← Chapters

အခန်း (၂၅၉)

Vol. 26 Ch. 259

အခန်း (၂၅၉)

Vol. 26 Ch. 259

အခန်း (၂၅၉)

ကျောက်စံအိမ်။

ကျောက်ဖုန်းက မင်္ဂလာပွဲနှစ်ခုကို တက်ရောက်ပြီးနောက် သူ၏ စံအိမ်အတွင်း စီစဉ်ဆောင်ရွက်မှုများကို ကိုယ်တိုင်တာဝန်ယူနေခဲ့သည်။

" အရှင် ကျွန်တော်တို့ အင်မော်တယ်ဝိုင်ခန်းမကနေ အဆင့်မြင့်နဲ့ ဒုတိယအဆင့် ဝိုင်တွေကို ယူပြီးပါပြီ။ ဧည့်သည်တွေ သုံးဆောင်ဖို့အတွက် အများကြီးရှိပါတယ်။ ပြီးတော့ ဖိတ်စာတွေကိုလည်း ဝန်ကြီးအများစုဆီ ပို့ပြီးပါပြီ။ " ကျန်းမင်က အစီရင်ခံလိုက်သည်။ " ပြီးတော့ အရှင်ရဲ့ ညွှန်ကြားချက်အတိုင်း မန်မိသားစု၊ ပိုင်မိသားစုနဲ့ ချွန်းယွီယွဲ့တို့ဆီကို ဖိတ်စာတွေ မပို့ခဲ့ပါဘူး။ "

" ကောင်းတယ်။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။ သူ့ကို ဆန့်ကျင်ခဲ့သူများကို သူက ဂရုစိုက်မည်မဟုတ်ပေ။ ထို့ကြောင့် သူက ထိုလူများကို ဖိတ်ကြားခြင်းမပြုခဲ့ပေ။ သို့သော် ဝမ်ဝမ်ကဲ့သို့ ရည်ရွယ်ချက်အစစ်အမှန်ကို ထုတ်မပြသေးသော လူများကိုတော့ သူက ဖိတ်စာများ ပေးပို့ခဲ့သည်။

" ဝမ်စံအိမ်ဆီကို စေ့စပ်လက်ဆောင်တွေရော ပို့ပြီးပြီလား။ " ကျောက်ဖုန်းက ကျန်းမင်ကို မေးလိုက်သည်။

" အရှင်ညွှန်ကြားတဲ့အတိုင်း ပို့ဆောင်ပြီးပါပြီ။ ရွှေပြားတစ်သောင်း၊ ငွေစတစ်သိန်း၊ ပိုးထည်လိပ်တစ်ထောင်နဲ့ အင်မော်တယ်ဝိုင်ခန်းမက အကောင်းဆုံးဝိုင်ပုလင်းတစ်ရာကို ပို့ထားပါတယ်။ " ကျန်းမင်က ပြန်ဖြေလိုက်သည်။

" ကောင်းပြီ။ ငါ့ရဲ့ မင်္ဂလာဆောင်က သဘက်ခါပဲ။ ကိုယ်ရံတော်တွေကို သေချာထိန်းသိမ်းထားပါ။ ဘာအမှားအယွင်းမှမရှိစေနဲ့။ ငါ ခဏနေရင် အရှင်မင်းကြီးဆီကို ဖိတ်စာကိုယ်တိုင်သွားပို့ဖို့ နန်းတော်ကို သွားရမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" စိတ်ချပါ အရှင်။ ဘာပြဿနာမှမရှိစေရပါဘူး။ " ကျန်းမင်က အာမခံလိုက်သည်။

" ရထားလုံးပြင်ခိုင်းလိုက်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

" ဒါနဲ့အရှင် ဟန်ရှီဆီက သတင်းရတယ်။ သူ ဆေးမီးဖို တော်တော်များများကို ရှာတွေ့ထားတယ်လို့ ပြောပါတယ်။ ဒီည စံအိမ်ကို လျို့ဝှက် ပို့ပေးမှာပါ။ " ကျန်းမင်က ပြောလိုက်သည်။

" အဲ့ဒါတွေ ရောက်လာရင် ငါဘေးက အခန်းထဲမှာ ထားလိုက်ပါ။ " ကျောက်ဖုန်းက ညွှန်ကြားလိုက်သည်။

" နားလည်ပါပြီ။ " ကျန်းမင်က ခေါင်းညိမ့်လိုက်သည်။

ကျောက်ဖုန်းက စံအိမ်မှ ထွက်ခွာသွားပြီး နန်းတော်ဆီသို့ ဦးတည်သွားသည်။ သူက စစ်သေနာပတိချုပ်ဖြစ်သောကြောင့် သူက မြင်းခြောက်ကောင်ဆွဲရထားလုံးဖြင့် သွားရသည်။

နန်းတော်တံခါးသို့ ရောက်သောအခါ တော်ဝင်အစောင့်များက ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။ " စစ်သေနာပတိချုပ်ကို နှုတ်ဆက်ပါတယ်။ "

" ငါ အရှင်မင်းကြီးနဲ့ တွေ့ဖို့ နန်းတော်ထဲဝင်ချင်တယ်။ ငါရောက်နေတဲ့အကြောင်း သတင်းပို့ပေးပါ။ " ကျောက်ဖုန်းက ရထားလုံးလိုက်ကာကို ဖယ်ပြီး ပြောလိုက်သည်။

" စစ်သေနာပတိချုပ် ရောက်လာခဲ့ရင် သတင်းပို့စရာမလိုဘဲ တိုက်ရိုက်ဝင်လာနိုင်တယ်လို့ အရှင်မင်းကြီးက ညွှန်ကြားထားပါတယ်။ " တော်ဝင်အစောင့်က ပြုံး၍ ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက နန်းတော်ထဲသို့ ဝင်ရောက်သွားသည်။

နန်းတော်ရင်ပြင်၏ အပြင်ဘက်သို့ ရောက်သောအခါ ကျောက်ဖုန်းက ရထားလုံးပေါ်မှ ဆင်းလိုက်သည်။ နန်းတွင်းထဲသို့ ဝန်ကြီးချုပ်ကိုးယောက်သာ ရထားလုံ့းဖြင် ဝင်ခွင့်ပြုထားသည်။ စစ်သေနာပတိချုပ်တစ်ယောက်အနေဖြင့် ကျောက်ဖုန်း၏ အဆင့်က ဝန်ကြီးချုပ်ကိုးယောက်နှင့် တူညီသောကြောင့် သူက ထိုအခွင့်အရေးကို ရရှိထားသည်။

" စစ်သေနာပတိချုပ် ခဏစောင့်ပေးပါဦး။ ကျွန်တော်မျိုး အရှင်မင်းကြီးကို သွးပြီး သတင်းပို့ပေးပါမယ်။ " ကျောက်ကောင်းက ကျန်းထိုက်နန်းဆောင်ထဲသို့ ဝင်ရောက်သွားသည်။

" အရှင်မင်းကြီး စစ်သေနာပတိချုပ် ကျောက်ဖုန်းက တွေ့ခွင့်တောင်းနေပါတယ်။ "

အစီရင်ခံစာများကို စစ်ဆေးနေသော ရင်ကျန့်က ပြုံးလိုက်သည်။ " သူ့ကို ဝင်လာခိုင်းလိုက်။ "

" စစ်သေနာပတိချုပ်ကျောက်ဖုန်း ဝင်လို့ရပါပြီ။ " ကျောက်ကောင်းက ကျယ်လောင်စွာ ကြေညာလိုက်သည်။

ကျောက်ဖုန်းက ခန်းမထဲသို့ ဝင်လာပြီး ပလ္လင်ပေါ်မှ ရင်ကျန့်ကို ဦးညွှတ်လိုက်သည်။

" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ "

" မင်း နောက်ဆုံးလာခဲ့တာ လဝက်လောက်ရှိသွားပြီ။ ဒီနေ့ဘာလို့တွေ့ခွင့်တောင်းတာလဲ။ " ရင်ကျန့်က ပြောလိုက်သည်။ သူ၏ လေသံက ဘုရင်တစ်ပါးမှ လက်အောက်ငယ်သားတစ်ယောက်ကို ပြောဆိုခြင်းနှင့်မတူဘဲ ဆွေမျိုးထဲမှ လူကြီးတစ်ယောက်က လူငယ်တစ်ယောက်ကို ပြောဆိုခြင်းနှင့် တူနေသည်။

၎င်းကို ကြားသောအခါ ကျောက်ကောင်းက ထိတ်လန့်သွားသည်။ " အရှင်မင်းကြီး ကျောက်ဖုန်းအပေါ် ထားရှိတဲ့ အလေးထားမှုကို ငါလျှော့တွက်မိနေတုန်းပဲ။ ဒီလိုရင်းနှီးမှုမျိုးက ယွီလျောင်တောင် မရလောက်ဘူး။ သူ့ကို ရအောင်စည်းရုံးရတော့မယ်ထင်တယ်။ ဒါပေမယ့် ကျောက်ဖုန်းလိုလူကို ငါဘယ်လိုစည်းရုံးနိုင်မှာလဲ။ "

" ဒီအနာယူခွင့်က အရှင်မင်းကြီးကိုယ်တိုင် ပေးသနားထားတာ ကျွန်တော်မျိုး အလဟဿ အဖြစ်မခံနိုင်ပါဘူး။ ဒါ့အပြင် အရှင်မင်းကြီးက နိုင်ငံရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ ကျွန်တော်မျိုးက လာမနှောက်ယှက်တာပါ။ " ကျောက်ဖုန်းက ရယ်ပြီး ပြောလိုက်သည်။

" မင်းမှာ ငြင်းမရတဲ့ အကြောင်ပြချက်တွေ တော်တော်များတာပဲ။ " ရင်ကျန့်က ဆူပူလိုက်သည်။

" မွန်းတည့်တော့မယ်။ အစားအသောက်တွေ ပြင်ခိုင်းလိုက်တော့။ " ရင်ကျန့်က ကျောက်ကောင်းကို အမိန့်ပေးလိုက်သည်။

" အမိန့်အတိုင်းပါ။ " ကျောက်ကောင်းက ဦးညွှတ်ပြီး ထွက်ခွာသွားသည်။

ကျောက်ဖုန်းက အစဉ်အလာများကို ဘေးဖယ်ပြီး နေရာတစ်ခုရှာကာ ထိုင်လိုက်သည်။ " ငါ ကုလားထိုင်တွေကို မိတ်ဆက်ပေးဖို့ အခွင့်အရေးရှာရမယ်။ ဒီလိုမျိုး ထိုင်ရတဲ့ဓလေ့က သက်သောင့်သက်မရှိဘူး။ ဒါက စီးပွားရေးအခွင့်အလမ်းတစ်ခုလည်း ဖြစ်နိုင်တယ်။ "

" ဒီနေ့ ဘာကိစ္စနဲ့ ဒီကို ရောက်လာတာလဲ။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။

" ကျွန်တော်မျိုးရဲ့ မင်္ဂလာပွဲကို နောက်နှစ်ရက်နေရင် ကျင်းပဖို့ သတ်မှတ်လိုက်ပါပြီ။ ဒီနေ့ အရှင်မင်းကြီးကို ဖိတ်စာလာပို့တာပါ။ " ကျောက်ဖုန်းက သူ၏ ဝတ်ရုံထဲမှ ဖိတ်စာတစ်စောင်ကို ထုတ်ပြီး ရင်ကျန့်၏ ရှေ့တွင် တင်ပေးလိုက်သည်။

" ဒါဆို မင်းက ငါ့ကို မင်းရဲ့ မင်္ဂလာပွဲမှာ သဘာပတိအဖြစ် ဆောင်ရွက်စေချင်တာလား။ မင်းက လူလည်လေးပဲ။ " ရင်ကျန့်က ရယ်မောပြီး ပြောလိုက်သည်။

" တကယ်လို့ အရှင်မင်းကြီးကြောင့်သာမဟုတ်ရင် ကျွန်တော်မျိုးက မင်္ဂလာပွဲကို ဇာတိရွာမှာပဲ ကျင်းပမှာပေါ့။ အခု အရှင်မင်းကြီးက တက်ရောက်မှာဆိုတော့ သေချာပေါက် သဘာပတိ လုပ်ပေးရမှာပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ကောင်းပြီ။ ငါသဘောတူတယ်။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။

" အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုးက အရှင်မင်းကြီးအတွက် လက်ဆောင်တစ်ခု ပြင်ဆင်လာပါတယ်။ " ကျောက်ဖုန်းက ဝတ်ရုံထဲမှ သေတ္တာတစ်လုံးကို ထုတ်ပြီး စားပွဲပေါ်တွင် တင်ပေးလိုက်သည်။

ရင်ကျန့်က ၎င်းကို ဖွင့်ကြည့်လိုက်ပြီးနောက် အံ့အားသင့်သွားသည်။ " စိတ်ဝိညာဉ်ကျောက်တုံးတွေလား။ မင်းက ဒီလောက်တန်ဖိုးရှိတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို ငါ့ကို ပေးတာလား။ "

" ကျွန်တော်မျိုးက ကံကောင်းလို့ နည်းနည်း ရထားပါတယ်။ ဒါကြောင့် အရှင်မင်းကြီးကိုလည်း နည်းနည်းပေးလိုက်တာပါ။ " ကျောက်ဖုန်းက ရှင်းပြလိုက်သည်။

" ကောင်းပြီ။ မင်းက တကယ်သိတတ်တာပဲ။ မင်းရဲ့ မင်ထဂလာပွဲအတွက် သဘာပတိလုပ်ပေးဖို့ အခကြေးငွေအဖြစ် သတ်မှတ်လိုက်မယ်။ " ရင်ကျန့်က ၎င်းတို့ကို လက်ခံလိုက်သည်။

" မင်္ဂလာပွဲပြီးရင် မင်းရဲ့ ဇာတိရွာကို ပြန်မှာလား။ "

" ဟုတ်ကဲ့။ ကျွန်တော်မျိုး အိမ်မပြန်တာ လေးနှစ်ရှိပါပြီ။ ကျွန်တော်မျိုး အမေနဲ့ ညီမလေး ဘယ်လိုနေလဲဆိုတာလည်း မသိရပါဘူး။ သူတို့နဲ့အတူ အချိန်ကုန်ဆုံးဖို့ သွားရပါမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

ရှချူးခရိုင်၊ ရှကျေးရွာ။

ဒုန်း ဒုန်း ဒုန်း...

ဘုန်း ဘုန်း ဘုန်း...

လူပေါင်းများစွာက မောင်းများ၊ ဗုံများကို တီးခတ်လျက် ကျောက်စံအိမ်သို့ သွားနေကြသည်။ ထိုမြင်ကွင်းက ရွာသူရွာသားများကို ဆွဲဆောင်သွားသည်။

ကျောက်စံအိမ်။

" သခင်မကြီး၊ သခင်မလေး နယ်စားမင်း ရောက်လာပါတယ်။ " အိမ်တော်ထိန်းက သတင်းပို့လိုက်သည်။

ယန်ပင်းက ကျောက်စံအိမ်သို့ တစ်လတစ်ခါလောက် လာနေသဖြင့် အားလုံးက ကျင့်သားရနေကြသည်။ သူလာသည့်အကြိမ်တိုင်း လက်ဆောင်ပစ္စည်းအမြောက်အမြားကို ယူဆောင်လာလေ့ရှိသည်။ ရွှေငွေ၊ ဆေးဖက်ဝင်အပင်များ စသည်ဖြင့် သူတွေးမိသမျှကို ယူဆောင်လာတတ်သည်။ သူက ကျောက်မိသားစု၏ မျက်နှာသာကို ရရှိရန် အစွမ်းကုန် ကြိုးစားခဲ့သည်။

ကျောက်ကတော်က ၎င်းကို နားလည်ပေသည်။ အစပိုင်းတွင် သူမက ငြင်းပယ်ရန် ကြိုးစားခဲ့သော်လည်း နောက်ပိုင်းတွင် ငြင်းပယ်ရန် မတတ်နိုင်တော့သဖြင့် ယန်ပင်း၏ စေတနာကို လက်ခံခဲ့သည်။

" သမီးအကိုသတင်းရလို့ထင်တယ်။ သူနဲ့ ပက်သက်တာ တစ်ခုခုကြားတာနဲ့ ချက်ချင်း အကြောင်းကြားပေးဖို့ အမေတောင်းဆိုထားသေးတယ်။ " ကျောက်ကတော်က ပြုံး၍ ပြောလိုက်သည်။

" ကျောက်နိုင်ငံ ကျဆုံးသွားပြီဆိုတော့ အကိုလည်း မကြာခင် အိမ်ပြန်လာတော့မှာပါ။ " ကျောက်ရင်က ပျော်ရွှင်စွာ ပြောလိုက်သည်။

" နယ်စားမင်းယန်ကို သွားကြိုရအောင်။ " ကျောက်ကတော်က ကျောက်ရင်ကို ခေါ်ပြီး ခြံဝင်း၏ ဝင်ပေါက်သို့ သွားလိုက်သည်။

သူတို့ ရောက်ရှိသွားချိန်တွင် ယန်ပင်းက လုပ်ရိုးလုပ်စဉ်အတိုင်း သေတ္တာများကို တစ်လုံးပြီးတစ်လုံး သယ်ဆောင်လာရန် လူများကို ညွှန်ကြားနေသည်။ တံခါးမှ အစောင့်များက ယန်ပင်းနှင့် ရင်းနှီးနေသောကြောင့် သူတို့ကို မတားဆီးခဲ့ပေ။

" နယ်စားမင်းယန် ကျွန်မတို့ ဖုန်းအာဆီက သတင်းရလို့လား။ " ကျောက်ကတော်က မေးလိုက်သည်။

" ဟားဟား သခင်မကို ဂုဏ်ပြုပါတယ်။ " ယန်ပင်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ " ရှန်းယန်က သတင်းကောင်း ရောက်လာပါပြီ။ စစ်သူကြီးကျောက်ဖုန်းကို အရှင်မင်းကြီးက စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်လိုက်ပြီ။ "

" ဘာ စစ်သေနာပတိချုပ် ဟုတ်လား။ " ကျောက်ကတော်က လုံးဝ မှင်သက်သွားသည်။

" စစ်သေနာပတိချုပ် အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကျွန်မအကိုက စစ်သေနာပတိချုပ် ဖြစ်သွားတာလား။ " ကျောက်ရင်ကလည်း တုန်ယင်စွာ ပြောလိုက်သည်။

ကျောက်စံအိမ်ရှေ့တွင် စုရုံးနေကြသော ရွာသူရွာသားများကလည်း ထိုသတင်းကြောင့် အံ့ဩတုန်လှုပ်သွားကြသည်။

All Chapters