← Chapters

အခန်း (၅၁၉-၅၂၀)

Vol. 52 Ch. 519-520

အခန်း (၅၁၉-၅၂၀)

Vol. 52 Ch. 519-520

အခန်း။ ၅၁၉

ပင်လယ်ပြည်နယ် ကျန်းယွဲမြို့ပြဒေသ။

ဤမြို့သည် ဇွန်ဘီဒီရေလှိုင်းစစ်တပ်ကြီး ပင်လယ်ပြည်နယ်အတွင်းသို့ ဝင်ရောက်ပြီးနောက် ပထမဆုံး ဖြတ်သန်းရသည့် မြို့ဖြစ်သည်။ မြွေလူသားမျိုးနွယ်စုကို အမြစ်ပြတ်ချေမှုန်းပြီးနောက် လုချွမ်းနှင့် အဖွဲ့သားများသည် ခေတ္တအနားယူရန် ဤနေရာသို့ ရောက်ရှိလာခဲ့ကြသည်။

ယခုအချိန်တွင် ကျန်းယွဲမြို့ပြဒေသမှာ အလွန်ပင် တိတ်ဆိတ်ငြိမ်သက်နေသည်။ မြို့အတွင်း လှည့်လည်သွားလာနေသော ဇွန်ဘီများကိုမူ လုချွမ်း ရောက်လာသည်နှင့် တစ်ပြိုင်နက် ဇွန်ဘီဒီရေလှိုင်းစစ်တပ်ထဲသို့ သိမ်းသွင်းလိုက်ပြီဖြစ်သည်။

မြို့၏ အရှေ့ဘက်ခြမ်းရှိ ဗီလာအိမ်ရာဝင်းတစ်ခုအတွင်း၌ ခြံဝင်းထဲတွင် မီးပုံကြီးတစ်ခုမှာ တောက်ပစွာ လောင်ကျွမ်းနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လင်းထိန်စေသည်။ မလှမ်းမကမ်းတွင် လုချွမ်းသည် အကင်စင်ရှေ့၌ အလုပ်ရှုပ်နေပြီး နဂါးသားကင်များကို အဆက်မပြတ် လှန်ပေးနေသည်။ ဆီကျသံ တစီစီနှင့်အတူ မွှေးကြိုင်လှသော ရနံ့များမှာ ညချမ်းအချိန်၌ ပျံ့နှံ့နေတော့သည်။

အခြားတစ်ဖက်တွင်မူ ကျိရုရွှယ်နှင့် ကျောက်လင်းတို့သည် ထမင်းစားပွဲတွင် ထိုင်ကာ တစ်ဦးကိုတစ်ဦး တိုးတိုးတိတ်တိတ် ပြောဆိုနေကြပြီး ရံဖန်ရံခါတွင် ရယ်သံများလည်း လွင့်ပျံ့လာတတ်သည်။

လုချွမ်းက နောက်သို့တစ်ချက်လှည့်ကြည့်ကာ မတတ်သာသည့်အလား ခေါင်းခါယမ်းလိုက်ပြီး တောက်လောင်နေသော အကင်စင်ဆီသို့သာ အာရုံပြန်စိုက်လိုက်တော့သည်။

"ချီချီလေး... တကယ်ပဲ နင်တို့က ဧရာမနဂါး လေးကောင်လုံးကို တစ်ပြိုင်တည်း သတ်ပစ်ခဲ့တာလား"

ကျောက်လင်းက အံ့အားသင့်စွာဖြင့် ကျိရုရွှယ်ကို မေးလိုက်သည်။

လုချွမ်းတို့အဖွဲ့သည် ဧရာမနဂါး လေးကောင်နှင့် တစ်ပြိုင်တည်း ထိပ်တိုက်တွေ့လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။ သို့သော် ထိုနဂါးလေးကောင်မှာလည်း ကံအလွန်ဆိုးသည်ဟု ဆိုရမည်။

ပုံမှန်ဆိုလျှင် ဧရာမနဂါး လေးကောင် ပေါင်းမိပါက မည်သူမျှ မယှဉ်နိုင်ဘဲ လောကကြီးကို စိုးမိုးထားနိုင်မည်ပင်။ သို့သော် သူတို့မှာ လုချွမ်းနှင့် ကျိရုရွှယ်တို့ သားအဖနှင့် လာတိုးခဲ့သဖြင့် ငရဲမင်းထံသို့ စုပေါင်း၍ သွားရောက်ခဲ့ကြရပြီဖြစ်သည်။

"ဟုတ်တယ် ဖေဖေက သူတို့ကို အကုန်သတ်ပစ်တာ။ သမီးက ဘေးကနေ ကူညီပေးရုံပဲ။ မဟုတ်ရင် သမီးတို့မှာ ဒီလောက်စားလို့ကောင်းတဲ့ နဂါးသားတွေ ဘယ်ကရမှာလဲ"

ကျိရုရွှယ်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းညိတ်ပြသည်။

"အား... အဲဒီတုန်းက အန်တီဆိုရင် နဂါးတစ်ကောင်ကြောင့် တော်တော်လေး ဒုက္ခရောက်ခဲ့ရတာ။ တစ်ခါတောင် သေခဲ့ရသေးတယ်"

ထိုစကားကို ကြားသောအခါ ကျောက်လင်းသည် ယခင်က နဂါးနှင့် ရင်ဆိုင်ခဲ့ရပုံကို ပြန်လည်အမှတ်ရသွားပြီး သက်ပြင်းချကာ ခေါင်းခါယမ်းလိုက်သည်။

အကယ်၍ ထိုစဉ်က သူမတွင် အဆင့် ၇ သို့ တက်လှမ်းစေနိုင်သော ပြန်လည်ရှင်သန်ခြင်းစွမ်းရည်သာ မရှိပါက သူမ၏ ကံကြမ္မာမှာ ယခုထက် ပိုမိုဆိုးရွားသွားနိုင်ပြီး ဒုတိယအကြိမ်မြောက် သေဆုံးသွားနိုင်သည်။

ထိုစကားကို ကြားသောအခါ ကျိရုရွှယ်သည် တစ်စုံတစ်ခုကို ဆုံးဖြတ်လိုက်ပြီး ကျောက်လင်းအား ပြောလိုက်သည်။

"အန်တီကျောက်လင်း... သမီး အန်တီကို လျှို့ဝှက်ကျင့်စဉ်အချို့ သင်ပေးမယ်"

ကျောက်လင်းမှာ သေဆုံးပြီးတိုင်း အင်အားများ အဆမတန် တိုးတက်လာတတ်သူ ဖြစ်သည်။ ထို့ကြောင့် ကျိရုရွှယ်သည် သူမအတွက် အသက်စွန့်ရမည့် လျှို့ဝှက်တားမြစ်ကျင့်စဉ်အချို့ကို သင်ကြားပေးရန် ဆုံးဖြတ်လိုက်ခြင်းပင်။

၎င်းတို့မှာ သွေးကြောကိုးသွယ် ပေါက်ကွဲခြင်း ကိုယ်ခံကျင့်စဉ်၊ သွေးညှိုးနွမ်းမှု ပြောင်းလဲခြင်းကျင့်စဉ်နှင့် အသားနှင့် သွေးများ ပြိုကွဲခြင်းကျင့်စဉ်တို့ ဖြစ်ကြသည်။

ဤကျင့်စဉ်သုံးမျိုးမှာ ကျိရုရွှယ်ကိုယ်တိုင် ရွေးချယ်ထားသော တားမြစ်ကျင့်စဉ်များ ဖြစ်သည်။ ၎င်းတို့ကို အသုံးပြုလိုက်ပါက ခေတ္တခဏအတွင်း အလွန်အမင်း အင်အားကြီးမားလာမည်ပင်။

သို့သော် ထိုကျင့်စဉ်များကို တားမြစ်ကျင့်စဉ်ဟု ခေါ်ရခြင်းမှာ အကြောင်းရှိသည်။ ကျင့်စဉ်အာနိသင် ကုန်ဆုံးသွားသည်နှင့် အသုံးပြုသူမှာ သေရေးရှင်ရေး အခြေအနေနှင့် ရင်ဆိုင်ရတတ်သောကြောင့်ပင်။

ဥပမာအားဖြင့် သွေးကြောကိုးသွယ် ပေါက်ကွဲခြင်းကျင့်စဉ်ကို အသုံးပြုပြီးပါက ခန္ဓာကိုယ်

တွင်းရှိ အဓိက သွေးကြောမကြီး ကိုးသွယ်လုံး တိုက်ရိုက် ပေါက်ကွဲသွားပေလိမ့်မည်။ သွေးညှိုးနွမ်းမှု ပြောင်းလဲခြင်းကျင့်စဉ်မှာမူ အသုံးပြုသူ၏ အသားနှင့် သွေးများကို လျင်မြန်စွာ ခြောက်ကပ်ညှိုးနွမ်းသွားစေသဖြင့် အသက်ရှင်ရန် အလွန်ခက်ခဲပေလိမ့်မည်။

အသားနှင့် သွေးများ ပြိုကွဲခြင်းကျင့်စဉ်ကမူ အမည်အတိုင်းပင် အသုံးပြုပြီးပါက ခန္ဓာကိုယ်မှ အသားများမှာ လျင်မြန်စွာ ပျော်ကျပျက်စီးသွားပြီး နောက်ဆုံးတွင် အရိုးစုသာ ကျန်ရစ်တော့မည်ပင်။

ဤကျင့်စဉ်သုံးမျိုးမှာ ကျင့်ကြံရန် မသင့်တော်ဟု ထင်ရသော်လည်း ပြန်လည်ရှင်သန်ခြင်းစွမ်းရည် ရှိသော ကျောက်လင်းအတွက်မူ အလွန်ပင် သင့်လျော်သည်ဟု ကျိရုရွှယ်က ခံစားမိနေခြင်းပင်။

"လျှို့ဝှက်ကျင့်စဉ် ဟုတ်လား ဘယ်လိုကျင့်စဉ်တွေလဲ"

ကျောက်လင်းသည် စိတ်ဝင်တစားဖြင့် မျက်ဝန်းများ ဝင်းလက်သွားသည်။ သူမသည် အသားကင်နေသော လုချွမ်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ကျိရုရွှယ်ဘက်သို့ လှည့်ကာ တိုးတိုးလေး မေးလိုက်တော့သည်။

ယခင်က ချီချီလေး သင်ကြားပေးခဲ့သော ကျင့်စဉ်များနှင့် ကိုယ်ခံပညာရပ်များမှာ သူမအတွက် များစွာအကျိုးကျေးဇူး ရှိခဲ့ဖူးသည်။ ယခု သင်ကြားပေးမည့် လျှို့ဝှက်ကျင့်စဉ်များမှာလည်း သေချာပေါက် ထူးခြားဆန်းပြားပေလိမ့်မည်။

"အင်း... အဲဒါတွေကို သွေးကြောကိုးသွယ် ပေါက်ကွဲခြင်းကျင့်စဉ်လို့ ခေါ်တယ်။ ဒီတားမြစ်ကျင့်စဉ် သုံးမျိုးလုံးကို အသက်ကယ်ကျင့်စဉ်တွေလို့ သတ်မှတ်လို့ရတယ်။ အရေးကြုံလာရင် ကိုယ့်ရဲ့အင်အားကို ခေတ္တခဏအတွင်း အဆမတန် မြှင့်တင်ပေးနိုင်ပေမဲ့ အသက်

အန္တရာယ်ရှိတဲ့အထိ ပေးဆပ်ရတတ်တယ်။ အန်တီကျောက်လင်း... သင်ချင်လား"

ကျိရုရွှယ်က ခေါင်းညိတ်ရင်း ကျောက်လင်းအား ရှင်းပြလိုက်သည်။

"သင်ချင်တာပေါ့ ချီချီလေး... မြန်မြန်သင်ပေးပါ"

ဤကျင့်စဉ်များကို အသုံးပြုရန် ပေးဆပ်ရမည့် အကျိုးဆက်များကို ကြားလိုက်ရသောအခါ ကျောက်လင်းမှာ စိုးရိမ်ရမည့်အစား ဝမ်းသာသွားခဲ့သည်။ သူမတွင် ပြန်လည်ရှင်သန်ခြင်းစွမ်းရည်ရှိနေသဖြင့် ဤကျင့်စဉ်များမှာ သူမအတွက် သီးသန့်ဖန်တီးထားသကဲ့သို့ပင် ခံစားလိုက်ရသောကြောင့်ပင်။

"ကောင်းပါပြီ မကြာခင် ရှေးဟောင်းအပျက်အစီးတွေကို သွားကြတော့မှာဆိုတော့ အန္တရာယ်ရှိနိုင်တယ်။ အန်တီဒါတွေကို လိုအပ်လာနိုင်တယ်။ အခုပဲ သင်ပေးမယ်နော်"

ကျိရုရွှယ်က ခေါင်းညိတ်လိုက်ပြီး ကျောက်လင်းအား လျှို့ဝှက်ကျင့်စဉ် သုံးမျိုးကို စတင်လက်ဆင့်ကမ်းပေးတော့သည်။ သူမသည် ကျောက်လင်းအနေဖြင့် ပထမဆုံးအကြိမ်မှာတင် အောင်မြင်စွာ အသုံးပြုနိုင်စေရန် ကျင့်စဉ်၏ လျှို့ဝှက်ချက်များကို အသေးစိတ် ရှင်းလင်းသင်ကြားပေးခဲ့သည်။

အကင်စင်ရှေ့ရှိ လုချွမ်းမှာမူ နဂါးသားကင်အားလုံးကို ကင်ပြီးသွားပြီဖြစ်ရာ အနားသို့ ယူဆောင်လာရန် ပြင်လိုက်သော်လည်း သူတို့နှစ်ဦးမှာ အလေးအနက် သင်ကြားနေကြသည်ကို မြင်လိုက်ရသဖြင့် ဝင်မနှောင့်ယှက်တော့ပေ။

...

နောက်တစ်နေ့တွင်...

ဇွန်ဘီဒီရေလှိုင်းစစ်တပ်ကြီးမှာ ခရီးဆက်ခဲ့ရာ လမ်းတစ်လျှောက်ရှိ တစ်ခြားကမ္ဘာသား သတ္တဝါအမြောက်အမြားကို သုတ်သင်ခဲ့သဖြင့် တောရိုင်းမြေပြင်တွင် သူတို့၏ အရိပ်အယောင်များပင် မကျန်တော့ပေ။

ထိုအတောအတွင်း မြို့ပြဒေသ သုံးခုကို ဖြတ်သန်းခဲ့ရာ တောင်ပံပါသောမျိုးနွယ်၊ ဝံပုလွေလူသားမျိုးနွယ်နှင့် မျက်လုံးပြာဝံပုလွေမျိုးနွယ်တို့ကို တွေ့ရှိခဲ့ရသဖြင့် လုချွမ်းက ထိုမြို့များကို သိမ်းပိုက်ထားသော တစ်ခြားကမ္ဘာသားအားလုံးကို ချေမှုန်းပစ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် လုချွမ်း၏ စစ်တပ်မှာ လမ်းတစ်လျှောက်ရှိ လေလွင့်ဇွန်ဘီများကိုပါ စုဆောင်းခဲ့ရာ ယခုအခါ ဇွန်ဘီရုပ်သေး အရေအတွက်မှာ တစ်သန်းခွဲအထိ ရှိလာခဲ့ပြီ ဖြစ်သည်။

ဝုန်း... ဝုန်း...

အတိုင်းအဆမရှိ ကျယ်ပြောလှသော ဇွန်ဘီဒီရေလှိုင်းစစ်တပ်ကြီးမှာ အဝေးမှကြည့်လျှင် ပင်လယ်နက်ကြီး တစ်စင်းပမာ တဟုန်ထိုး ချီတက်လာနေသည်။

"ဟိုကောင်တွေက ကိုဘိုးလ်တွေလား"

ရုတ်တရက် လုချွမ်းသည် သူ၏ ပျံသန်းရေးတပ်ဖွဲ့၏ အမြင်မှတစ်ဆင့် ရှေ့ဘက်အခြေအနေကို လှမ်းကြည့်လိုက်ရာ သူ၏ မျက်နှာထား ပြောင်းလဲသွားခဲ့သည်။ သူ၏ရှေ့တွင် အလွန်မမြင့်သော်လည်း ကျယ်ပြန့်သော တောင်ကုန်းတစ်ခု ရှိနေပြီး ၎င်းပေါ်တွင် ပျားအုံကြီးတစ်ခုအလား ဂူပေါက်ပေါင်းများစွာ စိပ်စိပ်ကလေး ပေါ်နေသည်။

ဂူဝများတွင်လည်း ကိုဘိုးလ် ခွေးလူသား အမြောက်အမြား ဝင်ထွက်သွားလာနေကြသည်။ လုချွမ်း ကြည့်နေစဉ်မှာပင် ဂူများထဲမှ ကိုဘိုးလ် တစ်ထောင်ထက်မနည်း အပြင်သို့ ထွက်ပေါ်လာကြသည်။

"ဒီလောက် ခဏလေးအတွင်းမှာတင် ကိုဘိုးလ်တွေ အများကြီး ထွက်လာတာဆိုတော့ ဒီတောင်ကုန်းထဲမှာ သူတို့ ဘယ်လောက်တောင် ရှိနေမှာလဲ အနည်းဆုံး သောင်းနဲ့ချီပြီး ရှိနေမှာပဲ" လုချွမ်း အတော်လေး အံ့ဩသွားသည်။

ဒါသည် သူ ဤတစ်ခြားကမ္ဘာသား မျိုးနွယ်နှင့် ဒုတိယအကြိမ်မြောက် ဆုံတွေ့ခြင်းပင်။ ယခင်က လီမြစ်မြို့ရှိ အာကာသ အက်ကြောင်းမှ ကိုဘိုးလ် အနည်းငယ်စီသာ ထွက်လာနိုင်ခဲ့ခြင်းပင်။ ယခု ဤမျှများပြားသော အရေအတွက်ကို တွေ့ရခြင်းမှာ ဤနေရာရှိ အာကာသအက်ကြောင်းသည် ခွေးလူသားဘုရင်နိုင်ငံတစ်ခုခုနှင့် ဆက်သွယ်နေ၍များလားဟု တွေးမိလိုက်သည်။

"ဖေဖေ... ဘာဖြစ်လို့လဲ"

ကျိရုရွှယ်နှင့် ကျောက်လင်းတို့သည် လုချွမ်း၏ ထူးခြားသော အမူအရာကို သတိထားမိသဖြင့် စူးစမ်းမေးမြန်းလိုက်ကြသည်။

"ငါနဲ့ လိုက်ခဲ့ကြ"

လုချွမ်းက ဘာမှရှင်းမပြဘဲ သူတို့ကို ဇွန်ဘီစစ်တပ်၏ အရှေ့ဆုံးသို့ ခေါ်ဆောင်သွားသည်။

"ကိုဘိုးလ်တွေ အများကြီးပါလား"

ရှေ့ဘက်ကို လှမ်းကြည့်ရင်း ကျိရုရွှယ်နှင့် ကျောက်လင်းတို့မှာ တစ်ပြိုင်နက်တည်း အာမေဍိတ်သံ ထွက်ပေါ်လာသည်။

တောင်ကုန်းများရှေ့တွင် ချဉ်းကပ်လာသော ဇွန်ဘီစစ်တပ်ကို အာရုံခံမိပုံရသော ကိုဘိုးလ် အမြောက်အမြားမှာ ဂူများထဲမှ တိုးဝှေ့ထွက်လာကြသည်။ ခဏချင်းအတွင်းမှာပင် တောင်ကုန်းတစ်ခုလုံးမှာ ကိုဘိုးလ် သောင်းနှင့်ချီ၍ ပြည့်နှက်သွားတော့သည်။

"ဝုတ်... "

ဝုတ်…ဝုတ်….

အဆင့် ၇ ရှိသော ကိုဘိုးလ်ခေါင်းဆောင်၏ ဟိန်းဟောက်သံအောက်တွင် ကိုဘိုးလ်စစ်တပ်ကြီးမှာ ဇွန်ဘီဒီရေလှိုင်းကြီးဆီသို့ တဟုန်ထိုး ပြေးဝင်လာတော့သည်။

"ဟင်း... "

လုချွမ်းက နှာခေါင်းရှုံ့ကာ လှောင်ပြုံးပြလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ တစ်သန်းခွဲရှိသော ဇွန်ဘီရုပ်သေးများသည် ရှေ့သို့ တိုးဝင်သွားပြီး ကိုဘိုးလ်စစ်တပ်နှင့် တိုက်ရိုက် ထိပ်တိုက်တိုးကြတော့သည်။

ကိုဘိုးလ်စစ်တပ်မှာ အရှိန်ပြင်းထန်သော်လည်း ကြောက်ရွံ့ခြင်းမရှိဘဲ မဆုတ်မနစ် တိုက်ခိုက်နေသော ဇွန်ဘီရုပ်သေးများ၏ ရှေ့တွင် ချက်ချင်းပင် အရှိန်တန့်သွားခဲ့ရသည်။

ကိုးပေခန့် မြင့်မားလှသော အဆင့် ၇ ကိုဘိုးလ်ခေါင်းဆောင်ကြီးမှာမူ ကျိရုရွှယ်နှင့် ကျောက်လင်းတို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် သွေးအိုင်ထဲ၌ လဲကျကာ နာကျင်စွာ ဟိန်းဟောက်ရင်း သေဆုံးသွားခဲ့ရသည်။

ကိုဘိုးလ်စစ်တပ်မှာ လုချွမ်း ဤခရီးစဉ်အတွင်း တွေ့ဖူးသမျှ အင်အားအကြီးဆုံး တစ်ခြားကမ္ဘာသား တပ်ဖွဲ့ဖြစ်သော်လည်း ဇွန်ဘီဒီရေလှိုင်းစစ်တပ်၏ ရှေ့တွင်မူ မည်သို့မျှ မယှဉ်နိုင်ခဲ့ပေ။ ၁၅ မိနစ်ခန့်အကြာတွင် ကိုဘိုးလ်စစ်တပ်မှာ အမြစ်ပြတ် သုတ်သင်ခံလိုက်ရပြီး မြေပြင်ပေါ်တွင် သူတို့၏ အလောင်းများ တောင်ပုံရာပုံသာ ကျန်ရစ်ခဲ့တော့သည်။

အခန်း။ ၅၂၀

ကိုဘိုးလ်များကို တစ်ကောင်မကျန် အမြစ်ပြတ်ချေမှုန်းနိုင်ရန်အတွက် လုချွမ်းသည် ဇွန်ဘီရုပ်သေး နောက်ထပ်တစ်သုတ်ကို ချက်ချင်းစေလွှတ်ကာ ကိုဘိုးလ်များ တူးဖော်ထားသည့် မိုင်းတွင်းများထဲအထိ လိုက်လံရှင်းလင်းစေခဲ့သည်။

နာကျင်စွာ အော်ဟစ်သံများ ခဏတာ ထွက်ပေါ်လာပြီးနောက်တွင်မူ ကိုဘိုးလ်များအားလုံး သုတ်သင်ခံလိုက်ရသည်။

အဆင့် ၇ ကိုဘိုးလ်ခေါင်းဆောင်ကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့သော ကျောက်လင်းသည် ပြန်လည်ရောက်ရှိလာပြီး မြေပြင်ပေါ်ရှိ ကိုဘိုးလ်အလောင်းများကို ကြည့်ကာ လုချွမ်းတို့ သားအဖဘက်သို့ လှည့်၍ ကျေနပ်စွာ ပြောလိုက်သည်။

"လုချွမ်း... ရှင့်နဲ့အတူ တိုက်ရတာက ကျုပ်ရဲ့ လက်အောက်ငယ်သားတွေကို ဦးဆောင်ပြီး တစ်ခြားကမ္ဘာသားတွေကို လိုက်လံနှိမ်နင်းရတာထက် အများကြီး ပိုလွယ်တာပဲ"

တစ်ခြားကမ္ဘာသားများကို ဤကဲ့သို့ အသာစီးဖြင့် ရင်ဆိုင်ရခြင်းမှ ရရှိသော ကျေနပ်မှုမှာ ကျောက်လင်းအတွက် အံ့ဩစရာပင်။

အရင်က ချောင်ယန်အခြေစိုက်စခန်းတွင်မူ သူမသည် တစ်ခြားကမ္ဘာသားများကို တိုက်ခိုက်နေရင်း တစ်ဖက်ကလည်း သူမ၏ လူများကို စိတ်ပူနေခဲ့ရသည်။ ယခုမူ သူမသည် အခြားဘာကိုမှ ဂရုစိုက်နေစရာမလိုဘဲ အားရပါးရသာ တိုက်ခိုက်နေနိုင်တော့သည်။

"မင်း ပင်ပန်းသွားပြီ။ ကျန်တာကို ငါ့နဲ့ထားခဲ့လိုက်။ မင်းနဲ့ ချီချီလေး သွားပြီး အဝတ်အစားလဲကာ အနားယူလိုက်ကြဦး"

ကျောက်လင်း၏ အဝတ်အစားပေါ်ရှိ သွေးစွန်းကွက်များကို မြင်လိုက်ရသဖြင့် လုချွမ်းက အချက်ပြကာ ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါ ကျောက်လင်းသည် သူမကိုယ်

သူမ ပြန်ကြည့်လိုက်ရာ သွေးများမှာ အဝတ်အစားထဲအထိ စိမ့်ဝင်နေသဖြင့် စေးကပ်ကာ နေရထိုင်ရ ခက်နေသည်ကို သတိထားမိလိုက်သည်။ အမှန်တကယ်ပင် အဝတ်အစားလဲရန် လိုအပ်နေပြီ ဖြစ်သည်။

"ချီချီလေး... သွားကြစို့။ ဒီမှာရှိတာတွေကိုတော့ နင့်ဖေဖေကိုပဲ လွှဲထားလိုက်တော့..."

ကျောက်လင်းသည် ကျိရုရွှယ်၏လက်ကိုဆွဲကာ ယာဉ်တန်းရှိရာသို့ ပြန်လာခဲ့ကြသည်။ ကျောက်လင်းသည် သန့်ရှင်းသော အဝတ်အစားများကို ယူကာ ယာဉ်တန်းရှိ ထရပ်ကားတစ်စီးပေါ်သို့ တက်လိုက်ပြီး ကားနောက်ခန်း၏ အကာအကွယ်ဖြင့် အဝတ်အစားများကို အမြန်လဲလှယ်လိုက်တော့သည်။

အဝတ်အစားလဲပြီး ကားရှေ့ခန်းသို့ ပြန်ရောက်လာသောအခါ ကျောက်လင်းသည် ချီချီလေး၏လက်ထဲတွင် ထူးဆန်းသော ဆေးရည်ပုလင်းတစ်လုံးကို ကိုင်ထားသည်ကို တွေ့လိုက်ရသည်။

"ချီချီလေး... ဒါက ဘာလဲ"

ကျောက်လင်းက ကျိရုရွှယ်လက်ထဲမှ ဆေးရည်ကို စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

"အန်တီကျောက်လင်း... ဒါက စွမ်းအင်ဆေးရည်လေ။ သမီးက အန်တီအတွက် သီးသန့်ထုတ်ပေးထားတာ။ ဒါက ဆင့်ကဲပြောင်းလဲသူတွေရဲ့ ကျင့်ကြံမှုအရှိန်ကို မြှင့်တင်ပေးနိုင်သလို အဆင့် ၇ နဲ့ ၈ မှာ ရှိနေတဲ့သူတွေအတွက်တောင် အစွမ်းထက်သေးတယ်။ အန်တီသောက်ကြည့်ပါဦး"

ကျောက်လင်း ကားတံခါးဖွင့်ဝင်လာသည်ကို စောင့်နေသော ကျိရုရွှယ်သည် သူမလက်ထဲမှ ဆေးရည်ပုလင်းကို လှုပ်ပြရင်း ကျောက်လင်းအား အသေးစိတ် ရှင်းပြလိုက်သည်။

သူမတို့တွင် နတ်ဆိုးအနှစ်သာရဆေးလုံးများ ပေါများလှသဖြင့် သူမ၏ကျင့်ကြံမှုအတွက် စွမ်းအင်ဆေးရည်များ လိုလေသေးမရှိ ရှိနေသည်။

ထို့ကြောင့် ကျိရုရွှယ်သည် ဤဆေးရည်ကို အသုံးပြု၍ ကျောက်လင်း၏ အင်အားကို မြှင့်တင်ပေးရန် စဉ်းစားလိုက်ခြင်းပင်။

ကျောက်လင်းအနေဖြင့် အဆင့် ၈ သို့ အမြန်ဆုံး တက်လှမ်းနိုင်ပါက အကောင်းဆုံးပင်။ ကျောက်လင်းသည် သေဆုံးပြီးနောက် တစ်ဟုန်ထိုး အဆင့်တက်သွားနိုင်သည်မှာ မှန်

သော်လည်း ၎င်းသည် အဖိုးတန်လှသော ရှင်သန်ခွင့်တစ်ကြိမ်ကို ဖြုန်းတီးပစ်ရာ ရောက်သဖြင့် မကိုက်ညီဘူးဟု ကျိရုရွှယ်က တွေးမိသည်။

"စွမ်းအင်ဆေးရည် ဟုတ်လား"

ကျိရုရွှယ်၏ ရှင်းပြချက်ကို ကြားလိုက်ရသောအခါ ကျောက်လင်းမှာ ထိတ်လန့်သွားပြီး ဆေးရည်ပုလင်းကို အထပ်ထပ် အခါခါ ကြည့်နေမိသည်။ သို့သော် နောက်တစ်ခဏတွင် ကျောက်လင်းက ခေါင်းခါယမ်းလိုက်သည်။

"ချီချီလေး... ဒီစွမ်းအင်ဆေးရည်က အရမ်းတန်ဖိုးကြီးတာ။ နင်ပဲ သုံးလိုက်ပါ အန်တီက ကိုယ့်ဖာသာ ကျင့်ကြံလို့ ရပါတယ်"

ချီချီလေးက သူမအပေါ် စေတနာထားပြီး တန်ဖိုးကြီးလှသော ဆေးရည်ကို ပေးသည်ကို ကျောက်လင်း စိတ်လှုပ်ရှားသွားသော်လည်း ချီချီလေးကိုယ်တိုင် သုံးစွဲနိုင်သည့်အတွက် သူမက မယူလိုပေ။

ထို့ပြင် ဤကဲ့သို့ အဖိုးတန်သော ဆေးရည်မှာ အရေအတွက် အလွန်နည်းပါးပေလိမ့်မည်။ သူမက ယူလိုက်ပါက ချီချီလေးအတွက် မကျန်တော့မှာကို ကျောက်လင်း စိုးရိမ်နေမိသည်။

"အန်တီကျောက်လင်း... အများကြီး မတွေးပါနဲ့။ ဒီမှာကြည့်... သမီးမှာ စွမ်းအင်ဆေးရည်တွေ အများကြီး ရှိသေးတယ်။ သမီးတစ်ယောက်တည်း သောက်လို့တောင် ကုန်မှာမဟုတ်ဘူး"

ကျောက်လင်း စိတ်ပူနေသည်ကို သိသဖြင့် ကျိရုရွှယ်သည် သူမ၏ ဘေးလွယ်အိတ်ကို အမြန်ဖွင့်ပြလိုက်ရာ အိတ်အတွင်း၌ စီတန်းနေသော စွမ်းအင်ဆေးရည်ပုလင်းများကို တွေ့လိုက်ရသည်။

"အများကြီးပါလား"

စွမ်းအင်ဆေးရည် အရေအတွက်ကို မြင်လိုက်ရသဖြင့် ကျောက်လင်း တအံ့တဩ ဖြစ်သွားရသည်။

"အခုဆိုရင် အန်တီစိတ်ချသွားပြီမလား ကဲ... သောက်လိုက်တော့နော်"

ကျိရုရွှယ်က ရယ်မောရင်း ဆေးရည်ပုလင်းကို ထပ်မံကမ်းပေးလိုက်သည်။

"ဒါဆိုရင်တော့ ကျေးဇူးပါပဲ ချီချီလေး"

ယခုတစ်ကြိမ်တွင်မူ ကျောက်လင်း မငြင်းတော့ဘဲ ဆေးရည်ကို ယူကာ ပါးစပ်ထဲသို့ တိုက်ရိုက် မော့သောက်လိုက်သည်။

နောက်တစ်ခဏတွင် ကျောက်လင်း၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့သည်။

"ဒီစွမ်းအင်ဆေးရည်ရဲ့ အာနိသင်က တကယ်ကို ပြင်းထန်လွန်းတာပဲ"

ခန္ဓာကိုယ်အတွင်း၌ လှိုင်းလုံးကြီးများပမာ ဟုန်စီးနေသော စွမ်းအင်များကို ခံစားမိလိုက်သည်နှင့် ကျောက်လင်းမှာ အချိန်ဆွဲမနေဝံ့တော့ဘဲ ထိုင်ခုံပေါ်၌ပင် တင်ပျဉ်ခွေထိုင်ကာ အလေးအနက် စတင်ဖော်စပ်ရန် ကျင့်ကြံတော့သည်။

"ဟိဟိ... နောက်ဆိုရင် အကန့်အသတ်မရှိတဲ့ စွမ်းအင်ဆေးရည်တွေ ထပ်သောက်ရဦးမှာဆိုတော့ အန်တီအဆင့် ၈ ကို မတက်နိုင်စရာ အကြောင်းမရှိပါဘူး"

ကျောက်လင်း၏ အရှိန်အဝါများ တဖြည်းဖြည်း မြင့်တက်လာသည်ကို ကြည့်ရင်း ကျိရုရွှယ်က ခိုင်မာသော မျက်ဝန်းများဖြင့် တိတ်တဆိတ် တွေးနေမိသည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင်မူ ကျောက်လင်းသည် ကျင့်ကြံခြင်းမှ နိုးထလာခဲ့သည်။ ယခုတစ်ခေါက် တိုးတက်မှုကို ခံစားမိလိုက်သောအခါ သူမမှာ အတိုင်းမသိ ဝမ်းသာသွားခဲ့ရသည်။ ဤစွမ်းအင်ဆေးရည်၏ အာနိသင်မှာ အံ့ဩစရာကောင်းလှပြီး သူမ၏ ကျင့်ကြံမှုအရှိန်မှာ အရင်က တရားထိုင်ကျင့်ကြံခြင်းထက် များစွာ သာလွန်နေတော့သည်။

ထိုအတောအတွင်း ယာဉ်တန်း၏ ရှေ့ဘက် တိုက်ပွဲမြေပြင်တွင်မူ လုချွမ်း၏ ထိန်းချုပ်မှုအောက်တွင် ကိုဘိုးလ်များ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးအနှစ်သာရဆေးလုံးများကို တစ်ခုပြီးတစ်ခု တူးဖော်နေကြပြီး ကိုဘိုးလ်အလောင်းများကိုမူ ဇွန်ဘီဒီရေလှိုင်းကြီးက လျင်မြန်စွာ ဝါးမြိုပစ်လိုက်ကြသည်။

မြေပြင်ပေါ်တွင် တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော ကျင်းကြီးများနှင့် နေရာအနှံ့ ပက်ကျဲနေသော သွေးကွက်များသာ ကျန်ရစ်တော့သည်။ တိုက်ပွဲမြေပြင်တစ်ခုလုံးတွင်လည်း ပြင်းထန်လှသော သွေးညှီနံ့များ ဖုံးလွှမ်းနေတော့သည်။

မကြာမီမှာပင် ဇွန်ဘီဒီရေလှိုင်းအတွင်းမှ စွမ်းအင်လှိုင်းများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။ ကိုဘိုးလ် အမြောက်အမြားကို ဝါးမြိုပြီးနောက် ဇွန်ဘီရုပ်သေး အများအပြားမှာ အဆင့်တက်လှမ်းနိုင်ခဲ့ကြသည်။

"ကောင်းပြီ ဒီအတိုင်းဆိုရင် ငါ ဇွန်ဘီရုပ်သေး နှစ်ကောင်ကို အဆင့် ၈ ထိ မြှင့်တင်ပေးလို့ ရပြီ"

ကျောက်တုံးဇွန်ဘီရုပ်သေးတစ်ကောင်မှာ အဆင့် ၆ မှ အဆင့် ၇ သို့ အောင်မြင်စွာ တက်လှမ်းသွားသည်ကို သိရှိလိုက်ရသဖြင့် လုချွမ်း ဝမ်းသာသွားသည်။

သူသည် တွေဝေမနေဘဲ အဆင့် ၇ ဇွန်ဘီရုပ်သေး ရှစ်ကောင်ကို ရွေးချယ်ကာ သုတ်သင်လိုက်ပြီး အဆင့် ၇ အမြုတေရှစ်ခုကို ရယူလိုက်သည်။

ကျန်ရှိနေသော အဆင့် ၇ ဇွန်ဘီရုပ်သေးများကို ကြည့်ရင်း လုချွမ်းသည် သူ၏ အဆင့်

မြှင့်တင်မည့် ပစ်မှတ်အဖြစ် မီးလျှံဇွန်ဘီရုပ်သေးနှစ်ကောင်ဖြစ်သည့် မီးလျှံ ၁ နှင့် မီးလျှံ ၂ တို့ကို ရွေးချယ်လိုက်သည်။

မီးလျှံဇွန်ဘီရုပ်သေးများ၏ တိုက်ခိုက်မှုမှာ အလွန်ပင် ပြင်းထန်လှရာ ၎င်းတို့သာ အဆင့် ၈ သို့ ရောက်ရှိသွားပါက အင်အားမှာ အဆမတန် တိုးတက်လာမည်မှာ သေချာသည်။

ထို့နောက် ဇွန်ဘီရုပ်သေးနှစ်ကောင်မှာ ဒီရေလှိုင်းအတွင်းမှ ထွက်ပေါ်လာကြပြီး လုချွမ်းသည် အဆင့် ၇ အမြုတေ ရှစ်ခုကို ထိုရုပ်သေးနှစ်ကောင်အား တစ်လှည့်စီ ကျွေးလိုက်တော့သည်။

ဝုန်း...

အမြုတေ လေးခုစီကို ဝါးမြိုလိုက်သည်နှင့် မီးလျှံဇွန်ဘီရုပ်သေး နှစ်ကောင်၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အင်အားများကို ထုတ်လွှတ်လိုက်ကြသည်။

တဟုန်ထိုးစီးထွက်လာသော စွမ်းအင်များသည် ရေတံခွန်များပမာ ဇွန်ဘီရုပ်သေးများ၏ ခန္ဓာကိုယ်အတွင်း စီးဆင်းသွားပြီး ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို လှုံ့ဆော်ပေးလိုက်တော့သည်။

အချိန်ကြာလာသည်နှင့်အမျှ ချော်ရည်ခဲများပမာ ရှိနေသော မီးလျှံဇွန်ဘီရုပ်သေး နှစ်ကောင်၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါလာပြီး ရဲရဲနီနေသော အရည်စက်များမှာ နေရာအနှံ့ စင်ထွက်နေတော့သည်။

ဂါး…ဂီး….

မီးလျှံဇွန်ဘီရုပ်သေး နှစ်ကောင်မှာ နာကျင်စွာ ဟိန်းဟောက်နေကြပြီး သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ တောက်လောင်နေသော မီးလျှံများမှာ တဖြည်းဖြည်း ပိုမိုဝင်းလက်လာကာ တိုက်ပွဲမြေပြင်တစ်ခုလုံးကို ပူပြင်းလှသော အလင်းတန်းများဖြင့် လွှမ်းခြုံသွားစေသည့် နေမင်းငယ်လေး နှစ်စင်းအလား ဖြစ်လာခဲ့သည်။

ဝုန်း... ဝုန်း...

မိုးကြိုးပစ်သံပမာ ဟိန်းသံနှစ်ချက် ထွက်ပေါ်လာပြီးနောက် ဇွန်ဘီရုပ်သေး နှစ်ကောင်လုံးမှာ အဆင့်တက်လှမ်းနိုင်ခဲ့ကြပြီး ပြင်းထန်လှသော အဆင့် ၈ အရှိန်အဝါမှာ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။ လိမ့်တက်လာသော အပူလှိုင်းများကြောင့် မြေကြီးမှာ ခြောက်ကပ်အက်ကွဲသွားရသည်။

မီးလျှံဖောင်ရုပ်သေး နှစ်ကောင်၏ ပုံပန်းသဏ္ဍာန်မှာလည်း သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ယခင်က ချော်ရည်ခဲများဖြင့်သာ ဖွဲ့စည်းထားသော်လည်း ယခုအခါတွင်မူ ၎င်းတို့သည် ကိုင်တွယ်၍ရသော်လည်း ဒြပ်မဲ့သကဲ့သို့ ဖြစ်နေသည့် ရဲရဲနီသော စစ်မှန်သည့် မီးလျှံများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

တောက်ပလှသော အလင်းတန်းများ ထုတ်လွှတ်နေသည့် မီးလျှံဇွန်ဘီရုပ်သေး နှစ်ကောင်ကို ကြည့်ရင်း လုချွမ်း၏ မျက်နှာတွင် ကျေနပ်မှုများ ပြည့်နှက်နေတော့သည်။ ဤရုပ်သေးနှစ်ကောင် ရှိနေပြီဖြစ်ရာ ရှေ့တွင်ရှိနေသည့် ရှေးဟောင်းအပျက်အစီးများဆီသို့ သွားမည့်ခရီးမှာ ပိုမိုဘေးကင်းသွားပြီ ဖြစ်သည်။

ဇွန်ဘီရုပ်သေးများကို အဆင့်မြှင့်တင်ပြီးနောက် လုချွမ်းသည် ဇွန်ဘီဒီရေလှိုင်းစစ်တပ်ကြီးကို တစ်ဖန် ပြန်လည်ထွက်ခွာရန် အမိန့်ပေးလိုက်သည်။

ထို့နောက် လမ်းတစ်လျှောက်ရှိ အတားအဆီးများကို ဖယ်ရှားကာ တစ်ခြားကမ္ဘာသား မျိုးနွယ်များစွာကို သုတ်သင်ရင်း နှစ်ရက်ခန့် ခရီးနှင်ပြီးနောက် ဇွန်ဘီဒီရေလှိုင်းစစ်တပ်ကြီးသည် အရှေ့ပင်လယ်အနီးအနားသို့ ချောမောစွာ ရောက်ရှိလာခဲ့တော့သည်။

All Chapters