← Chapters

ငါ့ရဲ့ သရုပ်ဆောင် စွမ်းရည်က နတ်ဘုရားလိုပဲ 

Vol. 24 Ch. 332

ငါ့ရဲ့ သရုပ်ဆောင် စွမ်းရည်က နတ်ဘုရားလိုပဲ 

Vol. 24 Ch. 332

အပြာရောင် အတောင်ပံနှင့် နဂါးတစ်ကောင်က ပင်လယ်လိပ်ဘီလူးကျွန်းပေါ်တွင် ပျံသန်းနေပြီး အပင်များ အမြစ်မှ ကျွတ်ထွက်စေနိုင်သော လေပြင်းများ ဖြစ်ပေါ်နေစေ၏။

“ပြင်းထန် ကောင်းကင် မီးတောက်…”

ရွှေရောင် မီးတောက်များက နဂါးဆီသို့ အသံကြီး တစ်ခုနှင့် တိုးဝင်သွား၏။

မီးတောက်များမှာ တိုက်ပွဲဧကရာဇ် အဆင့် နဂါးအတွက်ပင် တုံ့ပြန်ရန် အလွန်လျှင်မြန်နေပြီး ချက်ချင်းပင် ရွှေရောင် မီးတောက်ပင်လယ်ကြီးထဲတွင် ဝါးမျိုခြင်းခံလိုက်ရလေသည်။

ဘုန်း…

မီးတောက်က ကြောက်လန့်ဖွယ်ရာ အပူရှိန်ကြီးနှင့် ပေါက်ကွဲသွားပြီး မီးပန်းများက ရေပန်းသဖွယ် ကျဆင်းလာ၏။

နဂါး ကောင်လုံးကင်သည် အလွန်အမင်းတန်ဖိုးကြီးပြီး ဆွဲမက်စရာကောင်းစွာ ကောင်းကင်ထက်မှ ပြုတ်ကျလာ၏။

“တိုက်ပွဲနတ်ဘုရား ဇီယန်၊ မျှော်လင့်ထားတဲ့အတိုင်းပဲ မင်းရဲ့ မီးတောက် နည်းလမ်းက အရင်းတုန်းကလိုပဲ အစွမ်းထက်တုန်းပဲနော်။” အန်လင်းက အပြုံးလေးနှင့် ချီးကျူးလိုက်ပြီး နဂါးကင်ကို သူ့ဆီသို့ ဆွဲလိုက်လေ၏။

တိုက်ပွဲနတ်ဘုရား ဇီယန်က စကားမပြောချင်ပါပေ။ ထိုအစား သူက အန်လင်းကို ဒေါသဖြင့် စိုက်ကြည့်နေတော့သည်။

သူသည် မီးအမျိုးအစား မန္တန်ကို အသုံးပြုရသည်ကို ကျင့်သားရနေပြီဖြစ်သော်လည်း သူက မန္တန်နည်းလမ်းကို ထုတ်လွှတ်သည့်အခါ အံ့ချီးမီးတောက်ရှိနေသေးသကဲ့သို့သာ ဟန်ဆောင်နေရ၏။ မည်သူကများ သူ့၏ နာကျင်မှုကို နားလည်မည်နည်း။

အန်လင်းက မီးကင်ထားသော နဂါးကောင်လုံးကင်အား သူတို့ဆီဆွဲလာသည်ကို ကြည့်ရင်း နှုတ်ခမ်းသတ်နေလေတော့သည်။ သူက ကျန်းချီကုန်းမြေပေါ်ရှိ အစားအစားကို အလွန်အမင်း စိတ်ဝင်စားနေပြီး မကြာမီတွင် တိုက်ပွဲဧကရာဇ် အဆင့်သားရဲကို အရသာခံရန် စောင့်မျှော်နေလေတော့သည်။

“လာလေ အတူစားကြရအောင်။”

သူက နဂါး တောင်ပံတစ်ခုကို ဖဲ့လိုက်ပြီး စားနေရင်း လက်ကို ဆန့်တန်းပြီး ဖိတ်ခေါ်လိုက်၏။

နဂါးသည် အထူးကောင်းမွန်သော အရသာနှင့် ကြွပ်ရွသော အရေပြား၊ အရည်ရွမ်းပြီး ပျော့ပြောင်းသော အသားတို့၏ အထိအတွေ့ရှိ၏။ အသားကိုယ်တိုင်ကပင် ချိုမြိန်သောအရသာရှိကာ အန်လင်းက ချက်ချင်းပင် နှစ်ခြိုက်သွားတော့သည်။

တိုက်ပွဲနတ်ဘုရား ဇီယန်သည်လည်း စာသောက်ပွဲတွင် ဝင်ရောက်လာပြီး နဂါး၏ ပေါင်တစ်ချောင်းကို စားလိုက်၏။

တိုက်ပွဲဧကရာဇ်အဆင့် သားရဲများမှာ ကျန်းချီကုန်းမြေကြီး တစ်ခုလုံးတွင်ပင် အလွန်ရှားပါးလေရာ အလွန်ပင် အရသာရှိလှသည်။

နေမင်းသည် တဖြည်းဖြည်းဝင်ရိုးစွန်းသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီး ကောင်းကင်တွင် တောက်ပသောလမင်းကြီးက အစားဝင်ရောက်လာသည်။

ပင်လယ်လိပ်ဘီလူးကျွန်းမှာ များစွာ ပိုမိုတိတ်ဆိတ်လာပြီး အနီးနားရှိ ရေလှိုင်းရိုက်ခတ်သံများသာ ကြားနိုင်ပေတော့သည်။

အန်လင်းက လမင်းကြီးကို မော့ကြည့်လိုက်သောအခါ အဖြူရောင် အလင်းဖောက်နေပြီး အေးမြသော အလင်းများထုတ်လွှတ်နေတော့သည်။

လမင်းကြီးက လွန်ခဲ့သော ရက်အနည်းငယ်ကနနှင့် တစ်ပုံစံတည်းပင်ဖြစ်ကာ တစ်ချိန်လုံး လုံးဝန်းနေခဲ့တာဖြစ်သည်။

“ပင်လယ်ထဲကို ဆင်းကြရအောင်။” တိုက်ပွဲနတ်ဘုရား ဇီယန်က ရုတ်တရက် ပြောလာခဲ့၏။

အန်လင်းက ခေါင်းငြိမ့်ပြကာ “ဦးဆောင် လမ်းပြပေးပါအုံး။”

ဗွမ်း…

သူတို့နှစ်ဦးက ပင်လယ်ထဲသို့ ခုန်ဆင်းလာပြီး သူတို့ပတ်ဝန်းကျင်တွင် လှိုင်းဂယက်ငယ်များ ဖြစ်ပေါ်စေတော့၏။

တိုက်ပွဲနတ်ဘုရားဇီယန်က ကို့ယိုးကားယားနိုင်သော ဝက်တစ်ကောင်ကဲ့သို့ ပင်လယ်ထဲတွင် ရေငုတ်ကာ သူ့ပတ်ဝန်းကျင်မှ ရေများကို ဖိတ်စင်စေတော့၏။

နှိုင်းယှဉ်ကြည့်ပါက အန်လင်းသည် တင့်တယ်သော အိုလံပစ် ရေငုပ်သမားတစ်ဦးကဲ့သို့ ရေထဲတွင် သေးငယ်သော ရေစက်များနှင့် ပျောက်ကွယ်သွားတော့သည်။

“လရောင်ရှုခင်း မီးတောက်ရဲ့ အရောင်က အပြာရောင်ဖြစ်ပြီးတော့ သူက ပေါ်လာတာနဲ့ ချက်ချင်းပဲ ပြန်ပျောက်သွားတာ။ အဲ့တော့ မင်းက မြန်မြန်လေး မျိုချလိုက်။” တိုက်ပွဲနတ်ဘုရား ဇီယန်က သတိပေးလာ၏။

သူသည် အန်လင်းကို မီးတောက်က ယဉ်ပါးစေရန် အလွန်ခက်ခဲသည်ဆိုတာကို သတိပေးချင်သော်လည်း အန်လင်းက သူ့၏ မြင့်မြတ်သန့်စင် မီးတောက်ကို မျိုချသည့် မြင်ကွင်းကို ပြန်သတိရပြီး သူ့စကားများကို ပြန်လည် မျိုချလိုက်လေသည်။

အန်လင်းက သူ့ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ အနက်ရောင်ပိန်းပိန်းကိုသာ တွေ့ရလေ၏။ ဤကဲ့သို့ မှောင်မဲသော ပတ်ဝန်းကျင်တွင် မီးတောက်က အလွန်အမင်း မြင်သာထင်သာရှိမည်ဖြစ်သည်။

ရုတ်တရက် သူတို့၏ အကြည့်များကို အဝေးမှ တစ်စုံတစ်ရာက ဆွဲဆောင်လိုက်၏။

ကြီးမားသော အပြာရောင် အလင်းရောင်လေးတစ်ကွက်က အလွန်အမင်း တောက်ပနေကာ မြင်သာထင်သာနှင့် အမှောင်ထုကို ဖြတ်၍ တည်ရှိနေလေ၏။

“သွားစို့...”

အန်လင်းနှင့် တိုက်ပွဲနတ်ဘုရား ဇီယန်က အပြာအလင်းဆီသို့ တုန့်ဆိုင်းခြင်းမရှိပဲ တစ်ဟုန်ထိုး တိုးဝင်သွား၏။

အလင်းပြာလေးက သူတို့တည်ရှိနေမှုကို သတိထားမိပြီး ချက်ချင်းပင် မှိန်ဖြော့သွားတော့သည်။

ဘုန်း…

အန်လင်းနှင့် တိုက်ပွဲနတ်ဘုရား ဇီယန် ရောက်ရှိသောအခါ မကြာမီပင် အမှောင်ထု၏ ဝါးမြိုခြင်းခံနေရသော ခပ်မှိန်မှိန် အလင်းပြာ အကြွင်းအကျန်လေးသာ ရှိတော့၏။

“ဘုရားသခင်… အဲ့တာက တကယ်ကြီး သတိတောင်မပေးပဲ ပျောက်သွားတာပဲ။” အန်လင်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း အလင်းပြာလေး၏ သဲလွန်စကို မရှာနိုင်တော့ပါချေ။ ထိုသည်မှာ အမှန်တကယ်ပင် လေထုပါးပါးလေးနှင့် ဖွဲ့စည်းထားသကဲ့သို့ ပေါ်လာပြီး လေထဲသို့ ပျောက်ကွယ်သွားတော့သည်။

တိုက်ပွဲနတ်ဘုရားဇီယန်က စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းချလိုက်၏။ “လရောင်ရှုခင်းမီးတောက်က ပင်လယ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ သူက သူ့စိတ်ကြိုက် ပေါ်နိုင် ပျောက်နိုင်တယ်။ တိုက်ပွဲနတ်ဘုရား ရှုမင်က အတိတ်တုန်းက အဲ့တာကိုဖမ်းဖို့ အကြိမ်ပေါင်းရာချီအောင် ကြိုးစားဖူးတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး…”

အန်လင်းက အနည်းငယ်ပင် စိတ်ပျက် အားလျော့ခြင်းမရှိပါပေ။ ထိုအစား သူက ပတ်ဝန်းကျင်ကို ပိုပြီး စူးစိုက်ကြည့်လာတော့သည်။

အပြာရောင် မီးတောက်လက်ဝါးလေးတစ်ခုက အန်လင်း၏ ဘေးတွင်ပေါ်လာပြီး သူ့ဆီသို့ သိသိသာသာအရှိန်ဖြင့် တိုးဝင်လာ၏။

အန်လင်းက ချက်ချင်းပင် တုံ့ပြန်လိုက်ပြီး သူ့၏ စစ်မှန်မီးတောက်၏တောင်ပံ ကျင့်ကြံခြင်းနည်းလမ်းကို အသက်သွင်းလိုက်ပြီး တုန့်ဆိုင်းမှုမရှိပဲ ပါးစပ်ဖွင့်လိုက်၏။

ဘုန်း…

“ဂလု…”

မီးတောက်များက ပင်လယ်ဆားငန်ရေ ပါးစပ်အပြည့်နှင့်အတူ မျိုချခြင်းခံလိုက်ရသည်။

“အဟွတ်… အဟွတ်… ငလူး။ အရသာက…” အန်လင်းက သူ့၏ အစာအိမ်ကိုဆုတ်ကိုင်းရင် ရေရွတ်လိုက်တော့သည်။

တိုက်ပွဲနတ်ဘုရား ဇီယန်က မတော်တဆ တစ်ခုဖြစ်သွားသည်ဟု ထင်ကာသူ့ဘေးသို့ လျှင်မြန်စွာ ရောက်လာ၏။ “ဘာဖြစ်တာလဲ။ မင်း အဆင်ပြေရဲ့လား။”

“မီးတောက်က ရေခဲမုန့်လို ချိုပါတယ်။ ဒါပေမဲ့ ပင်လယ်ရေတွေက အချက်အပြုတ်စွမ်းရည်ကို နှောက်နှေးစေတယ်။” အန်လင်းက မကျေမနပ် ငြီးတွားလာ၏။

တိုက်ပွဲနတ်ဘုရား ဇီယန် : “...”

ဇီယန်သည် အန်လင်းနှင့် သူ့၏ ဇဝနဉာဏ် အစွန်ဆုံးသို့ရောက်နေပြီဖြစ်သည်။ တခြားလူတိုင်းက အံ့ချီးမီးတောက်များသည် မည်မျှကြောက်စရာကောင်းပြီး မည်မျှ အစွမ်းထက်သည်ကို ပြောဆိုနေကြချိန်တွင် အန်လင်းသည်တော့ သူတို့၏ အရသာကို အကဲဖြတ်ရန်သာ အာရုံစိုက်နေပေ၏။ သူက ဤငတုံးကောင်ကို မည်သို့စကားပြောရမည်နည်း။

ပြီးတော့… ရေခဲမုန့်ဆိုတာက ဘာကြီးလဲ။

“လရောင်ရှုခင်းမီးတောက်က သူ့ရဲ့ ကိုယ်ပိုင်ဆန္ဒနဲ့ တိုက်ခိုက်နိုင်ဖို့က အတော်လေးစိတ်ဝင်စားစရာပဲ။ သူရဲ့ မူလရင်းမြစ်က ဘယ်မှာလဲဆိုတာ ငါသိချင်တယ်…” အန်လင်းက စိတ်လှုပ်ရှားစွာ သူ့ကိုယ်သူရေရွတ်နေ၏။

ဇီယန်က ခေါင်းခါလိုက်ပြီး “အံ့ချီး မီးတောက်တွေမှာ အသိဉာဏ် အများကြီး မရှိကြဘူး။ အဲ့တိုက်ခိုက်မှုက သဘာဝအလျောက် တုံ့ပြန်မှုပဲ ဖြစ်မယ်။ သူက အစကတော့ မင်းနောက်ကို လိုက်ချင်လိုက်နိုင်ပေမဲ့ မင်းက စွမ်းအားအရမ်းကြီးတဲ့ပုံပေါ်ရင်တော့ ကြောက်ပြီး ပုန်းနေလိမ့်မယ်…”

“အဲ့တာဆိုရင် မင်းပြောချင်တာက ငါတို့က အရင်ဆုံးသူ့ကို လုံခြုံမှုအာရုံ အတုပေးပြီးတော့ ဆွဲဆောင်ရမယ်လို့လား။” အန်လင်း၏ မျက်လုံးများက အရောင်တောက်လာတော့သည်။

ဇီယန်က ခေါင်းငြိမ့်ပြလေ၏။ “ဟုတ်တယ်။ ဒါပေမဲ့ မင်းက မင်းကိုယ်မင်း အရမ်းအားနည်းတဲ့ပုံလဲ လုပ်လို့မရဘူး။ မင်းက ကိုယ့်ကိုယ်ကို လရောင်ရှုခင်း မီးတောက်က သူ့ရဲ့အရင်းအမြစ်ကိုဖော်ပြပြီး သူ့ရဲ့စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုကို ပြုလုပ်လာဖို့အတွက် လုံလောက်အောင် သန်မာချင်ယောင် ဆောင်ရမှာ။ အဲ့တာဆို မင်း တစ်ခုလုံးကို မျိုလို့ရပြီ။”

“အို… အဲ့တာဆို ငါ့ရဲ့ သရုပ်ဆောင် စွမ်းရည်ကို စမ်းသပ်တာပေါ့… ဟမ်။ စိတ်မပူပါနဲ့။ ငါက အရည်အချင်းရှိ ပရိုတစ်ယောက်ပါ။” အန်လင်းက ယုံကြည်ချက်ရှိရှိရယ်လိုက်၏။

လရောင်ရှုခင်းမီးတောက်က အလွန်အမင်း ပိုင်နက်ပိုင်းခြားလိုဟန် ပုံပေါက်ကာ ဒုတိယအကြိမ် တိုက်ခိုက်မှု စတင်လာတော့သည်။

ဘုန်း…

ဤတစ်ကြိမ်တွင်တော့ ဆယ်ဆပိုပိုကြီးမားသည့် အပြာရောင် လက်သီးဆုပ်ကြီးပင်။

အန်လင်းက သူ့ရဲ့ စစ်မှန်မီးတောက်၏တောင်ပံ ကျင့်ကြံခြင်းနည်းလမ်းကို အသက်မသွင်းပါပေ။ ထိုအစား သူက လက်သီးကြီးကို သူ့၏လက်သီးဖြင့် ပြန်ရိုက်ရန် ရွေးချယ်လိုက်၏။

လက်သီးများက တိုက်မိသွားတော့သည်။

ဘုန်း ဘုန်း ဘုန်း…

ပေါက်ကွဲသောစွမ်းအင်များက အပြင်ဘက်သို့ ဖြာထွက်လာပြီး သူတို့ ပတ်ဝန်းကျင်မှ ပင်လယ်ရေများကို အပြင်းအထန် လှုပ်ရှားစေတော့၏။

အပြာရောင် မီးတောက်က အန်လင်း၏ လက်နှင့်တိုက်မိပြီး သူ့လက်မောင်းတစ်လျှောက် ကြက်သီးများက ထိုးဖောက်လာ၏။ သို့သော်လည်း သူ့လက်သီး၏ အရေပြားမှာ သိသိသာသာပင် အနီရောင် လောင်ကျွမ်းနေလေ၏။

ပေါက်ကွဲခြင်း နောက်ဆက်တွဲ အင်အားက အန်လင်းကို နောက်သို့ ပြန်ဆုတ်ပြီး သူအလိုရှိသကဲ့သို့ နာနာကျင်ကျင် အော်ဟစ်လေတော့သည်။

တိုက်ပွဲနတ်ဘုရား ဇီယန်သည် အပြာရောင် မီးလက်သီးကြီးနှင့် အထုခံရသော်လည်း သူ့၏ သရုပ်ဆောင် စွမ်းအင်မှာ အလွန်ဆိုးဝါးလှ၏။ သူက အန်လင်းကို အတုယူရန်ကြိုးစားပြီး နာနာကျင်ကျင်အော်ဟစ်လေသော်လည်း သူက သိသိသာသာပင် အလွန်အမင်းပြုလုပ်နေပုံပေါ်၏။ ကြိုးစားမှုအတွက် ဆယ်မှတ်။ အကောင်အထည်ပေါ်ခြင်းအတွက် အမှတ်သုညပင်။

သူတို့၏ နာကျင်မှုများက လရောင်ရှုခင်းမီးတောက်၏ ယုံကြည်မှုကို စတိုးစေလိုက်ပုံပေါ်ကာ စွမ်းအင်များက သူတို့ပတ်ပတ်လည်တွင် ဆူပွက်စပြုလာတော့သည်။

အရွယ်အားဖြင့် ပေသုံးဆယ်စီလောက်ကြီးသော မီးတောက်လက်သီးကြီးရာချီက အန်လင်းနှင့် တိုက်ပွဲနတ်ဘုရား ဇီယန်ဆီသို့ အပြာရောင် ဥက္ကာပျံများ မိုးရွာချသကဲ့သို့ တဟုန်ထိုးတိုက်ခိုက်လာလေတော့သည်။

မီးတောက် ဥက္ကာပျံ လက်သီး…

အန်လင်းက သူ့အပေါ်ရှိ သိပ်သည်းသော မီးတောက်လက်သီး အစုအဝေးကို ကြည့်ရင်း ကြက်သီးထလာတော့သည်။ သူက လရောင်ရှုခင်း မီးတောက်က မည်မျှ အစွမ်းထက်သည် ဆိုသည်အား အလွန်အမင်း အံ့ဩသွားတော့၏။

ဘုန်း…

အပြာရောင် မီးတောက်လက်သီး ရာချီက အန်လင်းကိုယ်ပေါ်သို့ ကျရောက်လာပြီး အန်လင်းကို နာကျင်မှုကြောင့် မျက်နှာရှုံ့သွားသော ပမာဏအထိ ဝေဒနာနှင့် အော်မြည်သံကို ပြုလုပ်စေသည်။

လက်သီးများက ကြောက်မက်ဖွယ်စွမ်းအင်နှင့် ကြက်သီးထဖွယ် မီးတောက်များဖြင့် သိပ်သည်းသော မိုးစက်များအသွင် တစ်ဟုန်ထိုး တိုက်ခိုက်လာ၏…

အန်လင်းက အပြည့်အဝ လွှမ်းမိုးခံနေရပြီး ကမန်းကတန်း တပ်ဆုတ်ရန် တွန်းအားပေးခံနေရတော့သည်။

စောက်ကျိုးနည်း… သန်မာလွန်းတယ်…

တိုက်ပွဲနတ်ဘုရား ဇီယန်သည် သူက မီးတောက်များကြောင့် တပ်ဆုပ်နေရသည်မို့ အန်လင်းကို လေးစားမှုဖြင့် ကြည့်ရှုလာတော့သည်။

ဓားအင်မော်တယ် အန်လင်းရဲ့ သရုပ်ဆောင် စွမ်းရည်တွေက တကယ့်ကို နတ်ဘုရားကဲ့သို့ပင်။ နာကျင်နေသော အမူအရာနှင့် ခန္ဓာကိုယ် တွန့်လိမ်နေသည်ကို ကြည့်ပါအုံး…။ ကျွတ်၊ ဘယ်လောက်တောင် ထိတ်လန့်စရာကောင်းအောင် သဘာဝကျလိုက်သလဲ။ သူက ထိုကဲ့သို့ နတ်ဘုရား ကဲ့သို့ စွမ်းရည်ကို မနှိုင်းယှဉ်နိုင်ပါပေ။

အန်လင်းက မျက်ရည်များ ပြည့်နေလေတော့သည်။ ထိုသည်မှာ သရုပ်ဆောင်ခြင်း မဟုတ်တော့ပါပေ။ ဤသည်မှာ စစ်မှန်သော သရုပ်ပြမှုပင်။

မီးတောက်က ပင်လယ်ရေကို တိုးဝှေ့ပြီး အန်လင်းနှင့် တိုက်ပွဲနတ်ဘုရား ဇီယန်ကို သူတို့၏ နောက်ခြေကို အားပြုရန် တွန်းအားပေးလာ၏။ သူတို့က ခေါင်းမာသော ပိုးဟပ်များ သူတို့အပေါ်သို့ ရေလောင်းချလိုက်ပါက တိုက်ခိုက်သကဲ့သို့သာ တောင့်ထားနိုင်ပေတော့သည်။

လရောင်ရှုခင်းမီးတောက်က ပိုမို စိတ်ဆိုးလာပုံပေါက်ကာ တိုက်ခိုက်လာပြီး ရေများပင် သူ့၏ စွမ်းအင်ကြောင့် ဆူပွက်လာတော့သည်။

ဘုန်း…

သူတို့ပတ်လည်ရှိရေထဲတွင် ကြီးမားလှသော မီးတောက်နဂါးကြီး ကိုးဆယ့်ကိုးကောင်က ပေါ်လာတော့၏။

သူတို့က အပြာရောင် မီးတောက်က သူတို့ပတ်လည်ရှိ အမှောင်ထုထဲတွင် တောက်ပလာသောအခါ သတ်ဖြတ်မည့် ဖွဲ့စည်းပုံတစ်ခုကို ဖန်တီးလိုက်၏။ ကြောက်မက်ဖွယ်မီးတောက်များက ကြီးမားလှသော အင်အားဖြင့် အန်လင်းနှင့် တိုက်ပွဲ နတ်ဘုရား ဇီယန်ဆီသို့ စုစည်းစပြုလာတော့သည်။

အလွန်အမင်းတောက်ပနေသော အပြာရောင် မီးတောက် ဘောလုံးလေးက အဝေးတစ်နေရာတွင် ပေါ်လာ၏။ ထိုသည်မှာ လရောင် ရှုခင်းမီးတောက်၏ ရင်းမြစ်မှလွဲ၍ တခြားမဟုတ်ပါပေ။

ထိုသည်မှာ သူ့၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုကို ပြုလုပ်မည်မှာ အသိအသာပင်ဖြစ်သည်။

အန်လင်းမှာလည်း လရောင်ရှုခင်းမီးတောက်၏ လက်တွင် အများအပြား အနိုင်ကျင့်ခံရပြီးနောက် အပြည့်အဝ ဒေါသထွက်လာတော့သည်။

သူက မီးတောက်၏ရင်းမြစ် ပေါ်လာသည်နှင့်တစ်ပြိုင်တည်း ထိုသည်ကို အစွမ်းကုန် ခုန်အုပ်လိုက်လေ၏။

ကောင်းကင် စစ်မေးခြင်း နည်းလမ်း…

ပထမဆုံးသော နည်းလမ်း… လေပြင်းဓား…

လေပြင်း တောင်ပံများ…

သရဲလောက၏ မူရင်းစွမ်းအား..

အန်လင်း၏ အရှိန်အဝါများက ပေါက်ကွဲထွက်လာပြီး စိတ်ကူးနင့်မှန်းဆမရနိုင်သော အမြန်နှုန်းဖြင့် တဟုန်ထိုးတိုးဝင်လာတော့သည်။ သူ့ခန္ဓာကိုယ်က သူ့ရှေ့မှ မီးနဂါးကို ဖြတ်သန်းပြီး သူ့၏မူလနေရာတွင် သူ့ခန္ဓာကိုယ်ပုံအတိုင်း လေဟာနယ်ကို ဖန်တီးလိုက်၏။

“ငါလူး။ မြန်လိုက်တာ။” တိုက်ပွဲနတ်ဘုရား ဇီယန်က အန်လင်း၏ ကြောက်မက်ဖွယ်အရှိန်တွင် အမှတ်တမဲ့ ကြိမ်ဆဲလိုက်မိ၏။

လရောင်ရှုခင်းမီးတောက်သည် အန်လင်းသူ့ရှေ့မရောက်လာခင်အထိ တုံ့ပြန်ရန် အခွင့်အရေးမရလိုက်ပါချေ။

ထိုသည်က အရာအားလုံး အမှောင်ထုအဖြစ် မပြောင်းလဲသွားခင်မှာပင် လှိုင်ဂူကဲ့သို့ ပါးစပ်တစ်ခု၏ မြင်ကွင်းနှင့် မိတ်ဆက်ခံလိုက်ရ၏…

“ဂလု…”

အန်လင်းက လရောင်ရှုခင်း မီးတောက်၏ ရင်းမြစ်ကို မျိုချပြီးသည်နှင့် ချက်ချင်းပင် သရဲလောက၏ မူရင်းစွမ်းအားကို ပိတ်ပင်လိုက်၏။ သူက ထို့နောက်တွင်တော့ သွေးဝိညာဉ် ဆေးတောင့်ကို ပြန်လည် အားဖြည့်ရန် မျိုချလိုက်လေတော့သည်။

'လရောင်'ဟူသော စာလုံးက သူ့၏ စစ်မှန်မီးတောက်၏ တောင်ပံကျင့်ကြံခြင်း နည်းလမ်းတွင် ပေါ်လာ၏။

လရောင်ရှုခင်း မီးတောက်ကို အောင်မြင်စွာရရှိပြီးလေပြီ။

***

All Chapters