← Chapters

ရှေးဟောင်းကုန်းပြင်နယ်ပယ်ဆီသို့ ခရီးတစ်ခေါက်

Vol. 24 Ch. 334

ရှေးဟောင်းကုန်းပြင်နယ်ပယ်ဆီသို့ ခရီးတစ်ခေါက်

Vol. 24 Ch. 334

ရှေးဟောင်းကုန်းပြင်နယ်ပယ်မှာ ကျန်းချီကုန်းမြေကြီးတွင် အန္တရာယ်အများဆုံး ဖြစ်လေ၏။

နယ်ပယ်ကြီးမှာ ရန်လိုအတတ်ဆုံး ပတ်ဝန်းကျင် ရှိပြီး စွမ်းအားအကြီးဆုံးသားရဲများ၏ အိမ်လဲဖြစ်လေသည်။

ဒဏ္ဍာရီများအရ အံ့ချီး လက်နက် ငါးခုနှင့် အံ့ချီး မီးတောက် လေးခုတို့အားလုံးမှာ ကျန်းချီကုန်းမြေကြီး၏ ရှေးဟောင်းကုန်းပြင်နယ်ပယ်တွင် စတင်ခဲ့တာဖြစ်၏။

ဘုန်း…

အလင်းတန်း ကိုးခုက အဆိပ်ပြင်းသော မြူခိုးများကို ဖြတ်၍ ကမ္ဘာအသစ် တစ်ခုဆီသို့ ဝင်ရောက်လာ၏။

အန်လင်း၏ ကြီးမားသော အုတ်ခဲပေါ်တွင် ထိုင်နေသည်မှာ ထျန်းလင်းလင်းနှင့် မြွေဖြူဝိညာဉ်တို့ပင် ဖြစ်သည်။

တိုက်ပွဲနတ်ဘုရား ပိုင်ချောင်မှာ သူမ၏ မြွေသေးသေးလေးပုံစံနှင့် ဖြစ်ပြီး သူမက မြွေဖြူဝိညာဉ်၏ လက်မောင်းကို ပျင်းရိစွာ ရစ်ပတ်ထား၏။ အလှပဆုံးနှင့် အထူးကောင်းမွန်သော အဆင်တန်ဆာကဲ့သို့ သူမကပင် မြွေဖြူဝိညာဉ်၏ အလှတရားကို ထူးထူးခြားခြား ခံစားချက်ကို ထပ်ပေါင်းထည့်နေလေသည်။

…

အနက်ရောင် ကုန်းမြေကျယ်ကြီးတွင် ပေါက်ရောက်နေသည်မှာ ထူးဆန်းပြီး ရန်လိုတတ်သော အပင်အမျိုးအစား အများအပြားဖြစ်လေ၏။ သူတို့အားလုံးမှာ ခရမ်းရောင် ရှိကြပြီး အဆိပ်ပြင်းများ ပိုင်ဆိုင်ထားကြ၏။ ထို့အပြင် သူတို့အများစုမှာ ဖြတ်သွားသော သားရဲများကို တက်တက်ကြွကြွဖြင့် မျိုချနေကြတော့သည်။

အထိုအပင်များ အဆိပ်ခတ်ပြီး မျိုချလိုက်သော သားရဲအရေအတွက်မှာ သေချာပေါက်ပင် သားရဲများက စားပစ်လိုက်သော အပင် အရေအတွက်ထက် မနည်းနိုင်ပါပေ။

ဤနယ်ပယ်ကြီးထဲ ဝင်လာသည်နှင့် အန်လင်းနှင့် တခြားသူများက သားရဲပေါင်းများစွား၏ တိုက်ခိုက်ခြင်းကို ခံရလေသည်။

သူတို့က မိုးကြိုးအဆိပ် နကျယ်ကောင်များ၏ လိုက်ခြင်းကို ခံရပြီး စွမ်းအားကြီး၊ ကြမ်းတမ်းသော နဂါးပျံတစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံရ၏။ သူတို့သည် အမြှောက်ကြီးများက အမြှောက်ဆံများ ဖြန်းနေသော အမူအရာနှင့် ဆင်တူလှစွာ လေထဲသို့အဆိပ်ရည်များ ဖြန်းနေသော ပန်းပွင့်အကြီးကြီးတစ်ခု၏ တိုက်ခိုက်ခြင်းကိုပင် ခံရသေး၏။

သို့သော် သူတို့က အားလုံးကို ခြွင်းချက်မရှိ မီးရှို့ပစ်လိုက်ကြ၏။

အန်လင်း၏ အဖွဲ့ထဲတွင် အရဲတင်းဆုံးသော တိုက်ပွဲနတ်ဘုရား ဇီယန်မှာ သူ၏ ကျော်ကြားသော ဂုဏ်သတင်းအတိုင်းပင် နေထိုင်လေသည်။ ရန်သူတစ်ယောက်ပေါ်လာပါက သူက မီးရှို့ပြီး အသက်ဆုံးစေ၏။ အကယ်၍ နှစ်ယောက်ပေါ်လာပါကမူ သူက နှစ်ဦးစလုံးကို မီးရှို့ပြီး သေဆုံးစေမည်ဖြစ်သည်။ သူက အပေါ်စီးဖြင့် ဆက်ဆံပြီး မည်သည်ကို အလိုရှိသည်ဖြစ်စေ သေဆုံးခြင်းက နောက်ကလိုက်လာ၏။

“ရှေးဟောင်း ကုန်းပြင် နယ်ပယ်ကြီးကို အတွင်းပိုင်းနဲ့ အပြင်ပိုင်းဆိုပြီး နှစ်ပိုင်းခွဲထားတာ။ အပြင်ဘက်ပိုင်းမှာက ကြမ်းတမ်းတဲ့ သားရဲပေါင်း မျိုးစုံရှိပြီး အတွင်းပိုင်းကတော့ အလွန်အမင်း ဘေးသင့်ဖွယ်နေရာလေ။ ဒဏ္ဍာရီတွေ အရတော့ အံ့ချီးလက်နက်တွေဖြစ်တဲ့ မိုးပြာရောင် သမုဒ္ဒရာဓားနဲ့ အံ့ချီးမိုးကြိုး ကျောက်ပြားက အတွင်းပိုင်းမှာ ရှိတယ်တဲ့။ အံ့ချီးမီးတောက်၊ ကောင်းကင်ဟာလာပြင်မီးတောက်ကလည်း အဲ့မှာပဲရှိတယ်တဲ့။” တိုက်ပွဲနတ်ဘုရား ဇီယန်က  သူတို့အား တိုက်ခိုက်နေရင်းပင် ရှင်းပြ၏။

ထိုသည်ကို ကြားပြီးနောက် အန်လင်းက မသေမချာဖြင့် မေးလာ၏။ “မင်းပြောသလိုဆို အတွင်းပိုင်းက အရမ်းမကျယ်ဘူး မလား။ တကယ်လို့ အဲ့တာက အဲ့လို နေရာကျဉ်းကျဉ်းလေးဆိုရင် မင်းနဲ့ တခြားတိုက်ပွဲနတ်ဘုရားတွေက ဒီက တန်ဖိုးကြီး အရာအားလုံးကို မလုယူရသေးတာ ဘာလို့လဲ။”

ဇီယန်က အန်လင်းကို စိုက်ကြည့်လာ၏။ “ဘာလို့လဲဆိုတော့ အဲ့နေရာက အလွန်အမင်း အန္တရာယ်များလို့ပေါ့ကွ။ မင်း အဲ့နယ်ပယ်ထဲကို တစ်ခါဝင်ပြီးတာနဲ့ အသက်ရှင်ရက် ပြန်ထွက်လာနိုင်မယ်ဆိုတဲ့ အာမခံချက်မရှိဘူး။ ဘာလို့ အဲ့လောက်ကြီးမားတဲ့ စွန့်စားမှုကို လုပ်ရမှာလဲ။ အဲ့အချိန်တုန်းက ငါမှာ မြင့်မြတ်သန့်စင် မီးတောက်ရှိပြီး အတော်လေးကို ကျေနပ်နေပြီးသား။”

ထိုသည်ကို ပြောရင်းနှင့် အန်လင်းအား ခါးခါးသည်းသည်း ကြည့်လိုက်၏။

အန်လင်းက နေရခက်စွာ တစ်ခစ်ခစ်ရယ်လိုက်ပြီး စကားဆက်မပြောတော့ပါ။ သူက အကြည့်ကို တစ်ခြားတစ်နေရာသို့ပို့လိုက်ပြီး ပတ်ဝန်းကျင်မှ မြင်ကွင်းကို လျှောက်ကြည့်နေလေတော့သည်။

နာရီအနည်းငယ် ပျံသန်းလာပြီးနောက်တွင် သူတို့၏ အဝေးဆီမှ နှင်းမုန်တိုင်းကြီးတစ်ခု လာနေသည်ကို မြင်လိုက်၏။ နှင်းမုန်တိုင်းက ရုတ်တရက် ပြင်းထန်စွာ တိုးဝှေ့လာနေကာ ကြီးမားပြီး လှုပ်ရှားနေသော အဖြူရောင်ခန်းဆီးကြီးက ကောင်ကင်ထက်မှ တွဲလောင်းကျနေသကဲ့သို့ပင်။

“ရှေးဟောင်း ကုန်းပြင်နယ်မြေကြီးက ဒီနှင်းမုန်တိုင်းရဲ့ နောက်မှာပဲ။” တိုက်ပွဲနတ်ဘုရား ဇီယန်က ရုတ်တရက် သတိပေးလာ၏။ “ မင်းတို့တွေ သတိထားကြ…”

သူတို့ အပြင်ဘက်အပိုင်းမှာ ရှိနေစဉ်က သူက လူတိုင်း၏ ဘေးကင်းမှုကို အာမခံနိုင်ပေသည်။ အမှန်တကယ်တော့ သူက ဤသည်ကို သာမန် ရှုခင်းကြည့် ခရီးစဉ်ကဲ့သို့ မဆက်ဆံခဲ့ပါ။

သို့သော် သူတို့က ရှေးဟောင်း ကုန်းပြင် နယ်ပယ်ကြီး၏ အတွင်းပိုင်းသို့ ဝင်လာပါက သူက မည်သည့်အရာကိုမှ အာမမခံနိုင်ပါပေ။ အဘယ့်ကြောင့်ဆိုသော် သူကိုယ်တိုင်ပင် ထိုနေရာတွင် သေဆုံးသွားနိုင်သော စွန့်စားမှုနှင့် ရင်ဆိုင်နေရပေသည်။

လူတိုင်းက သူ့၏ သတိပေးချက်ကို ကြားသည်နှင့် သူတို့၏ သတိကို မြှင့်တင်လိုက်၏။ အန်လင်းက သူ့၏ အောင်နိုင်ခြင်းနိမိတ် ဒိုင်းအကာကိုပင် ထုတ်လိုက်ပြီးနောက် ထျန်းလင်းလင်းကို လှမ်းပေးလိုက်သည်။

နောက်ဆုံးတော့ လိုလီလေးက သူမကိုယ်သူမ မကာကွယ်နိုင်ဆုံးဖြစ်လေ၏။ အကယ်၍ သူမက တိုက်ပွဲပညာရှိအဆင့် ကြမ်းတမ်းသော သားရဲတစ်ကောင်နှင့် ကြုံလာပါက သေဆုံးခြင်းနှင့် ရင်ဆိုင်ရနိုင်၏။

တစ်ချိန်က ကာကွယ်ခြင်းကို လိုအပ်နေသော လူသစ်ကလေး မြွေဖြူဝိညာဉ်အတွက်မူ သူမက အပြည့်အဝ တခြားအဆင့် တစ်ခုသို့ တက်သွားပြီးဖြစ်၏။ ချင်လေးကို အဆင်တန်ဆာ အဖြစ်ရှိနေသည်မို့ သူမက တခြားအကာအကွယ် မလိုပါချေ။

နှင်းမုန်တိုင်း ခန်းဆီးအဖြူကြီးကို ဖြတ်သွားပြီးနောက် သူတို့၏ မျက်စိရှေ့တွင် ပေါ်လာသည်မှာ အဖြူရောင် ကုန်းမြေပြန့်ကြီးတစ်ခု ဖြစ်လေသည်။

နှင်းစောင်အကြီးကြီးများက ကမ္ဘာကြီးကို ဖုံးလွှမ်းထားလေ၏။ ကြီးမားလှသည့် နှင်းတောင်ကြီးများက မျက်စိတစ်ဆုံး ကျယ်ပြန့်နေလေ၏။ ကောင်းကင်ကြီးပင်လျှင် အဆုံးမရှိ အဖြူရောင် ပြန့်ကားနေပေသည်။

“အေးလိုက်တာ။” မြွေဖြူဝိညာဉ်က ခိုက်ခိုက်တုန်နေရင်း ပင့်သက်ရှိုက်လာ၏။

ဤနေရာ၏ အပူချိန်မှာ အလွန်အမင်း နိမ့်ဆင်းနေပြီး လေထုကပင် အေးခဲနေသကဲ့သို့ပင်။ ထိုနေရာတွင် လေမတိုက်ပါပေ။ လုံးဝ တိတ်ဆိတ်ငြိမ်သက်နေခြင်းသာရှိ၏။

​စိမ်းပြာနုရောင် ရောင်ခြည် စက်ဝန်းတစ်ခုက မြွေဖြူဝိညာဉ်ကို ရုတ်တရက် ​လွှမ်းခြုံလာ၏။

“ကျေးဇူး ချင်လေး။ အစ်မလင်းလင်းကိုလဲ ကာကွယ်ပေးလို့ရမလား။” မြွေဖြူဝိညာဉ်က ဖြူဖြူစင်စင် အပြုံးလေးတစ်ခုနှင့် ပြောလာ၏။

“ငါရောပဲ။ ငါလဲလိုချင်တယ်။” အန်လင်းသည်လည်း တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်၏ နည်းလမ်းကို စမ်းကြည့်ချင်ပါသည်။

ဝှစ်…

နောက်ထပ် စိမ်းပြာနုရောင် ရောင်ခြည် စက်ဝန်းတစ်ခုက ထျန်းလင်းလင်း၏ ပတ်လည်တွင် ပေါ်လာခဲ့၏။ အန်လင်းသည်တော့ အပြည့်အဝ လျစ်လျူရှုခြင်းခံလိုက်ရသည်။

မြွေစိမ်းလေးက အန်လင်းကို အထင်အမြင်သေးစွာ စိုက်ကြည့်လာ၏။ သူမ၏ အမူအရာမှာ 'သွားစမ်း'ဟူသော အဓိပ္ပာယ် တစ်ခုတည်းကိုသာ ဖော်​ပြနေသကဲ့သို့ပင် ဖြစ်၏။

အန်လင်းက မျက်နှာကို ရှုံ့လိုက်ပြီး စိတ်ပျက်လက်ပျက် သက်ပြင်းချလာ၏။

အန်လင်း၏ ကိုးရိုးကားရားနိုင်လှသော အမူအရာကို မြင်သည်နှင့် မြွေဖြူဝိညာဉ်က မနေနိုင်ပဲ နူးညံ့စွာရယ်​မောလာ၏။ “အဆိပ်သခင်၊ ရှင်က အံ့ချီးမီးတောက် သုံးခုကိုတောင် မျိုချထားပြီးပြီကို ဘယ်လိုလုပ် အအေးကြောက်နေသေးတာလဲ…”

“ဟင်… သူတို့က ငါမျိုချပြီးတော့ နည်းနည်းလေးပဲ အနွေးဓာတ်ပေးတာ။” အန်လင်းက အတည်ပေါက်နှင့် ပြန်ပြောလာ၏။ “ဒါပေမဲ့ ငါသူတို့အကုန်လုံးကို ချီးပါပစ်လိုက်ပြီ။ မင်းစားပြီးတာကို ပြန်ပြီးချီးမပါဘူးလို့တော့ မပြောနဲ့နော်။”

ချင်လေး : “...”

မြွေဖြူဝိညာဉ် : “...”

သူတို့က ဤစကားဝိုင်းအား လုံးဝကို ဆက်ပြောလို့ မရတော့ပေ။

“ဒီနေရာက ကြောက်စရာကောင်းလောက်အောင်ကို တိတ်ဆိတ်နေတယ်။ သားရဲတစ်ကောင်မှ မရှိတာ အတော်လေး ထူးဆန်းနေတယ်လို့ ခံစားရတယ်။” လျှိုချင်ဟွမ်က သူမ၏ အမွှေးခြောက်ခုပါ ပစ္စည်းလေးပေါ်တွင် ထိုင်ကာ အသံတိုးတိုးနှင့်ပြောလာ၏။

“ဒီအတွင်းပိုင်းမှာ သတ္တဝါနည်းနည်းပဲ နေတာ။” တိုက်ပွဲနတ်ဘုရား ဇီယန်က ပြောလာ၏။ “ဒီလို ကြမ်းတမ်းလှသော အခြေအနေတွေနဲ့ဆို ကြမ်းတမ်းတဲ့ သားရဲတွေတောင် အသက်မရှင်နိုင်လောက်ဘူး။”

သူတို့နှစ်ယောက်က စကားပြောနေစဉ် ပတ်ဝန်းကျင်မှ ကောင်းကင်သည် ရုတ်တရက် မှောင်မဲလာတော့သည်။

မျက်တောင် တစ်ခတ်အတွင်းမှာပင် ပိန်းပိတ်နေသော အမှောင်ထုကြီးက ကျရောက်လာပြီး သူတို့အားလုံးကို ပတ်ရံလိုက်တော့၏။

“သတိထားကြ။ အဲ့တာ လေဟာပြင်သေတ္တာပဲ။ အလျင်စလိုမလုပ်ကြနဲ့။” တိုက်ပွဲနတ်ဘုရား ဇီယန်က အော်လာ၏။

အန်လင်းအဖွဲ့မှ အဖွဲ့ဝင်အားလုံးမှာ ထိုရုတ်ချည်းအပြောင်းအလဲကို အလျင်အမြန်ပင် တုံ့ပြန်လာ၏။ ခဏအတွင်းမှာပင် သူတို့က ကာကွယ်ရေးနှင့် ခုခံခြင်း အင်မော်တယ် မန္တန် အမျိုးအစားမျိုးစုံကို ချထားပြီးဖြစ်သည်။

“ငါတို့ အခု ဘာလုပ်ကြမလဲ။” အန်လင်းက သူတို့အား ဝန်းရံထားသော အမှောင်ထုကြီးကို တစ်ချက်ကြည့်ကာ စိုးရိမ်တကြီး မေးလာ၏။ ထိုသည်မှာ ဤအခြေအနေတစ်ခုကို ကြုံရသည့် ပထမဆုံး အကြိမ်ပင် ဖြစ်၏။

“အဲ့တာက လေဟာပြင်အနှောက်အယှက်တွေက ဖြစ်စေတဲ့ လေဟာပြင်တစ်စိတ်တစ်ပိုင်းသီးခြား နယ်ပယ်ပဲ။ “အဲ့တာက သေချာပေါက် တစ်နေရာရာမှာ အက်ကွဲကြောင်းတစ်ခုရှိရမယ်။ အဲ့ဒီ့ အက်ကွဲကြောင်းက ငါတို့ ဒီလေဟာပြင် သေတ္တာထဲကို ဝင်လာတဲ့နေရာပဲ။ ဒါပေမဲ့ အဲ့ အက်ကွဲကြောင်းရဲ့ နေရာက လေဟာပြင်အနှောက်အယှက်တွေကြောင့် ဆက်တိုက်ပြောင်းလဲနေတာ။”

“ငါတို့လုပ်ရမှာက ကိုးကား ကိုဩဒိနိတ် တစ်ခုကို အရင်ဖန်တီးဖို့ပဲ။ အဲ့ကိုဩဒိနိတ်ကို မူလမှတ်ထားပြီးတော့ ဦးတည်ချက်မျိုးစုံကို မီတာသုံးထောင်အတွင် ပျံသန်းကြည့်ရမယ်။ အဲ့လိုလုပ်ပြီး ဒီ အကွာအဝေး သေတ္တာထဲက လွတ်မြောက်နိုင်မဲ့ ဖြစ်နိုင်ချေတစ်ခုတော့ ရှိရမယ်။ ဒါပေမဲ့ အရမ်းကြမ်းတမ်းတဲ့ အင်မော်တယ် မန္တန်တွေမသုံးဖို့ ဂရုစိုက်ကြ။ မဟုတ်ရင် လေဟာပြင် တုံ့ပြန်မှုကို ခံရလိမ့်မယ်။” တိုက်ပွဲနတ်ဘုရား ဇီယန်က ဤအခြေအနေများအား အတွေ့အကြုံရှိပုံရကာ မျက်နှာသေဖြင့်ပြောလာ၏။

ထို့နောက် သူရပ်နေ့သည့် နောက်သို့ စူးရှသော မီးဘောလုံတစ်ခု ပစ်လွှတ်လိုက်သည်။ ထိုသည်မှာ သူတို့၏ ကိုးကား ကိုဩဒိနိတ် ဖြစ်လာပေမည်။

“လူမကွဲစေနဲ့။ အဲ့တာမှ နောက်ထပ်ကြုံလာမဲ့ ပရမ်းပတာလေပြင်းတွေကို အတူတူ ရင်ဆိုင်နိုင်မှာ။” တိုက်ပွဲနတ်ဘုရားဇီယန်က ထပ်မံပြောလာ၏။

“မီတာသုံးထောင် အကွာအဝေးက လေဟာနယ်ရဲ့ ထုထည်အကြီးကြီးကို တကယ်ဖုံးမိထားတာပဲ။ ငါတို့က ဦးတည်ချက် အမျိုးမျိုးကို မမြင်မကန်းနဲ့ ပျံသန်းသွားရင် ငါတို့က ဘယ်အချိန်မှ အက်ကွဲကြောင်းကို ရှာတွေ့မှာလဲ။” အန်လင်းက စိတ်ပျက်နေ၏။

“စိတ်မပူပါနဲ့။ ကံတရားအရပေါ့။ ဘာပဲဖြစ်ဖြစ် ငါတို့လို ကျင့်ကြံသူတွေအတွက် သုံးနာရီ ဖြစ်ဖြစ် သုံးလဖြစ်ဖြစ် ဘာများ ကွာခြားမှာမို့လဲ။” တိုက်ပွဲနတ်ဘုရား ဇီယန်က အန်လင်းကို နှစ်သိမ့်ရင်း တက်ကြွနေတော့သည်။

အန်လင်းက မျက်နှာမဲ့လိုက်၏။ မင်းအတွက်တော့ ဘာမှ မထူးခြားဘူးပေါ့… ဒါပေမဲ့ နောက်ထပ် ၁၂ရက် ဒါမှမဟုတ် အဲ့ထက်ကြာသွားရင် ငါ့မစ်ရှင်ရဲ့ အချိန်ကန့်သတ်ချက်က ပြည့်သွားတော့မှာ။ အဲ့အချိန်ကျရင် ငါက သုံးရက်တောင် ပူပြင်းမီးတောက်တွေရဲ့ လောင်ကျွမ်းခြင်းကို ခံရတော့မှာ။

ထိုအချိန်၌ ချင်လေးက ချက်ချင်းပင် ပြောလာ၏။ “အဲ့တာက အဲ့လောက်လဲ မခက်ပါဘူး။ အအေးလွန်နေတဲ့ အပူချိန်က လေဟာနယ် အက်ကွဲကြောင်းရဲ့ တည်နေရာကို ခေတ္တခဲစေနိုင်တယ်။ မင်းတို့တွေ ငါ့နောက်သာ လိုက်ခဲ့ကြ။”

လူတိုင်းက ထိုသည်ကို ကြားပြီး တုန်ယင်သွား၏။

ချင်လေးက တုန့်ဆိုင်းမနေပဲ ချက်ချင်းပင် ခန္ဓာကိုယ်အောက်ပိုင်းက မြွေပုံသဏ္ဍာန်ရှိသော မြွေအမျိုးသမီး တစ်ဦးအသွင် ပြောင်းလိုက်၏။ သူမ၏ ဤပုံစံအတွင်း၌ အစွမ်းအထက်ဆုံး ဖြစ်လေသည်။

“အနန္တမြွေထူတော…”

သူမက ဒေါသတကြီး အော်ဟစ်လိုက်ပြီး အပြာရောင် လှိုင်းငယ်လေးများက ရုတ်တရက် ရင်းနှီးစွာထွက်ပေါ်လာတော့သည်။ ထို့နောက် ချက်ချင်းပင် မရေမတွက်နိုင်သော အပြာရောင်မြွေလေးများ တစ်အုပ်က ပတ်ဝန်းကျင်သို့ ကသုတ်ကရက် တွန့်လိမ်သွားစပြုနေတော့သည်။

“မင်း ရူးနေလား။” တိုက်ပွဲနတ်ဘုရားဇီယန်က ရန်လိုနေဟန်ဖြင့် ပြောလာ၏။ “မင်း မန္တန်တွေကို ဒီလို ဖန်တီးလိုက်ရင် လေဟာနယ်တုန့်ပြန်ခြင်းကို ခံစားရလိမ့်မယ်။”

“အဆင်ပြေပါတယ်။ အလွန်အေးခြင်းက ဒီလေဟာနယ်သေတ္တာထဲက တုန့်ပြန်ခြင်းကိုလဲ နှေးကွေးစေနိုင်တယ်။” တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်က ယုံကြည်မှုရှိနေပုံပေါ်ပြီး တစ်မူထူးခြားစွာ ပြုံးပြလာ၏။

တိုက်ပွဲနတ်ဘုရား ဇီယန်က သူမ၏ ရှင်းပြချက်ကြောင့် စကားမပြောနိုင်ပဲကျန်ရစ်ခဲ့၏။

“တွေ့ပြီ…” တိုက်ပွဲနတ်ဘုရား ပိုင်ချောင်က ဟာလာပြင်ထဲမှ တစ်နေရာကို ညွှန်ပြလာ၏။ သူမနှင့် မီတာ နှစ်ထောင်ခန့်အဝေး ပိန်းပိတ်အောင်မှောင်နေသော တစ်နေရာတွင် ​အပြာရောင် မြွေအသေးလေးတစ်ကောင်၏ အမြီးကို တွေ့ရ၏။ ထိုအရာက တစ်ခြားတစ်နေရာသို့ ပျောက်ကွယ်သွားပြီဖြစ်သည်။

“အေးခဲစေ…” တိုက်ပွဲနတ်ဘုရား ပိုင်ချောင်က လက်ချိတ်စည်းတစ်ခုကို ဖွဲစည်းလိုက်ပြီး မြွေသေးသေးလေးက ချက်ချင်းပင် သူ့ကိုယ်သူ ဖောက်ခွဲလိုက်၏။ စွမ်းအားကြီးသော မြူထူလေများက အပြင်မှ ဝင်ရောက်လာသည်။

ထိုပေါက်ကွဲမှု အပြင် ကျန်ရှိသည့် မြွေလေးများ အားလုံးကလည်း ထိုနေရာသို့ ကသုတ်ကရက် အပြေးနှင်သွားကြ၏။ သူတို့က ရောက်ရှိသည်နှင့် သူတို့ကိုယ်မှ မြူထူလေများကို ထုတ်လွှတ်လိုက်၏။

အန်လင်းနှင့်တခြားသူများက သူတို့သည် ဤအခွင့်အရေးကို အမိအရဖမ်းရမည်ကို သိရှိပြီး တုန့်ဆိုင်းခြင်း တစ်ချက်မရှိပဲ အက်ကွဲကြောင်းရှိရာသို့ တဟုန်ထိုး တိုးဝင်သွားကာ အမည်းရောင် ဟာလာပြင်ကို တိုးဝင်သွားတော့သည်။

ထိုအခိုက်အတန့်တွင် ထူးဆန်းသော ခံစားချက်တစ်ခုက သူတို့နှလုံးသားထဲတွင် ပေါ်လာ၏။ ထိုခံစားချက်မှာ ကောင်းကင်နှင့်မြေကြီးက ရုတ်တရက် အလင်းဖြာထွက်လာသကဲ့သို့ပင်။ ထိုသည်က သူတို့သည် ဘဝအသစ်တစ်ခုကို လက်ခံရရှိသကဲ့သို့ ခံစားချက်ဖြစ်၏။

“ဟူး… နောက်ဆုံးတော့ ငါတို့လွတ်လာပြီ။” အန်လင်းက ပျော်ရွှင်စွာ အော်ဟစ်လာ၏။

တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်က သူမ၏ မြေငယ်လေး သဏ္ဍာန်ပြန်ပြောင်းကာ မြွေဖြူဝိညာဉ္၏ လက်မောင်းကို ရစ်ပတ်လိုက်၏။

တိုက်ပွဲနတ်ဘုရား ဇီယန်၏ မျက်နှာမှာရှက်ရွံ့မှုကြောင့် နီရဲနေ၏။ သူက ဗဟုသုတနည်းခြင်းကြောင့် အချေခံရပြီး ခပ်မိုက်မိုက်ပုံစံဖမ်းသောအခါ၌လည်း ကျဆုံးခဲ့သည်။ သူက လောလောဆယ်တွင် အလွန်အမင်း နေလို့မကောင်းပါချေ။

သူတို့က အတွင်းပိုင်းကို ဆက်လက်ရှာဖွေကြတော့သည်။ ရှောင်ယန် သင်္ချိုင်းဂူမှာ ဤနယ်ပယ်ကြီးနှင့် ဆက်နွယ်မှုတစ်ခုခုတော့ ရှိပုံရလေ၏။ အံ့ချီးလက်နက်နှင့် အံ့ချီးမီးတောက်မှာလဲ ဤနေရာတွင် ရှိနေသကဲ့သို့ပင်။ ထို့ကြောင့် သူတို့က ဤကုန်းမြေကြီးကို ပိုက်စိပ်တိုက်ရှာရာတွင် အလွန်အမင်း စိတ်ရှည်နေပေတော့သည်။

သိပ်မကြာမီမှာပင် လျှို့ဝှက်ဆန်းကြယ်သော

အနက်ရောင်လေထုက သူတို့ကို ဝန်းရံလိုက်၏။

ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးသည်လည်း ဤအနက်ရောင်လေပြင်းကြောင့် အရောင်စွန်းခြင်းခံလိုက်ရသည်။ ထိုသည်က ကြောက်စရာကောင်းသော ဖြတ်တောက်ခြင်းစွမ်းအင်ကို ပိုင်ဆိုင်ပြီး ပတ်ဝန်းကျင်ရှိ ဟာလာပြင်ပင် သူ့၏ ကြီးမားလှသော စွမ်းအင်ကို တောင့်မခံနိုင်ပါပေ။ အန်လင်းနှင့်တခြားသူများက အလယ်ဗဟိုတွင်ရှိပြီး ထို အနက်ရောင်လေထုကြီးက အတွင်းဘက်သို့ တဖြည်းဖြည်း စုကျုံ့လာတော့သည်။

***

All Chapters