← Chapters

အခန်း (၂၅၆)

Vol. 26 Ch. 256

အခန်း (၂၅၆)

Vol. 26 Ch. 256

အခန်း (၂၅၆)

" အင်မော်တယ်ဝိုင်ခန်းမရဲ့ နောက်ကွယ်က အင်အားစုက မရိုးရှင်းဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ သူတို့က အခြားနိုင်ငံက လူတွေနဲ့ ဘာပက်သက်မှုမှမရှိဘူး။ " သွမ်လောက လေးနက်စွာ ပြောလိုက်သည်။

ဟေးပင်းထိုင်က အင်မော်တယ်ဝိုင်ခန်းမအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ခြင်းမရှိသော်လည်း အခြားနိုင်ငံများအတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နေပြီးသား ဖြစ်သည်။ အကယ်၍ ထိုလူများနှင့် ပက်သက်မှုရှိလျှင် ဟေးပင်းထိုင်၏ စောင့်ကြည့်မှုအောက်မှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

" ဒါဆိုရင် အဲ့ဒီအင်မော်တယ်ဝိုင်ခန်းမရဲ့ နောက်ကွယ်က ဘယ်လိုအင်အားစုလဲ။ ဖုံးကွယ်နေတဲ့ အဖွဲ့တစ်ခုဖြစ်နိုင်လား။ " ရင်ကျန့်က မျက်မှောင်ကြုတ်သွားသည်။

အင်မော်တယ်ဝိုင်ခန်းမက ချင်နယ်မြေအတွင်း ရုတ်တရက် ပေါ်လာပြီး နေ့စဉ် အကျိုးအမြတ် ကြီးမားရုံသာမက အလွန်လျို့ဝှက်ဆန်းကြယ်နေသည်။ ထို့အပြင် ၎က သူ၏ ထိန်းချုပ်မှုအောက်တွင် ရွိမေနေပ။

" အရှင်မင်းကြီး ကျွန်တော်မျိုး စုံစမ်းဖို့ လူတွေ ဆက်လွှတ်ပါမယ်။ တကယ်လို့ သူတို့က ချင်အပေါ် မကောင်းတဲ့ ရည်ရွယ်ချက်တစ်ခုခုရှိရင် ကျွန်တော်မျိုး ဟေးပင်းထိုင်ကို စေလွှတ်ပြီး သူတို့ကို ချက်ချင်း နှိမ်နင်းပါမယ်။ " သွမ်လောက ပြတ်သားစွာ ပြောလိုက်သည်။

" အင်း " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ထွက်သွားခိုင်းလိုက်သည်။

" ကျွန်တော်မျိုးကို ခွင့်ပြုပါဦး။ " သွမ်လောက ချက်ချင်း ထွက်ခွာသွားသည်။

ထိုအချိန်တွင် ကျောက်ကောင်းက အခန်းထဲသို့ ဝင်ရောက်လာသည်။ " အရှင်မင်းကြီး လီယန်မင်းသမီးက တွေ့ခွင့်တောင်းနေပါတယ်။

" သူမကို ဝင်ခွင့်ပေးလိုက်ပါ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

ခဏကြာသောအခါ ယဉ်ကျေးသိမ်မွေ့သော မိန်းကလေးတစ်ယောက်က အတွင်းသို့ ဖြည်းညင်းစွာ ဝင်လာသည်။

" ခမည်းတော်ကို ဂါရဝပြုပါတယ်။ " သူမက ချက်ချင်း ဦးညွှတ်ပြီး ပြောလိုက်သည်။

" လီယန် မင်းက မနက်ဖြန်ဆို လက်ထပ်တော့မှာပဲ။ ဒီနေ့ ခမည်းတော်ဆီကို ဘာကိစ္စနဲ့ လာတာလဲ။ " ရင်ကျန့်က နွေးထွေးစွာ ပြုံးပြီး ပြောလိုက်သည်။

သူက ပုံမှန်အားဖြင့် သူ၏ သားသမီးများအပေါ် တင်းကျပ်သော်လည်း လီယန်အပေါ်တွင်မူ ထူးကဲစွာ နူးညံ့ကြင်နာပြီး မျက်နှာသာပေးလေ့ရှိသည်။ ၎င်းတို့အားလုံးက အရှင်ချန်အန်း ရင်ချန်ကျိုးကြောင့်ဖြစ်သည်။ လီယန်မှာ သူ၏ ညီတော်၏ သမီးတော်ဖြစ်သည်။

" သမီးတော်ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ ခမည်းတော်ရဲ့ ကျေးဇူးကို သမီးတော် ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ ဒီနေ့ ခမည်းတော်ကို နှုတ်ဆက်ဖို့ လာခဲ့တာပါ။ " လီယန်က ရင်ကျန့်ကို ဦးညွှတ်လိုက်ပြီး သူမ၏ မျက်နှာထက်တွင် ဝမ်းနည်းမှုများ ပြည့်နှက်နေသည်။

ရင်ကျန့်၏ မျက်နှာတွင် နွေးထွေးကြင်နာမှုများ ပြည့်နှက်လာပြီး သူက လီယန်ဆီသို့ သွားကာ သူမကို ညင်သာစွာ ထူမပေးလိုက်သည်။

" လီယန် ခမည်းတော်က မင်းကြီးပြင်းလာတာကို ကြည့်လာခဲ့တာပါ။ အခု မင်းလက်ထပ်တော့မယ်ဆိုတော့ အဲ့ဒါက မင်းရဲ့ မိဘတွေကို စိတ်ကျေနပ်စေလိမ့်မယ်။ ဝမ်မိသားစုက ခမည်းတော် မင်းအတွက် ရွေးချယ်နိုင်တဲ့ အကောင်းဆုံးပဲ။ မင်း လက်ထပ်ပြီးသွားရင် သူတို့က မင်းအပေါ် ဆိုးဆိုးရွားရွား ဆက်ဆံမှာမဟုတ်ဘူး။ ပြီးတော့ ဝမ်ပင်းကလည်း သံယောဇဉ်ကြီးတဲ့လူတစ်ယောက်ပါ။ " ရင်ကျန့်က ညင်သာစွာ ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် ခမည်းတော်။ " လီယန္က ပြောလိုက်သည်။

" မနက်ဖြန်ကျရင် ခမည်းတော်ကိုယ်တိုင် မင်းကို ဝမ်မိသားစုလက်ထဲ အပ်နှံပေးမယ်။ " ရင်ကျန့်က နူးညံ့စွာ ပြောလိုက်သည်။

နောက်တစ်နေ့တွင် နန်းတော်အတွင်းမှ အနီရောင်ကော်ဇောကြီးတစ်ခု ခင်းကျင်းထားသည်။ မင်းသမီးတစ်ပါး၏ မင်္ဂလာပွဲကို တော်ဝင်မိသားစုဝင်များက ကြီးကြပ်ကွပ်ကဲရသည်။

နန်းတော်၏ အပြင်ဘက်တွင် ဝမ်ပင်းက သူ၏ ဖခင်၏ ကိုယ်ရံတော်များနှင့်အတူ သတို့သမီးကို ကြိုဆိုရန် ရှေ့သို့တိုးလာသည်။

လမ်းတစ်လျှောက်တွင် ပျော်ရွှင်စရာကောင်းသော ဂီတသံများနှင့် ဗုံသံများ အဆက်မပြတ် ထွက်ပေါ်နေပြီး ရှန်းယန်မြို့သူ​မြို့သားများက ရပ်တန့်၍ ကြည့်ရှုနေကြသည်။

နန်းတော်တံခါးများ ပွင့်လာသောပခါ မြင်းကိုးကောင်ဆွဲသော တော်ဝင်ရထားလုံးတစ်စီးက ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး ဘေးနှစ်ဖက်တွင် တော်ဝင်အစောင့်များက လမ်းရှင်းပေးနေသည်။ ရင်ကျန့်က သူ၏ သမီးတော်ကို တော်ဝင်ရထားလုံးဖြင့် ကိုယ်တိုင်ပို့ဆောင်နေခြင်း ဖြစ်သည်။

နန်းတော်၏ အပြင်ဘက်တွင် ဝမ်ပင်းက ထိုမြင်ကွင်းကို ကြည််ပြီး အံ့အားသင့်သွားသည်။ " အရှင်မင်းကြီးက တော်ဝင်ရထားလုံးနဲ့ ကိုယ်တိုင် လိုက်ပို့နေတာပဲ။ လီယန်မင်းသမီးအပေါ် အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုက တကယ်ကြီးမားတာပဲ။ "

" တော်ဝင်အစောင့်တွေ မင်းသမီးကို အိမ်အသစ်ဆီ ပို့ဆောင်ကြ။ " ရန်ရှောင်က အော်ဟစ်လိုက်သည်။

တော်ဝင်အစောင့်များက စနစ်တကျ လှုပ်ရှားလာပြီး တော်ဝင်ရထားလုံး၏ ဘေးမှ ဝမ်ပင်း၏ မင်္ဂလာလှည့်လည်မှုနှင့်အတူ လိုက်ပါသွားကြသည်။ ထိုမျှခမ်းနားလှသော မြင်ကွင်းက မင်္ဂလာပွဲ၏ ဂုဏ်သိက္ခာကို အဆင့်တစ်ခုသို့ မြှင့်တင်ပေးလိုက်သည်။

" တော်ဝင်အစောင့်တပ်ဖွဲ့က မင်းသမီးကို ပို့ဆောင်ဖို့ လမ်းရှင်းပေးနေတာပဲ။ အရှင်မင်းကြီးက လီယန်မင်းသမီးကို တကယ်မျက်နှာသာပေးတာပဲ။ "

" ဟုတ်တယ်။ လီယန်မင်းသမီးကို ဒီလိုလူပ်ပေးထားတာဆိုတော့ ဝမ်မိသားစုအနေနဲ့ သူမလက်ထပ်ပြီးသွားရင် မကောင်းဆက်ဆံရဲမှာမဟုတ်ဘူး။ "

" ဝမ်မိသားစုက တော်ဝင်မိသားစုနဲ့ လက်ထပ်ပြီးသွားပြီ။ ပြီးတော့ ချင်ရဲ့ အသက်အငယ်ဆုံး စစ်သေနာပတိချုပ်ကလည်း သူတို့သမက်ဖြစ်နေပြီ။ သူတို့က တကယ်ဂုဏ်အရှိဆုံးမိသားစုပဲ။ "

လမ်းမကြီး၏ ဘေးနှစ်ဖက်တွင် မြို့သူမြို့သားများက ထိုမြင်ကွင်းကို ကြည့်ရှုနေကြသည်။ လူအများစုက ထိုအကြောင်းကို ဆွေးနွေးနေကြပြီး မနာလိုစိတ်များဖြင့် ကြည့်ရှုနေကြသည်။

တော်ဝင်အစောင့်တပ်ဖွဲ့က ဦးဆောင်လျက် မင်္ဂလာလှည့်လည်မှုက ဝမ်စံအိမ်ဆီသို့ ဖြည်းဖြည်းချင်း ရောက်လာကြသည်။ စံအိမ်တံခါးဝတွင် ဝမ်ကျန့်နှင့် ဇနီးတို့က ကြိုဆိုနေကြပြီး ၎င်းမှာ သူတို့က မင်းသမီးကို အလေးထားကြောင်း ဖော်ပြနေသည်။

ထို့အပြင် နန်းတွင်းက အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံးနီးပါးက ဝမ်စံအိမ်တွင် ကျင်းပသော မင်္ဂလာပွဲကို တက်ရောက်ရန် ရှိနေကြသည်။ ဝမ်ကျန့်က ရာထူးမြင့်မားသော စစ်သေနာပတိချုပ်တစ်ယောက်ဖြစ်သည်။ ထို့အပြင် သူက နန်းတွင်းတွင် ဘယ်သူ့ကိုမှ မထိခိုက်အောင် အမြဲတမ်း သတိထားနေသောကြောင့် ရန်သူနည်းပါးလှသည်။

ရင်ကျန့်က တော်ဝင်ရထားလုံးပေါ်မှ ဖြည်းညင်းစွာ ဆင်းလာသည်။ သူက သူ၏ လက်ကို ကမ်းပေးလိုက်ရာ ရထားလုံးအတွင်းမှ လီယန်မင်းသမီး၏ လက်က သူ၏ လက်ပေါ်သို့ ရောက်လာသည်။

" လီယန် ဒီနေ့ ခမည်းတော်က မင်းကို လက်ထပ်ထိမ်းမြားပေးတော့မယ်။ " ရင်ကျန့်က နူးညံ့စွာ ပြောလိုက်သည်။ သူက လီယန်၏ လက်ကို ဆွဲပြီး ဝမ်စံအိမ်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားသည်။

" ကျွန်တော်မျိုး အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " ဝမ်ကျန့်က ရိုသေစွာ ဦးညွှတ်လိုက်သည်။

" ဒီနေ့တော့ ဘုရင်နဲ့ လက်အောက်ငယ်သားဆိုတာ မရှိပါဘူး။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " အဖေတစ်ယောက်အနေနဲ့ သမီးတစ်ယောက်ကို ပို့ဆောင်ပေးဖို့ ဒီကိုလာခဲ့တာပဲ။ "

" ဝမ်ပင်း " ဝမ်ကျန့်က ချက်ချင်း ခေါ်လိုက်သည်။

" ရှိပါတယ်။ " ဝမ်ပင်းက ရင်ကျန့်ထံသို့ ချဉ်းကပ်သွားသည်။

" ဝမ်ပင်း " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။ " မင်းက ငါ့ရဲ့ လက်အောက်ငယ်သားဖြစ်သလို ငါ့ရဲ့ စစ်သူကြီးလည်း ဖြစ်တယ်။ ဒါပေမယ့် ဒီနေ့မှာတော့ မင်းက ငါ့ရဲ့ သမက်ပဲ။ လီယန်က ငါ့ရဲ့ အချစ်ဆုံးသမီးတော်ပဲ။ အနာဂတ်မှာ သူမကို ကောင်းကောင်းဂရုစိုက်ဖို့နဲ့ စိတ်ချမ်းသာအောင်ထားဖို့ မျှော်လင့်ပါတယ်။ "

၎င်းက လက်အောက်ငယ်သားတစ်ယောက်ကို ဘုရင်တစ်ယောက်က အမိန့်ပေးခြင်းမဟုတ်ဘဲ သမီးအတွက် ဖခင်တစ်ယောက်၏ တောင်းဆိုမှုတစ်ခုသာ ဖြစ်သည်။

" စိတ်ချပါ ခမည်းတော်။ ကျွန်တော် လီယန်ကို ကောင်းကောင်းဆက်ဆံပါမယ်။ " ဝမ်ပင်းက လေးနက်စွာ ပြန်ဖြေလိုက်သည်။

" ငါမင်းကို ယုံပါတယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်ပြီး လီယန်၏ လက်ကို ဝမ်ပင်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

" အရှင်မင်းကြီး ကြွပါ။ " ဝမ်ကျန့်က ဦးညွှတ်ပြီး ပြောလိုက်သည်။

" ဒီနေ့တော့ ငါက မင်းနဲ့အတူ လမ်းလျှောက်ပါမယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

ဝမ်ကျန့်က ငြင်းဆန်ခြင်းမရှိဘဲ ရင်ကျန့်နှင့် ပခုံးချင်းယှဉ်ကာ စံအိမ်ထဲသို့ လျှောက်ဝင်သွားသည်။ စံအိမ်၏ ရှေ့တွင် စားသောက်ပွဲများကို ပြင်ဆင်ထားပြီး ဧည့်သည်များက နေရာယူထားကြသည်။ နန်းတွင်းမှ ဝန်ကြီးအားလုံးနီးပါး တက်ရောက်ကြပြီး ရှန်းယန်မြို့မှ ကုန်သည်များနှင့် နာမည်ကြီး ပုဂ္ဂိုလ်များလည်းရှိနေသည်။

ကျောက်ဖုန်းကလည်း သူတို့ကြားတွင် ရှိနေသည်။ ဤခေတ်ကာလ၏ စားသောက်ပွဲများ နေရာချထားမှုက နောက်ပိုင်းခေတ်များကဲ့သို့ လူစုလူဝေးဖြင့် ထိုင်ခြင်းမျိုးမဟုတ်ဘဲ လူတစ်ယောက်စီအတွက် စားပွဲငယ်တစ်လုံး ထားရှိခြင်းဖြစ်သည်။ ဝမ်မိသားစုက အဆင့်အတန်းနှင့် ရာထူးများအလိုက် နေရာများကို စနစ်တကျ စီစဉ်ပေးထားသည်။

" ချင်ဘုရင်က လီယန်မင်းသမီးကို တကယ် တန်ဖိုးထားတာပဲ။ တော်ဝင်ရထားလုံးနဲ့တောင် လိုက်ပို့လိုက်သေးတယ်။ ငါ့ယောက်ဖကတေည့ ကိုးကွယ်ရမယ့် နတ်သမီးတစ်ပါး ရလိုက်တာပဲ။ ဘုရင်သမက်ဖြစ်ရတာ ဂုဏ်ယူစရာကောင်းပေမယ့် သူမကို ရိုက်လို့လည်းမရသလို ဆူလို့လည်း မရဘူး။ ကျွတ် ကျွတ်...." ကျောက်ဖုန်းက မင်္ဂလာအခမ်းအနားကို ကြည့်ပြီး တွေးလိုက်သည်။

" အဖေ ဒါက အရသာရှိတယ်။ " သူ၏ ဘေးနှစ်ထက်တွင် ကျောက်ချီနှင့် ကျောက်လင်းတို့က ထိုင်နေကြသည်။ သူတို့က စားပွဲပေါ်မှ မုန့်များနှင့် သစ်သီးများကို စားနေကြပြီး တစ်ခါတစ်ရံ ကျောက်ဖုန်းကို ခွံ့ကျွေးနေကြသည်။

ဝမ်ယန် မတက်ရောက်သည့်အကြောင်းရင်းမှာ သူမက တရားဝင်လက်မထပ်ရသေးသောကြောင့် ဖြစ်သည်။

" အရသာရှိရင် အများကြီးစား။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ သူက သူ၏ သားနှင့်သမီးကို အလွန်အလိုလိုက်သည်မှာ ထင်ရှားနေသည်။

ကျောက်ဖုန်း၏ ထိုင်ခုံက ရှေ့ဆုံးမှ ရေတွက်လျှင် တတိယမြောက် ထိုင်ခုံဖြစ်သည်။ သူ၏ ရှေ့မှ ထိုင်ခုံနှစ်လုံးက မုန့်ဝူနှင့် ဟွမ်ယိတို့အတွက် ဖြစ်ပြီး သူတို့က ရောက်မလာကြသေးပေ။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters