← Chapters

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃) အဆင်ပြေ ချောမွေ့ခြင်း

အရောင်းဝန်ထမ်းက အသေးစိတ် ရှင်းပြလေသည်။

"ဟုတ်ပါတယ်...၊ ဒီက မစ္စတာလျန်က ပေါ်ရှေး (၉၁၁) တာဘို အက်စ် ၃.၇ တီ အကောင်းဆုံး မော်ဒယ်ကို အကျေအကျေ ပေးချေပြီး ဝယ်ယူခဲ့တာပါ။ ပြီးတော့ သူ့ရဲ့ ဝမ်းကွဲညီကို လက်ဆောင် ပေးလိုက်တာ ပါ...။"

"ကားနံပါတ် မထွက်ခင်ကတည်းက မစ္စတာလျန်က နှစ်ယွမ်ကျော် တန်ဖိုးကို တစ်ပြားမှ မကျန်အောင် တစ်ခါတည်း ပေးချေခဲ့တာပါ...။"

အရောင်းဝန်ထမ်းက စကားကို ခေတ္တရပ်လိုက်ပြီးနောက် ဆက်ပြောလေသည်။

"ခင်ဗျားက ဘာပြောလိုက်တာလဲ...၊ မစ္စတာလျန်က အစားအသောက် ပို့တဲ့သူ ဟုတ်လား...။ ဟားဟား ...၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။"

သို့သော် အရောင်းဝန်ထမ်း၏ ရယ်မောသံ မဆုံးသေးမီမှာပင် လျန်ထျန်းက တည်ငြိမ်စွာ ပြောလိုက် လေသည်။

"ငါက တကယ်ပဲ အစားအသောက် ပို့တဲ့သူပါ...၊ အဲ့ဒါ ဘာဖြစ်လို့လဲ...။"

ထိုစကားကို ကြားလိုက်ရသောအခါ အရောင်းဝန်ထမ်း၏ ရယ်မောသံမှာ ရုတ်ချည်း ရပ်တန့်သွားပြီး ပျာပျာသလဲ ဦးညွတ်ကာ နှုတ်ဆက်လိုက်တော့သည်။

"မစ္စတာလျန်...၊ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ... ။ ကျွန်တော် နားလည်ပါပြီ...၊ ခင်ဗျားက အောက်ခြေက နေ ကိုယ်တိုင် ကြိုးစားလာခဲ့တဲ့သူ ဖြစ်မှာပါ...။ ကျွန်တော် အစားအသောက် ပို့တဲ့သူတွေကို နှိမ်ချလိုတဲ့ စိတ်လုံးဝ မရှိပါဘူး...၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ...။"

လျန်ထျန်းသည် အရောင်းဝန်ထမ်းအား အခက်တွေ့စေရန် ရည်ရွယ်ချက် မရှိသဖြင့် လက်ကာပြကာ လွှတ်ပေးလိုက်လေသည်။ ထိုဝန်ထမ်းသည် ရိုသေစွာ ထွက်မသွားမီ ကျူးရှီအား တစ်ချက် ကြည့်ကာ ပြောလိုက်လေသည်။

"လူကြီးမင်း... ၊ ခင်ဗျားက ငါတို့ရဲ့ ဗွီအိုင်ပီခန်းက ပစ္စည်းတွေကို ပျက်စီးစေခဲ့တဲ့အတွက် ခေတ္တစောင့် ပေးပါ...။ လျော်ကြေးကိစ္စအတွက် ငါတို့ ဝန်ထမ်းတွေ တံခါးအပြင်မှာ စောင့်နေပါ့မယ်...။"

ထိုသို့ ပြောပြီးနောက် အရောင်းဝန်ထမ်းသည် တံခါးကို ပိတ်ကာ ထွက်သွားလေသည်။

လျန်ထျန်းက ကျူးရှီကို ကြည့်ကာ ပြုံးလိုက်ပြီး -

"ကဲ...၊ ဆက်ပြောရအောင်လေ...။ စောစောက ရန်ဖြစ်တာက ဘယ်သူ ပိုက်ဆံ ပိုရှိလဲ ဆိုတာနဲ့ ဆုံးဖြတ် တာလို့ ပြောခဲ့တယ် မဟုတ်လား...။"

"ဒါဆိုရင် ငါ မင်းကို ရိုက်ဖို့အတွက် ပြားအနည်းငယ် ပေးလိုက်မယ်လေ...။ စိတ်မပူနဲ့...၊ မင်း ကိုယ့်ကိုယ် ကိုယ် မပြုစုနိုင်လောက်တဲ့ အထိပဲ ဖြစ်မှာပါ...။"

"ပြီးတော့ ငါ့မှာ နိုင်ငံမှာ အတော်ဆုံး ရှေ့နေတွေကို ငှားပြီး ခုခံဖို့ ပိုက်ဆံရှိတယ် ဆိုတာကိုလည်း ယုံကြည်ပေးပါ...။ ငါ့မှာ ဘာမှ ဖြစ်မှာ မဟုတ်ဘူး...။"

စကားပြောရင်းနှင့် လျန်ထျန်းသည် သူ၏ ပိုက်ဆံအိတ်ကို ထုတ်လိုက်ကာ အတွင်းမှ အကြွေစေ့ အနည်း ငယ်ကို ထုတ်လိုက်လေသည်။ ၎င်းတို့မှာ ငါးယွမ်တန်နှင့် တစ်ဆယ်ယွမ်တန်များ ဖြစ်ပြီး စုစုပေါင်း ခုနစ်ဆယ်၊ ရှစ်ဆယ်ယွမ်ခန့် ရှိလေသည်။

လျန်ထျန်းက သူ၏ ပိုက်ဆံအိတ်ထဲမှ ထိုမျှလောက်များပြားသော ငွေသားများကို အမှတ်မထင် ထုတ်ပြ လိုက်သည်ကို မြင်သောအခါ ကျူးရှီမှာ မှင်တက်သွားပြီး ခြေထောက်များပင် တုန်ရီလာတော့သည်။

ကျူးရှီ၏ မိသားစုမှာ စီးပွားရေး အနည်းငယ် ရှိသည်ဆိုသော်လည်း အလွန်အမင်း ချမ်းသာသူများ မဟုတ်ချေ။ သူ၏ ဖခင် ပိုင်ဆိုင်မှုများကို ဖယ်လိုက်လျှင် ကျူးရှီ၏ စုစုပေါင်း ပိုင်ဆိုင်မှုမှာ ပြားငါးဆယ် ၊ခြောက်ဆယ်ခန့်သာ ရှိလေသည်။

သို့သော် ယခု လျန်ထျန်း၏ လက်ထဲတွင် ရှိနေသော ငွေသားများမှာ ကျူးရှီ၏ မိသားစုတစ်ခုလုံး ပိုင်ဆိုင် မှုထက်ပင်သာလွန်နေလေသည်။ ယခုမူ သူသည် လျန်ထျန်းကို ရင်ဆိုင်ရန် သတ္တိမရှိတော့ဘဲ ဖားလို သည့် အမူအရာဖြင့် ပြုံးပြလိုက်တော့သည်။

"လျန်ထျန်း...၊ အိုး...၊ မဟုတ်ဘူး...။ မစ္စတာလျန်... ခင်ဗျားက တကယ်ပဲ အောင်မြင်နေတာပဲ...။ အစက အစားအသောက် ပို့တဲ့သူလို့ ပြောတာက ကျွန်တော့်ကို စလိုက်တာ ဖြစ်မှာပါ...။"

"ဝေဝေက ကျွန်တော့်ကို ဘယ်တုန်းကမှ အထိမခံခဲ့ပါဘူး...။ နောင်ကျရင် ဝေဝေ့နားကို ကျွန်တော် လုံးဝ မကပ်တော့ပါဘူး...။"

"လမ်းမှာ မတော်တဆ တွေ့ရင်တောင် ကိုးဆယ်ဒီဂရီ ဦးညွတ်ပြီး မရီးလို့ ခေါ်ပါ့မယ်...။"

"ကောင်းပါပြီ... တခြား ဘာမှ မရှိတော့ရင် ကျွန်တော် သွားပါရစေဦး...။ အိမ်မှာ အဝတ်လျှော်ဖို့ ကျန်နေတာကို အခုမှ သတိရလို့ပါ...။"

စကားပင် မဆုံးသေးမီ ကျူးရှီသည် နောက်သို့ပင် လှည့်မကြည့်တော့ဘဲ အလွန်မြန်သော နှုန်းဖြင့် ထွက်ပြေးသွားလေတော့သည်။

ဝေဝေသည် ကျူးရှီကို မုန်းတီးသော်လည်း ကျူးရှီက သူမကို "မရီး" ဟု ခေါ်သွားသောအခါ မျက်နှာ လေးမှာ ရဲတက်သွားရလေသည်။ သူမသည် ရှက်ကိုးရှက်ကန်းဖြင့် လျန်ထျန်းကို ကြည့်ကာ ဆံနွယ်လေး များကို နားနောက်သို့ သပ်ရင်း တိုးတိုးလေး ဆိုလိုက်သည်။

"ဟို...၊ စောစောက ရှင့်ကို ကျွေးထားနိုင်ပါတယ်လို့ ပြောတာက စိတ်လိုက်မာန်ပါ ဖြစ်သွားလို့ပါ...။"

"ရှင်က ဒီလောက်တောင် ချမ်းသာနေမှတော့ ကျွန်မရဲ့ ထောက်ပံ့မှုကို မလိုတော့ဘူးပေါ့...။"

"ဒါပေမဲ့ ကျွန်မရဲ့ ခံစားချက်တွေကတော့ အစစ်အမှန်တွေပါ...။ ရှင် နားလည်နိုင်မလား...။"

လျန်ထျန်းက ရှေ့မှ ချစ်စဖွယ်ကောင်းသော မိန်းကလေးကို ကြည့်ကာ ပြုံး၍ ပြန်ဖြေလိုက်လေသည်။

"ဝေဝေ...၊ ငါတို့က တက္ကသိုလ်တုန်းက သူငယ်ချင်းကောင်းတွေ မဟုတ်လား...။"

"ဒါကြောင့် နောင်ကျရင်လည်း သူငယ်ချင်းကောင်းတွေ အဖြစ် ဆက်ရှိနေမယ်လို့ ငါ မျှော်လင့်ပါတယ်..။ ဒါပေမဲ့ ချစ်သူတွေတော့ ဖြစ်လာမှာ မဟုတ်ဘူး...။ ဘာလို့လဲဆိုတော့ ငါ့မှာ ချစ်သူ ရှိနေပြီမို့လို့ပါ...။"

လျန်ထျန်းတွင် ချစ်သူရှိနေပြီဟု ပြောလိုက်သောအခါ ဝေဝေ၏ လှပသော မျက်နှာလေးမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် အလွန်အမင်း စိတ်ပျက်သွားသည့် အရိပ်အယောင်များ ပေါ်လာလေသည်။ သူမသည် ခေါင်းကို ငုံ့ထားကာ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပေသည်။

သို့သော် သူမ ခေါင်းပြန်မော့လာသောအခါ ထိုဝမ်းနည်းမှုများကို ဖုံးကွယ်လိုက်ပြီး အတင်းပြုံးကာ ပြောလိုက်သည်။

"ရပါတယ်...ရှင့်လို ထူးချွန်တဲ့သူမှာ ချစ်သူရှိနေတာက သဘာဝပါပဲ...။ ကျွန်မ ဒါကို ကြိုပြီး တွေးထားပါ တယ်...။"

"ဒါဆိုရင် ကျွန်မတို့ သူငယ်ချင်းတွေအဖြစ် ဆက်နေကြတာပေါ့၊ တက္ကသိုလ်တုန်းက ရှင့်မှာ စမတ်ဖုန်း မရှိသလို ဖုန်းနံပါတ်ဟောင်းကလည်း ပြောင်းသွားပြီ မဟုတ်လား...။"

"အခု အဆက်အသွယ် လိပ်စာလေး လဲတာတော့ မများလွန်းဘူး မဟုတ်လား...။"

အခြေအနေများက ဤသို့ ဖြစ်လာသောအခါ လျန်ထျန်းအနေဖြင့် ငြင်းပယ်ရန် အကြောင်းပြချက် မရှိ တော့ပေ။ သူသည် ဖုန်းကို ထုတ်ကာ ဝေဝေနှင့် အဆက်အသွယ် လဲလှယ်လိုက်လေသည်။ ထို့နောက် ဝေဝေသည် တွန့်ဆုတ်နေခြင်း မရှိဘဲ ထွက်ခွာသွားခဲ့သည်။

သို့သော် လျန်ထျန်း မသိသည်မှာ ဝေဝေသည် သူနှင့် အဆက်အသွယ် ရပြီးသည်နှင့် ချက်ချင်းပင် လျန်ထျန်း၏ အကောင့်ကို အရေးကြီးစာရင်းထဲသို့ ထည့်သွင်းလိုက်ခြင်းပင် ဖြစ်လေသည်။ လျန်ထျန်း က ဝေဝေ၏ အမည်ကို ဖုန်းထဲတွင် မှတ်သားရန် စဉ်းစားလိုက်လေသည်။

"ဝေဝေရဲ့ မျိုးရိုးက ဘာပါလိမ့်...၊ ကြာသွားတော့ မေ့တောင် မေ့ချင်နေပြီ...။"

"အင်း...၊ လျူ ထင်တယ်... ဟုတ်တယ်...၊ လျူဝေဝေ...။"

လျန်ထျန်းသည် လျုဝေဝေ ၏ အမည်ရင်းကို မှတ်သားထားလိုက်ပြီးနောက် ကွင်းစကွင်းပိတ်ဖြင့် (တက္ကသိုလ် အတန်းဖော်) ဟု ထည့်သွင်းလိုက်လေသည်။

နောက်တစ်နေ့တွင် -

ပုံမှန်အတိုင်းပင် လျန်ထျန်းသည် သူ၏ အဝါရောင် ယူနီဖောင်းကို ဝတ်ဆင်ကာ လျှပ်စစ်စကူတာလေး ဖြင့် အစားအသောက်များကို လုံ့လစိုက်ထုတ်၍ ပို့ဆောင်နေလေသည်။ ရရှိသမျှ အမှာစာတိုင်းက သူ့ကို ပျော်ရွှင်စေခဲ့လေသည်။

ကမ္ဘာပေါ်တွင် ငွေကြေးတန်ဖိုး တစ်သန်းဆ ကျဆင်းသွားသောကြောင့် သူ အစားအသောက် ပို့၍ ရသော ပိုက်ဆံမှာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်၏ ဝင်ငွေထက်ပင် ပိုမို၍ မြန်ဆန်နေပေလိမ့်မည်။ တစ်နေ့လျှင် နှစ်ရာ၊ သုံးရာယွမ် ရရှိခြင်းမှာ ငွေကြေးတန်ဖိုး မကျဆင်းမီက နှစ်သန်း၊ သုံးသန်းနှင့် ညီမျှ နေလေသည်။

ပိုက်ဆံရှာရခြင်းထက် ပို၍ ပျော်စရာကောင်းသော အရာ ရှိပါဦးမည်လော။

ဤသို့ တွေးမိသောအခါ လျန်ထျန်းသည် အားအင်များ ပြည့်ဝနေပြီး မောပန်းခြင်း မရှိဘဲ အလုပ်လုပ် နေတော့သည်။ အမှာစာများကို လက်ခံလိုက်၊ ပစ္စည်းသွားယူလိုက်၊ ပို့ဆောင်လိုက်နှင့် သူသည် အစား အသောက် ပို့ဆောင်သူ တစ်ဦး၏ အလုပ်များကို ကျွမ်းကျင်စွာ ဆောင်ရွက်နေလေသည်။ တစ်နေ့လျှင် အမှာစာ ငါးဆယ်၊ ခြောက်ဆယ်ခန့် ပို့ဆောင်ရန်မှာ သူ့အတွက် မခဲယဉ်းတော့ပေ။

မနက် (၆) နာရီမှ ည (၉) နာရီအထိ သူ အလုပ်ရှုပ်နေခဲ့သည်။ ယနေ့အတွက် အမှာစာ ခြောက်ဆယ်ကျော် ပြီးစီးသွားပြီး ဝင်ငွေ သုံးရာယွမ်ကျော် ရရှိသဖြင့် လျန်ထျန်းသည် စိတ်ကျေနပ်စွာဖြင့် အနားယူရန် ဆုံးဖြတ်လိုက်လေသည်။

အိမ်ပြန်ရန် ပြင်နေစဉ်မှာပင် အမှာစာ အသစ်တစ်ခု တက်လာလေသည်။ ထိုအမှာစာ၏ ပို့ဆောင်ရမည့် လိပ်စာကို မြင်လိုက်ရသောအခါ သူသည် တွန့်ဆုတ်ခြင်း မရှိဘဲ လက်ခံလိုက်ပြီးနောက် ဝမ်းသာအားရ ပြုံးလိုက်မိလေသည်။

"ငါ တကယ်ပဲ ကံကောင်းတာပဲ...၊ အနားယူဖို့ ပြင်နေတာကို အိမ်နဲ့ တစ်ရပ်ကွက်တည်းက အမှာစာက တက်လာတယ်...။ ဒါက လမ်းကြုံ အမှာစာပဲ မဟုတ်လား...။"

ထို့နောက် လျန်ထျန်းသည် သီချင်းတအေးအေးဖြင့် ဆိုင်သို့ ပစ္စည်းသွားယူလိုက်လေသည်။ သူသည် ထာ့ကျိယီဖင် ရပ်ကွက်တွင် အိမ်များစွာ ဝယ်ယူထားပြီးနောက် အသင့်ပြင်ဆင်ပြီးသား အိမ်တစ်လုံးသို့ ပြောင်းရွှေ့ နေထိုင်နေခြင်း ဖြစ်ပေသည်။

ယခု အမှာစာမှာလည်း ထာ့ကျိယီဖင်သို့ ပို့ဆောင်ရမည် ဖြစ်သဖြင့် အလွန်ပင် အဆင်ပြေလှပေသည်။ လျန်ထျန်းသည် သတ်မှတ်ထားသော နေရာသို့ ရောက်ရှိလာသောအခါ သဘောကျစွာ ရယ်မောလိုက် မိလေသည်။

"ဒီအမှာစာက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ...။ မြေအောက် ကားပါကင်က ကားရပ်နားတဲ့ နေရာကို ပို့ခိုင်းထားတာပဲ...၊ အဲ့ဒီနေရာရဲ့ အရှေ့မှာ ရပ်ထားတဲ့ ကားက ငါ့ရဲ့ ဂျီကလပ်စ် မဟုတ်လား...။"

"ဒါပေမဲ့...၊ ဒီနေရာမှာ ဘယ်သူမှ မရှိသေးဘူးပဲ...။ သူတို့ ပြန်မရောက်သေးတာလား...။"

အခန်း (၄၄) အလှပဂေးလေး၏ အကူအညီတောင်းခံခြင်းနှင့် ဟန်ဆောင်ချစ်သူ

လျန်ထျန်းသည် အမှာစာ ပို့ဆောင်ရမည့် မြေအောက် ကားပါကင်ရှိ သတ်မှတ်ထားသော နေရာသို့ ရောက်ရှိလာခဲ့လေသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုနေရာ၏ တစ်ဖက်ခြမ်းမှာ လျန်ထျန်း၏ ဂျီကလပ်စ် ကားကြီးကို ရပ်နားထားသည့် နေရာ ဖြစ်နေလေသည်။

သတ်မှတ်ထားသော နေရာတွင် လူတစ်ဦးတစ်ယောက်မျှ ရှိမနေသဖြင့် လျန်ထျန်းသည် ဖောက်သည် များပြန်မရောက်သေးဟု ခန့်မှန်းလိုက်ကာ ဖုန်းခေါ်ဆို၍ ပစ္စည်းကို ထားခဲ့ရမလား သို့မဟုတ် စောင့်ပေး ရမလားဟု မေးမြန်းရန် ပြင်လိုက်လေသည်။

ဖုန်းခေါ်ဆိုလိုက်သည်နှင့် တစ်ဖက်မှသာယာနာပျော်ဖွယ် ကောင်းသော အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာလေသည်။

"အော်...ပစ္စည်း ရောက်ပြီလား...။ ကျွန်မ တောင်းပန်ပါတယ်...။ ခဏလောက် စောင့်ပေးလို့ ရမလား...။ ကျွန်မ အခုပဲ ရောက်လာတော့မှာပါ..."

ဤစကားကို ကြားသောအခါ လျန်ထျန်းကလည်း နောက်ထပ် အမှာစာများ ပို့ရန် မရှိတော့သဖြင့် ကြည်ဖြူစွာပင် သဘောတူလိုက်လေသည်။

"ကောင်းပါပြီ... ကျွန်တော် ဒီနေရာမှာပဲ စောင့်နေပါ့မယ်...။"

ခေတ္တမျှ ကြာပြီးနောက် အဖြူရောင် ဘီအမ်ဒဗလျူ ကားတစ်စီး မောင်းဝင်လာခဲ့လေသည်။ ကားရပ် လိုက်သည်နှင့် အရပ်ရှည်ရှည်၊ လှပတင့်တယ်သော အမျိုးသမီးတစ်ဦး ထွက်လာခဲ့လေသည်။ သူမသည် အသက်နှစ်ဆယ်ကျော်အရွယ်ခန့် ရှိပြီး ဝတ်ဆင်ထားသော အဖြူရောင် စီးပွားရေး ဝတ်စုံမှာ သူမ၏ ကောက်ကြောင်းအလှကို ပို၍ ပေါ်လွင်နေစေခဲ့ပေသည်။

သူမသည် လျန်ထျန်းကို မြင်သည်နှင့် အနားသို့ လျှောက်လာကာ အားနာသည့် အမူအရာဖြင့် ပြုံးပြ လိုက်လေသည်။

"တောင်းပန်ပါတယ်...။ ကျွန်မ အမြဲတမ်း စောစောပြန်ရောက်တတ်ပေမဲ့ ဒီနေ့တော့ ကိစ္စလေးတစ်ခု ရှိနေလို့ အစ်ကို့ကို စောင့်ခိုင်းမိသလို ဖြစ်သွားတယ်...။"

ထိုအမျိုးသမီးမှာ အလွန်ပင် ယဉ်ကျေးသိမ်မွေ့သဖြင့် လျန်ထျန်းကလည်း အပြုံးဖြင့် ပြန်လည် တုံ့ပြန် လိုက်လေသည်။

"ရပါတယ်...၊ ဒါက ဒီနေ့အတွက် ကျွန်တော့်ရဲ့ နောက်ဆုံး အမှာစာပါပဲ။ အဆင်ပြေမယ်ဆိုရင် ကျွန်တော့ အတွက် မှတ်ချက် ကောင်းကောင်းလေး ပေးခဲ့ပါဦး...။"

အမျိုးသမီးသည် အစားအသောက် အထုတ်ကို လှမ်းယူလိုက်ကာ ဖုန်းကို ထုတ်၍ -

"စိတ်ချပါ... အခုချက်ချင်းပဲ ကြယ်ငါးပွင့် ပေးလိုက်ပါ့မယ်...။"

သူမသည် ချက်ချင်းပင် အမှတ်ပေးလိုက်ပြီးနောက် ကျေးဇူးတင်စကား ဆိုလေသည်။ လျန်ထျန်း ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် -

"ဝူး... ဝူး... ဝူး... "

အင်ဂျင်သံကြီး ဟိန်းထွက်လာကာ ပြင်ဆင်ထားသော အော်ဒီ ကားတစ်စီးသည် ထိုအမျိုးသမီး၏ ကား ရှေ့၌ ပိတ်ရပ်လိုက်လေသည်။ ကားကို မြင်သည်နှင့် အမျိုးသမီးမှာ ထိတ်လန့်သွားပြီး လျန်ထျန်း၏ လက်မောင်းကို အလိုအလျောက် ဆွဲကိုင်ကာ တိုးတိုးလေး အကူအညီ တောင်းရှာလေသည်။

"အစ်ကို... ကျေးဇူးပြုပြီး ကျွန်မကို ကူညီပေးပါဦး...။"

လျန်ထျန်းမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း အခြေအနေကို ချက်ချင်းပင် ရိပ်မိလိုက်သည်။ အော်ဒီကားပေါ်မှ လူရမ်းကားပုံစံ ပေါက်နေသော အမျိုးသားတစ်ဦး ဆင်းလာပြီး သူမကို ရမက်ဇောဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ဟယ်ရှန့်...၊ ငါ ပြောပြီးပြီ မဟုတ်လား...။ မင်းက ငါ့မိန်းမပဲ... ငါ့လက်ကနေ လွတ်အောင် မပြေးနိုင်ပါ ဘူး...။ ဒါကြောင့် အခုပဲ ငါ့ဆီကို လာခဲ့လိုက်စမ်းပါ...။"

ထိုအမျိုးသမီး၏ အမည်မှာ ဟယ်ရှန့် ဖြစ်လေသည်။ သူမ၏ အနားတွင် ရှိနေသော လျန်ထျန်းသည် သူမထံမှ သင်းပျံ့သော ရနံ့လေးကို ရရှိနေသည်။ ထိုရနံ့မှာ ရေမွှေးနံ့နှင့် မတူဘဲ ကိုယ်သင်းနံ့လေးနှင့် ဆင်တူသဖြင့် သူမ၏ အမည်နှင့် လိုက်ဖက်လှသည်ဟု လျန်ထျန်းက တွေးမိလိုက်လေသည်။

ဟယ်ရှန့်သည် ထိုလူကို ကြည့်ကာ ကြောက်ရွံ့နေသကဲ့သို့ ဒေါသလည်း ထွက်နေပုံ ရသည်။ သူမသည် လျန်ထျန်း၏ လက်ကို ပို၍ တင်းတင်း ဆုပ်ကိုင်လိုက်ကာ -

"တင်ရန့်ချန်း...၊ နင် ငါ့ကို လာမနှောင့်ယှက်ပါနဲ့တော့... ။ ငါတို့ကြားမှာ ဘာအလားအလာမှ မရှိဘူးလို့ ငါ ပြောပြီးပြီ မဟုတ်လား...။"

တင်ရန့်ချန်း ဆိုသော ထိုလူသည် ဟယ်ရှန့်၏ ငြင်းပယ်မှုကို ဂရုမစိုက်ဘဲ ရယ်မောလိုက်သည်။

"မင်းရဲ့ ဒီလို အမူအရာလေးကိုပဲ ငါက သဘောကျနေတာ...။ မင်းက ငါ့ကို ငြင်းလေ ငါက မင်းကို ပိုပြီး ပိုင်ဆိုင်ချင်လေပဲ...။"

"ဒီလို လုပ်ရင်ရော ဘယ်လိုလဲ...။ မင်း အခုစီးနေတဲ့ ဘီအမ်ဒဗလျူ ၅ စီးရီးက ကြာပြီ မဟုတ်လား...။ မင်းသာ ငါ့မိန်းမ လုပ်မယ်ဆိုရင် မနက်ဖြန်ကျရင် ဘီအမ်ဒဗလျူ ၇ စီးရီး အသစ်တစ်စီး ဝယ်ပေးမယ်... ဘယ်လိုလဲ...။"

ဟယ်ရှန့်သည် တွန့်ဆုတ်ခြင်း မရှိဘဲ ထပ်မံ ငြင်းဆိုလိုက်သည်။

"ငါ့ကားကို ငါ့ဘာသာ ပိုက်ဆံရှာပြီး ဝယ်ထားတာ...။ ငါ မောင်းရတာ အဆင်ပြေတယ်...၊ ကားအသစ် မလိုချင်ဘူး...။"

"ပြီးတော့... ငါ့မှာ ချစ်သူ ရှိပြီးသား...။ သူက ငါ့ရဲ့ ချစ်သူပဲ...၊ ဒါကြောင့် ငါ့နားကနေ အခုချက်ချင်း ထွက်သွားလိုက်တော့...။"

ပြောပြောဆိုဆိုနှင့် ဟယ်ရှန့်သည် အစားအသောက် အထုတ်ကို ဘေးသို့ ချလိုက်ကာ လျန်ထျန်း၏ လက်မောင်းကို ချိတ်လိုက်လေသည်။ လျန်ထျန်းမှာ ရုတ်တရက် အဆွဲခံလိုက်ရသဖြင့် အနည်းငယ် လန့်သွားသော်လည်း ချက်ချင်းပင် အခြေအနေကို နားလည်လိုက်လေသည်။

ဟယ်ရှန့်သည် ဤလူရမ်းကား၏ နှောင့်ယှက်မှုကို ခံနေရခြင်း ဖြစ်ပြီး ယနေ့တွင် လျန်ထျန်းကို အသုံးချ ကာ လွတ်မြောက်ရန် ကြိုးစားနေခြင်း ဖြစ်ပေလိမ့်မည်။ လျန်ထျန်းသည် မလိုအပ်ဘဲ ပြဿနာထဲသို့ ပါဝင်ပတ်သက်လိုသူ မဟုတ်သော်လည်း ဟယ်ရှန့်က သူ့အပေါ် ယဉ်ကျေးပျူငှာခဲ့သဖြင့် သူမ ဒုက္ခ ရောက်နေသည်ကို လစ်လျူမရှုနိုင်တော့ပေ။

ထိုစဉ် တင်ရန့်ချန်းက လျန်ထျန်းကို ကြည့်ကာ လှောင်ရယ်လိုက်သည်။

"ဟယ်ရှန့်...၊ မင်း ဘာပြောလိုက်တယ်...။ သူက မင်းရဲ့ ချစ်သူ ဟုတ်လား...။"

"ငါ့ကို ငြင်းဖို့ အကြောင်းပြချက် ရှာတာတောင် ကောင်းကောင်းလေး ရှာပါဦး...၊ ဒီလို အစားအသောက် ပို့တဲ့သူက ဘယ်လိုလုပ်ပြီး မင်းရဲ့ ချစ်သူ ဖြစ်နိုင်မှာလဲ...။"

တင်ရန့်ချန်းက ဟယ်ရှန့်၏ စကားကို လုံးဝ မယုံကြည်ပေ။ သို့သော် လျန်ထျန်းက ဟယ်ရှန့်၏ ပုခုံးကို ဖက်လိုက်ကာ ပြောလိုက်လေသည်။

"ငါက အစားအသောက် ပို့တဲ့သူဆိုတော့ ဘာဖြစ်လဲ...။ ငါက ရှန့်ရှန့်ရဲ့ ချစ်သူ အစစ်ပဲ...၊ ဒါကြောင့် နောင်ကျရင် သူ့နားကို မကပ်နဲ့တော့...။"

ဤစကားကို ကြားသောအခါ တင်ရန့်ချန်း၏ ရယ်သံမှာ ရပ်သွားပြီး မျက်နှာမှာ ချက်ချင်းပင် မည်းမှောင် သွားတော့သည်။

"ဒီကောင်...၊ မင်းရဲ့ ညစ်ပတ်တဲ့ လက်ကို ဟယ်ရှန့်ရဲ့ ပုခုံးပေါ်ကနေ ဖယ်လိုက်စမ်း...။"

လျန်ထျန်းက ဟယ်ရှန့်ကို ပို၍ တင်းတင်း ဖက်ထားလိုက်ကာ -

"ငါ့ချစ်သူကို ငါဖက်တာ ဘာဖြစ်လဲ...၊ သူလည်း ပျော်နေတာပဲ...။ မင်းနဲ့ ဘာဆိုင်လဲ...။"

တင်ရန့်ချန်းမှာ ဒေါသကြောင့် မျက်နှာကြီး တစ်ခုလုံး နီမြန်းနေသော်လည်း စိတ်ကို ထိန်းကာ ဟယ်ရှန့် ဘက်သို့ လှည့်လိုက်လေသည်။

"ဟယ်ရှန့်...၊ ဒီကောင်က မင်းကို အခွင့်ကောင်း ယူနေတာကို မမြင်ဘူးလား...။"

"မင်းရဲ့ ကုမ္ပဏီက အခု အခက်အခဲ ဖြစ်နေတာလေ... ငါ့မိသားစုဆီကနေ ယွမ် ငါးဆယ် (၅၀) လောက် ရင်းနှီးမြှုပ်နှံမှု ရမယ်ဆိုရင် မင်းရဲ့ ကုမ္ပဏီ အဆင်ပြေသွားမှာ...၊ ဒါကို မင်း မစဉ်းစားဘူးလား...။"

ထိုစကားကို ကြားသောအခါ ဟယ်ရှန့်၏ ပုခုံးလေးများမှာ သိသိသာသာ တုန်ရီသွားသည်ကို လျန်ထျန်း ခံစားလိုက်ရသည်။ သို့သော် သူမသည် စိတ်ကို ခိုင်ခိုင်ထားကာ ပြတ်သားစွာ ပြောလိုက်သည်။

"မင်းက အမြဲတမ်း ရင်းနှီးမြှုပ်နှံမှုနဲ့ ငါ့ကို ခြိမ်းခြောက်နေတာပဲ...။ ငါ့ကုမ္ပဏီက လုပ်ငန်းကောင်းတစ်ခုမို့ တခြား ရင်းနှီးမြှုပ်နှံသူတွေ ရှိလာမှာပါ...။"

တင်ရန့်ချန်းက ထပ်မံ လှောင်ရယ်လိုက်သည်။

"ဟယ်ရှန့်... မင်းက တကယ်ပဲ ယုံကြည်ချက် ရှိလွန်းနေတာပဲ...။ ငါ့မိသားစုကလွဲရင် ဘယ်သူကမှ မင်းရဲ့ ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံမှာ မဟုတ်ဘူး...။"

"ပြီးတော့ မင်း ပိုက်ဆံ အမြန်မရရင် နောက်တစ်လအတွင်းမှာ မင်းရဲ့ ကုမ္ပဏီက ဒေဝါလီခံရတော့မှာ...။ အဲ့ဒီအချိန်ကျရင် မင်းက ဒီလို၏ အစားအသောက် ပို့တဲ့သူကိုပဲ အားကိုးမှာလား...။ ဟားဟားဟား...။"

ပြောရင်းနှင့် တင်ရန့်ချန်းသည် လျန်ထျန်းကို အစအဆုံး နှိမ်ချ၍ ပြောဆိုနေတော့သည်။

All Chapters