ကျန်းချီ ကုန်းမြေကြီး၏ ပြောင်းလဲမှုများ
Vol. 24 Ch. 333
လရောင်ရှုခင်းမီးတောက်က မျိုချခံရပြီးနောက်တွင် ကျန်ရှိနေသော မီးနဂါးများအားလုံးက ပျောက်ကွယ်သွား၏။
အန်လင်းက ကြီးမားသော အောင်နိုင်ခြင်းတစ်ခုကို ရရှိပြီးလေပြီ။ တိုက်ပွဲနတ်ဘုရားဇီယန်က သူ့နောက်ကို လိုက်လာရင်း ကြောင်ငေးနေတော့သည်။
သူ့အား ကြောင်ငေးစေသော ပထမဆုံးအရာမှာ အန်လင်း၏ လက်ဖျားခါလောက်သော သရုပ်ဆောင်စွမ်းရည်ပင်။ ဒုတိယတစ်ခုမှာတော့ အန်လင်းအသုံးပြုသော မီးတောက် မန္တန်၏ ကြောက်စရာကောင်းသော သဘာဝပင်ဖြစ်၏။ လရောင်ရှုခင်းမီးတောက်က သန့်စင်စေရန် အလွန်အမင်း ခက်ခဲသော အံ့ချီးမီးတောက် တစ်ခုဖြစ်လေသညထ။ သို့သော် စောစောကကဲ့သို့ပင် အန်လင်းက ထိုမီးတောက်အား မျိုချခြင်းဖြင့် ရိုးရှင်းစွာ သန့်စင်လိုက်၏။ သူ့အား ကြောင်ငေးစေနိုင်သော တတိယ အရာမှာ အန်လင်း၏ ပေါက်ကွဲထွက်သွားသော အရှိန်ပင်ဖြစ်၏။ သူက အရင်က ထိုကဲ့သို့ လျှင်မြန်သော လှုပ်ရှားမှုကို တစ်ခါမှ မမြင်ဖူးပါချေ။
“ဇီယန် ငါ့ကို ပြန်ခေါ်သွားပေး။” အန်လင်းက ရုတ်တရက်ပြောလာ၏။ “ငါက မီးတောက်ကို အရင်ဆုံး အစာချေရအုံးမယ်။ ငါလောလောဆယ် အရမ်းကို ဗိုက်ပြည့်နေတယ်။”
တိုက်ပွဲနတ်ဘုရား ဇီယန်က ထိုသည်ကို ကြားသောအခါ မျက်နှာ မဲ့လိုက်၏။ မီးတောက်လေးတစ်ခုက တစ်စုံတစ်ယောက်၏ အစာအိမ်ကို မည်သို့ အမှန်တကယ် ပြည့်စေမည်နည်း။
သို့သော်လည်း သူက တစ်ခွန်းမှ မပြောခဲ့ပါပေ။ သူက အန်လင်းကို တိတ်တဆိတ် မကာ ရွှီလင်းအင်ပါယာသို့ ပျံသန်းလာခဲ့တော့သည်။
အန်လင်းက မီးတောက်ကြောင့် ဗိုက်ပြည့်နေသည်မဟုတ်သည်မှာ သိသာလှ၏။ အမှန်တကယ်တော့ သူက သရဲလောက၏ မူရင်းစွမ်းအားကို အသုံးပြုလိုက်ခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားနေရခြင်းပင်။
သူက ထိုသည်ကို အချိန်တိုလေး အသုံပြုပြီး သွေးဝိညာဉ် ဆေးလုံးကို သောက်ပြီးသော်လည်း နောက်ဆက်တွဲ ဆိုးကျိုးများက ပြင်းထန်နေဆဲပင်။ မည်သို့ဆိုဆို အန်လင်းက အခုချက်ချင်း မလှုပ်ချင်သေးသည်မို့ ဇီယန်ကို သူ့အစားပျံခိုင်းလိုက်တော့သည်။
…
ရွှီလင်းအင်ပါယာ၏ နန်းတော်၊ အရာရာ လွှမ်းခြုံရေကန်တွင်…
ထျန်းလင်းလင်းနှင့် လျှိုချင်ဟွမ်တို့မှာ မှော်ပညာဖြင့် အထူးပြုထားသော ဖုန်းများကို ကိုင်ထားကြ၏။ သူတို့က ပြင်းထန်သော League Of Valor တိုက်ပွဲတစ်ခုကို ရင်ဆိုင်နေကြခြင်းပင်။
ကန်ရေများမှာ နွေးထွေးပြီး ချောမွေ့နေကာ သူတို့က ရေပူစမ်းရေကန်ထဲတွင် စိမ်ပြီး League Of Valorကို ဆော့နေကြသည်။ သူတို့က သူတို့ကိုယ်သူတို့ အလွန်အမင်း နှစ်ခြိုက်နေကြ၏။
တိုက်ပွဲနတ်ဘုရား ပိုင်ချောင်က ထိုအချိန်တွင် သူမ၏ လူသားသဏ္ဍာန်ကို ပြောင်းထားပြီဖြစ်သည်။ သူမ၏ ပြီးပြည့်စုံသော ကျောက်စိမ်းကဲ့သို့ ခန္ဓာကိုယ်မှာ အဖြူရောင် မြူခိုးများကြားတွင် ဝိုးတိုးဝါးတာ မြင်နေရ၏။
သူမ၏ ဂုဏ်သရေရှိလှသော မျက်နှာက စိတ်ဝင်စားမှုဖြင့် ပြည့်နှက်သွားပြီး ထျန်းလင်းလင်းနှင့် လျှိုချင်ဟွမ်၏ ဘေးသို့ တိုးကပ်သွားသည်။
“မင်းနဲ့သူက အမျိုးအစားတူ လူသေးသေးလေးတွေကို ထိန်းချုပ်နေတာ။ အဲ့တာဆို ဘာလို့ သူတို့ရဲ့ စွမ်းအင်က အရမ်းကွာခြားနေတာလဲ။” သူမက လျှိုချင်ဟွမ်ကို သိလိုစိတ်ပြင်းပြစွာမေးလိုက်၏။ ထိုသည်မှာ သူတို့ တိုက်ခိုက်နေသည်ကို သူမ ကြည့်ဖူးသော ပထမဆုံးအကြိမ်ဖြစ်ရာ ထိုမေးခွန်းကို မမေးပဲ မနေနိုင်ပါချေ။
“ဘာလို့လဲဆိုတော့ ငါ့ဇာတ်ကောင်က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ဖြစ်ပြီး သူမဟာက တာအို ခန္ဓာအဆင့်ပဲ ရှိသေးတာမို့လေ။” လျှိုချင်ဟွမ်က အလေးအနက်ပြန်ဖြေလာ၏။ “သူမ ဇာတ်ကောင်ရဲ့ အဆင့်က အရမ်းနိမ့်တယ်လေ။ အဲ့တာကြောင့် ငါတို့ရဲ့ စွမ်းအင်ကွာခြားချက်က အတော်လေးကြီးနေတာ…”
ထျန်းလင်းလင်း : “...”
…
တစ်ခြားတစ်ဖက်တွင်တော့ အမျိုးသားရေပူစမ်းက မိုးပြာရောင် ကျောက်စိမ်း နံရံတစ်ခုနှင့် ခြားထားလေသည်။
ရွှမ်ယွမ်ချန်နှင့် ယောင်မင်ရှီတို့မှာ သူတို့လက်ထဲရှိ အံ့ချီးလက်နက်များကို စမ်းသပ်နေသည်မို့ အလွန်အမင်း စိတ်ဓာတ်မြင့်မားနေပေ၏။ ဟူကွမ်နှင့် ထန်ရှီမန်ကတော့ ထိုမြင်ကွင်းကို ငေးကြည့်နေရုံသာ တတ်နိုင်လေသည်။ သူတို့နှလုံးသားထဲတွင် စိတ်ဓာတ်ကျသော ခံစားချက်များ ဖြစ်တည်လာလေ၏။
တိုက်ပွဲနတ်ဘုရား ဇီယန်က အန်လင်းကို သယ်ရင်း အင်ပါယာနန်းတော်သို့ ပြန်လည်ရောက်ရှိလာလေ၏။
ပလုံအသံတစ်ခုနှင့်အတူ အန်လင်းက အရာရာလွှမ်းခြုံရေကန်ထဲသို့ ခုန်ချလိုက်လေတော့သည်။ သူက သူ့ကိုယ်သူ နူးညံ့သော ရေထဲတွင် နစ်မြုပ်လိုက်ပြီး သူ့၏ စွမ်းအင်များကို ပြန်လည်ဖြည့်တင်းခြင်း စတင်လိုက်၏။
“ငါက ငါ့ရဲ့ အံ့ချီးမီးတောက် စုပ်ယူခြင်း မစ်ရှင်ရဲ့ လေးပုံသုံးပုံတော့ပြီးသွားပြီ။ အခုငါက ကောင်းကင် ဟာလာပြင် မီးတောက်ကို စုပ်ယူဖို့ပဲ ကျန်တော့တာ။ အဲ့တာပြီးရင်တော့ ငါက အံ့ချီးနည်းလမ်းမှာ ဆရာသခင်ဖြစ်လာပြီးတော့ ကမ္ဘာကြီးကို လွှမ်းမိုး ပစ်မယ်။” အန်လင်း၏ ရဲ့ရင့်သော စကားက ပျက်စီးလွယ်သော ဟူကွမ်နှင့် ထန်မန်ရှီတို့၏ စိတ်ကို နောက်ထပ် ပြင်းထန်စွာ တိုက်ခိုက်လေတော့သည်။
တခြားသူများက အံ့ချီးမီးတောက်များ မျိုချပြီး အံ့ချီးလက်နက်များ ရရှိနေကြလေပြီ။ သူတို့က ဤနေရာတွင် ဘာလုပ်နေကြသနည်း။ အပျော်ခရီးထွက်လာကြသည်လား။
မဟုတ်ပါ။ သူတို့က တစ်ခုခုတော့ အောင်နိုင်ရမည်။
ဟူကွမ်နှင့် ထန်ရှီမန်တို့က တိတ်တဆိတ် ဆုံးဖြတ်ချက်များ စိတ်ထဲတွင် ဖြစ်တည်လာကြတော့သည်။
…
တိုက်ပွဲနတ်ဘုရား ဇီယန်က အရာရာလွှမ်းခြုံရေကန်သို့ မသွားပါချေ။ ထိုအစား သူက တရားထိုင်သော အခန်းဆီသွားကာ ရေနွေးကြမ်းကို မြည်းစမ်းနေတော့သည်။
အနည်းငယ် ကြာပြီးနောက် အစိမ်းရောင် ဝတ်ရုံနှင့် အမျိုးသမီးက အေးအေးဆေးဆေး လမ်းလျှောက်လာ၏။ သူမ၏ နက်မှောင်သော ဆံပင်များက စိုစွတ်နေဆဲဖြစ်ကာ ခပ်လျော့လျော့ ဆံထုံးအဖြစ် စည်းထား၏။ သူမက ကျက်သရေရှိလှကာ အိန္ဒြေသိက္ခာပြည့်ပုံရပြီး သူမက အခန်းထဲသို့ စောင်းကြည့်လိုက်သောအခါ ထိုနေရာတွင် သူမနှင့်ပတ်သတ်သည့် ပင်ကိုယ် ဩဇာ အပြည့်နှင့် လေထုရှိလေသည်။
“တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်၊ ငါက မင်းနဲ့ သီးသည့် စကားပြောချင်နေတာ အတော်ကြာပြီ။” သူမ လျှောက်လာသည်ကို မြင်သောအခါ ဇီယန်၏ မျက်နှာထက်တွင် အပြုံတစ်ခုဖြတ်ပြေးသွား၏။ သူက ချက်ချင်းပင် ရေနွေးကြမ်းတစ်ခွက်ကို ပြင်ဆင်ကာ စားပွဲပေါ်သို့ တင်ပေးလိုက်သည်။
ပိုင်ချောင်က ခပ်မှိန်မှိန်ပြုံးလိုက်ပြီး သူမက အနံ့မွှေးသော ရေနွေးကြမ်း တစ်ငုံသောက်လိုက်ပြီးနောက် လိုရင်းကို ပြောချလိုက်၏။ “မင်းက ဒီကုန်းမြေကြီးက ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပြီလား။”
“ဟုတ်တယ်။ အခုလက်ရှိ ကမ္ဘာမှာ ငါက ထွက်လမ်း ရှာမတွေ့ဘူး။ အခုက ငါ့အတွက် တစ်ခြား ကမ္ဘာမှာ တိုးတက်မှုရှာဖို့ အချိန်ပဲ။” တိုက်ပွဲနတ်ဘုရား ဇီယန်၏ အသံတွင် စိတ်အားငယ်ခြင်းများ အရိပ်အယောင်အဖြစ်ပါနေလေ၏။ ထို့နောက် သူက ပိုင်ချောင်ကို လှည့်ကြည့်လိုက်ပြီး “မင်းလည်း ဒီကုန်းမြေကြီးကနေ ထွက်သွားတော့မှာ ဟုတ်တယ်မလား။”
ပိုင်ချောင်က ခေါင်းငြိမ့်ပြလာ၏။ “ကျွန်မက သခင်ဘယ်သွားသွားလိုက်မှာပါ…”
တိုက်ပွဲနတ်ဘုရား ဇီယန် : “...”
တစ်ချို့သော အကြောင်းအရာများကြောင့် သူက ထိုစကားကို အလွန်အမင်း ထူးဆန်းပြီး သူမနှင့် မတူဟု ခံစားမိသည်။ အခုအချိန်ထိတိုင် သူက အပေါ်စီးက ဆက်ဆံတတ်သော တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင် နှင့် မြွေဖြူဝိညာဉ်၏ စိတ်ဝိညာဉ်သားရဲ ချင်လေးတို့ကို တစ်ယောက်တည်းအဖြစ် မှတ်ယူရန် ခက်ခဲနေပေသေးသည်။
ပိုင်ချောင်က ဇီယန်၏ ထူးဆန်းသော အမူအရာကို လျစ်လျူရှုလိုက်၏။ “အဲ့တာက တကယ့်ကို စိတ်ဝင်စားစရာကောင်းတယ်။” သူမက ဆက်ပြောလာ၏။ “မျက်တောင် တစ်ခပ်အတွင်းမှာပဲ ဒီကုန်းမြေကြီးရဲ့ စွမ်းအားအကြီးဆုံး သုံးယောက်က ပျောက်သွားတော့မှာ။ တစ်ယောက်က သေသွားတယ်။ နှစ်ယောက်က ထွက်သွားတော့မှာ။”
တိုက်ပွဲနတ်ဘုရား ဇီယန်က သက်ပျင်းချလိုက်၏။ “မင်းကို အမှန်အတိုင်းပြောရရင်တော့ ငါက တကယ်တော့ ဒီမြေကြီးနဲ့ ခွဲရဖို့ကို အတော်လေး တွန့်ဆုတ်နေတာ။ ငါ့မိသားစုက ဒီမှာ။ ငါ့သူငယ်ချင်းတွေကလဲ ဒီမှာပဲ...။ ငါပြောတာ မှားချင်လဲ မှားနိုင်တယ် ဒါပေမဲ့ ငါက တိုက်ပွဲချီစနစ်က… မမှန်ကန်နေတဲ့ အပိုင်းလို့ ခံစားရတယ်။ အဲ့တာက ငါ့တို့ကို ပိုမြင့်တဲ့ အဆင့်တွေကို ရောက်ဖို့ခွင့်မပြုဘူးလေ။ မင်းဆိုလဲ နှစ်တစ်သောင်းလောက်နီးပါး အသက်ရှင်ပြီးပြီလေ။ မင်းက အဲ့တာကို ငါ့ထက်ပိုပြီး နားလည်လောက်မှာပါ။ ဟုတ်တယ်မလား။”
“အဲ့တာဟုတ်တယ်။” ပိုင်ချောင်က နူးနူးညံ့ညံ့ ရယ်လိုက်ပြီး “ငါက ဒီကုန်းမြေကြီးပေါ်မှာ အကြီးဆုံး တိုက်ပွဲနတ်ဘုရားပဲ။ အဲ့တာမို့ ငါအဲ့တာကို ပိုရှင်းလင်းတဲ့ နားလည်မှုလုပ်ရမယ်။ ငါတို့က ထွက်သွားမှာဆိုတော့ ငါမင်း မသိလောက်မဲ့အရာတစ်ချို့ကို ပြောပြမယ်။”
“အို… ဘာတွေလဲ။” တိုက်ပွဲနတ်ဘုရားဇီယန်၏ စိတ်ဝင်စားမှုက တိုးလာတော့သည်။
ပိုင်ချောင်၏ မျက်လုံးပြာများက အထူးသဖြင့် နက်နဲပြီး သိမ်မွေ့လာတော့သည်။ သူမက တံခါးအပြင်ရှိ မြေပြင်ကျယ်ကို တစ်ချက်ကြည့်လိုက်ပြီး “ဒီကမ္ဘာကြီးက အဆက်မပြတ် ပြောင်းလဲနေတာ။” သူမက နူးညံ့စွာပြောလာ၏။ “တိုက်ပွဲချီက တဖြည်းဖြည်းနဲ့ ပိုပိုပြီး တက်ကြွလာတယ်…”
သူမ၏ လက်ချောင်းသွယ်သွယ်များက လေထုထဲသို့ ရိုက်ခတ်လိုက်ပြီးနောက် နှစ်ကီလိုမီတာ အချင်းဝက်ရှိသောကောင်းကင်က ရုတ်တရက် မဲမှောင်လာတော့သည်။ တိမ်မည်းများ စုစည်းလာပြီး မိုးချုန်းသံများ မြည်ဟီးလာတော့၏။ ထိုသည်မှာ သူမက အရာအားလုံး၏ ထိန်းချုပ်သူ ဖြစ်နေသကဲ့သို့ပင်။
တိုက်ပွဲနတ်ဘုရား ဇီယန်က ထို နတ်ဘုရားကဲ့သို့ စွမ်းအင်ကြောင့် ညှို့ယူခြင်းခံလိုက်ရသည်။
“အဲ့တာက လေပြင်းနဲ့ မိုးကြိုးနည်းလမ်းပဲ။” တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်က ဖြည်းညင်းစွာပြောလာ၏။ “ငါ အဲ့တာကို လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက လုပ်တုန်းက သူ့စွမ်းအားက ဒီရဲ့ သုံးပုံ တစ်ပုံပဲရှိတာ။ အရင်ကနဲ့နှိုင်းယှဉ်ရင် ငါက သိသိသာသာ သန်မာလာတာမရှိဘူး။ ဒီနည်းလမ်းပိုပြီး စွမ်းအားကြီးလာတဲ့အကြောင်းအရင်းက ငါတို့ဆွဲယူတဲ့ စွမ်းအင်က ပြောင်းသွားလို့ပဲ။ အဲ့တာက ကြမ်းတမ်းရာကနေ သန့်စင်သွားတယ်။ အဲ့တာက သီးခြားအခြေအနေကနေ ကောင်းကင်တာအိုနဲ့ ပိုပြီးဆက်စပ်တဲ့ အခြေအနေကို ပြောင်းသွားတယ်။ သက်ရှိစွမ်းအင်က အရာအားလုံးအတွက် မရှိမဖြစ်ပဲ။ အဲ့တာက ကောင်ကင်တာအိုကနေရတဲ့ တစ်ခုတည်းသောစွမ်းအင်ပဲ။ ဒါပေမဲ့ တိုက်ပွဲချီက သူမတူတဲ့ နည်းလမ်းနဲ့ တိုးတက်နေတာ။ တစ်ချို့ စိတ်စွမ်းအင်တွေရဲ့ လမ်းညွှန်မှုအောက်မှာ သူက တာအို အသစ်အဖြစ် တိုးတက်လာနိုင်တယ်။”
တိုက်ပွဲနတ်ဘုရား ဇီယန်က အနည်းငယ် တုန်ယင်သွာတော့သည်။ ဤသတင်းမှာ အလွန်အမင်း အံဩဖွယ်ရာပင်။
“တိုက်ပွဲချီက ဒီကုန်းမြေကြီးရဲ့ မရှိမဖြစ် စွမ်းအင်ပဲ။ အဲ့တာက တဖြည်းဖြည်းနဲ့ သူ့ဟာသူ ပြည့်စုံလာနိုင်တယ်လား။”
“အဲ့တာ မှန်တယ်။”
“အဲ့တာက တစ်ချို့ စိတ်စွမ်းအင်နဲ့ လမ်းညွှန်ပေးထားတယ်။”
“ငါ့အတွေးအခေါ်အရဆိုရင်တော့ ဟုတ်တယ်။”
“ဟင်… အဲ့တာက စိတ်ဝင်စားဖို့တော့ကောင်းသားပဲ။ ဒါပေမဲ့ ငါက ဒါတွေအားလုံးနဲ့ပတ်သတ်ပြီး မသက်မသာတော့ခံစားရတယ်။”
ပိုင်ချောင်က ပြုံလိုက်၏။ “အဲ့ဒီ့ စိတ်စွမ်းအင်ရဲ့ နောက်ကွယ်က ဖြစ်တည်မှုက ဘာဖြစ်ဖြစ်ပါ။ ငါက ငါပဲဖြစ်နေသေးတယ်ဆို ဘာပြဿနာဖြစ်အုံမလဲ။”
တိုက်ပွဲ နတ်ဘုရား ဇီယန်က အတန်ကြာအောင် တိတ်ဆိတ်သွား၏။ ထို့နောက် သူက ခေါင်းငြိမ့်ပြလိုက်၏။ “ဟုတ်တယ်။ အနာဂတ်မှာ ဒီကုန်းမြေကြီးပေါ်မှာ တိုက်ပွဲနတ်ဘုရား အထက်က အဆင့်တွေ ပေါ်လာချင် ပေါ်လာနိုင်တယ်။ ဒါပေမဲ့ ငါ အဲ့အချိန်ထိ စောင့်မနေနိုင်တော့ဘူး။ ငါထွက်သွား ချင်နေတုန်းပဲ။”
“ဟုတ်ပြီ။ အဲ့လိုဆိုရင် ငါထပ်ပြီး မပြောတော့ပါဘူး။” ပိုင်ချောင်က စာအုပ်တစ်အုပ်ကို စားပွဲပေါ်တွင် တင်လိုက်၏။
တိုက်ပွဲနတ်ဘုရား ဇီယန်၏ မျက်လုံးများက စာအုပ်ကို ကြည့်ရင်း ပြူးကျယ်လာတော့သည်။ “ဒါက…”
စာအုပ်၏ အဖုံးတွင် ရေးထိုးထားသော ကြီးမားသော ခေါင်းစဉ်ကြီးတစ်ခုရှိလေ၏။ “တိုက်ပွဲချီမှ သက်ရှိစွမ်းအင်သို့ ကူးပြောင်းခြင်း အယူအဆ”
“ဟီးဟီး… မင်း ဒီကုန်းမြေကြီးကနေ ထွက်ခွာသွားပြီးနောက် ဒီစာအုပ်ပါ အကြောင်းအရာတွေက အသုံးဝင်နိုင်လောက်တယ်။” တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်က စာအုပ်ကို တိုက်ပွဲနတ်ဘုရား ဇီယန်ဆီသို့ တွန်းပေးလိုက်၏။ “သခင်အဖြူလေးရဲ့ သက်တော်စောင့်အနေနဲ့ ဆယ်နှစ်လုပ်ပေးပါ။ အဲ့တာက တောင်းဆိုဖို့ အရမ်းမများဘူး မဟုတ်လား။”
တိုက်ပွဲနတ်ဘုရား ဇီယန်က သူ့ရှေ့က စာအုပ်ကို အမှတ်တမဲ့ငေးကြည့်နေမိ၏။ အဆုံးတွင်တော့ သူက အံကြိတ်ကာ အခြေအနေကို သဘောတူလိုက်လေတော့သည်။
သူက စာအုပ်ကို ကောက်ယူရင်း စိတ်ညှိုးငယ်သော အမူအရာက ပေါ်လာလေ၏။
လေးစားဖို့ကောင်းပြီး ဂုဏ်သတင်းကျော်ကြားတဲ့ တိုက်ပွဲနတ်ဘုရား ငါလေးက တကယ်ကြီးပဲ ကောင်မလေး တစ်ယောက်ရဲ့ သက်တော်စောင့်ဖြစ်လာမှာလား။
ဟင်း… ငါက ဘာဖြစ်လို့ နောက်ကြောင်းပြန်တွေးနေရတာလဲ...။
သို့သော်လည်း သူက အလျင်အမြန်ပင် တစ်ခြားတစ်ခုကို သတိရလာတော့သည်။ ဒီကုန်းမြေကြီးက စွမ်းအားအကြီးဆုံး တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်ပင် ထိုကောင်မလေးရဲ့ စိတ်ဝိညာဉ်သားရဲ ဖြစ်လာလေ၏။ ထိုသည်ကိုတွေးကာ သူက သူမ၏ သက်တော်စောင့်ဖြစ်လာသည်မှာ ထိုမျှအထိ ရှက်ဖို့ကောင်းဟန် မပေါ်ပါပေ။
သိပ်မကြာမီမှာပင် လူတိုင်းက အနားယူပြီးကာ အားအင်ပြန်ပြည့်လာတော့သည်။
အန်လင်းတို့အဖွဲ့နှင့်အတူ တိုက်ပွဲနတ်ဘုရား နှစ်ဦးမှာ ကျန်းချီကုန်းမြေကြီး၏ မြောက်ပိုင်းဒေသရှိ ရှေးဟောင်း ကုန်းပြင်နယ်ပယ်ဆီသို့ စတင် ပျံသန်းလာကြတော့သည်။ သူတို့က သူတို့၏ ရှောင်ယန်သင်္ချိုင်းဂူ ရှာဖွေခြင်းကို တရားဝင် စတင်လိုက်လေပြီ။
***