အခန်း (၂၆၅-၂၆၆)
Vol. 27 Ch. 265-266
အပိုင်း (၂၆၅) အောင်မြင်မှုများ
လင်းကျိုညန်သည် ဒီအကြောင်းကို ဝေ့ချင်းဟယ်အား ပြောပြဖို့ရန် အလွန်မှရှက်ရွံ့မိလေသည်။ သို့သော်ငြားလည်း အဒေါ်(၅)၏ အကျင့်စရိုက်ကို စဥ်းစားမိသည်တွင် သူမသည် အဒေါ်(၅)ဖြစ်သူ၏ လှည့်စားခြင်းလည်း မခံလိုချေ။ ထို့ကြောင့် သူမက အိမ်ပြန်ရောက်လာချိန်တွင် သူမ၏အမေကို တိုးတိုးတိတ်တိတ် ပြောပြလေသည်။
လင်းသခင်မကြီး(၃)က မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့် နားထောင်ခဲ့ရ၏။
"အရှက်မဲ့လိုက်တာ သူ့မိသားစုက ပျက်စီးတော့မှာဆိုတော့ အခုတော့ သူတို့တွေက နင့်အပေါ် မျက်စိကျနေတယ်ပေါ့” သူမက သူမ၏ဒေါသကို ဖိနှိပ်ထားလိုက်ပြီး သမီးဖြစ်သူ၏လက်ကို ပုတ်ပေးလိုက်သည်။ "ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မစိုးရိမ်ပါနဲ့၊ ဒီကိစ္စကိုလည်း ချင်းဟယ်ကို ပြောပြမနေနဲ့၊ အမေ့တာဝန်ပဲထားလိုက်၊ အမေ ဒါကို ကောင်းကောင်းဖြေရှင်းပေးမယ်"
သူမအမေ၏စကားကို ကြားလိုက်ရသည်တွင် အပြုံးတစ်ခုသည် လင်းကျိုညန်၏ မျက်လုံးထဲတွင် ဖြစ်တည်လာတော့သည်။ သူမက ဆက်ပြီးပါဝင်ပတ်သတ်စရာမလိုတော့သည်ကို သိလိုက်သဖြင့် သူမက လင်းသခင်မ(၃)၏လက်မောင်းပေါ်တွင် မှီလိုက်ကာ ချွဲနွဲ့ပြီးပြောလိုက်လေသည်။ "အမေ သမီးလေ သရှင်းရွာကို တော်တော်လေး သဘောကျတာပဲ၊ အဘိုးက သမီးအတွက် တကယ့်ကို ကောင်းမွန်တဲ့ခင်ပွန်းတစ်ယောက် ရွေးချယ်ထားပေးခဲ့တာ"
သမီးဖြစ်သူ၏စကားကို ကြားလိုက်ရသည်တွင် လင်းသခင်မ(၃)မှာ မျက်ခုံးတစ်ဖက် မြင့်သွားတော့သည်။
အမှန်အတိုင်းပြောရလျှင် မိန်းမပျိုလေးအများအပြား၏ လက်ထပ်ပွဲက ဖရိုဖရဲအချိန်ကာလများစွာ နှောင့်နှေးခဲ့ရသည်။ သခင်ကြီးက ဤမင်္ဂလာပွဲအဆိုပြုချက်ကို ပထမဦးဆုံး ထုတ်ပြောခဲ့ချိန်က ဒုတိယအိမ်ထောင်စု တတိယအိမ်ထောင်စုနှင့် စတုတ္ထအိမ်ထောင်စုများ အားလုံးတွင်လည်း အဆင်ပြေသည့် မိန်းမပျိုလေးများရှိသည်။ ဝေ့ချင်းဟယ်၏ နောက်ခံမိသားစုအကြောင်းနှင့်ပတ်သတ်ပြီး ဆင်းရဲကြောင်း၊ သူသည် ယခုတော့ လွတ်လပ်သွားပြီဖြစ်ကာ စာလေ့လာနေသည့်အကြောင်း သိထားကြသော်လည်း သူ၏အစောပိုင်း အဆင့်အတန်းက ဝမ်မိသားစု၏ အစေခံတစ်ယောက် ဖြစ်သည့်အကြောင်းကြောင့် တစ်ခြားမိသားစုနှစ်ခုမှာ သူ့ကို လုံးဝပယ်ချခဲ့ကြသည်။ သူတို့၏ သမီးဖြစ်သူများသည် တစ်ယောက်ပြီးတစ်ယောက် အဆင်ပြေပြေ နေမကောင်းဖြစ်ခဲ့ကြသည်။
သခင်ကြီးကလဲ မည်သို့သောသူ ဖြစ်ပါသနည်း။ သူတို့၏ဖျားနာမှုက အမှန်တကယ်လား အတုအယောင်လားဆိုတာကို သူက မသိပဲနေမည်တဲ့လား။ သူက တတိယမိသားစုကို ဆန္ဒရှိလေသလားဟု ချက်ချင်းမေးမြန်းကာ အကယ်၍ အမှန်တကယ် ဆန္ဒမရှိခဲ့ပါလျှင် ကိုယ့်ဟာကိုယ် ဖိအားပေးရန်မလိုကြောင်းလည်း ပြောခဲ့သေးသည်။
လင်းကျိုညန်သည် သိမ်မွေ့ပျော့ပြောင်းသယောင် ထင်ရသော်ငြားလည်း သူမသည် အမှန်တကယ်တွင်တော့ အလွန်မှ ဆုံးဖြတ်ချက်ပြတ်သားသည်။ ရှက်ရွံ့စရာကောင်းသည့် ခံစားချက်အားလုံးကို လျစ်လျူရှုထားလိုက်ပြီး သူမက သူမ၏ အဘိုးဖြစ်သူဆီသို့သွားကာ သတို့သားလောင်း၏ အသက်အရွယ်၊ ရုပ်ရည်၊ ပညာအရည်အချင်းနှင့် အကျင့်စရိုက်များအကြောင်းကို မေးမြန်းလိုက်သည်။ သူမက သူ့ကို အဝေးမှနေ၍ တစ်ချက်လေ့လာဖို့ရန် ပြည်နယ်ကျောင်းတော်အပြင်ဘက်တွင် သူမ၏အစေခံကိုပင် သွားစောင့်ခိုင်းခဲ့လေသည်။ ပြန်လာပြီးနောက်တွင်တော့ သူမက သဘောတူသည့်အကြောင်းကို ပြန်ဖြေကြားခဲ့သည်။
သခင်ကြီးလင်းကလဲ တော်တော်လေးကို ကျေနပ်ပီတိဖြစ်သွားခဲ့ကာ မင်္ဂလာပွဲအတွက် နောက်ထပ်လက်ဖွဲ့ပစ္စည်းများကိုပင် ထည့်လိုက်သေးသည်။ ရလဒ်အနေဖြင့် လင်းကျိုညန်သည် ခမ်းနားသည့်ပုံစံတစ်ခုဖြင့် လက်ထပ်ခွင့်ရခဲ့သည်။
အကောင်းဆုံး ဂရုစိုက်မှုများဖြင့် ပျိုးထောင်လာခံရသည့် သခင်မတစ်ယောက်အနေဖြင့် သခင်မလင်းကလဲ စိုးရိမ်ပူပန်ခြင်း မရှိခဲ့ချေ။ အစပိုင်းတွင်တော့ သမီးဖြစ်သူက မကောင်းသည့် အကြောင်းအရာများကို ထိန်ချန်ထားပြီး ကောင်းသည့်သတင်းများကိုသာ ဝေမျှလိမ့်မည်ကို စိုးရိမ်ခဲ့လေသည်။ ယခုတော့ သမီးဖြစ်သူက ပြုံးရွှင်ကာ ကြွားဝါနေသေးသည်ကို မြင်ရသဖြင့် သူမမှာ သိချင်စိတ်မဖြစ်ဘဲ အဘယ်မှာ နေနိုင်ပါမည်နည်း။
"ဘယ်လိုဖြစ်လို့လဲ"
"အဲဒီ့မှာ အရာအားလုံးက သဟဇာတဖြစ်တယ်လို့ ခံစားရတယ်၊ လူတွေကလဲ စိတ်ရင်းစေတနာကောင်းကြပြီး မကောင်းတာ ကြံစည်တာတွေလည်း မရှိသလောက်ပဲ ရိုးရှင်းတဲ့စကားဝိုင်းလေး တစ်ခုမှာတောင် နောက်ကွယ်က အဓိပ္ပါယ် တွေရှိနေနိုင်တဲ့ နေရာမျိုးနဲ့တော့ လုံးဝမတူဘူး။ အဲဒီ့အပြင် အဲဒီ့နေရာမှာ စည်းလုံးတယ်ဆိုတဲ့ ခံစားချက်ကို ထူးထူးခြားခြား ခံစားမိတယ်လေ၊ အိမ်ရာဝန်းတစ်ခုလုံးက တကယ့်ကို မိသားစုကြီးတစ်ခုလိုပါပဲ"
လင်းကျိုညန်၏ ထိုအကြောင်းကို ဝမ်းသာအားရ အမှန်အတိုင်း ပြောပြနေသည်ကို မြင်ရသည်တွင် သခင်မလင်း၏မျက်ခုံးများက ပြေလျော့သွားပြီး သူမက ခပ်တိုးတိုး ရယ်မောလိုက်သည်။ "သမီးလဲ မြို့သခင်မနဲ့ ပိုပြီးတော့ ရင်းနှီးလာပြီလေ ဟုတ်တယ်မလား"
လင်းကျိုညန်က အသံထွက်ကာ ရယ်မောလိုက်လေသည်။ "သူကလေ တကယ် အံ့သြစရာကောင်းတဲ့ အမျိုးသမီးတစ်ယောက်ပဲ"
သရှင်းရွာက သူတို့၏ထယ်သွားအကွေးကို ဆက်သခဲ့သည်နေ့တွင် လင်းကျိုညန်ကလဲ တိုက်တိုက်ဆိုင်ဆိုင် အပြင်ဘက်တွင်ရှိနေကာ အဖြစ်အပျက်တစ်ခုလုံးကို မျက်မြင်တွေ့ခဲ့ရသည်။ ဟိုတုန်းကတည်းက စန်းလော့သည် အလွန်မှထူးခြားသည့် အရောင်အဝါတစ်ခု ထုတ်လွှင့်နေသည်ဟု ခံစားခဲ့မိသည်။ နောက်ပိုင်းတွင် တော်ဝင်အမိန့်တော်နှင့် ဂုဏ်ပြုချီးမြှောက်ထားသည့် မုဒ်ဦးကြီးကို တည်ဆောက်ပြီးခဲ့ချိန်တွင် စန်းလော့သည် အတွင်းအဆောင်တွင် ကြီးပြင်းခဲ့သည့် သူမကိုယ်တိုင်နှင့် ယှဥ်လျှင်ပင် ထူးခြားသည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်ဟု ထင်ခဲ့မိသည်။
လင်းသခင်မက လက်ညှိုးဖြင့် သူမ၏နဖူးကိုတို့လိုက်ကာ "နင်က ဒီလက်ထပ်ပွဲကို စိတ်ဝင်စားသွားတာ သရှင်းရွာကြောင့်လား"
လင်းကျိုညန်က ပြုံးလိုက်ပြီး "သမီးက စိတ်ဝင်စားပါတယ်၊ ဒါပေမဲ့ ဒါက သမီးရဲ့ဆုံးဖြတ်ချက်ကိုတော့ မလွှမ်းမိုးနိုင်ပါဘူး၊ သမီးရဲ့ခင်ပွန်းလောင်းဖြစ်တဲ့ သူက တကယ်တော်တဲ့ ယောကျ်ားတစ်ယောက်ပါ၊ သူ့ရဲ့နောက်ခံမိသားစုက အရေးမကြီးပါဘူး၊ သူက ဒီအတိုင်း ငွေရေးကြေးရေးနဲ့ ပတ်သတ်လာလျှင် နိမ့်ချတဲ့သူလေ၊ သမီးတို့အိမ်ဘက်က များပြားလှတဲ့ မင်္ဂလာလက်ဖွဲ့နဲ့ဆိုရင် သူက တစ်သက်လုံး ဆင်းရဲနေမှာ မဟုတ်ပါဘူး၊ ဒီ့အပြင် ပြီးခဲ့တဲ့နှစ်ရက်အတွင်း သမီးမြင်ခဲ့ရတာကတော့ သရှင်းရွာက ကလေးတိုင်းက စာရေးဖတ်တတ်ကြတယ်၊ ရှန်းမိသားစုရဲ့ အစေခံက ကလေးတွေကတောင် အိမ်ယာဝန်းထဲက တစ်ခြားသူတွေနဲ့အတူတူ စာဖတ်နေကြတယ်လေ၊ အဲဒီ့ကျောင်းသေးသေးလေးကိုပဲ ရှန်းအိမ်တော်ထဲမှာဘဲ လုပ်ထားပေးတာ"
"အစေခံရဲ့ကလေးတွေကလဲ ကျောင်းတတ်ရသတဲ့လား” သခင်မလင်းမှာ တအံ့တသြ ဖြစ်သွားသည်။ "ရှန်းအိမ်က ဆရာတစ်ယောက် ငှားထားလို့လား"
"အဲလို မဟုတ်ပါဘူး၊ အငယ်လေးတွေကို အခြေခံစာတွေ သင်ပေးတဲ့ ရွာထဲက အရွယ်တဝက်ရောက်ပြီးသား ကလေးတွေက ဆယ်နှစ်ဝန်းကျင်ပဲ ရှိပါသေးတယ်၊ သူတို့တွေက ရိုးရှင်းတဲ့စာပေနဲ့ အတွက်အချက်ကို သင်ကြားထားခဲ့တာလေ၊ ရှန်းသခင်မလေးနဲ့ ချင်းဟယ်ရဲ့တူမလေး ဝမ်ယင်းကလဲ ပိုပြီးရှုပ်ထွေးတဲ့ ကွန်ဖြူးရှပ်စာပေတွေနဲ့ ကဗျာတွေကို သင်ကြားပေးသေးတယ်၊ ချင်းဟယ်က ဒီအကြောင်းတောင် ပြောခဲ့သေးတယ်၊ သူတို့ရဲ့ ရက်သတ္တပတ် အားလပ်ရက်ကျရင် သူတို့ကလဲ ကလေးတွေကို သင်ခန်းစာသင်ပေးမယ်တဲ့ ပြည်နယ်ကျောင်းတော်မှာ စာသင်နေတဲ့ ရွာသား(၆)ယောက် ရှိတယ်လေ၊ သူတို့တွေက တစ်လှည့်စီအလှည့်ကျ သင်ပေးကြမှာ"
သခင်မလင်းမှာ တအံ့တသြ ဖြစ်သွားတော့သည်။ သရှင်းရွာနှင့်ပတ်သတ်သည့် အချက်အလက်များကို စုစည်းခဲ့သည်ကို ပြန်စဥ်းစားမိသည်တွင် သူမသည် နောက်ဆုံးတော့ ရွာသားအများအပြားက ပြည်နယ်ကျောင်းတော်သို့ ဝင်ခွင့်ရခဲ့သည့် အကြောင်းအရင်းကို သဘောပေါက်သွားတော့သည်။
သူမက ကိုယ့်ဟာကို ရေရွတ်မိ၏။ "သမီး ပြောတာ မှန်တယ်၊ သမီးရဲ့အဘိုးက သမီးအတွက် အကောင်းဆုံး ခင်ပွန်းတစ်ယောက်ကို တကယ်ရှာဖွေပေးခဲ့တာပဲ၊ ဒီလိုရွာမှာရှိနေတယ်ဆိုရင် သူတို့အားလုံးက လယ်သမားတွေ ဖြစ်နေရင်တောင် သူတို့တွေက ပေါများကြွယ်ဝလာမယ်ဆိုတာ သံသယ ဖြစ်စရာမလိုဘူး"
မိသားစုထဲမှ ဒုတိယအိမ်ထောင်စုနှင့် စတုတ္ထအိမ်ထောင်စုတို့ကတော့ သူတို့၏ဆုံးဖြတ်ချက်ကြောင့် နက်နက်နဲနဲ နောင်တရပေတော့မည်။
သခင်မလင်းမှာ အခုတော့ အမှန်ပင် စိတ်အေးရလေသည်။ သမီးဖြစ်သူနှင့် သမက်ဖြစ်သူတို့ကို ဧည့်ခံပြီးနောက်တွင် သူမက အိမ်ထောင်စုသခင်ကြီးထံသို့ အလည်အပတ် သွားရောက်ခဲ့သည်။ နံပါတ်(၅) အိမ်ထောင်စုကို အကြီးအကဲက သတိပေးသည်ဖြစ်စေ ဆုံးမသွန်သင်သည်ဖြစ်စေ ဒါက သူမကိစ္စ မဟုတ်တော့ပေ။
...
ပန်းနှစ်ပွင့်က ပွင့်လန်းလာခဲ့ပြီး တစ်ပွင့်ချင်းစီက ကိုယ်ပိုင်အလှတရားများ ရှိလေသည်။
လင်းသခင်မလေးသည် သူမ၏ လက်ထပ်ထားသည့် အိမ်ထောင်စုဆီသို့ ပြန်ရောက်လာချိန်တွင် သရှင်းရွာ၏အလုပ်ရုံက လှုပ်ရှားမှုများဖြင့် စည်ကားလို့နေသည်။ ယောကျ်ားသားများက ပြင်ဆင်မှုများအတွက် ကူညီပေးနေကြစဥ် ချန်းအဘွား၊ သူမ၏ချွေးမနှင့်အတူ စန်းလော့ကလဲ ရွာထဲက အလုပ်သမားများကို စတင်ခေါ်ယူနေကြသည်။
ချန်းသရှန်နှင့် သူ့အဖော်များက အချိန်ဖြုန်း မနေတော့ချေ။ မနေ့ညက ဆိုင်တာဝန်ခံရွှီထံမှ အလောတကြီး လေ့ကျင့်ရေးအလုပ်များကို လုပ်ခဲ့ပြီးနောက်တွင် သူတို့(၈)ယောက်သည် တစ်ညလုံး နည်းဗျူဟာများကို တိုင်ပင်ကြတော့သည်။ နောက်တစ်နေ့ မနက်ခင်းစောစောတွင် သူတို့က ရိက္ခာများနှင့် ခရီးသွားကုန်ကျစရိတ်အတွက် ရှန်းနဥ်ကို လာရောက်ရှာဖွေကြသည်။ အဖွဲ့နှစ်ဖွဲ့။ လူလေးယောက် နှစ်ဖွဲ့ခွဲထားသဖြင့် တစ်ဖွဲ့က တောင်ပိုင်းသို့ ထွက်ခွာမည်ဖြစ်ကာ ကျန်တစ်ဖွဲ့က မြောက်ပိုင်းသို့ ထွက်ခွာမည်ဖြစ်သည်။ တစ်ဖွဲ့ချင်းစီက အမှာစာများကိုရယူဖို့ရန် နမူနာပစ္စည်းများကို သယ်သွားကြသည်။
ပဏ္ဍာဆက်ကုန်ပစ္စည်းများဟူသည့် အမှတ်တံဆိပ်သည် သရှင်းရွာ၏ ကုန်ပစ္စည်းများတွင် ခမ်းနားသည့် အရောင်အဝါတစ်ခု ကျရောက်လို့နေသည်။ သူတို့၏ ထူးခြားမှုများနှင့် ထပ်ပြီးပေါင်းလိုက်လျှင် ဆိုင်တာဝန်ခံရွှီ၏ အကြံပြုချက်အရ သူတို့သည် ကိုယ့်ဟာကိုယ် မြင့်မားသည့် ခံယူချက်တစ်ခု ထားရှိရမည်ဖြစ်သည်။ သူတို့သည် ထိုးထွင်းသိမြင်တတ်သည့် ပူးပေါင်းဆောင်ရွက်သူတစ်ယောက်၏ မျက်လုံးများနှင့်အတူ အလားအလာရှိသည့် လက်တွဲဖော်များကို အရင်ဆုံး စစ်ဆေးကြည့်ပြီးမှ တိုက်ရိုက်ဆွေးနွေးညှိနှိုင်းမည့်ကိစ္စကို ဆက်လုပ်ရမည်။
စီးပွားရေးလောကထဲတွင် အတွေ့အကြုံ မရှိသေးသည့် လူသစ်(၈)ယောက်မှာ သူတို့အားလုံးသည် ညှိနှိုင်းဆွေးနွေးရသည့် ပညာရပ်တွင် မကျွမ်းကျင်ကြသေးချေ။ သူတို့သည် သူတို့၏ အိမ်စာများကိုလုပ်ခဲ့ရပြီး ဆိုင်တာဝန်ခံရွှီ၏ သင်ပြမှုအောက်တွင် လေ့လာသင်ယူခဲ့ကာ စံထားရမည့် စာရင်းတစ်ခုကို ချမှတ်ဖို့ရန် သူတို့၏ အတွေးများကို စုပေါင်းခဲ့ရသည်။ ထို့နောက်တွင်တော့ သူတို့တွေက နှစ်ဖွဲ့စီခွဲလိုက်ကြပြီး အလားအလာရှိသည့် လက်တွဲဖော်များကို သေသေချာချာ ရွေးချယ်လိုက်ကြသည်။
သူတို့သည် နှစ်ယောက်စီခွဲကာ ကုန်သည်များကို အရင်ဆုံး ချဥ်းကပ်ရချိန်တွင်တော့ ဝါရင့်ပုဂ္ဂိုလ်များဖြစ်သည့် ချန်းသရှန်နှင့် လုအာ့လန်တို့ကပင် စိုးရိမ်စိတ်များဖြစ်လာကြပြီး နှစ်သစ်ကူးအအေးဓာတ် ပျောက်ကွယ်သွားသော်ငြားလည်း လက်ဖဝါးများက စိုထိုင်းထိုင်းဖြစ်နေကြတော့သည်။
သူတို့သည် အတွေ့အကြုံမရှိကြသဖြင့် နောက်ကြောင်း ပြန်လှည့်ရသည်ကလဲ မလွဲမသွေပင်။ တစ်ခြားသူများ၏ အခြေအနေကိုတော့ မသိချေ။ ချန်းသရှန်နှင့် ရှန်းကျင့်တို့၏ ပထမဦးဆုံးလုပ်ငန်းသည် သူတို့က အရောင်းကိုယ်စားလှယ်များဟု ကြားလိုက်ရသည်နှင့်ချက်ချင်း တစ်ခြားသူများ၏ ပယ်ချခံလိုက်ရသည်။ သူတို့မှာ သူတို့၏ လာရင်းရည်ရွယ်ချက်ကိုပင် မရှင်းပြနိုင်ခဲ့ချေ။
ဆိုင်တာဝန်ခံကို အကဲခတ် ကြည့်လိုက်ပြီးတော့ ချန်းသရှန်သည် မဖိတ်ခေါ်သည့်အပြုအမူတစ်ခုကို ခံစားမိလိုက်ပြီး ရှန်းကျင့်ကို အကြည့်ချင်းဖလှယ်လိုက်ကာ သူတို့က သူတို့အစောပိုင်းက ရွေးချယ်ထားခဲ့သည့် ဒုတိယရွေးချယ်မှုအတွက် ချက်ချင်းထွက်ခွာလာခဲ့ကြသည်။
ကံကောင်းချင်တော့ သူတို့၏ ဒုတိယကြိုးစားမှုက ချောမွေ့သွားသည်။ သူတို့၏ ထုတ်ကုန်ပစ္စည်း အရည်အသွေးနှင့် ထိုပစ္စည်းများ၏ ဂုဏ်သတင်းကြီးသည့် အခြေအနေတို့ကြောင့်တော့ ငြင်းစရာမလိုချေ။ သူတို့သည် သူတို့၏ကုန်ပစ္စည်းများကို ကြော်ငြာပြီးခဲ့သည့်နောက် ပစ္စည်းများကို ထုတ်ပြလိုက်သည်တွင် အရသာကို မြည်းကြည့်လိုက်ပြီးနောက်တွင် ဆိုင်တာဝန်ခံ၏မျက်လုံးများမှာ လင်းလက်သွား၏။ ရှီကျိုးနှင့် နီးကပ်သည့်နယ်နမိတ်ကို ထောက်ချင့်ခြင်းအားဖြင့် ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းနှစ်ဦးစလုံးက စန်းလော့ကို ရင်းနှီးကြလေသည်။
"ဒါက မင်းကြီးရဲ့ချီးမြှေက်ခံထားရတဲ့ မြို့သခင်မလား"
၁၅မိနစ်လောက် စျေးကို အတိုးအလျှော့ ဆစ်ခဲ့ပြီးနောက်တွင် သူတို့သည် ပထမဦးဆုံးလက်တွဲမှုကို အောင်အောင်မြင်မြင် ရရှိခဲ့သည်။
ပထမဦးဆုံးအောင်မြင်မှုက သူတို့၏ယုံကြည်မှုကို အားဖြစ်စေခဲ့သည်။ စာချုပ်မူကြမ်းချုပ်ဆိုရာတွင် အတွေ့အကြုံနုသူများ ဖြစ်သေးသော်လည်း သူတို့သည် စရံငွေကို စုဆောင်းနိုင်ခဲ့ကာ ပစ္စည်းပို့ပေးမည့်နေ့ရက်ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် သတ်မှတ်ပေးနိုင်ခဲ့သည်။
တောင်အတွင်းပိုင်းတွင် သူတို့၏ နေ့စဥ် စာဖတ်ခဲ့ခြင်း သင်ခန်းစာ၏ အကျိုးကျေးဇူးက သိသာထင်ရှားလာသည်။ အဖွဲ့နှစ်ဖွဲ့၏ တစ်ဖွဲ့ချင်းစီတွင် ယုံကြည်အားကိုးရသည့် လူတစ်ယောက်တော့ ပါဝင်လေသည်။ လုအာ့လန်၏အဖွဲ့တွင် ရွှီဝမ်ချင်းနှင့် ကျိုးချန်ကုန်းတို့ပါဝင်သည်။ ချန်းသရှန်၏အဖွဲ့တွင်တော့ ရှန်းကျင့်နှင့် ချန်းအာ့ရှန်တို့ ပါဝင်သည်။ တစ်တွဲချင်းစီက ဒီလိုတာဝန်ကိစ္စများကို ကိုင်တွယ်ရာတွင် အရည်အချင်းရှိကြပြီး သူတို့၏စာချုပ်များကလဲ ကျွမ်းကျင်ပိုင်နိုင်စွာ ပေါ်ထွက်လာကြသည်။
ဆိုင်တာဝန်ခံမှာ ချန်းသရှန်က ညှိနှိုင်းဆွေးနွေးနေပြီး အသက်(၁၃)နှစ် (၁၄)နှစ်အရွယ်ရှိသည့် ကောင်ကလေးက စာချုပ်မူကြမ်းကို ဆွေးနွေးသည်ကို မြင်လိုက်ရသဖြင့် စိတ်ဝင်စားသွားတော့သည်။ စာပေတတ်မြောက်ခြင်းက မကျယ်ပြန့်သေးချေ။ သဘောတူညီချက်ကို ပြန်လည်ဆန်းစစ်ပြီးနောက်တွင် အလွန်မှ သေချာတိကျနေသည့်အတွက် တအံ့တသြ ဖြစ်ရသည်။ အလွန်အကျွံ ပါးနပ်နေသည် မဟုတ်သော်ငြားလည်း စည်းကမ်းစည်းမျဥ်းများက သယ်ပို့ပေးမည့်ရက် ထိန်းချုပ်မထားနိုင်သည့် အခြေအနေ၊ အပျက်အစီးအတွက် လျော်ကြေးငွေများကို ရှင်းရှင်းလင်းလင်း ရေးပြထားသည်။ စည်းမျဥ်းစည်းကမ်းများကို ချိုးဖောက်ရန် ကြိုးစားမှုတိုင်းက စရံငွေကို ဆုံးရှုံးရပေလိမ့်မည်။
ဆိုင်တာဝန်ခံက ရှန်းကျင့်ကို ချီးကျူးစကားပြောလိုက်၏။ "လေးစားဖို့ကောင်းလိုက်တာ ကောင်ကလေးပဲ"
...
(၅)ရက်လောက် ခရီးထွက်ခဲ့ပြီးနောက်တွင် ပထမဦးဆုံးလ၏ (၁၂)ရက်မြောက်နေ့တွင် လုအာ့လန်နှင့် သူ့အဖွဲ့သည် ညနေခင်း၌ သရှင်းရွာသို့ ပြန်ရောက်လာကြသည်။ သူတို့လေးယောက်သည် မျက်နှာပေါ်တွင် တောက်ပသည့်အပြုံးများဖြင့် ပြန်ရောက်လာကြကာ ခေါင်းမော့ရင်ကော့ထားပြီး ယုံကြည်မှုကို ထုတ်ပြနေလေသည်။
အိမ်အဝင်အဝသို့ ရောက်သည်တွင် အဘွားရွှီ၊ ဝေ့လင်းကျန့်နှင့် လင်းကျိုညန်တို့က ရွှီဝမ်ချင်း ပြန်လာသည်ကို မြင်လိုက်ရ၏။ အဘွားရွှီက အပြင်သို့ထွက်လာကာ သူမမြေး၏အမူအယာကို လေ့လာမိသည်တွင် တအံ့တသြ ပြောလေသည်။ "ပထမဦးဆုံးတိုက်ပွဲကို အောင်မြင်ခဲ့တယ်ပေါ့"
ရွှီဝမ်ချင်းက လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်ကာ သူ့အဘွားဖြစ်သူကို ပွေ့ဖက်လိုက်သည်။ "ဟုတ်တယ် အဘွား နောက်လကြရင် ကျွန်တော့်လစာ အိမ်ယူပြန်လာတာကို စောင့်နေလိုက်နော်၊ ဒါမှ ကျွန်တော်က ကျွန်တော့်ရဲ့ လိမ္မာသိတတ်မှုအကြောင်းကို ပြလို့ရမှာ"
တစ်ခြားမိသားစုများနှင့် အချိန်ပိုပြီးကုန်ဆုံးပြီးနောက်တွင် သူသည် သူမကို ယဥ်ယဥ်ကျေးကျေး ဘွားဘွားဟု မခေါ်တော့ဘဲ ချစ်ခင်ရင်းနှီးစွာဖြင့် အဘွားဟုသာ ခေါ်တော့လေသည်။
ဒါက အဘွားရွှီကို သဘောကျသွားစေပြီး သူမက ခပ်တိုးတိုး ရယ်မောလိုက်၏။ "ကျွန်တော် အရင်ဆုံး စာရင်းသွားရှင်းလိုက်ပါအုံးမယ်"
"သွားပါ” အဘွားရွှီက သူမ၏လက်များကိုဆုပ်ကာ ပြောလိုက်၏။ သူမက ဝေ့လင်းကျန့်နှင့် လင်းကျိုညန်တို့ကို အပြုံးတစ်ခုဖြင့် လှမ်းခေါ်လိုက်သည်။ "ငါတို့တွေလဲ တစ်ချက်လောက် သွားကြည့်ကြမလား"
ဆောင်းတွင်း အားလပ်ရက်အတောအတွင်း အခန်းထဲတွင် စာလေ့လာနေကြသည့် ရွှီဝမ်ဟုန်နှင့် ရွှီဝမ်ပေါ်တို့သည် ဆူညံသံကို ကြားလိုက်သည်တွင် ထွက်လာကြ၏။ ညီအစ်ကိုနှစ်ယောက်စလုံးက ခြေလှမ်းအနည်းငယ်ဖြင့် ရွှီဝမ်ချင်းကို သတိထားမိလိုက်ကြသည်။ ရွှီဝမ်ပေါ်က မေးလိုက်၏။ "အစ်ကို မင်းပစ္စည်းတွေ ရောင်းရခဲ့တယ်လား ဘယ်လောက်ရောင်းခဲ့ရလဲ"
ရွှီဝမ်ချင်းက သူ့ရင်ဘတ်ထဲက အမှာစာသုံးခုကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆွဲထုတ်လိုက်ကာ သူ့ညီအစ်ကို၏လက်ထဲသို့ ဖတ်ခနဲ လှမ်းထည့်ပေးလိုက်သည်။ "ကိုယ့်ဟာကိုယ် ကြည့်လိုက်စမ်းပါ"
သူတို့သည် ရှန်းမိသားစုအိမ်သို့ ဦးတည်သွားရင်း စကားပြောနေကြကာ စာရင်းများကို တင်ပြဖို့ရန်နှင့် သူတို့၏ကုန်ပစ္စည်းများကိုလည်း အချိန်မှီပြင်ဆင်ပေးဖို့ သတိပေးဖို့ဖြစ်လေသည်။ သူတို့၏ခရီးက ဆူညံသံကို ကြည့်ချင်နေကြသည့် တစ်ခြားရွာသားများကို အမှန်ပင် ဆွဲဆောင်ထားလိုက်သည်။
ရှန်းမိသားစု၏ တောင်ဘက်အစွန်ဆုံးအခန်းထဲတွင် ဝမ်ယွင်ကျန့်သည် ရွာက ကလေးများကို လက်ရှိတွင် စာသင်ပေးနေသည်။ ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်တွင် အဖွဲ့တစ်ဖွဲ့က ချဥ်းကပ်လာသည်ကို သတိထားမိလိုက်ပြီး အလုပ်ကိစ္စ ခရီးသွားခဲ့ကြသည့် လူတစ်ချို့ပင် ပါဝင်နေသည်။ သူ့နှလုံးသားက ရုတ်တရက် လှုပ်ရှားသွား၏။ သို့သော်ငြားလည်း သူ စာသင်နေသည်ကိုတော့ အနှောက်အယှက် မဖြစ်ခဲ့ချေ။
ဝမ်ယွင်ကျန့်သည် မရပ်လိုက်သော်လည်း နားထောင်နေကြသည့် ကလေးများကလဲ အာရုံမစိုက်နိုင်တော့ချေ။ တစ်ချို့ အတင့်ရဲသည့်သူများကတော့ အပြင်ဘက်ကို တစ်ချက်လောက် လှမ်းကြည့်လိုက်ပြီးမှ အာရုံပြန်စိုက်ထားလိုက်သည်။ သင်ခန်းစာ ပြီးဆုံးသွားသည့်အချိန်မှ သူက နားချိန်တစ်ခု ပေးလိုက်၏။ ထို့နောက်တွင် ဝမ်ယွင်ကျန့်က ရှန်းမိသားစု၏ ခြံဝန်းထဲသို့ ဦးတည်လာခဲ့သည်။ သူ ထွက်လာသည်တွင် အားရှု၊ ကျိုးဝူလန်နှင့် တစ်ခြားသူများကလဲ နောက်မှ စိတ်အားထက်သန်စွာ လိုက်လာကြ၏။ တောင်ပေါ်တွင် အလုပ်လုပ်နေကြသည့် ကန်းရှီနှင့် သတင်းကိုကြားခဲ့ရသည့် ဖန်းလျိုညန်တို့ကလဲ အလောတကြီး ရောက်လာကြသည်။
အရှေ့ဘက်အစွန်ဆုံးက ခန်းမငယ်လေးထဲတွင် ပြင်ဆင်မှုများက လုပ်နေဆဲဖြစ်သည်။ စန်းလော့က အခန်းထဲသို့ ကလေး၏လှည်းလေးကို တွန်းဝင်လာသည်။ ကုန်သည် အလောင်းအလျာလေးများကတော့ အမှာစာကို ကြည့်ရှုရန်သက်သက် ရောက်နေကြပြီး စိတ်လှုပ်ရှားနေကြသည်။ ရှန်းနဥ်ကတော့ အလုပ်လုပ်နေသည့် တစ်ဦးတည်းသောသူဖြစ်လေသည်။ စားပွဲပေါ်တွင် ဝမ်ငွေအတွဲများကို ချထားပြီး စရံငွေများဖြစ်ဟန်တူသည်။ ရှန်းနဥ်က သူမ၏ ငွေစာရင်းစာအုပ်ကို ဖွင့်လိုက်ပြီး လက်ထဲတွင်တော့ စာရေးကိရိယာကို ကိုင်ဆုပ်ထားသည်။ လုအာ့လန်နှင့် ရွှီဝမ်ချင်းတို့ တစ်ယောက်ချင်းစီက အမှာစာသုံးခုကို ချပေးလိုက်ပြီး သူမက ထိုအမှာစာများကို ကျွမ်းကျွမ်းကျင်ကျင် မှတ်သားထားလိုက်သည်။ ရွှီမိသားစုတွင် ကစားလာခဲ့သည့်ရွှီဝမ်ယင်းကလဲ ငွေတွက်ခြင်းဖြင့် ကူညီပေးနေသည်။
လုအာ့လန်က စန်းလော့ကို ပြောလိုက်၏။ "ဒါက ငါတို့ရဲ့ ပထမဦးဆုံး ကြိုးစားထားတဲ့ရလဒ်ပဲ၊ ငါတို့တွေ အမှာစာတွေကို ပို့ပေးဖို့ အလောတကြီး ပြန်လာခဲ့ရတာ၊ အဝေးကြီးကိုတောင် မသွားခဲ့ရဘူး၊ စီရင်စုတစ်ခုတည်းကိုပဲ သွားလိုက်ရတယ်၊ အနီးအနားက ပြည်နယ်မြို့တော်တွေကိုတောင် မသွားလိုက်ရဘူး၊ စီရင်စုထဲက အခြေအနေက မြို့က အခြေအနေနဲ့တော့ မတူဘူး၊ တို့ဟူးချဥ်နဲ့ ပဲခေါက်ဆွဲအတွက် ကိုယ်စားလှယ်တွေကို ရှာဖွေဖို့ ပိုပြီးတော့လွယ်ကူတယ်၊ ဒါပေမဲ့ အသားမွကြော်၊ အသားခြောက်နဲ့ ပျားရည်တွေက ပိုပြီးတော့ စျေးကြီးတဲ့အတွက်ကြောင့် ဆိုင်တာဝန်ခံအများစုက တွေဝေနေကြတယ်လေ၊ ဝမ်ချင်းနဲ့ ငါ့အကြားမှာ ငါတို့တွေက အလားအလာရှိတဲ့ ကိုယ်စားလှယ်ခြောက်ယောက်ကို ချဥ်းကပ်ခဲ့တယ်၊ တစ်ယောက်တည်းကပဲ ဝမ်ချင်းနဲ့ နောက်ဆုံးအမှာစာ ရရှိခဲ့တယ်၊ ဝမ်ချင်းနဲ့တိုင်ပင်ပြီးတဲ့နောက်မှာ ငါတို့တွေက တစ်မျိုးကို (၁၀)အိုးလောက် အရင်ဆုံးစမ်းပြီးတော့ စတင်မယ်လို့ သဘောတူထားလိုက်တယ်"
"ဒါက တော်တော်လေး ကျေနပ်စရာကောင်းနေပါပြီ” ဒါသည် စန်းလော့၏ မျှော်လင့်ချက်အတွင်းတွင် ရှိလေသည်။ စီရင်စုမြို့များသည် ပြည်နယ်မြို့တော်များနှင့် မယှဉ်နိုင်ချေ။ စီရင်စုမြို့များတွင် အမှန်တကယ် ချမ်းသာသည့် မိသားစုများက ပိုနည်းလေသည်။ ဖရိုဖရဲနှစ်ကာလအတွင်းတွင် ဒီလို အသင့်တင့်လွှမ်းမိုးမှုရှိသည့် အိမ်ထောင်စုများက ပုန်ကန်သည့်စစ်တပ်များ၏ အဓိကပစ်မှတ်ဖြစ်ခဲ့သည်။ သူတို့အတွက် သိသိသာသာ ပြန်လည်နလန်ထူလာဖို့ရန် အနည်းဆုံး သုံးလေးနှစ်လောက်တော့ အချိန်ယူရလိမ့်မည်။
နောက်ကျမှ ရောက်လာခဲ့သည့် ဖန်းလျိုညန်က သူတို့ရရှိခဲ့သည့် အမှာစာအရောအတွက်ကို သိချင်လေသည်။ စားပွဲပေါ်တွင် အမှာစာခြောက်ခုရှိနေ၏။ သို့သော်ငြားလည်း ကံဆိုးချင်တော့ သူမနှင့် တစ်ခြားသူများက စာမတတ်ချေ။ ဖန်းလျိုညန်က အားရှုကို လှမ်းဆွဲလိုက်ကာ သားဖြစ်သူကို တစ်ချက်ကြည့်ပြီး မေးလိုက်၏။
အားရှုက သူ့အဖေဖြစ်သူ စာချုပ်ချုပ်လာသည့် အမှာစာသုံးခုကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဆိုင်သုံးခုက အမှာစာ ပေးလိုက်တယ်၊ တစ်ဆိုင်က တို့ဟူးချဥ်အိုး(၁၀၀)နဲ့ ပဲခေါက်ဆွဲပိသာ(၅၀)ကို လက်ကားစျေး (၇၂၀၀)နဲ့အမှာစာ လုပ်ထားတယ်"
ဖန်းလျိုညန်သည် နှစ်အနည်းငယ် စီးပွားရေးလုပ်ခဲ့သူဖြစ်ရာ အတွက်အချက်တွင် မြန်ဆန်လှသည်။ သူမအတွက် တွက်ချက်ဖို့ရန် ငွေပမာဏက အလွန်မှ များပြားသော်ငြားလည်း သူမသည် ကုန်ပစ္စည်း အရေအတွက်ကိုတော့ ချက်ချင်းတွက်ချက်နိုင်လေသည်။
"ငါးရက်အတွင်းမှာ ငါတို့တွေက တို့ဟူးချဥ် အိုးပေါင်း၃၀၀နဲ့ ပဲခေါက်ဆွဲပိသာ(၁၅၀)ကို အမှာစာယူနိုင်ခဲ့တာပေါ့၊ ဒါ လုံးဝမဆိုးဘူးပဲ"
ရှန်းနဥ်ဘက်သို့လှည့်လိုက်ပြီး သူမက မေးမြန်းလိုက်သည်။ "ဒါဆိုရင် ဦးလေးလုက ဒီခရီးမှာ အကျိုးဆောင်ခ ဘယ်လောက်ရမှာလဲ"
"ဦးလေးလုက အမှာစာသုံးခုရှိတယ်၊ တို့ဟူးချဥ်အိုး(၃၀၀)၊ ပဲခေါက်ဆွဲက ပိသာ(၁၅၀)၊ လက်ကားစျေးပမာဏနဲ့ဆိုရင် ၂၁,၆၀၀ဝမ်ဖြစ်မယ်” သူမက ခဏလောက်စဥ်းစားပြီးနောက်တွင် ချက်ချင်းပြန်ဖြေလိုက်သည် "အကျိုးဆောင်ခက ၆၄၈ဝမ် ဖြစ်လိမ့်မယ်"
ရွှီဝမ်ချင်း၏မျက်လုံးများမှာ တအံ့တသြ ပြူးကျယ်သွားတော့သည်။ "ဝိုး အားနဥ် နင် အရမ်းအံ့သြဖို့ကောင်းတာပဲ၊ နင် အဲလောက်အမြန်ကြီးကို တွက်ချက်နိုင်သွားတာလား"
လုအာ့လန်သည် အမှာစာရခဲ့သည်နှင့်ချက်ချင်း သူက ရွှီဝမ်ချင်းကို အကျိုးဆောင်ခ သူ့အတွက် ကူညီတွက်ချက်ခိုင်းခဲ့သေးသည်။ သို့သော်ငြားလည်း ရွှီဝမ်ချင်းသည် အရေအတွက်ကို တစ်ချက်ကြည့်လိုက်ရုံနှင့် အဖြေချက်ချင်းမပေးနိုင်ခဲ့ချေ။
ကိုယ့်ဟာကိုယ် တွက်ချက်နေသည့် ရွှီဝမ်ယင်းကလဲ သူမအစ်ကို ရှက်ရွံ့နေသည်ကို သတိထားမိလိုက်သဖြင့် တိတ်တိတ်လေး ခိုးရယ်လိုက်သည်။ သူမ၏ရယ်သံက ရွှီဝမ်ချင်းကို ပိုပြီးရှက်ရွံ့သွားစေသလို ဖြစ်သွားသဖြင့် သူက သူ့ကိုယ်ပိုင်အမှာစာကို ရှန်းနဥ်ဆီသို့ တွန်းပို့ပေးလိုက်သည် "ငါ့ဟာကိုလည်း တွက်ပေးအုံး"
ရှန်းနဥ်က အမှာစာများကို ယူလိုက်ပြီး တစ်ချက်လောက် ကြည့်လိုက်သည်။ ဆီတို့ဟူးနှင့်ခေါက်ဆွဲများ၏ အနိမ့်ဆုံး လက်ကားရောင်းစျေးပမာဏက လုစန်းလန်နှင့် အတူတူပင်ဖြစ်သည်။ တစ်ခုတည်းသော ကွာခြားချက်မှာ အသားမွကြော်နှင့် ပျားရည်အိုး(၃၀)စီပါနေခြင်းပင်။ ဘာမှချရေးမနေတော့ဘဲ သူမက သူမ၏လက်ချောင်းလေးများကို အသာအယာ တီးခေါက်ကြည့်လိုက်ပြီး အရေအတွက်ကို တွက်ချက်ကာ ပြောလိုက်၏။ "ဆီတို့ဟူးနဲ့ ခေါက်ဆွဲခြောက်ကတော့ အတူတူပါပဲ၊ ဒီပိုပြီးစျေးကြီးတဲ့ အိုးအခု(၃၀)အတွက် လက်ကားရောင်းစျေးကတော့ ဝမ်၁၈,၀၀၀၊ အကျိုးဆောင်ခက... ၅၄၀ဝမ်၊ တို့ဟူးချဉ်နဲ့ ခေါက်ဆွဲဆီကရတဲ့ ၆၄၈ဝမ်ကို ပေါင်းလိုက်မယ်ဆိုရင် စုစုပေါင်းအကျိုးဆောင်ခက ... ၁,၁၈၈ဝမ်ဖြစ်မယ် မှန်ရဲ့လား"
တွက်ချက်မှုဖြစ်စဥ်တစ်ခုလုံးတွင် ရှန်းနဥ်သည် အဓိကကိန်းဂဏန်းများကို ဖော်ပြချိန်တွင်သာ အနည်းငယ် တုံ့ဆိုင်းသွားပြီး အားလုံးက ပြုံးကာ ရွှီဝမ်ချင်းကို ကြည့်လိုက်ကြပြီး သူမ၏ အတွက်အချက် မှန်ကန်မှုကို အတည်ပြုခဲ့ကြသည်။
အစောပိုင်းက တုတ်လေးတစ်ချောင်းဖြင့် မြေပြင်ပေါ်တွင် ရေးခြစ်ပြီးအချိန်အကြာကြီး တွက်ချက်နေသည့် ရွှီဝမ်ချင်းမှာ ရှန်းနဥ်ကို မကျေမနပ်ဖြင့် လှမ်းကြည့်တော့သည်။ "..."
နင်ကလူမှမဟုတ်ဘဲ။
ထို့နောက်တွင်တော့ သူက စန်းလော့ဘက်ကို လှည့်ကာ ဟာသပြောလိုက်လေသည်။ "ဆရာကတော်၊ ဆရာကတော် တပည့်တွေ လက်ခံသေးလား၊ ကျွန်တော့်အထင်တော့ အားနဥ်နဲ့ ကျွန်တော်တို့ကြားက ကွာခြားချက်က ကျွန်တော်တို့ ဆရာတွေရဲ့အရည်အချင်းပေါ် မူတည်တယ်လို့ထင်တာပဲ"
သေချာတာတော့ သူ အတာကြောင့် မဟုတ်ဘူးလေ။
ဝေ့လင်းကျန့်မှာ သူ့နဖူးကို ကျီစယ်သလိုထုလိုက်၏။ သူမက ရယ်မောပြီး ပြောလိုက်သည်။ "ရယ်စရာတွေ ပြောနေပြန်ပါပြီ၊ နင့်အစ်မအားလော့က တောင်အတွင်းပိုင်းမှာ စာသင်ပေးနေတုန်းကတော့ နင်က သေချာပေါက် ငိုက်မြည်းနေတာပဲ ဖြစ်ရမယ်၊ အားနဥ်က အဲလောက်တော်တာ၊ ယွင်ကျန့်နဲ့ ရှောင်ကျင့်ကလွဲရင် ဘယ်သူကမှ သူ့လောက် မြန်မြန်ဆန်ဆန် မတွက်ချက်နိုင်ပါဘူး၊ ဒါတော့ သူ့လောက် ဉာဏ်မကောင်းတာကလဲ ရှက်စရာမဟုတ်ပါဘူး"
လူအုပ်ကြီးမှာ ရယ်သံဖြင့်ပွင့်ထွက်လာပြီး အပြုံးတစ်ခုကလဲ ဝမ်ယွင်ကျန့်၏ မျက်လုံးထဲတွင် ဖြစ်တည်လာတော့သည်။
...
အပိုင်း (၂၆၆) ကလေးများ၏အိပ်မက်သစ်များ
လူအုပ်ကြီးက လူမခွဲရသေးခင်မှာပင် ချန်းသရှန်နှင့် သူ့အဖွဲ့က ပြန်ရောက်လာခဲ့သည်။ ရွာထဲသို့ ဝင်ရောက်လာသည်တွင် လုအာ့လန်နှင့် တခြားသူများ ရောက်နှင့်နေပြီဖြစ်ကြောင်း ဦးလေးရွှီက သူတို့ကို သတင်းပေးလိုက်၏။ သူတို့လေးယောက်သည် ရှန်းအိမ်တော်သို့ မြန်မြန်ရောက်လာကြပြီး ထိုနေရာတွင် အချိန်ပေးနိုင်ကြသူများက စုဝေးနေကြသေးသည်ကို တွေ့လိုက်ရသည်။
ချန်းမိသားစုဝင်များကတော့ တစ်ယောက်မှ မရှိတော့ချေ။ သို့သော်လည်း ကျိုးချွမ်ကျန့်၏မိန်းမနှင့် ရှန်းထျယ်အပြင် သတင်းကို အပြေးအလွှားလာနားထောင်သည့် ရှန်းယင်တို့ ရှိနေသည်။ မြင်သာသည့်နေရာတစ်ခုတွင် ရှိနေသဖြင့် ရှန်းယင်က ချန်းသရှန်နှင့် သူ့အဖွဲ့ကို သတိထားမိလိုက်ပြီး ဝမ်းသာအားရ လှမ်းခေါ်လိုက်၏။ “ကျွန်တော့်အစ်ကို ပြန်လာပြီ”
“အစ်ကိုတို့လဲ ဒီမှာရှိတယ်”
လုအာ့လန်၊ ရွှီဝမ်ချင်း၊ ကျိုးစစ်လန်နှင့် ရှီအာ့နျိုတို့သည် ချက်ချင်းဆိုသလို စိတ်လှုပ်ရှားသွားကြ၏။
“သရှန်၊ မင်းတို့ အရောင်းအဝယ် ဘယ်လိုရှိလဲ”
ချန်းသရှန်နှင့် ကျန်ုးစစ်လန်တို့က ရှန်းနဉ်ဘေးက စာရွက်များကို လှမ်းကြည့်လိုက်၏။ ကျိုးစစ်လန်းက သူ၏ စူးရှသည့်အမြင်အာရုံဖြင့် ချန်းသရှန်ကို လက်မထောင်ပြလိုက်သည်။
ချန်းသရှန်က လှိုက်လှိုက်လှဲလှဲ အော်ရယ်လိုက်ကာ နိမ့်ချသလို ဟန်ဆောင်နေလိုက်ပြီး “မများပါဘူး၊ မများပါဘူး”
ထို့နောက်တွင် သူက သူ့ရင်ဘတ်ထဲက စက္ကူတစ်ထပ်ကို ထုတ်လိုက်ပြီး စားပွဲအလယ်တွင် ချထားလိုက်လေသည်။ ကျိုးစစ်လန်ကလည်း ရွှင်လန်းတက်ကြွကာဖြင့် သူ့ကိုယ်ပိုင် စက္ကူထပ်ကို ထုတ်လာပြီး ချန်းသရှန်၏စက္ကူထပ်ဘေးတွင် ချထားလိုက်သည်။
ဒါကို မြင်လိုက်သည်တွင် ရွှီဝမ်ချင်းမှာ မှင်သက်အံ့ဩသွားတော့သည်။ “မင်းတို့တွေ စီရင်စု ဘယ်နှစ်ခုအထိ သွားခဲ့ကြတာလဲ”
၅ရက်အတွင်းတွင် သူတို့သည် စီရင်စု ၄ခု သွားနိုင်ခဲ့သည်။ ချန်းသရှန်၏အဖွဲ့က အတောင်များ ပါနေလေသလား။ သူသည် စက္ကူထပ်ကို စစ်ကြည့်လိုက်တော့ တစ်ပုံတွင် ၅ရွက်ရှိပြီး နောက်တစ်ပုံတွင် ၄ရွက်ရှိနေသည်။
၉ရွက်။
ချန်းသရှန်က ခပ်တိုးတိုး ရယ်မောလိုက်ကာ “စီရင်စု ၄ခု”
“ဘယ်လို ဖြစ်နိုင်မှာလဲ”
စီရင်စုများသည် ပြည်နယ် မြို့တော်များကို ပြန်လည်နာလန်မထူလာသေးချေ။ စီရင်စု ၄ခုလုံးက တော်တော်လေး ချမ်းသာကြသည်ကတော့ မဖြစ်နိုင်ပေ။
ရွှီဝမ်ချင်း လက်တစ်ဆုပ်စာ အမှာစာများကို လှမ်းဆွဲလိုက်ပြီး သေသေချာချာ စစ်ကြည့်လိုက်၏။ တို့ဟူးချဉ်၊ ပဲခေါက်ဆွဲ၊ တို့ဟူးချဉ်၊ ပဲခေါက်ဆွဲ၊ စသည်ဖြင့် ပါရှိပြီး -အားလုံးက မှန်နေသည်။ အောက်ဆုံးထပ်ကို လှန်ကြည့်လိုက်တော့ ပုံမှန်ပစ္စည်းများအပြင် အသားမွှကြော်၊ အသားခြောက်နှင့် ပျားရည်များအတွက် အမှာစာကို တွေ့လိုက်ရ၏။
သူ့မျက်လုံးများက အမှာစာထဲက တစ်ခုတွင် ရေးထားသည့် ‘တုန်းဖူစားသောက်ဆောင်”ဟူသည့် စာလုံးများဆီသို့ ကျရောက်သွားလေသည်။ ဒါသည် မြားတစ်စင်းက သူ့နှလုံးသားထဲသို့ ထိုးဖောက်သွားခဲ့သလိုပင်။
“ငါ ဒါကို ဘာလို့ မစဉ်းစားခဲ့မိပါလိမ့်”
လုအာ့လန်ကလည်း အမှာစာတစ်ထပ်ကို လှမ်းဆွဲလိုက်သော်လည်း သူ့မှာ ဆွံ့အသွားမိ၏။ - သူသည် စာမတတ်ချေ။
စာမတတ်ခြင်းက မည်မျှ ဝမ်းနည်းစရာကောင်းသည်ကို နားလည်လိုက်ပြီးနောက်တွင် သူသည် အမှာစာကို အနားတွင်ရပ်နေသည့် ကျိုးစစ်လန်ဆီသို့ မြန်မြန် လှမ်းပေးလိုက်၏။ “မြန်မြန်၊ တစ်ချက်လောက် ကြည့်စမ်းပါ၊ သူတို့ ဘယ်လိုလုပ်ပြီး အမှာစာအများကြီး ရခဲ့တာလဲ”
ကျိုးစစ်လန်က စာကို လှမ်းကြည့်ရုံရှိသေး ရွှီဝမ်ချင်းက ထုတ်ပြောနှင့်လိုက်လေသည်။ “သူတို့တွေက စားသောက်ဆိုင်တွေကိုလဲ သွားခဲ့တယ်လေ”
ချန်းသရှန်က သဘောကျကျဖြင့် ရှောင်ကျင့်ကို ပုတ်လိုက်ပြီး “ဒီတစ်ခါ ဒါက ရှောင်ကျင့်ရဲ့စိတ်ကူးပါ၊ ငါတို့တွေ စားသောက်ဆိုင်ကိုလည်း ကြိုးစားရောင်းကြည့်သင့်တယ်၊ သူတို့တွေက ငါတို့ရဲ့ပစ္စည်းတွေကို စိတ်ဝင်စားလောက်တယ်လို့ သူ အကြံပေးခဲ့တာလေ”
သူတို့သွားခဲ့သည့် တော်တော်လေး ချမ်းသာသည့်စီရင်စုနှစ်ခုတွင် တုန်းဖူစားသောက်ဆိုင်ခွဲများ ရှိနှင့်ပြီးဖြစ်သည်။ သည်အချိန်တွင် ငွေကြေးရပ်တည်နိုင်ကြသည့် တစ်ချို့က စားသောက်ဆိုင်တွင် စားသောက်ရန် တတ်နိုင်ကြသည်။ သည်ပစ္စည်းများအားလုံးက တုန်းဖူစားသောက်ဆိုင်တွင် ရောင်းကောင်းခဲ့သည့်မဟုတ်ပါလား။
ရှန်းနဉ်၏မျက်လုံးများက လင်းလက်သွား၏။ “တော်လိုက်တာ၊ ရှောင်ကျင့်”
ရှန်းကျင့်၏နှုတ်ခမ်းများက ချီးကျူးစကားကြောင့် ကွေးတက်သွားသော်လည်း သူက နိမ့်နိမ့်ချချသာ ရှိနေသည်။ “မကြီးက ဆိုင်တာဝန်ခံရွှီကို ပစ္စည်းတွေ ပို့ပေးနေတာကို စဉ်းစားမိသွားလို့ပါ၊ ဒါက ထမင်းစားချိန်ဖြစ်နေခဲ့တာလေ၊ တုန်းဖူစားသောက်ဆိုင်ထဲ ဝင်ထွက်နေကြတဲ့လူတွေက ဝတ်ကောင်းစားလှတွေ ဝတ်ထားကို သတိထားလိုက်မိတာ”
“အမြော်အမြင်ရှိတဲ့ လေ့လာပုံပဲ” စန်းလော့သည် ရှန်းကျင့်က စီးပွားရေးလုပ်ခြင်းနှင့် အမှန်ပင် သင့်တော်သည်ဟု ခံစားလိုက်မိသည်။ ထို့နောက်တွင်တော့ သူမက သူတို့ယူလာသည့် စာချုပ်များကို စစ်ဆေးကြည့်လိုက်၏။ အားလုံးက သေသေချာချာ စေ့စေ့စပ်စပ် လုပ်ထားသည်။ သူမက ခပ်တိုးတိုး ရယ်မောလိုက်ကာ “ဆိုင်တာဝန်ခံရွှီက သူတို့ကို သေသေချာချာ သင်ပေးလိုက်တာပဲ”
သူမက ဝေ့လင်းကျန့်ဘက်သို့ လှည့်ကာ မေးလိုက်၏။ “ဆိုင်တာဝန်ခံရွှီရဲ့ စားသောက်ဆိုင်မှာရော တို့ဟူးနဲ့ ခေါက်ဆွဲလို ဟင်းလျာတွေကို တင်ထားပြီလား”
ဝေ့လင်းကျန့်က ခေါင်းညိတ်ပြလိုက်ပြီး “အင်း၊ ဒါပေမဲ့ အများကြီးတော့ မဟုတ်ပါဘူး၊ သူ ရှင့်ဆီကို မလာတော့ဘဲနဲ့ အရှေ့ဈေးထဲက ဆိုင်မှာပဲ တိုက်တိုက်ရိုက် ဝယ်လိုက်တယ်လေ”
စားသောက်ဆိုင်များက လတ်လတ်ဆတ်ဆတ် အစားအသောက်များ လိုအုပ်ပြီး လက်ရှိအချိန်အခါကို စဉ်းစားကြည့်လျှင် သူတို့၏နေ့စဉ် စားသုံးသူများများကလည်း အလွန်မများလှချေ။ ထို့ကြောင့် ဝယ်လိုအားက မများပေ။ ထို့ကြောင့်ပင် သူတို့သည် ဝမ်အိမ်ရာဝန်းမှ သို့မဟုတ် အရှေ့ဈေးမှသာ ကုန်ကြမ်းများကို ဖြည့်တင်းကြသည်။ ချီယန်စီရင်စုတွင် ရှိခဲ့စဉ်ကတော့ သူတို့သည် တို့ဟူးကို ချင်ဖန်းညန်ထံမှ မူရင်းဈေးဖြင့် ဝယ်ပြီး သူမကို လာပို့ခိုင်းခဲ့သည်။ ယခုတော့ ဝမ် ၁၀၀-၂၀၀ နေ့စဉ်လုပ်ငန်းအတွက်နှင့် သူတို့က လက်တွဲလုပ်ငန်းတစ်ခုလုပ်ရန် စန်းလော့ကို အထူးတလည် လာရှာလို့ဖြစ်ပါမည်တဲ့လား။
စန်းလော့က အရင်ကလို မဟုတ်တော့ချေ။ သူမ၏ဆိုင်ကလည်း မြို့ထဲတွင် ရှိနေပြီး သူမသည် ထိုဆိုင်ကို စီမံဖို့ရန် လူတစ်ယောက် ငှားထားခဲ့သည်။ သူမက သူ့ကို လျှော့ဈေးတစ်ခုဖြင့် ပေးပါဦးမည်တဲ့လား။
ခေါက်ဆွဲခြောက်များအတွက် သက်တမ်းပိုရှည်အောင် လုပ်နိုင်လျှင် ပိုကောင်းလိမ့်မည်။ သို့မှာသာ သူတို့ကို သိုလှောင်ပြီး စုဆောင်းထားနိုင်သည်။ ဒါသည် သူ့လူရင်းများအတွက် ဖြစ်နေသဖြင့် ဆိုင်တာဝန်ခံရွှီက ဘာနည်းလမ်းမှ သုံးဖို့ စိတ်ရှုပ်ခံမနေဘဲ ထိုပစ္စည်းများကို တခြားဟင်းသီးရွက်များနည်းတူ မူရင်းဈေးအတိုင်း ဝယ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းပင်။
အသားခြောက်၊ အသားမျှင်နှင့် တို့ဟူးချဉ်တို့လို ပစ္စည်းများအတွက်တော့ ထိုပစ္စည်းများကို စားသောက်ဆိုင်တွင် ရောင်းချနိုင်လိမ့်မည်ဟု သူ လုံးဝ မစဉ်းစားခဲ့မိချေ။ စန်းလော့က ထိုပစ္စည်းများကို လုပ်သည့်အချိန်တွင် ဝယ်လိုအားမရှိမှ ဘယ်တုန်းကမှ စိတ်မပူရချေ။ တစ်ခုတည်းသော စိုးရိမ်ရသည့်အချက်မှာ ဝက်သားမလုံလောက်မှာကိုပင်။ ထို့ကြောင့် သူမက သူမ၏လုပ်ငန်းကို ချဲ့ထွင်ရန် လုံးဝ စိတ်မကူးကြည့်ဖူးသလို သည်လိုစားသောက်ဆိုင်များတွင် ရောင်းချရန်လည်း စိတ်ထဲ ပေါ်မလာဖူးချေ။
“အင်း၊ ဒါက တကယ် ဖြစ်နိုင်ခြေတစ်ခုပဲ” ရွှီဝမ်ချင်းကို စနောက်လိုက်ပြီး သူမက ပြောလိုက်၏။ “ဝမ်ချင်း နင်လဲ ဒီည နင့်အဖေနဲ့ အရောင်းအဝယ် စာချုပ်လုပ်လို့ရပါတယ်”
“ဒါက ဘာပညာလိုမှာလဲ၊ ကျွန်တော့်အဖေက ဒီအတိုင်း ရှန်းနဉ်ဆီမှာ တိုက်ရိုက် လာပြောလို့ရနေတာပဲ၊ အဲဒီစီရင်စုတွေကို မနက်ဖြန် ပစ္စည်းသွားပို့တဲ့အခါ ကျွန်တော် နောက်ထပ် စားသောက်ဆိုင် နှစ်ဆိုင်လောက် ဝင်ကြည့်ဖို့လိုတယ်”
သူမက သူမလက်ထဲက စာရင်းကို ရှန်းနဉ်ဆီ လှမ်းပေးလိုက်ပြီးနောက် မေးလိုက်၏။ “ငါတို့မှ လက်ကျန်ကုန်ပစ္စည်းတွေ လောက်လား၊ ငါတို့တွေ ပစ္စည်းတင်ပြီးရင် မနက်ဖြန် ထွက်လို့ရလား”
ရှန်းနဉ်က ချန်းသရှန်နှင့် ကျိုးစစ်လန်တို့၏ အမှာစာများကို သည်အတိုင်း လှမ်းကြည့်လိုကပြီး ခေါင်းညိတ်ပြလိုက်လေသည်။ “ရပါတယ်၊ ကျွန်မတို့မှာ ပျားရည်ကတော့ နည်းနေပြီ၊ နောက်ပိုင်း အမှာစာမှာ သတိပိုထားဖို့လိုတယ်၊ ကျွန်မတို့ရဲ့ကိုယ်ပိုင်ဆိုင်တွေကို ဦးစားပေးသင့်တယ်၊ ကျွန်မတို့တွေ နွေဦးပျားရည်တွေ ဝင်လာတာနဲ့ အမှာစာတွေ ထပ်ယူလို့ရပါပြီ၊ အခုလောလောဆယ်တော့ အားလုံးက လုံလောက်ပါတယ်”
ရွှီဝမ်ချင်းက စိတ်အေးသွားပြီး ချန်းသရှန်နှင့်အတူ သူတို့သည် ကောက်လာသည့်စရံငွေများကို လွှဲပြောင်းပေးလိုက်လေသည်။ စန်းလော့က ရှန်းယင်ကို လှမ်းခေါ်ကာ အားလုံး လည်ချောင်းရှင်းရန် လက်ဖက်ရည် ထည့်ခိုင်းလိုက်၏။ ထို့နောက် သူမက အိမ်နီးချင်းစီရင်စုများက အခြေအနေအကြောင်း မေးမြန်းလိုက်သည်။ အားလုံးက စိတ်ဝင်တစား နားထောင်လိုက်ကြပြီး နာရီဝက်လောက် စကားပြောလိုက်ကြပြီးနောက် လူစုခွဲသွားကြလေသည်။
သူတို့၏ပထမဆုံးခရီးတွင် သူတို့ရှစ်ယောက်သည် ရှီကျိုးမြို့ တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ စီရင်စု ၈ခုသို့ ခရီးသွားခဲ့ကြပြီး လက်ကားရောင်းချသူ ၁၅ဦးကို ရှာတွေ့ခဲ့ပြီး ၂၆၀လျန်တန်ဖိုးရှိ အမှာစာများကို ရယူနိုင်ခဲ့သည်။ ဒါသည် ကြီးမားသည့် ပမာဏတစ်ခုဟု ထင်ရသော်လည်း သူတို့သည် လက်ကားဖြန့်ဝေသူများကို အမြတ်ရာခိုင်းနှုန်း ၄၀ ပေးခဲ့ရသည်။ ကုန်ကြမ်းပစ္စည်းများ၊ လုပ်အားခ၊ တခြားကုန်ကျစား၇ိတ်များကို ထည့်တွက်လိုက်လျှင် ရှန်းမိသားစု၏အမြတ်က အရင်ကထက် သိသိသာသာ နည်းသွားခဲ့သည်။ စန်းလော့က အကြမ်းဖျဉ်း တွက်ချက်ကြည့်လိုက်တော့ သူတို့သည် အမြတ် လျန်၈၀ဝန်းကျင်လောက် ကျန်သေးသည်။
သည်ကိစ္စများကို တွေ့ကြုံခဲ့ပြီးသည်တွင် ရှန်းကျင့်သည် သူ့ညီလေးနှစ်ယောက်ကို ဘာတစ်ခုမှ မဖုံးကွယ်ထားခဲ့ပေ။ ပြီးခဲ့သည့်အခေါက် မြို့တော်မှ ဧည့်သည်များက ရက်ရောသည့်ပမာဏ သုံးစွဲသွားသည်ကို မြင်တွေ့ခဲ့သည့် ရှန်းနဉ်သည် အရင်တစ်ခါခဲ့စာလျှင် တော်တော်လေး တည်ငြိမ်လာခဲ့သည်။ သို့သော်လည်း ရှန်းယင်နှင့် ရှန်းထျယ်တို့ကတော့ မတူချေ။ လျန်၈၀ဟု ကြားလိုက်သည်တွင် သူတို့၏မျက်လုံးများက တအံ့တဩ ပြုးကျယ်သွားကြတော့သည်။ “ကျွန်တော်တို့ အဲလောက်အများကြီး ရှာခဲ့တာလား”
ရှန်းကျင့်က သူ့ညီလေးနှစ်ယောက်ကို လှမ်းကြည့်ပြီး ပြောလိုက်၏။ “ဘယ်လောက် များလို့လဲ၊ မကြီးနဲ့ သူ့အဖွဲ့က အလုပ်အရမ်း ကြိုးစားထားရတာ၊ သူတို့တွေက ကုန်ကြမ်းပစ္စည်းတွေကို စိုက်ရတယ်၊ ပစ္စည်းတွေကို ထုတ်လုပ်ရတယ်၊ ပြီးတော့ မင်းတို့ မမြင်ရတဲ့နေရာတွင်မှာ အားထုတ်မှုတွေ ထည့်ရသေးတယ်၊ မင်းတို့နှစ်ယောက် ပိုလေ့လာပြီး နောက်ဆိုရင် မကြီးရဲ့ဝန်ထုပ် တစ်ချို့ကို မျှထမ်းပေးသင့်တယ်၊ အပြင်ဘက်မှာ မိသားစု ငွေရေးကြေးရေး ကိစ္စကို ထုတ်ပြောလို့ မသင့်ဘူးနော်”
ရှန်းယင်က ပြန်ဖြေလိုက်သည်။ “ကျွန်တော် နားလည်ပါတယ်”
ရှန်းထျယ်က နှာခေါင်းလေးကို ရှုံ့ကာ “ကျွန်တော် မအပါဘူးနော်၊ ကျွန်တော် ဒီလို ကိစ္စတွေကို ထုတ်ပြောမှာမဟုတ်ဘူး”
စန်းလော့က ခပ်တိုးတိုး ရယ်မောလိုက်ပြီး “နင် အတွေးလွန်နေပါပြီ၊ ငါတို့အားလုံးက ထက်မြက်ကြပါတယ်”
သူတို့သုံးယောက်လုံးသည် အခက်အခဲ ဒုက္ခများကို ဖြတ်ကျော်ခဲ့ရသည်။ ရှန်းထျယ်သည် ကြီးပြင်းလာသည်နှင့်အမျှ တစ်ချိန်က ရိုးရှင်းသည့် စိတ်ထားနှင့် ကောင်ကလေးမှာ သူ့အစ်ကိုနှစ်ယောက်၏ သင်ကြားမှုအောက်တွင် လိမ္မာပါးနပ်လာတော့သည်။ သူသည် အိမ်တွင် ရိုးသားချင်ရိုးသားလိမ့်မည်ဖြစ်သော်လည်း အပြင်ဘက် ရောက်သွားလျှင်တော့ ထိုသို့ မဟုတ်တော့ချေ။
ဒါကို ကြားလိုက်သည်တွင် ရှန်းထျယ်က ‘တွေ့လား၊ ငါ ပြောသားပဲ’ဟု ပြောနေသည့်ရုပ်ဖြင့် အောင်နိုင်သူလို ရှန်းကျင့်ကို လှမ်းကြည့်လိုက်လေသည်။
ရှန်းကျင့်က တခစ်ခစ် ရယ်မောလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး “အစ်ကိုကြီး ၊ ရှောင်အန်းတို့ကို တွေ့သေးလား”
“သူတို့တွေ ပြည်နယ်အုပ်ချုပ်ရေးမှူး အိမ်တော်ကို သွားကူညီပေးနေကြတယ်၊ အပြင်ဘက်မှာ ပတ်သွားခဲ့ရတာဆိုတော့ သေသေချာချာ အနားမယူရသေးဘူးမလား၊ ရေချိုးဖို့ ရှောင်ယင်ကို နင့်အတွက် ရေနွေးတည်ခိုင်းလိုက်ပြီး အမောဖြေလိုက်ဦး၊ ငါတို့တွေ ဒီည ဒီမှာ ညစာအတူတူ စားကြမယ်”
ရှန်းကျင့် ခရီးထွက်သွားကတည်းက ရှန်းယင်နှင့် ရှန်းထျယ်တို့သည် စန်းလော့အိမ်တွင် မကြာမကြာ ထမင်းလာစားကြသည်။ ညီအစ်ကိုများက အခုတော့ နေသားကျနေပြီးဖြစ်ကာ ရှန်းကျင့်က စိတ်အေးသွားတော့သည်။ သူက မငြင်းလိုက်တော့ချေ။ “ကျေးဇူးတင်ပါတယ်၊ မကြီး”
သူက ပြောရင်းဆိုရင်း အားယောင်နှင့် ချန်ပေါင်တို့ကို သတိရသွားသည်။ သူတို့ကို ကျီစယ်ချင်သော်လည်း သူ့မကြီးက ကလေးများကို သူတို့အခန်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် ခေါ်ဝင်သွားသည်ကို သတိထားမိလိုက်၏။
ကလေးများက ရှန်းထျယ်၏လက်ထဲတွင် အစောကြီးကတည်းက အိပ်ပျော်သွားခဲ့တာ ဖြစ်ရမည်။ ရေက အခုလောလော အဆင်သင့်ဖြစ်သေးမည်မဟုတ်သဖြင့် သူက ရှန်းနဉ်ကို ကူညီကာ စာရေးကိရိယာများကို သိမ်းပေးလိုက်သည်။
...
တဖက်တွင် အဘွားရွှီသည် အိမ်ပြန်ရောက်လာပြီး ဝေ့လင်းကျန့်ကို တိုးတိုးတိတ်တိတ် ခေါ်ပြောလေသည်။ “အားနဉ်က ဘယ်လို သင်ကြားပေးရမယ်ဆိုတာ တကယ် သိတာပဲ၊ ဒီလိုအရည်အချင်းနဲ့ဆိုရင် သူတော့ နောက်တစ်နှစ်၊ နှစ်နှစ်နေရင် ပိုပြီး အသိအမှတ်ပြုခံလာရတော့မယ်”
အဘွားကြီးက အပြင်ဘက်တွင် စကားပြောနေကြသည့် ကလေးများကို လှမ်းကြည့်လိုက်၏။ ဝမ်ပေါ်က သက်တူရွယ်တူပင်။ သို့သော်လည်း သည်အတွေးတွင် သူမက ခေါင်းခါလိုက်လေသည်။ သူတို့သည် တော်ဝင်စာမေးပွဲကို ထူးထူးချွန်ချွန် မအောင်မြင်သ၍တော့ ရှန်းမိသားစုနှင့် လိုက်ဖက်နိုင်ရန် နည်းလမ်းမရှိချေ။ ရှန်းမိသားစုက အလွန်မှ မြန်မြန်ဆန်ဆန် တိုးတက်ခဲ့သည်ပင်။
အဘွားရွှီက ရှန်းနဉ်၏အရည်အချင်းများကို မြင်ခဲ့သည်။ သရှင်းရွာ၏ အနီးအနားရွာများတွင်လည်း ရှန်းအိမ်တွင် ကျောင်းတက်နေကြသည့် အလုပ်သမား မိသားစုများက ကလေးများသည် အခုတော့ သူတို့၏အတွေ့အကြုံများကို သူတို့မိဘနှင့် အဘိုးအဘွားများကို ပြန်ပြောနေကြသည်။
ချန်သရှန်နှင့် ကျိုးစန်းလန်တို့၏ ဝေစုများကို ရှန်းနဉ်က ရှင်းရှင်းလင်းလင်း ထုတ်မပြောခဲ့သော်လည်း လုအာ့လန်နှင့် ရွှီဝမ်ချင်းတို့၏ ဝေစုကိုတော့ ကြားခဲ့ကြသည်။
တစ်ယောက်က ငွေ၆၈၈ဝမ် ရရှိပြီး ကျန်တစ်ယောက်ကတော့ ၁,၀၀၀ကျော်သည်။
ကျောက်အိမ်တွင် ကျောက်အဘိုးနှင့် ကျောက်အဘွားတို့မှာ တအံ့တဩဖြင့် ပါးစပ်အဟောင်းဖြစ်နေကြပြီး သူတို့၏ပါးစပ်ကို ပြန်မပိတ်နိုင်ကြချေ။
“ဘယ်လောက်တယ်”
“၁,၁၁၈ဝမ်”
“နင်တို့ ကြားခဲ့တာ မှန်ရဲ့လား”
ကျောက်မောင်နှမနှစ်ယောက်လုံးက ရှေ့ဆင့်နောက်ဆင့် ခေါင်းညိတ်ပြသည်။
လူကြီးလင်မယားနှစ်ယောက်မှာ အကြည့်ချင်းဖလှယ်လိုက်ကြပြီး အဘွားက ချက်ချင်းဆိုသလို သူမ၏မြေးများဘက်သို့လှည့်ကာ သူတို့ကို သတိပေးလိုက်လေသည်။ “နင်တို့တွေ ဒီအကြောင်းကို အပြင်မှာ မပြောကြနဲ့နော်”
ကလေးမလေးကျောက်က ခေါင်းညိတ်ပြလိုက်ပြီး “သမီးနားလည်ပါတယ်၊ ဒီအကြောင်းကို အဘိုးနဲ့အဘွားကိုပဲ ပြောပြတာပါ”
အဘိုးကျောက်က ခေါင်းညိတ်ထောက်ခံလိုက်ပြီး “ဟုတ်တယ်၊ နင့်အဖေနဲ့ ဦလေး ၄ က သခင်မစန်းအတွက် အလုပ်လုပ်ပေးနေတာ၊ နင့်အမေနဲ့ အဒေါ်တွေကလည်း ခေါက်ဆွဲအလုပ်ရုံမှာ လုပ်နေတာ၊ နင်တို့မောင်နှမတွေကတောင် စာရေးတတ် ဖတ်တတ်နေပြီ- သခင်မစန်းက အရမ်းသဘောကောင်းပြီး နင်တို့ကို အိမ်မှာ စာသင်ခွင့်ပေးထားတာ၊ နင်တို့ ကြားသမျှ၊ မြင်သမျှကို အပြင်ဘက်မှာ လုံးဝလျှောက်မပြောရဘူးနော်”
ထို့နောက်တွင် သူက သူ့မြေးမလေးကို မေးလိုက်၏။ “နင် ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက ပြောခဲ့သေးတယ်နော်၊ နင်တို့ဆရာငယ်လေး နှစ်ယောက်လုံးက စီးပွားရေးလုပ်ငန်းမှာ အလုပ်သင်တွေ ဖြစ်လာပြီဆို ဟုတ်လား”
ကျောက်မောင်နှမက အတူတူ ခေါင်းညိတ်ပြလိုက်၏။
အဘိုးကျောက်က ခဏလောက် သေသေချာချာ စဉ်းစားလိုက်ပြီးမှ ပြောလိုက်လေသည်။ “နင်တို့နှစ်ယောက်လုံး ကြိုးစားမှဖြစ်မယ်နော်၊ စာဖတ်တတ်ပြီး၊ အတွက်အချက် လုပ်တတ်တာက လယ်ထွန်ရတာထက် ပိုကောင်းတယ်။ နင်တို့တွေ ဒီပညာရပ်တွေမှာ ကျွမ်းကျင်ထားပြီး နင်တို့ ကြီးလာတဲ့အခါ သခင်မစန်းရဲ့ ကုန်သည်ယာဉ်မှာဖြစ်ဖြစ် သူ့အလုပ်ရုံမှာဖြစ်ဖြစ် အလုပ်သင်အနေနဲ့ ဝင်လုပ်လို့ရလောက်တယ်”
မောင်နှမနှစ်ယောက်လုံး၏မျက်လုံးများက လင်းလက်သွားတော့သည်။
“သမီးတို့ စာလေ့လာတဲ့နေရာမှာ စိတ်နစ်ထားပါ့မယ်”
ကလေးနှစ်ယောက် ထွက်သွားသည်နှင့်ချက်ချင်း အဘိုးကျောက်က အချိန်တော်တော်ကြာအောင် စဉ်းစားလိုက်ပြီးနောက် သူ့မိန်းမကို မေးလိုက်၏။ “ငါတို့တွေ ငါတို့ကလေးကြီးတွေကိုလည်း အဲဒီကိုပို့ပြီး စာအရေးအဖတ်နဲ့ အတွက်အချက် သင်ခိုင်းလို့ရနိုင်မယ်လို့ မင်း ထင်လား၊ သူတို့တွေက အိမ်မှာဆို အများကြီး မသင်ယူနိုင်ဘူးလေ၊ လျို့ယာနဲ့ ရှောင်ကျိုတို့နောက်ကပဲ လိုက်နေရတာ၊ ဆရာတွေကတော့ ဒါတွေကို အများကြီး ပိုကောင်းအောင် ရှင်းပြနိုင်တာပေါ့”
တစ်နေ့လျှင် အကြမ်းဖျဉ်း ၂နာရီသာသင်ကြားရသည်။ ကလေးများက အလားအလာရှိကာ ကြီးပြင်းလာချိန်တွင် သူတို့သည် တစ်နေ့လျှင် တာဝန်များကို ပိုယူလာနိုင်ပေလိမ့်မည်။
ကျောက်အဘွားကလည်း ဆွဲဆောင်ခံလိုက်ရပြီး ချီတုံချတုံဖြင့် “အဲလိုဆိုရင် သင့်တော်မလား”
ရှန်းမိသားစုသည် ကျောင်းတစ်ကျောင်း ဖွင့်ထားခြင်းမဟုတ်။ သူတို့သည် တစ်နှစ်လျှင် ကျောင်းလခအဖြစ် ကြက်ငှက်နှင့် ဒေသထွက်ကုန်တစ်ချို့ကိုသာ လက်ခံကြသည်။
အဘိုးကျောက်က နည်းနည်းခွကျလှသည့်ဟု ခံစားရသော်လည်း စန်းလော့၏သဘောထားနှင့် သူ့အိမ်က သားလေးယောက်က ရှန်းမိသားစုအတွက် အလုပ်လုပ်ပေးနေသည်ကို ပြန်စဉ်းစားလိုက်ပြီး သူက သူ့မြေးများ၏အနာဂတ်အတွက် သတ္တိကို စုစည်းလိုက်ကာ အကြံပေးလိုက်လေသည်။ “မနက်ဖြန်ကျရင် အကြီးဆုံးသားကို ကြက်နှစ်ကောင်ယူသွားခိုင်းလိုက်ပြီး သခင်မကို မေးခိုင်းကြရင်ကော”
အဘွားကျောက်က သူမ၏ မီးဖိုချောင်ခါးစည်းကို လက်ဖြင့် သုတ်လိုက်ပြီး ပြောလိုက်၏။ “ကျွန်မ မနက်ဖြန် မနက်စောစော သွားကြည့်လိုက်ပါ့မယ်”
ထိုတူညီသည့်မြင်ကွင်းက ရှန်းမိသားစုအတွက် အလုပ်လုပ်ပေးနေသည့် တခြားအိမ်ထောင်စုနှစ်ခုတွင်လည်း ဖြစ်နေသည်။ သည်အခိုက်တွင် စန်းလော့သည် သရှင်းရွာထဲက စာသင်ခန်းငယ်လေးကို ထပ်ပြီး ချဲ့ထွင်ရတော့မည်ဟု မသိခဲ့ချေ။ အခုတော့ ကလေးတစ်ဖွဲ့က အိပ်မက်သစ်တစ်ခု ကိန်းအောင်းလာခဲ့သည်။ _ သရှင်းရွာအတွက် လေ့ကျင့်ပေးမည့် အလုပ်သင်လေးများ ဖြစ်လာဖို့ရန်ပင်။
...