← Chapters

အခန်း (၆၄-၆၆)

Vol. 5 Ch. 64-66

အခန်း (၆၄-၆၆)

Vol. 5 Ch. 64-66

အခန်း ၆၄ မြွေပါကို သတ်ဖြတ်ခြင်း

ဖျော့တော့တော့ အဝါရောင် အခိုးအငွေ့များသည် ကိုယ်ပွား၏ မျက်နှာပေါ်သို့ ဖြန်းပက်ခြင်း ခံလိုက်ရသည်။

ထိုမှော်အငွေ့များ၏ လှည့်စားမှုကို ခံလိုက်ရသည်နှင့် ကိုယ်ပွား၏ ရှေ့မှောက်ရှိ မြင်ကွင်းမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။

မြွေပါဝိညာဉ်မှာ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွား၏

ထိုအစား ကြောက်မက်ဖွယ်ရာ အော်ဟစ်သံများဖြင့် ဘီလူးသတ္တဝါ တစ်ဒါဇင်ခန့်က သူ့ထံသို့ အတင်းအဓမ္မ ခုန်

အုပ်လာကြသည်။

လတ်တလော အခြေအနေအရဆိုလျှင်

ကိုယ်ပွားသာ နောက်ထပ်တစ်လှမ်း တိုးလိုက်သည်နှင့် ထိုသတ္တဝါများ၏ ကိုက်ခဲဝါးမြိုခြင်းကို မလွဲမသွေ ခံရပေတော့မည်။

သို့သော်လည်း ကိုယ်ပွားကမူ ထိုအရာများကို လျစ်လျူရှုထားလိုက်၏။

ဘီလူးများ သူ့ထံ ပြေးဝင်လာသည်ကို လွှတ်ထားပေးပြီးမှ ဓားရှည်ကို အသာအယာ လှည့်ကာ သူ၏ ဘယ်ဘက်ရှိ ဟာလာဟင်းလင်း နေရာလွတ်သို့ ပိုင်းချလိုက်သည်။

ကျောက်ဖေး၏ ကိုယ်ပွါးအားလုံးသည် ပင်မခန္ဓာကိုယ်၏ စိတ်အာရုံနှင့် ဆက်နွှယ်နေပြီး အမြင်အာရုံကို အတူတကွ မျှဝေခံစားနေကြခြင်း ဖြစ်သည်။

မြွေပါဝိညာဉ်သည် သူ၏ မှော်အငွေ့အာနိသင်ကို မီတာ ရာနှင့်ချီသော အကွာအဝေးထိ ဖြန့်ကျက်ပြီး ကျောက်ဖေး၏ ပင်မခန္ဓာကိုယ်နှင့် ကိုယ်ပွားအားလုံးကို တစ်ပြိုင်နက် မလွှမ်းမိုးနိုင်သရွေ့ လွတ်မြောက်ရန် မဖြစ်နိုင်ပေ။

ထင်ရှားသည်မှာ ဤမြွေပါဝိညာဉ်၏ ကျင့်စဉ်အဆင့်မှာ ထိုမျှအထိ မရောက်သေးခြင်းပင်။

"ကွီ ကွီ..."

ရင်းနှီးနေသော စူးရှသည့် အော်ဟစ်သံမှာ တစ်ဖန် ထွက်ပေါ်လာပြန်သည်။

မြွေပါဝိညာဉ်၏ ရှေ့ခြေတစ်ဖက်သည် ဓားဖြင့် အပိုင်းပိုင်း ဖြတ်တောက်ခြင်း ခံလိုက်ရပြီး သစ်ပင်ပေါ်မှ ပြုတ်ကျသွားတော့သည်။

ရှူး... ရှူး... ရှူး...

သစ်ကိုင်းပေါင်းများစွာသည် အရပ်မျက်နှာ အနှံ့အပြားမှ တစ်ဖန် ပြန်လည် တိုက်ခိုက်လာကာ ကိုယ်ပွားကို လုပ်ကြံရန် ကြိုးပမ်းလာကြသည်။

သို့သော် အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သစ်ပင်အောက်တွင် အခြားကိုယ်ပွား တစ်ခုမှာ ခဏချင်းအတွင်း၌ပင် ပေါ်ပေါက်လာပြီး ဖြစ်

သောကြောင့်တည်း။

မြွေပါဝိညာဉ် သစ်ပင်ပေါ်မှ ပြုတ်ကျလာသည်မှာ ထောင်ချောက်ထဲသို့ တည့်တည့်တိုးဝင်လာသကဲ့သို့ ရှိနေတော့သည်။

"အသက်ချမ်းသာပေးပါ..."

မြွေပါဝိညာဉ်သည် စူးစူးဝါးဝါး အော်ဟစ် အသနားခံရှာသည်။

၎င်း၏ စိတ်ထဲတွင် နောင်တများဖြင့် ပြည့်နှက်နေ၏။ အကယ်၍ ဤသို့ ဖြစ်လာမည်ကို သိခဲ့ပါက ထောင်၏ ခေါင်းတလားဆိုင်မှ ထွက်ပြေးခဲ့မည် မဟုတ်ပေ။ ကျောက်ဖေး၏ အနား၌သာ အစေခံတစ်ဦးအဖြစ် ငြိမ်ဝပ်စွာ နေခဲ့ပါက ပိုကောင်းပေလိမ့်မည်။

သို့မဟုတ်လျှင်လည်း ဤနေရာ၌ ဒဏ်ရာကုစားနေမည့်အစား အဝေးဆုံးသို့ ထွက်ပြေးသွားသင့်ခဲ့သည်။

ကံဆိုးလှသည်မှာ ဤလောကတွင် နောက်ကြောင်းပြန်လှည့်၍ မရနိုင်ခြင်းပင်။

မြွေပါဝိညာဉ်၏ အော်ဟစ်သံမှာ လေထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်၏

သို့သော်လည်း ကိုယ်ပွားကမူ ဓားမြှောင်ကို မြှောက်ကာ မြွေပါ၏ လည်ပင်းတည့်တည့်သို့ ပြင်းထန်စွာ ထိုးစိုက်လိုက်တော့သည်။

မှော်အငွေ့များ၏ အာနိသင် ကုန်ဆုံးသွားသည်နှင့် ဝိညာဉ်ဖြစ်နေသော မြွေပါပင် ဖြစ်လင့်ကစား သာမန်တိရစ္ဆာန်ထက် အနည်းငယ်မျှသာ ပိုသန်စွမ်းသည့် တောရိုင်းတိရစ္ဆာန် တစ်ကောင်အဆင့်သို့ ပြန်ကျသွားခဲ့ပြီ ဖြစ်သည်။

ကျောက်ဖေးသည် မြွေပါဝိညာဉ် လုံးဝ သေ၊ မသေကို စိုးရိမ်နေသေး၏

သူ၏ ကိုယ်ပွားကို မြွေပါ၏ ဦးခေါင်းအား နောက်ထပ် အကြိမ်အနည်းငယ် ထပ်မံ ထိုးခိုင်းလိုက်သည်။ မြွေပါ၏ ဦးနှောက်များ ပွင့်ထွက်လာသည်ကို မြင်ရမှသာ သူ စိတ်အေးသွားတော့သည်။

"မင်း... မင်းက တကယ်ပဲ ဟွမ်စန်းကို သတ်ရဲတယ်ပေါ့လေ..."

ပတ်ဝန်းကျင် တစ်ခုလုံးတွင် ဆူညံသော အသံများ ပဲ့တင်ထပ်သွားသည်။

သစ်ပင်အို ဝိညာဉ်မှာ အလွန်အမင်း ဒေါသထွက်သွားကာ သစ်ကိုင်းများကို ပိုမိုရမ်းကားစွာ လွှဲယမ်းပြီး ကျောက်ဖေး၏ ကိုယ်ပွားကို ခဏချင်းအတွင်း သတ်ဖြတ်ပစ်လိုက်သည်။

စင်စစ်တွင် ဟွမ်စန်းနှင့် ၎င်း၏ ဆက်ဆံရေးမှာ ထိုမျှလောက် မနက်ရှိုင်းပေ

သို့သော်လည်း အပင်အို ဝိညာဉ်ကို တကယ်တမ်း ဒေါသထွက်စေသည်မှာ ကျောက်ဖေးက ၎င်း၏ နယ်မြေအတွင်း၌ လူသတ်ဝံ့ပြီး အောင်မြင်အောင် လုပ်ဆောင်သွားခြင်းကြောင့် ဖြစ်သည်။

ဤအပြုအမူမှာ သစ်ပင်အို ဝိညာဉ်အတွက် သည်းခံနိုင်စရာ မရှိပေ။

"မလောပါနဲ့... အချိန်တွေ အများကြီး ရှိပါသေးတယ်။ မင်းနဲ့ ငါ ဖြည်းဖြည်းချင်း ကစားကြတာပေါ့"

ကျောက်ဖေးက အသာအယာ ရယ်မောလိုက်သည်။

သူ၏ ကိုယ်ပွား အသတ်ခံရသည်ကို မြင်သော်လည်း သူ မျက်တောင်တစ်ချက်ပင် မခတ်ပေ။

ထို့နောက် သူသည် နောက်ထပ် ကိုယ်ပွား ခြောက်ခုကို ထပ်မံ ဆင့်ခေါ်လိုက်ပြီး သစ်ပင်အို ဝိညာဉ်ထံသို့ အရပ်မျက်နှာ အနှံ့မှ ပြေးဝင် တိုက်ခိုက်စေလိုက်သည်။

သူတို့သည် မြွေပါဝိညာဉ်ကို လိုက်လံနှိမ်နင်းရန် လာခဲ့ကြခြင်း ဖြစ်သော်လည်း မထင်မှတ်ဘဲ သစ်ပင် ဝိညာဉ်နှင့် လာတိုးခြင်း ဖြစ်သည်။

ဤသည်မှာ ကျောက်ဖေးအတွက် အမြင်ကျယ်စေရုံသာမကပေ

မမျှော်လင့်ထားသော အခွင့်အရေးများလည်း ရရှိစေခဲ့သည်။

သူ ကိုယ်တိုင် ရေးဆွဲထားသော ကျင့်စဉ် အစီအစဉ်တွင် အကယ်၍သာ အပင်ဝိညာဉ် တစ်ခုခုကို ရှာတွေ့ခဲ့ပါက သစ်သားဓာတ်၏ စွမ်းအားကို နားလည်သဘောပေါက်ရန် အထောက်အကူ ဖြစ်လိမ့်မည်ဟု ယူဆခဲ့ဖူးသည်။

အပင်များသည် သစ်သားဓာတ်အုပ်စုတွင် ပါဝင်သောကြောင့် ၎င်းတို့သည် ထိုစွမ်းအား၌ ကျွမ်းကျင်ကြမည်မှာ သေချာပေသည်။

"သေစမ်း... သေလိုက်စမ်း..."

သစ်ပင်အို ဝိညာဉ်မှာ ထပ်တလဲလဲ ဟိန်းဟောက်နေသည်။

သစ်ကိုင်းများသည် မိစ္ဆာများကဲ့သို့ ရမ်းခါနေပြီး ကျောက်ဖေး၏ ကိုယ်ပွားများကို တရစပ် သတ်ဖြတ်နေတော့သည်။

သို့သော် အသတ်ခံရသော ခန္ဓာကိုယ်များမှာ ချက်ချင်းပင် ပျောက်ကွယ်သွားကြ၏

အသစ်သော ကိုယ်ပွားများမှာ ကြောက်ရွံ့ခြင်း အလျှင်းမရှိဘဲ အပင်အို ဝိညာဉ်ထံသို့ အတင်းတိုးဝင်နေကြဆဲ ဖြစ်သည်။

ကျောက်ဖေးသည် လိုက်လံတိုက်ခိုက်စဉ်က သံမဏိဓားရှည် တစ်လက်နှင့် ဓားမြှောင် တစ်လက်ကိုသာ ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ကိုယ်ပွားများမှာ မည်သည့် လက်နက်မျှ မပါဘဲ သစ်ပင်အိုဆီသို့ လက်ဗလာဖြင့် တိုးဝင်သွားကြသည်။

ထိုမြင်ကွင်းမှာ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်နေသည့်အလား ထင်မှတ်ရသည်။

သူ၏ ကိုယ်ပွါးတစ်ခုသည် သစ်ပင်အို၏ နှစ်မီတာ အကွာအဝေးအတွင်းသို့ တိုးဝင်သွားစဉ် သစ်ကိုင်းတစ်ခုက သူ၏ ချက်တည့်တည့် ကို ဖောက်ထွက်သွားသည်။

ထိုသစ်ကိုင်းသည် သူ၏ ခန္ဓာကိုယ်အတွင်းမှ သွေးနှင့် အသက်စွမ်းအားများကို ရူးသွပ်စွာ စုပ်ယူနေသည်ကို သူ ခံစားလိုက်ရသည်။

ပြင်းထန်သော နာကျင်မှုသည် ဒီရေအလား တဟုန်ထိုး တက်လာသော်လည်း ကိုယ်ပွား၏ မျက်နှာတွင်မူ မည်သည့် အမူအရာမျှ ပြောင်းလဲခြင်း မရှိပေ။

သူသည် အလွန်အမင်း တည်ငြိမ်နေပြီး သူ၏ ဇီဝစွမ်းအားများ စုပ်ယူခံနေရမှုကို ခွင့်ပြုထားလိုက်သည်။

သူ၏ သတိစိတ်များ ပျောက်ကွယ်မသွားမီ နောက်ဆုံးအချိန်လေး၌ သူသည် တစ်စုံတစ်ခုကို သဘောပေါက်သွားတော့သည်။

ဤသစ်ကိုင်းများသည် ရှေးကျပြီး မူလအစကတည်းက ရှိနေသော ဆာလောင်မှု အသိစိတ်ကို ဆောင်ကြဉ်းထားကြသည်။

၎င်းတို့သည် သစ်ပင်များ ကြီးထွားသန်စွမ်းရန် အာဟာရကို စုပ်ယူသကဲ့သို့ပင် သက်ရှိစွမ်းအားများကို ဝါးမြိုကြခြင်း ဖြစ်သည်။

"ငါ သိပြီ... သစ်သားဓာတ်ရဲ့ စွမ်းအား၊ သစ်သားဓာတ်ရဲ့ ကြီးထွားနိုင်စွမ်းဟာ ရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဌာန်မှာတင် မကဘဲ သက်ရှိစနစ်ရဲ့ စွမ်းအင်သံသရာ လည်ပတ်မှုအထိပါ သက်ရောက်နေတာပဲ..."

ကိုယ်ပွား၏ ပါးစပ်မှ သွေးများ ထွက်နေသော်လည်း သေအံ့ဆဲဆဲ အအချိန်တွင် သူ၏ မျက်နှာ၌ သိမြင်နားလည်သွားသည့် အပြုံးတစ်ခု ပေါ်လွင်နေတော့သည်။

ကျောက်ဖေး၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်။

ရင်ထဲတွင်လည်း ကြည်နူးမှုကို ခံစားနေရ၏။

မျှော်လင့်ထားသည့်အတိုင်းပင် သူ၏ အစောပိုင်း ကျင့်စဉ် အစီအစဉ်မှာ မှန်ကန်ခဲ့ပြီး ဤကိုယ်ပွား၏ စတေးမှုသည် အလဟဿ မဖြစ်ခဲ့ပေ။

သူသည် ငါးပါးသော ဓာတ်ကြီးများထဲမှ သစ်သားဓာတ်ကို တဖြည်းဖြည်း နားလည်လာခဲ့ပြီ ဖြစ်သည်။

"ဒါပေမဲ့... ဒါက လုံးဝ မလုံလောက်သေးဘူး”

စိတ်ကူးတစ်ခုနှင့်အတူ ကျောက်ဖေးသည် ကိုယ်ပွားအသစ် တစ်ခုကို ထပ်မံ ဖန်တီးလိုက်ပြီး သစ်ပင်အို ဝိညာဉ်ထံသို့ မကြောက်မရွံ့ဘဲ တစ်ဖန် ပြေးဝင်ခိုင်းလိုက်ပြန်သည်။

ကိုယ်ပွါးတစ်ခုသည် သစ်ကိုင်းများ၏ ရစ်ပတ်မှုကို ခံထားရသော်လည်း သူသည် ခေါင်းငုံ့ကာ သစ်ကိုင်းကို အားရပါးရ ကိုက်ချလိုက်သည်။

သစ်ကိုင်းသည် အလွန် မာကျောလှသဖြင့် အားကုန်ကိုက်သော်လည်း သစ်ခေါက် အနည်းငယ်သာ ပဲ့ထွက်သွားသည်။

ထိုအစား ကိုယ်ပွား၏ ရှေ့သွားနှစ်ချောင်း ကျိုးသွားပြီး ပါးစပ်တစ်ခုလုံး သွေးချင်းနီသွားတော့သည်။

သို့သော်လည်း ကိုယ်ပွားသည် နာကျင်မှုကို မသိတော့ဘဲ ခါးသက်လှသော သစ်စေးများကို အတင်းအဓမ္မ စုပ်ယူနေတော့သည်။

ကိုယ်ပွား၏ မျက်နှာမှာ မြင်သာထင်သာစွာပင် အပြာရောင်မှ အမည်းရောင်သို့ ပြောင်းလဲသွားပြီး ပါးစပ်တစ်ခုလုံးမှာ သစ်သားအဖြစ် ပြောင်းလဲသွားသကဲ့သို့ ထုံထိုင်းသွားသည်။

သာမန် သစ်ပင် အများစုသည် အဆိပ်မရှိသော်လည်း ဤအသိဉာဏ်ဝင်နေသော အပင်အိုမှာမူ သာမန်မဟုတ်သည်မှာ ထင်ရှားလှသည်။

၎င်း၏ သစ်စေးများတွင် အဆိပ်များ ပါဝင်နေ၏။

သို့သော်လည်း ကိုယ်ပွားသည် ထိုအဆိပ်ထဲတွင် ပါဝင်နေသော သစ်သားဓာတ် စွမ်းအင်ကို အာရုံခံမိလိုက်သည်။

သစ်သားဓာတ် စွမ်းအင် ပါဝင်သော ထိုထူးဆန်းသည့် အဆိပ်သည် သူ၏ အသားနှင့် သွေးများကို အသွင်ပြောင်းလဲစေကာ ခန္ဓာကိုယ်အတွင်းရှိ သက်ရှိစွမ်းအားများကို သစ်သားကဲ့သို့ မာကျောသော အသွင်သို့ ပြောင်းလဲသွားစေသည်။

ထို့ပြင် ထိုအသွင်ပြောင်းလဲမှုသည် ပါးစပ်မှတစ်ဆင့် ဦးခေါင်းတစ်ခုလုံး၊ ထို့နောက် လည်ပင်းအထိ လျင်မြန်စွာ ပျံ့နှံ့လာတော့သည်။

ကိုယ်ပွားသည် သူကိုယ်သူ သစ်သားရုပ်ထုတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ ခံစားရပြီး တုံ့ပြန်မှုများမှာလည်း တဖြည်းဖြည်း နှေးကွေးလာခဲ့သည်။

"ပျံ့နှံ့ခြင်း... ဒါကလည်း ကြီးထွားခြင်းရဲ့ ပုံစံတစ်မျိုးပဲ..."

နောက်ထပ် နားလည်မှု အသိတစ်ခုမှာ ခန္ဓာကိုယ် ခွဲထွက်မှုဆီမှ ပေါ်ပေါက်လာပြန်သည်။

ထို့နောက်တွင်တော့ သစ်ကိုင်းတစ်ခုသည် ကိုယ်ပွား၏ ဘယ်ဘက်မျက်လုံးကို ဖောက်ခနဲ ထိုးဖောက်သွားပြီး ကိုယ်ပွား၏ အသိစိတ်မှာ မှောင်အတိ ကျသွားတော့သည်။

ဤပြင်းထန်လှသော... သို့မဟုတ် ပိုမိုတိကျစွာ ဆိုရလျှင် တစ်ဖက်သတ် ဆန်လှသော ရက်စက်ကြမ်းကြုတ်သည့် သတ်ဖြတ်မှုကြီးမှာ မရပ်မနား ဆက်လက် ဖြစ်ပွားနေသည်။

အဆုံးသတ် ရှိလိမ့်မည်ဟုပင် မထင်ရပေ။

သတိမထားမိလိုက်ဘဲ အပြင်ဘက်တွင် မှောင်ရီပျိုးစ ပြုလာပြီ ဖြစ်သည်။

ချိုင့်ဝှမ်းအတွင်း၌မူ လုံးဝ မှောင်အတိ ကျနေချေပြီ။

ကြားနေရသည်မှာ သစ်ကိုင်းများ လွှဲယမ်းသံ၊ အသားကို ဖောက်ထွက်သွားသော အသံများနှင့် အရာဝတ္ထုများ ရိုက်ခတ်မိသံများသာ ဖြစ်သည်။

ထိုအသံများသည် တစ်ချက်ကလေးမျှပင် ရပ်တန့်သွားခြင်း မရှိပေ။

သို့သော် ကြားသင့်သည့် အော်ဟစ်ညည်းညူသံ တစ်ချက်မျှ မထွက်ပေါ်လာဘဲ သတ်ဖြတ်မှု အားလုံးမှာ တိတ်ဆိတ်ငြိမ်သက်စွာသာ ဖြစ်ပွားနေခဲ့သည်။

ကျောက်ဖေးသည် မီတာ တစ်ရာခန့် အကွာတွင် တင်ပျဉ်ခွေ ထိုင်နေသည်။

ဤနေရာမှာ သစ်ပင်အို ဝိညာဉ်၏ တိုက်ခိုက်မှု အကွာအဝေးနှင့် ဝေးကွာလှသည်။

ထို့ပြင် အကယ်၍ အပင်အို ဝိညာဉ်က သူ၏ အမြစ်များကို မြေကြီးထဲမှ ဆွဲနှုတ်ကာ တိုက်ခိုက်ရန် ကြိုးစားလျှင်ပင် ကျောက်ဖေးအနေဖြင့် ချက်ချင်း ရွှေ့ပြောင်းနိုင်စရာ နေရာ ရှိနေသည်။

သစ်ပင်အို ဝိညာဉ်သည် အမှန်တကယ်ပင် သန်စွမ်းလှသည်။ ၎င်းသည် အပင်ဝိညာဉ်မျှသာ ဖြစ်သော်လည်း သန့်စင်သော ခွန်အားပိုင်းတွင်မူ မြွေပါဝိညာဉ်ထက် များစွာ သာလွန်သည်။

၎င်းသည် ဝိညာဉ်ဖြစ်လာသည်မှာ မည်မျှကြာပြီဖြစ်ကြောင်း သို့မဟုတ် နှစ်ပေါင်း မည်မျှ ကျင့်ကြံခဲ့သည်ကို မည်သူမျှ မသိနိုင်ပေ။

၎င်း၏ တစ်ခုတည်းသော အားနည်းချက်မှာ အပင်ဝိညာဉ် ဖြစ်သည့်အတွက် ကျင့်စဉ် အဆင့်မြင့်သော်လည်း ရွှေ့ပြောင်းရန် မလွယ်ကူခြင်းပင်။

၎င်း၏ အမြစ်များကို ဆွဲနှုတ်ကာ မြေပေါ်တွင် ရွှေ့ပြောင်းနိုင်သော်လည်း လှုပ်ရှားမှုနှုန်းမှာ အလွန်အမင်း နှေးကွေးလှသဖြင့် မီတာတစ်ရာအကွာရှိ ကျောက်ဖေးအတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မဖြစ်နိုင်ချေ။

အခန်း ၆၅ သစ်သားဓာတ်ကို သိမြင်နားလည်ခြင်း

ကျောက်ဖေးသည် ထုပ်ပိုးထားသော အထုပ်ထဲမှ ရိက္ခာခြောက်နှင့် ရေအချို့ကို ထုတ်ယူကာ ဗိုက်ပြည့်အောင် စားသောက်ပြီးနောက်... သူသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ လက်ဖဝါးနှစ်ဖက်၊ ခြေဖဝါးနှစ်ဖက်နှင့် နှဖူးတို့ ကောင်းကင်သို့ မူထားသည့် "နှလုံးသားငါးပါး ကောင်းကင်မူ" ပုံစံဖြင့် ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။

ကိုယ်ပွါးတစ်ခုသည် ကျောက်ဖေး၏ ဘေးတွင် ရပ်နေပြီး ပတ်ဝန်းကျင်ကို ကင်းစောင့်ရန် တာဝန်ယူထားသည်။

ထိုအတောအတွင်း ကျန်ရှိသော ကိုယ်ပွားငါးခုမှာမူ သစ်ပင်အို ဝိညာဉ်ထံသို့ တရစပ် ပြေးဝင်တိုက်ခိုက်နေကြဆဲ ဖြစ်သည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

သတိမထားမိလိုက်ဘဲ မှောင်အတိကျနေသော တောအုပ်အတွင်း၌ တဖြည်းဖြည်း လင်းရောင်ခြည် သန်းလာခဲ့ပြီ ဖြစ်သည်။

နံနက်ခင်း၏ နေရောင်ခြည်သည် သစ်ကိုင်းသစ်ရွက်များကြားရှိ ဟာကွက်လေးများမှတစ်ဆင့် မြေပြင်ပေါ်သို့ ဖြာကျလာတော့သည်။

"ဒါဟာ သစ်သားဓာတ်ရဲ့ စွမ်းအားလား... တကယ်ကို အံ့ဩဖို့ကောင်းတာပဲ”

ကျောက်ဖေး၏ အာရုံခံစားမှုအတွင်း၌

သူသည် တစ်ဖန် ပြန်လည် မြင်လာရပြန်သည်။

သူ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ထဲတွင် ရေဓာတ်စွမ်းအင်ကို ကိုယ်စားပြုသည့် အပြာရောင် အစက်အပြောက်များအပြင် ယခုအခါ အစိမ်းရောင် အစက်အပြောက်များပါ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။

ဤအစိမ်းရောင် အစက်အပြောက်များသည် ငါးပါးသော ဓာတ်ကြီးများထဲမှ သစ်သားဓာတ်ပင် ဖြစ်သည်။

ရေဓာတ်စွမ်းအင်နှင့် နှိုင်းယှဉ်လျှင် သစ်သားဓာတ်အပေါ် သူ၏ အာရုံခံနိုင်စွမ်းမှာ ထိုမျှလောက် မရှင်းလင်းသေးဘဲ ဝေဝါးသော ခံစားချက်မျှသာ ရှိသေးသည်။

သို့သော်လည်း အာရုံခံစားမှု မပြတ်သားသေးသော်လည်း မြင်နိုင်စွမ်း ရှိလာခြင်းမှာ အဆင့်အတားတစ်ခုကို ကျော်ဖြတ်နိုင်ခြင်းပင် ဖြစ်သည်။

ဤအဆင့်ကို ကျော်ဖြတ်ပြီးသည်နှင့် သူသည် ကမ္ဘာသစ်တစ်ခုသို့ စတင် ဝင်ရောက်လာနိုင်ပေတော့မည်။

ထောင်ဖန်းမင် ကဲ့သို့သော သာမန်လူများသည် မြေဓာတ်နှင့် သစ်သားဓာတ်၏ အခြေခံကို နားလည်ရန် သူတို့၏ ဘဝတစ်ဝက်ကျော်ကို အသုံးချခဲ့ရသော်လည်း ဤအဆင့်ကိုမူ ကျော်ဖြတ်နိုင်ခြင်း မရှိကြသေးပေ။

"မာကျောတဲ့ သစ်သားက ကျိုးလွယ်တတ်ပေမဲ့ ပျော့ပျောင်းတဲ့ သစ်သားကတော့ ကြံ့ခိုင်

မြဲမြံတယ်..."

"သစ်ပင်ကြီးကလည်း သေးငယ်တဲ့ အညှောက်လေးကနေ စတင် ကြီးထွားလာတာပဲ..."

"အမြစ် နက်နက်တွယ်မှ သစ်ရွက်တွေ ဝေဆာနိုင်မယ်၊ ရေက သစ်ပင်ကို အာဟာရကျွေးတယ်... ဒါဆိုရင် ငါက ဘာလို့ ရေဓာတ်ကို အခြေခံပြီး သစ်သားဓာတ်ကို မမွေးမြူနိုင်ရမှာလဲ..."

သိမြင်နားလည်မှု အသိတရားများစွာသည် ကျောက်ဖေး၏ စိတ်ထဲတွင် ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာနေသည်။

ကျောက်ဖေးသည် ထိုကြည်နူးမှုထဲတွင် နစ်မျောနေသဖြင့် အချိန်ကုန်သွားသည်ကိုပင် လုံးဝ သတိမထားမိတော့ပေ။

သူ ဗိုက်ဆာလာလျှင် သို့မဟုတ် ရေငတ်လာလျှင်လည်း

သူကိုယ်တိုင် လုပ်ဆောင်ရန် မလိုပေ။

ဘေးတွင် ကင်းစောင့်နေသော ကိုယ်ပွားက အထုပ်ထဲမှ ရိက္ခာခြောက်များကို ထုတ်ကျွေးပြီး အနီးနားရှိ စမ်းချောင်းမှ ရေကို ခပ်ယူကာ တိုက်ကျွေးလိမ့်မည် ဖြစ်သည်။

ကိုယ်ပွားများကို ဆင့်ခေါ်ခြင်းမှာလည်း အသိစိတ်၏ စေခိုင်းမှုမျှသာ လိုအပ်သဖြင့် ကျောက်ဖေး၏ သိမြင်မှုပိုင်းကို အနှောင့်အယှက် လုံးဝ မဖြစ်စေနိုင်ချေ။

ဤသို့ဖြင့် နေမင်းသည် အရှေ့မှ ထွက်ကာ အနောက်သို့ ဝင်သွားခဲ့သည်။

ကိုယ်ပွားသည် ကျောက်ဖေးအတွက် အချိန်ကို တိတ်တဆိတ် တွက်ချက်ပေးနေပြီး နောက်ထပ် နှစ်ရက် ကုန်ဆုံးသွားပြန်သည်။

သစ်ပင်အို ဝိညာဉ်မှာမူ သူ သတ်လိုက်သော လူအရေအတွက်ကို ရေတွက်၍ပင် မရတော့ပေ။

ယခုအချိန်တွင် ၎င်း၏ ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။

တစ်ချိန်က စိမ်းလန်းစိုပြည်ပြီး ဝေဆာခဲ့သော သစ်ရွက်များမှာလည်း ညှိုးနွမ်းခြောက်သွေ့ကာ ကြွေကျကုန်ကြပြီ ဖြစ်သည်။

မြေပြင်ပေါ်တွင် ကျိုးပဲ့နေသော သစ်ကိုင်းများသည် ထပ်ဆင့်ကာ အလွှာလိုက် ရှိနေပြီး အနည်းဆုံး စင်တီမီတာ ဆယ်ဂဏန်းခန့် အထူရှိနေတော့သည်။

ပြောင်သလင်းခါနေသော သစ်ပင်စည်ပိုင်းပေါ်တွင် သစ်ခေါက်များမှာ လန်ထွက်နေပြီး နေရာအနှံ့အပြားတွင် အနက်အမျိုးမျိုးရှိသော သွားရာများကို မြင်တွေ့နေရသည်။

မူလက သစ်ကိုင်းသစ်ရွက် ဝေဆာလှသော သစ်ပင်အိုကြီးမှာ ယခုအခါ ပြောင်သလင်းခါကာ ကြည့်ရသည်မှာ အလွန်ပင် သနားစဖွယ် ကောင်းလှတော့သည်။

၎င်းသည် အပင်ဝိညာဉ်ဖြစ်သဖြင့် တုံ့ပြန်မှု နှေးကွေးသော်လည်း ယခုအချိန်တွင် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း အာရုံခံမိလိုက်သည်။

၎င်းသည် လူတစ်ယောက်နှင့် တိုက်ခိုက်နေရခြင်း မဟုတ်ဘဲ စစ်တပ်တစ်ခုလုံးနှင့် တိုက်ခိုက်နေရသကဲ့သို့ ခံစားနေရသည်။

"လူငယ်လေး... ငါတို့ကြားမှာ ဘာရန်ငြိုးမှ အနက်အရှိုင်း မရှိပါဘူး၊ မင်းက ဘာလို့ ငါ့ကို အသေအလဲ တိုက်ခိုက်နေရတာလဲ။ ငါတို့ ဒီအတိုင်းပဲ ရပ်တန့်လိုက်ကြရင် မကောင်းဘူးလား။ မင်း ငါ့ကို တောင်းပန်ပြီး လျော်ကြေးလေး နည်းနည်းပေးလိုက်ရုံပါပဲ... မင်း ဘယ်လိုသဘောရလဲ"

သို့သော် ကျောက်ဖေးကမူ ၎င်းကို လုံးဝ လျစ်လျူရှုထားသည်။

သူသည် အဆက်မပြတ် သိမြင်နားလည်လာသော ကြည်နူးမှုထဲတွင် နစ်မျောနေသဖြင့် သစ်ပင်အိုကို ဂရုစိုက်ရန် အချိန်မရှိပေ။

ကိုယ်ပွါးငါးခုသည်လည်း မည်သည့် အမူအရာမျှ မရှိဘဲ သေမင်းထံသို့ တရစပ် ပြေးဝင်နေကြဆဲ ဖြစ်သည်။

သစ်ပင်အို ဝိညာဉ်၏ ဟိန်းဟောက်သံမှာ ချိုင့်ဝှမ်းအတွင်း ပဲ့တင်ထပ်သွားသည်။ ၎င်း၏ ကြီးမားသော ပင်စည်ကြီးသည် ဒေါသကြောင့် ပြင်းထန်စွာ တုန်ခါနေပြီး သစ်ခေါက်များ ကွဲအက်ကာ သစ်စေးနံ့များ ပြင်းထန်စွာ ထွက်ပေါ်လာတော့သည်။

"ကောင်လေး၊ ငါက စေတနာနဲ့ မင်းအသက်ကို ချမ်းသာပေးနေတာ၊ မင်းကို ငါ တကယ်ပဲ ဘာမှ မလုပ်နိုင်ဘူးလို့ ထင်နေတာလား?”

ဒေါသအဟုန်ဖြင့် ၎င်းသည် မြေကြီးထဲတွင် နက်ရှိုင်းစွာ မြုပ်နေသော အမြစ်များကို ဆွဲနှုတ်ကာ ကျောက်ဖေး၏ ပင်မခန္ဓာကိုယ်ရှိရာသို့ တရွေ့ရွေ့ လှုပ်ရှားလာတော့သည်။

သို့သော် အပင်များသည် သဘာဝအရပင် နှေးကွေးလှသဖြင့် ၎င်းတို့၏ အမြစ်များ ရွေ့လျားနှုန်းသည် ကျောက်ဖေးအတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မရှိပေ။

ကျောက်ဖေးသည် ထိုင်ရာမှထကာ ခြေလှမ်း ဆယ်ဂဏန်းခန့် အကွာသို့ ရွှေ့လိုက်ပြီးနောက် ပြန်လည် ထိုင်ကာ သစ်သားဓာတ်၏ အနှစ်သာရကို ဆက်လက် သိမြင်အောင် လုပ်ဆောင်နေတော့သည်။

"အား... တကယ်ပဲ ဒေါသထွက်ဖို့ ကောင်းလိုက်တာ”

သစ်ပင်အိုမှာ ဒေါသတကြီး အော်ဟစ်လိုက်

သည်။

၎င်းသည် သစ်ကိုင်းများကို ရမ်းခါကာ ကိုယ်ပွားနှစ်ခုကို ရစ်ပတ်ဖမ်းယူလိုက်ပြီး မျက်စိတစ်မှိတ်အတွင်း၌ပင် ထိုကိုယ်ပွားများကို သွေးချင်းနီအောင် ချေမွပစ်လိုက်သည်။

ကံဆိုးသည်မှာ ၎င်းအနေဖြင့် ကိုယ်ပွားများအပေါ် မည်မျှပင် ဒေါသပုံချပါစေ...

၎င်းမှာ အချည်းနှီးသော ဒေါသထွက်မှုမျှသာ ဖြစ်၏

ကျောက်ဖေး၏ ခန္ဓာကိုယ်ကိုမူ အနည်းငယ်မျှပင် ထိခိုက်အောင် မလုပ်နိုင်ပါချေ။

တစ်နာရီခန့် ကုန်ဆုံးသွားပြီးနောက်

သစ်ပင်အို ဝိညာဉ်မှာ ဒေါသများ ငြိမ်

သက်သွားခဲ့သည်။

"ကောင်လေး... ငါတို့ ဒီလိုပဲ ဆက်တိုက်နေရင် သုံးရက် သုံးည ကြာရင်တောင် အနိုင်အရှုံး ပေါ်မှာ မဟုတ်ဘူး။ ငါက မင်းကို သနားလို့ တောင်းပန်စရာ မလိုတော့ဘူးလို့ သတ်မှတ်ပေးမယ်။ ငါတို့ ဒီနေ့မှာပဲ ရပ်

လိုက်ကြရအောင်၊ ဟုတ်ပြီလား"

"တကယ်တော့ စိတ်ချပါ၊ ငါနဲ့ ဟွမ်စန်းနဲ့က အဲ့လောက် မရင်းနှီးပါဘူး။ သူ သေသွားတာကတော့ သူ့ကံပေါ့။ ဟွမ်စန်းကြောင့် ငါ မင်းကို ကလဲ့စားချေလိမ့်မယ်လို့ မစိုးရိမ်ပါနဲ့”

အခြေအနေက ဤသို့ ဖြစ်လာသည်အထိ

သစ်ပင်အို ဝိညာဉ်သည် သူ၏ စိတ်ရင်းကို ပြသခဲ့ပြီး ကျောက်ဖေးကိုလည်း မျက်နှာသာ အတော်လေး ပေးခဲ့သည်ဟု ယူဆခဲ့သည်။

ကျောက်ဖေးအနေဖြင့်လည်း အခြေအနေကို နားလည်ပြီး ရပ်တန့်သင့်သည်ဟု သူ ထင်နေသည်။

သို့သော်လည်း

၎င်း မည်မျှပင် ငြိမ်းချမ်းရေး စကားဆိုစေကာမူ ပြန်ရရှိသည့် အရာမှာ တိတ်ဆိတ်ခြင်းသာ ဖြစ်သည်။

ကျောက်ဖေးသည် မျက်တောင်တစ်ချက်ပင် ခတ်၍ ၎င်းကို ကြည့်ခြင်း မရှိပေ။

အချိန်များ ကုန်ဆုံးကာ ညနေခင်းသို့ တစ်ဖန် ရောက်ရှိလာပြန်သည်။

ချိုင့်ဝှမ်းအတွင်းသို့ မှောင်မိုက်ခြင်းများ တစ်

ဖန် ဖုံးလွှမ်းလာခဲ့ပြီ ဖြစ်သည်။

သစ်ပင်အို ဝိညာဉ်၏ မီတာတစ်ရာ ပတ်ဝန်းကျင်၌သာ သစ်ကိုင်းသစ်ရွက်များ မရှိတော့သဖြင့် ကောင်းကင်မှ လရောင်မှာ ဆီးနှင်းများအလား ဖြာကျနေတော့သည်။

"သူငယ်ချင်းလေး... ငါတို့ကြားမှာ အသေအလဲ ရန်ငြိုးမရှိပါဘူး၊ ငါတို့ နှစ်ယောက်လုံး ဘာလို့ ဒီလောက် ဒုက္ခခံနေရမှာလဲ။ အရင်က ငါ မှားခဲ့ပါတယ်၊ ငါ မင်းကို မတိုက်ခိုက်သင့်ဘူး။ မင်းသာ ရပ်တန့်ပေးမယ်ဆိုရင် ငါ... ငါ မင်းကို တောင်းပန်နိုင်ပါတယ်”

နောက်ထပ် ညသန်းခေါင်ယံသို့ ရောက်ရှိလာပြန်သည်။

"...ညီလေး၊ မင်းသာ ရပ်တန့်ပေးမယ်ဆိုရင် နှစ်ပေါင်း ရာချီသက်တမ်းရှိတဲ့ အပင်အဆီအနှစ်ကို ငါ လျော်ကြေးအဖြစ် ပေးပါ့မယ်”

အရုဏ်တက်ချိန်တွင်...

"...ငါက နှစ်ပေါင်း ရာချီ ကျင့်ကြံလာခဲ့ရတာပါ၊ ဒါဟာ မလွယ်ကူလှပါဘူး။ မင်းက ဘာလို့ ဒီလောက် ရက်စက်နေရတာလဲ လူငယ်လေး။ မင်းမှာ ဘာတောင်းဆိုချက်ပဲရှိရှိ ပြောပါ၊ ငါတို့ ညှိနှိုင်းကြတာပေါ”

မွန်းတည့်ချိန်တွင်...

ကောင်းကင်ယံ၌ မည်းမှောင်သော တိမ်တိုက်များ ဖုံးလွှမ်းနေသည်။

"...မင်းသာ ရပ်တန့်မယ်ဆိုရင် နောက်နောင် မင်းခိုင်းသမျှကို ငါ နာခံပါ့မယ်လို့ သစ္စာဆိုပါတယ်”

ညနေခင်းတွင်...

ကောင်းကင်ယံ၌ မိုးခြိမ်းသံများနှင့် လျှပ်စီးများ လက်လာပြီး မိုးသည်းထန်စွာ ရွာသွန်းလာတော့သည်။

သစ်ပင်အို ဝိညာဉ်၌ သစ်ကိုင်း အနည်းငယ်သာ ကျန်တော့ပြီး ၎င်း၏ ပြောင်သလင်းခါနေသော ပင်စည်မှာလည်း ပျက်စီးယိုယွင်းလာခဲ့ပြီ ဖြစ်သည်။

ကျောက်ဖေး၏ ကိုယ်ပွား တစ်ခုချင်းစီသည် သူနှင့် အဆင့်တူ ခွန်အားများ ရှိကြပြီး နဝမအဆင့် သိုင်းပညာရှင် အဆင့်သို့ ရောက်ရှိနေသူများ ဖြစ်ကြောင်း သတိပြုသင့်သည်။

သူတို့တွင် လက်နက်ကိရိယာများ မရှိဘဲ ခွန်အားအပြည့် မထုတ်နိုင်သော်လည်း သူတို့၏ အင်အားသည် သာမန်လူများထက် များစွာ သာလွန်လှသည်။

နှစ်ပေါင်း ရာချီ ကျင့်ကြံထားပြီး အင်အားကြီးလှသော သစ်ပင်အို ဝိညာဉ်ပင်လျှင် ထိုတိုက်ခိုက်မှုဒဏ်ကို မခံနိုင်တော့ချေ။

ယခုအချိန်တွင် ၎င်း၌ မူလစွမ်းအား၏ နှစ်ပုံ သို့မဟုတ် သုံးပုံခန့်သာ ကျန်ရှိတော့သည်။

အကယ်၍ ဤအခြေအနေအတိုင်း ဆက်သွားနေပါက...

နောက်ထပ် တစ်ညထက် ပိုမခံနိုင်တော့ဘဲ ခြောက်သွေ့ သေဆုံးသွားရမည်ကို သစ်ပင်အို ဝိညာဉ်က ကြိုတင် မြင်နေရပြီ ဖြစ်သည်။

သိမြင်နားလည်မှုအပေါ် အာရုံစိုက်နေသော ကျောက်ဖေးမှာမူ တစ်လျှောက်လုံး တည်ငြိမ်နေဆဲ ဖြစ်သည်။

ဤသည်မှာ အပင်အို ဝိညာဉ်ကို နောက်ဆုံးတွင် လုံးဝ မျှော်လင့်ချက် ကုန်ဆုံးသွားစေတော့သည်။

"ကောင်းပြီ... ကောင်းပြီလေ... မင်းက ငါ့ကို လွတ်လမ်း မပေးဘူးဆိုမှတော့... အတူတူ သေကြတာပေါ့”

၎င်းသည် ကျန်ရှိနေသော သစ်ကိုင်းများကို ရုတ်တရက် ခါယမ်းလိုက်ရာ သစ်ပင်ထိပ်ဖျားမှ ကျိုးပဲ့နေသော သစ်ကိုင်းများသည် မိုးကြိုးလွှဲတိုင်များကဲ့သို့ ကောင်းကင်သို့ တည့်တည့် မတ်မတ် ဦးတည်သွားတော့သည်။

ကျောက်ဖေး၏ အာရုံခံစားမှုအရ...

တောက်ပလှသော သစ်သားဝိညာဉ် စွမ်းအင်စီးကြောင်းတစ်ခုမှာ သစ်ပင်အို ဝိညာဉ်ထံမှ ကောင်းကင်ယံသို့ တည့်တည့်မတ်မတ် ပျံတက်သွားသည်။

ဝိညာဉ်စွမ်းအင်များမှာ ဟုန်ဟုန်တောက် တက်လာနေ၏

ပြင်းထန်လှသော ဇီဝစွမ်းအားများကို ထုတ်လွှတ်နေတော့သည်။

"ဒါဟာ..."

ကျောက်ဖေးသည် မနေနိုင်တော့ဘဲ မျက်လုံးများကို ဖွင့်ကာ ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။

ထိုခဏတွင် သိမြင်နားလည်မှု အသိများစွာသည် သူ၏ စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။

သို့သော်လည်း သူ ဆက်လက် သိမြင်နိုင်ခြင်း မရှိမီမှာပင်...

ဝုန်း... ဂျိန်း...

မျက်စိကျိန်းမတတ် လျှပ်စီးကြောင်းကြီး တစ်ခု ကျရောက်လာပြီးနောက် ဒုတိယတစ်ခု၊ တတိယတစ်ခု...

ခဏချင်းအတွင်းမှာပင် ချိုင့်ဝှမ်းတစ်ခုလုံးသည် လျှပ်စီးများဖြင့် လင်းထိန်သွားကာ တောက်ပသော အဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"သေလိုက်စမ်း... ငါ အသက်မရှင်ရရင် မင်းလည်း ငါနဲ့အတူ သေရမယ်”

သစ်ပင်အို ဝိညာဉ်၏ ဟိန်းဟောက်သံတွင် အတိုင်းအဆမရှိသော နာကျည်းမှုများ ပါဝင်နေသည်။

၎င်းသည် ကျန်ရှိသမျှ စွမ်းအားအားလုံးကို အသုံးပြုကာ ကောင်းကင်မိုးကြိုးကို ဆင့်ခေါ်လိုက်ပြီး ကျောက်ဖေးနှင့်အတူ ပျက်စီးသွားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်တော့သည်။

အခန်း ၆၆ အတူတူ ပျက်စီးခြင်းလား

ဝုန်း... ဝုန်း... ဝုန်း...

ချိုင့်ဝှမ်းတစ်ခုလုံးသည် ချက်ချင်းပင် မိုးကြိုးမုန်တိုင်းတစ်ခု၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။

စူးရှတောက်ပသော လျှပ်စီးတန်းများသည် ငွေရောင်မြွေပွေးများကဲ့သို့ ကခုန်နေကြပြီး မီတာရာချီ ပတ်လည်ရှိ အရာအားလုံးကို ကျွမ်းလောင်နေသော မြေရိုင်းအဖြစ် ပြောင်းလဲပစ်လိုက်တော့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှေးဟောင်းမိုးမခပင် ဝိညာဉ်ကို ဝိုင်းရံတိုက်ခိုက်နေသည့် ခွဲထွက်ခန္ဓာငါးခုစလုံးမှာ လျှပ်စီးဒဏ်ကြောင့် မီးသွေးခဲများအဖြစ် ကြေမွသွားခဲ့ရသည်။

မိုးကြိုးအားလုံး၏ အလယ်ဗဟိုတည့်တည့်တွင် ရှိနေသော ရှေးဟောင်းမိုးမခပင် ဝိညာဉ်သည်လည်း လွတ်မြောက်နိုင်ခြင်း မရှိပေ။

ဆယ်မီတာကျော် မြင့်မားသော ၎င်း၏ ထူထဲလှသည့် ပင်စည်ကြီးသည် မိုးကြိုးဒဏ်ကြောင့် မီးကျွမ်းနေသည့် အပိုင်းအစများ ဖြစ်သွားရရှာသည်။

သို့သော်လည်း မသေဆုံးမီတွင် ရှေးဟောင်းမိုးမခပင် ဝိညာဉ်သည် သူ၏ ကလဲ့စားချေမှု အောင်မြင်သွားသည့်အလား ရွှင်လန်းစွာ ရယ်မောသွားခဲ့သေးသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကိုယ်တိုင် မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

၎င်းနှင့် မီတာတစ်ရာခန့်အကွာတွင် ရှိနေသော ကျောက်ဖေး၏ မူလကိုယ်ထည်နှင့် ကျောက်ဖေး၏ ဘေးတွင် စောင့်ကြပ်နေသော နောက်ဆုံး ကိုယ်ပွါးခန္ဓာတို့သည်လည်း ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားအောက်တွင် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေပြီ။

ပိုင်ဖန်းမြို့။

မြို့၏ အရှေ့ဘက်အစွန်ရှိ ဆိတ်ငြိမ်သော အိမ်ငှားတစ်လုံးအတွင်း။

"ဟူး..."

ကျောက်ဖေးသည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိသည်။

ရင်ထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုများ ကျန်ရှိနေသေး၏။

ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားသည် သူကဲ့သို့ သာမန်လူသားတစ်ဦး ခုခံနိုင်စွမ်းထက် များစွာ ကျော်လွန်နေခဲ့သည်။

သူသည် နဝမအဆင့် ကိုယ်ခံပညာရှင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ကောင်းကင်၏ စွမ်းအားအောက်တွင်မူ ပုရွက်ဆိတ်တစ်ကောင်နှင့် မခြားပေ။

ကံကောင်းထောက်မစွာဖြင့် သူသည် တစ်လျှောက်လုံး သတိကြီးကြီး ထားခဲ့သည်။

ပိုင်ဖန်းမြို့တွင် သူ၏ ကိုယ်ပွါးခန္ဓာတစ်ခုကို ကြိုတင်ချန်ထားခဲ့မိသည်။

ကျောက်ဖေးသည် မိမိ၏ အခြေအနေကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။

ဤလောကသို့ ကူးပြောင်းလာပြီးနောက်ပိုင်း သူ၏ မူလခန္ဓာကိုယ် ပထမဆုံးအကြိမ် သေဆုံးခဲ့ခြင်းဖြစ်ကာ ကိုယ်ပွါးခန္ဓာမှတစ်ဆင့် ပြန်လည်အသက်ဝင် ရှင်သန်လာခြင်း ဖြစ်သည်။

မကြာမီပင် သူ၏ မျက်ဝန်း၌ ကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာသည်။

ဤခန္ဓာကိုယ်သည် လုံးဝ အနာအဆာ ကင်းစင်နေသည်။

ပြီးခဲ့သော ရက်အနည်းငယ်အတွင်း ပြင်းထန်သော ကိုယ်ခံပညာလေ့ကျင့်မှုများကြောင့် မသိမသာ ထိခိုက်ဒဏ်ရာအချို့ ရှိနေခဲ့သော်လည်း ယခုအခါ ထိုဒဏ်ရာများသာမက တိုက်ပွဲငယ်များမှ ရရှိခဲ့သည့် အမာရွတ်များပါ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ယခင်ဘဝက မြင်းစီးရာတွင် ထိခိုက်ခဲ့သည့် အရိုး နာကျင်မှုပင်လျှင် ယခုအခါ မရှိတော့ပေ။

ကျောက်ဖေးသည် တစ်ကိုယ်လုံး အရင်ကထက် ပိုမိုပေါ့ပါးလန်းဆန်းနေသည်ဟု ခံစားရသည်။

အနာဟောင်း၊ ဒဏ်ရာဟောင်း အားလုံး လုံးဝ ကင်းစင်သွားပြီ ဖြစ်သည်။

"ဒါမျိုး သိရင် ငါ့ကိုယ်ငါ အရင်ကတည်းက အဆင့်မြင့်လိုက်ပါတယ်"

ကျောက်ဖေးက တွေးလိုက်မိသည်။

လောလောဆယ်တွင် ဆိုးကျိုးတစ်ခုသည် စနစ်၏ လုပ်ဆောင်ချက်အချို့ ခေတ္တရပ်ဆိုင်းသွားခြင်း ဖြစ်သည်။

လာမည့် ၂၄ နာရီအတွင်း

သူခေါ်ယူနိုင်မည့် ကိုယ်ပွါးခန္ဓာ အရေအတွက်မှာ ထက်ဝက် လျော့နည်းသွားမည်ဖြစ်သည်။

တစ်နည်းအားဖြင့် သူသည် လက်ရှိတွင် ကိုယ်ပွါးခန္ဓာ ၅ ခုကိုသာ အများဆုံး ခေါ်ယူနိုင်သည်။

ထို ၅ ခုအနက် တစ်ခုသည် ဝမ်သာရှန်း၏ တောင်ပေါ်အိမ်တွင် ရှိနေပြီး နောက်တစ်ခုမှာ ကျန်းလင်းစီရင်စုတွင် ရှိနေသည်။

၎င်းတို့မှာ ပုံသေပိုင်ဆိုင်မှု များ ဖြစ်သောကြောင့် အရေးမကြီးလျှင် ကျောက်ဖေး မသုံးလိုပေ။

ယခုတစ်ကြိမ် သူ အသက်ရှင်ကျန်ရစ်ခြင်းမှာလည်း ပိုင်ဖန်းမြို့၌ ခန္ဓာတစ်ခု ချန်ထားခဲ့သောကြောင့် ဖြစ်သည်။

နေရာအနှံ့တွင် ကိုယ်ပွါးခန္ဓာများ ထားရှိခြင်းကြောင့်သာ သူသည် သေဘေးကို မကြောက်ဘဲ လှည့်လည်သွားလာနိုင်ခြင်း ဖြစ်သည်။

ထို့ပြင် မာရှန်းကူးထံတွင် ယင်ကလေးငယ်ကို သန့်စင်ပေးနေသည့် ကိုယ်ပွါးခန္ဓာတစ်ခုလည်း ရှိသေးသည်။

ထို့ကြောင့် လက်ရှိတွင် ကျောက်ဖေး၌ လွတ်လပ်စွာ အသုံးပြုနိုင်သော ကိုယ်ပွါးခန္ဓာ ၂ ခုသာ ကျန်တော့သည်။

အကယ်၍ ကျောက်ဖေး၏ ယခုမူလကိုယ်ထည် ထပ်မံ အသတ်ခံရပါက ကိုယ်ပွါးခန္ဓာများကို အသုံးပြု၍ အကြိမ်အရေအတွက် ကန့်သတ်ချက်မရှိ ပြန်လည်ရှင်သန်နိုင်သော်လည်း ပေးဆပ်ရမည့် တန်ဖိုးမှာ စနစ်၏ လုပ်ဆောင်ချက်များ ပိုမိုကြာရှည်စွာ ပိတ်ဆို့ခံရခြင်း ဖြစ်သည်။

၂၄ နာရီမှသည် ၃၆ နာရီ၊ ၄၈ နာရီ၊ ၆၀ နာရီ စသဖြင့် အချိန်များ တိုးသွားမည် ဖြစ်သည်။

အပြင်ဘက်တွင် မှောင်အတိ ကျနေ၏

မိုးသည်းထန်စွာ ရွာသွန်းနေဆဲ ဖြစ်သည်။

ကျောက်ဖေးသည် စိတ်ကို တည်ငြိမ်အောင်ထားကာ ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်၍ ဓာတ်ကြီးငါးပါး ဝိညာဉ်

ကျင့်စဉ်ကို စတင် လေ့ကျင့်တော့သည်။

သူ၏ မူလရုပ်ခန္ဓာ သေဆုံးသွားသောကြောင့်ပင်

ပြီးခဲ့သော ရက်အနည်းငယ်အတွင်း သူ လေ့ကျင့်ခဲ့သော သစ်သားဓာတ်စွမ်းအားအနည်းငယ်သည် ပျောက်ကွယ် သွားခဲ့သည်။

သို့သော် ထိုအရာက အရေးမကြီးပေ။

ရုပ်ခန္ဓာ သေဆုံးခြင်းသည် သစ်သားဓာတ်၏ သဘောတရားအပေါ် သူ၏ နားလည်မှုကို ထိခိုက်စေခြင်း မရှိသောကြောင့် ဖြစ်သည်။

ထိုနားလည်သဘောပေါက်မှုများမှာ အခြေခံအကျဆုံး အရာများ ဖြစ်သည်။

အထူးသဖြင့် မူလကိုယ်ထည် မသေဆုံးမီအချိန်ကပင်

ကောင်းကင်သို့ ထိုးတက်သွားသော သစ်သားဓာတ် စွမ်းအားကြီးမားပုံကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် အရှိန်အဝါမှာ သစ်သားဓာတ်၏ သဘောတရားကို ပိုမိုနက်ရှိုင်းစွာ နားလည်စေခဲ့သည်။

အပြင်ဘက်တွင် မိုးရွာနေချိန်ဖြစ်၏

ကမ္ဘာမြေနှင့် ကောင်းကင်ကြားတွင် ရေဓာတ်စွမ်းအားများ အထူးတက်ကြွနေသည်။

ထို့ပြင် ကျောက်ဖေးသည် ရေဓာတ်အပြင် ဒုတိယမြောက် စွမ်းအားတစ်ခု ဖြစ်သည့် သစ်သားဓာတ် ကိုလည်း အာရုံရလာသည်။

ကျောက်ဖေး၏ အာရုံထဲတွင်

မီတာအနည်းငယ်အတွင်းရှိ

မရေမတွက်နိုင်သော အပြာရောင်နှင့် စိမ်းပြာရောင် အလင်းစက်လေးများသည် သူ၏ စိတ်ဆန္ဒအတိုင်း သူ့ဆီသို့ တဖွဲဖွဲ တိုးဝင်လာကြသည်။

ဝိညာဉ်စွမ်းအင် နှစ်မျိုးသည် သူ၏ ဝင်လေထွက်လေနှင့်အတူ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီးနောက် စမ်းချောင်းနှစ်သွယ်အဖြစ် ကွဲထွက်သွားသည်။

ထိုစွမ်းအင်များသည် အိမ်ပြန်လမ်းတွေ့သည့် ကလေးငယ်များကဲ့သို့ ကျောက်ကပ်ဆီသို့ စုပြုံသွားကြသည်။

တစ်ချိန်တည်းမှာပင် စိမ်းပြာရောင် သစ်သားဝိညာဉ် စွမ်းအင်များသည် အသည်းနှင့် သည်းခြေဆီသို့ စုစည်းသွားသလို၊ အကြောအခြင်များနှင့် မျက်လုံးများဆီသို့လည်း အဆက်မပြတ် စီးဆင်းသွားတော့သည်။

၎င်းမှာ လူသားခန္ဓာကိုယ်ရှိ ဓာတ်ကြီးငါးပါး သဘောတရားနှင့် ကိုက်ညီနေသည်။

သစ်သားဓာတ်သည် ကိုယ်တွင်းအင်္ဂါငါးပါးအနက် အသည်းနှင့် သည်းခြေ၊ အစိတ်အပိုင်းငါးမျိုးအနက် အကြောအခြင်၊ အာရုံငါးပါးအနက် မျက်လုံးတို့နှင့် ဆက်စပ်နေသည်။

ထိုအထဲတွင် အသည်းမှာ အထင်ရှားဆုံး ဖြစ်သည်။

ကျောက်ဖေး၏ အတွင်းအာရုံ စစ်ဆေးမှုအရ အသည်းသည် သစ်သားဓာတ်ကြောင့် စိမ်းပြာရောင် အလင်းများ တောက်ပနေပြီး ကျောက်ကပ်ရှိ ရေဓာတ်၏ အပြာရောင်အလင်းနှင့် ဆက်သွယ်သွားသည်။

ရေသည် သစ်သားကို ဖြစ်ထွန်းစေသည် ဟူသော သဘောတရားအရ ရေဓာတ်၏ အကူအညီဖြင့် သစ်သားဓာတ်မှာ လျင်မြန်စွာ တိုးပွားလာသည်။

နာရီဝက်ခန့် လေ့ကျင့်ပြီးနောက်တွင် သစ်သားဓာတ်မှာ ရေဓာတ်၏ အင်အားကို ကျော်လွန်

မည့် လက္ခဏာများ ပြလာသည်။

တစ်ကိုယ်လုံးရှိ သွေးနှင့် ချီစီးဆင်းမှုသည် အသည်းအနီးသို့ ရောက်သောအခါ သိသိသာသာ ပိုမိုအားကောင်းလာသည်။

ကျောက်ဖေး၏ ခန့်မှန်းချက်အရ ယခုနာရီဝက် လေ့ကျင့်မှုသည် သွေးစွမ်းအင်လုံး ဆယ်လုံးကျော် သောက်သုံးခြင်းထက် ပိုမိုထိရောက်လှသည်။

လောကကြီး၏ ဝိညာဉ်စွမ်းအင်မှာ အမှန်တကယ်ပင် အံ့ဩစရာကောင်းလှပြီး လောကီဆေးလုံးများထက် များစွာ သာလွန်သည်။

ဤအချက်က ကျောက်ဖေးကို အင်မော်တယ်ကျင့်စဉ် အပေါ် ပိုမို စိတ်အားထက်သန်စေခဲ့သည်။

သူသည် ကျင့်စဉ်၏ တံခါးဝသို့ပင် မရောက်သေးဘဲ အပေါ်ယံမျှကိုသာ ထိတွေ့ရသေးသော်လည်း ဤမျှ အကျိုးကျေးဇူး ရရှိနေပြီ ဖြစ်သည်။

အကယ်၍ အမှန်တကယ် အင်မော်တယ်ဖြစ်ပြီး တရားထူးရရှိပါက မည်မျှ ဆန်းကြယ်မည်ကို သူ မှန်းဆ၍ပင် မရနိုင်တော့ပေ။

နောက်ထပ် ၁၅ မိနစ်ခန့် ကြာသောအခါ

အပြင်ဘက်တွင် မိုးတိတ်သွားသည်။

ကျောက်ဖေး မျက်လုံးဖွင့်လိုက်သည်။

သူ၏ မျက်ဝန်းများအတွင်းမှ အလင်းတန်းတစ်ခု ဝင်းခနဲ လက်သွားသည်။

ထိုအခိုက်တွင် ကျောက်ဖေးသည် သူ၏ အမြင်အာရုံမှာ ယခင်ကထက် များစွာ ကြည်လင်သွားကြောင်း ခံစားလိုက်ရသည်။

အပြင်ဘက်တွင် မိုးတိတ်သွားသော်လည်း မှောင်အတိ ကျနေဆဲဖြစ်ကာ အခန်းထဲတွင်လည်း မီးမရှိပေ။

သို့သော် ကျောက်ဖေးသည် အခန်းတွင်းရှိ ပရိဘောဂ အမျိုးမျိုး၏ ပုံသဏ္ဌာန်နှင့် အနားသတ်များကို ရှင်းလင်းစွာ မြင်နေရသည်။

သူသည် အာရုံစိုက်၍ ကြည့်လိုက်သောအခါ အရောင်များကိုပင် ခွဲခြားနိုင်စွမ်း ရှိလာသည်။

ကျောက်ဖေး အနည်းငယ် အံ့သြသွားသည်။

အာရုံငါးပါးတွင် မျက်လုံးသည် သစ်သားဓာတ်နှင့် ဆိုင်သည်ဖြစ်ရာ၊ သစ်သားဓာတ် လေ့ကျင့်မှုက သူ့ကို “ညကြည့်

မျက်လုံး" အစွမ်း ပေးလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

၎င်းမှာ ညကြည့်နိုင်ရုံသာ မဟုတ်ပေ

အဝေးရှိ အိမ်ခြေများနှင့် သစ်ပင်များကိုလည်း အရင်ကထက် ပိုမို ကြည်လင်စွာ မြင်တွေ့နေရသည်။

ယခင်ဘဝက ရှိခဲ့သော အနည်းငယ် မျက်စိမှုန်ခြင်းမှာလည်း လုံးဝ ပျောက်

ကွယ်သွားပြီ ဖြစ်သည်။

သူ၏ အမြင်အာရုံသည် သာမန်လူသားတစ်ဦး၏ အကောင်းဆုံး အခြေအနေထက်ပင် ကျော်လွန်နေပြီဟု ကျောက်ဖေး သံသယဝင်မိသည်။

"အခု သစ်သားဓာတ်မှာ အောင်မြင်မှုရပြီ။ သစ်သားက မီးကို ဖြစ်စေတယ်ဆိုတော့ နောက်ထပ် မီးဓာတ်ကို စပြီး လေ့ကျင့်ရမယ်"

ကျောက်ဖေး ကိုယ်တိုင် တွေးတောနေမိသည်။

အမှန်အတိုင်းဆိုရလျှင် သစ်သားဓာတ်ကို ဤမျှမြန်မြန် ကျွမ်းကျင်သွားလိမ့်မည်ဟု ကျောက်ဖေး မထင်ထားခဲ့ပေ။

မြွေပါဝိညာဉ်သည် ထောင်၏ ခေါင်းတလားဆိုင်မှ ထွက်ပြေးသွားခဲ့၏

သူ့အတွက် ကံဆိုးခြင်းမှ ကံကောင်းခြင်းသို့ ပြောင်းလဲသွားစေကာ နှစ်ပေါင်းရာချီ ကျင့်ကြံထားသော ရှေးဟောင်းမိုးမခပင်နှင့် တွေ့ဆုံစေခဲ့ခြင်းပင် ဖြစ်သည်။

ရှေးဟောင်းမိုးမခပင်ကို သတိရသွားသည်နှင့်

ကျောက်ဖေးသည် ကုတင်ပေါ်မှ ချက်ချင်းဆင်းကာ ကိုယ်ပွါးခန္ဓာတစ်ခုကို ခေါ်ယူ၍ အိမ်ငှားခန်းတွင် ပုံသေပိုင်ဆိုင်မှုအဖြစ် ထားခဲ့လိုက်သည်။

ထို့နောက် ကုတင်အောက်မှ ဓားကို ဆွဲထုတ်ကာ ကိုယ်နှင့်မကွာ ဆောင်၍ အပြင်သို့ ထွက်လာခဲ့သည်

အရုဏ်မတက်မီတွင်

ကျောက်ဖေးသည် ချိုင့်ဝှမ်းသို့ ပြန်ရောက်လာခဲ့သည်။

ချိုင့်ဝှမ်းသည် ယခင်နှင့်မတူဘဲ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ရှေးဟောင်းမိုးမခပင်ကြီးသည် မီတာအနည်းငယ် ရှည်လျားသော မီးသွေးတုံးကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီး မီတာရာချီ ပတ်လည်တွင် မည်သည့် သစ်ပင်ပန်းမန်မှ အသက်ရှင်ခြင်း မရှိတော့ပေ။

မြေကြီးများမှာလည်း လန်ထွက်နေပြီး နက်ရှိုင်းစွာ မြှုပ်နှံထားသော အရိုးစုများကို မြင်နေရသည်။

ထိုအရိုးစုများထဲတွင် လူအရိုးများစွာ ပါဝင်နေသည်။

ဤရှေးဟောင်းမိုးမခပင်သည် ဤနေရာတွင် နှစ်ပေါင်းရာချီ ကျင့်ကြံရင်း လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်ရာ လူသားတစ်ယောက်၏ အမြင်အရ ၎င်းသည် အမှန်တကယ် သေထိုက်သူပင် ဖြစ်တော့သည်။

All Chapters