← Chapters

အခန်း (၂၅၈)

Vol. 26 Ch. 258

အခန်း (၂၅၈)

Vol. 26 Ch. 258

အခန်း (၂၅၈)

" အမွေအနှစ်ကို ရယူမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

ထိုခဏတွင် ဆေးဖော်စပ်ခြင်းနှင့် သက်ဆိုင်သော အသိပညာ​ဗဟုသုတများက သူ၏ စိတ်ထဲသို့ စီးဝင်လာသည်။ သူက မြင့်မားသော ဆေးပညာကျွမ်းကျင်မှုများ ရှိနေသော်လည်း ၎င်းတို့က ဆေးဖော်စပ်ခြင်းနှင့် ယှဉ်လျှင် မှေးမှိန်သွားရသည်။

အချိန်အချို့ကြာသွားပြီးနောက် ကျောက်ဖုန်းက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

" ဆေးဖော်စပ်သူရဲ့ အမွေအနှစ်ဆိုတဲ့အတိုင်း တကယ် အံ့မခန်းပဲ။ " ကျောက်ဖုန်းက ရေရွတ်လိုက်သည်။ " ဒီဆေးဖော်စပ်တဲ့ အသိပညာတွေကို အပြည့်အဝ နားလည်ဖို့တောင် အချိန်ယူရလိမ့်မယ်။ "

"ကျန်းမင် "

" အရှင် " ကျန်းမင်က အခန်းထဲသို့ ဝင်လာသည်။

" ဟန်ရှီကို ဆေးမီးဖိုနည်းနည်း ရှာခိုင်းလိုက်ပါ။ " ကျောက်ဖုန်းက ညွှန်ကြားလိုက်သည်။ " အဲ့ဒါကို သတိထားပြီး ရှာခိုင်လိုက်။ ရှာပြီးရင်လည်း လျို့ဝှက်ပို့ခိုင်းလိုက်ပါ။ "

" နားလည်ပါပြီ။ " ကျန်းမင်က ချက်ချင်း ပြောလိုက်သည်။

" နောက်နှစ်ရက်နေရင် မင်းသားဖုစုရဲ့ မင်္ဂလာပွဲကို တက်ရလိမ့်ဦးမယ်။ အဲ့ဒါပြီးမှ ငါ့ရဲ့ မင်္ဂလာပွဲပဲ။ သမိုင်းကြောင်းအရ ဖုစုက လီစီရဲ့ သမီးကို လက်ထပ်ခဲ့ပေမယ့် သူမကို လျစ်လျူရှုခဲ့တယ်။ ဒါက နိုင်ငံရေးအမြင်ကွဲလွဲမှုရဲ့ နောက်ဆက်တွဲရလဒ်တွေပဲ။ ဒါပေမယ့် ဖုစုက အခုထိတော့ ကလေးဆန်နေတုန်းပဲ။ "

" နိုင်ငံရေးအရ လက်ထပ်တာက လက်ထပ်တာပဲ။ လင်သားတစ်ယောက်တာဝန် ကျေပွန်တာက ကျေပွန်တာပဲ။ သူမကို လျစ်လျူရှုထားတာ ဘာရလို့လဲ။ သူကပဲ နစ်နာနေတာမှမဟုတ်တာ။ ငါတကယ်ကို နားမလည်နိုင်ဘူး။ " ကျောက်ဖုန်းက တွေးလိုက်သည်။

" အရှင် " ကျန်းမင်က ပြန်ရောက်လာပြီး အစီရင်ခံလိုက်သည်။ " သမားတော်ရှဝူချယ်က တွေ့ခွင့်တောင်းနေပါတယ်။ "

" ရှဝူချယ်လား။ သူက ဘာလာလုပ်တာလဲ။ " ကျောက်ဖုန်းက အနည်းငယ် စိတ်ရှုပ်သွားသည်။

ကုသရေးစခန်းတွင် ကျောက်ဖုန်းက သူနှင့်အတူ ဒဏ်ရာရစစ်သည်များကို ကုသရင်း ရင်းနှီးခဲ့ဖူးသော်လည်း နက်ရှိုင်းသော ရင်းနှီးမှုမျိုးတော့ မရှိပေ။

" သူ့ကို ခန်းမထဲ ခေါ်ခဲ့လိုက်ပါ။ ငါ အခုလာခဲ့လိုက်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" ဟုတ်ကဲ့ပါ။ " ကျန်းမင်က ဦးညွှတ်ပြီး ထွက်ခွာသွားသည်။

ခန်းမအတွင်း၌။

" သမားတော်ရှ အခုလို လာလည်တာ ကျုပ်အိမ်တော့ ဂုဏ်တက်သွားတော့မှာပဲ။ " ကျောက်ဖုန်းက လက်သီးလက်ဝါးဆုပ်ပြီး ပြောလိုက်သည်။

" စစ်သေနာပတိချုပ်ကျောက် ချင်ရဲ့ စတုတ္ထမြောက် စစ်သေနာပတိချုပ် ဖြစ်လာတဲ့အတွက် ငါ ဂုဏ်မပြုရသေးဘူးလေ။ " ရှဝူချယ်က ပြုံး၍ ပြောလိုက်သည်။

" သမားတော်ရှက ယဉ်ကျေးလွန်းနေပါပြီ။ ခင်ဗျား ခုမှ ပြန်ရောက်တာလား။ " ကျောက်ဖုန်းက အံ့ဩစွာ မေးလိုက်သည်။

" ငါ ကျောက်နိုင်ငံမှာ ဒဏ်ရာရနေတဲ့သူတွေကို ကုပေးပြီး ဒီနေ့မှ ပြန်ရောက်တာပဲ။ "ရှဝူချယ်က ပြုံး၍ ပြောလိုက်သည်။

" ဒါဆို သမားတော်ရှက ဒီကို ဘာကိစ္စနဲ့ လာတာလဲ။ " ကျောက်ဖုန်းက တိုက်ရိုက်ပင် မေးလိုက်သည်။

" စစ်သေနာပတိချုပ်ကျောက်ရဲ့ ဇနီးက ဘယ်မှာလဲ။ သူမ အမြွှာမွေးပြီးတဲ့နောက်မှာ ဖုံးကွယ်နေတဲ့ ဒဏ်ရာတွေရှိမရှိ စမ်းသပ်ကြည့်ပေးဖို့ မင်းငါ့ကို ပြောခဲ့တယ်မဟုတ်လား။ " ရှဝူချယ်က ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ကျောက်ဖုန်းက အံ့အားသင့်သွားသည်။ သူက အမှန်တကယ် ထိုသို့ပြောခဲ့သည်။ ရှဝူချယ်၏ ထူးကဲသော ဆေးပညာကို သိထားသောကြောင့် ကျောက်ဖုန်းက ဝမ်ယန်ကို စစ်ဆေးပေးရန်နှင့် အားဆေးအချို့ ညွှန်းပေးရန် သာမန်အတိုင်း တောင်းဆိုခဲ့ဖူးသည်။ သမားတော်ရှက တကယ်ရောက်လာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

" သမားတော်ရှက မှတ်မိနေတာ ကျုပ်တကယ် အံ့ဩမိသွားတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" စစ်သေနာပတိချုပ်ကျောက်နဲ့ ပက်သက်တဲ့ကိစ္စကို ငါက ဘယ်လိုလုပ်မေ့မှာလဲ။ " ရှဝူချယ်က ပြုံး၍ ပြောလိုက်သည်။ " ပြီးတော့ စစ်သေနာပတိချုပ်ကျောက်ရဲ့ မင်္ဂလာပွဲက ဘယ်တော့လဲ။ "

" မင်္ဂလာပွဲက မင်းသားဖုစုရဲ့ မင်္ဂလာပွဲပြီးလို့ ရက်နည်းနည်းကြာရင်ပါ။ ကျုပ်က ရှန်းယန်မှာ အရင်ဆုံး ကျင်းပဖို့ စီစဉ်ထားတယ်။ အဲ့ဒီနောက်မှ ဇာတိရွာကို ပြန်ပြီး ရွာသူရွာသားတွေအတွက် တစ်ပွဲကျင်းပပေးမှာပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အဲ့ဒါ တကယ်ကောင်းတယ်။ " ရှဝူချယ်က ပြောလိုက်သည်။ " အရှင်မင်းကြီးကိုယ်တိုင် တက်ရောက်မှာဆိုတော့ အခမ်းနားဆုံးမင်္ဂလာပွဲဖြစ်ပါလိမ့်မယ်။ "

" ကျုပ်ဇနီးက အခု ဝမ်စံအိမ်မှာ မင်္ဂလာပွဲပြီးမှ ပြန်လာမှာဆိုတော့ သမားတော်ရှကို အားတော့နာပါတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" ကိစ္စမရှိဘူး။ မင်းရဲ့ ဇနီးပြန်ရောက်မှ ငါထပ်လာခဲ့ပါမယ်။ " ရှဝူချယ်က စိတ်ထဲမထားဘဲ ပြောလိုက်သည်။

" အခုလိုဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

ရက်အနည်းငယ် ကြာပြီးနောက် ကျောက်ဖုန်းက ဖုစု၏ မင်္ဂလာပွဲသို့ တက်ရောက်ခဲ့သည်။ တော်ဝင်မိသားစုဝင်များက ဖုစု၏ စံအိမ်ကို သေချာပြင်ဆင်ထားကြသော်လည်း မင်္ဂလာပွဲ၏ လေထုက ဝမ်စံအိမ်နှင့် မနှိုင်းယှဉ်နိုင်ပေ။

ဖုစုက လေးနက်သော အမူအရာနှင့်ရှိနေပြီး လီစီ၏ သမီးကလည်း အလားတူသာ ဖြစ်သည်။ သူတို့၏ ရှေ့တွင် ရင်ကျန့်နှင့် ဖုစု၏ မိခင်ဖြစ်သူ မိဖုရားမီတို့က ထိုင်နေကြသည်။ နောက်ဆုံးတွင် မင်္ဂလာပွဲက ထူးဆန်းသော အငွေ့အသက်များနှင့် ပြီးဆုံးသွားခဲ့သည်။

" ဖုစု ဖုစု သမိုင်မှတ်တမ်းတွေက တကယ်မလိမ်ဘူးပဲ။ လီစီရဲ့ သမီးအပေါ် ဒီလောက်တောင် အေးစက်နေတယ်။ ဒီနိုင်ငံရေးလက်ထပ်ပွဲက တကယ်ကို ထူးဆန်းတာပဲ။ " ကျောက်ဖုန်းက ရယ်ချင်စိတ်ဖြင့် တွေးလိုက်သည်။

ဖုစု၏ စံအိမ်အတွင်း၌။

အိပ်ဆောင်အတွင်း လီစီ၏ သမီးက ကုတင်ပေါ်တွင် ထိုင်လျက် စောင့်ဆိုင်းနေသည်။ သို့သော် ညဉ့်နက်သည့်တိုင်အောင် ဖုစုက ရောက်လာခဲ့ခြင်းမရှိပေ။ သူမက စိတ်မကောင်းဖြစ်သွားသော်လည်း နောက်ဆုံးတွင် သူမ၏ ကံကြမ္မာကို ဆန့်ကျင်ရန် အာဏာမရှိခဲ့ပေ။

" ဝမ်ယန်... ငါနင့်ကို မမီပါဘူး။ နင်က နင့်ရဲ့ ကံကြမ္မာကို ကိုယ်တိုင်ပြောင်းလဲနိုင်ခဲ့တယ်။ နိုင်ငံရေးလက်ထပ်ပွဲကို ရှောင်လွှဲခဲ့တယ်။ ပြီးတော့ ချင်ရဲ့ စစ်သေနာပတိချုပ်နဲ့ လက်ထပ်နိုင်ခဲ့တယ်။ ငါကတော့ ငါ့အဖေရဲ့ ရန်သူကို လက်ထပ်လိုက်ရတယ်။ ငါ့ရဲ့ ကျန်ရှိတဲ့ အချိန်တွေမှာ ငါက လျစ်လျူရှုခံရဖို့ ကံပါလာပြီးသားပဲ။ " လီစီ၏ သမီး လီရိုက ဝမ်းနည်းမှုများဖြင့် တွေးလိုက်သည်။

လီစီ၏ စံအိမ်။

" အဖေ ကျွန်တော်ညီမလေးကို ဖုစုရဲ့ စံအိမ်မှာ အခုလိုပဲ လျစ်လျူရှုခံထားရမှာကို ခွင့်ပြုရတော့မှာလား။ " လီယောင်က ဒေါသဖြင့် ပြောလိုက်သည်။ " ဒီနေ့ ဖုစုက ဘယ်လိုပုံစံဖြစ်နေလဲဆိုတာ အဖေလည်း မြင်တာပဲ။ ညီမလေးက သူ့ကို လက်ထပ်ပြီးရင် သေချာပေါက် ဒုက္ခရောက်လိမ့်မယ်။ "

" ယောင်အာ ဒါက တော်ဝင်အာဏာရဲ့ သဘာဝပဲ။ " လီစီက ခါးသီးစွာ ပြုံးပြီး သက်ပြင်းချလိုက်သည်။ " အရှင်မင်းကြီးက ဒီလက်ထပ်ပွဲကို အမိန့်ထုတ်ခဲ့တာပဲ။ လက်အောက်ငယ်သားတစ်ယောက်အနေနဲ့ ဘယ်လိုလုပ်ဆန့်ကျင်ရဲမှာလဲ။ ရိုအာရဲ့ တစ်ခုတည်းသောအမှားက ငါတို့ရဲ့ လီမိသားစုမှာ မွေးဖွားလာတာပဲ။ ငါတောင် သူမကို မကယ်နိုင်ဘူး။ "

" ဒါပေမယ့် တကယ်ပဲ အခြားနည်းလမ်းမရှိတော့ဘူးလား။ " လီယောင်က လက်မလျှော့ချင်သော စိတ်ဖြင့် မေးလိုက်သည်။

" အခြေအနေကို ပြောင်းလဲချင်ရင် နည်းလမ်းတစ်ခုပဲရှိတယ်။ အဲ့ဒါက ဖုစုကို နန်းတက်ခွင့်မပေးဖို့ပဲ။ တကယ်လို့ သူက မင်းသားတစ်ပါးပဲဆိုရင် ငါတို့ရဲ့ နိုင်ငံရေးအမြင်ကွဲလွဲမှုက ပြဿနာမရှိနိုင်သလို ရိုအာရဲ့ အခြေအနေကလည်း ပိုကောင်းနိုင်လောက်ပါတယ်။ ဒါပေမယ့် အခုတော့..." လီစီက လေးနက်စွာ ပြောလိုက်သည်။

" ဖုစုက အရှင်မင်းကြီးရဲ့ သားတော်ကြီးဖြစ်သလို မင်းသားတွေထဲမှာလည်း အဆင့်အတန်း အမြင့်ဆုံးပဲ။ သူ့ရဲ့ မိခင်ဘက်က မိသားစုကလည်း အင်အားကြီးပြီး တော်ဝင်မိသားစုရဲ့ ထောက်ခံမှုကိုလည်း ရရှိထားတယ်။ အိမ်ရှေ့စံမင်းသားရာထူးက သေချာပေါက် သူ့အတွက်ပဲ။ ဒါကို ပြောင်းလဲဖို့က သူ့အတွက်ပဲ။ အဲ့ဒါကို ပြောင်းလဲဖို့က မဖြစ်နိုင်ဘူး။ " လီယောင်က သက်ပြင်းချပြီး ပြောလိုက်သည်။

" အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။ " လီစီက ပြောလိုက်ပြီး ရုတ်တရက် အကြောင်းအရာတစ်ခု ပြောင်းလိုက်သည်။

" ယောင်အာ မင်း မြောင်ဘက်နယ်စပ်မှာ နယ်ခြားစောင့်အရာရှိအဖြစ် တာဝန်ထမ်းဆောင်လာတာ အခုဆိုရင် နှစ်အတော်ကြာနေပြီ။ မင်းစစ်ထဲဝင်ဖို့ စဉ်းစားဖူးလား။ "

" အဖေ ဘာကိုဆိုလိုတာလဲ။ ကျွန်တော်က အရင်ကတည်းက စစ်ထဲဝင်ဖို့ ပြောခဲ့တာ အဖေက ခွင့်မပြုဘူးလေ။ ဘာလို့ အခုမှဝင်ဖို့ မေးတာလဲ။ " လီယောင်က အံ့အားသင့်သွားပြီး မေးလိုက်သည်။

" ဟဲဟဲ အခုအခြေအနေက ပြောင်းလဲသွားပြီ။ မင်းကျောက်ဖုန်းအကြောင်း သိတယ်မလား။ " လီစီက ရယ်လိုက်သည်။

" ချင်ရဲ့ အသက်ငယ်ဆုံး စစ်သေနာပတိချုပ်ကို မသိတဲ့သူ ဘယ်သူရှိမှာလဲ။ " လီယောင်က လေးစားမှုများဖြင့် ပြောလိုက်သည်။ " စစ်တပ်ထဲမှာ ကျွန်တော်က စစ်သေနာပတိချုပ် ဝမ်ကျန့်ကိုပဲ အမြဲတမ်း အားကျခဲ့တာ။ ဒါပေမယ့် အခုတော့ စစ်သေနာပတိချုပ်ကျောက်ဖုန်းလည်း ရှိလာပြီ။ "

" ကျောက်ဖုန်းက စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်ခံရပေမယ့် စစ်စခန်းတစ်ခုကို မတည်ထောင်ရသေးဘူး။ စခန်းတစ်ခုမှာ အနည်းဆုံး တပ်မကြီးနှစ်ခုရှိတယ်။ ဒါပေမယ့် သူ့မှာ သုံးခုတောင် ရှိနိုင်မယ်လို့ ငါထင်တယ်။ ဒါကြောင့် မင်းအတွက် စီစဉ်ပေးဖို့ ငါရည်ရွယ်ထားတယ်။ " လီစီက ပြုံး၍ညပြောလိုက်သည်။ " ပင်မစစ်သူကြီးရာထူးရဖို့အတွက်ပဲ။ ငါတို့သားဖနှစ်ယောက် တစ်ယောက်က အရပ်ဘက် တစ်ယောက်က စစ်ဘက်ပေါ့။ "

" အဖေစီစဉ်သမျှ ကျွန်တော်နာခံပါမယ်။ " လီယောင်က ငြင်းယန်ခြင်းမရှိဘဲ ပြောလိုက်သည်။ ထို့အပြင် သူကလည်း ကျောက်ဖုန်းကို အလွန်လေးစားအားကျမိလေသည်။

All Chapters