← Chapters

မစ်ရှင် ပြီးမြောက်ခြင်း

Vol. 24 Ch. 336

မစ်ရှင် ပြီးမြောက်ခြင်း

Vol. 24 Ch. 336

“လာပြီ… လာပြီ…”

အံ့ချီး လက်နက်ကို စိတ်အား ထက်သန်စွာ ကြည့်ရှုနေသည့် ဟူကွမ်နှင့် ထန်ရှီမန်တို့၏ မျက်လုံးထဲတွင် ပြင်းပြသော တောက်ပမှုတစ်ခုရှိလေ၏။

နောက်ဆုံးတွင်တော့ သူတို့က အံ့ချီးလက်နက်ကို ပိုင်ဆိုင်ရမည့်အခွင့်အရေးရလာတာဖြစ်သည်။ မည်ကဲ့သို့ စိတ်မလှုပ်ရှားပဲ နေပါမည်နည်း။

​ြမည်သံတစ်ခုနှင့် မိုးပြာရောင် သမုဒ္ဒရာဓားက ကောင်းကင်ဆီသို့ ပျံသန်းသွား၏။ ထိုအရာက မျက်လုံးပြူးနေသော အန်လင်းကို ကျော်ဖြတ်သွားကာ စိတ်အားထက်သန်နေသော ဟူကွမ်နှင့် ထန်ရှီမန်တို့ကို ကျော်ဖြတ်သွား၏။ နောက်ဆုံးမှာတော့ သွေးအဆီအနှစ် တစ်စက်၏ ရှေ့တွင် ရပ်သွားပြီး ပျော်ပျော်ရွှင်ရွှင် အော်မြည်လာတော့သည်။

လူတိုင်းက ကံကောင်းသော ပုဂ္ဂိုလ်ဆီသို့ ကြည့်လာတော့သည်။ သို့သော် သူတို့တွေ့လိုက်သည်က ထိုကံကောင်းသောပုဂ္ဂိုလ်၏ မျက်နှာပေါ်မှ မကြည်မလင်မျက်နှာထားပင်။

“ဟင်း… ဘာလို့ ငါတဲ့လဲ။ ငါက ငယ်ရွယ်တဲ့ နတ်ဝိဇ္ဇာမလေးလေ။ အဲ့သတ္ထုဓားက ငါ့အတွက် ဘာအသုံးဝင်မှာလဲ။”

လျှိုချင်ဟွမ်က ရွှမ်မြူးနေသော ဓားကို သူမ၏ တောက်ပသောခရမ်းရောင် မျက်လုံးများဖြင့် ငေးကြည့်ပြီး သူမ၏ မျက်နှာထက်တွင်တော့ ကြည်နူးနေဟန် မရှိပါပေ။

“ဟင်း… ဘာပဲဖြစ်ဖြစ် ငါမှာ ကြီးမြတ်ရေခဲဓား ရှိပြီးသားလေ။ အခု မိုးပြာရောင် သမုဒ္ဒရာဓားပါ ရှိလာပြီဆိုတော့ အနာဂတ်မှာ နှစ်ခုစပ်သုံးလို့ ရရင်ရနိုင်မှာပါလေ…” အဆုံးတွင်တော့ သူမက ခေါင်းခါလိုက်ပြီး စိတ်မပါစွာနှင့် ဓားကို သူမ၏ သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်လေသည်။

ဟူကွမ်နှင့် ထန်ရှီမန်တို့နှစ်ယောက်လုံးက သွေးပင် အဲ့လုဆဲဆဲ ဖြစ်နေ၏။ အစ်မကြီး၊ မင်းအဲ့တာကို မကြိုက်ဘူးဆိုလဲ ငါတို့ကို ပေးလိုက်လေ။

သူတို့က စိတ်ထဲတွင် အော်ဟစ်နေကြ၏။ မင်းက ဘာလို့ အထင်သေးတဲ့ အကြည့်နဲ့ ကြည့်ရတာလဲ။ အဲ့တာက ငါတို့အတွင် ဒုတိယမြောက် ထိခိုက်မှု ဖြစ်စေနိုင်တယ် နားလည်ရဲ့လား။

တိုက်ပွဲနတ်ဘုရား ဇီယန်သည်လည်း ထိုမြင်ကွင်းကြောင့် မှင်သက်နေမိ၏။ မည်သိုဆိုဆို ထိုဓားက အသုံးမဝင်သော အမှိုက်တစ်ခု မဟုတ်ပါချေ။ ထိုသည်က သူ့၏ အတွင်းခံထက်ပင် ပိုတန်ဖိုးရှိသော အံ့ချီးလက်နက်တစ်ခုပင်။

သည်ကောင်မလေးက အဲ့တာကို တကယ်ပဲ အထင်အမြင်သေးနေတယ်။ သောက်ကျိုးနည်းဟ…

မိုးပြာရောင် သမုဒ္ဒရာဓားက ပိုင်ရှင်တစ်ယောက်ရွေးပြီးလေပြီ။ ထို့ကြောင့် သူတို့က သူတို့ကိုယ်သူတို့ စိတ်ထိန်းကာ ခရီးဆက်ကြလေတော့၏။

ရှေးဟောင်းကုန်းပြင်နယ်ပယ်မှာ အလွန်အမင်း တိတ်ဆိတ် ငြိမ်သက်နေဆဲပင်။ သို့သော်လည်း ဤအတုအယောင် အေးဆေးမှုနောက်ကွယ်တွင် ချောင်းမြောင်းနေသော အန္တရာယ်များစွာ ရှိလေသည်။ ထို့ကြောင့် အန်လင်းနှင့် တခြားသူများက အမြန်မလျှောက်ရဲကြပေ။ ပထမဆုံး အကြောင်းပြချက်က ဘေးကင်းလုံခြုံမှုကြောင့်ဖြစ်ပြီး ဒုတိယကတော့ သူတို့က ဤကုန်းမြေ၏ နေရာတိုင်းကို ဂရုတစိုက် ပိုက်စိပ်တိုက် ရှာဖွေရန်ဖြစ်သည်။ တကယ်လို့ ရှောင်ယန် သင်္ချိုင်းဂူက သူတို့မတော်တဆ ကျော်လာခဲ့သော နှင်းတောင်ကြီး၏ အောက်တွင် ရှိနေပါက မည်သို့လုပ်ရမည်နည်း။ သူတို့က ဖြစ်ကတတ်ဆန်း မရှာနိုင်ပါချေ။

သူတို့ မသိလိုက်ခင်မှာပင် နောက်ထပ် နှစ်ရက်က ကုန်ဆုံးသွားပြန်၏။

ထိုနှစ်ရက်အတွင်း သူတို့က လေဟာနယ် ထောင်ချောက်မျိုးစုံနှင့် သဘာဝ ခြိမ်းခြောက်မှုများကို ကြုံရလေ၏။ ထိုအရာအားလုံးမှာ ဘေးသင့်ဖွယ် အခြေအနေများဖြစ်သော်လည်း သူတို့အားလုံးက ဘေးရန်ကင်းကင်းနှင့် လွတ်မြောက်လာခဲ့ပေသည်။

သူတို့ပထမဆုံး စီစဉ်ထားသည်မှာ ဤနယ်ပယ်ထဲတွင် တစ်နှစ်သို့မဟုတ် ပိုကြာအောင် အချိန်ဖြုန်းမည်ဟုပင်။ သို့သော် ယခုတွင်တော့ သူတို့အားလုံး၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်လာ၏။ နှစ်ရက်တည်းနှင့်ပင် သူတို့က သေမင်းနှုတ်ခမ်းဝကို များစွာရောက်ရှိပြီးဖြစ်၏။ ဤနေရာတွင် တစ်နှစ်လုံး အချိန်ဖြုန်းပါက သူတို့ အမှန်တကယ် အသက်ရှင်နိုင်မည်လား။

အန်လင်းက ပိုမို၍ပင် စိတ်ပူနေ၏။ သူက ကောင်းကင်ဟာလာပြင် မီးတောက်ကို မကြာမီတွင် ရှာမတွေ့ပါက သုံးရက်ကြာအောင် ပူပြင်းမီးတောက်များဖြင့် လောင်ကျွမ်းခြင်းကို ခံရမည်ဖြစ်သည်။

“ဟင်… မြောက်ဘက်ဆုံးနယ်မြေထဲမှာရှိတဲ့ လေဟာနယ်အကြောင်း ထူးဆန်းတဲ့ ခံစားချက်ကြီးရတယ်။” တိုက်ပွဲနတ်ဘုရား ဇီယန်က အဝေးရှိ လေဟာနယ်လှိုင်းငယ်လေးများကို စိုက်ကြည့်ရင်း အေးစက်စက်အမူအရာဖြင့် ပြောလာ၏။ ထိုလှိုင်းများက အလင်းပေါက်နိုင်ပြီး သူတို့က မှန်အကြည်တစ်ချက်ရဲ့ ပတ်ပတ်လည်တွင် လူးလွန့်နေကြ၏။ ထိုလှိုင်းငယ်များ၏ နောက်ကွယ်မှ မြင်ကွင်းက သူတို့၏ ရွေ့လျားမှုကြောင့် ပုံပျက်နေ၏။

“အဲ့ထူးခြားမှုတွေက လေဟာနယ်နဲ့တိုက်ရိုက် ပတ်သတ်နေပုံမရဘူး။” ချင်လေးက မျက်လုံးဖွင့်လာပြီး မြောက်ဘက်နယ်ပယ်၌ ရှိသော မှုန်ဝါးနေသော မြင်ကွင်းကိုကြည့်လိုက်၏။ သူမသည်လည်း သိပ်မသေချာသော အမူအရာရှိနေလေ၏။

ထို အပြန်အလှန်စကားကို ကြားပြီးနောက် အန်လင်း၏ စိတ်ထဲတွင် ထင်မြင်ချက်တစ်ခုပေါ်လာ၏။ “ဟေ့ကောင်တွေ ပြောကြည့်စမ်း အဲ့တာက ကောင်းကင်ဟာလာပြင် မီးတောက်ဖြစ်နိုင်လား။” သူက စိတ်လှုပ်ရှားစွာ မေးလာ၏။ “လေထုက အပူချိန်မြင့်လို့ မှုန်ဝါးနေတာ ဖြစ်နိုင်တယ်။”

လူတိုင်းက ထိုသည်ကို ကြားသည်နှင့် တုန်ယင်သွား၏။ ထိုလေဟာနယ် လှိုင်းဂယက်များက ပုံသဏ္ဍမဲ့ကာ အရောင်မဲ့ဖြစ်၏။ ထို့ပြင် သူတို့က ဟာလာပြင်ထဲတွင် ရစ်ဝဲနေ၏။ ထိုအရာက အမှန်တကယ်ပင် ကောင်းကင်ဟာလာပြင် မီးတောက်ဖြစ်နိုင်ပါသည်။

တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်က ပါးစပ်ဖွင့်လိုက်ပြီး အသက်ရှုထုတ်လိုက်၏။ ထို့နောက် မြွေစိမ်းလေးတစ်ကောင်က တောင်ပံများကို ဖွင့်ကာ အဝေးဆီမှ လေဟာနယ်လှိုင်းဂယက်များဆီသို့ ရွှေ့လျားသွား၏။

ကျွတ်… ကျွတ်…

မြွေစိမ်းလေးက လေဟာနယ်လှိုင်းဂယက်များကြောင့် လျင်မြန်စွာပင် အမဲရောင်အဖြစ် မီးကျွမ်းသွား၏။ အဆုံးတွင်တော့ ဖုန်မှုန့်များအဖြစ် ပြောင်းလဲပြီး ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားတော့သည်။

“ဟင်… အဲ့တာ တကယ် မီးတောက်တစ်ခုပဲ...”

တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်က အန်လင်း၏ ထင်မြင်ချက်ကို အတည်ပြုလိုက်၏။ သူမ၏ မျက်လုံးထဲတွင် မျှော်လင့်စောင့်စားချက်များနှင့် သူ့ကို ကြည့်လိုက်၏။

တိုက်ပွဲနတ်ဘုရား ဇီယန်က ဟက်ဟက်ပက်ပက် ရယ်မောလာကာ အန်လင်း၏ ပုခုံးကို ပုတ်လိုက်ပြီး “ဂုဏ်ယူပါတယ် အန်လင်း။ အခုမင်း ဆောင်ရွက်ရမဲ့ အချိန်ပဲ။”

အန်လင်းက အဝေးရှိ မှုန်ဝါးနေသော လေဟာနယ်ကို ကြည့်လိုက်၏။ သူက မည်သည့်နေရာက စရမလဲ ဆိုတာမသိပါချေ။ မည်သို့ဆိုဆို ဤသည်က သူ့အတွက် ဘာမှမရှိသည့် ဟာလာပြင်ကြီးတစ်ခုကို စားဖူးသည့် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ သူ့မတုံ့ပြန်နိုင်ခင်မှာပင် ဖောက်ထွင်းမြင်နိုင်သော မှုန်ဝါးဝါးမီးတောက်က စတင်လှုပ်ရှား လာ၏။ သူက လှုံ့ဆော်မှု တစ်ခုခုကို လက်ခံရသကဲ့သို့ သူတို့ဆီကို ညင်သာသော ရေစီးကြောင်းတစ်ခုကဲ့သို့ ပျံသန်းလာ၏။

ထိုလှုပ်ရှားမှုက အလွန်ဆန်းကြယ်ပြီး ထိုအရာက ပုံမှန်မီးတောက်များကဲ့သို့ ရန်မူတတ်ပြီး မကြမ်းတမ်းပါပေ။ ထိုအစား ထိုအရာက သူတို့ဆီသို့ ပုံစံမဲ့ သတ်ဖြတ်သူတစ်ယောက်ကဲ့သို့ တိတ်တဆိတ် ညင်သာစွာ စီးဆင်းလာ၏။

“အဲ့တာကြီး လာနေပြီ။ အားလုံးပဲ ဂရုစိုက်ကြ။”

တိုက်ပွဲနတ်ဘုရား ဇီယန်က အော်ဟစ် သတိပေးလိုက်ပြီး လူတိုင်းက မပြောပဲသိသော နားလည်မှုဖြင့် အန်လင်း၏ နောက်သို့ ဝင်ရောက်ပုန်းကွယ်လိုက်ကြတော့သည်။

“အား…” အန်လင်းက စစ်မှန်မီးတောက်၏ တောင်ပဲ ကျင့်ကြံခြင်း နည်းလမ်းကို အသက်သွင်းလိုက်ပြီး သူ့ပါးစပ်ကို ဖွင့်လိုက်၏။

“ဂလု… ဂလု…”

အရသာ မရှိသော အရာကြီးက ရုတ်တရက် သူ့၏ အစာအိမ်ထဲသို့ တိုးဝင်စပြုလာ၏။

အန်လင်းက သူသည် အရသာမရှိသော်လည်း အကောင်အထည်ရှိသောလေထုကို စားလိုက်ရသကဲ့သို့ ခံစားရ၏။ ထိုအရာ၏ အထိအတွေ့မှာ ကြောက်မက်ဖွယ်ဖြစ်ပြီး ထိုသည်မှာ ကြောက်လန့်ဖွယ် အတွေ့အကြုံ တစ်ခုဖြစ်၏။

ကြောက်လန့်ဖွယ်ရာကဲ့သို့ မီးတောက်က ရုတ်တရက် သူ့လမ်းကြောင်းကို ရပ်တန့်ပစ်လိုက်ပြီး ရုတ်တရက် တိုက်ခိုက်ရန် ပစ်မှတ်အသစ်တစ်ခုကို ရှာဖွေလိုက်လေတော့သည်။

“အဲ့တာက ပြန်လှည့်လာပြီ။ ဂရုစိုက်ကြ ဟေ့ကောင်တွေ။” မီးတောက်က ဦးတည်ချက်ပြောင်းလာသည်ကို မြင်သည်နှင့် တိုက်ပွဲနတ်ဘုရား ဇီယန်က ကတိုက်ကရိုက် အော်ဟစ်သတိပေးလာ၏။

အရောင်မဲ့ မီးတောက်က ရုတ်တရက် လှည့်လာပြီး အန်လင်းနောက်မှာ ပုန်းနေသော လူတွေဆီသို့ တိုးဝင်လာတော့သည်။

“အိုခီ ဒိုခီ… ငါအဲ့တာကို ဘယ်လိုကိုင်တွယ်မလဲ စောင့်ကြည့်နေလိုက်ပါ။”

အန်လင်းက ရုတ်တရက် ဦးတည်ချက်ပြောင်းလိုက်ပြီး တခြားသူများအားလုံကလဲ သူနဲ့အတူ စတင်၍ လိုက်ပြေးလေတော့သည်။

ဤသည်နှင့် အရောင်မဲ့ မှုန်ဝါးဝါးမီးတောက်က သူ့၏ ပစ်မှတ်ကိုဟလွဲချော်သွားလေတော့သည်။

“ဟားဟား… အဲ့တာက 'သိမ်းငှက် ကြက်ပေါက်ဖမ်း'ဂိမ်းနဲ့ မတူဘူးလား။ ကောင်းကင်ဟာလာပြင် မီးတောက်က သိမ်းငှက် ငါတို့က ကြက်ကလေးတွေလေ။ အန်လင်းကတော့ အမေကြက်မကြီးပေါ့…” ရုတ်တရက် လျှိုချင်ဟွမ်က စတင်ရယ်မော လာပါတော့သည်။

အန်လင်း : “...”

ဖောက်ထွင်းမြင်ရသော မီးတောက် စီးကြောင်းက လက်မလျော့ပါချေ။ ထိုအရာက တိုက်ခိုက်မှု၏ ဦးတည်ချက်ကို အကြိမ်အနည်းငယ်​ ပြောင်းလိုက်၏။ သို့သော် အန်လင်းက အကြိမ်တိုင်း လွှတ်မြောင်အောင် ပဲ့ထိန်းနိုင်ခဲ့သည်။ ထို့အပြင် အန်လင်းက စာနာစိတ်ကင်းမဲ့စွာ မီးတောက် အနည်းငယ် တစ်ချို့ကို မျိုချလိုက်တော့သည်။

“ထွီ၊ ထွီ… ဒီမီးတောက်က အရသာမရှိဘူး။ အဲ့တာက ဘာမှမရှိတဲ့ လေကိုစားရသလိုပဲ။ ငါဗိုက်တော့ ပေါက်ထွက်တော့မည်။” အန်လင်းက ​မီးတောက်၏ ကြောက်မက်ဖွယ် အရသာအကြောင်းကို မကျေမနပ် စတင် ညည်းညူလိုက်၏။

“ငါလဲ ဘာမှမရှိတဲ့ လေကို နေ့တိုင်း မျိုချနေတာပဲ။ ငါ့ကျ ဘာလို့ဗိုက်ပြည့်တယ်လို့ မခံစားရတာလဲ။” စုချန်းရန်က နူးညံ့သော အသံလေးနှင့် ပြောလာ၏။

အန်လင်း : “...”

“မင်းအဲ့တာကို ဒီလိုမျိုး ဆက်ပြီး ယဉ်ပါးအောင်လုပ်လို့ရမှာ မဟုတ်ဘူး။” ရွှမ်ယွမ်ချန်က ဂရုပြုမိပြီး “ငါတို့ကို စိတ်မပူနဲ့။ လက်ဦးမှုယူပြီး သွားတိုက်ချေ။ သူ့ရင်းမြစ်ကို မျိုချလိုက်။”

“ဒါပေမဲ့ ငါက မီးတောက်ရဲ့ ရင်းမြစ်က ဘယ်မှာလဲ မသိဘူး။” အန်လင်းကပြောလာ၏။

ကောင်းကင် ဟာလာပြင်မီးတောက်မှာ ဖောက်ထွင်းမြင်နိုင်သော မီးတောက်ဘောလုံးကြီးပင်။ သူ့ရင်းမြစ်ကပင် ဖောက်ထွင်းမြင်နိုင်လေ၏။ အန်လင်းက ထိုအရာအား မည်သည့်နေရာတွင် ရှာရမည်ကို မသိပါချေ။

“မင်းက သူ့ရဲ့တည်နေရာကို မင်းနှလုံးသားနဲ့ အာရုံခံဖို့လိုတယ်။” တိုက်ပွဲနတ်ဘုရားဇီယန်က ရုတ်တရက်ပြောလာ၏။

အန်လင်းက မျက်နှာမဲ့လိုက်ပြီး “နှလုံးသားနဲ့ အာရုံခံရမယ် ဟုတ်လား။ အဲ့တာက ဘာလို့ ငါ့အချစ်တွေနဲ့ ရွှေ့လို့မရတာလဲ။ မင်းက အဲ့လောက် စွမ်းဆောင်နိုင်နေရင် ဘာလို့မင်းမသွားတာလဲ။”

တိုက်ပွဲနတ်ဘုရား ဇီယန်က မျက်လုံးမှိတ်လိုက်ပြီး သူ့အသက်ရှုသံက နှေးကွေးကာ တည်ငြိမ်လာ၏။ “မင်းကြားရလား။ အဲ့တာ မီးတောက်ရဲ့ နှလုံးခုန်သံပဲ…”

အန်လင်းက ဇီယန်ကို ခွန်းတုံ့ပြန်ပြောတော့မည့် အချိန်မှာပင် လက်ကြီးနှစ်ခုက သူ့ခါးကို လာဆွဲသည်ကို မြင်လိုက်ရ၏။ “ဟ ဟ… မင်း ဘာလုပ်တာလဲ။”

“သွားတော့…” တိုက်ပွဲနတ်ဘုရား ဇီယန်က အော်ဟစ်လာ၏။

သူက ကြီးမားတော့ တွန်းအားကြီးတစ်ခုကို ထုတ်လွှတ်လိုက်ပြီး အန်လင်းက အမြှောက်ဆံတစ်ခုကဲ့သို့ ပစ်လွှတ်ခြင်း ခံလိုက်ရသည်။ သူက ဟာလာပြင်ထဲမှ တစ်ချို့သော ဦးတည်ချက်ဆီသို့ တိုးဝင်သွား၏။

ဘာလဲဟ။ အန်လင်းက ကန့်ကွက်ရန် အချိန်မရလိုက်ပါပေ။ သူက ချက်ချင်းပင် စစ်မှန်မီးတောက်၏ တောင်ပံ ကျင့်ကြံခြင်းနည်းလမ်းကို အသက်သွင်းလိုက်ပြီး မထင်မှတ်ထားသည့် လှည့်ကွက်ကို ပြုလုပ်လိုက်၏။

ဘုန်း…

သူ့ခန္ဓာကိုယ်က ဖောက်ထွင်းမြင်နိုင်သော မီးတောက်ကို ဖြတ်သန်းသွားပြီး ကောင်းကင် ဟာလာပြင်မီးတောက်က သူ့အစာအိမ်ဆီသို့ အဆက်မပြတ်လောင်းထည့်ခြင်းခံလိုက်ရသည်။ ဤခံစားချက်မှာ သူ့အစာအိမ်က လေများ အဆက်မပြတ် ထိုးထည့်ခြင်းခံနေရသကဲ့သို့ပင်။

နောက်ဆုံးတွင်တော့ လောင်းကျွမ်းနေသော အထိအတွေ့တစ်ခုက သူ့ပါးစပ်ထဲ ဝင်လာသည်ကို ခံစားလိုက်ရသည်။

'ဟာလာပြင်'ဟူသော စာလုံးတစ်ခုက သူ၏ စစ်မှန်မီးတောက်၏ တောင်ပံကကျင့်ကြံခြင်းတွင်ပေါ်လာ၏။ ယခုတွင် ထိုနည်းလမ်း၏ အပေါ်တွင် စာလုံးလေးလုံး ရှိနေလေပြီ။ 'နေ'၊ 'လ'၊ 'ကြယ်' နှင့် 'ဟာလာပြင်' ဟူ၍ပင်။

ထိုအရာကိုမြင်သည်နှင့် အန်လင်းက စိတ်လျော့သွား၏။ သူက ထူးဆန်းပြီး လျှို့ဝှက်သော ကောင်းကင်ဟာလာပြင်မီးတောက်ကို ဤကဲ့သို့ ရှင်းပြရခက်သော အပြုအမူနှင့် မျိုချရမည်ဟု မမျှော်လင့်ခဲ့ပါပေ။ ယခု ပြန်တွေးကြည့်သောအခါ ထိုသည်မှာ အနည်းငယ် ရယ်မောဖွယ်ပင်။

“ဒင်း ဒေါင်...။ မစ်ရှင် အောင်မြင်ပါပြီ။ စစ်မှန်မီးတောက်၏ ကျင့်ကြံခြင်းနည်းလမ်းက အခု အဆင့်နှစ်သို့ မြှင့်တင်မည် ဖြစ်ပါသည်။”

ရုတ်တရက် အန်လင်းက အဆုံးမရှိသော မီးတောက်ကျယ်ကြီးက စကြဝဠာကို ဗလာအဖြစ် လောင်ကျွမ်းနေစေသည်ကို တွေ့လိုက်၏။

တိုက်ပွဲနတ်ဘုရား ဇီယန်က အန်လင်း၏ ရုတ်တရက်တိုးလာသော အရှိန်အဝါများကို ကြည့်ကာ ကြောင်ငေးနေပေတော့သည်။ “အဲ့တာက မီးတောက် မန္တန်အောင်နိုင်ခြင်းရဲ့ ရလာဒ်လား။ ဘယ်လိုတောင် သန့်စင်တဲ့ စွမ်းအင်လဲ။ ဘယ်လိုတောင် စစ်မှန်တဲ့ အတွင်းအားလဲ။”

အန်လင်းက မည်သည့် ကမ္ဘာမြေ တုန်ခါစေနိုင်သော မန္တန်များကို မထုတ်လွှတ်သော်လည်း သူ့၏ သိသာထင်ရှားသော အတွင်းအား နယ်ပယ်က သူ့ခန္ဓာကိုယ်ကို ဖြတ်သန်း စီးဆင်းကာ တိုက်ပွဲနတ်ဘုရား ဇီယန်ကို အလွန်အမင်း မနာလိုဖြစ်နေစေ၏။

အ့ံချီးဖီးနစ် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော စုရှောင်လန်ပင် အလွန်အံ့ဩနေ၏။

လူတိုင်းက ထိုမြင်ကွင်းကို မြင်သောအခါ စိတ်လှုပ်ရှားစွာ သက်ပြင်းချလာတော့သည်။ သူတို့က ကျန်းချီကုန်းမြေကြီး၏ အံ့ချီးမီးတောက် လေးခုစလုံးသည် အန်လင်း၏ မျိုချခြင်းကို ခံရမည်ဟု ကြိုမမျှော်လင့်ထားကြပေ။ ထို့အပြင် အန်လင်းက ထိုမီးတောက်များကို မှီခိုကာ အစွမ်းထက် ကျင့်ကြံခြင်း နည်းလမ်းတစ်ခုကို အောင်နိုင်သွားလေပြီ…

အန်လင်းက တည်ငြိမ်သော မီးတောက် စွမ်းအင်များက သူ့ကိုယ်ထဲတွင် ပြေးလွှားနေသည်ကို ခံစားမိပြီး အလွန်အမင်း ကျေနပ်နေတော့သည်။ သူက ယခုချက်ချင်းပင် တစ်ခုခုကို မီးရှို့ပစ်ချင်နေလေပြီ။

စစ်မှန်မီးတောက်၏ တောင်ပံ ကျင့်ကြံခြင်း နည်းလမ်း အဆင့်နှစ်က အံ့ချီးမီးတောက် သမုဒ္ဒရာဟူသော နည်းလမ်းသို့ တိုးမြှင့်သွားပြီ ဖြစ်၏။ သူက ဤနည်းလမ်း၏ စွမ်းအင်နှင့်ပတ်သတ်၍ သိပ်မသေချာပါပေ။

“ဟုတ်ပြီး ကောင်းကင်ဟာလာပြင် မီးတောက်ကို ရပြီးပြီ။ ရှေ့ဆက်ကြရအောင်။” ချင်လေးက အန်လင်းကို ကြည့်ကာ ​ဆိုလာ၏။

အချိန်တစ်ချို့အကြာတွင် ကောင်းကင်က မှောင်မဲလာတော့သည်။

သူတို့သည် မြောက်ဘက်သို့ ဆက်လက် ရွေ့လာကြတော့၏။ အဝေးမှ နှင်းများဖုံးလွှမ်းနေသော မြေပြင်တွင် ရွေ့လျားနေသော အနက်ရောင်ပုံရိပ်က ရုတ်တရက် ပေါ်လာတော့သည်။

***

All Chapters