အခမဲ့အောင်မြင်သွားသည့် စမ်းသပ်မှုမျးာ
Vol. 24 Ch. 339
အလင်း ခပ်မှိန်မှိန် နေရာလပ်တစ်ခုအထဲတွင် ခန္ဓာကိုယ်အပေါ်ပိုင်းသည် လူသားဖြစ်ပြီး အောက်ပိုင်းက မြွေဖြစ်နေသော အမျိုးသမီးတစ်ဦးက ဖန်သားပြင်ပေါ်သို့ စူးစိုက်စွာ ငေးကြည့်နေ၏။
ထိုအမျိုးသမီး၏ ခန္ဓာကိုယ်အပေါ်ပိုင်း အသားအရေမှာ ကျောက်စိမ်းကဲ့သို့ ဖြူဖျော့နေပြီး သူမ၏ မြွေအမြီးမှာတော့ မင်ကဲ့သို့ မဲနက်နေလေ၏။ သူမ၏ မဟူရာရောင် မျက်လုံးများက အလွန်ပင် တောက်ပကာ စူးရှနေ၏။
“ဟင်း… တိုက်ပွဲချီ ပြိုကွဲနှုန်းက ၀.၀၁%ကျနေပြီးတော့ အဲ့တာရဲ့ စိတ်ဝိညာဉ္ နှုန်းကတော့ ၁၀၀%တက်နေတယ်…”
ထိုအမျိုးသမီး၏ အသံမှာ ညင်သာသောတီးတိုးသံလေးဖြစ်ပြီး ကြေးညိုရောင်ဘီးတစ်ခုမှာ သူမစတင် မလှည့်မီအထိ ရပ်နေသည်ဖြစ်၏။ သဘာဝတရားကြီး ပါဝင်သော စွမ်းအင်တစ်ခုက အပြင်ဘက်ဆီသို့ ပျံ့နှံ့သွားပြီး ဤကမ္ဘာကြီး၏ ထောင့်ပေါင်းစုံဆီသို့ စိမ့်ထွက်သွားတော့သည်။
ထိုအခိုက်အတန့်တွင် တခြားသော မြွေမြီးနှင့် လူသားတစ်ဦးက တွားသွားလာလေသည်။ ထိုသည်မှာ ဆံပင်အစိမ်းရောင်နှင့် အမျိုးသားတစ်ဦးပင်။ သူက လေးလေးစားစား ခေါင်းညွှတ်လိုက်ပြီး ပြောလာ၏။ “မာစတာ ဘလက် စစ်ဆေးမှုတွေအားလုံး စီစဉ်ပြီးပါပြီ။”
အမျိုးသမီးက ပြုံးကာ ခပ်ဖွဖွခေါင်းငြိမ့်လိုက်ပြီး “ငါသူတို့ရဲ့ လုပ်ဆောင်ချက်တွေကို တွေ့ရဖို့ စောင့်မျှော်နေတယ်။”
ထို့နောက် ချက်ချင်းပင် သူမရှေ့ရှိ ဖန်သားပြင်ပေါ်တွင် ကွဲပြားသော ပုံရိပ်ဆယ်ခုပေါ်လာ၏။
“ဟင်… ဘာလို့ အမမြွေဖြူဝိညာဉ်ရဲ့ စမ်းသပ်မှု အခက်အခဲက အရမ်းနိမ့်နေရတာလဲ။” ထိုအမျိုးသမီးက မျက်မှောက်ကြုတ်လိုက်၏။
ဆံပင်အစိမ်းနှင့် အမျိုးသားက ကြောက်လန့်သွားပြီး ချက်ချင်းပင် ရှင်းလင်းချက်ကို စတင်ပြောလာ၏။ “မာစတာက ကျွန်တော့်ကို သူတို့ရဲ့ ကျင့်ကြံခြင်းအခြေခံပေါ် မူတည်ပြီး ခက်ခဲမှုသတ်မှတ်ဖို့ပြောတယ် မဟုတ်လား။ မာစတာမြွေဖြူက အခုမှ တာအိုခန္ဓာ အဆင့်ခုနှစ်ပဲရှိသေးတာ။ အဲ့တာကြောင့် သူမကို အခက်အခဲနိမ့်ပေးထားတာပါ…”
အမျိုးသမီးက ဆံပင် အစိမ်းနှင့် အမျိုးသားကို စိုက်ကြည့်လိုက်၏။ “မင်း ကန်းနေလား။ ချင်လေးလဲ သူမနဲ့အတူ ရှိနေတယ်လေ။ အနည်းဆုံးတော့ ချင်လေးရဲ့ စွမ်းအားကို ချိတ်ပိတ်ဖို့အတွက် အထူးမန္တန်ဖွဲ့စည်းခြင်းတွေ လုပ်ရမယ်ဆိုတာ မသိဘူးလား။” သူမ၏ မဟူရာ မျက်လုံးများက စူးရှပြီး ဘလက်ဟိုးတစ်ခုကဲ့သို့ ကျယ်ပြန့်ပြီး အမျိုးသားအား ဝါးမျိုပစ်တော့မလိုပင်။
ဆံပင်အစိမ်းနှင့်အမျိုးသားက တုန်ယင်သွားပြီး သူ့နဖူးပေါ်မှ ချွေးစေးများကိုသုတ်လိုက်၏။ “ကျွန်တော် အဲ့တာကို ချက်ချင်း စီစဉ်လိုက်ပါမယ်။”
မြွေဖြူဝိညာဉ်က ဒီကို အမွေတွေ ရဖို့အတွက်ပဲ ရောက်လာသည်မဟုတ်ပေလား။
ဆံပင် အစိမ်းနှင့် အမျိုးသားက မြွေနက်ဝိညာဉ်သည် မြွေဖြူဝိညာဉ်၏ စမ်းသပ်မှုကို အလွန်အလေးအနက်ထားမည်ဟု မမျှော်လင့်ခဲ့ပါချေ။ သူက မြွေဖြူဝိညာဉ်အား အခမဲ့အောင်မြင်မှု ပေးသည်က မြွေနက်ဝိညာဉ်အား ဒေါသထွက်စေခဲ့ပုံပင်…
ဆံပင်အစိမ်းနှင့် အမျိုးသားက စကားပြောလို့ ပြီးပြီးချင်းမှာပင် ဖန်သားပြင်မှ အသံတစ်ခု ရုတ်တရက်ထွက်လာ၏။
“ဂုဏ်ယူပါတယ်။ သင်ဟာ မြွေဝိညာဉ် မျိုးနွယ်စု၏ စမ်းသပ်မှုကို ကျော်ဖြတ်ပြီးပါပြီ။”
အရောင်စုံ အဆိပ်ရှိ မြူခိုးများနှင့် ပြည့်နှက်နေသည့် စိုစွတ်သော စိမ့်မြေတစ်ခုတွင် ရောင်စုံ စပါးအုံးမြွေ ရာပေါင်းများစွာက ကြမ်းပြင်ပေါ်တွင် မလှုပ်မယှက် ရှိနေကြ၏။ ခန္ဓာကိုယ်အောက်ပိုင်းက မြွေဖြစ်ပြီး အပေါ်ပိုင်းက လူဖြစ်သော မြွေဝိညာဉ် မိစ္ဆာသုံးဦးသည်လည်း ကြမ်းပြင်ပေါ်တွင် လဲကျနေ၏။ သူတို့နှုတ်ခမ်းထောင့်မှ သွေးများသည်လည်း ကြမ်းပြင်ပေါ်သို့ စီးကျနေလေသည်။
တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်က မိုးပြာရောင် အဝတ်အစားဖြင့် တိုက်ပွဲဖြစ်ရာနေရာ၏ အလယ်တွင် မာနကြီးသော မျက်နှာထားနှင့် ရပ်နေလေ၏။ သူမသည် အလွန်အမင်း သိက္ခာရှိပြီး လွှမ်းမိုးနိုင်ပုံ ပေါ်လေသည်။
မြွေနက်ဝိညာဉ်က ဖန်သားပြင်ကို စူးစူးစိုက်စိုက် ငေးကြည့်ရင်း တိတ်ဆိတ်နေလေတော့၏။
ဆံပင်အစိမ်းနှင့် အမျိုးသား : “...”
သူ့၏ မသိစိတ်ကပြောနေသည်မှာ ထိုသည်က မုန်တိုင်းမလာခင် တည်ငြိမ်နေခြင်းဟူ၍ပင်။
အဖြူရောင် အသည်းပုံ အလင်းတန်းတစ်ခုက ကောင်းကင်မှ ကျဆင်းလာပြီး မြွေဖြူဝိညာဉ်၏ နဖူးဆီသို့ ဖြည်းညင်းစွာ စိမ့်ဝင်သွား၏။
အလင်းတန်း၌ မြွေဝိညာဉ်မျိုးနွယ်စု၏ အခြေခံ ကျင့်ကြံခြင်း နည်းလမ်းများနှင့် အရေးပါဆုံးသော ဗဟုသုတများပါဝင်လေ၏။
“ဝါး… ချင်းလေးက အရမ်းမိုက်တာပဲ။ ငါမင်းကို အသေချစ်သွားပြီ။” အပြုံးတစ်ပွင့်က မြွေဖြူဝိညာဉ်၏ မျက်နှာထက်တွင် ပေါ်လာပြီး သူမက တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်ဆီသို့ မိန်းမငယ်လေးသဖွယ် ခုန်လွှားလိုက်၏။ သူမက သူမနှင့်အလွန် ရင်းနှီးသော ဆက်ဆံရေးရှိသည့် အစ်မကြီးကို မီခိုနေရသော ညီမငယ်လေးကဲ့သို့ပင်။
ပိုင်ချောင်က ကျက်သရေ ရှိရှိပြုံးလိုက်ပြီး မြွေဖြူဝိညာဉ်၏ ဦးခေါင်းကို ခပ်ဖွဖွ ပွတ်လိုက်သည်။ သူမ၏ မျက်နှာထက်တွင် အလွန်အမင်း ချစ်မြတ်နိုးသော အမူအရာများ ရှိနေ၏။
မြွေနက်ဝိညာဉ်က ဖန်သားပြင်ကို စိုက်ကြည့်နေဆဲမှာပင် တခြားသော အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာ၏။
“ဂုဏ်ယူပါတယ်။ သင်ဟာ ငါးဝိညာဉ်မျိုးနွယ်စု၏ စမ်းသပ်မှုကို ကျော်ဖြတ်ပြီးပါပြီ။”
ထျန်းလင်းလင်းသည် တောက်လောက်နေသော မီးပင်လယ်ပြင်၏ အလယ်တွင် မတ်တပ်ရပ်နေပြီး သူမ၏ တိုတောင်းသည့် သစ်အယ်သီးရောင် ဆံပင်က မီးလောင်နေတော့သည်။ သူမ၏ ကြီးမား တောက်ပသော မျက်လုံးများက ဒေါသကြောင့် ပြူးကျယ်လာပြီး “ဦးလေး… နောက်တစ်ခါမီးတောက် ထုတ်လို့ရှိရင် ကျေးဇူးပြုပြီး နည်းနည်းပို သတိထားပေးလို့ရမလား။” သူမက မျက်နှာပုပ်ထားကာ “ရှင့်ကြောင့် ကျွန်မဆံပင်တွေ အနက်ရောင်ကို မီးကျွမ်းသွားပြီ။”
တိုက်ပွဲနတ်ဘုရား ဇီယန်က သူ့ဘေးရှိ လိုလီလေးကို စူးစိုက်ကြည့်လိုက်၏။ သူက လက်ထဲတွင် ကြီးမားသော ကင်းမွန်လက်တံကြီးတစ်ခုကို ကိုင်ထားပြီး စိတ်အားထက်သန်စွာနှင့် အသံထွက်အောင်ဝါးကာ “အထွန့်တက်မနေနဲ့။” သူက ပါးစပ်အပြည့်နှင့်ဝါးရင်း မပြီမသပြောလာ၏။ “မင်းက ကောင်းကျိုးတွေ အကုန်လုံးကို လက်ခံရပြီးပြီပဲ။ မင်းခေါင်းပေါ်က အစိမ်းရောင် အလုံးကြီးကို တွေ့လား။ မြန်မြန်လေး အမွေကို လက်ခံလိုက်တော့လေ။”
သည်လိုနှင့်ပင် ထျန်းလင်းလင်း ငါးဝိညာဉ်မျိုးနွယ်စု၏ အမွေကို လက်ခံလိုက်တော့သည်။
ဆံပင်အစိမ်းနှင့်အမျိုးသားက တံတွေး မျိုချလိုက်၏။ စိုးရိမ်ပူပန်မှုက သူ့နှလုံးကို ဆုပ်ကိုင်ထားကာ သူက သူ့ဘေးရှိအမျိုးသမီးကို ခိုးကြည့်လိုက်တော့သည်။
“ဦးနှောက်ဆိုတာ အံ့အားသင့်ဖွယ် အရာတစ်ခုပဲ။” မြွေနက်ဝိညာဉ်က ရယ်မောလိုက်ပြီး ပြောလာ၏။ “မင်းလဲ တစ်ခု ရလာဖို့ ငါမျှော်လင့်ပါတယ်။”
အကယ်၍ မြွေဖြူဝိညာဉ်က စမ်းသပ်မှုကို ကျော်ဖြတ်နိုင်သည်မှာ ဆံပင်အစိမ်းနှင့် အမျိုးသားက သူမ၏ အဆင့်ကိုပဲ ထည့်သွင်းစဉ်းစားခဲ့၍ဆိုပါက ထျန်းလင်းလင်းအတွက်မူ မည်သို့ဖြစ်မည်နည်း။ တာအို ခန္ဓာ အဆင့်တစ်ဆယ် လိုလီလေးက ဘာမှ မလုပ်လိုက်ပါချေ။ သူမက ချစ်စရာကောင်းအောင် ဟန်ဆောင်ရုံနှင့်ပင် စမ်းသပ်မှုကို အောင်မြင်သွားသည်လား။
သင်္ချိုင်းဂူမှာ အမွေများကို အခမဲ့ ဝေပေးနေသော နေရာမဟုတ်ပါပေ။ အစမ်းသပ်ခံရန် လာသောသူများအတွက်တော့ ထိုစမ်းသပ်မှုများကို ဟာသတစ်ခုကဲ့သို့ ကျော်ဖြတ်နိုင်သည်မှာ အရာတစ်ခုကိုသာ သက်သေပြနေပါသည်။ ထိုသည်မှာ ဆံပင်အစိမ်းနှင့် အမျိုးသားမှာ အလွန်တုံးအလွန်းသည် ဆိုသည်ပင်။
ဆံပင်အစိမ်းနှင့်အမျိုးသားမှာ အလွန်အမင်း ချွေးထွက်နေလေပြီ။ သူက အမှန်တကယ်ကိုပင် ထို တိုက်ပွဲနတ်ဘုရားကို ဦးတည်ချက်ထားရန် လိုအပ်သည့် တိုင်းတာမှုတစ်ခုကိုမှ မပြုလုပ်ခဲ့ပေ။ သူက ချက်ချင်းပင် ဒူးထောက်လိုက်ပြီး သူ့၏'ပြစ်မှုများ'ကို ဝန်ခံလိုက်လေသည်။
“မာစတာ ဘလက်၊ ကျေးဇူးပြုပြီး သက်ညှာပေးပါ။ ဒီအစေခံက သူ့ရဲ့အမှားတွေကို နားလည်ပြီးတော့ ကိုယ့်ကိုကိုယ်ပြန်ပြီး ဆင်ခြင်ပါ့မယ်။ အဲ့လိုကိစ္စတွေ နောက်ထပ် ဖြစ်မလာစေရတော့ပါဘူး။”
မြွေနက်ဝိညာဉ်က စကားမပြောလာတော့ပေ။ သူမ၏ မျက်လုံးများက ဖန်သားပြင်ပေါ်တွင်သာ ကော်နှင့်ကပ်ထားသကဲ့သို့ ကျန်ရစ်နေလေ၏။
ဆံပင် အစိမ်းနှင့် အမျိုးသားမှာ မတ်တပ်မရပ်ရဲပါချေ။ သူက ဒူးထောက်နေရင်းနဲ့ပင် ဖန်သားပြင်ဆီသို့ စိုက်ကြည့်နေကာ တစ်ခြား စမ်းသပ်မှုများသည် ဤကဲ့သို့ သရော်စရာအပြုအမူများဖြင့် မကျော်သွားနိုင်ပါစေရန် ဆုတောင်းနေတော့သည်။
…
အန်လင်းသည် ကြီးမားသော လေပေါ်ပေါ်နေသည့် ကျောက်တုံးကြီးတစ်ခုအပေါ်တွင် ရောက်ရှိနေသည်ဖြစ်၏။ သူ့ပတ်ဝန်းကျင်မှာ အလွန်အမင်း မှောင်မဲနေကာ ကောင်းကင်ရှိ ကြယ်ပြောက်လေးများဆီမှ ခပ်မှိန်မှိန်အရောင်လက်လက်လေးများကသာ ဤနေရာသည် ပိန်းပိတ်အောင် မှောင်မနေကြောင်း သေချာစေခြင်းပင်။
“အစမ်းသပ်ခံက စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်ဟု သိရပါသည်။ ခက်ခဲနည်းလမ်းကို အသက်သွင်းပါ။”
ထိုစကားလုံးများကို ကြားသည်နှင့် အန်လင်းက ချက်ချင်းပင် ရယ်မောလိုက်၏။ “ခက်ခဲနည်းလမ်းလေးပဲလား။ ငါက မင်းတို့ရဲ့ သာမန် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူမဟုတ်ဘူး။”
မှောင်မဲသော ညကောင်းကင်ယံသည် တွန့်လိမ်သွားပြီးနောက် ချက်ချင်းပင် လှံတံကိုင်ဆောင်ထားသော တောင်ပံနက်မျိုးနွယ်စု ငါးဦးက အန်လင်းဆီသို့ ပျံဆင်းလာတော့သည်။
သူတို့သည် အစွမ်းထက် အရှိန်အဝါများကို ထုတ်လွှတ်နေကြပြီး သေဆုံးခြင်း အရိပ်အယောင်များက သူတို့ခန္ဓာကိုယ်များကို လွှမ်းခြုံထားလေသည်။
“မင်းက ဘယ်လိုများ ငါ့မျိုးနွယ်စုရဲ့ နယ်မြေထဲကို ကျူးကျော်ရဲတာလဲ။ သေစမ်း...။” ခေါင်းဆောင် အမျိုးသားက အော်ဟစ်လာတော့၏။
သူက အန်လင်းဆီသို့ ထိုးနှက်လိုက်သောအခါ လောင်မြိုက်နေသော အနက်ရောင် အားအင်များက သူ့လှံတံမှ ထိုးထွက်လာတော့သည်။
အန်လင်းက မျက်နှာသေနှင့်ပင် သူ့၏ မိစ္ဆာရှင်းဓားကို အပေါ်သို့ ပင့်တင်လိုက်၏။ အနက်ရောင် ဓားအလင်းတန်းသည် လခြမ်းကွေးတစ်ခုကဲ့သို့ ကောင်းကင်ဆီသို့ ပျံတက်သွား၏။
ဘုန်း…
ဓား၏ အနက်ရောင် အလင်းတန်းနှင့် လှံတံ၏ အလင်းတန်းတို့က လေထဲတွင် တိုက်မိသွားကာ လှံတံ၏ အလင်းတန်းက တစ်စစီ ပြိုကွဲသွားပြီးနောက် ဓားအလင်းတန်းက ခေါင်းဆောင်အမျိုးသားဆီသို့ ပိုင်းခုတ်လိုက်လေသည်။
အမျိုးသား၏ မျက်ဆံများက ကျုံ့သွားပြီးနောက် သူ့၏ လှံတံနှင့် တုံ့ပြန်ရန် ကြိုးစားလိုက်၏။
ထို့နောက် ချက်ချင်းပင် အနက်ရောင် ဓားအလင်းတန်းထဲတွင် ပါဝင်သော စွမ်းအင်က သူ့ခန္ဓာကိုယ်အား ပြိုကွဲစေပြီး သူ့အား အဝတ်အရုပ်တစ်ခုကဲ့သို့ နောက်သို့ ပျံသန်းသွားစေ၏။ သွေးများက သူ့၏ ပါးစပ်ထဲမှ စီးကျလာလေတော့သည်။
သို့သော်ငြား ဤအရာသည် အဆုံးသတ်မဟုတ်ပါပေ။ ထို အနက်ရောင် စွမ်းအင်သည် အမှန်တကယ်ပင် အမျိုးသား၏ ခန္ဓာကိုယ်အား တိုက်ခိုက်လေတော့သည်။
“အား… အဲ့တာက ဘာကြီးလဲ။” အမျိုးသားက သူ့ခန္ဓာကိုယ်အား ကြောက်လန့်တကြား ငုံ့ကြည့်လိုက်လေ၏။
သူ့အရေပြားက အနက်ရောင် စွမ်းအင် အလွှာပါးလေး တစ်ခုနှင့် ဖုံးကွယ်ထားခြင်းခံရလေသည်။ ထိုစွမ်းအင်သည် သူ့အသားများကို လျှင်မြန်စွာ ရှုံ့တွလာစေကာ သူ့၏ အသက်စွမ်းအင်ကို စိတ်အားသန်စွာ စုတ်ယူသွားတော့သည်။
“ဘာတွေဖြစ်နေတာလဲ။ ငါ့ရဲ့ စွမ်းအင်တွေ… “ အမျိုးသား၏ မျက်လုံးများက အန်လင်းလက်ထဲရှိ ဓားကို မြင်သောအခါ ပြူးကျယ်လာတော့သည်။ “အဲ့တာ… အဲ့တာက ငါတို့မျိုးနွယ်ရဲ့ သန့်စင် လက်နက်၊ မိစ္ဆာရှင်း…”
သူသည် စကားပင် ဆုံးအောင် မပြောရသေးခင်မှာပင် သူ့၏ မျက်လုံးထဲမှ နောက်ဆုံး အသက်အငွေ့အသက်များက ခန်းခြောက်သွားလေတော့သည်။ ရုတ်တရက် သေဆုံးသွားသော ငှက်တစ်ကောင် ကဲ့သို့ပင် သူက မြေပြင်သို့ ရုတ်တရက်ထိုးကျသွားလေတော့၏။
အနက်ရောင် စွမ်းအင်က အလုံးတစ်ခုအသွင် ပြောင်းသွားပြီး မိစ္ဆာရှင်းဓား၏ ဓားသွားပေါ်သို့ ပျံသန်းသွားတော့သည်။ ထို့နောက် ထိုအရာက ဓားအတွင်းသို့ ဖြည်းညင်းစွာ စိမ့်ဝင်သွားတော့သည်။
အာဟာရတစ်ချို့ လက်ခံရရှိလိုက်သကဲ့သို့ ဓားသည် ကျေနပ်စွာဖြင့် မြည်ဟီးလာလေတော့သည်။ အနက်ရောင် အလင်းတစ်ခုက ဓားပေါ်တွင် လက်လာပြီး ထိုသည်မှာ ဓားက 'အသက်ရှု'နေသကဲ့သို့ပင်။
အန်လင်းက သိလိုစိတ်ဖြင့် မျက်တောင်ခတ်လိုက်ပြီး သူ့လက်ထဲရှိ ဓားကို မြှောက်ကာမေးလိုက်၏။ “မိစ္ဆာလေး မင်းက တောင်ပံနက်မျိုးနွယ်စုရဲ့ သန့်စင် လက်နက်လား။ မင်းက ဒီလောက် အကြမ်းစားကြီးဆိုတာ ဘာလို့ ငါ့ကို မပြောတာလဲ။”
မိစ္ဆာရှင်းဓား : “...”
အန်လင်းက သူမ၏ မထိမဲ့မြင် သဘာဝကို လျစ်လျူရှုကာ ဆက်ပြောလာ၏။ “အဲ့ စွမ်းအင် အလုံးကြီးကို စုတ်ယူရတာ ခံစားလို့ကောင်းလား။ အဲ့တာဆို မင်းကို နောက်ထပ်ခံစားလို့ကောင်းအောင် ဘာလို့မလုပ်ပေးရမှာလဲ။”
မိစ္ဆာရှင်းဓားက မသိမသာ တုန်လှုပ်လာလေတော့သည်။ ထိုအရာက တစ်ခြားသော တစ်စုံတစ်ယောက်ကို အပိုင်းပိုင်းခုတ် ပစ်ချင်နေ၏။
ကျန်ရှိနေသော တောင်ပံနက်မျိုးနွယ်စု အဖွဲ့ဝင်များမှာ ကြောင်အနေတော့သည်။ သူတို့လက်ထံတွင် လှံတံများကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်းဖြင့် သူတို့က အန်လင်းကို မိန်းမောလျက် ကြည့်နေကြတော့သည်။
ထိုအချိန်၌ပင် နောက်ထပ် ဓားအလင်းတန်း လေးခုက လေထုထဲသို့ သေမင်း၏ တံစဉ်းရှည် ကဲ့သို့ ဖြတ်ပိုင်းပစ်လိုက်၏။
ဘုန်း…
ဓားအလင်းတန်း၏ အရှိန်မှာ အလွန်မြန်ဆန်လှပြီး ထို့ကြောင့်ပင် တောင်ပံနက်မျိုးနွယ်စု အဖွဲ့ဝင်များက ထိုသည်ကို ထိတ်တိုက်ရင်ဆိုင်ရန်သာ ရွေးချယ်နိုင်လေတော့သည်။ သို့သော်လည်း သူတို့အားလုံးမှာ သူတို့၏ စွမ်းအင်များနှင့် သွေးအဆီအနှစ်များကို ထိုအနက်ရောင် အရိပ်များဖြင့် ချွင်းချက်မရှိ စုပ်ယူခြင်းခံလိုက်ရပေတော့၏။ သူတို့၏ အသက်များက ဓားတစ်ချက်တည်းနှင့်ပင် အဆုံးသတ်ခြင်းခံလိုက်ရလေတော့သည်။
အနက်ရောင် အလုံးလေခုက မိစ္ဆာရှင်းဓားဆီသို့ မြောလာပြီး ထိုထဲသို့ တဖြည်းဖြည်း စိမ့်ဝင်သွားတော့သည်။ သူ့၏ စိတ်ထင်နေသည်လဲ ဖြစ်နိုင်၏။ သို့သော် အန်လင်းသည် သူ့ဓားက ပိုပြီး သန့်စင်သော အနက်ရောင်အဖြစ် ပြောင်းသွားသည်ဟု ခံစားလိုက်ရလေသည်။
“မိစ္ဆာလေး သူတို့က အရသာရှိလား။” အန်လင်းက ကြင်နာသောအမူအရာဖြင့် မေးလာ၏။
“အရည်အသွေးနိမ့် တောင်ပံနက်အတုတွေ အရသာမရှိဘူး။” အေးစက်သော အသံတစ်ခုက အန်လင်း၏ စိတ်ထဲတွင် ပြောလာ၏။ သို့သော်လည်း သူ့၏ စိတ်မပါသော လေသံထဲတွင် ကျေနပ်အားရသော အရိပ်အယောင်များ ပါဝင်နေလေ၏။ ထိုသည်မှာ တန်ဖိုးကြီးသော အစားအသောက်တစ်ခုကို စားပြီးနောက် ရောင့်ရဲသွားသော မိန်းမငယ်လေး တစ်ဦး၏ လေသံနှင့်တူလေ၏။
“မင်းက တောင်ပံနက်မျိုးနွယ်စုရဲ့သန့်စင် လက်နက်မဟုတ်ဘူးလား။ ဘာလို့ တောင်ပံနက်မျိုးနွယ်စု အဖွဲ့ဝင်တွေကို စားရတာကြိုက်တာလဲ။ ဂရုစိုက်ခြင်းကို ပြသဖို့ ရိုက်နက်ပြီး ချစ်ခြင်းကို ပြသဖို့ စားပစ်တာလား။” အန်လင်းက အလွန်အမင်း သိချင်နေလေပြီ။
ဒီတစ်ကြိမ်တွင်တော့ မိစ္ဆာရှင်းဓားက သူ့အား တုန့်ပြန်မှု ပေးမလာတော့ပါချေ။
အန်လင်းက ဒေါသဖြင့် သက်ပြင်းချလိုက်၏။ သူ့၏ ဓားကို စည်းကမ်းထိန်းကျောင်းရမည့် လမ်းကြောင်းမှာ ရှည်လျားပြီး အားစိုက်ထုတ်ရန် လိုပေလိမ့်မည်။
“ဂုဏ်ယူပါတယ်။ သင်က တောင်ပံနက်မျိုးနွယ်စုရဲ့ စမ်းသပ်မှုကို ကျော်ဖြတ်ပြီးပါပြီ။”
အသံတစ်ခုက ရုတ်တရက် ကောင်းကင်မှ ဆင်းသက်လာ၏။ ထို့နောက် ချက်ချင်းမှာပင် အနက်ရောင် အလင်းဘောလုံးကြီးက ကောင်းကင်မှ ကျဆင်းလာ၏။
“ဟမ်… စမ်းသပ်မှုကလည်း လွယ်လိုက်တာ။ အဲ့တာက အလကားအအောင်ပေးတာလား။ ဒီစမ်းသပ်မှုက ငါ့စွမ်းအင်တွေကို အထင်သေးတာပဲ။”
အန်လင်းက ရန်သူများကို တစ်ချက်တည်းနှင့် အပြီးသတ်နိုင်ခဲ့သည်။ အဆုံးတွင်တော့ ကောင်းကင်မှ အသံတစ်ခု ရုတ်တရက် ထွက်လာပြီး သူက စမ်းသပ်မှုကို အောင်မြင်ကြောင်း ကြေညာလာ၏…
အဲ့တာက စမ်းသပ်မှုလား။ ဘာအတွက် စမ်းသပ်မှုလဲ။ အဲ့တာက စော်ကားမော်ကား လုပ်တာ မဟုတ်ဘူးလား။
အန်လင်း၏ လှောင်ပြောင်နေသော မှတ်ချက်များမှာ ဖန်သားပြင်ပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်ပြသနေ၏။
“ဟမ်… စမ်းသပ်မှုကလည်း လွယ်လိုက်တာ။ အဲ့တာက အလကားအအောင်ပေးတာလား။ ဒီစမ်းသပ်မှုက ငါ့စွမ်းအင်တွေကို အထင်သေးတာပဲ။”
မြွေနက်ဝိညာဉ် ဖန်သားပြင်ပေါ်သို့စိုက်ကြည့်ရင်း သူမ၏မျက်နှာမှာ မဲမှောင်လာတော့သည်။
ဆံပင် အစိမ်းနှင့် အမျိုးသားမှာ အန်လင်းဆီသို့ နာခံမှုနှင့် အရိုအသေပေးလုနီးနီးပင်။
စောက်ကျိုးနည်း။ လှောင်ပြောင်တဲ့ မှတ်ချက်ချဖို့ အချိန်အများကြီးထဲကမှ အခုအချိန်မှာ လုပ်ဖို့ ရွေးချယ်တယ်ပေါ့။ မင်းက ငါ့ကို သေမင်းဆီ တွန်းပို့နေတာပဲ...။
***