← Chapters

ကြီးမြတ်သော တိုက်ပွဲနတ်ဘုရားများ၏ အရိပ်၌ခိုနားခြင်း

Vol. 24 Ch. 335

ကြီးမြတ်သော တိုက်ပွဲနတ်ဘုရားများ၏ အရိပ်၌ခိုနားခြင်း

Vol. 24 Ch. 335

“ဂရုစိုက်ကြ။ အဲ့ဒီ့ အနက်ရောင်လေထုမှာ အလွန်အမင်း အစွမ်းထက်တဲ့ ကြေမွပျက်စီးစေနိုင်စွမ်းရှိတယ်။ မင်းတို့ရဲ့ အရှိန်အဝါတွေကို ချိုးနှိမ်ထားဖို့ အကောင်းဆုံး ကြိုးစားကြ။ တစ်စုံတစ်ယောက်ရဲ့ အရှိန်အဝါပိုကြီးလေလေ အဲ့ဒီ့အနက်ရောင်လေထုက စွမ်းအားပိုကြီးလာလေလေပဲ။” တိုက်ပွဲနတ်ဘုရား ဇီယန်က အလေးအနက် မျက်နှာဖြင့်ပြောလာ၏။

ဇီယန်၏ သတိပေးချက်ကိုကြားပြီးနောက် သူတို့အားလုံးက သူတို့၏ အရှိန်အဝါများကို ချိုးနှိမ်ထားလိုက်လေသည်။ အနက်ရောင် လေပြင်း၏ အရှိန်က သိသိသာသာပင် နည်းပါးလာတော့သည်။ သို့သော် ထိုအရာက သူတို့ဆီကို တိုးလာနေဆဲပင်။

အန်လင်းက ဇီယန်ကို ကြည့်လိုက်ပြီး “ငါတို့အခုဘာလုပ်ရမှာလဲ။ ငါတို့ ဒီအတိုင်း သေဖို့ ထိုင်စောင့်နေမှာတော့ မဟုတ်ဘူးမလား။”

“မပူနဲ့။” တိုက်ပွဲနတ်ဘုရား ဇီယန်က တည်တည်ငြိမ်ငြိမ်ဖြင့် တုံ့ပြန်လာ၏။ “အခုကစပြီး အနက်ရောင်လေထု အားနည်းသထက်နည်းလာပြီ။ အဲ့တာက ငါ့တို့အပေါ်ရောက်ခါနီးရင် အနက်ရောင်လေထုရဲ့ စွမ်းအားက အတော်လေး လျော့နည်းနေလောက်ပြီ။ အဲ့အချိန်ကျရင် ငါတို့က ခုခံကာကွယ်ရေး အင်မော်တယ် မန္တန်ကိုအသက်သွင်းပြီးတော့ အမြန်ထွက်ကြမယ်။ အဲ့လိုလုပ်ရင် ဒဏ်ရာ အနည်းအကျဉ်း တော့ရနိုင်တယ်။ ဒါပေမဲ့ သေဆုံးနိုင်ခြေတော့ မရှိပါဘူး။”

သူတို့က ထိခိုက်ဒဏ်ရာ ရနိုင်သေးသည်ဟု ကြားသောအခါ မြွေဖြူဝိညာဉ်၏ မျက်နှာမှာ ဖြူဖျော့သွား၏။

ချင်လေးက အထင်သေးမှုနှင့် တရှဲရှဲမြည်လာပြီး “အဲ့အနက်ရောင်လေထုက တိုက်ခိုက်လေလေ သူ့စွမ်းအားက လျော့နည်းလေလေပဲလေ။ ငါတို့က ဘာလို့မြန်မြန်တိုက်ပြီး သူ့စွမ်းအားကို မလျော့ချပစ်ရတာလဲ။”

“ဒါပေမဲ့ မင်းက အင်မော်တယ် မန္တန်တစ်ခု ချလိုက်ရင် မင်းရဲ့အရှိန်အဝါကလည်း ထွက်သွားမှာလေ။ အဲ့အချိန်ကျရင် အနက်ရောင် လေထုဆီကနေ ပိုကြီးတဲ့ တုံ့ပြန်မှုကို ခံရနိုင်တယ်။ အဲ့နည်းလမ်းက အလုပ်မဖြစ်လောက်ဘူး။” တိုက်ပွဲနတ်ဘုရား ဇီယန်က မထောက်ခံကြောင်း ခေါင်းခါပြ၏။

“ငါတို့က အဲ့တာကို တိုက်ခိုက်ဖို့ သက်မဲ့ ပစ္စည်းတွေကို သုံးရင်ရော အဲ့ပြဿနာ မပြေလည်လောက်ဘူးလား။” ချင်လေးက အပစ်ကင်းစွာ မျက်တောင်တဖြတ်ဖြတ် ခတ်လာတော့သည်။

တိုက်ပွဲနတ်ဘုရား ဇီယန်က တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားပြန်တော့သည်။

“ဒါပေမဲ့ အဲ့အနက်ရောင် လေထုက စွမ်းအားကြီးလွန်းတယ်။ သာမန်ပစ္စည်းတွေဆို အဲ့တာနဲ့ ထိတာနဲ့ ဖျက်စီးခံရလိမ့်မယ်။ သူတို့ တိုက်ခိုက်မှုရဲ့ အကျိုးသက်ရောက်မှုက အနည်းငယ်ပဲ ဖြစ်လောက်မှာ။ အဲ့တာက မင်း အံ့ချီးလက်နက်ကို အသုံးပြုရင်တော့ အလုပ်ဖြစ်လောက်တယ်။ ဒါပေမဲ့ အံ့ချီးလက်နက်က အဲ့လို အပြုအမူကြောင့် ပျက်စီးနိုင်မလားဆိုတာကတော့ ငါအတတ်မပြောတတ်ဘူး။” အဲ့ချီးလက်နက်များကို အနက်ရောင်လေထုအတွင်း၌ထားပြီး သူ့စွမ်းအင်ကို အဆက်မပြတ် လျော့ပါးလာစေခြင်းက ထိုအရာကို တိုက်ရိုက်တိုက်ခိုက်ခြင်းနှင့် အလွန်ခြားနားသော အရာဖြစ်လေ၏။ ထို့ကြောင့် တိုက်ပွဲနတ်ဘုရား ဇီယန်က အရင်ဆုံး သတိပေးစကား ဆိုလိုက်ခြင်းပင်။

မည်သူကမှက အကြောင်းမပြန်နိုင်ခင်မှာပင် အန်လင်းက သူ့၏ အုတ်ခဲနက်ကြီးဆီမှ သူ့ဓားပေါ်သို့ ခုန်ဆင်းလိုက်ပြီး ဖြစ်သည်။ သူ့၏ ဘယ်ဘက်လက်ထဲတွင် လိုလီလေးရှိပြီး ညာဘက်တွင်တော့ မိန်းမလှလေးတစ်ယောက်ရှိ၏။

“ကြီးစေ၊ ကြီးစေ၊ ကြီးစေ၊ ကြီးစေ… သွား”

တခြားသူများ၏ စောင့်ကြည့်မှုအောက်တွင် ကြီးမားသော အနက်ရောင် အုတ်ခဲကြီးက အနက်ရောင်လေထုဆီသို့ ကျယ်လောင်သော မြည်ဟီးသံကြီးနှင့် တိုက်ခိုက်လိုက်၏။

ချက်ချင်းပင် ရူးလောက်သော စွမ်းအင်ပမာဏက တစ်ခုနှင့်တစ်ခု ကြမ်းတမ်းစွာ ဆုတ်ဖြဲစပြုလာလေသည်။

အနက်ရောင် အုတ်ခဲက မဖောက်ထွင်းနိုင်သော တောင်ကြီးတစ်လုံးကဲ့သို့ အနက်ရောင်လေထုထဲတွင် မလှုပ်မယှက် တည်တည်ငြိမ်ငြိမ်ရှိနေ၏။

သည်လိုနှင့်ပင် ကြောက်မက်ဖွယ် အနက်ရောင်လေထုကြီးက တဖြည်းဖြည်း​ အရှိန်သေသွားတော့၏။ စွမ်းအင်လျော့နည်းလာသည်နှင့်အမျှ ကြီးမာသော အပေါက်ကြီးက ထိုအပေါ်တွင် ပွင့်ထွက်လာ၏။

“သွားကြစို့။”

အန်လင်းနှင့် တခြားသူများက ထိုအပေါက်မှဖြတ်ကာ အနက်ရောင်လေထုကြီးဆီမှ အန္တရာယ်ကင်းစွာ လွတ်မြောက်လာကြတော့သည်။

“ဝိုး… အဆိပ်သခင်ရဲ့ အုတ်ခဲက အရမ်းကို အထင်ကြီးစရာကောင်းတာပဲ။ အဲ့တာက မယုံနိုင်လောက်အောင်ကို အကြမ်းခံတယ်။” မြွေဖြူဝိညာဉ်က သူမ၏ မျက်လုံးတောက်တောက်လေးများဖြင့် အန်လင်းကို တလေးတစားကြည့်လိုက်၏။ သူမက သူမ၏ သေးသွယ်သော ခါးလေးက အန်လင်း၏ ဆုပ်ကိုင်ခြင်းကို ခံနေရသည် ဟူသောအချက်ကို လုံးဝမေ့နေပေတော့သည်။

“အဟမ်း၊ အဟမ်း…” အန်လင်းက မြွေဖြူဝိညာဉ်၏ မှတ်ချက်ကိုကြားပြီးနောက် တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။

သူက ထျန်းလင်းလင်းနှင့် မြွေဖြူဝိညာဉ်ကို အနက်ရောင် အုတ်ခဲပေါ်သို့ ပြန်တင်ပေးလိုက်ပြီးနောက် ရှောင်ယန်သင်္ချိုင်းဂူ၏ သဲလွန်စများကို ဆက်လက်ရှာဖွေလိုက်လေသည်။

ဟင်း… ကောင်မလေးနှစ်ယောက်ကို တစ်ပြိုင်တည်း ဖက်ရတဲ့ ခံစားချက်က ကောင်းမွန်လှသည်။ သို့သော် ရုတ်တရက် ကျရောက်လာသော စူးရှရှအကြည့် နှစ်ခုက အန်လင်းကို ကြောက်လန့်တကြား တုန်ယင်သွားစေ၏။ အကြည့်တစ်ခုသည် စုရှောင်လန်ဆီမှဖြစ်ပြီး တခြားတစ်ခုမှာတော့ တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်ဆီမှ ဖြစ်သည်။

တိုက်ပွဲနတ်ဘုရား ဇီယန်က ဤတစ်ချိန်လုံး တိတ်ဆိတ်နေပေ၏။ သူက သူ့ကိုယ်သူ သံသဝင်ခြင်း အဆင့်သို့ ကျဆင်းနေပြီဖြစ်သည်။

“ဟေ့ကောင်တွေ… ကြည့်လိုက်အုံး။ အရှေ့မှာ မြူခိုးတွေ။”  မြွေဖြူဝိညာဉ်က ရုတ်တရက် ဆိုလာ၏။

သူတို့က အရှေ့သို့ကြည့်လိုက်သောအခါ နှင်းဝေသော အဖြူရောင်မြူခိုးတိမ်တိုက်တစ်ခု ရှိလေ၏။ မြူခိုးများက အမြင်အာရုံကို ဝေဝါးစေပြီး ထိုအထဲတွင် မည်သည့်အရာရှိနေသည်ကို မြင်နိုင်ခြင်းမှ ကာကွယ်ထားလေသည်။

ထိုအခိုက်မှာပင် အန်လင်းနှင့် တခြားသူများက သူတို့၏ မျက်လုံးများကို မြွေစိမ်းသေးသေးလေးဆီသို့ လှည့်လာလေ၏။

ထိုသည်ကို မြင်သည်နှင့် တိုက်ပွဲနတ်ဘုရား ဇီယန်က နောက်တစ်ဖန် ကြေကွဲခံစားမိလာပြန်၏။

သူသည် ကျန်းချီကုန်းမြေကြီး၏ အကြီးမြတ်ဆုံးသော ဖြစ်တည်မှုပင်။ သူ၏ ဂုဏ်သိက္ခာနှင့် အမည်ကောင်းများက ဤကဲ့သို့ပင် ပျောက်ကွယ်သွားတော့မည်လား။

“အဲ့ဒီ့ မြူခိုးက တိုက်ပွဲချီရဲ့ အရည်ပုံစံပဲ။ အဲ့လို တိုက်ပွဲချီ မြူထူထပ်နေတာက အဲ့မှာ သေချာပေါက် တန်ဖိုးကြီးတဲ့ တစ်စုံတစ်ခုက အဲ့ထဲမှာ ရှိရမယ်။ အန္တရာယ်ရှိနိုင်ခြေကတော့ သေချာပေါက်ကို မသိရဘူးပေါ့။” ချင်လေးက တခြားသူများကို ကြည့်ရင်း အေးအေးဆေးဆေးပြောလာ၏။

လူတိုင်းက ထိုသည်ကိုကြားပြီးနောက် ပိုပြီးစိတ်ချလာသည်ဟု ခံစားလိုက်ရသည်။

“ဇီယန်၊ ကျေးဇူးပြုပြီး ဦးဆောင်လမ်းပြပါအုံး။” အန်လင်းက တစ်ခစ်ခစ်ရယ်လာ၏။

တိုက်ပွဲနတ်ဘုရား ဇီယန်က မျက်နှာမဲ့လိုက်၏။ သူက အမှန်တကယ်ပင် ကျိန်ဆဲချင်နေတာဖြစ်သည်။

သူ့၏ ခန္ဓာကိုယ်တစ်ခုလုံးက မီးတောက်သံချပ်ကာ တစ်ခုအထဲတွင် လွှမ်းခြုံခံရပြီး သူက အဖြူရောင် မြူခိုးထဲသို့ ပထမဆုံးတိုးဝင်သွားတော့သည်။

အန်လင်းနှင့်တခြားသူများက နောက်ကလိုက်လာ၏။ သူတို့အားလုံးက ပိုမို အာရုံစိုက်လာကြပြီး တိုက်ခိုက်ရန်အသင့် အနေအထားသို့ ဝင်ရောက်လာကြသည်။

“အဲ့မှာ တောင်တစ်လုံးရှိတယ်လား…”

တိုက်ပွဲနတ်ဘုရား ဇီယန်၏ မျက်လုံးများက မီးရှုးတိုင်များကဲ့သို့ တောက်လောင်နေပြီး ထိုသည်က သူ့၏ အမြင်အာရုံမှာ နှင်းထူသော မြူခိုးအလွှာများကို ထိုးဖောက်နိုင်သကဲ့သို့ပင်။ ထို့နောက် ကြီးမားသော အနက်ရောင်အရိပ်တစ်ခုကို တွေ့လိုက်လေတော့သည်။

“မဟုတ်ဘူး… သတိထားကြ။” သူက ရုတ်တရက် အော်ဟစ်လိုက်၏။

အနက်ရောင် အရိပ်က တဖြည်းဖြည်းနီးကပ်လာကာ အသက်ရှုကြပ်ဖွယ် ခွန်အားတစ်ခုကို ထုတ်လွှတ်လိုက်ပြီး အဖြူရောင်မြူခိုးအလွှာများကို ဖြတ်ကာ ကြောက်မက်ဖွယ်အရှိန်ကြီးဖြင့် ထိုးဖြတ်လာတော့သည်။ သူတို့၏ တုံ့ပြန်မှုများက လျင်မြန်ပြီး အမျိုးမျိုးသော မှော်ရတနာများဖြင့် သတ္တဝါ၏ လမ်းကြောင်းအပြင်ဖက်သို့ ပျံသန်းလိုက်ကြ၏။

ဘုန်း…

ကြီးမားသော တောင်ကြီးက မြေပြင်သို့ ပြုတ်ကျလာပြီး ကမ္ဘာမြေကြီး၏ ​ပေပေါင်းထောင်ချီကို တိုက်ရိုက် ပြိုကျစေတော့သည်။

အန်လင်း၏ မျက်လုံးများက ပြူးထွက်လာတော့သည်။ ထိုသည်မှာ ကြီးမားသော တောင်ကြီးမဟုတ်ပါချေ။ ထိုသည်က ဧရာမလက်ကြီးတစ်ခုဖြစ်သည်မှာ ရှင်းလင်းသွား၏။

“ငါ့ပိုင်နက်ကို ကျူးကျော်လာတဲ့ ဘယ်သူမဆို သေရမယ်။”

ထိုပေါက်ကွဲသံကြီးက မြည်ဟီးနေသော အသံလှိုင်းများအဖြစ်ပြောင်းသွားကာ ပတ်ဝန်းကျင်ကို ပျံ့နှံ့သွား၏။

တိုက်ပွဲနတ်ဘုရား ဇီယန်က ထိုသတ္တဝါမှာ အလွန်အမင်း အစွမ်းထက်မည်ကို သိလေ၏။ သို့သော် သူက သူ့၏ သတ္တိများကို ဆင့်ခေါ်ပြီး ထိုအရာဆီသို့ တစ်ဟုန်ထိုး တိုက်ခိုက်လိုက်လေသည်။

အလွန်ကြီးမားသော လက်သီးကြီးက ကောင်းကင်မှ ကျဆင်းလာ၏။

“ရွှေဧရာမ မီးတောက် လက်ဝါး…”

တိုက်ပွဲနတ်ဘုရား ဇီယန်က အော်ဟစ်လိုက်ပြီး အကန့်အသတ်မရှိသော ရွှေရောင်မီးတောက်များက သူ့လက်ဝါးမှ ပေါက်ထွက်လာတော့သည်။

ဘုန်း…

နားအူမတက် မြည်ချုန်းသံကြီးက ပေါ်ထွက်လာပြီး ပေါက်ကွဲစေနိုင်သော ရွှေရောင်မီးတောက်များက အလွန်ကြီးမားသော လက်သီးကြီးကို ဟက်တတ်ခွဲပစ်ကာ အနက်ရောင်အဖြစ် မီးကျွမ်းစေ၏။ တစ်ချိန်တည်းမှာပင် တိုက်ပွဲနတ်ဘုရား ဇီယန်က သွေးတစ်ပွက်အန်ပြီး နောက်လန်ကျသွားတော့သည်။

“ချင်လေး… သူ့ကိုသွားကူလိုက်အုံး။” တိုက်ပွဲနတ်ဘုရား ဇီယန် ဒဏ်ရာရသည်ကို မြင်သောအခါ မြွေဖြူဝိညာဉ်က ဆက်လက် ကြည့်မနေနိုင်တော့ပါပေ။

“ကျွတ် သူက တိုက်ပွဲနတ်ဘုရားတောင်ဖြစ်နေပြီ အဲ့တာဒါကို ကျောက်ဘီလူးတစ်ကောင်တောင် နိုင်အောင်မတိုက်နိုင်ဘူး။ သူက အသက်ရှင်ဖို့အတွက် ဘာများလုပ်စားပါလိမ့်။” တိုက်ပွဲနတ်ဘုရား ပိုင်ချောင်က အထင်သေးစွာ ကြည့်လိုက်ပြီး “အဲ့အပြင် ငါသာ အဲ့တိုက်ပွဲထဲဝင်တိုက်လိုက်ရင် မင်းကိုဘယ်သူက ကာကွယ်မှာလဲ။”

“ငါ သူမကို ကာကွယ်လိုက်မယ်။” အန်လင်းက ရုတ်တရက် ကမ်းလှမ်းလာ၏။ “ငါက တိုက်ပွဲနတ်ဘုရား နှစ်ယောက်ကို တစ်ချက်တည်းနဲ့ အနိုင်ရလာတဲ့ ပြိုင်ဘက်ကင်း ဖြစ်တည်မှုပဲ။ မင်းငါ့ကို ယုံလို့ရတယ်။”

မြွေဖြူဝိညာဉ်၏ နူးညံ့သော မျက်နှာလေးက ရုတ်တရက် နီရဲသွားလေ၏။ “ဟင်… အဆိပ်သခင်သာ ငါ့ကို ကာကွယ်ပေးရင် ငါအဆင်ပြေမှာပါ။ ချင်လေး မြန်မြန် သူ့ကို သွားကူလိုက်။”

မြွေစိမ်းလေးက သူ့နှုတ်ခမ်းကိုပိတ်လိုက်လေ၏။ ထို့နောက် အလင်းတန်းတစ်ခုအဖြစ်ပြောင်းကာ အဖြူရောင် မြူခိုးအထူကြီးအထဲမှာ ပုန်းနေသော အလွန်ကြီးမားသည့် ပုံရိပ်ဆီသို့ တဟုန်ထိုး တိုးဝင်သွားတော့သည်။

ဘုန်း ဘုန်း ဘုန်း…

နားအူမတက် မြည်သံကြီးက မြူခိုးအတွင်းမှ ထွက်ပေါ်လာ၏။

သိပ်မကြာမီမှာပင် ပြင်းထန်သော မီးတောက်များက မြူခိုးများကို ကွဲထွက်စေတော့သည်။ စိမ်းပြာနုရောင် မန္တန်နည်းလမ်းမှာ ကျယ်ပြန့်ပြီး အကန့်အသတ်မရှိဖြစ်ပြီး ဧရာမ အနက်ရောင် ပုံရိပ်ကြီးဆီမှ မချိတင်ကဲ ငိုမြည်းသံကြီးကို အစ်ထုတ်နေလေ၏။

အဝေးမှာရပ်နေရင်း အန်လင်းက ကျရောက်လာသည့် ကျောက်ခဲကြီးများကို တစ်စစီခွဲရန် တာဝန်ယူပေးနေ၏။ ထိုသည်မှလွဲ၍ သူ့၌ တခြားလုပ်စရာမရှိပါပေ။

“နတ်ဘုရား သုတ်သင် နည်းလမ်း… အဝါရောင် နွေဦးရဲ့ ဓားပြာ…”

ဂျိုင်း…

ပျံသန်းနေသော အပြာရောင် အလင်းလေးက အရှည် ပေထောင်ချီသော ဓားကြီးတစ်ချောင်းအဖြစ် ပြောင်းသွား၏။ ထိုအထဲတွင် အကြီးအကျယ် ဖျက်စီးတတ်သော ခွန်အားဖြင့် ချက်ချင်းပင် ပိုင်းခုတ်လိုက်လေသည်။

“ဘယ်လိုများ...” ဧရာမ'တောင်ကြီး'က နာကျင်မှုဖြင့် အော်လာ၏။

မြေပြင်က စတင်တုန်ခါလာပြီး အဝေးဆီမှ မြေကြပေါ်သို့ တစ်စုံတစ်ခု ပြိုကျသံက ထွက်ပေါ်လာ၏။

အစိမ်းရောင် အလင်းတန်းလေးက အဝေးဆီမှ အလျင်အမြန် ပြန်ရောက်လာကာ မြွေဖြူဝိညာဉ်၏ လက်မောင်းကို ပြန်လည် ကပ်တွယ်လိုက်သည်။

“ပြီးသွားပြီ။” ချင်လေးက မထူးခြားစွာပြောလာ၏။

အန်လင်းနှင့် တခြားများက မြွေစိမ်းလေးအား တလေးတစားငေးကြည့်နေတော့သည်။

တိုက်ပွဲဖြစ်ပွားရာ နေရာသို့ ပျံသန်းသွားပြီး ရန်သူ လုံးဝရှင်းသွားသည်ကို မြင်ပြီး ကိုးစားချင်နေသော သူတို့၏ စိတ်မှာ ပိုမို သန်မာလာတော့၏။

ထိုသည်မှာ ကြက်သွေးရောင် အလယ်ဗဟိုရှိပြီး စတီးကဲ့သို့ အရေပြားရှိသော ဧရာမကျောက်ဘီလူးကြီးဖြစ်သည်။ သူ့၏ ခန္ဓာကိုယ်မှာ ပေပေါင်းထောင်ချီ မြင့်မား၏။ ထိုသည်မှာ အမှန်တကယ်ပင် ရက်စက်ကြမ်းကြုတ်သော သတ္တဝါကြီးပင်။

အခုတွင်သော ထိုအရာ၏ အရှိန်အဝါမှာလဲ ပျောက်ကွယ်သွားပြီဖြစ်ကာ ထိုအရာကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာလဲ အလယ်မှ နှစ်ပိုင်းကွဲနေသည်မှာ နှစ်ပိုင်းအဖြတ်ခံထားရသည်ဟု သိသိသာသာပင် ဖြစ်၏။

တိုက်ပွဲနတ်ဘုရား ဇီယန်က ကျောက်ဘီလူးကြီး၏ ခေါင်းမှ အပြာရောင်ဓားတစ်ချောင်းကို ရှာတွေ့ပြီး အန်လင်းဆီသို့ ပျံသန်းလာကာ ထိုဓားကို ကမ်းပေးလိုက်၏။

“ကံတရားက ငါတို့ဘက်မှာပဲ။” သူက စိတ်လှုပ်ရှားစွာ ရယ်မောလာပြီး “ဒါက အံ့ချီးလက်နက် မိုးပြာရောင် သမုဒ္ဒရာဓားပဲ။”

ထိုဓားကိုမြင်သည်နှင့် သူတို့က စိတ်လှုပ်ရှားစွာ အမှတ်တမဲ့ သက်ပြင်းချလိုက်၏။ တိုက်ပွဲနတ်ဘုရား နှစ်ယောက် သူတို့နှင့် အဖော်အဖြစ် ပါလာသည်မှာ အလွန် အံ့ဩဖွယ်ပင်ဖြစ်သည်။

ထိုတိုက်ပွဲ နတ်ဘုရားများက ခေါင်ကြီးများနှင့် ထိပ်တိုက်တွေ့ပြီး အနိုင်ရနေ၏။ ခေါင်ကြီးများကို အနိုင်ရပြီးနောက်တွင်တော့ ထိုတိုက်ပွဲနတ်ဘုရားများက အံ့ချီးလက်နက်ကို စိတ်အားထက်သန်စွာ ကမ်းပေးလာလေသည်…

အန်လင်းနှင့် တခြားသူများ လုပ်ရန်လိုအပ်သည်မှာ သူတို့၏အရိပ်ကို အလွတ်တမ်း ဆွဲထားနိုင်ရန်ပင်။

မိုးပြာရောင် သမုဒ္ဒရာဓားမှာ အပြာရောင်ဖျော့​ဖျော့ရှိပြီး သူ့၏ မျက်နှာပြင်ပေါ်တွင် ခပ်မှိန်မှိန်လှိုင်းကလေးများ စီးဆင်းနေ၏။

ထိုအရာ၏ အရှိန်အဝါမှာ အကန့်အသတ်မဲ့ဖြစ်ကာ သမုဒ္ဒရာပြင်ကျယ်ကြီးကဲ့သို့ နက်နဲသိမ်မွေ့လှ၏။

အန်လင်းက တံတွေးမျိုချလိုက်ပြီး သူ့မျက်လုံးထဲတွင် ပြင်းပြသော တောက်ပမှုတစ်ခု ရှိနေလေ၏။ “ဒီအံ့ချီးလက်နက်ကို ခွဲဝေရအောင်။ စည်းကမ်းကတော့ အရင်တုန်းကလိုပဲ။”

လူတိုင်းက ခေါင်းငြိမ့်သဘောတူကြ၏။

တိုက်ပွဲနတ်ဘုရား ဇီယန်နှင့် တိုက်ပွဲနတ်ဘုရား ပိုင်ချောင်တို့က ပါဝင်ခြင်းမရှိပါချေ။

မကြာမီတွင်တော့ သွေးအဆီအနှစ် ဆယ်စက်က လေထဲတွင် ပေါလောပေါ်နေလေသည်။ သူတို့အားလုံးက တောက်ပြောင်သော ရွှေရောင်အလင်း ဖြာထွက်နေလေ၏။

ဆွဲဆောင်သည့် တွန်းအားတစ်ချို့ကို ခံစားရသကဲ့သို့ မိုးပြာရောင် သမုဒ္ဒရာဓားက စတင်လှုပ်ရှားလာလေတော့သည်။

***

All Chapters