← Chapters

တာအိုကျောက်ပြားများ

Vol. 20 Ch. 272

တာအိုကျောက်ပြားများ

Vol. 20 Ch. 272

အခန်း (၂၇၂) : တာအိုကျောက်ပြားများ

“ သူတို့က အမှတ်အသားပြားကို ပို့လိုက်ပြီလား” ဝမ်ဝေ့က တည်ငြိမ်စွာ မေးလိုက်သည်။

“ ဟုတ်ကဲ့” ဝမ်ကျူက ဖြေလိုက်ရင်း အမှတ်အသားပြားကို ထုတ်ပေးလိုက်သည်။

ဝမ်ဝေ့က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် မေးလိုက်သည် “ ကျီစုကို လုပ်ကြံဖို့ ကိစ္စရော ဘယ်လိုဖြစ်သွားပြီလဲ”

“ ကံဆိုးတာက ကျွန်မတို့ နောက်ကျသွားတယ်”

“ ကိစ္စမရှိဘူး” ဝမ်ဝေ့က သူ့အပြုအမူသည် ဒေါသအလျောက် ပြုမူမိကြောင်း သိလေသည်။ ထို့ကြောင့် သူ စိတ်ငြိမ်သွားသည့်အခါ ရလဒ်ကို ဂရုမစိုက်တော့ပေ။

“ တာအိုကျောက်ပြား လျှို့ဝှက်နယ်မြေက ဘယ်အချိန်ဖွင့်မှာလဲ”

“ နောက်တစ်ပတ်နေရင်ပါ”

“ တစ်ပတ်လား။ အဲဒါဆိုရင်တော့ အချိန်လုံလောက်တာပဲ” ဝမ်ဝေ့က သူ့ဘာသာသူ ရေရွတ်လိုက်သည်။

“ နောက်ထပ် ဘာကိစ္စရှိသေးလဲ”

“ အံ့ဖွယ်တာအိုအဖွဲ့က ဖန်းလီကျွမ်းကို မျှော်နန်းဆောင်စစ်ဆေးမှုထဲ ဝင်ခွင့်တောင်းနေတယ်။ ဂိုဏ်းချုပ်က သခင်လေး ဆုံးဖြတ်ဖို့ ပြောလိုက်ပါတယ်”

“ သူတို့ရဲ့ ကမ်းလှမ်းမှုကို ကြည့်ရအောင်” ဝမ်ဝေ့က အံ့ဖွယ်တာအိုအဖွဲ့မှ ပေးလိုသည့် အရင်းအမြစ် စာရင်းများပါဝင်သော စာရွက်ကို ထုတ်ကြည့်လိုက်သည်။ သို့သော်လည်း သူက ဖတ်ပြီးသည့်နောက်တွင် နှာခေါင်းရှုံ့လိုက်၏။

“ မဟာကျိုးတော်ဝင်တိုင်းပြည်က ပင်ကိုပစ္စည်းတောင် ပေးလာသေးတယ်။ ဒါက သူတို့ပေးနိုင်တာ အကောင်းဆုံးလား”

“ အံ့ဖွယ်မျိုးနွယ်တွေက တဖြည်းဖြည်းချင်း ကျဆင်းလာတာဆိုတော့ သူတို့ရဲ့ အုတ်မြစ်အများစုကို သွေးမျိုးဆက် အတားအဆီးချိုးဖောက်ဖို့ သုံးလိုက်ရင်း ကုန်သွားကြပြီလေ” ဝမ်ကျူက တည်ငြိမ်စွာ ပြောလိုက်သည်။

“ သူတို့ကို မဟာကျိုးလိုမျိုး ပင်ကိုပစ္စည်း ပေးဖို့ ပြောလိုက် မဟုတ်ရင်တော့ အဖြေက လက်မခံနိုင်ဘူးပဲ” ထို့နောက် သူက ဝမ်ကျူအား ပြန်ပြောလိုက်သည်။

သူက ကျင့်ကြံရေးခန်းထဲမဝင်ခင် ဝူဟုန်အား နှုတ်ဆက်လိုက်သော်လည်း သူမက သူ့ကို တားလာသည်။

သူက သူမ ပေးသော စာအုပ်ကို ကြည့်ကာ ဝေခွဲမရဖြစ်သွားပြီး ပထမစာမျက်နှာကို လှန်ကြည့်လိုက်သည့်အခါ မျက်မှောင်ကြုတ်မိသွားသည်။

“ မင်း ဒီဟာကို သေချာရဲ့လား။ အခုလက်ရှိအနေနဲ့ ကိုယ့်ဘက်က ဘာမှပြန်မပေးနိုင်သေးဘူး”

“ ကျွန်မတို့နှစ်ယောက်ကြားမှာ ဒါတွေမလိုပါဘူး” ဝူဟုန်က အပြုံးလေးဖြင့် ပြောလိုက်သည်။

ဝမ်ဝေ့က သက်ပြင်းချကာ ခေါင်းညိတ်လိုက်သည်။ သူ့လက်ထဲမှ စာအုပ်သည် ဧကရာဇ်ကျမ်း ဖြစ်၏။ အတိအကျပြောရလျှင် အားအကောင်းဆုံး ကျင့်စဉ်များအနက် တစ်ခုဖြစ်သည့် ဧကရီဝူ၏ စည်းပိတ်ခြင်းကျမ်း ဖြစ်နေသည်။

ဝမ်ဝေ့က ယခု သူ့အနေနှင့် ပြန်လည်မပေးဆပ်နိုင်သေးကြောင်း ပြောသည့် အကြောင်းအရင်းမှာ ဂိုဏ်း၏ ဧကရာဇ်ကျမ်းများအား သူ့အဆင့်အတန်းဖြင့်ပင် တခြားသူကို လွှဲပြောင်းပေးလို့ မရနိုင်ပေ။

သို့သော်လည်း သူ့ကျမ်းကို ဖန်တီးပြီးသည်နှင့် သူ လုပ်ချင်တာ လုပ်လို့ရလေသည်။

ဝမ်ဝေ့က ကျမ်းကို ခဏဖတ်ကြည့်ပြီးနောက် သက်ပြင်းချလိုက်သည်။ သူက ဂိုဏ်းရှိ ဧကရာဇ်ကျမ်း ၉ခုလုံးကို ဖတ်ဖူးပြီး မူလလမ်းစဉ်ကျမ်းတစ်ခုတည်းသာ ဤထူးခြားမှုဖြင့် နီးစပ်သည်။

ထိုကျမ်းကို ဖတ်ပြီးသည့်နောက်တွင် သူ့ စိတ်ထဲအတွေးများစွာ ပေါ်ထွက်လာသည်။ ယခု သူက ထိုအရာကို မကျင့်ကြံနိုင်သေးသော်လည်း သူ့ကျမ်းကို ဖန်တီးရာ၌ လှုံ့ဆော်မှုများစွာ ဖြစ်ပေါ်လာစေသည်။

ထို့နောက် ဝမ်ဝေ့က အတွေးတစ်ခု ပေါ်လာကာ “ မင်း ကိုယ့်ကို တစ်ခု ကူညီပေးဖို့လိုတယ်” သူက ဝူဟုန်၏နားထဲ ကပ်ပြောလိုက်သည်။

“ ကောင်းပြီလေ။ ကျွန်မ လုပ်နိုင်လောက်တယ်။ ဒါပေမဲ့ ရှင့်အကြံအစည်အောင်မြင်ဖို့ တခြားအရာတွေလိုသေးတယ်”

“ ဂိုဏ်းက တခြားပြဿနာတွေကို ဖြေရှင်းပေးလိမ့်မယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ အစီအစဉ်ချပြီးသည့်နောက် ဝမ်ဝေ့က သူ့ကျင့်ကြံရေးအခန်းထဲ ဝင်သွားလေသည်။ ထို့နောက် သူက ကျီစုန့်၏ ခန္ဓာကိုယ်မှ ရလာသည့် မိစ္ဆာနတ်ဘုရားအရိုးကို ထုတ်ကာ သူ့ခန္ဓာကိုယ်အတွင်း စုပ်ယူလိုက်သည်။ အတိအကျဆိုရလျှင် သူ့အရိုးများဖြင့် ပေါင်းစပ်လိုက်ပြီး ထာဝရအဖြစ် တည်မြဲအောင် လုပ်လိုက်ခြင်း ဖြစ်သည်။

ကျီစုန့် သေဆုံးပြီးနောက်တွင် အရိုးက ကျန်ရှိခဲ့သည့်အတွက် တစ်ယောက်ယောက်ကလည်း သူ့ခန္ဓာကိုယ်မှ ထုတ်ယူနိုင်လိမ့်မည်။ သူက ထိုဖြစ်နိုင်ချေကို မလိုချင်ပေ။

ဝမ်ဝေ့အတွက် ကံဆိုးသည်က ထိုအရိုးက အလွန်အားကောင်းလွန်းနေလေသည်။ ထို့ကြောင့် သူက သူ့အဖိုးကို ခေါ်ကာ ကူညီခိုင်းလိုက်၏။ သို့သော်လည်း ဝမ်ချန်ပင် ဘာမှမတတ်နိုင်ခဲ့ပေ။

အဆုံးသတ်၌မူ ဧကရာဇ်အစီအရင်တစ်ခုက ဝမ်ဝေ့နှင့် ထိုအရိုး ပေါင်းစပ်ဖို့ ကူညီပေးခဲ့ရသည်။

နောက်ဆုံးအခိုက်အတန့်တွင် အရိုးက လုံးဝပေါင်းစပ်မသွားခင် မတော်တဆဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာသည်။ မိစ္ဆာနတ်ဘုရား၏ စိတ်ဆန္ဒက ပေါ်ထွက်လာလေ၏။

ပထမဆုံး ဝမ်ဝေ့က သူ့ကိုယ်ပိုင် စိတ်ဆန္ဒဖြင့် မိစ္ဆာနတ်ဘုရားကို တိုက်ခိုက်မည် ဖြစ်သော်လည်း သိပ်မကြာခင် ထိုလူ၏ စွမ်းအားက သူ ဖြစ်ချင်သလောက် အားမကောင်းသေးကြောင်း သတိပြုမိသွားသည်။

ကံဆိုးစွာဖြင့် ထိုလူက ရိုးရိုးတန်းတန်း ရှင်းထုတ်၍ မရပေ။ သူ့ကို စိတ်ဆန္ဒတိုက်ပွဲအတွင်း အနိုင်ယူပြီးသည့်နောက်တွင်ပင် ဝမ်ဝေ့၏ ခန္ဓာကိုယ်အတွင်း ကျန်ရှိနေသေး၏။

ထို့ကြောင့် ဝမ်ဝေ့က သူ့ဝိညာဉ်ဖြင့် ရှင်းထုတ်ဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း သူ့စိတ်ထဲ အတွေးတစ်ခုပေါ်လာကာ သူ့အစစ်အမှန် စိတ်ဆန္ဒစွမ်းရည်ကို ထုတ်သုံးကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူက ၁၃လွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်၏ စွမ်းအားများဖြစ်သည့် အဆုံးမဲ့ အံ့ဖွယ်ပင်လယ်၊ အံ့ဖွယ်သင်္ကေတ ၇၂၀ခု နှင့် မူလအမှတ်အသား ၆၀ ကျော်ဖြင့် သူ့အစစ်အမှန် စိတ်ဆန္ဒကို ဖွဲ့စည်းလိုက်သည်။

သူက မိစ္ဆာနတ်ဘုရားကို တိုက်ခိုက်လိုက်သည်နှင့် ထိုစိတ်ဆန္ဒက ကျယ်လောင်စွာ အော်ဟစ်လာသည် “ တုယီနယ်ပယ်လား။ ဘယ်လိုလုပ် မင်းဆီမှာ ဒီလိုစွမ်းအား ရှိနေရတာလဲ”

ထို့နောက် သူက လုံးဝ အမြစ်ပြတ်သုတ်သင် ခံလိုက်ရသည်။

“ တုယီနယ်ပယ်လား” ဝမ်ဝေ့က သူ့ဘာသာသူ ရေရွတ်လိုက်သည် “ ဒါက အစစ်အမှန် စိတ်ဆန္ဒစွမ်းရည်ရဲ့ တကယ့်နာမည်လား။ ငါ ဒီလိုအရာကို တစ်ခါမှမကြားဖူးခဲ့ဘူး”

ထို့နောက် သူက ဝူဟုန်အား မေးကြည့်ရမလားဟု စဉ်းစားမိသော်လည်း မလုပ်ဆောင်လိုက်ပေ။ သူမကို ထပ်ပြီး ပြဿနာ မတက်စေလိုပေ။ သူ့ထိန်းချုပ်မှုအောက် မရှိသည့် စွမ်းအားနှင့် ပတ်သက်လာသည့်အခါ ဝမ်ဝေ့၏ သဘောထားက အမြဲလိုလို စိတ်ရှည်ဂရုစိုက်တတ်လေသည်။ မဟုတ်ပါက သူသာလျှင် ခံစားရသူ ဖြစ်သွားလိမ့်မည်။

သူက မိစ္ဆာနတ်ဘုရားအရိုးကို စုပ်ယူပြီးသည့်အချိန် လျှို့ဝှက်နယ်ပယ် ဖွင့်ဖို့ အချိန်ကျရောက်လာပြီဖြစ်၍ ကျောင်းတော်ဆီ ယန်းချန်နှင့်အတူ သွားလိုက်သည်။ သူ့အတွက် ကံကောင်းသည်က အချိန်မီ ရောက်ရှိသွားလေ၏။

ဝမ်ဝေ့ တခြားကောင်းကင်ရွေးချယ်ခံများနှင့် တွေ့ဆုံသည့်အခါ သူတို့အပေါ် တစ်ခုခုထူးဆန်းနေကြောင်း သတိထားလိုက်မိသည်။ သူတို့ဝန်းကျင်တွင် မမြင်နိုင်သော ရွှေရောင်ဒိုင်းတစ်ခု ရှိနေသလိုမျိုး ခံစားလိုက်ရ၏။ ထို့နောက် သူက ထိုအရာသည် ကောင်းကင်တာအို ကာကွယ်ရေးစာအုပ်မှ စွမ်းအားဖြစ်မည်ဟု သတိပြုမိလိုက်သည်။

ယခုတွင် ထို ၂၉ ယောက်လုံးက မသေမျိုးများ ဖြစ်သွားကြလေသည်။ တခြားသူများ မည်သို့လုပ်စေကာမူ သူတို့က အသက်ရှင်ကျန်ရစ်မည်သာ ဖြစ်၏။ အနည်းဆုံးတော့ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် မတိုင်ခင်အထိ ဖြစ်သည်။

ဒီလိုဆိုရင်တော့ ပြဿနာပဲ …

ဝမ်ဝေ့က သူ့ဘာသူ တွေးလိုက်သည်။ သိပ်မကြာခင် သူက ကြည့်လိုက်သည့်အခါ သူက တစ်ခုခုထူးဆန်းနေကြောင်း သတိပြုမိသွားသည်။ ဖုန်းဟွမ်က ထိုလူများကြား ရှိမနေပေ။ ထိုလူက ပြိုင်ပွဲတစ်ဝက်တစ်ပျက်အတွင်း နှုတ်ထွက်သွားကြောင်း သိလိုက်ရပြီး ယင်ယန်မျက်ဝန်း နိုးထလာကြောင်း ကောလဟာလများ ထွက်လာလေသည်။ ဝမ်ဝေ့က ဖုန်းဟွမ်နှင့် ချီကံကောင်းမှု စစ်ဆေးပွဲတွင် တွေ့ဆုံပြီးနောက် တစ်ခုခုထူးဆန်းနေကြောင်း ခံစားနေခဲ့ရသည်။

ထိုလူက ယင်ယန်မျက်ဝန်း စွမ်းအား ရှိထားသော်လည်း ငြင်းဆန်ခဲ့သည်။ သို့သော် ယခုတွင် သူက ထိုစွမ်းအားကို ရုတ်ချည်း နိုးထလာလေသည်။ အရာအားလုံးက သံသယဖြစ်ဖွယ်ကောင်းလှ၏။

ဝမ်ဝေ့က ဦးနှောက်ထဲ အလျင်အမြန် တွက်ချက်နေသည်။

သူက တကယ်ပိုင်ရှင်အစစ်ဆီကနေ မျက်လုံးကို ခိုးယူခဲ့တာများလား။ ဒီလိုဆိုရင် အဲဒီတုန်းက သူ စွမ်းအားကောင်းကောင်း မသုံးနိုင်ခဲ့တဲ့အချက်ရယ် သူ့ဆီက ဖုံးကွယ်ထားတဲ့အချက်ရယ်ကို ရှင်းပြပြီးသား ဖြစ်သွားလိမ့်မယ်။ ပြီးတော့ ဒီလိုခန္ဓာကိုယ် ပိုင်ဆိုင်ထားရဲ့သားနဲ့ အရမ်းအားနည်းနေတဲ့ အကြောင်းအရင်းကိုရောပေါ့

ဒါပေမဲ့ သူက ယင်ယန်မျက်ဝန်းကို အမွေခံဖို့နည်းလမ်းကို တွေ့သွားပြီဆိုတော့ ရုတ်ချည်းနိုးထလာတာ ရှင်းပြပြီးသား ဖြစ်သွားလိမ့်မယ်

ထို့နောက် ဝမ်ဝေ့က တစ်စုံတစ်ယောက်သည် အစီအရင်တစ်ခုကို သုံးကာ မိုရှင်းယွင်နှင့် တိတ်တဆိတ် စကားပြောခဲ့ကြောင်း ဖြစ်စဉ်ကို အမှတ်ရသွားလေသည်။

အဲဒီလူက ဖုန်းဟွမ်လား ဒါမှမဟုတ် သူနဲ့ သက်ဆိုင်နေတဲ့သူလား။ ဒီလိုဆိုရင်တော့ အများကြီး ရှင်းပြပြီးသားဖြစ်သွားပြီ။ ဖုန်းဟွမ်က မိုရှင်းယွင်ရဲ့ ဝါးမျိုခြင်းစွမ်းအားကို ယင်ယန်မျက်ဝန်းကို ပိုင်ရှင်အစစ်ဆီကနေ ဝါးမျိုဖို့ သုံးခဲ့တာပဲ ဖြစ်ရမယ်။

အဲလိုဆိုရင် သူ လုပ်ခဲ့တဲ့ အပေးအယူက မိုမိသားစု ဆက်တိုက်လိုက်ရှာနေတဲ့ အကြောင်းအရင်းလည်း ဖြစ်နိုင်တယ်။ အဲဒီအချိန်တုန်းက ဖုန်းဟွမ်က ပြိုင်ပွဲကနေ ထွက်သွားပြီး ဂိုဏ်းကို ပြန်သွားတဲ့အချိန်ပဲ။

ဝမ်ဝေ့က သူသည် အခြေအနေအများစုကို သိရှိသွားကြောင်း မှန်းဆမိလိုက်သည်။ သူ မသိသေးသည့် ကိစ္စတချို့ ရှိနေလျှင်ပင် အရေးမကြီးလှပေ။

ဖုန်းဟွမ်ကို ပြောသည့်အခါမှ လျူမိန်ရှုလည်း ရောက်မလာကြောင်း သတိထားလိုက်မိသည်။ သူ့လိုလူမျိုးပင် တာအိုကျောက်ပြာများ အသုံးပြုချင်နေလေရာ ဖုန်းဟွမ်နှင့် သူမတို့က လိုချင်စိတ် မရှိလိမ့်မည်ဟု မယုံပေ။

ထို့ကြောင့်သူက သူမနှင့် ဖုန်းဟွမ်တို့၏ သံသယဖြစ်ဖွယ် အပြုအမူကို သတိထားမိကာ ထိုလူများ၏ လှုပ်ရှားမှုကို စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူက အဆောင်တစ်ခု ထုတ်ကာ ဝမ်ကျူအား ထိုလူနှစ်ယောက်ကို အသေးစိတ်စောင့်ကြည့်ဖို့ အမိန့်ပေးလိုက်သည်။

သိပ်မကြာခင် ထိပ်တန်းကောင်းကင် ရွေးချယ်ခံ ၃၀လုံးက အမှတ်အသားပြားများကို အသုံးပြုလိုက်ကြသည်။ ထိုစဉ် သူတို့ရှေ့မှောက်တွင် ဧရာမုခ်ဝကြီးတစ်ခု ပေါ်ထွက်လာကာ အားလုံးက ဝင်ရောက်လိုက်ကြသည်။

ထိုနေရာအတွင်း ဝင်ရောက်သွားပြီးနောက် ဝမ်ဝေ့က တာအိုကျောက်ပြားသုံးထောင်သည် လေထဲတွင် မြောလွင့်နေပြီး မြေပြင်တွင် နေရာထိုင်ခင်း ၃၀ ရှိနေလေသည်။ ထိုနေရာများကို တစ်မှ သုံးဆယ် အဆင့်တပ်ထားပြီး ပထမဆုံးက တာအိုကျောက်ပြားနှင့် အနီးဆုံး ဖြစ်လေသည်။

ထိုအရာကို မြင်ပြီးနောက် ဝမ်ဝေ့က ဤသည်မှာ ထိုလူအချင်းချင်းကြား တိုက်ခိုက်မှုဖြစ်လာစေရန် ကျောင်းတော်၏ လှည့်ကွက်ဖြစ်ကြောင်း မှန်းဆမိလိုက်သည်။ သာမန်ပြိုင်ပွဲသာ ဖြစ်နေပါက ထိုင်ခုံအစီအစဉ်သည် အဆင့်ဖြင့် သတ်မှတ်ထားရမည် ဖြစ်၏။ သို့သော် ပြိုင်ပွဲက အဆင့်သတ်မှတ်ခြင်း မရှိဘဲ ဖျက်သိမ်းလိုက်ရသည်။

ကောင်းကင်ရွေးချယ်ခံများ၏ မောက်မာမှုဖြင့် သူတို့က အကောင်းဆုံးနေရာကိုသာ ရယူလိုကြသည်။

ဝမ်ဝေ့က ထိုလူများ တစ်ယောက်နှင့်တစ်ယောက် သတိထားစောင့်ကြည့်နေသည်များကို လျစ်လျူရှုကာ ပထမဆုံးနေရာသို့ သွားကာ ထိုင်ချပြီး မျက်လုံးမှိတ်လိုက်သည်။

တခြားကောင်းကင်ရွေးချယ်ခံများကလည်း တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ ဘာမှမပြောကြပေ။ သူတို့က သူသည် ထိုနေရာနှင့် ထိုက်တန်ကြောင်း သိကြလေသည်။

All Chapters