← Chapters

သိမ်မွေ့သော ညင်သာမှု

Vol. 164 Ch. 2362

သိမ်မွေ့သော ညင်သာမှု

Vol. 164 Ch. 2362

"လက်ဆောင် ပြင်ထားပေးတယ် ဟုတ်လား ... " လင်းရီ အံ့အားသင့်သွားခဲ့ပြီး " ဘာပွဲရှိလို့ ... "

" ဒီနေ့က ဘာနေ့လဲ နင်မမှတ်မိဘူးမလား ... "

" အာ .... "

လင်းရီ၏ အမူအရာမှာ လေးနက်သွားခဲ့ပြီး ရင်ထဲတွင် ဆက်တိုက် ရေရွတ်နေမိ၏။

သေစမ်း ... ‌ဒီနေ့က ဘာနေ့မို့လို့တုန်းကွ ...

" ဟန်ဆောင် မနေနဲ့တော့ ... နင် မမှတ်မိဘူးဆိုတာ ငါသိတယ် .... "

ထိုသို့ ပြောလိုက်‌သော်ငြားလည်း ကျီချင်းရန်မှာ စိတ်ဆိုး ဒေါသထွက်ခြင်း မရှိခဲ့ပေ။

" ဒီနေ့က ချစ်သူများနေ့ .... "

လင်းရီ ထပ်ပြီး အေးခဲသွားခဲ့သည်။ တကယ်လည်း ဒီနေ့က ချစ်သူများနေ့ပင်။

" ငါ ဒီရက်ပိုင်း အလုပ်များနေတာနဲ့ ချစ်သူများနေ့ကိုတောင် မေ့သွားတယ် ... နောက်မှ ပြန်ပေးမယ် ... "

" ဘာမှ မဖြစ်ဘူး... ငါကဖြင့် မိခင်တစ်ယောက်တောင် ဖြစ်တော့မှာကို ဒီလိုအရာလေးကို လိုက်ပြီး ကပ်တွက်နေရင် မရင့်ကျက်ရာ ကျတာပေါ့ ... မှတ်မိရင်လည်း ကောင်းတာပဲလေ ... မေ့နေရင်လည်း အဆင်ပြေပါတယ် ... ထွေထူး ကိစ္စကြီးမှ မဟုတ်တာ ... "

ကျီချင်းရန်သည် A4 စာရွက် တစ်ရွက် အရွယ်လောက်ရှိသည့် ဘူးအသေးလေးကို ထုတ်ယူလာခဲ့ပြီး လင်းရီ ဖွင့်ကြည့်လိုက်တော့ အတော်လေး အံ့အားသင့်သွားခဲ့သည်။

" ဓာတ်ပုံအယ်လ်ဘန်လား .... "

ကျီချင်းရန် စိတ်လှုပ်ရှားမှု အပြည့်နှင့် ခေါင်းညိတ်လိုက်ပြီး " ဖွင့်ကြည့်လိုက် ... "

လင်းရီ သာမန်လျှံကာပဲ ဖွင့်ကြည့်လိုက်သည်။ အထဲတွင် ကျီချင်းရန်၏ ဓာတ်ပုံများနှင့် ပြည့်နှက်နေသည်။ သို့ပေမယ့် အတော်လေး ပေါ့ပါးစွာ ၀တ်ဆင်ထား၏။ ပုံတစ်ချို့တွင် သူမ၏ ပခုံးသားများကိုသော်လည်း‌ကောင်း၊ ဗိုက်သားများကိုသော်လည်းကောင်း ပြသထားသည်။ သူမ၏ အောက်ဘက် အတွင်းခံကိုပင် မြင်ရသည်အထိ တိုသပ်သည့် အ၀တ်အစားများနှင့် ပုံများလည်း ပါ၀င်နေသည်။

" အင်မတန် တွေးပေးတတ်တဲ့ လက်ဆောင်လေးပဲ ... မင်းရဲ့ သီးသန့် ဓာတ်ပုံ စုစည်းမှု အယ်လ်ဘန်ကို ငါ့ဆီ လက်ဆောင်ပေးတယ်ပေါ့ ... "

ကျီချင်းရန် မျက်လုံးလှန်လိုက်ပြီး လင်းရီကို အထင်တသေး ကြည့်လိုက်၏။

" သီးသန့် ဓာတ်ပုံတွေ မဟုတ်ဘူး ... မိခင်ဖြစ်တဲ့ အထိမ်းအမှတ် ဓာတ်ပုံတွေ .... "

" ဟင် ... ပုံမှန်ဆို ဗိုက်အတော်လေးထွက်မှ ဓာတ်ပုံရိုက်ကြတာပါ ... မင်းဟာကဖြင့် ဘာမှတောင် မထူးခြားသေးတာကို ဘာလို့ ...... "

" အမှတ်တရ သိမ်းထားချင်လို့လေ ... "ကျီချင်းရန် ရှင်းပြလိုက်သည်။

" လတိုင်း ဓာတ်ပုံရိုက်ပြီး ငါ့၀မ်းဗိုက် တဖြည်းဖြည်းချင်း ပြောင်းလဲလာတဲ့ပုံကို မှတ်တမ်းတင်ထားမယ် ... ဒါတွေကို အမှတ်တရ စုစည်းမှုအနေနဲ့ သိမ်းထားချင်တယ် ... "

ပြောဆိုနေရင်း ကျီချင်းရန်၏ အမူအရာမှာ ပုံမှန်မဟုတ် လေးနက်နေပြီး လှပသည့် အတွေးနယ်ထဲ မျောလွင့်နေဟန်ပင်။

ကနေဦးတုန်းကတော့ လင်းရီသည် အချည်းနှီးသပ်သပ် ဤသို့သော ဓာတ်ပုံများ ရိုက်နေသည့် အတွက် စနောက်ချင်သော်လည်း ကျီချင်းရန် မျက်နှာထက်ရှိ အပြုံးကိုမြင်တော့ ဤသည်က မိခင်မေတ္တာဖြစ်ရမည်ဟု ရုတ်ချည်း တွေးတောမိသွားခဲ့သည်။

" ငါ ကလေးနောက်တစ်ယောက် ထပ်ယူမယ်လို့ ဆုံးဖြတ်လိုက်ပြီ ... "

" အစမရှိ အဆုံးမရှိ ဘာလို့ ရုတ်တရက်ချည်း ဒုတိယကလေး အကြောင်းလဲ ... " လင်းရီ မေးလိုက်သည်။ " ပြောတော့ဖြင့် ကလေးကို ဂရုစိုက်ရတာက မင်းရဲ့ လုပ်ငန်းတွေကို နှောင့်နှေးစေတယ်ဆို ၊ ၀န်ပိစေတယ်ဆို ... ဘာလို့ ရုတ်ချည်း စိတ်ပြောင်းသွားခဲ့တာ ... "

" အရင်ကတော့ အဲ့လို တွေးခဲ့မိတာ မှန်တယ် ... ဒါပေမယ့် ဒီရက်ပိုင်း စဉ်းစားကြည့်လိုက်တော့ ဆယ်စုနှစ်တွေ ကြာပြီးလို့ ငါတို့နှစ်ယောက်လုံး မရှိတော့တဲ့ အခါကျရင် ငါတို့ ကလေးကို တစ်ယောက်တည်း ထားခဲ့ရမှာ အထီးကျန်လွန်းတယ် .... သွေးချင်းတူမယ့် အခြားတစ်ယောက်ရှိရင် လောကကြီးထဲ အတူနေထိုင်နိုင်မယ် ... သူတို့တွေ တစ်ယောက်ကိုယ်တစ်ယောက် အချင်းချင်း ကာကွယ်ပေးဖို့အထိတော့ ငါ မတောင်းဆိုချင်ဘူး ... ဒါပေမယ့် တစ်ယောက်ကိုယ်တစ်ယောက် တည်ရှိမှုနဲ့ အဖော်ပြုပေးရင် ကျေနပ်ပြီ ... အဲ့ခါကျရင် ငါလည်း တမလွန်မှာ သက်တောင့်သက်သာနဲ့ အနားယူနိုင်မယ်လေ ... "

လင်းရီ နူးညံ့စွာ ပြုံးလိုက်ပြီး ကျီချင်းရန်၏ ချောမွတ်သည့် ဆံနွယ်များအား ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။

ကျီချင်းရန်၏ ကလေးလေးတစ်ဦးကဲ့သို့ အဖြူထည်ဆန် ၊ အပြစ်ကင်းစင်မှုနှင့် တိမ်တိုက်များကဲ့သို့ နူးညံ့ညင်သာမှုတို့က မည်သူကမျှ မနှိုင်းယှဉ်နိုင်သည့် အရာပင်။

ယခင်ကဆိုလျှင် လင်းရီသည် ကျုံးဝေ့တပ်ဖွဲ့က ပေးအပ်လာမည့် မစ်ရှင်များကို အမြဲတစေ မျှော်တလင့်လင့်နှင့် ရှိနေခဲ့သည်။ သို့သော် ယခု … သူ့အရှေ့ရှိ ကျီချင်းရန်နှင့် မမွေးဖွားလာရသေးသည့် ကလေးတို့မှာ သူ ကာကွယ်ဖို့ အစစ်အမှန် လိုအပ်နေသူများပင်။ သူ့အသက်ကို ကြိုးတန်းပေါ် ကစားဖို့ ဘယ်တုန်းကမျှ မနှမြောခဲ့ဖူးသော်လည်းပဲ ယခုအချိန်တွင်‌တော့ … ထိုသို့ မဟုတ်တော့သည့်နှယ်ပင်။

“ ကဲပါ … လောလောဆယ် ဒီအကြောင်း မပြောကြစို့ ….” ကျီချင်းရန် ပြောလိုက်ပြီး “ ဒီရဲ့ ဓာတ်ပုံအယ်လ်ဘန်နဲ့ဆိုရင် နင် ငါ့ကို လွမ်းတဲ့ အချိန် ဘယ်အချိန် ဖြစ်ဖြစ် ကြည့်လို့ရပြီလေ ဟီးဟီး ….”

“ အင်း ….”

“ နင့်ဘာနင် တစ်ခုခု လုပ်စရာရှိတာ သွားလုပ်ချည် … ငါ့မှာ လုပ်စရာ အလုပ်တွေ ရှိတုန်းပဲ …. နင့်ကို အဖော်မလုပ်ပေးနိုင်ဘူး ….”

“ ငါလည်း ထွေထူးလုပ်စရာမရှိလို့ မင်းဆီ လာတွေ့တာ … အခု စခန်းကို သွားရတော့မယ် …..”

“ ဒါဆိုလည်း နင်သွားလေ … ငါ ဒီညတော့ ရုပ်ရှင် ကြည့်ချင်တယ် ….”

“ အိုကေ … “

လင်းရီ ခေါင်းညိတ်ပြီး ဂရုစိုက်ဖို့ စကားအနည်းငယ်‌ ပြောကြားပြီးနောက် ချောင်ရန်အုပ်စုမှ ထွက်ခွာလာခဲ့ကာ ရှင်းရှန်း ရဲစခန်းသို့ ဦးတည်လိုက်သည်။

လမ်းတွင်တော့ လင်းရီသည် လျန်ရူရွှယ်နှင့် အတူ လတ်တလော ကိစ္စရပ်များအကြောင်း ဆွေးနွေးနေခဲ့သည်။

သူမကတော့ ၁၅ ရက်နေ့ နောက်ပိုင်းမှပဲ အိမ်သို့ ပြန်လာဖို့ စီစဉ်ထားသည်။

ထို့ပြင် ကျုံးဝေ့တပ်ဖွဲ့နှင့် ပတ်သက်၍ ကိစ္စ တစ်ချို့ ဖြစ်ပွားနေကြောင်း သတင်းကြားထားသဖြင့် လင်းရီကို အန္တရာယ်ကင်းကင်းနှင့်နေဖို့ အပြင်းအထန် သတိပေးနေသည်။

အကယ်၍ ဖြစ်နိုင်မည်ဆိုပါက လင်းရီကို ကျုံးဝေ့တပ်ဖွဲ့ထဲကပင် နှုတ်ထွက်စေချင်နေမိတော့သည်။ နိုင်ငံရေး လမ်းကြောင်း ဖန်တီးခြင်းနှင့် မျိုးချစ်အစွဲတို့က သူမ၏ မျက်လုံးထဲ၌ လင်းရီ၏ လုံခြုံရေးလောက် အရေးမပါချေ။

နှစ်ဦးမှာ ဖုန်းပြောရင်း နောက်ဆုံး၌ စခန်းသို့ ရောက်ရှိလာခဲ့၏။ စခန်းတွင်တော့ ကူရိရန် တစ်ဦးတည်းသာ ရှိနေသည်။ ကျန်သည့် လူတိုင်းကတော့ အပြင်ရောက်နေကြ၏။

“ ဘာလို့ မင်းတစ်ယောက်တည်းလဲ …. အစ်ကိုဟွေ့နဲ့ အစ်ကိုကျူးတို့ရော ဘယ်ရောက်နေတာ ….”

“ ခုနောက်ပိုင်း အလုပ်တွေ တအားများတော့ သူတို့လည်း အလုပ်ရှုပ်နေကြတယ်လေ ….”

“ အဲ့လောက်တောင် အလုပ်ရှုပ်တယ်လား … ဘာလဲ … အမှုကြီး တစ်ခု ပေါ်လာလို့လား …..”

“ ရာဇဝတ်မှုတော့ မဟုတ်ပါဘူး ….” ကူရိရန် သူမ၏ ဆံပင်အား သပ်ရပ်အောင် ပြုရင်း ပြောလိုက်ပြီး “ နှစ်သစ်ကူးနောက်ပိုင်းဆိုတော့ အရက်မူးပြီး မောင်းတဲ့လူတွေရော ၊ ရန်ပွဲတွေရော ၊ တရားမဝင်တဲ့ ပစ္စည်း ရောင်းဝယ်မှုတွေပါ ရှိတယ် …. သူတို့ထဲ တစ်ချို့ကိုတော့ ဖမ်းမိပါပြီ …. နှစ်သစ်ကူးတိုင်းက စခန်းအတွက် အလုပ်အများဆုံး အချိန်ပဲ …..”

လင်းရီ နားလည်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ဤသည်လည်း ကောင်းသည့် ကိစ္စရပ်ပင်။ သူ့တွင် နောက်ဆုံး အန္တိမ မစ်ရှင်က မပြီးဆုံးသေးသဖြင့် မစ်ရှင် ထွက်ပေါ်လာအောင် လှုံ့ဆော်ပေးဖို့ လိုအပ်နေသည်။

“ ဒီမှာ ငါ ကူညီပေးစရာ ရှိလား ….”

“ ကျွန်မ အခုလေးတင်ပဲ ဖိုင်တွေ စုစည်းပြီးတယ် …. ရှင်လည်း စိတ်ဝင်စားမှာ မဟုတ်ပါဘူး … လုပ်စရာမရှိရင် အရပ်သားရေးရာ ဌာနကို သွားကြည့်ကြည့်လေ … အဲ့မှာ လုပ်စရာတွေမှ အများကြီးပဲ ….”

“ အိုကေ ….”

နှုတ်ဆက်ပြီးနောက် လင်းရီသည် အရပ်သားရေးရာ ဌာနသို့ ရောက်ရှိလာခဲ့ပြီး ထိုနေရာတွင် ကွန်ပျူတာနှင့် အလုပ်များနေသည့် ကျန်းဇီရှင်းကို မြင်တွေ့လိုက်ရ၏။

“ ရောက်လာတာလား အစ်ကိုရီ … ဟက်ပီးနယူးရီးယားပါ …..”

လင်းရီ ဝင်လာသည်ကို မြင်တော့ ကျန်းဇီရှင်းက မတ်တပ်ရပ်ပြီး ပြုံးလျက် နှုတ်ခွန်းဆက်လိုက်၏။

“ မတွေ့ဖြစ်တာတောင် အတော်ကြာပြီ …”

“ ငါလည်း ခုတလော အလုပ်တွေ သိပ်များနေတာနဲ့ မင်းတို့ဘက်ခြမ်းကို မရောက်ဖြစ်တာဟေ့ ….” လင်းရီ သာမန်လျှံကာပဲ ခွန်းတုံ့ပြန်လိုက်ပြီး “ မင်းလည်း တစ်ယောက်တည်းပဲလား … ကျန်းဖန့်နဲ့ ကျန်တဲ့သူတွေ ဘယ်ရောက်ကုန်တာ ….”

“ အခုလေးတင်ပဲ ရန်ဖြစ်နေတယ်လို့ တိုင်တဲ့ဖုန်းကော ရောက်လာလို့ ကိုင်တွယ်ဖို့ ထွက်သွားကြတယ်လေ .. ဒီရက်ပိုင်းတော့ လူတိုင်းနီးပါး အလုပ်များနေကြတာပဲ … ည ဆယ်နာရီ မကျော်ခင် ဘယ်သူမှ အိမ်ပြန်လို့ကို မရဘူး …. ညီမဆိုလည်း စိတ်ဖိစီးလို့ ဝက်ခြံတွေတောင် ထွက်လာပြီ ….”

“ မင်း အဲ့လို ပြောသံကြားတော့ လူတောင် စိတ်ထဲ နည်းနည်းလေး အပြစ်ရှိလာသလိုပဲ ….”

“ ရပါတယ် … အစ်ကိုရီက ရုပ်ချောတဲ့ လူဆိုတော့ အပြစ်ရှိစိတ် ဖြစ်စရာ မလိုပါဘူး ….”

ကလင် ကလင် ကလင် …

စကားပြောနေစဉ်မှာပဲ ရုံးဖုန်းက အသံမြည်လာပြီး ကျန်းဇီရှင်း သာမန်လျှံကာပဲ ကောက်ကိုင်လိုက်၏။

“ ဟယ်လို ….”

“ အိုကေ … နားလည်ပါပြီ … အခု ထွက်လာခဲ့ပါမယ် ….”

များမကြာမီ ကျန်းဇီရှင်း ဖုန်းချလိုက်ပြီး လင်းရီ မေးမြန်းလိုက်၏။

“ အမှုလား ….”

“ ရှဖေးလမ်းမှာ ခွေးကို တိုက်မိတဲ့ အမှု ဖြစ်လို့ … နှစ်ဘက်ကလည်း သဘောတူညီမှု မရတာနဲ့ ရဲဆီ ဖုန်းဆက်လာတာ ….” ကျန်းဇီရှင်း ပြောရင်းဖြင့် နှုတ်က စောဒက တက်လိုက်သည်။ “ ဟူး … အမှုတွေကလည်း အတော်လေးကို များလိုက်တာနော်….”

“ သွားကြစို့ … ငါလည်း မင်းနဲ့ လိုက်ခဲ့မယ် ….”

“ အိုကေလေ …”

စနစ် မစ်ရှင်ကို လှုံ့ဆော်နိုင်လို လှုံ့ဆော်ငြား လင်းရီသည် တက်တက်ကြွကြွနှင့် ဦးဆောင်၍ အခင်းဖြစ်ပွားရာ နေရာသို့ ကျန်းဇီရှင်းနှင့်အတူ ဦးတည်လာခဲ့သည်။ မိနစ် နှစ်ဆယ်နီးပါးခန့် ကားမောင်းပြီးနောက် ရှဖေးလမ်းသို့ ရောက်ရှိလာခဲ့၏။

“ ရှေ့မှာ လူအုံနေတယ်ဆိုတော့ ကြည့်ရတာ အဲ့ဒီနေရာထင်တယ် ….” ကျန်းဇီရှန်း ခေါင်းပြူကြည့်၍ ပြောလိုက်သည်။

“ ဒါပေမယ့် အဲ့ကားကြည့်ရတာ Rolls Royce နဲ့ တူသလိုပဲ … အဲ့ကားနဲ့ ပတ်သက်နေတာများလား ….”

“ သွားကြည့်လိုက်ရင် သိပြီပဲမလား …”

All Chapters