အခန်း (၂၅၇)
Vol. 26 Ch. 257
အခန်း (၂၅၇)
" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " ရင်ကျန့်နှင့် ဝမ်ကျန့်တို့ နီးကပ်လာသောအခါ ဝန်ကြီးများနှင့် ဧည့်သည်များက ထရပ်ပြီး ဦးညွှတ်လိုက်ကြသည်။
" အဖေ အရှင်မင်းကြီးဆိုတာ ဘာလဲ။ " ကျောက်ချီက သိလိုစိတ်ဖြင့် မေးလိုက်သည်။
" အရှင်မင်းကြီးဆိုတာ ငါတို့ ချင်နိုင်ငံတော်ကြီးရဲ့ အုပ်ချုပ်သူပဲ။ ဒီတစ်နိုင်ငံလုံးရဲ့ အရှင်သခင်ပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ရှင်းပြလိုက်သည်။ " မင်းတို့ရဲ့ အဖေကလည်း အခု အရှင်မင်းကြီးရဲ့ လက်အောက်ငယ်သားတွေထဲက တစ်ယောက်ပေါ့။ "
" ဒါဆိုရင် အရှင်မင်းကြီးက သူလိုချင်တာမှန်သမျှ ရနိုင်တာပေါ့နော်။ " ကျောက်ချီက ကလေးပီပီ အပြစ်ကင်းစင်စွာ မေးလိုက်သည်။
" ဟားဟားဟား " ကျောက်ဖုန်းက ရယ်မောလိုက်သည်။ " အဲ့လိုပြောလို့ရတာပေါ့။ "
ထိုအချိန်တွင် မုန့်ဝူနှင့် ဟွမ်ယိတို့က ဖြည်းညင်းစွာ လျှောက်လာကြသည်။ ကျောက်ဖုန်းကို မြင်သောအခါ သူတို့က ခေါင်းညိမ့်နှုတ်ဆက်လိုက်ကြသည်။
ကျောက်ဖုန်းကလည်း ပြန်လည်နှုတ်ဆက်လိုက်သည်။ သူက သူတို့နှင့် နန်းတော်တွင် ခဏသာ ဆုံဖူးခဲ့သည်။
" ငါယောက္ခမကလည်း ပညာရှိတစ်ယောက်ပဲ။ မုန့်ဝူနဲ့ ဟွမ်ယိတို့ကလည်း အတူတူပဲ။ စစ်ဘက်ဆိုင်ရာအရာရှိတွေက ဘုရင်သံသယ မဝင်စေဖို့အတွက် အချင်းချင်း အရမ်းမပက်သက်သင့်ဘူး။ သူတို့က အဲ့ဒါကို ကောင်းကောင်းနားလည်ထားကြတယ်။ "
ထိုအချိန်တွင် ကျောက်ဖုန်းက ဖုစုနှင့် ဝမ်ဝမ်တို့ ရောက်ရှိလာသည်ကိုလည်း တွေ့လိုက်ရသည်။ သူတို့က စစ်ဘက်ဆိုင်ရာအရာရှိများနှင့်မထိုင်ဘဲ ဆန့်ကျင်ဘက်တွင် နေရာယူကြသည်။
" အဖေ ကြည့်လိုက်။ ဦးလေးနဲ့ ဒေါ်လေးလည်း ရောက််လာပြီ။ " ကျောက်ချီက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
ကျောက်လင်းက ပို၍ တည်ငြိမ်သော်လည်း သူမကလည်း စပ်စုလိုစိတ်ဖြင့် ကြည့်နေခဲ့သည်။ ကျောက်ဖုန်းကလည်း မော့ကြည့်လိုက်သည်။
ဝမ်ပင်းက လီယန်မင်းသမီး၏ လက်ကို ဆုပ်ကိုင်ထားပြီး မင်းသမီးက အခြားလက်တစ်ဖက်ဖြင့် ယပ်တောင်တစ်ခုကို ကိုင်ကာ မျက်နှာကို ကွယ်ထားသည်။ သူတို့နှစ်ယောက်လုံးက အနက်ရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားကြသည်။ ဤခေတ်ကာလတွင် မင်္ဂလာဝတ်စုံများက တောက်ပသော အနီရောင်မဟုတ်ဘဲ အနက်ရောင်က ချင်၏ အဓိကအရောင်ဖြစ်သောကြောင့် အနီရောင်အနားကွပ်ထားသော အနက်ရောင်ဝတ်စုံများကိုသာ ဝတ်ဆင်ကြသည်။
" ဒေါ်လေးမျက်နှာကို မမြင်ရဘူး။ " ကျောက်ချီက စိတ်ပျက်စွာ ပြောလိုက်သည်။
" ခဏနေရင် မြင်ရမှာပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
ထိုအချိန်တွင် ရင်ကျန့်နှင့် ဝမ်ကျန့်တို့က ခန်းမ၏ ရှေ့ဘက်သို့ လျှောက်လာကြသည်။ ဝမ်ကျန့်နှင့် သူ၏ ဇနီးတို့က ညာဘက်တွင် နေရာယူကြပြီး ရင်ကျန့်ကမူ ဘယ်ဘက်တွင် ထိုင်နေသည်။
" မင်္ဂလာအခမ်းအနား စတင်ပါပြီ။ မင်္ဂလာမောင်နှံ ရှေ့ကို ကြွခဲ့ပါ။ "
ဝမ်ပင်းက လီယန်မင်းသမီးနှင့် လက်ချင်းတွဲလျက် လျှောက်လာသည်။
" ကောင်းကင်နဲ့ မြေကြီးကို ဦးညွှတ်ပါ။ "
" လူကြီးမိဘတွေကို ဦးညွှတ်ပါ။ "
" ဇနီးမောင်နှံအချင်းချင်း ဦးညွှတ်ပါ။ "
" မိဘတွေက လက်ဖက်ရည် တိုက်ပါ။ "
ဝမ်ပင်းနှင့် လီာန်မင်းသမီးတို့က ပထမဆုံး ရင်ကျန့်ကို လက်ဖက်ရည်တိုက်လိုက်ကြပြီး ဝမ်ကျန့်နှင့် ဇနီးတို့ကို ဆက်လက်ပေးလိုက်ကြသည်။ ထို့နောက်တွင်မူ မင်္ဂလာစားသောက်ပွဲ ကျင်းပရမည့်အချိန်ဖြစ်သည်။
" အဖေ ဒါက မင်္ဂလာပွဲလား။ " ကျောက်ချီက လူကြီးဆန်သော အမူအရာနှင့် ပြောလိုက်သည်။ " ပျော်စရာလည်းမကောင်းဘူးနော်။ "
" ဒါဆိုရင် ချီအာက ဘာကို ပျော်စရာကောင်းတယ်လို့ ထင်လဲ။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။
" အစားအသောက်တွေ အများကြီးနဲ့ ကစားစရာတွေအများကြီး။ " ကျောက်ချီက ပြောလိုက်သည်။
" ဟားဟားဟား..." ကျောက်ဖုန်းက ရယ်မောလိုက်ပြီး သူ၏ သမီးဘက်သို့ လှည့်လိုက်သည်။ " လင်းအာ သမီးရော ဘယ်လိုထင်လဲ။ "
" အဖေရှိနေရင် ပျော်စရာကောင်းပါတယ်။ " ကျောက်လင်းက ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ကျောက်ဖုန်းက စိတ်လှုပ်ရှားသွားပြီး ကျောက်လင်း၏ ပါးကို နမ်းလိုက်သည်။
တစ်ချိန်တည်း ရှေ့ဆုံး၌ ရင်ကျန့်က စားသောက်နေသည်။ သူ၏ အကြည့်က ကလေးနှစ်ယောက်နှင့်အတူ ရယ်မောနေသော ကျောက်ဖုန်းဆီသို့ ရောက်သွားသည်။
" ဝမ်ကျန့် အဲ့ဒါ မင်းရဲ့ မြေးနှစ်ယောက်လား။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။
" ဟုတ်ပါတယ်။ " ဝမ်ကျန့်က ခေါင်းညိမ့်ပြီး ပြန်ဖြေလိုက်သည်။ " သူတို့က ကျွန်တော်မျိုးရဲ့ မြေးလေးတွေပါ။ နှစ်ယောက်လုံးက အရမ်းသိကြပါတယ်။
" တကယ် သူတို့က စိတ်ဝင်စားဖို့ကောင်းတယ်။ " ရင်ကျန့်က ကြည့်နေသည်။ ကျောက်ဖုန်း၏ ကလေးများအပေါ် သူက ရှင်းပြ၍ မရနိုင်သော ရင်းနှီးမှုကို ခံစားလိုက်ရသည်။
" ကျောက်ဖုန်းက အားကိုးလို့မရဘူးလို့ထင်ရပေမယ့် ကလေးတွေနဲ့ ပက်သက်ရင် အရမ်းဂရုစိုက်ပါတယ်။ အခုဆို ကလေးနှစ်ယောက်က သူ့အနားမှာပဲ ကပ်နေကြတယ်။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ကျောက်ဖုန်း " ရင်ကျန့်က ခေါင်းညိမ့်ပြီး ခေါ်လိုက်သည်။
" အရှင်မင်းကြီး ဘာကိစ္စရှိလို့ပါလဲ။ " ကျောက်ဖုန်းက ရင်ကျန့်ကို အံ့ဩစွာ ကြည့်လိုက်သည်။
" ဝမ်ပင်းရဲ့ မင်္ဂလာပွဲအတွက် မင်းဘာလက်ဆောင် ပေးခဲ့တာလဲ။ " ရကျန့်က ပြုံး၍ မေးလိုက်သည်။
" အဲ့ဒါက လျို့ဝှက်ချက်ပါ။ အရှင်မင်းကြီးအနေနဲ့ ကျွန်တော်မျိုး ယောက်ဖကို မေးကြည့်သင့်ပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ဖြေလိုက်သည်။
" ဒီလောက်ထိ လျို့ဝှက်ထားရအောင် မင်းက ဘာပေးထားလို့လဲ။ ငါအတော်လေး သိချင်သွားပြီ။ " ရင်ကျန့်က စိတ်ဝင်စားသွားသည်။
" ပင်းအာ အရှင်မင်းကြီးက သိချင်နေမှတော့ ပြောပြလိုက်ပါဦး။ " ဝမ်ကျန့်က ပြောလိုက်သည်။
" အရှင်မင်းကြီးက သိချင်နေမှတော့ ကျွန်တော်မျိုးက ပြရမှာပေါ့။ " ဝမ်ပင်းက ပြုံး၍ ပြောလိုက်ပြီး လက်ဝှေ့ရမ်းလိုက်သည်။
အစေခံမလေးတစ်ယောက်က သေတ္တာတစ်လုံးကို ယူဆောင်လာသည်။ ၎င်းကို ဖွင့်လိုက်သောအခါ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော အလင်းတန်းလေးတစ်ခု ထွက်ပေါ်လာသည်။
" အဲ့ဒါဘာလဲ။ ညလင်းပုလဲလား။ " ရင်ကျန့်က အံ့ဩစွာ မေးလိုက်သည်။
" ကျွန်တော်ယောက်ဖကတော့ ဒါကို စိတ်ဝိညာဉ်ကျောက်တုံးလို့ခေါ်ပါတယ်။ ဒါကို ကိုယ်နဲ့မကွာဆောင်ထားရင် ရောဂါအားလုံး ကင်းဝေးနိုင်သလို ညဘက်မှာလည်း ညလင်းပုလဲလို အသုံးပြုနိုင်ပါတယ်။ " ဝမ်ပင်းက ပြုံး၍ ပြောလိုက်သည်။
ရင်ကျန့်က စိတ်ဝိညာဉ်ကျောက်တုံးကို ကောက်ကိုင်လိုက်ရာ သူ၏ လက်ဖဝါးမှ နွေးထွေးမှုတစ်ခု ပျံ့နှံ့လာသည်ကို ခံစားလိုက်ရသည်။
" ဒီစိတ်ဝိညာဉ်ကျောက်တုံးက တကယ်ထူးခြားတာပဲ။ ဒါက ဟယ်ရှီကျောက်စိမ်းနဲ့တောင် ဆင်တူနေသလိုပဲ။ " ရင်ကျန့်က ပြောလိုက်သည်။
" ဒဏ္ဍာရီလာဟယ်ရှီကျောက်စိမ်းကလည်း စိတ်ဝိညာဉ်ကျောက်တုံးတစ်ခု ဖြစ်နေမလား။ " ကျောက်ဖုန်းက တွေးလိုက်သည်။
ဟယ်ရှီကျောက်စိမ်းကို ကမ္ဘာပေါ်တွင် အကောင်းဆုံးကျောက်စိမ်းအဖြစ် သတ်မှတ်ထားပြီး ၎င်းက တော်ဝင်တံဆိပ်တုံးကို ပြုလုပ်ရာတွင် အသုံးပြုခဲ့သော ပစ္စည်းဖြစ်သည်။
" ဒါကို ဂရုတစိုက် သိမ်းထားပါ။ " ရင်ကျန့်က စိတ်ဝိညာဉ်ကျောက်တုံးကို သေတ္တာထဲသို့ ပြန်ထည့်ပြီး ပြောလိုက်သည်။ " ဒါကို ရဖို့အတွက် မင်းရဲ့ ယောက်ဖက တန်ဖိုးတစ်ခု ပေးခဲ့ရမှာ သေချာတယ်။ "
" နားလည်ပါပြီ။ " ဝမ်ပင်းက ပြုံးလျက် ပြောလိုက်သည်။
" ကဲ ဆက်ပြီစားသောက်ကြစို့။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
" ဒီချင်ဘုရင်က တော်တော်စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ငါ ဘာလက်ဆောင်ပေးလဲဆိုတာ တကယ် မေးနေတယ်။ " ကျောက်ဖုန်းက အံ့ဩစွာဖြင့် မေးလိုက်သည်။
" နေဦး ငါ စစ်သေနာပတိချုပ်အဖြစ် ရာထူးတိုးတာနဲ့ ဘွဲ့ထူးနှစ်ဆင့်တိုးမြှင့်ခံရတဲ့ ဆုလာဘ်တွေ မယူရသေးဘူးပဲ။ " ကျောက်ဖုန်းက ရုတ်တရက် သတိရသွားသည်။
ရှန်းယန်မြို့သို့ ရောက်ကတည်းက အလုပ်ရှုပ်နေခဲ့ပြီး သူ၏ ရာထူးတိုးမှုအတွက် ဆုလာဘ်များကို ထုတ်ယူရန် မေ့နေခဲ့သည်။ စစ်သေနာပတိချုပ် ရာထူးတို့ခြင်းနှင့် ဘွဲ့ထူးနှစ်ဆင့် တိုးမြှင့်ခံရခြင်းအတွက် ဆုလာဘ်များက သေချာပေါက် နည်းမည်မဟုတ်ပေ။
" ဆုလာဘ်တွေထုတ်ယူမယ်။ " သူက စိတ်ထဲမှ အမိန့်ပေးလိုက်သည်။
" စစ်သေနာပတိချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရခြင်းအတွက် ဆုလာဘ် အဆင့်နှစ်ရတနာသေတ္တာတစ်လုံး ရရှိပါတယ်။ ဘွဲ့ထူးနှစ်ဆင့်တိုးမြှင့်ခံရခြင်းအတွက် အဆင့်နှစ်ရတနာသေတ္တာနှစ်လုံး ရရှိပါတယ်။ "
" မျှော်လင့်ထားတဲ့အတိုင်း အဆင့်မြင့်လေ ရတနာသေတ္တာက အဆင့်ပိုမြင့်လေပဲ။ ဒုတိယအဆင့် ရတနာသေတ္တာတွေ ငါ တစ်ခုခု ကောင်းတာလေးရဖို့ မျှော်လင့်ပါတယ်။ " ကျောက်ဖုန်းက မျှော်လင့်ချက်များဖြင့် တွေးလိုက်သည်။ " ရတနာသေတ္တာအားလုံးကို ဖွင့်မယ်။ "
" အဆင့်နှစ်ရတနာသေတ္တာကို ဖွင့်လှစ်နေပါပြီ။ "
" မြေကြီးအဆင့် သိုင်းပညာ အရပ်ရှစ်မျက်နှာ ပြောင်းပြန်လှန်ခြင်းကို ရရှိပါတယ်။ "
" အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀ ရရှိပါတယ်။ "
" တတိယအဆင့် ဆေးဖော်စပ်သူ အမွေအနှစ်ကို ရရှိပါတယ်။ "
ပထမဆုံး သိုင်းပညာကို မြင်လိုက်ရချိန်တွင် ကျောက်ဖုန်းက ဝမ်းသာသွားသော်လည်း အလွန်စိတ်လှုပ်ရှားခြင်းမျိုးမရှိပေ။ ဒုတိယရတနာကို မြင်လိုက်ရချိန်တွင်လည်း သူက တည်ငြိမ်နေခဲ့သည်။ သို့သော် တတိယဆုလာဘ်ကို မြင်လိုက်ရသောအခါတွင်မူ ကျောက်ဖုန်းက သူ့ကိုသး ထိန်းချုပ်နိုင်ခြင်းမရှိတော့ပေ။
" ဆေးဖော်စပ်သူအမွေအနှစ် တတိယအဆင့် ငါ တကယ်ထီပေါက်တာပဲ။ ကျောက်ဖုန်းက စိတ်လှုပ်ရှားသွားသည်။
ဤခေတ်ကာလတွင် ဆေးဖော်စပ်သူများ သို့မဟုတ် ဖန်ရှီဟုခေါ်သူများက လူလိမ်များသာ ဖြစ်ပြီး သူတို့ဖော်စပ်သော ဆေးလုံးများကလည်း အဆိပ်များသာ ဖြစ်သည်။ သို့သော် ယခု ကျောက်ဖုန်းက တတိယအဆင့် ဆေးဖော်စပ်သူ အမွေအနှစ်ကို ဆက်ခံခဲ့ပြီဖြစ်သည်။
၎င်းက သူ့အတွက်ရော ယန်ထင်အတွက်ပါ ကြီးမားသော အထောက်အကူ ဖြစ်ပေလိမ့်မည်။ စိတ်ဝိညာဉ်ဆေးလုံးများ၏ စွမ်းအားက ယန်ထင်ကို သေချာပေါက် ပိုမိုအစွမ်းထက်လာစေပေလိမ့်မည်။
မင်္ဂလာပွဲကို တက်ရောက်ပြီးနောက် ကျောက်ဖုန်းက အိမ်သို့ အမြန်ပြန်လာခဲ့သည်။