← Chapters

အခန်း (၂၆၃-၂၆၄)

Vol. 27 Ch. 263-264

အခန်း (၂၆၃-၂၆၄)

Vol. 27 Ch. 263-264

အပိုင်း (၂၆၃) ကုန်သယ်လှည်းယာဥ်တစ်စီး တည်ဆောက်ခြင်း

ဒါကို မည်သူမဆို လုပ်ရန်လိုလားပါမည်တဲ့လား။

အမှန်ပင် လိုလားပေလိမ့်မည်။

ရှီမိသားစုသည် သူတို့၏ လယ်ယာစိုက်ပျိုးရေးအလုပ်များဖြင့် အလုပ်များနေသည် မဟုတ်ပါလား။ ရှီသနျိုကလဲ အရည်အချင်းရှိသည့် အလုပ်သမားတစ်ယောက် မဟုတ်ပါလား။ ကန်းရှီက စီးပွားရေးတွင် အတွေ့အကြုံရှိသည့် သူမကိုယ်တိုင်က အရှေ့ဘက်စျေးတွင်ရှိသည့် စန်းလော့၏ဆိုင်တွင် အလုပ်လုပ်ရမည့်အစား သားဖြစ်သူကို အဘယ်ကြောင့် အလုပ်လုပ်ရန် လွှတ်လိုက်ပါသနည်း။ ခေါင်းသိပ်မမှန်တော့သည် လုသလန်မှလွဲလျှင် ရွာထဲက လူတိုင်းသည် ရှန်းမိသားစု၏ ချမ်းသာကြွယ်ဝမှုနှင့် စန်းလော့၏ အရည်အချင်းများကို သိလေသည်။

ဟိုတုန်းက စန်းလော့သည် တို့ဟူးတစ်မျိုးတည်းကိုသာ ရောင်းချိန်တွင် သူတို့အားလုံးက နောက်မှ အနီးကပ်လိုက်လာခဲ့ကြသည်။ ယခုဆိုလျှင် ပစ္စည်းအမျိုးအစား မည်မျှရှိပါမည်နည်း။ သူတို့၏အိမ်ထောင်စုများက အလွန်မှ အဆင်ပြေလာသည်ကို ကြည့်ခြင်းအားဖြင့် ဒါသည် ရှန်းလီနှင့် စန်းလော့တို့၏ ကျေးဇူးကြောင့်မှန်း အားလုံးကသိကြသည်။

စန်းလော့သည် ရွာထဲသို့ပြန်ရောက်လာချိန်တွင် သူမက လမ်းတစ်လျှောက်ရှိ အိမ်ထောင်စု တစ်ခုချင်းစီတိုင်းကို အသိပေးခဲ့ကာ လုမိသားစု၏ပထမအိမ်ထောင်စုခွဲကိုတော့ ချန်ထားခဲ့သည်မှာ သဘာဝပင်။ ရွှမ်းကျူးနှင့် သူတို့မောင်နှမများက ဆိုးသွမ်းနေ၍ မဟုတ်ချေ။ သို့သော်ငြားလည်း လုသလန်လို တစ်စုံတစ်ယောက်နှင့် မည်သူကမှ နက်ရှိုင်းသည့် ဆက်ဆံရေးတစ်ခု မရှိချင်ကြပေ။

သူမ၏ရည်ရွယ်ချက်များကို အကျဥ်းချုပ် ရှင်းပြလိုက်ပြီးနောက်တွင် စန်းလော့က သူမ၏စီးပွားရေးကို ချဲ့ထွင်ရန် အစီအစဥ်ရှိသည်ဟု ကြားလိုက်ကြသဖြင့် မိသားစုတိုင်းက သည်အချက်ကို စတင်စဥ်းစားကြတော့သည်။ လူအများစုက နှစ်တနှစ်၏ ပထမဦးဆုံးလအတောအတွင်း အိမ်၌ အမှန်ပင်ရှိနေကြသဖြင့် သူတို့က အသေးစိတ်ကို ဆွေးနွေးဖို့ရန်အတွက် စိတ်အားထက်သန်စွာ စုဝေးလာကြပြီး အလုပ်သမား မည်မျှလိုအပ်ကြောင်းကို မေးမြန်းကြသည်။

"ကျွန်မ အခုလောလောဆယ်တော့ ဒီအကြောင်းကို စဥ်းစားဖို့ တကယ် အချိန်မရခဲ့သေးတာပါ” စန်းလော့က ခပ်တိုးတိုး ရယ်မောလိုက်၏။ "မနေ့တုန်းက မြို့တော်ကနေ ကျွန်မတို့ဆီမှာ ပစ္စည်းလာဝယ်ဖို့ တစ်စုံတစ်ယောက်က မြို့တော်ကနေ လမ်းတစ်လျှောက်လုံး ခရီးနှင်လာခဲ့တာကို မနေ့က တိုက်တိုက်ဆိုင်ဆိုင် တွေ့ကြုံခဲ့ရတယ်လေ၊ ဒီလိုလုပ်မယ်ဆိုရင်ရော၊ ဒီနေ့ညစာစားပြီးသွားရင် ကျွန်မအိမ်ကို လာခဲ့ကြပါ၊ ကျွန်မတို့တွေ ထပ်ပြီးတော့ ဆွေးနွေးနိုင်တာပေါ့၊ ရှင်တို့တွေလည်း ရှင်တို့မိသားစုနဲ့ တိုင်ပင်ဆွေးနွေးလို့ရတာပေါ့ ပြီးရင် ဒီအကြောင်းကို အသေးစိတ်စဥ်းစားကြမယ်လေ" "

ဟုတ်ပါသည်။ သူတို့အားလုံးက တွေဝေမနေဘဲ သဘောတူလိုက်ကြ၏။ ရွှီဝမ်ယင်းက စန်းလော့ ပြန်သွားသည်နှင့်ချက်ချင်း သူမအမေကိုပင် ပြောလိုက်လေသည်။ "အမေ ကိုကြီးကို ပြန်ခေါ်ရအောင်၊ သူ သေချာပေါက် သွားချင်မယ်လို့ သမီးတော့ ထင်တယ်"

ရွှီဝမ်ချင်းသည် ပွင့်လင်းသူတစ်ယောက်ဖြစ်ပြီး ယခုတွင် သူက တုန်းဖူစားသောက်ဆိုင်က သူ့အဖေကို အကူအညီပေးနေကာ သူ့အဖေထံမှ ငွေစာရင်းတွက်ချက်မှုများကို သင်ကြားနေလေသည်။

ညီတစ်ယောက်အနေဖြင့် သူမအစ်ကိုအကြောင်းကို မသိဘဲ အဘယ်မှာနေပါမည်နည်း။

ကိုယ့်ကလေးကို အမေထက် မည်သူက သိပါမည်နည်း။ ဝေ့လင်းကျန့်က သူ့မသား၏အကျင့်စရိုက်နှင့် အလွန်မှ ရင်းနှီးလေသည်။ သူမက ယောက္ခမဖြစ်သူထံမှ အကြံအဉာဏ်တောင်းဆိုကြည့်ရန် အလိုလို လှမ်းကြည့်မိသည်။

သခင်မကြီးရွှီကလဲ တွေဝေမနေချေ။ "သွား သွား၊ ဒါက ကောင်တာမှာ အလုပ်လုပ်နေတာထက် သူ့အတွက် ပိုပြီးတော့တောင် အကျိုးအမြတ် ရှိနိုင်အုံးမယ်၊ ယွမ်ချန်ကိုလည်း ဒီအကြောင်းပြောပြလိုက်၊ သူ နားလည်ပါလိမ့်မယ်"

ခဏလောက် စဥ်းစားပြီးနောက်တွင် သူမက ထွက်ခွာသွားတော့မည်ပြင်နေသည့် ချွေးမဖြစ်သူကို လှမ်းတားလိုက်၏။ "တကယ်တမ်းကျတော့ နင် ကိုယ်တိုင် သွားစရာမလိုပါဘူး၊ ဝမ်ပေါ်လဲ သွားလို့ရပါတယ်၊ စားသောက်ဆိုင်ထဲမှာ ကြီးကြီးကျယ်ကျယ်တွေ မဖြစ်စေနဲ့၊ နင့်အဖေကို ဒီအတိုင်းဘေးကို အသာလေးဆွဲခေါ်ပြီးပဲ တိုးတိုးတိတ်တိတ်ပြောလိုက်"

တုန်းဖူစားသောက်ဆိုင်က တစ်ခြားသူများက ဒါကိုမြင်သွားခဲ့လျှင် အမြင်ဆိုးသွားမည်ကို သူမက စိုးရိမ်လေသည်။ ဒီလိုကိစ္စမျိုးကို ကိုင်တွယ်ဖြေရှင်းဖို့ရန်အတွက် ဆယ်ကျော်သက်လေး တစ်ယောက်အတွက်တော့ ကြီးကြီးမားမားကိစ္စ မဟုတ်ချေ။

ရွှီဝမ်ပေါ်က အသိအမှတ်ပြုကာ ပြေးထွက်သွားတော့သည်။

...

ရှန်းလီသည် အစိုးရရုံးထံမှ အငှားစာချုပ်ဖြင့် အိမ်သို့ပြန်လာချိန်တွင် အခန်းထဲတွင်ရှိနေသည့် စန်းလော့က ကလေးများကို ချော့သိပ်နေ၏။

ကလေးနှစ်ယောက်က သူတို့၏အမေကို မတွေ့ရသဖြင့် အချိန်တစ်ခုအထိ နိုးနေလေသည်။ အစပိုင်းတွင်တော့ အားလုံးက အဆင်ပြေနေသေးသည်။ ရှန်းအန်းနှင့်ရှန်းနဥ်တို့က သူတို့ကို ထိန်းကျောင်းထားနိုင်သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သည်းမခံနိုင်အောင်ဖြစ်လာရ၏။ စန်းလော့ကို နာရီဝက်ကျော်လောက် မတွေ့ရတော့သည့်အချိန်တွင် ယောင်ယောင်က စတင်ပြီးငိုတော့သည်။

ကလေးမလေးက ပုံမှန်ဆိုလျှင် တက်ကြွကာရွှင်လန်းသည်။ သို့သော် သူမက ငိုလိုက်ချိန်တွင်တော့ အားအပြည့်ပါလေရာ သူမ၏အသံမှာ တိမ်ဝင်နေတော့သည်။ တစ်ဖက်တွင်တော့ ချန်ပေါင်က အငိုလွယ်သူ မဟုတ်ချေ။ အမြွှာဖြစ်နေသဖြင့် လွှမ်းမိုးခံရခြင်းကြောင့်လား သို့မဟုတ် သူတို့၏ သီးခြားအကျင့်စရိုက်သဘာဝကြောင့်လား မသိချေ။ သူကလဲ စူပုတ်နေပြီး သူ့မျက်လုံးထဲတွင် မျက်ရည်များ လဲ့လာတော့သည်။

ရှန်းလီသည် အိမ်ပြန်ရောက်လာချိန်တွင် ကလေးနှစ်ယောက်စလုံးက မျက်လုံးများ နီရဲနေဆဲဖြစ်သည်။ သူက တစ်ယောက်ကို ချက်ချင်းခေါ်ကြည့်လိုက်ကာ သူ့မိန်းမဖြစ်သူကို ကူညီပြီး ကလေးများကို ချော့မော့ပေးလိုက်၏။ ကလေးများ အငိုတိတ်သွားကာ ကျို့ထိုးပျောက်သွားသည်အထိ ချော့မော့ပြီးလိုက်သည့်နောက်တွင် သူက တံခါးကိုပိတ်လိုက်ကာ ကလေးများကို အစာကျွေးလိုက်သည်။ လေးလသားအရွယ် မွေးကင်းစလေးက စားသောက်နေရင်းနှင့်ပင် ငိုက်မြည်းလာတော့သည်။ ကလေးများကို ထောင်မတ်ပေးထားပြီး အသာအယာ လေထုတ်ပေးပြီးနောက်တွင် ကလေးများကို အိပ်ဖို့ရန် ပြန်ချပေးထားလိုက်၏။

ကလေးနှစ်ယောက်စလုံးက နှစ်နှစ်ခြိုက်ခြိုက်အိပ်သွားမှ လင်မယားနှစ်ယောက်စလုံးက အပြင်ဘက်တွင် စကားပြောဖို့ရန်အတွက် အခန်းထဲမှ တိတ်တိတ်လေး ထွက်လိုက်ရသည်။

"ဘယ်လိုနေလဲ နှစ်စဥ်ငှားရမ်းခက အဆင်ပြေရဲ့လား"

"အိမ်ယာဝန်းတစ်ခုလုံးက (၅၇)ဧကနီးပါးရှိတယ်၊ အဆောက်အအုံတွေကလဲ အသစ်နီးပါးပဲ၊ မြို့နဲ့နီးတဲ့အကွာအဝေးကြောင့် ဒေသခံအစိုးရက အစပိုင်းတုန်းကတော့ တစ်နှစ်ကို (၃၀)ယွမ်တောင်းတယ်၊ ကိုယ်လည်း ညှိနှိုင်းဆွေးနွေးလိုက်တယ်၊ ကိုယ်တို့တွေ(၂၅)ယွမ်နဲ့ သဘောတူညီမှုရခဲ့တယ်၊ ဒါက နောက်ပိုင်းအတွက်တော့ ကြိုတင်ခန့်မှန်းဖို့ ခက်တယ်၊ ဒါကြောင့် ကိုယ်တို့တွေ (၁၀)နှစ်စာချုပ်ချုပ်ခဲ့တယ်၊ ငှားရမ်းခကိုတော့ နှစ်စဥ်ပေးရမယ်"

ရှန်းလီက ပြည်နယ်အုပ်ချုပ်ရေးမှူးကျန့်နှင့် စျေးကို ညှိနှိုင်းဆွေးနွေးနေသည့်ပုံရိပ်ကို စန်းလော့၏ စိတ်ကူးထဲတွင် မြင်ယောင်ကြည့်သည်တွင် သူမမှာ တခစ်ခစ် ရယ်မောမိလေသည်။ "မဆိုးဘူး ကျွန်မတို့ရဲ့ဝင်ငွေက ငွေသိမ်းစာရေးရဲ့ နှစ်စဥ်လစာရဲ့ တစ်ဝက်နီးပါးညီမျှတယ်"

ငွေသိမ်းစာရေးတစ်ယောက်သည် နှစ်စဥ် ရုံးတော်အတွက် တစ်နှစ်လျှင် အကျိုးအမြတ် ဝမ်(၄၈၀၀၀) ရှာဖွေနိုင်လေသည်။ သူတို့၏ ငှားရမ်းခဝင်ငွေမှာ တော်တော်လေးကို များပြားလေရာ ဝမ်ငွေများအဖြစ် ပြောင်းလဲနိုင်သည်။

အစ်ကိုကြီးဖြစ်သူနှင့် ယောင်းမတို့၏စကားကို ကြားလိုက်သည်တွင် ရှန်းနဥ်က တိတ်တိတ်လေးချဥ်းကပ်လာပြီး "အစ်မတို့က မြေကိုပဲငှားတာလား"

မှင်သက်အံ့သြကာဖြင့် သူမကမေးလိုက်သည်။

စန်းလော့က ခပ်တိုးတိုး ရယ်မောလိုက်သည်။ "ဟုတ်တယ် ဒါက အိမ်ယာဝန်းနဲ့လည်း သိပ်မဝေးဘူးလေ၊ မနက်ဖြန်ကြရင် ရှောင်ယာကို အဖော်ခေါ်သွားပြီးတော့ တစ်ချက်လောက် သွားကြည့်လိုက်ပေါ့"

ရှန်းလီ ပြန်ယူလာသည့်စာချုပ်က လက်ထဲတွင် ရောက်လာသည်တွင် မိသားစုက ကုန်သည်များ ငှားရမ်းမည့်ကိစ္စကို အတွင်းကျကျ တိုင်ပင်တော့သည်။ သူတို့၏ အတွေ့အကြုံအရဆိုလျှင် သူတို့သည် အရောင်းအဝယ် အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့လျှင် နောက်ထပ် အကျိုးဆောင်ခနှင့်အတူ သတ်မှတ်ထားသည့် လုပ်ခလစာကို သဘောတူညီမှုရသည်အထိ အမြင်သဘောထားများကို ဖလှယ်လိုက်ကြသည်။ ဟုတ်ပါသည်။ ထိုလူတစ်ယောက်တည်းကပဲ ပစ္စည်းများကို သယ်ယူပို့ဆောင်ရန်နှင့် ငွေချေဖို့ရန်တာဝန်ယူပေးရမည်။

အထူးသဖြင့် ဒါသည် ခေတ်သစ်က အခြေခံလစာနှင့် ဆုကြေးငွေတို့ ပေါင်းစပ်ထားသည့်ပုံစံဖြစ်သည်။

အခြေခံလစာကို ပေးရန်လိုအပ်သည်ကို စဥ်းစားမိသဖြင့် သူတို့သည် လူဘယ်နှစ်ယောက် ငှားရမ်းရမည်ကို သေသေချာချာ စဥ်စားဖို့ရန် လိုအပ်လေသည်။ စန်းလော့က ဒါကို ခြေလှမ်းကျယ်ကျယ် လှမ်းလိုက်ပြီး အကြံပြုလိုက်၏။ "ဒီနေ့ည လူဘယ်နှစ်ယောက်သွားဖို့ ဆန္ဒရှိလဲဆိုတာကို အရင်ကြည့်ရအောင်၊ ကုန်ပစ္စည်းတွေကို စောင့်ကြပ်ပေးဖို့အတွက်တော့ ကျွန်မတို့တွေ တစ်ဖွဲ့မှာ အနည်းဆုံး လူ(၃)ယောက် (၄)ယောက်လောက်တော့လိုမယ်၊ တကယ်လို့ အဲထက်ပိုတယ်ဆိုရင်လည်း ကျွန်မတို့တွေက သူတို့တွေကို နှစ်ဖွဲ့ခွဲလိုက်လို့ရတယ်၊ တစ်ဖွဲ့ချင်းစီက မတူညီတဲ့ဒေသတွေကို သွားလို့ရတာပေါ့"

သူမ စကားဆုံးသွားသည်နှင့်ချက်ချင်း အပြင်ဘက်က ခြေသံများက ခြံဝန်းထဲတွင် ထွက်လာတော့သည်။ ရွှီဝမ်ချင်းက ဒုတိယခြံဝန်း၏ဝင်ပေါက်မှနေ၍ ချောင်းကြည့်လိုက်ပြီး သူ့မျက်နာမှာ ရှန်းလီနှင့်စန်းလော့ တို့ကို မြင်လိုက်ရချိန်တွင် လင်းလက်သွားတော့သည်။ သူတို့သည် ပင်မအခန်းထဲသို့ လျင်လျင်မြန်မြန်ဝင်လာပြီး ကလေးများက အိပ်နေသည်ကို သတိထားမိသဖြင့် သူ့အသံကို အလွန်မှ မကျယ်လောင်စေအောင် သတိထားလိုက်၏။ "ဆရာ၊ ဆရာကတော် ကျွန်တော့်ကိုလဲ ထည့်ပေးပါ"

ရွှီဝမ်ယင်းသည် သူမ၏အစ်ကိုဖြစ်သူကို ကောင်းကောင်းနားလည်လေသည်။ သတင်းကို ကြားလိုက်သည်နှင့် သူသည် သူ့၏ကိုယ်ပိုင်အိမ်သို့ပင် မပြန်တော့ဘဲ ရှန်းအိမ်သို့ ချက်ချင်းရောက်လာတော့သည်။

ရှန်းလီက ဒါကို သဘောကျသွားမိ၏။ "မင်းက တစ်လကို လုပ်အားခ ဘယ်လောက်ရမယ်မှန်းမသိဘဲနဲ့ သွားဖို့စိတ်အားထက်သန်နေတာလား"

ရွှီဝမ်ချင်းက ခပ်တိုးတိုး ရယ်မောလိုက်ကာ "ကျွန်တော်က အလုပ်သင်တစ်ယောက်ပဲလေ၊ ဒီတော့ လစာရမှာ မဟုတ်ပါဘူး၊ ဒီ့အပြင် လစာမရဘူးဆိုရင်တောင် ကျွန်တော်က ကျွန်တော့်ဆရာနဲ့ ဆရာကတော်အတွက် အလုပ်လုပ်ပေးမှာပါ"

စန်းလော့သည် သူက စကားပြောလျှင် ပွင့်လင်းလွန်းသည်ကို သိသော်ငြားလည်း သူ့စကားလုံးများကတော့ ကြားရသူအတွက် နားဝင်ချိုစေသည်။ ဒီလို စကားကောင်းကောင်း ပြောဆိုနေနိုင်လျှင် သူသည် အတော်ဆုံး အရောင်းစာရေးတစ်ယောက် ဖြစ်လာလိမ့်မည်။ သူမက ရယ်မောလိုက်၏။ "နင့်အဖေက နင့်ကို သူကိုယ်တိုင် နှစ်ပေါင်းများစွာသင်ကြားပေးခဲ့တာ အခုတော့ နင်က ငါ့အတွက် လာပြီးတော့ အလုပ်လုပ်ပေးနေတယ်... ဒါက ငါက အသားယူနေသလို ဖြစ်နေတော့မှာပဲ၊ နင် ခက်ခဲမှာ မကြောက်ဘူးဆိုရင်တော့ ကိစ္စမရှိပါဘူး"

"ဆရာကတော်၊ ဒါဆို ဆရာကတော် သဘောတူလိုက်ပြီပေါ့နော်၊ အလုပ်က ခက်ခဲနေမှာကို ဘာကြောက်စရာရှိလို့လဲ၊ ကျွန်တော်က တစ်ချိန်လုံး နေရာတစ်ခုတည်းမှာ နေနေရတာကိုပဲ အသားမကျနိုင်တာပါ၊ ဒီတော့ ဒါကို သတ်မှတ်လိုက်ပြီနော်... ကျွန်တော် တစ်ခြားသူတွေနဲ့ ခဏနေမှပြန်လာခဲ့မယ်"

...

ဒီနေ့တွင် ရွာထဲကအိမ်ထောင်စုတိုင်းသည် သူတို့၏ညနေစာကို ပုံမှန်ထက်ပိုပြီး စောစီးစွာ ပြီးသွားခဲ့သည်။ မှောင်ရီမပျိုးခင်တွင် သူတို့က သုံးယောက်တစ်ဖွဲ့ ငါးယောက်တစ်ဖွဲ့ဖွဲ့ကာ ရှန်းအိမ်သို့ စတင်ထွက်လာတော့သည်။

ချန်းအဘွားပြောခဲ့သည့်အတိုင်းပင် သည်နှစ် ရွာသားများသည် ရှန်းမိသားစု နောက်သို့လိုက်ပြီး အကျိုးအမြတ်က အနည်းငယ်လေး သာရရှိခဲ့သည် မဟုတ်ချေ။ ဒီလိုအခွင့်အရေးတစ်ခု ရှိနေသည်တွင် မည်သူက ဝမ်းမသာဘဲနေပါမည်နည်း။ အိမ်ထောင်စုအားလုံးနီးပါးက ကိုယ်စားလှယ်အများအပြားကို လွှတ်လိုက်လေသည်။

ရွှီဝမ်ချင်းက သွားချင်သည်။ ရွှီအိမ်တော်တွင် ပုံမှန်နေထိုင်တတ်သည့် ဝမ်ယွင်ကျန့်ကလဲ စာပြန်ဖတ်ဖို့ အလျင်မလိုတော့ဘဲ ပျော်ရွှင်စရာကိစ္စကို ပါဝင်ချင်သည်ဟု ပြောသည်။ ရွှီဝမ်ယင်းက ရှန်းမိသားစုဆီသို့ မကြာခဏ သွားရောက်သူဖြစ်သည်။ ထို့ကြောင့် ဝေ့ချင်းဟယ်က သူ၏အသစ်စက်စက် ဇနီးသည်လေးကို တစ်ချက်လောက် ကြည့်လိုက်ကာ သူမကို အတူတူခေါ်သွားဖို့ ဆုံးဖြတ်လိုက်သည်။ ဝေ့လင်ကျန့်ကလဲ သူမ၏ယောင်းမဖြစ်သူ အနေကြပ်နေမည်စိုးသဖြင့် သူတို့နှင့်အတူ လိုက်ပါလာသည်။ ထို့ကြောင့် ရွှီမိသားစုက မိသားစုငါးယောက် ရောက်လာခဲ့သည်။

တစ်ခြားအိမ်ထောင်စုများကလဲ ထိုနည်းတူပင် ရှန်းမိသားစုအိမ်သည် သည်နေ့ညခင်းပိုင်းတွင် စိတ်လှုပ်ရှားစွာဖြင့် စည်းကားနေလိမ့်မည်ကတော့ အမှန်ပင် ဖြစ်သည်။ ရွှီမိသားစုရောက်ရှိလာချိန်တွင် ပင်မခန်းမက ပြည့်လုနီးပါးဖြစ်နေကာ ခြံဝန်းထဲတွင်လည်း ကလေးမြောက်များစွာက စုဝေးနေကြသည်။ ကလေးနှစ်ယောက်ထဲက အားယောင်ကတော့ ရှန်းထျယ်က သူတို့၏ပုခက်လေးကို ရှေ့နောက်တွန်းသိပ်နေသဖြင့် ပျော်ပျော်ရွှင်ရွှင် တခစ်ခစ် ရယ်မောနေ၏။

လင်းသခင်မလေးသည် စန်းလော့၏နာမည်ကို မရေမတွက်နိုင်အောင် ကြားခဲ့ဖူးသည်။ သို့သော်ငြားလည်း ဒါက ရှန်းမိသားစုဆီသို့ သူမအတွက် ပထမဦးဆုံး အလည်အပတ် သွားရောက်ခြင်းပင်။ သူမသည် အနည်းငယ် အနေကြပ်သလို ခံစားရသော်ငြားလည်း စန်းလော့၏ နွေးထွေးပျူငှာစွာ ဖိတ်ခေါ်မှုက သူမကို စိတ်အေးရစေလေသည်။ ရွာသားများကလဲ သူမကို ချင်းဟယ်၏မိန်းမဟု ဆက်တိုက်ခေါ်ဝေါ်တတ်ကြပြီး ဒါက သူမ၏ ကိုယ်ပိုင်အိမ်တွင်နေသည့် လေထုအငွေ့အသက်နှင့် ကွာခြားလွန်းလှသည်။ ထူးထူးဆန်းဆန်းပင် သူမက ပိုပြီးတော့ သက်တောင့်သက်သာဖြစ်သလို ခံစားရ၏။

တစ်ခြားလက်ထပ်ပြီးခါစ သတို့သမီးမှာ နှစ်ကုန်ပိုင်းတွင် သရှင်းရွာသို့ လက်ထက်လာခဲ့သည့် ဖန်းလျိုညန်၏ ဝမ်းကွဲညီမဖြစ်သူ ယခုတော့ လုစန်းလန်၏ဇနီးဖြစ်သူ ဖြစ်လာလေသည်။ ဒီလူနှစ်ယောက်ကို ရွာသားများကလဲ ဂရုစိုက်ပေးကြသည်။

ရှန်းနဥ်က ဧည့်သည်များအတွက် စားစရာသရေစာမုန့်မျိုးစုံကို ပြင်ဆင်ပေးထားသည်။ သခင်မလေးလင်းက ထိုအရာများကို လှမ်းကြည့်လိုက်ပြီး တစ်ချို့ပစ္စည်းများက သရှင်းရွာ၏ အထူးထုတ်ကုန်ဆိုင်မှဖြစ်သည်ကို မှတ်မိသွားကာ တစ်ခြားပစ္စည်းများကတော့ သူမနှင့် လုံးဝမရင်းနှီးလှချေ။ စန်းလော့က အားလုံးကို မုန့်များအား မြည်းကြည့်ဖို့ အကြိမ်ကြိမ်ပြောတတ်သည်။ စုဝေးတွေ့ဆုံခြင်းကို ပုံမှန်စုဝေးသည့်အခြေအနေမှ နှစ်သစ်ကူးစကားဝိုင်းအသွင် ပြောင်းလဲလိုက်၏။

စားသောက်စကားပြောကြပြီးနောက်တွင်တော့ စန်းလော့က နောက်ဆုံးတွင် အဓိက ရည်ရွယ်ချက်ကို ထုတ်ပြောတော့သည်။ "ကျွန်မအားလုံးကို ဒီကိုခေါ်ရတဲ့အကြောင်းအရင်းကို အားလုံးက သိပြီးကြပါပြီ ဟုတ်တယ်မလား"

လုစန်းလန်က ပြုံးကာ ပြန်ဖြေလိုက်သည်။ "ဒါပေါ့ ဒါပေါ့ မင်းက လူဘယ်နှစ်ယောက်ငှားမှာလဲ၊ တကယ်လို့ နေရာတစ်ခု ရှိသေးတယ်ဆိုရင် ငါ့ကိုထည့်ပေးပါ"

ရှန်းလီက ဝင်ထောက်လိုက်သည်။ "လုပ်ခလစာအကြောင်း မမေးတဲ့ နောက်ထပ်တစ်ယောက်ပဲ"

ညနေခင်းက ရွှီဝမ်ချင်းသည် ရှန်းမိသားစုအိမ်တော်သို့ အလောတကြီး ပြေးဝင်သွားခဲ့သည်ကို အားလုံးကမြင်ခဲ့သည်။ အားလုံးက အသံထွက်ကာ ရယ်မောလိုက်ကြ၏။ ကျိုးချွမ်ကျန့်က ပြောလေသည်။ "မင်းတို့နှစ်ယောက်က ငါတို့တွေကို ဘယ်တုန်းက ဆုံးရှုံးရအောင် လုပ်ခဲ့ဖူးလို့လဲ စန်းလန် ပြောတာ မှန်ပါတယ်။ တကယ်လို့ တစ်ယောက်ယောက်က စိတ်ဝင်စားမယ်ဆိုရင် သူတို့တွေက မင်းတို့အတွက် အလုပ်လုပ်ပေးလို့ရပါတယ်၊ ငါတို့တွေကလဲ စိုက်ပျိုးရေးမှာ အလုပ်လုပ်ဖို့အတွက် လူအလုံအလောက် ရှိပါတယ်"

စိုက်ပျိုးရေးနှင့်ပတ်သတ်သည့် လုပ်အားကိစ္စကိုပြောသည်တွင် စန်းလော့က ပြောလိုက်လေသည်။ "တကယ်လို့ ထူးထူးခြားခြား အခြေအနေ မရှိသရွေ့တော့ ကျွန်မတို့တွေက စိုက်ပျိုးရေးရာသီရဲ့ အရေးကြီးတဲ့အချိန်ကာလမှာ အားလုံးကို အိမ်မှာဘဲနေလို့ရအောင် အကောင်းဆုံး ကြိုးစားပေးမှာပါ၊ စိုက်ပျိးရာသီကုန်သွားရင်တော့ သူတို့တွေက အရောင်းအဝယ်လုပ်ဖို့ ခရီးထွက်နိုင်တယ်၊ ဒါပေမဲ့လည်း လုပ်ခလစာကို မတိုင်ပင်ဘဲနဲ့ သွားချင်ပါတယ်လို့တော့ မပြောကြပါနဲ့လေ၊ အရင်ဆုံး ကျွန်မကို ရှင်းပြခွင့်ပေးပါအုံး”

"ကျွန်မတို့ ဒီကိစ္စကို ညနေခင်းတုန်းက တိုင်ပင်ခဲ့ပြီးပြီ၊ ကျွန်မတို့က အရင်ဆုံးစမှာဆိုတော့ အခြေအနေက ဘယ်လိုဖြစ်လာမယ်ဆိုတာ မသိသေးဘူး၊ တစ်ခြားစီရင်စုတွေနဲ့ ပြည်နယ်တွေဆီကို အရောင်းအဝယ် လမ်းကြောင်း ဖွင့်မယ်ဆိုတာက ခက်ခဲနိုင်တယ်၊ ကြားမှာလည်း လူတွေမနေတဲ့ လမ်းတွေကို ဖြတ်သန်းရတာလည်း ရှိလာနိုင်တယ်၊ ပစ္စည်းတွေ သယ်ယူပို့ဆောင်တဲ့နေရာမှာလည်း တစ်ချို့စွန့်စားရမဲ့ကိစ္စတွေ ရှိတယ်၊ ဒါကြောင့် လုပ်ခလစာလို့ ပြောတဲ့နေရာမှာ သတ်မှတ်ထားတဲ့လုပ်အားခအပြင် ခရီးသွားစရိတ်၊ နေထိုင်စရိတ် အစားအသောက်နဲ့ ရောင်းရငွေအတွက် အကျိုးဆောင်ခတွေ ပါဝင်တယ်"

"သတ်မှတ်ထားတဲ့လစာကတော့ တစ်လကို ဝမ်(၈၀၀)ပါ၊ နေ့စဥ်ခရီးသွားလာစရိတ်အတွက် သယ်ယူပို့ဆောင်ခ၊ နေထိုင်စရိတ်နဲ့ အစားအသောက်စရိတ်တွေအတွက် နောက်ထပ် ဝမ်(၂၀)ရမယ်၊ ကျွန်မတို့တွေက လက်ကားဖြန့်ချီတဲ့သူတွေကို ကုန်ပစ္စည်းကို ရောင်းနိုင်တဲ့အခါ တန်ဖိုးပမာဏပေါ်မူတည်ပြီးတော့ ၃ရာခိုင်နှုန်း အကျိုးဆောင်ခကို ရရှိမယ်၊ သဘောကတော့ ကုန်ပစ္စည်းဝမ်(၁၀၀)ဖိုး ရောင်းရတိုင်း ရှင်တို့တွေက (၃)ဝမ်ရမယ်၊ တကယ်လို့ ဝက်သားခြောက်တစ်အိုးကို ယွမ်(၇၀)နဲ့ လက်ကားရောင်းသူတစ်ဦးကို ရောင်းနိုင်မယ်ဆိုရင် ရှင်တို့ရဲ့အကျိုးဆောင်ခက သယ်ယူပို့ဆောင်ခ၊ ရောင်းခ၊ ငွေသိမ်းခ ဖြစ်စဥ်တစ်ခုလုံးအတွက် (၂၁)ဝမ်ရမယ်၊ ဒါပေါ့ ဒီနေရာမှာ တရားဝင်အရောင်းအဝယ် ဖြစ်လာဖို့လိုအပ်တယ်၊ ကျွန်မတို့တွေက အိုးတွေကို တစ်လုံးချင်းစီတော့ ထုတ်ပေးနိုင်မှာ မဟုတ်ဘူး၊ ကျွန်မတို့တွေက ဆိုင်ရဲ့ဂုဏ်သတင်းနာမည်ကို တွက်ချက်ပြီး အမှာစာ အနည်းဆုံးအရေအတွက်ကို သတ်မှတ်ထားဖို့လိုတယ်"

ရွှီဝမ်ချင်းက နားလည်လေသည်။ "တကယ်လို့ လက်ကားရောင်းဝယ်တဲ့သူတစ်ယောက်က ဝက်သားခြောက် အိုး(၁၀၀)ကို အနည်းဆုံး အမှာစာယူမယ်ဆိုရင် ကျွန်တော်က ရောင်းခ၊ သယ်ပို့ခနဲ့ ငွေသိမ်းခ တာဝန်တွေ အပြီးအစီးဆိုရင် ကျွန်တော့်အကျိုးဆောင်ခက ( ၂၁၀၀)ဝမ်ရလိမ့်မယ် ဟုတ်လား"

စန်းလော့က ခေါင်းငြိမ့်ပြသည်။ "အဲဒီ့စိတ်ကူးပါပဲ၊ နောက်ပြီးတော့ သယ်ယူပို့ဆောင်ခနဲ့ ဝယ်ယူတဲ့ စျေးနှုန်းကုန်ကျစရိတ်ကို ကိုယ်စားလှယ်က လုပ်ပေးခဲ့တဲ့ ငွေချေတဲ့စာရင်းထဲမှာဘဲ ထည့်သွင်းသွားမယ်၊ ဒါကို အစကတည်းက တိုင်ပင်ညှိနှိုင်းထားလို့ရတယ်"

တစ်နည်းအားဖြင့်ဆိုရလျှင် ထိုအကျိုးဆောင်ခသည် သူတို့၏ အကျိုးအမြတ်သက်သက်သာ ဖြစ်လေသည်။

ဘာကို တွေဝေနေရပါမည်နည်း။ သူတို့သည် အရောင်းအဝယ်တစ်ခုလျှင် ၂ယွမ်ထက်ပိုပြီးပင် ရှိနိုင်သေးသည်။ သတ်မှတ်ထားသည့်လုပ်အားခနှင့် ခရီးသွားစရိတ်၊ နေထိုင်စရိတ်နှင့် အစားအသောက်စရိတ်ကို ထည့်မပြောသေးလျှင်ပင် အကျိုးဆောင်ခကပင် ရက်ရောလှသေးသည်။

သို့သော်ငြားလည်း သူတို့သည် ဒါက အလွန်မှ ရက်ရောလှသည့်ဟု စဥ်းစားမိသဖြင့် ရုတ်တရက်ဆိုသလို အရင်ကလို ပါဝင်ပါမည်ဟု သူတို့၏လိုလားသည့်စိတ်ကို ယုံယုံကြည်ကြည်ဖြင့်ပင် မပြောရဲကြတော့ချေ။

ချန်းသရှန်က စန်းလော့ကို မေးလိုက်၏။ "ခယ်မလေး မင်းက လူဘယ်နှစ်ယောက်ငှားဖို့ စဥ်းစားထားလဲ"

"နှစ်ဖွဲ့ပါ၊ တစ်ဖွဲ့မှာ လေးယောက်ပါမယ်၊ အဲလိုဆိုရင် ဒါက အတော်လေးကို အန္တရာယ်ကင်းလိမ့်မယ်"

ဒီစကားတစ်ခွန်းနဲ့တင် အားလုံးကို ငြိမ်သက်သွားစေလေသည်။

"မင်းတို့ရဲ့ကုန်ကျစရိတ်က အရမ်းကိုမြင့်နေမှာပဲ” လုအာ့လန်က မှတ်ချက်ပေးလိုက်သည်။ "တစ်ယောက်စီကို တစ်လ လုပ်အားခနဲ့ ရိက္ခာအတွက် ဘယ်လောက်ကုန်ကျမှာလဲ" "

သူသည် သူ့သားဘက်သို့ အလိုလိုလှည့်ကြည့်လိုက်လေသည်။

အားရှုကတွက်ချက်လို့ မပြီးသေးခင်မှာပင် အသံနှစ်သံက ရှေ့ဆင့်နောက်ဆင့် ထွက်လာ၏။

"ဝမ် ၁၁,၂၀၀"

"ဝမ် ၁၁,၂၀၀"

ဒါသည် ဘေးမှနေ၍ နားထောင်လာကြသည့် ရှန်းနဥ်နှင့် ရှန်ကျင့်တို့ဖြစ်လေသည်။

ချန်းအဘွားက တအံ့တသြဖြစ်သွား၏။ "ရှောင်ကျင့်က ဘယ်တုန်းက အဲလောက်မြန်မြန်ဆန်ဆန်နဲ့ တွက်ချက်တတ်သွားတာလဲ"

ရှန်းနဥ်ကတော့ အမြဲတမ်းဆိုသလို အတွက်အချက်တွင် လျင်မြန်လှသည်။ သူမသည် အသက် (၉)နှစ်အရွယ်ကတည်းက စန်းလော့နောက်သို့လိုက်ကာ သူတို့၏ဆိုင်များကို ဖွင့်လှစ်ရာတွင် အကူအညီပေးခဲ့သည်။ သူမက ရှန်းနဥ်ကို သင်ကြားပေးခဲ့ခြင်းပင်။ တောင်အပြင်ဘက်သို့ ထွက်လာပြီးသည့်နောက်တွင် သူမက သူတို့မိသားစု၏ ဆိုင်နှစ်ခုစာရင်းကို ကိုင်တွယ်ပေးခဲ့ပြီး ရွာထဲက အိမ်ထောင်စုများနှင့် အရောင်းအဝယ် ငွေစာရင်းကိုလည်း ကိုင်တွယ်ပေးခဲ့သည်။ တစ်ခြားသူများတော့ သိကြလိမ့်မည် မဟုတ်သော်ငြားလည်း အဘွားချန်းနှင့် မိသားစုက မကြာခဏဆိုသလို ငွေကိစ္စကို ရှန်းနဥ်ထံသို့ အပ်နှံထားကြသည်ဖြစ်ရာ သူတို့က သူမ၏အရည်အချင်းကို ကောင်းကောင်းသိလေသည်။

သို့သော်ငြားလည်း ရှန်းကျင့်က အတွက်အချက်တွင် ဘယ်တုန်းက ထိုမျှလောက် မြန်ဆန်သွားပါသနည်း။

ရှန်းကျင့်က သူ့ခေါင်းလေးကို ကုတ်လိုက်ကာ "ဒါက အားလုံးအတွက်သင်ပေးတဲ့ သင်ခန်းစာပဲ မဟုတ်ဘူးလား၊ ကျွန်တော်က ငွေစာရင်းကိစ္စကို သင်ကြားနေတာလေ၊ ဒီတော့ ကျွန်တော်က ကိုယ့်ဟာကိုယ် ကျွမ်းကျင်နေမှ ဖြစ်မှာပေါ့၊ ကျွန်တော် နေ့တိုင်း အိမ်မှာလေ့ကျင်တယ်"

ထို့အပြင် အကြီးဆုံးသားအနေဖြင့် သူသည် မိသားစု၏ အသေးစိတ်ငွေစာရင်းကို တာဝန်ယူရလိမ့်မည်။

စန်းလော့ကတော့ တော်တော်လေးကို ကျေနပ်ရ၏။ ဆရာတစ်ယောက်ဖြစ်ရခြင်းက တစ်စုံတစ်ယောက်၏ အရည်အချင်းကို တိုးမြှင့်ပေးနိုင်သည်မှာ ကောင်းမွန်သည့်ကိစ္စပင်။ ရှန်းကျင့်ကို ချီးကျူးစကား ပြောလိုက်ပြီးနောက် သူမက လုအာ့လန်ကို ပြောလိုက်၏။ "လူအများကြီး မလိုအပ်ပါဘူး၊ အဖွဲ့တစ်ဖွဲ့မှာ လူလေးယောက်ပဲပါမှာ- လူကြီးနှစ်ယောက်က အရွယ်မရောက်သေးတဲ့ ကောင်လေးနှစ်ယောက်ကို ဦးဆောင်ပေးရမယ်၊ ဥပမာ မိသားစုအတွက် တာဝန်ယူထားရတဲ့ ရှောင်ကျင့်လိုပေါ့၊ တကယ်လို့ သူက ဆန္ဒရှိတယ်ဆိုရင် ကျွန်မက ရှင် သူ့ကိုခေါ်သွားလို့ရအောင် သူ့ကို ထည့်ပေးလိုက်မယ်၊ တကယ်လို့ တောပုန်းဓားပြတွေနဲ့ ရင်ဆိုင်လာရမယ်ဆိုရင်တောင် သူ့ခွန်အားက လုံလောက်လိမ့်မယ်၊ သူက အတွေ့အကြုံကနေ တစ်ခုခုကို၊ သင်ယူနိုင်လိမ့်မယ်၊ ကျွန်မတို့တွေက ဒါကို အလုပ်သင်တစ်ယောက်လို့ သတ်မှတ်ရမယ်၊ ကျွန်မတို့တွေက သူ့ကို တစ်လစာ ဝမ်(၈၀၀)ပေးမယ်၊ အပိုဘာမှမပါဘူး၊ သူက ကိစ္စတွေကို သူကိုယ်တိုင် ကိုင်တွယ်လာနိုင်တဲ့အချိန်ကျမှ ကျွန်မတို့တွေက သူ့ကို သာမန်အလုပ်သမားရဲ့ လုပ်ခလစာနဲ့ အကျိုးဆောင်ခကိုပေးမယ်"

ရှန်းကျင့်သည် တောင့်တင်းသွားပြီး စန်းလော့ကို ကြောင်အမ်းအမ်းဖြင့် ငေးကြည့်မိလေသည်။ "မကြီး ကျွန်တော် သွားလို့ရတာလား"

သူသည် အခုမှ (၁၃)နှစ်သာ ရှိသေးသည်။

စန်းလော့က ခေါင်းငြိမ့်ပြလိုက်၏။ "ဟုတ်တယ် နင်က တစ်ခြားသူတွေထက် ပိုပြီးတော့ ကြီးထွားမြန်တယ်လေ၊ နင်က အလုပ်ပင်ပန်းမှာကို မကြောက်ဘူး၊ သင့်တင်မျှတတဲ့လစာကို စိတ်ထဲမထည့်ဘူးဆိုရင် နင် သွားလို့ရပါတယ်"

ရှန်းကျင့်မှာ အလျင်အမြန် ခေါင်းခါပြလိုက်၏။ "ကျွန်တော် ပင်ပန်းမှာကို မကြောက်ပါဘူး၊ လစာကလဲ တော်တော်လေးများပါတယ် မကြီး၊ မကြီးက ကျွန်တော့်ကို လစာမပေးဘူးဆိုရင်တောင် အဆင်ပြေပါတယ်"

ရှန်းနဥ်က အပြုံးတစ်ခုဖြင့် သူ၏နောက်စေ့ကို လှမ်းပုတ်လိုက်ကာ "လစာ လုံးဝမပေးဘူးဆိုရင် ရှောင်ယင်နဲ့ ရှောင်ထျယ်တို့က အိမ်မှာငတ်နေတော့မဲ့ အဓိပ္ပါယ်ပဲ၊ မကြီးက နင့်ကို အဲလောက်ကောင်းကောင်းဆက်ဆံတာ၊ ပြီးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကြိတ်ပြီးတော့သာပျော်နေစမ်းပါ"

ရှန်းကျင့်က သူ၏နှောက်စေ့လေးကို ကုတ်လိုက်ကာ ရယ်မောလိုက်လေသည်၊ "မကြီးက ငါ့ကို ကောင်းကောင်း ဆက်ဆံတယ်ဆိုတာ သိပါတယ်"

လတ်တလောနှစ်များတွင် သူ့အစ်ကိုကြီးနှင့် မရီးဖြစ်သူက သူ့ကို အလွန်မှ ဂရုစိုက်ပေးခဲ့ပြီး ရှန်းကျင့်သည် သူ၏နှလုံးသားထဲတွင် ဒီလိုအားနည်းပြီး ဝမ်းနည်းစရာကောင်းသည့် ခံစားချက် အတက်အကျကို မတွေ့ကြုံခဲ့ရသည်မှာ အချိန်တော်တော်ကြာသွားပြီဖြစ်သည်။ သို့သော်ငြားလည်း ယခုတွင်တော့ သူ့မရီးဖြစ်သူက ရုတ်တရက်ဆိုသလို မိသားစုတစ်ခု၏ ဂုဏ်အရောင်အဝါကို ထောက်ခံပေးရမည့် သူ၏တာဝန်ကို ထုတ်ပြောခဲ့လေသည်။ ထိုခံစားချက်က တစ်ဖန်ပြန်ပေါ်လာတော့၏။

သို့သော်ငြားလည်း ဒီတစ်ကြိမ်တွင်တော့ ရှန်းကျင့်သည် ခါးသီးသည့်ခံစားချက်များ လုံးဝမရှိတော့ချေ။ သူ၏စိတ်အတွင်း အနက်ရှိုင်းဆုံးနေရာတွင် နွေးထွေးရသည့် သိသာထင်ရှားသည့် ပျော်ရွှင်မှုတစ်ခုကိုသာ ခံစားမိတော့သည်။

...

အပိုင်း (၂၆၄) လင်းမိသာစုက လင်းသခင်မလေး

အရွယ်တဝက်ရောက်ပြီးသား လူငယ်လေးတစ်ယောက်သည် တစ်လလျှင် ဝမ်(၈၀၀)ရှာဖွေနိုင်မည်။ လက်တွေ့တွင်တော့ ဒါက လုံးဝကြီးသက်သာသည် မဟုတ်ချေ။ အလုပ်သမား (၈)ယောက်သည် လစဥ်ကုန်ကျစရိတ်အနေဖြင့် ဝမ်၈,၈၀၀ လိုအပ်သည်။ အတိတ်က ဒီလိုကုန်ကျစရိတ်မျိုးကို စဥ်းစားနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြားလည်း စန်းလော့၏ နည်းလမ်းများရှိသည်တွင် ကုန်ပစ္စည်းများသည် ချမ်းသာသည့်ဖောက်သည်များကို အမှန်ပင် ဆွဲဆောင်နိုင်မည်ဖြစ်ရာ ဒါက လူများကို ငှားရမ်းဖို့ရန် အဆင်ပြေစေသည်။

ဒီကိစ္စကို သတ်မှတ်ပြီးသွားသည်နှင့် နောက်တစ်ဆင့်မှာ မည်သူက သွားရမည်ဆိုသည်ကို ဆုံးဖြတ်ဖို့ရန်ဖြစ်သည်။ ချန်းမိသားစုက ခေါက်ဆွဲအလုပ်ရုံအတွက် ငှားရမ်းဖို့လိုအပ်ပြီး တို့ဟူးကြိတ်ဖို့ရန် မြည်းတစ်ကောင်လိုအပ်သည်။ ချန်းသရှန်နှင့် ချန်းအာ့ရှန်တို့ နှစ်ယောက်စလုံးက အိမ်တွင်စီမံနိုင်သည်။ ရွှီဝမ်ချင်းနှင့် ကျိုးစန်းလန်တို့ကလဲ သွားဖို့ရန် သဘောတူပြီးသားဖြစ်ကာ ရှောင်ကျင့်ကလဲ သွားရမည်။ လူကြီးသုံးယောက်နှင့် လူငယ်နှစ်ယောက်ရထားပြီး နေရာ(၅)ခုက ပြည့်သွားပြီဖြစ်သည်။ နောက်ထပ် အရွယ်တဝက်ရောက်နှင့်ပြီးသား လူငယ်လေးနှစ်ယောက်နှင့် လူကြီးတစ်ယောက်စာနေရာ ကျန်နေသေးသည်။

ရွာထဲတွင် နှစ်ပေါင်းများစွာ အတူတူနေလာပြီးနောက်တွင် အားလုံးက အချင်းချင်းတစ်ယောက် အကြောင်းတစ်ယောက် ဆက်ဆံရေးကို ကောင်းကောင်းသိကြသည်။ ချန်းမိသားစုနှင့် ရှန်းမိသားစုတို့က အရင်းနှီးဆုံး ဆွေမျိုးများလိုဖြစ်နေသည်။ ထို့ကြောင့် ချန်းညီအစ်ကိုနှစ်ယောက်စလုံး သွားမည့်ကိစ္စက ပြဿနာမရှိချေ။ နေရာ(၈)ခုရှိသည်ကို ကြားလိုက်သည်တွင် တစ်ခြားမိသားစုများကလဲ အလိုလိုနားလည်မှုဖြင့် သဘောတူကြသည်။ သူတို့သည် မိသားစုတစ်ခုစာအတွက် နောက်တစ်နေရာတစ်ခုကို မတောင်းဆိုရဲကြဘဲ လိုအပ်လာလျှင် နောက်ထပ်ငှားရမ်းရမည့်လူအတွက် ဆုံးဖြတ်ချက်ကို စန်းလော့ထံတွင်သာ အပ်နှံထားလိုက်သည်။

တစ်ခြားအခြေအနေမျိုးတွင် ဒီလို ညီအစ်ကိုများနှင့် သမီးယောင်းမကြားများက ပြိုင်ဆိုင်မှုနှင့်ပဋိပက္ခများက အငြင်းပွားဖွယ်ရာများကို ဦးတည်သွားစေနိုင်ပြီး ပိုလို့ပင် ခက်ထန်ကြမ်းတမ်းလာစေနိုင်သည်။ သိုသော်ငြားလည်း သရှင်းရွာတွင်တော့ ဒီလိုကိစ္စမျိုးက လုံးဝမရှိချေ။

ကျိုးအိမ်ထောင်စုတွင် ကျိုးညီအစ်ကိုများသည် ကျိုးစန်းလန်က အပြင်သို့စွန့်စားသွားလာဖို့ရန် စိတ်အားအထက်သန်ဆုံးဖြစ်မှန်း သိသာသည်။ စန်းလော့က အလုပ်သမား ဘယ်နှစ်ယောက် လိုအပ်သည်ကို မသိရသေးခင်မှာပင် သူတို့က အပြင်ထွက်ချင်သည့် သူ့ဆန္ဒကိုဖော်ပြခဲ့သည့် သူ့ဆီက ကြားနှင့်ပြီးသားဖြစ်သည်။ အစ်ကိုကြီး နှစ်ယောက်အပြင် သူတို့၏ဇနီးများကလဲ သူ့ဆုံးဖြတ်ချက်နှင့်ပတ်သတ်ပြီး မငြင်းဆန်ကြချေ။ သူတို့သည် ကျိုးစန်းလန်ကို အခွင့်အရေးတစ်ခု လိုလိုလားလား ပေးချင်ကြသည်။

ရှီမိသားစုဘက်တွင်တော့ ရှီသလန်၏သားက အရှေ့ဘက်စျေးတွင် နေရာတစ်ခု ရထားပြီးသားဖြစ်သဖြင့် ရှီသလန်ကိုယ်တိုင်ကလဲ လက်တဖက်ဆုံးရှုံးထားသူဖြစ်ရာ သူက သူ့ဒုတိယညီလေး ရှီအာ့လန်ကို ထိုအလုပ်အား ကမ်းလှမ်းလိုက်သည်။

လုအိမ်ဘက်တွင်တော့ လုအာ့လန်နှင့် လုစန်းလန်တို့က နှိမ့်နှိမ့်ချချဖြင့် အပြန်အလှန် အလျှော့ပေးနေကြသည်။

ကျိုးမိသားစု၏ ဆုံးဖြတ်ချက်ကိုတော့ သတ်မှတ်ပြီးသားဖြစ်သည်။ သို့သော်ငြားလည်း ရှီမိသားစုနှင့် လုမိသားစုများတွင် အစောပိုင်း သီးသန့်တိုင်ပင်ထားခဲ့သော်ငြားလည်း အပြန်အလှန် အလျှော့ပေးနေကြသည်။ ရရှိနိုင်သည့်နေရာကို စိတ်ဝင် စားသည့်လူကြီးများ ထပ်ရှိနေသေးပြီး လူကြီးများအတွက် နေရာတစ်နေရာသာ ကျန်တော့သည်ကို သိလိုက်ရသည်။ ဒါက မိသားစုနှစ်စုလုံးအတွက် သူတို့၏ ကိုယ်စားလှယ်များကို လွှတ်ပေးဖို့ရန် အဆင်မပြေတော့ချေ။

ရှီအာ့လန်က ဆုံးဖြတ်ချက် ပြတ်သားသည်။ "ကျွန်တော်တို့မိသားစုအတွက် အာ့ညိုကိုပဲ သွားခိုင်းလိုက်ပါ"

ဒီနှစ်တွင် ရှီအာ့ညိုသည် (၁၅)နှစ်ပြည့်သွားပြီဖြစ်သည်။

ရလဒ်အနေဖြင့် ရှီမိသားစု၏ အကြီးဆုံးအိမ်ထောင်စုမှ ကလေးနှစ်ယောက်စလုံးသည် ရှန်းမိသားစုအတွက် အလုပ်လုပ် ခွင့်ရသွားလေသည်။ ရှီသလန်နှင့် သူ့မိန်းမကတော့ ဒါက ဒုတိယအိမ်ထောင်စုအတွက် မမျှတသလိုခံစားမိ၏။ ရှီအာ့လန်က သူ့လက်ကို ဝှေ့ရမ်းပြလိုက်ကာ "ဒါက အရွယ်တစ်ဝက်ရောက်ပြီးသား ကောင်လေး တစ်ယောက်အတွက် နေရာဖြစ်နေတာပဲ ကလေးကလဲ သင်ယူဖို့လိုအပ်ပါတယ်၊ အာ့ညိုသွားပါစေ၊ ကျွန်တော်က ဦးလေးတစ်ယောက်အနေနဲ့ တူလေးနဲ့ပြိုင်ပြီးတော့ ဘာအနာဂတ်ရှိမှာမလို့လဲ၊ တကယ်လို့ စန်းညိုနဲ့ချောင်အာတို့က အခြေအနေနဲ့ ကိုက်ညီနေမယ်ဆိုရင် အစ်ကိုကြီးနဲ့ မရီးတို့ကလဲ သူတို့တွေကို ဦးစားပေးရမှာပဲ မဟုတ်လား"

လုမိသားစုအိမ်ဘက်တွင်တော့ လုစန်းလန်က ပြောလိုက်၏။ "အစ်ကို (၂) မင်းသွားသင့်တယ် မင်းက အတွေ့အကြုံပိုရှိပြီး အပြင်ဘက်မှာ စီးပွားရေးလုပ်တဲ့အချိန်မှာလဲ ပိုပြီးတော့ အဆက်အသွယ် ပိုများတယ်၊ ငါကတော့ ငါတို့သရှင်းရွာက အထူးထုတ်ကုန်ဆိုင် ချဲ့ထွင်တဲ့အချိန်စောင့်ပြီး လူထပ်ပြီး ငှားရမ်းတဲ့အချိန်ကြမှပဲ လုပ်လိုက်ပါ့မယ်"

ဒါကြောင့်ပင် စန်းလော့က ဒီလူများကို သဘောကျခြင်းပင်။ သူမက ပြုံးကာ မေးလိုက်၏။ "ဒါဆို (၇)ယောက်ရှိသွားပြီ၊ ကျွန်မတို့တွေ နောက်ထပ်တစ်ယောက် လိုသေးတယ်၊ သွားချင်တဲ့သူ တစ်ယောက်ယောက်များ ရှိသေးလား"

လုအဘွားက ဒီစကားကို ကြားလိုက်သည်တွင် သူမ၏နှုတ်ခမ်းထောင့်များက မသိမသာ တွန့်ချိုးသွားသည်။ သူမက ဒီတစ်နှစ်တွင် ၁၇နှစ်ပြည့်သွားပြီဖြစ်သည့် ထယ်ကျိုးအတွက် ပြောပေးချင်သော်ငြားလည်း ပြီးခဲ့သည့်နှစ်အနည်းငယ်က သူတို့ကြားတွင်ဖြစ်သွားခဲ့သည့် ကသိကအောက်ကိစ္စရပ်များနှင့် သားအကြီးဆုံး၏ စိတ်နေသဘောထားကို စဥ်းစားမိလိုက်သည်တွင် သူမက သူမ၏အတွေးကို ထုတ်ပြောဖို့ရန် မဖြစ်နိုင်ကြောင်း သိလိုက်ရ၏။ သူမကလဲ ပါးစပ်ပိတ်ထားရန်သာ တတ်နိုင်တော့သည်။

ကျန်းမိသားစုများအကြားတွင် သင့်တော်သည့် လူငယ်လေးများက ကျိုးချွမ်ကျန့်၏ အိမ်ထောင်စုမှသာဖြစ်သည်။ လေးယောက်မြောက်သားဖြစ်သည့်၊ ကျိုးချန်ကုန်းက ဖော်ဖော်ရွေရွေ ပွင့်ပွင့်လင်းလင်းရှိသည့် သူတစ်ယောက် ဖြစ်သည်။ သူက ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်ပြီး ဘယ်သူကမှ ထွက်မလာသည်ကို မြင်လိုက်ရသဖြင့် အထူးသဖြင့် လုမိသားစုများက နှုတ်ဆိတ်နေသဖြင့် သူက မေးလိုက်၏။ "ဆရာကတော် ကျွန်တော်သွားလို့ရမလား"

အရင်တုန်းကလဲ တပည့်တစ်ယောက်ဖြစ်လာဖို့ရန် အခွင့်အရေးကို အရင်ဆုံး ဖမ်းဆုပ်တတ်သူဖြစ်လေသည်။ ယခုတော့ အသက်(၁၆)နှစ်ရှိလာပြီဖြစ်ရာ သူသည် ရွှီဝမ်ချင်းနှင့် တစ်ခြားသူများနှင့် သက်တူရွယ်တူ နီးပါးဖြစ်သည်။ စန်းလော့နှင့်ပတ်သတ်လာလျှင် သူ့အတွက် အသက်အရွယ်က အတားအဆီး မဟုတ်ချေ။ သူက စကားလုံးတိုင်းကို သူမအား ဆရာကတော်ဟု သက်တောင့်သက်သာ ခေါ်ဆိုတတ်သည်။

စန်းလော့ကလဲ ခပ်တိုးတိုး ရယ်မောလိုက်၏။ "ကောင်းပြီလေ ဒါဆိုလည်း ချန်ကုန်းလို့ သတ်မှတ်လိုက်မယ်"

အရောင်းအဝယ် လုပ်သည့်ကိစ္စတွင် သူ့လို အခြေအနေကို ဖန်တီးယူတတ်သည့် တစ်စုံတစ်ယောက်က စံပြဖြစ်လာလိမ့်မည်။

အလုပ်သမားများကို သတ်မှတ်ပြီးသွားသဖြင့် လုအာ့လန်က မေးမြန်းလိုက်သည်။ "ဒါဆိုရင် ငါတို့တွေ မနက်ဖြန် ထွက်ရမှာလား၊ ဒီအလုပ်က ဘယ်လိုလုပ်ရမှာလဲ၊ ငါတို့တွေ အထူးတလည် သတိထားရမဲ့ ဓလေ့ထုံးစံတွေ ထည့်သွင်းစဥ်းစားရမဲ့ အချက်တွေရှိလား"

"လေးယောက်တစ်ဖွဲ့ ခွဲပြီးတော့ နှစ်ဖွဲ့ထားမယ်၊ ရှင်တို့လေးယောက်စလုံးက လုံခြုံရေးအတွက် အတူတူ ခရီးသွားသင့်တယ်၊ ပြည်နယ်တစ်ခု ဒါမှမဟုတ် စီရင်စုတစ်ခုကို ရောက်သွားတဲ့အချိန်မှာပဲ ရှင်တို့တွေက အဖွဲ့နှစ်ဖွဲ့ ခွဲပြီးတော့ လုပ်ငန်းအခွင့်အရေးကို ရှာဖွေရမယ်၊ ဒေသရဲ့အရွယ်အစား ပေါ်မူတည်ပြီး ဒေသတစ်ခုမှာ ကိုယ်စားလှယ်တစ်ချို့ တည်ထောင်ထားရမယ်၊ ဒီကိုယ်စားလှယ်တွေကို ရွေးချယ်ရမဲ့ စံနှုန်းတွေကို လေ့လာသင်ယူနိုင်ပြီး ရှင်တိူ့နဲ့အဆင်ပြေမဲ့ဟာကို ပြန်လည်ပြင်ဆင်လို့ရတယ်၊ တကယ်လို့ ရှင်တို့ရဲ့အစောပိုင်း ခရီးအတွက်တော့ ကျွန်မက ရှင့်တို့က ရှင်တို့ရဲ့လမ်းကြောင်းကို ကိုယ့်ဟာကိုယ်စီစဥ်ပြီး နမူနာပစ္စည်းတစ်ချို့ သယ်သွားပြီး အမှာစာကို သေချာရယူပြီးရင် အရင်ဆုံး စရံငွေယူထားဖို့ အကြုံပြုချင်တယ်၊ ဒါပြီးရင်တော့ ပစ္စည်းတွေကို ပြန်လာယူပြီး ပြန်ပို့ပေးရမယ်၊ ဒီထက်ပိုပြီးတော့ ကျွန်မက အတွင်းကျကျလိုက်ပြီးတော့ လုပ်ပေးမှာ မဟုတ်ဘူး၊ ရှင်တို့အားလုံးက ကိုယ့်ဟာကိုယ် အသေးစိတ် တိုင်ပင်ဆွေးနွေးပြီးတော့ ဆုံးဖြတ်သင့်တယ်"

ချန်းသရှန်၊ လုအာ့လန်၊ ရွှီဝမ်ချင်း၊ ကျိုးစန်းလန်၊ ပိုပြီးငယ်ရွယ်သည့်လေးယောက်မှာ သူတို့အားလုံးသည် ထူးခြားသည့် ကိုယ်ရည်ကိုယ်သွေးများရှိကာ ကိုယ်ပိုင်ခွန်အားများလဲ ရှိသည်။ သူတို့ထဲက ဘယ်သူကမှ ရူးမိုက်သူများ မဟုတ်ချေ။ စန်းလော့က အများကြီး ဝင်မပါတော့ပေ။ သူမသည် ကူးပြောင်းလာသည့် သူတစ်ယောက် ဖြစ်သည့်အတွက် ထူးထူးခြားခြား တော်တတ်နေသည်ဟု သူမကိုယ်သူမ မတွေးတောချေ။ ထို့ကြောင့် ဒီလိုကိစ္စမျိုးအတွက် ဒီတစ်ယောက်ချင်းစီတိုင်းတွင် ကောင်းမွန်သည့် အကျင့်စာရိတ္တရှိဖို့ကိုသာ သူမက ဦးစားပေးရွေးချယ်လိုက်သည်။ ထို့နောက်တွင်တော့ သူတို့ကို ယုံကြည်မှုများ အပ်နှံထားလိုက်ပြီး သူတို့ကိုယ်တိုင် လေ့လာစူးစမ်းကာ ကြိုးစားရုန်းကန်ဖို့ ခွင့်ပြုထားလိုက်သည်။

သူမက သူတို့ကို ဆုံးဖြတ်ခွင့်ပေးမည့်သဘောထားတစ်ခုကို လက်ခံထားလိုက်၏။ ချန်းသရှန်က ခေါင်းငြိမ့်လိုက်သည် "ကောင်းပြီလေ ငါတို့တွေ နောက်ပိုင်း ဘယ်သွားမယ်ဆိုတာကို ကိုယ့်အဖွဲ့ကြားမှာဘဲတိုင်ပင်လိုက်မယ်"

ဒီနေရာတွင် ခဏလောက်ရပ်ထားလိုက်ပြီး သူက ဝေ့လင်းကျန့်ဘက်ကို လှမ်းကြည့်လိုက်ကာ ပြောလိုက်၏။ "ကျွန်တော်တို့တွေ အပြင်ဘက်ကို စီးပွားရေးချဲ့ထွင်တဲ့အခါ ဘာကိုဂရုစိုက်ဖို့ လိုတယ် ဆိုတာနဲ့ပတ်သတ်ပြီး အသေးစိတ် ရှင်းပြဖို့အတွက် ဆိုင်တာဝန်ခံရွှီကို ကျွန်တော်တို့တွေ မေးလို့ရပါတယ်၊ ဒါက ကျွန်တော်တို့တွေအတွက် စီးပွားရေးကို စတင်လုပ်တာ ပထမဦးဆုံးအကြိမ်လေ၊ ဒီတော့ ကျွန်တော်တို့တွေမသိမဲ့ တစ်ချို့ရှုပ်ထွေးပွေလီတဲ့ ကိစ္စတွေလည်း ရှိလောက်တယ်"

ဝေ့လင်းကျန့်က ခပ်တိုးတိုး ရယ်မောလိုက်၏။ "ရပါတယ် ရှင်တို့တွေခဏနေကြရင် ကျွန်မအိမ်ကို တန်းလာလိုက်ပါ၊ သူလဲ မြို့တံခါးမပိတ်ခင် အိမ်ပြန်လာမှာပါ"

နမူနာပစ္စည်းများကိုသယ်ကာ စွန်းစားရသည့် စီးပွားရေးခရီးအတွက်တော့ သူတို့သည် ဘဝတွင် အတွေ့အကြုံ အများအပြားရှိခဲ့ပြီးဖြစ်ရာ ဒီလူငယ်လေးများက ကြောက်ရွံခြင်း မရှိကြချေ။ ထို့အပြင် စန်းလော့၏ဂုဏ်သတင်းကလဲ ဒီအချိန်တွင် အလွန်မှအသုံးဝင်လေသည်။ သချီ၏ မည်သည့်အပိုင်းအခြားတွင်မဆို သူမကို မကြားဘူးသည့်နေရာများက မရှိသလောက်ပင် ဖြစ်လိမ့်မည်။ သရှင်းရွာ၏ ကုန်ပစ္စည်းများက သူမ၏နာမည်နှင့် ဆက်နွယ်နေသည်တွင် သူတို့ပစ္စည်းများကို ရောင်းချဖို့ရန်အတွက် အများကြီး ပိုလွယ်ကူလိမ့်မည်။ ထို့အပြင် မြို့သခင်မဆိုသည့် ဘွဲ့ထူးတစ်ခုကလဲရှိနေသဖြင့် ပြဿနာရှာမည့်သူများကလဲ ပိုပြီးနည်းပါးသွားလိမ့်မည်။

အားလုံးကို သတ်မှတ်ပြီးသွားပြီးနောက်တွင် စန်းလော့က နောက်ထပ်အကြောင်းအရာတစ်ခုအတွက် စကားလမ်းကြောင်း ပြောင်းလိုက်သည်။ ဒါက အိမ်ထောင်စုတစ်ခုချင်းစီမှ ပဲပိစပ်နှင့်ပဲစိမ်းများကို စုဆောင်းဖို့ရန်ကိစ္စဖြစ်ပြီး ဒီနှစ်တွင် တစ်စုံတစ်ယောက်က သူတို့၏ဝက်ခြံကို ချဲ့ထွင်လိုသည့်ဆန္ဒရှိမရှိ မေးမြန်းခြင်းဖြစ်သည်။

"တကယ်လို့ ရှင်တို့တွေက ဝက်တွေကို ပိုပြီးမွေးမြူဖို့ဆန္ဒရှိတယ်ဆိုရင် သူတို့တွေ စျေးကွက်တင်ဖို့ အဆင်သင့် ဖြစ်တဲ့အချိန်ကျရင် ကျွန်မက အားလုံးကို ယူပေးလို့ရပါတယ်၊ တကယ်လို့ ကျွန်မတို့တွေက တော်ပေါ်မြေတွေကို ပိုချဲ့ပြီးတော့ ရှင်းလင်းလိုက်မယ်ဆိုရင်တော့ ကျွန်မရဲ့အကြံအဉာဏ်က ခရမ်းရောင် ပဲရိုင်းပင်တွေကို တိုးပြီးစိုက်ပေးဖို့ပါပဲ၊ အဲလိုဆိုရင် ကျွန်မတို့ရဲ့ပျားရည်ထုတ်လုပ်ခြင်းကလည်းပဲ ပိုပြီးတော့ တိုးတက်လာလိမ့်မယ်"

"ဒါပေါ့ ငါတို့တွေထပ်ပြီးတော့ မွေးမြူရမယ်” လုအဘွားနှင့် တစ်ခြားသူများက တွေဝေမနေဘဲ သဘောတူလိုက်သည်။

ပြီးခဲ့သည့်နှစ်က အိမ်ထောင်စုတိုင်းသည် ဒီတို့ဟူးလုပ်ငန်းမှတစ်ဆင့် ကြီးမားသည့်အကျိုးအမြတ်များ ရရှိခဲ့သည်။ မည်သူက ဟင့်အင်းဟု ပြောပါမည်နည်း။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ဒီလို ကြီးမားကျယ်ပြန့်လှသည့် တောင်ပေါ်မြေပေါ်တွင် ဝက်များကို မွေးမြူဖို့ရန်နှင့် ပျားများကို မွေးမြူရန်အတွက် ခရမ်းရောင်ပဲရိုင်းပင်များကို စိုက်ပျိုးရန် အခွင့်အရေးသည် သရှင်းရွာက မိသားစုအနည်းငယ်အတွက် ထူးခြားသည့် အခွင့်အရေးတစ်ခုဖြစ်လေသည်။ အပြင်ဘက်က မည်သူက ဒီလိုကြီးမားကျယ်ပြန့်သည့် တောင်ပေါ်မြေကို ပိုင်ဆိုင်ထားသည်ဟု ကြွားလုံးထုတ်နိုင်ပါသနည်း။

လုအဘွားက သူမ ပြန်ရောက်သွားလျှင် ဒီကိစ္စကို ရွှမ်းကျိုးနှင့် တစ်ခြားသူများနှင့်တိုင်ပင်ဖို့ စဥ်းစားထားလိုက်ပြီး သူတို့ကို ဒီနှစ်တွင် ဝက်များကို ပိုမွေးမြူရန်အကြံပေးမည်ဟု စဥ်းစားထားလိုက်သည်။

ပျားမွေးမြူသည့် နည်းပညာကို စန်းလော့က သင်ပေးထားခဲ့ခြင်းဖြစ်သည်။ သူမသည် သူမ၏ သဘောကျအတိုင်း တစ်ခြားသူများကို ပြန်ပြီးတော့ သင်ပေးနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြားလည်း အားလုံးကတော့ ဝက်မွေးမြူသည့်နည်းလမ်းကို သိထားကြသည်။ ရှန်းမိသားစုသည် ပြီးခဲ့သည့်နှစ်က ဆောင်းဦးရာသီနှင့် ဆောင်းတွင်းအတွင်း ပဲပိစပ်များနှင့်ဝက်များကို စုဆောင်းလာခဲ့ချိန်တွင် ရွှမ်းကျူးက ဒီအကြောင်းကိုလည်း မေးမြန်းခဲ့သေးသည်။ ရှန်းနဥ်က သူတို့အားလုံးကို လက်ခံပေးမည်ဟု သဘောတူထားသည်။

ပြီးခဲ့သည့်နှစ်က ရှာဖွေရရှိခဲ့သည့် အကျိုးအမြတ်များကို ပြန်လည်စဥ်းစားလိုက်ပြီး အားလုံးက ဝမ်းသာပီတိ ဖြစ်သွားကြသည်။ ကျိုးချွမ်ကျန့်က ပြောလိုက်၏။ "မနက်ဖြန်ကြရင် ဝက်ပေါက်လေးတွေကို ထိန်းထားပေးဖို့ အိမ်နီးနားချင်းကရွာတွေနားမှာ သွားပြီးတော့ မေးလိုက်ပါ့မယ်၊ မင်း ဘယ်လောက်လိုချင်လဲ ငါ့ကိုသာ ပြောလိုက်ပါ၊ ဝက်ခြံတွေကို ကြိုပြီးတော့ဆောက်ထားရမယ်"

ဒီအချိန်တွင် သူတို့သည် အိမ်ထောင်စုတိုင်း၌ လုံလောက်သည့် တောင်ပေါ်မြေပမာဏရှိသည့်အတွက် ကျေးဇူးတင်ရသည်။ ထို့အပြင် လယ်ယာများနှင့် တောင်ပေါ်မြေများအပေါ် စန်းလော့၏ စီမံခန့်ခွဲမှုလည်း ပါဝင်ကာ သူမက အသိပညာများကို ထိန်ချန်မထားခဲ့ချေ။ ထို့ကြောင့် သူတို့၏အကူအညီအတွက် ဆုလာဒ်အဖြစ် တောင်ပေါ်မြေများ ခွဲဝေချထားချိန်တွင် တောင်ပေါ်မြေများကို ရွေးချယ်ရသည့်အချိန်၌ သူတို့သည် ပိုပြီးဝေးကွာပြီး လေတင်ဘက်နေရာကို ထည့်သွင်းစဥ်းစားကာ ပိုပြီးဝေးကွာသည့်နေရာများကို ရွေးချယ်ဖို့ စဥ်းစားထားခဲ့ကြသည်။ အားလုံးက ဝက်များကို မွေးမြူဖို့ရန် ရည်ရွယ်ချက်အတွက်ဖြစ်သည်။ သို့မဟုတ်လျှင် ရွာနှင့်အလွန်မှနီးကပ်နေလျှင် ဝက်ပမာဏအများကြီးဆီမှ ရလာသည့်အနံများက သည်းခံနိုင်လိမ့်မည် မဟုတ်ချေ။

လေးနက်သည့် စီးပွားရေးလုပ်ငန်းကိစ္စကို အနှစ်ချုပ်ပြီးသွားသဖြင့် စုဝေးလာသည့်လူများက သာမန်လက်ဖက်ရည်ပွဲတစ်ခုအဖြစ် ပြောင်းလဲလိုက်ကြသည်။ မပြန်ခင်တွင် ချန်းအဘွားက နွေဦးရာသီ၌ အိမ်တစ်လုံးဆောက်မည့် သူမ၏မိသားစုအစီအစဥ်ကို ထုတ်ပြောလိုက်ကာ အိမ်နီးချင်းများထံမှ အကူအညီကို တောင်းခံလိုက်သည်။ သူမက စန်းလော့ထံမှလည်း ပုံကြမ်းတစ်ခုကို တောင်းဆိုလိုက်သေးသည်။

ရွာတစ်ရွာ၏အိမ်ထောင်စုများက စီးပွားရေးလုပ်ငန်းကို အတူတူတိုင်ပင်ဆွေးနွေးသည်ကို ကြားရသည်မှာ အထူးတဆန်းဖြစ်နေသည့် လင်းကျိုညန်သည် ချန်းအဘွားက အိမ်ပုံစံကို တောင်းဆိုသည်ကို ကြားလိုက်ချိန်တွင် စိတ်ဝင်စားသွားတော့သည်။ သူမက ဝေ့လင်းကျန့်ကို တိုးတိုးတိတ်တိတ် ပြောလိုက်ပြီး ပုံကြမ်းစာရွက်က မည်သည့်အရာဖြစ်ကြောင်း မေးမြန်းလိုက်လေသည်။

ရွှီဝမ်ယင်းက တခစ်ခစ်ရယ်မောလိုက်ကာ လင်းကျိုညန်ကို အပျင်းပြေ လမ်းလျှောက်ဖို့ရန်အတွက် အပြင်သို့ ခေါ်ထုတ်လာခဲ့သည်။

သန့်စင်ခန်းတစ်ခုကို လေ့လာစူးစမ်းရခြင်းက လင်းကျိုညန်အတွက် ပထမဦးဆုံးအကြိမ်သာ ဖြစ်တော့သည်။ သူမ၏အမူအယာကလဲ တအံ့တသြဖြစ်သွား၏။ သို့သော်ငြားလည်း ရှန်းမိသားစု၏ သန့်စင်ခန်းအသွင်အပြင်ကို မြင်လိုက်ရပြီးနောက်တွင် သူမမှာ အလွန်သဘောကျသွားတော့သည်။

ဒါသည် သူမအရင်က တစ်ခါမှမမြင်ခဲ့ဖူးသည့် အရာမျိုးဖြစ်သည်။ -

ရွှီဝမ်ယင်းက ပြောလိုက်၏။ "ညီမ အားနဥ်ဆီက ကြားထားတာ ရှိသေးတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်တော်မှာလဲ မနှစ်က သူတို့ရဲ့နောက်ဖေးမှာ ဒီလိုပုံစံတူတစ်ခုကို ထည့်သွင်းဆောက်လုပ်ထားတယ်တဲ့၊ ညီမတို့မိသားစုကလဲ ဒီနှစ်မှာ ဒီလိုပုံစံတူတစ်ခုကိုလုပ်ဖို့ စဥ်းစားထားတယ်လေ၊ အချိန်တန်လာရင် ညီမတို့က ဒီအစီအစဥ်အတွက် အစ်မအားလော့ဆီမှာ လာမေးမှာ၊ ဒါတွေကို ဆောက်တဲ့အချိန်တုန်းက ညီမ ဒါတွေကို လာကြည့်ထားသေးတယ်လေ- ဒါက အပြင်ပိုင်း အသွင်အပြင်တစ်ခုတည်း မဟုတ်ဘူး၊ အတွင်းပိုင်းမှာ ရေပိုက်သွယ်တာနဲ့ အစိတ်အပိုင်းတစ်ချို့တွေလဲ ပါသေးတယ်၊ အမြင့်အမျိုးမျိုးရှိတဲ့ တိုင်လုံးတွေတောင် ပါသေးတယ်၊ ဒါက တော်တော်လေးတော့ လက်ဝင်တယ်"

သခင်မလေးလင်းမှာ တော်တော်လေး အသိဉာဏ် ပွင့်သွားတော့သည်။

ရှန်းမိသားစုအိမ်တွင် သူတို့သည် ညနေခင်းပိုင်း နောက်ကျသည်အထိ နေလိုက်ကြပြီးမှ လူခွဲလာလိုက်ကြသည်။ စီးပွားရေးလုပ်ငန်းကို လုပ်ဆောင်ရမည့်သူများအတွက်ကတော့ ရွှီမိသားစု၏အိမ်တော်ဆီတွင် ပြန်ပြီးတော့စုဝေးလာကြသည်။ သို့သော်ငြားလည်း ဒါက အကြောင်းအရာနောက်တစ်ခု ဖြစ်လေသည်။ ကျိုးချွမ်ကျန့်သည် ထိုနေ့ညက အိမ်သို့ပြန်ရောက်လာချိန်တွင် သူက သူ့သားနှစ်ယောက်စလုံးကို အရင်ဆုံး ဆုံးမသွန်သင်လေ၏။

"ဒီအလုပ်ကိုတော့ ယူပြီးသွားပြီ၊ ပိုပြီး အားစိုက်ထုတ်ပြီး လုပ်ရမယ်၊ အခကြေးငွေကလဲ တကယ့်ကို များပြားတယ်၊ နမော်နမဲ့သုံးဖြုန်းပြီးတော့ အလကားဖြစ်သွားအောင်မလုပ်နဲ့"

ထိုစကားလုံးများကို အကြောင်းမရှိဘဲ ပြောလိုက်သည်တော့ မဟုတ်ချေ။ စန်းလော့၏ ကိုယ်ပိုင်ထုတ်လုပ်ထားပြီး ကိုယ်ပိုင်ရောင်းချထားသည့် ပစ္စည်းများမှ အကျိုးအမြတ်သည် ကြီးမားများပြားလှသည်။ သို့သော်ငြားလည်း လုပ်ငန်းက ချဲ့ထွင်ထားသည်နှင့်အမျှ သူတို့သည် သူတို့ကိုယ်တိုင်ံထံမှအပြင် အနီးအနားက ရွာများဆီမှများကလည်း ကုန်ကြမ်းပစ္စည်းများကို ဝယ်ယူဖို့ရန်လိုအပ်လာသည်။ ဒါသည် ထည့်သွင်းစဥ်းစားဖို့ရန် လိုအပ်သည့် ကုန်ကျစရိတ်ဖြစ်လေသည်။ ဒီကုန်ကျစရိတ်ကို ဖာထေးမိဖို့ရန် ကိုယ်စားလှယ်များနှင့် မျှဝေပေးရမည့် အကျိုးအမြတ်များနှင့် ဝန်ဆောင်ခများလဲရှိလာလိမ့်မည်။ အလုပ်ရုံထဲက အလုပ်သမားများ၏ လုပ်ခလစစာအတွက်ပင် ပြောစရာမလိုတော့ချေ။

အားလုံး၏နှလုံးသားထဲတွင် သူတို့၏ကိုယ်စီ၌ စာရင်းဇယား စာအုပ်တစ်ခု ရှိနေတော့သည်။

ကျိုးသားအဖကြားက စကားဝိုင်းသည် တစ်ခြားအိမ်ထောင်စုများနှင့်လဲ သိပ်မကွာခြားချေ။ မိသားစုတိုင်းက ဒါကို သေချာပေါက်ဂရုစိုက်ကြလေသည်။

...

နောက်တစ်နေ့သည် အလုပ်ရုံအတွက် အလုပ်သမားများကို ငှားရမ်းရမည့်နေ့ဖြစ်သည်။ လူအများစုက ထိုအချိန်တွင် စာပေမတတ်ကြချေ။ ထို့ကြောင့် အလုပ်သမားများကို ခေါ်ယူရသည့်လုပ်ငန်းစဥ်က ဒေသအတွင်းရင်းနှီးသူများကိုသာ မှီခိုအားပြုရသည်။ သည်အစီအစဥ်ကို တာဝန်ယူပေးခဲ့သူက ချန်းအဘွား၏ ခမည်းခမက်နှင့် သူမ၏ချွေးမတို့ဖြစ်သည်။

လင်းမိသားစုအကြောင်း ပြောရလျှင်တော့ဖြင့် - ဒီနေ့သည် သခင်မလေး လင်းကျိုညန်က သူမ၏မိဘအိမ်သို့ပြန်ရသည့် တတိယမြောက်နေ့ဖြစ်သည်။ လင်းမိသားစုက အမျိုးသမီးမိသားစုဝင်များသည် စုဝေးလာကြပြီး သူမခင်ပွန်းမိသားစုအကြောင်း မေးခွန်းများကိုတစ်ခုမှ အလွတ်မပေးချေ။ နောက်ဆုံးတွင် သူတို့သည် မနေနိုင်တော့ဘဲ သရှင်းရွာက နာမည်ကြီးသည့်ပုဂ္ဂိုလ်အကြောင်းကို မေးမြန်းစုံစမ်းကြတော့သည်။ ဂုဏ်သိက္ခာရှိသည့် ဘွဲ့ထူးတစ်ခုကို ကိုင်ဆောင်ထားသည့် စန်းလော့အကြောင်းပင်။

လင်းကျိုညန်သည် မနေ့ညက ရှန်းမိသားစုအိမ်သို့ အလည်သွားရောက်ခဲ့ပြီးဖြစ်ရာ သူတို့၏ချီးကျူးစကားများကို အမှန်ပင် ပြန်ပြောပြလေသည်။ "ပြီးခဲ့တဲ့နှစ်ရက်တုန်းက ကျွန်မ အများကြီး မသိသေးပါဘူး၊ ဒါပေမဲ့ သရှင်းရွာကလူတွေက အရမ်း စည်းလုံးကြတာကိုတော့ ပြောနိုင်တယ်၊ သူတို့အားလုံးက သခင်မစန်းကို သူတို့ရဲ့ကျောထောက်နောက်ခံအဖြစ် သတ်မှတ်ထားကြတာလေ၊ အဲဒီ့က အငွေ့အသက်တွေကလဲ အရမ်းကို ညီညွှတ်မျှတပြီး သဟဇာတဖြစ်တယ်၊ ဒီအမျိုးသမီးက မင်းကြီးအပ်နှင်းထားတဲ့ မြို့သခင်မဘွဲ့နဲ့ အမှန်တကယ် ထိုက်တန်တယ်၊ အသက်ငယ်ရွယ်ပေမဲ့လည်း သူက ကိစ္စရပ်တွေကို စီမံတဲ့နေရာမှာ တော်တော်လေး အရည်အချင်းရှိတယ်” ထို့နောက်တွင်တော့ သူမက သရှင်းရွာတွင် ခေါက်ဆွဲစက်ရုံတစ်ခု တည်ထောင်မည့်အကြောင်းကို ပြောပြလိုက်သည်။ "မနေ့တုန်းက သူတို့တွေက သူတို့ရဲ့လုပ်ငန်းကို ချဲ့ထွင်ဖို့အတွက် လူ(၈)ယောက် ခေါ်တယ်လေ၊ ချင်းဟယ်ရဲ့ အမေဘက်က တူလေးတွေကလဲ သူတို့ထဲမှာပါတယ်၊ ဒီနေ့ သူတို့တွေက ပိုပြီးတော့တောင် တက်ကြွနေသေးတယ်၊ ကျွန်မကြားတာတော့ သူတို့တွေက လူသုံးဆယ်ကျော်ကို ငှားရမ်းမှာတဲ့"

"လူသုံးဆယ်ကျော် ဟုတ်လား” လင်းသခင်မကြီးမှာ အစပိုင်းတွင် တအံ့တသြဖြစ်သွားသည်။ သို့သော်ငြားလည်း သူမသည် ဝမ်းသာအားရဖြစ်သွားပြီး ဒါက အလွန်မှကောင်းမွန်သည်ဟု ထပ်ခါထပ်ခါပြောနေမိ၏။ သူမက သူမ၏မြေးချွေးမလေးကို အလေးအနက် အားပေးလေသည်။ "သရှင်းရွာက မြန်မြန်ကြီးကို ကြီးပွားတိုးတက်လာတာပဲ၊ ချင်းဟယ်ကလဲ ရည်မှန်းချက်ကြီးတယ်၊ နင့်အဘိုးက နင့်ရဲ့မင်္ဂလာပွဲကို စီစဥ်ပေးတဲ့နေရာမှာ မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုကို လုပ်ခဲ့တာပဲ၊ ချင်းဟယ်နဲ့ ကောင်းကောင်းနေနော်၊ နင်က အဆင်ပြေပြေနေလာခဲ့တာနဲ့ပဲ လယ်စိုက်တာက ဆိုးရွားတယ်လို့ မထင်နဲ့၊ သခင်မစန်းကိုပဲကြည့်လေ၊ သူဘယ်လောက်အထိ ကောင်းကောင်းမွန်မွန် အဆင်ပြေနေသလဲ"

သူမက ဝေ့ချင်းဟယ်၏အစ်မနှင့် ယောက်ဖတို့အပြင် ရွာကမိသားစုများနှင့်လဲ တည့်တည့်ရှုရှုနေဖို့ရန် သူမ၏မြေးမလေးကို မှာကြားလိုက်သည်။

လင်းကျိုညန်ကလဲ အားလုံးကိုနားလည်ပြီး လက်ခံလိုက်၏။

အဘွားဖြစ်သူနှင့် စကားပြောပြီးသွားသည့်နောက်တွင် အားလုံးက လူခွဲသွားကြသည်။ အပြန်လမ်းတွင်တော့ ပုံမှန်ဆိုလျှင် သူမကို ဂရုမစိုက်တတ်သည့် လင်းကျိုညန်၏ အဒေါ်(၅)က သူမဆီသို့ အလောတကြီးရောက်လာသည်။ စိုးရိမ်စိတ်များနှင့် ဝေ့လည်ကြောင်ပတ် စကားဝိုင်းများ အပြည့်အပြီးတွင် လင်းသခင်မက မေးခွန်းတစ်ချို့ကို ဖြေဆိုပြီးနောက်တွင် သူမက ထွက်လာဖို့ ရန်ကြိုးစားလိုက်၏။ သို့သော်လည်း ထိုအချိန်မှသာ အမျိုးသမီးက နောက်ဆုံးတော့ လိုရင်းကိစ္စကို ထုတ်ပြောလာကာ သရှင်းရွာက ပျားမွေးမြူရေးအကြောင်းကို လင်းကျိုညန်အား သွယ်ဝိုက်ပြီး မေးမြန်းတော့သည်။

လင်းကျိုညန်၏ နှုတ်ခမ်းပေါ်ကအပြုံးမှာ မသိမသာ မှိန်ပျသွားတော့သည်။ "သခင်မ(၅) ရှန်းမိသားစုရဲ့ နည်းလမ်းတွေကို မေးမြန်းနေတာက လူမှားပြီးတော့ မေးနေတာဖြစ်မယ်"

သူမက မသိမသာဦးညွှတ်ကာ ထွက်လာလိုက်သည်။

လင်းကျိုညန်၏အဒေါ်(၅)မှာ သူမနောက်တွင် ဒေါသထွက်ပြီး အံကြိတ်ကာ ကျန်ခဲ့လေသည်။ လင်းကျိုညန်က ထွက်လာသည်ကို မြင်လိုက်ချိန်တွင် သူမက ခပ်တိုးတိုး ရေရွတ်လိုက်၏။ "အဆင့်နိမ့်အစေခံတစ်ယောက်ရဲ့သားကို လက်ထက်ထားတာကိုများ ရေးကြီးခွင်ကျယ်လုပ်လို့"

...

All Chapters