← Chapters

အဆုံးသတ် တိုက်ပွဲ

Vol. 20 Ch. 267

အဆုံးသတ် တိုက်ပွဲ

Vol. 20 Ch. 267

အခန်း (၂၆၇) : အဆုံးသတ် တိုက်ပွဲ

ဝမ်ဝေ့က ကျီစုန့်၏ တွင်းနက်ကြီး ဝါးမျိုရေးစွမ်းရည်ကို လက်သီးများစွာ ထိုးခွင်း၍ လွှမ်းမိုးဖို့ ကြိုးစားလိုက်သော်လည်း ထိုနည်းဗျူဟာက ကျရှုံးသွားလေသည်။ အကြောင်းမှာ ကျီစုန့်က တိုက်ကွက်အားလုံးကို ချက်ချင်း နေရာပြောင်းပို့နေ၍ ဖြစ်သည်။

ဒီလိုဆိုရင် အရမ်းအားကောင်းတဲ့ တိုက်ကွက်ကို ဘယ်လိုရင်ဆိုင်မလဲကြည့်ကြတာပေါ့

ဝမ်ဝေ့က သူ့ဘာသာသူ တွေးလိုက်သည်။

သူက တုံ့ဆိုင်းခြင်း မရှိဘဲ ကမ္ဘာချိုးဖောက် လက်သီးအား ထုတ်သုံးလိုက်သည်။ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး (အရေပြား၊ ကြွက်သား၊ အရိုး အစရှိသဖြင့်) တစ်ပြိုင်နက် တုန်ခါလာကြပြီး ထိုတုန်ခါမှုက သူ့ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားလေသည်။

ကျီစုန့်က နောက်တိုက်ကွက်သည် ယခင်သူတို့တိုက်ပွဲအတွင်း သူ သေလုနီးပါးဖြစ်သွားသည့် တိုက်ကွက်မှန်း သိလိုက်သည်။

ထို့ကြောင့် သူက စွမ်းအားအကုန်သုံးကာ ဝါးမျိုပြီး ပြန်လည်လမ်းကြောင်းလွှဲဖို့ ကြိုးစားလိုက်သည်။ သို့သော် ဤတစ်ကြိမ် တိုက်ကွက်ကို ဘယ်နေရာ လမ်းကြောင်းလွှဲရမည်ဟု အတိအကျ မသတ်မှတ်တော့ပေ။

သူ့အတွက် ကံဆိုးသည်က သူက တိုက်ကွက်၏ ပြင်းအားကို လျှော့တွက်မိသလို သူ့စွမ်းဆောင်ရည်ကို အထင်ကြီးမိထားခြင်း ဖြစ်၏။

ယခင် ဝမ်ဝေ့၏ ခန္ဓာကိုယ်က ယခုလောက် အားမကောင်းသေးသော်လည်း ထိုတိုက်ကွက်က အားပြင်းလွန်းလှသည်။ ယခုအတွက်မူ ပြောစရာ မလိုတော့ပေ။ ထို့အပြင် ထိုတိုက်ကွက်က ဝမ်ဝေ့၏ ဝိညာဉ်ပါ တုန်ခါသွားသည့်အတွက် ဝိညာဉ်ပိုင်းဆိုင်ရာပါ ပါဝင်နေသည်။

ထို့ကြောင့် စက္ကန့်ပိုင်းအတွင်း ကာလံဒေသံ တွင်းနက်ကြီးက ခြေဖျက်ခံလိုက်ရပြီး ကမ္ဘာတွင် အက်ကြောင်းများစွာ ဖြစ်ပေါ်လာစေသည်။

ကျီစုန့်အတွက်မူ ပေါက်ကွဲမှုအပြီး ဒဏ်ရာများစွာဖြင့် လွင့်ထွက်သွားလေသည်။ သူက အတော်လေး ပုံပျက်သွား၏။ ထို့အပြင် သူ့ခန္ဓာကိုယ်အတွင်း ကျန်ရှိနေသည့် အာကာပြင် စွမ်းအားက သူ့ ကုသနိုင်စွမ်းကို အနှောင့်အယှက်ပေးနေသည်။

သူက မြေပြင်ပေါ် လဲနေရင်း လက်ချောင်းတစ်ချောင်းပင် မလှုပ်နိုင်တော့ပေ။ မဟာကျိုး အိမ်ရှေ့စံ၏ မျက်နှာအထက်တွင် စိတ်ပျက်အားငယ်သည့် အရိပ်အယောင်မျိုး မရှိဘဲ ခိုင်မာသည့် ဆုံးဖြတ်ချက်တို့သာ ရှိနေသည်။

ထိုစဉ် သူက ကမ္ဘာမှ အသက်ဓာတ် သို့မဟုတ် စွမ်းအင်အားလုံးကို စုပ်ယူလိုက်သည်။ ထိုစဉ် သစ်ပင်မြောက်များစွာက ခြောက်သွေ့သွားပြီး မြေပြင်က ကန္တာရထက်ပင် ဆိုးသည့် ကျတ်တီးမြေအဖြစ် ပြောင်းလဲသွားလေသည်။ မြစ်၊ ချောင်းနှင့် ရေကန်များရှိ ရေများလည်း ခြောက်သွေ့သွားပြီး တောင်များလည်း တောင်ကတုံး ဖြစ်သွားကာ လွင်ပြင်လို ဖြစ်သွားလေသည်။

နေမင်း မရှိတော့သည့် ကမ္ဘာက ယခုအခါ ပို၍ပင် အခြေအနေ ပိုဆိုးသွားလေသည်။

ကျီစုန့်က မြေပြင်ပေါ်မှ ထရပ်ပြီးနောက် ပတ်ဝန်းကျင်မှ သူ့ခန္ဓာကိုယ်အတွင်း စွမ်းအားများ စုပ်ယူလိုက်ပြီး ဧရာမချပ်ဝတ်ကြီး ဖန်တီးလိုက်သည်။ သိပ်မကြာခင် သူက ကျောက်တုံး၊ သစ်ပင်များဖြင့် ပြုလုပ်ထားသည့် ဧရာမ လူသားကြီးအဖြစ် ပြောင်းလဲသွားသည်။ သူက ကမ္ဘာမြေ၏ မိခင်ဖြစ်သူ တိုက်တန် ဂါယာနှင့်ပင် တူနေသည်။ သူက မြို့တစ်မြို့ထက်ပင် ကြီးသော လက်ကို မြှောက်လိုက်ပြီး ဝမ်ဝေ့အား စိတ်အနှောင့်အယှက်ပေးသော ယင်ကောင်လိုမျိုး ရိုက်ထုတ်ဖို့ ကြိုးစားလိုက်သည်။

ဝုန်း

ဝမ်ဝေ့က သူ့ လက်ဗလာဖြင့် ထိုဧရာမလက်ကို ခုခံတားဆီးလိုက်သော်လည်း သူ့ခြေထောက်အထက် အက်ကြောင်းများ ပေါ်လာလေသည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်အပေါ် ကျရောက်နေသော အင်အားက တဖြည်းဖြည်းတိုးလာကြောင်း ခံစားမိလိုက်သည်။

သူက သူ့အလေးချိန်ကို တိုးဖို့ မြေဆွဲအားကို အသုံးပြုနေတာလား။ အရှိန်က စွမ်းအားလိုမျိုးပဲ .. အဲဒါကြောင့် အလေးချိန်ကလည်း စွမ်းအား ဖြစ်နိုင်တယ်။

ဝမ်ဝေ့က သူ့ဘာသာသူ တွေးလိုက်သည်။ ထို့နောက် သူက ထိုဧရာမလက်ကြီးဆီ လက်သီးတစ်ချက်ဖြင့် ပစ်ခွင်းလိုက်လေသည်။

သူ့ခန္ဓာကိုယ်မှ ဧရာမလက်သီးချက် တစ်ခုဖြစ်ပေါ်လာကာ ကျီစုန့်၏ တိုက်တန် ခန္ဓာကိုယ်ကို သွားရောက်ထိမှန်လေသည်။ ထို့နောက် ချက်ချင်းဆိုသလို တစ်ဝက် ပျက်စီးသွားလေ၏။ သို့သော်လည်း ပျက်စီးသွားသည့် အစိတ်အပိုင်းများက ဘာမှမဖြစ်သကဲ့သို့ အလျင်အမြန် ပြန်လည်ကောင်းမွန်လာသည်။

ထို့နောက် ကျီစုန့်က ကောင်းကင်အထက် ပျံသန်းသွားလိုက်သည်။ သူက သူ့ဧရာမခန္ဓာကိုယ်ကြီးဖြင့်ပင် အလင်းလို ပေါ့ပါးသွက်လက်နေသေးသည်။ အကွာအဝေးတစ်ခုသို့ ရောက်သွားသည့်အခါ သူက မြေဆွဲအားအရှိန်ယူ၍ အောက်ကို ဆင်းသက်လာသည်။

ဧရာမအရွယ်အစားအပြင်  အရှိန်ပါ ထည့်ပေါင်းလိုက်သည့်အခါ ကျီစုန့်၏ လှုပ်ရှားမှုက တခြားသူများ မယှဉ်နိုင်လောက်အောင်အထိ အားကောင်းလွန်းလှသည်။

ဝမ်ဝေ့အတွက်မူ သူလည်း လှုပ်ရှားလိုက်သည်။ ဤတစ်ကြိမ် သူက သူ့ခန္ဓာကိုယ်အပြင် တခြားနည်းစနစ်ကို ထုတ်သုံးလိုက်လေသည်။ သူက မူလအဆီအနှစ်ကို စုစည်းကာ သူ့အဘိုး၏ ကျင့်စဉ်မှ တိုက်ကွက်ဖြစ်သည့် နယ်ရှင်လက်သီးကို ထုတ်သုံးလိုက်သည်။

ချီလင်ခြေနင်း လက်သီး

ဧရာမ ချီလင်ခြေထောက်ကြီးက ကောင်းကင်အထက် ပေါ်ထွက်လာသည်။ ထိုအရာ ပေါ်ထွက်လာသည်နှင့် အထွတ်အထိပ် အရှိန်အဝါ သို့မဟုတ် ဖိအားကို ထုတ်လွှတ်လာလေ၏။ ထိုအရှိန်အဝါက အားလုံးထံ သူသည် ကုန်းမြေရှိ တိရစ္ဆာန်များ အားလုံး၏ အုပ်ချုပ်သူ ဖြစ်ကြောင်း၊ မွေးဖွားကတည်းက မြင့်မြတ်စွာ မွေးဖွားလာကြောင်း ပြသနေသည်။

ချီလင်၏ ခြေထောက်ဖြစ်ပေါ်လာပြီးနောက် ကျီစုန့်၏ ဧရာမခန္ဓာကိုယ်ကြီးအပေါ် တက်နင်းလိုက်သည်။  ကျီစုန့်က ပြန်လည် တိုက်ခိုက်ဖို့ကြိုးစားသော်လည်း ထိုတုန်ခါနှုန်းက ကမ္ဘာချိုးဖောက်လက်သီးနှင့် တူညီနေ၍ ဧရာမခန္ဓာကိုယ်ကြီး၏ အစိတ်အပိုင်းအား ပျက်စီးသွားစေသည်။ သူ့ခန္ဓာကိုယ်က မြေပေါ်သို့ လဲကျသွားပြီး သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတချို့သာ ကျောက်ချပ်ဝတ်ဖြင့် ကာထားလေသည်။ သို့သော်လည်း သူ မြေပေါ်ရောက်သည့်အခါ ဧရာမချပ်ဝတ်ကြီးက အလိုလို ဖြစ်တည်လာပြီး အစကတည်းက ဘာမှထိခိုက်မှုမရှိသလိုမျိုး ပြန်လည်ဖြစ်တည်လာသည်။

ကျီစုန့်က ကောင်းကင်အထက် ပျံသန်းသွားလိုက်ရင်း သူ့ ကျောက်ခန္ဓာက ချော်ရည်ပူကဲ့သို့ အနီရင့်ရောင်အဖြစ် ပြောင်းလဲသွားလေသည်။ ထို့နောက် သူက ချော်ရည်လက်သီး တိုက်ကွက်ကို ထုတ်သုံးလိုက်သည်။

ဒီတိုက်တန်ကြီးက အစိတ်အပိုင်းနည်းနည်းလေး ကျန်ရှိနေတာနဲ့ ပြန်လည်ကောင်းမွန်နိုင်တာလား။ ဒီလိုဆိုရင်တော့ သဲမှုန့်တစ်စက်တောင် မကျန်ရှိအောင် အကုန်လုံး ဖျက်ဆီးပေးမယ် …

ဤတစ်ခေါက် ဝမ်ဝေ့က နဂါးလက်သီးကို ထုတ်သုံးလိုက်သည်။ အလွန်ရှည်လျားသော နဂါးပြာကြီးက အလိုလို ဖြစ်တည်လာလေသည်။ သို့သော် ထိုနဂါးက ပုံမှန်နှင့်မတူဘဲ သူ့ခန္ဓာကိုယ်အထက်တွင် အနက်ရောင် လျှပ်စီးကြောင်းများ တလက်လက် တောက်ပနေလေသည်။ ဤသည်က ဝမ်ဝေ့၏ ခန္ဓာကိုယ်မှ နတ်ဘုရားအပြစ်ဒဏ် မိုးကြိုး ဖြစ်၏။

နဂါး ပေါ်ထွက်လာပြီးသည့်နောက် မြည်ဟီးမှုက ကျောက်လူသားဆီ ပျံ့နှံ့သွားလေသည်။ ထို့နောက် ကျီစုန့်ကို ဖိနှိပ်ထားသည့် အရှိန်အဝါတစ်ခု ထုတ်လွှတ်လိုက်လေ၏။

ကျီစုန့်က ခုခံဖို့ ကြိုးစားသော်လည်း သူ မလှုပ်ရှားနိုင်ဘဲ လုံးဝဖိနှိပ်ခံထားရကြောင်း သိလိုက်ရသည်။

နဂါးက ကောင်းကင်ရှိ တိမ်များကို ထိန်းချုပ်ကာ ထိုကျောက်လူသားအပေါ် မိုးကြိုးချက်များ ကျဆင်းလာစေပြီး အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် နဂါးက ကျီစုန့်ဆီ ရောက်လာကာ ရစ်ပတ်ပြီး ဝမ်ဝေ့ဆီ သယ်ဆောင်သွားလိုက်သည်။

အိမ်ရှေ့စံက သူ့ရှုံးနိမ့်မှုကို လက်ခံဖို့ အခက်တွေ့နေလေသည်။ သူက ဝမ်ဝေ့အားကြည့်ကာ

“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မင်းက ဘယ်လိုလုပ် ဒီလောက် အားကောင်းနေရတာလဲ။ ဒီတိုက်ပွဲကို ပြင်ဖို့ ငါအများကြီး ခံစားခဲ့ရတယ်။ ငါ့ ခန္ဓာကိုယ် လေ့ကျင့်ဖို့အတွက် အလယ်ပိုင်းကုန်းမြေက မီးတောင်ထဲမှာတောင် စိမ်ခဲ့ရတယ်။

နေ့တိုင်း ငါ့ခန္ဓာကိုယ် ကြွပ်ရွလာတဲ့အထိ အပူလောင်ခံပြီး မီးတောင်ရဲ့ ပြာတွေကနေ အဆိပ်ငွေ့တွေ ရှူသွင်းရတယ်။ ဒါက အပြီးမဟုတ်သေးဘူး။

ငါ့ကိုယ်ငါ မြေဆွဲအားနဲ့ ခန္ဓာကိုယ်ကို ထပ်ပြီးလေ့ကျင့်ခဲ့တယ်။ ငါ ဒီလောက် ခံစားခဲ့ပြီး လုပ်နိုင်ခဲ့တဲ့ အကြောင်းအရင်းက တစ်ရက်ကျ မင်းကို ငါ့ခြေထောက်အောင် ထားနိုင်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ပဲ။ ဒါပေမဲ့ အားလုံးက ဘာမှမဟုတ်တော့ဘူး။ ဘာကြောင့်လဲ။ ငါ့ကို ပြောပါဦး … ငါ့နာကျင်မှုနဲ့ ခံစားမှုတွေက ဘာမှမဟုတ်ခဲ့ဘူးလား”

တိုက်ပွဲကို ကြည့်နေသည့်လူများစွာက ထိုအရာကို ကြားပြီးသည့်နောက်တွင် သက်ပြင်းချလိုက်ကြသည်။ လူများစွာက ထိုကောင်းကင်ရွေးချယ်ခံများကို အားကျကြသော်လည်း သူတို့သည် ဤသို့ ဂုဏ်သတင်းနှင့် စွမ်းအားမျိုးရအောင် မည်သည့်အရာများ ဖြတ်ကျော်ရသည်ကို မသိကြပေ။

ဝမ်ဝေ့က ခဏတာ တိတ်ဆိတ်သွားပြီးနောက် လှောင်ပြောင်ကာ “ လောကကြီးက ဘယ်တုန်းကမှ မမျှတခဲ့ဘူး။ ကံကြမ္မာဆိုတာက ငါတို့အားလုံးအတွက် လှောင်ရယ်စရာပဲ။

မင်း တစ်သက်လုံး ကြိုးစားအားထုတ်နေရင်တောင် မင်းထက် ပါရမီကောင်းတဲ့သူက မင်း တစ်သက်လုံး အားထုတ်နေရမဲ့အရာကို ရက်ပိုင်းလောက်နဲ့ ရသွားနိုင်တယ်။ ပိုဆိုးတာက အဲဒီအရာနဲ့တောင် မွေးဖွားလာနိုင်တယ်။

ပြီးတော့ မင်းက မင်းတစ်ယောက်တည်း ကြိုးစားတယ်လို့ ထင်နေတယ်”

ဝမ်ဝေ့က နဂါးဆီမှ ကျီစုန့်အား လည်ပင်းမှ ကိုင်မြှောက်ထားလိုက်သည်။

“ ငါ ဒီလောက်အားကောင်းအောင် ဘယ်လိုဖြတ်ကျော်ခဲ့ရလဲဆိုတာ မင်းသိလား။ ငါ့ခန္ဓာကိုယ်ကို နေမင်းဗဟိုချက်ထဲမှာ လေ့ကျင့်ပြီး ပင်လယ်မျက်နှာပြင်အောက် မိုင်ထောင်ချီအနက်မှာ ငါ့ခန္ဓာကိုယ်ကို မြေဆွဲအားနဲ့ လေ့ကျင့်ခဲ့ရတယ်။

ပြီးတော့ သူတော်စင်အဆင့် ဆေးလုံးရာချီကို တစ်ပြိုင်တည်း သောက်ပြီးတော့ သူတို့ စွမ်းအားတွေကို ငါ့အတွင်းအင်္ဂါတွေ ဖျက်ဆီးဖို့နဲ့ ပြန်လည်တည်ဆောက်ဖို့ အသုံးပြုခဲ့တယ်။ ဒီနည်းလမ်းတွေကို ငါ တစ်ပြိုင်နက် အားလုံး အသုံးပြုခဲ့တာ။

ဒါပေမဲ့ ဒါက အဆုံးသတ် မဟုတ်သေးဘူး။ ငါက နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးကိုတောင် ငါ့ခန္ဓာကိုယ်ကို သန့်စင်ဖို့ အသုံးပြုခဲ့တယ်။ မင်းနဲ့ တိုက်ပွဲအတွင်းမှာ ငါ့ခန္ဓာကိုယ်က မြေဆွဲအား အစီအရင်ကို ပယ်ဖျက်လိုက်တာမျိုး မရှိဘူး။ မင်း ခံစားခဲ့ရတာတွေက ငါနဲ့ယှဉ်နိုင်လို့လား”

ထို့နောက် ဝမ်ဝေ့က ကျီစုန့်အား လွင့်ထွက်သွားသည်အထိ ရိုက်လွှတ်လိုက်သည်။

ကျီစုန့်က တောင်ကို ဖြိုခွင်းကာ လွင့်ထွက်သွားပြီး ကမ္ဘာရှိ ပင်လယ်ကို ဖြတ်ကျော်သွားကာ ကမ္ဘာ့အဆုံးသတ်ကို ရောက်ရှိသွားလေသည်။ ကျီစုန့်က မြေပေါ်တွင် လဲနေရင်း သူ့ဒဏ်ရာများကို ဂရုမစိုက်တော့ပေ။ သူ့စိတ်အခြေအနေက အတော်လေး သက်ရောက်ခံထားရ၏။

သူက သူ့ရွယ်တူများအကြား အကြိုးစားဆုံးဟု အမြဲထင်မှတ်ခဲ့လေသည်။ သူက ပါရမီအကောင်းဆုံး မဟုတ်လျှင်ပင် သူ့ အားထုတ်ကြိုးပမ်းမှု တစ်ခုတည်းဖြင့် တခြားရွယ်တူများအပေါ် အရေးသာချက်ပေးနိုင်လိမ့်မည်ဟု အမြဲတမ်း ယုံကြည်ထားခဲ့သည်။ ထိုအရာကပဲ သူ့အား တာအိုကို သက်သေပြစေကာ မဟာဧကရာဇ် ဖြစ်လာနိုင်စေမည့် သော့ချက်ဟု တစ်သတ်မှတ် တွေးထားခဲ့သည်။

သို့သော် သူ့အတွေးများက ပြက်လုံးတစ်ခုသာ ဖြစ်နေခဲ့လေ၏။

ကျီစုန့်က သူ့ကိုယ်သူ စိတ်လျှော့သွားစဉ် သူ့ အရိုးမှ ထူးထူးဆန်းဆန်း စွမ်းအားတစ်ခု ထွက်ပေါ်လာလေသည်။ မိနစ်ပိုင်းအတွင်း သူက ဦးချိုနှစ်ခု၊ မီးတောက်သွေးကြောနှင့် အနက်ရောင် ကြေးခွံများ၊ လက်သည်းချွန်များ ပါရှိသည့် ငါးမီတာအမြင့် သက်ရှိအဖြစ် ပြောင်းလဲသွားလေသည်။

“ ငါ နောက်ဆုံးတော့ ထွက်ခွင့်ရပြီ။ ဒီခန္ဓာကိုယ်က အကြမ်းခံပုဆိန်ရုပ်ခန္ဓာ ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ငါ ကံကောင်းတဲ့ပုံပဲ …” ကျီစုန့်က ပုံမှန် မဟုတ်သည့် အက်ကွဲကွဲ ထူးဆန်းသည့် လေသံဖြင့် ပြောလိုက်သည်။

All Chapters