ပြင်းထန်တဲ့ တိုက်ပွဲ
Vol. 164 Ch. 2357
ကျိုကျုံးဗီလာမှ ထွက်ခွာလာခဲ့ပြီးနောက် လင်းရီသည် ချောင်ရန်အုပ်စုသို့ ဦးတည်လာခဲ့သည်။
ထိုနေရာတွင် ဘာကြောင့် ချိန်းလိုက်ရလဲဆိုတာကို လင်းရီ ကောင်းစွာ နားလည်သည်။ ထိုသူတို့က သူ၏ အခြေအနေအားလုံးကို နားလည်နေကြောင်း ပြောပြချင်ရုံတစ်ခုထက် မပိုပေ။
ကားပါကင် ဝင်ပေါက်ဝတွင် လိုင်စင်မဲ့ အဖြူရောင် အဲဖာ့ဒ် တစ်စင်းက ရပ်ထားလျက် ရှိသည်ကို လင်းရီ မြင်တွေ့လိုက်ရသည်။
လင်းရီ ကားထဲက ထွက်လာတော့ အနက်ရောင် ဂျက်ကတ်ကို ဝတ်ဆင်ထားသည့် လူမည်းတစ်ဦးလည်း ကားပေါ်က ဆင်းလားသည်။ ထိုသူက မည်သည့် စကားတစ်ခွန်းမျှ မဆိုခဲ့ပေ။ သို့သော်လည်းပဲ ယခုလို အခြေအနေမျိုး၌ အရာအားလုံးကို ကျယ်လောင်စွာ ထုတ်ပြောပြနေဖို့လည်း မလိုအပ်ချေ။
လင်းရီ တန်းမတ်စွာ လျှောက်လှမ်းလာခဲ့ပြီး လူမည်းက သူ့ကို ကားထဲသို့ ဝင်ထိုင်ရန် လက်ဟန်ပြလိုက်သည်။
အထဲသို့ ရောက်သည်နှင့် ၊ လူမည်း အမျိုးသား အပြင် အနောက်တိုင်းသား ဒရိုင်ဘာတစ်ဦးလုံး ရှိနေသည်ကို မြင်တွေ့လိုက်ရ၏။
နှစ်ဘက်ခြမ်းရှိ လိုက်ကာများကို ချထားသော်လည်း လင်းရီ၏ အမြင်အာရုံ အပေါ်တွင်တော့ သက်ရောက်မှု မရှိခဲ့ပေ။ လေကာတစ်ခုတည်းကသာလျှင် အပြင်ဘက်ရှိ မြင်ကွင်းတစ်ချို့အား မြင်ခွင့် ပြုပေးခဲ့၏။
ပြီးသည့်နောက် ကားစက်အင်ဂျင်သံ မြည်စည်းလာခဲ့ပြီး အမည်မသိ တစ်နေရာသို့ ဦးတည်သွားတော့သည်။
လင်းရီ လိုက်ပါလာရင်း တစ်ခု သတိပြုမိသည်မှာ ကားက လူနည်းသည့် ဧရိယာများသို့ ကွေ့ပတ်ဝိုက်ပြီး သွားလာနေခြင်းပင်။ ၎င်းတို့နောက်ကို အချိန်မီလိုက်နိုင်ဖို့ဆိုသည်မှာ တော်ရုံစကေးနှင့် မဖြစ်နိုင်သည့် ကိစ္စရပ်ဖြစ်၏။
ဖရီးမေဆင်၏ အရည်အချင်းတို့က အတော်လေးကို စံနှုန်းမြင့်သည်ဟု ဆိုနိုင်သည်။
အချိန်တစ်ခု ကြာပြီးသည့်နောက် ကား၏ အလျင်က ဖြည်းဖြည်းချင်း အရှိန်သတ်သွားခဲ့သည်။ သို့သော် ဘေးတွင် ထိုင်နေသည့် အနက်ဝတ်နှင့်လူက ကားတံခါးကို ချက်ချင်း မဖွင့်ပေးဘဲ ….
“ လူကြီးမင်း လင်းရီ … ခင်များ အပြင်မထွက်ခင် ကျုပ်တို့ဘက်က လုံခြုံရေးအရ ဘော်ဒီရှာဖွေရေး လုပ်ဖို့ လိုပါမယ်ခင်ဗျ … အန္တရာယ်ရှိတဲ့ ဘယ်ပစ္စည်းမဆို အထဲကို ယူသွားလို့ မရလို့ပါ ….”
“ မင်းတို့ ဖရီးမေဆင်လို အကောင်ကြီးကြီးကတောင် ဒီလိုမျိုး ရှာဖွေတာတွေ လုပ်ဖို့ လိုတာပဲလား ….”
အနက်ဝတ်နှင့်လူမှာ အနည်းငယ် အထိတ်တလန့် ဖြစ်သွားခဲ့သည်။ လင်းရီထံမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ရာ ဖိအားတို့က သူ့အတွက်တော့ မခုခံနိုင်စရာပင်။ ထို့ပြင် အသူရာချောက်နက်ကြီးကဲ့သို့ ပိန်းပိတ်မှောင်မိုက်နေသည့် အနှီ မျက်ဝန်းများနှင့်လည်း မျက်လုံးချင်းဆုံ မကြည့်ဝံ့ပေ။
“ စိတ်မရှိပါနဲ့ခင်ဗျ … ကွပ်ကဲသူ အကြီးအကဲရဲ့ အမိန့်မို့ပါ … ကျုပ်တို့က ဒီတိုင်း အမိန့်နာခံနေရုံတင်ပါပဲ ….”
“ အမိန့်ကို လိုက်နာတယ် ဟုတ်လား ….” လင်းရီ ရယ်မောလိုက်ပြီး “ ငါ့ကိုယ်ကို စမ်းချင်တယ်ဆိုလည်း မင်းတို့ဘာမင်းတို့ပဲ စမ်းကြ .. ငါတော့ မပါတော့ဘူး ….”
“ ဒီလိုလုပ်ရင် လူကြီးမင်းလင်းရီ ဒီထဲကနေ ထွက်သွားနိုင်မှာ မဟုတ်ပါဘူး ….”
“ ဟက် …..” လင်းရီထပ်မံ ရယ်မောလိုက်ပြီး “ တကယ်လို့ ငါ ဒီမှာ သေသွားခဲ့ရင် ဟွာရှရဲ့ နျူးကလီးယား လက်နက်က မင်းတို့ ထိပ်တည့်တည့်ပေါ် ကျလာခဲ့မှာ … မင်းတို့လို အဖွဲ့အစည်း သေးသေးလေးက ကမ္ဘာကြီးကို မင်းတို့ အပိုင်ဆိုပြီး တကယ်များ ထင်နေလား …”
“ ဒါက ….” အနက်ဝတ်နှင့်လူမျာ အံ့အားတကြီး ဖြစ်သွးခဲ့ပြီး ချွေးအေးများမှာလည်း နဖူးထက်မှနေ၍ တစ်လှိမ့်ချင်း လှိမ့်ဆင်းကျလာသည်။ မျက်နှာအမူအရာမှာလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေမိတော့၏။
“ ကျွန်တော်တို့ စစ်ဆေးရ ……”
“ မလိုဘူး ….”
ရုတ်တရက်ဆိုသလို အသံတစ်သံက ကားအတွင်းရှိ စကားပြောစက်ထံမှ ထွက်ပေါ်လာခဲ့သည်။
လင်းရီ ထိုအသံကို မှတ်မိ၏။ သူနှင့် စောနလေးတင် ဖုန်းပြောခဲ့သည့် ဟောလစ်ပင်။
ဟောလစ်၏ အသံကို ကြားတော့ အနက်ဝတ်နှင့်လူမှာ သတ္တိတစ်ချို့ ပြန်လည် ရရှိလာဟန်ရပြီး ကားတံခါးကို ဖွင့်ပေးလိုက်ကာ ဖိတ်မန္တက ပြုသည့် လက်ဟန်အမူအရာကို ပြုလုပ်လိုက်၏။
လင်းရီ သူ့အဝတ်အစားများကို သပ်ရပ်အောင် ပြုလုပ်ရင်း ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်တော့မှ သူတို့တွေ မြေအောက် ဂိုဒေါင် တစ်ခုသို့ ရောက်ရှိနေသည်ကို သတိမူမိလိုက်သည်။
သူ့အနောက်တွင် အဖြူရောင် လျှပ်စစ် roller door က ဖြည်းညင်းစွာ ဆင်းသက်လာသည်။
ဤကဲ့သို့ သတိကြီးပြီး လျှို့ဝှက်လွန်းသည့် နည်းလမ်းများက လင်းရီကို မကြာမီ အရေးမသာတော့မည့် အခြေအနေကိစ္စရပ်တို့ ဖြစ်ပေါ်လာတော့မည်ကို သတိထားမိသွားစေခဲ့သည်။
သူ့ကိုပင် မဆိုထားနှင့်။ ရှောင်ပင်းသည်ပင် ဤသို့သော နည်းစနစ်များနှင့် ရင်ဆိုင်ရမည်ဆိုပါက ၎င်းတို့၏ တည်နေရာကို အတည်ပြု ထောက်လှမ်းဖို့ရာ အတော်လေး ခက်ခဲသွားပေလိမ့်မည်။
“ လူကြီးမင်းလင်းရီ …. ကျေးဇူးပြုပြီး ….”
အမျိုးသား နှစ်ယောက်က ရှေ့မှ လျှောက်လှမ်းသွားပြီး လင်းရီကို သူတို့ကြားမှ လိုက်ပါစေကာ အောက်ထပ်သို့ ဦးတည်နေသည့် တံခါးဆီသို့ ခေါ်ဆောင်သွာခးဲ့၏။
ထိုအခါမှပဲ လင်းရီသည် ယင်းက စတုရန်းမီတာ သုံးလေးရာခန့် ကျယ်ဝန်းသည့် နေရာလွတ်တစ်ခု ဖြစ်နေသည်ကို သတိထားမိလိုက်သည်။
အခန်း အကျယ်ကြီးထဲတွင် ထိုင်ခုံ နှစ်လုံး ရှိနေပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့က အသီးသီး ထိုင်နေလျက် ရှိသည်။
ဟောလစ်နှင့် သူမ၏ လုပ်ဖော်ကိုင်ဖက် အီဗန်တို့ ဖြစ်၏။
ထိုအချိန်တွင် လင်းရီကို ခေါ်ဆောင်လာခဲ့ပေးသည့် လူနှစ်ယောက်မှာ အပြင်ဘက်သို့ တိတ်တဆိတ် ပြန်ထွက်သွားခဲ့ကြသည်။
“ ခေါင်းဆောင်လင်း … ငါတို့ မင်းကို မျှော်နေတာ ကြာပြီ ….”
လင်းရီကို မြင်တော့ ဟောလစ်နျင့် အီဗန်တို့ နှစ်ဦးလုံး အေးအေးလူလူ မတ်တပ်ရပ်လိုက်ကြသည်။ မည်သည့် ရန်လိုနေမှုကိုမျှလည်း မမြင်တွေ့ရပေ။
“ ခင်များတို့တွေ ကျိုးဟိုင်ကို လူမသိ၊ သူမသိ တိတ်တိတ်လေး ရောက်လာခဲ့တာကို တွေးကြည့်ရင် ကျုပ်ကို အတော်လေး အံ့အားသင့်သွားစေတာပဲ ….”
“ အဲ့တာက အရေးမကြီးပါဘူး ….”
သူမ ပြောရင်းဖြင့် ဟောလစ်က ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး လက်နှစ်ဖက်ကို ဖြန့်ကားလိုက်သည်။
“ ငါတို့ရဲ့ ရိုးသားမှုကို ပြဖို့အတွက် ငါတို့နှစ်ယောက်လုံး ဘယ်လို လက်နက်မျိုးမှ သယ်ဆောင်မထားဘူး … နင့်ကို ခေါ်လာပေးတဲ့ နှစ်ယောက်တောင် အနီးနားမှ မရှိဘူး … ဘုရားသခင်ကို တိုင်တည်ပြီး ကျိန်ဆိုတယ် … ငါတို့ ဒီနေ့ ပြောတဲ့ စကားလုံးတွေက ဒီနေရာကနေ အပြင်ကို လုံးဝ ပေါက်ကြားသွားမှာ မဟုတ်ဘူး …. အလားတူ ခေါင်းဆောင်လင်းဘက်ကလည်း ပူးပေါင်းပေးမယ်လို့ မျှော်လင့်ပါတယ် ……”
လင်းရီ သူ့နောက်ကျောဘက်သို့ လက်နှိုက်လိုက်ပြီး သူ့ စကေဘာနှင့် ကာကွယ်ရေး ဓားမြောင်ကို လွင့်ပစ်လိုက်သည်။
“ ခင်များတို့က ကျုပ်ဆီကို တကယ်ပဲ လက်ဗလာနဲ့ လာရဲနေကြတာပဲ ….”
“ ဘာလို့ဆိုတော့ နင်က ကျုံးဝေ့တပ်ဖွဲ့ အသင်းတစ်ရဲ့ ခေါင်းဆောင် ဖြစ်နေတာကြောင့်လေ … အဲ့လို ဆက်ဆံပေးမှုမျိုးနဲ့ တန်ပါတယ် …..” ဟောလစ်က ပြောလိုက်ပြီး “ နင်က အတော်လေး အင်အားကြီးတာကိုလည်း ငါတို့ သိတယ် …. ဒါက ငါတို့ရဲ့ ဖြစ်နိုင်ချေ အလားအလာရှိတဲ့ ပူးပေါင်းဆောက်ရွက်မှုအတွက် ရိုးသားမှုကို ပြသတဲ့ နည်းလမ်းပဲ ….”
လင်းရီ သူတို့နှစ်ဦးကို စိုက်ကြည့်လိုက်သည်။
ဤသည်က သူ့အတွက်လည်း ကောင်း၏။ အနည်းဆုံးတော့ ရှောင်ပင်းကို သူ ဘယ်နေရာ ရောက်နေလဲဆိုတာ ရှာဖွေဖို့ အချိန်ဆွဲထားပေးနိုင်သည်။
“ အပိုစကားတွေ တော်ပြီး လိုရင်းကို တန်းသွားကြတာပေါ့ …..”
အီဗန်နှင့် ဟောလစ်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ အီဗန်က တည်ကြည်သည့် လေသံအမူအရာဖြင့် “ ဒါဆိုလည်း ငါ တည့်တိုးပဲ ပြောမယ် … အုတ်ဂူထဲက ရလာခဲ့တဲ့ အဲ့ဒီ ပစ္စည်း … ငါတို့ကို ရောင်းပေး …..”
လင်းရီ ပြုံးလိုက်မိ၏။ “ အဲ့တာက ဖြစ်နိုင်မယ်လို့ ထင်လား …..”
“ ကျန်တဲ့လူဆိုရင်တော့ ဘယ်ဖြစ်နိုင်လိမ့်မှာ … ဒါပေမယ့် မင်းဆိုရင်တော့ ဖြစ်နိုင်တယ် ….”
“ ဟမ် … ဘာလို့ …..”
“ မင်းက ကျုံးဝေ့တပ်ဖွဲ့ အသင်းတစ်ခေါင်းဆောင် ဖြစ်နေလို့ပဲ … တပ်ဖွဲ့ထဲမှာ တမူထူးခြားတဲ့ အဆင့်အတန်း တစ်ခုကို ပိုင်ဆိုင်ထားပြီး ငါတို့ဘက်ကလည်း မင်းရဲ့ လုပ်ရည်ကိုင်ရည်ကို အသိအမှတ်ပြုတယ် ….”
“ ခင်များတို့တွေ အရင်ကလည်း ဒါမျိုး လုပ်ဖို့ ကြိုးစားခဲ့ပြီးပြီ … အခုထိ သင်ခန်းစာ မရကြသေးဘူးလား ….”
“ အဲ့လူရဲ့ အစွမ်းအစက ခေါင်းဆောင်လင်းနဲ့တော့ ဘယ်ယှဉ်လို့ရမှာ …..”
“ ဆိုတော့ ခင်များတို့ ဖရီးမေဆင်က ကျုပ် ကူညီပေးမယ်လို့ ဘာကြောင့် တစ်ထစ်ချ ယုံကြည်နေကြတာလဲ ……”
“ အဓိကကတော့ မင်းရဲ့ ဇနီးကြောင့်ပဲ ….”
“ စန်ဒါထိုက်လျန်အကြောင်း ပြောနေတာလား ….”
“ ဟမ် ….”
ဟောလစ်နှင့် အီဗန်တို့၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ သူတို့၏ မျက်နှာအမူအရာမှာ သိပ်မလှကြတော့ပေ။
“ မင်း စန်ဒါထိုက်လျန်အကြောင်းကိုတောင် သိနေတယ် ….”
“ ခင်များတို့ရဲ့ လှည့်ကွက်သေးသေးလေးကို ကျုပ် သိပြီးတာကြာပေါ့ … ဒီတိုင်း ခင်များတို့နဲ့ ရေလိုက်ငါးလိုက် ကစားပေးနေရုံတင်ပါပဲ ….” လင်းရီ သာမန်လျှံကာ အမူအရာဖြင့် ပြောလိုက်ပြီး “ ခင်များတို့ ဝယ်ထားတဲ့ စန်ဒါထိုက်လျန်ကတော့ အခုချိန်လောက်ဆို ဘုရားသခင်နဲ့ လက်ဖက်ရည်သောက်ရင်း စကားပြောနေရလောက်ပြီ ….”
နှစ်ဦးလုံး၏ အမူအရာမှာ စိုးရိမ်ထိတ်လန့်စ ပြုလာသည်။
ထိုအချိန်ကျတော့မှပဲ မိမိတို့မှာ တစ်ချိန်လုံး လူပြက်များ ဖြစ်နေသည်ကို သတိမူမိသွားခဲ့ကြတော့သည်။
လင်းရီ မျက်ခုံးပင့်လိုက်ပြီး နှစ်ယောက်လုံးကို သိမ်းကျုံးကြည့်လိုက်၏။
“ ဒီနေ့ ကိစ္စ ဒီမှာတင် ရပ်လိုက်ကြတာပေါ့ ….”
နှစ်ဦးလုံး၏ အမူအရာမှာ တဖြည်းဖြည်းချင်း လေးနက်တည်ကြည်လာခဲ့ကြသည်။ အထူးသဖြင့် အီဗန်ပင်။
“ ငါ့ညီကို ဝေါ်ကာက မင်းရဲ့ လက်ထဲမှာ သေသွားခဲ့တယ် … ဆိုတော့ ဒီနေ့ …. မင်းလည်း ထွက်သွားနိုင်လိမ့်မယ် မထင်နဲ့ ……”
ထိုစကားလုံးများ ပြောဆိုပြီးနောက်တွင် အီဗန်က အလျဉ်ဦးစွာ ရှေ့သို့ ပြေးဝင်လာခဲ့သည်။
သူတို့နှစ်ဦးမှာ လက်သီးချင်း မဖလှယ်ဖူးသော်လည်း အသေးစိတ် အချက်အလက်များမှတစ်ဆင့် အီဗန်၏ အဆင့်က ဝေါ်ကာထက် ပိုသာနေကြောင်းကိုတော့ လင်းရီ ပြောနိုင်သည်။
လင်းရီ နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီး လက်တစ်ဖက်မြှောက်ကာ အီဗန်၏ လက်သီးအား ဘေးသို့ လွဲချော်စေလိုက်သည်။
ထိုအချိန်မှာပဲ ဟောလစ်က တိုက်ခိုက်လာခဲ့၏။
နှစ်လှမ်းသုံးလှမ်းခန့် ပြေးတက်လာခဲ့ပြီးနောက် လေပေါ်သို့ ခုန်တက်ကာ လင်းရီ၏ ရင်ဘက်တည့်တည့်သို့ ခြေကန်ချက်တစ်ခုကို ချိန်ရွယ်လာခဲ့သည်။
ထိုအချိန်အခိုက်အတန့်၌ လင်းရီမှာ အီဗန်၏ တိုက်ခိုက်မှုကို လွှဲပြောင်းပြီးစ အချိန်ဖြစ်ပြီး နောက်ပိုင်းတွင် တိုက်ခိုက်လာသည့် ဟောလစ်၏ တိုက်ခိုက်မှုကို တုံ့ပြန်ဖို့ရာ အချိန်မမီတော့ပေ။
အဆိုပါ အကြောင်းအရင်းကြောင့် လင်းရီသည် နေရာတွင် ရိုးရိုးတန်းတန်း ရပ်နေရင်း ဟောလစ်၏ ခြေကန်ချက်ကို ဗလာချည်းသပ်သပ် ခံယူလိုက်၏။
ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာသည်။ သို့တိုင် လင်းရီမှာ နေရာ၌သာ မတ်တပ်ရပ်နေဆဲ ဖြစ်ပြီး သူ့ကြည့်ရသည်မှာ မည်သို့မျှ နေပုံမရပေ။
“ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ….” ဟောလစ် အံ့အားတကြီး မြည်တမ်းမိသွားခဲ့ပြီး သူမ၏ မျက်လုံးတို့ထဲ မယုံကြည်နိုင်မှုတို့ ပြည့်နှက်သွားခဲ့၏။