လရောင်ရှုခင်း မီးတောက်
Vol. 24 Ch. 331
တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်က မြွေဖြူဝိညာဉ်ရဲ့ စိတ်ဝိညာဉ်သားရဲပင်…
အတန်ကြာမှ အန်လင်းက သူ့၏ အံ့အားသင့်ခြင်းမှ ပြန်လည် ကောင်းမွန်လာတော့သည်။
မြွေဖြူဝိညာဉ်က သူ့၏လက်ကို ဆွဲလိုက်ပြီးနောက် နန်းတော်၏ ဘေးရှိ အခန်းလေးဆီသို့ ဝင်သွားတော့သည်။
“ရှင်တို့က ယုံဖို့ခက်နေမယ်ဆိုတာ သိပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်မလည်း သိသိချင်းတုန်းက လန့်သွားခဲ့တာ။” မြွေဖြူဝိညာဉ်က အံ့ဩမှုကြောင့် အသက်ပင်မရှုနိုင်သော လူတိုင်းဆီသို့ ခပ်ဖွဖွပြုံးပြလိုက်၏။
အန်လင်းက သူ့ရှေ့ရှိ အမျိုးသမီးက မည်သူလဲဆိုတာကိုပင် မသိတော့ဘူးဟု ခံစားလိုက်ရသည်။ “အင်… စီနီယာ အဖြူရောင်၊ အဲ့တာဆိုရင် အစက ဘာလို့ စဦးကျင့်ကြံသူလို ဟန်ဆောင်ခဲ့တာလဲ။”
“အာ… စီနီယာ အဆိပ်သခင်၊ ကျေးဇူးပြုပြီး ကျွန်မကို အဲ့လိုမခေါ်ပါနဲ့။ ကျွန်မက မြွေဖြူဝိညာဉ် ဖြစ်နေတုန်းပါပဲ။” မြွေဖြူဝိညာဉ်က လျှင်မြန်စွာ ရှင်းပြလာ၏။ “အဲ့တာက ချင်လေးကို ကျွန်မက သူ့ရဲ့ ပိုင်ရှင့်အဖြစ် လက်ခံစေတဲ့ ကျွန်မကိုယ်ထဲက တစ်ခုသော သွေးအမှတ်အသားတစ်ခုကြောင့်ပါ။ ရှင်… ရှင်က ကျွန်မကို အခုကစပြီး ပိုင်လေးလို့ ခေါ်လို့ရပါတယ်။”
“အာ…” အန်လင်းက သူမကို စိုက်ကြည့်လိုက်ပြီး ရုတ်တရက် ပြောစရာ စကားများ ပျောက်ဆုံးသွားတော့သည်။ သူမကို ပိုင်လေးလို့ခေါ်ရမယ်...။ အဲ့တာဆို အနာဂတ်မှာ တပိုင်ရဲ့ကလေးတွေကို ဘယ်လို သွားခေါ်ရမှာလဲ...။ (တပိုင်က တက တရုတ်လိုဆို ကြီးသောလို့ အဓိပ္ပာယ်ရပါတယ်။ ဆိုတော့ ပိုင်ကြီးပေါ့နော်။ ပိုင်ကြီးရဲ့ကလေးတွေဆို ပိုင်လေး ဒါမှမဟုတ် ရှောင်ပိုင်လို့ခေါ်ကြတာပါ။)
“အို… မင်းက အဲ့ဒီ့ ဓားအင်မော်တယ် အန်လင်းလား။”
မြွေဖြူဝိညာဥ်၏ လက်မောင်းတွင် ပတ်နေသော တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်က အေးစက်သောလေသံဖြင့် မေးလာ၏။
အန်လင်းက ပြန်ဖြေရန် အခွင့်အရေး မရသေးခင်မှာပင် တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်၏ ဦးခေါင်းက မြွေဖြူဝိညာဉ်၏ အသာအယာပုတ်ခြင်းကို ခံလိုက်ရလေ၏။ “မရိုင်းရဘူးလေ ချင်လေး။ သူ့ကို စီနီယာ အဆိပ်သခင်လို့ ခေါ်ရမယ်လေ။”
“အို…” ပိုင်ချောင်က သိသိသာသာပင် မပျော်ရွှင်ပါသော်လည်း မြွေဖြူဝိညာဉ်၏ ခိုင်းစေမှုကို အရှုံးပေးလိုက်၏။ “စီနီယာ အဆိပ်သခင် ရှင်က ရှုမင်ကို သတ်နိုင်လောက်အောင် အစွမ်းထက်တာ သေချာရဲ့လား။”
တိုက်ပွဲနတ်ဘုရား ဇီယန်၏ နဖူးတွင် ချွေးစေးများ ထွက်စပြုလာတော့သည်။ သူက တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်က တစ်စုံတစ်ယောက်ကို ဤကဲ့သို့ လေးစားမှုအပြည့်နှင့် စကားပြောနေသည်ကို တစ်ခါမှ မမြင်ဖူးပါချေ။
အန်လင်းက ချီးကျူးခံရသည်မို့ ချက်ချင်းပင် သူ့၏ သွေးကြီးသော စိတ်ထားက ပြန်လည်ဖြစ်တည်လာတော့သည်။ “ကျွန်တော်က မင်းထင်သလောက်လဲ မကြီးကျယ်ပါဘူး။ နောက်ဆုံးမှာတော့ ကျွန်တော်က နည်းပညာရဲ့ စွမ်းအားကို အားကိုးလိုက်ရတာပါပဲ။”
သူ့၏ ပထမ စာကြောင်းမှာ အတော်လေး သာမန်ဖြစ်ပုံပေါ်သော်လည်း ထို့နောက်တွင်မူ သူ့ကိုယ်သူအနည်းငယ်မထိန်းချုပ်နိုင်ပုံပင်။ “တိုက်ပွဲနတ်ဘုရား ဇီယန်ကလည်း အဲ့အချိန်တုန်းက ဖြစ်ပွားရာနေရာမှာ ရှိနေတာလေ။ ကျွန်တော်က ရှင်းကျင်းတောင်ကို တစ်ချက်တည်းနဲ့ အမှုန့်ချေလိုက်ပြီးတော့ ရှုမင်ကိုသတ်လိုက်တာလေ။ ဒါပေမဲ့ ဇီယန်ကတော့ ဒဏ်ရာ အများအပြားရပြီး အသက်ရှင်ရက် ထွက်လာနိုင်တယ်လေ။ ဟင်း… ဇီယန်က သူ့ရဲ့အဆင့်ကို ရောက်အောင် အပြင်းအထန်ကြိုးစားပြီးတော့ ကျွန်တော့်ရဲ့ တိုက်ခိုက်မှုကနေ အသက်ရှင်ရက်ထွက်လာနိုင်တာကိုမြင်ပြီး သနားမိပါတယ်… အဲ့တာကြောင့် သူ့ကို သက်ညှာပေးဖို့ ဆုံးဖြတ်ခဲ့တာ။ နောက်ဆုံးမှာတော့ မင်းက ဘဝမှာ နောက်ကြောင်းပြန်မရတဲ့ ကိစ္စတွေ အကုန် မလုပ်သင့်ပါဘူး။ ငါက ငါ့အကြောင်းတွေ အများကြီး ပြောနေရင်းနဲ့ အတော်လေးကို ရှက်လာပြီ။”
ဇီယန်က ဒေါသကြောင့် နှာခေါင်းပင် ပွလာတော့မလိုဖြစ်လာပြီး အန်လင်း၏ အမေကို ကျိန်ဆဲလိုက်လေတော့သည်။ သူမက ရှုမင်ကို သတ်တဲ့အကြောင်းပြောနေတာလေ မင်းက ဘာလို့ ငါ့အကြောင်းကို ပြောနေရတာလဲ။
ပြီးတော့ ဘာလို့ စောက်ကျိုးနည်း နောက်ကြောင်းပြန်လှည့်မရတဲ့အကြောင်းကို ထပ်ပြောနေရတာလဲ။
စုရှောင်လန်နှင့် တခြားသူများက သူတို့မျက်လုံးများကို လှန်လိုက်လေ၏။ သူတို့သည် သူ့၏ အရေထူမှုကြောင့် ပြောစကားမဲ့စွာ ကြောင်ငေးနေကြတော့သည်။
သူက သူ့အကြောင်းတွေ အများကြီးပြောရင်းနဲ့ အတော်လေးရှက်လာပြီ ဟုတ်လား...။ ကြည့်ရတာတော့ သူက သေချာပေါက်ကို ရှက်တဲ့ပုံ မပေါ်ပါချေ။
တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်၏မျက်လုံးများက အန်လင်း၏စကားများကို ကြားပြီးနောက် အရောင်တောက်လာလေတော့သည်။ သူမက တိုက်ပွဲနတ်ဘုရား ရှုမင်၏ သေဆုံးခြင်းကို ကြားပြီးသော်လည်း တိုက်ပွဲနတ်ဘုရား ဇီယန်သည်လည်း ထိုနေရာတွင် ရှိနေသည်ဟူသော အချက်ကို သတိမထားမိပါပေ။ သူမကတိုက်ပွဲနတ်ဘုရားဇီယန်ကို အလေးအနက်အမူအရာဖြင့် ကြည့်လိုက်၏။
မြွေဖြူ ဝိညာဉ်က 'စီနီယာ အဆိပ်သခင်'၏ သမိုင်းဝင် အောင်မြင်မှုများကို ပြန်ပြောရင်း အန်လင်း၏ အစား အတော်ကြာအောင် ကြွားဝါနေခဲ့စဉ်မှာပင် အန်လင်းက နှိမ့်ချသော အမူအရာဖြင့် ဘေးထွက်ရပ်နေလေတော့သည်။
ထို့နောက်တွင်တော့ အန်လင်းက တခြားအဖွဲ့ဝင်များ အကြောင်းကို စုံစမ်းမေးမြန်းပြီးနောက် မြွေဖြူဝိညာဉ်၏ တုန့်ပြန်မှုတွင် အတော်လေး ကျေနပ်အားရနေတော့သည်။
လျှိုချင်ဟွမ်၊ ထန်ရှီမန်နှင့် ထျန်းလင်းလင်းတို့ အားလုံးမှာ ဤနေရာတွင် ဖြစ်သည်။
အင်ပါယာ နန်းတော်၏ အရာရာလွှမ်းခြုံ ရေကန်ငယ်အတွင်းတွင် လူသုံးယောက်က တင်ပျင်ခွေကာ ရေထဲတွင် ထိုင်နေကြ၏။
“အရာရာ လွှမ်းခြုံရေကန်မှာ ခန္ဓာကိုယ်နှင့် သတိတို့ကို ပြန်လည်သန့်စင်ပေးသော အာဏိသင်ရှိတယ်လေ။ အစ်မ လျှိုနဲ့ အစ်ကိုပိုင်တို့က ချင်လေးနဲ့ တိုက်ပွဲအတွင်းမှာ ဒဏ်ရာရထားကြတာ။ သူတို့က အခု အရာရာလွှမ်းခြုံ ရေကန်ထဲမှာ ပြန်ပြီး ကုသနေကြတယ်။ ထျန်းလင်းလင်းကလဲ ရေကန်ထဲမှာရေချိုးနေပြီးတော့ ထွက်လာဖို့ကို ငြင်းနေတယ်။” မြွေဖြူဝိညာဉ်က လမ်းလျှောက်ရင်း ရှင်းပြလေ၏။
အန်လင်းက သူမ၏ စကားလုံးများကို ခေါင်းငြိမ့်ပြလိုက်၏။ သူမ၏ပြောပြချက်အရ ထန်ရှီမန်နှင့် လျှိုချင်ဟွမ်တို့၏ တိုက်ပွဲနတ်ဘုရား ပိုင်ချောင်နှင့် ပထမဦးဆုံး တွေ့ဆုံချက်မှာ ကြမ်းတမ်းခဲ့ကြောင်း သိရပြီး နှစ်ဖက်စလုံးမှာ ထန်ရှီမန်နှင့် လျှိုချင်ဟွမ်တို့ သေလုနီးပါး အခြေအနေသို့ ကျရောက်စေသော တိုက်ပွဲကို တိုက်ခိုက်ကြတော့သည်။ ကံကောင်းထောက်မစွာပင် ထို့နောက်မှာတော့ မြွေဖြူဝိညာဉ်၏ သွေးအမှတ်အသားက အံ့ချီးလက်နက်၊ အဖြူရောင် အလင်းဖြာထွက် ပုတီးစေ့က တုံ့ပြန်လာပြီး ထိုနေရာ၌ပင် တိုက်ပွဲကို အဆုံးသတ်ကာ မြွေဖြူဝိညာဉ်ကို စိတ်ဝိညာဉ္သားရဲ အသစ်တစ်ကောင်ရရန် ခွင့်ပြုလာ၏။
တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်၏ ပြောစကားအရ မြွေဖြူဝိညာဉ်မှာ သူမတစ်ချိန်လုံး စောင့်ဆိုင်းနေသော သူဖြစ်လေ၏။
စိုးရိမ်ပုပန်မှု တစ်ခုက အန်လင်း၏ နှလုံးသားထဲတွင် ဖြစ်တည်လာ၏။ သူက သူ့၏ နောက်ဆုံး သင်္ချိုင်ဂူတူဖော်သည့်အဖြစ်အပျက်တွင် စုရှောင်လန်က အဓိက ဇာတ်ဆောင်ဖြစ်လာသည်ကို မတွေးမိပဲ မနေနိုင်ပါတော့ချေ။ ယခုတွင် မြွေဖြူဝိညာဉ်က တစ်ဖန် ထိုသို့ဖြစ်လာမည်လား။
မဖြစ်ပါချေ။ သူက တိုက်ခိုက်ရမည်။
ဆုံးဖြတ်ချက်ပြတ်သားသော အမူအရာက အန်လင်း၏ မျက်နှာပေါ်တွင် ပေါ်လာလေ၏။ သူက အံ့ချီးမီးတောက်များ အားလုံးက အရယူရမည်။
သူက မြွေဖြူဝိညာဉ်နှင့် ကျန်ရှိသော အသင်းအဖွဲ့ဝင်များ ရေချိုးနေကြသော အရာရာ လွှမ်းခြုံ ရေကန်ဆီသို့ လိုက်ခဲ့လေ၏။
သို့သော် သူ့၏မြင်ကွင်းက အစိမ်းရောင် ကျောက်စိမ်းနံရံတစ်ခုနှင့် တားမြစ်ခြင်းခံလိုက်ရသည်။ ထို့နောက် သူတို့မှာ အပြင်ထွက်လာသောအခါ ဝတ်စုံအပြည့် ဝတ်ဆင်ထားပြီးဖြစ်ရာ စိတ်ဝင်တစားကြည့်ရှုရန် မည်သည့်အရာမှ မရှိပါချေ။
“တောက်ဆရာအတု၊ နင်ကနောက်ဆုံးတော့ ရောက်လာခဲ့ပြီပေါ့။ နင်က အတော်လေး ကောင်းကောင်းမွန်မွန်ရှိနေတယ်လို့ ကြားပါတယ်။” ထျန်းလင်းလင်း၏ ဆံပင်များက ရေစက်များနှင့် တောက်ပနေဆဲဖြစ်ကာ အန်လင်းက ဖတ်ထားလိုက်လေတော့သည်။ ထို့နောက်တွင်မှ သူမက ပတ်ဝန်းကျင်တွင် လူအများကြီး ရှိနေသည်ကို တွေ့လိုက်ပြီး မလုံမလဲနှင့် သူမ၏ လက်များကို ပြန်ရုတ်လိုက်လေသည်။
“ဟုတ်တယ်။ ငါက အဆင်ပြေတယ်။ ငါက အိုရှင်းအင်ပါယာထဲက စွမ်းအားအကြီးဆုံး စစ်သည်ကို သတ်လိုက်တာပဲရှိတာပါ။ ထွေထွေထူးထူးမရှိဘူး။” အန်လင်းက သူမ၏ ရေစိုနေသော ဆံပင်များကို သပ်လိုက်လေ၏။
လျှိုချင်ဟွမ်နှင့် ထန်ရှီမန်တို့သည်လည်း ပေါ်ထွက်လာပြီး အသင်း၏ တခြားသူများကို မြင်သည့်အခါ အပြုံးတစ်ခုက သူတို့၏ မျက်နှာတွင် ပေါ်လာလေတော့သည်။
ဤမရင်းနှီးသော ကမ္ဘာကြီးတွင် သူတို့အဖွဲ့က နောက်ဆုံးတော့ ပြန်လည် ပေါင်းစည်းမိကြပြီ ဖြစ်ပြီး သူတို့က အချင်းချင်းစကားစမြည်ပြောရန် စိတ်အားထက်သန်နေလေတော့သည်။
အန်လင်းက အံ့ချီးမီးတောက်နှစ်ခုကို မည်သို့ မျိုချလိုက်သည်ကို ကြားသောအခါ လူတိုင်းက အံ့အားသင့်ကာ တိတ်ဆိတ်သွားကြသည်။
လျှိုချင်ဟွမ်က နောက်ဆုံးတွင်တော့ ဂိမ်းများအပြင် စိတ်ဝင်စားမှုတစ်ခုရှိလာပြီး အံ့ချီးမီးတောက်က မည်သည့်အရသာရှိသလဲဆိုသည်ကို မေးမြန်းလာခဲ့တော့သည်။
အန်လင်းက သူ့၏ ဝိညာဉ်ဖက်ကို တွေ့ရသကဲ့သို့ ခံစားလိုက်ရပြီး အံ့ချီးမီးတောက်နှစ်ခု၏ မတူညီသောအရသာများအကြောင်းကို ရေပတ်မဝင်ပြောလာတော့သည်။
ထို့ကြောင့် လူတိုင်းက ကြယ်မိစ္ဆာမီးတောက်မှာ စတော်ဘယ်ရီနှင့် အရသာတူပြီး မြင့်မြတ်သန့်စင် မီးတောက်ကတော့ အစပ်လိပ်နှင့်တူသည်ဟူသော သဘောတရားနှင့် ရင်းနှီးကျွမ်းဝင်လာကြတော့သည်။
အန်လင်း၏ စကားလုံးများက တိုက်ပွဲနတ်ဘုရား ဇီယန်၏နှလုံးသားကို အဆက်မပြတ် ထိုးနှက်နေလေတော့၏။ သူက မြင့်မြတ်သန့်စင်မီးတောက်က အစပ်လိပ်နှင့် အရသာတူသည် ဆိုသည်ကို မသိရသနည်း။ သူ့နှလုံးသားက အေးစက်လာကာ သူလုပ်ချင်သည်မှာတော့ ထွက်သွားရန်သာဖြစ်သည်။
ထို့နောက် အန်လင်းက သူနှင့်ခွဲထွက်သွားသည်မို့ သူ၏ ဆန္ဒမှာ ခွင့်ပြုခြင်းခံလိုက်ရတော့သည်။
ကျန်ရစ်သော အဖွဲ့ဝင်များအားလုံးသည် အရာရာ လွှမ်းခြုံ ရေကန်ကို စိတ်ဝင်စားနေကြပြီး ထိုနေရာတွင် ရက်အနည်းငယ်ထပ်ပြီး ရေချိုးချင်နေကြ၏။ ထို့ကြောင့် အန်လင်းက လရောင်ရှုခင်း မီးတောက်ကို ရှာဖွေရန် တိုက်ပွဲနတ်ဘုရား ဇီယန်ကို ဆွဲခေါ်လာတော့သည်။
ပင်လယ်ပြာက ပေးဟောင်အင်ပါယာနှင့် မြွေဝိညာဉ်အင်ပါယာတို့ကြားရှိ ပင်လယ်ပြင်ပင်ဖြစ်သည်။
ပင်လယ်က ကျယ်ပြောပြီး အကန့်အသတ်မရှိကာ မြင်ကွင်း၌အဆုံးမရှိပေ။
ပင်လယ်၏ မျက်နှာပြင်တွင် ကြီးမားသော ကျွန်းကြီးက ပေါ်လောပေါနေ၏။
ကျွန်းကြီးမှာ ပင်လယ်လိပ်ကြီးတစ်ကောင်၏ ပုံသဏ္ဍာန်ရှိ၏။ ထို့ကြောင့်ပင် ပင်လယ်လိပ်ဘီလူးကျွန်းဟု အမည်တွင်ခြင်းပင်။
“အို… ဒီကျွန်းက အတော်လေး လှတာပဲ။ အဲ့တာဆို လရောင်ရှုခင်းမီးတောက်က ဒီကျွန်းရဲ့အောက်ခြေက သမုဒ္ဒရာကြမ်းပြင်မှာ ရှိရမှာပေါ့ ဟုတ်လား။” အန်လင်းက မေးလာ၏။
တိုက်ပွဲနတ်ဘုရား ဇီယန်က ခေါင်းငြိမ့်ပြလာပြီး “ဟုတ်တယ်။ လရောင်က ပင်လယ်ပြင်ရဲ့ အဲ့ဒီ့အပိုင်းကို တောက်ပ လာတဲ့အချိန် အဲ့တာပေါ်လာဖို့ အခွင့်အရေးတစ်ခုတည်းရှိတယ်။”
“အို… အဲ့တာဆို ကိုယ်ရေးကိုယ်တာဘက်ကို နည်းနည်းသွားရအောင်။ ငါကတော့ အဲ့တာဘာအရသာလဲ သိချင်တယ်။” အန်လင်းက အနည်းငယ် စိတ်လှုပ်ရှားစပြုလာလေပြီ။
တိုက်ပွဲနတ်ဘုရား ဇီယန် : “...”
“မင်းက ဘာဖြစ်လို အံ့ချီးမီးတောက်တွေအများကြီး မျိုလို့ရနေတာလဲဆိုတာ ငါတကယ်နားမလည်ဘူး။ ငါသာအဲ့လိုလုပ်မယ်ဆိုရင် ငါ့ခန္ဓာကိုယ်က လက္ခဏာပြလိမ့်မယ်ထင်တယ်။ အဲ့တာတင်မကသေးဘူး မင်းက မီးတောက်တွေကိုလဲ အရသာခံနိုင်သေးတယ်…” တိုက်ပွဲနတ်ဘုရား ဇီယန်က မနေနိုင်ပဲ သူ့အတွေ့တွေကို ထုတ်ပြောလာခဲ့သည်။
အန်လင်းက ထိုသည်ကို သူ့အားဖုံးကွယ်မထားပါ။ “ဟိဟိ… မင်း မီးတောက်မန္တန်ဆိုတာကို ကြားဖူးလား။” (မီးတောက် မန္တန်ဆိုတာက ရှေ့ကပြောတဲ့ ရှောင်ယန်က မီးတောက်တွေကို စုတ်ယူဖို့သုံးတဲ့ ကျင့်ကြံခြင်း နည်းလမ်းပါ။)
“မီးတောက် မန္တန်…” တိုက်ပွဲနတ်ဘုရားဇီယန်က စိတ်ရှုပ်ထွေးစွာ မျက်တောင် ခတ်လာတော့သည်။
“အဲ့တာက ထိုက်ချူကုန်းမြေကြီးပေါ်က အတော်လေးကို ရှေးကျတဲ့ ကျင့်ကြံခြင်းနည်းလမ်းလေ။ သူက ကျင့်ကြံသူတွေကို မီးတောက်အမျိုးမျိုးကို မျိုချပြီး ကျင့်ကြံခြင်းအခြေခံ တိုးတက်လာစေနိုင်တယ်လေ။ ကျင့်ကြံခြင်းက အစွန်ရောက်လာတဲ့အခါ အံ့ချီးမီးတောက်အမြောက်အများကို ပေါင်းပြီးတော့ ကမ္ဘာမြေတုန်လှုပ်စေနိုင်တဲ့ နည်းလမ်းတစ်ခု ဖန်တီးပေးတယ်။” အန်လင်းက ဆန်းကြယ်စွာ ပြောလာ၏။
တိုက်ပွဲနတ်ဘုရား ဇီယန်က အံ့ဩတကြီး မျက်လုံးပြူးနေလေတော့သည်။
“ဟုတ်ပြီ။ လရောင်ရှုခင်း မီးတောက်ကို မရှာခင် ကျွန်းပတ်ပတ်လည်ကို လျှောက်ကြည့်ပြီးတော့ ညအချိန်ကို စောင့်ကြရအောင်။” အန်လင်းက ထိုအကြောင်းကို အသေးစိတ် ထပ်မံမပြောပြတော့ပဲ ဇီယန်၏ပုခုံးကို ပုတ်ကာ ပင်လယ်လိပ်ဘီလူးကျွန်းဆီသို့ အမူအရာမဲ့ ဆင်းသက်သွားတော့သည်။
တိုက်ပွဲနတ်ဘုရား ဇီယန်က သူ့၏ ကမ္ဘာကြီးက အန်လင်း၏ စကားလုံးများကြောင့် ပြောင်းပြန်လှန်ခံလိုက်ရပြီး ထုံထုံအအနှင့် အတူလိုက်လာလေတော့သည်။
မီးတောက် မန္တန်…
သူတို့၏ ကမ္ဘာကြီးက တကယ့်ကို ကြီးမားလှသည်။ ထိုကဲ့သို့ အစွမ်းထက်သော ကျင့်ကြံခြင်း နည်းလမ်း ရှိလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။
ထိုသည်က သူ့၏ ကိုယ်ပိုင်ကမ္ဘာ အကျဉ်းထောင်ကြီးမှ လွတ်မြောက်ရန်နှင့် တခြားကမ္ဘာသစ်တစ်ခုကို ခရီးသွားရန် သူ့၏ ဆုံးဖြတ်ချက်ကို ပို၍ပင် ခိုင်မာစေပါတော့သည်။
***