← Chapters

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃) စမ်းသပ်ခြင်း

ထမင်းစားပွဲပေါ်၌ ထျန်းဝန်ဝန် ကိုယ်တိုင် စီမံချက်ပြုတ်ထားသော ဟင်းလျာ ဆယ်မျိုးကျော်မှာ စီစီရီရီ ရှိနေလေသည်။

ပုံမှန်အားဖြင့်ဆိုလျှင် ထျန်းဝန်ဝန်မှာ မီးဖိုချောင်အတွင်း ဟင်းလျာအသစ်များကို ပြင်ဆင်နေဆဲမှာပင် ကျန်ရှိသူများမှာ စတင်စားသောက်လေ့ရှိကြသည်။ ထျန်းဝန်ဝန် အလုပ်ပြီး၍ ထွက်လာသောအခါတွင်မူ ဟင်းကျန် အနည်းငယ်ကိုသာ စားရလေ့ရှိသည်။

သို့သော် ယနေ့တွင်မူ ထူးထူးခြားခြားပင် နောက်ဆုံးဟင်းလျာ ရောက်လာသည်အထိ မည်သူမျှ တူကို မကိုင်ကြသေးပေ။ အံ့သြစရာကောင်းသည်မှာ ဟို့ကွမ်ကျွမ်းသည် ထျန်းဝန်ဝန်အပေါ် ရန်လိုသောအမူ အရာများ ပျောက်ကွယ်သွားပြီး ပထမဆုံးအကြိမ်အဖြစ် ကြင်နာစွာ ပြောဆိုလာခြင်းပင် ဖြစ်သည်။

"ဝန်ဝန်... ဟင်းတွေ အများကြီး ချက်ရတာ ပင်ပန်းနေရောပေါ့...။ လာ... လာ... ငါတို့နဲ့အတူတူ ထိုင်စား ရအောင်...။"

ဟို့ကွမ်ကျွမ်း၏ ထိုသို့သော အပြုအမူကြောင့် ထျန်းဝန်ဝန်မှာ အနေရခက်နေပြီး သူတို့ကိုသာ အရင်စား ရန် လက်ကာပြကာ ထမင်းစားပွဲ၌ ဝင်ထိုင်ရန် မဝံ့မရဲ ဖြစ်နေရှာလေသည်။ ထိုစဉ် လျန်ထျန်းက မိခင် ဖြစ်သူကို ဆွဲ၍ ထိုင်ခိုင်းလိုက်ပြီး သူတစ်ပါးကို ဂရုမစိုက်ဘဲ ကြက်ပေါင်အကြီးကြီး တစ်ခုကို မိခင်၏ ပန်းကန်ထဲသို့ ထည့်ပေးကာ ပြောလိုက်လေသည်။

"မေမေ... မေမေက အပင်ပန်းဆုံးပဲ...။ မေမေ အရင်စားပါ...။"

ထိုအပြုအမူကြောင့် ထျန်းဝန်ဝန်မှာ ထိတ်လန့်သွားပြီး လျန်ထျန်းကို အပြစ်တင်သည့် လေသံဖြင့် တိုးတိုးလေး ပြောလိုက်လေသည်။

"သား... ဘယ်လိုဖြစ်လို့ လူကြီးမိဘတွေကို အားမနာရတာလဲ...။ အဘိုးနဲ့ အဘွားတောင် မစားရသေး တာကို...။"

"မထူးဆန်းပါဘူး...။"

ဟို့ကွမ်ကျွမ်းက ပြုံးဖြဲဖြဲဖြင့် ဝင်ပြောလိုက်လေသည်။

"ရပါတယ်... ရပါတယ်...။ ငါတို့အားလုံးက မိသားစုဝင်တွေပဲဟာ...။ လောကဝတ်တွေ အများကြီး လုပ်နေစရာ မလိုပါဘူး...။ စားကြ... စားကြ...၊ အားလုံး စားကြစို့...။"

ထျန်းဝန်ဝန်မှာ လုံးဝပင် မှင်တက်သွားရလေသည်။ သူမ၏ စိတ်ထဲ၌မူ ဤကဲ့သို့သော အခြေအနေမျိုး တွင် ဟို့ကွမ်ကျွမ်းမှာ ပထမဆုံး ထ၍ ပြဿနာရှာမည့်သူ ဖြစ်ပေသည်။ သို့သော် ယနေ့တွင်မူ အဘယ် ကြောင့် မိထွေးဖြစ်သူမှာ တစ်ခြားလူပုံစံ ဖြစ်နေရသနည်း။ ထို့ပြင် အဖေတူ မောင်ဖြစ်သူကလည်း ယခင်ကကဲ့သို့ အထင်သေးသော အကြည့်များ မရှိတော့ဘဲ သူမကို "မမ" ဟုပင် ခေါ်ဆိုလာခဲ့လေသည်။ ဤအရာအားလုံးမှာ အိမ်မက်ကဲ့သို့ပင် ထျန်းဝန်ဝန်အတွက် မစစ်မှန်သလို ခံစားနေရလေသည်။

ဘေးနားရှိ လျန်ထျန်းကမူ များများစားစား တွေးမနေပေ။ မိခင်ဖြစ်သူမှာ ဤကဲ့သို့သော ဆက်ဆံမှုမျိုး ကို ရရှိသင့်သည်ဟုသာ သူ ခံစားရသည်။ ထမင်းစားနေရင်း တစ်ဝက်ခန့်တွင် ထျန်းထောင်က လျန်ထျန်း ကို မသိမသာ မေးလိုက်လေသည်။

"လျန်လေး...၊ အပြင်က ကားကို မင်း မောင်းလာတာဆို...။ ဘယ်တုန်းက ဝယ်လိုက်တာလဲ...။ အဲ့ဒီကား က ဈေးမပေါဘူး မဟုတ်လား...။"

နှစ်သစ်ကူး ထမင်းဝိုင်းတွင် လူကြီးများက လူငယ်များကို မေးမြန်းခြင်းမှာ ဓမ္မတာဖြစ်သဖြင့် လျန်ထျန်း ကလည်း ဘာမှမစဉ်းစားဘဲ အမှန်အတိုင်း ဖြေလိုက်လေသည်။

"ဦးလေး...၊ အဲ့ဒီကားက ကျွန်တော် ဝယ်ထားတာ မဟုတ်ပါဘူး...။ ငှားလာတာပါ...။ မေမေနဲ့ ကျွန်တော် ကျည်ဆန်ရထားနဲ့ လာပြီးမှ ဒီရောက်တော့ ကားတစ်စီး ငှားလိုက်တာပါ...။"

ထိုကားမှာ ငှားလာခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါ ဟို့ကွမ်ကျွမ်း၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့လေသည်။

"ဘာ... ငှားလာတဲ့ကား ဟုတ်လား...။"

"ဟေး...၊ ငါကတော့ နင်တို့ မိသားစု ချမ်းသာသွားလို့ ကြွားဖို့ ကားဝယ်လာတယ် မှတ်နေတာ...၊ ငှားလာ တာကိုး...။"

"ကားမဝယ်နိုင်ရင်လည်း မမောင်းနဲ့ပေါ့...။ အလကားနေရင်း ဂုဏ်ရှိချင်လို့ ကားငှားလာရတယ်လို့...။"

ဟို့ကွမ်ကျွမ်းက ဆက်၍ ရွဲ့ပြောရန် ပြင်နေစဉ် ထျန်းထောင်က သူမကို အကြည့်တစ်ချက်ဖြင့် တားလိုက် ပြီး လျန်ထျန်းကို ပြုံး၍ မေးလိုက်ပြန်လေသည်။

"ဒီလိုကားမျိုး ငှားရတာ ဈေးကြီးမှာပဲ...။ အထူးသဖြင့် နှစ်သစ်ကူးကာလဆိုရင် တစ်ရက်ကို ပြားအနည်းငယ်လောက်တော့ ပေးရမှာပဲ မဟုတ်လား...။"

လျန်ထျန်းက ခေါင်းငြိမ့်ပြကာ၊

"ဟုတ်ပါတယ်...၊ အခုလို အချိန်မှာ ကားငှားခက ဈေးကြီးတယ်...။ တစ်ရက်ကို နှစ်ပြား ပေးရတယ်...။ ဒါပေမဲ့ တစ်ပတ်စာ ငှားရင် တစ်ရက်စာ လျှော့ပေးလို့ စုစုပေါင်း ဆယ်နှစ်ပြားပဲ ကျသင့်ပါ တယ်...။"

ငွေကြေးတန်ဖိုး မကျဆင်းမီက ဆိုလျှင် တစ်ပြားမှာ ယွမ်တစ်ထောင်နှင့် ညီမျှလေသည်။ ထိုစကားကို ကြားသောအခါ ထျန်းထောင်က လျှာတစ်ချက် သပ်လိုက်ရင်း၊

"တစ်ယွမ်ဆိုတာ မနည်းဘူးပဲ...၊ ငါ့ရဲ့ တစ်လစာ လစာထက်တောင် များသေးတယ်...။ ကြည့်ရတာ လျန်လေး ဒီနှစ်ထဲ ပိုက်ဆံ တော်တော်ရှာနိုင်ပုံရတယ်...။ အခု ဘာအလုပ်တွေ လုပ်နေတာလဲ...။"

ထိုအခါမှ လျန်ထျန်းသည် တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ ထျန်းထောင်နှင့် ဟို့ကွမ်ကျွမ်းတို့၏ မျက်နှာပေးကို ကြည့်ခြင်းဖြင့် ထိုသူတို့မှာ မကောင်းသော အကြံတစ်ခုခု ရှိနေကြောင်း သူ သေချာ သွားခဲ့သည်။

သို့သော်လည်း လျန်ထျန်းက အမှန်အတိုင်းသာပြောလိုက်လေ၏။

"ကျွန်တော့်ရဲ့ အဓိက အလုပ်က အစားအသောက် ပို့တာပါ...။ ဒါပေမဲ့ တခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လုပ်ငန်းသေးလေးတွေကိုလည်း သူငယ်ချင်းတွေနဲ့ စပ်တူလုပ်နေပါတယ်...။"

"အများကြီး ရတယ်လို့တော့ မဟုတ်ပါဘူး...။ ဒါပေမဲ့ ကိုယ်တိုင် ကြိုးစားပြီး ပင်ပန်းခံနိုင်ရင်တော့ ဝမ်းစာအတွက် ဖူလုံတာထက်တော့ ပိုပါတယ်...။"

ထိုစကားကို ကြားလိုက်ရသည့်အခါ ထျန်းထောင်နှင့် ဟို့ကွမ်ကျွမ်းတို့မှာ မှင်တက်သွားကြလေသည်။ ခေတ္တမျှ ကြာပြီးနောက် ဟို့ကွမ်ကျွမ်း၏ မျက်နှာမှာ လုံးဝ မည်းမှောင်သွားပြီး ထျန်းထောင်ကမူ လှောင်ပြုံးဖြင့် ရယ်မောလိုက်လေတော့သည်။

"လျန်လေး... ဦးလေးက မင်းကို အပြစ်ပြောတာ မဟုတ်ပါဘူး...။"

"မင်းလို အစားအသောက် ပို့တဲ့သူတစ်ယောက်က ဘာဖြစ်လို့ ဂုဏ်ရှိချင်ဇောနဲ့ ဒီလောက် ဈေးကြီး တဲ့ကားကို ငှားလာရတာလဲ...။"

"ပြီးတော့ မင်းပြောတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတာလည်း ရန်ပုံငွေ အနည်းအကျဉ်း ဝယ်တာ ဖြစ်မှာပါ...။ စပ်တူလုပ်ငန်းဆိုတာကလည်း အားတဲ့အချိန် လမ်းဘေးမှာ ဆိုင်ခင်းတာမျိုး မဟုတ်လား...။"

"ဟူး... အခုခေတ် လူငယ်တွေကတော့ ဒီလိုပါပဲ...။ ပိုက်ဆံလည်း များများစားစား မရှာနိုင်ဘဲနဲ့ ချွေးနှဲစာလေးတွေကို အလဟဿ ဖြုန်းတီးပစ်ရက်ကြတယ်...။"

"နှစ်သစ်ကူးမှာ ဒီလောက် သုံးပစ်ရင် တစ်နှစ်ပတ်လုံး စုထားတဲ့ ပိုက်ဆံတွေ အကုန် ကုန်တော့မှာပေါ့..၊ ငါ မင်းကို မနာလိုလို့ ပြောတာ မဟုတ်ဘူး...။ အမှန်တရားကို ပြောတာပါ...။"

"မင်း ဒီအတိုင်း ဆက်သွားနေရင်တော့ တစ်သက်လုံး ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး...။"

ဟို့ကွမ်ကျွမ်းကလည်း ထပ်ဆင့်၍ ၊

"ဂုဏ်ရှိချင်လို့ ပိုက်ဆံဖြုန်းတဲ့ အသုံးမကျတဲ့ကောင်...။ ကားငှားမယ့် ပိုက်ဆံကို မိသားစုအတွက် သုံးရင် ပိုမကောင်းဘူးလား။

ထို့နောက် သူမသည် ထျန်းဝန်ဝန်ဘက်သို့ လှည့်ကာ ဒေါသတကြီး ဆက်ပြောလေသည်။

"နင်လည်း အတူတူပဲ...၊ သားကို ကောင်းကောင်း မဆုံးမတတ်ဘူး...။"

"နင့်မောင်မှာ အခု ပိုက်ဆံလိုနေတာကို နင် မသိဘူးလား...။ သားရှာတဲ့ ပိုက်ဆံတွေကို နင်က ထိန်းသိမ်း ပြီး မိသားစုကို မကူညီတတ်ဘူးလား...။"

"နင်ကော နင့်မျိုးရိုးနာမည်ကို မေ့နေပြီလား...။ မျိုးရိုးမတူတဲ့သူတွေက သူစိမ်းတွေပဲ...။ နင့်သားလည်း ပါတာပေါ့...၊ နင် နားမလည်ဘူးလား...။"

အဆူအဆဲခံနေရသော ထျန်းဝန်ဝန်မှာ ခေါင်းငုံ့၍ နားထောင်နေရှာသော်လည်း လျန်ထျန်းက ပြုံး၍ ပြောလိုက်လေသည်။

"အဘွား... မျိုးရိုးမတူတဲ့သူတွေက သူစိမ်းတွေဆိုရင် အဘွားကလည်း ဒီမိသားစုမှာ သူစိမ်းပဲ မဟုတ် ဘူးလား...။"

"မမေ့ပါနဲ့ဦး... အဘွားရဲ့ မျိုးရိုးနာမည်က 'ဟို့' လေ...၊ 'ထျန်း' မဟုတ်ဘူး...။ အဘွားကိုယ်တိုင်လည်း ကိုယ့်မျိုးရိုးနာမည် ဘာလဲဆိုတာ မေ့နေပုံရတယ်...။"

ဟို့ကွမ်ကျွမ်းမှာ ထိုစကားကြောင့် ခေတ္တမျှ ဆွံ့အသွားပြီးနောက် ဒေါသများ ပေါက်ကွဲလာလေတော့ သည်။

"နင်... နင်...၊ ဆုံးမမှုမရှိတဲ့ကောင်...။ ငါ ပြောပြီးပြီလေ... နင့်မှာ စကားပြောပိုင်ခွင့် မရှိဘူးလို့...။"

လျန်ထျန်းသည် အစားအသောက် ပို့ဆောင်သူ တစ်ဦးဖြစ်ကြောင်း သိသွားပြီးနောက် ဟို့ကွမ်ကျွမ်းမှာ သူမ၏ ရုပ်မှန်ကို ပြန်လည် ထုတ်ဖော်လာကာ ပို၍ပင် ရင့်သီးစွာ ဆဲဆိုတော့သည်။ ထျန်းထောင်က လည်း လျန်ထျန်းဆီမှ ငွေချေးရန် မျှော်လင့်ချက် မရှိတော့သဖြင့် ဘေးမှနေ၍ အေးစက်စွာ ကြည့်နေ လေတော့သည်။

ထျန်းဝန်ဝန်သည် သူမ၏ ဘဝတစ်ဝက်စာလုံး ဆဲဆိုခံရခြင်းကို ဂရုမစိုက်ခဲ့သော်လည်း ယခုအခါ သူမ၏ သားဖြစ်သူကို ဆဲဆိုနေသည်ကိုမူ သည်းမခံနိုင်တော့ပေ။

အစဉ်သဖြင့် ကြောက်ရွံ့တတ်သော ထျန်းဝန်ဝန် မှာ မည်သည့်နေရာမှ သတ္တိများ ရောက်လာသည်မသိ ဘဲ ဒေါသတကြီး ပြန်လည် တုံ့ပြန်လိုက်လေသည်။

"မေမေ...၊ မေမေ လွန်လှပြီ...။"

"လျန်ထျန်းက ကျွန်မရဲ့ သားဖြစ်သလို အဘိုးနဲ့ မေမေ့ရဲ့ မြေးလည်း ဖြစ်တယ်...။"

"ကျွန်မတို့ အိမ်ထဲဝင်လာကတည်းက မေမေက သူ့ကို ဆုံးမမှုမရှိတဲ့ကောင်၊ အသုံးမကျတဲ့ကောင်လို့ ခဏခဏ ဆဲနေတာ...။ မေမေက ဘယ်လို အဘွားမျိုးလဲ...။"

အစဉ်သဖြင့် အမိန့်ကို နာခံတတ်သော ထျန်းဝန်ဝန်က ပြန်ပြောလိုက်သဖြင့် ဟို့ကွမ်ကျွမ်းမှာ ခေတ္တမျှ မှင်တက်သွားသော်လည်း ပို၍ပင် ပြင်းထန်စွာ ပြန်လည် တိုက်ခိုက်လေတော့သည်။

"ဘာပဲဖြစ်ဖြစ် နင်က ငါမွေးတဲ့ သားသမီး မဟုတ်ဘူး...။ ငါ့မျက်လုံးထဲမှာတော့ နင်တို့က အမြဲတမ်း အသုံးမကျတဲ့သူတွေပဲ...။"

"မကြိုက်ဘူးလား...၊ မကြိုက်ရင်လည်း နှစ်သစ်ကူးဖို့ လာမနေနဲ့တော့...။ အခုချက်ချင်း ငါ့အိမ်ကနေ ထွက်သွားကြစမ်း...။"

ထိုသို့ အချင်းများနေစဉ်အတွင်း အပြင်ဘက်မှ ကားတစ်စီး ဆိုက်ရောက်လာသော အသံကို ကြားလိုက်ရ လေသည်...။

အခန်း (၅၄) ဒေါ်လေးဖြစ်သူ

"မေမေ... သမီး ပြန်လာပြီ...။ သမီးရဲ့ ချစ်သူကိုလည်း ခေါ်လာတယ်...။"

ကားရပ်နားလိုက်သံနှင့်အတူ သာယာပျံ့လွင့်သော မိန်းကလေးတစ်ဦး၏ အသံမှာ ဝင်းအတွင်း၌ စူးရှစွာ ထွက်ပေါ်လာခဲ့လေသည်။ ထိုအသံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ဟို့ကွမ်ကျွမ်းသည် လျန်ထျန်း နှင့် ထျန်းဝန်ဝန်တို့ကို ဆဲဆိုနေခြင်းကို ချက်ချင်းရပ်တန့်လိုက်ပြီး သူမ၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ် သွားလေတော့သည်။

"အို... ဟုန်လေး ပြန်လာပြီပဲ...။ သူပြောတော့ ဒီနှစ်ထဲမှာ ချမ်းသာတဲ့ ချစ်သူတစ်ယောက် ရထားတယ် ဆိုတာ...၊ အခုတော့ တကယ် ပြန်လာပြီပဲ...။"

ထိုစကားကို ကြားသောအခါ ထျန်းထောင်ကလည်း အလောတကြီး မေးလိုက်လေသည်။

"ဟုန်လေးက သူဌေးတစ်ယောက်ကို ရှာတွေ့ထားတာလား...၊ ဘယ်လောက်တောင် ချမ်းသာလို့လဲ...။"

ဟို့ကွမ်ကျွမ်းမှာ သူမ၏ စိတ်လှုပ်ရှားမှုကို မဖုံးဖိနိုင်တော့ဘဲ ၊

"ငါကြားတာတော့ အဲ့ဒီလူက ကုမ္ပဏီကြီးတစ်ခုရဲ့ ဒုတိယဥက္ကဋ္ဌတဲ့...၊ တစ်နှစ်ကို ယွမ်သန်းပေါင်းများစွာ ရတယ်လို့ ပြောတာပဲ...။ အရေးကြီးဆုံးကတော့ နင့်သားအတွက်လည်း အဲ့ဒီကုမ္ပဏီကြီးမှာ အလုပ် တစ်ခု ရအောင် လုပ်ပေးနိုင်လိမ့်မယ်တဲ့...။"

ထျန်းထောင်မှာလည်း ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး ၊

"ငါ့ညီမကတော့ တကယ်ကို တော်တာပဲ...။ ဒီလောက် ချမ်းသာတဲ့သူကို လက်ထပ်ဖို့ ရှာနိုင်ခဲ့တာပဲ...။ မေမေ... လာ...၊ ကျွန်တော်တို့ သွားကြိုရအောင်...။"

ပြောပြောဆိုဆိုဖြင့် သူတို့သားအမိမှာ အပြင်သို့ ပြေးထွက်သွားကြလေတော့သည်။

ထျန်းဝန်ဝန်နှင့် လျန်ထျန်းတို့ကလည်း လိုက်၍ ကြိုဆိုရန် ပြင်လိုက်သော်လည်း ဟို့ကွမ်ကျွမ်းက သူတို့ ကို တားဆီးကာ အမိန့်ပေးလိုက်လေသည်။

"နင်တို့သားအမိ ထွက်လာစရာ မလိုဘူး...။ စားပွဲပေါ်က ဟင်းကျန်တွေကို အမြန် သိမ်းလိုက်ကြ...။ ငါ့ရဲ့ သမက်လောင်းကို ငါတို့အိမ်မှာ ဒီလို ရိုးစင်းတဲ့ ဟင်းတွေပဲ စားတယ်လို့ အထင်မခံနိုင်ဘူး...။"

"ပြီးရင် ဟင်းကောင်းကောင်းလေးတွေ ထပ်ချက်ထားလိုက်ဦး...။ ဟင်းတွေက သူ့အကြိုက်နဲ့ မတွေ့လို့ စိတ်တိုင်းမကျဖြစ်ရင်တော့ နင်တို့ကို ငါ အလွတ်ပေးမှာ မဟုတ်ဘူး...။"

ထို့နောက်တွင် ထျန်းဝန်ဝန်နှင့် သားဖြစ်သူတို့မှလွဲ၍ ကျန်ရှိသူအားလုံးမှာ အိမ်ပြင်သို့ ထွက်ကာ ဆူညံစွာ ကြိုဆိုနေကြလေတော့သည်။ လျန်ထျန်းမှာ ရင်ထဲ၌ မွန်းကြပ်မှုကို ခံစားလိုက်ရသဖြင့် မိခင်ဖြစ်သူကို ပြောလိုက်လေသည်။

"မေမေ... လာတဲ့လမ်းမှာတော့ မေမေက ကျွန်တော့်ကို ချမ်းသာတာတွေကို မထုတ်ပြဖို့ တားခဲ့တယ်...။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ကို ဒီလို ဆက်ဆံနေတာကို ကျွန်တော်က...၊"

ထျန်းဝန်ဝန်က ခေါင်းယမ်းလိုက်ကာ ၊

"သား... အမေက မိထွေးရဲ့ အကြောင်းကို အသိဆုံးပါ...။ သားက ချမ်းသာကြောင်း ထုတ်ပြလိုက်ရင် သားအတွက် ဒုက္ခတွေ ရောက်လာလိမ့်မယ်...။ အမေက သားကို ဘယ်လို ပြဿနာမျိုးမှ မဖြစ်စေချင် ဘူး...။"

"ပြီးတော့ နှစ်သစ်ကူးဖို့က ရက်အနည်းနည်းပဲ လိုတော့တာပဲဟာ...။ သည်းခံလိုက်ရင် အရာအားလုံးက ပြီးသွားမှာပါ...။ အမေက သားရဲ့ အဖိုးကို လာတွေ့ချင်ရုံသက်သက်ပါပဲ...။ နှစ်သစ်ကူးပြီးတာနဲ့ ငါတို့ ပြန်ကြတာပေါ့...။"

လျန်ထျန်းသည် မိခင်၏ စကားကို နားမလည်ဘဲ မနေပေ။ ဟို့ကွမ်ကျွမ်းနှင့် ထျန်းထောင်တို့၏ အပြု အမူကို ကြည့်ခြင်းဖြင့် သူတို့မှာ အင်အားကြီးသူကို ဖားပြီး အားနည်းသူကို နှိပ်ကွပ်တတ်သူများ ဖြစ်ကြောင်း သိသာလှပေသည်။

အကယ်၍ သူသာ ချမ်းသာကြောင်း ထုတ်ပြလိုက်ပါက သူတို့မှာ အလွန်တရာ ရိုသေပြကြမည်ဖြစ်သော် လည်း သူ၏ အကျိုးအမြတ်များကို မည်သို့ ခြွေယူရမည်နည်းဟုသာ ကြံစည်ကြပေလိမ့်မည်။

လျန်ထျန်းအနေဖြင့် ထိုငွေကြေး အနည်းအကျဉ်းကို ဂရုမစိုက်သော်လည်း မိခင်ဖြစ်သူမှာမူ သူမ၏ သားမှာ သူငယ်ချင်းနှင့် စပ်တူလုပ်ငန်းလေးတစ်ခု စတင်နေရုံသာ ရှိသေးသည်ဟု ထင်မှတ်နေရှာသည်။ သူမသည် မိထွေးဖြစ်သူ၏ စရိုက်ကို ကောင်းကောင်းသိထားသဖြင့် သားဖြစ်သူကို အခက်တွေ့စေမည့် အခြေအနေမျိုးသို့ မရောက်စေချင်ပေ။

မကြာမီပင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ အိမ်ထဲသို့ ဝင်လာခဲ့ကြသည်။ ထိုအမျိုးသားမှာ ပုကွကွနှင့် ဝဖြိုးပြီး အရပ်မှာ ငါးပေပင် မပြည့်ပေ။ အသက်မှာမူ (၄၀) ကျော်ခန့် ရှိပုံရလေသည်။

အမျိုးသမီးမှာမူ အရပ်ရှည်ရှည် သွယ်သွယ်လျလျနှင့် အလွန်ပင် လှပသော်လည်း သူမ၏ အမူအရာမှာ မြူဆွယ်သွေးဆောင်လိုသော အငွေ့အသက်တို့ လွှမ်းမိုးနေလေသည်။ သူမမှာ အသက် (၃၀) အစောပိုင်း ခန့်သာ ရှိသေးသည်။

ထိုသူနှစ်ဦးမှာ အတူတူရပ်နေသည်မှာ တကယ်ပင် မလိုက်ဖက်လှသော အတွဲတစ်ခု ဖြစ်သည်။ သို့သော် မြင်သူတိုင်း သိနိုင်သည်မှာ ထိုအမျိုးသမီးသည် အမျိုးသား၏ လက်မောင်းကို တင်းတင်းကြပ်ကြပ် တွဲ ထားပြီး ပြေးထွက်သွားမည်ကို စိုးရိမ်နေသကဲ့သို့ ဖားယားသော အပြုံးတို့ဖြင့် ဆက်ဆံနေခြင်းပင် ဖြစ် သည်။ ဤအမျိုးသမီးမှာ ဟို့ကွမ်ကျွမ်း၏ သမီးအရင်းဖြစ်သူ ထျန်းဟုန်ပင် ဖြစ်လေသည်။

ထျန်းဟုန်သည် ယခုနှစ်တွင် အသက် (၃၀) ကျော်ပြီဖြစ်သည်။ သူမသည် ငယ်စဉ်က သူမ၏ အလှအပ ကို အားကိုးကာ မာနကြီးခဲ့ပြီး လူတိုင်းကို အထင်သေးခဲ့သူ ဖြစ်သည်။ သို့သော် အသက်ကြီးလာသည်နှင့် အမျှ သူမ၏ နောက်ကွယ်မှ ပိုးပန်းသူများမှာလည်း တဖြည်းဖြည်း နည်းပါးလာခဲ့သည်။ ထိုအခါမှသာ သူမသည် စိုးရိမ်စိတ်များ ဝင်လာခဲ့တော့သည်။

ထို့ကြောင့်ပင် သူမ၏ အိမ်ထောင်ဖက် ရွေးချယ်မှု စံနှုန်းများမှာလည်း အခြေခံအကျဆုံး အဆင့်သို့ လျော့ကျ လာခဲ့လေသည်။ ယခင်က အရပ် (၆) ပေ ရှိရမည်၊ တစ်နှစ်ဝင်ငွေ (ယွမ် (၁.၈)ဘီလီယံ) (၁.၈ ယွမ်) ရှိရမည်၊ အိမ်အကျယ်မှာလည်း အနည်းဆုံး စတုရန်းပေ (၂၀၀၀) နီးပါး ရှိရမည် စသဖြင့် သတ်မှတ် ခဲ့သော်လည်း ယခုအခါတွင်မူ စည်းကမ်းချက် တစ်ခုသာ ကျန်ရှိတော့သည်။

၎င်းမှာ "ငွေရှိလျှင် ရပြီ" ဟူသော အချက်ပင် ဖြစ်သည်။

ဟို့ကွမ်ကျွမ်းသည်လည်း သူမ၏ သမက်လောင်း၏ ရုပ်ရည်ကို ဂရုမစိုက်ပေ။ သူမ၏ မျက်နှာအိုကြီးမှာ အပြုံးများဖြင့် ဝေဆာနေပြီး ဖားယားသော စကားများကိုသာ ပြောနေတော့သည်။

"ငါ့ရဲ့ သမက်လောင်းက တကယ်ကို ထူးခြားတဲ့သူပဲ...။ မာစီးဒီးဘန့်စ် ကားကြီးနဲ့ ပြန်လာတာဆိုတော့ တကယ့်ကို ဂုဏ်သရေရှိတဲ့သူပဲ...။"

"ကြည့်ပါဦး...၊ သူက အရပ်လည်း... အဟမ်း... သူက အရောင်အဝါလည်း ရှိတယ်...။ ရုပ်ရည်ကလည်း ...၊ အဟမ်း... တည်ကြည်မှုလည်း ရှိတယ်...။"

ဖားယားသော စကားများမှာ အောင်မြင်မှုရသော်လည်း အသုံးအနှုန်းများမှာမူ အလွန်ပင် ညံ့ဖျင်းလှ ပေသည်။ ထိုအမျိုးသား၏ မျက်နှာမှာ အနည်းငယ် ပျက်သွားသဖြင့် ဘေးရှိ ထျန်းဟုန်က စကားလမ်း ကြောင်းကို အမြန်လွှဲလိုက်ရလေသည်။

"အချစ်... ဒါက သမီးရဲ့ မေမေပါ...။ မေမေက ပညာလည်း သိပ်မတတ်တော့ စကားပြောတာ အမှားပါ ရင် ခွင့်လွှတ်ပါနော်...။"

"မေမေ... ဒါက ဟူဖုန်ယို့ တဲ့...။ သူက ကျင်းတ အိမ်ခြံမြေရဲ့ စီမံကိန်းဌာနမှာ ဒုတိယအထွေထွေ မန်နေဂျာသစ်အဖြစ် ခန့်အပ်ခံထားရတာ...။ တစ်နှစ်ကို လစာ (ယွမ်ရှစ်သန်း) ရှစ်ယွမ် ကျော် ရတယ် လေ...။"

ထိုစကားကို ကြားသောအခါ ဟို့ကွမ်ကျွမ်းနှင့် ထျန်းထောင်တို့မှာ မှင်တက်သွားကြပြီးနောက် ချီးမွမ်း ဂုဏ်ပြုစကားများကို တစ်သီတစ်တန်းကြီး ပြောကြလေတော့သည်။ ထိုအခါမှ ဟူဖုန်ယို့၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားပြီး ဟန်ဆောင်ကာ ခေါင်းယမ်းပြလိုက်သည်။

"တစ်နှစ်ကို ရှစ်ယွမ်ဆိုတာ ဘာမှမဟုတ်ပါဘူး...။ အရေးကြီးဆုံးက စီမံကိန်းတွေကို ရွေးချယ်တဲ့အခါ မိတ်ဖက်တွေကို ဘယ်လိုရွေးမလဲဆိုတာပါပဲ...။ တို့ အိမ်ခြံမြေလောကမှာ စီမံကိန်းတွေက အများကြီး ရှိတယ်လေ...။"

"ငါ့လက်ထဲကနေ ငွေအနည်းငယ်လောက် လွှတ်ပေးလိုက်ရုံနဲ့ တချို့လူတွေကို ချမ်းသာကြွယ်ဝသွားစေ နိုင်တယ်...။ ဥပမာပြောရရင် ဘယ်ကန်ထရိုက်တာကို စီမံကိန်း ပေးမလဲဆိုတာ ငါ့ရဲ့ စကားတစ်ခွန်းပဲ လို တယ်...။"

"ဒီစီမံကိန်းကို ရဖို့အတွက်ဆိုရင် ဘယ်ကန်ထရိုက်တာမဆို ဘာလုပ်ရမလဲဆိုတာ ကောင်းကောင်း သိကြတယ်လေ...။"

ထိုစကားကို ကြားရသောအခါ ဟို့ကွမ်ကျွမ်းနှင့် ထျန်းထောင်တို့၏ မျက်လုံးများမှာ အရောင်များ တောက်လာပြီး ဖားယားသော စကားများကိုသာ ထပ်ကာထပ်ကာ ပြောနေကြလေတော့သည်။

ထိုအချိန်တွင် မည်သူမျှ ထျန်းဝန်ဝန်နှင့် လျန်ထျန်းတို့ကို ဂရုမစိုက်ကြတော့ဘဲ ဟူဖုန်ယို့ကိုသာ အားကိုးတကြီး ဝိုင်းဝန်းနေလေသည်။

လျန်ထျန်းသည် ဟူဖုန်ယို့မှာ ကျင်းတ အိမ်ခြံမြေ၏ ဒုတိယအထွေထွေမန်နေဂျာဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ ခေတ္တမျှ မှင်တက်သွားပြီး တွေးတောနေမိလေသည်။

*ကျင်းတ အိမ်ခြံမြေရဲ့ စီမံကိန်းဌာန ဒုတိယအထွေထွေမန်နေဂျာ ဟုတ်လား...။ ပြီးခဲ့တဲ့တစ်ခေါက် ဆန်လန်ဖီနို အရောင်းပြခန်းမှာ သူ့ကို မတွေ့ခဲ့မိပါဘူး...။*

*အော်... ဟုတ်ပြီ...။ ကန်ထရိုက်တာ တိုက်ပိုင်ချီရဲ့ ကိစ္စကြောင့် အရင်က စီမံကိန်းဌာန ဒုတိယအထွေ ထွေမန်နေဂျာမှာ ပြဿနာတွေ ရှိနေတာကို တွေ့သွားလို့ ရာထူးကနေ ဖယ်ရှားခံလိုက်ရတာပဲ...။ သူက အသစ်ခန့်လိုက်တဲ့သူ ဖြစ်ရမယ်...။*

*ဒါပေမဲ့ ဒီလူသစ်ကလည်း အခုနက သူပြောတဲ့ စကားအရဆိုရင် လူကောင်းတစ်ယောက်တော့မဟုတ် နိုင်ဘူး...။ ဒီအတိုင်း ဆက်သွားရင်တော့ တိုက်ပိုင်ချီလိုမျိုး နောက်ထပ် ကန်ထရိုက်တာတွေ ထပ်ပေါ်လာ ဦးမှာပဲ...။*

*ဒါပေမဲ့... သူက အခု ငါ့ရဲ့ ဒေါ်လေးနဲ့ တွဲနေတာဆိုတော့ နောင်ကျရင် ငါ့ရဲ့ ဦးလေး ဖြစ်လာနိုင်တာပဲ...။ ငါက အများအကျိုးကို ကြည့်ပြီး ကိုယ့်ဆွေမျိုးကိုပဲ နှိပ်ကွပ်ရတော့မလား...။*

လျန်ထျန်းမှာ စိတ်ထဲ၌ ဝေခွဲမရဖြစ်နေစဉ် ထျန်းဟုန်က သူနှင့် ထျန်းဝန်ဝန်ကို သတိပြုမိသွားလေသည်။ သူမသည် ချိုသာသောအသံဖြင့် ရွဲ့ကာ ပြောလိုက်လေသည်။

"အို... ဒါက ငါ့ရဲ့ မမကြီးနဲ့ တူလေး မဟုတ်လား...။ မတွေ့တာ နှစ်ပေါင်းများစွာ ကြာပြီပဲ...။ ဘယ်နေရာ တွေမှာ သွားပြီး ပိုက်ဆံတွေ ရှာနေကြတာလဲ...။"

"အပြင်မှာ ဗန်ကားအကြီးကြီး တစ်စီး တွေ့လိုက်တယ်...။ အဲ့ဒါ နင်တို့ဟာလား...၊ နင်တို့က အရင်က သိပ်ဆင်းရဲတာဆိုတော့ အခု ဘဝပြောင်းသွားကြပြီလား...။"

ထျန်းဝန်ဝန်နှင့် လျန်ထျန်းတို့ ဘာမှ ပြန်မပြောနိုင်ခင်မှာပင် ဟို့ကွမ်ကျွမ်းက ကြားဖြတ်ကာ လှောင်လိုက် လေသည်။

"သူတို့လို မိသားစုက ဘာများ ဖြစ်လာမှာတဲ့လဲ...။"

"အဲ့ဒီကားက ဒီကောင်လေး ဂုဏ်ရှိချင်လို့ ငှားလာတာလေ...။ မြို့ပေါ်မှာ အစားအသောက် ပို့ပြီး ရတဲ့ ပိုက်ဆံအနည်းငယ်ကို ဘယ်လို သုံးရမှန်းမသိဘဲ ဖြုန်းနေတာ...။"

"ငှားခက ဆယ်နှစ်ပြားတောင် ပေးရတယ်တဲ့...၊ အဲ့ဒီပိုက်ဆံတွေကို မိသားစုအတွက် မကူညီဘဲ အကုန် ဖြုန်းပစ်နေတာ...၊ ငါက နည်းနည်း ဆုံးမလိုက်လို့ သူတို့က စိတ်ကောက်နေကြတာလေ...။"

ထိုစကားကို ကြားသောအခါ ထျန်းဟုန်၏ မျက်နှာတွင် အထက်စီးဆန်သော အမူအရာများ ပေါ်လာ တော့သည်။

"ဟေး... တူလေး...၊ နင်က ကျောင်းပြီးတော့ အစားအသောက် ပို့နေတာလား....။ ဒေါ်လေးကို ဘာလို့ မပြောရတာလဲ...။"

"နင်သာ ဒေါ်လေးကို ပြောရင် နင့်ဦးလေးကို အကူအညီတောင်းပြီး ကျင်းတ အိမ်ခြံမြေမှာ အလုပ်တစ်ခု ရအောင် လုပ်ပေးလို့ရတာပဲ...။ အဲ့ဒါက အစားအသောက် ပို့တာထက် အဆပေါင်း ရာချီပြီး သာပါ တယ်..."

All Chapters