← Chapters

အခန်း (၅၁၅-၅၁၆)

Vol. 52 Ch. 515-516

အခန်း (၅၁၅-၅၁၆)

Vol. 52 Ch. 515-516

အခန်း။ ၅၁၅

အဆင့်တက်လှမ်းခြင်း အထွတ်အထိပ်သို့ ရောက်ရှိလာသည်နှင့်အမျှ ထူးခြားဆန်းပြားသော နိမိတ်များ ရုတ်တရက် ပေါ်ပေါက်လာပြီး ကောင်းကင်နှင့် မြေကြီး၏ အရောင်အဆင်းမှာပင် ပြောင်းလဲသွားတော့သည်။

ပြင်းထန်သော လေမုန်တိုင်းများမှာ လေထုထဲ၌ တဝူးဝူး တဝုန်းဝုန်း တိုက်ခတ်နေပြီး ကောင်းကင်ယံရှိ တိမ်တိုက်များမှာလည်း သာမန်မျက်စိဖြင့် မြင်နိုင်သည့် အရှိန်အဟုန်ဖြင့် စုရုံးလာကာ မိုးသက်မုန်တိုင်းများ ကျရောက်တော့မည့်အလား မှောင်မည်းအုံ့မှိုင်းလာခဲ့သည်။

ခဏချင်းအတွင်းမှာပင် ဇွန်ဘီဒီရေလှိုင်းကြီး၏ အထက်ကောင်းကင်ယံမှာ အမှောင်အတိ ကျသွားခဲ့ရာ ကမ္ဘာပျက်ကပ်ကြီး တစ်ဖန်ပြန်လည် ကျရောက်လာသည့်အလား ထင်မှတ်ရသည်။

ဝူး... ဝူး... ဝူး...

ကောင်းကင်ယံ၌ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်မုန်တိုင်းတစ်ခုမှာ ဧရာမ ဝဲဂယက်ကြီးတစ်ခုပမာ တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။ ၎င်းသည် ကျိရုရွှယ် အဆင့်တက်နေသော လိုဏ်ဂူကို ဗဟိုပြု၍ အပြင်ဘက်သို့ တဖြည်းဖြည်း ကျယ်ပြန့်လာခြင်းပင်။

ထိုစွမ်းအင်မုန်တိုင်းအတွင်း၌ စွမ်းအင်များမှာ ပို၍စုစည်းလာပြီး ကျိရုရွှယ် မစုပ်ယူနိုင်တော့သည့် ပိုလျှံနေသော စွမ်းအင်များမှာလည်း မုန်တိုင်းအတွင်း၌သာ စုပုံနေသဖြင့် ၎င်း၏ အနားသတ်များမှာလည်း အပြင်ဘက်သို့ ဆက်လက်တိုးထွက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ၎င်းမှ ထွက်ပေါ်လာသော အားကောင်းလှသည့် လေစီးကြောင်းများမှာ ကောင်းကင်နှင့် မြေကြီးကို ရိုက်ခတ်သွားခဲ့ပြီး အရပ်မျက်နှာအနှံ့သို့ ပြင်းထန်သော လေပြင်းများ တိုက်ခတ်သွားကာ နယ်ပယ်တစ်ခုလုံးကိုပင် တုန်ခါသွားစေတော့သည်။

ဝုန်း... ဝုန်း... ဝုန်း...

ထိုအတောအတွင်း ပေ ၃၀၀ ခန့် နက်ရှိုင်းသော မြေအောက်ကျောက်ခန်းမအတွင်း၌မူ လေပြင်းများမှာ ရူးသွပ်စွာ ဝဲကယက်ထနေပြီး အခန်းတွင်း၌ အလွန်အမင်း မြန်ဆန်သောအရှိန်ဖြင့် ရိုက်ခတ်နေသဖြင့် ဆက်တိုက်ဆိုသလို အူသံများ ထွက်ပေါ်နေတော့သည်။

ကျိရုရွှယ်မှာမူ တောင်ကြီးတစ်လုံးပမာ မလှုပ်မယှက် တင်ပလ္လင်ခွေ ထိုင်နေပြီး သူမ၏ ပတ်ပတ်လည်တွင်မူ အသုံးပြုပြီးသား ဆေးပုလင်းခွံများမှာ လေပြင်းများကြောင့် ဟိုဒီလိမ့်နေကာ တဂွမ်းဂွမ်းမြည်သံများ ထွက်ပေါ်နေသည်။

စွမ်းအင်မုန်တိုင်းမှာ ပိုမိုကြီးမားလာပြီး စွမ်းအင်များမှာလည်း ပို၍ပို၍ စီးဝင်လာသည်။ ထိုစွမ်းအင်များသည် ကျိရုရွှယ်၏ ခန္ဓာကိုယ်အတွင်းသို့ ရူးသွပ်စွာ တိုးဝင်လာသဖြင့် သူမအနေဖြင့် အချိန်ကို အမိအရ အသုံးချကာ ထိုစွမ်းအင်များကို မနားတမ်း သန့်စင်နေရတော့သည်။

တစ်ပြိုင်နက်တည်းမှာပင် သူမ၏ ခန္ဓာကိုယ်အတွင်း၌ ဝိညာဉ်အနှစ်များ ပြည့်လျှံလာသည်နှင့်အမျှ ကျိရုရွှယ်၏ အရှိန်အဝါမှာ အဆင့် ၈ သို့ လျင်မြန်စွာ ဦးတည်သွားခဲ့ပြီး အဆင့်တစ်ခုသို့ ရောက်ရှိသွားချိန်တွင်မူ အခက်အခဲများစွာဖြင့် ဆက်လက် တိုးတက်နေခဲ့သည်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်နှင့်အမျှ ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များမှာ ဝိညာဉ်အနှစ်များအဖြစ်သို့ အဆက်မပြတ် ပြောင်းလဲသွားပြီး သူမ၏ သွေးကြောများအတွင်း၌ ဧရာမမြစ်ကြီးတစ်စင်းပမာ ဖြစ်ပေါ်လာသည်။ ၎င်းသည် တားဆီး၍မရသော အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးဝင်သွားကာ သူမ၏ ကျင့်စဉ်နယ်ပယ် အတားအဆီးကို အဆက်မပြတ် တိုက်ခိုက်တော့သည်။

တိုက်ခိုက်မှုတိုင်းမှာ ကောင်းကင်ကြီး ပြိုကျပြီး မြေကြီး အက်ကွဲသွားသည့်အလား ပြင်းထန်လှပြီး၊ ဝိညာဉ်အနှစ်မြစ်ကြီး၏ လှိုင်းတံပိုးများမှာလည်း လှုပ်ခတ်နေသည်။ ဝိညာဉ်အနှစ်များကို သယ်ဆောင်ထားသော သွေးကြောများအတွင်း၌ စူးရှသော နာကျင်မှုများ လှိုင်းထနေသဖြင့် ကျိရုရွှယ်၏ ခန္ဓာကိုယ်မှာပင် ထိန်းမနိုင်သိမ်းမရ တုန်ယင်နေခဲ့ရရှာသည်။

သို့သော်လည်း ကျိရုရွှယ်မှာ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ဝိညာဉ်အနှစ်မြစ်ကြီးကို စုစည်းကာ ကျင့်စဉ်နယ်ပယ် အတားအဆီးကို မနားတမ်း ဆက်လက်တိုက်ခိုက်နေခဲ့သည်။

ကျိရုရွှယ်၏ ဇွဲနပဲကြီးစွာ တိုက်ခိုက်မှုအောက်တွင် ကျောက်ဆောင်တစ်ခုပမာ ခိုင်မာနေသော အတားအဆီးကြီးမှာ ရုတ်တရက် လျော့ရဲသွားပြီး ဆက်တိုက်ဆိုသလို ကျရောက်လာသော ဖိအားများကြောင့် တဖြည်းဖြည်း အပိုင်းပိုင်း ပြိုကွဲပျက်စီးလာတော့သည်။

နောက်တစ်ခဏတွင် ကျိရုရွှယ်၏ ခန္ဓာကိုယ် မျက်နှာပြင်ထက်၌ ဖန်သားအလား တောက်ပသော အရောင်အဝါများ ဖြည်းညှင်းစွာ ပွင့်လန်းလာခဲ့သည်။

သူမ၏ ကိုယ်ပေါ်ရှိ ထိုအရောင်အဝါများမှာ ပိုမိုတောက်ပလာသည်နှင့်အမျှ ကျိရုရွှယ်ထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာလည်း နောက်ဆုံးတွင် ထိုအဆင့်အတားအဆီးကို ကျော်ဖြတ်နိုင်သွားခဲ့ပြီ ဖြစ်သည်။

ဝုန်း...

ဟိန်းဟောက်သံကြီးတစ်ခုမှာ ကျိရုရွှယ်၏ ခန္ဓာကိုယ်အတွင်းမှ ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေလောက်အောင် ပြင်းထန်စွာ ပေါက်ကွဲ၍ ထွက်ပေါ်လာပြီး ကျောက်ခန်းမတစ်ခုလုံးကို ချက်ချင်းပင် လှုပ်ခါသွားစေတော့သည်။

မြေအောက် ပေ ၃၀၀ တွင် ရှိနေသော ထိုကျောက်ခန်းမကြီးမှာ အောက်ဘက်သို့ အတိုင်းအတာတစ်ခုအထိ နိမ့်ဆင်းသွားသကဲ့သို့ပင် ခံစားလိုက်ရသည်။

နောက်ဆုံးတွင် ကျိရုရွှယ်၏အတွင်းသန်မှ ကျင့်စဉ်နယ်ပယ် အတားအဆီးမှာ ဝိညာဉ်အနှစ်မြစ်ကြီး၏ တိုက်ခိုက်မှုအောက်တွင် လုံးဝဥဿုံ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

ချက်ချင်းဆိုသလိုပင် ဟုန်စီးနေသော ဝိညာဉ်အနှစ်များမှာ သူမ၏ သွေးကြောများအတွင်း၌ ရူးသွပ်စွာ စီးဝင်သွားပြီး တားဆီး၍မရသော အရှိန်ဖြင့် ရှေ့သို့ တိုးဝင်သွားခဲ့ရာ ထိုခဏ၌ သူမ၏ သွေးကြောများမှာ ပိုမိုကျယ်ဝန်းပြီး ခိုင်မာတောင့်တင်းသွားခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော အဆင့် ၈ အရှိန်အဝါများမှာ ပြင်းထန်သော လေပြင်းများနှင့်အတူ အပြင်ဘက်သို့ ဟုန်ကနဲ တိုးထွက်သွားခဲ့ရာ ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားတစ်ခုမှာလည်း ထင်ထင်ရှားရှား ပေါ်ပေါက်လာတော့သည်။

ထိုအချိန်တွင် ကျိရုရွှယ်သည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ အလွန်အမင်း အင်အားကြီးမားလှသော စွမ်းအင်လှိုင်းတစ်ခုမှာ ပေါက်ကွဲ၍ ထွက်ပေါ်လာခဲ့သည်။

ဤစွမ်းအင်လှိုင်းသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှပြီး ဟင်းလင်းပြင်ကိုပင် တုန်ခါသွားစေဟန် ရှိသည်။ မြေအောက်ကျောက်ခန်းမနှင့် ပတ်ဝန်းကျင်ရှိ မြေထုတစ်ခုလုံးမှာလည်း ထိန်းမနိုင်သိမ်းမရ တုန်ယင်နေတော့ရာ အဆင့် ၈ ၏ တန်ခိုးအာဏာမှာ ဖုံးကွယ်ထား၍မရအောင် ပေါ်လွင်နေတော့သည်။

တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်မှ ဖြာထွက်လာသော ဖန်သားရောင် ဝိညာဉ်အလင်းတန်းမှာ တစ်ခန်းလုံးကို လင်းထိန်သွားစေပြီး ကျောက်တံခါးကြားမှတစ်ဆင့် လိုဏ်ဂူအပြင်ဘက်သို့ပင် လျှံထွက်လာခဲ့သည်။

ကျိရုရွှယ် မျက်လုံးဖွင့်လိုက်သည့် ခဏ၌ပင် ဟင်းလင်းပြင်ထဲမှ ကြောက်မက်ဖွယ်

ကောင်းသော အချိန်ကာလစွမ်းအားများ ပေါ်ပေါက်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။

လေထုထဲတွင်လည်း ရှုပ်ထွေးနက်နဲလှသော အချိန်ကာလ၏ အနှစ်သာရများမှာ မှိန်ပျပျသာ ထင်ဟပ်နေတော့သည်။

ရုတ်တရက်ဆိုသလို လိုဏ်ဂူပတ်ဝန်းကျင်ရှိ တောအုပ်ကြီးမှာ အချိန်ကာလစွမ်းအား၏ သက်ရောက်မှုကြောင့် လျင်မြန်စွာ ပြောင်းလဲလာသည်။ သစ်ပင်တန်းများ၊ ပန်းမာန်များနှင့် မြက်ခင်းများမှာ သာမန်မျက်စိဖြင့် မြင်နိုင်သည့် အရှိန်အဟုန်ဖြင့် အကိုင်းအခက်များ ဝေဆာလာကာ အံ့ဩဖွယ်ကောင်းလောက်အောင် လျင်မြန်စွာ ကြီးထွားလာကြသည်။

နဂိုက လက်မောင်းခန့်သာ ရှိသော သစ်ပင်ငယ်များသည် လူတစ်ဖက်စာမကသော သစ်ပင်ကြီးများအဖြစ် ပြောင်းလဲသွားပြီး စိမ်းစိုသော အရွက်ကြီးများဖြင့် တောအုပ်တစ်ခုလုံးကို ပိတ်ဖုံးသွားစေကာ အသက်ဓာတ်များ ပြည့်လျှံနေတော့သည်။

ပန်းများနှင့် မြက်ပင်များမှာလည်း အဖူးအပွင့်များ ဝေဆာလာပြီးနောက် များမကြာမီမှာပင် ၎င်းတို့မှာ ပြန်လည်ညှိုးနွမ်းသွားကာ မျိုးစေ့များသာ ကျန်ရစ်ခဲ့တော့သည်။

သို့သော် များမကြာမီမှာပင် ထိုစိမ်းစိုနေသော သစ်တောကြီးမှာ တစ်ဖန် ပြန်လည်ဝါကျင်ကာ ညှိုးခြောက်လာပြန်သည်။ ဧရာမသစ်ပင်ကြီးများမှာ အရွက်များ ကြွေလွင့်ကုန်ပြီး အကိုင်းအခက်များမှာလည်း လျင်မြန်စွာ ဆွေးမြည့်သွားကြသည်။

အောက်ခြေရှိ ပန်းနှင့် မြက်ပင်များမှာလည်း မြေပြင်ပေါ်သို့ လဲကျကာ ပျက်စီးသွားတော့သည်။

နောက်ဆုံးတွင် ထိုသစ်ပင်နှင့် ပန်းမာန်များမှာ ကျိရုရွှယ်၏ ရှေ့မှောက်၌ပင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပြီး မြေကြီးထဲသို့ ပြန်လည်ရောက်ရှိသွားကြသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် မြေကြီးထဲမှ အသံခပ်သဲ့သဲ့လေးများ ထွက်ပေါ်လာကာ စိမ်းလန်းသော အညှောက်ကလေးများ ပြန်လည်ထွက်ပေါ်လာပြန်သည်။

သစ်ပင်နှင့် ပန်းမာန်များမှာ တစ်ဖန်ပြန်လည် ရှင်သန်ကြီးထွားလာကြပြန်သည်။ ဤသို့ဖြင့် အချိန်ကာလ၏ အနှစ်သာရကြောင့် ပတ်ဝန်းကျင်ရှိ တောအုပ်ကြီးမှာ မွေးဖွားခြင်းနှင့် သေဆုံးခြင်း သံသရာကို အဆုံးမရှိ တစ်ပတ်ပြီးတစ်ပတ် လည်ပတ်နေတော့သည်။

ထို့ပြင် ဤမမြင်နိုင်သော အချိန်ကာလစွမ်းအားမှာ သစ်ပင်များကိုသာ သက်ရောက်သည်မဟုတ်ဘဲ ကျိရုရွှယ်၏ ပတ်ဝန်းကျင်ရှိ ကျောက်စင်များနှင့် နံရံများကိုပါ လျင်မြန်စွာ ဟောင်းနွမ်းသွားစေသည်။ ဖုန်မှုန့်များမှာ တဖြဖြ ကြွေကျနေပြီး လိုဏ်ဂူတစ်ခုလုံး ပြိုကျတော့မည့် အရိပ်အယောင်များ ပြလာခဲ့သည်။

"မဖြစ်ဘူး... ဒီအတိုင်း ဆက်သွားရင် ငါ့ကြောင့်နဲ့ ဒီနေရာ ပြိုကျကုန်တော့မယ်"

ဤမြင်ကွင်းကို မြင်လိုက်ရသည့် ကျိရုရွှယ်မှာ မျက်ဝန်းများ ပြူးကျသွားပြီး သတိဝင်လာခဲ့သည်။ သူမသည် အချိန်မဆွဲဝံ့တော့ဘဲ လိုဏ်ဂူကြီး တစ်ခုလုံး ပြိုကျမသွားစေရန် ထုတ်လွှတ်ထားသော အချိန်ကာလစွမ်းအားအားလုံးကို အလျင်အမြန် ပြန်လည်ရုပ်သိမ်းလိုက်တော့သည်။

ကျိရုရွှယ် စွမ်းအားများကို ပြန်လည်ရုပ်သိမ်းလိုက်သောအခါ ဆန်းကြယ်သော ဖြစ်ရပ်များ အားလုံး ကွယ်ပျောက်သွားပြီး ကျောက်ခန်းမမှာလည်း ပြိုကျမည့် ဘေးမှ လွတ်ကင်းသွားခဲ့သည်။

လိုဏ်ဂူအပြင်ဘက်တွင်လည်း ညှိုးနွမ်းလုဆဲဆဲ ဖြစ်နေသော တောအုပ်ကြီးမှာ ချက်ချင်းပင် ရပ်တန့်သွားကာ အသက်ဓာတ်များ ပြန်လည်ပြည့်ဝလာတော့သည်။

"အဆင့် ၈ နောက်ဆုံးတော့ ငါ အဆင့်တက်နိုင်ခဲ့ပြီ"

သူမ၏ အင်အားကို ခံစားရင်း ကျိရုရွှယ်၏ မျက်ဝန်းများမှာ ဝမ်းသာအားရ ဖြစ်နေတော့သည်။ ဤအဆင့်တက်လှမ်းမှုသည် သူမအတွက် များစွာ အကျိုးရှိခဲ့သည်။ ပါရမီစွမ်းရည်သစ်များ မရရှိခဲ့သော်လည်း ရှိရင်းစွဲ ပါရမီနှစ်မျိုးလုံးမှာ ပိုမိုအားကောင်းလာခဲ့သည်။

အထူးသဖြင့် အချိန်ကာလ ထိန်းချုပ်ခြင်းစွမ်းရည်မှာ ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး၊ ကံကောင်းထောက်မစွာဖြင့် အချိန်ကာလ၏ နိယာမစွမ်းအားအစအနတစ်ခုကိုပါ နားလည်သဘောပေါက်သွားခဲ့သည်။

အချိန်ကာလနိယာမကို အဘယ်ကြောင့် ယခုကဲ့သို့ စောစီးစွာ နားလည်သွားခဲ့သည်ကို သူမကိုယ်တိုင် မသိသော်လည်း ၎င်းမှာ ကျိရုရွှယ်အတွက် အလွန်ပင် တန်ဖိုးရှိလှသော ဆုလာဘ်တစ်ခုပင်။

များမကြာမီမှာပင် သူမ၏ ကျင့်စဉ်အဆင့်ကို တည်ငြိမ်အောင် ပြုလုပ်ပြီးနောက် ကျိရုရွှယ်သည် မတ်တတ်ရပ်လိုက်သည်။

သူမသည် စိတ်တန်ခိုးကို အသုံးပြုကာ ကျောက်စင်ပေါ်တွင် ကျန်ရှိနေသော စွမ်းအင်ဆေးရည်များနှင့် ကိရိယာများကို သိမ်းဆည်းလိုက်ပြီး လိုဏ်ဂူအပြင်ဘက်သို့ ဦးတည်၍ ထွက်ခွါလာခဲ့သည်။

အခန်း။ ၅၁၆

လိုဏ်ဂူအပြင်ဘက်တွင် စောင့်ကြပ်နေသော လုချွမ်းသည် စောစောပိုင်းက ပတ်ဝန်းကျင်ရှိ တောအုပ်အတွင်း ဖြစ်ပေါ်ခဲ့သော ထူးဆန်းသည့် ဖြစ်ရပ်များကို မြင်တွေ့ခဲ့ရသဖြင့် အတော်ပင် အံ့အားသင့်နေခဲ့သည်။

သစ်ပင်တောအုပ်ကြီး၏ မွေးဖွားခြင်းနှင့် သေဆုံးခြင်း သံသရာကို ကြည့်ရင်း ၎င်းသည် ချီချီလေး၏ အချိန်ကာလ ထိန်းချုပ်ခြင်း စွမ်းရည်နှင့် သက်ဆိုင်ရမည်ဟု လုချွမ်းက သဘာဝကျကျပင် တွေးမိလိုက်သည်။

အချိန်ကို အရှိန်မြှင့်ပြီး အရာခပ်သိမ်းကို သံသရာလည်စေနိုင်သည့် စွမ်းအားမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသည်။ ကံကောင်းထောက်မစွာဖြင့် ထိုစွမ်းအားမှာ သူ၏အပေါ်သို့ သက်ရောက်ခြင်း မရှိခဲ့ပေ။

မဟုတ်ပါက သူသည် ခဏချင်းအတွင်းမှာပင် ခြောက်ကပ်နေသော အလောင်းတစ်ကောင်အဖြစ် ပြောင်းလဲသွားနိုင်သည်။

"ဖေဖေ"

ထိုစဉ် ကျိရုရွှယ်သည် လိုဏ်ဂူအတွင်းမှ ရွှင်လန်းစွာ လျှောက်လှမ်းထွက်လာသည်။ မလှမ်းမကမ်းတွင် ရပ်နေသော လုချွမ်းကို မြင်လိုက်ရသဖြင့် သူမက ပြုံးရွှင်စွာ လှမ်းခေါ်လိုက်သည်။

"ချီချီလေး... အဆင့်တက်ပြီးတော့ နေလို့မကောင်းတာမျိုး ရှိသေးလား"

လုချွမ်းက အနားသို့ လျှောက်လာပြီး ကျိရုရွှယ်၏ ဆံပင်များကို အသာအယာ ပွတ်သပ်ပေးရင်း ဂရုတစိုက် မေးမြန်းလိုက်သည်။

"မရှိပါဘူး ဖေဖေ အကုန်လုံး အဆင်ပြေပါတယ်။ ဒါနဲ့... ဖေဖေ သမီးနဲ့ လက်ရည်စမ်းကြည့်မလား"

ကျိရုရွှယ်က စိတ်အားထက်သန်စွာဖြင့် ခေါင်းခါပြရင်း သူ့ကို စမ်းသပ်မေးမြန်းလိုက်သည်။ သူမသည် အဆင့်တက်ပြီးစဖြစ်ရာ မိမိ၏ စစ်မှန်သော အင်အားမှာ မည်မျှရှိသည်ကို သိချင်

စိတ် ပြင်းပြနေမိသည်။

အရင်က ကျင့်စဉ်နယ်ပယ် ကွာဟချက်ကြောင့် ဖခင်ဖြစ်သူနှင့် သရေသာ ကျခဲ့သော်လည်း ယခုအခါ သူမသည် အဆင့် ၈ သို့ ရောက်ရှိသွားပြီဖြစ်ရာ သူ့ကို အနိုင်ယူနိုင်လောက်ပြီဟု ကျိရုရွှယ်က တိတ်တဆိတ် တွေးနေမိသည်။

လုချွမ်းကလည်း ချီချီလေး၏ အဆိုပြုချက်ကို ကန့်ကွက်ရန် မရှိပေ။ သူသည်လည်း ယခုတစ်ခေါက် အဆင့်တက်ပြီးနောက် ချီချီလေး၏ စွမ်းအား မည်မျှ တိုးတက်လာသည်ကို သိချင်နေမိသည်။

သူက ခေါင်းညိတ်ပြကာ တိုက်ရိုက်ပင် သဘောတူလိုက်တော့သည်။

မိနစ်အနည်းငယ်အကြာတွင် လုချွမ်းနှင့် ချီချီလေးတို့သည် တောအုပ်အထက် ကောင်းကင်ယံ၌ တစ်ဦးနှင့်တစ်ဦး ရင်ဆိုင်လိုက်ကြသည်။

"ဖေဖေ... သမီး စတိုက်တော့မယ်နော် သတိထားဦး"

ကျိရုရွှယ်က လုချွမ်းကို သတိပေးလိုက်သည်။

ပြောပြီးသည်နှင့် တစ်ပြိုင်နက် အဆင့် ၈ ၏ အားကောင်းလှသော အရှိန်အဝါမှာ ချက်ချင်း ထွက်ပေါ်လာသည်။ ကျိရုရွှယ်၏ မျက်နှာထားမှာ တည်ကြည်သွားပြီး သူမ၏ ပတ်ပတ်လည်တွင် စိတ်တန်ခိုးမြစ်တစ်စင်း ဝိုင်းရံလျက် လုချွမ်းကို စိုက်ကြည့်နေတော့သည်။

"ဟား"

နောက်တစ်ခဏတွင် ကျိရုရွှယ်က လက်ညှိုးညွှန်လိုက်ရာ စိတ်တန်ခိုးမြစ်သည် ပေတစ်ရာကျော် ရှည်လျားသော နဂါးပေါင်းများစွာအဖြစ် ပြောင်းလဲသွားပြီး လုချွမ်းထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

"ကောင်းတယ်"

လုချွမ်းသည် အကြောက်အလန့်မရှိဘဲ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဇွန်ဘီဘုရင်၏ တန်ခိုးတော်ကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ သူသည် ပထမဦးစွာ ပူပြင်းလှသော နဂါးမီးလျှံများကို မှုတ်ထုတ်လိုက်ရာ သူ့ထံသို့ ဦးတည်လာသော စိတ်တန်ခိုးနဂါးများကို ပြာဖြစ်သွားစေသည်။

ထို့နောက် သူ၏ ခန္ဓာကိုယ်မှ ဝိညာဉ်အလင်းတန်းများ ထွက်ပေါ်လာပြီး တိုက်ပွဲမြေပြင်၏ အလယ်တွင် ခမ်းနားလှသော အပြာရောင်မြစ်ကြီးတစ်စင်းအဖြစ် ပြောင်းလဲကာ ပိတ်ဆို့လိုက်သည်။

ဝုန်း ဝုန်း ဝုန်း...

ကြောက်မက်ဖွယ်ကောင်းသော စိတ်တန်ခိုးနဂါးများသည် မြစ်ကြီးနှင့် တိုက်ရိုက် တိုးမိကြတော့သည်။ တစ်ကောင်ပြီးတစ်ကောင် ပေါက်ကွဲသွားသံမှာ နားကွဲမတတ် စူးရှလှပြီး မိုင်ပေါင်းများစွာအထိ ပဲ့တင်ထပ်သွားကာ မြစ်အတွင်း၌လည်း ဧရာမလှိုင်းလုံးကြီးများ ထွက်ပေါ်လာသည်။

သို့သော်လည်း လုချွမ်းက သူ၏ ခုခံမှုမှာ စိတ်တန်ခိုးနဂါးများကို တားဆီးနိုင်ပြီဟု ထင်မှတ်နေစဉ်မှာပင် မျှော်လင့်မထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။

စိတ်တန်ခိုးနဂါး အမြောက်အမြား၏ တိုက်ခိုက်မှုအောက်တွင် အပြာရောင်မြစ်ကြီးမှာ ကြာရှည်မခံဘဲ လုံးဝဥဿုံ ပြိုကွဲပျက်စီးသွားခဲ့သည်။

ထို့နောက်တွင်မူ မရေမတွက်နိုင်သော စိတ်တန်ခိုးနဂါးများသည် တားဆီး၍မရသော အရှိန်အဟုန်ဖြင့် လုချွမ်း၏ ရှေ့မှောက်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာတော့သည်။

ထိုအချိန်တွင် ထိတ်လန့်သွားသော လုချွမ်းမှာ ရှောင်တိမ်းရန် အချိန်မရတော့ပေ။ အရေးကြီးသော အချိန်၌ နက်မှောင်သော အလင်းတန်း သံချပ်ကာမှာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်ပေါက်လာပြီး သူ့ကို လွှမ်းခြုံကာ ကာကွယ်လိုက်သည်။

ဝုန်း...

နောက်တစ်ခဏတွင် လုချွမ်းသည် နဂါးထောင်ပေါင်းများစွာ ပါဝင်သော စိတ်တန်ခိုးနဂါးအုပ်ကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး ကျိရုရွှယ်၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားတော့သည်။

သူမ၏ ဖခင်ကို မမြင်ရတော့သော နေရာကို ကြည့်ရင်း ကျိရုရွှယ်က ပြုံးလိုက်သည်။ အဆင့် ၈ သို့ တက်လှမ်းပြီးနောက် သူမ၏ စိတ်တန်ခိုး ထိန်းချုပ်မှုမှာ အရင်ကထက် များစွာ ပိုမိုအားကောင်းလာခဲ့ပြီ ဖြစ်သည်။

အရင်ကလို အားနည်းသည်ဟု ထင်မှတ်ထားခဲ့သော ဖခင်ဖြစ်သူမှာ ယခုအခါ အခက်တွေ့နေရပြီ ဖြစ်သည်။

အရင်က ကျိရုရွှယ်၏ စိတ်တန်ခိုးမှာ ပျော့ပြောင်းသော ကြိုးတစ်ချောင်းကဲ့သို့ ဖြစ်ခဲ့လျှင်၊ ယခုအခါတွင်မူ သူမ၏ စိတ်တန်ခိုးမှာ သံမဏိကြိုးကဲ့သို့ ခိုင်မာနေပြီး အရင်နှင့် လုံးဝ နှိုင်းယှဉ်၍မရတော့ပေ။

စိတ်တန်ခိုးနဂါးအုပ်ကြီးအတွင်း၌ လုချွမ်း၏ သံချပ်ကာမှာ အဆက်မပြတ် တိုက်ခိုက်ခံရမှုကြောင့် ပြိုကွဲလုနီးပါး ဖြစ်နေပြီး သူက ဝိညာဉ်အနှစ်များကို အသုံးပြု၍ အလျင်အမြန် ပြန်လည်ပြုပြင်နေသော်လည်း အက်ကွဲကြောင်းများမှာ များပြားလာခဲ့သည်။

များမကြာမီမှာပင် သံချပ်ကာမှာ လုံးဝဥဿုံ ပျက်စီးသွားခဲ့ပြီး လုချွမ်း၏ ခန္ဓာကိုယ်မှာ စိတ်

တန်ခိုးနဂါးအုပ်၏ တိုက်ခိုက်မှုကို တိုက်ရိုက် ခံစားလိုက်ရသည်။

ခဏအတွင်းမှာတင် လုချွမ်းမှာ ပြင်းထန်လှသော ရိုက်ခတ်မှုများကြောင့် မူးဝေသွားခဲ့ရသည်။ အကယ်၍ ဒဏ်ရာမျှဝေခြင်းစွမ်းရည်သာမရှိပါက သူ၏ခန္ဓာကိုယ်မှာ နက်မှောင်သော အလင်းတန်း သံချပ်ကာကဲ့သို့ပင် အစိပ်စိပ်အမွှာမွှာ ကြေမွသွားနိုင်သည်။

ရှူး...

သို့သော်လည်း နဂါးအုပ်စုကြားတွင် ပိတ်မိနေခြင်းမှာ ရေရှည်အတွက် မကောင်းမှန်း လုချွမ်း သိရှိထားသည်။ သူ၏စိတ်အာရုံကို စုစည်းလိုက်သည်နှင့် ခန္ဓာကိုယ်မှ ဝိညာဉ်အလင်းတန်းများ ထွက်ပေါ်လာပြီး နောက်တစ်စက္ကန့်တွင် လုချွမ်းသည် ထိုနေရာမှ အဝေးသို့ နေရာရွှေ့ပြောင်းကာ ဖောက်ထွက်လိုက်တော့သည်။

သို့သော် သူ ဝမ်းမသာနိုင်သေးခင်မှာပင် နောက်ကျောဘက်မှ လေတိုးသံတစ်ခုကို ခံစားလိုက်ရပြန်သည်။ ခေါင်းလှည့်ကြည့်လိုက်သောအခါ ကျိရုရွှယ်မှာ ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်ကာ သူမ၏ စိတ်တန်ခိုးကို လက်ဝါးကြီးတစ်ခုအသွင် ဖန်တီး၍ ပြင်းထန်စွာ ရိုက်ချလိုက်သည်ကို တွေ့လိုက်ရသဖြင့် လုချွမ်း၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားခဲ့ရသည်။

ခွပ်...

အငိုက်မိသွားသော လုချွမ်းမှာ အားပါပါဖြင့် အရိုက်ခံလိုက်ရပြီး ယင်ကောင်တစ်ကောင်ပမာ အောက်ဘက်သို့ ထိုးဆင်းသွားတော့သည်။

ဝုန်း...

မြေပြင်ပေါ်ရှိ သစ်ပင်အမြောက်အမြား ကျိုးကြေသွားပြီး ဖုန်မှုန့်များ ထပွသွားကာ လုချွမ်းမှာ မြေကြီးထဲသို့ နစ်ဝင်သွားခဲ့ရသည်။

"ဟွတ်... ဟွတ်... ဖူး"

အနည်းငယ် အရှက်ရသွားသော လုချွမ်းသည် မြေအောက်ထဲမှ ရှူးကနဲ ပြန်လည်ပျံတက်လာပြီး ပါးစပ်ထဲသို့ ဝင်သွားသော ဖုန်နှင့် မြေကြီးများကို ပြန်လည်ထွေးထုတ်နေတော့သည်။

"ချီချီလေး... လာဦးလေ နောက်တစ်ခေါက် ထပ်လုပ်ကြတာပေါ့"

ဒဏ်ရာမျှဝေခြင်း စွမ်းရည်ကြောင့် လုချွမ်းမှာ ထိခိုက်မှုမရှိသော်လည်း ဤမျှနှင့် အရှုံးပေးရန် စိတ်ကူးမရှိပေ။ သူသည် အော်ဟစ်လိုက်ပြီး ကျိရုရွှယ်ထံသို့ တဟုန်ထိုး ပြေးဝင်သွားပြန်သည်။

ဝုန်း... ဝုန်း...

ထို့နောက်တွင်မူ နှစ်ဦးသားအကြား ပြင်းထန်သော တိုက်ပွဲကြီး ဖြစ်ပွားတော့သည်။ မိုးကြိုးပစ်သံပမာ ဟိန်းဟောက်သံများမှာ မနားတမ်း ထွက်ပေါ်နေပြီး ကောင်းကင်ယံ၌ အရောင်စုံ ဝိညာဉ်အလင်းတန်းများမှာလည်း တလက်လက် တောက်ပနေတော့သည်။

ယေဘုယျအားဖြင့် တစ်တိုက်ပွဲလုံးတွင် လုချွမ်းမှာ အသာစီးမရဘဲ ကျိရုရွှယ်၏ ဖိနှိပ်ခြင်းကိုသာ ခံနေရပြီး အခြေအနေကို ပြောင်းလဲရန် အခွင့်အရေးပင် မရရှိခဲ့ပေ။

နာရီဝက်ခန့် ကြာပြီးနောက်တွင်မူ လုချွမ်းသည် လက်ကာပြကာ တိုက်ပွဲကို ရပ်တန့်ရန် မတတ်သာဘဲ ပြောလိုက်ရတော့သည်။

သူ ဘယ်လိုမှ အနိုင်မရနိုင်ပေ။

ထို့နောက်တွင် လုချွမ်းသည် ကျိရုရွှယ်ကို ခေါ်ဆောင်ကာ ယာဉ်တန်းရှိရာသို့ ပြန်လည်ဦးတည်ခဲ့ကြသည်။ ဆယ်မိနစ်ခန့်အကြာတွင် ဇွန်ဘီဒီရေလှိုင်း စစ်တပ်ကြီးမှာ ပင်လယ်ပြည်နယ်ဆီသို့ ဦးတည်ကာ တစ်ဖန် ပြန်လည်ထွက်ခွာလာခဲ့ပြီ ဖြစ်သည်။

ကားအတွင်း၌...

"ဖေဖေ... နောက်ဆိုရင် သမီးတို့ ရှေးဟောင်းအပျက်အစီးတွေရှိတဲ့နေရာကို တိုက်ရိုက်သွားကြတော့မှာ။ အဲဒီတော့ အန်တီကျောက်လင်းကိုပါ ဖိတ်ခေါ်သင့်တယ်လို့ ဖေဖေ မထင်ဘူးလား အန်တီကျောက်လင်းက အစွမ်းထက်တယ်လေ။ သူက သမီးတို့ကို ကူညီပေးနိုင်မှာပါ။ ပြီးတော့ အဲဒီနေရာမှာ ရတနာတွေနဲ့ အရင်းအမြစ်တွေ အများကြီး ရှိတာဆိုတော့ သမီးတို့နှစ်ယောက်တည်း အကုန်ယူလို့လည်း မကုန်နိုင်ဘူးလေ။ အဲဒါကြောင့် အန်တီကျောက်လင်းကိုပါ ခေါ်သွားရင် မကောင်းဘူးလား ဖေဖေ ဘယ်လိုထင်လဲ"

ကျိရုရွှယ်သည် ချောင်ယန်အခြေစိုက်စခန်းတွင် ရှိနေမည့် ကျောက်လင်းကို သတိရသွားပြီး အကြံပြုလိုက်ခြင်းပင်။ သူမအနေဖြင့် ကျောက်လင်းကို ခေါ်ဆောင်လိုခြင်းမှာ အဓိကအားဖြင့် ကျောက်လင်း၏ အင်အားကို မြှင့်တင်ပေးချင်သောကြောင့်ပင်။

တစ်ခြားကမ္ဘာသားများကို တိုက်ခိုက်ရာတွင် ကျောက်လင်းမှာ အားကိုးရသည့် မဟာမိတ်တစ်ဦး ဖြစ်သည်။ အကယ်၍ သူမသာ ပိုမိုအစွမ်းထက်လာပါက နောင်တွင် ရန်သူများကို ရင်ဆိုင်ရာ၌ များစွာ အထောက်အကူဖြစ်ပေလိမ့်မည်။

"ကျောက်လင်းကိုပါ ဖိတ်မယ် ဟုတ်လား"

လုချွမ်းမှာ အနည်းငယ် အံ့အားသင့်သွားသည်။ ချီချီလေးက ဤကဲ့သို့ အကြံပြုလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

"ဒါဆိုရင်တော့ ဖေဖေ မေးကြည့်ပေးမယ်လေ။ သမီးရဲ့ အန်တီကျောက်လင်းက အလုပ်တွေ အရမ်းများနေတာဆိုတော့ အားချင်မှလည်း အားမှာနော်"

ထို့နောက် လုချွမ်းက ခေါင်းညိတ်ပြကာ ဆက်သွယ်ရေးစက်ကို ထုတ်၍ ကျောက်လင်းထံသို့ စာတစ်စောင် ပို့လိုက်သည်။

[လုချွမ်း: ကျောက်လင်း ငါနဲ့ ချီချီလေးက ပင်လယ်ပြည်နယ်မှာရှိတဲ့ ရှေးဟောင်းအပျက်အစီးတစ်ခုဆီ သွားနေကြတာ။ အဲဒီမှာ အခွင့်အရေးတွေနဲ့ ရတနာတွေ အများကြီး ရှိတယ်။ မင်းကော ငါတို့နဲ့အတူ လိုက်ပြီး စွန့်စားချင်လား]

ချောင်ယန်အခြေစိုက်စခန်းတွင်...

ထိုအချိန်၌ ကျောက်လင်းမှာ သူမ၏ လက်အောက်ငယ်သားများကို အထူးလေ့ကျင့်ခန်းများ ပြုလုပ်ပေးနေသည်။ စင်မြင့်ထက်တွင် ကျောက်လင်းမှာ အစွမ်းကုန် ထုတ်ဖော်ကာ အေးစက်စွာ အော်ဟစ်ကြိမ်းမောင်းရင်း လက်အောက်ငယ်သားများကို တစ်ယောက်ပြီးတစ်ယောက် လွင့်စဉ်သွားအောင် တိုက်ခိုက်နေခဲ့သည်။

ထိုစဉ် သူမ၏ အိတ်ကပ်အတွင်းမှ ဆက်သွယ်ရေးစက် တုန်ခါလာသည်ကို ကျောက်လင်း ခံစားလိုက်ရသည်။

သူမ၏ လှုပ်ရှားမှုများ ခေတ္တရပ်တန့်သွားခဲ့သည်။ လက်အောက်ငယ်သားများကို ခေတ္တအနားယူရန် ပြောလိုက်ပြီးနောက် ကျောက်လင်းသည် စက်ကိုကိုင်ကာ စင်ပေါ်မှ ဆင်းလာခဲ့သည်။

"ရှေးဟောင်းအပျက်အစီး ငါ့ကိုပါ အတူတူသွားဖို့ ဖိတ်တာလား"

စာကို ဖွင့်ကြည့်လိုက်သည့်အခါ လုချွမ်းဆီမှ ဖြစ်နေသဖြင့် ကျောက်လင်းမှာ အံ့အားသင့်သွားပြီးနောက် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားတော့သည်။

အခွင့်အရေးကောင်းကိုတော့ လက်လွှတ်မခံနိုင်ပါဘူး။

ကျောက်လင်းက လုချွမ်းထံသို့ အလျင်အမြန် ပြန်စာပို့လိုက်သည်။

[ကျောက်လင်း: လာမယ် လာမယ် လုချွမ်း... ရှင့်နဲ့ ချီချီလေး ကျွန်မကို သေချာပေါက် စောင့်နေကြဦးနော်]

All Chapters