← Chapters

အခန်း (၂၆၀)

Vol. 26 Ch. 260

အခန်း (၂၆၀)

Vol. 26 Ch. 260

အခန်း (၂၆၀)

" ဒါဆို ဖုန်းအာက ဘယ်တော့ပြန်လာမှာလဲ။ " ကျောက်ကတော်က စိုးရိမ်တကြီး မေးလိုက်သည်။ သူမ၏ သားကို မတွေ့ရသည်မှာ လေးနှစ်ရှိပြီဖြစ်သည်။

" ကြားတာကတော့ စစ်သေနာပတိချုပ်က အရင်ဆုံး ရှန်းယန်မှာ ဝန်ကြီးတွေအတွက် မင်္ဂလာပွဲတစ်ခု ကျင်းပပေးဦးမယ်တဲ့။ အဲ့ဒီနောက်မှ ရွာကို ပြန်လာပြီး ရွာသူရွာသားတွေအတွက် နောက်ထပ်တစ်ပွဲကျင်းပပေးမှာပါ။ " ယန်ပင်းက ပြုံး၍ ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ကျောက်ကတော်က သက်ပြင်းချလိုက်သည်။ လေးနှစ်ဟူသော အချိန်ခဏအတွင်း သူမ၏ သားက စစ်သေနာပတိချုပ်ဖြစ်လာခဲ့ရာ ၎င်းက မကြုံစဖူး ထူးကဲသော အောင်မြင်မှုပင်ဖြစ်သည်။

" အဲ့ဒါက အကောင်းဆုံးလို့ ကျွန်တော်လည်းထင်ပါတယ်။ အဲ့ဒါမှ စစ်သေနာပတိချုပ်က နန်းတွင်းက ဝန်ကြီးတွေနဲ့ ဆက်ဆံရေးတည်ဆောက်နိုင်သလို သူ့ရဲ့ အဆင့်အတန်းအရ အရှင်မင်းကြီးကလည်း သေချာပေါက် တက်ရောက်မှာပါ။ "

" သတင်းလာပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ " ကျောက်ကတော်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။

" သခင်မက အားနာနေပြန်ပါပြီ။ အခုလို သတင်းလာပို့ခွင့်ရတာ ကျွန်တော်အတွက် ဂုဏ်ယူစရာပါ။ " ယန်ပင်းက ပြုံး၍ ပြောလိုက်သည်။

" အမေ အဲ့ဒါ တကယ်ပဲ အကိုလား။ တစ်ယောက်ယောက်က အယောင်ဆောင်နေတာများလား။ သူ စစ်သူကြီးဖြစ်သွားတုန်းကတောင် သမီး မယုံကြည်နိုင်ဘူး။ အခု စစ်သေနာပတိချုပ်တောင် ဖြစ်သွားတယ်။ " ကျောက်ရင်က မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။

" သမီးတင်မဟုတ်ဘူး။ အမေလည်း မယုံကြည်နိုင်ဘူး။ " ကျောက်ကတော်က စိုးရိမ်စွာ ပြောလိုက်သည်။ " ဒါပေမယ့် သမီးအကိုက ဒီနှစ်တွေအတွင်းမှာ အခက်အခဲတွေ အများကြီး ကြံ့ကြံ့ခံခဲ့မှာပဲ။ "

ရှန်းယန်မြို့တော်၊ ကျောက်စံအိမ်။

ယနေ့တွင် စံအိမ်တစ်ခုလုံးက ပျော်စရာအငွေ့အသက်များနှင့် ပြည့်နှက်နေပြီး အောင်ပွဲခံသံများ ဆူညံနေသည်။ စံအိမ်တစ်ခုလုံးက ဂုဏ်သရေရှိဧည့်သည်များဖြင့် ပြည့်နှက်နေသည်။

ယနေ့မင်္ဂလာပွဲကို ရင်ကျန့်ကိုယ်တိုင်က သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ ကျောက်ဖုန်းက ထိုသို့သော ဂုဏ်ပြုမှုကို ရရှိသည့် ပထမဆုံးလူဖြစ်သည်။

ထိုအချိန်တွင် အနက်ရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသော ကျောက်ဖုန်းနှင့် ဝမ်ယန်တို့က လက်တွဲပြီး လမ်းလျှောက်လာသည်။ ရင်ကျန့်က ဝမ်ကျန့်၏ ဘေးတွင် ထိုင်ပြီး သူ၏ ဘေးတွင် ကျောက်ကောင်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်နေသည်။

" ဒီနေ့က ကျောက်ဖုန်းနဲ့ ဝမ်ယန်တို့ရဲ့ ပျော်ရွှင်စွာ လက်ထပ်နဲ့နေ့ဖြစ်တယ်။ ဒီခမ်းနားတဲ့ မင်္ဂလာပွဲက တော်ဝင်အမိန့်အရ တရားဝင်ဖြစ်သလို ချင်နိုင်ငံသားအားလုံးက သက်သေအဖြစ် ရှိနေကြတယ်။ "

" ကျောက်ဖုန်းရဲ့ မိဘတွေက မင်္ဂလာပွဲကို မတက်ရောက်နိုင်တဲ့အတွက် အရှင်မင်းကြီးကိုယ်တိုင် သူတို့ကိုယ်စား သဘာပတိအဖြစ် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ "

ကျောက်ကောင်း၏ အသံဆုံးသည်နှင့် ဧည့်သည်နျားက အံ့အားသင့်သွားကြသည်။ ကျောက်ဖုန်းပင်လျှင် အနည်းငယ် အံ့အားသင့်သွားသည်။ သူက ရင်ကျန့်ကို သဘာပတိအဖြစ် ဖိတ်ကြားစဉ်က လူကြီးနေရာတွင် ဆောင်ရွက်ပေးရန် မတောင်းဆိုခဲ့ပေ။ သို့သော် ယခု ကျောက်ကောင်း၏ ကြေညာသံကြောင့် ရင်ကျန့်က လူကြီးမိဘတစ်ယောက်၏ အခန်းကဏ္ဍတွင် ပါဝင်လာသည်။ ၎င်းက ကျောက်ဖုန်းကို စိတ်လှုပ်ရှားသွားစေသည်။

ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ စိတ်ထဲတွင် ခါးသီးသော ခံစားချက်တစ်ခု ရှိနေသည်။

မင်းသားဖုစု၏ မင်္ဂလာပွဲနှင့်မတူဘဲ ယခုအချိန်တွင် ရင်ကျန့်က အလွန်ပျော်ရွှင်နေသည်။ မသိလျှင် မင်းသားဖုစုက သူ၏ သားမဟုတ်ဘဲ ကျောက်ဖုန်းက သားအရင်းကဲ့သို့ ဖြစ်နေသည်။

ဖုစုကလည်း သူ၏ ခမည်းတော် ရင်ကျန့်က မိဘနေရာတွင် ပြုံးရွှင်စွာ ထိုင်နေသည်ကို မြင်သောအခါ ခါးသီးစွာ ပြုံးလိုက်သည်။

" ခမည်းတော် ကျွန်တော်ကို လီစီရဲ့ သမီးနဲ့မဟုတ်ဘဲ သာမန်အရပ်သူနဲ့ လက်ဆက်ပေးခဲ့ရင်တောင် ကျွန်တော် ခမည်းတော်ကို ကျေးဇူးတင်မိမှာပဲ။ ဒါပေမယ့် ခမည်းတော်က ကျွန်တော်ရဲ့ ခံစားချက်တွေကို ဂရုမစိုက်ဘူး။ ဘုရင်အာဏာစက် ကြီးမြတ်ဖို့ပဲ ကြည့်တယ်။ "

" ပထမဆုံး ကောင်းကင်နဲ့ မြေကြီးကို ဦးညွှတ်မယ်။ "

ကျောက်ဖုန်းက ဝမ်ယန်၏ လက်ကို ဆုပ်ကိုင်ပြီး ဖြည်းညင်းစွာ ဦးညွှတ်လိုက်သည်။

" ဒုတိယ မိဘတွေကို ဦးညွှတ်ပါ။ "

ကျောက်ဖုန်းနှင့် ဝမ်ယန်တို့က ဝမ်ကျန့်နှင့် သူ၏ ဇနီး၊ ရင်ကျန့်တို့ဘက်သို့ လှည့်ပြီး ဦးညွှတ်လိုက်သည်။

" ကောင်းတယ် အရမ်းကောင်းတယ်။ " ဝမ်ကျန့်က ဆက်တိုက်ခေါင်းညိမ့်နေသည်။ ဝမ်ပင်း၏ မင်္ဂလာပွဲနှင့် နှုင်းယှဉ်လျှင် ယခု သူ၏ မျက်လုံးများထဲတွင် မျက်ရည်များ ပြည့်လျှံနေသည်။ သူက သူ၏ သမီး ဝမ်ယန်ကို အလွန်ချစ်သည်မှာ ထင်ရှားနေသည်။

ကျောက်ဖုန်းကို ကြည့်ရင်း ရင်ကျန့်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ " ကျောက်ဖုန်း... သူသာ ဖုစုနေရာမှာ အစားထိုးနိုင်ရင် သိပ်ကောင်းမှာပဲ။ လမ်းညွှန်မှုအချို့ပေးရုံနဲ့ သူက ငါ့နိုင်ငံရဲ့ အနာဂတ်ကို လုံခြုံအောင် လုပ်ပေးနိုင်လိမ့်မယ်။ နှမြောစရာပဲ...."

" ဇနီးမောင်နှံအချင်းချင်း ဦးညွှတ်ပါ။ "

ကျောက်ဖုန်းနှင့် ဝမ်ယန်တို့က မျက်နှာချင်းဆိုင်လိုက်ကြသည်။ ကျောက်ဖုန်း၏ မျက်လုံးများထဲတွင် နူးညံ့ကြင်နာမှုများ ပြည့်နှက်နေသည်။

" အခမ်းအနား ပြီးဆုံးပါပြီ။ ဇနီးမောင်နှံတို့ လက်ဖက်ရည်တည်ခင်းပါမယ်။ " ​ကျောက်ကောင်းက ကျယ်လောင်စွာ ကြေညာလိုက်သည်။

ကျောက်ဖုန်းက အရင်ဆုံး ရှေ့သို့တိုးပြီး ဝမ်ကျန့်ကို လက်ဖက်ရည်တစ်ခွက် ကမ်းပေးလိုက်သည်။ ရင်ကျန့်က သူ့ကို မျက်နှာသာပေးထားသော်လည်း မင်္ဂလာဓလေ့ထုံးတမ်းအရ သတို့သားက သတို့သမီး၏ မိသားစုကို အရင်ဆုံး ဂါရဝပြုရမည်ဖြစ်သည်။

" ယောက္ခမ လက်ဖက်ရည် သုံးဆောင်ပါဦး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ကောင်းတယ်။ " ဝမ်ကျန့်က ထပ်တလဲလဲ ခေါင်းညိမ့်လိုက်သည်။

ထို့နောက် ကျောက်ဖုန်းက ဝမ်ကတော်ထံသို့ လက်ဖက်ရည် ကမ်းမေးလိုက်သည်။ ဝမ်ယန်ကလည်း လက်ဖက်ရည်ကို ရင်ကျန့်ထံသို့ ရိုသေစွာ ကမ်းပေးလိုက်သည်။

" အရှင်မင်းကြီး လက်ဖက်ရည် သုံးဆောင်ပါဦး။ "

" ကောင်းပြီ။ " ရင်ကျန့်က ပြုံးလိုက်သည်။

ဝမ်ယန်ပြီးသွားသောအခါ ကျောက်ဖုန်းကလည်း လက်ဖက်ရည်တစ်ခွက်ကို ကမ်းပေးလိုက်သည်။

" ကျွန်တော်မျိုးရဲ့ လူကြီးမိဘနေရာကနေ ဆောင်ရွက်ပေးခဲ့တဲ့ အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ "

ချင်ဘုရင်၏ ထိုလုပ်ဆောင်ချက်တစ်ခုတည်းနှင့်ပင် ထိုမင်္ဂလာပွဲက ထိုခေတ်ကာလတွင် အခမ်းနားဆုံးပွဲတစ်ခု ဖြစ်သွားခဲ့သည်။

" ဟားဟား..." ရင်ကျန့်က ရယ်မောလိုက်ပြီး ခွက်ကို ယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

ကျောက်ဖုန်းက ရောက်ရှိနေသော ဧည့်သည်များဘက်သို့ လှည့်လိုက်သည်။

" လေးစားရသော ဧည့်သည်တော်များ ကျွန်တော်ရဲ့ မင်္ဂလာပွဲကို တက်ရောက်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီနေ့တော့ ကိုယ့်အိမ်လို့ သဘောထားကြပါ။ ကျွန်တော်က အင်မော်တယ်ဝိုင်ခန်းမက အကောင်းဆုံးဝိုင်တွေ ပြင်ဆင်ပေးထားပါတယ်။ စိတ်ကြိုက်သောက်ကြပါ။ ဘယ်သူမှ မမူးဘဲ မပြန်ရဘူး။ "

" စစ်သေနာပတိချုပ်ကို ဂုဏ်ပြုပါတယ်။ "

" ဂုဏ်ပြုပါတယ် စစ်သေနာပတိချုပ်။ ဒီနေ့တော့ ကျုပ်တို့ မမူးမချင်း အိမ်မပြန်ဘူး။ " ဂုဏ်ပြုသံများက အဆက်မပြတ် ထွက်ပေါ်လာသည်။

" အရှင်မင်းကြီးက ​ကျောက်ဖုန်းကို တကယ် အလေးထားတာပဲ။ စစ်ဦးချုပ်ရာထူးအတွက် နောက်ထပ် ပြိုင်ဘက်တစ်ယောက် တိုးလာပြီထင်တယ်။ " မုန့်ဝူက ဟွမ်ယိကို ကြည့်ပြီး ပြောလိုက်သည်။

" ပြိုင်ဘက်ဟုတ်လား။ " ဟွမ်ယိက ကျောက်ဖုန်းကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်သည်။ " မုန့်ဝူ မုန့်ဝူ ငါတို့က သင်္ချိုးထဲ ခြေတစ်ဖက်လှမ်းနေ​ပြီ။ ဟိုက အသက်နှစ်ဆယ်ပဲ ရှိသေးတာ။ ငါတို့က သူ့ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ "

" မင်းနဲ့ငါ ပြီးတော့ ဝမ်ကျန့် ငါတို့က စစ်ဦးစီးချုပ်ရာထူးကို ခဏတော့ ရနိုင်ကောင်းပါရဲ့။ ဒါပေမယ့် အနာဂတ်မှာ အဲ့ဒီနေရာက သေချာပေါက် သူ့အတွက်ပဲ။ လူငယ်မျိုးဆက်တွေထဲမှာ ဘယ်သူက သူ့ကို ယှဉ်နိုင်မှာလဲ။ "

" မင်းပြောတာ မှန်ပါတယ်။ " မုန့်ဝူက ခဏတိတ်ဆိတ်သွားပြီး ခေါင်းညိမ့်လိုက်သည်။

ဟွမ်ယိက မုန့်ဝူအနီးသို့ ကပ်ပြီး တိုးတိုးလေး မေးလိုက်သည်။ " မင်းရဲ့ ဒုတိယသား မုန်ယိကို အကြီးဆုံးမင်းသားကို ထောက်ခံခိုင်းထားတယ်လို့ ငါ​ကြားတယ်။ "

" မင်းဘာကို ဆိုလိုတာလဲ။ အဲ့ဒါ မင်းကို ဘယ်သူပြောတာလဲ။ " မုန့်ဝူ၏ အမူအရာက ပြောင်းလဲသွားသည်။

" မုန့်ဝူရေ " ဟွမ်ယိက လေးနက်စွာ ပြောလိုက်သည်။ " ဒီလောကမှာ ဘယ်လျို့ဝှက်ချက်မဆို ထာဝရဖုံးကွယ်ထားလို့ရမယ်လို့ မင်းထင်နေတာလား။ မုန့်ယိကို ဖုစုနဲ့ နီးစပ်အောင် လုပ်ခိုင်းတာ မုန့်မိသားစုရဲ့ တရားဝင်ရပ်တည်ချက် မဟုတ်ဘူးလား။ ဒီကိစ္စက သတင်းပျံ့နေပြီ။ "

" မင်းက မင်းရဲ့ ရည်မှန်းချက်ကို ရှေ့တိုးချင်တယ်၊ မုန့်မိသားစုကို မြှင့်တင်ချင်တယ်။ ဒါပေမယ့် မင်းသာ ရှုံးနိမ့်သွားရင် ဘာဖြစ်မလဲဆိုတာ မင်းတွေးမိရဲ့လား။ "

စစ်သေနာပတိချုပ်အချင်းချင်း ဟွမ်ယိ၏ စကားများတွင် ရှင်းလင်းသော သတိပေးချက်တစ်ခု ပါဝင်နေသည်။ သူတို့က ရာထူးတစ်ခုအတွက် ယှဉ်ပြိုင်နေကြသော ပြိုင်ဘက်များ ဖြစ်သော်လည်း တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် လေးစားမှုရှိကြသည်။ ထီးနန်းလုပွဲတွင် မုန့်ဝူရော မုန့်မိသားစုပါ ပျက်စီးမသွားစေရန် မျှော်လင့်နေသည်။

မုန့်ဝူ၏ အမူအရာက ပြောင်းလဲသွားသော်လည်း နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။

" ရွေးချယ်မှုက ပြီးသွားပြီ။ နောက်ပြန်လှည့်လို့မရတော့ဘူး။ ဒါပေမယ့် မင်းသားအားလုံးထဲမှာ ဘယ်သူမှ အကြီးဆုံးမင်းသားကို မယှဉ်နိုင်ပါဘူး။ "

" ဘယ်သူမှမယှဉ်နိုင်တာလည်း ဖြစ်နိုင်ပါတယ်။ " ဟွမ်ယိက အေးစက်စွာ ပြောလိုက်သည်။ " ဒါပေမယ့် စစ်သေနာပတိချုပ်တွေအနေနဲ့ ငါတို့က ကြီးမားတဲ့ အာဏာကို ပိုင်ဆိုင်ထားပြီးသားပဲ။ ဝင်မပါဘဲ နေတာက အကောင်းဆုံးနည်းလမ်းပဲ။ ကိုယ့်မိသားစုကို ကာကွယ်ဖို့ ဦးစားပေးသင့်တယ်။ "

" အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။ " မုန့်ဝူက သူ၏ ကိုယ်ပိုင်ယုံကြည်ချက်ကို ဆုပ်ကိုင်ထားသည်။

နန်းတွင်းမှ ဝန်ကြီးအများစုက ဖုစုကို ရွေးချယ်ထားကြသည်။ တော်ဝင်မိသားစု၊ မီမိသားစုနှင့် ဝန်ကြီးများက ဖုစုမရှုံးနိုင်ဟု ယုံကြည်နေကြသည်။ အခြားဘယ်မင်းသားမှ ဖုစုကို မယှဉ်နိုင်ပေ။

All Chapters