← Chapters

လုံး၀ ကျိုးကြောင်းညီညွှတ်မှု မရှိ

Vol. 164 Ch. 2363

လုံး၀ ကျိုးကြောင်းညီညွှတ်မှု မရှိ

Vol. 164 Ch. 2363

အလှမ်း သိပ်မဝေးသည့် အရှေ့တစ်နေရာတွင် လူအုပ်ကြီး တစ်ခု စုပြုံနေသည်။

နှစ်ဦးသား ခန့်မှန်းမိသည့်အတိုင်းပဲ အက်စီးဒင့် ဖြစ်သည့် ယာဉ်က တကယ်လည်း Rolls Royce ဖြစ်နေသည်။

ကားပိုင်ရှင်ကြည့်ရသည်မှာတော့ သက်လတ်ပိုင်း စုံတွဲ တစ်တွဲ ဖြစ်ဟန်ရသည်။ နှစ်ဦးလုံးက အသက် လေးဆယ်ပိုင်း ဝန်းကျင်များ ဖြစ်ကြပြီး အတော်လေး ငယ်ရွယ်သည့် သွင်ပြင်ကို မြင်တွေ့နေရသည်။

၎င်းတို့နံဘေးတွင် သက်ကြီးပိုင်း အမျိုးသမီး တစ်ဦးနှင့် ကလေးတစ်ဦး မတ်တပ်ရပ်နေပြီး ခွေးတစ်ကောင်လည်း ဘေးနားတွင် လဲလျောင်းနေသည်။ အသက်မျှင်းမျှင်းမျှသာ ကျန်ရစ်တော့ပြီး မည်သို့မျှ မကယ်တင်နိုင်တော့သည့် အခြေအနေပင်။

ထို့ထက်ပို၍ ဆွဲဆောင်မှု ရှိနေသည့်အရာကား တောက်တောက်ပြောင်ပြောင်နှင့် တည်ရှိနေသည့် Rolls Royce ကားပင်။

ယွမ် ဆယ်သန်း နီးပါးပေးရသည့် Rolls Royce ကားက ကျိုးဟိုင်ကဲ့သို့ နေရာမျိုး၌ပင် အင်မတန် မြင်ရခဲယဉ်းသည့် ကားတစ်စင်း ဖြစ်၏။

“ အဘွားကြီး … ကျုပ်တို့ ယွမ် ၂,၀၀၀ ပေးဖို့ သဘောတူထားပြီးပြီလေ … ဘာလို့ မကျေနပ်နိုင်သေးရတာလဲ ….”

ပြောလိုက်သည့် အမျိုးသား ဖြစ်သူ၏ လေသံမှာ အလွန်အမင်း စိတ်မရှည် ဖြစ်နေဟန်ပင်။

“ ရှောင်ချီက ငါတို့အိမ်ရဲ့ မိသားစုဝင် ဖြစ်လာတာ လေးနှစ်ကျော်ပြီ … ယွမ် ၂,၀၀၀ လောက်လေးနဲ့ ဒီကိစ္စကို ကျေအေးပေးလို့ရမယ် ထင်နေလား ….”

သက်ကြီးပိုင်း အမျိုးသမီးက မခံမရပ်နိုင် ဖြစ်နေပြီး “ နင်တို့ လူချမ်းသာတွေရဲ့ မျက်လုံးထဲမှာ အသက်တစ်ချောင်းက အဲ့လောက်တောင် ဈေးပေါနေလား ….”

“ ဒီကိစ္စက ငါတို့နဲ့ ဘာမှ မဆိုင်ဘူး .. ခွေးကို သေချာ မထိန်းတဲ့ နင်တို့ အမှားပဲ … ခွေးက ရုတ်တရက်ကြီး လမ်းရှေ့ ဖြတ်ပြေးလာမှတော့ တိုက်မိတာ မှားသလား ….” ဒရိုင်ဘာ၏ ဇနီးသည်က ဝင်ပြောလိုက်၏။

“ ခွေးကို သေချာ မထိန်းဘူးဆိုတာ ဘာစကားလဲ ….” အမျိုးသမီးကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး “ ငါ့ခွေးလေးကို နင်တို့တွေ သတ်ချင်တိုင်း သတ်ပြီး နင်တို့လုပ်ရပ်က မှန်နေသလိုမျိုး စကားလာမပြောနဲ့ …..”

သက်လတ်ပိုင်း စုံတွဲမှာ အတော်လေး စိတ်မရှည် ဖြစ်လာနေပြီး အနည်းငယ်ပင် ရွံရှာစက်ဆုပ်နေမိကြ၏။ တကယ့်ကို ပြဿဒါး နေ့ပင်။ အိမ်က မထွက်လာမီ ပြက္ခဒိန်ကို သေချာကြည့်ခဲ့သင့်ဖို့ ကောင်းသည်။

“ ကျုပ် နောက်ထပ် ယွမ် ၁,၀၀၀ ထပ်ပေးမယ် … သည့်ထက်ပိုပြီးမှတော့ မလိုက်လျောပေးနိုင်တော့ဘူး ….” အမျိုးသားက ပြောလိုက်၏။

“ ဘယ်လောက်ပါဆိုတာကို ဘာလို့ နင်က ဆုံးဖြတ်ရမှာလဲ …” အမျိုးသမီးကြီးက ဆက်တိုက် စိန်ခေါ်နေပြီး “ ငါ့မြေးမလေး ဘယ်လောက်ကြောက်သွားလဲ နင်ကြည့်စမ်း …. စကားတောင် မပြောနိုင်တော့ဘူး … ပြီးတော့ ရှောင်ချီက ငါ့မြေးမလေးရဲ့ ကစားဖော် ကစားဖက် ၊ အခု သေပြီ … နင်တို့ စိတ်ပိုင်းဆိုင်ရာ လျော်ကြေးပါ ထပ်ပေးရမယ် … ပြီးတော့ ငါ့မြေးမလေးကို ဆရာဝန်လည်း လိုက်ပြပေးရမယ် ….”

ဤစကားကြားတော့ စုံတွဲမှာ ပို၍ပင် ဒေါသဖြစ်လာသည်။

သူတို့မှာ ကားလျော်ကြေးပင် မတောင်းသည့်တိုင် တစ်ဖက်ကတော့ စိတ်ပိုင်းဆိုင်ရာ လျော်ကြေးပါ လာတောင်းနေသည်။ ဤလူများက တကယ့်ကို အရှက်မရှိသည့် လူစားမျိုးများပင်။

“ တော်ပြီ … ဒီကိစ္စ ဆက်မပြောကြစို့ … ရဲတွေ ရောက်လာမှပဲ စာရင်းရှင်းကြတာပေါ့ …”

မူလတုန်းကတော့ ကားပိုင်ရှင်သည် ဤကိစ္စကို သီးသန့် ဖြေရှင်းချင်ခဲ့ပြီး ချဲ့ကားသွားတာမျိုး မဖြစ်စေချင်ခဲ့ပေ။

သို့သော် ယခုမူ .. တစ်ဖက်လူက မတန်မရာ တောင်းဆိုလာသဖြင့် အကယ်၍ ဤအတိုင်း ဆက်ဖြစ်နေမည်ဆိုပါက တစ်ဖက်မှ အသာစီး ရသွားနိုင်သည်။ ရဲများ လာရောက် ဖြေရှင်းပေးမှာကို စောင့်ဆိုင်းသည်က အကောင်းဆုံးပင်။

သို့သော်လည်းပဲ ရဲများ ရောက်လာခဲ့လျှင်ပင် လက်ရှိ လူ့အသိုင်းအဝိုင်း၏ သဘောသဘာဝအရ သူတို့ဘက်က နေပေးလိမ့်မည်ဟု မထင်ပေ။

“ ဒါဆိုလည်း ရဲတွေ ရောက်လာတာကို စောင့်ကြတာပေါ့ … ငါတို့အတွက် တရားမျှတမှု မရှိဘူးဆိုတာ မယုံဘူး ….”

အမျိုးသမီးကြီးက ရင်ဘက်ရှေ့ လက်မောင်းပိုက်လျက် မိမိဘက်က တရားနိုင်ဖို့ရာ သေချာနေသည့် ဟန်အမူအရာမျိုးဖြင့် မားမားမတ်မတ် ရပ်တည်နေသည်။

“ ကောင်လေး … ဒီကိစ္စကို ရေးကြီးခွင်ကျယ် လုပ်မနေစမ်းပါနဲ့ကွာ … မင်းတို့က ဒီလောက်ကောင်းတဲ့ကားကြီး မောင်းနေတာ ပိုက်ဆံ မချို့တဲ့လောက်ပါဘူး … ငွေနည်းနည်းသုံးပြီး ကံဆိုးကံညစ်တွေ ဖယ်ရှားတယ်ပဲ သဘောထားလိုက်ပေါ့ ….” သက်လတ်ပိုင်း အမျိုးသားတစ်ဦးက အကြံပြုလာလေသည်။

“ ကျုပ်လည်း သူနဲ့ မငြင်းချင်ပါဘူး ဦးလေးရာ … ဒါပေမယ့် သူ တောင်းဆိုတာကြီးက သိပ်တရားလွန် လွန်းတယ် … ဒီတိုင်း အလကားသပ်သပ် ငွေညှစ်တာကိုတော့ ကျုပ်လည်း သည်းမခံနိုင်ဘူး ….”

“ အဓိကက မင်းက ကားမောင်းတဲ့လူ ဖြစ်နေလို့ … ဒီလို ကိစ္စမျိုးမှာ ဘယ်လိုပဲ ဖြစ်ဖြစ် မောင်းသူရဲ့ အမှားပဲ ….” သက်လတ်ပိုင်း အမျိုးသားက ထပ်ပြီး ဖြည့်စွက်ပြောိုက်သည်။ “ တကယ်လို့ ရဲတွေ ရောက်လာခဲ့ရင်တောင် ကလေးကို ဆေးရုံခေါ်ပြီး ဆေးစစ်ခိုင်းလိမ့်မယ် … ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းပြီး ခေါင်းကိုက်တယ်လို့ အော်နေရင် မင်း ယွမ် တစ်သောင်းပေးတာ ကြေအေးလို့ ရမှာ မဟုတ်တော့ဘူး …..”

“ ဒါက …..”

စုံတွဲမှာ ဒေါသရော ခံပြင်းစိတ်ပါ တစ်ပြိုင်တည်း ခံစားနေရသည်။

သူတို့ အမှားမဟုတ်သော်လည်း သီးသန့် ဖြေရှင်းချင်နေသည်က ထိုအကြောင်းအရင်းကြောင့်ပင်။

ဘာကြောင့်ဆိုတော့ သူက ကားမောင်းသူ ဖြစ်ပြီး ခြေကျင် သွားလာသူနှင့် ဖြစ်ပွားသည့် မည်သို့သော အထိကရုဏ်းတွင်မဆို သူ့ဘက်ကပဲ တာဝန်ခံရမှာ ဖြစ်၏။

“ ရဲတွေ ဒီရောက်လာပြီ ၊ ရဲတွေ ဒီရောက်လာပြီ … လမ်းဖယ်ကြ ….”

ရဲကား ရပ်တန့်လာသည်နှင့် လူအုပ်ကြီးက လမ်းဖယ်ပေးလိုက်ကြပြီး လင်းရီနှင့် ကျန်းဇီရှင်းတို့နှစ်ဦးမှာ ဘေးချင်းကပ် လမ်းလျှောက်လာခဲ့ကြသည်။

လင်းရီက ကားရှေ့တွင် ရပ်တန့်ပြီး လမ်းတွင် လဲလျောင်းနေသည့် ခွေးကို တစ်ချက် ကြည့်လိုက်၏။ ခွေးက သာမန် ခွေးသေးသေးလေး တစ်ကောင်မျှသာ။

အိမ်မွေး တိရစ္ဆာန် ဈေးကွက်တွင် အများဆုံး ယွမ် တစ်ရာခန့်မျှသာ ပေးရ၏။ ဤသို့ဆိုလျှင် ကိုင်တွယ်ရ လွယ်ကူသွားချေပြီ။

နေရာတွင် ရပ်နေရင်း လင်းရီ ပါဝင်ပတ်သက်နေသည့် နှစ်ဦးနှစ်ဖက်ကို သိမ်းကျုံးကြည့်ရှုလိုက်၏။

“ ပြော … အတိအကျ ဘာတွေ ဖြစ်တာလဲ ….”

“ ဖြစ်ပုံကတော့ ဒီလိုပါ ……”

ဒရိုင်ဘာ၏ ဇနီးသည်က ရှေ့သို့ ထွက်လာပြီး အက်စီးဒင့် အသေးစိတ်ကို လင်းရီထံသို့ ရှင်းပြလိုက်သည်။

နားထောင်ပြီးနောက် လင်းရီသည် အဘွားကြီးထံသို့ ခေါင်းလှည့်ကြည့်လိုက်၏။

“ သူ ပြောသွားတာတွေကို ခင်များသဘောတူလား ….”

“ တော်တော်များများကတော့ အဲ့လိုပါပဲ ….”

အဘွားကြီးမှာ အနည်းငယ် တွန့်ဆုတ်နေသော်လည်းပဲ တစ်ဖက်သူ ပြောသွားသည်များကလည်း မမှားယွင်းပေ။ ထို့ကြောင့် ပြန်မငြင်းနိုင်ပဲ ဖြစ်နေသည်။

“ ကျုပ် အနှစ်ချုပ်ပေးလိုက်မယ် … ခင်များက လမ်းပေါ်မှာ ခွေးကို လည်ပတ်ကြိုးမပါဘဲ လမ်းလျှောက်နေတယ် … ခွေးက လမ်းမပေါ် ဖြတ်ပြေးတယ် … အဲ့မှာ ကားက ခွေးကို တိုက်မိသွားတယ် …. ဒါကို နှစ်ဖက်လုံး ကန့်ကွက်စရာ ရှိလား ….”

“ မရှိပါဘူး …”နှစ်ဖက်လုံးက တစ်ယောက်ပြီး တစ်ယောက် ဖြေလာခဲ့၏။

လင်းရီသည် သက်လတ်ပိုင်း အမျိုးသား ကားပိုင်ရှင်ကို ကြည့်၍ “ ရှေ့ဘက်ခြမ်းက နည်းနည်း ကျွံဝင်သွားတာ တွေ့တယ် … ခင်များ 4S ဆိုင်ကို ဖုန်းဆက်ပြီးပြီလား ….”

“ မခေါ်ရသေးဘူး … ဒါပေမယ့် အရင် အတွေ့အကြုံတွေ အတိုင်းဆိုရင် ပြန်ပြင်ဖို့ ယွမ် သုံးသောင်းလောက် ကုန်မယ် …”

လင်းရီ ခေါင်းညိတ်လိုက်သည်။ ဈေးက အနေတော်ပင်။

ကားအကြောင်း မေးမြန်းစုံစမ်းပြီးနောက် အဘွားကြီးထံသို့ လင်းရီ ပြန်လှည့်ကြည့်လိုက်၏။

“ ဒီခွေးမှာ ကာကွယ်ဆေးထိုးထားတဲ့ လက်မှတ်နဲ့ ခွေးမှတ်ပုံတင် ရှိလား ….”

“ ဟင် ….”

အဘွားကြီးမှာ လုံးဝ နားမလည်နိုင်ဘဲ “ အဲ့တာက ဘာတွေလဲ … ငါ တစ်ခါမှ မကြားဖူးပါဘူး ….”

“ ဆိုတော့ ပြောရရင် ခင်များမှာ အဲ့တာတွေ မရှိဘူးပေါ့ ….” လင်းရီ ပြောလိုက်ပြီး “ ကားပိုင်ရှင် ပြောခဲ့တဲ့ အတိုင်းဆိုင်ရင် ကားပြင်ဖို့ ကုန်ကျစရိတ်က ယွမ်သုံးသောင်းလောက် ရှိတယ် … ခင်များကိုယ်တိုင် ပေးမလား … ဒါမှမဟုတ် ပေးဖို့ ခင်များမိသားစုထဲက တစ်ယောက်ယောက်ကို ကျုပ်တို့ ဆက်သွယ်ပေးရမလား … ခင်များ မပေးဘူးဆိုလည်း တစ်ယောက်ယောက်ကို မြန်မြန်ခေါ်လိုက် ….”

“ ဟင် ….”

ဤသို့သော အဆုံးအဖြတ်ကို ကြားတော့ ရှိနေကြသည့် လူတိုင်း အံ့အားသင့်ကုန်ကြသည်။

အဘွားကြီးမှာ တိုက်ကြက်ကြီး လည်ဆံမွှေးထောင်သကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“ နင် ဘာစကားတွေ လာပြောနေတာလဲ …. သူတို့က ငါ့အိမ်က ခွေးကို သတ်လိုက်တာလေ … ဒါကို နင်က ငါ့နား လျော်ကြေးလာတောင်းနေတယ်ဟုတ်လား ….”

လင်းရီ သူမကို ကြည့်လိုက်ပြီး “ ပြည်သူ့လုံခြုံရေး စီမံခန့်ခွဲမှုနဲ့ အပြစ်ပေးမှု ဥပဒေအရဆိုရင် ခွေးကို လည်ပတ်ကြိုးမပါဘဲ လမ်းလျှောက်တဲ့ ခင်များက အပြည့်အဝ တာဝန်ယူရမှာပဲ ….”

“ သေသွားတာက ခွေးလေ … ခွေးလည်း အသက်တစ်ချောင်းပဲ … ဒါကို ငါတို့အမှားလို့ ပြောချင်နေတာလား ဟုတ်လား …”

“ ခင်များရဲ့ အသက်ကို အားသာချက် တစ်ခုအနေနဲ့ ကျုပ်အပေါ်မှာ လာအသုံးမချနဲ့ … အသုံးမဝင်ဘူး ….” လင်းရီ ပြောလိုက်ပြီး “ ခွေးမပြောနဲ့ … လူတစ်ယောက် လမ်းမရှေ့ ဖြတ်ပြေးပြီး ကားတိုက်လို့ သေသွားရင်တောင် အဲ့တာ သူတို့ အမှားပဲ … မြန်မြန် ပိုက်ဆံပေးလိုက်တော့ ….”

ထွက်ပေါ်လာသည့် ရလဒ်က လူတိုင်း ထင်မှတ်မထားသည့် အရာ ဖြစ်နေသည်။

ရဲအရာရှိ၏ ဆုံးဖြတ်ချက်က အဘွားကြီးကို အသားမပေးဘဲ ထိုအစား သူမကို လျော်ကြေးပေးဖို့ တောင်းခံနေခဲ့၏။ ယင်းက တကယ့်ကို စိတ်ကျေနပ်စရာပင်။

“ နင် ဒါ ငါတို့ကို တမင်သပ်သပ် အနိုင်ကျင့်နေတာပဲ … ငါ့တို့အိမ်က ခွေးလေး သေသွားတာကို နင်က လျော်ကြေးလာတောင်းနေတယ် … ငါ အသက် မရှင်ချင်တော့ဘူး … မိုးနတ်မင်းကြီးရေ … ဒီ အဘွားကြီးရဲ့ အသက်ကို လာယူသွားလှည့်ပါတော့ … အီးဟီးဟီး …..”

အဘွားကြီးက လမ်းမပေါ် ထိုင်ပြီး ကျိုးကြောင်းမဆီလျော်စွာ ပြုမူနေတာကို မြင်နေသော်လည်း လင်းရီမှာမူ တုတ်တုတ်မလှုပ်သွားခဲ့ပေ။

“ ခင်များက အသက်ကြီးနေပြီ … ဒီတော့ ကျုပ် ခင်များကို မထိဘူး .. ဒါပေမယ့် ခင်များရဲ့ သားသမီးတွေကို ဆက်သွယ်လိုက်မယ် … ခင်များဘက်က စိတ်ပြင်ဆင်ထားလိုက် …”

စိုးရိမ်ထိတ်လန့်သွားခြင်း …။

လမ်းမပေါ် ထိုင်ပြီး မျက်ရည်ကျပြနေသည့် အဘွားကြီးမှာ ထိုစကားကြားတော့ ချက်ချင်းပဲ မျက်နှာ အမူအရာ ပြောင်းလဲသွားခဲ့သည်။ သူမ ဆက်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်လို့မရတော့ပေ။ ထို့နောက် ရုတ်တရက် ကားပိုင်ရှင်ဘက်သို့ လှည့်၍ “ ငါ ဒီကိစ္စကို ဆက်မလိုက်တော့ဘူး … နင် စောနက ပြောတဲ့အတိုင်းပဲ ယွမ်သုံးထောင်ပေးလိုက် … ဒီကိစ္စ ကျေပြီလို့ သဘောထားပေးမယ် ….”

“ ရဲအရာရှိက အခုလေးတင် ခင်များကို ယွမ် သုံးသောင်း လျော်ခိုင်းနေတာ ဒါတောင် ခင်များက ကျုပ်ဆီ ပိုက်ဆံ ပြန်လာတောင်းနေတာ … ခင်များ ဘယ်လိုတွေ စဉ်းစားနေတာ ….”

“ နင်ပဲ စောနကပြောတော့ သီးသန့် ဖြေရှင်းချင်တယ်ဆို … ငါတောင်းတာက ၃,၀၀၀ လေးတည်းပါ … နင်ပေးပြီးတာနဲ့ ဒီကိစ္စ ကျေပြီ ….”

“ အဲ့လိုက မဖြစ်နိုင်ဘူး … အခု ကျုပ်တို့တွေ သီးသန့် ဖြေရှင်းလို့ မရတော့ဘူး … ခင်များ ကောင်းကောင်းမွန်မွန်နဲ့ ပိုက်ဆံ ထုတ်ပေးလိုက် …”

All Chapters