← Chapters

အခန်း (၂၅၃)

Vol. 26 Ch. 253

အခန်း (၂၅၃)

Vol. 26 Ch. 253

အခန်း (၂၅၃)

" အဖေလား။ " ဝမ်ယန်၏ ဘေးမှ ကောင်လေးက ကျောက်ဖုန်းကို မော့ကြည့်ရင်း မေးလိုက်သည်။ သူ၏ ဘေးမှ ကောင်မလေးကလည်း စူးစမ်းလိုစိတ်နှင့် ကြည့်နေသည်။

သူကိုသူ အဖေဟု ခေါ်သံကို ကြားလိုက်ရသောအခါ ကျောက်ဖုန်းက သူ၏ စိတ်ဝိညာဉ် တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူက ဝမ်ယန်ကို လွှတ်ပြီး ထိုင်ကာ သူ၏ ကလေးနှစ်ယောက်ကို သူ၏ ရင်ခွင်ထဲသို့ ပွေ့ဖက်လိုက်သည်။

" ဟုတ်တယ်။ ငါက မင်းတို့ အဖေပဲ။ " ကျောက်ဖုန်း၏ အကြည့်များက နူးညံ့နေပြီး မေတ္တာများဖြင့် ပြည့်နှက်နေသည်။

" အဖေ " ကလေးနှစ်ယောက်က ချက်ချင်း အော်ဟစ်ပြီး ကျောက်ဖုန်းကို ပြန်ဖက်လိုက်ကြသည်။ ကျောက်ဖုန်းက အိမ်တွင် မရှိခဲ့သော်လည်း သူတို့၏ ဖေဖေက မည်မျှအံ့ဩစရာကောင်းကြောင်း သူတို့အတွက် တိုက်ပွဲဝင်နေကြောင်း ဝမ်ယန်က အမြဲပြောပြလေ့ရှိသည်။

" ဘယ်သူက တပေါင် ဘယ်သူက အာပေါင်လဲ။ " ကျောက်ဖုန်းက ကလေးနှစ်ယောက်ကို ပွေ့ချီပြီး ရယ်မောလျက် မေးလိုက်သည်။

" သားက အကိုပါ။ " ကောင်လေးက ပြန်ဖြေလိုက်သည်။

" သမီးက ညီမလေးပါ။ " ကောင်မလေးကလည်း ပြောလိုက်သည်။

" ကျောက်ဖုန်း " ဝမ်ကျန့်က ရယ်မောလိုက်သည်။ " ငါတို့က မင်းပြန်လာမှ သူတို့ကို နာမည်ပေးဖို့ စောင့်နေတာ။ အစက ငါကိုယ်တိုင်ပေးမလို့ပဲ။ ယန်အာက ဇတ်ပြောနေတာနဲ့ မင်းကို စောင့်နေတာပဲ။ "

ကျောက်ဖုန်းက ဝမ်ယန်ကို ပြုံးပြလိုက်ပြီး ပြောက်လိုက်သည်။ " ကျွန်တော် သူတို့အတွက် နာမည်တွေ စဉ်းစားပြီးသားပါ။ ကျွန်တော်ကလေးတွေကို ကျွန်တော်ကိုယ်တိုင် နာမည်ပေးတာ အကောင်းဆုံးပဲ။ သားကို ကျောက်ချီလို့ နာမည်ပေးမယ်။ သမီးကိုတော့ ကျောက်လင်းလို့ ပေးမယ်။ "

" တကယ်နာမည်ကောင်းတွေပဲ။ မှတ်မိရလွယ်ပြီး နက်ရှိုင်းတဲ့ အဓိပ္ပါယ်တွေ ပါဝင်နေတယ်။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" သား အခုကစပြီး မင်းနာမည်က ကျောက်ချီပဲ။ သမီးနာမည်ကတော့ ကျောက်လင်း။ " ကျောက်ဖုန်းက သူ၏ ကလေးများကို ကြင်နာစွာ ကြည့်ပြီး ပြောလိုက်သည်။ " ဒါက အဖေပေးနဲ့ နာမည်တွေပဲ။ မင်းတို့ ကြိုက်ကြရဲ့လား။ "

" ကြိုက်ပါတယ်။ " ကလေးများက နှစ်နှစ်ပင် မပြည့်သေးဘဲ နာမည်တစ်ခု၏ အဓိပ္ပါယ်ကို နားမလည်ကြသေးသော်လည်း နွေးထွေးပြီး ကြင်နာတတ်သော သူတို့အဖေကို တွေ့ရသဖြင့် အလွန်ပျော်ရွှင်နေကြသည်။

" ယောက်ဖ " ဝမ်ပင်းက လျှောက်လာပြီး ကျောက်ဖုန်း၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ " ဒီတစ်ခါတော့ ဘာပဲဖြစ်ဖြစ် မင်း ငါ့ရဲ့ မင်္ဂလာပွဲမှာ နေပေးရမယ်။ မဟုတ်ရင် မင်းကို ယန်အာနဲ့ မပေးစားဘူးနော်။ "

" စိတ်မပူနဲ့ ယောက်ဖ။ ငါက မင်းရဲ့ မင်းရဲ့ မင်္ဂလာပွဲတင်မကဘူး ဖုစုရဲ့ မင်္ဂလာပွဲကိုလည်း တက်ရဦးမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ပြီးတော့ ယန်အာကို အခမ်းနားဆုံး မင်္ဂလာပွဲကျင်းပပေးမယ်လို့ ကျွန်တော် ကတိပေးခဲ့တယ်။ တကယ်လို့ အရှင်မင်းကြီးသာ မတက်ရောက်ရင် အဲ့ဒါက ဘယ်လိုလုပ် အခမ်းနားဆုံး မင်္ဂလာပွဲလို့ ခေါ်နိုင်မှာလဲ။ "

" အရှင်မင်းကြီးက မင်းရဲ့ မင်္ဂလာပွဲကို တက်ဖို့ ရှချူးခရိုင်ကို သွားမှာလား။ " ဝမ်ကျန့်က အံ့အားသင့်သွားသည်။

" ယောက္ခမကြီး အရှင်မင်းကြီးက နိုင်ငံရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာ ရှချူးကို သွားနိုင်မှာမဟုတ်ဘူး။ " ကျောက်ဖုန်းက ရှင်းပြလိုက်သည်။ " ဒါကြောင့် ကျွန်တော်က ရှန်းယန်မှာ မင်္ဂလာပွဲတစ်ခု ကျင်းပပြီး ကျွန်တော်ရဲ့ ဇာတ်မှာလည်း တစ်ခုထပ်လုပ်ဖို့ စီစဉ်ထားပါတယ်။ တစ်ခုက ယန်အာအတွက် တစ်ခုက အမေနဲ့ ညီမလေးအတွက်ပေါ့။ "

" အဲ့ဒါကောင်းတာပေါ့။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " အရှင်မင်းကြီးက မင်းကို စံအိမ်တစ်ခု ပေးထားသေးတာပဲ။ "

" ညီမလေး နင်က တကယ်ကို လူရွေးတော်တာပဲ။ ငါတို့ ချင်ရဲ့ အငယ်ဆုံး စစ်သေနာပတိချုပ်ကို အမိဖမ်းနိုင်ခဲ့တယ်။ " ဝမ်ပင်းက ဝမ်ယန်ကို စနောက်လိုက်သည်။

ဝမ်ယန်က ရှက်ရွံ့သွားသည်။ သူမကိုယ်တိုင်စတင်ခဲ့သူဖြစ်သော်လည်း ကျောက်ဖုန်း၏ ကျွမ်းကျင်စွာ ပြန်လည်တုန့်ပြန်မှုကိုသာ ခံခဲ့ရသည်။ ထိုညတွင် ဝမ်ယန်က တကယ်ယောကျာ်းကောင်းဆိုသည်မှာ မည်သို့ဖြစ်သည်ကို သိခဲ့ရသည်။

" အရှင်မင်းကြီးက မင်းရဲ့ မင်္ဂလာပွဲကို တက်ရောက်မယ်လို့ ပြောခဲ့တာလား။ " ဝမ်ကျန့်က မေးလိုက်သည်။

" သူတက်ရောက်ပါလိမ့်မယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

" မင်းက တကယ်အရှိန်အဝါကြီးတာပဲ။ " ဝမ်ကျန့်က ရယ်မောလိုက်သည်။

" ယောက်ဖ မင်းနဲ့ အရှင်မင်းကြီး တစ်ညလုံး ဘာတွေများ ဆွေးနွေးခဲ့ကြတာပဲ။ ပြီးတော့ နှစ်ယောက်လုံး မူးသွားကြတယ်လို့ ငါကြားတယ်။ " ဝမ်ပင်းက မေးလိုက်သည်။

" ဟုတ်တယ်။ ဒါပေမယ့် ကြီးကြီးမားမားတော့ ဘာမှမဆွေးနွေးခဲ့ပါဘူး။ ပြီးတော့ ပြောခဲ့တဲ့အရာတွေကိုလည်း ပြန်ပြောပြလို့မရဘူး။ " ကျောက်ဖုန်းက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

" ပင်းအာ မမေးသင့်တာကို မမေးနဲ့။ အများကြီးသိနေတာ မင်းအတွက် မကောင်းဘူး။ " ဝမ်ကျန့်က ဆူပူလိုက်သည်။

ထိုအချိန်တွင် အသက်ခုနှစ်နှစ် ရှစ်နှစ်အရွယ် ကောင်ဘေးတစ်ယောက်က ကျောက်ဖုန်းဆီသို့ လျှောက်လာပြီး ဦးညွှတ်လိုက်သည်။

" ဦးလေး ကျွန်တော်နာမည်က ဝမ်လီပါ။ ဦးလေးရဲ့ တိုက်ခိုက်မှုတွေက အံ့ဏစရာကောင်းတယ်လို့ ကြားဖူးတယ်။ နောက်ကျရင် ကျွန်တော်ကို သင်ပေးရမယ်နော်။ "

" ကောင်းပြီ။ နောက်ကျရင် ဦးလေး သင်ပေးပါမယ်။ " ကျောက်ဖုန်းက ဝမ်လီကို ကြည့်ပြီး ပြုံးလိုက်သည်။

သမိုင်းတွင် ထိုဝမ်လီက ဝမ်မိသားစု၏ နောက်ဆုံး စစ်သူကြီးဖြစ်ပြီး ချင်ခေတ်ကုန်ဆုံးချိန်တွင် မိသားစု၏ ဇာတ်သိမ်းခန်းကို မြင်တွေ့ခဲ့ရသူဖြစ်သည်။ သူက များပြားလှသော စစ်တပ်များ၏ ချေမှုန်းခြင်းကို ခံခဲ့ရသော်လည်း ဝမ်မိသားစု၏ သစ္စာရှိမှုကို ပြသခဲ့သည်။

" ဒါပေမယ့် အခု ငါရှိနေတဲ့အတွက် ချင်ခေတ်ကုန်ဆုံးချိန်မှာ ဝမ်မိသားစုရဲ့ မျိုးဆက် ဆက်လက်ရှင်သန်နိုင်အောင် ငါလုပ်ပေးရမယ်။ "

" မင်္ဂလာရက်ကို ဘယ်တော့သတ်မှတ်ထားလဲ။ " ဝမ်ကျန့်က မေးလိုက်သည်။

" ယောက်ဖနဲ့ ဖုစုတို့ရဲ့ မင်္ဂလာပွဲပြီးမှ ကျွန်တော်မင်္ဂလာပွဲကို ကျင်းပမယ်။ ဘာပဲဖြစ်ဖြစ် သူတို့ မင်္ဂလာပွဲက ဒီလထဲမှာ သတ်မှတ်ထာတာပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ဒါဆိုရင် ဒီအတောအတွင်း မင်းက ငါ့စံအိမ်မှာပဲနေမလား။ ဒါမှမဟုတ် မင်းအိမ်ကို ပြန်မှာလား။ "

" ကျွန်တော်အိမ်ကို သွားလိုက်ဦးမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ညီမလည်း အကိုနဲ့ လိုက်ခဲ့မယ်။ " ဝမ်ယန်က နူးညံ့စွာ ပြောလိုက်သည်။

" ညီမလေး နင်က တရားဝင်လက်ထပ်ရသေးတာမဟုတ်ဘူးနော်။ " ဝမ်ပင်းက ရယ်မောလိုက်သည်။

" ချီအာနဲ့ လင်းအာက ခုမှ သူတို့အဖေနဲ့ တွေ့ရတာလေ။ ဒါကြောင့် သူတို့အဖေနဲ့ အချိန်ပိုပေးသင့်တာပေါ့။ " ဝမ်ယန်က ရှင်းပြလိုက်သည်။

" အင်း သွားကြ။ " ဝမ်ကျန့်က ပြောလိုက်သည်။ " ငါ့သမီးကို အရှင်မင်းကြီးက လက်ထပ်ခွင့်ပေးထားတာ ရှန်းယန်တစ်ခုလုံး သိနေတာပဲ။ ကျောက်ဖုန်းက မင်္ဂလာပွဲကျင်းပပေးဖို့ပဲ ကျန်တော့တာ။ "

" အော် ဟုတ်သားပဲ။ " ကျောက်ဖုန်းက လက်ခုပ်တီးပြီး ပြောလိုက်သည်။ " ယောက္ခမ(အမေ) ဒါက ကျွန်တော် ပထမဆုံး လာလည်တာဆိုတော့ ဘာယူလာရမှန်းမသိဘူး။ ဒါကြောင့် အရှင်မင်းကြီး ချီးမြှင့်ထားတဲ့ ပိုးထည်လိပ်နဲ့ ကျောက်စိမ်းအချို့ကို ယူလာခဲ့တယ်။ "

သူ၏ ကိုယ်ရံတော်များက သေတ္တာများ သယ်ဆောင်လာကြပြီး တစ်ချက်ကြည့်လိုက်ရုံနှင့် နန်းတွင်းမှ လက်ဆောင်များဖြစ်ကြောင်း သိနိုင်သည်။

" မင်းက အရမ်းသိတတ်တာပဲ။ " ဝမ်ကတော်က ပြုံး၍ ပြောလိုက်သည်။ "ဒီစံအိမ်မှာ ငါတို့လိုအပ်တာတွေ အကုန်ရှိပါတယ်။ "

" ဒါက သမက်ဖြစ်သူဆီက လက်ဆောင်ပါ။ ယောက္ခမ လက်ခံရပါမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" လက်ခံလိုက်ပါ။ " ဝမ်ကျန့်က ရယ်မောလိုက်သည်။ " ဒါကို ယန်အာနဲ့ လက်ထပ်ဖို့ စေ့စပ်လက်ဆောင်အဖြစ် သတ်မှတ်လိုက်မယ်။ "

" ယောက္ခမကြီး ဒါက စေ့စပ်လက်ဆောင်မဟုတ်ပါဘူး။ စေ့စပ်လက်ဆောင်က ကျွန်တော်ကိုယ်တိုင် ပြင်ဆင်မှာပါ။ ယောက္ခမကြီး စောင့်ပေးပါဦး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" မင်း မနက်စာစားပြီးပြီလား။ " ဝမ်ကျန့်က မေးလိုက်သည်။

" ကလေးတွေကို တွေ့ဖို့ ချက်ချင်း ပြန်လာရတာဆုတော့ နန်းတော်က မစားခဲ့ဘူး။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။

" အိမ်တော်ထိန်း အစားအသောက်တွေ မြန်မြန် ပြင်ဆင်ခိုင်းလိုက်။ " ဝမ်ကျန့်က အော်ပြောလိုက်သည်။

" ဟုတ်ကဲ့ပါ သခင်ကြီး။ " အိမ်တော်ထိန်းက ချက်ချင်း ပြန်ပြောလိုက်သည်။

ခန်းမအတွင်း မိသားစုတစ်ခုလုံး ရှိနေကြသည်။ ဝမ်ကျန့်၏ ဇနီးရှိနေသော်လည်း သူ၏ ကိုယ်လုပ်တော်များက ထွက်ပေါ်လာရန် အခွင့်အရေး မရှိကြပေ။ ဤခေတ်ကာလတွင် ကိုယ်လုပ်တော်များက အဆင့်အတန်းမရှိဘဲ တရားဝင်ဇနီးများတွင်သာ အဆင့်အတန်းရှိသည်။

နောက်ပိုင်းခေတ်များတွင် နန်းတွင်းအရှုပ်တော်ပုံ ဇာတ်လမ်းတွဲများက ဟာသများသာ ဖြစ်သည်။ ကိုယ်လုပ်တော်များက တရားဝင်ဇနီးနှင့် ယှဉ်ပြိုင်ခြင်း၊ မိဖုရားကြီးရာထူးကို လုယူရန် ကြိုသစားခြင်းဟူသော စိတ်ကူးများက လုံးဝ မဖြစ်နိုင်သောအရာဖြစ်သည်။

" ယောက်ဖ အဲ့ဒီလီယန်မင်းသမီးအကြောင်း တစ်ခုခုသိလား။ " ကျောက်ဖုန်းက စားသောက်နေရင်း မေးလိုက်သည်။

" မင်းသမီးက နန်းတော်ထဲမှာ နေတာလေ။ ငါသူ့အကြောင်း ဘယ်လိုလုပ်သိမလဲ။ " ဝမ်ပင်းက ပြောလိုက်သည်။ " ကွယ်လွန်သူ အရှင်ချန်အန်းရဲ့ သမီးဖြစ်ပြီးတော့ အရှင်မင်းကြီးက မွေးထားထားပြီး မျက်နှာသာပေးခံရတယ်လို့တော့ ကြားဖူးတာပဲ။ "

" သူမက ဟိုလီယန်မင်းသမီးနဲ့ တစ်ယောက်တည်း မဖြစ်ဖို့ မျှော်လင့်ရမှာပဲ။ မဟုတ်ရင် ငါ့ရဲ့ ယောက်ဖတော့ ဖောက်ပြန်ခံရတော့မှာပဲ။ "

သူမှတ်မိသော လီယန်မင်းသမီးက ကောင်းကျန်းလီနှင့် ဖောက်ပြန်ခဲ့ပြီး နောက်ဆုံးတွင် ဝမ်ပင်းက သူမကို သတ်ခဲ့သော်လည်း ထိုဖြစ်ရပ်က ဝမ်မိသားစုကို အရှက်ရစေခဲ့သည်။

" အရှင်မင်းကြီးက ငါတို့မိသားစုကို မင်းသမီးတစ်ပါး ချီးမြှင့်တာက သူ့ရဲ့ မျက်နှာသာပေးမှုကို ပြနေတာပဲ။ ဘာပဲဖြစ်ဖြစ် ငါတို့မိသားစုက သူမကို လေးစားမှုနဲ့ ဆက်ဆံရမယ်။ " ဝမ်ကျန့်က ပြောလိုက်သည်။

" ယောက္ခမကြီး မနေ့ညက ကျွန်တော် အရှင်မင်းကြီးနဲ့ စကားပြောဖြစ်ခဲ့တယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " သူက ပွင့်ပွင့်လင်းလင်း မပြောခဲ့ပေမယ့် သူက နန်းတွင်းကိစ္စတွေကို အလွန်နှံ့စပ်တဲ့သူပဲ။ ဖုစုနဲ့ ဝမ်မိသားစု လက်ထပ်ထိမ်းမြားဖို့ ဝန်ကြီးတွေ အဆိုပြုတာနဲ့ ပက်သက်ပြီး သူက အစကတည်းက အားလုံးကို သိနေတယ်။ "

" အရှင်မင်းကြီးက အမြော်အမြင်ရှိတဲ့သူပဲ။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " သူက မင်းသားဖုစုကို ဘယ်လောက်ပဲ မျက်နှာသာပေးပေး အခုအချိန်မှာ စစ်အာဏာကို ပေးမှာမဟုတ်ဘူး။ အဲ့ဒါကို ငါအစကတည်းက နားလည်ပြီးသားပါ။ "

All Chapters