← Chapters

အခန်း (၂၅၁)

Vol. 26 Ch. 251

အခန်း (၂၅၁)

Vol. 26 Ch. 251

အခန်း (၂၅၁)

မင်းသားဖုစု၏ စံအိမ်တွင်။

" ဝန်ကြီးချုပ် နန်းတော်ထဲက သတင်းရပါတယ်။ " လက်အောက်ငယ်သားတစ်ယောက်က ဝမ်ဝမ်ကို သတင်းပို့လိုက်သည်။

" ဘာသတင်းလဲ။ " ဝမ်ဝမ်က မေးလိုက်သည်။

" အရှင်မင်းကြီးနဲ့ ကျောက်ဖုန်းတို့က ရေပူစမ်းနဲ့ ရေအတူတူချိုးနေကြပါတယ်။ ပြီးတော့ အရှင်မင်းကြီးက အခန်းထဲကို ဝိုင်နဲ့အသားတွေ ပို့ခိုင်းနေပါတယ်။ အခန်းထဲကနေလည်း အရှင်မင်းကြီးရဲ့ ရယ်သံကို မကြာခဏ ကြားနေရပါတယ်။ ဒါကို ကြည့်ရင် အရှင်မင်းကြီးက အဲ့ဒီကျောက်ဖုန်းကို ဘယ်လောက်တောင် မျက်နှာသာပေးလဲဆိုတာ ရှင်းနေပါတယ်။ " လက်အောက်ငယ်သားက လေးစားစွာဖြင့် ပြောလိုက်သည်။

" မင်းသွားလို့ရပြီ။ " ဝမ်ဝမ်က စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။

" ငါ ကျောက်ဖုန်းအပေါ် လျှော့တွက်မိနေတုန်းပဲထင်တယ်။ အရှင်မင်းကြီးက ကျောက်ဖုန်းကို နန်းတော်ထဲမှာ နေခွင့်ပြုခဲ့တဲ့အပြင် အခု ညရောက်တဲ့အထိပါ နေခိုင်းထားတယ်။ ဒါက အရင်ဘယ်သူ့ကိုမှ မပေးဖူးတဲ့ အထူးအခွင့်အရေးပဲ။ "

" ကျုပ်ဆရာရဲ့ အမှားအတွက် ကျုပ်ကျောက်ဖုန်းကို တောင်းပန်ပြီးပြီ။ ကျောက်ဖုန်းက ကျုပ်အပေါ် ရန်ငြိုးထားမှာမဟုတ်ပါဘူး။ ခမည်းတော် ကျောက်ဖုန်းကို မျက်နှာသာပေးတာကတော့ ကျောက်ဖုန်းက စစ်တပ်ထဲမှာ အငယ်ဆုံးပါရမီရှင်ဖြစ်နေတာကြောင့်ရယ်၊ အခုဆို စစ်သေနာပတိချုပ်ဖြစ်လာတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဒီလိုပါရမီရှင်မျိုးရှိတာ ချင်အတွက် ကောင်းချီးတစ်ခုပါပဲ။ " ဖုစုက ဖြည်းညင်းစွာ ပြောလိုက်သည်။

" နှမြောစရာပဲ။ " ဟွိုက်ကျွမ်းက သက်ပြင်းချလိုက်သည်။ " ကျောက်ဖုန်းကို စည်းရုံးဖို့က ခက်ခဲသွားပြီ။ အနာဂတ်မှာ ကျောက်ဖုန်းက ဝမ်ကျန့်လိုပဲ အိမ်ရှေ့စံမင်းသားနေရာအတွက် တိုက်ပွဲတွေမှာ မပါဝင်ဖို့ မျှော်လင့်ရမှာပဲ။ "

" ဒီနေ့နန်းတွင်းမှာဖြစ်ခဲ့တဲ့ ပိုင်မိသားစုရဲ့ကိစ္စက ငါ့ကို တကယ်ပဲ အံ့အားသင့်စေခဲ့တယ်။ " ဝမ်ဝမ်က သက်ပြင်းချလိုက်ပြီး သူ၏ မျက်နှာတွင် စိတ်ပျက်သော အမူအရာပေါ်လာသည်။

" ကျောက်ဖုန်က ပိုင်မိသားစုရဲ့ ရာဇဝတ်မှုသက်သေတွကိုပါ ယူဆောင်လာတဲ့အထိ စေ့စပ်သေချာလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ။ "

" ပိုင်မိသားစုရဲ့ ကိစ္စက တကယ်ကို လွန်လွန်းတယ်။ " ဖုစုက အထင်သေးသော အမူအရာဖြင့် ပြောလိုက်သည်။ " နှစ်စဉ်လစာတွေကို အလွဲသုံးစားလုပ်တာ သာမန်ပြည်သူတွေကို နှိပ်စက်တာ။ ခမည်းတော် ဒေါသထွက်တာကို မပြောနဲ့ ကျုပ်ကိုယ်တိုင်တောင် သူတို့ကို ဂရုဏာထားမှာမဟုတ်ဘူး။ "

ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်းတို့က ဖုစုကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောခဲ့ကြပေ။ နန်းတွင်း၏ အထက်တွင် ရပ်တည်နေသော အရပ်ဘက်အရာရှိများဖြစ်သည့်အတွက် သူတို့က ကိုယ်ပိုင်ဆက်သွယ်မှုများနှင့် ပက်သက်မှုများ မရှိဘဲ နေမည်မဟုတ်ပေ။

" အရှင်သားရဲ့ မင်္ဂလာပွဲက နီးလာပြီဆိုတော့ စံအိမ်ကိုလည်း ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော် ကူညီဖို့အတွက် လူလွှတ်ပေးဖို့ လိုသေးလား။ " ဝမ်ဝမ်က မေးလိုက်သည်။

" မလိုပါဘူး။ " ဖုစုက ခေါင်းခါလိုက်သည်။ " ကျုံးရှီက အဲ့ဒါကို ကိုင်တွယ်ပါလိမ့်မယ်။ "

" အရှင်သားအတွက် သတင်းကောင်းတစ်ခုတော့ ရှိပါတယ်။ " ဟွိုက်ကျွမ်းက ပြုံး၍ ပြောလိုက်သည်။ " မုန့်မိသားစုက အရှင်ကို အပြည့်အဝ ထောက်ခံဖို့ ဆုံးဖြတ်လိုက်ပါပြီ။ သူတို့က အရှင့်သားကို ရွေးချယ်လိုက်ပါတယ်။ "

" ကျုပ်က မုန့်ယိနဲ့အတူ ကြီးပြင်းလာခဲ့တာပဲ။ မုန့်မိသားစုက ကျုပ်ကို ရွေးချယ်လိုက်တာက ကျုပ်အတွက် ဂုဏ်ယူစရာပါ။ "

" မဟုတ်ဘူး။ လောလောဆယ် မုန့်မိသားစုထဲမှာ မုန့်ယိတစ်ယောက်ပဲ အရှင်သားကို ရွေးချယ်ထားတာ။ မုန့်ဝူနဲ့ မုန့်ထျန်းတို့ကတော့ ဘေးကနေ စောင့်ကြည့်နေတုန်းပဲ။ မုန့်ယိရဲ့ လှုပ်ရှားမှုက စမ်းသပ်မှုတစ်ခု ဖြစ်လိမ့်မယ်။ " ဝမ်ဝမ်က ခေါင်းခါပြီး ပြောလိုက်သည်။

" ဒါက ပုံမှန်ပါပဲ။ " ဖုစုက တည်ငြိမ်စွာ ပြောလိုက်သည်။ " ချင်ရဲ့ ထိပ်တန်းစစ်ဘက်မိသားစုတစ်ခုအနေနဲ့ သူတို့က လုံးဝပျက်စီးသွားမယ့် အန္တရာယ်ကို မခံနိုင်ဘူး။ တကယ်လို့ ကျွန်တော်ရှုံးနိမ့်ခဲ့ရင် မုန့်မိသားစုလည်း ပျက်စီးသွားလိမ့်မယ်။ "

" အရှင်သား အဲ့လောက်ထိ စိုးရိမ်စရာမလိုပါဘူး။ " ဝမ်ဝမ်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ " အရှင်မင်းကြီးရဲ့ သားတော်အားလုံးထဲမှာ ဘယ်သူကများ အရှင်သားကို ယှဉ်ပြိုင်နိုင်မှာလဲ။ ဒါ့အပြင် မန်ယိရဲ့ ရွေးချယ်မှုက မန်မိသားစုရဲ့ ရပ်တည်ချက်ကို ကိုယ်စားပြုပါတယ်။ "

" နန်းတွင်းအရာရှိတွေရဲ့ ထောက်ခံမှုက ထောက်ခံမှုသက်သက်ပါပဲ။ နောက်ဆုံးဆုံးဖြတ်ချက်ကတော့ ခမည်းတော်ရဲ့လက်ထဲမှာပဲ ရှိနေတုန်းပဲ။ " ဖုစုက တည်ငြိမ်စွာ ပြောလိုက်သည်။

" မိုးချုပ်နေပြီ။ ကျွန်တော်တို့ကို ခွင့်ပြုပါဦး။ " ဝမ်ဝမ်က ဖုစုကို ဦးညွှတ်ပြီး ပြောလိုက်သည်။

" ဂရုစိုက်သွားပါ။ ကျုပ်လိုက်မပို့တော့ဘူး။ " ဖုစုက ခေါင်းညိမ့်လိုက်သည်။

သူတို့နှစ်ယောက်၏ ထွက်သွားသောအခါ ဖုစု၏ မျက်နှာပေါ်တွင် ကူကယ်ရာမဲ့သော အရိပ်အယောင်များ ပေါ်လာသည်။

" ဘုရင့်အာဏာ၊ မိသားစုတွေ၊ မိခင်ဘက်က မိသားစု၊ ငါ့ရဲ့ ကိုယ်ပိုင်ဘဝကိုတောင် ငါ မထိန်းချုပ်နိုင်ဘူး။ ပြီးတော့ လီစီရဲ့သမီး...."

ဝမ်စံအိမ်။

" အဖေ ကျောက်ဖုန်းက ဘာလို့ အခုထိ ပြန်မလာသေးတာလဲ။ " ကလေးနှစ်ယောက်အိပ်ပျော်သွားပြီးနောက် ဝမ်ယန်က အခန်းထဲမှ ထွက်လာပြီး ဝမ်ကျန့်ဆီသို့လာကာ စိုးရိမ်စွာ မေးလိုက်သည်။

" ယန်အာ စိတ်မပူနဲ့။ " ဝမ်ကျန့်က မနာလိုစွာဖြင့် ပြောလိုက်သည်။ " ကျောက်ဖုန်း အဆင်ပြေတယ်။ အရှင်မင်းကြီးက သူ့ကို အရမ်းမျက်နှာသာပေးပြီး အခုနန်းတော်ထဲမှာ သူနဲ့အတူ ဝိုင်သောက်နေတယ်။ ငါတောင် တစ်ခါမှမရဖူးတဲ့ အခွင့်အရေးပဲ။ "

" သူ မနက်ဖြန် ပြန်လာနိုင်ပါ့မလား။ " ဝမ်ယန်က စိုးရိမ်တကြီး မေးလိုက်သည်။စခန်းတွင် သူတို့လမ်းခွဲပြီးကတည်းက သူမ ကျောက်ဖုန်းကို မတွေ့ရသည်မှာ နှစ်အနည်းငယ် ရှိနေပြီဖြစ်သည်။

" သူပြန်လာမှာပါ။ စိတ်ရှည်ရှည်နဲ့ စောင့်နေလိုက်။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ကောင်းပါပြီ။ " ဝမ်ယန်က ခေါင်းညိမ့်လိုက်သည်။

" သမီး ကျောက်ဖုန်းအိမ်ကို သွားလည်ပြီးပြီမဟုတ်လား။ သူ့အမေနဲ့ ညီမက ဘယ်လိုလဲ။ " ဝမ်ကျန့်က သိလိုစိတ်ဖြင့် မေးလိုက်သည်။

" သူတို့က အရမ်းကောင်းပါတယ်။ " ဝမ်ယန်က နွေးထွေးစွာ ပြုံးပြီး ပြောလိုက်သည်။

" အင်း အဲ့ဒါကောင်းတယ်။ ကျောက်ဖုန်းက အခု စစ်သေနာပတိချုပ်ဖြစ်သွားပြီ။ သူ ရှန်းယန်မှာ နေချင်နေလိမ့်မယ်။ အဲ့ဒါဆိုရင် အဖေလည်း သမီးဆီ လာလည်လို့ရတာပေါ့။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ကျောက်ဖုန်းက စစ်သေနာပတိချုပ်ဖြစ်သွားပြီလား။ " ဝမ်ယန်က တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။

" အဖေ သမီးကို မပြောရသေးဘူးလား။ " ဝမ်ကျန့်က မေးလိုက်သည်။

" မပြောရသေးဘူးလေ။ " ဝမ်ယန်က အံ့ဩစွာဖြင့် ပြောလိုက်သည်။

" အဲ့ဒါဒီနေ့ဖြစ်ခဲ့တာပဲ။ ကျောက်ဖုန်းကို ဒီနေ့ စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်လိုက်ပြီ။ " ဝမ်ကျန့်က ရယ်ပြီး ပြောလိုက်သည်။ " ယန်အာ အခုဆိုရင် သမီးက စစ်သေနာပတိချုပ် ကတော်ဖြစ်သွားပြီ။ သမီးက လူရွေးတော်တာပဲ။ "

" သူ သူက တကယ် စစ်သေနာပတိချုပ်ဖြစ်သွားတာလား။ ထောက်ပို့တပ်ဖွဲ့ကလူက စစ်သေနာပတိချုပ် ဖြစ်သွားတာလား။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " ဝမ်ယန်က မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။

" အသက်နှစ်ဆယ်အရွယ် စစ်သေနာပတိချုပ်။ " ဝမ်ကျန့်က အထင်ကြီးလေးစားစွာဖြင့် ပြောလိုက်သည်။ " ယန်အာ အနာဂတ်မှာ ကျောက်ဖုန်းက စစ်ဦးစီးချုပ်တောင် ဖြစ်နိုင်တဲ့ အခွင့်အရေးရှိတယ်။ လူငယ်မျိုးဆက်တွေထဲမှာ ပင်းအာဖြစ်ဖြစ် မန်ထျန်းဖြစ်ဖြစ် လီရှင်းဖြစ်ဖြစ် ဘယ်သူမှသူ့ကို မယှဉ်နိုင်ဘူး။ "

" စစ်ဦးစီးချုပ်လား။ " ဝမ်ယန်က မှင်သက်သွားသည်။

ညကတိတ်ဆိတ်စွာ ကုန်ဆုံးသွားသည်။ နန်းတွင်းမှ အရာရှိများကတော့ ကျောက်ဖုန်းကို မနာလိုဖြစ်နေကြသည်။ အများစုက နန်းတွင်းတွင် မရှိကြသော်လည်း သူတို့၏ သူလျိုများက သတင်းများ ပေးပို့ခဲ့ကြသည်။

အခန်းတစ်ခုထဲတွင် ကျောက်ဖုန်းက ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်းနှင့် အိပ်ပျော်နေသည်။ နေထွက်လာချိန်တွင် သူက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

" ငါ ကောင်းကောင်းအိပ်ပျော်ခဲ့တာပဲ။ စစ်ထဲဝင်ပြီး လေးနှစ်အတွင်း ဒါက အအေးချမ်းဆုံး အိပ်စက်မှုပဲ။ " ကျောက်ဖုန်းက မျက်နှာကျက်ကို ကြည့်ရင်း တွေးလိုက်သည်။

လွန်ခဲ့သော လေးနှစ်က သာမန်ပြည်သူတစ်ယောက်ဖြစ်ခဲ့သော သူက ယခု နန်းတော်တွင် အိပ်စက်နေရခြင်းက အိပ်မက်တစ်ခုကဲ့သို့ ဖြစ်နေသည်။ ထို့အပြင် သူက အစစ်အမှန်ချီကို သုံးနေသရွေ့ မူးဝေမှုကို ခံနိုင်ရည်ရှိပေသည်။ သို့သော် ယမန်နေ့ညက သူက ၎င်းကို အသုံးမပြုခဲ့ပေ။ ချင်ဘုရင်က အထိန်းအချုပ်မရှိ လွတ်လပ်နေခဲ့သောကြောင့် ကျောက်ဖုန်းကလည်း သူ့ကို အဖော်ပြုပေးရန် ဆန္ဒရှိခဲ့သည်။

" တစ်ယောက်ယောက်ရှိလား။ " ကျောက်ဖုန်းက ထထိုင်ပြီး ခေါ်လိုက်သည်။

ထိုအခါ အခန်းတံခါးပွင့်သွားပြီး နန်းတွင်းအစေခံတစ်ယောက်က ဝင်လာသည်။

" စစ်သေနာပတိချုပ် နိုးလာပြီပဲ။ ကျွန်မ အခုပဲ စစ်သေနာပတိချုပ်ကို အဝတ်အစားတွေ ဝတ်ပေးပါမယ်။ " သူက နောက်လှည့်ပြီး အော်လိုက်သည်။ " တစ်ယောက်ယောက် စစ်သေနာပတိချုပ်ရဲ့ ဝတ်စုံကို ယူခဲ့ပါဦး။ "

နန်းတွင်းအစေခံမလေးတစ်ယောက်က အခန်းထဲသို့ ဝင်လာပြီး ကျောက်ဖုန်း၏ သန်မာသော ခန္ဓာကိုယ်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာက နီရဲသွားသည်။ သူမ၏ နောက်တွင် အခြားသူများကလည်း ဝင်လာကြသည်။ သူတို့က စသ်သေနာပတိချုပ်၏ နန်းတွင်းဝတ်စုံ၊ ခါးပတ်နှင့် ဓားတို့ကို ယူလာကြသည်။

" စစ်သေနာပတိချုပ်ကို အဝတ်အစားတွေ ဝတ်ပေးပါမယ်။ "

" မလိုဘူး။ မင်းတို့ သွားလို့ရပြီ။ " ကျောက်ဖုန်းက တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

" စစ်သေနာပတိချုပ် ဒါက ကျွန်မတို့ရဲ့ တာဝန်ပါ။ တကယ်လို့ စစ်သေနာပတိချုပ်က ကျွန်မတို့ကို အဝတ်အစားဝတ်ခွင့်မပြုရင် ကျွန်မတို့ အပြစ်ပေးခံရပါလိမ့်မယ်။ " အစေခံတစ်ယောက်က ဒူးထောက်ပြီး ပြောလိုက်သည်။

၎င်းကို မြင်သောအခါ ကျောက်ဖုန်းက ခေါင်းညိမ့်ရုံသာ တတ်နိုင်တော့သည်။ သူက ထရပ်ပြီး လက်များဆန့်တန်းလိုက်သည်။

" ကျေးဇူးတင်ပါတယ် စစ်သေနာပတိချုပ်။ " နန်းတွင်းအစေခံများက ရှေ့တိုးလာပြီး အဝတ်အစားများ ဝတ်ပေးလိုက်ကြသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters