အခန်း (၂၅၂)
Vol. 26 Ch. 252
အခန်း (၂၅၂)
" အရှင်မင်းကြီး နိုးပြီလား။ " ကျောက်ဖုန်းက မေးလိုက်သည်။
" အရှင်မင်းကြီး အနားယူနေတုန်းပါ။ " နန်းတွင်းအစေခံက ပြန်ဖြေလိုက်သည်။
" မနေ့ညက ငါနိုင်သွားတဲ့ပုံပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
ချင်ဘုရင်နှင့် ညသန်ခေါင်တိုင်အောင် ဝိုင်သောက်ရင်း စကားပြောခြင်းက ကျောက်ဖုန်းအား ထိုလူကို အမှန်တကယ် နားလည်သွားစေခဲ့သည်။ သူက လူရှေ့တွင်မူ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသူဖြစ်သော်လည်း တစ်ယောက်တည်းဖြစ်နေချိန်တွင် သူက သာမန်လူတစ်ယောက်သာ ဖြစ်သည်။
" ငါ့ကို နန်းတော်အပြင်ဘက်အထိ လမ်းပြပါဦး။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" စစ်သေနာပတိချုပ် ကျွန်မတို့က စားသောက်ဖို့အတွက် ပြင်ဆင်ထားပါပြီ။ " နန်းတွင်းအစေခံက ပြောလိုက်သည်။ " စားသောက်ပြီးမှ သွားလို့ရပါတယ်။ "
" မလိုပါဘူး။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။ ယခုအချိန်တွင် သူက ဝမ်ယန်နှင့် ကလေးများကို တွေ့ရန်သာ စိတ်အားထက်သန်နေသည်။ " ငါ့ကို နန်းတော်အပြင်ဘက်အထိပဲ လမ်းပြပါ။ "
" အမိန့်အတိုင်းပါ။ " အစေခံက ဆက်မပြောတော့ဘဲ လမ်းပြခေါ်ဆောင်သွားသည်။
ကျောက်ဖုန်းက ဓားကို ကောက်ယူပြီး နန်းတွင်းအပျိုတော်နောက်မှလိုက်၍ နန်းတော်အပြင်ဘက်သို့ ထွက်ခွာလာခဲ့သည်။
သူတို့ အပြင်ထွက်လာချိန်တွင် ကျောက်ကောင်းက အဆင်သင့် စောင့်ဆိုင်းနေသည်။
" စစ်သေနာပတိချုပ် နိုးလာပြီပဲ။ " ကျောက်ကောင်းက လေးစားစွာဖြင့် ပြောလိုက်သည်။
" အင်း " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ " အရှင်မင်းကြီး မနိုးသေးဘူးလား။ "
" အရှင်မင်းကြီးက အနားယူနေတုန်းပါပဲ။ သူက မွန်းတည့်ချိန်လောက်မှ နိုးလာလောက်ပါတယ်။ " ကျောက်ကောင်းက ပြုံး၍ ပြောလိုက်သည်။ " အရှင်မင်းကြီး ဒီလောက်ထိ မူးတာ တစ်ခါမှမတွေ့ဖူးဘူး။ မနေ့ညက စစ်သေနာပတိချုပ်နဲ့ သောက်ခဲ့တဲ့အချိန်က တကယ်မကြုံစဖူးပါပဲ။ "
" ဝန်ကြီးကျောက် အရှင်မင်းကြီးကို ဂရုစိုက်ပေးပါဦး။ ကျုပ်ကို ခွင့်ပြုပါဦး။ " ကျောက်ဖုန်းက ကျောက်ကောင်းနှင့် ဆက်လက်စကားမပြောချင်တော့သဖြင့် ပြောလိုက်သည်။
" ဒီအစေခံက စစ်သေနာပတိချုပ်ကို အပြင်ဘက်အထိ လိုက်ပို့ပေးပါမယ်။ " ကျောက်ကောင်းက လမ်းပြနေသော အစေခံကို ပြန်ခိုင်းလိုက်သည်။
" ဒီမိန်းမစိုးမှာ အကြံအစည်တစ်ခု ရှိနေတာပဲ။ " ကျောက်ကောင်း၏ အမူအရာကို မြင်သောအခါ ကျောက်ဖုန်းက သူ၏ ရည်ရွယ်ချက်ကို ချက်ချင်း ရိပ်မိလိုက်သည်။
" ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက ခံစားချက်မပါဘဲ ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ဒီကျောက်ကောင်း ဘာလုပ်မလဲ ငါကြည့်ချင်သေးတယ်။ "
လမ်းခရီးတစ်လျှောက် တိတ်ဆိတ်နေသော်လည်း နန်းတွင်းအပျိုတော်အဆောင်များသို့ ကျော်လွန်လာသောအခါ ထင်ထားသည့်အတိုင်း ကျောက်ကောင်းက စကားစလာသည်။
" ဆယ့်ရှစ်ယောက်မြောက်မင်းသားက စစ်သေနာပတိချုပ်ရဲ့ ကျော်ကြားမှုကို လေးစားနေတာ ကြာပါပြီ။ သူက စစ်သေနာပတိချုပ်ကို အမြဲတမ်း တွေ့ချင်နေခဲ့တာ။ ပြီးတော့ မင်းသားက မြားပစ်တာနဲ့ မြင်းစီးတာကိုလည်း နှစ်သက်ပါတယ်။ စစ်သေနာပတိချုပ် ဘယ်တော့လောက်အားမလဲ။ မင်းသားကို လမ်းညွှန်မှုအချို့ ပေးနိုင်မလား သိချင်ပါတယ်။ " ကျောက်ကောင်းက ပြုံး၍ မေးလိုက်သည်။
" ဆယ့်ရှစ်ယောက်မြောက် မင်းသား ဟူဟိုက်။ ကျောက်ကောင်းက ဟူဟိုက်နဲ့ ပေါင်းနေတာပေါ့။ တကယ်တူရာလူစုနေတာပဲ။ " ကျောက်ဖုန်းက စိတ်ထဲမှ လှောင်ပြုံးပြုံးလိုက်သည်။
" ကျုပ်ရဲ့ မြားပစ်ပညာနဲ့ မြင်းစီးပညာတွေက စစ်မြေပြင်မှာ သင်ယူခဲ့တာပဲ။ အဲ့ဒါတွေက ရန်သူကို သတ်ဖြတ်ဖို့နဲ့ စစ်နိုင်ဖို့ နည်းလမ်းတွေပဲ။ အဲ့ဒါတွေက ရက်စက်လွန်းပါတယ်။ ဆယ့်ရှစ်ယောက်မြောက်မင်းသားက ဘယ်သူလဲမသိပေမယ့် အရှင်မင်းကြီးရဲ့ သားတော်တစ်ယောက်အနေနဲ့ နန်းတော်ထဲက ပညာရှင်တွေဆီမှာပဲ သင်ယူသင့်ပါတယ်။ ကျုပ်ကတော့ ဒီကိစ္စတွေထဲ မပါဝင်ချင်ပါဘူး။ "
" စစ်သေနာပတိချုပ်က စစ်မြေပြင်ရဲ့ သတ်ဖြတ်မှုတွေကြားက ထွက်ပေါ်လာတာ အမှန်ပါပဲ။ ဒီအစေခံက ပေါ့ဆမိသွားတယ်။ " ကျောက်ကောင်းက ပြုံး၍ ပြောလိုက်သည်။ " ဒါပေမယ့် မင်းသားက စစ်သေနာပတိချုပ်နဲ့ တွေ့ဆုံဖို့ မျှော်လင့်နေပါတယ်။ "
" တကယ်လို့ အရှင်မင်းကြီးသာ ခွင့်ပြုရင် အချိန်မရွေးပါပဲ။ "
ထိုစကားတစ်ခွန်းက ကျောက်ကောင်းပြောနိုင်သမျှ အရာအားလုံးကို ပိတ်ပစ်ခဲ့သည်။ ကျောက်ဖုန်းက ချင်ဘုရင် အမိန့်တော်ထုတ်ပြန်မှသာ ဟူဟိုက်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြလိုက်ခြင်းဖြစ်သည်။
ကျောက်ကောင်းက ပါးနပ်သူဖြစ်သောကြောင့် ကျောက်ဖုန်း၏ ငြင်းပယ်မှုကို မသိဘဲ မနေပေ။
" ငါ ဒီကျောက်ဖုန်းကို လျှော့တွက်မိသွားတယ်။ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ အာဏာရလာတဲ့ဆိုတော့ ငါက မင်းသားကိုယ်စား ချဉ်းကပ်လိုက်ရင် စည်းရုံးရလွယ်ကူလိမ့်မယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့် သူ့ရဲ့ စိတ်ဓာတ်က ဝမ်ကျန့်လိုပဲ နိုင်ငံရေးကစားကွက်တွေကို လုံးဝစိတ်မဝင်စားဘူး။ သူ့ကို စည်းရုံးဖို့က မလွယ်ဘူး။ "
ကျောက်ဖုန်း၏ ငြင်းပယ်မှုကို ခံရပြီးနောက် ကျောက်ကောင်းက ထိုကိစ္စကို ဆက်ပြီး တွန်းအားမပေးတော့ပေ။ အကယ်၍ သူသာ ဆက်လုပ်နေလျှင် ဟူဟိုက်အတွက် ကောင်းမွန်သော ပက်သက်မှုတစ်ခု တည်ဆောက်နိုင်မည်မဟုတ်ဘဲ ကျောက်ဖုန်း၏ မုန်းတီးမှုကိုသာ ခံရမည်ဖြစ်သည်။
နန်းတော်၏ အပြင်ဘက်တွင် ကျန်းမင်က ကိုယ်ရံတော်များ အနည်းငယ်နှင့် စောင့်ဆိုင်းနေသည်။
" အရှင်ထွက်လာပြီ။ " ကျောက်ဖုန်း နန်းတော်တံခါးမှ ထွက်လာသောအခါ ကျန်မင်က ပြုံးလိုက်သည်။
" မင်းတို့က ဘာလို့ဒီမှာရှိနေတာလဲ။ " ကျောက်ဖုန်းက သူတို့ကို မြင်လိုက်ရသဖြင့် အံ့ဩသွားသည်။
" အရှင် ကျွန်တော်တို့က မနက်ကတည်းက ဒီမှာစောင့်နေတာပါ။ " ကျန်းမင်က ပြုံး၍ ပြောလိုက်သည်။
" အခြားသူတွေ ဘယ်မှာလဲ။ " ကျောက်ဖုန်းက ကိုယ်ရံတော်ငါးရာကို ခေါ်ဆောင်လာခဲ့ရာ ယခု သူ၏ ရှေ့တွင် လူအနည်းငယ်သာ ရှိသည်။
" သူတို့ ဝမ်စံအိမ်မှာ ရှိနေပါတယ်။ " ကျန်းမင်က ချက်ချင်း ပြန်ဖြေလိုက်သည်။ " ကျွန်တော်တို့ အပြင်မထွက်ခင် စစ်သေနာပတိချုပ် ဝမ်ကျန့်က သိပ်ထင်ထင်ရှားရှားမဖြစ်အောင် ညွှန်ကြားထားလို့ ကျွန်တော်က လူနည်းနည်းပဲ ခေါ်ပြီး အရှင်ကို လာစောင့်နေတာပါ။ "
" ငါ့ကို စံအိမ်ကို ခေါ်သွားပါ။ " ကျောက်ဖုန်းက စိတ်အားထက်သန်စွာ ပြောလိုက်သည်။ သူက သူ၏ ဝမ်ယန်နှင့် ကလေးများကို တွေ့ချင်နေပြီဖြစ်သည်။
" စစ်သေနာပတိချုပ် လမ်းခရီးမှာ ဂရုစိုက်ပါ။ " ကျောက်ကောင်းက ဦးညွှတ်ပြီး ပြောလိုက်သည်။
" ဝန်ကြီးကျောက် ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " အရှင်မင်းကြီး နိုးလာတဲ့အခါ ကျုပ်က နှုတ်ဆက်သွားတဲ့အကြောင်း ပြောပေးပါဦး။ "
ထို့နောက် သူက မြင်းပေါ်သို့ တက်ပြီး ကိုယ်ရံတော်များနှင့်အတူ ထွက်ခွာသွားသည်။
လမ်းတစ်လျှောက်တွင် သူတို့က သာမန်ပြည်သူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည်။
" အဲ့ဒါ စစ်သူကြီးကျောက်ဖုန်းပဲ။ "
" ဒီနေ့ စစ်သူကြီးကျောက်ကို တွေ့ရတာ တကယ်မယုံနိုင်စရာပဲ။ "
" ဟေ့ မင်းတို့ ကြားပြီးပြီလား မနေ့က အရှင်မင်းကြီးက စစ်သူကြီးကျောက်ကို စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်လိုက်တယ်။ သူက ငါတို့ချင်ရဲ့ စတုတ္ထမြောက် စစ်သေနာပတိချုပ်ပဲ။ "
" အဲ့ဒါတကယ်လား။ စစ်သူကြီးကျောက်က စစ်သေနာပတိချုပ် ဖြစ်သွားပြီပေါ့။ "
" အသက်နှစ်ဆယ်အရွယ် စစ်သေနာပတိချုပ်လား။ "
" အရှင်မင်းကြီးက သူ့ကို စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်ရတဲ့ အကြောင်းရင်းက သူရဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေကြောင့်သာမကဘဲ စစ်သည်တွေကို စိတ်ခွန်အားပေးချင်လို့လည်း ပါတယ်။ "
" ဒီနေ့ခေတ် ချင်က နှစ်ပေါင်းတစ်ရာအတွင်းမှာ အားအကောင်းဆုံးနဲ့ တရားအမျှတဆုံးဖြစ်နေပါပြီ။ "
ကျောက်ဖုန်းကို ကြည့်ရင် သာမန်ပြည်သူများက အမျိုးမျိုး ဆွေးနွေးနေကြသည်။ ချင်နိုင်ငံ၏ မြို့တော်ဖြစ်သည့်အတွက် နန်းတွင်းသတင်းများက ထိုနေရာတွင် အမြန်ဆုံး ပျံ့နှံ့လေ့ရှိသည်။ ဝန်ကြီးများ၏ အစေခံများက အပြင်ထွက်ချိန်တွင် ကြွားလုံးထုတ်ခြင်း သို့မဟုတ် ဆွေမျိုးများကို ပြောပြခြင်းတို့မှတစ်ဆင့် သတင်းအချက်အလက်များ ပေါက်ကြားခြင်းမှ အံ့ဩစရာမရှိပေ။
" အရှင် ကျွန်တော်တို့ ရောက်ပါပြီ။ " ကျန်းမင်က မြင်းပေါ်မှ ဆင်းပြီး ကျောက်ဖုန်း၏ မြင်းဇက်ကြိုးကို ကိုင်ထားလိုက်သည်။
ထိုစံအိမ်က နန်းတော်နှင့် လမ်းတစ်လမ်းစာပင် မဝေးသော နေရာတွင် တည်ရှိပြီး လျင်နိုင်ငံ၏ အဆင့်မြင့်ဝန်ကြီးတစ်ယောက်သာ ပိုင်ဆိုင်နိုင်သော သင်္ကေတတစ်ခု ဖြစ်သည်။
ထိုအချိန်တွင် စံအိမ်ထဲမှ အစေခံများက အမြန်ထွက်လာပြီး သူ့ကို နှုတ်ဆက်လိုက်ကြသည်။
" ငါ့ရဲ့ ယောက္ခမ ဘယ်မှာလဲ။ ပြီးတော့ဝမ်ယန်ရော။ " ကျောက်ဖုန်းက မေးလိုက်သည်။
" သမက်လေး သခင်ကြီးနဲ့ အခြားသူတွေက အထဲမှာ စောင့်နေကြပါတယ်။ " အိမ်တော်ထိန်းတစ်ယောက်က လေးစားစွာဖြင့် ပြောလိုက်သည်။ " သခင်မလေးကတော့ သခင်လေးနဲ့ သခင်မလေးကို ဂရုစိုက်ပေးနေတုန်းပါပဲ။ "
" ကောင်းပြီ။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး စံအိမ်ထဲသို့ ဝင်ရောက်သွားသည်။ သူက ရှန်းယန်သို့ ပထမဆုံး ရောက်ဖူးခြင်းဖြစ်သည့်အပြင် သူ၏ ယောက္ခမအိမ်သို့ ပထမဆုံးလာလည်ဖူးခြင်းဖြစ်သည်။
သူက ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် ဝမ်ကျန့်နှင့် သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ၏ ယောက်ဖဖြစ်သူ ဝမ်ပင်းကလည်း ထိုနေရာတွင် ရှိနေသည်။ နောက်ဆုံး သူ့ကို ပထမဆုံးအထိအတွေ့ကို ပေးခဲ့ပြီး သူ့အတွက် ကလေးနှစ်ယောက်မွေးဖွားပေးခဲ့သော ဝမ်ယန်လည်း ရှိနေသည်။ ဝမ်မိသားစုတစ်ခုလုံးက သူ့ကို ထွက်၍ ကြိုဆိုနေကြခြင်းဖြစ်သည်။
" ကျောက်ဖုန်း " ဝမ်ယန်၏ ခံစားချက်များက အလွန်ရှုပ်ထွေးနေသည်။ သူက စိုးရိမ်မှု၊ မသက်မသာဖြစ်မှုတို့ကို ခံစားနေရပြီး သူ့ကို မည်သို့ရင်ဆိုင်ရမည်ကို မသေချာဘဲ ဖြစ်နေသည်။
ကျောက်ဖုန်းက သူမ၏ အမူအရာကို သတိထားမိလိုက်သည်။ သူက ပြုံး၍ လမ်းလျှောက်သွားပြီး သူ့မကို ရင်ခွဲထဲသို့ ဆွဲသွင်းလိုက်သည်။
" ယန်အာ..." သူက နူးညံ့စွာ ပြောလိုက်သည်။ " ပြီးခဲ့တဲ့နှစ်တွေမှာ မင်းအရမ်းပင်ပန်းခဲ့မှာပဲ။ "
" အကို..." ဝမ်ယန်က သူမ၏ ခေါင်းကို သူ၏ ရင်ခွင်ထဲတွင် မြှုပ်ထားလိုက်သည်။ သူ၏ စကားများကို နားထောင်ပြီးနောက် သူမ၏နှလုံးသားထဲမှ စိုးရိမ်မှုများ မရှိတော့ပေ။ " သူ့နှလုံးသားထဲမှာ ငါရှိနေတာပဲ။ အဲ့ဒါနဲ့တင် လုံလောက်ပါပြီ။ "