← Chapters

အခန်း (၉၉၉-၁၀၀၀)

Vol. 100 Ch. 999-1000

အခန်း (၉၉၉-၁၀၀၀)

Vol. 100 Ch. 999-1000

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၉၉ + ၁၀၀၀)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

အဆုံးသတ်၌ နေမင်းကြီးကို ဖုံးလွှမ်းထားသည့် မသေမျိုးများအားလုံး အစအနမကျန် ပျောက်ကွယ်သွားလေပြီ။ မည်းမှောင်နေသော ကောင်းကင်ပြင်ကြီးသည် ချက်ချင်းပင် ဟာလာဟင်းလင်းဖြစ်ကာ ပြန်လည် ရှင်းလင်းသွားတော့၏။

ထိုမြင်ကွင်းကြောင့် မိုဟန် လုံးဝထိတ်လန့်သွားရကာ မျက်လုံးပြူးသွားရသည်။ သန်းနှင့်ချီသည့် ကောင်းကင်ပျံ မသေမျိုးတပ်မတော်ကြီးမှာ မိနစ်အနည်းငယ်အတွင်း တစ်တပ်လုံး သုတ်သင်ခံလိုက်ရသည်ဆိုသော အသိက သူမကို ပြင်းထန်စွာ ရိုက်ခတ်သွား၏။ ဖြစ်ရပ်က အလွန်မြန်ဆန်ပြီး ကြောက်မက်ဖွယ်ကောင်းလွန်းလှသဖြင့် သူမ၏ နှုတ်ခမ်းများပင် တစ်ဆတ်ဆတ် တုန်ယင်လာရတော့သည်။

ထိုအခိုက် ကောင်းကင်ရှိ တုပိုင်၏ အာကာသယာဉ်များထံမှ နားကွဲမတတ် အသံကြီးများ ထပ်မံထွက်ပေါ်လာပြန်၏။ ထို့ကြောင့် မြေပြင်ပေါ်ရှိ မရေမတွက်နိုင်သော မသေမျိုးတပ်မတော်ကြီးမှာ ဂနာမငြိမ်ဖြစ်လာကာ အာကာသယာဉ်များဆီသို့ ထပ်မံပြီး အသေအလဲ ပြေးဝင်လာကြပြန်သည်။

လွန်ခဲ့သည့်အချိန်လေးကမှ ထိုမြေပြင်ပေါ်၌ တုပိုင်၏ အမြောက်များကြောင့် မသေမျိုး သန်းနှင့်ချီ သေဆုံးခဲ့ပြီးဖြစ်သည်။ သို့သော် အသိဉာဏ်မဲ့သည့် မသေမျိုးများမှာ ကြောက်ရွံ့ခြင်းကို မသိကြဘဲ ထိုအသံကြီးနောက်သို့ ရူးသွပ်စွာ ထပ်မံ ပါလာကြပြန်၏။

ထို့နောက် တုပိုင်၏ အေးစက်စက်အသံက ကောင်းကင်ယံမှ ပဲ့တင်ထပ် ထွက်ပေါ်လာတော့၏။

"မိုဟန်... မင်း ဒီ မနက် နေထွက်တာကို မြင်ရတော့မာ မဟုတ်ဘူး"

ထိုစကားကြောင့် မိုဟန်မှာ ဒေါသတကြီး ခုန်ပေါက်သွားရသည်။ အခြားသူသာဆိုလျှင် တုပိုင်နှင့် အသေအလဲ တိုက်ခိုက်နေမည် မဟုတ်ဘဲ အာကာသယာဉ်များကို လျစ်လျူရှုကာ ထိုက်ခန်အင်ပါယာ မြို့တော်ဆီသို့ တိုက်ရိုက်ချီတက်၍ လူများကို သတ်ဖြတ်ပစ်မည်သာ ဖြစ်၏။

သို့သော် မိုဟန်၏ အတွေးက ဖြောင့်တန်းလွန်းကာ တုံးအလွန်းသည်။ တုပိုင်က အဆက်မပြတ် ရန်စနေသောကြောင့် သူ့အား သတ်ဖြတ်ပြီး အာကာသယာဉ်များကိုပါ အစအနမကျန် ဖျက်ဆီးပစ်ရန်သာ ဒေါသတကြီး တွေးတောနေမိသည်။

သို့သော် အာကာသယာဉ်များက ကောင်းကင်အမြင့်၌သာ ရှိနေပြီး ပျံသန်းနိုင်သော မသေမျိုးများမှာလည်း သေဆုံးကုန်ပြီဖြစ်ရာ မြေပြင်ပေါ်ရှိ မသေမျိုးများအနေဖြင့် လုံးဝ မမီနိုင်တော့ချေ။

ထို့ကြောင့် မရေမတွက်နိုင်သော မသေမျိုးများ အာကာသယာဉ်အောက်သို့ ထပ်မံ စုရုံးလာကြရာ မကြာမီပင် သန်းနှင့်ချီ ပြည့်ကျပ်သွားတော့သည်။ ဧရာမအုပ်စုကြီးသည် အထက်သို့မော့ကာ ရူးသွပ်စွာ ဟိန်းဟောက်လျက် လက်များကို လေထဲသို့ ဝှေ့ယမ်းနေကြသော်လည်း လုံးဝ မမီကြပေ။

တုပိုင်က လှောင်ပြောင်လိုက်၏။ "သောက်ရူးမလို့ ခေါ်ရတာ တန်ပါတယ်။ မင်းဉာဏ်ရည်က ဒီမသေမျိုးတွေနဲ့ တစ်ထပ်တည်းပဲ"

ထို့နောက် သူ အေးစက်စွာ အမိန့်ပေးလိုက်သည်။ "ပစ်... ပစ်... ပစ်စမ်း"

တုပိုင်၏အမိန့်နှင့်အတူ ထိုက်ခန်အင်ပါယာဘက်မှ ထောင်နှင့်ချီသည့် စွမ်းအင်အမြောက်များနှင့် ကျောက်သလင်းဒုံးကျည်များကို မိုးရွာချသည့်အလား ထပ်မံ ပစ်လွှတ်လိုက်သည်။

"ရွှီးးး ရွှီးးး"

ထောင်နှင့်ချီသည့် အလင်းတန်းများက ကောင်းကင်ကို ဖြတ်သန်းသွားရာ ညကောင်းကင်ယံကြီးမှာ နေ့လယ်ခင်းအလား လင်းထိန်သွား၏။ ဆယ်စက္ကန့်အကြာ၌ ထိုစွမ်းအင်များနှင့် ဒုံးကျည်များမှာ မြေပြင်ပေါ်သို့ မိုးကြိုးများအလား ကျဆင်းလာတော့သည်။

"ဝုန်းးး ဝုန်းးး"

ချက်ချင်းပင် နေမင်းကြီးထက်ပင် တောက်ပနေသည့် အလင်းရောင်ဖြူကြီးနှင့်အတူ ပေါက်ကွဲမှုကြောင့် မြေပြင်တစ်ခုလုံး ငလျင်လှုပ်သကဲ့သို့ အပြင်းအထန် တုန်ခါသွားရသည်။ စူးရှလှသော အလင်းရောင်ကြောင့် ညဉ့်ယံအမှောင်ထုကြီးမှာ ထပ်မံ၍ ဆွဲဖြဲခံလိုက်ရပြန်သည်။

သန်းနှင့်ချီသည် မြေပြင်ပေါ်ရှိ မသေမျိုးတပ်မတော်ကြီးမှာ ထပ်မံ သုတ်သင်ခံလိုက်ရပြန်၏။ ပွတ်သိပ်နေသည့် မြေပြင်ပေါ်၌ သွေးစနှင့် အသားစများသာ ကျန်ရစ်တော့၏။ သို့သော် မသေမျိုးသခင် ဒါဇင်နှင့်ချီကာ အသက်ရှင်နေဆဲဖြစ်ပြီး မသေမျိုးအရှင်သခင် အနည်းငယ်မှာလည်း အကောင်းတိုင်းရှိနေဆဲပင်။

မိုဟန်မှာ ဒေါသကြောင့် ရူးမတတ်ဖြစ်ကာ မျက်နှာပင် ရှုံ့မဲ့သွားရ၏။ သူမ၏ ၃၅ သန်းသော မသေမျိုးတပ်မတော်ကြီးမှာ မြို့တော်သို့ပင် မရောက်သေးမီ တိုက်ပွဲစတင်၍ တစ်နာရီပင်မပြည့်ခင် လေးပုံတစ်ပုံနီးပါး သေဆုံးသွားလေပြီ။

အရေးကြီးဆုံးမှာ ကောင်းကင်ပျံ မသေမျိုးများအားလုံး ကျရှုံးသွားခြင်းပင်။ အာကာသယာဉ်များက အမြင့်၌ရှိနေသဖြင့် မြေပြင်ပေါ်ရှိ မသေမျိုးများမှာ ယခုအချိန်၌ လုံးဝ အသုံးမဝင်တော့ချေ။

လက်ရှိအချိန်၌ မိုဟန်က အာကာသယာဉ်များကို ဆက်မတိုက်တော့ဘဲ ထိုက်ခန်မြို့တော်ဆီသို့ တိုက်ရိုက်ချီတက်ကာ လူများကို သတ်ဖြတ်ပစ်ရန် တွေးလိုက်၏။ အထူးသဖြင့် မြို့ထဲရှိ တုပိုင်၏သမီးကို အရေခွံဆုတ်နိုင်မှသာ သူမ၏ ဒေါသများ ပြေပျောက်နိုင်လိမ့်ပေမည်။

ထိုအခိုက် တုပိုင်၏အသံ​က ထပ်မံ ထွက်ပေါ်လာပြန်၏။

တုပိုင်က အားရပါးရ လှောင်ရယ်လိုက်သည်။ "ဟားဟားဟား... မိုဟန် ၊ လက်နက်ချချင်ပြီလား။ ဒါမှမဟုတ် ထိုက်ခန်မြို့တော်ကို သွားတိုက်ချင်လို့လား။ တာ့နင်အင်ပါယာတိုက်ပွဲကတည်းက အခုအထိ မင်း တစ်ခါမှ မနိုင်ဖူးတာ သတိထားမိလား။ အကြိမ်တိုင်း ငါ့ဆီမှာပဲ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတယ်လေ... တော်တော်ရှက်စရာကောင်းတာပဲ"

ထိုစကားများကြောင့် မိုဟန်မှာ မီးတောင်ပေါက်ကွဲသကဲ့သို့ ဒေါသထွက်ကာ အံကြိတ်လိုက်မိသည်။

တုပိုင်ကို ရှောင်ကွင်းပြီး မြို့တော်ကို တိုက်ခိုက်ရမည်လော... လုံးဝ မဖြစ်နိုင်ပေ။ မသေမျိုးတပ်မတော် တစ်တပ်လုံး သေဆုံးသွားလျှင်တောင် သူမကို အရှက်ခွဲခဲ့သော တုပိုင်ကို မဖြစ်မနေ သတ်ရပေမည်။

မိုဟန်၏ မျက်လုံးများက သွေးကဲ့သို့ နီရဲလာကာ စူးရှစွာ အော်ဟစ်လိုက်၏။ "တုပိုင်... ဒီနေ့ နင့်ကို မသတ်နိုင်ရင် ငါ မိုဟန်ဟာ တိရစ္ဆာန်ပဲ"

တုပိုင်က အေးစက်စွာ ပြန်တုံ့ပြန်လိုက်သည်။ "မင်းက တိရစ္ဆာန်မဟုတ်ဘူး... သောက်ရူးမ။ ငါ ဒီပေါ်မှာ ရှိတယ်လေ... လာလေ ၊ လာတိုက်လှည့်"

ထို့နောက် အာကာသယာဉ်များမှ နားကွဲမတတ် အသံကြီးများ ထပ်မံ ထုတ်လွှင့်လိုက်ပြန်ရာ ဒေါသကြောင့် ရူးသွပ်နေသော မသေမျိုးများ ထပ်မံ ပြေးဝင်လာကြပြန်သည်။

**--**--**--**--**--**--**--**

ထိုနည်းဖြင့် ၃၅ သန်းသော မသေမျိုးတပ်မတော်ကို အလွယ်တကူ သုတ်သင်နိုင်မည်ဟု တုပိုင် တွေးနေချိန်မှာပင် မသေမျိုးအရှင်သခင်ကြီးကြောင့် အခြေအနေက ရုတ်တရက် ပြောင်းလဲသွားတော့၏။

ထိုအရာမှာ လူခေါင်းနှင့်တူပြီး အချင်း မီတာတစ်ရာကျော်ရှိသော ဧရာမခေါင်းကြီး ဖြစ်၏။ ခေါင်းပေါ်၌ သေးငယ်သော မျက်လုံးနှစ်လုံးနှင့် မီတာခြောက်ဆယ်ကျော် ရှည်လျားသော မျက်လုံးကြီးတစ်လုံး ပါရှိရာ မျက်လုံးကြီး တစ်လုံးတည်းသာ ရှိနေသကဲ့သို့ ထင်ရသည်။ ထိုအကောင်ကြီး၌ ခန္ဓာကိုယ်ဟူ၍ မရှိလေဘဲ မီတာငါးရာကျော် ရှည်လျားသည့် လက်တံကြီးများသာ ရှိနေသည်။

မသေမျိုးအရှင်သခင်ကြီးက ကျယ်လောင်စွာဖြင့် ဟိန်းဟောက်လိုက်၏။ "လူသား... မင်းက ငါ့ကို အထင်သေးနေပုံရတယ်"

တုပိုင် မျက်လုံးပင့်လိုက်၏။ ထိုအကောင်က အမှန်တကယ်ကြီး စ​ကားပြောနေနိုင်သည်လော။

ထို့နောက် ပို၍ ကြောက်မက်ဖွယ်ကောင်းစွာပင် မသေမျိုးအရှင်သခင်ကြီးသည် သူ၏ လက်တံတစ်ဝက်ခန့်ကို ကောင်းကင်သို့ ရုတ်တရက် ဆန့်တန်းလိုက်ရာ ချက်ချင်းပင် အမြင့် မီတာ ၈၀၀ အထိ ရောက်ရှိသွားတော့၏။

ဧရာမလက်တံကြီးများမှာ လေထဲ၌ မြွေဟောက်များအလား လိမ်ကောက်လှုပ်ရှားနေသော်လည်း ခြောက်ကီလိုမီတာခန့် မြင့်သော အာကာသယာဉ်ကိုတော့ မမီနိုင်သေးချေ။

သို့သော် ထိုစဉ် မသေမျိုးအရှင်သခင်ကြီးက ကြောက်မက်ဖွယ် ဟိန်းဟောက်လိုက်ပြီး ရူးသွပ်စွာ စတင် ဝါးမျိုတော့သည်။

ပတ်ဝန်းကျင်ရှိ သန်းနှင့်ချီသော မသေမျိုးများကို စွမ်းအင်နှင့် သွေးသားများအဖြစ် အကုန်အစင် ဝါးမျိုလိုက်၏။ မသေမျိုးများအားလုံး လေထဲသို့လွင့်စင်ကာ အပိုင်းပိုင်းပြတ်တောက်သွားပြီးနောက် သူ့အတွက် ခန္ဓာကိုယ်သစ်အဖြစ် ဖွဲ့စည်းပေးလိုက်ရာ ခန္ဓာကိုယ်မှာ တစ်စထက်တစ်စ ပို၍ ကြီးမားမြင့်မားလာသည်။

မီတာ ရှစ်ရာ ၊ မီတာ ကိုးရာ ၊ မီတာ တစ်ထောင် ၊ မီတာ တစ်ထောင့်ငါးရာ စသဖြင့် ကြီးမားလာတော့၏။

ထို မြင်ကွင်းကြောင့် တုပိုင် လုံးဝ မှင်တက်သွားရကာ မျက်လုံးပြူးသွားရ၏။ အလွန် ကြောက်စရာကောင်းလှသည်။

အဆုံးသတ်၌ မသေမျိုးအရှင်သခင်ကြီးက မြေပြင်ပေါ်ရှိ မသေမျိုးအများစုကို လေထဲသို့လွင့်ပျံစေကာ လောဘတကြီး ဝါးမျိုလိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ အလွန်လျင်မြန်စွာ ကြီးထွားလာတော့သည်။

တုပိုင်က မျက်နှာကြောတင်းကာ အမိန့်ပေးလိုက်၏။ "ပစ်... ပစ်စမ်း"

ချက်ချင်းပင် အာကာသယာဉ် ဒါဇင်ကျော်က မသေမျိုးအရှင်သခင်ကြီးထံသို့ စွမ်းအင်အမြောက်များ ၊ ဒုံးကျည်များ ၊ လေဆာနှင့် ခရမ်းလွန်ရောင်ခြည်အမြောက်များ စသည့် လက်နက်စွမ်းအား အားလုံးဖြင့် မိုးရွာချသည့်အလား အပြင်းအထန် ပစ်ခတ်လိုက်ကြသည်။

သို့သော်လည်း အချည်းနှီးသာ ဖြစ်၏။

မသေမျိုးအရှင်သခင်ကြီးမှာ လုံးဝ ထိခိုက်မှုမရှိဘဲ ရူးသွပ်စွာ ဆက်လက် ဝါးမျိုနေဆဲ ဖြစ်သည်။ မြေပြင်ပေါ်ရှိ မသေမျိုးအားလုံးကို ဝါးမျိုလိုက်ရာ သူ၏ခန္ဓာကိုယ်မှာ အလွန်တရာ ကြီးမားလာ၏။ အမြင့် ငါးကီလိုမီတာကျော်အထိ ရှိလာကာ တောင်တန်းများနှင့် မြစ်များကိုပင် ကျော်လွန်နေသည်။

တုပိုင် မျက်မှောင်ကြုတ်သွားကာ အမိန့်ပေးလိုက်သည်။ "အပေါ်တက်... အမြင့်ကို တက်စမ်း"

အာကာသယာဉ် ဆယ့်ခြောက်စင်းမှာ မသေမျိုးအရှင်သခင်ကြီး မမီနိုင်သော အမြင့်သို့ အလျင်အမြန် ပျံတက်သွားကြ၏။

သို့ရာတွင် မသေမျိုးအရှင်သခင်ကြီးက ရုတ်တရက် ပါးစပ်ကြီးဟကာ ရူးသွပ်စွာ စုပ်ယူလိုက်ပြန်သည်။ ပါးစပ်ကြီးမှာ ဧရာမ ဝဲကတော့ကြီးအဖြစ် ပြောင်းလဲသွားကာ ထိတ်လန့်ဖွယ် စုပ်ယူအားကို ထုတ်လွှတ်လိုက်၏။ အာကာသယာဉ် ဒါဇင်ကျော်မှာ စွမ်းအင်ကုန်သည်အထိ ရုန်းကန်သော်လည်း အမြင့်သို့ ဆက်မတက်နိုင်တော့ဘဲ ထိန်းချုပ်မှု ကင်းမဲ့ကာ မသေမျိုးအရှင်သခင်ကြီး၏ ပါးစပ်ထဲသို့ တဖြည်းဖြည်း လည်ပတ်ကျဆင်းလာရတော့သည်။

မိုဟန်က စူးရှစွာ အော်ဟစ်လိုက်၏။ "သေစမ်း... တုပိုင် ၊ သေလိုက်စမ်း"

အခြေအနေက အလွန် အန္တရာယ်များနေပြီ ဖြစ်သည်။ တုပိုင်၏ အစွမ်းထက်ဆုံး အင်အားစုဖြစ်သည့် ဤအာကာသယာဉ်များ ကြေမွသွားလျှင် အတွင်းရှိ လူသောင်းနှင့်ချီ သေဆုံးမည်ဖြစ်ပြီး ကပ်ဘေးဆိုးကြီး ကျရောက်လာလိမ့်ပေမည်။

ထိုအချိန်၌ပင် တုပိုင်က အာကာသယာဉ်ထဲမှ ခုန်ထွက်လာပြီး မသေမျိုးအရှင်သခင်ကြီး၏ ခေါင်းပေါ်ရှိ မိုဟန်၏ အရှေ့တည့်တည့်သို့ အရှိန်အဟုန်ဖြင့် ဆင်းသက်လိုက်၏။

မိုဟန်က အံ့အားသင့်သွားပြီး ရယ်လိုက်သည်။ "တုပိုင်... နင်က ငါနဲ့ မသေမျိုးအရှင်သခင်ကြီးကို တစ်ယောက်တည်း ရင်ဆိုင်မလို့လား။ သေတွင်းတူးနေတာပဲ ၊ ဟားဟားဟား"

အမှန်ပင် တုပိုင် သေလမ်းရှာနေပုံရသည်။ သူ၏စွမ်းအားဖြင့် မိုဟန်တစ်ယောက်ကိုပင် အနိုင်မယူနိုင်ရာ မသေမျိုးအရှင်သခင်ကြီးကိုပါ အနိုင်ယူရန်ဆိုသည်မှာ ဝေလာဝေးပင် မဟုတ်ပါလော။

မိုဟန်က လှောင်ပြုံးဖြင့် ဆက်ပြောသည်။ "ငါ ဘယ်အဆင့်လဲ နင်သိလား။ ငါက မိစ္ဆာနယ်စားတစ်ပိုင်းအဆင့် ၊ နင်က သိုင်းပညာရှင်တစ်ယောက်ပဲ။ ငါ့လက်တစ်ချောင်းတည်းနဲ့ နင့်ကို ချေမွပစ်ဖို့ လုံလောက်တယ်"

မိစ္ဆာနယ်စားတစ်ပိုင်း... မိုဟန်မှာ တာ့နင်အင်ပါယာရှိ မြေအောက်ကမ္ဘာနယ်မြေက မိစ္ဆာမြို့စားထက်ပင် ပို၍ အစွမ်းထက်နေသည်လား။

ထိုမိစ္ဆာမြို့စားကိုပင် တုပိုင် မယှဉ်ချေ။

ယခု မိုဟန်က သူထက် ပိုအစွမ်းထက်နေသည့်အပြင် မသေမျိုးအရှင်သခင်ကြီးလည်း ရှိနေသေး၏။

ထို့ကြောင့် တုပိုင် အယောက်တစ်ရာရှိလျှင်ပင် သေချာပေါက် သေရမည်သာ ဖြစ်၏။

ထိုသို့တိုင် တုပိုင်က မိုဟန်အား အေးစက်စွာ စိုက်ကြည့်ကာ အံကြိတ်ပြီး ကြုံးဝါးလိုက်၏။ "ငါ ထပ်ပြောမယ်။ မင်းရဲ့နိဂုံးက ဒီမှာပဲ။ ဒီတောင်ကို မင်း ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး"

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၉၉ + ၁၀၀၀) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters