← Chapters

အခန်း (၂၅၄)

Vol. 26 Ch. 254

အခန်း (၂၅၄)

Vol. 26 Ch. 254

အခန်း (၂၅၄)

" မနေ့က ပိုင်မိသားစုရဲ့ စွပ်စွဲမှုအပေါ် ယောက္ခမ ဘယ်လိုမြင်လဲ။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။

" ပိုင်မိသားစုလား။ " ဝမ်ကျန့်က စဉ်းစားလိုက်သည်။ " သူတို့က မင်းသားဖုစုနဲ့ မင်းသားဖုစုနဲ့ ပက်သက်မှုနည်းနည်းရှိပြီး အဲ့ဒီအုပ်စုရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ "

" ဝမ်ဝမ်က သူ ပိုင်မိသားစုနဲ့ ပက်သက်နေတာကို ဘယ်သူမှမသိဘူးထင်နေတာ။ မနေ့က စွပ်စွဲမှုက သူ့လက်ချက်ဖြစ်ရမယ်။ မင်းကို ဖိနှိပ်လို့မရဘူးဆိုတာ သူသိနေတယ်။ ဒါကြောင့် ပိုင်မိသားစုရဲ့ စွပ်စွဲပြစ်တင်မှုကို သုံးပြီး မင်းရဲ့ မျက်နှာသာပေးမှုကို ရယူဖို့ မျှော်လင့်နေတာဖြစ်နိုင်တယ်။ သူက မင်းအတွက် အသနားခံပေးရင် မင်းနဲ့ ဆက်ဆံရေးကောင်းတည်ဆောက်နိုင်တယ်လေ။ "

" ယောက္ခမက စစ်သေနာပတိချုပ်ဆိုပေမယ့် နန်းတွင်းအပေါ် နားလည်မှုက အဲ့ဒီအရပ်ဘက်အရာရှိတွေထက် မနိမ့်ကျပါဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " ဝမ်ဝမ် ပက်သက်နေတာ ကျွန်တော်သိတယ်။ ဒါကြောင့် မနေ့ညက အရှင်မင်းကြီးရှေ့မှာ ထောင်ချောက်တစ်ခု ဆင်ခဲ့တယ်။ "

" သူတို့အတွက် ထောင်ချောက်တစ်ခု င်ခဲ့တယ်ဟုတ်လား။ ဘယ်လိုမျိုးလဲ။ " ဝမ်ကျန့်က စိတ်ဝင်တစာ မေးလိုက်သည်။

" ဝမ်မိသားစုကို လက်ထပ်ဖို့ တွန်းအားပေးတာကနေ ချွန်းယွီယွဲ့က ခြိမ်းခြောက်ဖို့ လူလွှတ်တာအထိ ကျွန်တော် အရှင်မင်းကြီးကို အကုန်ပြောပြခဲ့တယ်။ " ကျောက်ဖုန်းက အေးက်စွာ ပြောလိုက်သည်။ " သူတို့ရဲ့ ရည်ရွယ်ချက်က ဝမ်မိသားစုနဲ့ လက်ထပ်ပြီး စစ်အာဏာကို ရယူဖို့ပဲ။ ပြီးတော့ ချင်ရဲ့ စစ်သူကြီးတစ်ယောက်ကို ခြိမ်းခြောက်ဖို့ လူတောင်လွှတ်လိုက်သေးတယ်။ အဲ့ဒါက သူတို့ကို ခဏလောက် အလုပ်ရှုပ်သွားစေဖို့ လုံလောက်မှာပါ။ "

၎င်းကို ကြားသောအခါ ဝမ်ကျန့်က သူ၏ သမက်ကို လေးစားစွာ ကြည့်လိုက်သည်။

" ဝမ်ဝမ်တို့အဖွဲ့က လူမှားပြီး ဆန့်ကျင်မိပြီပဲ။ ဒီစကားတွေကြောင့် အရှင်မင်းကြီးက သူတို့ကို သေချာပေါက် ဖိနှိပ်လိမ့်မယ်။ " ဝမ်ကျန့်က သက်ပြင်းချလိုက်သည်။

" ကျွန်တော် သူတို့ကို မနှောက်ယှက်ခဲ့ဘူး။ ဒါပေမယ့် သူတို့က ကျွန်တော်ကို အကြိမ်ကြိမ် ပစ်မှတ်ထားနေကြတယ်။ ကျွန်တော်က ဒေါသမရှိဘူးလို့ သူတို့ထင်နေကြတာလား။ ဒါက သင်ခန်းစာတစ်ခုပဲ။ နောက်တစ်ခါ ထပ်လုပ်ဖို့ ကြံစည်ရင်တော့ သူတို့ကိုသူတို့ပဲ အပြစ်တင်ရလိမ့်မယ်။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

ကျန်းထိုင်နန်းဆောင်အတွင်း၌ ရင်ကျန့်က ပြင်းထန်သော ခေါင်းကိုက်မှုနှင့်အတူ နိုးလာသည်။

" မနေ့က ငါဘယ်လောက်တောင် သောက်မိသွားတာလဲ။ ခေါင်းက ပေါက်ကွဲမတတ်ပဲ။ "

" အရှင်မင်းကြီး နိုးပြီလား။ " ကျောက်ကောင်းက ရိုသေစွာ မေးလိုက်သည်။

" ဘယ်အချိန်ရှိပြီလဲ။ " ရင်ကျန့်က မေးလိုက်သည်။

" အရှင်မင်းကြီး မွန်းတည့်ချိန်ရှိပါပြီ။ နေ့လယ်စာ ပြင်ခိုင်းလိုက်ရတော့မလား။ " ကျောက်ကောင်းကမေးလိုက်သည်။

" အရင်ဆုံး ငါ့ဆီကို အမူးပြေဟင်းရည်တစ်ခွက် ယူလာခဲ့စမ်း။ "

" အမိန့်အတိုင်းပါ။ "

" ဟုတ်သားပဲ။ ကျောက်ဖုန်း နိုးပြီလား။ " ရင်ကျန့်က စိုးရိမ်စွာဖြင့် မေးလိုက်သည်။

" စစ်သေနာပတိချုပ်က မနက်အစောကြီးထပြီး စစ်သေနာပတိချုပ်ဝမ်ကျန့်ရဲ့ စံအိမ်ကို သွားနှင့်ပါပြီ။ " ကျောက်ကောင်းက ပြန်ဖြေလိုက်သည်။

၎င်းကို ကြားသောအခါ ရင်ကျန့်က အနည်းငယ် အံ့အားသင့်သွားသည်။ " အဲ့ဒီကောင်က မကောင်းဆိုးဝါးလား။ ဒီလောက်အများကြီး သောက်ထားတာတောင် အစောကြီး ထသွားတာလား။ "

" အရှင်မင်းကြီး ဒီနေ့ အစီရင်ခံစာတွေကို စစ်ဆေးဦးမလား။ ကျွန်တော်မျိုး ရွှေ့ဆိုင်းလိုက်ရမလား။ " ကျောက်ကောင်းက ရိုသေစွာ မေးလိုက်သည်။

" မလိုဘူး။ ငါဆက်ပြီး စစ်ဆေးမယ်။ " ရင်ကျန့်က လေးနက်စွာ ​ပြောလိုက်သည်။

" ဒါဆို အရှင်မင်းကြီးအတွက် စိတ်ဝိညာဉ်ဆေးလုံး ပြင်ဆင်လိုက်ပါမယ်။ အဲ့ဒါသောက်ပြီးရင် အရှင်မင်းကြီး သေချာပေါက် သက်သာလာပါလိမ့်မယ်။ "

" အင်း " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။ ထို့နောက် သူက ဖြည်းညင်းစွာ ထလိုက်ပြီး နန်းတွင်းအစေခံမိန်းကလေးတစ်စုက သူ့ကို ဝတ်ရုံလဲလှယ်ပေးရန် ဝင်လာကြသည်။

အစီရင်ခံစာကို စစ်ဆေးသည့် စာပွဲရှေ့တွင် ထိုင်ပြီးနောက် ရင်ကျန့်က တစ်ခုကို ကောက်ကိုင်လိုက်သော်လည်း ဖတ်ရှုခြင်းမရှိသေးပေ။ သူက ကျောက်ဖုန်းနှင့်အတူ သောက်ခဲ့သောအချိန်ကို ပြန်တွေးမိသွားပြီး သူ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။

" ကျောက်ဖုန်း.... သူက တကယ် စိတ်ဝင်စားဖို့ကောင်းတဲ့ လူတစ်ယောက်ပဲ။ "

" ဒါပေမယ့် ဝမ်ဝမ်တို့အုပ်စုကတော့ တကယ်လွန်သွားပြီ။ " ရင်ကျန့်၏ မျက်နှာပေါ်တွင် အေးစက်မှုများ ပေါ်လာသည်။

" သွမ်လော "

" ကျွန်တော်မျိုး ရှိပါတယ်။ " သွမ်လောက အတွင်းထဲသို့ ဝင်ရောက်လာသည်။

" ငါ့အတွက် နှစ်စဉ်လစာအလွဲသုံးစားလုပ်မှာတွေကို စုံစမ်းစစ်ဆေးစမ်း။ ရာထူးဘယ်လောက်မြင့်မြင့် ဘယ်သူ့ကိုမှ ခြွင်းချက်မထားနဲ့။ " ရင်ကျန့်က ဖြည်းညင်းစွာ အမိန့်ပေးလိုက်သည်။ " ပြီးတော့ ဝမ်ဝမ်နဲ့ ဟွိုက်ကျွမ်းတို့ကို သေချာစစ်ဆေး။ တစ်ခုခုထူးခြားရင် လူသိရှင်ကြားမလုပ်နဲ့။ ငါဆီကိုပဲ တိုက်ရိုက်အစီရင်ခံပါ။ "

" အမိန့်အတိုင်းပါ အရှင်မင်းကြီး။ " သွမ်လောက ဦးညွှတ်ပြီး ထွက်ခွာသွားသည်။

ဟေးပင်းထိုင်က စုံစမ်းစစ်ဆေးမည်ဖြစ်သောကြောင့် သူတို့က ချင်ဘုရင်ထံသို့ တိုက်ရိုက်အစီရင်ခံပေလိမ့်မည်။ ရင်ကျန့်က နန်းတွင်းတစ်ခုလုံး၏ ရှေ့တွင် အလွဲသုံးစားမှုနှင့် အဂတိလိုက်စားမှုများကို စုံစမ်းစစ်ဆေးရန် ယွီလျောင်နှင့် လီစီတို့ကို လူသိရှင်ကြား အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

နန်းတော်နှင့် လမ်းတစ်လမ်းခြားသော နေရာတွင် စံအိမ်ကြီးတစ်ခုရှိနေပြီး ဝင်ပေါက်အထက်တွင် အသစ်စက်စက် ကမ္ပည်းပြားတစ်ခုကို ချိတ်ဆွဲထားသည်။ ကျောက်စံအိမ်.... ၎င်းက လက်ရှိချင်ဘုရင်က ကျောက်ဖုန်းကို ချီးမြှင့်ထားသော စံအိမ်ဖြစ်သည်။

" ယန်အာ အခုကစပြီး ဒါက ရှန်ယန်မှာရှိတဲ့ ငါတို့အိမ်ဖြစ်လာလိမ့်မယ်။ " ကျောက်ဖုန်းက စံအိမ်ကို ကြည့်ရင်း ပြုံး၍ ပြောလိုက်သည်။

" ယောကျာ်း " ဝမ်ယန်က စံအိမ်ကို ကြည့်ပြီး ပြောလိုက်သည်။ " အရှင်မင်းကြီးက ဒီစံအိမ်ကို နင့်ကို ချီးမြှင့်လိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားဘူး။ "

" ဒီစံအိမ်က ထူးခြားတာတစ်ခုခု ရှိလို့လား။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။

" ဒါက အရှင်မင်းကြီး ပြန်ရောက်တုန်းက နေခဲ့တဲ့ သံအိမ်လေ။ ဒီနှစ်တွေတစ်လျှောက်လုံး ဒီအတိုင်း အလွတ်ထားထားတာ။ " ဝမ်ယန်က ပြုံး၍ ရှင်းပြလိုက်သည်။

" အရှင်မင်းကြီးက ငါ့အပေါ်မှာ တကယ်ကောင်းတာပဲ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်ပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

" ဖြစ်နိုင်ရင် ချင်ဘုရင်ကို ထာဝရအသက်ရှည်ချင်မိတယ်။ ဒီလိုမျက်နှာသာပေးမှုမျိုးက တကယ်မမေ့နိုင်စရာပဲ။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။

သို့သော် ချင်ဘုရင်က ထာဝရမရှင်သန်နိုင်သည်ကို သူသိသည်။ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာဖျားခြင်းနှင့် သေဆုံးခြင်းတို့က ရှောင်လွှဲ၍ မရပေ။ အကယ်၍ သမိုင်းက မပြောင်းလဲဘဲ ရှိနေလျှင် နောက်ဆုံးထီးနန်းကို ဆက်ခံမည့်လူက ဟူဟိုက်သာ ဖြစ်ပေလိမ့်မည်။

" အရှင်မင်းကြီး ငါ့အပေါ် ပြသခဲ့တဲ့ ယုံကြည်မှုနဲ့ ကြင်နာမှုတွေအတွက် သူ့ရဲ့ သွေးသားတွေကို ကာကွယ်ပေးရမယ်။ ဟူဟိုက်က သူ့ရဲ့ မောင်နှမတွေကို မသတ်ဖြတ်နိုင်အောင် လုပ်ရမယ်။ " ကျောက်ဖုန်းက စိတ်ထဲမှ ဆုံးဖြတ်ချက် ချလိုက်သည်။

" ဘာပဲဖြစ်ဖြစ် ဒါက ငါတို့အိမ်ဖြစ်သွားပြီ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " နောက်ကျရင် အမေနဲ့ ညီမလေးကိုပါ ခေါ်လာရမယ်။ ဒါဆိုရင် ငါတို့ မိသားစုက အမြဲတမ်း အတူတူနေနိုင်လိမ့်မယ်။ "

" အင်း " ဝမ်ယန်က ခေါင်းညိမ့်လိုက်သည်။

" ချီအာ၊ လင်းအာ အဖေက သားမဲ့သမီးကို အိမ်ကို ခေါ်သွားမယ်။ " ကျောက်ဖုန်းက ကလေးနှစ်ယောက်ကို ပွေ့ချီပြီး စံအိမ်ဆီသို့ လျှေက်သွားလိုက်သည်။

စံအိမ်အတွင်း ချင်ဘုရင် ချီးမြှင့်ထားသော အစေခံတစ်ရာက တန်းစီ၍ စောင့်ဆိုင်းနေကြသည်။ ကျောက်ဖုန်း ဝင်လာသည်ကို မြင်သောအခါ သူတို့အားလုံးက ဒူးထောက်လိုက်ကြသည်။

" သခင်ကြီးကို ကြိုဆိုပါတယ်။ "

ထိုအစေခံများက ကျောက်ဖုန်းကို အလုပ်အကျွေးပြုရန် တာဝန်ပေးခံရခြင်းမှာ သူတို့၏ ကြိုးစားမှုကောင်းမွန်ခြင်းကြောင့်ဖြစ်ပြီး မဟုတ်လျှင် ထိုသို့သော အခွင့်အရေးကို ရရှိမည်မဟုတ်ပေ။

" ထကြပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် သခင်ကြီး။ " အစေခံများက ထပြီး ခေါင်းများ ငုံ့ထားကြသည်။

" အိမ်တော်ထိန်းက ဘယ်သူလဲ။ " ကျောက်ဖုန်းက သူတို့ကို ကြည့်ပြီး မေးလိုက်သည်။

" ကျွန်တော်မျိုးပါ။ " အသက်ကြီးသော အမျိုးသားတစ်ယောက်က ရှေ့သို့ ထွက်လာသည်။

" မင်းနာမည်က ဘယ်သူလဲ။ "

" ကျွန်တော်မျိုးနာမည် လင်းဖုပါ။ " အိမ်တော်ထိန်းက ရိုသေစွာ ပြန်ဖြေလိုက်သည်။

" အင်း။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ " အခုကစပြီး ဒီစံအိမ်ရဲ့ ကိစ္စရပ်တွေကို မင်းကို အပ်လိုက်ပြီ။ ဒါက ငါ့ရဲ့ ဇနီးပါ။ သူမစကားက ငါ့ရဲ့ စကားပဲ။ စံအိမ်ရဲ့ ဘဏ္ဍာတိုက်မှာ ငွေတွေကျန်သေးလား။ "

" အရှင်မင်းကြီး ချီးမြှင့်ထားတဲ့ ငွေတွေက လုံလောက်ပါတယ်။ " လင်းဖုက ရိုသေစွာ ပြန်ဖြေလိုက်သည်။

" ကျန်းမင် " ကျောက်ဖုန်းက ခေါ်လိုက်သည်။

" အရှင် " ကျန်းမင်က အမြန်ရောက်လာသည်။

" ကိုယ်ရံတော်တွေကို စံအိမ်မှာပဲ တပ်စွဲခိုင်းပြီး စခန်းမှာလိုပဲ စောင့်ကြပ်ခိုင်းလိုက်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" လင်းဖု စံအိမ်ထဲမှာ လူငါးရာအတွက်ဘစစ်တန်းလျားတွေ ပြင်ထားပါ။ စားဖိုမှူးတွေ လုံလောက်အောင် ငှားပြီး အစားအသောက်တွေ လုံလောက်အောင် ပြင်ဆင်ထားပါ။ လူလိုရင် ထပ်ခေါ်ပါ။ ငွေလိုရင် ငါ့ဆီလာခဲ့။ "

" အမိန့်အတိုင်းပါ။ " လင်းဖုက ခေါင်းညိမ့်လိုက်သည်။

ကျန်းမင်ကလည်း အမိန့်ကို ဆောင်ရွက်ရန် ချက်ချင်း ထွက်ခွာသွားသည်။

" ချီအာနဲ့ လင်းအာ သားနဲ့သမီး စံအိမ်နဲ့ ရင်းနှီးအောင် လျှောက်ကြည့်ချင်လား။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" သားတို့က အဖေနဲ့ပဲ နေချင်တာ။ " ကလေးနှစ်ယောက်က ကျောက်ဖုန်းကို မော့ကြည့်ပြီး ပြောလိုက်သည်။

" ခဏလောက် သွားကြည့်လိုက်ပါဦး။ မနက်ဖြန်ကျရင် အဖေက သားနဲ့သမီးကို အပြင်ထွက်ဆော့ခိုင်းမယ်။ ဘယ်လိုလဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ဘယ်ကို သွားဆော့မှာလဲ။ " ကလေးနှစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

" သားနဲ့သမီးက ဘယ်ကို သွားချင်လဲ။ " ကျောက်ဖုန်းက ပြန်မေးလိုက်သည်။

" မြင်းစီးချင်တယ်။ ထန်ဟူလူစားချင်တယ်။ အခြားဟာတွေလည်း အများကြီးစားချင်တယ်။ " ကျောက်ချီက လက်မြှောက်ပြီး ပြောလိုက်သည်။

" ကောင်းပြီ။ အဖေ အကုန်လုံးလုပ်ပေးမယ်လို့ ကတိပေးတယ်။ " ကျောက်ဖုန်းက ကတိပေးလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters