← Chapters

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇) ဘယ်ခြေကို အရင်လှမ်းတာလဲ

လုချွမ်းရှုံမှာ ပျော်ရွှင်စွာဖြင့် ထွက်သွားခဲ့သော်လည်း အချို့လူများကတော့မပျော်နိုင်ကြပေ။

လျန်ထျန်း၏ လုပ်ရပ်က သူ၏အပေါ် ကပ်ထားသည့် 'လိမ်လည်သူ' ဆိုသော တံဆိပ်ကို လုံးဝ ရိုက်ချိုး ဖျက်ဆီးပစ်လိုက်လေသည်။

သူ့ကို လိမ်လည်သူအဖြစ် စွပ်စွဲခဲ့သော ဟွဲ့ကျားမှာ ယခုအခါ မျက်လုံးပြူးကာ နက်ရှိုင်းသော နောင်တ များဖြင့် ပြည့်နှက်နေခဲ့လေသည်။

သူမဘေးတွင် ရပ်နေသော ရွှီရှီယောင်သည်လည်း ခေတ္တမျှ မှင်တက်သွားပြီးနောက် သူမ၏ အကြံ အစည်ကို အလျင်အမြန် ပြောင်းလဲလိုက်လေသည်။ ထို့နောက် သူမ၏ အချစ်ဆုံး သူငယ်ချင်းကို ပစ်ထားခဲ့ကာ မတရားခံရသည့် အမူအရာဖြင့် ပြောလိုက်လေသည်။

"လျန်ထျန်း...၊ အာ မဟုတ်ဘူး အစ်ကိုလျန်...။ ကျွန်မ သူမရဲ့ လှည့်စားတာကို ခံလိုက်ရလို့ပါ..၊ ဒါကြောင့် ခုနက ကျွန်မ အစ်ကို့အပေါ် အဲ့ဒီလို လုပ်ခဲ့မိတာပါ...။"

"ဒါပေမဲ့ ကျွန်မလည်း မှားမှန်း သိပါတယ်...။ တောင်းပန်ပါတယ်နော်...၊ ကျွန်မကို နောက်ထပ် အခွင့် အရေး တစ်ခုလောက် ပေးပါ...။ ကျွန်မ အစ်ကို့ကို တကယ် သဘောကျလို့ပါ...။"

မိမိ၏ အချစ်ဆုံး သူငယ်ချင်းမှာ အလွန် မြန်ဆန်စွာ လုပ်ဆောင်လိုက်သည်ကို မြင်သောအခါ ဟွဲ့ကျား မှာလည်း အရှုံးမပေးနိုင်ဘဲ ဂုဏ်သိက္ခာ အားလုံးကို ဘေးချိတ်ကာ လျိုတာဖုန်းကို ဖက်တွယ်လိုက် လေသည်။

"တာဖုန်း...၊ ငါ နင့်ကို တကယ် သဘောကျပါတယ်...။ ငါတို့ မျက်နှာချင်းဆိုင်လည်း တွေ့ပြီးပြီ အတူတူ ထမင်းလည်း စားပြီးပြီဆိုတော့ တွဲကြည့်ကြမလားဟင်...။"

သည်မိန်းကလေး နှစ်ယောက်မှာ တကယ်ကို အရှက်မရှိကြပေ။ သူတို့သည် အရင်က လျန်ထျန်းနှင့် လျိုတာဖုန်းတို့အပေါ် အလွန် ဆိုးရွားစွာ ဆက်ဆံခဲ့ပြီး ယခုတော့ ချစ်စရာကောင်းအောင် ဟန်ဆောင် လိုက်ရုံဖြင့် ခွင့်လွှတ်ခံရမည်ဟု ထင်နေကြသည်။

တကယ်တမ်းတွင် လျန်ထျန်းမှာ လုံးဝကို ရွံရှာနေမိသော်လည်း အပေါ်ယံတွင်တော့ အတင်းအကျပ် ပြုံးပြနေခဲ့လေသည်။

"ကောင်းပါပြီ...၊ မင်းတို့ကို ငါ ခွင့်လွှတ်ပေးနိုင်ပါတယ်...။ အပျော်သွားရအောင် ငါ မင်းတို့ကို တစ်နေရာ ရာကို ကားနဲ့ ခေါ်သွားပေးရမလား...။"

ထိုသို့ပြောရင်း လျန်ထျန်းက သူ၏ Mercedes-Benz G-Class ကားသော့ကို ထုတ်ပြလိုက်လေသည်။

ရွှီရှီယောင်နှင့် ဟွဲ့ကျားတို့ နှစ်ယောက်စလုံးမှာ မှင်တက်သွားကြလေသည်။ ဇာတ်လမ်းက သည်လောက် မြန်မြန် ပြောင်းပြန်ဖြစ်သွားလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ပုံရသည်။

သို့သော် သေချာ ပြန်တွေးကြည့်ပြီးနောက် ယုတ္တိတန်သည်ဟု ယူဆကာ သူတို့၏ စိတ်ထဲတွင် ဤသို့ပင် တွေးလိုက်ကြလေသည်။

*ဒါပေါ့လေ...၊ ယောက်ျားတွေ အားလုံးက အတူတူပါပဲ...။ ငါ ဘာပဲလုပ်လုပ်ခွင့်လွှတ်ခံရမှာပဲ...။ ဘာလို့လဲဆိုတော့ ငါကလှနေလို့လေ...။ ဟားဟားဟား...။*

ထိုသို့ဖြင့် မိန်းကလေး နှစ်ယောက်သည် Mercedes-Benz G-Class ကားဆီသို့ ခေါ်သွားခြင်းခံလိုက်ရ လေသည်။

သို့သော် သူတို့ ကားပေါ်တက်ရန် ပြင်လိုက်ချိန်မှာပင်...၊

"ခဏနေဦး...။"

လျန်ထျန်းက ရုတ်တရက် လှမ်းအော်လိုက်လေသည်။

ခြေတစ်ဖက် ကားပေါ်ရောက်နေပြီဖြစ်သော မိန်းကလေး နှစ်ယောက်မှာ ရပ်တန့်သွားကြပြီး ဇဝေဇဝါ ဖြင့် မေးလိုက်ကြလေသည်။

"ဘာဖြစ်လို့လဲဟင်...။"

လျန်ထျန်းသည် ရွှီရှီယောင်ထံသို့ အရင်သွားကာ ကားပေါ်တက်ရန် လှမ်းထားသော သူမ၏ဖြူဖွေးသော ခြေထောက်ကို ကြည့်ပြီး လေးနက်သော အမူအရာဖြင့် ပြောလိုက်လေသည်။

"မင်း ဘာလို့ ဘယ်ခြေကို အရင်လှမ်းတာလဲ...။"

ထိုမေးခွန်းကို ကြားသောအခါ ရွှီရှီယောင်မှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။

"ဟင်...၊ ဘယ်ခြေကို အရင်လှမ်းတာက ပြဿနာ ရှိလို့လား...။"

ဤအချိန်တွင် လျန်ထျန်းက သူမကို အောက်သို့ ဆွဲချပြီး အေးစက်စက် လေသံဖြင့် ပြောလိုက်လေ သည်။

"ကားပေါ်တက်ရင် ဘယ်ခြေကို အရင်လှမ်းတဲ့ မိန်းကလေးမျိုးကို ငါ မကြိုက်ဘူး...။ ဆင်းလိုက်တော့ ငါတို့က မလိုက်ဖက်ဘူး...။"

ထို့နောက် ချက်ချင်းပင် လျန်ထျန်းက မျက်နှာချင်းဆိုင်ရှိ ဟွဲ့ကျားကို မေးလိုက်လေသည်။

"မင်းကကော ဘယ်ခြေကို အရင်လှမ်းတာလဲ...။"

ဟွဲ့ကျားက ဝမ်းသာအားရဖြင့်၊

"ကျွန်မက ညာခြေကို အရင်လှမ်းတာပါ...၊ ညာခြေကိုအရင်လှမ်းတာပါ...။" ဟု ပြောလိုက်လေသည်။

သို့သော် သူမ၏ ပျော်ရွှင်မှုမှာ ကြာရှည်မခံခဲ့ဘဲ လျန်ထျန်း၏ အေးစက်စက် စကားသံကို ထပ်မံ ကြား လိုက်ရလေသည်။

"မင်းလည်း ဆင်းလိုက်ပါ...၊ ကားပေါ်တက်ရင် ညာခြေကို အရင်လှမ်းတဲ့ မိန်းကလေးမျိုးကို ငါ့ညီက မကြိုက်ဘူး...။ ဒါကြောင့် မင်းတို့ နှစ်ယောက်က မလိုက်ဖက်ဘူး...။"

ဘေးတွင် ရပ်နေသော လျိုတာဖုန်းမှာ နောက်ထပ် တုံးအသော အမှားတစ်ခုကို ထပ်လုပ်လိုက်ပြန်လေ သည်။

"ဟင်...၊ အစ်ကိုကြီး...၊ ဒီကိစ္စကို ကျွန်တော် ဘာလို့ မသိရတာလဲ...၊ အင်း...။"

သို့သော် လျိုတာဖုန်း သူ၏ အဓိပ္ပာယ်မရှိသော စကားများကို မပြောဆုံးမီ လျန်ထျန်းက သူ့ကို ကားထဲ သို့ တွန်းသွင်းလိုက်ပြီး ကိုယ်တိုင်လည်း ကားပေါ်တက်ကာ တံခါးပိတ်၍ အရှိန်ပြင်းပြင်း မောင်းထွက် သွားလေတော့သည်။

ဇဝေဇဝါ ဖြစ်နေသော မိန်းကလေး နှစ်ယောက်သာ ထိုနေရာတွင် ရပ်ကျန်ခဲ့ပြီး ထွက်သွားသော G-Class ကားကြီးကို ကြည့်ရင်း လေထဲတွင် ခေါင်းမူးနောက်နေခဲ့လေသည်။

...

ကားထဲတွင် လျန်ထျန်းက လျိုတာဖုန်းကို စိတ်ရှုပ်စွာဖြင့် ပြောလိုက်လေသည်။

"အဲ့ဒီမိန်းမက စားသောက်ဆိုင်မှာ မင်းကို သည်လိုတွေ ဆက်ဆံခဲ့တာတောင်မှ မင်းက သူ့အပေါ် စိတ်ဝင် စားနေတုန်းပဲလား...။ မင်းက တကယ်ကို သူ့ရဲ့ မြွေမျက်နှာပုံစံကိုပဲ သဘောကျနေတာလား...။"

လျိုတာဖုန်းက ခေါင်းကုတ်လိုက်လေသည်။

"ဟင်...၊ မဟုတ်ပါဘူး ကျွန်တော် သူ့ကို မုန်းပါတယ်...။"

လျန်ထျန်းက စိတ်ရှုပ်နေသည့် လေသံဖြင့် ထပ်မေးလိုက်လေသည်။

"ဒါဆိုရင် သူ့ကို ကားပေါ်က ဆင်းခိုင်းလိုက်တဲ့အချိန်မှာ မင်းက ဘာလို့ မကျေမနပ် ဖြစ်နေရတာလဲ...။"

လျိုတာဖုန်းက ပို၍ အားပါးတရ ခေါင်းကုတ်လိုက်လေသည်။

"မဟုတ်ပါဘူး...။ ကျွန်တော်က ဘယ်အချိန်ကစပြီး ကားပေါ်တက်ရင် ညာခြေကို အရင်လှမ်းတဲ့ မိန်းကလေးတွေကို မကြိုက်တော့တာလဲဆိုတာ နားမလည်လို့ပါ...။"

ထိုအဖြေကို ကြားသောအခါ လျန်ထျန်းမှာ ဆွံ့အသွားရလေသည်။

*ဘုရားရေ...၊ ငါ့ဝမ်းကွဲညီက သည်ကိစ္စကို တကယ်ကြီး ပြောနေတာကိုး...။ သူ ငါ့ရည်ရွယ်ချက်ကို လုံးဝ နားမလည်ဘူးလား...။*

ခေတ္တမျှ စိတ်ကို ထိန်းထားပြီးနောက် လျန်ထျန်းသည် သက်ပြင်းရှည်ကြီး ချလိုက်ကာ စကားလွှဲလိုက် လေသည်။

"တာဖုန်း...၊ မင်းကို အမှန်တိုင်း ပြောရရင် ငါ အခု ချမ်းသာနေပြီ...။ မင်းကို ဗီလာအိမ်ကြီးနဲ့ ပြိုင်ကား ဝယ်ပေးမယ်လို့ ပြောတာက နောက်နေတာ မဟုတ်ဘူး...။"

"ဒါပေမဲ့ မင်းကို ကြိုပြီး သတိပေးထားချင်တာ တစ်ခုရှိတယ်...။ ငါ အခု ချမ်းသာနေပြီ ဆိုတာကို ဘယ်သူ့ ကိုမှ လုံးဝ မပြောရဘူးနော်...။ မင်းမှာ ဗီလာအိမ်ကြီးနဲ့ဇိမ်ခံကား ရှိနေရင်တောင် ကြွယ်ဝ ချမ်းသာမှုကို မကြွားဝါဖို့ကြိုးစားပါ...။"

"ဘဝဆိုတာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကိုယ့်အခြေအနေ ဘယ်လိုရှိလဲ ဆိုတာကို ကိုယ်သိ ရင် ရပြီ...။ တခြားသူတွေကို သိအောင် လုပ်နေစရာ မလိုပါဘူး...။"

"ဘာလို့လဲဆိုတော့ မင်း ဒုက္ခရောက်ပြီး အကူအညီမဲ့နေတဲ့ အချိန်မှာ တခြားသူတွေက မင်းကို ကူညီချင် မှ ကူညီလိမ့်မယ်...။ ဒါပေမဲ့ မင်း အောင်မြင်လာတဲ့အခါ ယင်ကောင်တွေ အုံလာသလိုမျိုး လူတွေ အများကြီး မင်းဆီကို ရောက်လာလိမ့်မယ်လေ...။"

"ငါ ပြောတာကို မင်း နားလည်လား...။"

ထိုစကားများကို ကြားပြီးနောက် လျိုတာဖုန်းသည် အချိန်အတော်ကြာ လေးလေးနက်နက် စဉ်းစား ပြီးနောက် နောက်ဆုံးတွင် ခေါင်းခါလိုက်လေသည်။

"ကျွန်တော် သိပ်နားမလည်ဘူး...။ ဒါပေမဲ့ အစ်ကိုကြီး ပြောတဲ့အတိုင်း အကုန် လုပ်ပါ့မယ် ကျွန်တော် အစ်ကိုကြီး စကားကို နားထောင်ပါတယ်...။"

သူ၏ ရိုးသားသော ဝမ်းကွဲညီအပေါ် လျန်ထျန်း ကျေနပ်မိသည့် တစ်ခုတည်းသော အရာမှာ သူ လုံလောက်အောင် လိမ္မာ၍ စကားနားထောင်ခြင်းပင် ဖြစ်သည်။

သူတို့သည် လျန်ထျန်း မျက်စိကျထားပြီးဖြစ်သော နေရာတစ်ခုဖြစ်သည့် ဗီလာအိမ်ရာ တစ်ခုသို့ မောင်းနှင်လာခဲ့ကြလေသည်။

ဤနေရာရှိ ဗီလာအိမ်ကြီးများမှာ လုံးချင်းအိမ်များဖြစ်ပြီး တန်းလျားအိမ်များထက် များစွာ ခမ်းနားလှ သည့်အပြင် မြို့လယ်ခေါင်နှင့်လည်း အလွန် နီးကပ်စွာ တည်ရှိလေသည်။

မိသားစု နှစ်စု အိမ်နီးချင်း ဖြစ်လာစေရန် သူသည် မိမိ မိသားစုအတွက် တစ်လုံး၊ အဒေါ်ဖြစ်သူတို့ မိသားစုအတွက် တစ်လုံး ဤနေရာတွင် ဗီလာအိမ်ကြီး နှစ်လုံး ဝယ်ယူရန် ကြာမြင့်စွာကတည်းက စီစဉ်ထားခဲ့ခြင်း ဖြစ်လေသည်။

ယနေ့သည် ဖွင့်ပွဲနေ့ ဖြစ်သဖြင့် သူ၏ ဝမ်းကွဲညီ တာဖုန်းကို ခေါ်လာခဲ့ခြင်း ဖြစ်သည်။ ဗီလာအိမ်ရာ၏ ဖွင့်ပွဲနေ့မှာ အလွန် ခမ်းနားကြီးကျယ်လှသည်။ ဘာပဲဖြစ်ဖြစ် ၎င်းသည် အယ်လ် (L) မြို့တော်တွင် ဈေးအကြီးဆုံး အိမ်အဖြစ် လူသိများပြီး အိမ်တစ်လုံးလျှင် ယွမ် သောင်းနှင့်ချီ၍ တန်ဖိုးရှိသည်ဟု

ဆိုကြလေသည်...။ ငွေကြေးတန်ဖိုး မကျဆင်းမီကဆိုလျှင် ယွမ် သန်းဆယ်နှင့်ချီ၍ တန်ဖိုးရှိခဲ့ခြင်း ဖြစ်ပေသည်။

အရင်ကဆိုလျှင် လျန်ထျန်းသည် ဤကဲ့သို့သော နေရာမျိုးကို အိပ်မက်ထဲတွင်သာ မက်နိုင်ခဲ့ပေမည်။

ယခုအခါတွင်မူ သူသည် ဝမ်းကွဲညီဖြစ်သူ လျိုတာဖုန်းနှင့်အတူ အရောင်းပြခန်း ဧည့်ခန်းမထဲသို့ ရင်ကော့ခေါင်းမော့ကာ ဝင်ရောက်လာခဲ့လေသည်။

ကျယ်ဝန်းပြီး ခမ်းနားလှသော ဧည့်ခန်းမကြီးမှာ လူများဖြင့် ပြည့်နှက်နေပြီး သွားလေရာ နေရာတိုင်းတွင် လူများ ပြည့်ကျပ်နေကာ အရောင်းဝန်ထမ်းများမှာလည်း အလွန် အလုပ်များနေကြလေသည်။

သူတို့သည် ပထမဆုံး ရောင်းချသည့်နေ့မှစ၍ အရောင်းသွက်နေသည်ဟူသော အထင်အမြင်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ကြသည်... ထိုလူများထဲတွင် အယောင်ပြလူ ဘယ်လောက်ပါပြီး ဗီလာအိမ် ကြီးကို တကယ် ဝယ်ယူမည့်သူ ဘယ်လောက်ပါသည်ကိုတော့မသိနိုင်ပေ။

သူတို့ တွန်းတိုက်သွားလာနေစဉ် မလှမ်းမကမ်းမှ လူတစ်ယောက် လဲကျသွားသည့် အသံကို ရုတ်တရက် ကြားလိုက်ရပြီးနောက် ကျယ်လောင်စွာ ဆဲဆိုနေသည့် အသံထွက်ပေါ်လာခဲ့လေသည်။

"ဟေ့...၊ သန့်ရှင်းရေး အဒေါ်ကြီး...၊ ခင်ဗျား မျက်စိကန်းနေလား...။ ကျွန်တော် ဝတ်ထားတဲ့ အင်္ကျီက ဘယ်လောက်တန်လဲ သိလား...။ ညစ်ပတ်သွားရင် ခင်ဗျား လျော်နိုင်လို့လား...။"

လူတွေ ကြိတ်ကြိတ်တိုးနေသော်လည်း မတော်တဆမှု ဖြစ်ပွားရာ နေရာတစ်ဝိုက်တွင် အလျင်အမြန် ကွင်းပြင်တစ်ခု ဖြစ်သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ လူအားလုံးက ပြဇာတ်တစ်ပုဒ်ကို ကြည့်နေသကဲ့သို့ စောင့်ကြည့်နေ ကြလေသည်။

ထိုနေရာတွင် သန့်ရှင်းရေး အဒေါ်ကြီး တစ်ဦး လဲကျနေသည်ကို မြင်တွေ့ရပြီး တစ်စုံတစ်ယောက်က ဝင်တိုက်လိုက်ပုံရလေသည်။

သို့သော် သူမကို ဝင်တိုက်မိသူမှာ တောင်းပန်ခြင်း မရှိသည့်အပြင် သူမကို ထိုကဲ့သို့ပင် စတင် ဆဲဆိုနေ ခဲ့လေသည်။ သူသည် လူပုပုဝဝနှင့် အသားစိုင်များ ပြည့်နှက်နေသော မျက်နှာပိုင်ရှင် တစ်ဦး ဖြစ်သည်။

ထိုဝဝပုပုနှင့်လူမှာ အလွန်ကြီးမားသော ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ ဝတ်စုံမှာ ပစ္စည်းကောင်းဖြင့် ပြုလုပ်ထားပြီး ဒီဇိုင်နာ အမှတ်တံဆိပ်ပင် ဖြစ်သော်လည်း သူ့အပေါ်တွင်မူ ဈေးပေါပြီး အဆင့်အတန်း နိမ့်ကျပုံပေါ်နေလေသည်။

မျောက်ဝံကြီး တစ်ကောင်က ဇိမ်ခံ အဝတ်အစား ဝတ်ဆင်ထားသည်နှင့်ပင် တူနေတော့သည်။ ထိုဝဝပုပု နှင့်လူမှာ ရုပ်ဆိုးသော်လည်း ဒေါသကြီးလှပြီး သူ ဝင်တိုက်၍ လဲကျသွားသောသန့်ရှင်းရေး အဒေါ်ကြီး ကို အလွတ်မပေးခဲ့ပေ။

"ကျွန်တော် ပြောလိုက်မယ်နော်...။ ဒီအင်္ကျီက (၅) ပြားတောင် တန်တာ...။ သန့်ရှင်းရေးသမားဖြစ်တဲ့ ခင်ဗျားက တစ်နှစ်လုံးတောင် ဒီလောက် မရှာနိုင်ဘူး မဟုတ်လား...။"

"အကယ်၍ ဒါ ပျက်စီးသွားပြီး လျော်စရာ ပိုက်ဆံမရှိရင် ခင်ဗျားကို ကျွန်တော်...။"

သို့သော် ထိုအချိန်မှာပင် လျိုတာဖုန်းသည် ရုတ်တရက် မျက်လုံးများ နီရဲကာ အရှေ့သို့ ပြေးထွက်သွား ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

"အမေ..."

အခန်း (၃၈) တိုက်ဆိုင်လိုက်တာ

ညီအစ်ကို နှစ်ယောက်သည် လူအုပ်ကြားထဲမှ အမြန် တိုးထွက်သွားပြီး လဲကျနေသော သန့်ရှင်းရေး အဒေါ်ကြီးကို တွဲထူလိုက်ကြလေသည်။

လျန်ထျန်းက သူမကို တွဲထူပေးရင်း မေးလိုက်လေသည်။

"အဒေါ်...၊ ဒီမှာ ဘာလုပ်နေတာလဲ...။"

သန့်ရှင်းရေး အဒေါ်ကြီးမှာ လျန်ထျန်းနှင့် လျိုတာဖုန်းတို့ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် မျက်ရည်များ ဝဲလာခဲ့လေသည်။

ဟုတ်ပေသည်...။ ဤသန့်ရှင်းရေး အဒေါ်ကြီးမှာ လျိုတာဖုန်း၏ မိခင်နှင့် လျန်ထျန်း၏ အဒေါ်ဖြစ်သူ ထျန်းရင်းပင် ဖြစ်လေသည်။

"အဒေါ်က...၊ ဒီမှာ အချိန်ပိုင်း အလုပ် လာလုပ်တာပါ...။ ဒီရက်ပိုင်း အိမ်ရာဖွင့်ပွဲ လုပ်နေတော့ လုပ်အားခ ပိုရတယ်လေ...။ ပိုက်ဆံ ပိုရအောင်လို့ လာလုပ်တာ ဒါပေမဲ့ ဒီလူကြီးကို မတော်တဆ ဝင်တိုက်မိသွား တယ်...။ အခု ဘယ်လိုလုပ်ရမလဲ...။"

အဒေါ်ဖြစ်သူမှာ ထိုဝဝပုပုနှင့်လူကို ကြောက်ရွံ့နေသည်မှာ ထင်ရှားလှပြီး ဘာမှ မဖြစ်ခင်ကတည်းက အပြစ်အားလုံးကို သူမအပေါ် ပုံချလိုက်လေသည်။

တတ်နိုင်မည် မဟုတ်ပေ။ ဆင်းရဲမွဲတေမှုထဲတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရသူများမှာ ပို၍ ကြောက်ရွံ့ တတ်ကြသည်မှာ သဘာဝပင် ဖြစ်သည်။

အဒေါ်ဖြစ်သူမှာ အနိုင်ကျင့်ရ လွယ်ကူကြောင်း မြင်တွေ့ရပြီး လျန်ထျန်းနှင့် လျိုတာဖုန်းတို့မှာလည်း သာမန် အဝတ်အစားများသာ ဝတ်ဆင်ထားသည်ကို သတိပြုမိသောအခါ ထိုဝဝပုပုနှင့်လူမှာ ပို၍ပင် မောက်မာလာပြီး ပြောလိုက်လေသည်။

"သြော်...၊ ကောင်လေး နှစ်ယောက် ရောက်လာပြီပဲ...။ ကွက်တိပဲ...။ မင်းတို့ နှစ်ယောက်က သန့်ရှင်းရေး အဒေါ်ကြီးကိုယ်စား ငါ့အင်္ကျီအတွက် လျော်ကြေးပေးလိုက်...။"

"အကယ်၍ ပိုက်ဆံ မပေးနိုင်ဘူးဆိုရင် အကြွေးဆပ်ဖို့ ငါ့ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ လာလုပ်ကြ...၊ ငါ ပြောလိုက်မယ်နော် ငါ ကန်ထရိုက် ယူထားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းက ကျင်းတ အိမ်ခြံမြေ လုပ်ငန်းနဲ့ ချိတ်ဆက်ထားတာ...။"

ထိုဝဝပုပုနှင့်လူမှာ အယ်လ် (L) မြို့တော်တွင် အကြီးဆုံး ဒေသခံ အိမ်ခြံမြေ ကုမ္ပဏီဖြစ်သော ကျင်းတ အိမ်ခြံမြေ လုပ်ငန်း၏ နောက်ခံရှိသည့် ကန်ထရိုက်တာ တစ်ဦး ဖြစ်နေသည်ကိုး။

သူ ဤမျှလောက် မောက်မာနေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

သို့သော် လျန်ထျန်းသည် 'ကျင်းတ အိမ်ခြံမြေ လုပ်ငန်း' ဟူသော နာမည်ကို ကြားလိုက်ရသောအခါ အံ့အားသင့်သွားပြီးနောက် ပြုံးကာ စိတ်ထဲမှ တွေးလိုက်လေသည်။

*တိုက်ဆိုင်လိုက်တာ...။*

လျန်ထျန်း ပြုံးလိုက်သည်ကို မြင်သောအခါ ဝဝပုပုနှင့်လူမှာ ချက်ချင်း ဒေါသထွက်သွားပြီး ဩရှရှ အသံဖြင့် ပြောလိုက်လေသည်။

"ဟေ့ကောင်...၊ မင်းကို ပြောနေတာလေ ဘာရယ်နေတာလဲ...။"

"ငါ ပြောလိုက်မယ်နော်...၊ အယ်လ် (L) မြို့တော် တစ်ခုလုံးမှာ ဆောက်လုပ်ရေး လောကက လူတိုင်း ငါ တိုက်ပိုင်ချီကို သိတယ်...။"

"ငါ့စကား တစ်ခွန်းနဲ့တင် မင်း ဒုက္ခရောက်သွားနိုင်တယ်ဆိုတာ သိရဲ့လား...။"

လျန်ထျန်း စကားမပြောနိုင်မီ အဒေါ်ဖြစ်သူ ထျန်းရင်းမှာ သူမ၏ တူဖြစ်သူကို အရှေ့ရှိ ကန်ထရိုက်တာ က လက်စားချေမည်ကို စိုးရိမ်သဖြင့် ကြောက်ရွံ့သွားခဲ့လေသည်။

"သူတို့ကို ဒုက္ခမပေးပါနဲ့...၊ ရှင်နဲ့ ဝင်တိုက်မိတာက ကျွန်မ အမှားပါ...။ ဘာပဲဖြစ်ဖြစ် ရှင့်အင်္ကျီအတွက် ကျွန်မ တစ်နည်းနည်းနဲ့ လျော်ပေးပါ့မယ်...။"

မိခင်မေတ္တာကား ကြီးမားလှပေသည်။ ထျန်းရင်းသည် ကြောက်ရွံ့နေသော်လည်း သူမ၏ သားနှင့် တူဖြစ် သူကို ကာကွယ်ပေးခဲ့ပြီး မည်သည့် မုန်တိုင်းကိုမဆို တစ်ယောက်တည်း ရင်ဆိုင်ရန် ဆန္ဒရှိနေခဲ့လေ သည်။

တိုက်ပိုင်ချီက လှောင်ပြောင်သည့် ဟန်ဖြင့် နှစ်ချက်ခန့် ရယ်မောလိုက်လေသည်။

"ကောင်းပြီလေ...၊ ငါ့ကို (၅) ပြား ပေးရင် မင်းကို သနားတဲ့အနေနဲ့ ခွင့်လွှတ်ပေးမယ်...။ ဒါပေမဲ့ မပေးနိုင် ရင်တော့ မင်း အကြွေးကျေဖို့ ငါ့ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာအလကား လာလုပ်ရမယ်...။"

ဤအချိန်တွင် လျန်ထျန်းသည် ဆက်လက် သည်းခံနိုင်ခြင်း မရှိတော့ပေ။ သူသည် အဒေါ်ဖြစ်သူကို သူ့နောက်သို့ ဆွဲခေါ်လိုက်ပြီး တိုက်ပိုင်ချီကို တည့်တည့် ရင်ဆိုင်လိုက်လေသည်။

"ခင်ဗျားမှာ အသိတရားကော ရှိရဲ့လား...။ ခင်ဗျားက ကျွန်တော့် အဒေါ်ကို ဝင်တိုက်ပြီး လဲကျအောင် လုပ်ခဲ့တာတောင် ကျွန်တော်တို့ကို အရင် စွပ်စွဲနေသေးတယ်...။"

"ပြီးတော့ ခင်ဗျားအင်္ကျီက ဘယ်နေရာမှာ ညစ်ပတ်ပြီး ဘယ်နေရာမှာ စုတ်ပြဲသွားလို့လဲ...။ ဘာလို့ ကျွန်တော်တို့က လျော်ပေးရမှာလဲ...။"

"အရေးအကြီးဆုံးက ခင်ဗျား ကျွန်တော့်အဒေါ်ကို ဒဏ်ရာရအောင် လုပ်ခဲ့တာတောင် ကျွန်တော်က ခင်ဗျားကို စာရင်းမရှင်းရသေးဘူး...။ အကယ်၍ ကျွန်တော့်အဒေါ် တစ်နေရာရာများ ဒဏ်ရာရသွားရင် ခင်ဗျားကို လုံးဝ ခွင့်မလွှတ်ဘူး...။"

ထိုစကားကို ကြားသောအခါ တိုက်ပိုင်ချီမှာ ခေတ္တမျှ ရပ်တန့်သွားပြီးနောက် စမ်းသပ်သည့် လေသံဖြင့် မေးလိုက်လေသည်။

"ဟေ့ကောင်...၊ မင်းက ဘယ်ကလဲ...။"

ရိုးရိုးသားသား ပြောရလျှင် တိုက်ပိုင်ချီသည် တုံးအသူ တစ်ယောက် မဟုတ်ပေ။ သူက သူ၏ အဆင့် အတန်းကို ထုတ်ဖော်ပြောဆိုပြီးသည်တောင်မှ တစ်ဖက်လူက သူ့ကို စိန်ခေါ်ရဲသေးသည်ဆိုမှတော့ တစ်ဖက်လူတွင်လည်း အင်အားတစ်ခုခု ရှိနေနိုင်သည်ဟု သူ သတိမထားမိဘဲ တွေးမိသွားခဲ့လေသည်။

လျန်ထျန်းက မာနမကြီးသလို နှိမ့်ချခြင်းလည်း မရှိဘဲ ပြန်ဖြေလိုက်လေသည်။

"ဘာကို ဆိုလိုတာလဲ...၊ ကျွန်တော့် အလုပ်အကြောင်း မေးနေတာဆိုရင်တော့ ကျွန်တော်က အစား အသောက် ပို့တဲ့သူပါ...။"

တိုက်ပိုင်ချီ ရယ်မောလိုက်လေသည်။

"ဟေ့ကောင် မင်း ရူးနေတာလား...၊ မင်းလို အောက်ခြေက အစားအသောက် ပို့တဲ့ကောင်ကများ ငါ့ကို အလွတ်မပေးဘူးလို့ ပြောရဲသေးတယ်ပေါ့လေ...။"

"မင်းက ငါ့ကို ဘယ်လို တာဝန်ယူခိုင်းမှာလဲ...။ အစားအသောက် ပို့တဲ့သူတွေ အကုန်လုံးကို ခေါ်ပြီး ငါ့ကို ရိုက်ခိုင်းမလို့လား...။ ဟားဟားဟား...။"

တစ်ဖက်လူမှာ အစားအသောက် ပို့ဆောင်သူ တစ်ဦးဖြစ်ကြောင်း သိလိုက်ရပြီးနောက် တိုက်ပိုင်ချီသည် အားရပါးရ ရယ်မောလိုက်ပြီးနောက် လှောင်ပြောင်သည့် စကားများကို ဆက်တိုက် ပြောဆိုတော့သည်။

"ဟေ့ အစားအသောက် ပို့တဲ့ကောင်...။ မင်း ငါ့အစွမ်းအစကို မသိသေးဘူး ထင်တယ်...။"

"ဒါပေမဲ့ စဉ်းစားကြည့်တော့လည်း ယုတ္တိတန်ပါတယ်လေ...။ မင်းလို အောက်ခြေက အစားအသောက် ပို့တဲ့ကောင်က ငါတို့လို အသိုင်းအဝိုင်းနဲ့ ဘယ်လိုလုပ် ပတ်သက်နိုင်မှာလဲ...။"

"ဒါဆိုရင် ငါ မင်းကို ပြောပြမယ်...။ ငါ ကန်ထရိုက် ယူထားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေက တစ်နှစ် ကို ယွမ်အနည်းငယ်၊ ဒါမှမဟုတ် ယွမ် ဆယ်ဂဏန်း ကျော်လောက်တောင် အမြတ်ရနိုင်တယ်...။"

"ပြီးတော့ ငါ့လက်အောက်မှာ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်း အလုပ်သမား ခုနစ်ရာ ၊ ရှစ်ရာလောက် ရှိတယ်...။ သူတို့ရဲ့ လစာ လအတော်ကြာစာကို ငါက ကိုင်ထားသေးတာ...။"

"အကယ်၍ ငါက သူတို့ကို ကိုင်ထားတဲ့ လစာထဲက တစ်စိတ်တစ်ပိုင်း ပေးမယ်လို့ ပြောလိုက်ရင် သူတို့ ငါ့စကားကို တစ်ခွန်းမဟဘဲ နားထောင်မယ်ဆိုတာ မင်း ယုံလား...။"

"အဲ့ဒီအချိန်ကျရင် မင်းလို နံစော်နေတဲ့ အစားအသောက် ပို့တဲ့ကောင်ကို ရှင်းပစ်ဖို့က အရမ်းကို လွယ်ကူ သွားပြီလေ...။ မင်း မကြောက်ဘူးလား...။"

ထိုသို့ပြောပြီးနောက် တိုက်ပိုင်ချီသည် လျန်ထျန်းအား လှောင်ပြောင်သည့် အမူအရာဖြင့် စိုက်ကြည့်နေခဲ့ လေသည်။

သို့သော် လျန်ထျန်း၏ မျက်နှာအမူအရာမှာ တစ်ချိန်လုံး တည်ငြိမ်အေးဆေးနေခဲ့ပြီး မည်သည့် ကြောက်ရွံ့မှုမှ ပြသခြင်း မရှိခဲ့ပေ။

သူတို့ နောက်ကွယ်ရှိ အဒေါ်ဖြစ်သူ ထျန်းရင်းမှာမူ တိုက်ပိုင်ချီ၏ စကားများကို ကြားပြီးနောက် အလွန် အမင်း စိုးရိမ်ပူပန်သွားကာ ငိုချလုမတတ် ဖြစ်သွားပြီး လျန်ထျန်းကို အစွမ်းကုန် ဆွဲလိုက်လေသည်။

"သား...၊ သည်ကိစ္စထဲ ဝင်မပါနဲ့တော့...။ မြန်မြန် ထွက်သွားလိုက်ပါ...၊ အဒေါ်ပဲ ရှင်းလိုက်ပါ့မယ်...။"

လျန်ထျန်းသည် မိခင်ဖြစ်သူမှလွဲ၍ သူ့ကို အချစ်ဆုံး အမျိုးသမီး ဆွေမျိုးဖြစ်သော သူ၏ အဒေါ် ဖြစ်သူကို လှည့်ကြည့်လိုက်လေသည်။

နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ခဲ့ရသဖြင့် အဒေါ်ဖြစ်သူ၏ ဆံပင်များမှာ အများစု ဖြူနေ ပြီဖြစ်ပြီး အသက် ငါးဆယ်ပင် မပြည့်သေးသော်လည်း အလွန်ပင်ပန်းနွမ်းနယ်နေပုံ ပေါ်လေသည်။

တတ်နိုင်မည် မဟုတ်ပေ။ လူ့အဖွဲ့အစည်း၏ အောက်ခြေတွင် နေထိုင်ရသူများမှာ အသက်ရှင်သန်နိုင်ရန် ပင် အစွမ်းကုန် ကြိုးစားနေရသဖြင့်သူတို့၏ အသွင်အပြင်ကို ဂရုစိုက်ရန် အချိန်နှင့် ခွန်အား မရှိကြပေ။

သို့တိုင် အောက်ခြေတွင် အသက်ရှင်သန်ရန် ရုန်းကန်နေရသော ဤရိုးသားကြိုးစားသည့် သာမန်လူများ ကို အချို့လူများက တမင်တကာ နှောင့်ယှက်ကာ အခက်အခဲ ဖြစ်စေတတ်ကြလေသည်။

ဥပမာအားဖြင့် ယခုအချိန်တွင် အရောင်းပြခန်း မန်နေဂျာမှာ အလျင်အမြန် ရောက်ရှိလာခဲ့လေသည်။

အခြေအနေကို အသေးစိတ် နားလည်အောင်ပင် မလုပ်ဘဲ တိုက်ပိုင်ချီကဲ့သို့ ချမ်းသာသော ဖောက်သည် တစ်ဦး ဒေါသထွက်နေသည်ကို မြင်ပြီးနောက် သူသည် အဒေါ်ဖြစ်သူကို ချက်ချင်းပင် အော်ဟစ်ဆဲဆို လေတော့သည်။

"သန့်ရှင်းရေးသမား...၊ ခင်ဗျား ဘာဖြစ်နေတာလဲ...။ ကျွန်တော်တို့ရဲ့ အရေးကြီး ဧည့်သည်တွေကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ရဲတယ်ပေါ့...၊ ထွက်သွားစမ်း... ခင်ဗျား အလုပ်ပြုတ်ပြီ...။"

ထို့နောက် သူသည် တိုက်ပိုင်ချီဘက်သို့ လှည့်ကာ ဖားယားသော အပြုံးဖြင့် ပြောလိုက်လေသည်။

"မစ္စတာတိုက်...။ တောင်းပန်ပါတယ်ခင်ဗျာ သည်သန့်ရှင်းရေးသမားက ကျွန်တော်တို့ခေါ်ထားတဲ့ ယာယီ အလုပ်သမားပါ...။ စိတ်မပူပါနဲ့ သူ့ကို ချက်ချင်းမောင်းထုတ်လိုက်ပါ့မယ်...။"

"လူကြီးမင်းရဲ့ အင်္ကျီကို ညစ်ပတ်အောင် လုပ်မိတဲ့အတွက် သူ ဘယ်လို လျော်ကြေးပေးရမလဲ ဆိုတာကို ကျွန်တော် အသိသက်သေအနေနဲ့ ရပ်တည်ပြီး သူ တာဝန်အပြည့်အဝ ယူအောင် လုပ်ပေးပါ့မယ်...။"

သူ၏ ကြီးကြပ်ရေးမှူးထံမှ ဖားယားသော စကားများကို ကြားပြီးနောက် တိုက်ပိုင်ချီသည် သူ၏ အသား စိုင်များ ပြည့်နှက်နေသော မျက်နှာပေါ်တွင် နောက်ဆုံးတော့ ကျေနပ်သော အပြုံးတစ်ခု ပေါ်လာခဲ့လေ သည်။

သို့သော် ကြီးကြပ်ရေးမှူးက ရန်လိုသော အမူအရာဖြင့် ရှေ့သို့ တိုးလာကာ ထျန်းရင်းကို မောင်းထုတ်ရန် ပြင်လိုက်ချိန်မှာပင်...၊

လျန်ထျန်းသည် အဒေါ်ဖြစ်သူ၏ ရှေ့တွင် ထပ်မံ ရပ်တည်လိုက်ပြီး မန်နေဂျာကို ကြည့်ကာ ဒေါသတ ကြီးဖြင့် ပြောလိုက်လေသည်။

"ခင်ဗျားက ဒီက မန်နေဂျာလား...၊ အခြေအနေကိုတောင် သေချာ နားမလည်ဘဲ မျက်နှာလိုမျက်နှာရ လုပ်နေတာလား...။ မန်နေဂျာ တစ်ယောက်အနေနဲ့ ဒီလိုပဲ ပြဿနာတွေကို ဖြေရှင်းနေတာလား...။"

ထိုစကားကို ကြားသောအခါ ကြီးကြပ်ရေးမှူးကလည်း ရယ်မောလိုက်လေသည်။

"မင်းပြောတာတွေ အကုန် ကြားတယ်...။ မင်းက အောက်ခြေက အစားအသောက် ပို့တဲ့ကောင်လေး ပဲ...။ ဒီနေရာမှာ ဝင်စွက်ဖက်ဖို့ မင်းမှာ ဘာအခွင့်အရေး ရှိလို့လဲ...။"

"ပြီးတော့ ငါ ဘယ်လို အလုပ်လုပ်တယ်ဆိုတာ မင်းနဲ့ ဘာဆိုင်လို့လဲ...။ မင်း ကောင်းကောင်း နေချင်ရင် အခုချက်ချင်း ဒီကနေ ထွက်သွား...။ မဟုတ်ရင် လုံခြုံရေးခေါ်ပြီး မင်းကို ဆွဲထုတ်ခိုင်းလိုက်မယ်...။"

ဤအချိန်တွင် လျန်ထျန်း၏ ဒေါသမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့လေသည်။

"ကောင်းပြီ...၊ ကောင်းပြီ...၊ ကောင်းပြီ...။"

'ကောင်းပြီ' ဟု သုံးခါဆက်တိုက် ပြောပြီးနောက် လျန်ထျန်းသည် သူ၏ ဖုန်းကို ချက်ချင်း ထုတ်ယူကာ လုချွမ်းရှုံ၏ နံပါတ်ကို ခေါ်လိုက်လေသည်။

ဖုန်းကို အမြန် ကိုင်လိုက်ပြီးနောက် လုချွမ်းရှုံ၏ စိတ်အားထက်သန်သော အသံထွက်ပေါ်လာလေသည်။

"ညီလေးလျန်...၊ ဘာကိစ္စ ရှိလို့လဲ...။"

လျန်ထျန်းသည် အရှေ့ရှိ ကြီးကြပ်ရေးမှူးနှင့် ဘေးရှိ တိုက်ပိုင်ချီကို ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းပေါ် တွင် အပြုံးတစ်ခုတဖြည်းဖြည်း ပေါ်လာခဲ့လေသည်။

"အစ်ကိုလု...၊ ကျွန်တော်တို့ ကျင်းတ အိမ်ခြံမြေရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ တိုက်ပိုင်ချီလို့ ခေါ်တဲ့ ကန်ထရိုက်တာ တစ်ယောက် ရှိလား...။"

"ပြီးတော့ ကျွန်တော်က ဆန်လန်ဖီနို ဗီလာအိမ်ရာ အရောင်းပြခန်းမှာ ပြဿနာ နည်းနည်း တက်နေလို့ပါ ...။ အစ်ကိုလုက ကျွန်တော့်ကို ကူညီပေးနိုင်မယ့် အဆက်အသွယ်များရှိမလားလို့...."

All Chapters