← Chapters

အခန်း (၂၃၇-၂၃၈)

Vol. 24 Ch. 237-238

အခန်း (၂၃၇-၂၃၈)

Vol. 24 Ch. 237-238

အခန်း။ ၂၃၇

“လီချန်ရှန်း”

ထိုခဏချင်းမှာပင် တူကူးနီနှင့် အခြားသူများမှာ အံ့အားသင့်သွားကြသည်။ ဟင်းလင်းပြင်ကို ဆုတ်ဖြဲလျက် အသံထက်မြန်သော အရှိန်ဖြင့် အသံလှိုင်းပေါက်ကွဲမှုများကို ဖြစ်ပေါ်စေကာ ပြေးဝင်လာသည့် အလင်းတန်းမှာ လီချန်ရှန်းမှတစ်ပါး အခြားသူ မဟုတ်ချေ။

“တောင်ထိပ်သခင်... သူ့ကို ကြားဖြတ်တားဆီးပေးဖို့ အကူအညီတောင်းပါရစေ"

ချန်ကျီရှင်းသည် သူ၏ဘေးရှိ ထိုပါးကျန်းယီကို ကြည့်ကာ လက်အုပ်ချီ၍ ပြောလိုက်သည်။

“ငါ အစွမ်းကုန် ကြိုးစားကြည့်ပါ့မယ်"

ထိုပါးကျန်းယီက ခေါင်းငြိမ့်ပြလိုက်၏။ နောက်တစ်ခဏတွင်မူ သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏နောက်ကွယ်ရှိ သွေးစွမ်းအင် လောင်စာတိုင် ၁၀ ခုမှ ကောင်းကင်အထိ လွှမ်းခြုံနိုင်သော သွေးအရှိန်အဝါများ ပေါက်ကွဲထွက်လာတော့သည်။

ဝုန်း….

ထိုပါးကျန်းယီသည် ခြေလှမ်းတစ်ချက်ဖြင့် ကောင်းကင်ယံသို့ နီရဲသော လျှပ်စီးတစ်ခုအလား ထိုးတက်သွားပြီး လီချန်ရှန်းရှိရာသို့ အရှိန်အဟုန်ဖြင့် ဝင်တိုက်လိုက်တော့သည်။

“ဖယ်စမ်း”

လီချန်ရှန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ သူသည် ထိုပါးကျန်းယီ၏ လက်သီးချက်ကို သူ၏ကျောပြင်ဖြင့် အလွတ်ခံလိုက်ပြီး တစ်ချိန်တည်းမှာပင် လှည့်၍ ပြင်းထန်စွာ ကန်ထုတ်

လိုက်ရာ ထိုပါးကျန်းယီမှာ နောက်သို့ လွင့်ထွက်သွားတော့သည်။

လီချန်ရှန်းသည် သူ၏နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြီး ထိုတိုက်ခိုက်မှု၏ အရှိန်ကို အသုံးချကာ နတ်ဘုရားတံခါး မြို့တော်ရှိ လီအိမ်တော်ဆီသို့ ပိုမိုမြန်ဆန်သော အရှိန်ဖြင့် ထိုးဆင်းသွားတော့သည်။

ဝုန်း…

ပင်လယ်ပြင်ထဲသို့ ကြယ်တံခွန်တစ်ခု ကျဆင်းသွားသည့်အလားပင်။ နတ်ဘုရားတံခါး မြို့တော်၏ မြို့စောင့်အစီအရင်တစ်ခုလုံးမှာ အတွင်းဘက်သို့ ပြင်းထန်စွာ ကျွံဝင်သွားပြီး မထိန်းချုပ်နိုင်လောက်အောင် တုန်ခါသွားကာ အက်ကွဲကြောင်းများ ပေါ်ထွက်လာသည်။

ဒုန်း ဒုန်း ဒုန်း…

လီချန်ရှန်းသည် လက်သီးဖြင့် ဆယ်ကြိမ်မက ထိုးနှက်ကာ မြို့စောင့်အစီအရင်ပေါ်တွင် ဧရာမ အပေါက်ကြီးတစ်ခုကို ဖောက်လိုက်သည်။ ထို့နောက် မည်သို့မျှ တွန့်ဆုတ်မနေဘဲ အတွင်းသို့ လျှပ်စစ်ပမာ ဝင်ရောက်သွားတော့၏။

တစ်ချိန်တည်းမှာပင် ချန်ချူးအာသည် ထိတ်လန့်တုန်လှုပ်နေသော ဇီယွမ်နတ်မိမယ်၏ ဦးခေါင်းကို သူမ၏ ရင်ဘတ်ထဲသို့ ရောက်သွားသည်အထိ လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။

“ဟင် သခင်လေးတို့ဘက်က အဆင်မပြေတာလား”

ချန်ချူးအာသည် မြို့စောင့်အစီအရင်ကို အဆက်မပြတ် ထိုးနှက်နေသည့် ပုံရိပ်ကို မော့ကြည့်လိုက်သည်။

“နှမြောစရာပဲ"

ချန်ချူးအာက ခေါင်းခါယမ်းလိုက်ရင်း အိမ်တော်အနက်ဆုံးရှိ အဆောင်ဆီသို့ အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်၏။ သူ၏ ကပြဖျော်ဖြေမှုမှာ ပြီးဆုံးသွားပြီဖြစ်သည်။ နောက်တစ်ဆင့်မှာမူ ချင်းကျီ၏ အလှည့်ပင်။

ဝုန်း…..

ချန်ချူးအာသည် ခြေလှမ်းတစ်ချက်ဖြင့် လီအိမ်တော်အတွင်းမှ တစ်ခဏချင်း ပျောက်ကွယ်သွားတော့သည်။ ချန်ချူးအာ ပျောက်ကွယ်သွားပြီးနောက် အသက်ရှူအကြိမ် တစ်ရာခန့်မျှ မကြာမီမှာပင် အပြာရောင် အလင်းတန်းတစ်ခုက ကောင်းကင်ယံမှ ထိုးဆင်းလာပြီး လီအိမ်တော်၏ နောက်ဖေးဆောင်အတွင်းသို့ ကျဆင်းလာခဲ့သည်။

အလင်းတန်းများ ပျောက်ကွယ်သွားသည့်အခါ လီချန်ရှန်း၏ ပုံရိပ် ပေါ်ထွက်လာသည်။ မြေပြင်ပေါ်ရှိ အလောင်းပုံများနှင့် သွေးပင်လယ်ပြင်ကဲ့သို့ ဖြစ်နေသော လူသားငရဲခန်းကြီးကို မြင်လိုက်ရသည့်အခါ သူသည် ဆက်လက်၍ ကြံ့ကြံ့မခံနိုင်တော့ဘဲ သွေးတစ်လုပ် အန်ထုတ်လိုက်ရတော့သည်။

မြေပြင်ပေါ်တွင် ပြူးကျယ်သော မျက်လုံးများ၊ ဖြူဖျော့သော မျက်နှာနှင့် ဒေါသအရိပ်အယောင်များဖြင့် လဲလျောင်းနေသည့် လီဆန်းပေါ၏ ဦးခေါင်းကို မြင်လိုက်ရသည့်အခါ

“ဆန်း... ဆန်းပေါ...”

သူသည် အင်အားများ ဆုတ်ယုတ်သွားကာ မြေပြင်ပေါ်သို့ ယိုင်ထိုးလဲကျသွားတော့သည်။

သေကုန်ပြီ။ အားလုံး သေကုန်ကြပြီ။

"ငါ့ရဲ့ မယားငယ်တွေ၊ ရာနဲ့ချီတဲ့ မယားပါသားသမီးတွေ၊ မရေမတွက်နိုင်တဲ့ သားစဉ်မြေးဆက်တွေနဲ့ ငါအချစ်ရဆုံး သားဖြစ်သူတောင် မချန်... အားလုံးက သွေးအိုင်ထဲမှာ ကြောက်စရာကောင်းတဲ့ အနေအထားတွေနဲ့ သေဆုံးနေကြပြီ"

“ငါ့သား...”

တုန်ရင်နေသော လက်များဖြင့် လီချန်ရှန်းသည် လီဆန်းပေါ၏ ဦးခေါင်းကို ကောက်ကိုင်လိုက်ပြီး သူ၏မျက်နှာပေါ်မှ သွေးများကို ညင်သာစွာ သုတ်ပေးလိုက်သည်။

တစ်ညတာအတွင်းမှာပင် သူ၏မိသားစုဝင် အားလုံးမှာ သူ၏ရှေ့မှောက်၌ ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ ဤနာကျင်မှုမှာ ဓားပေါင်းတစ်ထောင်ဖြင့် အမွှန်းခံနေရသကဲ့သို့ လီချန်ရှန်း၏ နှလုံးသားကို အပိုင်းပိုင်း ဆုတ်ဖြဲနေတော့သည်။

သူသည် မည်သည့်အခါကမျှ မျက်ရည်မကျဖူးသော်လည်း ဤခဏတွင်မူ သူ၏ စိတ်ဓာတ်ခံစစ်မှာ ပြိုလဲသွားပြီး မျက်ဝန်းထောင့်မှ သွေးမျက်ရည်များ စီးကျလာတော့သည်။

သူသည် ဟိန်းဟောက်ရန် သို့မဟုတ် ငိုကြွေးရန် ပါးစပ်ကို ဟလိုက်သော်လည်း မည်သည့်အသံမျှ ထွက်မလာဘဲ ခက်ခဲပင်ပန်းစွာ အသက်ရှူသံကိုသာ ကြားနေရသည်။ အစွန်းကုန် ဝမ်းနည်းပူဆွေးရသည့် အချိန်တွင် မည်သည့်အသံမျှ ထွက်ပေါ်မလာနိုင်တော့ချေ။

ဝုန်း ဝုန်း….

သူ၏နောက်ကွယ်မှ အကြီးအကဲမဟူရာနှင့် ထိုပါးကျန်းယီတို့၏ အရှိန်အဝါများ အလျင်အမြန် နီးကပ်လာသည်ကို သူ ခံစားလိုက်ရသည်။ သူ့အတွက် အသက်ရှူရန်ပင် အချိန်မပေးကြချေ။

လီချန်ရှန်းသည် သူ၏မျက်နှာပေါ်မှ သွေးမျက်ရည်များကို သုတ်လိုက်၏။

သူ့မှာ ဝမ်းနည်းပူဆွေးနေရန် အချိန်မရှိတော့။ လီဆန်းပေါ၏ ဦးခေါင်းနှင့် ပျက်စီးနေသော ရုပ်အလောင်းများကို သူ၏ သိုလှောင်လက်စွပ်အတွင်းသို့ ထည့်လိုက်ပြီးနောက် နောက်ဖေးဆောင်ရှိ အဆောင်ဆီသို့ အမြန်ဆုံး ပြေးဝင်သွားတော့သည်။

“ကျီနု မင်း ဘယ်မှာလဲ”

လီချန်ရှန်းသည် ရှည်လျားစွာ အော်ပြောလိုက်ရင်း သူ၏ ကျယ်ပြန့်လှသော နတ်ဘုရားအာရုံကို တစ်ပြိုင်နက်တည်း ဖြန့်ကြက်လိုက်သည်။

နောက်တစ်ခဏတွင်မူ လီချန်ရှန်းသည် တစ်စုံတစ်ခုကို အာရုံမိသွားသကဲ့သို့ အဆောင်အနက်ပိုင်းဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။ အသက်ရှူတစ်ချက်စာ အချိန်အတွင်းမှာပင် ပိုင်ဟူးအာ၏ ဖေးမမှုဖြင့် လျှောက်လှမ်းနေသော အိုမင်းရင့်ရော်သည့် ကျီနုကို သူ မြင်လိုက်ရ၏။

“ကျီနု...”

ကျီနုကို မြင်လိုက်ရသည့်အခါ လီချန်ရှန်း၏ ရင်ထဲမှ ဝမ်းနည်းမှုများမှာ အနည်းငယ် သက်သာရာရသွားပြီး သူမ၏လက်ကို ဆုပ်ကိုင်လိုက်ကာ “ကျီနုရာ... မင်း ဘေးကင်းနေရင်ပဲ တော်ပါပြီ” ဟု ပြောလိုက်သည်။

“ချန်ရှန်း... ဘာတွေဖြစ်ကုန်တာလဲ”

ကျီနု၏ မျက်နှာတွင် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေသည်။

“ဘာမှမဖြစ်ပါဘူး။ ငါတို့ နတ်ဘုရားတံခါး မြို့တော်ကနေ ခဏလောက် ထွက်သွားဖို့ပဲ လိုတာပါ”

လီချန်ရှန်းသည် ကျီနုကို ကြည့်ကာ အားတင်း၍ ပြုံးပြလိုက်သည်။ သားဖြစ်သူ ဆုံးရှုံးရခြင်းကို နှစ်ကြိမ်တိုင်တိုင် ကြုံတွေ့ခဲ့ရပြီးသော ကျီနုအတွက် အမှန်တရားကို သိရှိသွားခြင်းမှာ ခံရပ်နိုင်ရည်ရှိမည်မဟုတ်ကြောင်း သူ ကောင်းကောင်းသိသည်။

နောက်တစ်ခဏ၌ ကျီနု မေးခွန်းထုတ်ရန် အခွင့်မသာမီမှာပင် လီချန်ရှန်းသည် ပိုင်ဟူးအာကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် “မင်းလား...” ဟု မေးလိုက်သည်။

ပိုင်ဟူးအာက အမောတကောဖြင့် ခေါင်းငြိမ့်ပြကာ “အိမ်တော်မှာ တစ်ခုခုဖြစ်နေတာ မြင်လို့ ကျွန်မ အပြေးလာခဲ့တာပါ။ ဒါပေမဲ့ နှမြောစရာကောင်းတာကတော့...”

“ကျေးဇူးတင်ပါတယ်”

လီချန်ရှန်းသည် ပိုင်ဟူးအာကို လေးလေးနက်နက် ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်

လိုက်သည်။ အကယ်၍ သူမသာ မရှိလျှင် ကျီနုပါ အန္တရာယ်ရှိနိုင်သည်။

“ချန်ရှန်း... မိန်းကလေးပိုင်ပြောတဲ့ မတော်တဆမှုဆိုတာ ဘာလဲ ရှင် ဘာတွေ ဖုံးကွယ်ထားတာလဲ ဆန်းပေါတို့ကော ဘယ်မှာလဲ”

ကြီးမားသော အဖြစ်အပျက်တစ်ခုခု ဖြစ်ပွားနေပြီကို ရိပ်မိသွားသော ကျီနုက လီချန်ရှန်းကို တောင်းပန်တိုးလျှိုးသော အကြည့်ဖြင့် ကြည့်လိုက်၏။

ထိုမြင်ကွင်းကြောင့် လီချန်ရှန်း၏ နှလုံးသားမှာ နာကျင်သွားရကာ “ကျီနု... နောက်မှ အကုန်လုံးကို ငါ ရှင်းပြပါ့မယ်။ ဟုတ်ပြီလား” ဟု ပြောလိုက်သည်။

စကားအဆုံးတွင်မူ လီချန်ရှန်းသည် တွန့်ဆုတ်မနေတော့ဘဲ လက်တစ်ဖက်ဖြင့် ကျီနုကို ပွေ့ချီကာ အခြားလက်တစ်ဖက်ဖြင့် ပိုင်ဟူးအာကို ဆွဲခေါ်လျက် လီအိမ်တော်အတွင်းရှိ အလှပြကျောက်တောင်ကြီးတစ်ခုဆီသို့ အပြေးသွားတော့သည်။

“ရွှေ့ပြောင်းခြင်း အစီအရင်... ပွင့်စမ်း”

လီချန်ရှန်းသည် အသက်ကို ပြင်းပြင်းရှူကာ ကျောက်တောင်ပေါ်သို့ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ဝုန်း….

ချက်ချင်းဆိုသလိုပင် ကျောက်တောင်ကြီးမှာ ပေါက်ကွဲသွားပြီး မြေပြင်ပေါ်၌ နက်ရှိုင်းထူးဆန်းသော အစီအရင်ပုံစံတစ်ခု ပေါ်ထွက်လာသည်။

"အမြဲတမ်း သတိကြီးကြီးနဲ့ တည်တည်ငြိမ်ငြိမ် နေတတ်တဲ့ လီချန်ရှန်းလို လူမျိုးက ကိုယ့်

ကိုကိုယ် ကာကွယ်ဖို့ နည်းလမ်းတစ်ခုခုကို ဘယ်လိုလုပ် ချန်မထားဘဲ နေမှာလဲ။ ဒီအစီအရင်က သူ့ရဲ့ ကြိုတင်ပြင်ဆင်မှုတွေထဲက တစ်ခုပဲ ဖြစ်မယ်"

ရှဲ….

လီချန်ရှန်းသည် ကျီနု၊ ပိုင်ဟူးအာတို့နှင့်အတူ ရွှေ့ပြောင်းခြင်း အစီအရင်ပေါ်သို့ တက်လှမ်းလိုက်သည်။ နောက်တစ်ခဏတွင် သူတို့၏ ခြေဖဝါးအောက်၌ တောက်ပသော အဖြူရောင် ဝဲဂယက်တစ်ခု ပေါ်ထွက်လာပြီး သူတို့၏ ပုံရိပ်များကို တဖြည်းဖြည်း ဝါးမြိုသွားတော့၏။

“ဇီဝေချန်မိသားစု”

“ငါ လီချန်ရှန်း ဒီကနေပဲ ကျိန်ဆိုလိုက်မယ်။ ဒီဘဝမှာ ဇီဝေချန်မိသားစုကို မြေမြှုပ်ပစ်နိုင်ခြင်း မရှိခဲ့ရင် ငါ့ကို ကောင်းကင်ကပဲ အပြစ်ပေးပါစေတော့”

လီချန်ရှန်းသည် ခေါင်းကိုမော့ကာ အဆုံးမဲ့သော ဟင်းလင်းပြင်ကို ဖောက်ထွက်၍ တောင်ထိပ်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ချန်ကျီရှင်းနှင့် အဖွဲ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

ဝှူး

အလင်းတန်းတစ်ခု ဝင်းလက်သွားပြီးနောက် လီချန်ရှန်းတို့ သုံးဦးစလုံးမှာ ဝဲဂယက်နှင့်အတူ ပျောက်ကွယ်သွားတော့သည်။ သူ သတိမထားမိလိုက်သည်မှာ သူ၏နောက်ကွယ်ရှိ ပိုင်ဟူးအာ၏ နှုတ်ခမ်းထက်တွင် ပွင့်အံလာသော ပန်းတစ်ပွင့်အလား မှိန်ဖျော့ဖျော့ အပြုံးတစ်ခု ဖြစ်ပေါ်နေခြင်းပင်။

ခဏအကြာတွင် နတ်ဘုရားတံခါး မြို့တော်ပြင်ပရှိ တောင်ထိပ်ပေါ်သို့ ထိုပါးကျန်းယီနှင့် အကြီးအကဲမဟူရာတို့ မြို့တွင်းမှ ပြန်လည်ရောက်ရှိလာကြသည်။

“တောက် အဲဒီ လီချန်ရှန်း လွတ်သွားပြီဗျာ”

အကြီးအကဲမဟူရာ၏ မျက်နှာမှာ ပုပ်သိုးနေပြီး သူ၏မျက်ဝန်းများအတွင်း တစ္ဆေအလင်းများ တဖျတ်ဖျတ် တောက်ပနေသည်။ လီချန်ရှန်း၏ အစွမ်းနှင့် အလားအလာကို သူ ကောင်းကောင်းသိသည်။

ယနေ့သာ သူ လွတ်သွားပါက ပင်လယ်ထဲသို့ ငါးတစ်ကောင် ပြန်ဝင်သွားသကဲ့သို့ မည်သည့်အခါမျှ ပြန်ရှာတွေ့နိုင်တော့မည် မဟုတ်ပေ။ အကယ်၍ လီချန်ရှန်းသာ မသေဘဲ ရှိနေလျှင် နောင်တစ်ချိန်၌ ကြီးမားသော ခြိမ်းခြောက်မှုကြီး ဖြစ်လာမည်မှာ မြေကြီးလက်ခတ် မလွဲပင်။

“စိတ်မပူပါနဲ့ သူ မလွတ်နိုင်ပါဘူး”

ချန်ကျီရှင်းက ပြုံးလျက် ပြောလိုက်သည်။

“အို သခင်လေးမှာ နောက်ထပ် အစီအစဉ် ရှိနေသေးတာလား”

အကြီးအကဲမဟူရာသည် မျက်ခုံးပင့်ကာ ချန်ကျီရှင်းကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။

ချန်ကျီရှင်းက ပြန်လည်မဖြေကြားဘဲ သက်ပြင်းတစ်ချက်ကို ညင်သာစွာ ရှူထုတ်လိုက်ရင်း ပျင်းရိစွာ အကြောဆန့်ကာ မြေပြင်မှ ထရပ်လိုက်သည်။

အဝေးတစ်နေရာမှမူ အခြားမြို့များမှ စီကုန်းမျိုးနွယ်စုဝင် ကျွမ်းကျင်သူများက အရပ်မျက်နှာအသီးသီးမှ ဤနေရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြပြီ ဖြစ်သည်။

အခန်း။ ၂၃၈

တောင်ထိပ်ထက်ဝယ် လမင်းမှာ ထွန်းလင်းတောက်ပစွာ သာယာနေ၏။

ထိုစဉ် ချန်ကျီရှင်း၏ အသိစိတ်အာရုံထဲတွင် အေးစက်စက် အချက်ပေးသံများ ဆက်တိုက်ဆိုသလို မြည်ဟည်းလာတော့သည်။

[တိန်... မင်းက ကောင်းကင်ဘုံရွေးချယ်ထားတဲ့ ဇာတ်လိုက်ကို ဖိနှိပ်နိုင်ခဲ့ပြီး သူ့ရဲ့ စိတ်ဓာတ်ကို ပြိုလဲစေပြီး နှစ်ပေါင်းရာချီ တည်ဆောက်ခဲ့တဲ့ အခြေခံအုတ်မြစ်တွေကို ဖျက်ဆီးနိုင်ခဲ့တယ်။ သူ့ရဲ့ ကံကြမ္မာနဲ့ ပါရမီအချို့ကို လွှဲပြောင်းရယူလို့ရပါပြီ]

[တိန်... မင်းရဲ့ မူလကံကြမ္မာတန်ဖိုး ၉၀၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်း ထပ်တိုးလာတဲ့အတွက် စုစုပေါင်း ၁၀၀၀ ရာခိုင်နှုန်း ဖြစ်သွားပါပြီ]

[တိန်... ဘွဲ့အသစ်တစ်ခုဖြစ်တဲ့ အနန္တဖန်ဆင်းခြင်းကို ရရှိပါတယ်]

[တိန်... နက်ရှိုင်းတဲ့ နတ်ဘုရားရေခဲခန္ဓာကိုယ်ကို ပိုင်ဆိုင်ရရှိပါတယ်]

[တိန်... ရေခဲတာအို နိုးထမှုကို ရရှိပါတယ်]

“ကံကြမ္မာတန်ဖိုးက တစ်ထောင်ပြည့်သွားပြီး ဘွဲ့အသစ်တစ်ခုပါ ပွင့်သွားတာလား...”

“ပြီးတော့ ထူးကဲနတ်ဘုရားရေခဲခန္ဓာကိုယ်နဲ့ ရေခဲတာအို နိုးထမှုကိုပါ ရလိုက်တာပဲ...”

ချန်ကျီရှင်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်ထွက်လာသည်။ ဤသို့ဆိုလျှင် သူ၏ ရှစ်ခုမြောက် တာအိုမျိုးစေ့မှာ လက်တစ်ကမ်းအလိုသို့ ရောက်ရှိလာပြီ ဖြစ်သည်။

“ဟူး.....”

ချန်ကျီရှင်းသည် သက်ပြင်းတစ်ချက်ကို အားပါပါ ရှူထုတ်လိုက်ပြီး သူ၏ စိတ်ထဲမှ အချက်အလက်များကို ခေတ္တဘေးဖယ်ကာ အဝေးက ညဉ့်ကောင်းကင်ယံဆီသို့ လှမ်းကြည့်လိုက်သည်။

အဝေးတစ်နေရာမှ အရှိန်အဟုန်ပြင်းပြင်းဖြင့် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ပြေးဝင်လာသော အလင်းတန်းများကို မြင်တွေ့နေရ၏။ သူတို့မှာ နတ်ဘုရားတံခါး မြို့တော်မှ တိုက်ပွဲအချက်ပေး မီးခိုးများကို မြင်တွေ့ပြီးနောက် အရပ်မျက်နှာအသီးသီးမှ ကူညီရန် ရောက်ရှိလာကြသည့် စီကုန်းမျိုးနွယ်စု၏ အင်အားကြီး ပုဂ္ဂိုလ်များပင်။

“ကဲ... အိမ်ပြန်ကြစို့"

ချန်ကျီရှင်းသည် ပျင်းရိစွာ အကြောဆန့်လိုက်၏။ ယခုအခါ သူသည် မိုးကြိုးတာအို၏ တစ်ဝက်ကို ပြည့်စုံစေခဲ့ပြီး တာအိုမျိုးစေ့ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ကာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ် အဆင့် ၇သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

ထို့ပြင် ကောင်းကင်ဘုံရွေးချယ်ထားသော ဇာတ်လိုက်လီချန်ရှန်းနှင့်လည်း ခေတ္တမျှ ရင်ဆိုင်ခဲ့ရပြီး ဖြစ်သည်။ လောလောဆယ်တွင် လီချန်ရှန်းကို သတ်ဖြတ်ရန် မဖြစ်နိုင်သေးသဖြင့် ဟွိုင်ကျိုးနယ်မြေတွင် ဆက်လက်နေထိုင်ရန် အကျိုးအမြတ် သိပ်မရှိတော့ပေ။

“ကောင်းပါပြီဗျာ"

အကြီးအကဲမဟူရာက ရယ်မောလိုက်ရင်း သူ၏ ညာလက်ကို ဝှေ့ယမ်းကာ ရွှေ့ပြောင်းခြင်း အဆောင်စာရွက်တစ်ခုကို ထုတ်ယူလိုက်သည်။

ဖျတ်…

အကြီးအကဲမဟူရာက ထိုအဆောင်စာရွက်ကို ချေဖျက်လိုက်သည့်အခါ အားလုံး၏ ခြေဖဝါးအောက်တွင် အစီအရင် ပုံစံများ ပျံ့နှံ့သွားတော့သည်။ တစ်ခဏချင်းမှာပင် ထိုအစီအရင်များအတွင်း၌ တောက်ပသော အဖြူရောင် ဝဲဂယက်တစ်ခု ပေါ်ထွက်လာ၏။

“ငါတို့လည်း ပြန်ကြစို့"

ထိုပါးကျန်းယီသည်လည်း ရွှေ့ပြောင်းခြင်း အဆောင်စာရွက်တစ်ခုကို ချေဖျက်လိုက်သည်။

“မောင်လေး... အားတဲ့အခါကျရင် ဂိုဏ်းကို လာလည်ဖို့ မမေ့နဲ့ဦးနော်။ ဂိုဏ်းချုပ်က မင်းအကြောင်းကို ခဏခဏ ပြောနေတာ”

လီရန်သည် ချန်ကျီရှင်းကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။ သူမ၏ လွန်ခဲ့သော ဘဝတွင်မူ ဝမ်းနည်းကြေကွဲဖွယ် အဆုံးသတ်ခဲ့ရသော်လည်း ယခုဘဝတွင်မူ သူမသည် တောက်ပရွှင်လန်းနေသူ ဖြစ်သည်။

မုန့်ဟယ်တုန်းနှင့် ဖြစ်ပျက်ခဲ့သော ကိစ္စမှာ သူမအတွက် အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်းပင်။ သူမ၏ စိတ်ဓာတ်ခိုင်မာမှုမှာလည်း ယခင်ကထက် များစွာ ပိုမိုအားကောင်းလာခဲ့ပြီ ဖြစ်သည်။

“ကျိန်းသေပေါက် လာခဲ့ပါ့မယ်"

ချန်ကျီရှင်းသည် ထျန်းလန်သန့်စင်နယ်မြေမှ အဖွဲ့ဝင်များကို ပြုံး၍ နှုတ်ဆက်လိုက်သည်။

ရှဲ ရှဲ ရှဲ…

တောက်ပသော အဖြူရောင် ဝဲဂယက်သည် ထိုပါးကျန်းယီနှင့် အခြားသူများကို ပထမဆုံးဝါးမြိုသွားပြီး တောင်ထိပ်ထက်မှ ပျောက်ကွယ်သွားစေတော့သည်။ ချန်ကျီရှင်းမှာမူ ရွှေ့ပြောင်းခြင်း အစီအရင်အတွင်း ရပ်တန့်နေဆဲဖြစ်ပြီး အဝေးမှ တောင်တန်းကြီးများကို ငေးကြည့်နေမိသည်။

ထာဝရရှင်သန်ခြင်း မျိုးနွယ်စု စီကုန်း…..

ကောင်းကင်ဘုံရွေးချယ်ထားသော ဇာတ်လိုက် လီချန်ရှန်း…..

ဤနယ်မြေတွင် သူ လုပ်ဆောင်ရန် ကျန်ရှိနေသေးသော ကိစ္စရပ်များစွာ ရှိနေသေး၏။

“ငါ ပြန်လာခဲ့မယ်"

ချန်ကျီရှင်းက တိုးညှင်းစွာ ရေရွတ်လိုက်ပြီး သူ၏ မျက်ဝန်းအတွင်းဝယ် ပြတ်သားသော အရည်အချင်းများ ဝင်းလက်သွားသည်။

နောက်တစ်ကြိမ် သူ ဟွိုင်ကျိုးနယ်မြေသို့ ပြန်လာသည့်အခါတွင်မူ ဤနယ်မြေတစ်ခုလုံးကို မှောက်လှန်ပစ်မည့် အချိန်ပင်။

ဝှူး….

တောက်ပသော အဖြူရောင် ဝဲဂယက်သည် ချန်ကျီရှင်းနှင့် အခြားသူများကို လုံးဝ ဝါးမြိုသွားပြီး တိတ်ဆိတ်ငြိမ်သက်နေသော တောင်တန်းကြီးများအကြားမှ ပျောက်ကွယ်သွားတော့သည်။

လောကကြီးမှာ တစ်ဖန် ပြန်လည်၍ အေးစက်တိတ်ဆိတ်သွားတော့သည်။

အမွှေးတိုင်တစ်ဝက်စာခန့် ကြာမြင့်ပြီးနောက်

ရှုူး... ရှူး... ရှူး

ရှုူး... ရှူး... ရှူး

အလင်းတန်းများစွာသည် ကောင်းကင်ယံကို ဆုတ်ဖြဲလျက် တောင်ထိပ်ပေါ်သို့ တစ်ဟုန်ထိုး ဆင်းသက်လာကြသည်။

“ဘယ်မှာလဲ... သူတို့ ဘယ်မှာလဲ”

အလင်းတန်းများ ပျောက်ကွယ်သွားသည့်အခါ အင်အားကြီး ကျွမ်းကျင်သူများ၏ ပုံရိပ်များ ပေါ်ထွက်လာသည်။

“လွတ်သွားပြီ"

ခရမ်းရောင် မျက်သူငယ်အိမ်များနှင့် အရှိန်အဝါကြီးမားသည့် မြွေနဂါးဝတ်ရုံကို ဆင်မြန်းထားသည့် ခန့်ညားထည်ဝါသော သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက မြေပြင်မှ ရွှေ့ပြောင်းခြင်း အဆောင်စာရွက် အပိုင်းအစများကို ကောက်ယူကာ လက်ဖြင့်ခြေ၍ ဖုန်မှုန့်အဖြစ် ပြောင်းလဲပစ်လိုက်သည်။

ထို့နောက် သူသည် သွေးပျက်ဖွယ် မြင်ကွင်းနှင့် အနက်ရောင် သံချပ်ကာတပ်သားများ၏ အလောင်းများကို တစ်ချက် လှမ်းကြည့်လိုက်သည်။ တောင်ထိပ်၏ ရှေ့ဆုံးနေရာတွင်မူ စီကုန်းယွမ်၏ ရုပ်အလောင်းမှာ လက်နှစ်ဖက်ကို နောက်ပြန်အချည်ခံထားရပြီး တူကူးမိသားစုရှိရာ ဘက်သို့ မျက်နှာမူလျက် ဒူးထောက်နေဆဲပင်။ ကြည်ညိုလေးနက်စွာ နောင်တရ ဦးချနေသည့် အလားပင်။

“ယုတ်မာလိုက်တဲ့ကောင်တွေ”

“တောက် သူတို့ကို လွှတ်ပေးလိုက်ရတာလား”

“သောက်ကျိုးနည်း... တစ်လှမ်းလေးပဲ နောက်ကျသွားတာ”

အင်အားကြီး ကျွမ်းကျင်သူများက ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ ထို့နောက် သူတို့သည် မြွေနဂါးဝတ်ရုံနှင့် အမျိုးသားဘက်သို့ လှည့်ကြည့်လိုက်ကြ၏။ ထိုအမျိုးသားမှာ ဖရိုဖရဲဖြစ်နေသော ဆံပင်အနက်ရောင်များ၊ နက်ရှိုင်းသော ခရမ်းရောင်မျက်ဝန်းများနှင့် ခန့်ညားသော ကိုယ်ဟန်ရှိပြီး သူတို့က တိုးညှင်းသော အသံဖြင့် မေးမြန်းလိုက်ကြသည်။

“သခင်ကြီး... အခု ဘာဆက်လုပ်ကြမလဲ”

မြွေနဂါးဝတ်ရုံနှင့် အမျိုးသားမှာ တည်ငြိမ်သော အမူအရာဖြင့် ယန့်ကျိုးရှိရာဘက်သို့ လှမ်းကြည့်လျက် အေးဆေးစွာ ပြောလိုက်သည်။

“ဘာမှမဖြစ်ဘူး"

“အရှေ့ပိုင်း ထူးကဲနယ်မြေ ပြိုင်ပွဲက သိပ်မကြာခင် လာတော့မှာပဲ။ အဲဒီအချိန်ကျမှ ငါတို့ ပြန်တွေ့ကြတာပေါ့"

“ချန်ကျီရှင်းကော ဇီဝေချန်မိသားစုပါ လွတ်အောင် မပြေးနိုင်ပါဘူး"

သုံးရက်ခန့် ကြာပြီးနောက် ဇီဝေချန်မိသားစု တတိယတောင်ထိပ် လျှို့ဝှက်ကျင့်ကြံဆောင်အတွင်း၌ ချန်ကျီရှင်းသည် ဝတ်ရုံနက်ကို ဆင်မြန်းလျက် တင်ပျဉ်ခွေထိုင်နေသည်။ သူ၏ ရှည်လျားသော ဆံနွယ်အနက်ရောင်များမှာ အောက်သို့ ဝဲကျနေပြီး ချောမောသော မျက်နှာမှာ အေးချမ်းတည်ငြိမ်နေ၏။

“ရေခဲတာအို"

ချန်ကျီရှင်းက ထိုစကားလုံးကို ရေရွတ်လိုက်သည်နှင့် တစ်ပြိုင်နက် ရေခဲတာအိုနှင့် ပတ်သက်သော အဆုံးမဲ့ နားလည်သဘောပေါက်မှုများမှာ သူ၏ အသိစိတ်အာရုံအတွင်းသို့ အဟုန်ပြင်းစွာ တိုးဝင်လာတော့သည်။

ဝုန်း….

နိဗ္ဗာန်နနယ်ပယ် တစ်ခု၏ နားလည်သဘောပေါက်မှုမှာ အတော်လေး ကျယ်ပြောလှသည်။

ချန်ကျီရှင်းမှာ သူ၏ ဦးနှောက်အတွင်း တစ်စုံတစ်ခုနှင့် အတင်းထိုးသိပ်ခံထားရသကဲ့သို့ ခံစားလိုက်ရပြီး ပြင်းထန်သော နာကျင်မှုနှင့်အတူ နားထဲ၌ တဝုန်းဝုန်းတိုးသံများ မြည်ဟည်းနေတော့သည်။

“ဖိနှိပ်စမ်း”

ချန်ကျီရှင်းက ခပ်တိုးတိုး ဟိန်းဟောက်လိုက်ရာ သူ၏ အသိစိတ်ပင်လယ်အတွင်းရှိ ကြီးမားလှသော နတ်ဘုရားအတွေးအမြင်များက ထိုတာအိုနိုးထမှုများကို ခေတ္တမျှ ဖိနှိပ်ထားလိုက်သည်။ ထို့နောက်တွင်မူ သူသည် လီချန်ရှန်းထံမှ ရရှိလာသော နိုးထမှုများကို ပိုးအိမ်မှ ပိုးချည်မျှင်ထုတ်သကဲ့သို့ တစ်စစီ တဖြည်းဖြည်းချင်း စုပ်ယူတော့သည်။

တစ်ချိန်တည်းမှာပင် ချန်ကျီရှင်း၏ အရိုးများနှင့် ကြွက်သားများထံမှ ဂျွတ်ခနဲ အသံများ ထွက်ပေါ်လာသည်။ စိမ်းပြာရောင် ရေခဲသွေးကြောတစ်ခုမှာ အောက်ခြေမြီးညောင့်ရိုးမှ စတင်ကာ ဦးခေါင်းခွံအထိ အထက်သို့ ဆန့်တန်းသွားသည်။

ထိုရေခဲသွေးကြောမှာ လည်ပင်းနေရာသို့ ရောက်ရှိလာသည့်အခါ သစ်မြစ်များအလား အစိတ်စိတ်ကွဲထွက်သွားပြီး ဆံချည်မျှင်အမျှင်ပေါင်းများစွာ ဖြစ်လာကာ ချန်ကျီရှင်း၏ ကျောပြင်တစ်ခုလုံးနှင့် အရိုး၊ အသားများအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။

ထိုအရာက ထူးကဲနတ်ဘုရားရေခဲခန္ဓာကိုယ်ပင်။

ဂျွတ် ဂျွတ် ဂျွတ်…

ဂျွတ် ဂျွတ် ဂျွတ်….

ချန်ကျီရှင်း၏ ခန္ဓာကိုယ်မှာ စတင် အသွင်ပြောင်းလဲနေပြီ ဖြစ်သည်။

နောက်တစ်နေ့၊ နံနက်စောစော နေခြည်ဖြာစအချိန်၌ တောက်ပသော နေရောင်ခြည်တစ်စသည် ပြတင်းပေါက်မှတစ်ဆင့် တိုးဝင်လာပြီး ချန်ကျီရှင်း၏ ကိုယ်တစ်ခြမ်းပေါ်သို့ ကျရောက်နေသည်။ ချန်ကျီရှင်းသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။

ကြည်လင်၍ ကျဉ်းမြောင်းသော သူ၏ မျက်ဝန်းအစုံမှာ အဖြူအနက် ကွဲပြားနေသော်လည်း ယခုအခါတွင်မူ သူငယ်အိမ်မှာ ရေခဲဝိညာဉ်တစ်ခုအလား စိမ်းပြာရောင်သို့ ပြောင်းလဲသွားခဲ့သည်။

“ထူးကဲနတ်ဘုရားရေခဲခန္ဓာကိုယ်... ပြီးမြောက်သွားပြီ"

ချန်ကျီရှင်းသည် သူ၏လက်ကို မြှောက်ကာ လက်ဝါးကို ကြည့်လိုက်သည်။

“အို”

ချက်ချင်းဆိုသလိုပင် ချန်ကျီရှင်းသည် မျက်ခုံးပင့်သွားပြီး သူ၏မျက်ဝန်းများအတွင်း စိတ်

လှုပ်ရှားမှုများဖြင့် ဝင်းလက်သွားတော့သည်။

All Chapters