားသောက်နေသည့်အကြောင်းကို စိတ်ကူးကြည့်လိုက်သည်။ ၈လအတွင်း ပေါင်၂၃၀ရရှိနိုင်မည့် ဝက်ကိုမွေးမြူနိုင်သည့် ဖြစ်နိုင်ခြေအကြောင်းနှင့် ထိုဆီမှ မြေသြဇာတင်သည့်လှည်း အခု၂၀ကျော်စာ မြေသြဇာများကို ထောက်ပံ့ပေးနိုင်ကြမှန်း စဉ်းစားမိလိုက်သည်။

ထို့အပြင် ရုံးတော်၏အကြပ်အတည်းကို သက်သာစေသည့် ပြည်နယ်အသီးသီးတွင် ဆောက်လုပ်ထားသည့်စက္ကူစက်ရုံနှင့် ငွေသားများဖြင့် ဘဏ္ဍာတိုက်ကို ဖြည့်တင်းခဲ့သည့်အကြောင်း ပြန်စဉ်းစားမိလိုက်သည်။ သူ၏နှလုံးသားထဲတွင် စန်းလော့သည် သချီအတွက် ကောင်းကင်ဘုံမှ လွှတ်လိုက်သည့် ကံကောင်းခြင်းတစ်ခုဖြစ်သည်ဟု အမှန်ပင်ယုံကြည်လေသည်။

စန်းလော့။ စန်းလော့။ ငါကိုယ်တော်ကတော့ ဒီတစ်ကြိမ် မင်းကို ဘယ်လိုဆုချရပါ့မလဲ။

...

အပိုင်း (၂၆၀) ဘွဲ့ဂုဏ်ထူးတစ်ခုကို ဆုလာဘ်အဖြစ်ချီးမြှင့်ခြင်း

မင်းကြီးသည် ပြည်သူတစ်ယောက်ထံမှ ကြီးမားသည့်အကျိုးကျေးဇူးကို ရရှိလာချိန်တွင် အထူးသဖြင့် တိုင်းပြည့်ကောင်းကျိုးအတွက် သူမက လိုလိုလားလား ဆက်သလာပြီး သူ၏တော်ဝင်အဆင့်အတန်းကို အသိအမှတ်ပြုပြီး ဆက်သလာသည့်ပစ္စည်းကလည်း ကြီးကြီးမားမား အသုံးဝင်သည်ကို သက်သေပြခဲ့သည်တွင် မင်းကြီး မည်သို့ တုန့်ပြန်ပါမည်နည်း။

တော်ဝင်ပလ္လင်ပေါ်တွင် ထိုင်နေသည့်သူက ပြန်လည်ဖြည့်ဆီးပေးရန် ပြင်းပြသည့်စိတ်ဆန္ဒတစ်ခုကို ခံစားရလိမ့်မည်။

စန်းလော့၏ စက္ကူလုပ်နည်း အကျိုးဆောင်ခြင်းကို ပြည်သူများရှေ့တွင် အသိအမှတ်မပြုပေးနိုင်ခဲ့သည့်အချက်က မင်းကြီးကို သူမအား ဆုလာဘ်ချီးမြှင့်ပေးမည့် သင့်တော်သည့်အခွင့်အရေးကို ရရှိရန် ခက်ခဲစေခဲ့သည်။ အခုတော့ သည်အခွင့်အရေးက သူ့ရှေ့တွင် ရောက်လာသည်ဖြစ်သဖြင့် ဖြည့်ဆည်းပေးချင်သည့် စိတ်ဆန္ဒက အလိုလို နိုးထလာခဲ့သည်။

နေ့လည်ခင်း ညီလာခံ အဆုံးမသတ်ခင် နောက်ဆုံး အကြောင်းအရာကို မင်းကြီးကိုယ်တိုင် အဆိုပြုခဲ့၏။ “အမတ်မင်းတို့ရဲ့ အမြင်သဘောထားကို နားထောင်ကြည့်ရအောင်၊ သရှင်းရွာက စန်းအမျိုးသမီးကို ဘယ်လို ဆုလာဘ်မျိုး ချီးမြင့်ပေးသင့်သလဲ”

ဒါသည် အရပ်ဘက်ဝန်ထမ်းများ၏ ကျွမ်းကျင်မှုရှိသည့် အပိုင်းပင်။ ချက်ချင်းဆိုသလို တစ်စုံတစ်ယောက်က သူ့အမြင်သဘောထားကို တင်ပြရန် ရှေ့ထွက်လာခဲ့ပြီး တစ်ချို့ကတော့ ချီးကျူးဂုဏ်ပြုထိုက်သည့်ဆုလာဘ်ကို ထောက်ခံပေးကြကာ တခြားသူများကတော့ ငွေ သို့မဟုတ် ပိုးထည်များကို ချီးမြင့်ရန် အကြံပြုကြလေသည်။ မင်းကြီးက အမတ်မင်းများ၏ အကြံပြုချက်များကို အာရုံတစိုက် နားထောင်ပေးပြီး ဆုလာဘ်များက မြေယာများကို အပ်နှင်းခြင်းမှာ ပိုးထည်လိပ်များကို ချီးမြင့်အထိပင်။ သူက ပြုံးနေလိုက်သော်လည်း မထောက်ခံသလို မငြင်းပယ်ချေ။ ထို့အစား ကျန့်ဇီရွှမ်းဘက်သို့ လှည့်လိုက်ပြီး “ရှီကျိုးရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ယောက်အနေနဲ့ မောင်မင်းက စန်းအမျိုးသမီးရဲ့အကျိုးဆောင်ချက်တွေကို အရင်းနှီးဆုံးဖြစ်မှာပဲ၊ မောင်မင်းကရော ဘယ်လို သ‌ဘောရလဲ”

ကျန်းဇီရွှမ်းသည် အရူးမဟုတ်ချေ။ အထူးသဖြင့် မင်းကြီးက သူမ၏အအကျိုးဆောင်ချက်များကို အလေးပေးပြောခဲ့သည်တွင် သူသည် မင်းကြီး၏ ရည်ရွယ်ချက်များကို ချက်ချင်း ရိပ်မိသွားပြီး အသိအမှတ်ပြုပေးလိုစိတ်အဆင့်ကို မြန်မြန်ဆန်ဆန် အလေးပေးလိုက်တော့သည်။ ရှေ့သို့ ထွက်လာပြီး သူက တင့်တယ်လှပသည့် စကားအသုံးအနှုန်းများဖြင့် စန်းအမျိုးသမီး၏ တီထွင်ဖန်တီးမှုများကို ထယ်သွားမှအစ ဝဥစိုက်ပျိုးခြင်းနှင့် သင်းကွပ်သည့်နည်းလမ်းများအထိ စတင် ချီးမွှမ်းတော့သည်။ ထို့‌နောက် သူက အဓိကအချက်ကို ထောက်ပြလိုက်၏။ “ဒီနှစ်အတွင်း စန်းအမျိုးသမီး လုပ်ခဲ့တဲ့ အကျိုးဆောင်မှုတွေမှာ အထူးသဖြင့် ထယ်သွားနဲ့ ဝက်သင်းကွပ်ခြင်းနည်းပညာတွေကို ငွေသား၊ ပိုးထည် ဒါမှမဟုတ် မြေဧက၁၀၀လောက်နဲ့ အပြည့်အဝ အသိအမှတ်ပြုလို့မရနိုင်ဘူးလို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်၊ သူ့ကို ဘွဲ့တစ်ဆိပ်တစ်ခု အပ်နှင်းဖို့ အတင့်ရဲပြီး အကြံပြုပါတယ်၊ အမျိုးသမီးတစ်ယောက်အတွက် အနိမ့်ဆုံးအဆင့် စီရင်စုမြို့ပိုင်မင်းသမီးဘွဲ့ဆိုရင် လုံလောက်ပါတယ်၊ မင်းကြီး၊ မင်းကြီးရဲ့သဘောထား ဘယ်လိုရှိပါသလဲ”

တော်ဝင်ဘွဲ့တစ်ခု အပ်နှင်းမယ်တဲ့။

သာမန်ကျေးတောသူ အမျိုးသမီးတစ်ယောက်ကိုလေ။

နန်းတွင်းအမတ်များမှာ တအံ့တဩဖြစ်သွားကြပြီး မင်းကြီးနှင့် ရင်းနှီးသည့် လီယွိနှင့် တခြားလူယုံ အမတ်များကပင် တဒင်္ဂဆွံ့အသွားကြတော့သည်။

ဒါသည် ဖန်သခင်မက တတိယအဆင့်မင်းသမီးဘွဲ့ကို တက်လှမ်းခဲ့သည့်ကိစ္စနှင့် လုံးဝကို ကွာခြားလှသည်။ ဖန်သခင်မကိုယ်တိုင်က အထင်ကရမိသားစု နောက်ခံကလာသည့်အပြင် ပိုအရေးကြီးသည်က သူမသည် ကျန့်ဇီရွှမ်း၏ဇနီးသည် ဖြစ်သည်။ - ခင်ပွန်း၏ ဂုဏ်အရောင်အဝါက သူ့ဇနီးသည်ကို ဂုဏ်ထူးတစ်ခု ယူဆောင်ပေးခဲ့ခြင်းပင်။ အဆင့်မြင့် အရာရှိများ၏ ဇနီးနှင့် မိခင်များက တောဝင်ဘွဲ့တံဆိပ်ကို လက်ခံရရှိသည့်က ထုံးစံပင်။

သို့သော်လည်း ရှန်းကျွင်း(မြို့ပိုင်မင်းသမီး) ဂုဏ်ထူးက အဘယ်နည်း။ မင်းသား၊ မင်းသမီး၊ ပြည်နယ် အပိုင်စားမင်းသမီး၊ မြို့ပိုင်မင်းသမီး ထိုဘွဲ့ထူးများကို ပုံမှန်အားဖြင့် တော်ဝင်မိသားစုဝင်များကိုသာ အပ်နှင်းကြကာ စီရင်စုပိုင်းမင်းသမီး၊ မြို့ပိုင်မင်းသမီး ဘွဲ့ထူးများကို မြှောက်စားခံရသည့် အရာရှိများ၏ သမီးများကိုသာ အပ်နှင်းလေသည်။ သချီမင်းဆက်သည် အခုမှ အသစ်တည်ထောင်သဖြင့် တော်ဝင်ဂုဏ်ထူးဆောင်များနှင့် ချီးမြောင်ခံရသည့် ပုဂ္ဂိုလ်များ အများကြီးမရှိသေးတာ အမှန်ပင်။ နယ်မြေများကို သိမ်းပိုက်ရာတွင် မင်းကြီးနှင့်အတူ တိုက်ပွဲဝင်ခဲ့သည့် လူအများကို ဘွဲ့ထူးများ ချီးမြှောက်ခဲ့သော်လည်း သူတို့၏ သမီးများနှင့် ညီမ၊အစ်မမျာထဲက တစ်ယောက်ကမှ သည်လိုဂုဏ်ထူးကို လက်ခံမရရှိခဲ့သေးချေ။

တနည်းပြောရလျှင် သချီတဝမ်းတွင် စီရင်စုပိုင်စားမင်းသမီး သို့မဟုတ် မြို့ပိုင်မင်းသမီးများ တစ်ယောက်မှ မရှိသေးချေ။

အခုတော့ ဝက်များကို သင်းကွပ်သည့် နည်းပညာ‌ကြောင့် စီရင်စုပိုင်မင်းသမီးဘွဲ့တစ်ခုကို ရခဲ့သည့် ကျေးတောသူ အမျိုးသမီးတစ်ယောက် ရှိလာသည်တဲ့လား။

မင်းကြီးက ဘာမှမပြောရသေးခင်မှာပင် အမတ်မင်းတစ်ယောက်က ရှေ့ထွက်လာကာ လျှောက်လေသည်။ “ကျွန်တော်မျိုး ငြင်းပယ်ပါတယ်”

“သမိုင်းတစ်လျှောက်မှာ တော်ဝင် ဘွဲ့တံဆိပ်ကို စစ်ရေးအောင်မြင်မှုများအတွက်သာ ချီးမြောက်ခဲ့တာပါ။ စီရင်စုမြို့ပိုင်မင်းသမီးဘွဲ့တွေကို ထူးထူးခြားခြား အကျိုးဆောင်ခဲ့တဲ့ စစ်သည်တွေရဲ့ သမီးတွေကိုပဲ အပ်နှင်းခဲ့တာပါ။ ထယ်သွားကို ပြောင်းလဲပြီး ဝက်တွေကို သင်းကွပ်ရုံသက်သက် တစ်စုံတစ်ယောက်ကို ဒီလိုဘွဲ့တံဆိပ် ချီးမြှင့်တာက ကျွန်တော်မျိုးတို့က တိုင်းပြည်ရဲ့ ပြည်နယ်က အမျိုးသမီးတွေကို လှောင်ပြောင်ရာကျပါတယ်။ တကယ်လို့ သာမန်ပြည်သူတွေက သည်လိုအလွယ်တကူ တော်ဝင်အဆင့်အတန်းကို ရယူနိုင်မယ်ဆိုရင် လူကြီးမင်းကျန့်ရဲ့အကြံပြုချက်က အရမ်းကို စိတ်ကူးယဉ်ဆန်လွန်းပါတယ်”

ကျန့်ဇီရွှမ်းက ပြန်ချေပလိုက်၏။ “လူကြီးမင်း၊ လူကြီးမင်းက ဘာကို ပြောချင်တာလဲ၊ ထယ်သွားအကွေးကို ဖန်တီးရတာ ဒါမှမဟုတ် တစ်နှစ်ကို ပေါင် ၁၀၀နီးပါး အသားတိုးနိုင်တဲ့ ဝက်တစ်ကောင်ကို မွေးမြူဖို့ သချီရဲ့ သာမန်ပြည်သူတွေကို ပညာမျှဝေရတာ ပိုလွယ်တယ်ဆိုတဲ့ သဘောလား”

တော်ဝင်ညီလာခံတွင် နှုတ်ရေးစီးချင်းတစ်ခုသည် အမတ်များက အပြန်အလှန် အငြင်းပွားခြင်းမှ ဖြစ်လာခြင်းပင်။ မင်းကြီးက ခဏလောက် အကဲခတ်လိုက်ပြီး သူ့မေး‌ကို အနည်းငယ်ချီထားလိုက်ကာ မေးခွန်းထုတ်လိုက်၏။ “အတိုင်ပင်ခံရွှယ်၊ စန်းအမျိုးသမီးကို စီရင်စုမင်းသမီးဘွဲ့အပ်နှင်းမယ်ဆိုရင် သင့်တော်တယ်လို့ မောင်မင်း ထင်လား”

ယခုအချိန်အထိ နှုတ်ဆိတ်ပြီးနေလာခဲ့ကြသည့် အမတ်တော်တော်များများမှာ မင်းကြီးက ရွှယ်ယန်၏နာမည်ကို ခေါ်လိုက်ချိန်တွင် သူတို့၏မျက်ခွံများမှာ တွန့်သွားကြတော့သည်။

ရွှယ်ယန်သည် အရင်က ထုတ်မပြောခဲ့သောလည်း သူက မင်းကြီး၏ ခေါ်ဆိုခြင်းခံလိုက်ရချိန်တွင် ဘာတွေဝေမှုမှ မပြသချေ။ ရှေ့ထွက်လာပြီး ဦးညွှတ်နှုတ်ဆက်လိုက်ကာ သူက လျှောက်တင်လိုက်၏။ “ကျွန်တော်မျိုး အမတ်မင်းကျန့်ရဲ့ အဆိုပြုလွှာနဲ့ သဘောထားတစ်ခုထဲပါ၊ တိုင်းပြည်ရေးရာ ကိစ္စတွေက ဆုပေး၊ ဒဏ်ပေးစနစ်နဲ့ လည်ပတ်လာခဲ့တာပါ၊ စန်းအမျိုးသမီးက အထင်ကရဆွေမျိုး မိသားစုမရှိတဲ့ ကျေးတောသူတစ်ယောက်ဆိုပေမဲ့ သူက စိုက်ပျိုးရေးကို လေ့လာရာမှာ ကြီးမားတဲ့အားစိုက်ထုတ်မှုနဲ့အတူ စိတ်ရောကိုယ်ပါ နှစ်ထားခဲ့တာပါ၊ သူက ရှာဖွေတွေ့ရှိချက်တစ်ခု ပြုလုပ်တဲ့ချိန်တိုင်း အဲဒီအရာကို ပွင့်ပွင့်လင်းလင်း မျှဝေပေးခဲ့ပြီး တစ်နှစ်အတွင်းမှာ နှစ်ကြိမ်အကျိုးဆောင်ခဲ့ပါတယ်၊ သူက စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တာမဟုတ်ပေမဲ့ သူ့အကျိုးဆောင်မှုတွေက တိုင်းပြည်နဲ့ လူမျိုးကို အကျိုးဖြစ်ထွန်းစေခဲ့ပါတယ်၊ သူက စီရင်စုမင်းသမီးဘွဲ့နဲ့ ထိုက်တန်တယ်လို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်၊ နောက်ပြီး သူ့ကို ဒီအချိန်မှာ ဆုလာဘ်ချီးမြင့်က အသင့်‌တော်ဆုံးပါပဲ”

“အိုး” မင်းကြီးက မျက်ခုံးတစ်ဖက် ပင့်ထားလိုက်ပြီး “ဘယ်လိုနည်းလမ်းက အသင့်တော်ဆုံး ဖြစ်မလဲ”

“ကျွန်တော်မျိုးတို့ရဲ့ မင်းဆက်အသစ်က အခုမှ လသားအရွယ်သာရှိပါသေးတယ်၊ ကြိုးစားအားထုတ်မှုအများပြားက ပြန်လည်ရှင်သန်လာဖို့ စောင့်ဆိုင်းနေပါတယ်၊ မင်းကြီးကလည်း အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေကို အရေးတကြီးလိုအပ်နေတာပါ၊ တကယ်လို့ စန်းအမျိုးသမီးလို ကျေးတောသူတစ်ယောက်က သူ့ရဲ့အောင်မြင်မှုကနေ ဘွဲ့တံဆိပ်တစ်ခု ရရှိနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်မျိုးက အရည်အချင်းရှိတဲ့ လူပုဂ္ဂလ်တွေ ရှေ့ထွက်မလာမှာကို ဘယ်လိုလုပ်ပြီး စိုးရိမ်စရာလိုတော့မှာလဲ”

မင်းကြီးက အားလုံး၏သဘောထားကို မေးမြန်းမှာ မစောင့်တော့ဘဲ လက်ဝဲဝန်ကြီးချုပ်က ရှေ့ထွက်လာပြီး “ရှေးခေတ်တုန်းက ဘုရင်တစ်ပါးဟာ အရည်အချင်းရှိတဲ့ သူတွေကို ရှာဖွေတဲ့နေရာမှာ သူ့စိတ်ရင်းအမှန်ကို သက်သေပြဖို့ မြင်းတစ်ကောင်ရဲ့အရိုးကို ဝယ်ဖို့ ချမ်းသာမှုအများအပြား သုံးခဲ့ပါတယ်၊ အမတ်ရွှယ်ရဲ့ စကားတွေက ကျွန်တော်မျိုးကို ပြန်လည်သုံးသပ်မိစေပါယ်၊ ကျွန်တော်မျိုးကလည်း စန်းအမျိုးသမီးကို စီရင်စုမင်းသမီးဘွဲ့အပ်နှင်းဖို့ တောင်းဆိုပါတယ်”

“ကျွန်တော်မျိုးလဲ အဆိုပြုချက်ကို ထောက်ခံပါတယ်”

“ကျွန်တော်မျိုးလဲ အဆိုပြုချက်ကို ထောက်ခံပါတယ်”

...

အရေးပါသည့် အမတ်မင်းများက ထောက်ခံလိုက်ကြသည့်နှင့်ချက်ချင်း သဘောတူညီသည့်အဆိုများကလည်း နောက်ကလူများထံမှ တပြိုင်တည်း ထွက်လာတော့သည်။

မင်းကြီးမှာ ကျေနပ်တော်မူသွားတော့သည်။

“ကောင်းလေစွ၊ အရည်အချင်းရှိတဲ့သူကို တန်ဖိုးထားတတ်တဲ့ လေးစားအားကျဖွယ် သဘောထားပါပဲ၊ ငါကိုယ်တော်က ငါကိုယ်တော်ရဲ့ အမတ်မင်းများရဲ့ အကြံပြုချက်ကို လိုက်ပြီး စန်းအမျိုးသမီးကို အဆင့်၅ စီရင်စုမင်းသမီးအဖြစ် အပ်နှင်းလိုက်မယ်”

တော်ဝင်အမိန့်တော် ပြန်တမ်းကို မှတ်တမ်းပြုအရာရှိများက ကိုင်တွယ်ပေလိမ့်မည်။ ရှီကျိုးက လက်ဆောင်ပဏ္ဍာသည် ပြည်သူများကို အမှန်စင်စင် အကျိုးဖြစ်ထွန်းစေခဲ့သည်။ ဝဥများကိုလဲ နွေဦးရောက်လာသည်နှင့် တော်ဝင်အိမ်ရာဝန်းများထဲတွင် စိုက်ပျိုးကြသည်။ ကျန့်ဇီရွှမ်း ယူလာခဲ့သည့် သင်းကွပ်ပေးသူများကိုတော့ သူတို့သည် ချန်အန်းတွင် ယာယီနေခဲ့ရမည်ဖြစ်ကာ နောက်တစ်နေ့တွင် ပတ်ဝန်းကျင် ပြည်နယ်များနှင့် စီရင်စုများတွင် ဝက်သင်းကွက်ခြင်း ပညာကို စတင်ဖြန့်ဝေပေးခဲ့သည်။

ညီလာခံ ပြီးသွားသည့်နောက်တွင် မင်းကြီးက ထူးထူးခြားခြား ရွှင်လန်းနေသည့် စိတ်အခြေအနေတစ်ခုဖြင့် စာကြည့်ခန်းထဲသို့ ပြန်လာခဲ့လိုက်သည်။ သွားမည့်နေရာသို့ မရောက်သေးခင်မှာပင် သူက ချန်ကုန်းကုန်းကို ဝက်နှင့် ဝဥမှလွဲလျှင် ရှီကျိုးမှ ပို့လာသည့် လက်ဆောင်ပဏ္ဍာအားလုံး စစ်ဆေးကြည့်ရန်အတွက် သူ့စာကြည့်ခန်းသို့ ပို့ဆောင်ခိုင်းလိုက်၏။

ညီလာခံပထမပိုင်း သိလိုစိတ်က ထိုးတက်နေခဲ့ပြီးသားပင်။ ဒီတို့ဖူးချဉ်က တကယ်ပဲ ဘယ်လိုအရာမျိုးပါလိမ့်။ ဒါကို ဘယ်လို စားရတာပါလိမ့်။ ကုန်းကုန်းများက ပစ္စည်းများကို သယ်လာပေးသည်နှင့် မင်းကြီးက လက်ဆေကြောလိုက်ပြီး သူတို့ကို သေတ္တာများ ဖွင့်ခိုင်းစဉ်တွင် သူကတော့ အိုးတစ်လုံးကို အားမထုတ်ရဘဲ ကောက်ယူလိုက်လေသည်။ တွေဝေမနေဘဲ သူက အိုးကို ဖွင့်လိုက်ပြီး လတ်လတ်ဆတ်ဆတ် အသားခြောက်တစ်တုံးကို သူ့ပါးစပ်ထဲသို့ ပစ်သွင်းလိုက်၏။

ချန်ကုန်းကုန်း၏မျက်ခွံမျာမှာ အသားခြောက်ကို မြင်လိုက်ရသည်တွင် တဖျတ်ဖျတ် ခတ်သွားတော့သည်။ ထို့နောက်တွငတော့ သူ့အတွေးများသည် အသစ်အပ်နှင်းခြင်းခံလိုက်ရသည့် စီရင်စုမင်းသမီးထံသို့ လွှင့်မျောသွား၏။ အမှန်ပင်။ သူ့အ‌စောပိုင်းခန့်မှန်းချက်က မှန်ကန်နေဟန်တူသည်။

သရှင်းရွသည် သာမန်နေရာတစ်ခု မဟုတ်ချေ။

သူသည် သည်အကြောင်းကို စဉ်းစားနေစဥ်တွင် မင်းကြီးက သူ့ကို အသားခြောက်တစ်အိုး ရက်ရက်ရောရော ကမ်းပေးလိုက်ကာ “ဒါ အရသာ တော်တော်‌လေးရှိတယ်၊ ဒါကို မောင်မင်းအတွက် ဆုလာဘ်တစ်ခုကို သတ်မှတ်လိုက်”

ချန်ကုန်းကုန်းသည် ဝမ်းသာအားရ ပြန်ဖြေလိုက်ပြီး လက်ဆောင်အတွက် ကျေးဇူးတင်စကားကို အလျင်စလို ဖော်ပြလိုက်သည်။

မင်းကြီးသည် တခြားအသစ်အဆန်း ပစ္စည်းများကို စစ်ဆေးရန် ဆက်ပြီးလှုပ်ရှားခဲ့လေသည်။

...

ထိုက်ကျီခန်းမအပြင်ဘက်တွင် အရာရှိများ လူစုခွဲရန် ပုံမှန်အချိန်ထက် ကျော်နေပြီဖြစ်သည်။ ညီလာခံပြီးသွားသည့်နောက်တွင် အမတ်မင်းတစ်ဖွဲ့က နန်းတော်ထဲမှာ ချက်ချင်း ထွက်လာခဲ့ကြသည်။

သည်နေ့တွင် ရှီကျိုးသည် အကြီးမားဆုံး အောင်နိုင်သူအဖြစ် နောက်တစ်ကြိမ် ပေါ်ထွက်လာခဲ့သည်။ သူတော့ ဘာဆုလာဘ်မှ ရရှိလိမ့်မည်မဟုတ်လေဘူးဟု ယူဆထားခဲ့ကြသည့် အစောပိုင်းက ကျန့်ဇီရွှမ်းကို လှောင်ပြောင်ခဲ့သူများသည် အခုတော့ ခပ်လှမ်းလှမ်းတွင်နေကြကာ သူ့ကို အားလုံးက ရှောင်နေကြလေသည်။ သူသည် မည်သို့များ ဘာတစ်ခုမှ မရနိုင်ရပါမည်နည်း။ သည်တစ်ကြိမ်တွင် သူသည် စီရင်စုမင်းသမီး ဘွဲ့တံဆိပ်ကိုပင် ရ‌အောင်ယူပေးခဲ့သည်. အဆင့်က ထိုမျှလောက်မမြင့်သော်လည်း ဒါသည် အမျိုးသမီးတစ်ယောက်အတွက် တော်ဝင်မျိုးနွယ်ဘွဲ့ထူးတစ်ခု ဖြစ်လေသည်။

ကျန့်ဇီရွှမ်း၏ အနာဂတ် တိုးတက်နိုင်သည့် အလားအလာမဆိုထားနှင့် ဒါသည် မင်းကြီးက ကျေနပ်တော်မူသွားသည်ကို အားလုံး၏မျက်လုံးများက မျက်မြင်သက်သေဖြစ်ခဲ့သည်။ ရာထူးသက်တမ်းတစ်ခုကို သုံးနှစ်ကြာသည်ဖြစ်ရာ သူ့ရာထူးတိုးကတော့ ယခုဆိုလျှင် သေချာနေပြီ။ မေကျိုး ပြည်နယ်အုပ်ချုပ်ရေးမှူးကပင် သည်ကိစ္စမှ အကျိုးအမြတ်ရခဲ့ပြီး မင်းကြီးထံတွင် သဘောကျခြင်း ခံခဲ့ရသည်။

ကျန်းဇီရွှမ်းကတော့ ပြုံးရုံသာပြုံးနေပြီး သူ့အဘိုးကို စောင့်ဆိုင်းနေကာ နန်းတော်မှ အတူတူထွက်ခွာဖို့ စီစဉ်ထားလိုက်သည်။

သူသည် မြို့ထဲတွင် ဆက်မနေတော့ဘဲ တစ်ရက်သာ အနားယူခဲ့လိုက်ပြီးနောက် ဒုတိယနေ့တွင် နန်းတော်သံတမံနှင့်အတူ ရှီကျိုးသို့ ထွက်ခွာလာခဲ့သည်။

ဒုတိယအမိန့်တော်က သရှင်းရွာသို့ ရောက်လာချိန်တွင် နှစ်တစ်နှစ် ကုန်ဆုံးခါနီး လပြက္ခဒိန် ၁၂လပိုင်း ၁၇ရက်နေ့ ရောက်နေပြီ။ လယ်ယာလုပ်ငန်းများကို ရပ်နားထားပြီး အိမ်ထောင်စုများက တော်တော်လေး အနားရနေကြသည်။

အခုတော့ အမြွှာများက ၃လခွဲနီးပါး ရှိလာပြီဖြစ်ကာ မွေးကင်းစတုန်းလို သေးသေးကွေးကွေးလေးများ မဟုတ်တော့ချေ။ စန်းလော့၏ စေ့စက်သေချာစွာ စောင့်ရှောက်မှုအောက်တွင် ကလေးနှစ်ယောက်သည် ပိုပြီးထင်ရှားသည့် သွင်ပြင်လက္ခဏာများဖြင့် ကြီးပြင်းလာကြသည်။ သူတို့၏မျက်လုံးများနှင့် မျက်ခုံးများက တဖြည်းဖြည်းပေါ်လာသည်။ သူတို့သည် တီတီတာတာ ပြောတတ်လာသည်။ အားယောင် နည်းနည်းလေး စလိုက်သည့် ထူးထူးခြားခြား တခစ်ခတ်ရယ်မောတတ်ကာ အားလုံးကို ချစ်စဖွယ်လုပ်ပြတတ်သည်။

ရှန်းလီသည် သူ့ကလေးနှစ်ယောက်ကို တုန်နေအောင်ချစ်လေသည်။ စန်းလော့ဆွဲထားပေးသည့် ပုံကြမ်းအတိုင်း တစ်နေ့တစ်နေ့ ကျောင်းကပြန်လာလျှင် ရသည့်အချိန်တိုအတွင်း ကလေးတွန်းလှည်း လုပ်ပေးသည်။ နေသာသည့်နေ့များတွင် ကလေးများကို နေရောင်ထိတွေ့ပေးရန် အပြင်သို့ ခေါ်လာတတ်ပြီး ရွာထဲက စည်ကားသည့်အခြေအနေတွင် ပါဝင်တတ်သည်။

ရှန်းမိသားစု၏ လှည်းကလေး ပေါ်လာချိန်တွင် လုအာ့လန်နှင့် ချန်းသရှန်တို့ကလည်း သူတို့၏သမီးနှင့် သားအတွက် တစ်ခုစီ ပုံတူလိုက်လုပ်ပေးကြသည်။ သည်လိုနှင့် စန်းလော့သည် ခြေချုပ်မိမနေတော့သလို အပြင်သို့ မထွက်နိုင်တာလည်း မဖြစ်တော့ချေ။ ဆောင်းတွင်း နေသာသည့် နေ့များတွင် ရှန်း၊ ဖန်း၊ ကျိုး မိသားစု၃ခုသည် သူတို့ကလေးများနှင့်အတူ မကြာခဏ အညောင်းညာပြေ လမ်းလျှောက်တတ်ကြသည်။

ဟုတ်ပါသည်။ မကြာခဏ အသွားဖြစ်ဆုံးနေရာမှာ ရှန်းအိမ်၏ အပြင်ဘက်ဖြစ်ပြီး ထိုနေရာတွင်ကလေးများက မကြာခဏ စာလာဖတ်ကြကာ ရှန်းနှဉ်သို့မဟုတ် ရွှီဝမ်ယင်းတို့က ဆရာငယ်လေးများအဖြစ် အလှည့်ကျတာဝန်ယူပေးသည်။

အငယ်လေး ၄ယောက်က ပျော်ရွှင်စရာကိစ္စများကို ပါဝင်ရသည်ကို သဘောကျကြသည်။ အခုထိ မထိုင်နိုင်သေးသည့် အားယောင်က လှည်းထဲတွင် လဲလျောင်းနေရင်း ဝမ်းသာပျော်ရွှင်နေကာ သူမ၏လက်လေးများကို စိတ်လှုပ်ရှားကာဖြင့် ဝေ့ယမ်းပြီး ရွှင်ရွှင်လန်းလန်း တီတီတာတာ ပြောတတ်သည်။ ပုံမှန်ဆိုလျှင် အစ်မဖြစ်သူထက် ငြိမ်ငြိမ်လေး နေရသည်ကို ကြိုက်သည့် ချန်ပေါင်ကပင် သူ့နားလေးများကို စွင့်ထားကာ စိတ်ဝင်တစား နားထောင်နေပြီး သူ၏တောက်ပပြီး မည်းနက်နေသည့်မျက်ဝန်းများက လင်းလက်လို့နေသည်။

သည်အချိန်မှာပင် ကျုံးမားမားက ရောက်လာပြီး တော်ဝင်နန်းတော်က ဆုလာဘ်တစ်ခုကို ချီးမြှင့်ခဲ့ကြောင်း လာရောက်ကြေညာပေးပြီး သံတမံအဖွဲ့က ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်တွင် ရောက်နေပြီဖြစ်ကာ နာရီဝက်အတွင်း သူတို့အိမ်သို့ ရောက်လာလိမ့်မည်ဟု အကြောင်းကြားပေးသည်။

ဒါကို ကြားလိုက်သည်တွင် ရှန်းနဉ်သည် သူ့သင်ကြားခြင်းအလုပ်မှ ထွက်လာပြီး ဝါးစာလိပ်ကို ချထားလိုက်ကာ အဆောင်ထဲမှာ ထွက်လာလိုက်သည်။

“သံတမံ ဟုတ်လား၊ နောက်ထပ် တော်ဝင်အမိန့်တော်တစ်ခုလား”

ကျုံးမားမားက ဝမ်းသာအားရဖြစ်နေပြီး “အမှန်ပဲ”

သည်တစ်ကြိမ်တွင်တော့ သူတို့သည် ရွှီမိသားစုထံမှာ ပူဇော်သည့်စားပွဲတစ်လုံးကို ငှားရန်မလိုတော့ချေ။ ရှန်းမိသားစုက လိုအပ်သည့် ပစ္စည်းများအားလုံးကို သေချာပြင်ဆင်ထားခဲ့ပြီး အရင်တစ်ခေါက်က အတွေ့အကြုံရခဲ့သည်။ စန်းလော့က သူမ၏ကလေးများကို ရှန်းနဉ်ဆီ လွဲထားပေးလိုက်ပြီး နေပူစာလှုံနေကြသည့် ချင်ဖန်းညန်၊ ဝေ့လင်းကျန့်နှင့် တခြားသူများကို အကူအညီ‌တောင်းလိုက်၏။ သူတို့သည် ပစ္စည်းများကို အတူတူ ရွှေ့လာကြပြီး အခမ်းအနားအတွက် ပြင်ဆင်လိုက်ကြသည်။ သူမကလည်း သံတမံအရေအတွက်ကို မေးမြန်းလိုက်ပြီး ရောက်လာတော့မည့် ဆုလာဘ်များအတွက် စာအိတ်နီများကို ပြင်ဆင်ထားလိုက်၏။

ဒုတိယအကြိမ်အဖြစ် ရှန်းလီနှင့် ရှန်းအန်းတို့သည် ကျောင်းမှနေ၍ ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်သို့ တူညီသည့်အကြောင်းပြချက်နှင့် ဆင့်ခေါ်ခံလိုက်ရ၏။ အိမ်တွင် တော်ဝင်အမိန့်တော်ကို လက်ခံဖို့ရန် ဟူ၍။

တော်ဝင်အမိန့်စာက ဂေါ်ဖီထုပ်လို့ ပေါများလို့လား။

တစ်နှစ်အတွင်း နှစ်ကြိမ်ဖြစ်နေပြီပဲ။

ဆရာများနှင့် အတန်းဖော်များက မှင်သက်အံ့ဩသွားသည့်အပြင် ရှန်းလီနှင့် ရှန်းအန်းတို့ကိုယ်တိုင်ပင် တအံ့တဩဖြစ်သွားကြသည်။ သို့သော်လည်း သူတို့သည် နှောင့်နှေးမနေသင့်မှန်း သိကြသည်။ သူတို့သည် သူတို့ဆရာထံမှ မြန်မြန် ခွင့်သွားတောင်းလိုက်ကြပြီး အိမ်ပြန်လာခဲ့ကြ၏။ သူတို့သည် သရှင်းရွာသို့ ရောက်လာချိန်တွင် ခမ်းနားကြီးကျယ်လှသည့် တော်ဝင်သံတမံနောက်တော်ပါများက မြင်ကွင်းကို ကြည့်ရှုဖို့ရန် ရောက်လာကြသည့် အနီးနားက ရွာများဆီက မရေမတွက်နိုင်သည့် ရွာသူရွာသားများကို ဆွဲဆောင်ထားလေသည်။

အချိန်ကူးပြောင်းလာပြီးနောက် ၅နှစ်မြောက်နှစ်တွင် စန်းလော့သည် ဒုတိယအကြိမ် တော်ဝင်အမိန့်တော်ကို လက်ခံရရှိခဲ့သည်။ သည်တစ်ကြိမ်တွင်တော့ အထူးသံတမန် မဟုတ်ဘဲ ကုန်းကုန်းတစ်ယောက်က ယူဆောင်လာပေးခဲ့သည်။ ဒါသည် သင်းကွပ်ခြင်းနည်းပညာကြောင့် သူမကို ဆုချီးမြှင့်ခြင်းဖြစ်မည်ဟု သူမက ခန့်မှန်းထားလိုက်၏။ သူမက ငွေသား၊ ပိုးထည်၊ လယ်မြေ၊ ယာမြေများကို လက်ခံရလိမ့်မည်ဟု စိတ်ကူးမိသော်လည်း သချီ၏ အမျိုးသမီးအရာရှိအဖြစ် ခန့်အပ်ခံရလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ချေ။

မိုးနတ်မင်း၏ ဗျာဒိတ်တော်၊ မင်းကြီး၏ထောက်ခံချက်နှင့် ချီးကျူးထောပနာသံများအပြီးတွင် အဆင့်၅ စီရင်စုမင်းသမီး ဘွဲ့လိုက်ပါလာသည်တဲ့လား။

လှည်းလေးထဲက မွေးကင်းစကလေးနှစ်ယောက်မှ လွဲလျှင် ရှန်းအိမ်ထောင်စုက လူတိုင်းက တအံ့တဩ ပါးစပ်အဟောင်းသားနှင့် နေရာတွင်ပင် ရပ်နေမိကြလေသည်။

တော်ဝင်စာချွန်လွှာက တခြား ဘာထပ်ကြေညာခဲ့ပါသနည်း။ သူမသည် ပိုင်နက်ဝင်ငွေတစ်ခုကို လက်ခံရရှိခဲ့သည့်အပြင် နှစ်စဉ် လျန်ငွေ၄၀နှ့် စပါးတင်း ၄၀ ရရှိပြီး မင်းကြီးက မြို့တော်တွင် အိမ်ရာဝန်းတစ်ခုကို ချီးမြှင့်ထားသည်တဲ့လား။

တော်ဝင်အမိန့်တော်၊ ဆံထိုးနှင့် အခမ်းအနားဝတ်စုံကို သူမထံ အပ်နှင်းလိုက်ချိန်တွင်ပင် စန်းလော့သည် ငေးကြောင်နေမိကာ သူမ၏နှလုံးသားကလည်း ထိန်းမရအောင် ခုန်နေလေသည်။ ချန်းအဘွားနှင့် တခြားသူများအပါအဝင် ကြည့်ရှုနေကြသူများသည် ကြက်ဥတစ်လုံး ဝင်ဆန့်နိုင်သလို ပါးစပ်အဟောင်းသား ရပ်နေကြလေသည်။

တော်ဝင်အမိန့်တော်ကို ယူဆောင်လာပေးသည့် ကုန်းကုန်းက ကြင်ကြင်နာနာဖြင့် သတိပေးလိုက်၏။ “မင်းသမီး ကျေးဇူးပြုပြီး အမိန့်တော်ကို လက်ခံပေးပြီး ကျေးဇူးတင်စိတ်ကို ဖော်ပြပေးပါ”

စန်းလော့သည် ရုတ်တရက် သတိပြန်ဝင်လာပြီး အမိန့်တော်ကို မြန်မြန်လက်ခံလိုက်ကာ ကျေးဇူးတင်ကြောင်း ဖော်ပြလေသည်။ ထို့နောက်မှ သူမသည် ကုန်းကုန်းထံမှာ ဆံထိုးနှင့် အခမ်းအနားဝတ်စုံကို လက်ခံလိုက်၏။ သည်အခိုက်တွင် ရှန်းလီက ဦးဆောင်လာသည့် ကုန်းကုန်းလက်ထဲသို့ စာအိတ်နီကို တိုးတိုးတိတ်တိတ် ထည့်ပေးလိုက်ကာ ရှန်းအန်းကလည်း တခြားနောက်တော်ပါများကို စီစဉ်ပေးလိုက်သည်။

ချန်ကုန်းကုန်း၏ ကြိုတင်သတိပေးခြင်း ခံထားခဲ့ရသည့် ကုန်းကုန်းသည် ရှန်းမိသားစုကို အစဉ်အလာအတိုင်း ယဉ်ကျေးသမှုဖြင့် ဆက်ဆံလေသည်။ သူက အပြုံးနှင့် စာအိပ်နီကို လက်ခံလိုက်ပြီး သူ့အင်္ကျီလက်ထဲ ထိုးထည့်လိုက်သည်။ “မင်းသမီးရဲ့အိမ်တော်က ပြန်လည်ပြင်ဆင်မှုတစ်ချို့ လိုအပ်ပါသေးတယ်၊ မင်းသမီး နောက်ပိုင်း မြို့တော်ကို လာတဲ့အခါ နောက်ထပ် ညွှန်ကြားချက်တွေကို ရရှိဖို့ အိမ်ရာခွဲဝေချထားရေး ဝန်ကြီးရုံးကို သွားလိုက်လို့ရပါတယ်”

စန်းလော့သည် သူမ၏ကျေးဇူးတင်စိတ်ကို ဖော်ပြလိုက်ပြီး ရှန်းလီက ဧည့်သည်များကို မည့်သို့ ဧည့်ခံခဲ့ပြီး သူတို့ကို အလွန်မှ ကောင်းကောင်းမွန်မွန် မည်သို့ လိုက်ပို့ပေးခဲ့ကြောင်း စဉ်းစားနေမိလေသည်။ သူမသည် သူမ၏ပါးကို ညစ်ကြည့်လိုက်ပြီး ဝေယျာဝေစ္စများတွင် ကူညီပေးနေသည့်သည့် ရှန်းနဉ်ကို ကြည့်လိုက်ကာ “ငါ တကယ်ပဲ စီရင်စုသခင်မ ဖြစ်လာတာလား”

ရှန်းနဉ်က သူမထက်ပင် ပိုလို့ပင် မှင်သက်အံ့ဩနေသေးသည်။ “မကြီး၊ ညီမလေးကို ဆိတ်ကြည့်စမ်းပါ”

စန်းလော့က ထိုသို့ မလုပ်ရသေးမှာပင် ချန်းအဘွားနှင့်အတူ ဝင်လာခဲ့သည့် အဖွဲ့ထဲက ရွှီဝမ်ယင်းက သူတို့နှစ်ယောက်ကို ချက်ချင်း ဆိတ်လိုက်လေသည်။ “ဒါက အိပ်မက်တစ်ခု မဟုတ်ဘူးနော်...”

ရှန်းလီသည် ဧည့်သည်များကို ပြန်ပို့ပေးပြီးနောက် ပြန်လာချိန်တွင် လင်မယားနှစ်ယောက်သည် တော်ဝင်အမိန့်တော်ကို တလေးတစားဖြင့် ခင်းကျင်းထားလိုက်သည်။ သူတို့သည် တောင်ဘက်အခန်းထဲတွင် ရပ်နေကြပြီး မယုံမကြည်ဖြင့် အချင်းချင်း စိုက်ကြည့်နေမိကြပြီးမှ နှစ်ယောက်လုံးက ခပ်တိုးတိုးလေး ရယ်မောလိုက်တော့သည်။

ရှန်းလီက စနောက်လိုက်၏။ “ဂုဏ်ယူပါတယ်နော် ကို့ရဲ့ချစ်လှစွာသော ဇနီးလေး”

စီရင်စု မင်းသမီးဘွဲ့ အပ်နှင်းခံရသည့် စန်းလော့၏သတင်းသည် ရှီကျိုးတခွင် တောမီးလို ပြန့်နှံ့သွားတော့သည်။ ပြည်သူများသည် စိုက်ပျိုးရေးနှင့် ဝက်မွေးမြူခြင်းကို သေသေချာချာ လေ့လာခြင်းက တော်ဝင်ဘွဲ့တစ်ခုနှင့် ချမ်းသာသုခကို ရရှိနိုင်ကြောင်း ပထမဆုံးအကြိမ်အဖြစ် သဘောပေါက်သွားကြတော့သည်။

..

All Chapters