သင်္ချိုင်းဂူ ရှာဖွေခြင်း
Vol. 24 Ch. 337
“ဟင်… မြန်မြန် ဟိုကို ကြည့်လိုက်စမ်း။ အဲ့တာဘာကြီးလဲ။”
လျှိုချင်ဟွမ်က အံ့ဩနေပုံပေါ်ကာ သူတို့နှင့် မီတာ ရာအချို့အကွာအဝေးမှ အနက်ရောင် ပုံရိပ်ကို ညွှန်ပြလာ၏။
လူတိုင်းက သူမညွှန်ပြသောနေရာကို ကြည့်လိုက်၏။ သူတို့က ရွှေ့လျားနေသော အနက်ရောင် ပုံရိပ်တစ်ခုကို တွေ့ရသည်မှာ အသေအချာပင်။
ထိုအရာက တစ်ခြား သက်ရှိစံတစ်ခုလား။ ဧရာမ ကြောက်ဘီလူးကြီး အပြင် ရှေးဟောင်းကုန်းပြင် နယ်ပယ်၏ အတွင်းပိုင်းတွင် သူတို့က တခြားသော သက်ရှိပုံစံကို မတွေ့ခဲ့ရပေ။ သူတို့သည် ဤနေရာတွင် အသက်ရှင်နေသော တစ်စုံတစ်ခုကို တွေ့ရမည်ဟု မမျှော်လင့်ခဲ့ပါပေ။
“သွားကြည့်ကြရအောင်…” အန်လင်းက လက်ဦးမှုယူကာ သူ့၏ အနက်ရောင်အုတ်ခဲပေါ်မှ အနက်ရောင်ပုံရိပ်ဆီသို့ ပြေးဝင်သွား၏။
အန္တရာယ် အငွေ့အသက်ရသည်နှင့် အနက်ရောင်ပုံရိပ်က ရုတ်တရက် လျင်မြန်စွာ ရွှေ့လျားသွား၏။
သို့သော် ထိုအရာ၏ အရှိန်မှာ အန်လင်းနှင့် တခြားသူများအတွက် လက်ရည်မတူပါပေ။ ထိုအရာကို သိပ်မကြာမီမှာပင် မိသွားတော့သည်။
ထိုအရာနှင့် နီးကပ်လာသောအခါ အန်လင်းနှင့်တခြားသူများက နောက်ဆုံးတွင်တော့ ရှင်းလင်းစွာ ဖျတ်ခနဲမြင်လိုက်ရ၏။ ထိုသည်မှာ ဧရာမ ကြွက်ကြီးတစ်ကောင်ပင်။
ထိုကြွက်ကြီးက အရွယ်အားဖြင့် ဆယ်ပေလောက်ရှိမည်။ ထိုအရာ၏ အမွှေးများက မဲဲပြောင်နေကာ အမြီးက နီရဲနေလေသည်။ ထိုအရာ၏ ပါးနပ်သော မျက်လုံးများက ရွှေ့လျားနေရင်း တစ်ချက်ကြည့်လာပြီး အချိန်နှင့်အမျှ နီးကပ်လာသော ကျင့်ကြံသူများကို စိုက်ကြည်လာ၏။
“ငါတို့ အဲ့တာကို မဖမ်းနဲ့။ ဒီလိုပဲ နောက်က ဆက်လိုက်သွားပြီး ဘယ်ကိုခေါ်သွားမလဲ ဆိုတာ ကြည့်ရအောင်။” အန်လင်းက စိတ်လှုပ်ရှားစွာ ပြောလာ၏။
“ဒီနားတစ်ဝိုက်မှာ ဘယ်မြေကျင်း၊ ဘယ်အပေါက်မှ မရှိဘူး။ တကယ်လို့ ကြွက်တွေက အန္တရာယ်နဲ့ ကြုံလာပြီဆိုရင် သူတို့ရဲ့ သဘာဝ အသိစိတ်အရ အသိုက်ဆီကို ပြေးသင့်တာ။ ငါ အဲ့ကြွက်ဘယ်မှာ နေသလဲဆိုတာ နည်းနည်းတော့ သိချင်သား။” ရွှမ်ယွမ်ချန်သည်လည်း စိတ်လှုပ်ရှားစွာ တစ်ခစ်ခစ် ရယ်မောလာတော့သည်။
ဤကဲ့သို့ ကြမ်းတမ်းတဲ့ ဒေသကြီးမှာ ထိုမျှကြီးမားသော ကြွက်ကြီးက သေချာပေါက် အလင်းဖြင့်အစာချက်လုပ်ပြီး အသက်ရှင်နေနိုင်မည် မဟုတ်ပါလော။ ထိုအရာကြီး အသက်ရှင်နိုင်သော လျှို့ဝှက်နေရာတစ်ခု သေချာပေါက် ရှိပေလိမ့်မည်။
သည်လိုနှင့်ပင် သူတို့က ကြွက်နောက်ကိုလိုက်၍ နောက်ထပ် သုံး၊ လေးကီလိုမီတာခန့် ပြန်သန်းလာခဲ့၏။ ထို့နောက် သူတို့၏ မြင်ကွင်းထဲမှ မပျောက်ကွယ်မီ ကြွက်ကြီးက ထူထပ်သောနှင်းထဲသို့ တိုးဝင်သွားသည်ကို တွေ့လိုက်ရ၏။
“ဒါက…” အန်လင်းက စိတ်ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်၏။ အဘယ့်ကြောင့် ကြွက်က မြေကြီးထဲသို့ တိုးဝင်သွားသနည်း။ ထိုသည်က ဂိုဖာတစ်ကောင်လား။ (ဂိုဖာ ဆိုတာက မြောက်အမေရိကမှာ တွေ့ရတဲ့ ကြွက်နဲ့တူတဲ့ တွင်းအောင်း သတ္တဝါပါ)
တိုက်ပွဲနတ်ဘုရား ဇီယန်က မျက်မှောင်ကြုတ်လိုက်ပြီး “မဟုတ်ဘူး။ ဒီနှင်းထုနဲ့ပတ်သတ်ပြီး တစ်ခုခုရှိလောက်အုံးမှာ။”
အန်လင်းနှင့် တခြားသူများသည်လည်း ထူးဆန်းခြင်းကို သတိပြုမိပါသည်။ ကြွက်ကြီး တိုးဝင်သွားသော နှင်းမှာ အလွန် သိပ်သည်းပြီး လေးလံလှ၏။ ပတ်ဝန်ကျင်မှ နှင်းများက လေထဲသို့ ပျံသန်းနေကြသော်လည်း ထိုနှင်းအကွက်မှာမူ အလွန်အမင်း ခိုင်မာပြီး မလှုပ်ရှားပါချေ။ ထိုသည်က ဂွမ်းဘောလုံးကြီးကဲ့သို့ မြဲမြံနေ၏။
အန်လင်းက နှင်းမြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်ပြီး ထိုဝန်းဝိုင်းကျယ်ပြန့်သော ကုန်းမြေကို ခပ်ဖွဖွထုလိုက်သည်။ သူက အံ့သားသင့်စွာ မည်သည့်အေးစက်မှုကိုမှ မခံစားရပါပေ။ ထိုသည်မှာ သူက ဘာမှမရှိသောလေထုကို ထုမိသကဲ့သို့ ခံစားလိုက်ရပါသည်။
သူက အတန်ကြာအောင် ကြောင်ငေးနေပြီးမှ စိတ်ဝိညာဉ်ကျောက်တံုးတစ်တုံးကို ထုတ်လိုက်ပြီး ထိုကျယ်ပြန့်သောနှင်းဆီသို့ ပစ်လိုက်၏။
စိတ်ဝိညာဉ် ကျောက်တုံးက နှင်းခြုံလွှာကြီးကို လှုပ်ရှားသွားစေတော့သည်။ ထို့နောက် ထိုသည်က နှင်းထုထဲသို့ နစ်ဝင်ပြီး ပျောက်ဆုံးသွားတော့၏။
“ဟား… ဟား… ကြည့်ရတာ ငါတို့က နေရာမှန်ကို ရောက်လာတယ်ထင်တယ်။ အဲ့တာက လေဟာနယ် လှိုင်းခေါင်းပဲ။”
အန်လင်း၏ မျက်လုံးများက အရောင်တောက်လာကာ စိတ်အား ထက်သန်စွာ ပြောလာ၏။
ထို့နောက် သူတို့အားလုံးက တိုက်ပွဲ နတ်ဘုရား ဇီယန်ကို ကြည့်လိုက်ကြ၏။
တိုက်ပွဲနတ်ဘုရား ဇီယန်၏ မျက်လုံးများက ကြုံ့ဝင်သွားပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားတော့သည်။ “မင်းတို့ အားလုံးက ဘာလို့ ငါ့ကို လာကြည့်နေတာလဲ။” သူက သတိတကြီး ဆိုလာ၏။
အန်လင်းက လည်ချောင်းရှင်းလိုက်ပြီးနောက် “ဟင်… ငါတို့က ဦးဆောင်လမ်းပြဖို့ စွမ်းအားထက် ပုဂ္ဂိုလ်တစ်ယောက်လိုတယ်လေ။ ကျွန်တော်ကတော့ စီနီယာ ဇီယန်က ဒီအလုပ်အတွက် အသင့်တော်ဆုံးပဲလို့ ထင်တယ်။”
တိုက်ပွဲနတ်ဘုရား ဇီယန်က မျက်နှာမဲ့သွား၏။ သူက အမှန်တကယ်ပင် ကျိန်ဆဲမှုကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးချင်နေတော့သည်။ သို့သော် ချင်လေး၏ မျက်လုံးထဲမှ အန္တရာယ်များသော အကြည့်စူးစူးကို မြင်ပြီးနောက် သူက ဆဲရေချင်နေသော စိတ်ဆန္ဒကို အပြင်းအထန် ချိုးနှိမ်လိုက်ပါတော့သည်။
“ကောင်းပြီ။ ဒီတစ်ခါ သူရဲကောင်း လုပ်တိုင်း ကစားကြတာပေါ့။”
တည်ကြည်သော မျက်နှာထားနှင့် ဇီယန်က ကျယ်ဝန်းသော နှင်းထုဆီသို့ ခုန်ဆင်းလိုက်တော့သည်။
သူက နှင်းထုနှင့် ထိမိသွားသော်လည်း အသံမထွက်လာပါပေ။ ထို့နောက် သူ့၏ ပုံရိပ်က နှင်းထုကိုဖြတ်သန်းပြီး ပျောက်ကွယ်သွားတော့သည်။
အန်လင်းနှင့်တခြားသူများက ကျယ်ဝန်းသော နှင်းကွက်ကို ကြည့်ရှုနေကြရင်း မျက်နှာတွင် မျှော်လင့် စောင့်စားနေသော အကြည့်များရှိလေ၏။ သူတို့သည် ဇီယန်က သူရှာဖွေတွေ့ရှိသည်များကို ပြန်လည်တင်ပြရန် စောင့်နေကြခြင်းပင်။
တစ်မိနစ် ကုန်ဆုံးသွားလေပြီ။ နှင်းကွက်မှ မည်သည့်အသံမျှ မရှိသေးပါချေ။
သုံးမိနစ် ကုန်ဆုံးသွားလေပြီ။ ကျယ်ဝန်းသော နှင်းကွက်ကြီးက အပြည့်အဝ တည်ငြိမ်နေဆဲပင်။
အန်လင်းက စိတ်မရှည်ဖြစ်လာကာ “စီနီယာ ဇီယန်က အေးအေးဆေးဆေး လျှောက်လည်ဖို့ သွားတယ်လို့တော့ မပြောနဲ့နော်။”
ဟူကွမ်က အနည်းငယ် စိုးရိမ်ပူပန်လာ၏။ “ဒီ လေဟာနယ် လှိုင်ခေါင်းက ဦးတည်ချက် တစ်ဖက်တည်းကိုပဲ သွားလို့ရတာ ဖြစ်မယ်။”
“အဲ့တာ ဖြစ်နိုင်တယ်။” ရွှမ်ယွမ်ချန်က တည်ငြိမ်စွာ ပြောလာ၏။ ကြွက်က ထွက်လာနိုင်တယ်ဆိုတော့ သေချာပေါက် ထွက်ပေါက်က တစ်နေရာရာမှာ ရှိလောက်မယ်။ ဖြစ်နိုင်တာက ဝင်ပေါက်နဲ့ ထွက်ပေါက်နဲ့က မတူတဲ့နေရာမှာ ဖြစ်မယ်။”
“ဒါဆိုရင် ငါတို့ပါ လိုက်ဆင်းသွားရင် ဘယ်လိုလဲ။ အဲ့တာဆို ကြုံလာနိုင်တဲ့ မမျှော်လင့်ထားတဲ့ အခြေအနေတွေကို ရင်ဆိုင်နိုင်မှာပါ။” အန်လင်းက သူ့၏ အနက်ရောင် အုတ်ခဲကြီးကို ကျယ်ပြန့်စေလိုက်ပြီး အကြံပေးလာ၏။
ကြိုတင် မမြင်နိုင်သော ပြဿနာများကို အသင်းကြီးတစ်ခုလံုး အတူအလုပ်လုပ်ရင်း ဖြေရှင်းနိုင်ပေသည်။ မည်သို့ဆိုဆို အောက်ဘက်မှ ဖြစ်နိုင်ခြေရှိသော အန္တရာယ်က တိုက်ပွဲနတ်ဘုရားကိုပင် ခြိမ်းခြောက်နိုင်လေ၏။ ပိုမိုသတိထားခြင်းဆိုသည်မှာ မမှားသောအရာပင်။
သူတို့က အချင်းချင်း ပြန်ကြည့်ပြီးနောက် သဘောတူညီမှုဖြင့် ခေါင်းငြိမ့်ပြလာ၏။ သူတို့က အန်လင်း၏ အုတ်ခဲဆီသို့ ခုန်တက်လိုက်သည်နှင့် စိတ်ပိုင်းဖြတ်ထားသော အမူအရာများ ဖြစ်လာလေတော့သည်။ ထို့နောက် အနက်ရောင်အုတ်ခဲကြီးက ထူထည်းသော အဖြူရောင်နှင်း အလွှာကြီးထဲသို့ ဖြည်းညင်းစွာ နစ်ဝင်သွားတော့သည်။
သူတို့၏ မြင်ကွင်းမှ နှင်းများပျောက်ကွယ်သွားပြီးနောက် မြင်ကွင်းထဲသို့ဝင်လာသည်မှာ သက်ရှိများ သက်ဝင်ခြင်းများနှင့် ပြည့်နှက်နေသော ကုန်းမြေတစ်ခုပင်။
သစ်တောများ၊ ပန်းပင်များ၊ မြက်ခင်းပြင်များ၊ ရေချို စမ်းချောင်းများ စသည်ဖြင့်။
သူတို့က ပေါကြွယ်ဝသော သက်ရှိစွမ်းအားများ၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရသည်။ သူတို့ အသိစိတ်ပြန်ဝင်လာသည့်အခါတွင် သူတို့က စိုပြည်သော အစိမ်းရောင် မြက်ခင်းပြင်တစ်ခုပေါ်သို့ ဆင်းသက်ပြီးလေပြီ။ သူတို့၏ ဘေးတွင်တော့ အဖြူရောင် ဝါဂွမ်းကဲ့သို့ နေရာကူးပြောင်းပေးသော လမ်းကြောင်းကြီးတစ်ခု ဖြစ်၏။
“ဒီဟာက ပုန်းကွယ်နေတဲ့ စိတ်ကူးယာဉ် နိုင်ငံတစ်ခုလိုပဲ…” လျန်းလင်းလင်း၏ မျက်လုံးများက အံ့ဩမှုဖြင့် ပြူးကျယ်လာပြီး အံ့အားသင့်စွာ ငေးကြည့်နေလေတော့သည်။
မြင့်မားသော အပင်များမှသည် ရေချိုစမ်းချောင်းများ ဘေးတွင် ယိမ်းနွဲ့နေသော မက်မွန်ပွင့်များအထိ ဤနေရာရှိ အရာအားလုံးမှာ အဆုံးမရှိသော သက်ရှိစွမ်းအင် ပါဝင်နေပေ၏။ ရှုခင်းမှာ အသက်ရှုမှားလောက်ဖွယ်ရာပင်။
ပန်းပွင့်များ၏ ချိုမြန်သောရနံ့ကို ညင်သာသော လေပြည်ညင်းလေးက သယ်ဆောင်လာပြီး တောက်ပသော ပန်းရောင်ပွင့်ချပ်ကလေးများက လတ်ဆတ်သော လေနှင့်အတူ ကခုန်နေတော့သည်။ ဤနေရာရှိ လေထုတစ်ရှိုက်ခြင်းစီကြောင့် သူတို့က ပိုမိုပြီး သက်တောင့်သက်သာ ခံစားလာရတော့သည်။
“ပြောကြည့်။ စီနီယာ ဇီယန်က ဘယ်သွားလောက်လဲ။”
အန်လင်းက ဤနေရာမှာ အထူးငြိမ်သက်ပြီး အေးချမ်းနေကြောင်း တွေ့ရှိရပြီး မည်သည့်အန္တရာယ်မှလည်း ကျရောက်မည့်ပုံမရှိပါပေ။ ထိုသို့ဆိုပါက ဇီယန်က ဘယ်မှာနည်း။
သူက ကြွက်အစားခံလိုက်ရစရာ အကြောင်းတော့မရှိဘူး။ ဟုတ်တယ်မလား။
တခြားသူများသည်လည်း ပတ်ဝန်းကျင်ကို ကြည့်ရင်း အဖြေထုတ်နေလေတော့သည်။ ထို့နောက် သူတို့အားလုံး၏ အကြည့်က မြင့်မားသော အပင်ကြီး၏ ဘေးဆီသို့ စုစည်းသွားတော့လေသည်။
ထိုနေရာ၌ လူတစ်ယောက်က မြေပြင်ပေါ်တွင် လဲကျနေလေ၏။ တစ်ဝက်စားပြီးသော အသီးတစ်ခုက ထိုလူ၏ လက်ထဲ၌ ဆုပ်ကိုင်ခံထားရပြီး အဖြူရောင်အမြှုပ်များက ထိုလူ၏ ပါးစပ်မှ ထွက်နေလေတော့သည်။
အန်လင်းက ခေါင်းမော့ကာ မြင့်မားသော အပင်ကို ကြည့်လိုက်လေ၏။ ထိုနေရာ၌ အသီးရှစ်လုံးက တွဲလောင်းကျနေကာ ထိုအသီးများက အနီရောင်ဖျော့ဖျော့ နှင့် တလက်လက်ထနေ၏။
သူကနောက်ဆုံးတွင်တော့ မည်သို့ဖြစ်သွားသည်ကို သဘောပေါက်သွားလေပြီ။ ရယ်ရမလား ငိုရမလားပင် မသိပဲ သူက ဇီယန်ဆီသို့ လျှောက်လာလိုက်၏။ သူက ဇီယန်၏ ရန်လိုတတ်ပြီး မိန်းမောနေသော မျက်နှာကို ခပ်ဖွဖွ ရိုက်လိုက်ကာ တစ်ခစ်ခစ်ရယ်ရင်း ပြောလိုက်၏။ “ပြောကြတာတော့ လူတွေက စည်းစိမ်ရဲ့ ဆွဲဆောင်ခြင်းကြောင့်သေတယ်၊ ငှက်တွေက အစာရဲ့ ဆွဲဆောင်ခြင်းကြောင့်သေတယ်တဲ့။ မင်းက အဲ့အသီးတွေကို တစ်ယောက်တည်း စားချင်တယ်ဆိုရင်တောင် ဒီလောက်ထိ စိတ်လိုက်မာန်ပါမလုပ်သင့်ဘူး။ အနည်းဆုံးတော့ အဆိပ်ရှိမရှိ စမ်းသပ်သင့်တယ်။”
တိုက်ပွဲနတ်ဘုရားဇီယန် : “...”
ချင်လေးက သူမ၏ လူသားအသွင်ပြောင်းကာ အိန္ဒြေအပြည့်နှင့် အပင်ထိပ်သို့ ရွှေ့သွား၏။ သူက တစ်လက်လက်ထနေသော အနီရောင်အသီး တစ်ခုကို ခူးလိုက်ပြီး ထိုအရာ၏ စွမ်းအင်မတည်ငြိမ်မှုကို အသေးစိတ် စစ်ဆေးလိုက်၏။
“ဟင်… ဒါက သက်ရှိစွမ်းအင်နဲ့ မီးတောက်စွမ်းအားတွေ အလွန်အမင်း ကြွယ်ဝတဲ့ တတိယအဆင့် အင်မော်တယ်သစ်သီးပဲ။ အဲ့ဒီ့များပြားလွန်းတဲ့ မီးတောက်စွမ်းအားက ဇီယန်ကို တိုက်ခိုက်လိုက်တာဖြစ်မယ်။ ဘာပဲဖြစ်ဖြစ်ပါ… ဒီ သက်ရှိစွမ်းအင် ကြွယ်ဝတဲ့ အသီးက သူ့ကို အဆိပ်သင်စေတာ။” ထိုအရာကိုပြောရင်း ပိုင်ချောင်က မနေနိုင်ပဲ အံ့အားသင့်မှုကြောင့် တစ်ခစ်ခစ် ရယ်မောလာပါတော့သည်။ ထို့နောက်သူမက မေ့မြောနေသော အမျိုးသားကို သူမ၏လှပသော မျက်လုံးများဖြင့်ကြည့်ကာ ဆက်ပြောလာ၏။ “စိတ်လိုက်မာန်ပါလုပ်တာက မကောင်းဆိုးဝါးပဲ။ အခုတော့ မင်းက သက်ရှိစွမ်းအင် အများအပြားနဲ့ တိုက်ပွဲချီအများအပြာ မင်းကိုယ်ထဲမှာ ရှိခြင်းရဲ့ 'လန်းဆန်း'သွားတဲ့ ခံစားချက်ကို သိပြီမလား။”
တိုက်ပွဲနတ်ဘုရား ဇီယန်က မြေပြင်ပေါ်တွင် တုန်လှုပ်နေဆဲပင်။ သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များမှာ မတည်ငြိမ်သော အရှုပ်ထုတ် တစ်ခုဖြစ်နေပြီး ကျေနပ်နေသည့် အမူအရာရှိနေသော တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်ကို ကြည့်လိုက်၏။
တိုက်ပွဲနတ်ဘုရာမ ပိုင်ချောင်က မြွေဖြူဝိညာဉ်ကိုကြည့်လိုက်ပြီး မြွေဖြူဝိညာဉ်ကမူ အန်လင်းကိုကြည့်လိုက်လေသည်။
အန်လင်းက သူ့၏ မျက်ခုံးကို ပွတ်လိုက်ပြီးနောက် “ဘာပဲဖြစ်ဖြစ်ပါ ငါတို့သူ့ကို ကယ်ရမယ်။ တကယ်လို့ လိုအပ်လာရင် သူ့ကို နောက်ထပ် ကောင်းကင်တာအိုကျမ်းကျိန်ချက် လုပ်ခိုင်းလိုက်မယ်။”
“ချင်လေး အဲ့တာဆို သူ့ရဲ့တိုက်ပွဲချီ ပြန်လည်ပတ်ရေးကိစ္စကို မင်းဆီ လွှဲထားလိုက်မယ်နော်။” မြွေဖြူဝိညာဉ်က စပ်ဖြီးဖြီးဆိုလာ၏။
တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင် : “...”
သူမက ဒေါသတကြီး ခေါင်းခါလိုက်ပြီး သူမ၏ လက်သွယ်သွယ်လေးများကို တိုက်ပွဲနတ်ဘုရား ဇီယန်၏ နောက်ကြောတွင် ခိုင်မာစွာ ထားလိုက်၏။ သူမ၏ လက်ဖဝါးများမှ မိုးပြာရောင် အလင်းတန်းတစ်ခုက ဖြာထွက်လာလေတော့သည်။
ဆယ်မိနစ် အကြာတွင်တော့ ထိုအလင်းရောင်က ပျောက်ကွယ်သွားလေတော့သည်။
ပိုင်ချောင်က မြွေစိမ်းသေးလေး အဖြစ်ပြန်ပြောင်းကာ သူမကိုယ်သူမ မြွေဖြူဝိညာဉ်၏ လက်မောင်းတွင် ရစ်ပတ်လိုက်လေ၏။
အန်လင်းက မြွေဖြူဝိညာဉ်အား အနည်းငယ် မနာလိုမိပါသည်။ သူသည်လည်း ထိုကဲ့သို့ စဉ်းစားဆင်ခြင်တတ်ပြီး စွမ်းအာကြီး လှပသော စိတ်ဝိညာဉ်သားရဲ တစ်ကောင် အပြင်းအထန် အလိုရှိပါ၏။
သူက မသိလိုက်ပါပဲ ရှောင်ဟုန် အကြောင်းတွေးမိသွား၏။ သူမလုပ်နိုင်သည်က နေ့တိုင်း အလင်းဖြင့် အစာချက်သည်သာ။ ရန်ဖန်ရန်ခါ သူမက မနက်ခင်း အစောကြီးတွင် သီချင်းဆိုလာပြီး သူ့သခင်ကို နိုးပါ၏။ တစ်ခါတစ်ရန်တော့ သူမက ကျီးစားပြီး သူ့သခင်၏ အနာဖေးများကို ခွာပေလိမ့်မည်…
ဟင်း… ယှဉ်ပြိုင်ခြင်းတွေက အလွန်မုန်းဖို့ကောင်းပါသည်လေ။
တိုက်ပွဲနတ်ဘုရား ဇီယန်က ထလာပြီး သူ့၏ မျက်နှာမှာ ဖြူဖျော့နေသော်လည်း သူက သိသိသာသာပင် ပြန်လည် သက်သာလာပြီဖြစ်သည်။
သူက လူတိုင်းကို ကိုးရိုးကားယား ငေးကြည့်၏။ အတန်ကြာ ရှက်ရွံ့ပြီးသည့်နောက် သူက တစ်ဝက်စားပြီးသား အသီးကို တစ်ခြားသူဆီသို့ ထိုးပေးလိုက်ပြီး “ငါတောင်းပန်ပါတယ်။ ဒီတစ်ခေါက်တော့ ငါမှားသွားတယ်။ အသီးက တစ်ဝက်တော့ကျန်သေးတယ်။ ငါ မင်းတို့ကို ပေးလိုက်မယ်နော်။”
တခြားသူအားလုံး : “...”
ငါလူး။ သူက ချစ်စရာကောင်းအောင် လုပ်နေတာလား။
အန်လင်းက မျက်နှာမဲ့လိုက်ပြီး “ငါမင်းကို နောက်ထပ် ကောင်းကင်တာအို ကျမ်းကျိန်ချက် လုပ်ခိုင်းချင်တယ်။”
သည်လိုနှင့်ပင် တိုက်ပွဲနတ်ဘုရား ဇီယန်က နောက်ထပ် ကောင်းကင်တာအို ကျမ်းကျိန်ချက်တစ်ခုကို ထပ်မံကျိန်ဆိုလိုက်ရ၏။ သူက မည်သည့်ရတနာကို ရှာတွေ့စေကာမူ အန်လင်းနှင့်တခြားသူများကို ပေးအပ်ရမည် ဟူ၍ပင်။
တစ်ဝက်စားပြီးသော အင်မော်တယ်သစ်သီးကို ဇီယန်ဆီသို့ ပြန်ပေးလိုက်ကြသည်။ မည်သူကမှ သူ့၏ တံတွေးများကို မစားချင်ပါပေ။
ထို့နောက်တွင်တော့ အန်လင်းနှင့် တခြားသူများက ကျန်ရှိသော အင်မော်တယ်သစ်သီး ရှစ်လုံးကို ခူးလိုက်ပြီး ကြမ်းပေါ်သို့ထားလိုက်၏။
တတိယအဆင့် အင်မော်တယ်သစ်သီး၊ ယန်သိပ်သည်းစေသော သစ်သီး။ ထို အင်မော်တယ် သစ်သီးက တစ်စုံတစ်ယောက်၏ သက်ရှိစွမ်းအင်ကို ကျယ်ပြန့်လာစေပြီး မီးတောက်စွမ်းအားကိုလဲ တိုးလာစေသည်။
သူတို့က မည်ကဲ့သို့ ခွဲဝေရမည်နည်း။ ပိုင်ချောင်နှင့်ဇီယန်က တစ်ခုမှ မလိုချင်ပါပေ။ သို့သော် သူတို့က ဆယ်ယောက်ရှိနေသေးပေ၏။
ထိုအချိန်၌ ထန်ရှီမန်က အဖြေတစ်ခုနှင့် ရှေ့ထွက်လာ၏။ သူက အကန့်ဆယ်ခုပါသော ရိုးလက်တစ်ခုကို ထုတ်လိုက်ပြီး တစ်ကန့်ဆီသို့ သူတို့အဖြစ် သတ်မှတ်လိုက်၏။ ထို့နောက် သူက ဂေါ်လီရှစ်လုံးကို ရိုးလက်ပေါ်သို့ လိမ့်လိုက်၏။
“ငါ့ကို မယုံသင်္ကာ မဖြစ်ကြနဲ့နော်။ ငါ့ရဲ့ ရိုးလက်က အရမ်းမျှတပါတယ်။”
တခြားများက သူ့၏ ပစ္စည်းကို မေးခွန်းထုတ်မည်ကို ကြောက်ရွံ့သကဲ့သို့ ထန်ရှီမန်က ထိုအချက်ကို ထပ်ခါထပ်ခါ ဖိပြောလာ၏။
သောက်ကျိုးနည်း။ ငါ့ရဲ့ အစုတ်အပြတ်ကံနဲ့ ဘယ်လိုလုပ်ရပါ့မလဲ။
ထန်ရှီမန်က သူ့၏ ရိုးလက်ပေါ်မှ ရလာဒ်ကို ကြည့်ရင်း မျက်ရည်များ စီးကျလာတော့သည်။ သူက လုံးဝကို ပြောစရာ စကားမရှိတော့ပါချေ။
တခြားသော ကံမကောင်းသည့်သူကတော့ ရွှမ်ယွမ်ချန်ပင်။ သို့သော်လည်း သူက ဤအရာနှင့် ပတ်သက်၍ အလွန်အမင်း တည်ငြိမ်နေပြီး ထိုအင်မော်တယ် သစ်သီးကို ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကွဲပြားမှု မရှိသကဲ့သို့ပင်။
အန်လင်းက အင်မော်တယ် သစ်သီးကိုကောက်ယူလိုက်ပြီး ချက်ချင်းပင် အလောတကြီး စားသောက်လိုက်၏။
သူက ကျေနပ်အားရမှုဖြင့် မျက်လုံးကို တင်းတင်းပိတ်လိုက်ပြီး သက်ရှိစွမ်းအင်နှင့် မီးတောက်အားအင်များက သူ့ခန္ဓာကိုယ်ကို ပိုမိုသန်မာပြီး ကြံ့ခိုင်လာစေသည်ကို ခံစားနေ၏။
“စီနီယာ ဇီယန် ကြည့်နေရဲ့လား။ ဒီဟာကမှ အင်မော်တယ်သစ်သီးတစ်ခုကို စားသုံးဖို့ မှန်ကန်တဲ့နည်းလမ်းလေ။”
အန်လင်းက ဇီယန်၏ ဒဏ်ရာများကို ဆားပတ်ရန်လည်း မမေ့ခဲ့ပါပေ။ ဇီယန်က သူ့၏ ရင်ဘတ်မှာ တင်းကြပ်လာသည်ဟု ခံစားရကာ အန်လင်း၏ စကားလုံးများကို ကြားပြီး သွေးအန်မတက်ပင်။
အင်မော်တယ် သစ်သီးများကို ခွဲဝေပေးပြီးနောက် သူတို့က ဤနယ်ပယ်တစ်ဝိုက်ကို လိုက်လံကြည့်ရှုလိုက်၏။
သိပ်မကြာမီမှာပင် သူတို့က လှိုင်ဂူတစ်ခုကို ရှာတွေ့လေသည်။
ဂူ၏ ခေါင်မိုးတွင် ကျောက်ပြားကြီးတစ်ချပ် ချိတ်ဆွဲထားပြီး ထိုအပေါ်တွင်ရေးထားသော စကားလုံးများမှာ သဘာဝကျပြီး လတ်ဆတ်နေ၏။ သူတို့က အနည်းငယ်မျှပင် အတုအယောင်ဖြစ်ဟန် မပေါ်ပါချေ။
ကျောက်ပြားပေါ်ရှိ စကားလုံးများ ကတော့ နတ်ဘုရားအင်မော်တယ် ရှောင်ယန်၏ သင်္ချိုင်းဂူ ဟူ၍ပင်။
***