← Chapters

အခန်း (၁၁၀၇-၁၁၀၈)

Vol. 93 Ch. 1107-1108

အခန်း (၁၁၀၇-၁၁၀၈)

Vol. 93 Ch. 1107-1108

အခန်း ၁၁၀၇ –

ဒုံရွှမ်မြို့ ... ။

ဒုတိယတိုက်ပွဲမြေပြင်၊ ဒုံရွှမ်မြို့။ ကောင်းကင်ကြီးတစ်ခုလုံး မှိုင်းညို့နေကာ မိုးသည်းထန်စွာ ရွာသွန်းနေ၏။

မြို့တံခါးများပေါ်ရှိ သွေးစက်များကို မိုးရေစက်များမှ ဆေးကြောပေးသော်လည်း သွေးရနံ့များ ကျန်ရှိနေသေးသည်။

“ သုံးရက်ကြာရင် သွေးလ ထွက်လာတော့မယ် ငါတို့ ဆက်ပြီး တောင့်မခံ နိုင်တော့ဘူး ... ။ ”

အဘိုးကြီးတစ်ယောက် လမ်းဘေးတွင် စိတ်ပျက်လက်ပျက်လဲကျသွား၏။ သူ့မျက်နှာ၌ သွေးများပေကျံပြီး ဆံပင်များ ဖရိုဖရဲဖြစ်နေသည်။

“ ဒုတိယတိုက်ပွဲမြေပြင်က ဒီလောက် ရက်စက်ကြမ်းကြုတ်လွန်းတယ်ဆိုတာသာ ငါသိခဲ့ရင် မလာခဲ့ဘူး။ ”

သန်မာသော လူတစ်ယောက်က သူ့လက်ထဲရှိ ကျိုးပဲ့နေသောလက်နက်ထံ ငုံ့ကြည့်ပြီး ကျိန်ဆဲလိုက်သည်။

“ အခု မင်းဒီလိုပြောနေလို့ ဘာအသုံးဝင်မှာလဲ။ ”

လက်တစ်ဖက် ပြတ်နေသော တာအိုဘုန်းကြီးတစ်ပါးမှ ခါးသီးစွာဖြင့် ရေရွတ် သက်ပြင်းချလိုက်သည်။

လွန်ခဲ့သောနှစ်လက ဒိုမိန်းတိုက်ပွဲကွင်း ဖွင့်လှစ်ခဲ့ပြီး အရှေ့ဘက်ရွှမ်ဒေသကြီးမှ တာအို ပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူ တစ်စုမှာ ဒုံရွှမ်မြို့သို့ ဝင်ရောက်ခိုလှုံခဲ့ကြ၏။

ထိုစဉ်က ဒုံရွှမ်မြို့တွင် တာအို ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူပေါင်း သုံးရာခန့် ရှိခဲ့သည်။

သို့သော် နှစ်လကုန်လွန်ပြီးနောက် မြို့တော်တွင် အယောက်နှစ်ဆယ်မျှသာ အသက်ရှင် ကျန်ရစ်လေသည်။

အချို့သည် ဒုံရွှမ်မြို့မှ ထွက်ခွာစဉ် အခြားသော ဒိုမိန်းများရှိ ကျွမ်းကျင်သူများက လိုက်လံဖမ်းဆီးခြင်း ခံလိုက်ရ၏။

အချို့သည် သွေးလမြို့သိမ်းတိုက်ပွဲတွင် သေဆုံးသွားသည်။ လက်ရှိ လူနှစ်ဆယ်သည်ပင် ပြင်းထန်စွာ ဒဏ်ရာရရှိနေ၏။

“ တခြားဒေသကြီးမြေသုံးခုနဲ့ ယှဉ်ရင် ငါတို့ရဲ့ အရှေ့ဘက်ရွှမ်ဒေသက တကယ်ကို အားနည်းလွန်းပါတယ်။ ”

တစ်စုံတစ်ယောက်က သက်ပြင်းချလိုက်သည်။ ကျန်ရှိနေသော ဒိုမိန်း သုံးခုထဲတွင် မြောက်ပိုင်းအမှောင်နယ်မြေသည် အင်အားအကြီးမားဆုံးဖြစ်၏။

ဒုတိယမြောက်သည် အနောက်ဘက် နှင်းဒေသဖြစ်ပြီး တောင်ပိုင်းမီးနယ်မြေသည် တတိယဖြစ်သည်။

တစ်ဖက်တွင် ဒုံရွှမ်မြို့သည် အနိမ့်ကျဆုံးဖြစ်ကာ သေဆုံးသူအများအပြား ရှိလာခဲ့၏။ စုရီသည် သူတို့၏ကျိန်စာများကို ဖယ်ရှားပေးခဲ့သဖြင့် တာအိုခန္ဓာများ ပြန်လည် တည်ဆောက်နိုင်သော်လည်း အထွတ်အထိပ် ခွန်အားမျိုးပြန်မရသေးချေ။

“ အား ... ။ ”

အဝေးတွင် ဝမ်းနည်းကြေကွဲဖွယ် အော်ဟစ်သံနှင့်အတူ အဝတ်အစားများရှုပ်ပွ နေသည့် အမျိုးသမီးတစ်ယောက် မြေပြင်ပေါ် လဲကျသွား၏။

ပြီးခဲ့သည့် နှစ်လအတွင်း လူတိုင်းသည် သေဆုံးမှုများစွာမြင်တွေ့ခဲ့ရကာ နှလုံးသားများ ထုံကျင်နေပြီဖြစ်သည်။ ဤမြင်ကွင်းသည် သာ၍ထူးခြားခြင်းမရှိချေ။

“ ဟမ့် ... အဲဒီစုရီသာ ငါတို့ဒေသရဲ့ တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတွေကို မသတ်ဖြတ်ခဲ့ရင် ဘယ်လိုလုပ် ဒီလောက်အထိ ရှုံးနိမ့်နိုင်မှာလဲ။ ”

ရုတ်တရက် ငွေရောင်ဝတ်ရုံနှင့် အမျိုးသားတစ်ယောက်က အံကြိတ်ပြီးနောက် မုန်းတီးမှုအပြည့်ဖြင့် ရေရွတ်၏။ လူအများ၏ အမူအရာများ မရေမရာ ဖြစ်သွားသည်။

“ မင်း ဒီလိုပြောလို့ မရဘူး ... နောက်ဆုံးတော့ ငါတို့တွေက အားနည်း လွန်းပါတယ်။ ”

တစ်စုံတစ်ယောက်က ငြင်းဆန်သည်။ ထိုအချိန်မှာပင် မြို့တံခါးအပြင်မှ အော်ဟစ် လှောင်ပြောင်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။

“ ဟမ့် ... မင်းတို့လို သားကောင်တွေက နောက်ထပ် သွေးညကိုအသက်ရှင်ဖို့ ကံကြမ္မာ မရှိတော့ပါဘူး သေဖို့စောင့်နေမယ့်အစား ဘာလို့ထွက်လာပြီး အသေမခံရတာလဲ။ ”

ဤသည်မှာ အနောက်ဘက် နှင်းလွင်ပြင်မှ တာအိုပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူများ ဖြစ်လေသည်။ အရေအတွက်အားဖြင့် ဆယ်ယောက်ကျော် ရှိနေကြ၏။

စကားပြောသောလူသည် ခရမ်းရောင်ဝတ်လူငယ် တစ်ယောက်ပေပင်။ ထိုလူက လက်ပိုက်ပြီး လေထဲရပ်နေကာ ဒုံရွှမ်မြို့ထံကြည့်နေ၏။

“ မင်းတို့ရဲ့သတ္တိက ဘယ်မှာလဲ ... မြို့တံခါးနောက်မှာနေပြီး လေသံနဲ့တောင် ပြန်မပြောရဲတော့ဘူးလား။ ”

အချိန်အတော်ကြာသည်အထိ တုန့်ပြန်မှုမရသောကြောင့် မထီမဲ့မြင်ပြုသော လှောင်ပြောင်သံသည် မြို့တော်အနှံ့သို့ ပဲ့တင် ထပ်လာခဲ့သည်။

အရှေ့ဘက်ရွှမ်းဒေသမှ လူအများမှာ အကျည်းတန်သွားတော့၏။ သို့တိုင်တုန့်ပြန်ရန် မဝံ့ကြချေ။

“ ပျင်းစရာကောင်းလိုက်တာ ... ကြောက်လန့်နေတဲ့ သားကောင်လေးတွေပဲ ... တိုက်ပွဲရမှတ်တွေသာ မလိုအပ်ရင် မင်းတို့ကို အမဲလိုက်ဖို့ ငါတကယ်စိတ်ဝင်စားဘူး။ ”

ခရမ်းရောင်ဝတ်လူငယ်က ချက်ချင်း ပျင်းရိသွားကာ ခေါင်းခါလျက် လှည့်ထွက်ပြီး ကုလားထိုင်တစ်လုံးထုတ်ယူကာ ထိုင်ချလိုက်တော့သည်။

ထိုမြင်ကွင်းကြောင့် ဒုံရွှမ်းမြို့ထဲရှိ လေထုသည် ပို၍ဖိနှိပ်မှုများလာ၏။ လူတိုင်း အံကြိတ်လျက် ဒေါသများထွက်လာကြသည်။

“ ငါတို့ ... ငါတို့အားလုံး သေဖို့ ထိုင်စောင့်နေရတော့မှာလား။ ”

လက်ပြတ်နေသော တာအိုဘုန်းကြီးက စိတ်ပျက်လက်ပျက် ညည်းတွားလိုက်တော့၏။ ဒုတိယတိုက်ပွဲကွင်းတွင် ဒိုမိန်းတစ်ခုချင်းစီ အတွက် ခိုလှုံရာ စခန်းတစ်ခုစီရှိသည်။

ယင်းသည် အရှေ့ဘက်ရွှမ်မြို့ခေါ် ဒုံရွှမ်မြို့၊ မြောက်ပိုင်းအမှောင်မြို့၊ တောင်ပိုင်းမီးလျှံမြို့နှင့် အနောက်ဘက်နှင်းမြို့တို့ပေပင်။

မြို့တိုင်းတွင် တားမြစ်စွမ်းအားများဖြင့် ဝန်းရံပေးထားပြီး ပုံမှန်အချိန်များ၌အပြင်လူများ ဝင်ရောက်ခွင့်မရှိချေ။

သို့သော် လတိုင်းတွင် သွေးလ ထွက်ပေါ်လာသည့် နေ့ရက်တစ်ရက်ရှိသည်။ ထိုနေ့တွင် မြို့များရှိ တားမြစ်စွမ်းအားများမှာ ပျောက်ကွယ်သွားပြီး တိုက်ခိုက်နိုင်၏။

ယင်းကြောင့် နှစ်လအတွင်း အရှေ့ဘက်ရွှမ်ဒေသသည် ကျဆုံးမှုများစွာတို့ကို ကြုံတွေ့ခဲ့ရခြင်းပေပင်။

နောက်ထပ် သွေးလမင်းသည်သာ ရောက်ရှိလာသော် ယခုကျန်ရှိနေသူများပင် ရှင်သန်နိုင်ခြေ အလွန်နည်းပါးနေ၏။

“ ငါတို့ ဘာလုပ်နိုင်မှာလဲ ... သေဖို့ ထိုင်စောင့်ရုံကလွဲလို့ ဘာများလုပ်နိုင်မှာလဲ။ ”

သန်မာထွားကြိုင်းသောလူက မျက်နှာအမူအရာ မည်းမှောင်စွာဖြင့် တုန့်ပြန် လေသည်။

မြို့ပြင်တွင် ရန်သူများ ပိတ်ဆို့နေ၏။ ထွက်ပြေးရန် ကြိုးစားသော် သူတို့၏ လိုက်လံ ဖမ်းဆီးခြင်းကို ခံစားရပေလိမ့်မည်။

ဤအတိုင်းဆက်နေသော် နောက်သုံးရက်တွင် သွေးလပေါ်လာပြီးနောက် တားမြစ်အကာအကွယ်လွှာ ပျောက်ကွယ်ကာ သတ်ဖြတ်ခံရပေမည်။

“ ငါတို့ အသက်ရှင်ဖို့ အခွင့်အရေး ရှိပါသေးတယ်။ ”

ရုတ်တရက် သွေးစွန်းနေသောအဘိုးကြီးက ပြောကြားလာသည်။ သူ့စကားအပေါ် လူအများ စိတ်ဝင်စားလာ၏။

“ ဘယ်လို အခွင့်အရေးလဲ။ ”

သန်မာထွားကြိုင်းသော လူက သံသယဝင်သွားသည်။ သွေးစွန်းနေသည့် အဘိုးကြီးက အသက်ပြင်းပြင်းရှူလိုက်ကာ၊

“ တာအိုစု ရောက်လာရင် ငါတို့ အသက်ရှင်ဖို့ အခွင့်အရေးရှိပါတယ်။ ”

-ဟု တိုးတိုးလေး ပြန်ဖြေ၏။

ထိုထက်ပို၍ ရှင်းပြစရာမလိုခဲ့ဘဲ လူတိုင်းသည် ဤစကားနောက်မှအဓိပ္ပာယ်ကို နားလည်သွားကြလေသည်။ တစ်ဖက်လူ၏ အရည်အချင်းအရ ဒုတိယတိုက်ပွဲကွင်းတွင် ပြိုင်ဘက်မရှိနိုင်ချေ။ သို့တိုင် တစ်စုံတစ်ဦးမှ တွန့်ဆုတ်စွာဖြင့်၊

“ ဒါပေမယ့် ... တာအိုစုက အချိန်မီရောက်မလာရင်ရော။ ”

-ဟု ပြန်လည်မေးမြန်းလေသည်။ သွေးလမင်းထွက်ပေါ်လာရန် သုံးရက်မျှသာ လိုပေတော့၏။ သန်မာထွားကြိုင်းလွန်းသော လူက ခါးသီးသော အပြုံးနှင့်၊

“ ငါ့အမြင်အရတော့ အဲဒီ စုရီ ရောက်လာရင်တောင် သူ ငါတို့အပေါ် မကူညီနိုင်ပါဘူး။ ”

ဟု ပြောကြားလိုက်သည်။ ငွေရောင်ဝတ်ရုံနှင့် အမျိုးသားက မျက်နှာ ညှိုးငယ်သွားတော့၏။

“ မမေ့ပါနဲ့ ... ငါတို့နောက်က အင်အားစုတွေအားလုံးက အဲဒီလူနဲ့ ရန်သူတွေ ဖြစ်ခဲ့ဖူးတယ် သူ ဘယ်လိုလုပ်ပြီး ငါတို့ကို ကူညီနိုင်မှာလဲ။ ”

အတိတ်တွင် အရှေ့ဘက်ရွှမ်ဒေသရှိ အဓိကမျိုးနွယ်စုများသည် စုရီကိုရန်သူအဖြစ် သတ်မှတ်ခဲ့ကြဖူးသည်။

“ ငါ့အမြင်အရတော့ တာအိုစုဟာ အဲဒီလိုလူမျိုးမဟုတ်ဘူး ငါတို့မျိုးနွယ်စုအားလုံး တာအိုစုစကားကို နာခံဖို့ ရွေးချယ်ခဲ့ကြတာပဲ မဟုတ်လား အဲဒါကြောင့်လည်း ငါတို့ရဲ့ ခန္ဓာကိုယ်ကနေ ကျိန်စာကို ဖယ်ရှားဖို့ အခွင့်အရေး ရခဲ့တာပါ ...

... တာအိုစုသာ ဒုတိယတိုက်ပွဲကွင်းဆီ ရောက်လာရင် သူငါတို့ကို ပစ်မထားဘူးလို့ ယုံကြည်တယ်။ ”

လူတိုင်း ရောထွေးနေသော ခံစားချက်များနှင့် ပြည့်နှက်လာပြီး လေထုမှာ ပိုမိုလေးလံလာလေသည်။

အဝေးက ရှုပ်ပွနေသော အမျိုးသမီး၏ အော်ဟစ်ငိုကြွေးသံမှာ လူတိုင်း၏စိတ်ဓာတ်ကို ပို၍ကျဆင်းလာစေ၏။

သို့သော် သူတို့သတိမထားမိသော ဝေးလံလှသည့် အိမ်တစ်လုံး၏ အမိုးပေါ်တွင် မြင့်မားပြီး ခန့်ညားသည့် ပုံရိပ်တစ်ရိပ် ထိုမြင်ကွင်းထံ ရပ်နေခဲ့သည်။

ဤသည်မှာ စုရီဖြစ်သည်။ ထိုသူများ၏စကားကို ကြားချေ၏။ အရှေ့ဘက် ရွှမ်ဒေသ၏ တာအိုပေါင်းစည်းခြင်းအဆင့်ရှိ ကျင့်ကြံသူများ ဤမျှဆိုးရွားသည့် အခြေအနေ ရောက်ရှိလာလိမ့်မည်ဟု မထင်ထားချေ။

( ကြည့်ရတာ ... အင်မော်တယ် ကပ်ဘေးကြီးက အရှေ့ဘက်ရွှမ်ဒေသကြီးမှာပဲ ဖြစ်ပွားခဲ့ပြီး ကျန်တဲ့ဒေသသုံးခုကိုတော့ ထိခိုက်မှု မရှိခဲ့ဘူးထင်တယ် မဟုတ်ရင် အရှေ့ပိုင်းရွှမ်ဒေသက ဒီလောက်ထိ ရှုံးနိမ့်နိုင်မှာ မဟုတ်ဘူး။ )

သူစဉ်းစားနေစဉ်မှာပင် မြို့ပြင်မှ ခရမ်းရောင်ဝတ်လူငယ်၏အသံသည် ထပ်မံ၍ ထွက်ပေါ်လာပြန်သည်။

“ ဟားဟားဟား ... လူမိုက်တွေ တစ်ယောက်ယောက် ကူညီလိမ့်ပေးမယ်လို့ မင်းတို့တကယ် မျှော်လင့်နေတုန်းလား ...

... ငါ့အကြံဉာဏ်ကို နားထောင်ပါ ... ၊ လည်ပင်းကို ဆေးကြောသန့်စင်ပြီးမြို့ထဲကနေ ထွက်လာကြ ငါက ကြင်နာတတ်တဲ့သူဖြစ်ပြီး မင်းတို့ကို မြန်မြန်သေအောင် ကူညီပေးမယ် ...

... ငါ့အကြံဉာဏ်ကို နားမထောင်ဘူးဆိုရင် နောက်သုံးရက်အကြာမှာ မင်းတို့ရဲ့ခေါင်းတွေကို တစ်ခုပြီးတစ်ခု ဖြတ်ပစ်လိုက်ပြီး မြို့ရိုးပေါ်မှာ ချိတ်ဆွဲထားမယ်လို့ ငါအာမခံတယ်။ ”

ထိုစကားကြောင့် ဒုံရွှမ်မြို့ထဲရှိ အရှေ့ဘက်ရွှမ်ဒေသမှ ကျင့်ကြံသူများသည် မျက်နှာများ တင်းမာကုန်၏။

သည့်စဉ် ဝေးလံသော လမ်းမထက်မှ လူရိပ်တစ်ရိပ် လျှောက်လှမ်းလာနေသည်ကို မြင်လိုက်ရသည်။

ကျောက်စိမ်းရောင်ဝတ်လုံသည် လေထဲ တဖျပ်ဖျပ်ခတ်လျက် လက်နှစ်ဖက်နောက်ပို့ပြီး အေးချမ်းလွန်းချေပြီ။ လူတိုင်း သတိထားမိကာ လှည့်ကြည့်လိုက်ကြ၏။

“ တာအို ... တာအိုစု ... ။ ”

လူတိုင်း မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သွားသည်။ တစ်စုံတစ်ယောက်သည် တုန်ရီနေသောအသွင်ဖြင့် ရွှင်မြူးသွား၏။

ထို့နောက်တွင် အရှေ့ဘက်ရွှမ်ဒေသမှ လူတိုင်းထရပ်လာပြီး အသက်ကယ်ကြိုးမျှင်ကို ဆုပ်ကိုင်မိသည့်အလား အလွန်အမင်း ပျော်ရွှင်မှုများ ပြသလာကြ၏။

“ သခင်စု ... တကယ်ပဲ မင်းလာပြီ။ ”

သွေးစွန်းနေသောအဘိုးကြီးက စိတ်လှုပ်ရှားစွာဖြင့် ပြောကြားလိုက်သည်။ ထိုစဉ် စုရီအကြောင်း မကောင်းပြောခဲ့ဖူးသော ငွေရောင်ဝတ်လူသည် ချက်ချင်း ခေါင်းငုံ့ သွားတော့၏။

စုရီက လူအုပ်ကြီးရှေ့တွင် ရပ်ကာ တိတ်ဆိတ်နေ၏။ အသွင်အပြင်အရ တည်ငြိမ် နေသော်လည်း စိတ်ဝိညာဉ်မှာမူ ဆူပွက်နေခဲ့သည်။

လက်ရှိမြင်ကွင်းသည် ဝမ်ယဲ့အတွက် သည်းမခံနိုင်သော အခြေအနေမျိုးဖြစ်ချေသည်။ သူသည် အင်မော်တယ်မြေ၏ ဆဋ္ဌမမြောက် ကောင်းကင်တံခါးကို စောင့်ကြပ်ခဲ့၏။

ထိုစဉ်က သူ့လက်အောက်ငယ်သားများ အပေါ် စောင့်ရှောက်ပြီး တိုက်ပွဲများဝင်ခဲ့သည်။ သူ့ဘဝတစ်လျှောက်လုံး ခင်မင်ရင်းနှီးမှုကို အမြဲတမ်းတန်ဖိုးထားချေ၏။

ကျင့်ကြံမှုအဆင့်၊ နောက်ခံ မည်သို့ပင် ရှိစေကာမူ သူ့လက်အောက်တွင် တာဝန်များ ထမ်းဆောင်နေသော် သူ့မိသားစုပေပင်။

စစ်သည်တစ်ဦး စစ်မြေပြင်၌ ကျဆုံးသွားပါက အလောင်းကိုပြန်ယူလာပြီး မြှုပ်နှံပေးရန် အမိန့်ထုတ်ပြန်ထားသည်။ ကျန်ရစ်ခဲ့သော ထိုသူ၏ဆွေမျိုးများကိုလည်း ဂရုစိုက်ပေးရန် အစွမ်းကုန်ကြိုးစားပေမည်။

ယခု ဒုံရွှမ်မြို့၏ ဆိုးရွားသော မြင်ကွင်းများသည် သူ့အတွက်သည်းမခံနိုင်စရာ ဖြစ်နေ၏။ ယင်းကြောင့် အမှောင်ထဲမှ လှမ်းထွက်လာခြင်းပေပင်။

“ သခင်စု ငါ ... ငါ့အစ်ကိုအတွက် လက်စားချေပေးပါ။ ”

ရုတ်တရက် မြေပြင်တွင် လဲလျောင်းပြီး ရှုပ်ပွပေကျံနေသော အမျိုးသမီးတစ်ယောက်က စုရီရှေ့သို့ ဒူးထောက်ငိုကြွေးလာသည်။

“ ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး သခင်စု ကူညီပေးပါ။ ”

နဖူးနှင့်မြေပြင် အကြိမ်ကြိမ်ဦးတိုက်ကာ သွေးများဖြင့် ရွဲနစ်လာသည်အထိ အရူးကဲ့သို့ တတွတ်တွတ် တောင်းဆိုနေတော့၏။

***

အခန်း ၁၁၀၈ -

သုံးရက်နေရင် ငါစုရီအလည်လာမယ်။

စုရီတစ်ယောက် သူ့ခြေထောက်ကို ဦးညွှတ်အရိုအသေပြုနေသော အမျိုးသမီးထံ တစ်ချက်ကြည့်ကာ၊

“ ထပါ ... ဒူးထောက် တောင်းပန်တာ ငါမကြိုက်ဘူး။ ”

-ဟုပြောကြားလိုက်သည်။

အမျိုးသမီးခမျာ ခန္ဓာကိုယ် တောင့်တင်းသွားသော်လည်း ထရပ်မလာချေ။ သူမက ခေါင်းမော့ရန်အတွက်ပင် ရုန်းကန် နေရပြီး လေသံတိုးတိုးဖြင့်၊

“ သခင်စု၊ ငါ ... ငါ့မှာ ဘာမှမကျန်တော့ပါဘူး ဒူးထောက်တောင်းပန် တာကလွဲလို့ တခြားနည်းလမ်းမရှိပါဘူး ... ။ ”

သွေးများက ဖြူဖျော့နေသော မျက်နှာပေါ်၌စီးကျနေပြီး သူမ၏အသွင်အပြင် အရ နားစရာကောင်းစေသည်။

သို့တိုင် သူမသည် ဤအရာအားလုံးကို လျစ်လျူရှုလျက် ထိုနေရာတွင် ဒူးထောက်ကာ စုရီထံမှ အဖြေကို ငံ့လင့်နေ၏။

ဤအချိန်တွင် သွေးစွန်းနေသော အဘိုးကြီးသည် ရှေ့သို့တိုးလာပြီး တိုးတိုးလေး ထပ်ပြောလိုက်သည်။

“ သခင်စု၊ သူမနာမည်က ကျန်းယွမ်ပါ မကြာသေးမီက ... သူမကိုကယ်တင်ဖို့အတွက် သူမအစ်ကိုကြီး အသက်ပေးသွားပါတယ်။ ”

စုရီက သွေးစွန်းနေသောဝတ်စုံကို ရင်ခွင်ထဲတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ငိုယိုနေသော အမျိုးသမီးထံ ပြန်ကြည့်ကာ၊

“ ဒါ မင်းအစ်ကိုကြီးရဲ့ဝတ်စုံလား။ ”

-ဟု မေးမြန်းလိုက်၏။

အမျိုးသမီးက ခေါင်းညိတ်ပြပြီး၊

“ ဟုတ်ပါတယ် ... အစ်ကိုကြီးဟာ ဒီငါ့ကိုကယ်တင်ဖို့ ကြိုးစားနေတုန်း ဝိညာဉ်ပါ မကျန်အောင် ဖျက်ဆီးခံလိုက်ရပါတယ်။ ”

-ဟု ပြန်ဖြေလိုက်၏။

“ အိုး ... မင်းတို့ပြောနေတဲ့ သူရဲကောင်းကြီးတကယ် ရောက်လာတာလား စိတ်ဝင်စားစရာပဲ မင်းတို့ရဲ့ သူရဲကောင်းကို မြို့ပြင်ထွက်လာပြီး မျက်နှာပြပါစေ။ ”

ရုတ်တရက် မြို့ပြင်မှ လူငယ်သည် သူတို့စကားဝိုင်းကို ကြားသွားပြီး လှောင်ပြုံးဖြင့် မေးမြန်းလာတော့သည်။ လူတိုင်း စုရီမျက်နှာသို့ အလိုလိုမော့ကြည့်လာကြ၏။

သို့တိုင် စုရီသည် ထိုစကားကို မကြားသည့်အလား အမျိုးသမီးထံစိုက်ကြည့် ပြီးနောက်၊

“ ပွင့်ပွင့်လင်းလင်း ပြောရရင် ငါမင်းကို မသနားဘူး။ ”

-ဟု တုန့်ပြန်လိုက်သည်။ အမျိုးသမီးခမျာ ဒူးထောက်လျက်တိတ်ဆိတ်သွားတော့၏။ စုရီမှ သက်ပြင်းချလျက်၊

“ မင်းက လက်စားချေချင်နေရင် ဘာလို့ဒီလိုငိုယိုပြီး ပြိုလဲနေရတာလဲ ... ဘာလို့ ငါ့လိုအပြင်လူရှေ့မှာ ...

... တချိန်လုံးဒူးထောက် နေရတာလဲ ... မင်းမှာမာနမရှိဘူး ငါသာ ... မင်းရဲ့အစ်ကိုဆိုရင် သူ့အသက်ပေးခဲ့ရတာ နောင်တရမိလိမ့်မယ်။ ”

စကားဆုံးသည်နှင့် အမျိုးသမီးကို ပြန်မကြည့်တော့ဘဲ လှည့်ထွက်သွားလေသည်။ လူတိုင်းက တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့၏။

သွေးစွန်းနေသော အဘိုးကြီးသာလျှင် စုရီစကားကို နားလည်ချေပြီ။ သူက မြေပြင်ရှိ ဒူးထောက်နေသောအမျိုးသမီးကို ပြန်ကြည့် လိုက်ကာ၊

“ ကျန်းယွမ်၊ သခင်စုပြောတာမှန်တယ် မင်းဘယ်လောက်ပဲ နှလုံးသားကွဲကျေနေပါစေ၊ အကူအညီတွေမဲ့နေပါစေ မာနနဲ့ သစ္စာတရာကို ရှုံးလို့မရဘူး ထတော့ ... ။ ”

-ဟု ပြောကြားလိုက်သည်။

ဤတစ်ကြိမ်တွင် အမျိုးသမီးသည် တုန်လှုပ်သွားပြီး မြေပြင်ကနေ ဖြည်းဖြည်းချင်း ထရပ်လိုက်တော့၏။

“ သုံးရက်အကြာမှာ သွေးလပြည့်ညပဲ အဲဒီအချိန်မှာ ငါတို့ထဲက ဘယ်သူမှအသက်ရှင်ဖို့ အခွင့်အရေးမရှိဘူး လက်စားချေဖို့ဆိုတာ မပြောနဲ့ ...

... အဲဒါကြောင့် သခင်စုကို ငါ အကူအညီတောင်းခဲ့မိတာပါ ဒါပေမယ့် သူ့ကို စိတ်ပျက်စေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ ”

အဆုံး၌ အမျိုးသမီးသည် စိတ်ထိခိုက်ပြီး မျက်နှာဖြူဖျော့လျက် အသက်မဲ့သွားလေသည်။ သွေးစွန်းနေသည့် အဘိုးကြီးက ညင်သာစွာ ပြုံးပြလာတော့၏။

“ စိတ်မပူနဲ့ ... သခင်စုရောက်လာပြီ ... သခင်စုကိုယုံကြည်ရင် ဒီလိုပုံစံနဲ့ မင်းကိုယ်မင်း အရှက်မခွဲမိပါစေနဲ့။ ”

အမျိုးသမီးက ခေါင်းညိတ်လိုက်၏။ သူမလှည့်ကြည့်လိုက်ချိန်တွင် စုရီပုံရိပ်သည် မြို့ရိုးပေါ် ခုန်တက်ပျောက်ကွယ်သွားချေပြီ။

“ ဟမ့် ... ဘာလို့ ပြန်မဖြေတာလဲ မင်းတို့ရဲ့သူရဲကောင်းက ကြောက်နေတာလား၊ ဒါမှမဟုတ် စကားမပြောတတ်တာလား။ ”

ခရမ်းရောင်ဝတ် လူငယ်၏အသံက ပို၍ကျယ်လောင်လာပြီး မထီမဲ့မြင်ပြုသံများ ထွက်ပေါ်နေခဲ့သည်။

“ မင်းအမေကို ... စကားမပြောတတ်ရမှာလား မင်းရဲ့သေမင်းက မင်းဆီလာနေပြီ ။ ” 

အဆုံးတွင် ငွေရောင်ဝတ်ရုံဝတ် အမျိုးသားသည် မထိန်းနိုင်တော့ဘဲ ဒေါသဖြင့် အော်ဟစ်ဆဲဆိုလိုက်တော့၏။

တစ်ဖက်လူသည် လွန်ခဲ့သော ရက်အနည်းငယ်ကတည်းကပင် မြို့ပြင်တွင် စခန်းချကာ သူတို့ကိုရန်စနေခြင်းဖြစ်၏။

သူတို့အတွက် နေ့တိုင်း ဤသို့ လှောင်ပြောင်ခံရခြင်းသည် မခံမရပ်နိုင်အောင် နာကျင်ရ၏။ သို့သော် ယင်းသည်မှာ ထိုလူ၏ ရည်ရွယ်ချက်ပေပင်။

“ ဟားဟားဟား ... ။ ”

ခရမ်းရောင်ဝတ်လူငယ်က ကုလားထိုင်တစ်လုံးတွင် ခြေချိတ်ထိုင်နေရာမှ ထိုတုန့်ပြန်စကားသံကြောင် သဘောကျစွာ ရယ်မောလိုက်သည်။

“ ငါ မင်းအသံကို မှတ်ထားတယ် ... သွေးလပေါ်လာတဲ့အခါကျရင် မင်းရဲ့ခေါင်းကို ငါအရင်လာယူမယ်။ ”

သည့်စဉ် ခရမ်းရောင်ဝတ်အမျိုးသား၏ မျက်လုံးများသည် မြို့ရိုးပေါ်၌ပေါ်လာသော လူရိပ်တစ်ရိပ်ထံ သတိထားမိသွားသည်။

ယင်းသည် မြင့်မားပြီး ခန့်ညားကာ ငယ်ရွယ်လွန်းသော ကောင်လေးတစ်ယောက် ပေပင်။ ဝတ်လုံစများသည် လေထဲ တဖျပ်ဖျပ် လွင့်မျောနေ၏။

“ ဟမ့် ... ဒါဆို မင်းက သူတို့ပြောနေတဲ့ တာအိုစုလား ဟားဟားဟား ... လာ မင်းကိုငါ အရင်ပို့ပေးလိုက်မယ်။ ”

သူ့နောက်ရှိ တာအိုပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူ(၁၀)ပါးသည်လည်း လှောင်ပြုံးဖြင့် စိုက်ကြည့်လိုက်ကြသည်။

စုရီက စကားမဆိုဘဲ ထိုလူငယ်ထံ တိုက်ရိုက်ပျံသန်းလာ၏။ မြို့အတွင်းမှ လူတိုင်း သည်လည်း မြို့ရိုးပေါ် ခုန်တက်လာကြကာ ထိုမြင်ကွင်းထံ ကြည့်နေတော့သည်။

“ ဟားဟားဟား ... ။ ”

ခရမ်းဝတ်လူက သဘောကျစွာ ရယ်မောလျက်ရှေ့သို့ ပျံသန်းလာပြီး စုရီနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ဦးတည်လိုက်သည်။

သူသည် ပေါ့ပေါ့ပါးပါးအသွင် ရှိနေသော်လည်း တိုက်ခိုက်လာချိန်တွင် ရက်စက်ကြမ်းကြုတ်ပြီး လေးနက်ချေပြီ။

ကြောက်စရာကောင်းသော မရဏနတ်ဘုရားအဖြစ် ပြောင်းလဲသွားကာ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များသည် လေထုအတွင်း ပြည့်လျှံလာစေ၏။

“ သေလိုက်တော့ ... ။ ”

ခရမ်းရောင်ဝတ်လူထံမှ နဂါးလက်သည်းတစ်ဖက်ကဲ့သို့ ညာဘက်လက် ဆန့်ထွက်လာသည်။ ရွှေရောင်လက်သည်းမှာ ကောင်းကင်မှ ချက်ချင်းကျလာ၏။

သူ့တိုက်ခိုက်မှုသည် စုရီတစ်ယောက်မြို့ထဲ ပြန်ဝင်ပြေးမည်ကိုစိုးရွံ့ကာ တစ်ချက်တည်းဖြင့် သတ်ရန်ကြံရွယ်ထားသည်။

“ ဘန်း ... ။ ”

“ အား ... ။ ”

သို့သော် ခရမ်းရောင်ဝတ်လူသည် ရုတ်တရက် မုန်းတိုင်းအတွင်း သက်ဆင်းသွား သည့်အလား ယင်ကောင်ကဲ့သို့ ပါးရိုက်ခြင်း ခံလိုက်ရကာ မြေပြင်ပေါ် ပြုတ်ကျသွား၏။

အရိုးများ မရေမတွက်နိုင်အောင် ကျိုးကြေကုန်ပြီး စူးရှနာကျင်နေသောအော်သံ ထွက်ပေါ်လာခဲ့သည်။

အနောက်ဘက်နှင်းဒေသမှ ကျွမ်းကျင်သူများမှာ အံ့အားသင့်သွားပြီးနောက် မျက်နှာအမူအရာများ ပြောင်းလဲသွား၏။

“ သူ့ကို သတ် ... ။ ”

လူတိုင်း တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်းတိုက်ခိုက်လိုက်သည်။ စုရီမှ လက်ဖဝါး တစ်ဖက် လွှဲခုတ်လိုက်၏။

“ ဝှစ် ... ။ ”

“ ဝုန်း ... ။ ”

“ ဘောင်းဘောင်းဘောင်း ... ။ ”

ဓားစွမ်းအင်တစ်ခု ကောင်းကင်မှ ဆင်းသက်လာပြီး တောင်နှင့်မြစ်များမှာ တုန်ခါ လင်းလက်လာတော့သည်။

တာအိုပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူ(၁၃)ဦးခမျာ ပေါင်းပင်များကဲ့သို့ ထိုနေရာ၌ပင် သတ်ဖြတ်ခြင်းခံလိုက်ရ၏။ သွေးများ ပက်ဖြန်းသွားလေသည်။

“ သေကုန်ပြီလား ... ။ ”

မြေပြင်ရှိ ခရမ်းရောင်ဝတ်လူမှ ကြောက်လန့်တကြား မော့ကြည့်နေခဲ့သည်။ မျက်စိတမှိတ်အတွင်း တာအိုပေါင်းစည်းခြင်း အဆင့် (၁၃)ယောက်ကို အမှုန့်ချေလိုက်၏။

ယင်းသည် လက်ဖဝါးကို မှောက်လှန်လိုက်သကဲ့သို့ လွယ်ကူလွန်းသည်။ စုရီက အဝတ်အစားများကို ဖုန်သုတ်ဖယ်ပြီး၊

“ ဒီလူကို ... သတိပေးချက်အဖြစ် မြို့တံခါးမှာ ကြိုးပေးသတ်လိုက်ပါ။ ”

-ဟု အမိန့်ပေးလိုက်သည်။

မြို့ရိုးပေါ်မှ လူအများမှာ ဝမ်သာရွှင်မြူးကုန်ပြီး ချက်ချင်း ပြေးလွှာလျက် ခရမ်းရောင်ဝတ်လူကို ဖမ်းဆီးလိုက်ကြ၏။

“ နောက်သုံးရက်နေရင် ငါစုရီ ... ကျန်တဲ့မြို့သုံးမြို့ဆီ အလည်လာမယ်လို့ သတင်းလွှင့်လိုက်ပါ။ ”

ထို့နောက် စုရီသည် လက်နှစ်ဖက်ကို ‌နောက်ပို့လျက် ပေါ့ပါးသောခြေလှမ်းများဖြင့် မြို့ထဲ ပြန်လှည့်ဝင်သွားသည်။

ဤနည်းဖြင့် အနောက်ဘက်နှင်းဒေသမှ တာအိုပေါင်းစည်းခြင်း တပ်ဖွဲ့ငယ်လေးတစ်စုမှာ ဒုံရွှမ်မြို့ပြင်၌ ပျောက်ကွယ်သွားတော့၏။

“ ဘုန်း ... ။ ”

ထိုသတင်းသည် ချက်ချင်းပင် အခြားသော မြို့သုံးမြို့ထံသို့ ပျံ့လွင့်သွားသည်။ တစ်ဖက်၌ ငွေရောင်ဝတ်လုံနှင့်လူသည် မထိန်းနိုင်တော့ဘဲ ခရမ်းရောင်ဝတ်လူထံ ပြေးသွားကာ ကန်ကျောက်လိုက်တော့၏။

“ မင်း ... ခွေးလိုဟောင်တာကို ကြိုက်တယ်မဟုတ်ဘူးလား ဘာလို့အခုထပ်ပြီး မဟောင်ရတာလဲ ငါကြားပါရစေ ... ငါ့ခေါင်းကို မင်း အရင်မယူမှာတဲ့လား ထွီ ... ။ ”

***

All Chapters