နယ်မြေများစွာနှင့် သင်္ချိုင်းဂူ
Vol. 24 Ch. 338
အန်လင်းနှင့်တခြားသူများက နတ်ဘုရား အင်မော်တယ် ရှောင်ယန်၏ သင်္ချိုင်းဂူကို တွေ့လိုက်ပြီးနောက် စိတ်တက်ကြွသွားတော့သည်။
အခက်အခဲ အများအပြားကို ကြုံတွေ့ရပြီး နောက်ဆုံးတော့ သူတို့က ဤနေရာကို ရှာတွေ့လေပြီ။
အသင်း၏ ကင်းထောက်ဖြစ်သည့် တိုက်ပွဲနတ်ဘုရား ဇီယန်က အဖွဲ့၏ ရှေ့ဆုံးမှ လျှောက်သွား၏။ သူတို့က မှောင်မဲသော လမ်းကျဉ်းကလေး တစ်ခုကို ဖြတ်သန်းသွားပြီးနောက် ကျယ်ဝန်းသော အခန်းတစ်ခုဆီသို့ရောက်လာ၏။ ထိုအခန်းက အလွန်အမင်း ကျယ်ဝန်းပြီး သော့ခတ်ထားသည့် ကြီးမားသော တခါးကြီး ဆယ်ချပ်လဲ ရှိလေသည်။ အခန်း၏အလယ်တွင် သန့်ရှင်းသော အဖြူရောင် ကျောက်စားပွဲကြီးတစ်ခုရှိလေ၏။
အန်လင်းနှင့် တခြားသူများက စားပွဲဆီသို့ လျှောက်သွားလိုက်သည့်အခါ ထိုအပေါ်တွင်ဆွဲထားသော မြေပုံတစ်ခုကိုတွေ့လိုက်ရ၏။
“ဒါ… ဒါက သင်္ချိုင်းဂူကြီးရဲ့ မြေပုံမလား။” ထျန်းလင်းလင်းက အလွန်အံ့ဩစွာဖြင့် ဆိုလာ၏။
အန်လင်းသည်လည်း တအံ့တဩဖြစ်နေ၏။ ဒါကြီးက သောက်ကျိုးနည်း သင်္ချိုင်းဂူကြီးလား ဒါမှမဟုတ် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ရာ နေရာလား။ ဤနေရာ၌ လမ်းပြမြေပုံပင်ရှိနေသည်လား။
မြေပုံအရ သူတို့သည် လက်ရှိတွင် သင်္ချိုင်းဂူ၏ အောက်ဆုံးအပိုင်းတွင် ရှိနေတာဖြစ်သည်။ ဤနေရာမှနေ၍ မတူညီသော လမ်းသွယ်ဆယ်ခုက ခွဲထွက်သွားပြီး တစ်ချို့ လမ်းဆုံများကို ဖြတ်သန်းကာ ပြန်လည်ဆုံစည်းသွားသည်။ ထိုလမ်းသည်လည်း နောက်ထပ် လမ်းဆုံသုံးခုကို ဖြတ်သန်းသွားပြီး နောက်ဆုံးတွင် လမ်းဆုံးသို့ရောက်သွား၏။
မတူညီသော လမ်းသွယ်ဆယ်ခုမှာ “နယ်မြေ စောင့်ရှောက်သူ မျိုးနွယ်စု ဆယ်ခု” ဟုခေါ်ပြီး မြွေဝိညာဉ် မျိုးနွယ်စု၊ ကောင်းကင် ပင်လယ်လိပ် မျိုးနွယ်စု၊ နဂါး မျိုးနွယ်စု၊ သန့်စင်စစ်ပွဲ မျိုးနွယ်စု၊ တောင်ပံနက် မျိုးနွယ်စု၊ ဟင်္သာငှက်မျိုးနွယ်စု၊ ကျောက် မျိုးနွယ်စု၊ ငါးဝိညာဉ် မျိုးနွယ်စု၊ စစ်မှန်မိစ္ဆာ မျိုးနွယ်စုနှင့် ဟာလာပြင် စိတ်ဝိညာဉ် မျိုးနွယ်စုတို့ဖြစ်သည်။
ထိုအထဲတွင် အန်လင်း သေချာသိသော မျိုးနွယ်စုတစ်ချို့ပါ၏။ ထို့ပြင် သူလုံးဝ မရင်းနှီးသော မျိုးနွယ်စုတစ်ချို့လဲ ပါရှိလေသည်။
သူ့အား အံ့အားအသင့်စေဆုံးသောအချက်မှာ တောင်ပံနက်မျိုးနွယ်စုသည်လည်း ထိုအထဲတွင် ပါနေခြင်းပင်။
တောင်ပံနက်မျိုးနွယ်စုက နယ်မြေစောင့်ရှောက်သူ မျိုးနွယ်စု ဆယ်ခုထဲက ဖြစ်နေသည်လား။ သူတို့က မည်သည့် နယ်မြေကို စောင့်ရှောက်ကြသနည်း။ ကမ္ဘာမြေ နယ်ပယ် တစ်ခုလုံးကိုလား။
ထိုအရာများက သောချာပေါက် တရားဝင် နယ်မြေစောင့်ရှောက်သည့် အားအင်များ မဟုတ်နိုင်ပေ။ စစ်မှန်မိစ္ဆာ မျိုးနွယ်စု၊ တောင်ပံနက် မျိုးနွယ်စု...။ ထိုအရာများက သေချာပေါက် သင့်တင့်ပြီး လေးစားထိုက်သော မျိုးနွယ်စုများနှင့် မတူပါချေ။ လူသားမျိုးနွယ်စုသည်မှာတော့ မပါဝင်။
“ကြည့်ရတာ အဲ့လမ်းသွယ် ဆယ်ခုက ငါတို့ ဆယ်ယောက်အတွက် ပြင်ထားတာထင်တယ်။ လမ်းသွယ် တစ်ခုစီက ကောင်းမွန်တဲ့ အခွင့်အရေး ရှိလောက်တယ်။ ဟေ့ကောင်တွေ မင်းတို့ လမ်းကို ရွေးလိုက်ကြ။” အန်လင်းက ခေတ္တမျှ ကြောင်ငေးနေပြီးနောက် လမ်းသွယ် တစ်ခုစီ ရွေးရန်အကြံပြုလာသည်။
မြွေဖြူဝိညာဉ် လုံးဝပင် တွေဝေမနေပါချေ။ သူမက မြွေဝိညာဉ် မျိုးနွယ်စုဆီသို့ လျှောက်သွားလေသည်။ ချင်လေးသည်လည်း သူမ၏လက်မောင်းတွင် တန်ဖိုးကြီး အဆင်တန်ဆာကဲ့သို့ ရစ်ပတ်ထားဆဲဖြစ်ကာ မည်သူကမှ တံခါးအနောက်တွင် ရှိနေသော စမ်းသပ်မှုအား သူမ မကျော်ဖြတ်နိုင်မည်ကို စိတ်မပူကြပါ။
ထျန်းလင်းလင်းက ငါးဝိညာဉ် မျိုးနွယ်စုကို ရွေးလိုက်ပြီး ထို့အတွက် မည်သည့် အကြောင်းပြချက်မှ မရှိပါပေ။ သူတို့သည် တခြားအရာများထက် အနိုင်ကျင့်ရန် လွယ်ကူနိုင်၏…
အန်လင်းသည် ထျန်းလင်းလင်းကို တစ်ယောက်တည်းလွှတ်ရမယ်ကို စိတ်မဖြောင့်နိုင်ကာ တိုက်ပွဲနတ်ဘုရား ဇီယန်ကို သူမအား ကာကွယ်ရန် တာဝန်ပေးလိုက်၏။ မည်သို့ဆိုဆို ထျန်းလင်းလင်းသည် တစ်ဦးတည်းသော တာအိုခန္ဓာ အဆင့်တစ်ဆယ် ကျင့်ကြံသူဖြစ်၏။
စုရှောင်လန်သည် ဟင်္သာငှက်မျိုးနွယ်စုနှင့် နဂါးမျိုးနွယ်စုတို့ကြား အတော်ကြာအောင် တွေဝေနေပြီး အဆုံးတွင်တော့ ဟင်္သာမျိုးနွယ်ကို ရွေးချယ်လိုက်၏။
အန်လင်းက တောင်ပံနက်မျိုးနွယ်စုကို ရွေးလိုက်၏။ သူသည် သူနှင့် ရန်ငြိုးရှိသော ဤမျိုးနွယ်စုက ထိုလမ်းသွယ်ထဲတွင်ပုန်းကွယ်ကာ မည်သို့လှည့်စားနေသည်ကို မြင်ချင်လှသည်။
တုံဆိုင်းမှုအနည်းငယ်မျှပင် မရှိပဲ လျှိုချင်ဟွမ်သည်တော့ ဟာလာပြင် စိတ်ဝိညာဉ် မျိုးနွယ်စုကို ရွေးချယ်လိုက်၏။ ရှားပါးလှသော အလေးအနက် အကြည့်တစ်ခုက သူမမျက်လုံးထဲတွင် ဖြတ်ပြေးသွား၏။
ကျန်သူများသည်တော့ မည်သည့်မျိုးနွယ်စု ရသည်ကို သိပ်ပြီး ချေးမများကြပါပေ။ ထို့ကြောင့် သူတို့က ကျပန်းသာ ရွေးချယ်သွားတော့သည်။
စုချန်းရန်က ကောင်းကင် ပင်လယ်လိပ် မျိုးနွယ်စုလမ်းသွယ်ကိုရွေးချယ်၏။ ထန်ရှီမန်က နဂါးမျိုးနွယ်စု လမ်းသွယ်၊ ရွှမ်ယွမ်ချန်က သန့်စင်စစ် မျိုးနွယ်စု လမ်းသွယ်၊ ယောင်မင်ရှီက စစ်မှန်မိစ္ဆာ မျိုးနွယ်စု လမ်းသွယ် နှင့် ဟူကွမ်က ကျောက်တုံးမျိုးနွယ်စု လမ်းသွယ်စသည်ဖြင့် အသီးသီးကို ရွေးချယ်သွားကြ၏။
သူတို့သည် ကိုယ်တိုင် ရွေးချယ်ထားသော သက်ဆိုင်ရာမျိုးနွယ်စု တံခါးတို့မှ လျှောက်သွားကြစဉ် တံခါးထဲတွင် ဘာမှမရှိသည့် မြောင်းတစ်ခုရှိကြောင်းတွေ့လိုက်ရ၏။ ထိုမြောင်းထဲသို့ ကျောက်စိမ်း အစီအရင်တစ်ခု ထားလိုက်ပြီးနောက် တံခါးက တဖြည်းဖြည်းပွင့်သွားကာ ထိုနောက်က လမ်းသွယ်ကို ဖော်ပြလာ၏။ သူတို့မှာ အလင်းရောင် တဖြတ်ဖြတ်လက်နေသော လမ်းကျဉ်းကလေးများပင်။
သူတို့၏ အောင်နိုင်ခြင်းဆီသို့ ခြေလှမ်းနေသော အသင်းဝင်များကို ကြည့်ကာ အန်လင်းက စပ်ဖြီးဖြီးနှင့် ပြောလိုက်၏။ “လမ်းဆုံမှာ မင်းတို့ကို ငါစောင့်နေမယ်နော်။”
ထိုအရာကို ပြောပြီး သူက ဒုတိယတစ်ခေါက် မတွေးတော့ပဲ တံခါးဆီသို့ ခြေချလိုက်တော့သည်။
လမ်းကျဉ်းကလေးထဲတွင် ရွှေရောင် အလင်းများက တဖြတ်ဖြတ်လက်နေကာ အပြင်ဘက်သို့ ဖြာထွက်သွားပြီး ခွဲထွက်သွားသော လှိုင်းများကဲ့သို့ ဖြစ်နေ၏။
အန်လင်းက ရှေ့ဆက်လျှောက်သွားကာ ဆန်းကြယ်သော ခံစားချက်ကြီးက သူ့ကိုယ်တစ်လျှောက် စီးဆင်းလာ၏။ ထိုသည်မှာ သူက တစ်လျှောက်လုံး တစ်စုံတစ်ခု၏ တွဲကပ်ခြင်းခံနေရသကဲ့သို့ပင်။
ထိုသည်က ကံကြမ္မာ၏ ရှေ့ပြေးနိမိတ်ပေလား။ ထိုသည်က သူ့၏ ပြောင်းလဲမရနိုင်သော ကံတရားပေလား။
သူက တိဗက်တွင် ဖြစ်ပွားခဲ့သော ကမ္ဘာမြေတုန်လှုပ်စေနိုင်သော တိုက်ပွဲအကြောင်း ပြန်တွေးမိသွားပြီး နှလုံးခုန်နှုန်းများ မြန်လာတော့သည်။ ထိုသည်မှာ သူနှင့် တောင်ပံနက် မျိုးနွယ်စုကြားက တိုက်ပွဲပင်။
သူက စိတ်ကူးယဉ် အတွေးများထဲသို့ ကျဆုံးသွားသွားချင်းမှာပင် သူ့လက်ထဲမှ နက်စွေးစွေးဓားက အလိုလိုပင် စတင်၍ တုန်ခါလာတော့သည်။
အန်လင်းက မိစ္ဆာရှင်းဓားကို ထူးဆန်းစွာ ကြည့်လိုက်၏။ “ဟင်… ငါက အဲ့ခံစားချက်ကို မင်းကြောင့်ရနေတာလား။” သူက တုံ့နှေးစွာမေးလိုက်၏။
မိစ္ဆာရှင်းဓားမှာ အဖတ်မလုပ်ပဲ ရှိနေပြီး သူ့အား အဖြေတစ်ခုနှင့် ဂုဏ်သရေ တိုးမြှင့်မပေးလာပါ။
အန်လင်းက သက်ပျင်းချပြီး ရှေ့သို့ ဆက်လျှောက်လာတော့သည်။
တစ်ချိန်တည်းမှာပင် ဟူကွမ်က နယ်မြေအသစ်တစ်ခုဆီသို့ပင် ရောက်ရှိနေပြီး ဖြစ်သည်။ ဤနယ်မြေထဲ၌ မြင့်မားသော အနက်ရောင် ကျောက်တိုင်များ အများအပြား ရှိလေသည်။ သူတို့အားလုံးသည် လေထဲသို့ မီတာ ရာပေါင်းများစွာ မြင့်မားကြ၏။ ထိုကျောက်တိုင်များသည် ကြီးမာထည်ဝါပြီး ရှေးဦးကျစွာ ရိုးရှင်းလှသည့်တိုင် အန္တရာယ် အငွေ့အသက်များ ထုတ်လွှတ်နေပေတော့သည်။
“အစမ်းသပ်ခံက စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကနဦးအဆင့်ဟု ရှာဖွေတွေ့ရှိပါသည်။ သာမန်နည်းလမ်းကို အသက်သွင်းပါ။”
ကောင်းကင်မှ အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာ၏။ ထို့နောက် ချက်ချင်းမှာတော့ အနက်ရောင် ကျောက်တိုင်များက သူတို့၏ ကြက်သွေးရောင် မျက်လုံးများကို ဖွင့်လာတော့သည်။
…
မြွေဖြူဝိညာဉ်က လမ်းကျဉ်းလေး၏ အဆုံးသို့ လျှောက်သွား၏။
“ချင်လေး… ဘယ်လို စက်ဆုပ်စရာတွေ ပေါ်လာမယ်လို့ထင်လဲ။ ငါနည်းနည်း ကြောက်တယ်…”
“စိတ်မပူပါနဲ့။ ဘာတွေပဲ ပေါ်လာပေါ်လာ ငါမင်းကို ကာကွယ်ပေးမှာ။”
“ငါက အရမ်းအသုံးမကျဘူးလို့ ခံစားရတယ်။ အမြဲတမ်း တခြားသူတွေ ကာကွယ်ပေးတာပဲခံနေရပြီး ကိုယ့်ဟာကို ဘာမှမလုပ်နိုင်သေးဘူး…”
“အဲ့တာက မင်းက အခုထိ အရွယ်မရောက်သေးလို့ပါ။ မင်းကြီးလာရင် တခြားသူတွေကို ကာကွယ်ပေးနေတာ မင်းဖြစ်လာမှာ။”
သူတို့က စကားပြောရင်း လမ်းကျဉ်းလေးထဲမှ ထွက်လာလိုက်၏။ သူတို့ကို ဆီးကြိုနေသည်မှာ ကျယ်ပြန့်လှသော ရွံ့ဗွက်အိုင်ကြီးပင်။
“အစမ်းသပ်ခံက တာအို ခန္ဓာအဆင့်ဟု တွေ့ရှိရပါသည်။ လွယ်ကူသည့် နည်းလမ်းကို အသက်သွင်းပါ။”
တိုက်ပွဲနတ်ဘုရားမ ပိုင်းချောင်က ထိုသည်ကို ကြားသည်နှင့် ခေတ္တမျှ ကြောင်သွား၏။ ထို့နောက် ညင်သာစွာ တခစ်ခစ်ရယ်လာတော့သည်။ “ဟိဟိ… ဒါက စိတ်ဝင်စားဖို့ကောင်းသားပဲ။ အခက်အခဲကို အစမ်းသပ်ခံရဲ့ အဆင့်အလိုက် ဆုံးဖြတ်မယ်လို့ ဘယ်သူကထင်မှာလဲ။ ဘာပဲဖြစ်ဖြစ် အဲ့တာက ငါ့ရဲ့ တိုက်ခိုက်နိုင်စွမ်းအားကို ထည့်မတွက်ဘူးပဲ။ အဲ့တာက နည်းနည်းတော့ စော်ကားရာရောက်တယ်…”
…
ထန်ရှီမန်က လမ်းကျဉ်းလေး၏ အဆုံးကိုရောက်လာပြီး အဝေးတွင် ရှိနေသော အနက်ရောင် တောင်တစ်လုံးကို တွေ့လိုက်၏။ အရိုးဖြူများက အမှန်တကယ်ပင် မြေပြင်အနှံ့တွင် ရှိနေပြီး နယ်မြေတစ်ခုလုံးသို့ သေဆုံးခြင်း အရိပ်အယောင်များက စိမ့်ဝင်လာ၏။
“အစမ်းသပ်ခံက စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်ဟု တွေ့ရှိရသည်။ ခက်ခဲနည်းလမ်းကို စတင်ပါ။”
“ဟမ်… ခက်ခဲနည်းလမ်း။ လွန်ခဲ့တဲ့ရက်တွေက ငါ့အတွက် အရမ်းကို စိတ်ဝင်းစားစရာမကောင်းပြီး မှတ်မှတ်ရရမရှိကြောင်း ညီးညူနေရတာ။ ဒါကမှ ငါလိုနေတာ အတိအကျပဲ။” ထန်ရှီမန်က ခပ်ဖျော့ဖျော့ပြုံးကာ သူ့ဓားကို ဆွဲထုတ်လိုက်သည်။ ကြီးမားသော အရှိန်အဝါက ရုတ်တရက် သူ့ခန္ဓာကိုယ်ထဲက ထိုးထွက်လာတော့သည်။
ငါက ဒီရှေးဟောင်းကုန်းပြင် နယ်ပယ်ထဲမှာ အတော်ကြာအောင်ရောက်နေတာတောင်မှ အဲ့အတွက် ပြစရာတစ်ခုမှမရှိခဲ့ဘူး။ ဒီတစ်ခါတော့ အမွေကိုဆက်ခံရမယ်။
…
စုချန်းရန်သည် လမ်းလျှောက်နေရင်း စိတ်မအေးနိုင် ဖြစ်နေ၏။ သူမက ကာကွယ်ပေးခြင်းနှင့် ကျင့်သားရနေပြီဖြစ်ကာ ယခုတွင်တော့ ဘာမှမသိရသော ရန်သူအား သူမတစ်ယောက်တည်း တိုက်ခိုက်ရတော့မည်။ ထိုသည်က သူမအား အနည်းငယ် စိတ်ထင့် ပူပန်စေ၏။
သူမက လမ်းကျဉ်းလေးမှ ထွက်လာသောအခါ မြင်ရသည့် မြင်ကွင်းကြောင့် ကြောင်သွားတော့သည်။
“အဲ့-အဲ့တာက ဘာကြီးလဲ။ ကမ်းခြေလား။ ပင်လယ်လား။” သူမ၏ နူးညံ့သော ပန်းရောင် နှုတ်ခမ်းလေးများက အနည်းငယ် ပွင့်သွားကာ သူမ၏ မျက်စိရှေ့မှ မြင်ကွင်းအား မယုံနိုင်စွာ ကြည့်နေလေ၏။
ထိုနေရာတွင် တစ်လက်လက်ထနေသော ရွှေရောင် ကမ်းခြေကြီးတစ်ခု၊ အဆုံးမရှိ ကျယ်ပြောလှသော ပင်လယ်ကြီးတစ်ခုနှင့် ဖြာထွက်ပြီး နှစ်သက်ကြည်နူးဖွယ် နေရောင်တို့ ရှိနေ၏...။ သူမက အိပ်မက်တစ်ခုထဲသို့ ရောက်နေသည်ခု ခံစားလိုက်ရသည်။
“အစမ်းသပ်ခံက စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်ဟု တွေ့ရှိရပါသည်။ ခက်ခဲ နည်းလမ်းကို အသက်သွင်းပါ။”
ထိုအခိုက်အတန့်မှာပင် ကောင်းကင်မှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
စုချန်းရန်က စိတ်ရှုပ်ထွေးစွာ မျက်တောင် ခတ်လိုက်ပြီး “ဟမ်… ဘာပြောလိုက်တယ်။”
ကောင်းကင်မှ ကြေညာချက်သည် တရုတ်လို ပြောလိုက်ခြင်းဖြစ်၏။ ထို့ကြောင့် ကျောင်းသူစုချန်းရန်မှာ သူမခေါင်းကို ကုတ်ကာ ကျန်နေလေတော့သည်။
…
သို့သော်လည်း ထိုအခိုက်၌ စိတ်အရှုပ်ထွေးဆုံး ပုဂ္ဂိုလ်မှာ စုချန်းရန်မဟုတ်ပါပေ။ ထိုသည်မှာ လျှိုချင်ဟွမ်ပင်။
လျှိုချင်ဟွမ်က မျက်စိတစ်ဆုံး ကျယ်ပြန့်လှသည့် အဖြူရောင် ကုန်းမြေကြီးရှေ့သို့ ရောက်ရှိနေ၏။ အလင်းတန်းရောင်စုံများက နယ်မြေတစ်လျှောက်လုံးတွင် တစ်ဖျတ်ဖျတ်လတ်နေပြီး မရေမတွက်နိုင်သော အရောင်စုံ သတ္တဝါလေးများက မြေပေါ်တွင် ကခုန်နေလေ၏။ ထိုမြင်ကွင်းမှာ စိတ္တဇပန်းချီကားတစ်ချပ်ကဲ့သို့ဖြစ်ပြီး လုံးဝကို ထင်ယောင်ထင်မှားနှင့် အမှန်မဖြစ်နိုင်ဟု ခံစားရသည်။
“အစမ်းသံခံက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ဟု တွေ့ရှိရပါသည်။ ငရဲနည်းလမ်းကို အသက်သွင်းပါ။”
လျှိုချင်ဟွမ်သည် သူမ ကြားလိုက်သည့်အရာကြောင့် ပြောစရာစကားပင် ဆွံ့အသွားတော့သည်။
စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်။ ငါက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်နေပြီလား။
ငါက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းတစ်ဝက်အဆင့် ပဲရှိသေးတာလေ။ မင်းက ဘာကိစ္စ ငရဲနည်းလမ်းကို အသက်သွင်းရတာလဲ။
***