← Chapters

အရေးကြီးတဲ့ အခိုက်အတန့်

Vol. 164 Ch. 2359

အရေးကြီးတဲ့ အခိုက်အတန့်

Vol. 164 Ch. 2359

ဒီ-အဆင့် တိုက်ခိုက်မှု စွမ်းရည်ကြောင့် ဓားမြောင်ကို ဆုပ်ကိုင်ပြီးနောက်တွင် လင်းရီ၏ တိုက်ခိုက်ရေးစွမ်းအားက ကြီးစွာ တိုးတက်လာသည်။ ဟောလစ်၏ စကေဘာ စကေးက မည်မျှပင် ကောင်းမွန်နေစေကာမူ လင်းရီနှင့်တော့ အဆင့်ချင်း တူညီနိုင်မှာ မဟုတ်ချေ။

ကျယ်ဝန်းသည့် အခန်းထဲတွင် သတ္တုချင်း ထိခတ်သံတို့က တချွင်ချွင် မြည်ဟည်းနေသည်။ သေးငယ်လှသော အမှားအယွင်း တစ်ခုကပင် မျက်တောင်တစ်ခတ်စာအတွင်း သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးသွားနိုင်သည့် အခိုက်အတန့်ဖြစ်၏။

ရင်ဘက်တွင် ဒဏ်ရာရထားသည့် လင်းရီက ဟောလစ်၏ အောက်ပိုင်း ကိုယ်ထည်ကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်ရင်း မိမိ၏ အားသာချက်ကို ဖန်တီးနေလျက် ရှိသည်။ သို့ပေမယ့် ဘီအဆင့်သို့တိုင် ရောက်ရှိထားသည့် ဟောလစ်ကလည်း ခေသူ မဟုတ်။ သူ ယခင်က ကြုံတွေ့ဖူးခဲ့သမျှ လူတိုင်းထက်ကို စကေးကြမ်းလွန်းလှသည်။

သူမက သူ့ထက်ပင် သာလွန်သည့် အရိပ်လက္ခဏာလေးများပင် ရံဖန်ရံခါ မြင်တွေ့နေရလေသည်။

သို့သော်လည်းပဲ လင်းရီဘက်က သူ၏ ကိုယ်ဟန်ကို တစ်ချိန်လုံး ထိန်းသိမ်းထားကာ မည်သို့သော အတိမ်းအစောင်းကိုမျှ ဖြစ်ပေါ်ခွင့် မပြုခဲ့ပေ။

ဟောလစ် သူ့ထံသို့ တိုက်ခိုက်လာတာကို ကြည့်ရင်း လင်းရီသည် ဓားမြောင်ကို သုံး၍ တန်ပြန် တိုက်ခိုက်ခြင်း မပြုခဲ့ပေ။ ထိုအစား ဘေးသို့ ကပ်ရပ်၍ သူမ၏ လက်မောင်းကို ဆွဲယူလိုက်သည်။ ထိုက်ချိနည်းစနစ်ကို အသုံးပြုရင်း ခွန်အားများအားလုံးကို အချည်းနှီ ဖြစ်ပေါ်စေလိုက်၏။ ပြီးသည့်နောက် တံတောင်ဆစ်ဖြင့် ဟောလစ်၏ ရင်ဘက်သို့ တိုက်ခိုက်လိုက်သည်။

လတ်ဆတ်သည့် သွေးတစ်လုတ်က ပန်းထွက်လာခဲ့ပြီး ဟောလစ် ခြေလှမ်းများစွာ နောက်ဆုတ်သွားခဲ့ရလေသည်။

တစ်ချိန်တည်းတွင် သူမ မတုံ့ပြန်နိုင်မီ အချိန်၌ လင်းရီသည် ဓားမြောင်ကို အသက်ယူငင်နိုင်လောက်မည့် နေရာသို့ ချိန်ရွယ်၍ ပစ်ပေါက်လိုက်သည်။

အထိတ်တလန့် ဖြစ်စွာဖြင့် ဟောလစ် ဘေးသို့ လူးလိမ့်လိုက်ပြီး ပျံသန်းလာသည့် ဓားမြောင်ကို ရှောင်တိမ်းလိုက်သည်။

သို့သော် သူမ တိုက်ခိုက်မှုအား ရှောင်တိမ်းနိုင်ခဲ့ပြီဟု အတွေးဝင်မိပြီး အချိန်မှာပဲ အနက်ရောင် အရိပ်တစ်ခုက သူမရှေ့သို့ ရောက်ရှိလာသည်။ သူမ၏ နှလုံးမှာ ချက်ချင်း လည်ချောင်းဝသို့ ဆောင့်ခုန်တက်လာခဲ့တော့၏။

လင်းရီသည် လျှပ်တစ်ပြက်အတွင်းမှာပဲ သူမ၏ မျက်လုံးရှေ့သို့ ရောက်ရှိလာလေသည်။

စိုးရိမ်ထိတ်လန့်နေသည့် အမူအရာကို ဟောလစ် ဖိနှိပ် မထားနိုင်ခဲ့ပေ။ တဒင်္ဂမျှကြာအောင် သူမ၏ စိတ်တစ်ခုလုံးမှာ ဟာလာဟင်းလင်း ဖြစ်သွားခဲ့၏။

သူမရှေ့ရှိ မြင်ကွင်းကို မည်သို့ ကိုင်တွယ်ရမှန်း သူမ မစဉ်းစားတတ်တော့ချေ။

လင်းရီသည်လည်း သူမကို များများစားစား တွေးတောနိုင်မည့် အခွင့်အရေး မပေးခဲ့ပေ။

သူ၏ ခြေထောက်ကို မြှောက်ပြီး ခွန်အားများ အားလုံး သွန်းလောင်း၍ မျက်နှာတည့်တည့်သို့ ကန်ကျောက်လိုက်၏။

ဟောလစ်မှာ ခြေကန်ချက်ကြောင့် လေထဲ လွင့်ထွက်သွားခဲ့ပြီး နောက်ရှိ နံရံသို့ သွားဆောင့်၏။ သူမက ဘီအဆင့်သို့ ရောက်ရှိနေပြီ ဆိုသော်လည်း ခန္ဓာကိုယ် ကြံ့ခိုင်မှုအပိုင်းတွင်တော့ လင်းရီနှင့် မယှဉ်သာပေ။

နံရံနှင့် ထိခိုက်ပြီးနောက်တွင် သူမ ပြန်မထနိုင်တော့ချေ။

စိတ်ချရစေရေးအတွက် လင်းရီသည် သူမ၏ လက်မောင်းကို ဆွဲပြီး နောက်သို့ လှန်ချိုးပစ်လိုက်၏။

သို့သော် ထိုမျှနှင့် လင်းရီ မရပ်တန့်သေး။ တစ်ဖက်သို့လှည့်ပြီး အီဗန်ထံသို့ ပြေးသွားကာ ၎င်း၏ ညာဘက်လက်မောင်းကို ချိုးပစ်လိုက်သည်။

ဤနည်းဖြင့် သူတို့ထဲ မည်သူကမျှ ပေါက်ကွဲအားပြင်းသည့် ခွန်အားများကို ပြုလုပ်နိုင်တော့မှာ မဟုတ်ချေ။

ဗလာကျင်းနေသည့် အခန်းထဲတွင် ဟောလစ်၏ နာကျင်စွာ အော်ဟစ်ငိုကြွေးသံတို့ကသာ ပဲ့တင်ထပ်နေသည်။ ချွေးအေးတို့က ဆက်တိုက် ကျဆင်းနေပီး မျက်ဝန်းများမှာလည်း နာကျင်မှုကြောင့် ပြူးကျယ်နေလျက် ရှိသည်။

သူမနှင့် အီဗန်တို့ နှစ်ဦးပေါင်း တိုက်ခိုက်မှုကပင် လင်းရီတစ်ယောက်တည်း၏ ပြိုင်ဘက် မဟုတ်သည်ကို သူမ မည်သို့မျှ မယုံကြည်နိုင် ဖြစ်နေသည်။

လင်းရီသည် နေရာတွင် ရပ်တန့်ရင်း လေကို အားပါးတရ ရှူရှိုက်နေလျက် ရှိ၏။

တိုက်ပွဲတွင် သူ အနိုင်ရရှိခဲ့သည်။ သို့ပေမယ့် ကံတရား၏ ဖေးမမှုတို့ များစွာ ပါဝင်နေသည့် ကပ်သီးလေး အနိုင်ရမှု တစ်ခုပင်။

အကယ်၍များ တစ်နေရာရာတွင်သာ အနည်းငယ်မျှသော တိမ်းစောင်းလွဲချော်မှုလေး တစ်ချို့ ရှိခဲ့မည်ဆိုပါက ကြမ်းပြင်တွင် လဲလျောင်းနေရမည့်လူမှာ သူ ဖြစ်နေလောက်လေသည်။

“ ဒီကိစ္စ ဒီမှာတင် ပြီးပြီ … မင်းတို့ ငါ့မိန်းမကို နောက်တစ်ခါ ပစ်မှတ်ထားဝံ့ရင် ဒီအကြွေးကို မင်းတို့ဆီ လာတောင်းမယ် …”

ချလပ် …

ထိုအချိန်မှာပဲ တံခါး ပွင့်သံ တစ်ခု ထွက်ပေါ်လာသည်။

လင်းရီ၏ အာရုံကြောတို့ တင်းမာသွားခဲ့ပြီး သူ့အကြည့်များက တံခါးပေါက်ဝသို့ စူးစိုက်ကျရောက်နေလျက် ရှိသည်။

သူ့ လက်ရှိ အခြေအနေကို ကောင်းစွာ နားလည်ထားသည်။ နှစ်ယောက် တစ်ယောက် တိုက်ပွဲ အပြီးတွင် နောက်ထပ် တိုက်ပွဲ တစ်ပွဲ နွှဲဖို့အတွက် ခွန်အား မကျန်ရစ်တော့ပေ။

အကယ်၍ ဖရီးမေဆင်က လူများ ဆက်တိုက် ရောက်လာပြီ ၎င်းတို့၏ ခွန်အားကလည်း အားနည်းနေမှာ မဟုတ်ဘူးဆိုလျှင် ထိုသူများကို ကိုင်တွယ်ဖို့ရာအတွက် အခက်တွေ့လာနိုင်သည်။

ထို့ပြင် ဤတစ်ကြိမ်၌ သူတို့ စေလွှတ်လာခဲ့သူများက လက်ဗလာနှင့် ရောက်လာလိမ့်မှာ မဟုတ်ချေ။ သေနတ်များပင် ပါလာလောက်၏။ ဤသည်က သူ့အတွက်တော့ သတင်းကောင်းတစ်ခု ဟုတ်မနေပေ။

အခန်းတံခါး ပွင့်ဟလာခဲ့ပြီး လူတစ်ဒါဇင်ကျော်ခန့် အထဲသို့ ဝင်ရောက်လာခဲ့သည်။

ဦးဆောင်လာသူက ဆံပင်မီးခိုးရောင်နှင့် သက်ကြီးပိုင်း အမျိုးသား တစ်ဦး ဖြစ်ပြီး မျက်နှာတွင် အရေးအကြောင်းတို့ ထူထဲသိပ်သည်းစွာ ရှိနေသည်။ လေးနက်ပြီး အရှိန်အဝါကြီးမားသည့် မျက်ဝန်းတို့က ရောက်လာသည့် လူသည် ခေသူ မဟုတ်ကြောင်းကို ဖော်ပြနေလျက်ရှိသည်။

ဤလူကတော့ ဖရီးမေဆင်၏ လက်ထောက် ကြီးကြပ်ရေးမှူး၊ တကယ့်စစ်မှန်သည့် ဩဇာလွှမ်းမိုးမှု ရှိသူ၊

ကိုနိုလီကလွဲ၍ အခြားလူ မဟုတ်ပေ။

ကိုနိုလီ၏ နောက်တွင် သက်လတ်ပိုင်း အမျိုးသား လေးယောက် ရှိနေပြီး ၎င်းတို့အားလုံး အသက်လေးဆယ်အရွယ် အမျိုးသားများပင်။ ထိုသူတို့၏ မျက်ဝန်းတို့က အေးစက်နေပြီး အံ့အားသင့်မှု တစ်စွန်းတစ်စတို့လည်း ရှိနေသည်။

ထို့ပြင် ဤလေးယောက်ကလည်း ဖရီးမေဆင်ထဲတွင် အီဗန်နှင့် ရာထူးအဆင့် တူညီကြ၏။

တစ်နည်းဆိုရသော် ဤခု စစ်ဆင်ရေးကို ဖရီးမေဆင်၏ လက်ထောက် ကြီးကြပ်ရေးမှူး တစ်ဦးနှင့် ကွပ်ကဲသူ ခြောက်ဦးတို့က ပူးတွဲ ဆောင်ရွက်ကြခြင်းပင်။ အမှန်စင်စစ် အထင်ကြီးစရာ အတော်ကောင်းသည့် လှုပ်ရှားမှုပင်။

၎င်းတို့ လေးဦး၏ နောက်တွင် သာမန်ပုံစံနှင့် လူအများအပြား လိုက်ပါလာပြီး ထိုအနက် နှစ်ယောက်မှာတော့ လင်းရီကို ဤနေရာသို့ ခေါ်ဆောင်လာပေးသည့်လူပင်။

ကြမ်းပြင်တွင် လဲလျောင်းနေသည့် အီဗန်နှင့် ဟောလစ်ကို မြင်တွေ့သော်လည်းပဲ ကိုနိုလီ၏ အမူအရာမှာ ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။

“ ကျုံးဝေ့တပ်ဖွဲ့ အသင်းတစ်ရဲ့ ခေါင်းဆောင် ပီသပါပေတယ် … ငါတို့ရဲ့ ကွပ်ကဲသူ နှစ်ဦးကတောင် မင်းအမှောက်သိပ်တာကို ခံလိုက်ရတယ်ဆိုတော့ … ဒီလောက် နှစ်တွေ ကြာပြီးတဲ့နောက်မှာ လျန်ရှန့်ဟော်က နောက်ဆုံးတော့ ငယ်သားကောင်း တစ်ယောက်ကို ပျိုးထောင်နိုင်ခဲ့ပြီပဲ ….”

လင်းရီ မျက်မှောင်ကြုတ်သွားခဲ့သည်။ “ ခင်များ သူနဲ့ သိနေတယ် …”

“ မိတ်ဆွေဟောင်းကြီးတွေပဲဟာ … မဆုံဖြစ်တာ အတော်ကြာပြီ ဆိုပေမယ့် …. အခု မင်းကို ဒီနေရာမှာ မြင်လိုက်ရတော့ သူ့ကိုတောင် ပြေးသတိရမိသွားတယ် ….”

လင်းရီ၏ အမူအရာမှာ အပြည့်အဝ အာရုံစိုက်ထားလျက် ရှိသည်။ သူ့ရှေ့ရှိ လူများကို လက်ရှိ ခန္ဓာကိုယ် အနေအထားဖြင့် မကိုင်တွယ်နိုင်ပေ။

ဖရီးမေဆင်ဘက်က ဤမျှ လူအများအပြား စေလွှတ်လာခဲ့လိမ့်မည်လို့လည်း မျှော်လင့်မထားခဲ့ပေ။ ကြည့်ရသည်မှာတော့ သူသည် အနှီ ရှေးဟောင်းပစ္စည်း၏ အရေးပါမှုကို လျှော့တွက်မိခဲ့ပုံပင်။ ယခုတော့ ရှောင်ပင်းတို့တွေ အကူတပ်ဖွဲ့များနှင့် အလျင်အမြန် ရောက်လာဖို့ပဲ မျှော်လင့်ရုံ ရှိတော့သည်။

“ တကယ်ပဲ အဲ့လိုသာဆိုရင်တော့ ကျုပ် ခင်များတို့ နှစ်ယောက်ကို တွေ့ပေးလို့ရတယ် … တွေ့ရင်းဆုံရင်း ရှေးဟောင်းနှောင်းဖြစ်လေးတွေ ပြောကြပေါ့ ….”

ကိုနိုလီ ပြုံးလျက် ခေါင်းခါယမ်းလိုက်သည်။ “ ဒါက ဟွာရှလေ … ငါ သူနဲ့ ဘယ်လိုလုပ်ပြီး သွားတွေ့ဝံ့မှာ … ငါတို့ ဒီရောက်လာခဲ့တာက ပစ္စည်း ယူဖို့ သပ်သပ်ပါပဲ … မင်းဘက်က ပူးပေါင်းပေးဖို့‌ မျှော်လင့်ပါတယ် ….”

လင်းရီ ကျယ်လောင်စွာ ဟားတိုက် ရယ်မော၍ အီဗန်နှင့် ဟောလစ်ကို ကြည့်လိုက်၏။

“ အဲ့ကိစ္စနဲ့ ပတ်သက်လို့ကတော့ ဆွေးနွေးစရာ အကြောင်း မရှိဘူး …. မဟုတ်ဘူးဆိုရင် အဲ့နှစ်ယောက်ကလည်း ကြမ်းပြင်မှာ လဲလျောင်းနေရမှာ မဟုတ်ဘူး ….”

“ ဘာလို့ အဲ့လောက်ထိ ခက်နေရတာလဲ … ဒီလိုတွေ လုပ်ဖို့ လိုအပ်လို့လား … ဘယ်လိုပဲ ပြောပြော ငါတို့ကတော့ မင်းကို ရှင်လျက် မလွှတ်ပေးလိုက်နိုင်ဘူး … “ ကိုနိုလီက ပြောလိုက်ပြီး “ ဘာပဲဆိုဆို မင်းမှာ ဂရုစိုက်ရမယ့် မိသားစုတွေ … မွေးမလာသေးတဲ့ ကလေးတွေကို ပျိုးထောင်ပေးဖို့ ရှိသေးတယ်လေ … ကျုံးဝေ့တပ်ဖွဲ့အတွက်နဲ့ မင်းက ကိုယ့်မိသားစုကိုယ် လက်လျှော့ပစ်လိုက်တော့မှာလား …”

လင်းရီသည် ထောင့်ဖြတ်ချဉ်းအတိုင်း လျှောက်လှမ်းရင်း ကြမ်းပြင်တွင် ကျနေသည့် ဓားမြောင်ကို ကောက်ယူလိုက်သည်။

“ လူက ကိုယ့်ကိုယ်ကို ဂရုစိုက်ရတယ် … မဟုတ်ရင် ကောင်းကင်က ဖျက်စီးသွားလိမ့်မယ် … ဒါပေမယ့် လူဆိုတာ ရှင်သန်နေစဉ်မှာ ယုံကြည်မှုနဲ့ အသက်ရှင်သင့်တယ် .. ဒီနေ့ သေရမယ်ဆိုရင်တောင် ကျုပ်ဘက်ကတော့ ခင်များတို့ သုံးလေးယောက်ကို အပါခေါ်သွားမှာပဲ ….”

လင်းရီသည် ဓားမြောင်ကို လက်ထဲ တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း သူ၏ အကြည်တို့က ကန္တရာမြွေဟောက်နှယ် နက်ရှိုင်းနေလျက် ရှိနေသည်။

“ ပြီးတော့ နောက်တစ်ခု ခင်များတို့ တစ်ခု နားလည်ထားသင့်တာက … မျက်လုံးအတွက် မျက်လုံး ၊ သွားအတွက်သွား၊ တကယ်လို့ ကျုပ် ဒီမှာ သေသွားခဲ့ရင် ခင်များတို့ ဖရီးမေဆင်လည်း နောက်နှစ် ခရစ်စမတ်အတွက် အသက်ရှည်လိမ့်မယ် မထင်နဲ့ … ဒါကို ကျုပ်ဘက်က အကြံပေးလက်ဆောင်လို့ပဲ သဘောထားလိုက် … ခင်များတို့လည်း ဖရီးမေဆင် အတွက်နဲ့ ကိုယ့်အသက်ကို စတေးဖို့ မလိုပါဘူး ဟုတ်တယ်မလား ….”

“ ဟားဟား ….” ကိုနိုလီက နှစ်ခြိုက်အားရစွာ ဗီလိန်ဆန်ဆန် ရယ်မောလိုက်ပြီး “ မင်းက ကျုံးဝေ့တပ်ဖွဲ့ထဲ အရေးပါတဲ့ နေရာမှာ ရှိမှန်းတော့ ငါသိတယ် … ဒါပေမယ့် ဟွာရှက မင်းတစ်ယောက်တည်း အတွက်နဲ့ နိုင်ငံချင်း စစ်ကြေညာတဲ့အထိ ဖြစ်မယ်လို့တော့ မယုံဘူး … နိုင်ငံရေးနဲ့ စီးပွားရေးမှာ ငါတို့ရဲ့ လွှမ်းမိုးမှုတွေကို မလျှော့တွက်စမ်းနဲ့ … မင်းရဲ့ ဒီစကားလုံးတွေက သာမန်လူတွေလောက်ပဲ ခြောက်လို့ရမယ် … ငါ့ကိုတော့ မရဘူး ….”

ပြောပြီးသည်နှင့် ကိုနိုလီက လက်ဟန်ပြလိုက်သည်။

“ ငါ့အထင် သူ ငါတို့နဲ့ ပူးပေါင်းပေးမယ်လို့ မထင်ဘူး … ခေါ်ထုတ်သွားကြ ….”

“ ဟုတ်ကဲ ….”

ကွပ်ကဲသူ လေးဦးလုံးက တုံ့ပြန်လိုက်ကြပြီး ကိုနိုလီ အနောက်မှ ထွက်လာခဲ့ကြကာ လင်းရီအပေါ် လှုပ်ရှားဖို့ အဆင်သင့် ဖြစ်နေကြသည်။

သို့သော် ထိုအချိန်မှာပဲ ဩရှပြီး ကျယ်လောင်သည့် အသံတစ်သံက တံခါးပေါက်ဝမှနေ၍ ပျံ့လွှင့်လာသည်။

“ ငါတောင် မသေသေးဘူး … ငါ့သားအပေါ် လက်ရွယ်ရဲတယ်ဆိုတော့ မင်းတို့ ဖရီးမေဆင်သွေးက တော်တော် ရဲနေတာပဲ ….”

All Chapters