← Chapters

အခန်း (၅၁၇-၅၁၈)

Vol. 52 Ch. 517-518

အခန်း (၅၁၇-၅၁၈)

Vol. 52 Ch. 517-518

အခန်း။ ၅၁၇

ကျောက်လင်း၏ ပြန်စာကို မြင်လိုက်ရသောအခါ လုချွမ်း ပြုံးလိုက်ပြီး ပြန်စာတစ်စောင် ပို့လိုက်သည်။

[လုချွမ်း: ကောင်းပြီ မြန်မြန်လာခဲ့ပါ။ ငါနဲ့ ချီချီလေး ဒီမှာ စောင့်နေမယ်။]

ထို့နောက် လုချွမ်းသည် သူတို့ရှိနေသည့် အနီးစပ်ဆုံး တည်နေရာကို ကျောက်လင်းထံ ပို့ပေးလိုက်သည်။

လုချွမ်းတို့နှင့်အတူ ရှေးဟောင်းအပျက်အစီးများကို စူးစမ်းရန် ဆုံးဖြတ်လိုက်ပြီးနောက် ကျောက်လင်းမှာ အချိန်ဆွဲမနေတော့ပေ။ လက်အောက်ငယ်သားများကို မှာကြားစရာရှိသည်များ မှာကြားပြီးနောက် သူမသည် ချောင်ယန်အခြေစိုက်စခန်းရှိ ရဟတ်ယာဉ်ကို ကိုယ်တိုင်မောင်းနှင်ကာ လုချွမ်းပို့ပေးထားသည့် တည်နေရာဆီသို့ အလျင်အမြန် ဦးတည်၍ ထွက်ခွာလာခဲ့တော့သည်။

တစ်ရက်ကြာပြီးနောက် စခန်းအတွင်း၌ လုချွမ်းသည် အကင်စင်ရှေ့တွင် ထိုင်ကာ နဂါးသားကင်များကို ကင်နေသည်။ မွှေးကြိုင်လှသော ရနံ့များမှာ စခန်းတစ်ခုလုံးတွင် ပျံ့နှံ့နေတော့သည်။ ကျိရုရွှယ်မှာလည်း အနားတွင် ရပ်ကြည့်နေပြီး ကျက်လုနီးပါးဖြစ်နေသော နဂါးသားကင်များကို စိုက်ကြည့်ရင်း သွားရည်များပင် ကျနေရှာသည်။

"ချီချီလေး... အမွှေးအကြိုင်တွေ ထပ်ထည့်ပေးရမလား"

လုချွမ်းက အသားကင်များကို လှန်ပေးရင်း ကျိရုရွှယ်ကို လှမ်းကြည့်ကာ မေးလိုက်သည်။ နဂါးသားကင်မှာ သူ့အလိုလို မွှေးနေပြီဖြစ်သော်လည်း ချီချီလေးမှာ ပြင်းပြင်းထန်ထန် အရသာရှိသည်ကို ကြိုက်မှန်း သူသိထားသည်။ အမွှေးအကြိုင် အနည်းငယ် ထည့်လိုက်ပါက အရသာမှာ ပိုမိုစူးရှသွားမည်ပင်။

"အင်း... ထည့်ပေးပါ ဖေဖေ"

ကျိရုရွှယ်က ခေါင်းညိတ်ပြလိုက်သည်။

လုချွမ်းက ရယ်မောလိုက်ပြီး အမွှေးအကြိုင်ဗူးကို ယူကာ အသားကင်များကို လှည့်ပတ်ရင်း ဖြူးပေးလိုက်သည်။ အမွှေးအကြိုင်များမှာ နဂါးသားကင်ပေါ်သို့ ကျရောက်သွားပြီး မီးအရှိန်ကြောင့် အနံ့များမှာ ပို၍ပင် မွှေးကြိုင်လာခဲ့သည်။

လုချွမ်းနှင့် ကျိရုရွှယ်တို့ သားအဖမှာ မျက်ဝန်းများ ဝင်းလက်သွားကြပြီး အသားကင်များကို အငမ်းမရ စိုက်ကြည့်နေကြတော့သည်။

ဝူး... ဝူး... ဝူး...

ထိုစဉ် ဝေးကွာသော အရပ်မှ တဝုန်းဝုန်း အသံကြီးတစ်ခု တဖြည်းဖြည်း နီးကပ်လာသည်။ တစ်ရက်တာ ခရီးနှင်ပြီးနောက် ကျောက်လင်းသည် ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာခြင်းပင်။ အသံကြားသည်နှင့် လုချွမ်းနှင့် ကျိရုရွှယ်တို့မှာ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။

"အန်တီကျောက်လင်း ရောက်လာပြီ"

ရဟတ်ယာဉ်ကို မြင်လိုက်ရသောအခါ ကျိရုရွှယ်က ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

မကြာမီမှာပင် ရဟတ်ယာဉ်မှာ ဆင်းသက်သွားပြီး ကျောက်လင်းမှာ အလျင်အမြန် ပျံသန်းရောက်ရှိလာတော့သည်။

"ဟားဟား... လုချွမ်း ချီချီလေး... ငါတို့တွေ ပြန်ဆုံကြပြန်ပြီနော်"

ကျောက်လင်းက သူတို့နှစ်ဦးကို ကြည့်ကာ ရယ်မောလိုက်သည်။

"ကျောက်လင်း"

"အန်တီကျောက်လင်း"

လုချွမ်းနှင့် ကျိရုရွှယ်တို့က နှုတ်ဆက်ရင်း အနားသို့ လျှောက်သွားကြသည်။

"အို... နင်တို့တွေ အသားကင်နေကြတာလား ဟားဟား... ငါကတော့ စောစောရောက်မလာပေမဲ့ အချိန်ကိုက်ပဲ။ ငါ့အတွက် စားပွဲတော်ကြီး စောင့်နေတာပဲ"

သူတို့နှစ်ဦးကို နှုတ်ဆက်ပြီးနောက် မွှေးကြိုင်လှသော ရနံ့ကြောင့် ကျောက်လင်း၏ မျက်ဝန်းများ ဝင်းလက်သွားခဲ့သည်။ သူမသည် ချက်ချင်းပင် အနားသို့ လျှောက်သွားခဲ့ရာ လုချွမ်းနှင့် ကျိရုရွှယ်တို့မှာလည်း နောက်မှ လိုက်သွားကြတော့သည်။

လုချွမ်းက အကင်စင်ဆီသို့ အရင်ဆုံး ရောက်သွားပြီး ကျက်ပြီးသား နဂါးသားကင် သုံးပုတ်ကို ယူကာ ကျောက်လင်းထံသို့ ကမ်းပေးလိုက်သည်။

"နင်ပြောတာ မှန်တယ်။ ဒါတွေက တကယ့် နဂါးသားကင်တွေပဲ။ နင် ဒါမျိုး တစ်ခါမှ မစားဖူးသေးဘူး မလား မြည်းကြည့်ပါဦး"

"ဒါဆိုရင်တော့ ငါ အားနာမနေတော့ဘူးနော်"

ကျောက်လင်းက အသားကင်များကို လှမ်းယူလိုက်ပြီး အားပါးတရ စားသုံးတော့သည်။

"ဝါး... ဒီနဂါးသားကင်က တကယ်ကို အရသာရှိတာပဲ"

အသားကင် သုံးပုတ်စလုံးကို စားပြီးနောက်တွင် ကျောက်လင်း၏ မျက်နှာမှာ ကျေနပ်မှုများဖြင့် ပြည့်နှက်နေပြီး ချီးမွမ်းစကားများ တသီတတန်းကြီး ပြောနေတော့သည်။

"ဖေဖေ့မှာ နဂါးသားတွေ အများကြီး သိုလှောင်ထားတာ ရှိသေးတယ် အန်တီ။ အန်တီကျေနပ်တဲ့အထိ စားလို့ရတယ်"

ကျိရုရွှယ်က အကင်စင်ပေါ်မှ အသားကင်အချို့ကို ထပ်မံယူကာ ကျောက်လင်းအား ကမ်းပေးလိုက်ပြန်သည်။

"ဟားဟား... ချီချီလေးက အန်တီ့အပေါ် အရမ်းကောင်းတာပဲ"

ကျောက်လင်းက အသားကင်များကို ယူလိုက်ပြီး သူမ၏ သန့်ရှင်းသော ညာဘက်လက်ဖြင့် ကျိရုရွှယ်၏ ခေါင်းကို ချစ်စနိုး ပွတ်သပ်လိုက်သည်။ ကျိရုရွှယ်မှာမူ မတတ်သာဘဲ နောက်သို့ အနည်းငယ် ဆုတ်လိုက်ရရှာသည်။

"ကျောက်လင်း... မင်းနဲ့ ချီချီလေး စားပွဲမှာ သွားထိုင်ပြီး စကားပြောနေကြလေ။ ကျန်တဲ့ အသားကင်တွေကို ငါ အကုန်ကျက်အောင် ကင်ပေးမယ်"

လုချွမ်းသည် အကင်စင်ပေါ်မှ ကျန်ရှိနေသော နဂါးသားကင်များကို ပန်းကန်ထဲသို့ပြောင်းထည့်ကာ ကျိရုရွှယ်အား လှမ်းပေးလိုက်ပြီးနောက် ကျောက်လင်းကိုလည်း သူမနှင့်အတူ သွားရောက်အနားယူရန် တိုက်တွန်းလိုက်သည်။

"ကောင်းပါပြီ"

ကျောက်လင်းသည် ကျိရုရွှယ်၏လက်ကိုဆွဲကာ စားပွဲရှိရာသို့ ဦးတည်၍ လျှောက်လှမ်းသွားတော့သည်။

မကြာမီမှာပင် လုချွမ်း၏ ကျွမ်းကျင်လှသောလက်ရာဖြင့် နဂါးသားကင် အချောင်းရေတစ်ရာကျော်မှာ အောင်မြင်စွာ ကျက်သွားခဲ့ပြီဖြစ်သည်။ ဆွဲဆောင်မှုရှိလှသော နဂါးသားကင်ရနံ့ကြောင့် သူတို့သုံးဦးစလုံး စားချင်စိတ်များ တဖွဖွဖြစ်ပေါ်လာကာ အားရပါးရ စားသောက်လိုက်ကြသည်။

"အား... ကျေနပ်စရာပဲ ဒီနဂါးသားက အရသာရှိရုံတင်မကဘူး။ သူပေးတဲ့စွမ်းအင်ကလည်း တကယ်ကို အံ့ဩစရာပဲနော်"

စားသောက်ပြီးနောက် ကျောက်လင်းသည် သူမ၏ဝမ်းဗိုက်ကို ပွတ်သပ်ရင်း ခန္ဓာကိုယ်အတွင်း၌ ဟုန်စီးလာသော စွမ်းအင်များကို ခံစားလိုက်ရသဖြင့် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

"ဒါက အဆင့် ၇ ရှိတဲ့ ဧရာမနဂါးသားလေ။ ဒီလောက်အစွမ်းထက်တာ မဆန်းပါဘူး"

လုချွမ်းက ပြုံးလျက် ပြောလိုက်သည်။

ဗိုက်ဝသွားကြပြီးနောက် ကျောက်လင်းသည် ကျိရုရွှယ်ကို တဲအတွင်းသို့ခေါ်ကာ အနားယူစေသည်။ လမ်းခရီးတစ်လျှောက် ပင်ပန်းလာခဲ့သဖြင့် သူမအနေဖြင့် အနားယူရန် အမှန်တကယ် လိုအပ်နေခြင်းပင်။

နေဝင်ရီတရောအချိန်တွင် ကျိရုရွှယ်၏နှိုးသံကြောင့် ကျောက်လင်း နိုးလာခဲ့ပြီး စိတ်လက်ကြည်လင် လန်းဆန်းလျက်ရှိနေသည်။ ညစာစားပြီးနောက် အနည်းငယ် ပျင်းရိသလိုဖြစ်နေသဖြင့် ကျောက်လင်းက လုချွမ်းနှင့် ကျိရုရွှယ်တို့ကို လက်ရည်စမ်းရန် အကြံပြုလိုက်သည်။

လုချွမ်းနှင့် ကျိရုရွှယ်တို့ကလည်း ခေါင်းညိတ်ကာ သဘောတူလိုက်ကြသည်။

ဝုန်း...

နားကွဲမတတ် အသံကြီးတစ်သံ ထွက်ပေါ်လာပြီးနောက် ကျောက်လင်းမှာ ကျိရုရွှယ်၏ စိတ်တန်ခိုးနဂါးအောက်တွင် ထိတ်လန့်တကြား လွင့်စဉ်သွားကာ မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းသွားတော့သည်။

သို့သော် ကျိရုရွှယ်က ရည်ရွယ်ချက်ရှိရှိ အရှိန်လျှော့ထားသဖြင့် ကျောက်လင်း ဒဏ်ရာရရှိခြင်းမရှိပေ။

အနည်းငယ် အရှက်ရသွားသော ကျောက်လင်းသည် မြေပြင်မှထလာပြီး မလှုပ်မယှက်ရပ်နေသော ချီချီလေးကို မယုံကြည်နိုင်လောက်အောင် ငေးကြည့်နေမိသည်။

ကွက်တိတစ်ချက်တည်းနှင့် သူမ ရှုံးသွားခဲ့ရသည်။ အရင်ကလည်း ချီချီလေးကို သူမ မနိုင်ခဲ့သော်လည်း ယခုကဲ့သို့ အားနည်းခဲ့ခြင်းမျိုး တစ်ခါမျှ မရှိခဲ့ဖူးချေ။

"အန်တီကျောက်လင်း... အများကြီး မတွေးပါနဲ့ဦး။ သမီးက အခု အဆင့် ၈ ဆင့်ကဲပြောင်းလဲသူ ဖြစ်နေပြီဆိုတော့ အန်တီသမီးကို မနိုင်တာက ပုံမှန်ပါပဲ"

ကျိရုရွှယ်က ပျံသန်းရောက်ရှိလာပြီး ရှင်းပြလိုက်သည်။

"အဆင့် ၈ ဟုတ်လား"

ကျောက်လင်း ထိတ်လန့်သွားသော်လည်း နောက်မှ စိတ်အေးသွားရသည်။ ချီချီလေး၏ အင်အားမှာ သူမထက် များစွာသာလွန်နေပြီဖြစ်ရာ ဤမျှမြန်မြန်ရှုံးသွားခြင်းမှာ မဆန်းတော့ပေ။

"လုချွမ်း... ငါတို့တွေကော တစ်ပွဲလောက် ဆော့ကြမလား"

ကျေနပ်မှုမရှိသေးသော ကျောက်လင်းသည် အဝေးမှပွဲကြည့်နေသော လုချွမ်းကိုကြည့်ကာ တိုက်ခိုက်လိုစိတ်များ ပြင်းပြနေတော့သည်။

ထိုစကားကို ကြားသောအခါ ကျိရုရွှယ်နှင့် လုချွမ်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ မျက်လုံးချင်း အဓိပ္ပာယ်ပါပါ ဖလှယ်လိုက်ကြသည်။ လုချွမ်းမှာလည်း အဆင့် ၈ သို့ ရောက်ရှိနေပြီဖြစ်ကြောင်းကို ကျောက်လင်းအား ပြောပြရန် သူတို့တွင် အစီအစဉ်မရှိကြပေ။

"ရတာပေါ့"

လုချွမ်းက ခေါင်းညိတ်ပြကာ အနားသို့ လျင်မြန်စွာ လျှောက်လာသည်။

"ဒါဆိုရင်တော့... လုချွမ်း သတိထားပေတော့"

ကျောက်လင်း၏ မျက်နှာတွင် ယုံကြည်မှုများ အပြည့်ရှိနေသည်။ စကားဆုံးသည်နှင့် ကျောက်လင်းသည် လျှပ်စီးပမာ တဟုန်ထိုး ပြေးဝင်သွားပြီး သူမ၏ တိုက်ခိုက်ရေးဓားဖြင့် လုချွမ်းထံသို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။

ဝုန်း…

မျက်စိတစ်မှိတ်အတွင်းမှာပင် ကိုးကိုက်ခန့် ရှည်လျားလှသော တောက်ပသည့် အပြာရောင်ဓားအရှိန်အဝါမှာ လုချွမ်းထံသို့ ပြေးဝင်သွားသည်။ လုချွမ်းကမူ တည်ငြိမ်နေဆဲဖြစ်ပြီး အလင်းတစ်ချက်လက်သွားသည်နှင့် သူရှိနေသောနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

နောက်တစ်ခဏတွင် လုချွမ်း၏ပုံရိပ်မှာ ကျောက်လင်း၏ နောက်ကျောဘက်၌ ပေါ်လာပြီး သူမ သတိမမူမိခင်မှာပင် အားပါပါဖြင့် ကန်လိုက်တော့သည်။

ဘုန်း….

ချက်ချင်းဆိုသလိုပင် ကျောက်လင်းမှာ နာကျင်စွာအော်ဟစ်ရင်း ရှေ့သို့ လွင့်စဉ်သွားသည်။ သို့သော် လုချွမ်းက သူမ မြေပြင်ပေါ်သို့မကျခင်မှာပင် ကျောက်လင်း၏ဘေးသို့ ချက်ချင်း တယ်လီပို့လုပ်ကာ နောက်တစ်ကြိမ် ထပ်မံကန်လိုက်ပြန်သည်။

သုံးကြိမ်ဆက်တိုက် ဘောလုံးကန်သကဲ့သို့ အကန်ခံလိုက်ရပြီးနောက် စိတ်ဓာတ်ကျသွားသော ကျောက်လင်းမှာ နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ကျဆင်းသွားတော့သည်။ သူမ ပြန်ထလာသည့်အခါ ပြုံးနေသော လုချွမ်းကို မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ကြည့်နေမိသည်။

လုချွမ်းက ဇွန်ဘီဘုရင်တစ်ဦးသာဖြစ်ပြီး ကိုယ်တိုင်တိုက်ခိုက်ရာတွင် မသန်မာဘူးဟု သူမ သိထားသော်လည်း ယခုမူ...

"ဟားဟား... ကျောက်လင်း ငါ့ကို အနိုင်ကျင့်လို့ လွယ်တုန်းပဲလို့ ထင်နေသေးလား"

လုချွမ်းက စနောက်လိုက်သည်။

ထိုစကားကြောင့် ကျောက်လင်း၏မျက်နှာမှာ နီမြန်းသွားပြီး အရှက်သည်းစွာဖြင့် ခေါင်းငုံ့ထားလိုက်ရတော့သည်။

...

နာရီဝက်ခန့်အကြာတွင် လုချွမ်းနှင့် ကျိရုရွှယ်တို့သည် စိတ်ဓာတ်ကျနေသော ကျောက်လင်းကိုခေါ်ကာ ခရီးဆက်ခဲ့ကြသည်။

"သွားကြစို့ ပင်လယ်ပြည်နယ်က ရှေ့မှာတင် ရှိတယ်"

လုချွမ်း၏အမိန့်အောက်တွင် ဇွန်ဘီဒီရေလှိုင်းစစ်တပ်ကြီးသည် ပြည်နယ်နှစ်ခု၏ နယ်စပ်ကိုဖြတ်ကျော်ကာ ပင်လယ်ပြည်နယ်အတွင်းသို့ ဝင်ရောက်ခဲ့သည်။ သို့သော် ကံမကောင်းစွာဖြင့် သူတို့ သိပ်မဝေးသေးခင်မှာပင် ဇွန်ဘီစစ်တပ်ကြီးမှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

"မြွေလူသားတွေလား"

အခန်း။ ၅၁၈

ရှေ့ဘက်ရှိ လမ်းဘေးချိုင့်ဝှမ်းနက်ကြီးထဲမှ မည်သူမျှ သတိမထားမိခင်မှာပင် မျိုးနွယ်သစ်တစ်ခုမှာ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် မြွေလူသားများသည် တောင်ကြားချိုင့်ဝှမ်းထဲမှ တစ်ကောင်ပြီးတစ်ကောင် အလျှိုလျှို ထွက်ပေါ်လာကြပြီးအတန်းလိုက်နေရာယူကာ ရှေ့မှဧရာမ ဇွန်ဘီဒီရေလှိုင်းကြီးကို စိုက်ကြည့်နေကြတော့သည်။

သူတို့၏ ပုံသဏ္ဍာန်မှာ လူခန္ဓာကိုယ်နှင့် တူညီသော်လည်း အနက်ရောင်သန်းသော အစိမ်းရင့်ရောင် မြွေကြီးများအလား ဖြစ်နေပြီး အနည်းဆုံး ၁၀ ပေခန့် အမြင့်ရှိကြသည်။ တစ်ကိုယ်လုံးကို လက်ဝါးခန့်ရှိသော အစိမ်းရင့်ရောင် မြွေအကြေးခွံများဖြင့် စိပ်စိပ်ကလေး ဖုံးလွှမ်းထားပြီး ထိုအကြေးခွံများမှာ ခန္ဓာကိုယ်နှင့် တင်းတင်းကျပ်ကျပ် ကပ်နေကြသည်။

မြွေဦးခေါင်းများပေါ်တွင်မူ မြွေမျက်သူငယ်အိမ်များကဲ့သို့ ရှည်လျားသော မျက်လုံးတစ်စုံ ရှိနေပြီး ထိုမျက်လုံးများထဲမှ အကြည့်များမှာ ရေခဲပြင်ပမာ အေးစက်သည်။ ထို့ပြင် သူတို့တွင် လူသားကဲ့သို့သော လက်မောင်းများနှင့်အတူ ရှေ့သို့တွန်းပို့ပေးနိုင်သည့် သန်မာသော မြွေအမြီးကြီးများလည်း ပါရှိကြသည်။

သူတို့၏ အသိုက်အအုံမှာ ဇွန်ဘီစစ်တပ် ဖြတ်သန်းမည့်လမ်းကြောင်းပေါ်တွင် ရှိနေဟန်တူပြီး ထိုနေရာ၌ ပုန်းအောင်းနေသော မြွေလူသားထောင်ပေါင်းများစွာမှာ မတတ်သာဘဲ အပြင်သို့ ထွက်လာကြရခြင်းပင်။

ထိုစဉ်က ကြောက်မက်ဖွယ်ကောင်းသော မြွေလူသားများသည် ဇွန်ဘီဒီရေလှိုင်းကြီး၏ အင်အားကို သံသယဖြစ်နေကြပုံရပြီး ၎င်း၏ ကြီးမားလှသော အရွယ်အစားကြောင့်လည်း ထိတ်လန့်နေပုံပင်။

ထို့ကြောင့် မြွေလူသား ထောင်နှင့်ချီ၍ ရောက်ရှိနေသော်လည်း ဧရာမဇွန်ဘီစစ်တပ်ကြီးကို တိုက်ခိုက်ရန် ဝေခွဲမရဖြစ်ကာ တွေဝေနေကြသည်။

လောလောဆယ်တွင် နှစ်ဖက်စလုံးမှာ လမ်းဘေးတစ်လျှောက် ရင်ဆိုင်လျက် အခြေအနေမှာ တင်းမာနေတော့သည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး ကောင်းကင်ယံ၌ မကောင်းသော နိမိတ်များ ဖုံးလွှမ်းနေသကဲ့သို့ ခံစားရသည်။

"ဖေဖေ... ဒါတွေက မြွေလူသားတွေပဲ။ မြွေလူသားမျိုးနွယ်တွေက သွေးအေးပြီး သွေးဆာတတ်တဲ့ မျိုးနွယ်တွေပဲ. သူတို့က မြွေအုပ်စုတွေကိုလည်း ထိန်းချုပ်နိုင်ကြတယ်။ သူတို့က လူသားတွေကို အစားအစာလို့ပဲ မြင်ကြပြီး သူတို့ကလွဲလို့ ကျန်တဲ့ သက်ရှိမှန်သမျှကို အမဲလိုက်ဖို့ပဲ ကြိုးစားကြတာ။ အခု သူတို့ ငြိမ်နေတာက သမီးတို့ရဲ့ အင်အားကို ကြောက်နေလို့ ဖြစ်လိမ့်မယ်"

ကျိရုရွှယ်က ရှေ့မှမြွေလူသားမျိုးနွယ်ကို အကဲခတ်ရင်း ဘေးမှလူနှစ်ဦးအား ရှင်းပြလိုက်သည်။ မြွေလူသားများ၏ အင်အားမှာ မြွေအုပ်စုကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပါက များစွာ အစွမ်းမထက်လှပေ။

သို့သော် တိုက်ပွဲအတွင်း၌ မြွေအုပ်စု၏ အကူအညီပါရှိပါက မြွေလူသားမျိုးနွယ်မှာ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို ထုတ်ဖော်နိုင်ကြသည်။

ထိုစကားကို ကြားသောအခါ လုချွမ်းက ခေါင်းညိတ်လိုက်သည်။ အရင်က မျိုးနွယ်စုအသီးသီးအကြောင်း ပြောပြစဉ်က ချီချီလေးသည် ဤမျိုးနွယ်အကြောင်းကို ထည့်သွင်းပြောပြဖူးသည်။ မြွေလူသားမျိုးနွယ်မှာ ကိုဘိုးလ်များကဲ့သို့ပင် ဂူများအတွင်း နေထိုင်တတ်ကြသည်။

သို့သော် ကိုဘိုးလ်များမှာ သတ္တုတွင်းများတွင် နေထိုင်လေ့ရှိပြီး မြွေလူသားများမှာမူ ရေစီးဆင်းမှုရှိသော စိုစွတ်သည့် ဂူများကို ပိုမိုနှစ်သက်ကြသည်။

"ဂစ်ဘာရှ် "

ထိုအချိန်တွင် ၁၃ ပေခန့် အမြင့်ရှိပြီး အရှေ့ဆုံးတွင် ရပ်နေသော မြွေလူသားတစ်ကောင်မှာ ဇွန်ဘီစစ်တပ်ကို အေးစက်စွာ စိုက်ကြည့်ရင်း ရှေ့သို့ အနည်းငယ် တိုးလာကာ ပါးစပ်မှ အသံမျိုးစုံ ထွက်ပေါ်ရင်း လက်ဟန်ခြေဟန်များဖြင့် အဆက်မပြတ် ပြောဆိုနေတော့သည်။

၎င်းသည် တစ်စုံတစ်ခုကို ပြောပြရန် ကြိုးစားနေပုံပင်။

သို့သော် မြွေလူသားတို့၏ ဘာသာစကားမှာ နားလည်ရန် အလွန်ခက်ခဲလှပြီး လက်ဟန်ခြေဟန်များမှာလည်း ထူးဆန်းသည်။ လုချွမ်းအနေဖြင့် ဦးနှောက်ခြောက်

အောင် စဉ်းစားသော်လည်း သူတို့ ဘာလိုချင်သည်ကို မသိနိုင်ပေ။

သို့သော် ဤမြွေလူသားမှာ မြွေလူသားများထဲတွင် တစ်ကောင်တည်းသော အဆင့် ၇ ရှိသည့် သတ္တဝါဖြစ်သဖြင့် လုချွမ်းက သူ့ကို အနည်းငယ် သတိထားကြည့်လိုက်မိသည်။

"ဖေဖေ... သမီးထင်တာကတော့ ဒီနေရာကနေ ချက်ချင်း ထွက်သွားဖို့နဲ့ ဒီလမ်းကနေ ဖြတ်မသွားဖို့ သူက ပြောနေတာ ထင်တယ်"

ကျိရုရွှယ်က မြွေလူသားကို တစ်ချက်ကြည့်ကာ လုချွမ်းအား ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လုချွမ်းက ဘာမှမပြောဘဲ ခေါင်းကိုသာ ခါယမ်းလိုက်သည်။ သူ့အဓိပ္ပာယ်မှာ ရှင်းလင်းသည်။ တစ်ခြားကမ္ဘာသားဆိုသည်မှာ ရန်သူသာဖြစ်ပြီး တွေ့လျှင် သုတ်သင်ရန်သာ ရှိသည်။ ယခုမူ သူတို့က လမ်းဖယ်ပေးရန် ပြောနေခြင်းက တကယ်ကို ရဲတင်းလွန်းလှသည်။

ဇွန်ဘီစစ်တပ်ကြီးမှာ မလှုပ်မယှက် ရှိနေသည်ကို မြင်လိုက်ရသောအခါ မြွေလူသားများဘက်မှ စတင်၍ သည်းမခံနိုင်တော့ပေ။ ခဏချင်းအတွင်းမှာပင် သူတို့မှာ ဒေါသတကြီး ဖြစ်လာကြပြီး ဇွန်ဘီစစ်တပ်အပေါ် ကြောက်ရွံ့နေမှုများမှာ ပျောက်ကွယ်သွားကာ အသံမျိုးစုံဖြင့် အော်ဟစ်လိုက်ကြတော့သည်။

ရှူး... ရှူး...

မြွေလူသား ထောင်ပေါင်းများစွာ၏ အော်ဟစ်သံများနောက်တွင်မူ...

ဝုန်း... နားကွဲမတတ် အသံကြီးတစ်ခုနှင့်အတူ တိုက်ပွဲက စတင်လာတော့သည်။

တောင်ကြားချိုင့်ဝှမ်းနောက်ဘက်မှနေ၍ မြွေမျိုးစုံတို့သည် ပင်လယ်ပြင်ကြီးတစ်ခုအလား တဟုန်ထိုး ထွက်ပေါ်လာပြီး ဇွန်ဘီဒီရေလှိုင်းကြီးဆီသို့ ဦးတည်ကာ စီးဝင်လာတော့သည်။

ဤမြွေဒီရေလှိုင်းအတွင်း၌ ဧရာမမြွေကြီးပေါင်း ထောင်သောင်းချီ၍ ပါဝင်ပြီး သူတို့သည် ပါးစပ်များကို အစွမ်းကုန်ဟကာ ဇွန်ဘီစစ်တပ်အတွင်းရှိ ဇွန်ဘီရုပ်သေးများကို ဝါးမြိုရန် ကြိုးစားနေကြသည်။

"ကျောက်လင်း... ဟိုအဆင့် ၇ မြွေလူသားကို မင်းတာဝန်ယူလိုက်။ ကျန်တဲ့ကောင်တွေကိုတော့ ငါနဲ့ ချီချီလေး ကိုင်တွယ်လိုက်မယ်"

လုချွမ်းက ကျောက်လင်းကို တည်ငြိမ်စွာ ကြည့်ရင်း ပြောလိုက်သည်။

"ပြဿနာမရှိဘူး တိုက်ကြစို့"

တိုက်ချင်ခိုက်ချင်စိတ်များ ပြင်းပြနေသော ကျောက်လင်းက ချက်ချင်းပင် တုံ့ပြန်လိုက်ပြီး သူမ၏ တိုက်ခိုက်ရေးဓားကို ဆွဲထုတ်ကာ နောက်ဘက်တွင် ပုန်းအောင်းနေသော အဆင့် ၇ မြွေလူသားထံသို့ တိုက်ရိုက်ပင် ပြေးဝင်သွားတော့သည်။

ဝုန်း

မျက်စိတစ်မှိတ်အတွင်းမှာပင် တောက်ပသော အပြာရောင်ဓားအရှိန်အဝါတစ်ခုသည် အဆင့် ၇ မြွေလူသားထံသို့ ဖြတ်သန်းသွားသည်။

"ဟိန်း... "

ကျောက်လင်း ပြေးဝင်လာသည်ကို မြင်လိုက်ရသောအခါ အဆင့် ၇ မြွေလူသားသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ဝိညာဉ်အလင်းတန်းများ ဖုံးလွှမ်းနေသော သူ၏ညာဘက်ခြေထောက်ဖြင့် မြေပြင်ကို အားပါပါ နင်းချလိုက်သည်။

"ဟိန်း... "

ချက်ချင်းဆိုသလိုပင် ကိုးထပ်တိုက်ခန့် မြင့်မားလှသော ရွှံ့နဂါးကြီးတစ်ကောင်သည် မြေပြင်မှ ခေါင်းထောင်လာပြီး ချဉ်းကပ်လာသော ဓားအရှိန်အဝါကို ဒေါသတကြီး ဟိန်းဟောက်လိုက်ကာ ၎င်း၏ ဧရာမရွှံ့မြီးကြီးကို မြှောက်၍ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

ဝုန်း….

ကြီးမားလှသော ရွှံ့မြီးကြီးသည် တောက်ပသော အပြာရောင်ဓားအရှိန်အဝါနှင့် ထိပ်တိုက်တိုးမိကာ ချက်ချင်းပင် အစိပ်စိပ်အမွှာမွှာ ကွဲအက်သွားပြီး ပေါက်ကွဲသံကြီးမှာ ဟိန်းထွက်သွားခဲ့သည်။

ထို့နောက် တိုက်ပွဲမှ ထွက်ပေါ်လာသော နောက်ဆက်တွဲ ရိုက်ခတ်မှုကြောင့် ကျောက်လင်းနှင့် ဧရာမရွှံ့နဂါးကြီးနှစ်ဦးစလုံးမှာ နောက်သို့ အဆက်မပြတ် ဆုတ်ခွာသွားကြရသည်။

"တိုက်ကြစမ်း"

ကျောက်လင်းက ပြတ်သားစွာ အော်ဟစ်လိုက်ပြီး တိုက်ပွဲအတွင်းသို့ ပြန်လည်တိုးဝင်သွားပြန်ရာ ပြင်းထန်သော တိုက်ခိုက်သံများမှာ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေတော့သည်။

မြွေအုပ်စုကြီးနှင့် မြွေလူသားများ အလုံးအရင်းဖြင့် တက်လာသည်ကို မြင်သောအခါ လုချွမ်းနှင့် ကျိရုရွှယ်တို့သည်လည်း ဒီအတိုင်းကြည့်မနေတော့ဘဲ တစ်ဦးပြီးတစ်ဦး တိုက်ပွဲအတွင်းသို့ ပါဝင်ဆင်နွှဲလိုက်ကြသည်။

ကျိရုရွှယ်၏ မျက်နှာထားမှာ တည်ကြည်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော စိတ်တန်ခိုးမြစ်မှာ ချက်ချင်းပင် ဟုန်းကနဲ ထွက်ပေါ်လာသည်။ ထိုမြစ်အတွင်းမှ စိတ်တန်ခိုးအပ်များမှာ ငါးအုပ်ကြီးများအလား စုပြုံ၍ ထွက်ပေါ်လာပြီး လျင်မြန်စွာ လှည့်ပတ်နေကြသည်။

ရှူး... ရှူး... ရှူး...

စိတ်တန်ခိုးအပ်များသည် မိုးပေါက်များအလား မြွေဒီရေလှိုင်းနှင့် မြွေလူသားထောင်ပေါင်းများစွာထံသို့ ဧရာမပိုက်ကွန်ကြီးတစ်ခုပမာ ကျရောက်သွားတော့သည်။ ထိုအပ်စိုက်ခင်းကြီးမှာ ကောင်းကင်ယံကို ဖြတ်သန်းသွားခဲ့သည်။

နောက်တစ်ခဏတွင် ရှေ့သို့ တိုးဝင်လာသော ဧရာမမြွေကြီးများ၏ အရှိန်မှာ ရုတ်တရက် ရပ်တန့်သွားသည်။ စိတ်တန်ခိုးအပ်များ၏ အထိုးခံလိုက်ရသည်နှင့် သူတို့၏ ခန္ဓာကိုယ်များမှာ တွန့်လိမ်သွားပြီး သွေးများ တရဟော စီးကျလာသည့် အပေါက်ငယ်ပေါင်းများစွာ ဖြစ်ပေါ်သွားခဲ့သည်။

တစ်ချက်တည်းသော တိုက်ခိုက်မှုဖြင့်ပင် ဧရာမမြွေကြီးများစွာ သေဆုံးသွားခဲ့ရပြီး ဟုန်စီးနေသော မြွေဒီရေလှိုင်းကြီးမှာလည်း တန့်သွားခဲ့သည်။ အမြောက်အမြား သေဆုံးသွားမှုကြောင့် အသက်ရှင်ကျန်ရစ်သော မြွေကြီးများမှာလည်း ထိတ်လန့်သွားကြပြီး ရှေ့သို့ ဆက်မတိုးရဲကြတော့ပေ။

တစ်ချိန်တည်းမှာပင် မြွေအုပ်စုနောက်မှ မြွေလူသားများသည်လည်း ခန္ဓာကိုယ်များ အထိုးဖောက်ခံလိုက်ရသဖြင့် နာကျင်စွာ အော်ဟစ်ရင်း အင်အားမဲ့စွာ လဲကျကုန်ကြသည်။ ကျိရုရွှယ်၏ အဆုံးမရှိသော စိတ်တန်ခိုးအပ်များကြောင့် မြွေလူသားများဘက်မှ အသေအပျောက် အလွန်များပြားလာခဲ့သည်။

ဝုန်း... ဝုန်း...

လုချွမ်း၏ အမိန့်အောက်တွင် ဇွန်ဘီဒီရေလှိုင်းစစ်တပ်ကြီးမှာ မြွေအုပ်စုနှင့် မြွေလူသားများထံသို့ တဟုန်ထိုး စီးဝင်သွားပြီး သူတို့ကို လုံးဝဥဿုံ လွှမ်းမိုးပစ်လိုက်တော့သည်။

တိုက်ပွဲမြေပြင်တွင် မြွေကြီးတစ်ကောင်က ဇွန်ဘီတစ်ကောင်ကို ဝါးမြိုလိုက်တိုင်း ဇွန်ဘီရုပ်သေး ရာနှင့်ချီ၊ ထောင်နှင့်ချီ၍ ထိုမြွေကြီးထံသို့ ဝိုင်းအုံလာပြီး ၎င်းကို အစိပ်စိပ်အမွှာမွှာ ဆွဲဖြဲပစ်လိုက်ကြသည်။

အရင်က မြွေအုပ်စုသည် အရေအတွက်အသာစီးဖြင့် အနိုင်ယူလေ့ရှိသော်လည်း ယခု ဇွန်ဘီဒီရေလှိုင်းစစ်တပ်နှင့် ရင်ဆိုင်ရသောအခါ သူတို့၏ အားသာချက်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ တိုက်ပွဲမှာ တစ်ဖက်သတ် အခြေအနေသို့ ရောက်ရှိသွားတော့သည်။

"ဟားဟား... အားနည်းလိုက်တာ"

တိုက်ပွဲအလယ်တွင် ကျောက်လင်းမှာ တိုက်ပွဲအခြေအနေကို ကြည့်ကာ စိတ်အားတက်ကြွနေပြီး နောက်ထပ် တိုက်ခိုက်မှုတစ်ခုကို ထပ်မံပြုလုပ်လိုက်သည်။

တစ်ခြားကမ္ဘာသားမျိုးနွယ်နှင့် တိုက်ခိုက်ရာတွင် ယခုကဲ့သို့ အသာစီးရခြင်းမျိုးမှာ သူမအတွက် ပထမဆုံးပင်။

လုချွမ်းနှင့် သူ၏လူများမှာ တကယ်ကို အံ့ဩလောက်အောင် အစွမ်းထက်လှသည်။ လုချွမ်းနှင့် မဟာမိတ်ဖွဲ့ခြင်းမှာ အမှန်တကယ်ပင် မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ပြီး ဤသည်မှာ တစ်ခြားကမ္ဘာသားမျိုးနွယ်များကို အမြစ်ပြတ်ချေမှုန်းနိုင်မည့် မျှော်လင့်ချက်ပင်။

All Chapters